Monday, February 4, 2013
ဖေ့စ်ဘွတ် ပေါ်တွင် မလုပ်ရ ၁၀ ချက်
ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။
၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority)
Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်း ဖြစ်ပါတယ်။ မိမိ လုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ် ကို ဖေ့စ်ဘွတ်နဲ့ တွဲမနေစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တွဲနေရင်လည်း Facebook မှာ မဖော်ပြမိစေဖို့ လိုအပ်ပါတယ်။ Facebook အကောင့်ကို လုံခြုံရေး လျော့နည်းစေသလို မိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။
၂။ profile နှစ်ခု ထားခြင်း
ပရိုဖိုင် နှစ်ခုနဲ့ အကောင့် နှစ်ခုထားတာမျိုး မလုပ်ရပါဘူး လို့ဆိုပါတယ်။ ဒါကို အနောက်နိုင်ငံက Facebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများ ရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebook ရဲ့ အခြား အစိတ်အပိုင်းများ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါခါ ဖုန်းနံပါတ် ထည့်မရလို့ အကောင့် ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် ယင်းထားတဲ့ အကောင့်ကု နောက်လူ တစ်ယောက်ပုံစံအနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက် အမြဲ အသင့်ရှိစေတဲ့ အကောင့်လိုပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။
ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ် အခြား တစ်မျိုးတင်တယ် ဆိုရင်တောင် Personal အရ အခြားလူ မြင်ရင်တောင် မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြုနိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Group ကို တစ်ဦးတည်း လုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။
၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊
နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Like ရင် iPhone အလကားပေးမယ်။ ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။
၎။ မက်လုံးပေးသော App များကို အသုံးပြုခြင်း
အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်။ ဒီမှာ User တစ်ယောက်က ယင်း app ကို click နှိပ်မိရင် အလိုအလျောက် သူ့သူငယ်ချင်းများထံ ဆက်လက် ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက် အကောင့်လုံခြုံရေး လျော့နည်းသွားပါတယ်။ အချို့ ကျတော့လည်း လူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့ တတ်ပြီး Like နှိပ်သူ Wall မှာ ဆက်တိုက် တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတုယ်။
၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင်
အချို့ က ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာလို အသုံးပြုတတ်ပါတယ်။ ဒါက မလုံခြုံတဲ့အပြင် လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။
၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း
မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ ကလည်း ဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ်။ ယင်း အချက်အလက်ကို ကြည့်ပြီးတော့ ဟက်ကာ များက အကောင့် ခိုးယူနိုင်ပါတယ်။
၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း
အသုံးပြုဖို့အတွက်ကိုပဲ Facebook က :) :D :P အစရှိသဖြင့် အရုပ်ကလေးများ (emoticons) တို့ကို ပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီး မကြာသေးမီကမှ Facebook အသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Comment တိုင်းမှာ ပေါပေါသီသီ အသုံးမပြုစေဖို့ အနောက်တိုင်းက User များက လက်ခံထားပါတယ်။ ယင်း လက္ခဏာများအား အလွန်အကျွံသုံးစွဲခြင်းဟာ တစ်ဖက်ရဲ့ တင်ပြချက်ကို မလေးစားရာ၊ အခြား ထင်မြင်စရာပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင်အသုံးပြုဖို့ဆိုပြီး အနောက်တိုင်းက user များက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင် Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။
၈။ ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း
ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အားလုံးကို Facebook ပေါ်မှာ တင်နေရင်တော့ အကောင့်တင်မကပဲ မိမိနဲ့ ပတ်ဝန်းကျင် လုံခြုံရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဓားပြတိုက်ဖို့အတွက် Facebook မှာ Status တင် လူစုတဲ့ ဖြစ်ရပ်ကြောင့်လည်း ထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။
၉။ သတိထားဖွယ် ကွန်းမင့်
ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa, haaaaaa, အစရှိသဖြင့် ဘယ်မှာမှ ရှာလို့မရတဲ့ စာတွေ၊ အက္ခရာ အကြီးနဲ့ ရေးတဲ့စာတွေ (WOW, AMAZING, WHO IS HE?) အစရှိသဖြင့်တို့ကို ရှောင်ကြဉ်ရေးသား ရပါတယ်။ Facebook ကအဲဒီလိုစာများနဲ့ ကွန်းမင့်ပေးရင် သူ့အလို အလျောက် လိုက်ဖြတ်ပါတယ်။ အဲဒီလို ပေးပါများရင်တော့ Facebook က သတိပေးစာ ရောက်လာတတ်ပြီး ကံမကောင်းရင် အကောင့် လော့ကျ သွားနိုင်ပါတယ်။
၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း
ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးမသုံး ဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။ အချို့ နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင် လုပ်ထးတာမျိုးတို့ ရှိပါတယ်။ ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလိုအလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။
အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်း တစ်ချို့ကို ဖျက်သိမ်းဖို့ ညွှန်ကြားထား
နေပြည်တော်၊ ဒက္ခိဏသီရိ၊ ဇဗ္မူသီရိနဲ့ ဥတ္တရသီရိမြို့နယ်အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း (၃၀) ကျော်ကို ဖေဖေါ်ဝါရီလ (၅) ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက နှုတ်မိန့်နဲ့ ညွှန်ကြားထားပြီး ငါးရက်အတွင်း မဖျက်သိမ်းတဲ့
ဘုန်းတော်ကြီးကျောင်းတွေကို သစ်တောဥပဒေ၊ လယ်ယာမြေ ဥပဒေတွေနဲ့ တရားစွဲသွားမယ်လို့ သိရပါတယ်။
တရားဝင်ဘုန်းကြီးကျောင်း (၅) ကျောင်းနဲ့ တရားမဝင်ဘုန်းကြီးကျောင်း (၂၆) ကျောင်းတို့ကို ဖျက်ပေးဖို့ အဲဒီကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က သစ်တောဌာန၊ လယ်/ဆည်ဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ သာသနာရေးနဲ့ သံဃာ့နာယက အဖွဲ့တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြောဆိုတာဖြစ်တယ်လို့ ဆရာတော်တွေက မိန့်ပါတယ်။
အခု သက်ဆိုင်ရာ အာဏာပိုင်တွေက ဖယ်ရှား ဖျက်သိမ်းခိုင်းနေတဲ့ ဇဗ္မူသီရိ၊ ဒက္ဒိဏသီရိနဲ့ ဥတ္တရသီရိမြို့နယ် အတွင်းက ဘုန်းတော်ကြီးကျောင်းတွေရဲ့ အနီးအနားမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ (၁) ရက် နေ့တုန်းကလည်း သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောနယ်မြေကျူးကျော်ဆိုပြီး ဘုန်းကြီးကျောင်း တစ်ချို့ကို မီးရှို့ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ဘုန်းတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ သိရပါတယ်။
RFA

အမေစု အတွက် မေးခွန်းတချို့
အခုတော့ အမေစု လွှတ်တော်ထဲ ရောက်ပြီ၊ မြန်မာနိုင်ငံရဲ့ ကောင်းရာ ကောင်းကျိုးတွေကို လုပ်မယ်လို့ လည်း က တိသစ္စာတွေ ဆိုပြီးပြီ။ ဒီတော့ အမေစု အနေနဲ့ နိုင်ငံ အတွက် ကောင်း ရာ ကောင်း ကျိုးတွေ ကိုပဲ ပြောစေလိုပါတယ်။ အမေစုနဲ့ NLD က လက်ရှိအစိုးရဟာ စစ်တပ်က ကြီးစိုး ထားတာပဲလို့ ပြောတာ ကြားခဲ့ ဘူးပါတယ်။ အခုအမေစုရဲ့ ဥရောပ ခရီးစဉ်မှာ ပြောနေတဲ့ ပုံစံကလည်း အဲသည်လို ပုံစံပါပဲ။ အမေ စုရဲ့ ရန်သူတော်ဟောင်းကြီးတွေဖြစ်တဲ့ အခု အုပ်ချုပ်နေတဲ့ စစ်အစိုးရပိုင်း လူကြီးဟောင်းတွေက အမေစု ကို လွှတ်တော် ထဲ ၀င်ခွင့်ပြုတာ၊ နိုင်ငံခြားတွေ သွားခွင့်ပြုနေတာ အမေစု အပြောအဆို ဆင်ခြင် ဖို့ ကောင်း ပါတယ်။
ILO ဆွေနွေးပွဲမှာ “ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားလို့ သတ်မှတ်ပါသလား” လို့ အမေစုကို မေးခဲ့တယ်။ အမေ စုရဲ့ အဖြေက “နိုင်ငံသားဖြစ်ဖို့ဆိုရင် တိကျ ရှင်းလင်း ပြတ်သားတဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေ ကစပြီး လိုအပ်ပါမယ်၊ ရခိုင်နယ်စပ်မှာ တရားမ၀င် နေထိုင်သူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်၊ တာ ၀န် ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ်လူဝင်မှု ထိန်းသိမ်းရေး လိုအပ်နေပါတယ်” ဘာညာ ဆိုပြီး ဖြေ သွားတာ ကြားလိုက်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ သေချာရေရာ မသိဘဲ ထင် ရာမြင်ရာ ဖြေထည့်လိုက်ပုံ ရတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိတဲ့ ဥပဒေ တိတိကျကျ ပြဌာန်းထားပြီးသားဆိုတာ အမေစုမ သိလို့ လား။ ဒီဘင်ဂါလီတွေကို နောက်ထပ် ဥပဒေထပ်ပြုပြီး အသိအမှတ်ပြုပေးရမယ်လို့ အမေစု ဆိုလိုချင်နေ တာလား။ ဒီဘင်ဂါလီကိစ္စဟာ အမေစု ခင်ပွန်းအမျိုးတွေ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တုန်းက ကျန်ခဲ့တဲ့ အမွေ ဆိုးတွေ ဆိုတာ အမေစု မသိလို့လား။ ဘာဖြစ်လို့ အခုမှ ဒီခေတ်က လူတွေကို ပုံချပြီး တာဝန် ယူခိုင်း နေရတာလဲ။
နောက်တစ်ခုက ILO မှာပြောခဲ့တာပါပဲ။ “စစ်တပ်အနေနဲ့ အာဏာ အလွန်အကျွံ ကျင့်သုံး ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအရေး အသွင်ကူးပြောင်းမှုဟာ ထင်သာမြင်သာ မဖြစ်သေးကြောင်း၊ ဒီမိုကရေစီ ဖြစ်စဉ်မှာ စစ်တပ် အနေနဲ့ ဟန့်တားတာမျိုး မဖြစ်သင့်ဘူး” လို့ ပြောခဲ့တယ်။ ဒီတော့ စစ်တပ်က ဘာတွေများ ဟန့် တားနေလဲလို့ မေးချင်တယ်။ ဒေါ်စုနဲ့ ဦးဝင်းတင်တို့ ပြောခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာ မှတ်မိ ဦး မှာပေါ့။ အဲဒါကြီးကိုသာ တွန်းပြီး ဆက်လုပ်မယ်ဆိုရင် ဘာဖြစ်လာမယ်လို့ ထင်သလဲ။ အမေစု ဥရောပ ရောက်တုန်း ဘော့စနီးယားဟာဇီဂိုဘီးနား၊ ခရိုအေးရှားတို့ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သွားလေ့ လာ သင့်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံညီလာခံမှာ ကချင် တိုင်းရင်းသားတွေနဲ့ လုပ်ခဲ့တဲ့ တချို့ ဆွေးနွေးပွဲတွေမှာ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တရား လက်လွတ် တောင်းဆို မှုတွေ ကြောင့် မတက်ခဲ့ဘူးဆိုတာ အမေစု လေ့လာကြည့်ပါဦး။
နောက်တစ်ချက်က “ ပြုပြင်ပြောင်းလဲရေးမှာ အားလုံးပါဝင်မှ ရေရှည်ခံမယ်လို့” အမေစု ပြောခဲ့ တယ်နော်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ စနစ်တကျ အဖွဲ့အစည်းကြီးဖြစ်တဲ့ စစ်တပ်ကို ဘာဖြစ်လို့ ချန်ထား ခဲ့ချင်ရတာလဲ။ ဦးနု တို့ရဲ့ ပါလီမန်ခေတ်ကလို တရုတ်-မြန်မာ နယ်စပ်သတ်မှတ်တဲ့ ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်ကို ကျွန်းကြီး တစ် ကျွန်း ပေးလိုက်တဲ့ကိစ္စ၊ အဲဒီဥပမာတွေကို ယူပြီး ဘင်ဂါလီတွေကို လွှတ်တော်ထဲမှာ ဥ ပဒေပြု ပေးပြီးတော့ လုပ်ချင်ရာ လုပ်မလို့လား။ ပြုပြင်ပြောင်း လဲရေး မှာ တွေ့ကြုံ လာရမဲ့ ပြဿ နာပေါင်း စုံကို စစ် တပ် မပါဘဲ ထိန်းသိမ်းလို့ ဘယ်လိုမှ မရနိုင်ဘူးဆိုတာ အပေါ်ယံလေး တွေးရင်တောင် ရနိုင်ပါတယ်။
အမေစု အခု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်နေတယ် မဟုတ်လား။ စစ်တပ်ဟာ ဗိုလ် ချုပ် အောင်ဆန်း ဖွဲ့စည်းခဲ့တာ လို့ အမေစု ပြောခဲ့တဲ့ စကားရှိတယ်။ စစ်တပ် မပါဘဲနဲ့တော့ အမေစုရိုက်မဲ့ ဇာတ်ကားကြီးဟာ ဘာမှ ပီပီပြင်ပြင် ဖြစ်လာမှာ မဟုတ်ဘဲ အခုခေတ် ပေါ်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေလို ချစ်၊ကြိုက်၊ ကွဲ၊ ညား ဟီးဟီးဟီးဟားဟား ဇာတ်လမ်း ဖြစ်နေဦးမယ်နော် . . . .
ဒီကပါ။
ဒူးဖော်၊ပေါင်ဖော်တဲ့ မိန်းကလေးများ သိစေရန်
မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့..ဒူးဖော် ပေါင်ဖော် ရင်သားတွေ ဖော်နေရင် ဘယ်သူမှ စိတ်မ၀င် စားတော့ဘဲ တန်ကြေး မရှိဖြစ်မယ်။
တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက် ရှိတယ်။သူမှာ သိပ်လှ တဲ့ မြေးမလေး တစ်ယောက် လည်း ရှိတယ်။ အဘိုးအိုပာာ မျက်လှည့်ပညာသိပ် ကျွမ်းတယ်။ အဲဒီပညာနဲ့ ပဲအ သက်မွေးခဲ့ တယ်...မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။
တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုး ကနေ မြွေဖြစ်သွား တာတွေ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ်က စွန့်ကြဲ တဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။
"မျက်လှည့် ပညာဆိုတာ မှော်ပညာမပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။လိမ်တာလည်းမပာုတ်ပါ ဘူး။ မျက် လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်တွေကို ခင်ဗျားတို့မသိ လို့သာ အထူး အဆန်းလာကြည့်ကြတာဖြစ်တယ်။ဒီနေ့ မျက်လှည့်ပညာ ရဲ့လျှို့ဝှက်ချက်တွေ ကို ပြောပြ မယ်" ပရိ သတ်ပာာ အင်မတန် စိတ်ဝင်စားသွားတယ်။
ကြိုးကနေ ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေ အား လုံးပြောပြ သတဲ့။ ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်းစားတာပေါ့။သိလည်းသွားရော- "သြော် ဒီလိုလုပ်တာလား။ဒါလေးများ။" ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။
နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။
ပရိသတ် တစ်ယောက်မှ မလာတော့ချေ။ထိုနောက် အဘိုးအိုက-
"မြေးလေးရေ။ပရိသတ်တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။"
"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးပေါ့။"
"အေး။ပာုတ်တယ်မြေးလေး။အဘိုးကို တစ်သက်လုံး ထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက် လည်းပြ လိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။မြေးလေးလည်းမှတ်ထားပါ။
လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထား ရမယ်။ ဒါဆို မြေးရဲ့ မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ် သူမှ စိတ် မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားတာ။ဒါ့ကြောင့် အ ၀တ် အစားကို လုံလုံခြုံခြုံဝတ်ပါ။"
အဘိုး အိုပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။ သူငယ်ချင်းတို့လည်း အဘိုးအိုစကားကို နားလည် နိုင်ပါစေ.....

ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်..
၁။လယ်သမားများအနေဖြင့် ယူထားသည့် အကြွေးများကို အကျေအလည်ပြန်ဆပ်မှသာ လာမည့် မိုးရာသီ တွင် တစ်ဧကကို ကျပ်တစ် သိန်းချေးငွေကို ရယူနိုင်မည်ဖြစ်ပြီး လယ် ယာမြေမှတ် ပုံတင်ကို လည်း အကြွေး ကျေမှ ထောက် ခံပေးမှာ ဖြစ်တဲ့အတွက် ကြွေးတင်ရင် ရှင်ဘုရင် ဆပ်လိမ့်မယ်၊ လယ်သိမ်းရင် ဆန္ဒပြ မယ် ဆိုတဲ့ အတွေးအခေါ်လောက် ရှိတဲ့ လယ်သမား များကို စေတနာ သတိပေးစကား ပြောခဲ့သော ၀န်ကြီး အား ထမင်းတစ်နပ် လျော့စားဆိုသည့် စကားကို အသားပေးပြီး တိုက်ခိုက်ကြမှာ မဟုတ်ဘူး။
အကြွေးတင်နေတယ် ဆိုတာ မကောင်းဘူး၊ ကိုယ့်အကြွေးကျေဖို့ အတွက် အစာလဲ မပြတ်၊ အကြွေးလဲ မဆပ် လုပ်ချင်ရင် လယ်မ စိုက်နဲ့၊ ဆန္ဒပြစား၊ တောင်းစားလို့ပဲ ပြောကြပါလိမ့်မယ်။
ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်.....
၂။ ကချင်ပြည်နယ်က လူဦးရေ၊ ကေအိုင်အေရဲ့ အကြမ်းဖက်မှုများ၊ နိုင်ငံတကာရဲ့ စံနှုန်းများကို မသိချင် ဟန် ဆောင်၊ အဆိုပါ အချက်များနှင့် ပတ်သက်ပြီး ဖြေရှင်းချက် တစ်ခုမှ မလုပ်ဘဲ အဆုံးတွင် မှ ရွှေလက်နှင့် ခေါ်တုန်းလာပါ၊ bullet တော့ မလွှတ်ချင်ဘူး ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ စကား ကို အသား ပေးပြီး အပုပ်ချ သွေးခွဲကြမှာ မဟုတ်ဘူး။
ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်..
၃။ ၁ နှစ်ခွဲကျော် အပစ်အခတ်ရပ် ဆိုတဲ့ ကာလအတွင်းမှာ ရဲဘော်ရဲဘက်တွေ သေကြေဒဏ်ရာ ရတာ၊ အလောင်းေ ကာင်တွေ ရှေ့မှာ ဓာတ်ပုံ အရိုက်ခံရတာ၊ ပြည်သူပိုင် နိုင်ငံပိုင် လမ်း၊တံတားတွေ အဖျက် ဆီးခံရ တဲ့ အတွက် စစ်သားဟောင်း ကိုယ်စားလှယ်က တိုက်လေယာဉ်တွေ ၀ယ်ထားတာ တိုက်ဖို့ပေါ့ ဟု ပြောသ ည့် စကားကို ပေါက်တတ်ကရ လိုက်ဖွပြီး သတင်းလုပ်ဖော်ပြကြမှာ မဟုတ်ဘူး။
ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့်မတ် ကြရင်..
၎။ ပြည့်တန်ဆာ ကိစ္စကို လွှတ်တော်ထဲ သွင်းမယ်လုပ်၊ ပြည့်တန်ဆာနဲ့ ပျော်ပါးတဲ့ သူကို ဖမ်းဖို့ မေးခွန်း ထုတ် တဲ့ ကိုယ်စားလှယ်ကြီးတွေကို မသိဟန်ဆောင်နေကြမှာ မဟုတ်ဘူး။
၅။ စာမေးပွဲကျ ကျောင်းသားတွေကို ဗကသနဲ့ပေါင်းပြီး လွှတ်တော်ထဲ အဆိုတင်သွင်းပြီး ဆရာ ၀န် ပေးလုပ်တာကို မသိဟန်ဆောင်ကြမှာ မဟုတ်ဘူး။
၆။ ဦးလှဆွေ ပြောသွားတဲ့ ကေအိုင်အေရဲ့ လုပ်ရပ်တွေထဲက တစ်ဝက်လောက်ကို မီဒီယာမှာ ဖော်ပြဖို့ ပျက် ကွက်ကြမှာ မဟုတ်ဘူး။
ကုန်ကုန် ပြောမယ်ဗျာ။ ခင်ဗျားတို့တွေသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလောက် ရိုးသားဖြောင့် မတ်ကြ ရင် အခု ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရှိတော့မှာ မဟုတ်ဘူး။
ဒီကပါ။
လေယာဉ်မှူး အဆုံးအဖြတ်ကြောင့် အဲပုဂံလေယာဉ်ပျက်ဟု စုံစမ်းရေးကော်မရှင် ပြော
အရေးပေါ် ဆင်းသက်လိုက်ရပြီး မီးလောင်ပျက်စီးသွားသော အဲပုဂံလေယာဉ်
(ဓာတ်ပုံ – ထူးအိမ်သွင် (ဟဲဟိုး) / Tachileik Facebook)
လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ဟဲဟိုး လေဆိပ်မှာ လူ ၂ ဦးသေဆုံးပြီး လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အဲပုဂံလေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူး အဆုံးအဖြတ်ဟာ အဓိကလို့ စုံစမ်းကော်မရှင်က ယနေ့ ရန်ကုန်မြို့၊ မင်္ဂလာဒုံမှာရှိတဲ့ လေကြောင်းသိပ္ပံခန်းမမှာ ပြုလုပ်ခဲ့ရာမှာ ပြောဆိုပါတယ်။
“အားလုံးကတော့ လူနဲ့ဆိုင်တာချည်းပဲ၊ လေယာဉ်မှူး ရဲ့ အဆုံးအဖြတ်ပေါ်ဘဲ မူတည်နေတာလေ၊ ဘာကြောင့်ဖြစ်ဖြစ် လူကြောင့်ဖြစ်တာလို့ပဲပြောလို့ရတယ်” လို့ လေယာဉ်ပျက်မှု စုံစမ်းရေးကော်မရှင်က ဥက္ကဋ္ဌ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောဆိုပါတယ်။
လေယာဉ်မှာလိုက်ပါတဲ့ ခရီးသည်တဦးဖြစ်တဲ့ ဧည့်လမ်းညွှန် မနွယ်လင်းရှိန်အပြင် ကားလမ်းပေါ်မှာပါ ဆိုင်ကယ်စီးနေတဲ့ ဦးပြားဆိုသူပါ သေဆုံးခဲ့ရတာကြောင့် ဘယ်လိုကြောင့် ဒီလောက်ထိ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရသလဲဆိုတဲ့ မေးခွန်းက ပြည်သူတွေသိချင်နေကြတာပါ။
လေယာဉ် ဘာကြောင့် ပျက်ကျရတယ်ဆိုတဲ့ အကြောင်းအရင်းကို စစ်ဆေးနိုင်ဖို့ လေယာဉ်မှာ တပ်ဆင်ထားတဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်း Black Box ကို သြစတြေးလျနိုင်ငံမှာရှိတဲ့ သြစတြေးလျ ပို့ဆောင်ရေး လုံခြုံမှုဌာန (Australian Transport Safety Bureau-ATSB)ဆီကို ဇန်နဝါရီ၁၈ ရက်နေ့မှာ ပို့ဆောင်စစ်ဆေးစေခဲ့ပါတယ်။
ဇန်ဝါရီလ ၂၅ရက်နေ့မှာ စစ်ဆေးမှုပြီးဆုံးခဲ့တဲ့တွက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လေယာဉ်ပျက်ကျမှုစုံစမ်းရေးကော်မရှင်က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို လေယာဉ်ပျက်မှု စုံစမ်းရေးကော်မရှင်က ဥက္ကဋ္ဌ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း၊ အဲပုဂံလေကြောင်းလိုင်း လေယာဉ်မှူးကြီး ဦးသိန်းဇော်၊ မြန်မာ့လေကြောင်း လေယာဉ်မှူး ဦးခင်မောင်ငြိမ်းအပါအ၀င် ၅ ဦးက အဓိကရှင်းလင်းခဲ့ပါတယ်။
လေယာဉ်ပျက်ကျခဲ့တဲ့ အကြောင်းရင်း သတင်းစာရှင်းလင်းပွဲဆိုပေမယ့် ပွဲစတင်တဲ့အချိန်မှာ စုံစမ်းရေးကော်မရှင်ဦးဝင်းဆွေထွန်းက ကိုလိုနီခေတ်ကတည်းက ရှိလာတဲ့ မြန်မာနိုင်ငံလေကြောင်းဥပဒေ အကြောင်းကို မိနစ်အနည်းငယ်ကြာအောင် စတင်ရှင်းလင်းပါတယ်။ ပြီးမှ အဲပုဂံလေယာဉ်ပျက်ကျစဉ်က ဓာတ်ပုံတွေ၊ ဖြစ်စဉ်တွေကို အသေးစိတ် စတင်ရှင်းပါတယ်။
ဦးဝင်းဆွေထွန်းအဆိုအရ မြူဖုံးနေတဲ့ ကွင်းကို ဆင်းရာမှာ လေယာဉ်မှူးက လေယာဉ်မှူးအကူ(First Officer) ကို ပေးမောင်းခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ပြေးလမ်းတလျှောက်မှာ မြူ ဖုံးလွှမ်းနေတာ၊ လေယာဉ်မှူးက ချိန်ခွက်ကြည့် ပျံသန်းမှု မလုပ်ခဲ့တာ၊ လေယာဉ်မှူးအကူကို လေယာဉ်ပေးမောင်းနှင်စေခဲ့တာတွေကြောင့် ပျက်ကျတာ ဖြစ်နိုင်တယ်လို့ ပြောဆိုပေမယ့် “ဒီလိုကိစ္စလေးတွေလောက်က လေယာဉ်ပျက်ကျတဲ့အထိ အမှားအယွင်း မဟုတ်လောက်ဘူး” လို့လည်း ဦးဝင်းဆွေထွန်းက ဆိုပါတယ်။
“လေယာဉ်မှူးအကူကို လေယာဉ်မှူးက လေယာဉ်ပေးမောင်းခဲ့ပေမယ့် အတွေ့အကြုံနဲ့ လက်ရေတက်ဖို့ လုပ်တာပါပဲ၊ ဒါ အမှား မဟုတ်ပါဘူး၊ ဒါပေမယ့် လေယာဉ်ကို ကွင်းထဲ မဖြစ်မနေ ဆင်းရမယ်ဆိုတဲ့ အတွေးဝင်သွားတာကလည်း အကြောင်းတခု ဖြစ်နိုင်ပါတယ်” လို့လည်း နောက်က လေယာဉ် ၂ စင်းကလည်း တန်းစီပါလာတာကိုလည်း ရည်ညွှန်း ဖြေကြားပါတယ်။
ဒါ့အပြင် လေယာဉ်ဟာ ဟဲဟိုးလေဆိပ်မှာ တခါမှ မဆင်းဘူးသေးဘဲ ပထမဆုံးအကြိမ် ဆင်းသက်တာ ဖြစ်တဲ့အကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့် လေယာဉ်မှာပါတဲ့ စက်ကိရိယာအစိတ်အပိုင်းတွေက အရည်အသွေးပိုင်းပြည့်မီတဲ့ ထောက်ခံချက်တွေရှိပြီးသားမို့ စက်ချို့ယွင်းမှုကြောင့် မဟုတ်၊ လေယာဉ်ဆင်းသက်ချိန်က လေယာဉ်ကွင်းထဲအချို့နေရာတွေမှာ မြူကျနေပြီး ရာသီဥတုက လေယာဉ်ပျက်ကျမှုရဲ့ အဓိကတရားခံလို့ စုံစမ်းရေးကော်မရှင်ဥက္ကဌက သုံးသပ်ပြောဆို သွားပါတယ်။
ဒါ့အပြင် လေယာဉ်ပျံသန်းမှုမှတ်တမ်း Black box က မီးလောင်မှု ကို ၃၀ မိနစ်သာ ခံနိုင်ကြောင်း၊ အဲပုဂံလေယာဉ် Black box က ၃ နာရီ နီးပါး မီးလောင်ကျွမ်းမှု ခံခဲ့ရတာဖြစ်လို့ မှတ်တမ်းမှတ်ရာ တချို့ကို ပြန်ကြည့်ဖို့ ခက်ခဲနေကြောင်း စတဲ့ လေယာဉ်ပျက်ကျမှု စုံစမ်းရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ကော်မရှင်ဥက္ကဌက ရှင်းပြပါတယ်။
လေယာဉ်ပျက်ကျမှု စုံစမ်းရေး ရေနာက်ဆုံးရလာဒ်တွေကို ကော်မရှင်က မူကြမ်းအရင်ထုတ်ပြီး နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ အကြံပြုချက်တွေနဲ့ ရယူပြီးမှသာ ဘာကြောင့်ပျက်ကျတယ်ဆိုတဲ့အကြောင်း အတိအကျထုတ်ပြန်နိုင်လိမ့်မယ်လို့ ဆိုတယ်။
လေယာဉ်ပျက်မှုနဲ့ပတ်သက်တဲ့ သတင်းတွေရေးတဲ့နေရာမှာလည်း ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေက ထင်ကြေးတွေနဲ့ ရေးနေတာမျိုးတွေ တွေ့နေရတယ်လို့ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားတဲ့ ခရီးသည် မနွယ်လင်းရှိန်က လေယာဉ်ပေါ်မှာ သေတာမဟုတ်ဘဲ လေယာဉ်ထဲက အထွက်မှာ တစုံတခုနဲ့ ထိခိုက်မိပြီး လဲကျရာက မီးလောင် အသက်ဆုံးရှုံးခဲ့တာဖြစ်ကြောင်း၊ ဆိုင်ကယ်မောင်းသူ ဦးပြား သေဆုံးမှုကလည်း လေယာဉ်ဝင်တိုက်မိလို့ သေတာမဟုတ်ဘဲ လေယာဉ်ဆီ ပန်းထွက်စဉ် ဦးပြားကိုယ်ပေါ်လေယာဉ်ဆီ စင်ရာကနေ မီးစွဲသွားတာကြောင့် သေဆုံးရတာ ဖြစ်တဲ့အကြောင်း ဦးဝင်းဆွေထွန်းက ရှင်းပြပါတယ်။
လေယာဉ်က ဟဲဟိုးလေဆိပ်ကို ဆင်းသက်ခါနီး မနက် ၈နာရီ ၃၆ မိနစ်ခန့်မှာ လေယာဉ် လမ်းကြောင်း လွဲသွားခဲ့ရာက အောင်ပန်း- တောင်ကြီးကို သွယ်တန်းပေးထားတဲ့ လျှပ်စစ်တာဝါတိုင်ကို တိုက်မိပြီး လေယာဉ်ကွင်းအနီး တောအုပ်က သစ်ပင်တွေနဲ့ထပ်မံတိုက်မိခဲ့တယ်လို့လည်း ဆိုပါတယ်။ လေယာဉ်တောင်ပံတဖက် ပထမဆုံးပြုတ်ထွက်ခဲ့ပြီး နောက်လေယာဉ်တောင်ပံတဖက်ကလည်း စက္ကန့်ပိုင်းအတွင်း ထပ်ပြီးပြုတ်ထွက်ခဲ့ကြောင်း၊ လေယာဉ်တောင်ပံတွေ ပြုတ်ထွက်သွားမှုက လေယာဉ်ပေါ်ရှိနေတဲ့ ခရီးသည်တွေ ကံကောင်းမှုတခုလို့ ဆိုရမှာဖြစ်ကြောင်း၊ လေယာဉ်တွေမှာ တောင်ပံနှစ်ဖက်က ဆီတွေပါဝင်တာကြောင့် တကယ်လို့ တောင်ပံတွေသာ လေယာဉ်ကိုယ်တွေနဲ့တွဲလျက်ပါလာပြီးမှ ပျက်ကျခဲ့မယ်ဆိုရင် ဆုံးရှုံးမှုတွေက အခုထက် ပိုမိုကြီးမားနိုင်တယ်လို့ ပြောဆိုသွားပါတယ်။
ဒီကပါ။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ရိုးသားမှူ သင်တန်းအား သူ၏ ခွေးကလေး Tai Chi Toe ဦးစီး၍ဖွင့်လှစ်မည် ။
ဒေါ်အောင်ဆန်းစုကြည်မှ သူ၏ ခွေးလေး တိုင်ချီတိုး(Tai Chi Toe)လောက် လူတွေမရိုးသားကြဟု နိုင်ငံခြားခရီးစဉ်တွင်ပြောကြားခဲ့ပြီးနောက် ချစ်လှစွာသော ဒီမိုကရေစီခေါင်းဆောင်ကြီး အမေဆု သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ ရိုးသားမှူရှိစေရေးအတွက် သူမ၏ နေအိမ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ရိုးသားဖြောင့်မတ်မှူသင်တန်း ဟူသော အမည်ဖြင့် နှစ်ပတ်ကြာ သင်တန်းဖွင့်လှစ်မည်ဖြစ်သည် ။
အဆိုပါသင်တန်းအား အမေဆု နှင့် ဇေယျာသော်မှ ဦးစီးဖွင့်လှစ်မည်ဖြစ်ပြီး သူ၏ အချစ်တော် တိုင်ချီတိုး ခွေးလေးမှ သင်တန်းနည်းပြဖြစ်ကာ ရိုးသားရေး သင်တန်းဖွင့်တော့မည်ဖြစ်ပါသဖြင့် သင်တန်းဝင်လျှောက်လွှာများကို နီးစပ်ရာ NLD ရုံးခွဲ များ နှင့် ကျောင်းသားသမဂ္ဂ(ဗ.က.သ) များထံတွင် တောင်းယူလျှောက်ထားနိုင်ပါသည် ။
(မောင်ကျောက်ခဲ အဖွဲ့)
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ
ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ မှ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
''အန်တီက ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်နေ့)မှာ နိုင်ငံခြားက ပြန်လာမယ်။သူပြန်လာတဲ့အခါမှာ လာကြိုမယ့်သူတွေကို နေပြည်တော်က အိမ်ကနေ အထုပ်တစ်ထုပ် ယူလာဖို့ ပြောထားတယ်။အဲဒီအထုပ်ကို သယ်လာတဲ့ အန်တီရဲ့ကားက ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့အချိန်မှာ ၁၁၅မိုင် စားသောက်ဆိုင်တစ်ခုမှာ ကားရပ်ပြီး ခဏ၀င်နားတယ်။သူပြန်လာတော့ ရပ်ထားတဲ့ကားပေါ်က အထုပ်မတွေ့ရတော့ဘူး။ဒါ့ကြောင့် ဖြူးရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်''ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးထံမှ သိရှိရသည်။
အခိုးခံရသည့် အထုပ်တွင် တန်ဖိုးကြီးပစ္စည်းများ ပါဝင်နိုင်ဖွယ် မရှိကြောင်း မည်သည့်ပစ္စည်းများ ပါဝင်သည်ကို အတိအကျ မသိရှိရသေးကြောင်း အဆိုပါ လွှတ်တော် ကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။
credit: eleven
မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်း မြင့်မားလာကြောင်း စာတမ်းတစ်စောင် ဖော်ပြ
မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှုန်းသည် ယခင်နှစ်များကထက် မြင့်မားနေကြောင်း ဇန်န၀ါရီလ အတွင်း ကျင်းပသည့် (၄၁) ကြိမ်မြောက်မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် တင် သွင်းခဲ့သည့် သုတေသန စာတမ်းတစ်စောင်အရ သိရသည်။
အဆိုပါ သုတေသန စာတမ်းကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ တွင် စစ်တမ်းကောက်ယူ ခဲ့ခြင်း ဖြစ်ရာ အသက် ၁၅ နှစ်မှ ၆၄ နှစ် အတွင်းရှိ အမျိုးသား၊ အမျိုးသမီး ဦးရေ ၇၄၂၉ ဦးကို သုတေသန ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး STEPS Chronic Diseases Risk Factor Survey, Myanmar (2009) မှ အချက်အလက် များ ကို အခြေခံ၍ တစ်နိုင်ငံလုံး အရက်သောက်သုံးမှု အခြေအနေကို စူးစမ်းဖော်ထုတ် ထားခြင်း ဖြစ် ကြောင်း သိရသည်။
အမျိုးသားများတွင် အသက် ၂၄ နှစ်မှ ၃၄ နှစ်အတွင်း၊ အမျိုးသမီးများတွင် အသက် ၂၃ နှစ်မှ ၂၄ နှစ် အတွင်း ရှိသူများ သောက်သုံးမှု အများဆုံး ဖြစ်နေကြောင်း စာတမ်းအရ သိရ...
အဆိုပါ သုတေသန စာတမ်းကို ကျန်းမာရေး ဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ နိုင်ငံခြား ဆက်သွယ်ရေးဌာန၊ ဆေးသိပ္ပံပညာ ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့မှ ကျန်းမာရေး ဆိုင်ရာ ပညာရှင်များ စုပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စာတမ်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသားများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဖော်ပြ ထား သည်။
၂၀၀၃ ခုနှစ် အတွင်းက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အမျိုးသား/အမျိုးသမီး အရက်သောက်သုံး မှုနှုန်း ကို စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသားများတွင် ၂၆ ရာခိုင်နှုန်းနှင့် အမျိုးသမီးများတွင် တစ်ရာခိုင်နှုန်းခန့် သာ ရှိသည့်အတွက် ယခုညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့် တက် လာကြောင်း တွေ့ရှိခဲ့ရသည်။
အသက်အရွယ်အလိုက် အရက်သောက်သုံးမှုနှုန်းကို စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသားများတွင် အသက် ၂၄ နှစ်မှ ၃၄ နှစ်အတွင်း၊ အမျိုးသမီးများတွင် အသက် ၂၃ နှစ်မှ ၂၄ နှစ်အတွင်း ရှိသူများ သောက်သုံးမှု အများဆုံး ဖြစ်နေကြောင်း စာတမ်းအရ သိရသည်။
“စစ်တမ်းကောက်ယူခဲ့တုန်းက ဒီနိုင်ငံမှာ အရက်သောက်သုံးမှုနှုန်း ဘယ်လောက်ရှိသလဲ ဆိုတာကိုပဲ အဓိက ကောက်ခဲ့ပါတယ်။ အရက်သောက်တဲ့လူ ၁၀၀ မှာ ၁၅ ဦးလောက်က အရက်ကို အလွန်အကျွံ သောက်နေတာ တွေ့ခဲ့ရတယ်။ အရင် ၂၀၀၃ ခုနှစ်တုန်းက ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းကိုပဲ အရက်သောက်သုံးမှုနှုန်းနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ခဲ့ဖူးတယ်။ အဲဒီစစ်တမ်းနဲ့ အခုစစ်တမ်းယှဉ်ရင် အရက်သောက်သုံးမှုနှုန်း မြင့်တက်လာတာ တွေ့လာရပါတယ်။ နောက်အရက်သောက်တဲ့သူမှာ ဆေးလိပ်ပိုသောက်တယ်၊၊ ဆေးလိပ်သောက်တဲ့ သူမှာလည်း အရက်ပိုသောက်တာကို တွေ့ခဲ့ရတယ်။ ပြောရရင် ဆေးလိပ်နဲ့ အရက်က ဆက်စပ်မှု ရှိနေတာကို တွေ့ခဲ့ရတာပါ” ဟု သုတေသန စာတမ်း တင်သွင်းရာတွင် ပါဝင်ခဲ့သည့် ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) မှ ဒေါက်တာကိုကိုဇော်က ပြောသည်။
တစ်နိုင်ငံလုံး အနေဖြင့် အရက်သောက်သုံးသူ ၁၉ ရာခိုင်နှုန်းရှိပြီး ယင်းတို့အနက် အမျိုးသားများတွင် ၄၅ ရာခိုင်နှုန်း၊ အမျိုးသမီးများတွင် သုံးရာခိုင်နှုန်းရှိကြောင်း၊ အမျိုးသားများ၏ ၂၅ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ ၂ ဒသမ ၉ ရာခိုင်နှုန်းမှာတစ် နေ့လျှင် ငါးကြိမ်နှင့်အထက် အရက်သောက်သုံး နေသူများ ဖြစ်ကြောင်း စာတမ်းအရ သိရသည်။ မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု ဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ရာတွင် အရက်သောက်သုံးသူ ပမာဏ၏ ၈၃ ရာခိုင်နှုန်းသည် ဘီယာသောက်သုံး ကြခြင်းဖြစ်ပြီး ကိုးရာခိုင်နှုန်းမှာ ၀ိုင်သောက်သုံးကြောင်း၊ ရှစ်ရာခိုင်နှုန်းမှာ အရက်ပြင်းများ သောက်သုံးကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်း Eleven Media Group

လားရှိုးသိန်းအောင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ မန္တလေး တွင် ကျင်းပမည်
မကြာမီ က မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသော လားရှိုး သိန်းအောင် ၏ ဒုတိယ အကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ တွင် မန္တလေးမြို့ Swan Hotel မြက်ခင်းပြင် ၌ ကျင်းပမည် ဟု လားရှိုးသိန်းအောင် က ပြောကြားသည်။
အဆိုပါ ဖျော်ဖြေပွဲ တွင် လားရှိုးသိန်းအောင် ၏ ကျော်ကြားသော သီချင်း ၃၀ ကျော် ဖျော်ဖြေမည် ဖြစ် ကြောင်း ပွဲစီစဉ်သူ ဦးရှမ်းမ က ပြောဆိုသည်။ လက်မှတ်ခ များကို ကျပ်တစ်သောင်း မှ ကျပ် သုံးသောင်း ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။
မြန်မာပြည်နှင့် နှစ်ပေါင်း ၄၀ ကြာ ဝေးကွာ နေသည့် တေးသံရှင် လားရှိုးသိန်းအောင် သည် ဒီဇင်ဘာ ၂၀ ရက် တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီလ ၁၉ ရက် နေ့က MCC ကွင်းပြင် တွင် ကျင်းပ ခဲ့သည်။
The Voice Weekly
သာယာဝတီ အကျဉ်းထောင် နှိပ်စက်မှု ပြန်လည် ဖော်ထုတ်မည်
သာယာဝတီ အကျဉ်းထောင် ၏ Anti Labour ခေါ် အလုပ် ဆန့်ကျင်ရေး တိုက်ပွဲဝင် ၉၅ ဦး ၏ အနှစ်၂၀
ကျော် ဖြတ်သန်း ခဲ့ရသည့် အကျဉ်း ထောင်တွင်း နှိပ်စက် ခံရမှု များကို ပြန်လည် ဖော်ထုတ် မည် ဖြစ်
ကြောင်း အဆိုပါ နိုင်ငံရေး အကျဉ်းသားဟောင်း ၉၅ဦး အဖွဲ့က ပြောကြားသည်။
၁၉၈၈ ခုနှစ် တပ်မတော် အာဏာသိမ်း ကတည်းက အကျဉ်းထောင် အသီးသီးတွင် အကြောင်း အမျိုးမျိုး ဖြင့် မတရား ဖမ်းဆီး ခံခဲ့ကြ ရသော နိုင်ငံရေး အကျဉ်းသား များမှ နည်းမျိုး စုံဖြင့် ညှဉ်းပန်း နှိပ်စက်မှု ဒဏ် ကို အပြင်း အထန် ခံခဲ့ရကြောင်း ၄င်းတို့ အဖွဲ့က ပြောဆိုသည်။ ရန်ကုန် မြို့တော်၊ တော်ဝင် နှင်းဆီ စား သောက်ဆိုင် တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပသည့် ၁၉၈၉ခုနှစ် သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲဖြစ်စဉ် အခမ်း အနားတွင် အနှိပ်စက် ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား ၉၅ ဦး အဖွဲ့ ထံက သိရသည်။
သာယာဝတီ အကျဉ်းထောင် တွင် ၁၉၈၈ ခုနှစ် ၌ နိုင်ငံရေး အကျဉ်းသား များအား တရား ဥပဒေ မဲ့မှုပေါင်း များစွာ ကို ပြုလုပ် ခဲ့ကြောင်း၊ မိမိ၏ အစ်ကို မှာလည်း အကျဉ်းထောင်မှ လွတ်မြောက် လာစဉ် ယင်းဒဏ် ရာ များကြောင့် သေဆုံး ခဲ့ကြောင်း သာယာဝတီ အကျဉ်းထောင် တိုက်ပွဲဝင် တစ်ဦး ဖြစ်သူ ဦးဇော်ထွန်း၏ ညီမက ပြောဆိုသည်။
နိုင်ငံရေး အကျဉ်းသား ၉၅ ဦး၏ မတရားမှု များကို ပြန်လည် ဖော်ထုတ်သည့် ယနေ့ အချိန်တွင် တရား မျှ တမှု အတွက် နစ်နာ ခဲ့သည် များကို အသိ အမှတ် ပြုရမည် ဖြစ်ပြီး အကျဉ်းထောင် များတွင် နိုင်ငံရေး အကျဉ်းသား ၁၅၀ ဦးကျော် သေဆုံး ခဲ့ကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်း ဦးဌေးကြွယ်က ပြောဆို သည်။
“သာယာဝတီ မှာ ငရဲပွက် သွားတဲ့ ထောင်တွင်း တိုက်ပွဲ တစ်ခု ကြုံခဲ့ ဖူးတယ်။ ရေ ၄ ရက် မတိုက်ပဲ ထား လို့ သေတာ မျိုးတွေ ရှိတယ်’’ ဟု ၄င်းက ပြောဆိုသည်။
ယင်းကဲ့သို့ အတိတ်က ဖြစ်ရပ် များကို မျိုးဆက်သစ် လူငယ်များကို အသိ ပေးဖို့ လိုအပ်ကြောင်း ၈၈မျိုးဆက် ကျောင်းသား ဦးပြုံးချိုက ပြောကြား သည်။
၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် တွင် ရန်ကုန် အင်းစိန် အကျဉ်းထောင် ရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ကို သာယာဝတီ အကျဉ်းထောင် သို့ ပြောင်းရွှေ့ ခဲ့ပြီး တပ်မတော် အစိုးရ လက်ထက် ပထမ ဆုံး သော နိုင်ငံရေး အကျဉ်းသား ထောင်ပြောင်း ရွှေ့မှု ဖြစ်ကာ ပုံစံ ဆံပင်ညှပ်၊ ခြေကျင်း ခတ်၍ ရာဇဝတ် အကျဉ်းသားများ သဖွယ် အပြောင်း အရွှေ့ ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ၉၅ဦး အဖွဲ့က ပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အစိုးရထက် လွှတ်တော်တွင် တာဝန်ရှိဟုဆို
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ မှာ အစိုးရ မှ ဦးဆောင်၍ ဆောင်ရွက်ရန် ပြောဆိုနေခြင်းထက် လွှတ်တော် မှ သာဆောင်ရွက်ရမည့် တာဝန်ရှိ ကြာင်း သမ္မရုံး ၀န်ကြီး ဦးစိုးသိန်း က ယနေ့ပြုလုပ်သော သတင်း မီဒီယာတွေ့ဆုံပွဲ တွင် ပြောကြားသွား ခဲ့သည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရမယ့်ကိစ္စက လွှတ်တော် မှာလုပ်လို့ရတယ် ၇၅ ရာခိုင်နှုန်းက ပြုလုပ်မယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ပြီးသားလိုဖြစ်သွားမယ် ဒီ အခန်းတွေကို လွှတ်တော်ပိုင်း မှာ လုပ်ရ မယ် လွှတ်တော်ထဲက ၆၃၀ ကျော်ရှိတဲ့သူတွေက လုပ်လို့ရတယ် "ဟု ၄င်းက ပြောကြားခဲ့သည်။
Messenger News Journal

ပြည်ထောင်စု ၀န်ကြီးတွေ မီဒီယာတွေကို ဘာတွေ ပြောလဲ
ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲကို နေပြည်တော်ရှိ စက်မှုဝန်ကြီးရုံးတွင် ဖေဖေါ်ဝါရီ ၃ ရက် နေ့ နေ့လည် ၁ နာရီက စတင်ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုးနည်းအိမ်ရာများကို ကျပ် ၁၈၅ သိန်းနှင့်သိန်း ၂၀၀ ကြားတွင်ရောင်းချမည်ဖြစ်ပြီး ၁၈ထပ်အမြင့်ရှိတိုက်များကြောင်းရန်ကုန်မြို့ဒဂုံဆိပ်ကမ်းတွင်အကောင် ထည်ဖော်နေသည့် တန်ဖိုးနည်းအိမ်ရာများအားလုံးပြီးစီးပါက အခန်းပေါင်း ၁၉၀၀၀ ကျော် ရှိကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း က သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင်ပြောပါတယ်။
“ မြန်မာနိုင်ငံက တရုတ်ကိုကြွေးမြီဒေါ်လာသန်း ၃၃၀၀ကျော်ဆပ်ဖို့ရှိနေပါတယ်။ ဒါပေမယ့် ၈၈ နောက်ပိုင်း ယူထားတဲ့ ကြွေးမြီဖြစ်တာကြောင့် လက်တလောမှာတော့ ဆပ်စရာမလိုသေးဘူး။” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ယနေ့ နေ့လည် ၁ နာရီ တွင် နေပြည်တော်စက်မှု ၀န်ကြီးရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင်ပြောသွားတာပါ။
“ ၁၉၈၈ မတိုင်မီနဲ့ ၈၈နောက်ပိုင်းမှာပြည်ပအဖွဲ့အစည်းဖြစ်တဲ့ World Bank, ADB , Paris Club ကိုဆပ်ဖို့ အကြွေးမြီသန်း ၉၆၀၀ ကျော်ရှိနေပါတယ်။ ကျွန်တော်တို့၈၈နောက်ပိုင်းမှာ တရုတ်နိုင်ငံဆီက ကြွေးမြီ အများ ဆုံးယူထားရပါတယ်။” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ထပ်ပြောတာပါ။
သတင်း
ဧရာဝတီ ဘလော့ဂ်
ဆယ်စုနှစ်တစ်ခုနီးပါးအကြာတွင် ဧရာဝတီလင်းပိုင်များ ပြန်လည် ရောက်ရှိ
မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း ဆယ်စုနှစ်တစ်ခုကြာ လာရောက်ခြင်းမရှိခဲ့သည့် လင်းပိုင်များ အုပ်စုလိုက် ကျင်လည်ကျက်စားနေပြီး နိုင်ငံခြားသားခရီးသည် အများအပြား နေ့စဉ် လာရောက် လေ့လာလျက်ရှိသည်။
မင်းကွန်းနှင့် ကျောက်မြောင်းအကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းရှိ ရေပြင်တွင် ကျက်စားလေ့ရှိသော ဧရာဝတီလင်းပိုင်များသည် ဇန်န၀ါရီလပိုင်းတွင် မင်းကွန်းတစ်ဝိုက်ရေပြင်တွင် အုပ်စုလိုက် ပြောင်းရွှေ့ကျက်စား လာလျက်ရှိကြောင်း သိရှိရသည်။
မင်းကွန်းဝန်းကျင်ရှိ ဧရာဝတီမြစ်ကြောင်းအတွင်း၌ လင်းပိုင်များ ယခုကဲ့သို့ အုပ်စုဖွဲ့ နေထိုင်ကျက်စားခဲ့ခြင်းကို ၂၀၀၃-၀၄ခုနှစ်ဝန်းကျင်က နောက်ဆုံးတွေ့မြင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအကြာတွင် ပြန်လည် ရောက်ရှိ ကျက်စားလာခြင်းဖြစ်သည်ဟု ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားခဲ့သည်။ ယင်းသို့ ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင်များ အုပ်စုဖွဲ့နေထိုင်ကျက်စားခြင်းကို မင်းကွန်းသွား နိုင်ငံခြားသားခရီးသည်များမှ စိတ်ဝင်တစား လာရောက်လေ့လာလျက်ရှိသည်ဟုလည်း ခရီးသွားလုပ်ငန်း အသိုင်းအ၀န်းမှ သိရသည်။
''မင်းကွန်းဝန်းကျင်မှာ ဧရာဝတီလင်းပိုင်ကောင်ရေ ၁၈ ကောင်လောက်ကို ဇန်န၀ါရီလပိုင်းမှာ ပြောင်းရွှေ့ကျက်စားလာတာ တွေ့ရတယ်။ အများအားဖြင့် ထိန်းသိမ်းရေး ဧရိယာအလယ်ပိုင်းလောက်မှာရှိတဲ့ မတ္တရာမြို့နယ်၊ ၀က်လက်မြို့နယ်ပိုင်းက မြစ်ကြောင်းအတွင်းမှာ တွေ့ရပေမယ့် ဒီနှစ်မှာ ထူးထူးခြားခြား စစ်ကိုင်း-မင်းကွန်းဘက်ကို ပြောင်းရွှေ့လာတာ တွေ့ရတယ်။ခုလို အုပ်စုလိုက်ရေပြင်မှာ ဆော့ကစားတာမျိုးကလည်း တွေ့ရခဲပါတယ်။ ပုံမှန်ဆိုရင် နှစ်ကောင်သုံးကောင် အုပ်လိုက်ပဲ တွေ့ရတာ။ ခုဆိုရင် ငါးကောင်၊ ခြောက်ကောင် အုပ်စုဖွဲ့တွေ့ရပြီး နိုင်ငံ ခြားခရီးသွားတွေ စိတ်ဝင်စားမှု မြင့်တက်နေပြီး လင်းပိုင်ကြည့် မော်တော်တွေနေ့တိုင်းရှိတယ်''ဟု ဦးဟန်ဝင်းက ပြောကြားခဲ့သည်။
''ဒီနှစ် ဧရာဝတီမြစ်ကြောင်းမှာ ပုံမှန်ရှိရိုးရှိစဉ် ရေအမြင့်ထက် သုံးပေလောက် လျော့ကျနေတယ်လို့ ပညာရှင်တွေ ပြောထားတာရှိသလို အခု ရေနည်းရာသီမှာ အရင်က လင်းပိုင်တွေ ကျက်စားတဲ့နေရာတွေမှာ ရေတိမ်တာ၊ ရေကြောင်းကြပ်တာတွေ ဖြစ်ပေါ်လာတဲ့အတွက် ရေပြင်ကျယ်ပြီး လင်းပိုင်တွေ ပျော်တတ်တဲ့ ရေအောက်သောင်(စည်း)တွေရှိတဲ့ မင်း ကွန်းဘက်ကို ပြောင်းရွှေ့လာတယ်လို့ ယူဆရတယ်။ နောက်တစ်ခုက အခုချိန်က ငါးပုန်းတဲ့ရာသီဖြစ်တဲ့အတွက် အစာနောက်ကိုလိုက်ရင်း ရောက်လာတာလည်း ဖြစ်နိုင်တယ်။အဓိကကတော့ အစာနဲ့ ရေကြောင့်လို့ကောက်ချက်ချရမှာပါ''ဟု ဦးဟန် ၀င်းက ဆက်လက် ပြောကြားခဲ့သည်။
မန္တလေးနှင့် မင်းကွန်းကြား ဧရာဝတီမြစ်ကြောင်းတွင် ရှော့ခ်တိုက် ငါးဖမ်းလှေများ လာရောက် လုပ်ကိုင်လေ့မရှိခြင်းကြောင့် လင်းပိုင်များအတွက် အန္တရာယ်ကင်းရှင်းမှုရှိစေသလို နိုင်ငံခြားခရီးသွားများ သွားရောက်လေ့ရှိရာ ရေကြောင်းပေါ်တွင် ဖြစ်သောကြောင့် ခရီးသည်အား ဆွဲဆောင်မှုတစ်ရပ် ဖြစ်စေကြောင်း သိရသည်။
EMG
နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်
အစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကြား ဆွေးနွေးပွဲကို တရုတ်အစိုးရက သက်သေအဖြစ်နဲ့ရော ကြားဝင်စေ့စပ်တဲ့အခန်းကဏ္ဍ အဖြစ်ပါ ဆောင်ရွက်မှာဖြစ်တယ် လို့ KIA က စနေနေ့က အသိပေးထုတ်ပြန်တဲ့အကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားတာပါ။
နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်လို့လည်း အဲဒီ သတင်းထဲမှာ ဖော်ပြထားပါတယ်။ KIO နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ တို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အရင်ကလည်း ရွှေလီမှာ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။
အရင် စစ်အစိုးရထက်ထက်က KIO နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ၂၀၁၁ ခုနှစ်ထဲမှာ ပျက်ပြားသွားခဲ့တဲ့နောက်ပိုင်း အစိုးရတပ်တွေနဲ့ KIA ကြားမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ခဲ့တာမှာ ပြီးခဲ့တဲ့ လအတွင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
UWSA ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ အထူးဒေသထဲမှာ KIO ကချင်အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ နှစ်ဘက်လုံးက လက်ခံသဘောတူတယ် ဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ UWSA က ပြောကြားခဲ့ပါသေးတယ်။

ဦးမြင့်လှိုင် မျက်နှာ ငယ်ရခြင်း
ယမန် နေ့ ရန်ကုန်.နေပြည်တော် အမြန်လမ်း၊၁၀၇ မိုင်မှာ သမ္မတ ဦးသိန်းစိန်က တောင်သူတွေနဲ့ သွားတွေ့ပြီး စိုက်ခင်းတွေကို လိုက်ကြည့်ပါတယ်၊ နေ့လည်စာ စားမယ့် အချိန် ရောက်လာတော့...၊ လယ်/ဆည် ၀န်ကြီး ဦးမြင့်လှိုင်က နေ့လည်စာ စားဖို့ ခေါ်ပါလေရောဗျာ ။ သမ္မတ ကြီးက ဘေးမှာ ရှိတဲ့ ၀န်ကြီးတွေကို ပါရော ပြီးပြောလိုက်တယ်၊" နေ့လည်စာ စားရင်တော့ ခင်ဗျားတို့ပါ တစ်နပ်ပဲ စားရမယ် ထင်တယ် တဲ့...၊"ဦးမြင့်လှိုင် မျက်နှာလည်း ဇီးရွက်လောက် ဖြစ်သွားတယ်။
(မှတ်ချက် သမ္မတ မှ ရီ(ရယ်) ပြီးပြောခြင်းဖြစ်သည်။
ဒီကပါ။
ဝန်ကြီး၂ဦး၊ဆက်သွယ်ရေး အရာရှိ အချို့ နှင့်ပတ်သက်၍ နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည်
နှုတ်ထွက်သွားသော ၀န်ကြီး၂ဦး ကိစ္စ နှင့် ဆက်သွယ်ရေး အရာရှိ အချို့  ကို ဖမ်းဆီးစစ်ဆေးမှု များနှင့်ပတ်သက်၍ သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းအား စာနယ်ဇင်း များနှင့်တွေဆုံပွဲ တွင်မေးမြန်းရာ မဖြေကြား နိင်သေးကြောင်း
ပြော ကြား............
နေပြည်တော်ရှိစက်မှုဝန်ကြီးရုံးတွင်ယခုပြုလုပ်လျက်ရှိသည့် စာနယ်ဇင်း များနှင့်တွေဆုံပွဲ တွင် နှုတ်ထွက် သွားသော ၀န်ကြီး၂ဦး၊ဆက်သွယ်ရေး အရာရှိ အချို့ ကို ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ မေးမြန်းရာ သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းက ယခုအချိန်တွင် မဖြေကြားနိင်သေးကြောင်း အပြည်အစုံ ကို နောက် တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည် ဟု ပြောသည်။
Popular Myanmar News

အလှူရှင်များနှင့် လူမှုရေးသမားများကို စိတ်ညစ်အောင်လုပ်နေသည်ဟု ဦးကျော်သူဆို
ပြည်တွင်း၊ ပြည်ပရှိ အလှူ ရှင်အသီးသီးက ပြည်တွင်းရှိလူမှု ရေးအဖွဲ့အစည်း များအားလှူဒါန်း ခြင်း၊ ဒုက္ခသည်စခန်းများအား လှူဒါန်းခြင်းများကို စေတနာသန့် သန့်ဖြင့် ကူညီထောက်ပံ့ပေးနေ သော်လည်း တစ်ဖက်မှ ယင်းတို့ ၏ တာဝန်အရ စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ ကန့်ကွက်ခြင်း၊ တားမြစ်ခြင်းများသည် လွတ်လပ် ခြင်းဟု အဓိပ္ပာယ်ရသော ဒီမိုက ရေစီနိုင်ငံတွင် မဖြစ်သင့်တော့ ကြောင်း နာရေးကူညီမှုအသင်းမှ ဦးကျော်သူကပြောကြားသည်။
ယင်းကဲ့သို့ ပြုလုပ်ခြင်းအပေါ် ပြောကြားရာတွင် ““ကျွန်တော်တို့ လက်ပံတောင်ကိစ္စဆိုရင် ဖြစ်ဖြစ် ခြင်းနောက်ရက် မုံရွာဆေးရုံကို သွားတယ်။ အဲဒီက ဆေးရုံအုပ် ကြီးကိုယ်တိုင်က ဒီလက်ပံတောင် ကိစ္စနဲ့ ဆေးဝါးလှူတာလက်မခံ ဘူး၊ လက်မခံဘူးလို့ပြောလို့ ဒါ ဟာ လူတွေမဟုတ်ဘူး၊ သံဃာ တော်တွေ၊ ဘုရားသားတွေဖြစ်တဲ့ ကိစ္စကို ဒါကိုလက်မခံဘူး၊ ဒီပြင် ကိစ္စနဲ့ လာလှူချင်လှူပါလို့ပြော တယ်။
ဒါဗုဒ္ဓဘာသာအနေနဲ့ မဖြစ်သင့်တော့ဘူး၊ လူသားချင်း စာနာတဲ့စိတ်မွေးရမယ်။ ပြည်က သုခကုသိုလ်ဖြစ်ဆေးခန်းက ကားတစ်စီးအလှူရှင်က လှူ တယ်။ လှူတဲ့ကားက ဟိုလည်း ရောက်ကော ထောက်လှမ်းရေး က လာမေးတယ်။ ““အလှူရှင် ဘယ်သူလဲ၊ ဒီကားကို ဘာ ရည်ရွယ်ချက်နဲ့လှူတာလဲ။ ဘာ လုပ်ငန်းလုပ်လဲ ကားတန်ဖိုး က ဘယ်လောက်လဲ၊ ဒါက မေးစရာမလိုဘူး၊ တရားဝင်တင် သွင်းခွင့်ရလို့ ပြည်ပကနေသွင်း လာတယ်။ က.ည.န ရုံးက လည်း လိုင်စင်ပေးပြီးပြီ၊ တရား ၀င်ပြီ။ တရားမ၀င်ခိုးသွင်းလာတဲ့ ကားမှမဟုတ်တာ။ ဒါတွေကို မေးစရာမလိုဘူး။
ဒါတွေက အလှူရှင်တွေကို စိတ်ပျက်အောင် လုပ်တာပဲ။ လူမှုရေးသမားတွေ ကိုလည်း စိတ်ညစ်အောင် လုပ် တာပဲ၊ ကျွန်တော်တို့အသင်း ကနေ မူလတန်းကျောင်းတွေ ဆောက်မယ်၊ အလယ်တန်း ကျောင်းတွေဆောက်မယ်။ တချို့ ဒေသတွေကနေ အကူအညီ တောင်းတယ်။ ကောင်းပြီ ဆောက်ပေးမယ်လို့ပြောတော့ နယ်ကအာဏာပိုင် အဖွဲ့အစည်း ကနေပြီး သစ်ဘယ်နှတန်သုံး မှာလဲ၊ သံဘယ်နှ ချောင်းသုံးမှာလဲ၊ ဘိလပ်မြေ ဘယ်နှအိတ်သုံးမှာလဲ၊ ဒါကို နေ့စဉ်တင်ပေးရမယ်လို့ပြော တယ်။ မဟုတ်တော့ဘူး တိုင်းပြည်ကိုပျက်အောင် လုပ် နေတာ။ ဒီလူတွေပဲ””ဟု ပြော ကြားခဲ့သည်။

.jpg)

.jpg)