Monday, January 28, 2013
FM ရေဒီယိုလိုင်းအား နားဆင်ရန်တိုက်တွန်း၍ KIA ဒုအရာခံဗိုလ်တစ်ဦးအား ဗဟိုမှ သေဒဏ်ပေး
နိုင်ငံအနှံအပြားတွင် FM ရေဒီယိုလိုင်းများကို အမည်အမျိုးမျိုးဖြင့် အချိန်နှင့်အမျှ သတင်းများကို ထုတ်လွင့်လျက်ရှိပါသည်။ ၎င်းရေဒီယိုလိုင်းများမှ တိုင်ရင်းသားဘာသာစကားများဖြင့် ၎င်းတိုင်းရင်းသားတွင် ဖြစ်ပေါ်နေသော သတင်းများကို အမှန်အတိုင်းထုတ်ဖော်ပြောကြားပြီး တိုင်ရင်းသားများကို မျက်စိဖွင့်နားဖွင့် ဖြစ်အောင်လုပ်ဆောင်ပေးလျက်ရှိပါသည်။
ကချင်ဒေသတွင်လည်း ဖြစ်ပေါ်နေသည့်အကြောင်းအရာများကို ကချင်ဒေသခံများ အမှန်အတိုင်း သိမြင်စေရန်အတွက် ကချင်ဘာသာဖြင့် ထုတ်လွှင့်နေရာ KIA ဗဟိုမှ ဒုအရာခံ ဗိုလ် ဇံလွန်မှ အခြားသော ဗဟို တပ်ဖွဲ့ဝင်များအား ၎င်းFM လိုင်းကို နားထောင်စေရန် တိုက်တွန်းသည့်အတွက် ယမန်နေ့ နံနက် ၁၁နာရီမှာ KIA ဗဟိုခေါင်းဆောင်းများမှ သေဒဏ်စီရင်ချက်ချခဲ့ ကြောင်း ဗဟိုဌာနချုပ်မှ တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
၎င်းတပ်ဖွဲ့ဝင်၏ပြောပြချက်အရ ဆရာကြီး ဇံလွန်နားထောင်ရန်ပြောသော FM လိုင်းတွင် အစိုးရတပ်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားနေမှုများ၊ ဒုက္ခသည်များအကြောင်းနှင့် KIA တပ်ဖွဲ့ဝင်များထိခိုက်ဒဏ်ရာရမှုများကို ဗဟိုမှ ဖုံးကွယ်ထားများအားအမှန်အတိုင်းထုတ်လွှင့်နေသောလိုင်းဖြစ်သည်။ နားထောင်းရန်တိုက်တွန်း သည့်အတွက် တပ်ဖွဲ့ဝင်တို့အား စိတ်ဓာတ်ကျဆင်းစေမှုများ၊ သွေးခွဲမှုများကို ပြုလုပ်သည်ဟု ခေါင်းဆောင် များက စွပ်စွဲပြီး ဆရာကြီးအား မနေ့က သေဒဏ်စီရင်ချက်ချခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းFM လိုင်းမှ ကချင်မှ သတင်း အမှန်များ ထုတ်လွှင့်ပေးနေသောကြောင့် တပ်ဖွဲ့ဝင်များ နားထောင်နေသည့်အတွက် ဗဟိုမှ ရေဒီယိုများ နားထောင်ခွင့်ကို ပိတ်ပင်နိုင်သည့် အနေအထားများ ရှိနေကြောင်း ၎င်းတပ်ဖွဲ့ဝင်မှပြောကြားခဲ့သည်။
Myawady News
နေပြည်တော်တွင် e-LIFE စက် အသုံးပြုနိုင်
နေပြည်တော် ကောင်စီ နယ်မြေတွင် ကျန်းမာရေး အထောက် အကူပြု e-LIFE စက်ကို ဆိုင်တွင် အသုံးပြု ရုံသာမက အိမ်အရောက် ဝန်ဆောင်မှု ဖြင့်ပါ အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ e-LIFE စက်မှာ ကိုရီးယား နိုင်ငံတွင် ထုတ်လုပ်သည့် နောက်ဆုံးပေါ် အဆင့်မြင့် ကျန်းမာရေး အထောက် အကူပြု ကိရိယာ ဖြစ်ပြီး ခန္ဓာကိုယ် အကျိုးပြု ဓာတ်မ စွမ်းအင်များ ထုတ်လွှင့် ပေးသည့် လျှပ်စစ် စက်ကွင်း ကုထုံး (EFT) ပြုလုပ်သည့် ကိရိ ယာ ဖြစ်ကြောင်း သိရသည်။ e-LIFE စက်သည် အနှိပ်ခုံ မဟုတ် သလို လေ့ကျင့်ခန်း လုပ်သည့် စက်မဟုတ်ဘဲ နိုင်ငံအများ အပြားမှ အသိအမှတ်ပြု လက်မှတ်များ ရရှိ ထားသော နည်းပညာမြင့် စက်ကိရိယာ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကိရိယာ တစ်လုံးကို လူနှစ်ယောက် တစ်ပြိုင်နက် အသုံးပြု နိုင်ပြီး ကိရိယာဖြင့် ချိတ်ဆက် ထားသော Iron mat ပေါ် မိနစ် ငါးဆယ်မျှ ထိုင်ရုံဖြင့် စက်မှ လျှပ်စစ်ကွင်း ကုထုံး (EFT) ဖြစ်သည့် ဓာတ်ငွေ့စွမ်း အင်များကို ခံစားချက်၊ အသံမြည်ခြင်း၊ တုန်ခါခြင်း လုံးဝမရှိစေဘဲ ခန္ဓာကိုယ် အနှံ့သို့ ပျံ့နှံ့ေ စသော နည်းပညာလည်း ဖြစ်သည်။ ထိုသို့ထိုင်ခြင်း အားဖြင့် အာရုံကြောနှင့် ပတ်သက်သည့် ရောဂါ အမျိုးမျိုး၊ ဆီးချို၊ သွေးတိုး၊ နှ လုံး၊ လေဖြတ် ရောဂါ အမျိုးမျိုး၊ ကျောက်ကပ်နှင့် ပတ်သက်သော ရောဂါ အမျိုးမျိုး၊ အရိုးဖြင့် ပတ်သက်သော ရောဂါအမျိုးမျိုး၊ အရေပြားနှင့် ပတ်သက်သော ရောဂါ အမျိုးမျိုး၊ အစာအိမ် အူလမ်းကြောင်းဖြင့် ပတ်သက်သော ရောဂါအမျိုးမျိုး၊ ခန္ဓာကိုယ်တွင်း အဆီများ နေသူများ၊ ပန်းသေ/ ပန်းညှိုးရောဂါ၊ သားသမီး မထွန်းကားသူ များ၊ အရွယ်မတိုင်မီ အိုမင်း ရင့်ရော် သူများ အားလုံး အသုံးပြုရန် သင့်တော်ကြောင်းနှင့် ထိုသို့ မဖြစ်သေးသူများ အနေဖြင့်လည်း ကြိုတင် ကာကွယ်ရန် အတွက် အသုံးပြု သင့်ကြောင်း သိရသည်။
“ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သုံးမယ် ဆိုရင်တော့ တစ်ပတ်ကို သုံးကြိမ်သုံးဖို့ သင့်တော်ပြီး ဝေဒနာ ရှင်တွေ အတွက်တော့ နေ့စဉ် အသုံးပြု သင့်ပါ တယ်။ အိမ်အရောက် ဝန်ဆောင်မှု အတွက်တော့ ခေါ်ယူသူက သွားလာရေး အတွက် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ တချို့တွေဆိုရင် ကိုယ်ပိုင် ဝယ်ထားပြီး အသုံးပြု ကြသလို တချို့တွေက meditation ထိုင်ရာ မှာတောင် အထောက်အကူပြု ကိရိယာ အဖြစ် အသုံးချ ကြပါတယ်” ဟု နေပြည်တော် ဆိုင်ခွဲမှ မန်နေဂျာက ပြောသည်။
ကိုယ်ပိုင် ဝယ်ယူ အသုံးပြု သူများ အတွက် နှစ်သစ်တွင် အထူး လျှော့ဈေးဖြင့် ရောင်းချ ပေးသွား မည် ဖြစ်ပြီး သုံးနှစ်အတွင်း သုံးစွဲသူ အမှားကြောင့် ပျက်စီးခြင်း မဟုတ်ပါက အသစ်တစ်လုံး ချက်ချင်း လဲလှယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အသေးစိတ် အချက်အလက် များကို ONE Energize Center ဖုန်း - ၀၉-၄၇၀၂၄၀၄၄ တွင် အသေးစိတ် စုံစမ်း နိုင်ကြောင်း သိရသည်။ နှစ်သစ်တွင် မိမိထိုင်သော အကြိမ်းနှုန်း အလိုက် Promotion ပေးထားကြောင်း သိရသည်။
www.MyanmarExpress.net
ပဋိပက္ခများကြောင့် မြန်မာသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျော့ကျဖွယ်မရှိဟု ဦးစိုးသိန်းပြောကြား
မြန်မာနိုင်ငံသမ္မသရုံးဝန်ကြီးတစ်ဦးဖြစ်သူ ဦးစိုးသိန်းက နိုင်ငံတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပဋိပက္ခများဖြစ်ပွားနေခြင်းကြောင့်
မြန်မာသို့ဝင်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားဖွယ်မရှိကြောင်း ပြောဆိုလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲပြင်ပ၌ သတင်းထောက်များနှင့် တွေ့ဆုံသည့် အင်တာဗျူးတစ်ခု၌ ၀န်ကြီးဦးစိုးသိန်းက မြန်မာသည် ၂၀၁၂ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ဘီလီယံရရှိခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာ ငါးဘီလီယံအထိ ရရှိရန် မျှော်မှန်းနေကြောင်း ဆိုသည်။ ၎င်းက "ကျွန်တော်တို့ဟာ မနှစ်က ဆို ပြည် တွင်းမှာ လေ့လာမှုလာလုပ်ကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ အများကြီးတွေ့ ခဲ့ရပါတယ်။ ဒီနှစ်ကတော့ လူတွေဟာ ကျွန်တော်တို့နဲ့ပါ ရင်းနှီးကျွမ်းဝင်လာပြီး ရင်းနှီးမြှုပ်နှံကြတာတွေလည်း မြင့်တက်လာမှာပါ" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပဋိပက္ခနှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်ထန်းနေမှု များကြောင့် လူထောင်ပေါင်းများစွာမှာ နေရာရွှေ့ပြောင်း နေထိုင်နေကြရပြီး ပဋိပက္ခများအပေါ် ပူပန်မှုများလည်း မြင့်တက်လာနေသည်။ သို့သော် ၀န်ကြီးဦးစိုးသိန်းက ထိုမတည်ငြိမ်မှုများသည် နိုင်ငံတော် အကြီးဆုံးမြို့တော် ရန်ကုန်ကိုဦးတည်၍ ရင်းနှီးမြှုပ်နှံမှုများ ကို ထိခိုက်စေမည် မဟုတ်ဟု သုံးသပ် သည်။
၎င်းက "ပဋိပက္ခက တိုင်းပြည်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အ ပိုင်းလေးကိုပဲ ထိခိုက်စေတာပါ" ဟု ပြောသည်။
ဝန်ကြီး က မြန်မာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ အ၀တ်အထည်၊ ချည်မျှင်နှင့် ခရီးသွားကဏ္ဍ၊ အခြေခံ အဆောက်အအုံဆိုင်ရာကဏ္ဍများတွင် ရှိနေပြီး ပြည်ပကားကုမ္ပဏီများ လည်း ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ရှာဖွေနေကြောင်း ပြောသည်။ ၎င်းက မြန်မာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်နေရာပေါင်း ၁၀၀,၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း ပြောကြားသည်။
. www.MyanmarExpress.net

အတိုက်အခံများ အမြင်မှန်ရဖို့ အချိန်ရောက်ပြီ
၁။ လက်ရှိအစိုးရ စတက်လာကတည်းက ပြည်တွင်းပြည်ပ အ မနာပ မျိုးစုံကြားမှ ကြိုးစားပမ်းစား ယနေ့တိုင်အားထုတ်နေဆဲဆိုတာ အသိအမှတ်ပြုရပါမည်။
၂။ သူတို့ဖြတ်သန်းနေရသည်မှာ အသစ်အသစ်တွေနဲ့ရှေ့တက်ဖို့ အဟောင်းမကောင်း တွေကို သူတို့ကိုယ်တိုင်ရော ယန္တယား တစ်ခုလုံးကိုပြုပြင်နေကြတာလည်း အမှန် မြင်တွေ့နေရတာလည်းမငြင်းနိုင်ပါ။
၃။ အပြုသဘောဆန်စွာမြင်ပြီးဝိုင်းဝန်းကြသူတွေရှိသလို ပုထုဇဉ်သဘောအရ လောဘမသတ်နိုင်သူတွေကလည်း အပြုသဘောမဆန်ဘဲလုစားရန်ကြံစည်နေကြ တာလည်း ပြောင်ပြောင်တင်းတင်းဖြစ်လာတာ တကယ့်လက်တွေ့ဖြစ်ပါတယ်။
၎။ ကျနော်တို့နိုင်ငံ ဒီမိုကရေစီဆန်ဆန် သွားချင်ကြတာအမှန်ဆိုရင် နတ်ရေကန်ထဲ ပစ်ချသလို လိုချင်နေကြရင် ရှေ့မရောက်ဘဲ မှောက်ယက်လဲသွားနိုင်တာမြင်နေရ ပါတယ်။
၅။ လွတ်လပ်မှုသိပ်ပြီးအလွန်အကျွံ ရယူနေကြရင် လွတ်လပ်ရေးကိုပါ ထိပါးလာနိုင် တဲ့ အရိပ်အရောင်တွေ မြင်နေရသလိုပါပဲ။
၆။ ဥပမာအားဖြင့် တရုတ်ရဲ့နာကျည်းမှုဟာလည်း မျက်ကွယ်ပြုထားလို့မဖြစ်တော့တဲ့ အနေအထားလို့မြင်ရပါတယ်။ အနောက်နားက တံခါးခေါက်နေတာဟာလည်း သတိမမူရင် ဂူမမြင်သလိုဖြစ်သွားနိုင်ပါတယ်။
၇။ အမေရိကန် ဥရောပ သဘောကျစရာလို့ထင်လောက်အောင် ပြောင်းလဲလာတဲ့ ဆက်ဆံရေးဟာ ကမ္ဘာကိုကိုင်လှုပ်နေကြသူတွေဖြစ်တာမို့ မြန်မာတို့ထင်ထား တာထက် လျှင်ကြမယ်ဆိုတာလည်းထည့်တွက်သင့်ပါတယ်။
၈။ တရုတ်ကြီးက အဟောင်းတွေနဲ့ပဲ ချွေးသိပ်လေ့ရှိလို့ မကောင်းဘူးဆိုနိုင် သလို အမေရိကန်အစစ်ကလည်း အသစ်တွေပေးမယ်လို့ထင်နေရင်လည်း မဖြစ်နိုင်တာ ခုချိန်ထိ လက်တွေ့မပါသေးပါ ၊အာသာပြေဆက်ဆံခံနေရတာကို ကျေနပ်နေကြရင် တဖြည်းဖြည်းနဲ့ အနေကြပ်ပြီး လင်းယုန် နဂါး ဆင်တို့ကြား ပြားသွားနိုင်တာလည်း သတိမူသင့်ပါတယ်။
၉။ တကယ်တော့ဒီအချိန်ဟာ ဟိုလူမကောင်း ဟိုဟာမကောင်း တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယိုးမယ်ဖွဲ့ အပြစ်ရှာ အပြစ်ဖို့ အာဏာရဖို့ပဲ အားပြိုင်နေကြမယ် ဆိုရင် ရင်လေးစရာ အခြေအနေ ဖြစ်နေသလို အထင်သေးစရာတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၀။ အစိုးရပိုင်း ကလည်း ပြုပြင်ပြောင်းလဲဖို့ အတော်ကြိုးစားနေပေမဲ့ ခေါက်ရိုးကျိုး နေတဲ့ ယန္တယားကြီးက တင်းခံနေတာ တွေ့နေရပါတယ်။
၁၁။ ဒါကို ၀ိုင်းအော်နေရုံနဲ့ဖြုံမယ်တော့မထင်ဘူး ။ ပြင်ချင်ရင် အစိုးရ ၊လွှတ်တော်၊ ပြည်သူ၊ တာဝန်ရှိသူဟာအားလုံပါ။ ကျနော်လည်းပါတယ်။ဝိုင်းပြင်မှရမှာပါ။
၁၂။ ဒီကြားထဲ မြွေပူရာကင်းမှောင့်ဆိုသလို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး အသက်သွေး မကအရေးနေပါတယ်ဆိုတာကို အခွ့င်ကောင်းယူနေတာက ကေအိုင်အေ. ပါ မရိုးသားတာကြောင့်ဆိုတာလည်း မြင်နေရပေမဲ့ အထင်ကရ ၀င်မွှနေတဲ့ ၈၈ အဖွဲ့ တို့ မမြင်ကြသလိုဖင်ခွထိုင်နေသူတွေ စစ်တပ်ကို အပစ်ရပ်ခိုင်းပြီး ကိုင်းကောင်း ကောင်းတက်ထိုင်ဖို့ ဖန်တီးနေကြသူတွေတို့ မီဒီယာလွတ်လပ်ခွင့်ဆိုတာကိုအသုံး ချပြီး ပွဲဆူအောင် ဒွဲဘူတို့အုပ်စုနဲ့ပေါင်း တိုင်းပြည်ကိုရောင်းစားဖို့ဝန်မလေး သရဲမရဲ အငမ်းမရ eleven မက မိုက်လှတဲ့ voice ကလည်း အတို့အထောင် ခွေးတောင်ထမင်းကျွေးတဲ့လက်ကိုမကိုက်ပေမဲ့ အခုတော့ပြန်ကိုက်နေလေရဲ့။ ဒါကြောင့်လည်း စတုတ္ထမဏ္ဍိုင် ဆိုတာကြီးကို ဒုက္ခမဏ္ဍိုင် လို့. ကင်ပွန်းတပ်ပေး ခဲ့သူဟာ မှန်လိုက်တာဗျာလို့ထောက်ခံရမလို စတုတ် လို့ သမုတ်ပေးခဲ့သူလည်း ရင်ထဲမှာ မှားပြီလို့ ထင်နေမလားလို့? ။
၁၃။ တပိုင်းဖြတ်ပြီးသုံးသပ်ရရင် ကျနော်တို့မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက. ဒေါ် စု ၀င်ကလည်း ခဏပဲရမယ် ညစ်တစ်တစ်နဲ့ ၈၈ အဖွဲ့ ဆိုလည်း မဖြစ်ညစ် ကျယ်လောက်ပဲဖြစ်မှာပဲ တခြားသော တအားရော လုပ်ချင်နေသူတွေဆိုလည်း အပိုပဲဖြစ်မှာ ဖြစ်သင့်တာပြောရရင်
- အစိုးရ၊ လွှတ်တော်၊ ပါတီ၊ အဖွဲ့အစည်းများ (တွင်း/ပ)၊အဓိကပြည်သူ ညီတူစွာ လက်မတွဲရင် ၀က်ဝက်ကွဲသွားနိုင်ပါတယ်။
-ငြိမ်းချမ်းရေးဆိုတာဖြစ်မလာသေးရင် ၂၀၁၄ မှာအထင်သေးစရာ နိုင်ငံဖြစ်သွားနိုင်တာမို တပ်မတော်ကိုချည်းပဲ အပြစ်ဖို့ အပစ်ရပ်စို့ဆိုတာလည်း အမှန်ပဲလို့မှတ်ထားရင် မြန်မာပြည်မြေပုံ အထက်ပိုင်းပြတ်သွားနိုင်တဲ့အရေးမို့ ပြတ်ပြတ်သားသားတာဝန်ပေးရင်လည်းပေးလိုက် ကဲ ဒွဲဘူ အလိုလိုက် တစ်ဖက်သတ်အပစ်ရပ်လိုက်တော့လည်း ဟိုငမိုက်တွေ လိုက်မလာတော့ သုံးသပ်ဖို့ အလေးအနက်တွေးသင့်သလို အပျက်အပျက်နဲ့ နှာခေါင်းသွေးမထွက် ရအောင် အချိန်ဇယား နဲ့ စကားပြောရောရောနှောနှောတွေပြောပြီး ဖောရှောဆက်လုပ်နေရင် နိုင်ငံတကာကိုကြေငြာ သေချာအုပ်ဖို့ လုပ်သင့်ပြီ ဒါဟာပြည်သူ့ဆန္ဒ အမှန်တစ်ထပ်တည်းကျမှာမို့ ဖောက်ပြန်သူတွေ မထောက်ခံ လည်း နောက်ပြန်မလှည့်ဖို့ အရေး ပြတ်ပြတ်သားသားတွေးသင့်ပါသည်။
၁၄။ နိုင်ငံရဲ့ အနာဂတ်အရေး နှောင့်နှေးစေမယ်ဆိုရင် ဆူးညှောင့်ခလုပ် အသေး ဆွဲနှုတ်ဖို့ အတ္တတွေအဝေးမှာထား ညီညာတဲ့အားနဲ့ ဆက်သွားကြပါစို့လို့ တိုက်တွန်းအပ်ပါကြောင်း။
www.MyanmarExpress.net
ကမ္ဘာ့ဘဏ်မှ ကြွေးမြီ သစ်ယူလို့ ရပြီ
မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကမ္ဘာဘဏ်က ကြွေးမြီသစ် အဖြစ် ငွေချေး ယူလို့ ရပါပြီ။ အရင် ကတော့ ကမ္ဘာ့ဘဏ် လုပ်ထုံးလုပ်နည်းအရ မြန်မာအနေနဲ့ ကြွေးမြီဟောင်း မဆပ်နိုင် ခဲ့လို့ ကြွေးသစ် ယူလို့ မရဖြစ်နေခဲ့တာပါ။
အခုတော့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကို မြန်မာက ပေးဖို့ ရှိတဲ့ ကြွေးမြီအဟောင်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၀၀ လောက်ကို ဂျပန်နိုင်ငံက ကူညီလိုက်လို့ အခုလို ကြွေးမြီ သစ် ငွေချေး ယူဖို့ လမ်းပွင့်သွားတာပါ။
မြန်မာနိုင်ငံဟာ ပေးဆပ်ဖို့ ရှိတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၀၀ လောက် ကို ဂျပန်နိုင်ငံ ဘဏ်တခုဖြစ်တဲ့ Japan Bank for International Cooperation ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ် ADB တို့ကိုက ပေါင်းကူး ကြွေးမြီ အဖြစ် ထောက်ပံ့ကူညီပေးတဲ့အတွက် ကမ္ဘာ့ဘဏ်က ယမန်နေ့ က ကြေညာချက် ထုတ်ပြန်ပြီး မြန်မာကို ကြွေးမြီကင်းရှင်းတဲ့ အစီအစဉ်ကြေညာပေးလိုက်တာ ဖြစ်ပါ တယ်။
အခုဆိုရင် ဒေါ်လာ သန်း ၅၀၀ လောက်ကို ချေးယူခွင့် ရမှာပါ။ ဒါဟာကြွေးဟောင်းကို လျှော်ပေးတဲ့ သဘောလည်းဖြစ်ပါတယ်။
ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်နိုင်အောင် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ကမ္ဘာ့ဘဏ် ကနေ ကြွေးမြီချေးယူလို့ ရတော့မှာဖြစ်တယ်လို့ The Economic Times သတင်းတပုဒ်က ဆိုပါတယ်။
http://blog.irrawaddy.org/2013/01/blog-post_28.html
၂၀၁၅ အစိုးရသစ် အတွက် ပြဿနာများ ထားခဲ့မည် မဟုတ်ဟုဆို
လက်ရှိ ဖြစ်ပွားနေသော တိုင်းရင်းသား ပဋိပက္ခ ပြဿနာ အရေးကို ၂၀၁၅ ခုနှစ်တွင် တာဝန်ယူမည့် အစိုးရသစ် အတွက် ထားခဲ့မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
“ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ၂၀၁၅ မတိုင်ခင် အားလုံး ပြီးအောင် ဆောင်ရွက် သွားပါမယ်၊ ၂၀၁၅ ရွေးကောက်ပွဲ ကျရင် ပြည်သူတွေ ရွေးချယ် ပေးလိုက်တဲ့ ဒီမိုကရေစီ အစိုးရ တစ်ရပ် တက်လာမယ်၊ အဲဒီ အစိုးရကို ပြဿနာ တွေနဲ့ မထားခဲ့ ချင်ဘူး၊ အဲဒီ အစိုးရ အဖွဲ့ဟာ တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ရမှာ အများကြီး ရှိတယ်” ဟု ၄င်းက ဆိုသည်။
ယနေ့ ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး အတွက် လုပ်ဆောင် နေကြသည့် လူထု အခြေပြု အဖွဲ့အစည်း (CSO) ၄၆ဖွဲ့တို့ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ တို့ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ကချင်ပြည်နယ် တွင် ဖြစ်ပွားလျက် ရှိသော တိုက်ပွဲ များကို အမြန်ဆုံး ရပ်ဆိုင်း နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး ယခုလ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ပြန်လည် စတင်နိုင်ရန် လုပ်ဆောင် သွားမည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း က ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များသည် အပစ်အခတ် ရပ်စဲရုံ မျှနှင့် မပြီးဘဲ ဆက်လက် ဆောင်ရွက် ရန်ရှိသည့် ဖွံဖြိုးရေး လုပ်ငန်းများ တွင် ပြည်တွင်း၊ ပြည်ပ လူထု အခြေပြု အဖွဲ့အစည်း (CSO) များ ပါ ဝင် ကူညီ ဆောင်ရွက် ပေးကြရန် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က တောင်းဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ မှ စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီး ကေအိုင်အို မှအပ ကျန်တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထား နိုင်ခဲ့သည်။
ဒီကပါ။

အခြေခံဥပဒေအပြောင်းအလဲကို တပ်မတော်က ထောက်ခံမည်ဟု ယုံကြည်ကြောင်း ဟာဝိုင်ယီတွင် ဒေါ်စုပြောကြား
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအား သမ္မတဖြစ်စေရန် ခွင့်ပြုမည့် အခြေခံဥပဒေ အပြောင်း အလဲများကို မြန်မာ့တပ်မတော်က ထောက်ခံမည်ဟု ယုံကြည် ကြောင်း ပြောကြားလိုက်သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ လွှတ်တော်တွင် စစ်တပ်က အဓိကနေရာများကို ထိန်းချုပ်ထား သော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေး သုံးသပ်မှုများကို အတည်ပြုလုပ်ဆောင်နိုင်ရန် မျှော်လင့်နေကြောင်းဆိုသည်။
ဟာဝိုင်ယီသို့  ခေတ္တရောက်ရှိနေသော ဒေါ်စုက “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မစိုးရိမ်မှု မရှိပါဘူး။ တိုင်းပြည်ရဲ့ တခြားသော ပြည်သူတွေလိုပဲ ကျွန်မတို့ တပ်မတော်ကိုယ်စားလှယ်တွေဟာ လည်း မြန်မာကို ပိုပျော်စရာကောင်းတဲ့၊ ပိုအားကောင်းတဲ့၊ပိုညီ ညွတ်မှု ရှိတဲ့တိုင်းပြည်တစ်ခုကို မြင်ချင်ကြတယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့တော့ အပေးအယူလုပ် စေ့စပ်ညှိနှိုင်းမှုကနေတဆင့် အခြေခံ ဥပဒေ ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းကို မပစ်ပယ်ပါဘူး” ဟု အရှေ့ အနောက်စင်တာသို့ အလည် အပတ်ရောက်ရှိစဉ် ပြောကြားသည်။
၂၀၁၁ တွင် သမ္မတဖြစ်လာခဲ့သည့် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်စု၏ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် အနိုင်ရခဲ့ပါက ဒေါ်စုကို သမ္မတ အဖြစ်လက်ခံမည်ဟု ပြောကြားခဲ့ဖူးသည်။ သို့သော်ဝေဖန်သူများက စစ်တပ်က ပြဋ္ဌာန်းခဲ့ သော ၂၀၀၈ အခြေခံဥပဒေအောာက်တွင် သမ္မတနေရာကို ရရှိမည့်သူသည် အိမ်ထောင်ဖက်နှင့် ကလေးများမှာ အခြားနိုင်ငံသားအဖြစ် ခံယူ ထားသူ မဖြစ်ရဟု ပါဝင်နေရာ၊ ဗြိတိန် နိုင်ငံသား ကွယ်လွန်သူ ခင်ပွန်းသည် မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထားသော ဒေါ်စုကို ဦးတည်၍ သမ္မတ မဖြစ်နိုင်အောင် ဦးတည်ဟန့်တား ထားကြောင်း ဆိုထားသည်။
ဒေါ်စုက အခြေခံဥပဒေနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့ စည်းပုံသည် ဒီမိုကရေစီနည်းကျ မဟုတ်ကြောင်း၊ လက်ခံနိုင်ဖွယ် မဟုတ် ကြောင်း ပြောထားသည်။
ဒေါ်စုသည် ဟာဝိုင်ယီသို့ မကြာမီကပင် အလည်အပတ်ရောက်ရှိ နေပြီး တောင်ကိုရီးယားသို့ ဆက်သွားမည်ဟု သိရသည်။
REF: AFP
ဆေးသွင်း၊ ဆေးထိုးထားသော ကုလားများ၏ ဂျီဟတ် ကြက်ဥများ သံတွဲတွင်တွေ့ရှိ
သံတွဲမြို့နယ်၊ ရွှေကျောင်းပြင်ကျေးရွာ၊ ရွှေလှေ (လင်းသီ) ရွာ၊ ဒွါရာဝတီကွက်သစ်ရှိ ကုလား ကြက်ခြံများမှ ထွက်ရှိသော ကြက်ဥများတွင် အဖြူကွင်းတွင် အလယ်မှ အမည်း စက်ဖြင့် ဆေးထိုး၊ ဆေးသွင်းထားသော ကြက်ဥများ ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အပ်နှံခဲ့ရာ ရန်ကုန် ဓါတုဗေဒ ဓါတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးခဲ့သည်။ သို့သော် နှစ်လ ကျော်ကြာသည်အထိ သတင်း ထုတ်ပြန်ခြင်းမရှိခဲ့ပါ။ ယခုအချိန်တွင် သံတွဲခရိုင်အတွင်းသို့ ထိုကြက်ဥများ ပိုမို၍ ပျံ့နှံ့နေသဖြင့် ပြည်သူများ စိုးရိမ်ကြောင်းကြလျှက်ရှိနေသည်။
မနေ့ က စစ်တွေမြို့တွင်လည်း အမဲသားစားသဖြင့် ရှုပမြောက်ရပ်ကွက်မှ မျိုးသား ၂ ဦးဆေး ရုံတက်ရပြီး ခွေး နှစ်ကောင်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရ သည်။ယခုခါတွင် လူနှစ်ဦးမှာ ဆေးရုံသို့ရောက်ရှိနေပြီဖြစ်ပြီး လွန်စွာအော့လန်နေ ခြင်းကိုခံစားနေရကြောင်းလည်းသိရသည်။
အဆိုပါဆေးရုံသို့ရောက်ရှိနေသူ ၂ ဦးမှာ အမျိုးသားများသာဖြစ်ပြီး ခွေးသေ ၂ ကောင်အား အမှတ် ၁ ရဲစခန်းမှ စမ်းသပ်ရန်ယူဆောင်သွားကြောင်းသိရသည်။
ဒီကပါ။
ဒီကပါ။
နာမည်ကြီး Telecom ကုမ္ပဏီကြီး ၄ ခု မြန်မာမှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိ
ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ လုပ်ငန်း လုပ် ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ် ၀င်စားနေကြပါတယ်။
အဲဒီကုမ္ပဏီကြီး ၄ ခုကတော့ နော်ဝေနိုင်ငံက Telenor ၊ ထိုင်းနိုင်ငံက DTAC ၊ မလေးရှားနိုင်ငံက Axiata နဲ့ အာရှတိုက်မှာ အကြီးဆုံးကုမ္ပဏီလည်းဖြစ်တဲ့ Singapore Telecommunications ကုမ္ပဏီများဖြစ်တဲ့ ST Telemedia နဲ့ Temasek Holdings ဆိုတဲ့ စင်ကာပူကုမ္ပဏီ ၂ ခုဖြစ်တို့ဖြစ်ကြပါတယ်တဲ့။
ဒီလို ကုမ္ပဏီကြီးတွေလာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ လူကြီးမင်းနဲ့ တွေ့ရတာများတဲ့ မြန်မာနိုင်ငံက တယ်လီဖုန်း တွေ အရင်ကထက် ပိုမိုကောင်းမွန်လာမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။
ဧရာဝတီ

ကချင်အရေး အမေရိကန် ကြားဝင်ရန် တောင်းဆို
ကချင်ပြည်နယ်တွင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေး အတွက် အမေရိကန် အစိုးရက ကူညီ ဆောင်ရွက် ပေးရန် အချက် (၅)ချက် ပါဝင်သော တောင်းဆိုစာ တစ်စောင် ကို ထိုင်းနိုင်ငံ ချင်းမိုင် မြို့  ရှိ ကချင် တိုင်းရင်းသား များက တောင်းဆို လိုက်သည်။
လူသားချင်း စာနာသော အကူအညီ အဖြစ် တရုတ် နယ်စပ်ရှိ ဒုက္ခသည် စခန်းကို ကူညီရန်၊ မြန်မာနိုင်ငံ အပေါ် ချမှတ် ထားသော စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ခြင်း ကို ပြန်လည် သုံးသပ်ရန်၊ တရုတ် အစိုးရကို UNHCR ရုံး ဖွင့်လှစ်ရေး တိုက်တွန်းပေးရန်၊ ကချင်အရေး ကုလသမဂ္ဂ တွင် အလေးပေး ဆွေးနွေး ပေးရန်၊ ပြည်လုံးကျွတ် စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို အကောင်အထည် ဖော်ရေး အတွက် တိုက်တွန်းပေးရန် ဆိုသည့် အချက်များ ယင်း ထုတ်ပြန် ကြေညာချက် တွင် ဖော်ပြ ပါရှိသည်။
၁၉၄၁ ခုနှစ် ဒုတိယ ကမ္ဘာစစ်တွင် ကချင် ရိုင်ဖယ်တပ် များသည် မဟာမိတ် တပ် များနှင့် အတူ ဖက်ဆစ် ဂျပန်များကို တိုက်ထုတ်စဉ် ပါဝင်ခဲ့သည်။
၂၀၁၁ ဇွန်လက စတင် ဖြစ်ပွားခဲ့သော KIA နှင့် အစိုးရ တပ်တို့၏ ၁၉လကျော် စစ်ပွဲကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သော စစ်ပြေး ဒုက္ခသည် တစ်သိန်းခန့် ရှိနေပြီ ဖြစ်သည်။
thevoiceweekly

NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအားတာဝန်မှ ရပ်စဲနိုင်ရေး တံတားဦးမြို့ နယ် NLD ပါတီဝင်များ လူထု မျက်နှာ စုံညီ အစည်းအဝေး ကျင်းပ ပြုလုပ်
၂၀၁၃ ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တံတားဦးမြို့ နယ်အမှတ် (၂ ) ရပ်ကွက် ရေလည်ရပ်တာဘောင်လမ်းရှိ NLD ပါတီရုံးခန်း၌ တံတားဦး NLD ပါတီဝင်များ ဦးစီး၍ ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာအားတာဝန်မှရပ်စဲနိုင်ရေး အတွက် လူထုမျက်နှာစုံညီ အစည်းအဝေးတစ်ခုကျင်းပခဲ့ကြောင်း သိရှိရ သည်။
အစည်းအဝေးတွင် NLD ပါတီ သဘာပတိ အဖွဲ့ဝင်များ ဖြစ်သော ဦးကိုလေး (အင်းဝ ဂုဏ်ရည်) ၊ ဦးဝင်းဖေ ၊ ဦးခင်မောင်တင့်နှင့် ဦးဝင်းထိုက် ၊ မြို့ နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌဦးဘိုဖြိုး ၊ကျောက်ဆည် ခရိုင် ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ အောင်စိုးမြင့် အပါအဝင် ပါတီဝင် (၁၂၀) ဦးတို့ တတ်ရောက်ခဲ့ကြောင်း သိရှိရသည်။
၎င်း အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏အရည်အချင်းနှင့် မပြည့်စုံသူတစ်ဦးဖြစ်ကြောင်း၊ မိမိကိုယ်ကျိုးသာကြည့်သူတစ်ဦးဖြစ်ကြောင်း မြို့  နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးဘိုဖြိုးမှ ပြောကြားခဲ့သည်။
ခရိုင်ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ အောင်စိုးမြင့်မှ ရပ်/ကျေး ရွေးကောက် ပွဲများတွင် ဒေါ်ခင်သန္တာမှ မဲမသမာမှု ပြုလုပ်ခဲ့မှုများ၊ ရွေးကောက်ပွဲအသုံးစရိတ်ဆိုင်ရာအငြင်းပွားမှုများ အားရှင်းလင်း ပြောကြားခဲ့ပြီး တံတားဦးမြို့ နယ် NLD ပါတီဝင်ဦးမြင့်ကိုမှ ဒေါ်ခင်သန္တာသည် တံတား ဦးမြို့  နယ်နှင့်ပတ်သက်၍ ပြည်သူများ၏ လိုအပ်ချက်များအား ယနေ့တိုင်တင်ပြခြင်း အလျဉ်းမရှိ ၊ ဒေါ်ခင်သန္တာ အား ပါတီဝင်များနှင့် ပြည်သူများမှ လိုလားမှုမရှိကြောင်းပြောကြားခဲ့သည်။
အစည်းအဝေးသို့ တတ်ရောက်လာသော ပါတီဝင်များမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာအား တာဝန်မှ ရပ်စဲရန် စုပေါင်း လက်မှတ်ရေး ထိုးခဲ့ပြီး အစည်းအဝေးအား ၁၁၃၀ နာရီ အချိန်ခန့်တွင် ရုတ်သိမ်းခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၏ ရပ်/ကျေး ရွေးကောက်ပွဲ တွင် မဲမသမာမှု ပြုလုပ်ခဲ့မှုများ၊ ရွေးကောက်ပွဲ အသုံးစရိတ်ဆိုင်ရာ အငြင်းပွား မှုများ၊ ရပ်ကွက် လူမှုရေး အသင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာများအား အစည်းအဝေး တတ်ရောက်လာသော သတင်းထောက်များမှ မေးမြန်းမှုကို ခရိုင်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ အောင်စိုးမြင့် မှ အသေးစိတ် ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။
http://myanmarheadline.blogspot.com/

.jpg)

.jpg)