Friday, January 25, 2013

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေး ကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှု များအား ခွင့်ပြုတော့မည် မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ ထုတ်ပြန်

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှု အား ခွင့်ပြုတော့မည် မဟုတ်ဘဲ တားဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန် ကြေညာရခြင်းမှာ ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေအရ လမ်းဘေး လက်ဖက် ရည်ဆိုင်များတွင် မြန်မာဗီဒီယို ဇာတ်ကားများအား ပြသခွင့် မရှိဘဲ ရုပ်သံလိုင်းများတွင် ပြသလျက် ရှိသည့် ဇာတ်ကားများနှင့် တေးသီချင်း ဗီစီဒီများသာ ပြသခွင့်ရှိကြောင်း၊ အဝေးပြေး ကားများပေါ်၌ ဇာတ်ကား များ ပြသနေခြင်းသည်လည်း ဇာတ်ကား နယ်ကျော်ပြသခြင်းမျိုး ဖြစ်နေသည့်အတွက် ယခုကဲ့သို့ တားမြစ် ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာဗီဒီယို ဇာတ်ကားတွေကို ပြသချင်တယ်ဆိုရင် ရုံသွင်းပြီးတော့ အခကြေးငွေ နဲ့ ပြသ ခွင့် ရှိပါတယ်။ သို့သော် လမ်းဘေး လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ ဇာတ်ကားတစ်ကားကို ငှား ရမ်းပြီးေ တာ့ ပြသရာမှာ လမ်းမပေါ် ရောက်တဲ့အထိ ရပ်ပြီး ကြည့်ကြတာမျိုးတွေတော့ ခွင့်ပြုတော့မှာ မဟုတ် ပါဘူး။ အဓိကတော့ ဈေးကွက်ပိုင်းဆိုင်ရာ အရလည်း ထိခိုက်တာကြောင့်ပါ။ ဥပဒေအရ လည်း ပြသခွင့် မရှိပါဘူး။ ပြသလိုတယ်ဆိုရင် ရုပ်သံလိုင်းတွေနဲ့ တေးသီချင်း ဗီစီဒီတွေပဲ ပြသခွင့် ရှိမှာပါ။

အေ ၀ြးေ ပးကားတွေ ပေါ်မှာ မြန်မာဗီဒီယို ဇာတ်ကားတွေ ပြသတာကိုလည်း တားမြစ်သွားပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ဗီဒီယို ဇာတ်ကားတွေကို သူ့နယ် မြေနဲ့သူ သတ်မှတ်ထားပြီး သားပါ။ အခုတော့ အဝေးပြေး ကားပေါ်မှာ ပြဖို့ ရန်ကုန်ကနေ ယူသွားမယ်။ ဟိုဘက်နယ်မှာ ကျန်ခဲ့မယ်။ အဲဒီအခွေကို ကူးယူပြီး နယ်မှာ ထပ်မံ ငှားရမ်းမယ်။ ဒါဆို နယ်ကျော် ဖြစ်သွားပါပြီ။ ဒါကြောင့် အဲဒီနှစ်မျိုးလုံးကို တားမြစ်သွားပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမျိုးဇော်က ရှင်းပြခဲ့ ပါသည်။

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကား များပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှု အား ယခုလကုန်ပိုင်းမှ စတင်ကာ ပညာပေး တားဆီးသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။

Eleven Media Group

UNFC ကတဆင့် ကချင်အရေးဆွေးနွေးဖို့ အစိုးရလက်ခံမည်


မြန်မာအစိုးရက ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေဆဲ ဖြစ်ပေ မဲ့လည်း ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင့် ထားဆဲ ဖြစ်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီအဖွဲ့က ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ လိပ်မူပြီး ဆွေးနွေးဖို့ ကမ်းလှမ်း ထားတာကို တဖွဲ့ချင်း အနေနဲ့ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တွေနဲ့ အတူ တွေ့ဆုံဖို့ ကချင်လက်နက်ကိုင် အဖွဲ့ဘက်က တုံ့ပြန်ထား တာပါ။ မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကတော့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ တွေ့ဆုံဖို့ အတွက်လည်း အသင့်ရှိတဲ့အကြောင်း ပြောပါတယ်။

"ကျနော်တို့ကတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ။ ကမ်းလှမ်းထားပြီးပြီ။ နိုင်ငံတော် သမ္မတ ကလည်း အကြိမ်ကြိမ်ပြောတယ်။ နောက်ပြီးတော့ လုပ်ငန်းကော်မီတီကလည်း ကမ်းလှမ်း ထားပြီးပြီ။ KIO ကတော့ ပထမတော့ သူတို့ အကောင်းဘက်ကို မျှော်လင့်တယ်လို့ ပြော တယ်။ နောက်ပိုင်းမှာ သဘောထားပြောင်းပြီးတော့မှ UNFC ကပဲ ပြောမယ်ဆိုပြီးတော့ တုံ့ပြန်ထားတာ ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဘယ်လိုပဲ ဆွေးနွေးရ၊ ဆွေးနွေးရ-လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ဆိုရင် ဆွေးနွေးဖို့ အသင့်ရှိပါတယ်။"

စစ်ရေးအရ အခရာကျတဲ့ ခါယာတောင်ကုန်းကို မြန်မာစစ်တပ်က သိမ်း ပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုချက်ဟာ မမှန်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် ကပြောခဲ့တာပါ။ ဒီလိုပဲ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာ စစ်တပ်ကို ခြုံခိုတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ထိခိုက်မှုတွေတောင် ကြုံနေရတယ် လို့ ပြောပါတယ်။

"မနေ့က ညနေဘက်မှာ လဂျားယန်မှာရှိတဲ့ ကျနော်တို့တပ်တွေ နေရာယူထားတဲ့ တောင် ကုန်း တစ်ကုန်းကို KIA ၅၀ လောက်က နာရီဝက်လောက် လာပစ်တာ ရှိပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာ။ မနေ့က မိုးမိတ်ကျောက်စခန်းမှာလည်း ကျနော်တို့ဆီကနေပြီး တပ်ရင်းကို ပြန်လာနေတဲ့ တပ်မတော်စစ်ကြောင်းတွေ စီးလာတဲ့ ကားတွေကို KIA က မိုင်းခွဲ တိုက်ခိုက်တာ ရှိပါတယ်။ ရဲဘော်တချို့ ထိခိုက် ဒဏ်ရာရတာ ရှိပါတယ်။ ခါယာတောင်ကုန်းနဲ့ မျက်နှာချင်းဆိုင်မှာ ကျနော်တို့တပ်တွေ ရှိတယ်။ အဲဒီတပ်တွေကို သူတို့က တောက်လျှောက်ပစ်တော့ ကျနော်တို့ဘက်က အဲဒီဘက်ကို ပြန်ပစ်တာတော့ ရှိတာပေါ့ဗျာ။ အဲဒါမျိုးတော့ ရှိပါတယ်။ အဲဒီနားမှာ သူတို့တပ်တွေနဲ့ ကျနော်တို့တပ်တွေက ကပ်နေတာကိုး။ ကပ်တော့ သူတို့ကပစ်လိုက်၊ ကျနော်တို့ဘက်က ခုခံတဲ့အနေနဲ့ ပြန်ပစ်တယ်။ အဲဒါမျိုးတော့ ရှိပါတယ်။"

www.MyanmarExpress.net

ဆက်သွယ်ရေး အရှု့ပ်တော်ပုံနဲ့ မိုဘိုင်းဖုန်း အိပ်မက်

ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း (ဓာတ်ပုံ – ဆက်သွယ်ရေးဝန်ကြီးဌာန)

အဂတိလိုက်စားမှု၊ နိုင်ငံတော်ပိုင်ငွေ အလွဲသုံးစားမှုတွေ ကျူးလွန်ထားတယ်လို့ ယူဆရတဲ့ ဆက်သွယ်ရေး အရာရှိကြီးတစုကို မြန်မာနိုင်ငံ လာဘ်ပေးလာဘ်ယူမှု အရေးယူတိုက်ဖျက်ရေး ကော်မရှင် ကနေ ခေါ် ယူစစ်ဆေးနေ တယ်ဆိုတဲ့ သတင်းကတော့ မြန်မာပြည်တလွှား လူအများ စိတ်ဝင်စားနေကြပါတယ်။

ဇန်န်ဝါရီလ ၁၈ ရက်နေ့က စပြီးတော့ ဆက်သွယ်ရေး အရာထမ်း၊ ဝန်ထမ်း ၄၀ ကျော် ၅၀ လောက် ကို နေပြည်တော်မှာ ခေါ်ယူ စခန်းသွင်းပြီး စစ်ဆေးမှုတွေ လုပ်နေပါပြီတဲ့။

မကြာခင်ကမှ ကျန်းမာရေး အကြောင်းပြချက်နဲ့ ဆက်သွယ်ရေး ၀န်ကြီး ရာထူးကနေ အနားပေးလိုက်တဲ့ ဦးသိန်းထွန်းနဲ့ပတ်သက်လို့လည်း နေအိမ်အကျယ်ချုပ်ထားပြီး စစ်ဆေးနေတယ်ဆိုတဲ့ အတည်ပြုရခက်တဲ့ သတင်းတွေလည်း ပိုပိုပြီးကျယ်လောင်လာနေတာပါ။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ၂၀၁၁ ခုနှစ် ဧပြီလ တရားဝင် အာဏာလွှဲပြောင်း ယူပြီးတဲ့ နောက် ဒေသတွင်း နိုင်ငံတွေထက် အဆပေါင်းများစွာ ဈေးကြီးနေတဲ့ မိုဘိုင်းလ် ဖုန်းတွေ ကို နိုင်ငံတကာ နည်းတူ ဈေးပေါ သက်သာပြီး လူတိုင်း သုံးနိုင်အောင် လုပ်ဆောင်မယ့် ရည်ရွယ်ချက်နဲ့ GSM မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်းကို ၅ နှစ်အတွင်း အကောင်အထည် ဖော်မယ်ဆိုတဲ့ ကြေညာချက်ရဲ့ နောက်ဆက်တွဲ အရှုပ်တော်ပုံသတင်းဟာ ဆက်သွယ်ရေး ဝန်ထမ်းတွေနဲ့ ပြည်သူတွေအကြား တိုးတိုးတမျိုး၊ ကျယ်ကျယ် တဖုံ ပြောဆိုပြန့်နှံ့နေတာလည်းဖြစ်ပါတယ်။

ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်းကို တာဝန်ကနေ အနားပေးလိုက်ပြီးနောက်ပိုင်း တန်ဘိုးနည်း တယ်လီဖုန်း၊ မိုဘိုင်းဖုန်း သုံးဆွဲနိုင်ဖို့ လမ်းတွေ ပွင့်လင်းသွားခဲ့ပြီလို့ အလွှာအသီးသီးက မျှော်လင့်ပြော ဆိုနေကြပါတယ်။ ဒီမျှော်လင့်ချက်တွေက အခုဆို နီးစပ်လာမယ့် သဘောတွေလည်း မြင်တွေ့ကြားသိနေရ ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ စံပြအနေနဲ့ အခုလို ၀န်ကြီးတပါးကို အဂတိလိုက်စားမှုနဲ့ အရေးယူလိုက်တယ် ဆိုရင်တော့ နောက်ထပ် အဂတိလိုက်စားသူတွေအနေနဲ့ အတော် သတိထားနေကြတော့မယ်လို့လည်း လူတွေက ပြောဆိုနေကြပါတယ်။ ဒီအတိုင်းသာဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ မလိုအပ်ဘဲ ကုန်ကျစရိတ် တွေ သက်သာလာမှာဖြစ်ပြီး တိုင်းပြည်စီးပွားရေးမှာပါ သိသိသာသာ တိုးတက်လာနိုင်တယ်လို့ မှတ်ချက်ပြု သံတွေလည်း အစီအရီ ထွက်ပေါ်လာနေပါတယ်။

ဒါပေမယ့် ထုနဲ့ ထည်နဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့ အဂတိလိုက်စားမှုကြီးကို ပပျောက်သွားအောင်တော့ သမ္မတ ဦးသိန်းစိန်လည်း ချက်ချင်း ဆက်တိုက် အကောင်အထည်ဖော်ဖို့ ဆိုတာ မလွယ်ကူပါဘူး။

ဒါပေမယ့် အခုလို အရေးယူတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာမှုတွေကတော့ မြန်မာပြည်သူတွေ အသက်ရှု ၀ စေတဲ့ အိပ်မက်မျိုးဖြစ်တယ်ဆိုတာ သေချာပါတယ်။

ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်း ပင်မ စာမျက်နှာပေါ်က သာလွန်ဇောင်းထက်ရေးသားတင်ပြထားတဲ့ ဆက်သွယ်ရေးဝန်ကြီးနဲ့ မိုဘိုင်းလ်ဖုန်း သန်း ၃၀ စီမံကိန်း ဆိုတဲ့ ဆောင်းပါးမှာလည်း ဖတ်ရှု့နိုင်ပါတယ်။

ဒီကပါ။

မသင်္ကာဖွယ် ဘူးသီးအရေး ရခိုင်ပြည်နယ်အစိုးရ စစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မသင်္ကာ ဖွယ် တွေ့ရှိရတဲ့ ဘူးသီးတွေ ကို ပြည်နယ်အစိုးရ အနေနဲ့ ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးဖို့ လုပ်နေတယ် လို့ ပြည်နယ်ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။

စစ်တွေမြို့ပေါ် ဈေးကွက်အတွင်း ရောင်းချနေတဲ့ ဘူးသီးတွေမှာ အဆိပ်ပါနေတယ်ဆိုတဲ့ ကောလာ ဟလတွေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ကတည်းက ထွက်ပေါ်နေခဲ့တာပါ။

ဇန်န၀ါရီလ ၂၃ ရက်မှာတော့ စစ်တွေမြို့က စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က သံဃာတော်တွေဟာ မြို့ပေါ် ၅ နေရာကို သွားရောက်ပြီး လှည့်လည် စစ်ဆေးခဲ့ကြရာ တနေရာမှာ မသင်္ကာဖွယ်ရာ ဘူးသီးတွေ့ခဲ့ပုံကို အဲ့ဒီအဖွဲ့က ဆရာတော် ဦးဥာဏက ခုလိုမိန့်ပါတယ်။

“မြို့ထဲက ၅ နေရာလုံးမှာတွေ့တယ်။ တွေ့တယ်ဆိုပေမယ့် အထောက်အထားကို ပြလို့ရမယ့် အနေအထား မရဘူး။ ဘောလုံးကွင်းနားက ဦးမောင်မြင့်ဆီမှာ သူပြုတ်လိုက်တဲ့ ဘူးသီးထွက်လာတဲ့အရည်ရယ်၊ မပြုတ်ရသေးပဲ ကျန်ခဲ့အချောင်းလေးတွေကို သက်သေခံပစ္စည်းအဖြစ်ရတယ်။ အဲဒါကိုယူပြီး ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးပေးဖို့ အစိုးရဖွဲ့ကို ဦးဇင်းတို့ သွားပို့တယ်။ လူတွေ သံသယဖြစ်နေ တာကို ပျောက်သွားအောင် တိတိကျကျ မှန်မှန်ကန်ကန် လုပ်ပေးပါ။”

ဘူးသီးကို ချက်ပြုတ်လိုက်ရင် အစိမ်းရောင်အရည်တွေ ထွက်လာတယ်။ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဦးဥာဏက မိန့်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေ စတင်ပြုလုပ်နေပြီလို့ ပြည်နယ်ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။

“ကောလာဟလတွေလည်း များနေပါတယ်။ ချဲ့ကားပြီးပြောတာ များနေပါတယ်။ မဟုတ်တာတွေလည်း များနေတယ်။ တကယ်လို့ သက်ဆိုင်ရာဆေးခန်းတွေက ဟုတ်တယ်ဆိုရင် ဥပဒေအရ အရေးယူမှာပေါ့။ လာပေးတဲ့ဟာတွေကို ဟုတ်မဟုတ် ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးနေပါတယ်။”

စစ်တွေမြို့ပေါ်ကို အနီးအနား ကျေးရွာတွေမှာ စိုက်ပျိုးထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်သစ်သီးဝလံတွေ အများဆုံးရောက်ရှိပြီး ရောင်းချစားသုံးနေကြတာ ဖြစ်ပါတယ်။

ခုချိန်ထိတော့ ရခိုင်ပြည်နယ်မှာ ဘူးသီးအပါအ၀င် ဟင်းသီးဟင်းရွက်တွေ စားသုံးတဲ့အတွက် ဒေသခံတွေအကြား ဘေးအန္တရာယ်ဖြစ်တယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးကြောင်းပါ။

www.MyanmarExpress.net

မကွေးတွင် တရားမဝင်ခိုးဝင်လာသူ ဘင်္ဂါလီ တစ်ဦး ပထမဆုံးအကြိမ် ဖမ်းမိ


မကွေးမြို့သို့ တရားမဝင်ခိုးဝင်လာသူ ဘင်္ဂါလီ ဆော်ယောဒုလ်အားမိန့်ကို မကွေးမြို့နယ်(ဒု)တရားသူကြီး ဥိးကျော်မြင့်ထွန်းမှ ယာကြီးမှုအမှတ်(၁၀၇၁)အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်ကြောင်းသတင်းရရှိသည်။

မကွေးမြို့ ၊မဲထီးလမ်း၊ကံ့ကော်မြိုင်တည်းခိုရိပ်သာတွင် ဘင်္ဂါလီ တစ်ဦးနှင့် ချင်းအမျိုးသားတစ်ဦးတို့တည်းခိုနေထိုင်ကြောင်းကြားသိရသဖြင့် လူဝင်မှု ကြီးကြပ်ရေးတာဝန်ရှိသူများကဇန္နဝါရီလ(၂၂)ရက်နံနက်တွင် သွားရောက်စစ်ဆေးခဲ့ရာ တရားမဝင်ခိုးဝင်လာသူတစ်ဦးဖြစ်နေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

`ကျနော်တို့တစ်ပတ်တစ်ခါလောက်ပုံမှန်စစ်ဆေးရေးတွေလုပ်ပါတယ်၊ ဒါမကွေးမှာပထမဆုံးအကြိမ်ဖမ်းမိအပြစ်ပေးခဲ့တာပါ၊ ၁၉၉၄ မြန်မာနိုင်ငံတွင်နေထိုင်သူများမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၆(၁)၊(ခ)(၁)ဖြင့်တရားစွဲဆိုခဲပါတယ်`ဟု လ၀ကမြို့နယ်ဦးစီးမှူး ဦးလှမြင့်မှ ပြောကြားသည်။

ူ တရားမဝင်ခိုးဝင်လာသူ ဘင်္ဂါလီအား သယ်ဆောင်လာသူမောင်----အား မကွေးမြို့မရဲစခန်းမှ ရမန်ယူစစ်ဆေး၍တရားစွဲဆိုမည်ဟုသိရသည်။

www.MyanmarExpress.net

လိုင်ဇာထိ လမ်းလျှောက်တာ နည်းနည်းများ မြန်နေသလား


လိုင်ဇာအထိ လမ်းလျှောက်မည် ဆိုကာ အန်အယ်ဒီပါတီ၊ ဗကသ၊ နေမျိုးဇင်နှင့် သံဃာများ ၀ိုင်းရံလျှက် ဇန်န ဝါ ရီလ ၂၁ ရက် နံနက် ၇ နာရီတွင် ရန်ကုန်မြို့တော်မှ လမ်းလျှောက်ခဲ့ကြရာ ၂၂ ရက်နေ့တွင်တော့ ပဲခူး သို့ ရောက်ခဲ့ကြသည် တဲ့။ ပြဿနာတော့ မရှိ။ မြစ်ကြီးနားမှ လိုင်ဇာ လျှောက်လျှင်ရပါလျှက် ရန်ကုန်မှ ဘာကြောင့် စလျှောက်သလဲ ဆိုပြီး တွေးမိသော်လည်း ထောင်မကျမှာ၊ တရားစွဲ မခံရမှာ၊ ဓာတ်ပုံရိုက်သူ မရှိ မှာ၊ အလှူငွေ များ မရမှာ စိုးရိမ်သောကြောင့်ဟု ကိုယ့်ဘာသာ ဖြည့်တွေးပေးလိုက်သည်။

တွက်ဆသည့်အတိုင်း လမ်းလျှောက်သူများအား ရန်ကုန်မြို့နယ်တွေကို ဖြတ်ကတည်းက မြို့နယ် ရဲစခန်း များ မှ ဥပဒေချိုးဖောက်မှုဖြင့် အမှုဖွင့်သည်။ ပဲခူးရောက်တော့ တားသည်။ ဘယ်လောက် မူးယစ်ပျော်ပါး သည် မသိ။ အန်အယ်လ်ဒီပါတီကြီးမှ ဆိုင်ကယ်သမားက အန်အယ်ဒီလ် ပါတီဝင် အမျိုးသမီးကို တိုက်လိုက် တာ ပဲခူးကနေ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်သွားသတဲ့။ ဘယ်လောက် အရှိန်ပြင်းသည် မ သိ ။ ထို အထိ ပြဿနာ မရှိသေး။

ရန်ကုန်-ပဲခူး ခရီးအကွာအဝေးကို google မှာ ရှာကြည့်တော့ ၁၀၃ ကီလိုမီတာ တဲ့။ ၁ ကီလိုမီတာကို ၀.၆၂ မိုင် ဆိုတော့ ကီလို ၁၀၀ ဆိုလျှင် မိုင် ၆၀ ကျော်လေပြီ။ ကြားဖူးသည်က ၅ မိုင် အပြေးတက်၊ ဆယ် မိုင် မနားတမ်း လမ်းလျှောက်၊ တစ်နေ့ မိုင် ၃၀ ခရီးပေါက်ရမည် ဆိုတာက စစ်သားများ၏ စံချိန်။ ယခု လမ်းေ လျှာက် သည့် အဖွဲ့သည်ကား တစ်နေ့ မိုင် ၆၀ ကျော် ခရီးပေါက်လေသည်။

အလံတကားကား၊ သံဃာနှင့် လူများ တရုံးရုံး ဘယ်လမ်းက ဘယ်လို သွားကြပါလိမ့်။ ထိုသို့ အမြန်နှုန်း လျှောက်နို င်ရန်အတွက် လူများကတော့ အကောင်းစား ဖိနပ်ကြီးများ အထူးထုတ် တာဘို အင်ဂျင် တပ် တာ ဖြစ်နိုင်ပေမယ့် သံဃာစီး ဖိနပ်များတော့ အထူးထုတ် ဖြစ်မည် မထင်။ ခြေထောက် နာခြင်း၊ ဖိနပ်ပေါ က်ခြင်း၊ တစ်ဦးတစ်ယောက်မှ ကျန်ခဲ့ခြင်း လုံးဝ လုံးဝ မရှိ။ ဘေးက လိုက်သည့် ဆိုင်ကယ်တိုက်တာတောင် အရေးပေါ် ဌာန ရောက်သည်ဆိုတော့ လမ်းလျှောက် သည့် အမြန်နှုန်းသည်ကား စစ်သားများ၏ စံနှုန်းထက်မက မြန်လွန်းမက မြန်လွန်းနေသလားလို့ ထင်မိပါေ တာ့ သည်။

www.MyanmarExpress.net

ခရိုနီပါတီခေါင်းဆောင်ကြီး၏ US ခရီးစဉ်


ခရီုနီပါတီခေါင်းဆောင်ကြီးသည်  US သို့ ထွက်ခွါသွားရာ ယင်းကို ပေးကမ်းလျက်ရှိသော ခရိုနီအချို့ ကြိုတင်သွားရောက်နေနှင့်ပြီး ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံး ဗီဇာSection မှ သိရှိရသည်။

ယင်းခရီးစဉ်မတိုင်မီ ခရိုနီပါတီခေါင်းဆောင်ကြီး လက်ဝါးချင်းရိုက် ညွှန်ကြားချက်ကြောင့် ခရိုနီများသည် ရှိရှိသမျှသော အသင်းအဖွဲ့များက နှုတ်ထွက်လျက် ရှိကြသည်။

ဟာဝိုင်ယီခရီးစဉ်တွင် ခရိုနီများက ကမ်းခြေ မီးပုံပွဲတစ်ခု စီစဉ်ထားရှိပြီး ယင်းသို့ စီစဉ်ပေးခြင်းကြောင့် ဆန်ရှင်စာရင်းမှ အနီးစပ်ဆုံး ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ဖယ်ရှားပေးရန် ခရီုနီပါတီခေါင်းဆောင်ကြီးက အမေရိကန်အစိုးရ တာဝန်ရှိသူများကို ပြောကြားပေးရမည် ဖြစ်သည်။

အလားတူ လေလံပွဲတွင် ငွေပုံပေး၍ ပါတီကို အပိုင်ဝယ်ယူနိုင်ခဲ့သော ခရိုနီများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးအတွက် ပေးကမ်း စွန့်ကြဲရန် သဘောတူညီထားကြကြောင်း သိရှိရသည်။

ခရိုနီပါတီကြီးမှ နစ်နီကြီး ဦးဝင်းတင်သည်လည်း မူလက ခရိုရောင်စုံများကို ဆန့်ကျင်ဝေဖန်ခဲ့ခြင်းကြောင့် ခရိုနီပါတီခေါင်းဆောင်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ရာ စိတ်အနာကြီးနာလျက် ဖောင်ဒေးရှင်းအလုပ်သာ လုပ်ဆောင်တော့မည် ဟု ခရိုနီပါတီ လူငယ်များကို ပြောကြားခဲ့သည်။

သို့သော်လည်း အကွက်မြင်လှသော ခရိုနီများက ဖောင်ဒေးရှင်းသို့ ပေးကမ်းစွန့်ကြဲရန် ချဉ်းကပ်လာခဲ့ရာ ဦးဝင်းတင်က လက်မခံဟု ငြင်းဆန်ထားသော်လည်း နာမည်(၂)လုံးပါ ခရိုနီ ဂေါ့ဖားသားကြီးက (၁)လ မခံ ဟု ကွယ်ရာတွင် လှောင်ပြောင် ပြောကြားလျက်ရှိကြောင်း သိရှိရသည်။

ခရိုနီပါတီခေါင်းဆောင်ကြီးက ခရိုနီများကို ကာကွယ်ပြောကြားသည့် သတင်း ထွက်ပေါ်လာသည့်နေ့တွင် ရန်ကုန်မြို့ရှိ ခရိုနီဟိုတယ်တစ်ခု၌ ခရိုနီဂေါ့ဖားသားကြီးများ အကြီးအကျယ် ပျော်ကြ ပါးကြ အောင်ပွဲခံကြရာ တက်သစ်စ မင်းသမီးအချို့(အကယ်ဒမီဗန်းကိုင်(၂)ဦးပါဝင်သည်) အစိမ်း အထပ်လိုက် ရရှိခဲ့ကြောင်း၊ ယင်းပွဲကို ဖိတ်ကြားခြင်း မခံခဲ့ရသဖြင့် ရနှင့်စသော နာမည်(၂)လုံး မင်းသမီးတစ်ဦးမှာ အရှက်မရှိ ပေါက်ကွဲခဲ့သည်ကိုလည်း ပလေတို၏ သတင်းထောက်က နားနှင့်ဆတ်ဆတ် ကြားခဲ့ရကြောင်း သိရှိရသည်။

အဆိုပါပွဲသို့ မမျှော်လင့်ဘဲ သွားရောက်ခဲ့သော သတင်းထောက်မှာ ခရိုနီဂေါ့ဖားသားကြီးများ အပြိုင်အဆိုင် စွန့်ကြဲကြသည့် အစိမ်းများကို ကြည့်ကာ အံမခမ်းဖြစ်ခဲ့ကြောင်း သိရှိရသည်။

(လုံးဝ သတင်းမှန် ဖြစ်ကြောင်း ပလေတို အာမခံသည်)

ပလေတို ဒီမို

စီမံကိန်းထိခိုက်မယ်ဆိုရင် ဝမ်ဘောင်က မြန်မာအစိုးရကို တရားစွဲမည်



စီမံကိန်းထိခိုက်မယ်ဆိုရင် ဝမ်ဘောင်က မြန်မာအစိုးရကို တရားစွဲမည်ဟုဆို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ဆုံးဖြတ်ချက်ဟာ ဝမ်ဘောင်ကုမ္ပဏီအကျိုးစီးပွားကို ထိခိုက်လာစေ မယ်ဆိုရင် တရားစွဲသွားမယ်လို့ ဇန်နဝါရီ ၂၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ကြေးနီစီမံကိန်းနဲ့ ပတ်သက် တဲ့ နောက်ဆုံးရလဒ်ကို နိုင်ငံတကာက စောင့်ကြည့်နေတာကြောင့် စီမံကိန်းရပ်သွားရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်မှုရှိမယ်လို့ မြန်မာဝမ်ဘောင်ကုမ္ပဏီရဲ့ မန်နေဂျာက ပြောဆိုခဲ့ပါတယ်။

http://8888linker.blogspot.com/2013/01/blog-post_7042.html

မြန်မာ အတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား


သည်ဆောင်းပါးရဲ့ အရင်းခံ

သမ္မတကြီး ဦးသိန်းစိန်နဲ့ အင်တာဗျူး လုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်း အခြေစိုက် အရှေ့တောင်အာရှ သတင်းထောက် Hannah Beech ကို Times မဂ္ဂဇင်းကပဲ ပြန်လည် အင်တာဗျူး လုပ်ထားတဲ့ ဆောင်းပါး ဇန်န၀ါရီလထဲမှာ ဖတ်လိုက်ရပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အင်မတန် စိတ်ဝင်စားစရာကောင်း တဲ့ သုံးသပ်ချက်တွေ အများကြီးပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေ ဖတ်ရှုသင့်ပါတယ်။ ဂျာနယ် တချို့မှာလည်း မြန်မာပြန် ဖော်ပြခဲ့ကြပြီးပါပြီ။

ယခု ကျွန်တော့်ဆောင်းပါးဟာ ဟန်နားဘိခ်ျရဲ့ အဖြေထဲက တစ်ပိုဒ်ကို ဖတ်မိရာက အတွေးနယ်ချဲ့မိ တာ ဖြစ်ပါတယ်။ သူက ဘယ်လို ပြောထားလဲဆိုရင် “တကယ်လို့ NLD သာ အစိုးရအဖွဲ့ထဲ ရောက် သွားပြီဆိုရင် သူတို့မှာ အဲဒီ အစိုးရအလုပ်ကို လုပ်နိုင်မယ့် လူအင်အား ရှိမှာလား၊ ကျွန်မတော့ သိပ်မ ထင်မိပါဘူး” တဲ့ဗျာ။ အသေးစိတ်ကိုတော့ ရှာဖွေ ဖတ်ကြည့် ကြပါတော့။

နိုင်ငံရေးသမားနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ

အဲဒီ အစကို အခြေခံပြီး ကျွန်တော် ဆက်ဆွေးနွေးပါမယ်။ ကျွန်တော်တို့ နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ ကျွန်ဘ၀မှာ နှစ်ပေါင်းတစ်ရာကျော် နေခဲ့ရတယ်။ ၁၈၂၄ နဲ့ ၁၈၅၂ မှာ မြန်မာပြည်အောက်ပိုင်း တစ်ခြမ်းလုံး ပါသွားပြီး ၁၈၈၅ မှာ တစ်ပြည်လုံး ကျွန်ဖြစ်တယ်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး ပေါ်လာတော့မှ မင်းတိုင်ပင် အမတ်လို့ခေါ်တဲ့ လူထုမဲဆန္ဒပေးပြီး ရွေးကောက် တင်မြှောက်တဲ့စနစ်ကို စတင် မိတ်ဆက်ရ တယ်။

မြန်မာပြည်ကို အပြီး သိမ်းပြီးချိန်ကစလို့ အိန်္ဒိယပြည်ရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းထားရာက ၁၉၃၇ ခုနှစ်ကျမှ သီးခြား နိုင်ငံအဖြစ်ခွဲပြီး ဘုရင်ခံတစ်ယောက်ကို ဦးစီး အုပ်ချုပ်စေခဲ့တယ်။ အုပ်ချုပ်ပုံ စနစ်က ဟုမ်းမရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်ထက် တစ်ဆင့်နိမ့်သေးတဲ့ ၉၁ ဌာန အုပ်ချုပ်ရေးပုံစံ ဖြစ်တယ်။

ဒေါက်တာ ဘမော်တို့ ဦးပုတို့ ဂဠုန်ဦးစောတို့ ၀န်ကြီးချုပ်ဖြစ်ခဲ့ကြတယ်ဆိုတာ အဲဒီ ၉၁ ဌာန အုပ်ချုပ်ရေး ပုံစံထဲမှာပဲ ဖြစ်ခဲ့ကြတာပါ။ အဲဒီအတိုင်း စခန်းသွား နေရာကနေပြီး ဒုတိယ က်္ဘာစစ်ဖြစ်ပြီး ဂျပန်ဝင် လာကာ နိုင်ငံရေး ချိန်ခွင်လျှာတွေ ပြောင်းပြီး နောက်ပိုင်း ကျတော့ သခင်အောင်ဆန်း ခေါင်းဆောင် တဲ့ နိုင်ငံရေး မျိုးဆက်သစ်တွေရဲ့ ခေတ်ဖြစ်လာတယ်။ သည်လိုနဲ့ ၁၉၄၈ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ပြည်သူတွေရဲ့၊ ပြည်သူတွေ ရွေးကောက် တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့ ပါလီမန် ဒီမိုကရေစီနဲ့ ပါလီမန် အစိုးရပေါ်လာတယ်။ ပါလီမန် ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးခွင့် ရခဲ့တယ်။

လွတ်လပ်ရေးခေတ်ဦး အစိုးရအာဏာ ရလာသူတွေဟာ တို့ဗမာ အစည်းအရုံးဝင် သခင်တွေ အများစုဖြစ် တယ်။ သူတို့ဟာ နယ်ချဲ့အင်္ဂလိပ် ဆန့်ကျင်ရေး ရဲရဲတောက် နိုင်ငံရေးလှုပ်ရှားမှု အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်။ ဖက်ဆစ်ဂျပန်ခေတ် ၁၉၄၃ သြဂုတ် ၁ ရက်နေ့မှာ ဂျပန်စစ်တပ်က ဖွဲ့စည်းပေးတဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ ဆင်းရဲသား (ဓားမ ပါတီ) က ဒေါက်တာဘမော် ခေါင်းဆောင်တဲ့ နိုင်ငံရေးသမား ၀ါရင့်ကြီးတွေနဲ့ ပူးတွဲ ပါဝင်ခဲ့ကြဖူးတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း စသူတွေဟာ ဂျပန် ခေတ်အစိုးရမှာ ၀န်ကြီးတွေ ဖြစ်ခဲ့ကြ တယ်။ အစိုးရ အာဏာရ အဖွဲ့အစည်းကို တို့ဗမာ ဆင်းရဲသား အစည်းအရုံးကြီးလို့ ခေါ်တွင်စေပြီး အဆင့်ဆင့်သော အုပ်ချုပ်ရေး ရာထူးတွေ၊ ရဲအဖွဲ့ရာထူးတွေမှာ ဓားမတွေနဲ့ သခင်တွေ အာဏာခွဲဝေ ယူခဲ့ကြဖူးတယ်။

သို့သော် ဖက်ဆစ်ဂျပန်ကို ပြန်တော်လှန်တဲ့အခါကျတော့ ဓားမတွေ မပါတော့ဘဲ သခင်တွေနဲ့ ရဲဘော်သုံး ကျိပ်တွေပဲ ပါဝင်ခဲ့ကြတယ်။ သည်လိုနဲ့ တော်လှန်ရေးအပြီး အင်္ဂလိပ် ပြန်ဝင်လာတော့ ပထမဆုံး သူတို့ အလိုတော်ရိ နိုင်ငံရေး လက်ဟောင်းကြီးတွေနဲ့ အစိုးရဖွဲ့ပြီး အုပ်ချုပ်ခိုင်းသေးတယ်။ နောက်ဆုံး ဘယ်လိုမှ မဟန်တော့မှ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ကြီးကို အာဏာ ခေါ်ပေးရပါတယ်။ သည်တော့ သခင်တွေနဲ့ ဖက်ဆစ် တော်လှန်ရေးသမားဟောင်း တွေဟာ အစိုးရအာဏာ ရကြပြန်တယ်။

အဲဒီကနေ လွတ်လပ်ရေးရတော့လည်း သည်လူတွေထဲက အများစုပဲ အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာကြ တာပါပဲ။ သူတို့ထဲက အများစုဟာ နိုင်ငံရေးသမားကောင်းတွေ ဖြစ်ရုံမက အုပ်ချုပ်ရေး အမြော်အမြင် ရှိသူတွေလည်း ဖြစ်တယ်ဆိုတာ သူတို့ သက်တမ်းအတွင်း ပြည်တွင်းစစ်ကြီး ဗလောင်ဆူနေ တဲ့ကြားက မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ခဲ့ပုံကို လေ့လာနိုင်ပါတယ်။

သို့ပေမဲ့ အထိအနာဆုံးကတော့ ဖဆပလကြီး နှစ်ခြမ်းကွဲပြီး ငါးကြင်းသားကို မြေခွေးက အပိုင်စီး ခံလိုက်ရခြင်းပါပဲ။

နှစ်ငါးဆယ်နီးပါး စစ်အစိုးရ အုပ်ချုပ်ရေး

ပါလီမန် ဒီမိုကရေစီ စနစ်ဟာ ၁၄ နှစ်ပဲ သက်တမ်းရှည်လိုက်တယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာသိမ်းမှုကြောင့် နိဂုံးချုပ်သွားခဲ့ရတယ်။ အဲဒီ ၁၉၆၂ ကစပြီး နာမည် အမျိုး မျိုးနဲ့ စစ်အစိုးရတွေရဲ့ အမိန့်ပေးစနစ်နဲ့ အုပ်ချုပ်မှုအောက်မှာ နေလာခဲ့ရတာ နှစ်ငါးဆယ်နီးပါး ကြာခဲ့ပါသဗျာ။

အခု ၂၀၁၁ ခု မတ်လက စပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်လာတဲ့ အစိုးရသည် ပင်လျှင် ယခင် အစိုးရရဲ့ စစ်ဗိုလ်ချုပ်တွေ အများစု ယူနီဖောင်းချွတ်၊ ပုဆိုးဝတ်၊ ခေါင်းပေါင်း ပေါင်း ထားကြတာဖြစ်တယ်ဆိုတဲ့ အနေအထားကို ငြင်းလို့ မရသေးဘူးဗျ။

အဲဒီ စစ်အစိုးရ အဆက်ဆက် လက်အောက်နေခဲ့ရတဲ့ ကာလအတွင်း ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်တွေ ဖွံ့ဖြိုးတိုးတက်ခဲ့သလား၊ ဆုတ်ယုတ် ကျဆင်းခဲ့သလား ဆိုတာကိုတော့ ကျွန်တော် စစ်တမ်း ထုတ်မပြလိုတော့ဘူးဗျ။

များစွာသော ပြည်သူထူထု အားလုံးလိုလို ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ကြရပြီး ဖြစ်တဲ့အပြင် ပိုင်းခြား စိတ်ဖြာ သုံးသပ်သူ ပညာရှင်များက ရှုထောင့်မျိုးစုံက ကြည့်ပြီး ပြောဆို ရေးသား တင်ပြခဲ့ကြပြီဖြစ်လို့ ကျွန်တော်က စကားတံရှည်ပြီး ၀ိတ္ထာရ ချဲ့နေစရာ မလိုတော့ဘူး ထင်တယ်ဗျ။

အုပ်ချုပ်ရေး ကိုင်တွယ်နိုင်စွမ်း ရှိကြပြီလား

ဒီဆောင်းပါးမှာ ကျွန်တော် ဆွေးနွေးချင်တာက အခုလို ကျွန်တော်တို့ နိုင်ငံမှာ ပြည်သူတွေက နိုင်ငံတော် အာဏာကို အမှန်တကယ် ပိုင်စိုးတဲ့ ဒီမိုကရေစီစနစ် တစ်ကျော့ပြန် ရှင်သန်လာဖို့ အားယူနေတဲ့ အချိန်မှာ ပြည်သူလူထုရဲ့ တပ်ဦးနေရာမှာ ရှိနေကြတဲ့ အဆင့်ဆင့်သော ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင်များဟာ နိုင်ငံတော်ရဲ့ အရေးအရာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်တဲ့ (တစ်နည်း) နိုင်ငံတော် အာဏာကို ပါးနပ်လိမ်္မာစွာ ကိုင်တွယ် သုံးစွဲနိုင်တဲ့ အခြေအနေမှာ ရှိနေကြပြီလား၊ ဒါမှမဟုတ် မရှိသေးဘူးလားဆိုတဲ့ အကြောင်းအရာပဲ ဖြစ်တယ်ဗျ။ ဒီကနေ့ အတိုက်အခံလို့ ခေါ်ဝေါ် သုံးနှုန်းခြင်း ခံနေကြရတဲ့ နိုင်ငံရေး ခေါင်းဆောင်များဟာ နိုင်ငံတော် အာဏာရဲ့ အဓိက မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယ်္တရားတွေကို စေစား မောင်းနှင်ရမယ့် နေရာများကို ရောက်လာကြတဲ့အခါ နိုင်ငံတော် အကျိုး စီးပွားဆိုတဲ့ ပန်းတိုင်ဆီသို့ လမ်းချော် တိမ်းစောင်းခြင်း မရှိစေဘဲ မောင်းနှင်နိုင်စွမ်း ရှိကြပြီလား၊ အဲဒီလို အရည်အချင်းတွေကို ပိုင်ဆိုင်ထားဖို့ကော လေ့ကျင့် ပြင်ဆင်ထားကြရဲ့လားဆိုတဲ့ မေးခွန်းဟာ ဒီကနေ့ အင်မတန် အရေးကြီးတဲ့ မေးခွန်းဖြစ်လာပြီလို့ ကျွန်တော် ယူဆတယ်ဗျ။

ကမ္ဘာပျက်ခါနီး လူလာဖြစ်ရသလို

ကျွန်တော် ဒီကိစ္စကို စဉ်းစားဖြစ်ခဲ့တာရဲ့ အကြောင်းရင်းက နှစ်ပေါင်းငါးဆယ်လောက် နိုင်ငံရေးကို အဖွဲ့အစည်း တစ်ခုထဲက အပိုင်စီးထားတာခံခဲ့ရတဲ့ အခြေအနေမှာ နေထိုင်ခဲ့ကြရတဲ့ အရပ်သား အတိုက်အခံ ခေါင်းဆောင်တွေအတွက် နိုင်ငံတော် အာဏာသုံးရပ်ဆိုတဲ့ ကိစ်္စဟာ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ် ထဲကလို “ကမ္ဘာ ပျက်ခါနီးမှ ယောင်တိယောင်န လူလာဖြစ်ရသူကဲ့သို့” ဆိုသ လို ဖြစ်နေလောက် တယ်လို့ တွေးတောခဲ့မိခြင်း ဖြစ်တယ်ဗျ။

နှစ်ပေါင်းငါးဆယ်ကျော် နိုင်ငံ အုပ်ချုပ်ရေး ကိစ္စတွေကို စစ်ဗိုလ်တွေကပဲ လုပ်ကိုင် ဆောင်ရွက်လာခဲ့တာ ဆိုတော့ ကျွန်တော်တို့ အရပ်သားတွေဟာ စစ်တုရင်ခုံပေါ်က အရုပ်တွေလို စစ်ဗိုလ်တွေ ရွှေ့တဲ့ နေရာမှာပဲ မလှုပ်မရှား နေတတ်တဲ့ အလေ့အထက အရိုးစွဲနေခဲ့ပြီဗျ။

စစ်အစိုးရခေတ် ကနဦးပိုင်းမှာ အရပ်ဘက် အုပ်ချုပ်ရေး ပညာရှင်တွေ၊ ဥပဒေပြုရေး ပညာရှင်တွေ၊ တရားစီရင်ရေး ပညာရှင်၊ ပညာရေးသမား ပညာရှင်တွေကို အထိုက်အလျောက် နေရာပေးခဲ့သေးပေမယ့် စစ်အစိုးရ သက်တမ်းရင့်ညောင်းလာတာနဲ့အမျှ နယ်ပယ် ကဏ္ဍ အားလုံးရဲ့ ထိပ်ဆုံးက နေရာတွေကို မိုးကျရွှေကိုယ် စစ်ဗိုလ်တွေကချည်း သိမ်းပိုက်လာခဲ့ကြတာမို့ အဲဒီပညာရှင်တွေဟာလည်း နိုင်ငံခြား ထွက်သူတွေထွက်၊ မထွက်ဘဲ ပြည်တွင်းမှာ ပေတေပြီးနေသူတွေဟာလည်း သံချေးတက် အသွားတုံး “ဓားမတုံး”တွေ ဖြစ်ကုန်ခဲ့ကြတာ ဖြစ်တယ်ဗျာ။

အဲဒီခေတ်မှာ လူပြောများတဲ့ နေနည်း ထိုင်နည်းတွေတောင် ပေါ်ခဲ့သေးတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ “ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဆိုတဲ့ “ခသုံးလုံး” နဲ့ “မလုပ်၊ မရှုပ်၊ မပြုတ်”ဆိုတဲ့ “မသုံးလုံး” တဲ့ဗျ။

အတိုက်အခံဆိုတာ နောက်တက်မယ့် အစိုးရလောင်း

အခု ကျွန်တော်တို့ နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ခေါင်းဆောင် (opposition leader)? NLD ကို အတိုက်အခံပါတီ (main opposition party) လို့ နိုင်ငံခြားက စာနယ်ဇင်းတွေမှာ ခေါ်ဝေါ် သုံးစွဲနေကြပေမယ့် ကျွန်တော်တို့ဆီက အတိုက်အခံ ဆိုတာဟာ အနောက် ကမ္ဘာဆီက အတိုက်အခံ ဆိုတာနဲ့ မတူဘူး ဆိုတာကို စေ့စေ့စပ်စပ် လေ့လာထားသူတွေ သိကြတယ်ဗျ။

သူတို့ဆီမှာက အတိုက်အခံ ခေါင်းဆောင်ဆိုတာ နောင်ကျင်းပမယ့် ရွေးကောက်ပွဲ တစ်ခုခုမှာ အနိုင်ရပြီး သမ္မတ သို့မဟုတ် ၀န်ကြီးချုပ် ဖြစ်လာနိုင်တဲ့သူ၊ အတိုက်အခံပါတီ ဆိုတာလည်း အာဏာရပါတီ ဖြစ် လာနိုင် တဲ့ ပါတီ ဖြစ်တယ်ဗျ။

ဒါကြောင့် အတိုက်အခံ ခေါင်းဆောင်၊ အတိုက်အခံ ပါတီတွေဟာ ကိုယ် အာဏာရနေချိန်မှာ နိုင်ငံတော် အာဏာကို ကိုင်တွယ် သုံးစွဲ စီမံခန့်ခွဲ၊ ကိုယ် အတိုက်အခံ ဘ၀ ကျရောက်သွားတော့လည်း ကိုယ် အာဏာပြန်ရလာမယ့် အချိန်အတွက် မျှော်မှန်းပြီး အာဏာသုံးရပ် ကိုင်တွယ်သုံးစွဲမှုဆိုင်ရာ အလေ့ အကျင့်တွေကို မပြတ်မလပ် ဆက်လက် လုပ်ဆောင်နေကြရတာ ဖြစ်တယ်ဗျ။

ဗြိတိန်နိုင်ငံက အဓိက ပါတီကြီး နှစ်ခုဖြစ်တဲ့ လေဘာနဲ့ ကွန်ဆာဗေးတစ်တို့ဆိုရင် တစ်ပါတီက အာဏာရ နေရင် ကျန်ပါတီကလည်း အစိုးရ ၀န်ကြီးဌာနတွေအတိုင်း သူ့ပါတီထဲမှာ ၀န်ကြီးဌာနတွေ ဖွဲ့စည်းထားပြီး၊ တာဝန်ခံတွေ ခန့်အပ်ကာ အာဏာရပါတီက ၀န်ကြီးတွေ လုပ်သလို နိုင်ငံ့အရေးအရာတွေကို (Shadow Cabinet) အဖြစ် လေ့လာသုံးသပ် မူဝါဒတွေ ချမှတ် ဖော်စပ်နေတာ ဖြစ်တယ်ဗျ။

အင်အား ကြီးမားတဲ့ အတိုက်အခံပါတီတွေကို သူတို့ဆီမှာ Would-be Next Government လို့တောင် မီဒီယာတွေက ဂုဏ်တင်ရေးသား ထုတ်လွှင့်လေ့ရှိတယ်ဗျ။ အကျိုးဆက် ကတော့ အတိုက်အခံ ပါတီ ဟာ ရွေးကောက်ပွဲ အနိုင်ရပြီး အာဏာရပါတီ ပြန်ဖြစ်သွားတာနဲ့ နိုင်ငံတော် အာဏာ စီမံခန့်ခွဲရေး လုပ်ငန်းများကို အဆင်သင့် လွယ်လင့်တကူ လွှဲပြောင်းရယူ လုပ်ဆောင်သွားရုံပေါ့ဗျာ။

(သည်နေရာမှာ အလျဉ်းသင့်လို့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲ နိုင်ပြီးတော့ အနိုင်ရ ပါတီ NLD က နိုင်ငံတကာ ထုံးစံအတိုင်း နှစ်လအကြာမှာ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတယ်။ န၀တ အစိုးရ က ခေါ်မပေးတဲ့အပြင် အခြေခံဥပဒေ ရေးဆွဲပြီး သည်အထိ သူတို့ပဲ အာဏာကြီးသုံးရပ်ကို ဆက်ယူ ထားမယ်လို့ ကြေညာတယ်။

သည်အချိန်မှာ NLD ထဲက အစိတ်အပိုင်းတချို့က စိတ်မရှည်တော့ဘဲ စင်ပြိုင် အစိုးရဖွဲ့ဖို့ ကြိုးစား ခဲ့ကြတော့ အားလုံး သိမ်းကျုံးဖမ်းပြီး ထောင် နှစ် ၂၀၊ နှစ် အစိတ်တွေ ချခံခဲ့ရသဗျ။ အခြေခံ ဥပဒေ ရေး ဆွဲခဲ့တာကလည်း ကမ္ဘာမှာ စံချိန် တင်ပြီး ၂၀၀၈ ခုနှစ်ကြာမှ ပြီးဆုံးခဲ့တယ်ဗျာ)

စားဖို့တောင် မစဉ်းစားကောင်းတဲ့ အသီး

အဲဒီကာလ တစ်လျှောက်မှာတော့ အားလုံးသိကြတဲ့ အတိုင်းပဲဗျ။ နှစ်ငါးဆယ်လုံးလုံး စစ်အစိုးရ အဆက်ဆက် ဟာ သူတို့နဲ့ သဘောထားကွဲလွဲသူတွေကို အမှုန့်ကြိတ် မပစ်ရုံတမည် ပြင်းပြင်းထန်ထန် ဖိနှိပ်ဆက်ဆံခဲ့တာ မဟုတ်လားဗျာ။

ဒီတော့လည်း အဲဒီကာလအတွင်း စစ်အစိုးရတွေရဲ့ အတိုက်အခံတွေဟာ တစ်နေ့နေ့မှာ နိုင်ငံတော် အာဏာသုံးရပ်ကို ကိုင်တွယ်သုံးစွဲရမယ့် သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပြီး လေ့လာဖြည့်ဆည်းဖို့ဝေး စွ၊ ထောက်လှမ်းရေးတွေ ဘယ်အချိန်လာခေါ်မှာလဲ ဆိုတာ ကိုပဲ အချိန်ရှိသရွေ့ တွေးပူနေရပြီး စစ်အစိုးရနဲ့

“ပြေးတမ်း ပြေးတမ်း” (လိုက်တမ်း ပြေးတမ်းမဟုတ်) ကစားနေခဲ့ကြ ရတာချည်း ဖြစ်တယ်ဗျ။

နှစ်ငါးဆယ်လောက် အဲသလို စိုးထိတ်ရင်ဖိုဘ၀မှာ နေလာခဲ့ကြရတော့လည်း နိုင်ငံတော် အာဏာသုံးရပ် ဆိုတာ စစ်အစိုးရ အဆက်ဆက်ရဲ့ အတိုက်အခံများအတွက် “စားချင်ပါတယ် လို့တောင် မစဉ်းစားကောင်း တဲ့ အသီး”လို ဖြစ်ခဲ့တာပေါ့ဗျာ။

ခုတော့ အလားအလာတွေ ရှိနေပါပြီ

အခုတော့ အခြေအနေတွေက ပြောင်းလဲစပြုနေပြီ ဖြစ်တယ်ဗျ။ တကယ်လို့ မမျှော်လင့်အပ်တဲ့ မုန်တိုင်းတစ်ခု မတိုက်ဘဲ၊ ဒီအတိုင်း ကျွန်တော်တို့နိုင်ငံ ရှေ့ကို မှန်မှန် ဆက်သွားနိုင်ခဲ့မယ်ဆိုရင် သိပ်မဝေးတဲ့ တစ်နေ့မှာ မြန်မာအတိုက်အခံတွေဟာ နိုင်ငံတော် အာဏာသုံးရပ်ကို ကိုယ်တိုင် ကိုင်တွယ် စီမံခန့်ခွဲနိုင်တော့မယ့် အလား အလာများကို မြင်တွေ့နေရတယ်ဗျ။

ဒီလို အချိန်မျိုးမှာ ကိုယ် ဘာလုပ်ကြရမယ် ဆိုတာကို အဆင့်ဆင့်သော အတိုက်အခံ ခေါင်းဆောင်တွေ သိနေကြလိမ့်မယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်ဗျာ။

အမေရိကန်မှာ တွေးခဲ့မိတာလေးတွေ

ကျွန်တော် ၂၀၁၀-၂၀၁၁ က ဖဲလိုးရှစ် အစီအစဉ်တစ်ခုနဲ့ အမေရိကန်နိုင်ငံကို ရောက်တုန်း တွေးမိတဲ့ အတွေးတစ်ခုအကြောင်း ပြောပြချင်တယ်ဗျ။ ကျွန်တော့် လေ့လာရေး အစီအစဉ်အရ ၀ါရှင်တန်ဒီစီက ကွန်ဂရက် လွှတ်တော် စာကြည့်တိုက်မှာ အသင်းဝင်ထားရပြီး တစ်ပတ်မှာ နှစ်ရက်လောက် စာ သွားသွား ဖတ်ရတယ်။

ကွန်ဂရက် လွှတ်တော်ရယ်၊ ကွန်ဂရက် စာကြည့်တိုက်ရယ်၊ တရားလွှတ်တော်ချုပ်ရယ် သုံးပွင့်ဆိုင် လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ တည်ရှိနေတဲ့ အနေအထားကို ကြည့်ပြီး ကျွန်တော် သိပ် သဘောကျခဲ့တယ်။

အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကွန်ဂရက် စာကြည့်တိုက်မှာ အသိပညာ ဗဟုသုတတွေ လေ့လာဆည်းပူး၊ ပြီးတော့ လွှတ်တော်ကို သွားပြီး ဥပဒေတွေပြုကြ၊ အဲဒီ ဥပဒေများနဲ့အညီ မတိမ်းမစောင်း တရားစီရင်ကြဖို့ အဆင့်ဆင့်သော တရားရုံး များကို လွှတ်တော်ကပဲ ခန့်အပ် ထားတဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေက ထိန်းကျောင်းပေးကြ။

ဒီလိုနဲ့ အမေရိကန်နိုင်ငံ ဟာ ကမ္ဘာ့အချမ်းသာဆုံး၊ ကမ္ဘာ့ စစ်အင်အား အကြီးဆုံး နိုင်ငံကြီးအဖြစ်ကို ရောက် ရှိခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက နိုင်ငံရေး ခေါင်းဆောင် များဟာလည်း အဲသလိုပဲပညာဗဟုသုတ တွေ ကြွယ် ၀ကြ၊ ဉဏ်ပညာ အမြော်အမြင်တွေ ကြီးမားကြ၊ နိုင်ငံ့အကျိုးကို ဦးထိပ်ထားပြီး နိုင်ငံ့ရေးရာတွေ ကို စုပေါင်း တိုင်ပင် ဆွေးနွေးညှိနှိုင်းကြတဲ့ အခြေအနေကို ဘာကြောင့် မရောက်နိုင်ရမှာလဲ။

ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာ ၀င့်ကြွားထည်ဝါစွာ ရပ်တည် နိုင်တဲ့ အနေအထားကို ရယူပိုင်ဆိုင်နိုင် မယ့် အဲဒီတစ်နေ့ကို ဘာကြောင့် မရောက် နိုင်ရမှာလဲ ဆိုတဲ့ အတွေးကို လေးလေး နက်နက် တွေးမိ ခဲ့ကြောင်း ပါဗျာ။

maungwuntha@gmail.com

ကမ္ဘာ့ဘဏ်အဖွဲ့ဝင် IFC က မြန်မာနိုင်ငံသားများကို ငွေထုတ်ချေးနိုင်မည့် အသေးစား ငွေချေးအဖွဲ့အစည်း ထူထောင်မည်

ကမ္ဘာ့ဘဏ် အဖွဲ့ဝင် IFC (International Finance Corporation) က မြန်မာနိုင်ငံသား နှစ်သိန်းခန့် ကို ငွေထုတ်ချေးနိုင်မည့် အသေးစား ငွေချေးလုပ်ငန်း အဖွဲ့အစည်း ထူထောင်ကာ ရင်းနှီးမြှုပ်နှံမည်ဟု ဇန်န၀ါရီ ၂၃ ရက်တွင် ကြေညာလိုက်သည်။ ၎င်းအဖွဲ့အစည်းက အမျိုးသမီးများကိုယ်တိုင် ဦးစီးလုပ်ကိုင်နေသော အသေးစား စီးပွားရေးလုပ်ငန်း အများစု အပါအ၀င် မြန်မာနိုင်ငံသား နှစ်သိန်းကို ၂၀၂၀ အမှီ ငွေထုတ်ချေးသွားရန် ရည်ရွယ်ထားကြောင်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

IFC က ဂျာမန်အစိုးရပိုင် ဖွံ့ဖြိုးမှုဘဏ်နှင့် ပြင်သစ်နိုင်ငံ ဘဏ်လုပ်ငန်းစုတို့နှင့်အတူ မြန်မာနိုင်ငံတွင် ACLEDA MFI Myanmar Co. ကို ထူထောင်မည့် ကမ္ဘောဒီးယားနိုင်ငံမှ ACLEDA Bank Plc. ကို ထောက်ပံ့သွားမည်ဟု ဆိုသည်။ IFC က ငွေချေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒေါ်လာ ၂ သန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း လုပ်ငန်းစတင်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ အသေးစား ငွေချေး အဖွဲ့အစည်းမှာ မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား လုပ်ငန်းများကို များစွာအထောက်အပံ့ ဖြစ်စေမည်ဟု ဆိုသည်။ ''အသေးစား ငွေချေးလုပ်ငန်း အဖွဲ့အစည်း ထူထောင်ဖို့ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ ငွေချေးဖို့ အဆင်ပြေစေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုဖန်တီးနိုင်မှာပါ'' ဟု IFC ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာက ပြောသည်။

အဆိုပါ အသေးစားငွေချေး အဖွဲ့အစည်းက မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသများရှိ ဆင်းရဲသားများအတွက်ပါ ငွေကြေးဝန်ဆောင်မှုပေးရန် စီစဉ်ထားသည်ဟု သိရသည်။ IFC သည် ကမ္ဘာ့ဘဏ်အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ အတွက် သီးသန့်လုပ်ဆောင်နေသည့် ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးမှု အဖွဲ့အစည်းကြီး ဖြစ်သည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မိုဘိုင်းဖုန်းချထားမည့် အစီအစဉ်မှာ ကွန်ရက်စနစ်ကြောင့် ဆိုင်းငံ့နေ

မိုဘိုင်းဖုန်း ကွန်ရက်များတည်ငြိမ်ရန် ဦးစားပေးဆောင် ရွက်နေခြင်းကြောင့်မြန်မာ့ ဆက်သွယ်ရေး မှ ရောင်းချပေးမည့် တန်ဖိုး နည်း မိုဘိုင်းဆင်းမ်ကတ်အစီအစဉ်မှာ ဆိုင်းငံ့ နေခြင်းဖြစ်ကြောင်း သိရ သည်။အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များအား မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့အပြင် အခြားပုဂ္ဂလိက ကုမ္ပဏီ များမှ ကျပ်တစ်သိန်းအောက်ဖြင့် စတင်ရောင်းချ ပေးမည်ဖြစ်ရာ ကွန်ရက်စနစ်အား ဦးစားပေးနေသောကြောင့် ယခုကဲ့သို့ နှောင့်နှေးနေခြင်းဖြစ် သည်။

လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချမည့်နှုန်းထားကို သတ်မှတ်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာနသို့ တင်ပြထားပြီး ဝန်ကြီးဌာနမှ ချမှတ်ပေးသော နှုန်း ထားအတိုင်း သာ ရောင်း ချပေးသွား မည် ဖြစ် သည်ဟု သိရသည်။

“တန်ဖိုးနည်းဖုန်းတွေမချထားမီ မီဒီယာများကတစ်ဆင့် ဖိတ်ခေါ်အသိပေးသွားမှာပါ” ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ၊ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

၎င်းတန်ဖိုးနည်း ဖုန်းများမှာ ယခုလအတွင်း အမှန်တကယ်ချထားပေးမည်ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 2G, 3G ဆင်းမ်ကတ် အရေအတွက် ၁ ဒသမ ၄ သန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပုဂ္ဂလိကကုမ္ပဏီ၁၃ ခုနှင့် အကျိုးတူ ပူးပေါင်း၍ ရောင်းချပေးသွားမည် ဖြစ်သည်။

"ဒီမိုဘိုင်းကွန်ရက်တွေကို အကောင်းဆုံးဖြစ်အောင်တော့ လုပ်သင့်တယ်။ အဲဒီလိုဖြစ်အောင်လို့လည်း ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်" ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ကိုအောင်ဇော် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခုအခါ မိုဘိုင်းဖုန်းကဏ္ဍအား လက်ရှိထက်များစွာ တိုးတက်မှု ရှိစေရန်အတွက် ပြည်တွင်း၊ပြည်ပပုဂ္ဂလိကကုမ္ပဏီများအား ယှဉ်ပြိုင်လုပ်ကိုင်စေမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ဘတ်ဂျက်ကိုမမှီခိုပဲ ဆက်သွယ်ရေးကဏ္ဍကို ကောင်းမွန်စေ ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

(မြစ်မခ)

မြို့နယ်အချို့တွင် အခမဲ့ဆေးကုခန်းများတွင်ကျယ်လာ၍ ပုဂ္ဂလိကဆေးခန်းငယ်များ လူနာလျော့လာ


အခမဲ့ဆေးခန်းများ ဖွင့်လှစ်ထားရှိသည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပုဂ္ဂလိကဆေးခန်းငယ်များသို့ သွားရောက်ကုသမှုမှာ သိသိ သာသာ လျော့နည်းသွားကြောင်း အထွေထွေရောဂါကုဆရာဝန်အချို့ က ပြောကြားသည်။

လွန်ခဲ့သည့်တစ်နှစ်ခန့်မှစတင်ကာ အဖွဲ့အစည်းများ၏ အခမဲ့ဆေး ကု သပေးသော ဆေးခန်းများများပြားလာပြီး မြို့နယ်အချို့တွင် ထိုကဲ့သို့ သော ဆေး ခန်း ငါးခန်း ဖွင့်လှစ်ကုသနေ၍ ငွေကြေးဖြင့် ကုသည့် ဆေး ခန်းများတွင် လူနာအရေအတွက် သိသိသာသာနည်းသွားခြင်းဖြစ်သည်။““အရင်ကဆို တစ်နေ့ကို လူနာ ၂၀ ကျော်လောက်ရှိတယ်။ ဒီနေ့ဆို အခုချိန်ထိ တစ်ယောက်ပဲရှိသေးတယ်”” ဟုအထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာထွန်း သိန်းက ပြောသည်။““အခမဲ့ဆေးခန်းတွေရှိလာ တာကောင်းတာပေါ့။

ဆေးကုဖို့မတတ်နိုင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ ဆေးခန်းတွေကတော့ လူနာ တ ဖြည်းဖြည်းနည်းလာတာသိသာတယ်။ အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေတောင် ဒီလိုလူနာနည်း လာတဲ့အခါ အတွေ့အကြုံနည်း သေးပြီး ကျောင်းပြီးတာ မကြာသေးတဲ့ ဆရာဝန်လေးတွေဘာလုပ်ရမလဲ မသိတော့ဘူး”” ဟု ရွှေပြည်သာမြို့နယ်မှ ဆရာဝန်တစ်ဦး ကပြောသည်။

ထိခိုက်၊ ဖျားနာစသည့် အထွေထွေရောဂါများအား အဓိကကုသပေးသော ထိုအခမဲ့ဆေးခန်းများတွင် ဖွင့် လှစ်သည့် ရက်များတွင် လူနာ ၆၀ဦးခန့် ကုသပေးရ ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျန်း မာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။အခမဲ့ဆေးကုခန်းလေးခုခန့်ရှိသည့် သာကေတမြို့ နယ်အတွင်း မှ ဆရာဝန်တစ်ဦးကလည်း ““အရင်ကဆို လူနာ ၃၀ ၀န်းကျင် လောက်က ပုံမှန်ပဲ။ အခုဆိုရင် တစ်နေ့ကို ၁၀ယောက်တောင်မပြည့်ချင်တော့ဘူး။ ဒါကလည်း ကုန်ကျစရိတ်သက်သာတဲ့ အခမဲ့ဆေးခန်း ကို ၀င်ငွေနည်းတဲ့အတွက် လူတွေအားကိုးကြတာထုံးစံပဲလေ””ဟု အဆိုပါ ဆရာဝန်ကပြောသည်။

7Day News Journal

လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဟု နိုင်ငံတော် သမ္မတပြောကြား


လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ရက် က နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ဆွန်ဒက် ချောင်ဘရာ ရာဂျာ ဘတ်တက္ကသိုလ် (Bansomdejchaopraya Rajabhat University - BSRU) မှနိုင်ငံတော် သမ္မတ ဦးသိန်းစိန်အားစီမံခန့်ခွဲမှု နည်းပညာဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်သည့် အခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''မျိုးဆက်သစ်လူငယ်တွေဟာနိုင်ငံ့ အနာဂတ်အတွက် မျော်လင့် ချက် ဖြစ် ပါတယ်။ပညာရည်မြင့်မားစေဖို့အတွက် နိုင်ငံတကာအကူအညီနဲ့ အတွေ့အကြုံတွေ ရယူ ပြီးတော့ ဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်ကျဆဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါး မှု လျော့ချရေး၊ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး ဘတ်ဂျက်ခွဲဝေမှုမှာ ပညာရေးကဏ္ဍအတွက်အဆများ စွာတိုးမြှင့်သုံးစွဲဖို့စီမံဆောင် ရွက်ထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။

''အစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့် ပညာရေးနယ်ပယ် ပြုပြင်ပြောင်းလဲရေး၊အသက်မွေးဝမ်းကျောင်း ပညာ ရပ်များအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချနိုင်မည့် သင်ကြားရေး မြှင့်တင်မှု အစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ကျောင်းသားအခြေပြု သင်ကြားမှုနည်းစနစ်များနှင့် အခြေခံပညာရေး စနစ် ပြုပြင်ပြောင်းလဲရေးကိုလည်း ပညာရေးနယ်ပယ်မှပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင်ဆောင် ရွက်နေကြောင်း၊ ပညာရေးအဆင့် မြှင့်တင်ရာတွင် ပုဂ္ဂလိကပါဝင်မှုကို မြှင့်တင်ပေးနိုင်ရန် ပုဂ္ဂလိက စာ သင်ကျောင်းများပေါ်ထွန်းလာရေးအတွက် ဥပဒေများကို ပြဌာန်းပေးခဲ့ကြောင်းနှင့် ကလေးငယ်များ အခြေခံပညာရေးအား သင်ကြားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်းတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်ကထက် ကျန်းမာရေးကဏ္ဍအတွက် လေးဆနှင့် ပညာရေးကဏ္ဍ အတွက်နှစ်ဆ တိုးမြှင့် ခဲ့ကြောင်း သိရသည်။

Eleven Media Group

ကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် မန္တလေးမြို့တွင်ဖျော်ဖြေမည်


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို မြန်မာနိုင် ငံကရာတေးဒို အဖွဲ့ချုပ်ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် မန္တလေးမြို့ မြို့တော် ဥယျာဉ် အားကစားကွင်း၌ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင်ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး ကရာတေးဒို ဆပ်ကော်မတီအတွင်းရေးမှူး ဦးဇော်နိုင်က ပြောကြားသည်။

The Voice Weekly

ဂစ္စပနဒီမြစ်အတွင်း စက်လှေတစ်စီး လုယက်တိုက်ခိုက်ခံရ

အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ ဆန်တင်ပို့ရန်လာသော စက်လှေတစ်စီးမှာ ဇန္နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဂစ္စပနဒီတံတားအနီးရှိ ပိုက်သည်ကုလားရွာ အနီးတွင် ကုလားအုပ်စုတစ်စု၏ လုယက် တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ စက်လှေတွင် ဆန်အိတ် ၄၅ အိတ်ပါရှိပြီး စက်ဆရာတစ်ဦးတည်း လိုက်ပါခုတ်မောင်း လာနေစဉ် စက်လှေပင်ကာ ပိုက်ကွန်တွင်မိ၍ စက်ရပ်သွားသည့်အချိန်တွင် လာရောက်တိုက်ခိုက် လုယက်ခြင်း ဖြစ်ကြောင်းသိရသည်။

" ကျောက်တော်မြို့ကို ဆန်တင်ပို့ဖို့အတွက် အပေါက်ဝကျေးရွာကနေ စက်လှေကိုခုတ်မောင်းလာတယ်။ ဂစ္စပနဒီတံတားနားကို ရောက်တာနဲ့ ပင်ကာက ရေမှာချထားတဲ့ပိုက်မှာ ငြိမ့်သွားပြီးတော့ စက်ရပ်သွား တယ်။ ပင်ကာမှာ ငြိမ့်သွားတဲ့ ပိုက်ကိုဖြေဖို့လုပ်နေတဲ့အချိန်မှာ ပိုက်သည်ကုလားရွာက ကုလားအယောက် ၂၀ ခန့် ထွက်လာပြီးတော့ တိုက်ခိုက်ဖို့လုပ်တယ်။ အဲဒီတော့ ကျနော်လည်းလွတ်ရာလွတ်ကြောင်း ဆိုပြီးတော့ မြစ်ထဲကိုခုန်ဆင်းထွက်ပြေးလို့ လွတ်မြောက်လာပါတယ်။ " ဟု ထွက်ပြေးလွတ်မြောက် လာသည့် စက်ဆရာက ပြောသည်။

အဆိုပါ လုယက်ခြင်းခံရသည့် ဆန်များမှာ ကျောက်တော်မြို့ အပေါက်ဝကျေးရွာနေ ဦးအောင်သိန်းနှင့် ဒေါ် သိန်းနုရွှေတို့၏ ဆက်စက်မှ ဆန်များဖြစ်ကြောင်း သိရသည်။

ထိုသို့ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဒေသအာဏာပိုင်များအကူအညီဖြင့် အဆိုပါစက်လှေအား လိုက်လံရှာဖွေရာ ကုလားတန်မြစ်ထဲတွင်တွေရှိခဲ့သော်လည်း ဘုတ်မှာပျက်စီးနေပြီး ဆန်အိတ် များ မရှိတော့ကြောင်း သိရသည်။ အဆိုပါအခင်းအရာနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များက ဆက်လက်လိုက်လံစုံစမ်းရာ ဇန္နဝါရီလ ၂၄ ရက်နေ့တွင် ဆန်အိတ်များကို အဆိုပါပိုက်သည် ကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းရ မိကြောင်း နောက် ဆုံး သတင်းပေးကြားချက်အရ သိရသည်။ ဆန်အိတ်များကိုကုလားရွာထဲမှ ပြန်လည်သိမ်းဆည်းခဲ့သော်လည်း ဆန်အိတ်များကိုလုယူထားသည့် ကုလားများအား အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မရှိသေးကြောင်း သိရ သည်။

Arakan Times

ချို့တဲ့အသည်းဝေဒနာရှင်များကို အခမဲ့ကုပေးမည်

အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးကူးစက်ခံထားရသည့် ဆင်းရဲမ်း ပါးသူများ အသက်မဆုံးရှုံးစေရေးအတွက် H+100 အသည်းကူညီမှု အဖွဲ့က မန္တလေးမြို့၌ အခမဲ့ဆေးဝါး ကုသ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

အဆိုပါ H+100 အသည်းကူညီမှုအဖွဲ့ကို မန္တလေးမြို့ရှိ စာနယ် ဇင်း ဆရာများ၊ ဆရာဝန်ကြီးများ နှင့် မန္တလေးအခြေစိုက် သဘင်အနု ပညာရှင်များ အပါအဝင် အလှူရှင် များဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ငွေကြေးချို့တဲ့သူ အသည်းရောဂါ ဝေဒနာ ရှင်များ၊ ဘီပိုး စီပိုးကူးစက်ခံထားရ သည့် သံဃာတော်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဘီပိုး စီပိုးကြောင့် အသက် မသေဆုံးစေရေးအတွက် အထူးဦးစားပေး၍ အခမဲ့ကုသပေးလျက်ရှိသည်ဟု ၄င်းအဖွဲ့ မှ အဖွဲ့ဝင် ဦးသောင်း ထွန်းက ပြောသည်။

၎င်းအဖွဲ့အနေဖြင့် ငွေကြေးချို့တဲ့သူ အသည်းဝေဒနာရှင်များ အနက် ၇ ဦးအား ၂ဝ၁၂ ခုနှစ် အတွင်း ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပြီး ရန်ပုံငွေအခက်အခဲအရ အခမဲ့ဆေးဝါးကုသပေးမှု အားရပ်ဆိုင်းခဲ့သော်လည်း ယခုအခါ ပြင်ပအလှူရှင်များ၏ ပံ့ပိုးလှူဒါန်းငွေဖြင့် လူနာအသစ်များအား လက် ခံကုသပေးသွားမည် ဖြစ် ကြောင်းသိရသည်။

”အဓိကကတော့ ငွေကြေး မတတ်နိုင်တဲ့သူတွေနဲ့ ဘီပိုး၊ စီပိုးဖြစ်ရင် ဆေးကုသစရိတ် မတတ်နိုင်လို့ အသည်းခြောက်တာတို့၊ အသည်းကင်ဆာတို့ဖြစ်ပြီး သေကြရ တယ်။ အဲဒီလိုမျိုး မဖြစ်ရအောင် ငွေကြေး မတတ်နိုင်တဲ့ သူတွေကို ကျွန်တော်တို့အဖွဲ့က အသည်း လုပ်ဆောင်ချက်တွေ အခမဲ့စစ်ပေးတာတို့၊ Ultra Sound ရိုက်ပေးတာတို့၊ ရောဂါပိုး ရှိ မရှိ စစ်ပေးတာ တို့ကို အခမဲ့လုပ်ပေးနေတယ်။ ဆေးဖိုး မတတ်နိုင်တဲ့ သူတွေကို လည်း လုံးဝပျောက်ကင်းတဲ့အထိ အခမဲ့ကုပေးတယ်”ဟု ၄င်းက ဆိုသည်။

ထိုသို့ အခမဲ့ကုသပေးခြင်းကို မန္တလေးမြို့၌ လစဉ် ၂ဝ ရက် နေ့မှ ၂၄ ရက်နေ့အထိ တစ်လ လျှင် လေး ရက်တိုင် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ပြီး လူနာများ ဆေးဝါးကုသ ရန်အတွက် လိုအပ်သော ရန်ပုံငွေအား H+100 အဖွဲ့ဝင်များမှ တစ်လလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် လှူဒါန်းလျက်ရှိကြောင်း၊ ငွေကြေးချို့တဲ့၍ အသည်းရောဂါ ခံစားနေ ရသူများ အနေဖြင့် လူရွှင်တော် စာရေးဆရာ ဦးချစ်စရာ ဖုန်း -ဝ၉-၄၃၁၄၁၆၇၃၊ ဦးစောနေဝင်း (ရူပဗေဒ) ဖုန်း-ဝ၉-၂ဝ၂၅၄၄၅ တို့သို့ ဆက်သွယ်စုံစမ်း၍ အကူအညီတောင်းခံနိုင်ကြောင်း ထပ်မံသိရသည်။

Popular Myanmar News Journal

သမ္မတအား ဆုပေးခြင်းသည် ပညာရေးကဏ္ဍနှင့်သာ တွက်ချက် စဉ်းစားခဲ့ခြင်းဖြစ်

မြန်မာနိုင်ငံတွင်း နိုင်ငံရေး မငြိမ်သက်မှုနှင့် စစ်ပွဲများ ဆက် လက် ဖြစ် ပွားလျက် ရှိနေသော်လည်း (Bansomdej chaopraya Rajabhat University - BSRU) မှ ဂုဏ်ထူးဆောင် ဆုတံဆိပ် လာရောက်   ပေးအပ်ခဲ့သည့် အပေါ်ဝေဖန်မှုများရှိခဲ့ခြင်းကို ယင်းတက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်းရေးမှူးမှ ပညာရေးကဏ္ဍတွက်ချက် စဉ်းစားမှုဖြင့်သာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမအား ပြောသည်။

၎င်းက “နိုင်ငံရေးက နိုင်ငံရေးနဲ့ပဲ သက်ဆိုင်ပါတယ် ၊ မြန်မာပြည် နိုင်ငံရေး အခြေအနေမတည်ငြိမ်မှု စစ်ပွဲတွေ အဲဒီအခြေအနေ တွေက ဒီဂုဏ်ထူးဆောင်ဆုတံဆိပ်နဲ့ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး လို့ကျွန်မ မြင်တယ်၊ ကျွန်မတို့ အခုလို ဆုတံဆိပ် ပေးအပ်တာကလည်း ပညာရေးကဏ္ဍနဲ့ပဲတွက်ချက် စဉ်းစားပြီး ပေးအပ်ခြင်း ဖြစ်တယ်” ဟု မဇ္ဈိမအား ပြောသည်။

စီမံ ခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary Doctor of Philosophy in Technology Management) ခေါ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို သမ္မတဦးသိန်းစိန်အား ဇန်န၀ါရီလ ၂၃နေ့ ညနေ ငါးနာရီ တွင် သမ္မတအိမ်တော် ၌ ပေးအပ်ခဲ့ကြောင်း သမ္မတရုံး ၀ဘ်ဆိုက်တွင်ဖော်ပြထားသည်။

( Bansomdej chaopraya Rajabhat University - BSRU) တက္ကသိုလ်မှ အဓိပတိ ဘုတ်အဖွဲ့ ဝင်နှင့် တက္ကသိုလ် အကြံပေး အဖွဲ့များ ပါဝင်သည့် (၉) ဦးပါ ကိုယ်စားလှယ်အဖွဲ့အား တက္ကသိုလ်တွဲဖက် ပါမောက္ခ ဒေါက်တာဖွန်လာဆစ် နူချူချိုင်းမှ ဦးဆောင်ကာ နေပြည်တော်ရှိ သမ္မတအိမ်တော် သဘင် ဆောင်၌ သမ္မတအား ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က မိမိအား ယခုကဲ့သို့ဂုဏ်ထူးဆောင်ဆုတံဆိပ် ပေးအပ် ခြင်းသည် မိမိ တို့ နိုင်ငံနှင့် ပြည်သူများ၏ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများ အပေါ် အသိအမှတ် ပြုမှုတစ်ရပ်အဖြစ်ခံယူကြောင်း ဆုပေးအပ်ပွဲအခမ်းအနားတွင် ပြောခဲ့သည် ဟုသမ္မတ ရုံး ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဆက်လက်၍လည်း ထိုင်း မြန်မာနှစ်နိုင်ငံကြား ပညာရေးကဏ္ဍပူးပေါင်းလုပ်ဆောင် မှု မြင့်မား စေရန် မြန်မာ တက္ကသိုလ်နှင့် မိမိတို့တက္ကသိုလ်များအကြားပညာသင်ကြားမှု ဖလှယ်ရေးအစီအစဉ် သဘောတူစာချူပ်များ ဆက်လက်ချုပ်ဆိုသွားရန်ရှိကြောင်းလည်း ( Bansomdej chaopraya Rajabhat University - BSRU) မှ တက္ကသိုလ် အဓိပတိ ဘုတ်အဖွဲ့ လက်ထောက် အတွင်း ရေးမှူးမှ မဇ္ဈိမအား ပြောသည်။

၎င်းက “အနာဂါတ်မှာအာဆီယံ နိုင်ငံတွေအကြား ကူးလူးဆက်သွယ်မှု ကောင်းမွန်လာရင်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ဘာသာစကားဖလှယ်သင်ကြားမှုတွေရှိလာမယ်၊ ဒါ့ပြင်ကို ပညာရေးကဏ္ဍနဲ့ ပတ်သက် ပြီးတော့မြန်မာ နိုင်ငံနဲ့ ကျွန်မတို့ တက္ကသိုလ်ကြားမှာလည်း MOU စာချုပ်တွေ ဆက်လက်ချုပ်ဆို ကြဖို့ ရှိပါတယ်၊ ချုပ်ဆို နိုင်မယ် လို့လည်း မျှော်လင့် ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် တက္ကသိုလ်အနေနှင့် ယခုဘွဲ့တံဆိပ်ကို အခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံ အသီးသီး ရှိ နိုင်ငံ ဥသျှောင်ခေါင်းဆောင်များအား ပေးအပ်ခဲ့ပြီး ဖြစ်ကာ မြန်မာနိုင်ငံအား အာဆီယံ နိုင်ငံ အတွင်း နောက် ဆုံး ပေးအပ်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း မစ္စစ် ဝလင်းလက်စ် မှ ပြောကြားခဲ့ပါသည်။

သမ္မတ ဦးသိန်းစိန်အား အဆိုပါဆု ပေးအပ်နိုင်ရန် ဗန်ကောက် မြန်မာသံရုံးမှ တဆင့် ၂၀၁၂ နှစ်ဆန်းပိုင်း ခန့်ကပင် ဆက်သွယ် ခဲ့သော်လည်း ဒီဇင်ဘာလ မှသာ သမ္မတမှ လက်ခံရန် အကြောင်းပြန်ခဲ့သဖြင့် ၂၀၁၃ ဇန်န၀ါရီလ ၂၃ ရက်နေ့ တွင် ပေးအပ် နိုင်ခဲ့သည်။

Mizzima - News in Burmese

ဒေသတည်ငြိမ်မှုမရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်


ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် တစ်လပြည့်သွား ပြီ ဖြစ်ပေမယ့် မီးပုံမှန်အတိုင်း ပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရ နဲ့ ကေအိုင်အေ တို့နှစ်ဖက်ကြားက တိုက်ပွဲတွေအပေါ်မှာမူတည်နေ တယ်လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက RFA ကို ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာမှာရှိတဲ့ ဘူးဂါးကုမ္ပဏီပိုင် မလိရေအားလျှပ်စစ် စက်ရုံနားတစ်ဝိုက်မှာ လုံခြုံရေး အခြေအနေမရှိမှု၊ မြေမြှုပ်မိုင်း အန္တရာယ်တွေအပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က နှစ်ဖက်တိုက်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ ဓာတ်တိုင်နဲ့ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့ အတွက် လျှပ်စစ်မီးပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးဖို့ အတိအကျမပြောနိုင်သေးဘူးလို့ ဘူးဂါးကုမ္ပဏီရဲ့ လျှပ်စစ်မီး ဖြန့်ဖြူးရေးမန်နေဂျာ ဦးဇာမဲခင် က RFA ကို အခုလိုပြောပါတယ်။

"တိုက်ပွဲတွေမရှိတော့ဘူးဆိုရင် တိုင်နှစ်တိုင်ကို အဆင်သင့်လဲဖို့ သံတိုင်တွေကိုစီစဉ်ထားတယ်၊ အခု အဲဒီမှာအရပ်သားဆိုတော့ လွတ်လွတ်လပ်လပ်သွားလို့မရတော့၊ မိုင်းတွေလည်း ထောင်ထားတော့ အဲဒီ ပတ်ဝန်းကျင်ကို သွားလို့မရတော့ ဒီအတိုင်းပဲ အဆင်သင့်စောင့်နေတဲ့ အနေအထားပဲ ရှိပါတယ်"

ဒီအတောအတွင်း ပျက်စီးသွားတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့ အခိုက်အတန့် ကာလမှာတော့ ဘူးဂါးကုမ္ပဏီက ၅၀၀ကေဗွီအေ အင်ဂျင်စက် ၃လုံးနဲ့ အချိန်ပိုင်းအလိုက် မီးပေးဖို့ စီစဉ်နေ တယ်လို့ ဦးဇာမဲခင်က ပြောပါတယ်။

RFA

တရား သူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း

ပြည်သူလူထု၏ ယုံကြည်မှုရရှိ စေရန်နှင့် တရားစီရင်ရေးတွင် ဖြောင့်မတ်မှန်ကန် စေရန် တရားသူကြီးများ တရားခွင်တက်တိုင်းကျမ်းသစ္စာကျိန်ဆိုရန် တိုက်တွန်း ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ ယင်းအဆိုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမအကြိမ်ပုံမှန်အစည်းအဝေးတွင် ၄င်းက အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

ကျမ်းသစ္စာ အက်ဥပဒေပုဒ်မ(၆) အရ ဟိန္ဒူဘာသာဝင် နှင့် မဟာမေဒင်ဘာသာဝင် သက်သေများ၊ ဂျူရီ လူကြီးများ၊ စကားပြန်များကို ချွင်းချက်ထားပြီး ကျန်ဘာသာဝင် တရားသူကြီးများသည် ပြည်သူလူထုကို မဏ္ဍိုင် ပြုသော ကတိသစ္စာ ပြုခြင်းထက် ကျမ်းသစ္စာကို မပျက်မကွက်ကျိန်ဆိုသင့်ကြောင်း ၄င်းကပြောဆို သည်။

ပြည်ထောင်စုတရားသူကြီးချုပ် နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တရားလွှတ်တော် တရားသူကြီးများမှာ တရားသူကြီး တာဝန် ပေးအပ်စဉ်ကပင် နိုင်ငံတော် သမ္မတနှင့်တိုင်း ဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများထံ အသီးသီးကျမ်းသစ္စာ ကျိန်ဆိုပြီး ဖြစ် သဖြင့် တရားခွင်တက်တိုင်း နေ့စဉ်ကျမ်းသစ္စာကျိန်ဆိုရန်မလိုကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောကြားသည်။

ပြည်ထောင်စုတရားရုံးချုပ် နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရား သူကြီးများအပါအဝင် မြို့နယ် တရားသူကြီးများသည် တရားခွင်တက်တိုင်း ပြည်သူ့ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုရန် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းကာ ဇန်နဝါရီလ ၂၃ရက် နေ့တွင် တင်သွင်းခဲ့ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန်က ပြောဆို သည်။

တရားသူကြီးများ တရားခွင်တက်တိုင်း နေ့စဉ်ကျမ်းသစ္စာကျိန်ဆို နေရလျှင် ကျမ်းသစ္စာကျိန်ဆိုခြင်းမှာ တန်ဖိုးမဲ့သွား နိုင်သည် ဟု ၁၉၄၀ ခုနှစ် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားစုံစမ်းရေး ကော်မရှင်၏ အစီ ရင်ခံစာတွင် ဖော်ပြထားကြောင်း ဦးစိုးညွန့်ကဆိုသည်။

The Voice Weekly

ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း

ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသော အကူ အညီပေးရေး အေဂျင်စီများအား အတားအဆီမရှိဝင်ခွင်ပြုရန် အမေရိကန်ပြည်ထောင်စုက တိုက် တွန်းကြောင်း ၂၄ ရက်နေ့ တွင် ထုတ်ပြန်သော အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင်စစ်ပွဲကြောင့် ကချင်ဒေသမှအရပ်သားများ ဘေးကင်းလုံခြုံရေးကို အမေရိကန်ပြည်ထောင်စု အနေဖြင့် များစွာ စိုးရိမ်ပူပန်လျှက်ရှိကြောင်းတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းအတွက် အမေရိ ကန်ပြည်ထောင်စုအနေဖြင့်  စိုးရိမ်ပူပန်ကြောင်းစသည် အချက်များအား အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။

ထိုသို ဆက်လက်တိုက်ခိုက်မှုများရှိနေသေးခြင်းသည် အရပ်သားများထိခိုက်သေကြေစေကာ အမျိုး သားပြန်လည်သင့်မြတ်ရေးအား အားယုတ်စေကြောင်း ထို ထုတ်ပြန်ချက်တွင် အမေရိကန်က ထောက်ပြ ထားသည်။

မြန်မာအစိုးရ၏ ကြေညာချက်အရ ဇန်န၀ါရီ ၁၉မှ စကာ အပစ်အခတ်ရပ်စဲထားပြီ ဆိုစေ ကာမူ မြန်မာ့ တပ်မတော်သည် ကချင်လွတ်မြောက်ရေး တပ်တော်ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်တွင် ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေ သည် ကို မီဒီယာများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ သတင်းများ ကဖော်ပြနေကြောင်း သတင်းထုတ်ပြန်ချက်မှ ဆိုသည်။

ကချင်အရေးနှင့်  ပတ်သတ်၍ အမေရိကန်အစိုး၏ ထုတ်ပြန်ချက်ထွက်ရှိပြီးနောက် နိုင်ငံတော် သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က “သံရုံးရဲ့ ကြေညာချက်မှာ လိုင်ဇာဒေသတစ်ခုတည်းကိုသာရည်ညွှန်းပြီး ကျန် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကေအိုင်အေအဖွဲ့က တပ်မတော်စခန်းများနဲ့ အရပ်ဘက်ပစ်မှတ်များကိုတိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန်ပျက်ကွက်မှုနဲ့ လဂျားယန်ဒေသက တပ်မတော်စခန်းများကို ကေအိုင်အေတပ်ဖွဲ့များက လာရောက်တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှုများအပေါ် အံ့သြမိပါတယ်။ ” ပာု ၎င်း ဖေ့ဘုတ် ကိုယ်ပိုင်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထိုးစစ်တဖက်သတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ကို ယခုလ ၁၈ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာချက် ထုတ်ပြန်ပြီးနောက် ယမန်နေ့က အထိ ကေအိုင်အေအဖွဲ့က စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု (၉) ကြိမ်ရှိခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။

Mizzima - News in Burmese

ယာသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ တစ်ဧက နှစ်သောင်းတိုးမြှင့် သတ်မှတ်

ယာသီးနှံများဖြစ်သော မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပဲမျိုးစုံ ၊ အစေ့ထုတ်ပြောင်း ၊ ဝါစိုက်ပျိုးသည့် တောင်သူများ စိုက်ပျိုးစရိတ်ကာမိစေရန် လာမည့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ကာ တစ်ဧကလျင် ကျပ် တစ်သောင်းမှ ကျပ်နှစ်သောင်းသို့ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယင်းဌာန၏ထုတ်ပြန်ချက်များအရ လက်ကျန် ချေးငွေ ကြွေးဟောင်းများကို အပြည့်အဝ ပေးဆပ်ပြီးသူများ ကိုသာ ချေးငွေသစ်ကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

The Voice Weekly

လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ

ကချင်လွတ်မြောက်ရေးဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် တနှစ်အောက် ကလေး ငယ်များ ဝမ်းရောဂါ ဖြစ်ပွားမှုများပြားလာပြီး ယခုလ အတွင်း သေဆုံးသူ အနည်းဆုံး ၇ ဦး ရှိနေပြီဟု လိုင်ဇာပြည် သူ့ ဆေးရုံမှ ကလေး အထူးကု ဆရာဝန် ဒေါက်တာ ဆိုင်းမိုင်က ပြော သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှ စတင်ဖြစ်ပွား ခဲ့သော်လည်း ဇန်နဝါရီလတွင် ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမို ပြင်း ထန်လာပြီး ၂၀ ရက်နေ့မှ ယနေ့ ၂၄ ရက်နေ့ထိ ကလေးငယ် ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ဆုံးသွားတဲ့ကလေးက မျက်ဖြူလန်သွားတယ်။ တကိုယ်လုံးအရည်ဓါတ် ခန်းခြောက်ပြီး အဖျား ၄၀၊ ၄၁ ဒီကရီထိတက်ပြီး ဆုံးသွားတယ်။ ဒီရောဂါက အရမ်းမြန်နေတယ်။ နှစ်ရက်သုံးရက်ဆိုရင် သေဆုံး သွားတယ်။ ဒီနေ့ဆုံးတဲ့ ကလေးကလဲ ဆေးတောင်မကုရသေးဘူး။ ရောက်တာနဲ့ ဆုံးသွားတယ်”ဟု ကလေးဆရာဝန် ဆိုင်းမိုင်ကပြောသည်။

ယနေ့ ကြာသာပတေးနေ့မှာဘဲ လိုင်ဇာမြို့ဝိုင်ချိုင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်စခန်းမှ ကလေးတဦး ထပ် မံ သေဆုံးခဲ့ပြီး ယနေ့တနေ့ထဲတင် ဝမ်းရောဂါခံစားနေရသူ ကလေး ၄ ဦး လိုင်ဇာဆေးရုံသို့ ထပ်မံ ရောက် ရှိလာနေသည်ဟု၎င်းက မဇ္စျိမသို့ပြောသည်။

အဓိကအားဖြင့် ကလေးငယ်များ အာဟာရချို့တဲ့ခြင်း အပါအဝင် ဒုက္ခသည်စခန်းအတွင်း ကြပ်ကြပ် တည်း တည်းနေထိုင်ရခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ကလေးဆရာဝန်က သုံးသပ်ပြောဆိုသည်။

ထို့ပြင် ကလေးငယ်များ သေဆုံးမှု မြန်ဆန်လာသဖြင့် ထူးဆန်းသည့်ဝမ်းရောဂါ ဖြစ်ပြီး အစိုးရနှင့် KIA တို့ အကြားတိုက်ပွဲများ တနှစ် ကျော်ကြာ ဖြစ်ပွားနေသော လက်နက်ခဲယမ်းဓါတ်ငွေ့များကြောင့် ဖြစ်နိုင် သည် ဟု ယူဆသော်လည်း လက်တွေ့ သုတေသန မပြုလုပ်နိုင်ကြောင်း သူကဆက်ပြောသည်။

လက်ရှိ လိုင်ဇာဆေးရုံတွင် ၁၀ ဦးကျော် ဆေးကုသမှုခံယူပြီး တခြားဒုက္ခသည်စခန်း အတွင်း ဆေး ကုသနေသူ အနည်းဆုံး ၁၀၀ ကျော် ဖြစ်ပွားနေသည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်နယ်စပ် ဂျယ်ယန်းဒုက္ခသည်စခန်းအတွင်းမှ ကလေးများသာ ပိုမိုဖြစ် ပွား ခဲ့သော်လည်း ယခု နောက်ပိုင်း လိုင်ဇာမြို့ပေါ်ရှိစစ်ပြေးဒုက္ခသည် ကလေးများလည်း ဖြစ်ပွားမှု ပြန့်နှံ့ လာနေခြင်း ဖြစ်သည်။

(Mizzima)

လဂျားယန် ဒေသသို့ ရောက်ရှိ လာသော အရပ်ယာဉ် တစ်စီးအား မလိုလား အပ်သည့် ထိခိုက် မှုများ မဖြစ် စေရန် အတွက် ပြန်လည် စေလွှတ်ခဲ့

မြစ်ကြီးနား- ဗန်းမော် ကားလမ်း ပေါ်ရှိ ဒေါ့ဖုန်းယန် မြို့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီခွဲ ခန့်က မြန်မာ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်မှ ကိုနေမျိုးဇင်အပါအဝင် လူငါးဦးသည် လိုက် ထရပ်ယာဉ်အမှတ် (၂င/ ၆၈၁၃)   ဖြင့် ရောက်ရှိလာပြီး ကချင် ပြည် နယ်အတွင်း တိုက်ပွဲကြီး/ ငယ်ဖြစ်ပေါ် လျက်ရှိသည့် လဂျားယန် ဒေသ မှတစ်ဆင့် KIA ဌာနချုပ်ရှိရာလိုင်ဇာသို့ သွားရောက်လိုသည့်အကြောင်း ပြချက်ဖြင့် တာဝန်ရှိသူများ တားဆီးသည့်ကြားမှ ဆက်လက်ထွက်ခွာခဲ့သည်။

အဆိုပါ နယ်မြေသည်လုံခြုံရေးအရ တည်ငြိမ်မှုမရှိသေးခြင်း၊ KIA အကြမ်းဖက်အဖွဲ့များ၏ မိုင်းအန္တရာယ် များများပြားလျက်ရှိခြင်းတို့ကြောင့် မလိုလားအပ်သည့် ဆုံးရှုံးမှုမျိုးထိခိုက်ဒဏ်ရာရရှိစေခြင်း မဖြစ်စေရေး အလို့ငှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါယာဉ်အား ဒေါ့ဖုန်းယန်မြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် လာရာလမ်းသို့ ကောင်းမွန်စွာတားဆီးရှင်းပြလျက် ပြန်လည်စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ