Tuesday, January 22, 2013
ကချင်နှင့်ငြိမ်းချမ်းရေးတွင် အစိုးရမခိုင်းလို့ ဝင်မပါဟု အကြောင်းပြခဲ့သည့် ဒေါ်စု အစိုးရမခိုင်းပဲ ကရင် ဆက်ဆံရေးရုံးသို့သွားရောက်
ကချင်နှင့်ငြိမ်းချမ်းရေးတွင် အစိုးရမခိုင်းလို့ ဝင်မပါဟု အကြောင်းပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရမခိုင်းပဲ ကရင် ဆက်ဆံရေးရုံးသို့သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အကြောင်းအမျိုးမျိုးပြကာ ကချင်ပြည်နယ်သို့မသွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ကရင်ပြည်နယ် ကျောက်ကြီး မြို့ရှိ KNU ဆက်ဆံရေး ရုံးမှ တာဝန်ရှိသူများနှင့် အစိုးရစေခိုင်းခြင်းလုံးဝမရှိပဲ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်တလောအားဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် KIA တို့မှာ ရထားလမ်းများသာမက ကားလမ်းများပါ မိုင်းထောင်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်တယ်တွင်း မိုင်းရှင်းရန် အတွက် အုပ်ချုပ်ရေးအာဏာပိုင်များနှင့်လည်း တွေ့ဆုံ ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ကိစ္စတွင် ပူးပေါင်းပါဝင်ရန်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
သမ္မတကြီးဦးသိန်းစိန် နှင့် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးအောင်မင်းတို့၏ ထူးချွန်မှုကြောင့် KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီ မှုရယူထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဖော်ဆောင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
"KNU ဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေထက် စောပြီး ဒီစားပွဲတွေကို ရောက်နေတယ်" ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးတစ်ဦးဖြစ်သော ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက KNU နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဖော် ဆောင်မှုအား သုံးသပ်ပြောဆိုထားသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုအား မည်သို့မည်ပုံ ရရှိထားမှန်းမသိသော ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် လုပ်ဆောင်နိုင်သည့် အရည်အချင်းမရှိသော ပြည်တွင်းငြိမ်းချမ်းရေးအား အကြောင်းအမျိုးမျိုးပြ ကာ ရှောင်လွှဲလျှက်ရှိနေပြီး ၎င်းလုပ်ချင်တာတွေကို အစိုးရ မခိုင်းသည်ဖြစ်စေ လုပ်နေခြင်းကြောင့် လူထု က စိတ်ပျက်လျှက်ရှိပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု အပေါ်တွင်လည်း အထင်ကြီးမှု လျှော့နည်းလာကြောင်း သတင်းရရှိသည်။
. www.MyanmarExpress.net
အစိုးရ လုပ်ရပ်သည် တိုင်းရင်းသားများ၏ ယုံကြည်မှုကို ပျက်ပြားစေသည်ဟု UNA ခေါင်းဆောင်များ ပြော
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်းစစ်အပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းနေမှုသည် တိုင်းရင်းသားများ၏ ယုံကြည် မှုကို ပျက်ပြားစေသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ United Nationalities Alliance ( UNA ) က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ Centre Hotel တွင် ဇန္န၀ါရီလ ၂၀ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် ဂျပန်ဒီမိုကရက်တစ် ပါတီ အောက်လွှတ်တော်အမတ် Mr Masaharu Nakagawa (Acting Secretary General of the DPJ and Mr Michihiro Ishibashi DPJ) တို့ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုဖေါ်ဆောင်ရန် တိုင်းရင်း သားများနှင့် အစိုးရအကြား ဂျပန် အနေဖြင့် ၀ိုင်းဝန်း ပါဝင်ကူညီရန် သဘောထားများကို ဂျပန် အောက် လွှတ်တော် အမတ်က ပြောဆိုခဲ့ဟု သိရသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ၏ သဘောထားတုန့်ပြန်ပြောဆိုချက်နှင့် ပတ်သက်ပြီး ဆွေး နွေးပွဲတွင် ကိုယ်တိုင်တက်ရောက်ခဲ့သူ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က နိရဉ္စရာသို့ ယခုလို ပြော သည်။
“ ဒီနေ့ ပြည်တွင်းစစ် ရပ်စဲဖို့ ကိစ္စမှာ ပြည်တွင်းစစ်ကို တိုင်းရင်းသားတွေက အမြန်ဆုံးရပ်စဲချင်ပေမယ့် အခု အစိုးရက လုပ် နေတဲ့ ပုံစံတွေဟာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေတဲ့ အကြောင်း ကို ပြောပြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကရင်အပါအ၀င် တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်း သဘောတူညီချက်တွေ ရယူ ထားပေမယ့် KIO နဲ့ အခုအချိန်ထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်။ လေယာဉ်တောင်မှ ဂျက်လေယာဉ်တွေနဲ့ တိုက်နေတဲ့ တိုက်ပွဲအတွက် ကျွန်တော် တို့ စိုးရိမ်တဲ့အကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့အတွက် ဂျပန်နိုင်ငံအပါအ၀င် အမေရိကတို့က ၀င်ပြီးတော့ အစိုးရကို တတ်နိုင်သလောက် ဆောင်ရွက်ပေးဖို့အကြောင်း၊ တကယ်လို့ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါ မှာလဲ ကြားနိုင်ငံ ကြားအဖွဲ့အစည်းတွေ လိုအပ်တဲ့အကြောင်းတွေကို ဆွေးနွေးကြပါတယ်။”
ဂျပန်အစိုးရအနေဖြင့် ပြည်ပ တိုင်းရင်းသားအဖွဲ့အစည်းများကို ကူညီသကဲ့သို့ ပြည်တွင်း တိုင်းရင်းသား ပါတီအဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဂျပန် အမတ်က ပြောကြားခဲ့သည်ဟု ဦးအေးသာအောင်က ပြောသည်။
“ ဂျပန်နိုင်ငံအနေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကိုလဲ ဆက်သွယ်ပြီးတော့ ပြည်ပမှာရှိတဲ့ UNFC ကိုလဲ ဆက်သွယ် တယ်။ အကူအညီတွေ ပေးတယ်။ အဲဒီလိုဘဲ ပြည်တွင်းထဲမှာ ရှိတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ ဆက်သွယ်ပြီးတော့ နှီးနှော ဖလှယ်တာတွေ၊ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ကို ဖေါ်ဆောင်ဖို့ ကိစ္စတွေမှာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စတွေကို ဂျပန်က ပြောပါတယ်။”
မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA နှင့် ဂျပန်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့သည်ဟု ဦးအေးသာအောင်က ပြောသည်။
ဆွေးနွေးပွဲကို တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဥက္ကဌ ဦးအေးသာအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးအပါအ၀င် တခြား ကချင်၊ ကရင်၊ မွန်၊ ချင်း စသော တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်ဟု သိရသည်။
Democratic Party of Japan (DPJ) လွှတ်တော် အမတ် Mr. Nakagawa သည် ဂျပန်ရောက် မြန်မာတိုင်းရင်းသားများ နှင့်လည်း ရင်းနှီးချစ်ခင်စွာ မြန်မာ့အရေးများကို ပူးပေါင်း ဆောင်ရွက်နေသူ ဖြစ်သည်ဟု သိရသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) ကို ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ် ဆောင်ရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိသော စစ်မှန်သည့် ပြည်ထောင်စု ဖြစ်ထွန်းလာရေးကို လုပ် ဆောင်သွားရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသား ဒီမိုကရေစီပါတီနှင့် ကရင်အမျိုးသား ဒီမိုကရေစီပါတီတို့ပါဝင်သည်ဟု သိရသည်။
ဒီကပါ။
မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံကဏ္ဍ၌ နိုင်ငံ ခုနစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း မြှုပ်နှံထားပြီး စင်ကာပူက ထိပ်ဆုံးမှ ရပ်တည်
မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက် အအုံ ကဏ္ဍ၌ နိုင်ငံပေါင်း ခုနစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး ယင်းအနက် စင်ကာပူနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အချက်အလက်များအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ ရင်းနှီးမြှုပ်နှံဆောက်လုပ်လျက် လုပ်ငန်း လည် ပတ်ခြင်းကို စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်၊ ဗီယက်နမ်နိုင်ငံတို့မှ ၀င်ရောက်မြှုပ်နှံထားပြီး စင်ကာပူနိုင်ငံသည် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံ ၁၂ ခုတွင် အမေရိ ကန်ဒေါ်လာ ၅၉၇ ဒသမ ၇၅၆ သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံပြီးနောက် ထိုင်းနိုင်ငံသည် အဆောက်အအုံ ၁၀ ခု အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၇၅ သန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ထို့အတူ ဂျပန်နိုင်ငံသည် အဆောက်အအုံ ခြောက်ခုဖြင့် ဒေါ်လာ ၁၈၃ ဒသမ ၀၁၃ သန်း၊ ဟောင်ကောင်သည် အဆောက်အအုံ လေးခုဖြင့် ဒေါ်လာ ၇၇ သန်း၊ မလေးရှားနိုင်ငံသည် အဆောက်အအုံ နှစ်ခုဖြင့် ဒေါ်လာ သန်း ၂၀၊ ဗြိတိန်နိုင်ငံသည် အဆောက် အအုံ တစ်ခုဖြင့် ဒေါ်လာ ၃ ဒသမ ၄၀ သန်း၊ ဗီယက်နမ်နိုင်ငံသည် အဆောက်အအုံ တစ်ခုဖြင့် ဒေါ်လာ သန်း ၃၀၀ အသီးသီး မြှုပ်နှံထားသည်။
ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ရင်းနှီးမြှုပ်နှံလာသော နိုင်ငံဖြစ်ပြီး နိုင်ငံရေးအပြောင်း အလဲများ ပေါ်ပေါက်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ၀န်ဆောင်မှုလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ရန် လာရောက်ဆွေးနွေးခဲ့ကြသည့် နိုင်ငံများအနက် ပထမဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံလည်း ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ပြီး တည်ဆောက်ဆဲ အဆောက်အအုံ စုစုပေါင်းသည် ၃၆ ခုရှိပြီး တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်လျက်ရှိသည့် အဆောက်အအုံမှာ ၃၀၊ တည်ဆောက်ဆဲ ငါးခုနှင့် B.O.T စာချုပ် လက်မှတ်ရေးထိုးပြီးသည့် အဆောက်အအုံမှာ တစ်ခုဖြစ်သည်။
စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၊ မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်၊ ရန်ကုန်မြို့ရှိ Parkroyal ဟိုတယ် စသည့်အဆောက်အအုံများ၊ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွင် Chatrium ဟိုတယ်၊ Mandalay Hill Resort ဟိုတယ် စသည့်အဆောက်အအုံများ၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွင် ဆာကူရာတာဝါ၊ သီရိပစ္စယာ ဆာကူရာဟိုတယ် စသည်တို့ ပါဝင်နေသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၁ ခုနှစ်တွင် စတင်တိုးတက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်မူ အခြားသောနှစ်များထက် ခရီးသွားဝင်ရောက်မှု တိုးတက်ခြင်းများကို တွေ့ကြုံလာရကြောင်း၊ ဟိုတယ် အခန်းမလုံလောက်မှုများသည် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ခရီးစဉ်ဒေသ အများစု တွင် ဖြစ်ပေါ်နေကာ ရန်ကုန်မြို့တွင် အဓိက ကြုံတွေ့နေရကြောင်း သိရှိရသည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၁၄၄ ဒသမ ၄၁၉ သန်း ဖြစ်သည်။
Eleven Media Group

မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ
မန္တလေးခရိုင်အတွင်း၂၀၁၁-၂၀၁၂ခုနှစ်အတွင်းက ညပိုင်းဖြစ်သည့် ည ၆ နာရီမှ ည၁၂နာရီအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ခရိုင် အတွင်းယာဉ် တိုက်မှုစာရင်းထုတ်ပြန် ချက်များအရ သိရသည်။
ယာဉ်တိုက်မှုများမှာ ညနေ၆နာရီမှ၁၂နာရီအတွင်း ယာဉ်တိုက်မှု(၁၆၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နှစ် ကထက် စာလျှင် နှစ်ဆခန့် ပိုမိုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် (၁၇၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ညပိုင်းအချိန်ဆိုမန္တလေးမှာ ဦးထုပ်မဆောင်းတဲ့သူတွေများတယ်၊ အဲဒါကြောင့် သေဆုံးတာဖြစ်တဲ့အပြင် ညပိုင်းအချိန်ကျတော့လည်း အရက်သေစာသောက်စားမူးယစ်ပြီး မောင်းနှင် တာတွေကြောင့် လည်း သေဆုံးတာ ဖြစ်ပါတယ်၊ အဲဒီအတွက်တော့ စီမံချက်တွေ ချမှတ်ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်” ဟု ယာဉ်ထိန်းရဲတစ်ဦး က ပြောသည်။
ညပိုင်းယာဉ်တိုက်မှုတွင် ဆိုက်ကယ်ဖြင့်တိုက်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခဲ့ကြောင်း၊ ဆိုက်ကယ်တိုက်မှုအဖြစ် ၂၀၁၁-၂၀၁၂ ခုနှစ်က (၅၁၆)မှု၊ သေဆုံးသူ(၁၇၄)ဦးနှင့် ဒဏ်ရာရသူ(၆၁၈)ဦး အထိ ရှိလာခဲ့သည့်အပြင် ယခင်နှစ်များထက် နှိုင်းစာပါက ဆိုင်ကယ်အစီးရေ သိသာစွာ တိုးတက် လာကြောင်း သိရသည်။
ယာဉ်တိုက်မှုနည်းပါးစေရန်အတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက်လျက်ရှိသည်နှင့်ပတ်သက်၍ ယာဉ်စည်း ကမ်းထိန်းသိမ်းရေးကော်မတီ မှတာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။
လက်ရှိမန္တလေးခရိုင်အတွင်း ယာဉ်ထိန်း ရဲအင်အား၅၀၆ဦး နှင့် ကြီးကြပ်ဆောင်ရွက်နေကြောင်း အချက်ပြ မီပွိုင့်၂၆နေရာ၊ လမ်းဆုံလမ်းခွ (၁၇)နေရာမှ ကျောင်းယာဉ်ရှင်းလင်း ရေး(၁၁)နေရာ၊ စုစုပေါင်း (၅၄)နေ ရာကို ယာဉ်ထိန်းရဲ(၁၁၄)ဦးနှင့် နေ့ညတာဝန်ချထား ဆောင်ရွက်လျက်ရှိကြောင်း အဓိက လမ်းပိုင်းနေ ရာ များ၌ အချက်ပြမီးပွိုင့်ထားရှိရန် သက်ဆိုင်ရာသို့ တင်ပြ တောင်းဆိုထားကြောင်းနှင့် ပညာပေး ဟောပြော ပွဲများကိုလည်း စဉ်ဆက် မပြတ်ပြုလုပ်ပေးနေကြောင်း သိရှိရသည်။
“ ယာဉ်စီးရေ တိုးတက်လာမှုကြောင့် ယာဉ်တိုက်မှုလျော့ဖို့က မလွယ်လောက်သေးဘူးထင်တယ်” ဟု ယာဉ်စည်းကမ်းမှ တာဝန်ရှိသူတစ်ဦးက ၄င်း၏အမြင်ကို သုံးသပ်သည်။
(မြစ်မခ)
Myit Makha Mediagroup

မြေမြှုပ်မိုင်း ရှင်းလင်းရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်နေသော မြေမြှုပ်မိုင်း ဒဏ်သင့် ဒေသခံများ
(ဓာတ်ပုံ – ကြယ်ပြာ/ဧရာဝတီ)
ပဲခူးတိုင်း ကျောက်ကြီး နှင့် မုန်းမြို့ အကြားတွင် စစ်ပွဲလက်ကျန် မြေမြှုပ်မိုင်းများ ရှင်းလင်းရေး ဆောင်ရွက်ရန် အစိုးရ နှင့် ကရင် အမျိုးသား အစည်းအရုံး(KNU) တို့အား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆို လိုက်သည်။
ဇန်န၀ါရီ ၂၀ ရက်နေ့က ကျောက်ကြီးမြို့တော်ခန်းမနှင့် KNU ဆက်ဆံရေး ရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လွတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချူပ်ရေး ပိုင်းမှ တာဝန်ရှိသူများ၊ KNU အဖွဲ့၊ မြေမြှုပ်မိုင်းသင့် ပြည်သူများ နှင့် တွေ့ဆုံခဲ့ရာ၌ ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တံခါးပိတ် ကျင်းပသော ထိုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ဘက်အဖွဲ့အစည်းများ အား လက်ကျန် မြေမြှုပ်မိုင်းများ အမြန်ဆုံး တူးဖော်ပေးရန်၊ အစိုးရအနေဖြင့်လည်း ခြေတုလက်တု မရှိသေးသူများကို ပြုလုပ် ပေးရန်၊ ပျက်စီးနေသော ခြေတု လက် တုများကိုလည်း အသစ် ပြုလုပ်ပေးရန်၊ မသန်စွမ်းဖြစ်နေသူများအတွက် အလုပ်အကိုင် ရှားပါးမှုများကိုလည်း ဖြေရှင်းပေးရန် ပြော ဆိုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ လွတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး က ဧရာဝတီသို့ ပြောသည်။
ကျောက်ကြီး မြို့နယ် အုပ်ချူပ်ရေးမှူးက ပြန်လည် ဆွေးနွေးရာတွင် KNU နှင့် အပစ်အခတ် ရပ်စဲရုံ အဆင့်သာရှိပြီး အစိုးရ အထက် ပိုင်းမှ ခွင့်ပြုချက် မရသေးသည့် အတွက် လတ်တလော မိုင်းရှင်းလင်းရေး လုပ်ရန် မဖြစ်နိုင်သေးကြောင်း ပြောဆိုခဲ့သည်။
“ဒုက္ခရောက် နေသူတွေရဲ့ဘ၀ကို အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့၊ သူတို့ ဘ၀ပြန်လည် ရှင်သန်နိုင်ရေး ကူညီပေးဖို့ အုပ်ချူပ်ရေးမှူး ကို ကျမ ပြောခဲ့ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေသော မိုင်းဒဏ်သင့် မသန်စွမ်းများကို အားပေး စကား ပြောကြားခဲ့သည်။
မုန်းမြို့နှင့်ကျောက်ကြီးမြို့နှစ်မြို့ပေါင်း မသန်စွမ်းသူ ၃၃၃ ဦးခန့်ရှိကြောင်း သိရသည်။
မိုင်းများ မြှုပ်နှံထားသည့် နေရာမှာ တောင်များပေါ်တွင် ဖြစ်ပြီး ဒေသခံတို့၏ ဥယျာဉ်ခြံများ မှာလည်း တောင်များပေါ်၌ပင်ဖြစ်ရာ လူကြီးများသာမက ဟင်းသီးဟင်းရွက်ခူးသော ကလေးများလည်း မကြာခဏ မိုင်းနင်းမိ ပေါက်ကွဲမှုများ ဖြစ်တတ်ကြောင်း ဒေသခံများက ပြောသည်။
“ကလေးတွေ တောင်ပေါ်တက်သွားရင် မိုင်းကွဲသံများ ကြားရတော့မလားလို့ တချိန်လုံး စိတ်ပူနေတာ၊ ညနေအိမ်ပြန်လာမှ ဟင်းချနိုင်တယ်”ဟု မြေမြှုပ်ဗုံး ပေါက်ကွဲမှုကြောင့် ညာခြေထောက် ပြတ်နေသူ ဒေါ်လုံးတုံးက ဆိုသည်။
၂၀၀၇၊ ၂၀၀၈ ခုနှစ်က မြို့နယ် အုပ်ချူပ်ရေး အဖွဲ့က မသန်စွမ်းများ စာရင်း ကောက်ခံခဲ့သော်လည်း မည်သို့မျှ အကြောင်း မထူး ခဲ့ကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီ အသင်း(ICRC) ကနေ စရိတ် စိုက်ထုတ်ပြီး ဗုံးထိသူများ အား ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေး ဆေးရုံသို့ ခေါ်ယူ၍ ခြေတုလက်တုများ တပ်ဆင်ပေး ခဲ့ရကြောင်း သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ၂၂ ရက်နေတွင် ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အတွက် အရေးပေါ် အထောက်အပံ့ ပစ္စည်များ ပေးအပ်ပွဲတွင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ပြည်နယ် တိုင်း ဒေ သကြီး အသီးသီး၌ မြေမြှုပ်မိုင်း ရှာဖွေရှင်းလင်းခြင်းများ လုပ်ဆောင်မည်ဟု ပြောကြားသည်။
၂၀၁၂ ဇန်န၀ါရီ ၁၂ ရက်နေ့က ဘားအံမြို့တွင် KNU နှင့်အစိုးရတို့ ပထမအကြိမ် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုး ခဲ့ပြီးနောက်တွင် ပဲခူးတိုင်း ကျောက်ကြီး၊ တနင်္သာရီတိုင်း ထားဝယ်၊ ဘုရားသုံးဆူနှင့် မြ၀တီ မြို့နယ်များတွင် ဆက်ဆံရေး ရုံးများလည်း ဖွင့်လှစ်ခဲ့သည်။
http://burma.irrawaddy.org/archives/31564
သံဖြူဇရပ်မြို့မဈေးကြီးမီးလောင်မှု သံသယများဖြစ်ပေါ်နေကြ
သံဖြူဇရပ်မြို့မဈေး မီးလောင်ပြီးယနေ့နံနက်ပိုင်းတွင်တွေ့ရပုံ(ဗညားထောလေး-Facebook)
လွန်ခဲ့သည့်သန်းခေါင်းယံချိန်အနီးတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မဈေးကြီး မီးစတင်လောင်ကျွမ်းပြီး ယနေ့နံနက်ပိုင်းတွင် ပြာပုံအတိသာကျန်ရှိနေသည်ကို သံသယဖြစ်နေကြရသည်ဟု မြို့ခံများက ပြောသည်။
ထိုသို့လောင်ကျွမ်းခဲ့ရာတွင် ဈေးကြီးပတ်လမ်းရှိ ဆိုင်ခန်းငယ်များနှင့် ဟင်းသီးဟင်းရွက်ဈေးတန်းများသို့ ကူးစက်ခြင်းလောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။
ဈေးသားတစ်ဦးက “မီးစလောင်တာသိသိချင်း မီးငြိမ်းသတ်ဖို့လူတွေရောက်လာကြတယ်၊ အစောင့်တွေ ဈေးဂိတ်တံခါးဖွင့်မပေးဘူး၊ အစောင့်တွေကပဲ ပြာယာခန့်နေကြတယ်၊ မီးကိုမနိုင်တော့ဘူး၊ လောင်ပြီးတစ်နာရီ လောက်ကြာမှ မီးသတ်ကားတွေရောက်လာတယ်၊ ဘယ်ပစ္စည်းမှမရလိုက်ကြဘူး အကုန်လုံးပြောင်သွားတယ်” ဟု ပြောသည်။
သံဖြူဇရပ်မြို့၊ မီးသတ်ဦးစီးရုံးမှ အဆိုပါမြို့မဈေးကြီးသို့ မီးသတ်ကားများ အရေးပေါ်မောင်းနှင်လာလျှင် အချိန် ၃ မိနစ်ခန့်သာကြာမြင့်မည်ဟုလည်း ခန့်မှန်းနေကြသည်။
သံဖြူဇရပ်မြို့မဈေး မီးလောင်နေဆဲပုံ (ဗညားထောလေး-Facebook)
လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်အလိပ်၂၁၅ ဆိုင်နှင့် အခြားပစ္စည်း အမျိုးစုံရောင်းချသော သံဖြူဇရပ်မြို့မဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၆၀ဝ နီးပါးခန့်ရှိသည်ဟု စည်ပင်သာယာ စာရင်းအရ သိရသည်။
ထိုမီးလောင်ရာသို့ သံဖြူဇရပ်မြို့နှင့် အနီးပတ်ဝန်းကျင်မှ မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ်များ ရောက်ရှိ လာပြီး ငြိမ်းသတ်ခဲ့ရာ ယနေ့နံနက် ၂ နာရီအချိန်ခန့်တွင် မီးစွယ်ကြိုးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
မီးသတ်ကားများသည် ဈေးပြင်ပပတ်လည်ရှိ နေအိမ်အဆောက်အဦများ မီးဆက်လက်မကူးနိုင်ရန်အတွက် အဓိကထားပြီး ငြိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။
အမည်မဖေါ်လိုသောရွှေဆိုင်ပိုင်ရှင်တစ်ဦးက “ ခုတလောမီးလောင်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ပြန့်နေတယ်၊ ရွှေထည်ပစ္စည်းကို ညပိုင်းဈေးဆိုင်မှာမထားကြဘူး၊ နက်ဖြန်ဈေးပိတ်ရက်လည်း ဖြစ်နေတယ် လေ” ဟု ပြောသည်။
ယခုမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို အတိအကျမသိရှိနိုင်သော်လည်း အနည်းဆုံးငွေကျပ်သိန်းပေါင်း သန်းနှင့်ချီ၍ဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းကြသည်။
၁၉၈၄ ခုနှစ်ဝန်းကျင်က ဆောက်လုပ်ခဲ့သော သံဖြူဇရပ်မြို့မဈေးကို ခေတ်နှင့်အညီ အသစ်ပြန်ဆောက်ရန်(သို့မဟုတ်) အခြားနေရာသို့ပြောင်းရွှေ့ရန် လွန်ခဲ့သည့် ၃ နှစ်ခန့်က ကြိုးပမ်းခဲ့မှုများရှိသည်ဟုလည်း သတင်းများဖြစ်ပေါ်ခဲ့သည်။
သက်ဆိုင်ရာ သံဖြူဇရပ်မြို့အာဏာပိုင်အဖွဲ့က ယင်းမြို့မဈေးမီးလောင်မှုကို လျှပ်စစ်ဝါယာရှော့ကြောင့်ဟု အထက်သို့အစီရင်ခံ တင်ပြရန်ပြောကြားခဲ့သည်ကို မြို့နယ်လျှပ်စစ်ဌာနက လက်မခံ ငြင်းပယ်ခဲ့သည့် လျှို့ဝှက် ဆွေးနွေးချက် ဗီဒီယိုမှတ်တမ်းဖိုင်တခု လွတ်လပ်သော မွန်သတင်းအေဂျင်က လက်ခံရရှိခဲ့သည်။
အလားတူ ၂၀ဝ၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတွင် မော်လမြိုင်အောက်ဈေးတစ်ခုလုံး မီးလောင်ကျွမ်းဆုံး ရှုံးမှုတွင် မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းခဲ့ရသည်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်ခြင်းမရှိ သဖြင့် ဈေးသစ်ဆောက်လုပ်နိုင်ရန် ဈေးဟောင်းမီးရှို့ခဲ့သည်ဟု ဈေးသူဈေးသားများ သံသယဖြစ်ပေါ်ခဲ့ကြ သည်။
ဒီကပါ။
ကျပ်တစ်သိန်းတန်ဖုန်းများ ဈေးလျော့ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်းကြောင့် ရောင်းချမည့်အချိန် ကြန့်ကြာနေရခြင်းဖြစ်
မကြာမီချထားပေးမည့် ကျပ်တစ်သိန်းတန်ဖုန်းများ ယင်းဈေးနှုန်းထက် လျော့ချပြီး ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်းကြောင့် ရောင်းချမည့်အချိန် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။ ကျပ်တစ်သိန်းဝန်းကျင် GSM နှင့် WCDMA ဖုန်းများ ကို ယခုလဆန်းပိုင်းတွင် ရောင်းချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ကြော်ငြာ ထားသော်လည်း ယခင်ကသတ်မှတ်နှုန်းထက် လျှော့နည်းစေရန် ဈေးနှုန်းပြန်လည်ညှိနှိုင်းနေမှုများကြောင့် ယခုကဲ့သို့ အချိန်ကာလ ကြန့်ကြာနေရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါတန်ဖိုးနည်းဖုန်းဈေးနှုန်း များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနှင့်အတိအကျ ထုတ်ပြန်ရခြင်း မရှိသေးသော်လည်း ပြင်ပ တွင် ကျပ်ရှစ်သောင်း၊ ကျပ်ငါးသောင်းနှင့်ချပေးမည်ဟူသော သတင်းများ ထွက်ပေါ်လျှက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချ မည့် နှုန်းထားကိုသတ်မှတ်၍ သက်ဆိုင် ရာ ဝန်ကြီးဌာနသို့တင်ပြထားပြီး အဆိုပါဝန်ကြီးဌာနမှ ချမှတ်ပေးသော နှုန်းထားအတိုင်းသာ ရောင်း ချပေးသွားမည် ဖြစ်သည်ဟုသိရသည်။
“ဆင်းမ်ကတ် ရောင်းမယ့်ရက်ကအရင်သတ်မှတ် ထားတဲ့ ရက်ထက်တော့ကျော်နေပါပြီ။ ဝန်ကြီးဌာနဆီ ဈေးနှုန်းတင်ပြထားတယ်။ အဲဒီက ခွင့်ပြုတာနဲ့ မီဒီယာတွေ ကနေတဆင့် ရောင်းမယ့်ဈေးနဲ့ ရက်ကို ပြောပေးသွားမှာပါ” ဟုယင်းကထပ်မံဆိုသည်။
ယခုအခါတွင် ပြင်ပ မိုဘိုင်းဖုန်း အရောင်းဆိုင်များ၌ ယခင်ကျပ်နှစ်သိန်းဖြင့် ရောင်းချခဲ့သည့် ဆင်းမ်ကတ်များကို ကျပ် တစ်သိန်းဝန်းကျင်ဖြင့် ဈေးနှုန်းလျှော့ချ ရောင်းပေးခြင်းများ ရှိလာကြောင်းသိရသည်။
မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ 2G, 3G ဆင်းမ်ကတ် အရေအတွက် ၁ ဒသမ ၄ သန်းကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုနှင့် အကျိုးတူ ပူးပေါင်း၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
အမေရိကန်တွင် ဖေ့စ်ဘွတ်ခ်သုံးသူချင်းဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အင်တာနက်ဖြင့်အခမဲ့ဖုန်းခေါ်ဆိုနိုင်ပြီ၊ တစ်ကမ္ဘာလုံးသို့ ဖြန့်ကျက်နိုင်ရန်လည်းဆောင်ရွက်သွားမည်ဟုဖေ့စ်ဘွတ်ခ် ကြေညာ
အမေရိကန်နိုင်ငံရှိဖေ့စ်ဘွတ်ခ် သုံးသူများသည် ယခုအခါ ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် အချင်းချင်းအင် တာနက်ဖြင့် အခမဲ့ဖုန်းခေါ်ဆိုဆက်သွယ်နိုင်ကြပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် အမေရိ ကန်နိုင်ငံအတွင်းအိုင်ဖုန်းသုံးသူများသာထိုစနစ်ကိုသုံးနိုင်ဦးမည်ဖြစ်ပြီးအန်းဒရွိုက်ဖုန်းများ၊ ဘလက်ဘယ်ရီ ဖုန်းများတွင်ပါထိုစနစ်သုံးနိုင် အောင် အမြန်ဆုံးစီမံသွားမည်ဖြစ်သလို၊ ကမ္ဘာလုံးကဖေ့စ်ဘွတ်ခ်သုံးသူများ ပါ ဖေ့စ်ဘွတ်ခ်သုံးသူချင်းအင်တာနက်မှ အခမဲ့ဖုန်းခေါ်ဆိုနိုင်အောင် ဆက်လက်စီစဉ်သွား မည်ဖြစ် ကြောင်းဖေ့စ် ဘွတ်ခ်ကထုတ်ပြန် ပြောကြားလိုက်သည်။
ထိုသို့ ဖေ့စ်ဘွတ်ခ်သုံးသူချင်းဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အင်တာနက် ဖြင့် အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန် မိမိတို့၏ ဖုန်းတွင် Facebook Messengerအပလီကေးရှင်းကိုထည့် သွင်းထားရမည်ဖြစ်သည်။ အင်တာနက်ဖြင့် အခမဲ့ ဖုန်းခေါ်ဆိုလိုပါကFacebook Messengerအပလီကေးရှင်းဖြင့် မိမိခေါ်ဆိုလိုသူ၏အကောင့်သို့ဝင်ကာဖုန်းဖန်သားပြင်အပေါ်ညာဘက်ထောင့်ရှိ “i” ဟူသောနေရာကို နှိပ်ပြီး “Free Call” ကိုထပ်နှိပ်လိုက် ရုံဖြင့် ခေါ်ဆို နိုင်မည်ဖြစ်ကြောင်းသိရသည်။
ဖေ့စ်ဘွတ်ခ်ကိုဖုန်းဖြင့်သုံးသူချင်းသာခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကွန်ပျူတာနှင့် သုံးနေသူများကိုခေါ်လို့ ရနိုင်မည် မဟုတ်သလို၊ ဖုန်းနံပါတ်များကိုလည်းခေါ်ဆိုနိုင်မည် မဟုတ်။ ဖေ့စ်ဘွတ်ခ်အကောင့်ချင်းသာအင်တာနက်မှ အခမဲ့ဆက်သွယ် ခေါ်ဆိုနိုင် မည်ဖြစ်သည်။
ဖေ့စ်ဘွတ်ခ်သုံးသူချင်းအင် တာနက်မှတစ်ဆင့် အခမဲ့ဖုန်းခေါ်ဆိုနိုင်မည့် စနစ်ကိုတစ်ကမ္ဘာလုံးမှ ဖေ့စ် ဘွတ်ခ်သုံးသူများပါ အသုံးပြုနိုင်အောင်လည်းအမြန်ဆုံးစီမံသွားမည်ဟုဖေ့စ် ဘွတ်ခ်ကထုတ် ပြန်ပြော ကြားလိုက်သည်။
Messenger News Journal
မင်းပြားတွင် ဒုဦးစီးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပေါင်းပြီး လယ်သမားများထံမှ စပါးသိမ်း
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သက်ဖုန် ကျေးရွာတွင် လယ်သမားများပိုင်သော စပါးများကို မြို့နယ် ဒုဦးစီးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က သိမ်းယူနေသည်ဟု ကျေးရွာသားများက ပြောသည်။ “ အခုဘဲ စပါးတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်ကို ပြောင်းရွှေ့နေကြပါတယ်။ အခုဘဲ စပါးတွေကို တောင်းအလိုက် ချိန်တွယ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ကျော်ဝင်းအိမ်ကို အလုပ်သမားတွေနဲ့ ပြောင်းရွှေ့နေကြပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။
စပါးများကို တလင်းမှ သိမ်းယူနေကြခြင်း ဖြစ်ပြီး သိမ်းယူရာတွင် မြို့နယ် ဒုဦးစီးမှူး ဦးမောင်ထွေးခိုင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ကျော်ဝင်းနှင့် ဒုရဲအုပ်ဝင်းနိုင်နှင့် နောက်ထပ် ရဲသား တစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။ “ စပါး ၄၀၀၅ တောင်းကို ချိန်တွယ်ပြီး ယူနေပါတယ်။ ကျွန်တော်တို့ ဘယ်လိုမှ ပြောလို့ မရပါဘူး။ ကျွန်တော်တို့ ပြောတာကို မြို့နယ် အာဏာပိုင်တွေက လုံးဝ နားမထောင်ဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူး စကားကိုဘဲ နားထောင်ပြီး မြို့နယ်က လူတွေက ဆောင်ရွက်နေကြတာပါ” ဟု ဆိုသည်။
စပါး အသိမ်းခံရသော လယ်သမားများမှာ ဦးသာထွန်းစိန်၊ ဦးထွန်းသာစံ၊ မောက်သာထွန်း၊ မောင်ဖြူ၊ သန်းနုအေး၊ စံသာထွန်း၊ လှဝင်းမောင် အပါအ၀င် လယ်သမား (၈) ဦး ဖြစ်ပြီး လယ် ၇၄ ဧကမှ စပါးများ ဖြစ်ကြသည်ဟု ဆိုသည်။ လယ်ဧက ၇၄ ကို လယ်သမား ၈ ဦးက မိဘ ဘိုးဘွားလက်ထက်က ပိုင်ဆိုင်လာသည်ဟု သိရပြီး ၂၀၀၄ ခုနှစ်က စစ်တပ် အကူအညီဖြင့် မင်းပြားမြို့မှ စီးပွားရေး သမား ဦးမောင်မောင်ထွန်းနှင့် ဦးစိန်ကျော်ဝင်တို့မှ သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တို့မှာ ပြေစာတွေ၊ အခွန်သွင်းခဲ့တဲ့ ငွေဖြတ်ပိုင်းတွေ အကုန်လုံးရှိပါတယ်။ ဘိုးစဉ် ဘောင်ဆက် ဓါးမဦးချ လုပ်စားလာတာပါ။ ဒါကို မင်းပြားမြို့က စီးပွားရေး သမား ဦးမောင်မောင်ထွန်းနဲ့ ယခင် ရယက ဥက္ကဌ ဖြစ်နေခဲ့တဲ့ ဦးစိန်ကျော်ဝင်းတို့က စစ်တပ်နဲ့ပေါင်းပြီး မြေလွှတ် မြေရိုင်းတွေ ဆိုပြီး သိမ်းယူသွားပါတယ်။ ဒီနှစ်မှာ လယ်သမား ၈ ဦးက မိမိ လယ်မြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးပြီး စပါးမှည့်လာတဲ့ အခါ ဦးစိန်ကျော်ဝင်းက သူပိုင်တဲ့ လယ်တွေ ဖြစ်တယ်ဆိုပြီး မြို့နယ်က အရာရှိတွေနဲ့ ပေါင်းပြီး စပါးတွေကို သိမ်းယူနေတာပါ” ဟု လယ်သမား တစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်အား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ မျှမျှတတ ဆောင်ရွက်ကြရန် သက်ဆိုင်ရာကို အကြံပြုထားကြောင်း သူက ပြောဆိုသည်။ “ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်သာ ဖြစ်ပြီး အုပ်ချုပ်ရေး အာဏာပိုင် မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က ၀င်ရောက် ဆုံးဖြတ်ပေးလို့ မရဘူး။ ဒါကြောင့် မျှမျှတတ လယ်သမားတွေဘက်ကလည်း မနစ်နာရအောင် ဆောင်ရွက်ကြဖို့ ကျွန်တော်က အကြံပြုထားတယ်။ အခု ကြားတာက မြို့နယ်က လူတွေပါ သွားရောက်ပြီး စပါးတွေကို သိမ်းနေတယ်လို့ ကြားရပါတယ်” ဟု ဦးသာကျော်က ပြောသည်။
လယ်ဧက ၇၄ ဧကရှိ စပါးများကို တက်ရောက် ရိတ်သိမ်းရာတွင် စပါးရိတ်ခ ကျပ်ငွေ (၃၈) သိန်း ကုန်ကျသည်ဟု ပြောပြီး ဦးစိန်ကျော်ဝင်းက မြို့နယ် အုပ်ချုပ်ရေး အရာရှိများ၏ အကူအညီကိုယူကာ စပါးတောင်းပေါင်း (၄၀၀၀) ကျော်ကို တလင်းမှ ချိန်တွယ်ပြီး ယူဆောင်နေသည်ဟုတစ်ခြား ဒေသခံ တစ်ဦးကလည်း ပြောသည်။ လယ်သမားများ အကြား အငြင်းပွားနေရာတွင် မြို့နယ် ဒုဦးစီးမှူး ဦးမောင်ထွေးခိုင် အပါအ၀င် မြို့နယ် အရာရှိများမှ ကြားထဲမှ မရပ်တည်ဘဲ မည်သည့်အတွက်ကြောင့် ဘက်လိုက် ရပ်တည်ရပါသလဲဟု ဦးသာကျော်ကို ဆက်လက် မေးမြန်းရာ သူက ယခုလို ပြောသည်။
“ ပြောရခက်ပါတယ်။ ဦးစိန်ကျော်ဝင်းက လက်ရှိ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်။ မြို့နယ်က လူတွေလည်း သူတို့ဘက်ကို ပါနေတာက တန်စိုးလက်ဆောင်တွေလည်း ရတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တစ်ခြား ဒေသခံ တစ်ဦးကလည်း မြို့နယ် အာဏာပိုင်များ အနေဖြင့် ငွေယူပြီး ဦးစိန်ကျော်ဝင်းဘက်မှ လိုက်ပါ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဖုံးဖြင့် ဆက်သွယ်မေးမြန်းရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှာ ရုံးသို့ မရောက်ရှိသေးကြောင်း ရုံးစာရေးမ တစ်ဦးက ပြောဆိုပြီး အိမ်သို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူးမှာ ရုံးသို့သွားပြီဟု ပြောသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။
လယ်သမား (၈) ဦးမှာ သူတို့ စိုက်ပျိုးထားသော စပါးများကို မြို့နယ် အာဏာပိုင်များကိုယ်တိုင် ကျေးရွာ အုပ်ချုပ်ရေးမှူးဘက်မှ ရပ်တည်ပြီး စီးပွားရေး သမားများနှင့် ပေါင်းကာ သိမ်းယူနေသဖြင့် သူတို့ အရေးကို ဆောင်ရွက်ပေးရန် တိုင်ကြားစရာလည်း နေရာ မရှိဘဲ ဖြစ်နေကြရာမှ အထူး စိတ်ဓါတ်ကျကာ အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။
Narinjara News
KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီတစ်ခုအား အကြမ်းဖက် တိုက်ခိုက်
ကချင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ အဆက် မပြတ်ဆောင်ရွက်လျက်ရှိသည့် KIA လက်နက်ကိုင်အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့သည် စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာ များအား အကြမ်းဖက်တိုက်ခိုက်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ် ၊ မရှီကထောင်ရပ်ကွက်ရှိ ဝေအောင်ကမ္ဘာကုမ္ပဏီ အုပ်ချုပ်ရေး ရုံးခန်းသို့ KIA ၇ ဦးခန့် ရောက်ရှိလာပြီး ကုမ္ပဏီဝန်ထမ်းအိပ်ဆောင်အား ဓာတ်ဆီလောင်း မီးရှို့ကာ ကုမ္ပဏီပိုင် ပါဂျဲရို ကားတစ်စီးအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
KIA ၏ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့်အရှည် ၁၀၀ ပေရှိ ၂ ထပ်ဝန်ထမ်းအိပ်ဆောင်မီးလောင် ပျက်စီးခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက် (၃/၂၀၁၃)ထုတ်ပြန်ပြီး KIA အဖွဲ့အနေဖြင့်စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား တတိယအကြိမ်မြောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ KIAအဖွဲ့၏ အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် ဒေသတည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးကိုများစွာထိခိုက်မှု ဖြစ်ပေါ်စေမှု အပေါ် ဒေသခံ ပြည်သူများမှများစွာစိတ်ပျက်လျက်ရှိကြောင်း နှင့် KIA လက်နက်ကိုင် အကြမ်း ဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။
မြ၀တီ
ငြိမ်းချမ်းရေးအလံသယ်ဆောင်သူများ ပဲးခူးတိုင်းမှ ဖြတ်သန်းခွင့်ရ
ရန်ကုန်မှလိုင်ဇာထိ ငြိမ်းချမ်းရေးအလံသယ်ဆောင် လမ်းလျှောက်ချီတက်သည့်အဖွဲ့ကို ပဲခူးအာဏာ ပိုင်များကအလံများ ထောင်ပြီးသယ်မသွားကြရန် ပြောဆိုပြီး ပဲခူးတိုင်းအတွင်းမှ ဖြတ်သန်းလမ်းလျှောက် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
"သူတို့က အလံတွေကို ထောင်ပြီးမသယ်ဖို့ပဲပြောတယ်။ အလံတွေကို ရင်ဘတ်မှာကပ်ထားပြီးသယ်။ ဒါမှ မဟုတ် ကျောပိုးအိတ်ထဲထည့်ပြီးသယ်ဖို့ပဲ ပြောတယ်။ အခုကျနော်တို့ ပဲခူးကိုဝင်နေပါပြီ။အား လုံးအေးအေး ဆေးဆေးပါပဲ" ဟု လမ်းလျှောက်ပွဲကို ဦးဆောင်သူ ကိုရန်နိုင်ထွန်းက ရှင်းပြသည်။
Kachin Daily News

အထူးသတင်း
မြန်မာပြည်အနှံ့မြို့ ကြီးများရှိ ဈေးကြီးများနှင့် လူနေရပ်ကွက်များကို ပစ်မှတ်ထားပြီး မီးရှို့ ဖျက်စီးရန် ဘင်္ဂလီများ ပြင်ဆင်နေကြောင်းခိုင်လုံသော ထောက်လှမ်းရေးသတင်းများအရသိရှိရ
သည်။
မြန်မာတနိုင်ငံလုံးရှိဈေးကြီးများကို အထူးသတိထားကာကွယ်စောင့်ရှောက်ကြဖို့လိုအပ်ပါသည်။ အကြောင်းမှာ နိုက်ထရိုမီသိန်းအရည်အပါအ၀င် အခြားမီးလောင်စေတတ်သောပစ္စည်းအများအပြားကို လွန်ခဲ့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ကပင် ဘင်္ဂလားဒေ့ခ်ျဆိပ်ကမ်းတက်ကနာမြို့မှ စက်လှေနှစ်စီးဖြင့် ရန်ကုန်နှင့် မော်လမြိုင်ဖက်သို့ ဦးတည်ထွက်ခွာသွားကြောင်း ခိုင်လုံသောသတင်းများအရသိရှိရသည်။
ထိုစက်လှေနှင့်ပါသွားသူများအထဲတွင် ပါကစ္စတန်အခြေစိုက် Lasher-e-Tiber (LeT) အဖွဲ့မှ သင်တန်းပေးထားသူ(၁၀)ဦးခန့်ပါသွားကြောင်း။ ၄င်းတို့၏တာဝန်မှာ မြန်မာတပြည်လုံးရှိ အဓိကကျသည့် ဈေးကြီးများနှင့်လူနေရပ်ကွက်များကို မီးရှို့ရန်နှင့် ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ဘုန်းတော်ကြီးများအား အစဖျောက်လုပ်ကြံသတ်ဖြတ်ရန်ဖြစ်ကြောင်း သိရှိရပါသည်။
အထူးသတိထားဖို့လိုအပ်ပါသည်။ မြန်မာပြည်သူများအားလုံး နိုးနိုးကြားကြားရှိကြဖို့လိုပါသည်။

.jpg)