Monday, January 21, 2013

ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဒွဲဘူ ကားတိုက်ခံရမှု ဒေါ်စုခိုင်းတာဖြစ်နိုင်ဟု ဆို


ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ဒေါ်အောင်ဆန်းစုကြည်ထက် သာသဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုအား အရည်အချင်းမရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို မပေးသင့်ပဲ ဒေါ်ဒွဲဘူကိုသာ ပေးသင့်ကြောင်း ဝေဖန်မှုတွေထက်ပေါ်ပြီး ရက်ပိုင်းအကြာမှာ ရန်ကုန်မြို့သို့ ခဏသွားစဉ် ဒေါ်ဒွဲဘူ ကားတိုက်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် အင်ဂျန်ယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူသည် လွှတ်တော်ထဲတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေခိုက်တွင် ငြိမ်းချမ်းရေးအတွက် အဆို တစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခုလ ၂၀ ရက်နေ့တွင် မော်တော်ယာဉ် တစ်စီးဖြင့် တိုက်မိ၍ ညာဖက်လက်ကျိုးသွားခဲ့သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ စေခိုင်းတာ ဖြစ်နိုင်ကြောင်း၊ NLD မှ လုပ်ခြင်းဖြစ်ကြောင်း လူထုအကြားတွင် ဝေဖန်သံများ ဆူညံလျှက်ရှိသည်။

. www.MyanmarExpress.net

မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်

Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်များကို တင်သွင်း လျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များကိုသာ တင်သွင်းခဲ့ပြီး ယခုအခါ တွင် CDMA800mhz ဖုန်းဟန်းဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။

“အရင်က GSM တွေပဲ သွင်းခဲ့တယ်။ အခု CDMA ဈေးကွက်ကို ထိုးဖောက်တဲ့ အနေနဲ့ CDMA 800mhz အတွက် ဟန်းဆက်ကိုစတင်ပြီး သွင်းတာပါ။ ဒီဖုန်း ကို မြန်မာနိုင်ငံက CDMA network နဲ့ကိုက်ညီအောင် လုပ်ထားပေးတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အဆင်ပြေပြီး ကြိုက်နှစ်သက်မှာပါ။ ပြီးတော့ internet သုံးရင် တခြားဖုန်းတွေဆို Network Setting ပြောင်းနေရတယ်။ ဒီဖုန်းကိုNetwork Setting ပြောင်းစရာမလိုပဲ အသုံးပြုနိုင်အောင်ပြု လုပ်ပေး ထားတယ်။” ဟု Samsung မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Samusung မှ ယခုတရားဝင်တင်သွင်းလာသော GalaxyAmazing မှာ Touch Screen အမျိုးအစားဖြစ်ပြီး ဖုန်းမျက်နှာပြင်မှာ 3.5လက်မ ကျယ်ဝန်းသည်။ internal memory 3GBပါဝင်ပြီး Micro SD ဖြင့် 32GB အထိတိုးမြှင့်အသုံးပြုနိုင်သည်။ ဖုန်းကင်မရာတစ်လုံးပါဝင်ပြီး 3MP အမျိုးအစားဖြစ်သည်။

Android OS, v2.3 (Gingerbread) အမျိုးအစား Android ကို ထည့်သွင်းအသုံးပြုထားသည်။ Bluetooth ပါဝင်ပြီး အရောင်မှာအဖြူနှင့် အမည်းနှစ်မျိုး ထုတ်လုပ်ထားသည်။ Samsung brand ဖုန်းဟန်းဆက် ကိုကြိုက်နှစ်သက်သူများအတွက် CDMA 800mhz အမျိုးအစား အတွက် ယခုထုတ်လုပ်ဖြန့်ချီလိုက်သော Samsung Galaxy Amazing တန်ဖိုးမှာ ငွေကျပ် ၁သိန်း၅သောင်းကျပ်ဖြစ်ကြောင်း၊ ၀ယ်ယူသူများအတွက် 2GB MicroSD ကတ်ကို လက်ဆောင်အဖြစ်ထည့်သွင်းပေးမည်ဖြစ်ပြီး အာမခံ ၁ နှစ်ပေးထားကြောင်း သိရ သည်။

The Myanma Age

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော ရောဂါငါးမျိုး


အမျိုးသမီးတွေ အနေနဲ့ အသက်အရွယ် အလိုက် ရှာဖွေ စစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါတယ်။ ရောဂါ တစ်ခုဖြစ် လာရင် အစောဆုံး သိရှိပါက ကုသ ပျောက်ကင်းဖို့ အခွင့်အလမ်း များပါတယ်။

သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်မှသာ သိရှိ နိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာ ရောဂါတွေဟာ အသိနောက် ကျပါက အသက်ရှင်သန် နိုင်တဲ့ အချိန်အတိုင်း အတာကို ခြိမ်းခြောက် နိုင်ပါတယ်။ နာတာရှည် ရောဂါ တွေကိုလည်း စောစော စီးစီး သိရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွား ဖြစ်ပွားမှုကနေ ကာကွယ်နိုင် ပါတယ်။ သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁) ရင်သားကင်ဆာ ရင်သား ကင်ဆာ ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါက ရောဂါ ပျောက်ကင်းဖို့ ရာခိုင်နှုန်းအတော် များပါတယ်။ ကင်ဆာဖြစ်တဲ့ အစိတ်အ ပိုင်း နည်းလေလေ ရောဂါပျောက်ကင်းမှု များလေလေ ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦးနှောက်ဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဖြစ် ပြီး ရင်သားကင် ဆာဖြစ်ပွားနိုင်တဲ့ အချက်တွေကို မသိရှိပါက သုံးနှစ် တစ်ကြိမ် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူ သင့်ပါတယ်။

- ဘယ်လိုရှာဖွေမလဲ

အမျိုးသမီးတွေက ကိုယ့်ရင်သားမှာ အဖုအကျိတ်ရှိ၊ မရှိ ကိုယ်တိုင် စမ်းသပ် ကြည့်ရှုပြီး သိရှိ နိုင်ပါတယ်။ လိုအပ်ပါက ရင်သားဓာတ်မှန် ရိုက်ပြီးလည်း စစ်ဆေး ကြည့်နိုင်ပါတယ်။ အမေရိကန် ကင်ဆာ ရောဂါအဖွဲ့က အသက် ၄၀ နှစ်က စလို့ အမျိုးသမီးတိုင်း ရင်သားကို ရောဂါရှာဖွေ စစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ အကြံပြု ထားပါတယ်။ အသက် ၅၀နှစ်ကနေ ၇၄ နှစ်ကြားမှာ နှစ်နှစ်ခြား တစ်ကြိမ် ရင်သား ပုံရိပ်ဖော် ဓာတ်မှန် (Mammogramy) ရိုက်သင့် ပါတယ်။

၂) သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်း ကင်ဆာက အမျိုး သမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ တစ်ခုပါ။ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်တဲ့ Human Papilloma Virus (HPV)က သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုပါ။ ပုံမှန် ရှာဖွေ စစ်ဆေးမှု ပြုလုပ်ပါက ရောဂါရှိ၊ မရှိ အစောဆုံး သိရှိနိုင်ပြီး ရောဂါရှိပါက ကုသမှုမှာ အကျိုးများ စေပါတယ်။ သားအိမ်ခေါင်း အဝမှာ ကင်ဆာ ဖြစ်ချင်နေတဲ့ ဆဲလ်တွေ့ရှိပါက ကင်ဆာ ရောဂါအဖြစ် ပြောင်းလဲ မသွားခင်မှာဘဲ ကုသမှုကို စတင်ပါက ကင်ဆာဆဲလ်တွေကို ဖယ်ရှား ပစ်နိုင်ပါတယ်။

- ဘယ်လိုရှာဖွေမလဲ

ဆရာဝန်က သားအိမ်ခေါင်း ကင်ဆာရှိ၊ မရှိ သိရှိနိုင်အောင် သားအိမ် အဝရှိ သားအိမ်ခေါင်းမှ ဆဲလ်လေးတွေကို ခြစ်ယူပြီး စစ်ဆေးပေးပါတယ်။ Pap Test လို့ ခေါ်ပါတယ်။ စစ်ဆေးမှုကို အသက် ၂၁ နှစ်အရွယ်ကစလို့ စစ်ဆေး သင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှုနဲ့ စစ်ဆေးမှုက သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကုသမှုမှာ ထိရောက်တဲ့ နည်းလမ်း ကောင်းတွေပါ။

၃) အရိုးပါးခြင်း

အမျိုးသမီးတွေက သွေးဆုံး ပြီးချိန်မှာ အရိုး ဆုံးရှုံးမှု များပြီး အရိုးပါး လာပါတယ်။ အရိုးတွေ ပါးလာတဲ့ အခါ အနည်းငယ် ထိခိုက် မိရုံနဲ့ ကျိုးလွယ် လာပါတယ်။ အမေရိကန် နိုင်ငံရဲ့ အသက် ၅၀နှစ်နဲ့ အထက်အရွယ် တွေရဲ့ ထက်ဝက်လောက်က အရိုးပါး ရောဂါကို ခံစား နေရပါတယ်။ အရိုးပါးတာကို ကာကွယ်မှုနဲ့ ကုသမှုတွေကို ထိထိရောက်ရောက် ပြုလုပ် နိုင်ပါက အရိုးကျိုးတဲ့ အဆင့်ကို မရောက်နိုင်ပါဘူး။

- ဘယ်လိုရှာဖွေမလဲ

အရိုး သိပ်သည်းဆကို တိုင်းတာ စစ်ဆေး နိုင်ပါတယ်။ အရိုး သိပ်သည်းဆ တိုင်းတာ ထားတာကြောင့် အရိုး မကျိုးခင်မှာ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ် ထားနိုင်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အမျိုး သမီးတိုင်း အရိုးသိပ်သည်းဆကို တိုင်း တာသင့်ပါတယ်။ အသက် ၆၅ နှစ်အောက် အမျိုးသမီးတွေလည်း အရိုးပါး နိုင်ခြေ ရှိတာကြောင့် အရိုး သိပ်သည်းဆကို တိုင်းတာဖို့ လိုပါတယ်။

၎) အရေပြားကင်ဆာ

အရေပြား ကင်ဆာထဲမှာ အန္တရာယ် ရှိတဲ့ Melanoma ရှိ၊ မရှိကို အမျိုးသား တွေမှာ စစ်ဆေးသင့် သလို အမျိုးသမီး တွေမှာလည်း စစ်ဆေး သင့်ပါတယ်။ တချို့တွေက မျိုးရိုးဗီဇအရ Melanoma ဖြစ်နိုင်တဲ့ အခွင့်အလန်း ပိုများပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ နေပူ ဆာလှုံတာတွေက အရေပြားကင်ဆာ ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ခုပါ။ ရောဂါကို စောစောစီးစီး သိရှိပြီး ကုသမှု ခံယူ နိုင်ပါက အကျိုးများ စေပါတယ်။

- ဘယ်လိုရှာဖွေမလဲ

အရေပြား ကင်ဆာ ရောဂါအတွက် ရှာဖွေနည်းက အရေပြားကို ဂရုတစိုက် နေ့စဉ် ကြည့်ရှုတာ ပါပဲ။ မိမိကိုယ်တိုင်ပဲ အရေပြားမှာ ပြောင်းလဲမှုတွေ ရှိ၊ မရှိ ကြည့်ရပါမယ်။ ဝေခွဲမရတဲ့ ပြောင်းလဲမှုမျိုး တစ်စုံတစ်ရာကို တွေ့ရှိပါက ဆရာဝန်နဲ့ ပြသ စစ်ဆေးပါ။

၅) အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ

အမေရိကန် လူဦးရေရဲ့ သုံးပုံတစ်ပုံက သူတို့မှာ ဆီးချို သွေးချို ရောဂါ ရှိနေ တာကို မသိရှိကြပါဘူး။ ဆီးချိုသွေးချို ရောဂါရှိတာကို စောစောစီးစီး သိရှိပါက အစားအစာ၊ လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန် လျှော့ချ မှုတွေ ပြုလုပ်ပြီး သွေးတွင်း အချိုဓာတ်ကို လျှော့ချကာ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

- ဘယ်လိုရှာဖွေမလဲ

သွေးတွင်း သကြားဓာတ်ကို တိုင်းတာ စစ်ဆေးပါ။ သင်ဟာ ကျန်းမာနေသူ တစ်ယောက် ဖြစ်ရင်တော့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်တဲ့ အခွင့်အလန်း ရှိနေပါတယ်။ အသက် ၄၅ နှစ်က စလို့ သုံးနှစ်တစ်ကြိမ် ဆီးချို သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေး သင့်ပါတယ်။

ဒီကပါ။

ရေကြည် NLD ညီလာခံ ကော်မရှင်အား မကြေနပ်မှုများ ရှိနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့ နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့သည် တိုင်းနှင့် မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင် ခေါင်းဆောင်များအား မကြေနပ်၍ ဇန်နဝါရီလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

တိုင်းညီလာခံကျင်းကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာအေးကြူ၊ အတွင်းရေးမှူး ဒေါက်တာမျိုးညွန့် နှင့် မြို့ နယ် ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်အောင်တို့အား ဆန္ဒပြကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“မတရား လုပ်နေတာတွေကို အချိန်မီ ဗဟိုကို တိုင်ကြားမှုတွေရော၊ လူကိုယ်တိုင်ရော သွားပြောတယ်။ ဘာမှမလုပ် ဘူး။ ကျနော် ဆက်လည်း မလုပ်ချင်တော့ဘူး။ ဒီမိုကရေစီ မူဘောင်တွေ မကျင့်သုံးနိုင်သလို ဖြစ်နေတယ်။ ကျနော် တို့ လုပ်လာတာ ကြာပြီ။ သူတို့ဘက်က မလုပ်ရင် ကျနော်တို့ဆန္ဒ ဆက်လက်ဖော်ထုတ်မယ်” ဟု ဆန္ဒပြသူ အဖွဲ့ဝင် ဦးစိုးဝင်း က ဆိုသည်။

မွန်းတည့် ၁၂ နာရီကျော်တွင် စတင်ခဲ့သည့် ဆန္ဒပြပွဲတွင် အင်အား ၁၅၀ ကျော် ပါဝင်ကာ ပိုစတာများ ကိုင်ဆောင် လျက် မီးရထားဘူထာရုံရှေ့တွင် နေ့လည် ၁ နာရီကျော်တွင် လူစုခွဲခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများက သည် NLD ဗဟိုမှ ထုတ်ပြန်သည့် ညီလာခံကျင်းပရေးစီမံချက်အတိုင်း ညီလာခံများကို ကျင်းပေးရန်၊ ကျေးရွာအုပ်စု ၄၀ ညီလာခံကို ပြန်လည်းကျင်းပရန် တို့ကို တောင်းဆိုခဲ့ကြသည်။

“ညီလာခံကျင်းပရေးစီမံချက်နှင့် အညီမလုပ်ဆောင်ခဲ့ဘူး။ ပါတီဝင်တွေကို မသမာသော နည်းတွေသုံးခဲ့တယ်။ တိုင်းကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ မြို့ နယ်ကော်မရှင် ဥက္ကဋ္ဌ တို့ ကို မကျေနပ်လို့ ဆန္ဒပြတာ” ဟု အဖွဲ့ဝင် ဒေါ်ချိုတူမာ က ပြောသည်။

သို့သော် တာဝန်ရှိသည့် တိုင်းကော်မရှင်ဥက္ကဋ္ဌကမူ ညီလာခံအား ဒီမိုကရေစီနည်းကျ ဆောင်ရွက်ခဲ့ကြောင်း ပြန်လည်ဖြေရှင်းသည်။

“ပါတီအတွက် လုပ်ဆောင်ပေးတာပါ။ ဒီမိုကရေစီနည်းလမ်းအတိုင်း ဆောင်ရွက်တာ။ ဆန္ဒပြတာ လူနည်းစုပဲ ဖြစ် တယ်။ အခုဒီမှာ မြို့ နယ်ညီလာခံကို ကျင်းပနေတယ်။ သူတို့ လုပ်ဆောင်တာတွေက ဒီမိုကရေစီနည်း မကျဘူး။ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေတာပဲ” ဟု ဦးအေးကြူ က ပြောသည်။

ဒီကပါ။

ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဘဏ်သို့ငွေလွှဲခိုင်းသည့် ငွေကြေးလိမ်လည်မှုများလာ


နေပြည်တော်ဇေယျသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာတွင်နေထိုင်သူ ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲ သိန်းဆုပေါက်သည်ဟု ဆိုကာ အလှူငွေထည့်ရန်အတွက် ဘဏ်သို့ ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ခိုင်း ပြီး လိမ်လည်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဒေါ်တိုးတိုးလှိုင်အား ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ကြေးနန်းရုံးမှဟု နာမည်အလွဲသုံးကာ သိန်း (၂၂၅၀) ဆုပေါက်သည့်အတွက် အလှူငွေထည့်ရန် ရန်ကုန်ရှိ ရိုးမဘဏ် သို့ငွေလွှဲခိုင်းပြီး လိမ်လည်သွားခြင်းဖြစ်သည်။

“ကျွန်မကို (၁၆) ရက်နေ့က ရန်ကုန်ကြေးနန်းရုံးကဆိုပြီး ဖုန်းဆက်တယ်။ ဖုန်းနံပါတ် ၄၉ အတွဲတွေကိုကံစမ်းမဲ ဖောက်တယ်။ ကျွန်မတို့ကိုကံစမ်းမဲထဲက သိန်း ၂၂၅၀ ကံစမ်းမဲပေါက်တယ်လို့ ပြောတယ်။ ကျွန်မတို့ကိုအလှူငွေ ထည့်ရမယ်လို့ပြောတယ်။ ကျွန်မတို့ကလည်း အဲပေါက်တဲ့ငွေထဲကထည့်လို့ရမလားပြောတော့ သတ်သတ်လွှဲပေးရမယ်လို့ပြောတယ်။” ဟု လိမ်လည်ခြင်းခံရသူ ဒေါ်တိုးတိုးလှိုင်က ပြောသည်။

ငွေကြေး အလိမ်ခံရသည့် သူမသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဈေးရှိ ရိုးမဘဏ်သို့ ငွေ (၇) သိန်းအား လွှဲပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ကာယံကံရှင်မှာ ငွေလွှဲပေးပြီးနောက်မှ ကံစမ်းမဲငွေ မရရှိမှ အလိမ်ခံရမှန် သိကြောင်း ဆိုသည်။

“ကျွန်မကိုလွှဲရမယ့်သူရဲ့နံမည်က ဦးဝင်းသန်းထဋ်၊ မှတ်ပုံတင်နံပါတ်က ၁၄/မအပ(နိုင်)၂၇၁၃၅၉ ကို လွှဲပေးလိုက်တယ်။ ကျွန်မတို့ကလဲရှိတဲ့ ဟာလေး (၇)သိန်းခွဲလွှဲပေး လိုက်တယ်။ ကျန်တဲ့ဟာကို သူစိုက်ပေးထားမယ်လို့ပြောတယ်။ ကျွန်မကလည်းတကယ်ထင်ပြီးတော့လွှဲပေး လိုက်တယ်။”ဟု ဒေါ်တိုးတိုးလှိုင်မှပြောသည်။

၎င်းငွေလိမ်လည်ခြင်းအား ရေဆင်း ရဲစခန်းသို့အကြောင်းကြားထားပြီး နောက်ထပ်ပိုက်ဆံ ကုန်မည်စိုးသည့်အတွက် အမှုဖွင့်ဆောင်ရွက်ထားခြင်း မရှိကြောင်း၎င်းက ဆိုသည်။

အထက်ပါလိမ်လည်မှုမျိုးအတွက် တရားရုံးတင်အမှုဖွင့်မည်ဆိုပါက ပုဒ်မ (၄၁၇)နှင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ ဒါမျိုးကိစ္စကို တရားရုံးတင်ပြီး အမှုဖွင့်မယ်ဆိုရင် ပုဒ်မ (၄၁၇) လိမ်လည်မှုနဲ့ ဖွင့်မှာပါ။ ကျွန်တော်တို့ဆီမှာ အရင်တုန်းကလည်း ဒီလိုမျိုး အမှုမဖြစ်ဖူးဘူး။” ဟု ရေဆင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မိမိကိုယ်ကို ဗိုလ်မှူးအဆင့်ရှိ အရာရှိတစ်ဦးက ကံစမ်းမဲ ပေါက်သည့် အတွက် စာရွက်စာတမ်းကြေးပေးသွင်းရန် ကျပ်(၅)သိန်းတောင်းကာ ၄င်း၏ ဘဏ်အကောင့်ထဲသို့ ငွေသွင်းခိုင်းသည့် လိမ်လည်မှုမျိုး ဖြစ်ပွားခဲ့ဘူးကြောင်းကိုလည်း အင်တာနက် ဖေ့ဘွတ် စာမျက်နှာ များကတဆင့် သိရှိရသည်။

ဒီကပါ။

အစိုးရ ထုတ်ပြန်ချက်မှာ တဖက်သတ် ဝါဒဖြန့်ခြင်းသာဖြစ်ဟု UNFC ဝေဖန်

ကချင် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA) နှင့် ပတ်သက်သည့် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်သည် တဖက်သတ် ဝါဒဖြန့်ချိရေးလုပ်ရပ်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

“အစိုးရတပ်တွေက လူ့အခွင့်အရေး အကြီးအကျယ် ဖောက်တယ်။ အဲဒါတွေက တလုံးမှ မပြောဘူး။ KIO/KIA တပ်တွေက တံတားချိုးတာ၊ လမ်းဖျက်တာ၊ လုယက်တာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာ အဲဒီကို လျှောက် ပြောတာကိုး။ ဒါတွေက လူထုတွေ မုန်းတီးအောင် မျက်စိလည်အောင် လုပ်တာပဲ။ အဲဒါက တဖက်ကို အပြစ်တင် ပြီးတော့ သူတို့တိုက်တာက မှန်တယ်ဆိုတာ ထောက်ပြချင်တာ။ ဒါတွေဟာ နာဇီဝါဒပဲ” ဟု UNFC ဒု-ဥက္ကဋ္ဌ၊ လူထု ဆက်ဆံရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် စောဒေးဗစ် သာကပေါ က မဇ္ဈိမကို ပြောသည်။

အစိုးရ၏ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည့် “မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက်ထိုးစစ် ဆင်ခြင်း တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတား ဖောက်ခွဲဖျက်ဆီးမှု ၁၂၂ ကြိမ်၊ မိမိတပ်စခန်းများအား လာရောက်နှောင့်ယှက် ပစ်ခတ်ခြင်း ၆၄ ကြိမ်၊ အရပ်သားများ မိုင်း နင်းမိခြင်း ၃၀ ကြိမ်၊ လုယက်ဖျက်ဆီးခြင်း ၆၀ ကြိမ်၊ လူသစ် စုဆောင်းခြင်းနှင့် အဓမ္မ ဖမ်းဆီးခြင်း ၂၈ ကြိမ် ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း ၁၀၉၅ ကြိမ် ဖြစ်ပွားခဲ့ကာ အရာရှိစစ်သည် အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်” ဟူသည်ကို UNFC က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်ပွဲများ ဖြစ်ပွားလာပါက ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ရခြင်းသည် စစ်ပွဲ၏ သဘောတရားသာ ဖြစ်သည်ဟု စောဒေးဗစ် သာကပေါ က ဆိုသည်။

ထို့အတူ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ကလည်း အဆိုပါ အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ရပ် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

“ဒီထုတ်ပြန်ချက်ဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုတဲ့၊ တနိုင်ငံလုံး အတိုင်း အတာနဲ့ ဆက်စပ်ပြီးတော့ လွှမ်းခြုံနိုင်တဲ့၊ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တဲ့ သဘောထားမျိုးလို့ ကျနော်တို့ လက်ခံလို့ မရဘူး။ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ report တွေ၊ ဖြစ်စဉ်လောက်ကိုပဲ ထုတ်ပြန်တဲ့ သဘော ထားလို့ ကျနော်တို့ သုံးသပ်တယ်” ဟု NCUB တွဲဖက် အတွင်းရေးမှူး ဦးမြင့်သိန်း က ဆိုသည်။

သတင်းထုတ်ပြန်ချက်သည် ကချင်ဒေသ တခုလုံးကို အပစ်အခတ် ရပ်စဲခြင်း မဟုတ်ဘဲ လဂျားယန်ဒေသ တခုကို သာ အပစ်ရပ်သဘော သက်ရောက်ကြောင်းလည်း UNFC နှင့် NCUB တို့က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကမူ လဂျားယန် ဒေသတွင်မကဘဲ ကချင်ဒေသတခုလုံး စစ်ဆင်ရေးများ လျှော့ချရန် လိုလားကာ အစိုးရကြေညာချက်မှ အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ထားပြီး အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကောမတီနှင့် ဆွေးနွေးပွဲများကိုမူ KIO နှင့် ဆွေးနွေးမည့်အစား UNFC နှင့်သာ ဆွေးနွေးသင့်ကြောင်း ကြေညာထားသည်။

လက်ရှိအစိုးရ၏ လုပ်ရပ်မှာ လွန်ခဲ့သည့် ၁၈ နှစ်ခန့်က ကရင်အမျိုးသား အစည်းအရုံး (KNU) အား အထီးကျန် အောင် လုပ်ဆောင်သကဲ့သို့ KIO/KIA အား လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု UNFC က ထောက်ပြပြောဆိုသည်။

“အဲဒီတုန်း (၁၉၉၄ ခုနှစ်ဝန်းကျင်) က မြောက်ပိုင်း တောက်လျှောက်ပေါ့ဗျာ။ KIO တို့၊ ကရင်နီ တို့ကလည်း လွယ်လွယ်နဲ့ လက်မှတ်ထိုးသွားတယ်။ နောက်ဆုံး (၁၉၉၅ ခုနှစ်)မှာ မွန် (NMSP) လည်း လက်မှတ်ထိုးလိုက်တယ်။ KNU တဖွဲ့ပဲ ကျန်ခဲ့တယ်လေ။ KNU ကို အထီးကျန်အောင် အစိုးရက လုပ်ခဲ့တယ်။ အခုလည်း ဒီဘက်မှာ လွယ်လွယ်နဲ့ လက်မှတ်ထိုးလိုက်ကြတာပဲ။ စီးပွားရေးတွေ ဘာညာ မက်လုံးပေးပြီး လက်မှတ်ထိုးကြတာပေါ့ဗျာ။ ကချင်ကျတော့ အထီးကျန်တဲ့သဘော ဖြစ်နေတယ်။ ဒါ သူတို့ (အစိုးရ)ရဲ့ သေနင်္ဂဗျူဟာလို့ ကျနော်တို့ ယူဆတယ်” ဟု ဗဒိုစောဒေးဗစ်သာကပေါ က သုံးသပ်သည်။

KIO/KIA အပေါ် အစိုးရတပ်၏ ထိုးစစ်ဆင်မှု မရပ်မချင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် မဟုတ်ကြောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် UNFC က သဘောထား ထုတ်ပြန်ထားသည်။

ဒီကပါ။

မြန်မာGSMများအား ဆီးဂိမ်းအမီ နိုင်ငံပါင်း ၁၀၀ ကျော်သို့ သယ်ယူအသုံးပြုနိုင်ရန် စီစဉ်


မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ နိုင်ငံတကာသို့ သယ်ယူပြောဆိုခွင့် ရရှိပါက နိုင်ငံပါင်း ၁၀၀ ကျော်အထိ အသုံးပြုနိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆိုထားသည်။

ယခင်က မြန်မာGSM ဖုန်းလိုင်းများကို နိုင်ငံတကာသယ်ဆောင်အသုံးပြုခွင့်အနေဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်အပါအ၀င် အာဆီယံနိုင်ငံများ၌ အသုံးပြုနိုင်မည်ဟု သတင်းများ ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် ခေါ်ဆို၍ မရသေးကြောင်း သိရသည်။

“ဒီနှစ်ထဲမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲ အမီတော့ ပြည်ပနိုင်ငံအများစုနဲ့ဆက်သွယ်ပြောဆိုနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်”မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

ဆီးဂိမ်းပွဲတော်အတွက် အာဆီယံနိုင်ငံများအပြင် ဥရောပနိုင်ငံများကိုပါ Roaming ရရှိအောင် ကမ်းလှမ်းထား ကြောင်းနှင့် ကမ်းလှမ်းထားသည့် နိုင်ငံများလည်းရှိကြောင်း ၄င်းတို့နှင့် ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်းကိုလည်း သိရသည်။

လက်ရှိတွင် မြန်မာGSM ဖုန်းများကို အာဆီယံနှင့် ဥရောပနိုင်ငံများ သယ်ဆောင် အသုံးပြုခွင့် Out bound Roaming မရရှိသေးသော် လည်း အဆိုပါ နိုင်ငံအချို့မှ ဖုန်းများမှာမူ မြန်မာနိုင်ငံတွင် Inbound Roamingသယ်ဆောင်သုံးစွဲခွင့် ပေးထားကြောင်း သိရသည်။

“ဒီအတွက် စမ်းသပ်မှုတွေ ပြုလုပ်ထား ပြီးသွားပါပြီ။ ငွေကြေးညှိနှိုင်းမှုတွေ ကျန်နေသေးတဲ့ အတွက် မရရှိသေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နိုင်ငံတကာ Roaming စနစ် ရရှိရန်အတွက် ပြည်ပမိုဘိုင်း အော်ပရေတာများ ဖိတ်ခေါ်ထားရာ အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများမှ အော်ပရေတာများကိုပါ ကမ်းလှမ်းထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာGSMမိုဘိုင်းဖုန်းလိုင်းများအား နိုင်ငံတကာ Roamingသယ်ဆောင်အသုံးပြုခွင့်ရရှိရန် ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သော်လည်း Inbound Roaming စနစ်သာ ၂၀၁၂ နှစ်လယ်ပိုင်းတွင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ Outbound Roaming စနစ်ကိုမူ ယနေ့အချိန်အထိ မည်သည့် နိုင်ငံမျှ ရရှိခြင်း မရှိသေးကြောင်းကိုလည်း သိရသည်။

“နိုင်ငံတကာကို အခုလို အပြန်အလှန် ပြောဆိုလို့ ရမယ်ဆိုရင်တော့ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းရှင်တွေ အားလုံးအတွက် အဆင်ပြေသွားနိုင်ပါတယ်” ဟု ပြည်တွင်းမှ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ဒီကပါ။

ဆက်သွယ်ရေး အရာရှိ အများအပြား ခေါ်ယူစစ်ဆေးခံရ


ဆက်သွယ်ရေးဝန်ကြီးနှင့် အရာရှိများ ၀န်ကြီးဌာနတွင်း လုပ်ငန်းများကို လိုက်လံစစ်ဆေးကြည့်ရှုနေစဉ်
(ဓာတ်ပုံ – ဆက်သွယ်ရေး ၀န်ကြီးဌာန)

သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှ ဖယ်ရှားပြီးနောက်   ပြည်ထဲရေးဝန်ကြီးဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆင့်မြင့်အရာရှိကြီးများကို နေပြည်တော်တွင် ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်က ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ရာထူးမှ နုတ်ထွက် ခွင့်ပြုသည်ဟု ထုတ်ပြန်ကြေညာ ပြီးနောက် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်ကဲ့သို့သော အရာရှိများအပါအ၀င် အဆင့်မြင့် အရာရှိကြီးများ ကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခြင်း ဖြစ်ကြောင်းသိရှိရသည်။

“၀န်ကြီး ထွက်သွားပြီးတဲ့ နောက်တနေ့မှာပဲ ရန်ကုန်က ဆက်သွယ်ရေး အရာရှိကြီးတွေကို   နေပြည်တော်ကို ခေါ်စစ်ပါတယ်။ ပထမတော့ ၈ ဦး၊ ဒါပေမယ့် အစစ်ဆေး ခံရတဲ့သူတွေနဲ့ ဆက်စပ်တာတွေ ထပ်ခေါ်တော့ ခေါ်စစ်ဆေး ခံရတဲ့သူတွေ အရေအတွက်များတယ်လို့ သိရပါတယ်” ဟု နေပြည်တော်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

ဆက်သွယ်ရေး အရာရှိများကို ခေါ်ယူစစ်ဆေးမှု၏ အဓိက အကြောင်းအရင်းမှာ မိုဘိုင်းလ်ဖုန်းကတ်နှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ချထားပေးရာတွင် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်မှု ရှိ၊ မရှိ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ပြီး ၀န်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ၀န်ကြီးရာထူး တာဝန်များမှ အနားပေးခဲ့ခြင်းသည် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အမိန့်မနာခံမှု များကြောင့်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသောင်းတင်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခံရမှုနှင့်ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ ဦးသောင်းတင်က မှတ်ချက် မပေးလိုကြောင်း ပြောသည်။

“ကျနော် မှတ်ချက် ပေးစရာ မရှိသေးပါဘူး” ဟု ဦးသောင်းတင်က ဆိုသည်။

နေပြည်တော်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိများ ခေါ်ယူစစ်ဆေးခြင်းကို ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီက တိုက်ရိုက် ကိုင်တွယ်လျှက်ရှိကြောင်း သိရှိရသည်။

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဇန်န၀ါရီလ ၈ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံး ၀န်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ သမ္မတ၏ ဥပဒေအကြံပေး ဦးသန်းကျော်၊ အတွင်းရေးမှူးအဖြစ် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းအပါအ၀င် စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ယင်းကဲ့သို့ ဆက်သွယ်ရေးဝန်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ယခင် စစ်အစိုးရလက်ထက် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင် ပတ်သက်ခဲ့ပြီး ယခု အစိုးရအဖွဲ့အတွင်း ပါဝင် ဆောင်ရွက်နေသူများပါ ထိခိုက်လာနိုင်ဖွယ် ရှိသောကြောင့် ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု ယူဆရကြောင်း လေ့လာ သုံးသပ်သူများက ဝေဖန်နေကြသည်။

ဧရာဝတီ

ပြည်ထောင်စုဝန်ကြီးနှစ်ပါး တာဝန်မှ နှုတ်ထွက်သွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ ပွင်းလင်းမြင်သာမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆို


ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်သော နိုင်ငံတော်သမ္မတ ရုံး၏ အမိန့်အမှတ် (၂/၂၀၁၃) အရ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော သူရဦးမြင့်မောင်နှင့် ဦးသိန်းထွန်းတို့ ယင်းတို့၏ သဘောဆန္ဒအလျောက် တာဝန် မှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်ပတ် သက်၍ ယင်းတို့တာဝန်ကျရာ ဆက်စပ်ဌာနများ၌ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ ချိန်၌ ယခုကဲ့သို့ နုတ်ထွက်ခွင့် ပြုလိုက်ခြင်းသည် မည်သည့် အကြောင်းကြောင့် နုတ်ထွက်ရ ခြင်းဖြစ်သည်ကို ပြည်သူသို့ တင်ပြခြင်း မရှိမှုက အစိုးရ၏ ပွင့်လင်းမြင် သာမှု အားနည်းခြင်းကြောင့် ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုသည်။

““ပြည်ထောင်စုအဆင့်ဝန် ကြီးနှစ်ဦး နုတ်ထွက်သွားတယ်၊ လက်ရှိအနေအထားအရ ဆက် သွယ်ရေးကဏ္ဍဆိုလည်း အရှိန် အဟုန်နဲ့ ဆောင်ရွက်နေတဲ့ အချိန်၊ ဒါပေမဲ့ ဒီပြည်ထောင် စုဝန်ကြီးတွေတာဝန်က နုတ်ထွက် ခွင့်ပြုတာနဲ့ပတ်သက်ပြီး၊ ဘာ အကြောင်းကြောင့်လဲ၊ ဘာ အားနည်းချက်ရှိလို့လဲ၊ ပြည် သူကို အစိုးရက တင်ပြရမယ်၊ ပွင့်လင်းမြင်သာမှုဆိုတာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့မှာကို မရှိသေးဘူး၊ ဒီလို ပွင့်လင်းမြင်သာမှုဆိုတာဟာ ယခင်ပါတီလမ်းစဉ်ခေတ်တည်းက ၀န်ကြီးတွေ နုတ်ထွက်သွားရင် ဘာကြောင့်မှန်းမသိလိုက်ဘဲ အစိုးရကလည်း ပြည်သူကို ဘာမှ မတင်ပြတာ ခု အစိုးရလက်ထက် ထိပဲ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရဆိုရင် နုတ်ထွက်ခွင့်ပြု လိုက်ရတဲ့ ၀န်ကြီးတွေမှာ ဘာ အားနည်းချက်တွေရှိနေလဲ၊ ဘာကြောင့်များ ပေးလိုက်ရတာ လဲ၊ ပြည်သူကိုတင်ပြရမယ်”” ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင်ကHot News သတင်းထောက်ဖြင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ သည်။

သမ္မတရုံး၏ ကြေညာချက် အရ တာဝန်မှ အနားယူခွင့်ပြု လိုက်သော ပြည်ထောင်စုဝန်ကြီး များအနက် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်သည် ယခင် အစိုးရလက်ထက်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၊ ဗိုလ်မှူးချုပ်၊ ဒုဝန်ကြီး နှင့် ၀န်ကြီးအဆင့်များထိ အဆင့် ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းထွန်းသည်လည်း ယခင် အစိုးရလက်ထက်၌ ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၌ ဒုဝန်ကြီး၊ ဗိုလ်ချုပ်အဖြစ် အဆင့်ဆင့် တာဝန်ယူခဲ့ရာ အစိုး ရသစ်တက်ပြီးသည့်အချိန်တွင် အစိုးရအဖွဲ့သစ်၌လည်း ပြည် ထောင်စုဝန်ကြီးများအဖြစ် ပါဝင် ခဲ့သူများဖြစ်သည်။

http://www.hotnewsweekly.com/archives/16159

အမေရိကန် ကောလိပ်တစ်ခု မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်မည်


အမေရိကန် ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College တစ်ခုဖြစ်သော Bard liberal art college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း က မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ပညာရေးနယ်ပယ်တွင်းရှိလူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းမှုများ ပြုလုပ်သွားကြောင်း အဆို ပါအသိုင်းအဝိုင်းတွင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါ အစီအစဉ်ကို ညှိနှိုင်းမှုများ အဆင်ပြေပါက ၂၀၁၃ ခုနှစ်တွင် ကျောင်းသားစတင်လက်ခံနိုင်ရန် ရည်မှန်းလုပ်ဆောင်နေကြောင်း၊ ယင်းကျောင်းကလိုချင်သည်မှာ ကျောင်းဖွင့်ခွင့်နှင့် ကျောင်းနေရာ သာ ဖြစ်ကြောင်း၊ ကျောင်းသား ၂၀၀၀ ခန့်တက်ရောက်နိုင်မည့် ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ယင်းကော လိပ်၏ ဘာသာရပ်အားလုံးနီးပါး သင်ယူနိုင်မည်ဖြစ်ကာ လေးနှစ်တက်ရောက်ပြီးပါက နိုင်ငံတကာရှိ ယင်းကောလိပ်တွင်တက်ရောက်သည့်နည်းတူ ဒီဂရီအဆင့်တူရရှိမည်ဖြစ်ကြောင်း ပညာရေးနယ်ပယ်တွင်း မှ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ယင်းသို့ လာရောက်ဖွင့်လှစ်မည့် အစီအစဉ်နှင့်ပတ်သက်၍ “Bard College လိုမျိုး မြန်မာနိုင်ငံမှာ လာဖွင့်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအဆင့်မြင့် ပညာရေးကိုလည်း အထောက်အကူဖြစ်လို့ ကြိုဆိုရမှာပါ”ဟု အဆိုပါ ကောလိပ်လာရောက်ဖွင့်လှစ်ရေး ညှိနှိုင်းခဲ့သူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

စုစုပေါင်း လေးနှစ်တက်ရောက်ရမည့် အဆိုပါ ကျောင်းကိုပထမ ၂ နှစ်တွင် မြန်မာလိုနဲ့အင်္ဂလိပ် လို ရောနှောသင်ကြားမည်ဖြစ်ပြီး နောက်ထပ် ၂ နှစ်တွင်မူ အင်္ဂလိပ်လိုသင်ကြားမည်ဖြစ်ကြောင်း၊ ယင်းကျောင်းတက်ရောက်ခြင်းအတွက် ကုန်ကျစရိတ်ကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ် မည့် ကျောင်းလခ ပုံစံတစ်ခု သတ်မှတ်ထားရှိမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ဟိုမှာ သွားတက်တဲ့ Education ကို ဟိုမှာသွားတက်တာထက် သက်သာစွာရဖို့က သူတို့ရဲ့ရည်ရွယ်ချက် တစ်ခုပေါ့” ဟု ပညာရေးလောကသား တစ်ဦးက ပြောကြားသည်။

Bard College သည် အမေရိကန် ပြည်ထောင်စုနယူးယော့ခ်တွင်တည်ရှိပြီး ၁၈၆၀ ပြည့်နှစ်တွင်စတင် တည်ထောင်ခဲ့သော Private Institution ဖြစ်သည်။ ယင်းကဲ့သို့သော ကောလိပ်မျိုး၏ယခုကဲ့သို့ အစီ အစဉ်မျိုးဖြင့် မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ရန် စီစဉ်မှုမှာ ပထမဆုံးဖြစ်သည်။

စင်္ကာပူဖီး

ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်

၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲတွေနဲ့ ပက်သတ်ပြီး ယခု အချိန်မှာတော့ လူတွေအပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်း တယ်လို့aပာလို့ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာကိုပဲ ကျေးဇူး တင်ရမလိုလိုပါပဲ။ စစ်ပွဲစတင်ချိန်က စလို့ ငြိမ်းချမ်း ရေး စကားကို တပ်မတော်ကလည်း တွင်တွင်သုံးခဲ့တယ်။ ကေအိုင်အေ ဘက်က လည်း နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကို အပြင်း အထန် ဆွေးနွေးခဲ့တယ်။ အဖြေကတော့ စစ်ပွဲ ၁ နှစ်ခွဲကြာလာတဲ့ အထိ ငြိမ်းချမ်းရေး မရနိုင်တာပါပဲ။ ကေအိုင်အေ ရဲ့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကေအိုင်အေ ဆိုတာ ကေအိုင်အို အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထားချိန်ကာလမှာ လိုင်ဇာမြို့မှာ ဌာနချုပ်ထားပြီး သီးသန့် နေထိုင်တဲ့တပ်ဖွဲ့ပါ။ သို့သော်လည်း ကေအိုင်အေရဲ့ တပ်စခန်းတွေ တည်ရှိတဲ့ မြေပုံ အရတော့ ကေအိုင်အေဟာ သာမန်အပစ်ရပ် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ မဟုတ်ဘူးလို့ သုံးသပ်ရနိုင်ပါတယ်။ အဲဒီနောက် တာပိန်ရေအား လျှပ်စစ်ပြဿနာဖြစ်တယ်။ တိုက်ပွဲတွေ စတင်လာတယ်။ တိုက်ပွဲကာလ အစမှာတော့ နယ်မြေပြဿနာအဖြစ် စတင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတဲ့ ခေါင်းစဉ်တွေ ပါလာခဲ့ပါတယ်။ ဆုံးဖြတ်ချက် အတိအကျ မချနိုင်ခဲ့တဲ့ ဆွေးနွေးပွဲများအဆုံး၊ လဂျားယန်ကို ရိက္ခာပို့အုပ်ချုပ်မှု လုပ်ရန်ဆိုတဲ့ အကြောင်းကြားစာ အပြီးမှာတော့ အစိုးရသစ် လက်ထက် အပြင်းထန်ဆုံး တိုက်ပွဲ တစ်ခု အသွင် ဖြစ်လာခဲ့ပါတယ်။

ဒီအချိန်မှာ တပ်မတော်ရဲ့ အနေအထားကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။ မြစ်ကြီးနားမှာ မပခ စစ်ဌာနချုပ် ဖွင့်ထားတဲ့တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးကထဲက မြန်မာနိုင်ငံရဲ့ တပ်မတော် အဖြစ်ရပ်တည်ခဲ့တာ ဖြစ်ပါ တယ်။ အပစ်အခတ် ရပ်စဲထားချိန် အတွင်းကချင်ပြည်နယ် အတွင်း သယံဇာတတွေရဲ့ မှောင်ခိုလမ်းကြောင်းမှာ ကေအိုင်အေနဲ့အတူ တပ်မတော် စခန်းတွေလည်း အကျိုးအမြတ်တွေ ရရှိခဲ့ကြတာလဲ လူတိုင်း သိနေတဲ့ အချက်ပါ။ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီ ဆိုတာနဲ့ ကေအိုင်အေ တပ်ရင်းတွေ ၀ိုင်းရံအခြေကျပြီး ဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ တပ်စခန်းတွေမှာ လုံခြုံမှု မရှိတော့ပါဘူး။

စစ်ပွဲ တစ်ခုရဲ့ သဘောတရားအရတော့ ရန်သူ၊မိမိ (၂)မျိုးသာ ခွဲခြားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲ ဖြစ်ပါ တယ်။ တပ်မတော် စခန်းကို ကေအိုင်အေက ဘေးက တောင်ကုန်းကနေ စိုးမိုးပြီး ပစ်ခတ်တယ်ဆိုရင် ထိုစခန်း ကို သိမ်းပိုက်ထိန်းချုပ်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ အတွင်းပိုင်းအထိ ထိုးဖောက်နေတဲ့ တပ်မတော် စခန်းတွေ အတွက် အုပ်ချုပ်ဆက်သွယ်မှု ဆောင်ရွက်ရာမှာ ထိခိုက်ကျဆုံးမှုတွေ ရှိလာရင် အဆိုပါ လမ်းကြောင်း တစ်လျှောက်ကိုလည်း ရှင်းလင်းရမှာပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှ အပ ဆိုတဲ့ စကားဟာ အရမ်းကို ကျယ်ပြန့်ပါတယ်။ အဆိုးဆုံး အဓိပါယ်ဖွင့်ရင် ကိုယ့်ကိုကိုယ် မသေအောင် ခုခံကာကွယ်ဖို့ ကိုယ့်ကို သတ်မယ့်သူကို အရင်သတ်ရတာပါပဲ။ တပ်မတော်ကလည်း ထိုနည်းဗျူဟာ အတိုင်း ကျင့်သုံးသလို၊ ကေအိုင် အေဘက်က လည်း ထိုအတိုင်းပဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။

အပစ်အခတ်တွေ စတင်ခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ လျွှတ်တော် အစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ် ခဲ့ပေမယ့် ထိရောက်တဲ့ ဆွေးနွေးမှုမျိုး မရှိခဲ့ပါဘူး။ ကချင်စစ်ပွဲရပ် ဆိုတဲ့ ဆန္ဒပြမှု မတိုင်ခင်မှာ သမ္မတကြီးက ထိုးစစ်ရပ် ဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုလည်း သမ္မတရုံး ၀န်ကြီး တစ်ပါး ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ လက်ရှိ ကချင်ပြည်နယ် အစိုးရနဲ့ စင်ပြိုင် နောက်ထပ် အစိုးရ တစ်ခုဖွဲ့ပေးဖို့၊ အစိုးရရဲ့ အာဏာသက်ရောက်မှု မဖြစ်နိုင်တော့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခု ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြားထဲမှာ လက်ပံတောင်းလို ဆူပူမှုမျိုးတွေ၊ ရခိုင်က ဘင်္ဂလီအရေးတွေကြောင့် ဖြေရှင်းနေရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။

ကချင်စစ်ပွဲအတွက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကြည့်မယ်ဆိုရင် ကော်မရှင်ဖွဲ့တယ်၊ဆွေးနွေးတယ် ဆိုတာက တစ်ခု၊ သမ္မတကြီးက နေပြည်တော်ကို လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်တာက တစ်ခုဟာ ၂၀၁၃ မတိုင်ခင်မှာ ရှိခဲ့ပေမယ့် ကေအိုင်အေရဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ အပြန်အလှန် မယုံကြည် မှုတွေကြောင့် အကောင်အထည် မပေါ်လာခဲ့ပါဘူး။

ယခု ၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ အဆုံးစွန်သော အလျော့ ပေးမှုတွေကို တွေ့မြင်ရပါတယ်။ လွှတ်တော် အမတ်များရဲ့ စိတ်ဝင်စားမှုတွေ ကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲပါ့မယ်ဆိုတဲ့ ကေအိုင်အေရဲ့ ကတိကို ရဖို့ တာဝန်ခံနိုင်တဲ့သူ၊ အကြမ်းဖက်မှုတွေ မပြုလုပ်အောင် တွန်းအားပေး လုပ်ဆောင်သွားမယ် လို့ ကြွေးကြော်ဝံ့တဲ့သူ၊ နှစ်ဖက် အဖွဲ့အစည်းကြားမှာ နိုင်ငံငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ပါ့မယ် လို့ ပြောဆိုတဲ့သူကတော့ ပေါ်မလာသေးပါဘူး။

လက်နက်ကိုင် တပ်ဖွဲ့ ၂ ခု ရင်ဆိုင်ထားတဲ့ နေရာမှာ နှစ်ဖက်စလုံး တစ်ပြိုက်နက် အပစ်မရပ်နိုင်ရင် စရပ်တဲ့သူ သေဆုံးမှု များပြားတာပါပဲ။ အပစ်ရပ်ဖို့ ကြေငြာခဲ့ပြီး နောက်တစ်နေ့မှာ ကာမိုင်းရဲစခန်းကို ၀င်စီးတာက သက်သေပါ။ အပစ်ရပ်ဆိုပြီး အကြမ်းဖက်လာ၇င်တော့ ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ထွက်သွားဆိုပြီး ပိုက်ဆံနဲ့ အော်လို့ မရသလို နောက်တစ်ဖန် မလာရောက်နိုင်အောင်လဲ မောင်းထုတ်ရမှာက စစ်ပွဲသဘောပါ။

ဒီတော့ ကချင်စစ်ပွဲကို ရပ်ဆိုတာ တစ်ဖက်သတ် အပစ်ရပ်ယုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါ ဘူး။ ဆွေးနွေးနေစဉ် မှာလဲ ပစ်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ပြောသလို အပစ်ရပ်ဆိုတာ လွှတ်တော်မှာ တင်သွင်းယုံနဲ့ ပြီးသွားနိုင်မှာ မဟုတ်သလို အပစ်အခတ်တွေလည်း ရပ်စဲမသွားနိုင်ပါဘူး။ ကေအိုင်အေ လိုချင်တာဟာ အပစ်အခတ်ရပ်စဲမှုတင် မဟုတ်ဘဲ ကေအိုင်အေ ဦးစီးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် အစိုးရ၊ ကချင်ဒေသ အစိတ်အပိုင်းတွေကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်တွေ ဆိုတာကိုလည်း ထည့်စဉ်းစား ပေးရမှာပါ။ သိနေပါလျှက် မသိဟန်ဆောင်ပြီး နာမည်ကောင်းထွက်ယုံ ကချင်စစ်ပွဲအကြောင်း ပြောနေဖို့ အချိန် မဟုတ်တော့ဘူး ဆိုတာ ပြည်သူ တစ်ရပ်လုံး သဘောပေါက်နေပါပြီ။

တပ်မတော် စခန်းတွေ ဆုတ်ပေးဖို့ ကေအိုင်အေက တောင်းဆိုပါလိမ့်မယ်။ ခပ်လွယ်လွယ် စကားနဲ့ ဆုတ်ဆို တိုင်း ဆုတ်လို့ မရတာတွေကို တစ်နှစ်ခွဲကျော် သက်သေပြခဲ့ပြီးပါပြီ။ အပစ်ရပ် တာတွေ ဖြစ်စေချင်တယ်ဆိုရင် တော့ ကေအိုင်အေဘက်က တာဝန်ခံပေးမယ့်၊ ကေအိုင်အေ ကို ငြိမ်းချမ်းရေး စကားဝိုင်းထဲ ရောက်အောင် လုပ်ပေးနိုင်မယ့် လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုပဲ လိုအပ်တယ်ဆိုတာ ကချင်စစ်ပွဲ အတွက် အဖြေပါ။ အဖြေမရှိတဲ့ ပုစ္ဆာကို ကျွန်တော်တို့ မဲပေးခဲ့သူတွေ နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်တွက် နေကြအုံးမလဲဗျာ။…

From : Opposite Eye

ဒေါက်တာဆိတ်ဖွားမှ တောင်းပန်ခြင်း


ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက် စာမျက်နှာများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော် ပင်ပြန့်နှံ့နေခဲ့ပါသည်။ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင်   ဒေါက်တာစိုးရင်က  အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန် ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန် အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

သို့အတွက်ကြောင့်ဒေါက်တာ ဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာ ဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။

ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန် များဖြင့် ရွေးကောက် တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင်ဆင် ဖေါ်ပြအပ်ပါသည် ။

ဒေါက်တာဆိတ်ဖွား

ဒီကပါ။

ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့စတင်ထွက်ခွာ


ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေးအလံ သယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယနေ့ချိန်ထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအလံကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန် စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းလျောက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု အတိအကျမပြော ရဲကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

"ကျွန်တော်လိုချင်တာကိုပြောရရင် ပြည်တွင်းစစ်ကြီးကို ရပ်စဲစေချင်တယ်၊ အဲကတစ်ဆင့် နိုင်ငံရေး အင်အားစုတွေရယ်၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ပြည်ထောင်စု အကျိုးစီးပွားအတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်သွားစေချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ ခု သွားတဲ့ ပုံစံ ဒါတွေရလာမှာလား ဆိုတော့ ကျွန်တော်တို့မပြောရဲဘူးဗျ"ဟု ဦးဆောင်သူ လူငယ်တစ်ဦးဖြစ် သူ ကိုရန်နိုင်မျိုး ကပြောကြားသည်။

ပထမစီစဉ်ခဲ့စဉ်က ဆယ်ဦးလမ်းလျောက်ရန် စီစဉ်ခဲ့သော်လည်း ယနေ့လမ်းလျောက်ရာတွင် သံဃာတော် ၁၂ ပါးမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီစိတ်ဓာတ်ရှိတဲ့ လူငယ်တွေရှိနေတာကို ကျွန်တော် အလွန်အံ့သြဝမ်းသာဖြစ်လှပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ဖြေရှင်းတဲ့နည်းလမ်းဟာ လမ်း စဉ်ဟောင်းကြီးဖြစ်ပြီး အောင်မြင်တာမရှိဘူး၊ ကချင်ပြည်နယ်က ပြည်သူတွေ အအေးဒဏ်နဲ့ စစ်ပြေးနေ ရတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။''ဟု ဆိုသော ဆရာဒဂုံတာရာ၏ သဝဏ်လွှာကိုလည်း ဖတ်ကြားပြခဲ့ကြသည်။

ထို့နောက် လမ်းလျောက်အဖွဲ့မှ လူငယ်များက ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်ရာ တွင် ပူပေါင်းပါဝင်ကြသူများကို ကြိုဆိုကြောင်း၊ တရာဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်စေဘဲ ပူးပေါင်းကြရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းများ မပြုလုပ်ကြ ရန်လည်း မေတ္တာရပ်ခံကြောင်းပြောကြားသွားခဲ့သည်။

ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး သဝန်လွှာမျာ ၊အလှူငွေများကိုလည်း ၄င်းတို့မှ တစ်ဆင့်ပေးအပ် လှူဒါန်းနိုင်ကြောင်းလည်း ပြောကြသည်။ မိုင်ရှစ်ရာကျော် ကွာဝေးသည့်ခရီးစဉ်တွင် အခက်အခဲအမျိုး မျိုနှင့်ကြုံတွေ့နိုင်ကြောင်း ခရီးစဉ်မှာ လေးဆယ့်ငါးရက်ခန့် ကြာမြင့်နိုင်ပြီး ခရီးစဉ်အောင်မြင်မှုရမည်ဟု ယုံကြည်ကြောင်း၊ ထွက်ခွာသည့်လမ်းတလျောက်တွင် အာဏာပိုင်များက မေးမြန်းစုံစမ်းမှုများ ရှိကြောင်း၊ ခွင့်ပြုချက်တောင်းဆိုထားခြင်းမရှိသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြောင်းကြားစာများပေး ပို့ထားကြောင်းလည်းသိရသည်။

ဝေယံ
The Myanma Age

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် KIO လက်မခံ


မြန်မာနိုင်ငံအစိုးရမှ အပစ်အခတ်ရပ်စဲရန်ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး (၁၉-၁-၂၀၁၃) ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO အား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အတွက် ကမ်းလှမ်းခဲ့ရာ KIA က လက်မခံဘဲပယ်ချခဲ့ကြောင်း သိရှိရ သည်။

KIA မှ ပြန်ကြားသော အကြောင်းပြန်စာတွင် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများ ရပ်ဆိုင်းထားမည်ဟု အစိုးရမှ ကြေငြာ ထားသော်လည်း ဇန်န၀ါရီလ ၂၀ ရက်နေ့ထိ မြန်မာစစ်တပ်မှ ဆက်လက် တိုက်ခိုက်ဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့သာ သီးခြား တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ဘဲ UNFC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီတို့ ဆွေးနွေးလျင် ပိုမိုသင့်လျော်မည်ဖြစ်ကြောင်းပြန်ကြားခဲ့သည်။

အစိုးရမှ ထိုးစစ်များရပ်ဆိုင်းရန် ကြေငြာပြီး နောက်ပိုင်းတွင် အစိုးရတပ်နှင့် KIA ကြား အပြန် အလှန်စွပ်စွဲ မှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် ဇန်န၀ါရီလ ၁၈ ရက်နေ့နောက်ပိုင်းတွင် အစိုးရတပ် အနေဖြင့် လေကြောင်းမှ တိုက်ခိုက်ခြင်းမရှိတော့ကြောင်း KIA အရာရှိ တစ်ဦးမှပြောကြားသည်။

အစိုးရမှ ထိုးစစ်ဆင်ရန်ကြေငြာပြီး နောက်တစ်နေ့ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကာမိုင်းရဲစခန်းအား KIA တပ်ဖွဲ့ဝင်အများအပြားမှ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အဆောက်အဦ များ မီးရှို့ခံရကြောင်း ၎င်းနေ့မှာပင် လွယ်ဂျယ်မှ ဗန်းမော်သို့ ထွက်ခွာလာသော ခရီးသည်တင်ကား ၂ စီးအား KIA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား (၁၇)ဦး ဒဏ်ရာရသွားကြောင်း နှင့် ၎င်းနေ့ ည (၈) နာရီခန့်ကပင် ရှေ့တန်းမှ မန်စီမြို့သို့ ပြန်လည်ဝင်ရောက် လာသည့် စစ်ကြောင်းအား မန်စီမြို့အ၀င်တွင် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့်အစိုးရတပ်ဖွဲ့ဝင် (၃) ဦး ကျဆုံးခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

ဒီကပါ။