နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့် GSM Sim Card များကို ကျပ်ငါးသောင်းဖြင့် လျှော့ချရောင်းချပေးရန် ဆက်သွယ်ရေးဝန်ကြီးထံ ညွှန်ကြားထားကြောင်း


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အသစ်ရောင်းချမည့် GSM Sim Card များကို ကျပ်ငါးသောင်းဖြင့်   လျှော့ချရောင်းချပေးရန် ဆက်သွယ်ရေးဝန်ကြီးထံ ညွှန်ကြားထားကြောင်း နေပြည်တော်တွင် သတင်းများ ထွက်ပေါ်နေဟု သိရှိရပါသည်။ ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် WCDMA Sim Card ဈေးနှုန်း အားလက်ရှိ ညှိနှိုင်းလျှက်ရှိပြီး ဇန်န၀ါရီလ ၁၄ ရက်နေ့၊ ၂၀၁၃ တွင် တစ်နိုင်ငံလုံးရှိ ရတနာပုံ တယ်လီပို့အရောင်းကောင်တာများတွင် တစ်ပြိုင်တည်း ရောင်းချနိုင်အောင် စီစဉ် ထားကြောင်း နေပြည်တော်သတင်း များအရ သိရှိရပါသည်။

Thit Htoo Lwin

ကိုယ်အပူချိန်သုံးလို့ အားဖြည့်နိုင်မည့် Nokia E-Cu ဖုန်း

ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါ တယ်။ ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင် ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီ များနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။ ရည်ရွယ်ချက် ကတော့ ယင်း ကြေးနီ Copper က အပြင် ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။ ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။ E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုပြီး ကြေးနီးနဲ့ ပတ်ဝန်းကျင်မှ အပူကို ဆုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။ ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထးတဲ့ ဖုန်း ဖြစ်ပါတယ်။ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။ Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။

TechSpace Journal

မထသ ၂၀၄ မီနီဘတ်စ်ရွှေတိဂုံဘုရားအနီးတွင်တိမ်းမှောက်


၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့ က ရန်ကုန်မြို့ ဗဟန်းမြိုနယ် ရွှေတိဂုံဘုရားအမြောက်ဘက်မုဒ် M3 စားသောက်ဆိုင်အနီးတွင် မသထ ၂၀၄ မီနီဘတ်စ်ယာဉ်တစ်စီးမှဘရိတ်ပေါက်ကာ တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါကားမှောက်မှုကြောင့်လူသေဆုံးမှုမရှိပဲထိခိုက်ဒဏ်ရာရရှိမှုသာရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ရန်ကုန်မြို့ ပြည့်သူဆေးရုံကြီးသို့ ပိုဆောင်ကာဆေးကုသပေးနေကြောင်းသိရှိရသည်။ယာဉ်မောင်းသူထွက်ပြေးတိမ်းရှောင်ခြင်းမရှိပဲ…ခရီးသည်များမှာပွန်းပဲ့ဒဏ်ရာမျှသာရရှိကြောင်း.. Hot News သို့ကိုယ်တိုင်ပြောကြားခဲ့သည်။

Hot News

Skype သို့ ငွေပေးချေနိုင်သည့် ၀န်ဆောင်မှုဝက်ဆိုဒ် စတင်


အွန်လိုင်းမှတစ်ဆင့် နိုင်ငံပေါင်း ၁၈၀ ကျော်သို့ ဖုန်းခေါ်ဆိုနိုင်သည့် Skype ဖုန်းခေါ်ဆိုမှု စနစ်ထဲသို့ ငွေဖြည့်တင်းနိုင်သည့် Website ဝန်ဆောင်မှုကို ယခုလမှ စ၍ လွှင့်တင်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှု ဝက်ဘ်ဆိုက်မှာ www.mmskype.com ဖြစ်ပြီး ငွေဖြည့်တင်းရာတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ ဒေါ်လာမှ စ၍ ငွေဖြည့်တင်းရမည်ဖြစ်ပြီး ငွေသားကို MyanPay Online Payment Gateway မှတစ်ဆင့် ပေးချေနိုင်ကြောင်း သိရသည်။

ထို့အပြင် အင်တာနက်ဆိုင်များအတွက် ပိုမိုအဆင်ပြေလွယ်ကူစေနိုင်သည့် Skype Credit Plan များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

“ငွေပေးချေစဉ် အတောအတွင်း skype Username ကို တစ်ခါတည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။ ငွေပေးချေစနစ်ကိုတော့ Myanpay ကို အသုံးပြု ငွေပေးချေရမှာ ဖြစ်ပါတယ်။ ငွေပေးချေပြီးတာနဲ့ အသုံးပြုသူရဲ့ Skype အကောင့်ထဲကို Skype Credit ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် ဝန်ဆောင်မှုကို အလွယ်တကူ မေးမြန်းနိုင်ဖို့ Live Chat ကိုလည်း ထည့်သွင်းထားပါတယ်” ဟု အဆိုပါ Website ၏ တာဝန်ရှိသူက ပြောသည်။

ငွေပေးချေပြီးပါက မိမိ၏ Skype အကောင့်ထဲသို့ မိမိပေးချေလိုက်သော ငွေပမာဏ ရောက်ရှိလာ မည် ဖြစ်ကြောင်း ၄င်းဝက်ဘ်ဆိုက်မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါကဏ္ဍအတွက် Plan များမှာ Unlimited Country Plan နှင့် Unlimited World Plan တို့ဖြစ်ကြောင်း သိရသည်။

Unlimited Country Plan တွင် နိုင်ငံတစ်နိုင်ငံသို့ တစ်လအတွင်း အကြိမ်အရေ အတွက်၊ မိနစ်အကန့်သတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ပြီး နိုင်ငံရွေးချယ် ဝယ်ယူနိုင်ကြောင်း ကိုလည်း သိရသည်။ Unlimited World Plan ၌ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်ကို တစ်လအတွင်း အကြိမ်ရေ၊ မိနစ်ရေ အကန့်အသတ်မရှိ ခေါ်ဆိုနိုင် မည် ဖြစ်သည်။

Myit Makha Mediagroup

မြန်မာသမ္မတကို ပြုပြင်ပြောင်းလဲရေးသမားဟု တိုင်းမ်မဂ္ဂဇင်းဖော်ပြ


မကြာမီက မြန်မာနိုင်ငံသို့ လာရောက်ကာ သမ္မတဦးသိန်းစိန်ကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သော တိုင်းမ်မဂ္ဂဇင်းက မြန်မာသမ္မတကို အစိုးရအတွင်းမှ ပြုပြင်ပြောင်းလဲရေးသမားဟု ဆောင်းပါးရေးသား ဖော်ပြခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် တိုင်းမ်၏ တရုတ်ဗြူရိုအကြီးအကဲနှင့် အရှေ့အာရှရေးရာ သတင်းထောက်ဖြစ်သူ ဟန်နာဘိခ်ျ၏ The Regime's Inner Reformist: can Thein Sein Change Burma? ဟူသော ဆောင်းပါး၌ ယင်းသို့ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆောင်းပါးတွင် မစ္စဟန်နာက သမ္မတဦးသိန်းစိန်ကို မြန်မာ၏ "ဂေါ်ဘာချက်ဗ်"ဟု ခေါ်ဝေါ်ထားခဲ့ပြီး ရုရှားသည် ဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနေရာတွင် တွန့်ဆုတ်နေသော်လည်း မြန်မာတွင်မူ မတူကွဲပြားသော လမ်းကြောင်းဖြင့် ဒီမိုကရေစီသို့ သွားနိုင်ရန် အခွင့်အရေးရှိနေကြောင်း ဖော်ပြထားသည်။

ဆောင်းပါးတွင် ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကိုလည်း ဖော်ပြထားပြီး သမ္မတဦးသိန်းစိန်၏ အနီးကပ်လူတစ်ဦး၏ အပြောကိုလည်း ကိုးကားဖော်ပြထားသည်။ အမည်မဖော်ပြထားသည့် ယင်းပုဂ္ဂိုလ်က "ဗိုလ်ချုပ်မှူးကြီးဟာ သူ့နောက်ဆုံးနေ့ရက်တွေကို နေအိမ်အကျယ်ချုပ်နဲ့ မကုန်ဆုံးချင်ပါဘူး။ သူက ဦးသိန်းစိန်ဟာ ပေးထားတဲ့ကတိအတိုင်း သူ့ကို ဂုဏ်သိက္ခာရှိရှိနဲ့ (နိုင်ငံရေးမြင်ကွင်းက) ပျောက်ကွယ်သွားစေဖို့ လုပ်ပေးနိုင်မယ်လို့ ယုံကြည်စိတ်ချခဲ့ပါတယ်"ဟု ဆိုသည်။

တိုင်းမ်ကလည်း ဦးသိန်းစိန်သည် ၎င်း၏ ယခင်အကြီးအကဲဟောင်းနှင့် ပုံမှန်စကားပြောဖြစ်ခြင်းမရှိကြောင်း ၎င်းတို့ကို ပြောသည်ဟု ရေးသားထားသည်။

ဟန်နာဘိခ်ျ၏ အထက်ပါဆောင်းပါးတွင် မြန်မာတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သော်လည်း လက်ပံတောင်းတွင် သံဃာများအား အကြမ်းဖက်ဖြိုခွဲခဲ့မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းနိုင်မှု၊ ကချင်စစ်ပွဲ၊ ရခိုင်ပဋိပက္ခတို့က မြန်မာအတွက် အဓိကစိန်ခေါ်မှုများအဖြစ် ရှိနေဆဲဖြစ်ကြောင်း ထောက်ပြထားသည်။

-Ref: Time

၈ လကျော်ကြာ တရားရင်ဆိုင် နေရသော The Voice Weekly ဂျာနယ်အား သတ္တုတွင်း ၀န်ကြီးဌာနမှ တရားစွဲဆိုမှုအား ရုတ်သိမ်း


The Voice Weekly ဂျာနယ်အား သတ္တုတွင်း ၀န်ကြီးဌာနမှ တရားစွဲဆိုမှုနှင့် ပတ်သတ်၍ မီဒီယာများ၏ မေးမြန်းမှုအား ကိုကျော်မင်းဆွေမှ ပြန်လည်ဖြေကြားစဉ် ၈ လကျော်ကြာ တရားရင်ဆိုင် နေရသော The Voice Weekly ဂျာနယ်အား သတ္တုတွင်း ၀န်ကြီးဌာနမှ တရားစွဲဆိုမှုအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ရုတ်သိမ်း ပေးလိုက်ကြောင်း အဆိုပါဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေ၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly ဂျာနယ်၏ အတွဲ ၈၊ အမှတ် ၁၃ တွင် ဖော်ပြခဲ့သော “၀န်ကြီးဌာန အချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်း ဖော်ပြပါရှိမှုကြောင့် သတ္တုတွင်း ၀န်ကြီးဌာနမှ ၂၀၁၂ ခုနှစ် မတ်လတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဒဂုံမြို့နယ် တရားရုံးမှ တရားလိုနှင့် သက်သေများကို စစ်ဆေးပြီးနောက် ငါးလအကြာတွင် ၄င်းဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူအား ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ သွားရောက်ညှိနှိုင်း ပေးခဲ့ခြင်းနှင့် Press Council (မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ) ယာယီမှ တာဝန်ရှိသူများ အနေနဲ့လည်း ၀င်ရောက်ညှိနှိုင်း ပေးခဲ့ခြင်းများကြောင့် သတ္တုတွင်း ၀န်ကြီးဌာနမှ အမှုရုတ်သိမ်းပေးခဲ့တာ ဖြစ်ကြောင်း The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေ ထံမှ သိရသည်။

The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေမှ “ကျွန်တော်တို့ ဂျာနယ်ကို အခုလို အမှုရုတ်သိမ်း ပေးလိုက်တာ Press Council က ကြားဝင်ဆောင်ရွက် ပေးမှုတွေကြောင့် ဖြစ်ပါတယ်” ဟု ပြောသည်။

ဂျာနယ်ဘက်မှ မှားခြင်း၊ တောင်ပန်ခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ ခိုင်လုံသည့် သတင်းအရင်းအမြစ်အရ ရေးသားဖော်ပြခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် သတ္တုတွင်း ၀န်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများပါ ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက် မရှိခဲ့ကြောင်း ကိုကျော်မင်းဆွေထံမှ သိရသည်။

The Voice Weekly ဂျာနယ်၏ ၈ လကျော်အကြာ တရားရင်ဆိုင်မှု အတွင်း ရုံးချိန်းပေါင်း ၂၀ ကျော် ရင်ဆိုင်ခဲ့ရကြောင်း၊ ပုဒ်မ ၅၀၀ အမှုအတွက် စွဲချက်မတင်သင့်ကြောင်း အယူခံကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် လျှောက်ထားနေစဉ်အတွင်း ၀န်ကြီးဌာနဘက်မှ အဆိုပါ အမှုကို ရုတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ဟောင်ကောင်လေကြောင်းလိုင်း စတင်ပြေးဆွဲ


ရန်ကုန်၊ ဇန်န၀ါရီ ၁၁ Hong Kong Dragon Air လေကြောင်းလိုင်း စတင်ပျံသန်းသည့် အထိမ်း အမှတ်အဖြစ် ဇန်န၀ါရီမှ မတ် (၃၁)ရက်နေ့အထိ ရန်ကုန်-ဟောင်ကောင်-ရန်ကုန် ခရီးစဉ်အား ကန်ဒေါ်လာ ၃၈၈ ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းသည် ရန်ကုန်လေဆိပ်နှင့် ဇန်န၀ါရီ ၉ရက်နေ့မှ စတင်ပျံသန်းပြေးဆွဲနေပြီ ဖြစ်သည်။ ယင်းလေကြောင်းလိုင်းသည် တရုတ်နိုင်ငံရှိ မြို့ပေါင်း ၂၁မြို့ အပါအ၀င် ဒေသတွင်း ခရီးစဉ်ပေါင်း ၄၃ ခုကို လေယာဉ်ပေါင်း ၃၆ စီးဖြင့် ပြေးခွင့်ပျံသန်းနေပြီး နိုင်ငံပေါင်း ၁၆၀ ကျော်နှင့် တိုက်ရိုက်ပျံသန်းလျက်ရှိကြောင်း သိရသည်။ ယင်းလေကြောင်းလိုင်းသည် ရန်ကုန်နှင့်ဟောင်ကောင် တိုက်ရိုက်ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပြေးဆွဲသွား မည် ဖြစ်သည်။

Popular Myanmar News Journal

အကယ်ဒမီနောင်နောင်က ၎င်းရရှိထားသော အကယ်ဒမီဆုအား ဇာတ်ကားကြည့်ပြီးမှ ဝေဖန်ပါဟုဆို


၂၀၁၁ ခုနှစ် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ထာဝရအလင်း တန်းများ ဇာတ်ကားဖြင့် ရရှိသွားသော နောင်နောင်က ၎င်းရရှိသည့် အကယ်ဒမီဆု နှင့်ပတ်သက်၍ မိမိ၏ ဇာတ်ကားများကို ကြည့်ရှုပြီးမှသာ ဝေဖန်ပါဟု ပရိတ်သတ်များအား ပြောကြားလိုက်သည်။

အကယ်ဒမီဆုနှင့် ပတ်သက်၍ နောင်နောင်က ၎င်း၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးတွင် အကယ်ဒမီ ရသည့်အတွက် အံသြမိကြောင်း ပြောဆိုခဲ့ပြီး အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ "ပရိသတ်က ပရိသတ် ပဲလေ။ ကျွန်တော့်ကားလေးကို ကြည့်ပြီးမှ ကျွန်တော့်ကို ဝေဖန်ပါလို့ ပြောချင်ပါတယ်။ ဒီဇာတ်ကားမှာ ဦးညွှန့်ဝင်းနဲ့ စကားပြောတဲ့ အခန်းကို အကြိုက်ဆုံးပါ" ဟု နောင်နောင်က ပြောကြားသည်။

၎င်းသည် အနုပညာလောကတွင်းသို့ ၂၀၀၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ သူဖြစ်ကြောင်းသိရပြီး ယခုလက်ရှိ အနုပညာလုပ်ငန်းနှင့် ပတ်သက်၍ "ကျွန်တော်တို့ လော်မင်္ဂလာ ဆိုတဲ့ ရုပ်ရှင်ကားကိုရိုက်ကူးနေပါတယ်။ မြိုင်ရာဇာတွတ်ပီရဲ့ ဝထ္ထုပါ။ ကိုလူမင်း၊ ကိုရန်အောင်၊ ဖိုးချစ်၊ မေသဉ္ဇာဦး၊ မေသန်းနု၊ အိချောပို၊ မေသက်ခိုင်တို့ သရုပ်ဆောင်ထားတယ်။ အကိုက ဒီကားမှာ ရွာသားအဖြစ်ပါဝင်သရုပ်ဆောင် ထားပါတယ်။ အခုမှ ကျွန်တော်က အသစ်ဆိုတော့ အားလုံးက ကျွန်တော်ကို လက်တွဲ ခေါ်ပါတယ်။ ကျွန်တော်ရဲ့ သရုပ်ဆောင်မှုကို ဝေဖန်ပေးကြပါ၊ အကဲဖြတ်ပေးကြပါ" ဟု ထပ်မံပြောကြားသည်။

အကယ်ဒမီနောင်နောင်က ၎င်းအနေဖြင့်ရုပ်ရှင်လောကတွင်းသို့ ဝင်ရောက် လာရသည့် အကြောင်းရင်းမှာ ၎င်း၏ ဖခင်ဖြစ်သူ(ရီမြင့် ဗီဒီယိုထုတ်လုပ်ရေး) ကတိုက်တွန်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ "ဒီဇာတ်ကားအနေနဲ့ ဘယ်လို ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုးကိုပေးလဲမသိဘူး။ ကျောင်းဆရာတစ်ယောက်ရဲ့ ပုံစံနဲ့ဆုပေးထားတယ်ဆိုတော့ နောင်နောင်ရဲ့ ပုံက ကျောင်းဆရာ တစ်ယောက်အနေနဲ့ နမူနာ ယူစရာ မရှိဘူး။ အထူးသဖြင့် ဆံပင် ပုံစံပေါ့။ကျောင်းဆရာ တစ်ဦးရဲ့ဆံပင်ပုံစံက ဒီလိုမျိုးမဖြစ်သေးဘူး။ အကယ်ဒမီကိုမပေးထိုက်ဘူး" ကျောင်းဆရာဟောင်း တစ်ဦးက ၎င်းရရှိသွား သော အကယ်ဒမီဆုနှင့် ပက်သက်၍ ဝေဖန်ပြောဆိုသည်။

The Myanma Age

အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ဆွေးနွေးပွဲတွင် KIA ပါဝင်မည်

အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ၂၀၁၃ ခုနှစ် အတွင်း ပြု လုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပါဝင် မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ၎င်းတို့ ရုံးခန်း၌ပြုလုပ်သော လိုင်ဇာခရီးစဉ်ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်သည့်အဖွဲ့နှင့် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ဇန်န၀ါရီလ ၃ ရက်နှင့် ၅ ရက်နေ့များ၌ တွေ့ဆုံခဲ့ရာတွင် KIA ဘက်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"လက်ရှိ KIA နဲ့ ဆွေးနွေးပွဲတွေဟာ အခုအချိန်မှာ တိုက်ပွဲအရှိန်မြင့်နေတဲ့အတွက် မဖြစ်နိုင်သေး ရင်တောင်မှ UNFC နဲ့ အစိုးရတွေ့ဆုံဆွေးနွေးတဲ့အခါမှာ UNFC ထဲမှာ KIA ကလည်း အပါအ၀င်ဖြစ်တဲ့ အတွက်ကြောင့် ဆွေးနွေးပွဲအတွင်းမှာ KIA အနေနဲ့ တက်ရောက်မယ်ဆိုတဲ့အကြောင်းကို ရှင်းရှင်း လင်းလင်း ပြောလိုက်ပါတယ်" ဟု ကိုမြအေးက ပြောသည်။

KIA အနေဖြင့် ဆွေးနွေးဖြေရှင်းမှရမည်ဆိုသော မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း ၊ ဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် လက်ရှိဖြစ်ပေါ်နေသော စစ်ပွဲအရှိန်အဟုန်ကို လျှော့ချပေးရန်၊နိုင်ငံရေး ပဋိပက္ခများကို ဖြေရှင်းသော နိုင်ငံရေးဆွေးနွေးပွဲများ လုပ်မည်ဆိုသည့် ကတိက၀တ်၊ အာမခံချက် တစ်စုံ တစ်ရာကိုပေးနိုင်မည်ဆိုပါက ဆွေးနွေးပွဲများ ပြန်စရန်အတွက် ငြိမ်းချမ်းရေး ကိုရှေးရှုသည့်ဖြစ်စဉ် များ ပေါ်ပေါက်လာလိမ့်မည်ဟုလည်း KIA ဘက်က ပြောကြားခဲ့ကြောင်း ကိုမြအေးက ဆက်လက်ပြော ကြားခဲ့သည်။

UNFC နှင့် အစိုးရတို့ ယခုနှစ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲများဆောင်ရွက်နိုင်ရေးအတွက် ဇန်န၀ါရီလ လယ်ပိုင်းခန့်မှစ၍ အကြိုသဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန် အစိုးရဘက်မှ ကမ်းလှမ်း ထားကြောင်း မြန်မာငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေး မှူး ဒေါက်တာမင်းဇော်ဦးက ဇန်န၀ါရီလ ၆ ရက်နေ့၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် KNU တို့တွေ့ဆုံပွဲအပြီးတွင်ပြောကြားထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိ တိုက်ပွဲပေါင်း အကြိမ် ၂၄၀၀ ခန့် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

Eleven Media Group

မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် တရုတ် CRI အသံလွှင့်ဌာနတို့ ပူးပေါင်းစီစဉ်သည့် မြန်မာကဗျာရွတ်ဆိုပြိုင်ပွဲနက်ဖြန်ကျင်းပမည်

မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံ CRI အသံလွှင့်ဌာနတို့ ပူးပေါင်း စီစဉ် သည့် မြန်မာ ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်န၀ါရီ ၁၂ ရက်တွင်နေပြည်တော် တပ်ကုန်း၊ မြန်မာ့ အသံနှင့် မြန်မာ့ ရုပ်မြင် သံကြားAuditorium ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကဗျာများကို သတင်းစာများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ရာ ပေးပို့ယှဉ်ပြိုင် ကြသူ များအနက် ပြိုင်ပွဲကျင်းပရေးကော်မတီက စိစစ်ရွေးချယ်ခဲ့သည့် ပဏာမရွေးချယ် ခံကဗျာရှင် ၂၆ ၏ အမည် စာရင်းကို သတင်းစာများတွင်ထုတ်ပြန်ကြေညာခဲပြီး၊ ကဗျာရွတ်ဆိုပြိုင်ပွဲသို့တက်ရောက်ရန် အကြောင်း ကြားစာများကိုလည်း တစ်ဦးချင်းစီသို့ပေးပို့ထားပြီး၊ တက်ရောက်ကြမည့်သူများအနေဖြင့် ဇန်န၀ါရီ ၁၀ ရက်နေ့နောက်ဆုံးထား၍ ပြန်လည်အကြောင်းကြားပါရန် အသိပေးပြီးဖြစ်ကြောင်းသိရသည်။

ယင်းပြိုင်ပွဲတွင် ပထမဆု ၁ဆု၊ ဒုတိယဆု ၃ ဆု၊ တတိယဆု ၅ ဆုနှင့် အထူးဆု ၅ ဆု၊ စုစုပေါင်း ဆု ၁၄ ဆုကိုချီးမြှင့်မည်ဖြစ်ပြီး၊ လက်ရာကောင်းကဗျာစာမူရှင်ဆု ၁၀၀ အပြင်၊ ပြိုင်ပွဲဝင်အားလုံးကိုလည်း အမှတ် တရလက်ဆောင်များပေးပို့ရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။

Popular Myanmar News Journal

တန်ဖိုးနည်း iPhone ထုတ်မည်ဟု သတင်းထွက်ပေါ်


149$ ခန့် သာကျသင့်မည့် iPhone ထုတ်လုပ် မည်ဟု သတင်း ဆက်တိုက်ထွက်ပေါ်လျှက်ရှိပါတယ်။ တန်ဖိုးနည်း Version iPhone ဟာ ဆုံးရှုံးသွား တဲ့ဈေးကွက်ဝေ စုတွေကိုပြန် လည်ရရှိစေ ဖို့ဆို တဲ့ (iphoneဟာ ဈေးကွက်မှာ15%သာပိုင်ဆိုင်) ရည်ရွယ်ချက်နဲ့ ထုတ်လုပ် မှာ ဖြစ်တယ်လို့သိရှိရပါတယ်။ Google ရဲ့Android ဟာ 75% အထိဈေးကွက်ဝေစု ပိုင်ဆိုင် ထားပါ တယ်။

iPhone 5နဲ့ပုံစံတူပြီး ဈေးသက်သာတဲ့ပစ္စည်းများကို အစားထိုး အသုံးပြုမယ်လို့ခန့်မှန်း ရပါတယ်။ Aluminium body နေရာမှာ polycarbonate နဲ့အစားထိုးပြီး ကျန် Hardwareများကို အရင် iPhone Model ဟောင်းများမှအစိတ်အပိုင်းများနဲ့အစားထိုး သွားနိုင်တယ်လို့သတင်းများကဆိုပါတယ်။

Apple ဟာ ကမ္ဘာတစ်လွား iphones အလုံးရေ သန်း 270 ကျော်ရောင်းချပြီးဖြစ်ပါတယ်။

အမှန်တကယ် ထုတ်လုပ်ြဖစ်မယ်ဆိုရင်Steve Jobsရဲ့အကောင်းဆုံးတွေပဲ ဖန်တီးမဲ့မူ ဝါဒနဲ့ဆန့်ကျင် လျှက်ရှိပါတယ် ။ဒါပေမဲ့ ရှေ့မှာ iPad mini ကိုထုတ်ပြထားတော့ ဒီသတင်း ဟာ ဖြစ်ဖို့ရာ ခိုင်နုန်းများ ပါ တယ်။အမှန်တကယ်ထွက်ရှိလာမယ်ဆိုရင်တော့ သုံးစွဲသူတွေအတွက်သတင်းကောင်းပါပဲ။

Lin Htet Win
Admin of Myanmar IT Group

ကေအိုင်အေ အဖွဲ့က ဒေသခံ ပြည်သူအတွက် ကုန်ပစ္စည်းများ တင်ဆောင် လာသော မော်တော်ယာဉ် များအား နှောင့်ယှက် ဖျက်ဆီးခဲ့ပြီး မြစ်ကြီးနား ပူတာအို လမ်းပေါ်ရှိ ဘေလီ တံတားအား မီးရှို့ ဖျက်ဆီး


ပြည်နယ် အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ရက်မှ ယခုနှစ် ဇန်နဝါရီ ၄ ရက် အတွင်း ကချင်ပြည်နယ် ပူတာအို ခရိုင် ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအတွက် စားနပ်ရိက္ခာ များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးပစ္စည်းများ ပို့ဆောင် ရန် မြစ်ကြီးနားမှပူတာအိုသို့ မော်တော်ယာဉ် ၅၄ စီးဖြင့် ကုန်ပစ္စည်း များကို တင်ပို့ ပေးခဲ့သည်။

ယင်းမော်တော် ယာဉ်များအနက် ဇန်နဝါရီ ၂ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်လမ်း မိုင်တိုင် အမှတ် (၉၁)ရှိ ထိန်ဘိုင် ကျေးရွာအနီး၌ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ တည်ဆောက်ရေး ပစ္စည်းများ တင်ဆောင်လာသော ယာဉ်သုံးစီး၊ ဇန်နဝါရီ ၃ ရက် တွင် မိုင်တိုင် အမှတ် (၆၄)၌ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဒီဇယ် ဆီပီပါ ၆ဝ တင်ဆောင်လာသည့် ယာဉ်နှစ်စီး၊ ယင်းနေ့များ မှာပင် မိုင်တိုင်အမှတ် (၈၉) နှင့် (၉၁) အကြား၌ ပူတာအို ဒေသတွင် အသုံးပြုရန်အတွက် တင်ဆောင်လာသည့် တည်ဆောက်ရေးပစ္စည်းများ၊ စက်သုံးဆီများနှင့် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်များ တင်ဆောင်လာ သည့် ယာဉ် ၁၅ စီး တို့အား ကေအိုင်အေအဖွဲ့က တားဆီး၍ ယာဉ်များပေါ်တွင် ပါရှိသည့် ကုန်ပစ္စည်း များကိုမီးရှို့ ဖျက်ဆီးခဲ့သည်။

ယင်းသို့ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် ယာဉ်များ ပေါ်တွင်ပါရှိသည့် ဘိလပ်မြေ ၈ဝ ဒသမ ၅ တန်၊ သံချောင်း / သံပြား ၁၃တန်၊ ဒီဇယ်ဆီ ပီပါ ၉ဝ၊ ဆန် ၁၉၃ အိတ်၊ စားသုံးဆီ နှစ်ပုံးနှင့် စားသောက် ကုန်များ ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့အတူ မြစ်ကြီးနား- ဆွမ်ပရာ ဘွမ်လမ်းမိုင်တိုင်အမှတ်(၁၁ဝ) ဇနန်း ကျေးရွာအနီးအရှည် ပေ ၂ဝ ရှိ ဘေလီတံတားကိုလည်းကေအိုင်အေအဖွဲ့က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သက်ဆိုင်ရာ ပြည်နယ်မှ သတင်း ရရှိသည်။

မြ၀တီ