Thursday, January 10, 2013

နန္ဒာလှိုင်တို့ တည်ထောင်တဲ့ ‘အသည်း ဖောင်ဒေးရှင်း’ မှာ ပါဝင်ဆောင် ရွက်ပေးမယ့် လူမင်း

နန္ဒာလှိုင်နဲ့ ခင်ပွန်းဖြစ်သူကို ဇေသီဟတို့ တည်ထောင်တဲ့ အသည်း ဖောင်ဒေးရှင်း မှာ လူမင်းကလည်း ပါဝင်ဖြစ်မယ်လို့ သိရပါတယ်။

ဒီလို ဖောင်ဒေးရှင်းမှာ ပါဝင်ဖြစ်ပုံ ကိုလည်း လူမင်း ကို မေးကြည့်ဖြစ်တော့ “မြန်မာ အသည်းဖောင်ဒေး ရှင်းမှာ မနန္ဒာလှိုင်က ပါဝင်ပေးဖို့ ကမ်းလှမ်းတာနဲ့ ပါဝင်ဖြစ်တာ။ ကိုယ့်တို့တိုင်းပြည်မှာ လိုအပ် ချက်တွေ အများကြီး ရှိတယ်။ ဘီပိုး၊ စီပိုးဆိုတာ   တွေက ပတ်ဝန်းကျင်မှာ လူတွေကကိုယ် တိုင်တောင် မသိဘဲ ဖြစ်နေတာ အများကြီးပဲ။ အမှန်ဆို ကြိုတင် ကာကွယ်ဆေးထိုး ရုံနဲ့ ပျောက်ရမှာမျိုးပေါ့။ ကာကွယ်ဆေးကိုပဲ ထိုးဖို့မတတ်နိုင်တဲ့သူတွေ ရှိနေတော့ လိုအပ် ချက်တွေဖြည့်ဆည်းဖို့ ဒီဖောင်ဒေးရှင်းကို ထူထောင် တာဆိုတော့ ကိုယ်တိုင်လည်း လုပ်ချင်တဲ့အတွက် လက်ခံဖြစ်တာ။

သူတို့အတွက် ကိုယ်က အကြံကောင်း၊ ဥာဏ်ကောင်းတွေ ပေးနိုင်လိမ့်မယ်လို့ ယုံကြည် တယ်။ တတ်နိုင်သလောက် ပါဝင်နိုင်လိမ့်မယ်လို့လည်း ယုံကြည် တယ်။ နာမည်ခံကြီးနဲ့တော့ မပါချင်ဘူး။ တစ်ခန်း တစ်ကဏ္ဍကနေ ရည်ရွယ်ချက် ကောင်းတဲ့   ဖောင်ဒေးရှင်း တစ်ခုဆိုတော့ ပါဝင် အားဖြည့်တာပါ။ အမေစုပြောသလိုပဲ လူဆိုတာ အများကောင်း ကျိုးကို သယ်ပိုးနိုင်မှ လူပီသတယ် ဆိုတာမျိုး ကိုယ်တတ် နိုင်သလောက် ကိုယ်ပိုင် အချိန်တွေ ဖဲ့ပြီး အများအတွက် ဆောင်ရွက်ခွင့် ရတယ် ဆိုတာ ကုသိုလ်လည်း ရပါတယ်” လို့ပြောပြခဲ့ပါတယ်။

ဒီကပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေပြီး တနင်္သာရီတိုင်း ကော့သောင်းမြို့ကိုစက်လှေနဲ့ရောက်ရှိလာတဲ့ ဘဂ်ါလီ၈၅ ယောက်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲ


ရခိုင်ပြည်နယ် စစ်တွေမြို့ကနေပြီး တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခုလဆန်းပိုင်းက စက်လှေနဲ့ရောက်ရှိလာတဲ့ ဘဂ်ါလီ ၈၅ ယောက်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲ အရေးယူသွားဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကော့သောင်းလူဝင်မှုကြီးကြပ်ရေးဌာနကနေ နေပြည်တော်ကို တင်ပြလိုက်ကြောင်း သိရပါတယ်။

ကော့သောင်းမြို့ကို ရောက်သွားကြတဲ့ ဘဂ်ါလီ တွေဟာ သက်သေခံအထောက်အထား လက်မှတ် တစ်စုံတစ်ရာ မရှိကြတဲ့အတွက် နေရင်းဌာနေ ကို ပြန်မပို့ သေးဘဲ လ၀က ဥပဒေနဲ့ အရေးယူဖို့ တင်ပြထားတာဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိက ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ တရားစွဲခံရပြီး ပြစ်ဒဏ်ကျခံရမယ်ဆိုရင် အနည်းဆုံးဒဏ်ငွေ ၅၀၀ ကျပ်နဲ့ အမြင့်ဆုံး ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်တွေ ကျခံရမှာဖြစ်တယ်လို့ လ၀က အရာရှိက ပြော ပါတယ်။

အရေးယူခံရမယ့် သူ တွေဟာ ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး ရခိုင်ပြည်နယ်က ထွက်လာခဲ့ရာက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ ည ၁၀ နာရီခန့်မှာ ကော့သောင်းမြို့ သီရီမြိုင်ရပ်ကွက်ကို ဆိုက်ရောက် လာခဲ့တာဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးအရာရှိက အခုလို ဆက်ပြောပါတယ်။

" သူတို့က ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းကပေါ့၊ သဲချောင်းကလာပြီးတော့ သူတို့က အဲဒီမှာ ပိုက်ဆံတွေ ပေးပြီးတော့ ထိုင်းကိုလာတာ၊ ကော့သောင်းကိုရောက်တော့ စက်လှေသမားက ထိုင်းနိုင်ငံကို ရောက်ပြီဆိုပြီးတော့ ချပေးခဲ့တာ။

အသက် ၁၈ နှစ်အထက် ကျား ၃၁ ယောက်၊ မ ၅ ယောက် ပေါင်း ၃၆ ယောက်။ ၁၈ နှစ်အောက်ကတော့ ကျား ၄၀၊ မ ၉ ပေါင်း ၄၉ ပေါ့" လောလောဆယ် သူတို့ကို ကော့သောင်းမြို့က ဆေးရုံဟောင်းမှာ နေရာ ချပေးထားပြီး မြို့နယ်အုပ်ချူပ်ရေး အဖွဲ့နဲ့ ဌာနဆိုင်ရာတွေက ကြည့်ရှု့စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ဒီကပါ။

အမျိုးသမီးများ ပုံမှန်လမ်းလျှောက်ပါက လေသင်တုန်း ဖြစ်ပွားမှု နည်းပါး


သီတင်းပတ် တစ်ပတ်လျှင် သုံးနာရီ ကျော်ကြာ လမ်းလျှောက်လေ့ ရှိသော အမျိုးသမီး များသည် လမ်းမ လျှောက်သူ အမျိုးသမီး များထက် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု လျော့နည်း နိုင်ဖွယ်ရှိကြောင်း စပိန် သုတေသီ များ၏ လေ့လာ တွေ့ရှိချက်များ အရ သိရသည်။ Stroke ဂျာနယ်တွင် ဖော်ပြခဲ့သော ပုံမှန် လမ်းလျှောက်ခြင်းဖြင့် ရောဂါ ဖြစ်ပွားမှု လျော့နည်းသည် ဟူသော အချက်ကို သက်သေ ပြနိုင်ခြင်း မရှိသော်လည်း တိကျသော ရောဂါ အမျိုးအစား များအတွက် သင့်လျော် သော ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ရောဂါ ဖြစ်ပွားမှုကို လျော့နည်း စေနိုင်သည့် အချက် အား သုတေသန ပညာရှင် များက ထောက်ခံခဲ့သည်။ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ဦးနှောက် အတွင်းရှိ သွေးကြောများ အတွင်း သွေးခဲခြင်းနှင့် သွေးကြော ပေါက်ခြင်းကို ဖြစ်စေသော လေသင်တုန်း ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ် နေသည်ကို သုတေသီ များ၏ လေ့လာမှု များ အရ သိရသည်။

ထိုကဲ့သို့ လေ့ကျင့်ခန်း များကို ပုံမှန် ပြုလုပ်ခြင်းသည် ကျန်းမာရေး အတွက် ကောင်းမွန်သော လေ့ကျင့်မှု တစ်ရပ်ဖြစ်ကြောင်း စပိန် နိုင်ငံ မာစီရာ ဒေသဆိုင်ရာ ကျန်းမာရေး အဖွဲ့မှ အကြီးအကဲ ဂျိုစ့်မာရီ ဟွာတာက ရိုက်တာ ကျန်းမာရေး ဌာနသို့ ပြောကြားခဲ့သည်။ သီတင်း တစ်ပတ်လျှင် မိနစ် ၂၁ဝ ကြာ လမ်းလျှောက်လေ့ ရှိသော အမျိုးသမီး များသည် လမ်းလျှောက်မှု မရှိ သော အမျိုးသမီး များထက် လေသင်တုန်း ရောဂါ ဖြစ်ပွားမှုကို လျော့နည်း စေနိုင်သည့် အပြင် စက်ဘီးစီးသူ များနှင့် အချိန်တို အတွင်း လေ့ကျင့်ခန်း ပြင်းထန်စွာ လုပ်သော သူများထက်လည်း လေသင်တုန်း ရောဂါ ဖြစ်ပွား မှုကို လျော့နည်း စေနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်မှုနှင့် စပ်လျဉ်း၍ ဥရောပ ကင်ဆာ တိုက်ဖျက်ရေး အစီအစဉ်က အမျိုး သား၊ အမျိုးသမီး ၃၃ဝဝဝ နီးပါးကို ၁၂ နှစ်ကြာ လေ့လာခဲ့ရာ လေဖြတ်ရောဂါ ခံစားရသော အမျိုးသား၊ အမျိုး သမီး စုစုပေါင်း ၄၄၂ ဦးခန့် ရှိကြောင်း သိရသည်။ ပုံမှန် လမ်းလျှောက်သူ အမျိုးသမီး များသည် လမ်းမလျှောက်သူ များထက် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု ၄၃ ရာခိုင်နှုန်း လျော့နည်း စေနိုင်ကြောင်း   တွေ့ရှိရပြီး လေ့ကျင့်ခန်း ပြုလုပ်သော အမျိုးသား များတွင် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု လျော့ကျခြင်း မရှိသည်ကို သုတေသန ပြုချက်များ အရ သိရသည်။

ထို့ကြောင့် လူတိုင်းသည် လမ်းလျှောက်ခြင်းကို တစ်ပတ်လျှင် နှစ်နာရီခွဲ သုံးနာရီမျှ ပြုလုပ်သင့်ကြောင်း ချီကာဂို တက္ကသိုလ်မှ သုတေသန ပညာရှင် ဝီဆင်ကာဗာက ပြောကြားခဲ့သည်။

မြ၀တီသတင်း

နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းကို ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း မီဒီယာများသို့ အတည်ပြုပြောကြားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နောက်ထပ်ထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းကို ဇန်န၀ါရီလ ၁၀ ရက်နေ့ သို့မဟုတ် ၁၂ ရက်နေ့အတွင်း မီဒီယာများကို ခေါ် ယူတွေ့ဆုံပြီး မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းနှင့် ရောင်းချ မည့်ရက်ကို အ တိအကျ ပြောမည်ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဇန်န၀ါရီလ ၈ ရက်နေ့က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလအတွင်း ရောင်းချပေးမည့် မိုဘိုင်းဈေးနှုန်းများကို အတည်ပြု သတ်မှတ်နိုင်ရန်အတွက် ဆက်သွယ်ရေးမှ တာဝန်ရှိလူကြီးမင်းများမှ ဇန်န၀ါရီလ ၉ ရက်နေ့တွင် အစည်း အဝေးပြုလုပ်ခဲ့ပြီး မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းနှင့် ထွက်ရှိမည့်ရက်ကို မီဒီယာများထံသို့ ဇန်န၀ါရီလ ၁၀ ရက် သို့မဟုတ် ၁၂ ရက်နေ့မှသာ ပြောကြားမည်ဟု ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင်း အခြားမီဒီယာများတွင် ဖော်ပြနေသည့် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် သတင်းများမှာ မှန်ကန်မှုမရှိကာ ရောင်းချမည်ဆိုပါက ထွက်ရှိမည့်ရက်နှင့် ဈေးနှုန်းကိုပါ အတိ အကျ ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ဒီကပါ။

3G စနစ်ကြောင့် စီဒီအမ်အေမိုဘိုင်းဖုန်းများ ဈေးကျလာ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီဒီအမ်အေဖုန်းများ ထပ်မံချထားပေးခြင်း မရှိတော့သည့် နောက်ပိုင်း စီဒီအမ်အေဖုန်းသုံးစွဲသူများ အနေဖြင့် ပြန်လည်ရောင်း ချလိုသူ များပြားလာပြီး ဈေးနှုန်းမှာလည်း ကျပ်သုံးသိန်းခွဲဝန်းကျင်အထိ ကျဆင်း လာကြောင်း ဈေးကွက်အတွင်းက သိရသည်။

"ဆက်သွယ်ရေးက နောက်ပိုင်း 3G စနစ်သုံး GSMဖုန်းတွေကိုသာ အဓိကထား ချထားပေးတော့မှာမိုလို့ စီဒီအမ်အေ ဖုန်းကိုင်ထားသူတွေ အနေ နဲ့ ပြန်ရောင်း ချလို မှုများ လာတယ်၊ အရင်က ကျပ် ငါး သိန်းဝန်းကျင်လောက်ရှိတဲ့ CDMA 800MHz ဖုန်းတွေလည်း အခုဆို ကျပ်သုံးသိန်းခွဲဝန်းကျင်လောက် အထိ ပေါက်ဈေးရောက်နေ ပြီ" ဟု ဖုန်း အကျိုးဆောင်တစ်ဦးက ပြောသည်။

CDMA 450 MHz ဖုန်းများအား နယ်ဒေသများ၌ နေထိုင်အသုံးပြုသူအများစုသာ ဝယ်ယူအသုံးပြုမှု များရှိနေကြောင်းကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 3G နှင့် 4Gကွန်ရက်စနစ် အသုံးပြုနိုင် ရန် ဆောင်ရွက် သွားမည် ဖြစ်သည့် အတွက် CDMA 800 MHz နှင့်CDMA 450 MHz ဖုန်းများချထားပေးမှုများကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟန်းဆက်အပိုင်းတွင်လည်း CDMA 800 MHz နှင့်450 MHz အသုံးပြုနိုင်သည့် ဟန်းဆက်များမှာ လည်း GSMဟန်းဆက်များထက် အရောင်းအဝယ်ကျဆင်းလျက် ရှိနေသည်။

"အရင်ကတော့ ဝယ်ယူမှုအပိုင်းမှာ မသိသာပါဘူး။ အခုနောက်ပိုင်းတော့ GSM စနစ်သုံး ဟန်းဆက် တွေ ကိုသာ သိသိသာသာ ဝယ်ယူမှုများလာတယ်။ ဝယ်ယူမှုပိုင်းက ပုံမှန်ဆိုပေမယ့် အရင်က မော်ဒယ်နိမ့် တွေ ပဲ ၀ယ်ကြတာ အခု မော်ဒယ်မြင့် ဟန်းဆက်တွေကို ဝယ်ယူမှုများလာတယ်" ဟု Mobile မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိဟန်းဆက်ဈေးကွက်၌ အင်တာနက်အသုံးပြု၍ရသည့် (Android) GSM ဟမ်းဆက် အမျိုး အစား များမှာ အမျိုးအစားနှင့် အမှတ်တံဆိပ်ပေါ်လိုက်၍ ကျပ်ခြောက်သောင်းဝန်းကျင်မှ ကျပ်ငါးသိန်းဝန်းကျင် အထိ ဈေးရှိကြောင်း ဟမ်းဆက်ဈေးကွက်အတွင်းက သိရသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းသည့်ကုမ္ပဏီများမှ WCDMA နှင့် GSM လိုင်းကဒ်များအား ကျပ်တစ်သိန်းဝန်းကျင်နှင့်ရောင်းချရန်စီစဉ်နေပြီး အဆိုပါကိစ္စနှင့် ပတ်သက် ၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဇန်န၀ါရီလ (၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် မီဒီယာ များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

(မြစ်မခ)
Myit Makha Mediagroup

ကချင်ပြည်နယ် အရှေ့ မြောက်ဖက် ဒေသ (သီဖွေမြို့နယ်၊ ဆော့လ်ာမန် မြို့နယ်၊အင်ဂျန်းယာန် မြို့နယ်) မဲဆန္ဒ နယ် အမှတ်(၄) မှ တသီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန်းယိန်း ဧ။် KIA အပေါ် သဘောထားမှတ်ချက်


ကျွန်တော်တို့ သဘောထားကတော့ KIA ဆိုတာလည်း ကျွန်တော်တို့ တိုင်းရင်းသားပဲလေ ပြည်ထောင် စုမြန် မာနိုင်ငံရဲ့ တိုင်းရင်းသားပါပဲ သို့သော်လည်း အံ့သြနေတာက သူတို့က နိုင်ငံတော်နဲ့ ဆွေးနွေးမှ ရမယ့် ဟာကို နိုင်ငံတော်နဲ့ ဆွေးနွေးရမယ်လေ၊ နိုင်ငံတော်နဲ့ ပြည်သူ လူထုနဲ့ နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေး ရ မယ်လေ ထင်သာမြင်သာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရမယ်။ ပြည်သူတွေလည်း ငြိမ်းငြိမ်း ချမ်းချမ်း နေချင်ပါတယ်။

အဲ့ဒါကို သူတို့က လက်မခံဘူး နားမထောင်ဘူးဆိုတော့ သူတို့ တော်တော် ဆိုးနေတယ်လို့ ပြောရမှာပေါ့ ပြည် သူတွေက သိပ်ခံနေရပြီ။ ကချင်ဒေသမှာရှိတဲ့ ကချင်ရော ဗမာရော လူမျိုးစုံ သူတို့ပေးတဲ့ ဒုက္ခကို ခံနေရပြီ။ ဒါပေမယ့် တစ်ခြားကတော့ တစ်မျိုးပြောတာပေါ့ အစိုးရကို အပစ်တင်တယ် သွားတိုက်နေတယ် အစိုး ရက တိုက်ရမှာပဲပေါ့ ဒါပေမယ့် သူနေရာရနေတယ်ဆိုတာ မတိုက်လို့ပေါ့ အစိုးရက သက်ညှာ ထား လို့ေ ပါ့။ အခုတော့ ဗန်းမော်သွားတဲ့လမ်းပေါ်တိုက်တာတွေရှိတယ် လာသိမ်းထား တဲ့နေရာတွေ တိုက်တာ ရှိတယ်။

အခုက ကျွန်တော်တို့ ရှိမှာဆိုးတာက ဖမ်းထားတာ။ ရွာသားတွေကို ဖမ်းထားတာ ဟိုတုန်းက နယ်စပ် မှာ ဒုက္ခသည်ဆိုတာ ခြိမ်းခြောက်ပြီးတော့ ဗမာလာပြီ ၊ အစိုးရတပ်တွေလာပြီ မင်းတို့ကို သတ်လိမ့် မယ် ဆိုပြီးတော့ အဲ့လိုနဲ့ ရွာကနေ ထွက်ခွါသွားရတာ ခုတော့ ရွာလည်းမရှိတော့ဘူး ကျွန်တော်တို့ ရှိမှာကျတော့ ဖမ်းကိုဖမ်းသွားတာ ရွာသားတွေကို။ ရွာသားတစ်ထောင်နီးပါရှိတယ်ဆို ဖမ်းသွားတာ

The Street View

လက်ကမ်းစာစောင်ဝေတာပိတ်ပင်လို့ သန်လျင်နည်းပညာကျောင်းမှာ ရုတ်ရုတ်သဲသဲဖြစ်


ကျောင်းစာမှလွဲ၍ ကျန်တာ အကုန်လုပ်ချင်သည့် ကျောင်းသားများ၊ သက်ဆိုင်ရာ ဘာသာရပ်တွင် မထူး ချွန်နိုင်မှန်းသိသော ကျောင်း သားများ၊ ကိုယ်တိုင်လည်း အကျိုးမရှိ၊ သူတစ်ပါးကိုလည်း အကျိုးမဲ့ ဖြစ်စေသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် ကျောင်းသားများ၊ အစိုးရနှင့် ပညာရေး ၀န်ကြီး ဌာနမှ လက်ပိုက်ကြည့်နေသော ထောင်ကြိုက်ကျောင်းသားများကတော့ စပြီး ဆူပူကြလေပြီ။


ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် တောင်ပိုင်းခရိုင်က ရန်ကုန်တိုင်း သံလျင်နည်း ပညာ တက္က သိုလ်ရှေ့မှာ ဒီနေ့မနက်က လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာကို ဆရာတွေ နဲ့ကျောင်း လုံ ၿခံဳေ ရးေ တြက တားဆီး ပိတ်ပင်တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ် လို့သိရပါတယ်။


ဒီကနေ့ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာ ဗကသများ အဖွဲ့ချုပ်ရဲ့ မူ ၅ ချက်၊ တောင်ပိုင်းခရိုင် ဗကသ ပေါ်ပေါက် လာပုံနဲ့ ဥက္ကဌ အဆက်ဆက်တို့ အမည်တွေ ပါဝင်ပါတယ်။

ဒါကို စစ်တပ်က ပြောင်းလာတဲ့ ကျောင်းဆရာက ဗသကဆိုတာ တရားမဝင် အဖွဲ့အစည်း ဖြစ်တဲ့အတွက် စာဝေ ခွင့် မရှိဘူးလို့ပိတ်ပင်သလို၊ ကျောင်းသားတွေကို မချေမငံပြော ဆိုပြီး၊ ရဲနဲ့စရဖ လုံခြုံရေးတွေ ခေါ်လိုက် တယ်လို့ ဗကသ တောင်ပိုင်းခရိုင် တာဝန်ခံ ကိုမင်းသွေးသစ်က RFA ကိုပြောပါတယ်။

အဲဒီနောက် ဆရာတွေက လက်ကမ်း ကြေညာဝေတဲ့ ကျောင်းသားတချို့ဆီက ကျောင်းသားကဒ်နဲ့ တယ်လီ ဖုန်းတွေ သိမ်းလိုက်တဲ့အတွက် ညနေပိုင်းမှာတော့ တခြားကျောင်းတွေကကျောင်းသားတွေပါ   ရောက် လာပြီး အခြေအနေ တင်းမာလာလို့ သိမ်းထားတဲ့ပစ္စည်းတွေပြန်ပေးတယ်လို့သိရပါတယ်။

ဒီကပါ။

အခြေခံ ဥပဒေပြင်ပြီး တိုင်းပြည်ကို ဖျက်ဆီးကြမလို့လား


၉-၁-၂၀၁၂ တွင် ဒေါ်အောင်ဆန်းစုကြည်မှ သတင်းထောင်များနှင့် တွေ့ဆုံစဉ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အခြေခံ သဘောတရားဟာ မှန်လား မ မှန်လားမှာ အခြေခံပြီး လုပ်ရမှာ ၊ကိုယ်တစ် ယောက်ထဲ အတွက် လုပ်ရမှာ မဟုတ်ဘူး၊ ဒီကိစ္စဟာ တစ်ခါမှလည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မရှိဘူး၊ တမင်ထည့်ထားတာလို့ပဲ ..၊ဒီလိုပဲခံယူတယ် လို့ရိုးရိုးပဲပြောရမယ် ဟု ဆိုခဲ့သည်။

ဒေါ်စု ရည်ညွှန်းသည့် အဆိုပါ ပုဒ်မခွဲတွင် "မိမိကိုယ်တိုင်သော် လည်းကောင်း ၊မိမိ၏ မိဘ တစ်ပါး ပါးသော် လည်းကောင်း၊မိမိ၏ ဇနီး (သို့) ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင် သားသမီး တစ်ဦး ဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေ သူ သို့မဟုတ် နိုင်ငံခြား အစိုးရ ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူ များမဖြစ်စေရ ၊ထိုသူများ သည်နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊တိုင်းတပါး၏ နိုင်ငံသား သော် လည်းကောင်း ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ် စေရ၊"ဟူ၍ ပြဌာန်း ထားသည်။

အခြေခံ ဥပဒေကို ပြင်ချင်သည် ဆိုသည်မှာလည်း ထိုအချက်ကြောင့် ပင်ဖြစ်သည်။ ပြည်တွင်း ဆူပူ မှုများ ပြင်းထန်နေချိန်တွင် နယ်တစ်လှည့် စည်းရုံးရေး ဟောပြောချိန်တွင် လူအုပ်ကြီးများ တွေ့သည့် အခါ အာဏာကို လိုချင်လာပြီး မဖုံးနိုင် မဖိနိုင် ထွက်လာသော စကားဟုသာ ဆိုချင်သည်။

မိမိ၊ မိဘ၊ ဆွေမျိုး၊ ဇနီး၊ သား၊သမီး က နိုင်ငံခြားသား မဖြစ်စေရတဲ့။ လောလောဆယ်တွင်တော့ ဒေါ်စု တစ်ယောက်ကိုပဲ မြင်ကြသည်။ ထိုအချက်များကို ပြင်ဆင်လိုက်ပါက တစ်ရွာလုံးတွင်မှ တစ်ဦးတည်း မြန်မာနိုင်ငံသား ဖြစ်လာသည့် ဘင်္ဂလီများ၊ ပြည်ကြီးမှ ဆွေမျိုးများ၊ တစ်အိမ်ထောင် မယား ၄ ယောက် အဆိုတင်သွင်း မည့် ပုဂ္ဂိုလ်များ မြန်မာ့ သမိုင်းကို ဦးဆောင်လာမည့် အရေးကိုတော့ နည်းနည်းမှ မစဉ်း စားကြ။ ဘယ်တော့မှ သမ္မတ မဖြစ်နိုင်သည့် တိုင်းပြည်ဖျက်မည့် သူများက ဆူပူလျှင်ပြီးရော ထောက် ခံပေးကြ သည်။

လူတစ်ယောက် အတွက် လုပ်ရမှာ မဟုတ်ဘူးဟု ဒေါ်ကြီးစုက ဆိုချင်လျှင် ဒေါ်စု တစ်ယောက် အတွက် ပြင်ဖို့ မကြိုးစား ပါနဲ့တော့။ ဒေါ်စု သေပြီးနောက် ရွေးကောက်ပွဲ ၀င်လာကြသည့် အထဲတွင် တိုင်းရင်း သားတွေ အပြင် ငွေရှိ၊ အင်အားရှိနေပြီး အာဏာတစ်ခုသာ ရှိဖို့ လိုသူများအတွက်တော့ ဥပဒေကြီးကို မပြင်လိုက်ပါနဲ့လို့ ။

ဒီကပါ။

မိုင်းတစ်ခါခွဲ လိုင်ဇာသို့ အမြောက်တစ်ချက် တကယ်ပစ်ပြီလား…

ဓာတ်ပုံ- ပစ်မှတ် အသေ မှတ်ပုံတင်ပြီး ဖြစ်သည့် ကေအိုင်အေတို့၏ ဌာနချုပ် အဆောက်အအုံများ

9-1-2013 မနေ့ည ၁၁ နာရီ ခန့်အချိန်တွင် ဟိုပင်နှင့် ပင်းပေါ ဘူတာအကြား ရထားလမ်းအား ကေအိုင်ေ အ မှ မိုင်းခွဲ တိုက်ခိုက်ခဲ့သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦးနှင့် အပြစ်မဲ့ ပြည်သူ တစ်ဦး သေ ဆုံး ခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးမှုကြောင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်သည့် ကေအိုင်ေ အ အား ထပ်မံသတိပေးသည့် အနေဖြင့် မှတ်ပုံတင်ပြီး ဖြစ်သည့် လိုင်ဇာ ဌာနချုပ်သို့ လဂျား ယန်ရှိ အမြောက် ကုန်း မှ ည ၁ နာရီ ၀န်းကျင် ခန့်က လက်နက်ကြီးဖြင့် တစ်ချက် ပစ်ခတ် ခဲ့ကြောင်း သိရသည်။

ကေအိုင်အေမှ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်ပါက မကြာမီ အချိန်အတွင်း လိုင်ဇာရှိ ကေအိုင်ေ အ ဌာနချုပ် စခန်းများ အကုန်ပစ်ခတ် ချေမှုန်းခံရမည် ဖြစ်ကြောင်း သတိပေးထားပြီး ဖြစ်သည်ဟု သ တင်းေ ပး သူ က ဆိုပါသည်။

ဆက်စပ်သတင်း

--------------------
KIA အဖွဲ့အနေဖြင့် ရထားလမ်းကားလမ်းတံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာ ပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက်များဖြင့်ပြန်လည် ပစ်ခတ်မည်
--------------------------------------------------------

KIA အဖွဲ့ အနေဖြင့် စစ်သားမပီသစွာ၊ သူရဲဘောကြောင်စွာ ရထားလမ်း၊ ကားလမ်းများ၊ တံတားများနှင့် အရပ်ဖက် ပစ်မှတ်များအား တိုက်ခိုက်မှု တစ်စုံတရာ မပြုလုပ်ရန် သတိပေးကြောင်းနှင့် ထိုသို့ သတိ ပေး ထား သည့်ကြားထဲမှ အရပ်ဖက် ပစ်မှတ်များအား တိုက်ခိုက် လာပါက လိုင်ဇာရှိ KIA ဌာနချုပ်အား လက် နက်ကြီး များနှင့် တုံ့ပြန် ပစ်ခတ်သွားမည်ဖြစ်ကြောင်း လဂျားယန် ဒေသသို့ ရောက်ရှိနေသည့် အမြောက် တပ်မှ အရာရှိ တစ်ဦးမှ ပြောကြားပါသည်။

ကျွန်တော်တို့မှ လိုင်ဇာက KIA ဌာနချုပ် အဆောက်အဦး တွေအားလုံးကို ပစ်မှတ် မှတ်ပုံတင်ပြီး သား ပါ။ ကျွန်ေ တာ် တို့ သိမ်းထားတဲ့ လဂျားယန် တ၀ိုက်ကတောင်ကုန်း တွေမှာ လက်နက်ကြီးတွေ ဆင်ထား ပါ တယ်။ ပုံမုန်အတိုင်းဆိုရင်တော့ KIA ဌာနချုပ်လိုင်ဇာကို ပစ်စရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ KIA တွေ အနေ နဲ့ အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည် တုံ့ပြန်ရပါ လိမ့်မယ်ဟု ပြော ဆို သွားသည်။

(MON)

NLD ပါတီဝင်မှ ခြိမ်းခြောက်ပြောဆိုမှုကြောင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ သို့ တိုင်ကြားမှု ဖြစ်ပေါ်

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့် မြိတ်မြို့  ကလွင်ကျေးရွာအုပ်စု စုံခေါင်း ရှားတောဝရပ်ရှိ အရန်မီးသတ်တပ်ဖွဲ့ မီးသတ် တပ်စုရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေး ကိစ္စရပ်များ အတွက် အစည်းအဝေးပြုလုပ်နေစဉ် NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး အစည်းအဝေးခန်းသို့ ရောက်ရှိလာ ပြီး အစည်းအဝေးမှတ်တမ်းတွင် ရေးသားထားသော မှတ်တမ်းစာအုပ် များ ကို အတင်းဆွဲယူ ဖတ်ရှူခြင်း၊“ ဒီအစည်းအဝေးက ဘာအစည်း အဝေး လဲ” ၊ “ NLD ပါတီ အာဏာနှင့်ပြောလို့ရရင်ရ မရရင် လူအင်အားနှင့် လာရောက်မည် ” ဟု အရန်မီးသတ်တပ်စုရုံးအတွင်း ၀င်ရောက်ကာ ခြိမ်းခြောက်စော် ကားပြောဆိုခြင်း များပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး ခြိမ်းခြောက်စော်ကားပြောဆိုမှုများကြောင့် အစည်းအဝေးပျက် သွားကြောင်းသိရှိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးအတွက် အစည်း အဝေးပြုလုပ်ရခြင်းသာဖြစ်ပြီး အခုလို NLD ပါတီဝင်တစ်ဦးမှပါတီ နာမည်ဖြင့် ခြိမ်းခြောက်ပြောဆိုမှု များ စော်ကားပြောဆိုမှုများကို မီးသတ်တပ်ဖွဲ့ဝင်များမှ မကျေနပ်ကြသဖြင့် စိုးငယ် (ခ) ရန်နိုင်စိုး အား ထိရောက်သော အရေးယူမှုများပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးသို့ တရားဝင် စာများ ပို့ကာ တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။

စိုးငယ် (ခ) ရန်နိုင်စိုး (၃၇)နှစ် (ဘ) ဦးခင်ဝင်း သည် NLD ပါတီ ရှမ်းချောင်းဝန်ထမ်း ရပ်ကွက် အလုပ် အမှုဆောင်အဖွဲ့ တစ်ဦး ဖြစ်ပြီးမြို့ နယ် ညီလာခံ ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ကုမ္ပဏီမှ ဝယ်ထားသော ဖုန်းဆင်းကတ် ပျောက်ပါက မြန်မာ့ဆက်သွယ်ရေး ဆောင်ရွက်ပေးခြင်းမရှိ


ဆက်သွယ်ရေးမှ တိုက်ရိုက်ဝယ်ယူခြင်းမရှိသည့် ဖုန်းများဆင်း ကတ်ပျောက်ဆုံးမှုကို မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ ဆောင် ရွက်ပေးခြင်းမရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျက်စီး ပါက အခမဲ့နှင့် ပျောက်ဆုံးပါက ကျပ်နှစ်သောင်းနှုန်းဖြင့် ဆောင် ရွက်ပေး မည်ဟု ၂ဝ၁၂ ခုနှစ် မေလတွင် ထုတ်ပြန်ထားသည်။

ယင်းသို့ သတင်းများထုတ်ပြန် ထားသော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုက်ရိုက်ဝယ်ယူထား သည့် ဖုန်းများကိုသာ ဆောင်ရွက်ပေးနေပြီး ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သည့် ပုဂ္ဂလိကကုမ္ပဏီများမှ ရောင်းချ ပေးသည့် ဖုန်းများကိုမူ ဆောင်ရွက် ပေးခြင်းမရှိကြောင်း ဝယ်ယူသူများ ထံမှ သိရသည်။

''ဖုန်းပျောက်လို့ ရွှေဂုံတိုင် ရုံးကို စာချုပ်တွေနဲ့ သွားပြန် လျှောက်တယ်။ ရုံးရောက်တော့ ဝန်ထမ်းက ဒီဖုန်းတွေ ဒီမှာမလုပ် ပေးဘူး။ ရောင်းတဲ့ ကုမ္ပဏီကို သွားပြီးလျှောက်ပါပြောတယ်။ ဖုန်း ကိုလမ်းဘေးဖုန်း ဆိုင်တွေကဝယ်ထားတာပါ။ ဆက်သွယ်ရေးက ဝယ်မှလုပ်ပေးမယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ သူတို့ ထုတ်ထားတဲ့ကတ်သူတို့ဘာသာ ပြန်လုပ်ပေးသင့်ပါတယ်၊ အခုတော့ ကုမ္ပဏီ ဘယ်နေရာမှန်းမသိနဲ့ ဒုက္ခရောက်ခဲ့ရပါတယ်''ဟု မြောက်ဥက္ကလာမှ ဖုန်းပျောက်ဆုံးခဲ့သူ မနန်းဇာခြည် က ပြောသည်။

ထိုသို့ ကတ်ပျောက်ဆုံးမှုများ လာရောက်လျှောက်ထားသည့် ဖုန်းများမှာ ၂ဝ၁၂ ခုနှစ်မှ ရောင်း ချ ပေးခဲ့ သည့် ကျပ်နှစ်သိန်းတန် ဂျီ ဖုန်းများဖြစ်ပြီး ဖုန်းစတင် ရောင်းချ သည့် ကာလတွင် အလွယ်တကူ ဖုန်းဝယ် ယူ၍မရခြင်းကြောင့် နီးစပ်ရာဖုန်းဆိုင်များနှင့်ကုမ္ပဏီများတွင် ဝယ်ယူခဲ့ရသည့်ဖုန်းများ ဖြစ်ကြောင်း သိရ သည်။

လက်ရှိတွင်ဖုန်းများ ပျောက် ဆုံး၍ ပြန်လည်လျှောက်ထားရာ တွင်မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကတ်ပြန် လည်ထုတ်ပေး ချိန်နှစ်ပတ်ကြာမြင့်ပြီး ကုမ္ပဏီများတွင် လျှောက်ထားပါက တစ်လအထိ အချိန် ကြာမြင့်ကြောင်း ထိုသို့ကုမ္ပဏီများမှ ဆောင်ရွက်သည့်အခါတွင် တစ်လကြာမြင့်ရခြင်းမှာ စာရွက်စာတမ်း များ ပြန်လည် စစ်ဆေး၍ တစ်ဆင့်ပြန်လုပ်ဆောင် ပေးရသည့်အတွက် အချိန်ကြာ မြင့်ခြင်းဖြစ်သည်ဟု ဖုန်းရောင်းချ သည့် ကုမ္ပဏီများမှ သိရသည်။

''လူတော်တော် များများ ကုမ္ပဏီကို သွားမလျှောက်ချင်ဘူး။ အခန့်မသင့်လို့ ဖုန်းပျောက်ခဲ့တာပဲ။ ဘယ်က ဖုန်းရောင်းရောင်း ဆက် သွယ်ရေး အနေနဲ့ ဆောင်ရွက်ပေး သင့်ပါတယ်''ဟု စမ်းချောင်းမြို့ နယ်မှ မဖြိုးဖြိုး က ပြောသည်။

ဖုန်းဆင်းကတ်ပျောက်ဆုံးမှုများအား ကုမ္ပဏီများ၌လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ကုမ္ပဏီများဖုန်းနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်များပေးထားသည့်အတွက် ဖုန်းပျောက်ဆုံးမှုကို သက်ဆိုင်ရာကုမ္ပဏီမှသာ ဆောင် ရွက်ရမည်ဟု ထုတ်ပြန်ထား ကြောင်း ပြောသည်။

Popular Myanmar News Journal

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၂ /၂၀၁၃)

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

၁၃၇၄ ခု၊ နတ်တော်လပြည့်ကျော် ၁၃ ရက်

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ခြင်း

၁။ ၂၀၁၃ ခုနှစ် နှစ်သစ်ကူး အခါသမယတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ (၁-၁-၂၀၁၃) ရက်၌ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

၂။ ပေးပို့ခဲ့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် -

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအမှူးပြုသော ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား-

နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်း ဆက်သ လိုက်ပါသည်။

ယခုလို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ချိန်တွင် မိမိအနေဖြင့် အထူးအလေးထား ဖော်ပြလိုသည့် နိုင်ငံရေးဖြစ်ထွန်းမှုမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ပြောင်း လဲလာသည့် မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုအသစ် ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အတန် ကြာပျောက် ဆုံးနေခဲ့သော ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းဖြင့် အဖြေရှာခြင်းဆိုသည့် နိုင်ငံရေး ယဉ်ကျေးမှု ပြန်လည် အသက်ဝင်လာခြင်းဖြစ်ပါသည်။ ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီရှင်သန်ရေး လုပ်ငန်းစဉ်များ ကို ဆောင်ကြဉ်းရာ၌ ကြုံတွေ့ရလေ့ရှိသည့် အများပြည်သူလူထု၏ လိုအင်ဆန္ဒ ထုတ်ဖော်ခြင်းများ၊ ကန့်ကွက်ဆန္ဒပြခြင်းများကို မိမိတို့လူ့အဖွဲ့အစည်းအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်အခါ ဖြစ်ပါသည်။

ဤနေရာတွင် မိမိအနေဖြင့် အထူးအလေးပေး ဖော်ပြလိုသည့်အချက်မှာ ထိုကဲ့သို့ ပြည်သူလူထု၏ လိုအင်ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်စဉ်များတွင် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများ အသုံးပြုရန် ကြိုးပမ်းမှုများကို နိုင်ငံရေးအင်အားစုများအားလုံး ပူးပေါင်းအဖြေရှာခြင်းဟူသည့် အချက် ဖြစ်ပါ သည်။ ဤစုစည်းအဖြေရှာမှုသည်ပင်လျှင် မိမိတို့ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး ယဉ်ကျေးမှု စာမျက်နှာ သစ်ဟုဆိုရမည် ဖြစ်ပါသည်။ "မတူညီသော အယူအဆများ စုစည်းရှင်သန်နိုင်သော ဗဟုဝါဒ" ကို ဆွေးနွေးညှိနှိုင်း အဖြေရှာသည့် နည်းလမ်းသည်သာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အကောင်း ဆုံးသော နည်းလမ်းဖြစ်သည်ကို ၂၀၁၂ ခုနှစ်အတွင်း သင်ခန်းစာ ရယူနိုင်ခဲ့သည့် နိုင်ငံရေး တိုးတက်မှု ဟု ဆိုရမည် ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပင် ရှုထောင့်ပေါင်းစုံ၊ အမြင်အမျိုးမျိုးတို့ဖြင့် ကျယ်ပြန့်စွာ ဆွေးနွေး နိုင်ခဲ့သည့် လွှတ်တော်များ၏ အသက်ဝင်လာမှု၊ ဥပဒေပြုရေးဖြစ်စဉ်များ ခိုင်မာလာမှု စသည့် လွှတ်တော်နှင့် အစိုးရ၊ အပြန်အလှန် ထိန်းကျောင်းနိုင်မှုတို့ကိုလည်း မိမိအနေဖြင့် ဂုဏ်ယူလျက်ရှိပါကြောင်း ပြောကြားလိုပါ သည်။ နိုင်ငံရေးဖြစ်ထွန်းမှုများအပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးမှ ထားရှိသည့် သဘောထားများ၊ ပါဝင် ပတ်သက်မှုများကို လေ့လာကြည့်ရှုပါက ပြည်သူများ၏ နိုင်ငံရေးစိတ်ပါဝင်စားမှု (Political Consciousness) နှင့် နိုင်ငံရေးစိတ်ရှည်သည်းခံမှု (Political Tolerance) ရေချိန် မြင့်တက်လာခြင်းများ ကို လည်းအသိအမှတ်ပြု ဂုဏ်ယူပါသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အထွေထွေ ပြုပြင် ပြောင်းလဲရေးများချောမွေ့အောင်မြင်စေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာ အသိုက် အဝန်းနှင့်ထိတွေ့၍ ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ နိုင်ငံ တကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ အထက် လွှတ်တော်အမတ်များ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်အစရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ ကိုလည်း အစိုးရအဖွဲ့မှ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ်အတွင်း တံခါးဖွင့်စဖြစ်သည့် မိမိတို့နိုင်ငံသို့ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ လာရောက်မှုအကြိမ်ပေါင်း (၁၃၄) ကြိမ်ရှိခဲ့ပြီး ထိုသို့နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု အရှိန်အဟုန်ကို တိုးမြှင့်နိုင်ခဲ့ခြင်းကြောင့် မိမိတို့၏ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် များကို အရှိန်အဟုန်မြှင့် ဖော်ဆောင်နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့ပါသည်။

၂၀၁၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွင် အထူးထင်ရှား အရေးပါသော ဖြစ်စဉ်များ ဖြစ်ပါသည်။ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်နိုင်ခဲ့ပြီး အဖွဲ့ (၁၀) ဖွဲ့နှင့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက် အချို့ ရရှိခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေး မည်မျှပင် အောင်မြင်စေကာမူ တိုင်းရင်းသား အချို့နှင့် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို အဖြေရှာရန်အတွက် နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည်ဟု မိမိတို့အစိုးရမှ ယုံကြည်ပါသည်။ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံ (Framework for Political Dialogue) ကိုလည်း ပြင်ဆင်ထားပြီး ထိရောက်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိ အပစ်အခတ်ရပ်စဲ ထားသော အဖွဲ့များအပြင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIO/KIA) ကိုလည်း ချန်လှပ် မထားဘဲ အပစ်အခတ် ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်အောင် မိမိတို့ တံခါးဖွင့် ထားပါသည်။ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်နေချိန်တွင် တပ်မတော် အနေဖြင့်လည်း အသက်သွေးချွေး တို့ ပေးဆပ်ပြီး နိုင်ငံတော်လုံခြုံရေးအတွက်သာမက ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံး အတွက်ပါ ကြိုးပမ်း လျက် ရှိပါသည်။

ထိုသို့ပြုလုပ်ရန် လိုအပ်မည့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဆင့်ဆင့်မှ ကြိုပမ်းလုပ်ဆောင်လျက် ရှိကြောင်း အသိပေးတင်ပြ လိုပါသည်။ ထို့ပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် “မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre)” ကို တည်ထောင် ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထက်ပါအတိုင်း ဆောင်ရွက် အကောင်အထည်ဖော် နိုင်ခဲ့သလို အထူးလိုအပ်လျက်ရှိသော စီးပွားရေးပြုပြင် ပြောင်းလဲမှု များကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

ထင်ရှားသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်နှင့် လျော်ညီစွာ နှုန်းရှင်အဖြစ် ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင် ရွက် ခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့် စီးပွားရေးဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်နေခြင်း၊ နိုင်ငံခြား ခရီးသွားလုပ်ငန်းများကို ပြန်လည်သက်ဝင်စေခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဝန်းကျင်တွင် ကာလရှည်ကြာတည်ရှိနေခဲ့သော အမျိုးသားစီးပွားရေး ပြဿနာကို ပြည်တွင်းပြည်ပပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စတင် ပူးပေါင်း ဆောင်ရွက် လာခဲ့ခြင်း တို့ကြောင့် "စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေးမူဘောင်" နှင့် "ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဘောင်" တို့ကို ရေးဆွဲ နိုင်ခဲ့ပါသည်။ ယင်းမူဘောင်များအရ ရေတို၊ ရေရှည် စီမံကိန်းများကိုလည်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလရှည်ကြာ အဟန့်အတား ဖြစ်နေခဲ့သော ပြည်ပမှ စီးပွားရေးပိတ်ဆို့မှုများ ကိုလည်း ဖြေလျှော့ပေးစေရန် ကြိုးပမ်းနိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သြစတြေးလျ နိုင်ငံမှ ပိတ်ဆို့မှုများကို စတင်ဖယ်ရှား ပေးခဲ့ပြီး ဥရောပသမဂ္ဂကလည်း ပိတ်ဆို့မှုများကို ဆိုင်းငံ့ပေးသကဲ့သို့၊ ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စုမှလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့်ကို ပြန်လည် ခွင့်ပြုခဲ့ပါသည်။ ထို့ပြင် နိုဝင်ဘာလတွင် သွင်းကုန်များ တားမြစ်မှုကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ပြည်ထောင်စုလွှတ်တော်၏ ကူညီပံ့ပိုးမှုဖြင့် “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်”ကို ပြဋ္ဌာန်းပေးခဲ့ပါသည်။ ယခင်နှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင် အခွင့် အလမ်းပေါင်း ခြောက်သောင်းကျော်ကို ဖန်တီးပေးနိုင်သကဲ့သို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေး နိုင်ခဲ့သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် အလုပ်သမားနှင့် လယ်သမား အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခြင်း၊ ယင်းတို့၏ လိုအင်ဆန္ဒများ အတွက် ဆန္ဒထုတ်ဖော်ခွင့်များ လုပ်ဆောင်လာနိုင်ခြင်းများသည် လွတ်လပ်ပွင့်လင်းလာသော အခြေအနေ ကို အစပျိုးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

လူမှုရေးဆောင်ရွက်ချက်များ အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုများ ကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာ နှုန်းသစ်များ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ”ကို တစ်နှစ်ထက် တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေငွေ စာရင်း ဆွေးနွေးသည့်ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှု ရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ပေး နိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း အသွင် ကူးပြောင်းရေးဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက် ပံတောင်းတောင် စီမံကိန်းဆန္ဒပြမှုများ၊ မြေယာ ပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ကချင် ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အကြုံ များအား သင်ခန်းစာများအဖြစ် ရယူ၍ နောင်လာမည့် နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက် လက်ကြိုး ပမ်းသွား မည် ဖြစ်ပါ သည်။

ယနေ့ မိမိတို့ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများတွင် လွှတ်တော်များနှင့် အစဉ် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် ယခင်တစ်နှစ်ကျော် ကာလကရရှိခဲ့သည့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမိုထိရောက်အောင် ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခုအချိန်အခါကဲ့သို့ နိုင်ငံ တကာ အသိုက်အဝန်းနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေးဂုဏ် သိက္ခာကို မြှင့်တင်နိုင်သော၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်ကို မိမိအနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိပါသည်။

ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲ ကြမ်းတမ်းသော လှေခါး ထစ်များကို ကျော်ဖြတ်ရလေ့ ရှိပါသည်။ မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ အကျင့် ပျက်ခြ စားမှု တိုက်ဖျက်ရေးစသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အစိုးရ ယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုး ပမ်းဆောင်ရွက် ရမည်ကိုလည်း သိရှိထားပါသည်။ ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း ပြည်သူ များ၏ လက်တွေ့ အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားကို အလေးအနက်ထားသည့် ပြည်သူ့ဗဟိုပြု ဥပဒေ များ ဆက်လက်ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီ အလေ့ အကျင့်များနှင့် ယဉ်ပါးရင်းနှီးလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာ ပေး ပို့အပ်ပါသည်။

လေးမျက်နှာမြို့နယ် တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်ရန် စီစဉ်


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်ရှိ ကျေးရွာအုပ်စု အသီးသီးက တောင်သူ (၄၀)ကျော်သည် ဒီဇင်ဘာလ(၂၉)ရက်နေ့က အိုင်သပြု မြသီတာဘုရားဝင်းအတွင်းမှာ တောင်သူတွေရဲ့ ရင်ထဲကခံစားနေရတဲ့ ဒုက္ခဝေဒနာတွေ၊ ဆင်းရဲတွင်းနက်နေတာတွေ အတွက် အစည်းအဝေးတစ်ခုပြု လုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တက်ရောက်လာတဲ့ တောင်သူအသီးသီးရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တောင်သူများဟာ တောင်းဆို ချက်(၃)ချက်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ အစည်းအဝေးမှတ်တမ်း ပြုစုခဲ့ကြပါတယ်။

တောင်သူတွေရဲ့ တောင်းဆိုချက်တွေကတော့ အနိမ့်ဆုံးသီးနှံ စပါးဈေး တစ်တင်း (၄၆ပေါင်) ကို ၃၅၀၀/ကျပ် ရရှိရေး၊ လယ်ယာမြေသွင်းအားစုများဖြစ်သော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ဈေးနှုန်း များလျော့ချပေးရေး၊ လယ်ယာမြေနစ်နာမှု တင်ပြထားသူများအား အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရေး ဆိုဆဲ့ အချက်သုံးချက်ကို တောင်သူအင်အား(၅၀၀)ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒီဇင်ဘာလ (၃၀)ရက်နေ့မှာတော့ တောင်သူတွေဟာ လေးမျက်နှာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တရားဝင်ဆန္ဒ ထုတ်ဖော်ဖို့ ခွင့်ပြုမိန့် တောင်းခံခဲ့ကြပါတယ်။ သို့ပါသော်လည်း ရဲမှူးမှ လိုအပ်ချက်များ ရှိနေသောကြောင့်   တောင်သူတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ပြောကြားခဲ့ကြောင်း၊ တောင်သူများမှလည်း ပြန်လည်ပြင်ဆင်ပြီး ဒီဇင်ဘာ(၃၁)ရက်နေ့မှာ ထပ်မံ၍ ခွင့်ပြုမိန့်တောင်းခံခဲ့ရာ ရဲမှူးမှ ညနေပိုင်းတွင် တောင်သူ များနှင့် တွေ့ဆုံပြီး လိုအပ်ချက်ရှိပါသဖြင့် ထပ်မံပြင်ဆင်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

ရဲမှူးကိုယ်တိုင်မှ တောင်သူများအား ပယ်ဖျက်တာမဟုတ်ကြောင်း၊ လိုအပ်ချက်ကိုသာ ပြင်ဆင်ခိုင်း တာဖြစ်ကြောင်း ပြောဆိုပါတယ်။

“ဘာတွေလိုအပ်လဲ ကျွန်တော်တို့ကို ပြောပြပါ၊ ရဲမှူးကြီးပြောမှ ကျွန်တော်တို့က လိုအပ်ချက်ကိုပြင်နိုင်မှာပါ၊ ရဲမှူးက လိုအပ်ချက်ကို မပြောပါဘူး၊ မပြောတဲ့အတွက် ကျွန်တော်တို့က နေ့တိုင်းတင် နေ့တိုင်းမှားနေမှာပဲ၊ ကျွန်တော်တို့တောင်းဆိုတာတွေ များနေရင် လျော့ပေးမယ်၊ ပိုနေရင် နှုတ်ပေးမယ်၊ ကျွန်တော်တို့ ရင်ထဲကခံစားချက်ကို နိုင်ငံတော် အစိုးရမှ သိရှိပြီးတော့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးနိုင်ရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ပါပဲ”

ဟု တောင်သူကိုယ်စားလှယ်တစ်ဦးမှ ပြောဆိုခဲ့ရာမှာ ရဲမှူးမှ လိုအပ်ချက်ကို အလျှင်းမပြောကြောင်း သိရှိရ ပါတယ်။

တောင်သူများဟာ တတိယအကြိမ်မြောက် ခွင့်ပြုမိန့်တင်ဖို့ ကြိုးစားနေဆဲမှာပဲ မြို့နယ်ရဲတပ်ဖွဲ့မှူး မှ တောင်သူကိုယ်စားလှယ်တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ တောင်သူ ကိုယ်စားလှယ် (၅)ဦး ရွေးပေးခိုင်းရာ တောင်သူများမှ ကိုယ်စားလှယ်(၅)ဦးအား ရွေးပေးခဲ့ကြောင်း၊ ဇန်န၀ါရီလ(ရ)ရက်နေ့မှာ တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။

ဇန်န၀ါရီလ(၆)ရက်နေ့မှာတော့ မြန်မာနိုင်ငံတောင်သူလယ်သမား အတွင်းရေးမှူး ဦးသိန်းအောင် ရောက်ရှိ လာပြီး တောင်သူတွေရဲ့တောင်းဆိုချက်(၃)ချက်အား နေပြည်တော်ဝန်ကြီးတွေကို တင်ပြပေး မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဇန်န၀ါရီလ(ရ)ရက်နေ့ ညနေမှာတော့ တောင်သူလယ်သမား အတွင်းရေးမှူး ဦးသိန်းအောင်မှ (၄၆) ပေါင် ဧည့်မထတစ်တင်းကို ၃၅၀၀/ကျပ်ဖြင့် ၀ယ်ပေး မည်ဖြစ်ကြောင်း၊ လယ်ယာမြေ ပြဿနာများကိုလည်း အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးပါ့မယ်လို့ ပြောဆို ခဲ့ကြောင်း သိရှိရပါတယ်။

ဇန်န၀ါရီလ (၉) ရက်နေ့တွင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ရွှေဘိုစု င၀န်ရေကာတာနစ်နာတဲ့ တောင်သူ (၁၁)ဦးကို တာဝန်ရှိသူတွေက ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရှိရပါတယ်။ နစ်နာမှုတွေနဲ့ပါတ်သတ်ပြီး တောင်သူတွေက ကာလတန်ကြေး ၁၂ သိန်းတောင်းဆိုရာမှာ တာဝန်ရှိသူတွေက ဘယ်နေ့ဘယ်ရက် ပြန်လည်ပေးနိုင်လို့ မပြောသောကြောင့် တောင်သူများ စိတ်မကောင်းဖြစ်နေရကြောင်း သိရှိရပါတယ်။

တောင်သူတွေတောင်းဆိုတဲ့ စပါးတစ်တင်းကို ၃၅၀၀/ကျပ် ပေးမည်ဆိုလျှင် တောင်သူများက ကျေနပ် ၀မ်းမြောက်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူတွေပြောသည့်အတိုင်း ကတိပေးထားတဲ့အတိုင်း ဖြစ်မလာပါက ဇန်န၀ါရီလ(၁၅) နေ့မှာ စီစဉ်ထားတဲ့အတိုင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

http://moemaka.com/?p=31003

အင်တာနက်မြန်နှုန်း ၆ လအတွင်း ပိုကောင်းမည်ဟု ဆို

လာမည့် ခြောက်လအတွင်း အင်တာနက်မြန်နှုန်းများ ယခုထက် ပိုမိုမြန်ဆန်ကောင်းမွန်လာမည်ဟု ဆက်သွယ်ရေးမှ သိရသည်။ ”အခုလည်း မြန်ပါတယ်။ ဒါပေမဲ့ SE-ME-WE-5 ချိတ်ဆက် ပြီးတာနဲ့ ပိုမြန်လာဦးမှာပါ။ အခု SE-ME-WE-5 ချိတ်ဆက်ဖို့ လာမယ့် ဒုတိယပတ် ၉ ရက်လောက်မှာ ဆွေးနွေးဖို့ ရှိတယ်။ ပြီးရင် စတင် ချိတ်ဆက်သွားတော့မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင် နီယာချုပ်တစ်ဦးက ပြောသည်။

အဆိုပါ ဆက်ကြောင်း စတင် ချိတ်ဆက် သွယ်တန်းဖြစ်ပါက မူဆယ်မှ ချောင်းသာကမ်းခြေအထိ သွယ်တန်းသွားမည်ဖြစ်ပြီး ချိတ်ဆက်သွယ်တန်းမှုကို ငါးလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

”သွယ်တန်းတဲ့ အပိုင်းမှာ ကျွန်တော်တို့ဘက်က ခွင့်ပြုမိန့်တွေ၊ လျှပ်စစ်မီးတွေ ရရှိအောင် ဆောင် ရွက်ပေးရမှာပါ။ ဒါ့အပြင် စက်ထားဖို့မြေနေရာက အစရှာဖွေပေးရမှာပါ။ ဒါတွေ လုပ်ဆောင်ပြီးရင်တော့ သွယ်တန်းတာ ပိုပြီး မြန်ဆန်သွားမှာပါ” ဟု ၄င်းက ဆက်ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် SE-ME-WE-5 ဆက်ကြောင်းကို China Unicon နှင့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာ အပါအဝင် ယင်းဆက်ကြောင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သွယ်တန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်ကြောင်း သွယ်တန်းမှု ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ သန်း ၃ဝ နှင့် သန်း ၄ဝ ကြား သုံးစွဲသွားမည် ဖြစ်ကြောင်း လက်ရှိ ချိတ်ဆက်သွယ်တန်းထားသည့် SE-ME-WE-3 ဆက်ကြောင်း သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် ဆက်ကြောင်းသစ် ထပ်မံချိတ်ဆက်ရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အင်တာနက် မြန်နှုန်းမှာ ဝေဖန်မှုများ ရှိနေသော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အင်တာနက်မြန်နှုန်းအတွက် လျော်ကြေးပြန်ပေး မည်အထိ အာမခံချက် ပေးထားကြောင်း သိရသည်။

ဒီကပါ။

မိုဘိုင်းဖုန်းများ ဈေးလျှော့ပါက GSM နှင့် WCDMA ဈေးနှုန်း တူမည် မဟုတ်


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းများကို လက်ရှိ ရောင်းချနေသော ဈေးနှုန်းအောက် လျှော့ ချ ရောင်းချမည် ဖြစ်ပြီး ယင်းသို့ ရောင်းချရာတွင် GSM နှင့် WCDMA ဈေးနှုန်းတူမည် မဟုတ်ဘဲ ယခုရောင်းချ နေသကဲ့သို့ပင် WCDMA မိုဘိုင်း ဖုန်း မှာ ဈေးနှုန်းပို များမည်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရ သည်။ ယင်းသို့ ဈေးနှုန်းလျှော့ချ ရောင်းချရာတွင် GSM နှင့် WCDMA မိုဘိုင်းဖုန်း များကို ဈေးနှုန်း နှစ် မျိုးဖြင့် ရောင်းချမည် ဖြစ်သော်လည်း မည် သည့် ဈေးဖြင့် ရောင်းချ မည်ကို အတိအကျ မသိရသေး ဘဲ ဈေးနှုန်းအားဖြင့် ကျပ်နှစ်သောင်းခန့် ကွာခြား နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှတာဝန်ရှိသူများက ပြောသည်။

မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက "GSM နဲ့ WCDMA ကို ဈေးအတူတူ ရောင်းမှာ မဟုတ်ပါ ဘူး။ ဈေးကွာမှာပါ။ ဘယ်လောက်ကွာမလဲ ဆိုတာတော့မသိသေးပါဘူး။ နှစ်သောင်း လောက်တော့ကွာရင် ကွာနိုင်ပါတယ်။ ဈေးနှုန်းအတိအကျကို တကယ်ရောင်းချတဲ့အခါကျရင်တော့ ကြေငြာမှာပါ" ဟု ပြော သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများကို ဈေးနှုန်း လျှော့ချခြင်းကို ယခုလ အတွင်း တွင် ရောင်းချပေးမည် ဖြစ်ပြီး ယင်းသို့ ရောင်းချ ပေးခြင်းကို ပြည်နယ်နဲ့တိုင်းဒေသကြီး အားလုံး တွင် ရောင်းချပေးမည် ဖြစ်သည်ဟု သိရသည်။ ရောင်းချ ပေးရာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ရန်ကုန်မြို့တွင် ဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် နေရာများတွင် အဓိက ထား ရောင်းချပေးမည်ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ရောင်းချပေးမည် ဖြစ်သည်ဟု ဆက်သွယ်ရေးက ပြောကြားထားပြီး ဖြစ်သည်။

အများပြည်သူများအနေဖြင့်လည်း ဈေးနှုန်း လျှော့ ချ ပေးခြင်းကို စောင့်မျှော်နေပြီး ဈေးနှုန်းလျှော့ချပါက ဝယ်ယူမည့်သူများပြား နိုင်ကြောင်း ဈေးကွက် အတွင်းရှိ မိုဘိုင်းဖုန်းဆိုင်များက သုံးသပ် ပြောကြားသည်။

မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦး က "အများအားဖြင့်တော့ တစ်သိန်းဖုန်း ထွက်မယ်ဆိုပြီး စောင့်နေပါတယ်။ အဲဒီ ဖုန်းကို ဝယ်မယ့် သူ တော်တော်များပါတယ်။ အထူးသဖြင့် ဆင်ခြေဖုံးရပ်ကွက်တွေ ဘက်ကသူတွေ များပါ တယ် ။ ဈေးနှုန်း တစ်သိန်းလို့လည်း ကြားပါတယ်။ တစ်သိန်းထက် ကျမယ် ဆိုရင်လည်း ပိုကောင်း ပါတယ်။ အဲဒီ ထက် ဈေး ကျရင် ဝယ်မယ့်သူ ပိုများ နိုင်တာပေါ့။ ဈေးကိုလည်း ပိုလျှော့ ပေးစေ ချင်ပါတယ်" ဟု ပြောသည်။

Ref : yatanarpon

မအူ ပင်မြို့၌ NLD ညီလာခံ ကျင်းပ မည့်နေ့ တွင် ဆန္ဒပြ ရန်ရှိနေ


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ မြို့နယ်ညီလာခံကျင်းပပါက ဆန္ဒပြကြမည်ဟု ပါတီဝင် အဖြစ်မှ ယာယီထုတ်ပယ်ခြင်း ခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီ လ၊ ၈ ရက်နေ့တွင် ပြောကြားသည် ။

" အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေကို ပြန်ဖွဲ့ပေးဖို့ ၊ ထင်သာမြင်သာရှိတဲ့ မြို့နယ် ညီလာခံကျင်းပဖို့နဲ့ ယာယီအထုတ်ခံထားရတဲ့ (၂၆)ဦးကို ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။ လောလော ဆယ်တော့ မြိ့နယ်ညီလာခံ လုပ်မယ့်နေ့မှာ ဆန္ဒပြမယ် ။

ဒီနေ့လည်း ညီလာခံလုပ်မယ် ကြားလို့ အယောက်(၂၅၀)ဆန္ဒဖော်ထုတ်မယ်လို့ ခွင့်ပြုမိန့် တောင်းထား တာပါ ။ ဒီနေ့ညီလာခံမလုပ်လို့ မပြပေမယ့်လည်း နောက်နေ့တွေအတွက် ဆန္ဒထုတ်ဖော် ဖို့ ခွင့်ပြုမိန့်ကို ဆက်တိုက်တောင်းသွားမှာပါ " ဟု ၎င်းကပြောသည် ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၊ ၃ရက်နေ့က NLD မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်ကို ပါတီဝင်(၂၅၀)က ဆန္ဒပြသခြင်းနှင့်ပက်သက်၍ မြို့နယ်ကိုယ်စားလှယ်လောင်း (၂၆)ဦးအားဗဟိုမှညီလာခံ ကျင်းပပြီးစီးချိန် အထိ ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ (၅)ဦးကိုလည်း ဒီဇင်ဘာလ(၂၇) ရက်နေ့နှင့် (၂၈)ရက်နေ့များက ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သည့်အတွက် မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှ ပုဒ်မ (၁၈)နှင့် တရားစွဲဆိုထားကြောင်း ဆက်လက်ပြောကြားသည် ။

ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရသည့်အပြင် ပုဒ်မ(၁၈)နှင့်ပါ အမှုရင် ဆိုင်နေရသူ တစ်ဦးဖြစ်သော ဦးဇော်မင်းဦးက "ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းတဲ့စာကို ဗဟိုကနေ ဒီဇင်ဘာ (၁၈) ရက်နေ့က ထုတ်ပေးထားတာ ၊ ကျွန်တော်တို့ ဆီကို (၂၆)ရက်နေ့မှရောက်ပြီးသိရတာ ၊ ညီလာခံက (၂၈)ရက်နေ့ ဆိုတော့ အရမ်းကပ်နေပြီ၊ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်း လိုက်ပေမယ့် မမီတော့ဘူး ။ ဒီတော့ ဆန္ဒ လည်းပြရော ခွင့်ပြုမိန့်မရှိတော့ ပုဒ်မ(၁၈)နဲ့ အစွဲခံရတယ် ။

သူတို့လည်း အဲဒီ(၂၈)ရက်နေ့က ညီလာခံမလုပ်ဖြစ်တော့ဘူး ။ ဗဟိုဦးစီးစနစ်ဆိုတာ ကတော့ ရှိသင့်ပါ တယ် ။ ဒါပေမယ့် လိုအပ်တာထက် ပိုနေရင်တော့ မကောင်းပါဘူး " ဟု ပြောကြားသည် ။

အဆိုပါကိစ္စများနှင့်ပက်သက်၍ မအူပင်မြို့နယ် NLDညီလာခံကျင်းပရေးကော် မရှင်ဥက္ကဌ ဦးဝင်းရွှေက ရပ်/ကျေးညီလာခံကျင်းပမှုတွင် ကျေးရွာအုပ်စု (၈၈)အုပ်စု အနက် (၆၉)အုပ်စုကို အောင်မြင်စွာ ကျင်း ပပြီး စီးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် မြို့နယ်ညီလာခံကိုလည်း ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ၊ NLDညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဌ ဒေါက်တာအေးကြူ ကလည်း " ညီလာခံကျင်းပပြီးစီးဖို့အတွက် ဦးတို့ဘက်ကနေ လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားမှာပါ ။ ဒီတိုင်းပြည်က မင်းမဲ့ တိုင်းပြည်မှ မဟုတ်ပဲ ။

မအူပင်က သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း သဘောတူညီထား ပြီးသားပါ။ သူတို့ဆီကနေ နှုတ်ကတိ ရထားပါတယ် ။ ဦးတို့ကို ညီလာခံကျင်းပလို့ရအောင် ကာကွယ်ပေးပါမယ်တဲ့  ။ အခုအခြေအနေ အတိုင်း ဆို အာဏာပိုင်တွေကို နောက်ထပ် အကြောင်းကြားရပါ့မယ် ။ မအူပင်မှာတင် မရရင် တိုင်းဝန်ကြီးချုပ် အထိ တတ်တိုင်သင့်ရင် တိုင်ရမယ် " ဟု ပြောကြားခဲ့သည် ။

မအူပင်မြို့တွင် ကြားဖြတ်ရွေးကောက်ပွဲပြီးစီးချိန်မှစ၍ NLD ပါတီတွင်း မကျေလည်မှုများစတင်ခဲ့ခြင်းဖြစ်ပြီး ဗဟိုမှကိုင်တွယ်စီမံမှုညံ့သောကြောင့် ယခုကဲ့သို့ ပြဿနာများ ကြီးထွား လာခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ၎င်း၏ အမြင်ကို ပြောကြားသည် ။

From : The Myanma Age

အီရတ်မှ ကွန်တိန်နာလိုက် ပြန်ပို့ခံရမှုများရှိလာသည့် မြန်မာငါးမြစ်ချင်း

အီရတ်နိုင်ငံသို့ အဓိကထားတင်ပို့နေသည့် ငါးမြစ်ချင်းဈေးကွက်မှာ အရည်အသွေးကြောင့် အ၀ယ်နည်းသွားကြောင်း ပြည်ပပို့ကုန် လုပ်ငန်း ရှင်များထံမှ သိရှိရသည်။

“ကိန်းဂဏန်းအရတော့ မသိဘူး။ သို့သော် အီရတ်က အရင်က တအား ၀ယ်တယ်။ ဒါပေမယ့် အခု နောက်ပိုင်း အီရတ်ကို ပို့တဲ့ containerတွေတောင် ပြန်ပို့တာတွေရှိတယ်။ ရောင်းသူဝယ်သူ စာချုပ် ချုပ်ပြီးမှ မ၀ယ်ဘဲနဲ့ ပြန်လွှတ်တယ်ဆိုရင် ဒါတခုခုမှားလို့၊ ဘာကြောင့်မှားတာလဲဆိုတာ အဖြေရှာ သင့် တယ်။ export လုပ်တဲ့အခါ မြန်မာ့ငါးဟေ့ဆိုပြီး လက်ခမောင်းခတ်နိုင်ရမယ်။ မဟုတ်ရင် မြန်မာငါးကို ၀ယ်မနေနဲ့တော့ကွာ ရေဒီလောက်ထိုးနေရင်ဆိုတဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ် ” ဟု မအူပင်မြို့ နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာမြင့်စိန်က ပြောသည်။

ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ကြာရှည်ခံရန်အတွက် ငါးမြစ်ချင်းငါးအားကျောခွဲ၍ ရေခဲထည့် ခြင်းနှင့် ဗိုက်ခွဲ၍ ရေခဲထည့်ခြင်းကို ၂၀၀၇ခုနှစ်မှ စတင်ပြုလုပ်ခဲ့ကြောင်း ထိုသို့ပို့ရာတွင် အများဆုံး စားသုံးသော အီရတ်နိုင်ငံ မှ ယခုနောက်ပိုင်းမှ စ၍ တင်ပို့လိုက်သည့် ငါးများကို ပြန်ပို့သည့်အဆင့်အထိ ရှိလာခဲ့ပြီး အ၀ယ်နည်းလာကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။

ထိုသို့ ၀ယ်လိုအားနည်းသွားရခြင်းမှာ ငါးပမာဏ(၁၀၀ %)တွင် ရေခဲပမာဏမှာ (၂၀ %) သတ်မှတ် ထားသော်လည်း ယခုအခါ ၄င်းရာခိုင်နှုန်းထက်ပိုမိုစွာ ထည့်လာကြခြင်းနှင့် ဗိုက်ကိုခွဲ၍ ရေခဲ ထည့် ခြင်း အပြင် ကျောကိုခွဲ၍ ရေခဲထည့်ခြင်းများကြောင့် ငါးအရသာပျက်သွားခြင်း စသည့် အချက် များ ကြောင့် ဖြစ် သည်ဟု သိရသည်။

ရေခဲထည့်ရာ၌ ကျောခွဲ၍ ရေခဲထည့်လိုက်ခြင်းဖြင့် ငါးကျောတွင်ရှိသော တစ်ရှုးများအား သွား ထိကာ ရေကိုစုပ်ယူပြီး အသား ထဲသို့ရေစိမ့်ဝင်မှုများပြားစေခြင်းနှင့် ထည့်လိုက်သော ရေခဲထဲတွင် ပိုးမွှား တစ်စုံတရာ ပါသွားပါကလည်း စားသုံးသူအား ထိခိုက်စေနိုင် သောကြောင့် ကျော ခွဲ၍ ရေခဲ ထည့် ပြည် ပ ပို့ခြင်းများအား မပြုလုပ်သင့်ကြောင်းကိုလည်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အကြံပြုထား သည်။

ဗိုက်ခွဲ၍ ရေခဲထည့်ရာ၌ ဗိုက်တွင်ရှိသော ပယ်ရီဟု ခေါ်သော အဖြူရောင်အပြောင် အသားများမှ အသားထဲ သို့ ရေမ၀င်နိုင်အောင် ကာကွယ်ထားသည့်အတွက်ကြောင့် ရေစိမ့်ဝင်မှုပမာဏ နည်းပါးစေပြီး ငါးအရ သာ မပျက်စေခြင်းကြောင့် ဗိုက်ခွဲ၍ ရေခဲထည့်ခြင်း သာ ပြုလုပ်သင့်ကြောင်း ကိုလည်း ငါးမွေးသူများမှ အကြံပြုပြောဆိုကြသည်။

အီရတ်၌ ငါးစားသုံးရာတွင် ကင်စားခြင်းကြောင့် ကျောခွဲ၍ ရေခဲပမာဏ ပိုထည့်ထားသော ငါးသည် ကင်လိုက်သောအခါ အရသာ ပိုပျက်သွားစေနိုင်ကြောင်းလည်း သိရှိရသည်။

“ အရင်တုန်းက ကျောခွဲပြီး ပြည်ပပို့တာကို exporter အများစုကတော်တော်ကန့်ကွက်ခဲ့ကြတာ။ ပြီးတော့ အရင်တုန်းက ရေခဲပမာဏ က (၅ %) ပဲထည့်ရတာ။အခုဆို ၂၀%ထိ ထည့်ခွင့်ပေးထား တယ်။ တချို့တွေ ကတော့ သူတို့ Quality သူတို့ထိန်းတဲ့အနေနဲ့ ရေခဲကိုလည်း (၂၀%)ပဲထည့်ပြီး ဗိုက်ခွဲတဲ့ စနစ်နဲ့ ပို့ကြတယ်။ သတ်မှတ်ထားတာနဲ့ မကိုက်ညီရင် ဘယ်လိုအရေးယူမလဲဆိုတာတွေကို ဆောင်ရွက်ပေး မှ မြန်မာနိုင်ငံရဲ့ ပြည်ပငါးဈေးကွက် မပျက်မှာလို့ ထင်ပါတယ် ” ဟု ပြည်ပပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၂ခုနှစ်မှစကာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ၀န်ကြီး ကိုယ်တိုင် ဆွေးနွေးခြင်း ပြုလုပ်နေကြောင်းကိုလည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ နာယက ဦးစိုးဝင်းက ဆိုသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်း ပြည်ပသို့တင်ပို့သော ငါးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၆၅၀)သန်းခန့် ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup

အလင်းဝင် KIA စစ်သည်တစ်ဦး၏ ရင်ဖွင့်ချက်

ကျွန်တော်နာမည် မောင်ယဉ်မျိုးထွန်းပါ။ ကျွန်တော်အညာသားပါ။ ကျွန်တော့ ဇာတိ ကတော့ မြန်မာပြည်အလယ်ပိုင်း မြင်းခြံမြို့ကပါ။ ကျွန်တော်တို့ဒေသမှာ မိုးခေါင်ရေရှားပြီး စီးပွားရေး လုပ်ရတာ အဆင်မပြေလို့ ဖားကန့်မှာ ရေမဆေးကျောက်တူးတဲ့အလုပ်ကို ၂၀၀၈ခုနှစ်ထဲက လုပ်နေပါ တယ်။ ဒီလိုလုပ်နေရင်း တစ်နေ့မှာတော့ ကျွန်တော်တို့မှော်ထဲကို ဗိုလ်လဆိုင်း ခေါင်းဆောင်တဲ့ အင်အား ၁၅ ယောက် လောက်ရောက်လာပြီး ကျွန်တော်တို့မှော်ထဲမှာရှိတဲ့ ရေမဆေးကျောက်ရှာတဲ့ ယောကျာ်းလေး ၃၀ လောက်ကို ဖမ်ဆီးသွား ပါတယ်။ အဲ့ဒိအထဲမှာငွေးကြေးတက်နိုင်တဲ့ လူ ၁၀ ယောက်ကတော့ တစ်ယောက်ကို ၃ သိန်း KIA ဗိုလ်လဆိုင်းကိုပေးပြီး ပြန်လွတ်သွားပါတယ်။ ကျွန်တော်နဲ့ ကျန်တဲ့ အယောက် ၂၀ လောက် ကတော့ ပေးစရာလဲငွေမရှိ တစ်နေ့လုပ်မှ တစ်နေ့စားတွေဆိုတော့ KIAရဲ့ လူသစ်စုတဲ့အထဲဘုမသိ ဘမသိနဲ့ ပါသွား တော့တာပါပဲ။ ကျွန်တော်တို့ကို တပ်ရင်း ၆ ရှိတဲ့ ကန်ဆီးမှ စစ်သင်တန်း (၂) လ တက်ခိုင်းပါတယ်။ စစ်သင်တန်း ပြီးတာနဲ့ ဘာမသိညာမသိနဲ့ KIA သူပုန်ဖြစ် သွားတော့တာပါပဲ။ အဲ့ဒိမှာကျွန်တော်တို့ အားလုံးသိထားတာက KIA တပ်ဖွဲ့ဝင်တွေဖြစ်သွားပြီ မင်းတို့ ဒီကထွက်ပြေးရင် ပစ်သတ်ခံရမယ်။ ထွက်ပြေးလို့လွတ်သွား ရင်လဲ ဗမာစစ်တပ်က မင်းတို့ကိုသတ်မှာပဲ။ ဗမာစစ်တပ်က ဖမ်းမိတဲ့ KIA စစ်သားမှန်သမျှကို အကုန် သတ်ရုံတင်မကဘူး။ မင်းတို့ ဆွေမျိုးတွေ ပါ သောင်းကျန်းသူနဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချခံရလိမ့်မယ် ဆိုပြီးကျွန်တော်တို့ ကို ခြိမ်းခြောက် ထားပါတယ်။

ကျွန်တော်တို့လို အတင်းအဓမ္မ စုဆောင်ခံရတဲ့ထဲမှာ လူမျိုးပေါင်းစုံပါပါတယ်။ အထူးသဖြင့် မြန်မာ တစ်နိုင်ငံလုံးက စီးပွားရေးအရ ဖားကန့်နဲ့ရွှေတောတွေမှာ လုပ်ကိုင်စားသောက်နေရတဲ့ လူအများစုပါ။ ဗမာ လဲပါတယ်။ ရှမ်းလဲပါတယ်။ ရခိုင်လဲပါတယ်။ KIA တပ်ဖွဲ့ဝင်ဖြစ်လာတော့လဲ လူမျိုးရေးခွဲခြားတာကို ခံရပါတယ်။ ကချင်ဂျိန်းဖောတွေကိုတော့ ဦးစားပေးပါတယ်။ ကျန်တဲ့လူမျိုးတွေဆိုရင် ခွဲခြားဆက်ဆံပါ တယ်။ ကျွန်တော်တို့ ကို သိပ်ယုံကြည်ပုံမရပါဘူး။

KIA စစ်ဗိုလ်တွေ စကားပြောတိုင်းကျွန်တော်တို့ ဗမာကောင်တွေကိုမယုံနဲ့ဆိုပြီး အမြဲပြောတာ ကိုကြားရ ပါတယ်။ KIA ထဲမှာနေရပေမဲ့ KIA အောက်ခြေစစ်သားတွေဟာ ဘာခံယူချက်မှ မရှိပါဘူး။ သူတို့ လူကြီးတွေပြောနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဆိုတာလဲနားမလည်ပါဘူး။ KIA စစ်သား တွေသိထားတာက အစိုးရတံတားတွေဖျက်ဆီးရမယ်။ ရထားတွေကို မိုင်းခွဲရမယ်။ ခိုင်းတာ လုပ်ရင်အခွင့်အရေး ရမယ်။ ခိုင်းတာမလုပ်ရင် မင်းတို့မိသားစု အန္တရာယ်ရှိမယ်။ ဒီကနေထွက်ပြေးရင် မိသားစုတွေ ဒုက္ခရောက်မယ်။ အစိုးရဆီမှာ လက်နက်ချရင် အစိုးရတပ်တွေက ညှဉ်းပန်းနှိပ်စက်ပြီး သတ်မယ်။ မိသားစုတွေကို ထောင်ချခံရမယ်ဆိုတဲ့ အတွေးမျိုးဝင်အောင်လုပ်ထားပါတယ်။ KIA တပ်ဖွဲ့ဝင်အများစုမှာ KIA ရဲ့ လုပ်ရပ်တွေကို စိတ်ကုန်ပြီး KIA ကိုစွန့်ခွာချင်နေကြပါပြီ။ ဒါပေမဲ့ KIA ခေါင်းဆောင်တွေရဲ့ ခြိမ်းခြောက်ပြော ဆိုမှုတွေကြောင့် တော်တော်တန်တန် အလင်းမ၀င်ရဲကြပါဘူး။

နောက်ဆုံးတော့ ကျွန်တော်လဲ ဘယ်လိုမှသည်းမခံနိုင်တော့လို့ မြန်မာစစ်တပ်က ငါ့ကိုသတ်ရင်လဲ သတ်ပါစေတော့ ဆက်ပြီးမနေနိုင်တော့ဘူး။ ဒီမှာနေရင်လဲ အသေခံတိုက်ရမဲ့အတူတူ အစိုးရဆီမှာ ပြန်ပြီး အလင်းဝင်တာပဲ ကောင်းတယ်လို့ ဆုံးဖြတ်ပြီး နီးစပ်ရာ တပ်စခန်းတစ်ခုမှာ အလင်းဝင်ခဲ့ပါတယ်။ ကျွန်တော် တကယ်အလင်းဝင်တဲ့အခါမှာတော့ ကျွန်တော်တို့ ထင်ထားတာတွေနဲ့ တခြားစီဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တွေပြောသလို တပ်ကကျွန်တော်တို့ကို မသတ်ပါဘူး။ ထောင်လဲမချပါ ဘူး။ တော်ေ တ်ာလေးကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့ပါတယ်။ ကျွန်တော်ထင်မထားတာတွေဖြစ်လာတော့ ကျွန်တော် မျက်ရည်တောင် ကျမိပါတယ်။ တပ်က ကျွန်တော်တို့အလင်းဝင်တွေကို နွေးထွေးစွာကြိုဆိုတဲ့အပြင် စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးနဲ့ နောင်အနာဂတ်အတွက်ပါ လိုအပ်တာတွေကို ဖြည့်ဆည်းပေးခဲ့ ပါတယ်။ ကျွန်တော် ဒီတစ်သက် လုံးဝမတွေ့ရဘူးလို့ ထင်ခဲ့တဲ့ ကျွန်တော့ မိဘ(၂)ပါးနဲ့လည်း တွေ့ဆုံ ခွင့်ရခဲ့ ပါတယ်။ အခု ကျွန်တော် ကျွန်တော့ဇာတိမြေပြန်ရောက်နေပါပြီ။ KIA ခေါင်းဆောင်တွေပြောသလို ကျွန်တော်အသတ်လည်း မခံရပါဘူး။ ကျွန်တော့ မိဘတွေလဲ ထောင်မကျပါဘူး။ ကျွန်တော်လဲလွတ်လွတ် လပ်လပ်နဲ့ ကျွန်တော့ဘ၀ကို ရပ်တည်လို့ ရနေပါပြီ။ ဒါကြောင့် ကျွန်တော်ရဲ့အတွေ့အကြုံကိုကြည့်ပြီး KIA အဖွဲ့အတွင်းမှာကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ပြောချင်ပါတယ်။ KIA ခေါင်းဆောင်တွေပြောနေတဲ့ အစိုးရ တပ်ကို အလင်းဝင်ရင် သတ်ပစ်တယ်၊ ထောင်ချ တယ်ဆိုတာလုံးဝမဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ တပ်မတော် က အလင်းဝင်သူအားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။

နဘား - မြစ်ကြီးနား ခရီးသည်တင် ခေါက်ပြန်အဆန်ရထားအား KIA မှ မိုင်းခွဲတိုက်ခိုက်

ဇန်န၀ါရီလ ၉ ရက် နေ့တွင် နဘားမှ မြစ်ကြီးနားသို့ထွက်ခွာလာသော အမှတ်(၄၉)ခေါက်ပြန် နဘား-မြစ်ကြီးနားအဆန်ရထားသည် ဟိုပင်မြို့ နှင့် နန်းခွင်ဘူတာကြား မိုင်တိုင်အမှတ်(၆၅၄/၁၉) နေရာသို့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့စဉ် KIA အဖွဲ့မှ ထောင် ထားသော မိုင်း တစ်လုံးပေါက်ကွဲခဲ့သဖြင့် ရထား လမ်းနှင့် ရထားတွဲများ ပျက်စီး ခဲ့ကြောင်းသတင်းရရှိသည်။ အခင်းဖြစ်ပွား ရာနေရာသို့ ရောက်ရှိခဲ့သော ဟိုပင်ဘူတာမှတာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ ရထား စက်ခေါင်းနောက် က ကုန်စိမ်းတွေတင်ထားတဲ့အတွဲ ကြမ်းခင်း ၁၅ ပေလောက်ပေါက်ပြီး လမ်းချော်သွားပါ တယ်။ ပါလာတဲ့ရထားတွဲ ၆ တွဲလုံးဘီးချော်ပြီး ခရီးသည် တစ်ဦးသေပါတယ် ဟုပြောဆို သွားသည်။ ရထား မှာကုန်တွဲ ၆ တွဲပါဝင်ပြီး ကုန်စိမ်းများ၊ နွားနှင့်ဝက်များ၊ စားသောက်ကုန် များတင်ဆောင် လာပြီး ခရီးသည် ၃၀ဦးခန့် စီးနင်းလာကြောင်းပြောဆိုခဲ့ပါသည်။ KIA အနေဖြင့် ယခုလို မိုင်းခွဲ တိုက် ခိုက်ပြီး တိုင်း စစ်တပ်အသုံးပြုသော ရထားများကိုတိုက် ခိုက်ခြင်းဖြစ်ကြောင်း ပြောကြားလေ့ရှိပြီး ယခုဖြစ်စဉ်တွင် တိုက်ခိုက်ခံခဲ့ရသောရထားမှာ ခရီးသည်များနှင့် ကုန်စိမ်းများစားသောက်ကုန်များ တင်ဆောင်လာ သည့် ခေါက်ပြန်ရထားဖြစ်ကြောင်း မြက်မြင် သက်သေများနှင့် ဒေသခံအားလုံးမှ တညီတညွတ်ထဲ ပြော ဆိုကြသည်ဟု သတင်းရရှိသည်။ ယုအခါ လမ်းကြောင်းပိတ်ဆို့နေသောရထားနှင့်ပျက်စီးနေသော ရထား လမ်းအားမြန်မာ့မီးရထားမှ တာဝန်ရှိသူများ မှပြင်ဆင်လျက် ရှိကြောင်းသတင်းရရှိသည်။

MON

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးက ပါဝင်ပတ်သက်ခဲ့ခြင်း လုံးဝမရှိ


၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာနဲ့ ပတ်သက်ပြီး လမ်းညွှန်တာ၊ ကြီးကြပ်တာ၊ ဆွေးနွေးညှိနှိုင်းတာ လုံးဝမရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်တယ်လို့ သိရပါတယ်။

‘အခုလို ထုတ်ပြန်တာက ဒီနှစ်ချီးမြှင့်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုတွေကို ရုပ်ရှင်လောကနဲ့ ပရိသတ်တွေက စိတ်တိုင်းမကျခဲ့ကြဘူး၊ အဲဒီဆုတွေကို အစည်းအရုံးက ရွေးတာမဟုတ်ပါဘူး၊ အစည်းအရုံးက လမ်းညွှန်တာလဲ မဟုတ်ဘူးဆိုတာကို သိအောင် ထုတ်ပြန် ကြေညာလိုက်တာ’ လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဆုရွေးချယ်တဲ့ အခါမှာလည်း စိစစ်အကဲဖြတ်ရေး အဆင့်သုံးဆင့်ကို အဖွဲ့သုံးဖွဲ့နဲ့ ရွေးချယ်ခဲ့ပါတယ်။

အခုနှစ်မှာတော့ အဲသည် အဖွဲ့သုံးဖွဲ့မှာ ရုပ်ရှင်အတတ်ပညာရှင် ၂၄ ဦးကို ထပ်မံ ထည့်သွင်းပြီး ဆုတွေရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲသည် အတတ်ပညာရှင် ၂၄ ဦးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရွေးချယ်တင်သွင်းခဲ့တာ မဟုတ်ဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ပေးပို့တဲ့ အမည်စာရင်းအရ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ချီးမြှင့်မှာဖြစ်ပြီး ၂၀၁၃ အတွက်ကိုတော့ ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်မှာဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

တည်ဆဲဥပဒေပုဒ်မ(၁၀)အရ ညို့မဂ္ဂဇင်းအား ထုတ်ဝေခွင့်မှတ်ပုံတင် သက်သေခံလက်မှတ် ရုပ်သိမ်းလိုက်ပြီ

မူလလျှောက်ထားစဉ်က ဖက်ရှင်မဂ္ဂဇင်း အဖြစ်လျှောက်ထားသော်လည်း ထွက်ရှိလာသောအခါ လိင်ပညာပေးဟု ထွက်ရှိ လာကြောင်း၊ လိင်ပညာပေးဆိုသော်လည်း ....... ဓာတ်ပုံနှင့် အရေးအသားများမှာ လိင်ပိုင်းဆိုင်ရာ ကိုအဓိကဖော်ပြပြီး လိင်စိတ်နှိုးဆွရာရောက် သည့် ဖော်ပြချက်များဖြစ်သည့်အတွက်ဖြစ်ကြောင်း ........... ဇန်န၀ါရီ ၉ ရက်က နေပြည်တော်တွင် ကျင်းပသော ပုံနှိပ်ထုတ်ဝေသူများ၊ မှတ်ပုံ တင်နှင့်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟို အဖွဲ့အစည်းအဝေး(၁/၂၀၁၃)က ဆုံးဖြတ် လိုက်သည်။


ဒီကပါ။

လကန်ဘွမ်တွင် တိုက်ပွဲပြင်းထန်

Wednesday, January 09, 2013

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ကေအိုင်အေ တပ်ရင်း (၂၄)   ဒေသဖြစ်သော ဖွန်းပျန်ဘွမ်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ ပြင်းပြင်း ထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ (၃) ရက်ကျော်လာပြီဖြစ်ကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်မှ ဇန်န၀ါရီ (၈) ရက်နေ့တွင် ဖွန်းပျန်ဘွမ်သို့ မြေပြင်မှ စစ်အင်းအား အများ အပြားဖြင့် ထိုးစစ်ဆင်ရုံသာမက ဝေဟင်မှ လည်း စစ်တိုက်လေယာဉ် (၅) စီးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် ကေအိုင်အေ တပ်ရင်း (၂၄) ၏ ရှေ့တန်းစခန်းဖြစ်သော လကန်ဘွမ်ပိုစ့်ကို လက်လွှတ်လိုက်ရကြောင်း သိရှိရပါသည်။ ဇန်န၀ါရီ (၉) ရက်နေ့တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ လကန်ဘွမ်ပိုစ့်ကို ပြန်ရရေးအတွက် အပြင်းအထန်ထိုးစစ် ဆင်တိုက်ခိုက်ရာ ယခုအခါ လကန်ဘွမ်တွင် ရောက်ရှိနေသော ဗမာအစိုးရ စစ်တပ်များ ပိတ်မိနေပြီဖြစ်ကြောင်း၊ မြေပြင်မှ အစိုးရ စစ်တပ်များ (၅) ကြိမ်တိုင် ထိုးစစ်ဆင် တိုက်ခိုက်သော်လည်း ကေအိုင်အေမျိုးချစ်ရဲဘော်များကို မထိုးဖောက်နိုင်သောကြောင့် တပ်ဆုတ်သွားကြောင်း သိရှိရပါသည်။

(jinghpawkasa)

ညညချောင်းဆိုးရင်


လည်ချောင်းယားပြီး ချောင်းဆိုးခြင်းဟာ နေ့ခင်းဘက် မှာ ထိုင်လိုက်၊ ရပ်လိုက်မို့ မသိသာပေမယ့် အိပ်ရာထဲ ခန္ဓာကိုယ်ကြီးကို လှဲချပြီး အိပ်လိုက်တဲ့အခါ တစ်နေကုန် ပင်ပန်းပြီမို့ အိပ်ချင်တဲ့စိတ်က ကြီးစိုးနေပါ တယ်။ ဒါပေမယ့် အချိန်မတော် တစ်ရေးနိုးထပြီး ချောင်းတဟွတ်ဟွတ်ဆိုး၊ ပြန်မအိပ်နိုင် ဖြစ်နေရတာ ကသိကအောက် ဖြစ်လှပြီး သူများတွေ အိပ်ကောင်း ချိန်မှာ ကိုယ်တစ်ယောက်တည်း မအိပ်နိုင်တဲ့အပြင် ချောင်းသံပေး အနှောင့်အယှက် ဖြစ်စေတာဟာ အဆိုးဝါးဆုံးလို့ ခံစားရမှာပါ။ ညညချောင်းဆိုးတာဟာ အလွန်စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ည မအိပ်ခင် လည်ချောင်းမယားအောင်၊ ကသိကအောက် မဖြစ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်သွားနိုင်မှာ ဖြစ်တယ်။ အောက်ဖော်ပြပါ အချက် ၈ ချက်က သင့်ပြဿနာကို အလွယ်တကူ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်-

(၁) မအိပ်ခင် ရေနွေးကြမ်းပူပူလေးထဲ ပျားရည်ထည့်သောက်ပါ (နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သတဲ့)

မအိပ်ခင် လည်ချောင်းထဲရှိ ချွဲတွေ ရှင်းနေစေရန် ရေနွေးကြမ်းပူပူ လေးထဲကို ပျားရည်ထည့်သောက် ပေးပါ။ လက်ဖက်လို ကဖင်းပါတာကို မသောက်ချင်ဘူးဆိုရင် ပူဒီနာလို မွှေးမြမြ ရနံ့ကောင်းတဲ့အရွက်လေး သောက်၊ ဒါမှမဟုတ် ပင်စိမ်းရွက်လေး တွေဖြစ်စေ ခတ်သောက်ပေးနိုင်ပါ တယ်။ ၄င်း ပူဒီနာရွက်နဲ့ ပင်စိမ်းရွက် လေးတွေဟာ ခံတွင်းရှင်းစေသလို၊ လည်ချောင်း တစ်လျှောက်ရှိ ကလာပ် စည်းများထဲမှ ချွဲတွေကင်းစင်သွား အောင်လည်း ကူညီပေးနိုင်ပါတယ်။ ပျားရည်ကတော့ အရောင်အရမ်း လျော့ကျစေကာ ချွဲသလိပ်တွေ ကြေ စေပါတယ်။ ဘာမှမရှိရင်တောင် ရေနွေး ပူပူလေးထဲကို ဆားခတ်ပြီး ပလုတ် ကျင်းပေးပါက အရောင်အရမ်းကျစေလို့ အသက်ရှူ လမ်းတစ်လျှောက် ချွဲတွေ ဖြိုခွဲပစ်နိုင်ပါတယ်။ ပူဒီနာရွက် သို့မဟုတ် ပင်စိမ်းရွက်ကို ဝါးစားနိုင် ပါက ပိုပြီးအိပ်ပျော်စေနိုင်တဲ့ သတ္တိရှိလို့ အိပ်ရေးမပျက်စေနိုင်ပါ။ ချောင်းဆိုးလည်း သက်သာ၊ အိပ်လို့လည်း ကောင်းစေပါတယ်။

(၂) အနေအထားလေး ပြောင်းအိပ်ကြည့်ရအောင်

အိပ်ပျော်နေစဉ် ချောင်းဆိုးရ ခြင်းဟာ ကမ္ဘာမြေကြီးဆွဲငင်အား ကြောင့်ဖြစ်တယ်။ လှဲပြီးကျောချအိပ် လိုက်တဲ့အခါ နှာခေါင်း အနောက်ဘက် ထဲက အရည်တွေဟာ လည်ချောင်းထဲ ပြန်စီးဝင်လာတော့ လည်ချောင်းကို ကသိကအောက်ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်လို့ကောင်းချိန်ရောက်မှ ချောင်းထ ဆိုးရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဆွဲငင်အားကို ဆန့် ကျင်ဖို့ နောက်ကြောမှာ ခေါင်းအုံး တွေထား၍မှီပြီး ခြေဆင်းထိုင်သည့် အနေအထားပြောင်းလိုက်ပါ။ ပြီးရင် အနားယူအိပ်စက်ပါ။ တချို့သောသူတွေမှာ စားချဥ့် ပြန်ရောဂါရှိပါက ညအိပ်တဲ့အခါ ခုတင် ခေါင်းရင်းနိမ့်ပါက အစာအိမ်ထဲက အက်စစ်ဓာတ်တွေဟာ လည်ချောင်း ဘက်ပြန် စီးဝင်လာတတ်လို့ ညမှာ ချောင်းထဆိုးတတ်တယ်။ ဒါကြောင့် ခုတင်ခေါင်းရင်းဘက်ကို ၄ လက်မလောက် ပိုမြင့်အောင် ခုတင် ခေါင်းရင်း ဘက်ကခြေထောက်မှာ သစ်သားတုံး များထားပြီး ခြေရင်းထက် မြင့်အောင် လုပ်ပေးထားပါ။

(၃) ရေနွေးငွေ့ သုံးရင်သတိထားသုံးစွဲပါ
ခြောက်သွေ့တဲ့လေဟာ ချောင်း ပိုဆိုးစေပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင် ကြက်သီးနွေးရေဖြင့် ရေချိုး ပြီးမှ အိပ်ပါ။ ဒါမှမဟုတ် ရေနွေးငွေ့ ရေချိုးခန်းရှိရင်လည်း မအိပ်ခင် အဲဒီမှာ သွားထိုင်ခြင်းဖြင့် ချောင်းဆိုးသက်သာ စေနိုင်ပါတယ်။ ဒါပေမယ့်ရင်ကျပ်ပန်းနာ ရှိသူဆိုရင်တော့ ရေနွေးငွေ့ရေချိုးခန်း မှာထိုင်ရင်ပိုရင်ကျပ်သွားစေနိုင်တယ်။

(၄) စိုထိုင်းထိုင်းဆကို သတိထားပါ

ပတ်ဝန်းကျင်လေထု ခြောက်သွေ့ပါက လေထုစိုထိုင်းဆများအောင် လုပ်ပေးနိုင်တဲ့ စက်လေးတွေ ဖွင့် ထားခြင်းဖြင့် ချောင်း မဆိုးအောင် ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် စိုထိုင်းဆ အလွန်များရင်လည်း ချောင်းဆိုးစေနိုင်လို့ ချိန်ဆကြည့်ဖို့တော့ လိုတယ်။ လေထု စိုစွတ်စိုထိုင်းလာတော့ အမှိုက်တွေ၊ မှိုစတွေဖြစ်လာပြီး ဓာတ်မတည့်ဖြစ်တတ်တယ်။ အဲဒီအခါ ချောင်းဆိုးနိုင်ပြန် တယ်။ စိုထိုင်းဆကို ၄၀ ရာခိုင်နှုန်း- ၅၀ ရာခိုင်နှုန်း လောက် ထိန်းထားနိုင်ရင် OK တယ်။ ဟိုက်ဒရိုမီတာ တစ်ချောင်းဝယ်ထားပြီး တိုင်းနိုင်ပါတယ်။ ဈေးလည်းမကြီးပါ။

(၅) အိပ်ရာကို သန့်ရှင်းအောင်ထားပါ

အိပ်ရာဝင်မှ ချောင်းဆိုးစပြုတယ် ဆိုရင် အိပ်ရာမသန့်လို့လားဆိုတာ သတိထားရပါတယ်။ အိပ်ရာခင်း၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ အိပ်ရာဖုံး စသည်တို့ကို တစ်ပတ်တစ်ခါ နေပူ လှန်းတန်လှန်း၊ ဆပ်ပြာနဲ့ လျှော်တန် လျှော်ရပါမယ်။ လျှော်ပြီးရင် နေပူထဲမှာ ခြောက်အောင်လှန်း၊ မီးပူထိုးပြီးမှ သုံးပါ။ ခုတင်မှာ ဖုန်တွေရှိနေရင်လည်း သန့်ရှင်းပေးပါ။

(၆) အိပ်ရာနံဘေး အဆင်သင့် ထားရမယ့်ပစ္စည်းများ

အိပ်ရာဘေးမှာ ရေသန့်တစ်ပုလင်း၊ ဖန်ခွက်၁ခွက်၊ ချောင်းဆိုးပျောက် ဆေးရည်၊ ငုံဆေးပြား၊ တစ်သျှူး၊ လက်သုတ်ပဝါ စသည်ဖြင့် လိုအပ်တဲ့ ပစ္စည်းလေးတွေ အဆင်သင့် (ရှာနေ စရာမလိုရအောင်) ထားပေးခြင်းဖြင့် ညဘက်ချောင်းဆိုးတဲ့အခါ အလွယ် တကူ လုပ်စရာရှိတာ လုပ်နိုင်ပါတယ်။

(၇) ဆေးဝါးတွေလည်း စဉ်းစားထားပါ

အလွယ်တကူ ဝယ်နိုင်တဲ့ ချောင်းဆိုးသက်သာစေတဲ့ ဆေးတွေကလည်း ကူညီနိုင်ပါတယ်။ ချွဲပျော်ဆေးက ရင်ချောင်စေတယ်။ ချောင်းဆိုး ပျောက်ဆေးက ချောင်းဆိုးသက်သာ မယ်။ ရင်ကျပ်ရင်တော့ ရင်ချောင် ဆေးဝယ်သောက်ရမယ်။

(၈) ဆရာဝန်နှင့် ပြသပါ

ချောင်းဆိုးတာ ၂ ပတ်ကျော် လာလို့မှ မသက်သာရင် သို့မဟုတ် နေရထိုင်ရခက်ခဲပြီး ပိုဆိုးဝါးလာတယ်ထင်ရင် ဆရာဝန်နှင့် ပြသစစ်ဆေးမှု၊ ကုသမှုခံယူပါ။ ချောင်းဆိုးနေပြီဆိုရင် အဲဒီလူမှာ ကျန်းမာရေးပြဿနာ တစ်ခု ရှိနေပြီဆိုတာ သိထားဖို့ လိုပါတယ်။

ဒေါက်တာရည်ညွန့်မေ

 မှ HEALTH DIGEST

ကမ္ဘောဇဘဏ်မှငွေကျပ် သိန်း ၆၀၀ ကျော်အား ထုတ်ယူပြီး အငှားယာဉ်ဖြင့်ပြန်သွားစဉ်ယာဉ်မောင်းမှမောင်းနှင် ထွက်ပြေးမှု ဖြစ်ပွား

ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၆၀၀ကျော်အား ထုတ်ယူပြီး အငှားယာဉ်ဖြင့်ပြန်လာခဲ့စဉ် လမ်းခုလတ်၌ ယာဉ်မောင်းမှမောင်းနှင် ထွက်ပြေးမှုတစ်ရပ် ကမာရွတ်မြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ကိုအောင်ဇေယျ (၂၅) နှစ် ပဲကုမ္ပဏီကိုယ်စားလှယ်နှင့် သူငယ်ချင်းဖြစ် သူ နှင်းမောင်မောင် ပဲကုမ္ပဏီဝန်ထမ်းတို့သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်းရှိ ကမ္ဘောဇဘဏ်မှ စမ်းချောင်းမြို့နယ်တွင်ဖွင့်လှစ်ထားသော သလာမွန် ပဲကုမ္ပဏီပိုင်ငွေကျပ် သိန်း ၆၀၀ ကျော်အား ထုတ်ယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘဏ်အနီးမှ အ၀ါရောင် (နံပါတ်မမှတ်မိ) အငှားယာဉ်အား ကျပ် ၂၀၀၀ ဖြင့် ငှားရမ်း၍ ပြည်လမ်း အတိုင်း မောင်းနှင်လာခဲ့ရာ စိုက်ပျိုးရေး ကားမှတ်တိုင်ကျော် အရောက်တွင် ကားပျက်သွားခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် ကားပေါ်ပါလာသူ ကိုအောင်ဇေယျတို့နှစ်ဦးမှ ကားအား တွန်းပေးစဉ် စက်နိုးသွားပြီး ယာဉ်မောင်းမှ ကားအားမောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပဲကုမ္ပဏီအား သွားရောက်မေးမြန်းရာ "ကိုအောင်ဇေယျနဲ့ ကိုနှင်းမောင်မောင်တို့နှစ်ယောက်က အဲဒီဖြစ်စဉ်ဖြစ်ကတည်းက ကုမ္ပဏီကို မလာတော့ဘူး။ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ လိုက်လံဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။

အဆိုဖြစ်စဉ်ကို ကမာရွတ်ရဲစခန်းမှ (ပ) ၈/၂၀၁၃၊ ပုဒ်မ-၃၇၉ ဖြင့် အမှုဖွင့်ပြီး အမှု စစ်မှကျူးလွန်သွားသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ကျူးလွန်သွားတဲ့သူကို ဖြစ်စဉ်ဖြစ်သွားတဲ့အချိန်ကစပြီးတော့ အဲဒီပဲကိုယ်စားလှယ်ရယ် သူ့သူငယ်ချင်းနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်သွားတဲ့သူကို လိုက်လံစုံစမ်းစစ်ဆေးနေတုန်းပါဘဲ။ အခုထိတော့ မမိသေးပါဘူး" ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူကို ဖမ်းဆီးနိုင်ရန်အတွက် တိုင်းအဆင့် စုံစမ်းဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Eleven Media Group

ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ အစားထိုး ကုသရာတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ကုသသူ ယခင်ထက် ပိုမိုများပြား


ခန္ဓာကိုယ် အစိတ်အပိုင်းများ အနက် အသည်း၊ ကျောက်ကပ်များ ပြည်တွင်း၌ အစားထိုး ခွဲစိတ်ရာတွင် ကန့်သတ်ချက်များ ရှိနေသည့်အတွက် အိန္ဒိယနိုင်ငံသို့ သွားရောက်ကုသသူ ယခင်ထက် ပိုမို များပြားလာကြောင်း ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ထံမှ သိရှိရသည်။

ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ကုသရန် စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အများဆုံး သွားရောက်ကြပြီး ယင်းနိုင်ငံများအနက် အိန္ဒိယနိုင်ငံသည် ကျန်းမာရေးပိုင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်း တင်းကျပ်မှု လျော့နည်းသည့်အတွက် သွားရောက်ကုသသူ ပိုမိုများပြားကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှ တာဝန်ရှိသူက ပြောပါသည်။

ထို့ပြင် ပြည်တွင်း၌ အသည်း၊ ကျောက်ကပ် အစားထိုးခြင်းများကို ပြည်တွင်းရှိ အထူးကု ဆရာဝန်ကြီးများက ကုသပေးနိုင်သော်လည်း ခွဲစိတ်ပေးနိုင်သည့် အခြေအနေနှင့် လူနာလိုအပ်ချက် မျှတမှု မရှိခြင်း၊ အစားထိုး ကုသရာတွင် ကန့်သတ်ချက်များ ရှိနေခြင်း၊ ဆေးရုံကြီးများတွင် ကုသပေးနိုင်သည့် ပမာဏနှင့် လူနာဦးရေ မျှတမှု မရှိခြင်း စသည့် အခက်အခဲများကြောင့် ယခုလို ပြည်ပနိုင်ငံများသို့ သွားရောက် အစားထိုးသူ ဦးရေ များပြားလာခြင်း ဖြစ်ကြောင်း၊ ယင်းတို့အနက် ကျောက်ကပ် အစားထိုးသူ ဦးရေ ပိုမိုများကြောင်း KC ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းမှ သိရသည်။

“ကျွန်တော်တို့ KC အနေနဲ့ အိန္ဒိယနိုင်ငံက Apollo ဆေးရုံကြီးနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်တယ်။ Apollo ဆေးရုံကြီးမှာက ဆေးပညာနဲ့ပတ်သက်လို့ ဌာနတွေ အများကြီး ရှိပေမယ့် ဒီကလူနာတွေ အများဆုံး သွားကြတာကတော့ အသည်း၊ ကျောက်ကပ်၊ ကင်ဆာနဲ့ ခွဲစိတ်ဖို့ လိုအပ်နေတဲ့ ကလေးရောဂါတွေ အတွက် သွားကြတာ အများဆုံးပဲ။ သွားတဲ့နှုန်းတွေကို အတိအကျ မပြောနိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ နှိုင်းယှဉ်ရင်တောင် နှစ်ဆလောက် မြင့်လာပါတယ်” ဟု KC ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းမှ ဒေါက်တာကျော်မင်းက ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးရန် သွားရောက်ရာတွင် လူနာအချို့မှာ ပြည်တွင်းရှိ သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၏ ခွဲစိတ်ရန် လိုအပ်ကြောင်း ခွင့်ပြုချက်ဖြင့် သွားရောက် အစားထိုးခြင်းများ ရှိသော်လည်း အချို့မှာ ပြည်ပမှ သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ပြသပြီး ခွဲစိတ်ရန် လိုအပ်သည့်အတွက် သွားရောက်ခြင်းမျိုးလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ် အူလမ်းကြောင်းနှင့် အသည်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းသန်းဆွေက “အသည်းအနေနဲ့ ကန့်သတ်ချက် ဆိုတာထက်ကို အသည်းခွဲစိတ်မှုက နှစ်ကြိမ်ပဲ လုပ်ကြတော့ အသည်းခွဲစိတ် လဲလှယ်မှု ပညာအနေနဲ့ အမြဲလုပ်နေတဲ့ ဆရာတစ်ဦးကိုတော့ မမီနိုင်ပါဘူး။ အမြဲလုပ်နေရတဲ့ လူတွေ ကျတော့လည်း ပညာရပ်ပိုင်းရော၊ ပစ္စည်းကိရိယာ ပိုင်းရော၊ ၀န်ဆောင်မှုပိုင်းရော တစ်ခါထက်တစ်ခါ ပိုပြီးတိုးတက်အောင် လုပ်လာကြတယ်။ တိုးတက်အောင် လုပ်လာတာနဲ့အမျှ အောင်မြင်မှုလည်း ပိုများလာတယ်။ နောက်အိန္ဒိယနဲ့ စင်ကာပူ ဆိုရင်တောင် စင်ကာပူက အိန္ဒိယထက် ကန့်သတ်ချက်တွေ ပိုများပြီး ကုန်ကျစရိတ်လည်း နှစ်ဆနီးပါး များတယ်။ ငွေကြေး ကုန်ကျစရိတ် သက်သာတာကလည်း လူနာနဲ့ မိသားစုအတွက် စဉ်းစားစရာ တစ်ခု ဖြစ်နေတဲ့အတွက် သွားမယ်ဆိုရင် အိန္ဒိယကို ပိုရွေးလာ ကြတာပါ” ဟု ရှင်းပြသည်။

လက်ရှိ ပြည်တွင်း၌ ကျောက်ကပ် အစားထိုးရာတွင် မိဘ၊ မောင်နှမ အရင်းများထံမှ ကျောက်ကပ်ယူ၍ အစားထိုးခြင်းကိုသာ ဥပဒေအရ ခွင့်ပြုထားကြောင်း၊ ဦးနှောက်သေ နှလုံးခုန် လူသေမှ ကျောက်ကပ် အစားထိုး ပေးခြင်းကိုမူ မကြာသေးမီ နှစ်များက ခွင့်ပြုခဲ့ပြီး စတင်ခွဲစိတ်နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ငွေကြေးနဲ့ ကျောက်ကပ် အရောင်းအ၀ယ် ကိစ္စတွေ မဖြစ်အောင် မိဘသားသမီး အရင်းဆီက ယူတာကိုပဲ ခွင့်ပြုထားတယ်။ တခြားနိုင်ငံတွေမှာတော့ အပြင် သူစိမ်းဆိုရင်လည်း လက်ခံပါတယ်။ ဒီမှာက မောင်နှမ တစ်ဝမ်းကွဲတောင် ပေးလို့မရပါဘူး။ ဒီတော့ အရေအတွက်များများ မခွဲနိုင်တဲ့အပြင် ခွဲမယ့် လူနာတွေမှာလည်း အခက်အခဲတွေ ရှိပါတယ်” ဟု ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကု ပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

မြန်မာနိုင်ငံမှ ပါမောက္ခ ဆရာဝန်ကြီးများ ဦးဆောင်သည့် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသခြင်းကို ၁၉၉၇ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့ရာ ၁၉၉၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ကျောက်ကပ် အစားထိုး ခွဲစိတ်အောင်မြင်ပြီးသူ ဦးရေ ၅၀ ကျော် ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန် အထိ အောင်မြင်စွာ အသည်းအစားထိုး ကုသပြီးသူ နှစ်ဦးသာရှိပြီး ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ပေးခဲ့ကြောင်း၊ ယင်းခွဲစိတ်မှုများကို နိုင်ငံတော်၊ ပုဂ္ဂလိကနှင့် လူနာများ ပူးပေါင်းကျခံခဲ့ကြောင်း သိရသည်။

Eleven

ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ သမ္မတ ဦးသိန်းစိန်နှင့် George Soros ဆွေးနွေး W


မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း လတ်တလော လုပ်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

Mr. Soros ဟာ နေ့လည်ပိုင်းမှာ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးစတဲ့ ၀န်ကြီးဌာနတွေက ပြည်ထောင်စု ၀န်ကြီးတွေနဲ့လည်း တွေ့ဆုံပြီး ၀န်ကြီးဌာနအလိုက် ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ ကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေး ပါမယ်။

မြန်မာနိုင်ငံကို ဇန်န၀ါရီလ ၅ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ အမေရိကန် ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ် လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ် တာဝန်ပေး ခံထားရသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

“သမ္မတကြီးနဲ့ ဂျော့၊ ဆိုးရော့စ် တွေ့ပါတယ်ခင်ဗျာ။ ကျနော်တို့ကတော့ အဲဒီအထဲကို မဝင်ရလို့ အသေး စိတ်တော့ မသိပါဘူးခင်ဗျာ။ အကြမ်းဖျဉ်းအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ လုပ်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်း လဲမှု အခြေအနေတွေရယ်၊ နောက်တခါပြန်ကြားရေး ဆိုင်ရာအပါအဝင် ကျန်တဲ့ ပြုပြင်ပြောင်းလဲနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးမယ်လို့ အကြမ်းဖျဉ်းသိထားပါတယ်။ အခု သမ္မတကြီးလုပ်နေ တဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြပါတယ်။ ပြီးရင် ဂျော့၊ ဆိုးရော့စ် ဘက်က သူ့အဖွဲ့အစည်းတွေဘက်က ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေ လည်း ဆွေးနွေးသွားတယ်လို့ သိရပါတယ်ခင်ဗျ။”

နိုင်ငံတော်သမ္မတနဲ့ မစ္စတာ ဆိုးရော့စ်တို့တွေ့ဆုံစဉ်မှာ သူ့တက်ရောက်ခွင့် မရှိခဲ့ပေမယ့်လည်း နောက်ပိုင်း မနက် ၁၁ နာရီကျော်ကျော်လောက်မှာ ပြန်ကြားရေးနဲ့ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတွေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲကိုတော့ သူတက်ရောက်ခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ပြန်ကြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီးရယ်၊ ဘဏ္ဍာရေးဌာန ပြည်ထောင်စု ဝန်ကြီးတွေရယ်နဲ့ တွေ့တဲ့ အချိန်မှာတော့ ကျနော်လည်း တက်ရောက်ခွင့် ရပါတယ်။ ပြန်ကြားရေးကဏ္ဍနဲ့ပတ်သက်လို့ရှိရင်တော့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောင်းလဲနေတဲ့ နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ်နဲ့ ပြောင်းတဲ့အခါမှာ လိုအပ်တဲ့လေ့ကျင့်ရေးကိစ္စတွေနဲ့ပတ်သက်လို့ Open Society ဘက်ကနေပြီးတော့မှ အကူအညီ ပေးနိုင်မယ့် ကိစ္စတွေကို ကျနော်တို့ဆွေးနွေးခဲ့ပါသေးတယ်။ ဒုတိယအနေနဲ့ကတော့ ကျနော်တို့ စာပေဗိမာန်ကို အရင်တုန်းက ၁၉၇၂ ခုနှစ် မတိုင်မီက ရှိခဲ့တဲ့ စာပေဗိမာန်နဲ့ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းလိုမျိုး ပြန်ပြီးတော့မှ ဖွဲ့စည်းနိုင်အောင်၊ စာအုပ်စာပေတွေကို နိုင်ငံတကာစာပေတွေကို မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာတွေနဲ့ပါ ဘာသာပြန် ဆိုပြီးတော့ ပြည်သူတွေလက်ထဲကို အဖိုးနှုန်း ချိုသာစွာနဲ့ ဖြန့်ဝေနိုင်အောင် ကျနော်တို့ လုပ်မယ့်ကိစ္စတွေ-အဲဒါတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီကိစ္စမှာလည်း Open Society ဘက်ကနေပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေ လာရောက်တွဲဖက်ပြီးတော့ အကူအညီပေးဖို့ အသေးစိတ်ကိစ္စတွေ ကိုတော့ ကျနော်တို့တွေ ဆက်ပြီးဆွေးနွေးဖို့ ဆိုပြီးတော့မှ သဘောတူခဲ့ကြ ပါတယ်ခင်ဗျ။ သာသနာရေးဝန်ကြီးဌာနနဲ့ကတော့ဗျာ - လက်တွေ့ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး ပေါ်လစီ (မူဝါဒ) တွေ အပေါ်မှာ သူ့ရဲ့အမြင်တွေ၊ နောက် သူ့ရဲ့ အကြံပြုချက်တွေ - အဲဒါတွေကို ဆွေးနွေးပါတယ်လို့ပဲ သိရပါတယ်ခင်ဗျ။ ”

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်၊ သမ္မတရဲ့ပြောရေး ဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ် တာဝန်ပေးခံထားရသူလည်းဖြစ်တဲ့ ဦးရဲထွဋ် ပြောပြခဲ့တာပါ။

George Soros ဟာ မနေ့တုန်းကတော့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊NLD ပါတီက ခေါင်းဆောင်တွေ အပါအ၀င် နယ်ပယ်စုံက ပုဂ္ဂိုလ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မီဒီယာကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။

George Soros ဟာ မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

မစ္စတာ ဆိုးရော့စ်ဟာ ကမ္ဘာတ၀ှမ်း ဖိနှိပ်ခံ လူ့အဖွဲ့အစည်းတွေ တိုးတက်မြင့်မားရေးအတွက် သူ့ကိုယ်ပိုင် ငွေကြေးကို စိုက်ထုတ်ပြီး Open Society Institute လို့ခေါ်တဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်း ကတဆင့် ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ OSI လို့ လူသိများတဲ့ ဒီ Open Society Institute ဟာ ၁၉၉၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံ ဒီမိုကရေစီ တိုးတက်ရေးနဲ့ ပညာရေးဆိုင်ရာ အထောက်အကူတွေ ကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဆိုးရော့စ်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်တုန်းကလည်း မြန်မာနိုင်ငံ ကို ပထမအကြိမ်အဖြစ် ၈ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။

သူ့ရဲ့ အဲဒီ မြန်မာပြည်ခရီးစဉ်အတွင်း မစ္စတာ ဆိုးရော့စ်ဟာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ အဲဒီခရီးစဉ်အတွင်း သမ္မတနဲ့ တွေ့ဆုံပြီးနောက် လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ သူ့အဖွဲ့ရဲ့ ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ

IC အဖွဲ့ ထိုင်းနိုင်ငံတွင် ဖျော်ဖြေပွဲ ကျင်းပမည်


IRON CROSS တေးဂီတ အဖွဲ့မှ ပထမဆုံး အကြိမ်အဖြစ် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သ မားများကို ဇန်နဝါရီ ၁၃ ရက်တွင် သွားရောက် ဖျော်ဖြေမည် ဖြစ်ပြီး လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့က ဖျော်ဖြေ မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ထေဲ့စပန်း ဘောလုံးကွင်း၌ ယင်းနေ့ ညနေ ၆ နာရီတွင် စတင် ဖျော်ဖြေမည် ဖြစ်ပြီး လက်မှတ်များကို ထိုင်းဘတ်ငွေ ၃၅ဝ မှ ၅ဝဝ အထိ သတ်မှတ်ထားကြောင်း သိရသည်။

မြဝတီ

့မြန်မာ့ရုပ်မြင်သံကြားသတင်းများထုတ်လွှင့်ချိန် ပြောင်းလဲ

ဇန်နဝါရီလ ၉ ရက် ညနေပိုင်းအစီအစဉ်များမှ စတင်၍ ပြည်တွင်းသတင်းများကို ညနေ ၆ နာရီ၁၅ မိနစ်တွင်တစ်ကြိမ်၊ ညနေ ၇ နာရီမှာ ၁၀ မိနစ်တွင်တစ်ကြိမ် ၊ ည ၈နာရီမှာ ၁၅ မိနစ်နှင့် ည ၁၀ နာရီမှ ၃၀ မိနစ်ခန့်တို့တွင် တစ်ကြိမ်စီ အသီးသီး ပြောင်းလဲ ထုတ်လွှင့်နေပြီ ဖြစ်သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ၏ ည၈ နာရီ သတင်း အစီအစဉ်များ ထုတ်လွှင့်ချိန် ကြာမြင့်မှု ကို ပြုပြင် သင့်ကြောင်း ပြည်သူများက အကြံပြုခဲ့သဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အများပြည်သူ ၀န်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲရန် ဆောင်ရွက်နေသည့် အတွက် ပြည်သူ့ ဗဟိုပြု မူဝါဒများကို စတင်ကျင့်သုံးတော့ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။

နံနက်၇နာရီတွင်တစ်ကြိမ် သတင်းထုတ်လွှင့်သဖြင့် တစ်ရက်လျှင် ၅ကြိမ် သတင်းထုတ်လွှင့်မည်ဖြစ်ပြီး ညနေ ၇ နာရီဝန်းကျင် သတင်းထုတ်လွှင့်မှု့တွင် လွှတ်တော်အစည်းအဝေးမှ သတင်းများကို ထုတ်လွှင့်မည်ဟု ယနေ့ညပိုင်း သတင်းများတွင် ကြေညာသွားသည်။

Firefox 18 ထွက်ရှိ


အရင် Firefox Version များနှင့်မတူဘဲ အသစ်အသစ်သော upgraded လုပ်ထားသည့် Browser တစ်ခုအဖြစ် Firefox 18 ထွက်ရှိလာပါပြီ။ Firefox 18 က Browsing Speed ကို ပို၍ မြန်ဆန်စေပြီး အရင် Version များနှင့် ကွာခြားသည့် Feature အသစ်များစွာ ပါရှိလာပါသည်။

ထူးခြားတာ တစ်ခုကတော့ Firefox ရဲ့ JavaScript Engine ကို အသစ်ပြောင်း လဲလိုက်ခြင်းပဲဖြစ်ပါတယ်။ IonMonkey လို အမည်ရတဲ့ Compiler က JavaScript ရဲ့ Performance ကို သိသိသာသာ ပြောင်းလဲစေပါတယ်။ Mac user များအတွက်တော့ Firefox 18 က Retina Support Feature ကိုပါ ထည့်ပေးထားပါတယ်လို့ Mozilla ကပြောကြားလာပါတယ်။

သာမာန် Screen များထက် သုံးဆ (သို့) လေးဆပို၍ ကြည်ကြည်လင်လင် မြင်သာလာမှာပါ။ ထို့အပြင် Andriod အတွက်လည်း Mozilla က Mobile Version ကို Upgrade လုပ်ပေးလိုက်ပါပြီ။ Mobile Version တွင် Anti-Malware/ Anti-Phishing Filter များကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဘက်စုံက Upgrade လုပ်ထားတဲ့ Mozilla Firefox က Google Chrome, Internet Explorer တို့နှင့် ဘယ်လိုပြိုင်ဆိုင်မယ်ဆိုတာကတော့ အသုံးပြုပြီး ခန့်မှန်းကြည့်ရအောင်ဗျို့။

Download ဆွဲချင်ရင်တော့...

http://www.mozilla.org/en-US/

မှာသွားရောက် ရယူနိုင်ပါတယ်။

REF : Techspot