Wednesday, January 9, 2013

မပြုံးပဲ ၀ါးလုံးကွဲရယ်ရအောင်

လက်ထပ်ခွင့်တောင်းချိန်နှင့် လက်ထပ်ပြီးချိန် နှိုင်းယှဉ်ချက်

လက်ထပ်ခွင့်တောင်းချိန်

အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်

အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?

အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့

အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?

အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်

အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား

အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား

အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?

အမျိုးသား-အချိန်မရွေးပဲ

အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?

အမျိုးသား- မင်းရူးများရူးနေလားကွာ

အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?

အမျိုးသား-အင်း

အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ

ညီနေမင်း

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်

ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ် လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော် က ပြောသည်။

''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည်အသင်းသားစုံညီအစည်း အဝေးတွင်ပြောသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် မန္တလေး၊ ရွှေဘို၊ သပိတ် ကျင်း၊ မိုးကုတ် စသည့်နေရာများကို ဗဟိုပြုကာ အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် ငလျင်ငယ်များ မကြာ ခဏ လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်များကြောင့် ရွှေကြောအသစ်များ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးသူတော်က ထပ်လောင်း ပြော သည်။

အသစ်တွေ့ရှိရသော ရွှေ ကြောနေရာများမှာ မြစ်ကြီးနား၊ ရွှေဘို၊ ကန့်ဘလူ၊ တနင်္သာရီ တိုင်း ဒေသကြီး အတွင်းရှိ ဂေါ်ဦးချောင်း ဒေသနှင့် ကချင်ပြည်နယ်ရှိ ဘုရား သုံးဆူအနီး ဝန်းကျင် ဒေသ များဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များ ရှာဖွေ တွေ့ရှိထားခြင်း သည် ပြည်တွင်းရွှေဈေးကွက်ကို တည်ငြိမ် လာနိုင်ကြောင်း လည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

''ရွှေကြောအသစ်တွေကနေ တူးဖော်ရေးလုပ်ငန်းတွေလည်းများ လာမယ်။ ရွှေအထွက်လည်း တိုး လာ မယ်။ ဒါဟာပြည်တွင်းရွှေဈေး ကွက်တည်ငြိမ်ဖို့အကြောင်းတစ်ခုပါ ပဲ။ ပစ္စည်းရှားရင် ဈေးတက်မယ်။ ပစ္စည်းပေါရင် ဈေးကျမယ်။ ဒီ သဘောပါပဲ'' ဟု ၄င်းက ပြော သည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များကြောင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်လာနိုင်သကဲ့သို့ ရွှေလုပ် ငန်းရှင် အများစုမှာလည်း ယခုနှစ် သည် ရွှေဈေးနှုန်း တည်ငြိမ်၍ အဝယ်တိုးမည့်နှစ်ဟု ခန့်မှန်းထား ကြ သည်။

၂ဝ၁၂ ခုနှစ်အတွင်း မြန်မာ့ ရွှေဈေးသည် နှစ်ဆန်းပိုင်း၌ ကျပ်ခုနစ်သိန်းအောက်တွင် ရှိခဲ့ရာမှ မတ်လ ဆန်းပိုင်းမှစတင်၍ မြန်မာ့ အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းအထက် သို့တက် လာခဲ့သည်။ ၄င်းနောက် ပိုင်း စက်တင်ဘာလဆန်းအထိ ကျပ်တစ်သောင်းဝန်းကျင် ခန့်သာ ရွှေဈေး အတက်အကျ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာဒုတိယအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေး နှုန်းမှာ ခုနစ် သိန်းရှစ်သောင်း အ ထက်သို့ တက်ခဲ့သည်။ အဆိုပါ ဈေးကြောင့် နှစ် ကုန်ပိုင်းတွင် ရွှေ ဈေး ရှစ်သိန်းအထိ ရှိလာနိုင် ကြောင်း ရွှေလုပ်ငန်းရှင်အများစုက သုံးသပ်ကြသော်လည်း ယင်းဈေးမှ တစ်စစပြန်လည် ကျဆင်းလာပြီး နှစ်ကုန်ပိုင်း ရွှေဈေးနှုန်းသည် ခုနစ် သိန်း ငါးသောင်း ရှစ်ထောင်အထိ သာ ဈေးပေါက် ခဲ့ကြောင်း ဈေးကွက်မှသိရသည်။

ယနေ့ မြန်မာ့ရွှေပေါက်ဈေး သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆ဝ၅ဝဝ ဖြစ်၍ ၁၅ ပဲရည် တစ်ကျပ် သားလျှင် ၇၁၇၈ဝဝ ဖြစ် သည်။ ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ကန်ဒေါ်လာ ၁၆၅၇ ဖြစ်ကြောင်း ဈေးကွက်မှ သိရသည်။

ဒီကပါ။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
(အမှတ်၊ ၆/၂၀၁၃)
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်)

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ "နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ" အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် အား တာဝန်ပေးအပ်လိုက်သည်။

အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒုတိယသမ္မတ မဖြစ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည် မသိချင်ယောင်ဆောင်ကာ သူမအတွက်သာ အခြေခံဥပဒေအား ပြင်ဆင်လို


နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပါ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ)တွင်ပါဝင်သော အချက်သည် တမင်သက်သက်ထည့်သွင်းထာသည်ဟုယူဆကြောင်းဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့လွှတ်တော် ခေတ္တရပ်နားချိန်တွင်သတင်းထောက်များကိုပြောကြားလိုက်သည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေကအခြေခံသဘောတရားဟာမှန်လားမမှန်လားမှာအခြေခံပြီးလုပ်ရမှာ၊ကိုယ်တစ်ယောက်ထဲ အတွက် လုပ်ရမှာ မဟုတ်ဘူး၊ဒီကိစ္စဟာ တစ်ခါမှလည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာမရှိဘူး၊ တမင်ထည့်ထားတာလို့ပဲ ..၊ဒီလိုပဲခံယူတယ်လို့ရိုးရိုးပဲပြောရမယ်၊အဲလို တမင်သက်သက် ထည့်တဲ့၊ဖွဲ့စည်းပုံ အခြေခံဥပဒေဟာမလုပ်သင့်တဲ့ကိစ္စပဲ၊ဒါအန်တီတစ်ယောက်ထဲအတွက်လုပ်နေတာမဟုတ်ဘူး၊ပေးလို့ရှိရင်တောင်မှအန်တီသားတွေကိုအန်တီလက်မခံခိုင်းပါဘူး၊မူအရလက်မခံနိုင်ပါဘူး" ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ယင်းပုဒ်မခွဲတွင် "မိမိကိုယ်တိုင်သော် လည်းကောင်း ၊မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊မိမိ၏ ဇနီး (သို့)ခင်ပွန်းသော်လည်းကောင်းမိမိ၏တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ထိုသူများသည်နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ၊"ဟူ၍ ပြဌာန်းထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည် ၂၀၁၅ ရွေးကောက်ပွဲအား မစောင့်နိုင်တော့ဘဲ ချက်ခြင်း သူမ သမ္မတ ဖြစ်မြောက်ရေးအတွက်ကျိုးပမ်းမှုများလုပ်လာကြောင်းတွေ့ရှိလာပါသည်။ နိုင်ငံတော်အာဏာအား ငမ်းငမ်း တက်လိုချင်သည့် သဘောဆောင်လာပါသည်။

သူမသည် တောင်တွင်းကြီးခရီးစဉ်နှင့်ကော့သောင်းခရီးစဉ်များတွင် ပြည်သူလူထုသို့ပြောကြားရာတွင် နိုင်ငံတော်အာဏာကိုသူမရမှသာလျှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့မှုများ ရှိပါသည်။

CIA ကျောထောက်နောက်ခံပြု ဒေါ်စုကြည်သည် နိုင်ငံတော်အာဏာရရှိလာရေး ကျိုးစားလာခြင်းမှာ ၂၀၁၅ ခုနှစ်ဆိုပါက အသက်အရွယ်အားဖြင့် ၇၀ ကျော်ဖြစ်နေပြီဖြစ်ပါသည်။ အမျိုးသမီးတစ်ဦး အနေဖြင့် အသက်အရွယ် ၇၀ ကျော်လာပါက စွမ်းဆောင်ရည်နည်းပါးလာပြီး ပို၍ဆိုးသည်မှာ နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုခဲ့သော ဗမာလူမျိုးတစ်ဦးအနေဖြင့် ကျန်းမာရေး သည် ပြည်တွင်းရှိအမျိုးသမီး အသက်အရွယ် ၇၀ ကျော်နှင့်နှိုင်းယှဉ်ပါက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပိုမိုယိုယွင်းပါသည်။

အိမ်နီးချင်းနိုင်ငံများတွင်လည်း အမျိုးသမီး နိုင်ငံ့ခေါင်းဆောင်များ၊ အမေရိကန်ပြည်ထောင်စုတွင်လည်း အမျိုးသမီးခေါင်းဆောင်များကြောင့် ဒေါ်စုကြည် မြန်မာနိုင်ငံတွင် နိုင်ငံ့ခေါင်းဆောင်လုပ်ချင်သည်မှာ မဆန်းသော်လည်း နိုင်ငံတော်သမ္မတ၏ အရည်အချင်းတစ်ရပ် ဖြစ်သော စစ်ရေးအမြင်၊ နိုင်ငံရေးအမြင် ရှိရန်မှာ ဒေါ်စုကြည် အနေဖြင့် များစွာလိုအပ်ပါသည်။

ကချင်ပြည်နယ် အရေး၊ ရခိုင်ပြည်နယ်အရေး များအပြင် ဒေါ်စုကြည် မြန်မာနိုင်ငံတွင် သမ္မတလုပ်ပါက ထပ်မံ ပေါ်ပေါက်လာနိုင်သော တိုင်းရင်းသားအရေးများစွာနှင့်ရင်ဆိုင်ကြုံတွေ့လာနိုင်ပါသည်။ ထိုအခါ မြန်မာပြည် သည် ဖွံ့ဖြိုးတိုးတက်ဖို့ နေသာ ပြည်တွင်းစစ်မီးလျှံများ ပိုမိုရင်ဆိုင်ရဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။

ယခုအတိုင်းသာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာရရှိရေးလမ်းစဉ်ကို အနုနည်းနှင့် မရပါက အကြမ်းနည်းဖြင့် ပါ လူထု လမ်းပေါ်ထွက်အောင်လုပ်ဆောင်လာပါက တည်ငြိမ်အေးချမ်းမှုများ ပျက်ပြား လာနိုင်ကြောင်း သုံးသပ်ရပါသည်။





ဒီကပါ။

ကေအိုင်အေအဖွဲ့အတွင်း ထွက်ပြေးသူများအား သေဒဏ်ပေး


ကေအိုင်အေနှင့် အစိုးရတပ်တို့ တိုက်ပွဲတွေဖြစ်ပွားလာတာ ၂နှစ်နီးပါရှိနေပါပြီး တိုက်ပွဲကြောင့် ကေအိုင်အေအဖွဲ့မှ တပ်ဖွဲ့ဝင်အများအပြားအထွက်ပြေးနေကြသည့်ကြောင့် ထွက်ပြေးသူများကို သေဒဏ် စီရင်ချက်ချထားသည်ဟုသိရှိရပါသည်။ အရေးကြီးသော နယ်မြေဒေသများတွင် ကေအိုင်အေ မှ မိမိသဘော ဆန္ဒနဲ့ဝင်လာခဲ့သူတွေသာထားဖို့ အမိန့်ထုတ်ထားပြီး အတင်းအဓမ္မစုဆောင်းထားသူများကို မထားရန် အမိန့် ထုတ်ထားသည်။

ထွက်ပြေး၍ပြန်လည်ဖမ်းမိသော တပ်ဖွဲ့ဝင်များအနက် လိုင်ဇာတွင် မိသားစုမရှိသည့် တပ်ဖွဲ့ဝင် များအား သေဒဏ်ပေးပြီး၊ မိသားစုရှိသည့် တပ်ဖွဲ့ဝင်များအားအသေခံလုပ်မည့်နေရာများတွင် တာဝန် ထမ်းဆောင် ခိုင်းကြောင်း တာဝန်အောင်မြင်မှသာ သေဒဏ်မှ လွတ်မြောက်ခွင့်ပေးထားကြောင်း သိရှိရ သည်။ တပ်ဖွဲ့ဝင်၏ မိသားစုများကို ဒုက္ခသည်စခန်းအတွင်း မှာထားရှိပြီး အကြပ်ကိုင်ကာ တိုက်ခိုင်း နေသည်ဟု သိရှိရပါသည်။

ဒီကပါ။

ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ် နှင့် မြစ်ကြီးနားလေ ဆိပ် များတွင် Spitfire လေယာဉ်များ ရှာဖွေတွေ့ရှိ


မြန်မာနိုင်ငံ၌ မြှုပ်နှံ ထားသည် ဆိုသော ဗြိတိန် တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ အတွင်း လေယာဉ် မြှုပ်နှံထား သည့်နေရာ များတွင် ရှာဖွေ မှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့တွင် မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီးမြောက် ဘက်သို့ တွင်းများ တူးပြီး camera ဖြင့် ကြည့်ရှု၍ နည်းပညာ အကူ အညီဖြင့် ရှာဖွေခဲ့ရာ လေယာဉ်များ ထည့်ထား သည်ဟု ယူဆရသော စုစုပေါင်း သစ်သား သေတ္တာ ၁၈ လုံးတွေ့ ရှိခဲ့သည်။

ထို့ပြင် ၄င်း အဖွဲ့သည် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဆင့်မြင့် နည်းပညာသုံး ကရိယာများ အသုံးပြု၍ ရှာဖွေခဲ့ရာ ပင်မ လေယာဉ် ပြေးလမ်း၏ အနောက်ဘက် ပြည်လမ်း ဘက်ခြမ်းတွင် လေယာဉ် များ ထည့်ထားသည့် သေတ္တာများ မြှုပ်နှံ ထားသည့် နေရာအား တွေ့ရှိခဲ့သည်။ ၄င်း တွေ့ရှိရသော လေယာဉ် ထည့်ထားသည့် သေတ္တာများအား စက်ကရိယာများအသုံးပြု၍ တူးဖော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာပြည်အတွင်း ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ်၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင် ၆ စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု လေယာဉ်ရှာဖွေရေး အဖွဲ့က ယူဆထားသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဒုတိယကမ္ဘာစစ်တွင်းတွင် ဗြိတိန်လေတပ်မတော်က အားထားရတဲ့ Spitfire တိုက်လေယာဉ်တော်တော်များများကို ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ မြန်မာ့မြေပြင်အောက် လုံလုံခြုံခြုံ သိမ်းဖွက်သွားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိအချိန် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြပြီး ယခုတူးဖော်မှု များမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါကအရေအတွက်မှာ နှစ်ဆဖြစ်လာနိုင်ခြေရှိသည်။

တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည်ဖြစ်ပြီး လေယာဉ်ရှာဖွေရေးအဖွဲ့ တွင် ဗြိတိသျှ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါဝင်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်။

လေယာဉ်များ ရှာဖွေမှုတွင် အကျိုးအမြတ် ခွဲဝေမှုအနေဖြင့် နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း၊ရွှေတောင်ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်းဖြစ်သည်။

Myanmar Online News

ကချင်ပြည်နယ်က စစ်ပွဲတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ

ကချင်ပြည်နယ် စစ်ပွဲ ကိစ္စ သတင်းထောက်တွေက ၀ိုင်းမေးနေချိန် ပြန်လည်ဖြေကြားနေတဲ့
ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- NLD

" ဒီလိုမျိုး ဖြစ်တယ်ဆိုတာ သဘောတူညီမှု မယူနိုင်လို့၊ တစ်ဦးနဲ့ တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးမှု မအောင်မြင် လို့ စစ်တိုက်ရတာပေါ့နော်၊ အဲ့တော့ မအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းရာတွေကို စုံစမ်းရမယ်။ အကြောင်း တရားတွေကို သိမှ ဒီဟာကို ဖြေရှင်းလို့ရမယ်။ ဘာဖြစ်လို့ မရသလဲ ဘာဖြစ်လို့ စစ်တိုက်တဲ့ အထိဖြစ်ရသလဲ။ အဲဒီ အကြောင်းတွေကို သေသေချာချာ စီစစ်ပြီး ဒါပြန်ပြုပြင်နိုင်မှာပေါ့။ နောက် ရိုးရိုး လေးတွေးမယ် ဆိုရင်တော့ စကားပြောလို့ မရလို့ စစ်တိုက်တယ်ဆိုတဲ့ သဘောရှိတာပေါ့။ ဒါမှမဟုတ် စကားပြောပြီး မဖြေ ရှင်းချင်လို့ တိုက်တယ်ဆိုတဲ့ သဘောရှိတာပေါ့။ အဲဒီတော့ ဒါဘယ်ဟာလဲ ဆိုတာ ကို သေချာ လေ့လာဖို့ လိုတာပေါ့၊ အန်တီကတော့ ဖိအားပေးတယ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်ဘူး။ ဖိအားပေးတာ မပေးတာ ဆိုတာ အဓိက မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ အဓိကပဲ။ လွှတ်တော် အနေနဲ့ ဘာလုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ပြီးမှ လမ်းစဉ်ချရမှာပေါ့" လို့ ဒီကနေ့ မနက် ပြန် လည် စတင်တဲ့ လွှတ်တော် အစည်းအဝေးတက်ရောက်ဖို့ လာစဉ် ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်တွေကို ပြောသွားခဲ့တာပါ။

http://blog.irrawaddy.org/2013/01/blog-post_9.html

ယာဘား ဆေးပြားများနှင့် အတူ နယ်စပ်တွင် ရခိုင်နှင့် မွတ်ဆလင်များ အဖမ်းခံရ

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ မြစ်နားရွာမှ ရခိုင် အမျိုးသား   နှစ်ဦးနှင့် မောင်တောမြို့နယ်မှ မွတ်ဆလင် သုံးဦးကို ယာဘားဆေးပြား များနှင့်အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက နယ်စပ်တွင် သီးခြားစီ ဖမ်းဆီးခဲ့သည်။

မြစ်နားရွာမှ ရခိုင် ၂ဦးကို ဇန္န၀ါရီလ ၆ ရက်နေ့က ယာဘား ဆေးပြား ၄၀၀၀ နှင့် အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကိုမောင်စံအေး(၃၅)၊ မင်းကျော်(၁၈)တို့ ဖြစ်ကြသည်။

သူတို့ နှစ်ဦးအား တက်ကနက်အခြေစိုက် ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် တပ်ဖွဲ့ (BGB) အမှတ် (၄၂)မှ ဇန္န၀ါရီလ ၆ ရက် နံနက် ၇နာရီတွင် ဖမ်းဆီးခံရသည်ဟု ကော့စ်ဘဇားထုတ် သတင်းစာ များတွင်လည်း ဖေါ်ပြသည်။

ယာဘာဆေးပြားအလုံး ၄၀၀၀၏ လက်ရှိ တန်ဖိုးမှာ တာကာ တစ်ဆယ် သုံးသိန်းကျော်ဖိုး တန်ဖိုးရှိ သည်ဟု ဆိုသည်။

အလားတူ မြန်မာနိုင်ငံမှ မွတ်ဆလင် (၃) ဦးထံမှ ယာဘား ဆေးပြား ၃၀၀၀ ကို လွန်ခဲ့သော သောကြာနေ့က ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ချောင်ချူ အာလာန် (၂၄) နှစ်၊ အန်ဆာ အာလောင် (၂၆) နှစ်နှင့် ကာမဲလ် ဟူစိန် တို့ဖြစ်ကြပြီး မောင်တောမြို့နယ်မှ ဖြစ်ကြသည်ဟု ဇန္န၀ါရီလ ၆ ရက်နေ့စွဲဖြင့် ထုတ်ဝေသော The Independent သတင်းစာတွင် ဖေါ်ပြသည်။

သူတို့ (၃) ဦးသည် စက်လှေ တစ်စီးဖြင့် အဆိုပါ ယာဘားဆေးပြားများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ သွင်းယူလာစဉ် ဆင်မဖြူကျွန်းအနီးတွင် ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု အရှေ့ဇုံ ကမ်းခြေစောင့် တပ်ဖွဲ့ တပ်မှူး Abu Md Akik က ပြောသည်။

တိုင်းရင်းသားအရေး၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ လုပ်ရပ်များ

(KNU)နှင့်(KIO)တို့သည် တစ်ချိန်တစ်ခါက သီးခြားနိုင်ငံ ထူထောင်ရေး ကြွေးကြော်ခဲ့ကြဖူးသည်။ (ကော်သူလေး/ ဝင်ပေါင် သမ္မတ နိုင်ငံ)။ ယခုအခါ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု (ဝါ) ပြည်ထောင်စုစစ်စစ်ကို တောင်းဆို လာခဲ့ ကြပြီဖြစ်သည်။ ကရင်တော်လှန်ရေးသည် ၁၉၄၉ တွင် စတင်ခဲ့ပြီး၊ ကချင်တော်လှန်ရေးကား ၁၉၆၁ တွင် စတင်ခဲ့သည်။ (KNU) နှင့် (KIO) တို့သည် တစ်ချိန်က အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ) ၏ ပင်မအင်အားစုများအဖြစ် လက်တွဲညီခဲ့ ကြသည့် ညီနောင် တိုင်းရင်းသား မဟာမိတ်များလည်းဖြစ်ကြသည်။ ထို့အပြင် နောက်ဆုံးပေါ် တပ်ပေါင်းစုဟုပြောဆိုနိုင်သည့် (UNFC) ၏ “အခြေခံအဖွဲ့အစည်း” များလည်းဖြစ်သည်။ (UNFC) “ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ” ကို ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စု (ဝါ) ပြည်ထောင်စုစစ်စစ် ကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲတွင် မည်သည့်အခါမျှ တည်ဆောက်၍ ရနိုင်လိမ့်မည်မဟုတ်ပါ။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချူပ်( SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦးက “ဒီ Constitution နဲ့ သွားမယ်ဆိုရင် တိုင်းရင်းသား တွေအားလုံးရချင်တဲ့စစ်မှန်တဲ့ဖက်ဒရယ်မူဆိုတာ မဖြစ်လာနိုင်ဘူးဗျ” ဟု ပြောသည်။

“ရနိုင်သည်၊ ရလိမ့်မည်၊ ရနိုင်ကောင်းသည်၊ တဖြည်းဖြည်းခြင်းတည်ဆောက်သွားနိုင်ပါလိမ့်မည် ”စသဖြင့် ထင်မြင်ယူဆခြင်း သည်လည်း ထင်ယောင်မှားမှု၊ စိတ်ကူးယဉ်မှု၊ အလှည့်စားခံရမှုသာဖြစ်ပါလိမ့်မည်။

“မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်”၊ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”တို့ ဖြစ်ခဲ့သဖြင့် ၂၀၀၈ အခြေခံဥပဒေဘောင်ထဲတွင် “စည်းကမ်းပြည့်ဝသောဖက်ဒရယ်ပြည်ထောင်စု” တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဆွေးနွေးမှု

လွန်ခဲ့သော ဇန်နဝါရီလ ၅ ရက်နေ့ တွင် (KNU) ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် သမ္မတ (ဗိုလ်) ဦးသိန်းစိန် တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။ သမ္မတရုံး၌မဟုတ်။ သမ္မတအိမ်တော်၌မဟုတ်။ တောင်သူပညာပေးဧက ၅၀၀ စိုက်ခင်းရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခြင်းဖြစ်သည်။

(KNU) ဥက္ကဋ္ဌ က သမ္မတ (ဗိုလ်) ဦးသိန်းစိန်ကို ကရင်အမျိုးသားတို့၏ အမြတ်တနိုး ရိုးရာဝတ်စုံ ကရင်သင်တိုင်းအင်္ကျီ ကို လက်ဆောင်ပေးသည်၊ ကိုယ်တိုင်ကိုယ်ကျဝတ်ဆင်ပေးသည်။

ထိုအချိန်တွင် ကချင်ပြည်နယ်၌ စစ်တပ်က (KIA)ကို ထိုးစစ်ဆင်နေသည်၊ ဝေဟင်မှတိုက်လေယာဉ်ဖြင့် ပစ်ကူပေးနေသည်။ မြေပြင်မှ ၁၂၀မမ၊ ၁၀၅ မမ အမြောက်ကြီးများဖြင့် ပစ်ခတ်နေသည်။ ထို့ပြင် (KIO)လိုင်ဇာဌာနချုပ် အတွက် အဓိက စခန်းထောက် ပွိုင့် ၇၇၁ တောင်ကုန်းကို ပူပူနွေးနွေး သိမ်းယူပြီးကာစ အချိန်လည်းဖြစ်နေသည်။

ကံကြမ္မာ၏ ကျီစယ်မှုဟုပြောရမလားမသိ။ ၁၉၉၄ ခုနှစ်တွင် (KIO) သည် (နဝတ-နအဖ) စစ်အစိုးရနှင့်စေ့စပ်ကာအပစ်ရပ် သွားခဲ့သည်။ ထိုအချိန်၌ (KNU) ဌာနချုပ် မာနယ်ပလောကို ထိုးစစ်များဝင်နေခဲ့သည်။

(KNLA)နှင့်အတူ ကျောင်းသားတပ်မတော်(ABSDF) အပါအဝင် မဟာမိတ်တပ်ဖွဲ့များက မာနယ်ပလောကာကွယ်ရေးအတွက် အတူတကွတိုက်ပွဲဝင်ခဲ့ကြသည်။ ထို့နောက် (သံလွင်- သောင်ရင်း) မြစ်ဆုံအရေးအခင်း၊ မာနယ်ပလောကျသွားခြင်း၊ (DKBA) ကွဲထွက်မှု စသဖြင့် ဖြစ်ရပ်များဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

ယခုတော့ (KIO)ဌာနချုပ် လိုင်ဇာကို ထိုးစစ်တွေဝင်နေသည်။ တိုက်လေယာဉ်များဖြင့်ဗုံးကြဲခြင်းခံနေသည်။ လိုင်ဇာခုခံစစ်တွင် ကျောင်းသားတပ်မတော် (ABSDF) (မြောက်ပိုင်း) မှ ရဲဘော်အောင်ထွန်းလင်း ဇန်နဝါရီလ ၄ ရက်နေ့ကကျဆုံးသွားခဲ့သည်။

(ဗိုလ်)ဦးသိန်းစိန်က (KNU) ဥက္ကဋ္ဌ အား ပြောလိုက်သောစကားတွင် “နိုင်ငံရေးအဆင့် ဆွေးနွေးရာတွင် လွှတ်တော်သည် ဆွေးနွေးရန် အကောင်းဆုံးနေရာ” ဟု ပြောခဲ့သည်။

ဤသို့ပြောဆိုလိုက်ခြင်းမှာ “၂၀၀၈ အခြေခံဥပဒေကိုလက်ခံ – လက်နက်စွန့်- ဥပဒေဘောင်ထဲဝင် – ပါတီထောင် – ၂၀၁၅ ရွေးကောက်ပွဲဝင် – ရွေးချယ်ခံရလျှင်လွှတ်တော်ထဲရောက်မည် ” ဆိုသည့် စကားတွေကို ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ လိုရင်း တိုရှင်း ပြောလိုက်ခြင်းသာဖြစ်သည်။ ယင်းမှာ အုပ်ချုပ်ရေးထိပ်သီး သမ္မတ၏ ပြောစကားဖြစ်သည်။ စစ်တပ်ထိပ်သီး၏ပြောစကားကိုလေ့လာကြည့်ပါ။

ကာချုပ် ဗိုလ်မင်းအောင်လှိုင်နှင့်(KNU) တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု (KNU) တာဝန်ရှိသူက ပြောသည်။ (KNU) ဘက်က မြေပြင်တွင် နှစ်ဖက်စစ်တပ်များ၏ လှုပ်ရှားသွားလာမှုနှင့်ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (code of conduct) ညှိနှိုင်းထားလိုကြောင်း ပြောသည်။

ဗိုလ်မင်းအောင်လှိုင်က “စည်းကမ်းဆိုသည့်ဘောင်ကန့်ထားပါက စည်းခြားထားသလိုဖြစ်ပြီး အတားအဆီးတစ်ခုဖြစ်သွားနိုင် ကြောင်း၊ စည်းကမ်းထက် ပူးပေါင်းဆောင်ရွက်ပါက ပိုမိုလေးနက်မည်” ပြောကာ (KNU) ၏ အဆိုပြုချက်ကို ပယ်ချလိုက်သည်။ ကာချုပ်က ပယ်ချထားသည့် အချက်ကို မည်သူက လက်ခံသဘောတူမည်နည်း။

စစ်တပ်သည် သူတို့လှုပ်ရှားမှုကို မည်သည့်အခါမျှ အချုပ်အငင်မခံချေ။ သူတို့ကသာ အခြားတပ်ဖွဲ့များကို ဝိုင်းပတ်ချုပ်ငင် ထားလိုသည်။ နယ်မြေတစ်ခုထဲတွင် ထိန်းချုပ်ထားလိုသည်။ ထို့အပြင်လက်ရှိစစ်တပ်သည် “ပြည်ထောင်စုတပ်မတော်ဖြစ်သည်” ဟုပင် ပြောလိုက်သည်။ ဤအချက်က သူတို့သည် တစ်နိုင်ငံလုံး သူတို့သွားလိုသည့်နေရာများသို့ စိတ်ကြိုက်သွားမည် မည်သူ့ချုပ်ငင်မှုမျှမခံ ဟု ဆိုခြင်းဖြစ်သည်။

(KNU) နှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းများ ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးခဲ့ပြီဟု ဗိုလ်မင်းအောင်လှိုင် ကဆိုသည်။ အပစ်ရပ်ပြီးလျှင် နိုင်ငံရေးဆွေးနွေးကြရမည်။ နိုင်ငံရေးအရ ဆွေးနွေးပြေလည်မှသာ အပစ်အခတ်ရပ်စဲရေးအာမခံချက်ရှိပြီး ထာဝရငြိမ်းချမ်းရေးသို့ တက်လှမ်းသွားနိုင်လိမ့်မည်။ “နိုင်ငံရေးဆွေးနွေးရန် လွတ်တော်သည်အကောင်းဆုံးနေရာ” ဟု သမ္မတက ပြော နေသည်။ ကာချုပ်ကလည်း (code of conduct) ဆိုသည်များကို ငြင်းပယ်ထားပြီ။ သို့ဆိုလျှင် မည်သို့ရှေ့ခရီးဆက်ကြမည်နည်း။



ကချင်ပြည်နယ်ကဖြေရှင်းမှု

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ကြေညာချက်ကို အစိုးရပိုင်သတင်းစာများနှင့် စစ်တပ်ပိုင်မြဝတီသတင်းစာ တွင် ဖေါ်ပြခဲ့သည်။ ကြေညာချက်အပြည့်အစုံကိုမူ စစ်တပ်ပိုင် မြဝတီဝဘ်ဆိုဒ်တွင် ဖေါ်ပြထားသည်။ ထို့အပြင် (KIA) ရန်မှ ကာကွယ်ရန်/ တိုက်ခိုက်ရန် အတွက် ကချင်ပြည်နယ်အတွင်းရှိ တိုင်းလိုင်(ရှမ်းနီ) ကျေးရွာများတွင် စစ်တပ်က ပြည်သူ့စစ်များဖွဲ့စည်းပေးကာ လက်နက်တပ်ဆင်ပေးနေသည်။

ထိုသို့ပြည်နယ်တစ်ခုတည်းအတွင်း အတူတကွနေနိုင်နေကြသည့် တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့် တစ်မျိုးရန်တိုက်ပေးသည့်၊ ထိုးဆွပေးသည့် လုပ်ရပ်ဆိုးများ လုံးဝမလုပ်သင့်ပါ။ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး ပိုမိုနာကျည်းမုန်းတီးသွားအောင်မပြုသင့်ပါ။ ယင်းသို့သော လုပ်ရပ်ဆိုးကို စစ်တပ်ကဦးဆောင်ပြီး လုပ်နေသည်။

ရှမ်းနီများကိုပြည်သူ့စစ်ဖွဲ့၊သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးပြီး (KIA) နှင့် ဦးတည်ပေးနေသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့်လည်း ဤလုပ်ရပ်ကို ကန့်ကွက်သင့်သည်။ အားပေးအား မြှောက် မပြုသင့်ပါ။ အသုံးချမခံရအောင်လည်း သတိရှိသင့်သည်။ ရှည်ရှည်ဝေးဝေးကြည့်သင့်လှသည်။ ကချင်ပြည်နယ်အတွင်းတွင် ကချင်များ ၊ ရှမ်းနီများနှင့် အခြားသောတိုင်းရင်းသားလူမျိုးများသည်အရှည်သဖြင့်အတူတကွနေထိုင်သွားကြရမည့်သူများဖြစ်ပါသည်။ သို့ပါ၍ တိုင်းရင်း သားအချင်းချင်း နာကျည်းမုန်းတီးကာ မီးခိုးမဆုံးမိုးမဆုံး သွေးထွက်သံယိုဖြစ်မည့် ဖြေရှင်းနည်းမျိုးကို လုံးဝ မကျင့်သုံးသင့်ပါ။

စစ်တပ်၏ ဤလုပ်ရပ်သည် ဆိုးဝါးယုတ်မာသော လုပ်ရပ်ဖြစ်သည်။ အိမ်ကြက်ခြင်း အိုးမဲသုတ်ပေးသော လုပ်ရပ်ဖြစ်သည်။ (ဗိုလ်)ဦးသိန်စိန်အစိုးရသည် ဤလုပ်ရပ်ကို လက်ပိုက်ကြည့်နေသလော၊ သို့တည်းမဟုတ် ပေါ်လစီတစ်ရပ်သဖွယ်ကျင့်သုံးရန် ညွန်ကြား ချက်ပေးထားလေသလော။

စစ်တပ်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲရှိသည်ဟု ၂၀၀၈အခြေခံဥပဒေတွင်ပြဋ္ဌာန်းထားသဖြင့် ယင်းကိစ္စကို မည်သူမျှ မေးခွန်းမထုတ်နိုင်/ မတားနိုင် / မဆီးနိုင်ဖြစ်ရသလော ဆိုသည်ကို မကြာမီ ကျင်းပတော့မည့် လွှတ်တော်ထဲတွင် မေးခွန်းထုတ်ရမည်။

(နဝတ-နအဖ)စစ်အစိုးရအုပ်စိုးသည့်ကာလသည် တိုင်းရင်းသားအဖွဲ့အစည်းများ စံချိန်တင်အောင် ပြိုကွဲခဲ့သော၊ ကွဲအက်၊ ခွဲ ထွက်ကြသောကာလလည်းဖြစ်ပါသည်။

(နဝတ-နအဖ) စစ်အစိုးရ အုပ်စိုးခဲ့သည့်ကာလတွင် တိုင်းရင်းသားများကို ဖိနှိပ်သတ်ဖြတ်ခဲ့သည်သာမက အစိတ်စိတ် အပိုင်း ပိုင်းကွဲအက်၊ ခွဲထွက်လာအောင် သွေးခွဲသပ်လျှိုဖြိုခွဲခဲ့သည်။ ကွဲထွက်လာသမျှ တိုင်းရင်းသားအဖွဲ့အစည်းမှန်သမျှကို စစ်အစိုးရသည် သူ့၏ ခါးပိုက်ထဲထည့်ထားခဲ့သည်။ လိုသည့်အခါထုတ်သုံးခဲ့သည်။ မကွဲဘူးမခွဲဘူးသည့် တိုင်းရင်းသားအဖွဲ့ အစည်းမရှိသလောက် ရှား ပါသည်။

ခွဲထွက်လာသူတိုင်းကို မိခင်အဖွဲ့အစည်းနှင့်ပြန်လည်ပူးပေါင်းရန်၊ညီညွတ်ရန် စစ်အစိုးရသည် မည့်သည့်အခါမျှ လုပ်ဆောင်ခဲ့ ခြင်းမရှိပါ၊ တိုက်တွန်းပြောဆိုခြင်းပင်မရှိခဲ့ပါ။ မတိုက်တွန်းခဲ့သည့်အပြင် ပိုမိုနာကျည်းမုန်းတီးသွားအောင်သာ သပ်လျှိုပေးခဲ့သည်။

သို့ဖြင့် “တိုင်းရင်းသားခေါင်းဆောင်” ဆိုသူတို့မှာ စစ်အစိုးရ၏ အသုံးချခံ၊ လက်ကိုင်ဒုတ်ဘဝသို့ ကျရောက်ခဲ့ကြရသည်။ ယင်းသို့သော အတွေ့အကြုံ၊ သာဓကမျိုး မကြုံဖူး/မရှိဖူးသည့် တိုင်းရင်းသားအဖွဲ့ မရှိသလောက်ရှားပါသည်။

(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် (နဝတ-နအဖ) စစ်အစိုးရ၏ အမွေစားအမွေခံ အစိုးရသာဖြစ်ပါသည်။

http://moemaka.com/?p=30982

KIA အဖွဲ့ အနေဖြင့် ရထားလမ်း ကားလမ်း တံတားများနှင့် အရပ် ဖက်ပစ်မှတ် များအား တိုက်ခိုက် လာပါက


KIA အဖွဲ့ အနေဖြင့် ရထားလမ်း ကားလမ်း တံတားများနှင့် အရပ် ဖက်ပစ်မှတ် များအား တိုက်ခိုက် လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက် များဖြင့်ပြန်လည် ပစ်ခတ်မည်

KIA အဖွဲ့အနေဖြင့် စစ်သားမပီသစွာ၊ သူရဲဘောကြောင်စွာ ပြည်သူများ အနှောက်အယှက် အခက်အခဲ ကြုံရအောင် ရထားလမ်း၊ ကားလမ်းများ၊ တံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်မှု တစ်စုံတရာ မပြုလုပ်ရန် သတိပေးကြောင်းနှင့် ထိုသို့ သတိပေး ထား သည့်ကြားထဲမှ အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်အား လက် နက်ကြီးများနှင့် တုံ့ပြန်ပစ်ခတ်သွားမည်ဖြစ်ကြောင်း လဂျားယန် ဒေသသို့ရောက်ရှိနေသည့် အမြောက် တပ်မှ အရာရှိတစ်ဦးမှ ပြောကြားပါသည်။

ကျွန်တော်တို့မှ လိုင်ဇာက KIA ဌာနချုပ်အဆောက်အဦး တွေအားလုံးကို ပစ်မှတ် မှတ်ပုံတင်ပြီးသားပါ။ ကျွန်တော်တို့ သိမ်းထားတဲ့ လဂျားယန် တ၀ိုက်ကတောင်ကုန်း တွေမှာ လက်နက်ကြီးတွေ ဆင်ထားပါ တယ်။ ပုံမုန် အတိုင်းဆိုရင်တော့ KIA ဌာနချုပ်လိုင်ဇာကို ပစ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ KIA တွေ အနေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်လာ မယ်ဆို ရင်တော့ ပြန်လည် တုံ့ပြန်ရပါ လိမ့်မယ် ဟု ပြောဆိုသွားသည်။

From: Myanmar Online News

စစ်ကိုင်း NLD မှ အာဏာရှင်စနစ် ကျင့်သုံးနေသဖြင့် ပါတီဝင်အချင်းချင်း မကျေမနပ်ဖြစ်နေ


စစ်ကိုင်းမြို့နယ် NLD ပါတီ ဇန်န၀ါရီလ ၇ ရက်နေ့တွင် စာအမှတ် ၀၀၃/ညလခ/စက/၂၀၁၃ ခုနှစ် ရက်စွဲနဲ့ တိုက်နယ် ခေါင်းဆောင်များအားလုံးကို အစည်းအဝေး ဖိတ်ကြားခဲ့ပါတယ်။

ညီလာခံကျင်းပရေး ညှိနှိုင်း အစည်းအဝေးပွဲတွင် NLD ဗဟို ညွှန်ကြားချက်ကို မလိုက်နာဘဲ ပါတီ အကျည်းတန်စေတဲ့ လုပ်ရပ်ကို ပန်းဘဲတန်းရပ်ကွက် ဥက္ကဋ္ဌ ဦးသောင်းရွှေမှ ပိုက်ဆံချမ်းသာသောသူအား ဥက္ကဋ္ဌတင်ရန် ပြောကြားပြီး ဦးကျော်သောင်းသည် ပိုက်ဆံချမ်းသာသူ ဖြစ်တဲ့အတွက် ဥက္ကဋ္ဌတင်ရန် အဆိုပြုခဲ့ပါတယ်။

၎င်းတို့နှင့်အတူပါလာသော လူတစ်စုအား ထောက်ခံခိုင်းပြီ ဥက္ကဋ္ဌ တင်မြှောက်ခဲ့ပါတယ်။ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးတွင် ညီလာခံကိုယ်စားလှယ်များအားလုံး ဖိတ်ကြားခြင်းမရှိပဲ လူတစ်စုဖြင့်သာ လုပ်ဆောင် ခဲ့ပါတယ်။

ထို့အပြင် ပါတီအမှုဆောင်စာရင်းဟာလည်း ညီလာခံမကျင်းပမီ ပေါ်ထွက်နေသဖြင့် စာမေးပွဲမဖြေရဘဲ အောင်စာရင်းထွက်နေသည့်အဖြစ်နှင့် တူနေပါတယ်။

www.MyanmarExpress.net

မြန်မာပြည်မှာ ရောင်းစား အခံရဆုံးက ဘယ်သူတွေလဲ

မြန်မာပြည်မှာ ရောင်းစားအခံရ ဆုံးက ဒေါ်အောင်ဆန်းစုကြည်ပဲ လို့ နော်ဝေကနေ ပြန်လာတဲ့ လူငယ် တဦးက ပြောတယ်။

ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံနေရစဉ်၊ နေအိမ် အကျယ်ချုပ်ချနေစဉ် ကနေ ယခု အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပနဲ့ ပြည်တွင်း က လူအချို့ကနည်းလမ်းအမျိုးမျိုးနဲ့ ရောင်းစားကြတယ်လို့ သူက ပြောတယ်။

ဒါကလည်း ငြင်းလို့မရတဲ့ ကိစ္စပါပဲ။ နောက် ဒုတိယ အရောင်းစား ခံရဆုံးကတော့ မင်းကိုနိုင်ပဲလို့ သူက ဆက်ပြောတယ်။ ဟိုအရင်တုန်းက ပြည်ပမှာ နေထိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေး မင်းကိုနိုင်လွှတ်မြောက်ရေး ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရောင်းစားခဲ့ကြတာပဲ။

ခုတော့ပြည်ပနဲ့နီးစပ်တဲ့ ပြည်တွင်းက အချို့ကလည်း နိုင်ငံတကာမှာ Project တွေ တင်လာကြသတဲ့။နိုင်ငံတကာကိုတင်တဲ့proposal တွေမှာ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ နာမည်တွေ ပါရင် Grant တွေရဖို့ သေချာသတဲ့။ အဲဒါကြောင့် စီးပွားရှာချင်တဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်ရဲ့ နာမည်တွေ မပါ ပါအောင်ထည့်ကြသတဲ့။ခေါင်းစဉ်တွေမှာလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် နာမည်တော့ ပါအောင်ထည့်ရေးကြသတဲ့။

သူပြောတာတွေ နားထောင်ရင်း ဖြစ်ပျက်နေတာတွေကို မြင်ယောင်ရင်း စိတ်မသက်မသာနဲ့ နားထောင်နေရင်း ကျမ စဉ်းစားမိတယ်။

ပြည်ပမှာတော့ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ကို ဘယ်လို Project တွေနဲ့ ဘယ်လို Proposal တွေ တင်ကြသလဲဆိုတာတော့ ကျမလည်း သေချာမသိပါဘူး၊ သူပြောသလောက် သိရ ကြားရတာပါ။ ဒါပေမဲ့ သေချာ စဉ်းစားကြည့်တော့ အမေစု အမေစုလို့ လူရှေ့မှာတော့ ချစ်ပြပြီး တဖက်ကနေ ပြစား ရောင်းစား တောင်းစားတာတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ရဲ့ နောက်ကျောကို ဓါးနဲ့ထိုးတာနဲ့ တူတူပါပဲ။

နောက်တချက် စဉ်းစားမိတာက ပြည်တွင်းက ပြည်သူတွေ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ကို ချစ်တဲ့ ခင်တဲ့ စိတ်နဲ့ သူတို့ရဲ့ ဆိုင်နာမည်တွေကို အမေစု ဆိုင်လို့ ပေးတာမျိုး ဖြစ်ချင်လည်း ဖြစ်မယ်။ပြည်သူ ချစ်တဲ့ သူတွေရဲ့ နာမည်ကို ယူသုံးခြင်းအားဖြင့် ရောင်းကောင်းမယ်လို့ ထင်မှတ်ပြီး သုံးတာလည်းဖြစ်ချင်ဖြစ်မယ်။

တလောကတင် အမေစု မုန့်ဟင်းခါး ဆိုင်ဆိုပြီး တွေ့လိုက်သေးတယ်။ ခင်ထွေးရီ မုန့်ဟင်းခါး ဆိုင်လိုမျိုး၊ အမေစု မုန့်ဟင်းခါးဆိုင် ဆိုပြီး ဖွင့်သင့်ရဲ့လား ဆိုတာလည်း စဉ်းစားကြစေချင်ပါတယ်။

ပြည်တွင်းမှာ လက်ရှိ ဖွင့်နေကြတဲ့ အမေစု ထီဆိုင်တို့ရ အမေစု မုန့်ဟင်းခါးဆိုင်တို့ ဆိုတာတွေတင် မကပါဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ၊ ဝေါရှိ့တွေက လက်ဖက်ရည်ဆိုင် အစ ဘီယာဆိုင်အဆုံး နေရာစုံမှာပါ တွေ့မြင်လာရတာတွေ..။

ဒါတွေ ရှိသင့်သလား၊ လုပ်သင့်သလား၊ ချစ်တာလား၊ လုပ်စားတာလား ဆိုတာလည်း သေချာ စဉ်းစားကြစေချင်ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။

www.MyanmarExpress.net

NLD ရုံးခန်းအတွင်း မမေသက်ဦး မုဒိန်းကျင့်ခံရမှု ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေ


NLD ရုံးခန်းအတွင်း မမေသက်ဦး မုဒိန်းကျင့်ခံရမှု နှင့်ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေကြောင်း၊ အခါအားလျှော်စွာ သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့သမျှ ယခုအခါ ဘာပွဲမှမလုပ်၊ ဘာမေးတာမှမဖြေပဲ ဝဇီပိတ် ကျင့်နေကြောင်း သတင်းရရှိသည်။

၃-၁-၂၀၁၃ ရက်နေ့ ၁၂နာရီ ၃၀မိနစ်အချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၂၉) လမ်း နှင့် လမ်း (၃၀)ကြား၊ အနော်ရထာ လမ်းရှိအမှတ်(၂၄၁)၊ ပထမထပ်(၀ဲ)ရှိ NLD ပါတီမှဖွင့်လှစ်ထားသော ပညာဒါနကျူရှင်၌ လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် ကျပန်း စကား ပြောပြိုင်ပွဲ လုပ်နေစဉ် တက်ရောက် လာသူများထဲမှ မမေသက်ဦး (ဘ)ဦးဇော်မြင့်(ပန်းဘဲတန်းမြို့နယ် NLD ပါတီဝင်)၊ အမှတ် (၁၉၄)၊ ပထမထပ်(၀ဲ)၊ လမ်း(၃၀)၊ အမှတ်(၈)ရပ်ကွက်၊ ပန်းဘဲတန်း မြို့နယ်နေသူသည် ကျူရှင်တိုက်ခန်းအပေါ်ထပ် (၇)လွှာရှိ သူငယ်ချင်း ဖြစ်သူ နာဇေးဒါး အခန်း၌ ၎င်း၏အစ်မဖြစ်သူ မ၀င်းမာဦး ရောက်ရှိနေ ခြင်း ရှိ/မရှိ သိရှိလိုသဖြင့် သွားရောက်ကြည့်ရှုခဲ့ပြီး အစ်မဖြစ်သူ မ၀င်းမာဦးမရှိသဖြင့် (၅)မိနစ်ခန့်အကြာတွင် ပညာဒါန ကျူရှင်သို့ ပြန် ဆင်းလာခဲ့ကြောင်း၊

ပညာဒါနကျူရှင်သို့ရောက်ရှိ ချိန်တွင် ပြိုင်ပွဲဝင်သူ များမရှိတော့ဘဲ NLD ပါတီ ပညာဒါနကျောင်းတာဝန်ခံ သားကြီး(ခ) ခင်မောင်ထူး(ခ) ဆိုးဖီရမ်း(၂၂)နှစ်၊ (မွတ်ဆလင်အစ္စလမ် ဘာသာကိုး ကွယ်သူ)၊ (ဘ)ဦးမောင်မောင်၊ အမှတ်(၁၂၄)၊ မြေညီထပ်၊ လမ်း(၃၀)၊ အမှတ်(၈) ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် နေသူမှ ကိုလာသံဗူး တိုက်ခဲ့ ကြောင်း၊ ယခင် ကလည်း ရိုးရိုး သားသား တိုက်လေ့ရှိသောကြောင့် သောက်လိုက် ရာတွင် မူးမေ့စေ တက်သော ဆေးများထည့်၍ တိုက်ခဲ့ သဖြင့် ခဏအကြာ တွင်မူးမေ့ သွားခဲ့ကြောင်း၊

၎င်း ပြန်လည်သတိရ လာချိန်တွင် ရုံးခန်းအနီးရှိ ပစ္စည်းများထား သည့်အခန်းသို့ ရောက်ရှိ နေပြီး ၎င်းဝတ်ဆင်ထားသည့် အပေါ်အကျီင်္နှင့် ဘောင်းဘီရှည်တို့မှာ ကျွတ်လျက်ရှိနေပြီး သားကြီး(ခ) ခင်မောင်ထူး(ခ)ဆိုဖီရမ်းမှာ အနီး၌ ထိုင်နေသောကြောင့် ၎င်း သတိ လစ်နေခိုက် သားမယား အဖြစ်ပြု ကျင့်ခဲ့ကြောင်း နှင့် ၎င်းကိစ္စနှင့် ပတ်သက်၍ မည်သူ့ကိုမျှ မပြောရန် ပြောကြားခဲ့ကြောင်း၊

၎င်းနောက် အ၀တ်အစားများပြန်ဝတ်၍ လှေခါး အတိုင်းပြန် ဆင်းလာစဉ် မြေညီ ထပ်၌ မိခင် ဒေါ်လှလှထွေးနှင့်တွေ့  ဆုံပြီး ဖြစ်စဉ်အားပြောပြခဲ့ကြောင်း၊ ထို့နောက် မိခင်နှင့်အတူ ပန်းဘဲ တန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့စခန်း မှ ၄-၁-၂၀၁၃ ရက်နေ့ ၁ နာရီ မိနစ် ၄၀ အချိန်တွင် (ပ)၈/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၆ ဖြင့် သားကြီး(ခ) ခင်မောင်ထူး(ခ) ဆိုဖီရမ်းအား အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

www.MyanmarExpress.net

KIA တပ်ရင်း (၂၄) ၏ ရှေ့ ကာကင်းပွိုင့်တခု လက်လွှတ်လိုက်ရ


ဗန်းမော်-လိုင်ဇာ လမ်းကြောင်း ဖွန်းပျဉ်ဘွမ်ရှိ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အမှတ် (၂၄) တပ်ရင်း၏ ရှေ့ကာ ကင်းစခန်း တခု ယနေ့ ညနေ (၃) နာရီအချိန်ခန့်က လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောသည်။

“လေယာဉ်နဲ့ (၁၂) နာရီမှာ တခါ၊ နေ့လည် (၂) နာရီလောက်မှာ တခါ ဓါတုဗုံးတွေနဲ့ အကြိမ်ကြိမ် ၀ဲပြီးတော့ အပြင်းအထန် ကျဲချတယ်ဗျ။ လေယာဉ်ကလည်း အကြီးစား တိုက်လေယာဉ်တွေဗျ။ အငယ်စားလေးတွေ မဟုတ်ဘူးနော်။ ပြီးတော့ ခန်းကိုင်တောင်ရဲ့ ၁၂၀ မမနဲ့ ၁၀၅ မမကလည်း တလစပ်ကို မနားတမ်းကို ပစ်ခဲ့တယ်။ မရေတွက် နိုင်တော့ဘူး။ ရာနဲ့ချီ ပြီးတော့ကို ပစ်တယ်။ မြေပြင် စစ်ကြောင်းကလည်း စစ်မျက်နှာ နှစ်ဖက်နဲ့ ညှပ်ပြီး စစ်ဆင်တယ်၊ အဲဒါကြောင့် နောက်ဆုတ်ပေးလိုက်တာပါ။” ဟု ဆိုသည်။

သို့သော် အစိုးရတပ်က ဓါတု လက်နက်များ အသုံးပြုသည့်ကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရသေးပါ။

ယခု လက်လွှတ်ရသော စခန်းသည်၊ ပွိုင့် (၇၇၁) ၏ အရှေ့ဖက်ရှိ ကင်းထောက် စခန်းဖြစ်ပြီး တပ်ရင်းရုံး၏ အောက်အဆင့် ပွိုင့်တခုဖြစ်သည်။ အလားတူ လဂျားယန် စခန်းကိုလည်း လက်နက်ကြီးများနှင့် လေကြောင်းက အပြင်းအထန် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၈း၁၅ မိနစ်ခန့်က တုန်ဟုန်းရွာသို့ ရောက်ရှိလာသည့် အစိုးရ၏ မြေပြင် တပ်ဖွဲ့များအား ကျောင်းသား တပ်မတော်နှင့် အေအိုင်အေ ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက် ခြေမှုန်းခဲ့သဖြင့် လဂျားယန် စခန်းအား လေယာဉ်နှင့် လက်နက်ကြီး များဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု KIA က ဆိုသည်။

ညနေပိုင်း (၅) နာရီ အချိန်ခန့်အထိ အစိုးရက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း မြေပြင်တပ်များ လှုပ်ရှားမှု မရှိသလောက် ငြိမ်သက်နေကြောင်း သိရသည်။ KIA တပ်များက အစိုးရတပ်နားသို့ ချဉ်းကပ်ခြင်း မပြုနိုင်ရန် လက်နက်ကြီးဖြင့် ကာပစ် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု KIA ဘက်က သုံးသပ်ပြောဆိုသည်။

အလားတူ အစိုးရ တပ်ဖွဲ့က နယ်မြေ ကျွမ်းကျင်မှု မရှိသလို တိုက်ပွဲပြင်းထန်သည့်အတွက် ထိခိုက်ကျဆုံးမှု များပြားနေပြီး လူအင်အား အပါအ၀င် လက်နက်ကြီး ပစ်ကူများ လိုအပ်နေကြောင်းနှင့် လေကြောင်း အားသာချက်ကို သိရှိထားသဖြင့် မြေပြင် စစ်ကူထက် လေယာဉ်နှင့် လက်နက်ကြီး ပစ်ကူများကိုသာ အားထားနိုင်ကြောင်း စစ်ရေး အကဲခတ်များက သုံးသပ်ပြောဆိုသည်။

ယင်းအနေအထားအရ လာမည့်နေ့များတွင်လည်း လေကြောင်း အကူအညီများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်တို့၏ စခန်းများကို ပြင်းထန်စွာ တိုက်ခိုက် လာနိုင်ကြောင်း အကဲခတ်များက သုံးသပ် ပြောဆိုသည်။

ဒီကပါ။

ဂဏန်းစတိုင်အက အစ ဘယ်သူက


ပုံမှာ မြင်တွေ့နေရတဲ့ ရှေးဟောင်းအမွေအနှစ် ဗိသုကာ လက်ရာ ကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့  က Seokbulsa အမည်ရ ဗုဒ္ဓ ဘာသာ ဘုန်းကြီးကျောင်း တစ်ခုကလို့ ဆိုပါတယ်။ ယင်း ဗိသုကာ လက်ရာထဲမှာ- ဘာဘက်က ကလေးပုံဟာ ဘုရားလောင်းမွေးဖွားစဉ် လက်တစ်ချောင်း ထောင်နေတဲ့ပုံ ဖြစ်ပြီး ဘာဘက်ကပုံ အတွက်တော့ ဖြေရှင်းချက် ပေးမထားပါဘူး။

နောက်တစ်မျိုး ကတော့ ယင်းဟာ တောင်ကိုရီးယားရဲ့  နာမည်ကျော် စစ်သူကြီး Jim Rim Hoon မှ တိုက်ပွဲမှ ပြန်လာတိုင်း အောင်ပွဲစဉ်တဲ့ အကလို့ ဆိုပါတယ်။

နောက်တစ်မျိုးကျတော့ တောင်ကိုရီးယားမှ ရှေးပြည်သူများဟာ ဗုဒ္ဓဘာသာ ပွဲတော်များ ကျင်းပတဲ့အခါ အုပ်ရုတ်တုထဲကလို ကခုန်ကြတယ်လို့ ဆိုပါတယ်။

ယင်း လူရုပ်နှစ်ရုပ်ထွင်းထုထားတဲ့ ကျောက်တိုင်ရဲ့  သက်တမ်းကတော့နှစ် ၁၀၀၀ (တစ်ထောင်) ရှိပြီလို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ Gangnam ပြည်နယ်နေ လူချမ်းသာများရဲ့  ဘဝနေထိုင်မှုပုံစံကို ရည်ညွန်းတဲ့ Gangnam Style အက ဟာ PSY အတွက် အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ ဂန်းနမ်းစတိုင် အက (မြင်းစီးအက) နဲ့ ကမ္ဘာကျော်သွားတဲ့ PSY ရဲ့  အက ဘယ်က စတယ်ဆိုတာ ကို တောင်ကိုရီးယား မီဒီယာများမှ မွေနှောက်ရှာဖွေ ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

--
Ref: buzzpatrol
International news for myanmar

ရုပ်ရှင်ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ကိုမင်းကိုနိုင်ဆု ချီးမြှင့်မည်

လူ့အခွင့်အရေးနှင့် လူ့ဂုဏ် သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင် အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင် ဆုများကို ပေးအပ် ချီးမြှင့် သွားမည်ဟု ရုပ်ရှင်ပွဲတော် စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်သို့ နိုင်ငံတကာနှင့် ပြည်တွင်းမှ အနုပညာရှင်များ ၀င်ရောက်ယှဉ်ပြိုင် နိုင်ရန် ဖိတ်ခေါ်ထားပြီး အောင် ဆန်းစုကြည် ၏ မွေးနေ့ဖြစ်သော ဇွန်လ၊ ၁၉ ရက်တွင် အထက်ပါဆု များကိုရွေးချယ် ပေးအပ်သွားမည် ဟု ၎င်းက ပြောသည်။

““မင်းကိုနိုင်နဲ့ အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံမှာ ထင်ရှား တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဖြစ်လို့ ကျွန်တော်တို့ ရုပ်ရှင်ပွဲတော် မှာ ပေးအပ်မည့် ဆုတွေကို ဒီလို နာမည်တွေ ပေးခဲ့တာပါ”” ဟု ၎င်းက ဆက်ပြောသည်။

၎င်းရုပ်ရှင်ပွဲတော်တွင် နိုင်ငံ တကာမှ ပါဝင်ယှဉ်ပြိုင်သူများနှင့် ပြည်တွင်း ယှဉ်ပြိုင်သူများဟူ၍ ကဏ္ဍနှစ်ရပ် ခွဲထားကာ သီးသန့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲ ကျင်း ပမည့် ကာလမှာ ဇွန်လ ၁၅ ရက် နေ့မှ ၁၉ ရက်နေ့ အထိဖြစ်ကြောင်း သိရသည်။

ဒီကပါ။

မန်းတွင် ၃တန်နှင့်အထက်မ၀င်ရလမ်းများ သတ်မှတ်

မန္တလေးမြို့တွင် ၃တန်နှင့်အထက်မ၀င်ရလမ်းများကို မန်းမြို့တော်စည် ပင်သာယာရေး မှ ယနေ့ထုတ်ပြန်ကြေညာလိုက် သည်။ မြောက်ဘက် တွင် (၈၆) လမ်း နှင့် (၁၂) လမ်းဆုံမှ အရှေ့ဘက်သို့ (၁၂)လမ်း အတိုင်း (၁၂) လမ်းမှ (၆၂) လမ်းဆုံအထိ၊အရှေ့ဘက်တွင် (၁၂) လမ်းနှင့် (၆၂)လမ်းဆုံမှ (၆၂)လမ်းအတိုင်း ပြင်ဦးလွင်မီးရထား သံလမ်းအထိ၊တောင်ဘက်တွင် (၆၂)လမ်း သိပ္ပံလမ်းဆုံမှ သိပ္ပံလမ်း အတိုင်း ရန်ကုန်-မန္တလေး ကားလမ်းဆုံအထိ၊ တောင်ဘက်သို့ (၇၈) လမ်းအတိုင်းအတိုင်း စစ်ကိုင်းလမ်းခွဲအထိ၊ ၎င်းမှ ဦးပွားခုံးကျော် တံတားလမ်းအတိုင်း စစ်ကိုင်း-မန္တလေးကားလမ်းအထိ၊အနောက်ဘက် စစ်ကိုင်း-မန္တလေးကားလမ်းနှင့် ဘိုအိမ် လမ်းဆုံမှ မြောက်ဘက်သို့ (၈၄)လမ်းအတိုင်း (၃၅)လမ်းအထိ၊ (၃၅)လမ်း(၈၄)လမ်းဆုံမှ (၃၅)လမ်းတစ်လျှောက် ကမ်းနားလမ်းအထိ၊ ကမ်းနားလမ်းတစ်လျှောက်မှ (၂၂) လမ်းအထိ၊ (၂၂) လမ်းတစ်လျှောက်မှ (၈၆)လမ်း (၂၂)လမ်းဆုံအထိ၊ (၈၆)လမ်း နှင့် (၂၂) လမ်းဆုံမှ (၈၆) လမ်းတစ်လျှောက် (၁၂)လမ်းအထိဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

တဖြည်းဖြည်း ရေပန်းစားလာသော အွန်လိုင်း ဆက်သွယ်ရေး ဝက်ဘ်ဆိုက်များ သတိထား အသုံးပြုရန်လို

တရုတ် နိုင်ငံတွင် ရှေးယခင်က အရွယ်ရောက်သူ အမျိုးသား၊ အမျိုး သမီးများသည် ၎င်းတို့၏ ကြင်ဖော်ကြင်ဖက်များကို ရှာဖွေကြရာတွင် ကိုယ်စွမ်း ကိုယ်စနှင့် သာမက အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသည်ကို စာဖတ် ပရိသတ်များ သိရှိကြပြီး ဖြစ်ပေလိမ့်မည်။ ယခုခေတ် ကာလများတွင် ခေတ်နှင့် အညီ နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်သောကြောင့် လူအောင်သွယ်တော်များ မလို အပ်တော့ဘဲ အင်တာနက်မှ တစ်ဆင့် ကြင်ဖက်များ ရှာဖွေလာကြ သည်ကိုလေ့လာတွေ့ရှိ ရသည်။

ထိုကဲ့သို့ အင်တာနက်မှ တစ်ဆင့် အိမ်ထောင်ဖက် ရှာဖွေခြင်းသည်ကောင်းကျိုးခံစား ရမည့် အိမ်ထောင် ဖက် အစစ်အမှန်ကို တွေ့ရှိနိုင်သလို ဆိုးကျိုးကို ဖြစ်ပေါ် စေမည့် အတုအယောင် အိမ်ထောင်ဖက် များကို လည်းတွေ့ရှိနိုင်ပါသည်။

ထိုနည်းလမ်းဖြင့် အိမ်ထောင်ဖက် ရှာဖွေခြင်းကို ကမ္ဘာပေါ်ရှိ နိုင်ငံများ အနက် တရုတ်နိုင်ငံ၌ ပို၍ အသုံးပြုလာ ကြသည်ကို လေ့လာချက်များ အရ တွေ့ရှိရ သည်။ တရုတ်နိုင်ငံမှ Jiayuan.com Ltd သည် Net Ease Huatian ဟု အမည် ပေးထားသော အောင်သွယ်ရေး ဝက်ဘ်ဆိုက်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာမှ စတင်၍ အင်တာနက်ပေါ် တင်ခဲ့ရာ ယခု အချိန်တွင် တရုတ်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများဖြစ်သော ပေကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး၊ ကွမ်ကျိုးနှင့် ရှန်ကျန်းမြို့ များထိပါ တဖြည်းဖြည်း စမ်းသပ်အသုံးပြုလာကြပြီဖြစ်သည်။ ၎င်း ဝက်ဘ်ဆိုက်ကိုအသက် ၂ဝ မှ ၃၅ နှစ်အရွယ်ရှိ အမျိုးသား၊ အမျိုးသမီးများအတွက် ရည်ရွယ်၍ တင်ထားခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက် အသုံးပြုကြသည့် user များအနေဖြင့် မိမိတို့၏မှတ်ပုံတင်နံပါတ် သို့မဟုတ် ဖုန်းနံပါတ်များကို ၎င်းဝက်ဘ်ဆိုက်၌ အမည်စာရင်း ပေးသွင်းရသည်။

တရုတ်နိုင်ငံတွင် အောင်သွယ်ရေးဝက်ဘ်ဆိုက် အသုံးပြုသူပို၍များလာပြီး စံထားရလောက်သည့် အိမ်ထောင်ဖက်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ရနေကြသည်။ တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် အထက် လက်မထပ်ရ သေးသည့် လူဦးရေ ၂၄၉ သန်းရှိပြီး အမျိုးသားများသည် အမျိုးသမီးများထက် အိမ်ထောင်ဖက်ကို ပို၍ လိုလားတောင့်တကြကြောင်း အမျိုးသားလူဦးရေ နှင့် မိသားစုရေးရာ စီမံကိန်း ကော်မရှင်က တရုတ်လူမျိုးများ အကြား Marriage Valu es နှင့် ပတ်သက်၍ ထုတ်ဝေသော ၂ဝ၁၂-၂ဝ၁၃ ခုနှစ် အစီရင်ခံ စာတွင် ဖော်ပြထားသည်။

Jiayuan.Com Ltd မှ တည်ထောင်ထားသော Net Ease Huatian အောင် သွယ်ရေး ဝက်ဘ်ဆိုက်သည် ၎င်း ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်တင်သွင်း ကြသည့် အမျိုးသား၊ အမျိုးသမီးများသည် အိမ်ထောင် ဖက် ကောင်းများရရှိ စေရန်အတွက် ကောင်းမွန်သောအလုပ်အကိုင် ကောင်းနှင့် ပစ္စည်းဥစ္စာရှိရုံသာမက လိုက်ဖက်သော လူနေမှုပုံစံနှင့် ပြီးပြည့်စုံ၍ အဆင့်အတန်းရှိသော လူမျိုးများကိုသာခွင့်ပြုခဲ့သည်။ ထို့ကြောင့် အမျိုးသား၊ အမျိုးသမီး အချို့ သည် အိမ်ထောင် ဖက်ကောင်းများ ကို တွေ့ရှိ ခဲ့ကြပြီး ကောင်းကျိုးများကို ခံစား ခဲ့ကြသလို ဆိုးကျိုးအနေ ဖြင့် အမျိုးသမီးများဘက်မှ အလိုမတူဘဲ ကာမလိမ်လည်ယူသူများနှင့် တွေ့ဆုံနိုင်သည့်အပြင် ငွေကြေးလိမ်လည်မှုများနှင့် အဓမ္မပြုကျင့်မှု များသည် နိုင်ငံအနှံ့ တွင် ဖြစ်ပေါ်နေသည်ကို လေ့ လာတွေ့ရှိ ရသည်။

ထို့ကြောင့် အင်တာနက် အသုံးပြုသည့် လူငယ်များ အနေဖြင့် အကောင်း အဆိုးကို ချင့်ချိန် စဉ်းစား၍ မိမိဘဝ အတွက် အကျိုးရှိမည့် အရာများကိုသာရွေးချယ်လုပ်ဆောင် သင့်ကြောင်း သတိပေးလိုက် ရပါသည်။

တီအက်စ်လှိုင်
မြဝတီနေ့စဉ် - သိပ္ပံနှင့်လူမှုရေးကဏ္ဍ
Royal Hero Media

မြေပုံမြို့မှ ဘင်္ဂါလီများလူမျိုးအမည်အမျိုးမျိုးခံယူမှုများ ရှိနေသည်ဟုဆို


မြေပုံမြို့ရှိဘင်္ဂါလီများအား ၁၉၈၂-ဥပဒေအရ စစ်ဆေးမှု များပြု လုပ် လျှက်ရှိရာလူမျိုးနေရာတွင်အမည်အမျိုးမျိုးခံ ယူလျက် ရှိနေ ကြောင်း သိရသည်။

ဘင်္ဂါလီများအားဇန်၀၀ါရီ(၅)ရက်နေ့မှ တင်ကာစစ်ဆေး နေခြင်းဖြစ်ပြီး (၁)နိုင်ငံခြားသား(၂)ဧည့်နိုင် သား(၃)နိုင်ငံသားပြုခွင့် ရသူ(၄)နိုင်ငံ သားဟူသောပုံစံ(၄)မျိုးဖြင့်စစ်ဆေးလျှက်ရှိသည်။

စစ်ဆေးရေးအဖွဲ့တွင် သက်ဆိုင်ရာလ.၀.က များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရခိုင်ရပ်မိရပ်ဖ များ ပါဝင်သော အဖွဲ့(၆)ဖွဲ့ ခွဲကာ စစ်ဆေးလျှက်ရှိသည်။

ဇန်န၀ါရီ(၄-၆-၇)စစ်ဆေးများအရ ဘင်္ဂါလီများအနေနှင့် လူမျိုးနေရာတွင်ငွေကြေးရှိသူနှင့် ၀န်ထမ်းများ ကကမန်၊ အချို့က ရိုဟင်ဂျာ၊ အချို့က ဘင်္ဂါလီ၊ အချို့ကအမည်မဲ့အဖြစ် စာရင်းပေး သွင်းနေကြကြောင်း ၊ မွေးဖွာရာဒေသနှင့် ဘိုးဘွားစဉ်ဆက် စာရင်းကိုပေးရာတွင်လည်း မြေပုံမြို့နယ် အတွင်း ၁၉၄၂- ခုနှစ် နောက်ပိုင်းက ရှိခဲ့သောကျေးရွာအချို့၏ အမည်များကိုပေးသွင်းနေကြောင်း၊ အချို့ ပေါက်တော ၊ဘူးသီးတောင်၊ မောင်းတောဒေသများမှအခြေချလာသူများပင်မြေပုံနယ်ပေါက်ဖွား အဖြစ် စာရင်း ပေးသွင်းနေကြောင်း၊ စစ်ဆေးမှုလုပ်ငန်းမှာလည်း စာရင်းအသစ် ကောက်ယူနေခြင်းနှင့် သာ တူနေကြောင်ဖြင့် စစ်ဆေးရေးအဖွဲ့ တွင်ပါဝင်သော ဒေသခံရပ်မိ၊ရပ်ဖများ၏ပြောကြားချက်အရ သိရှိ ရသည်။

မူလဘင်္ဂါလီကနေ ကမန်(သို့မဟုတ်) ရိုဟင်ဂျာ ဟု၎င်း၊ မြေပုံမြို့နယ်ပေါက်ဖွားဟု၎င်းစာရင်းဖြစ်ပေါ်ရန် ကြိုးကိုင် စည်ရုံးသူမှာ ဘင်္ဂါလီ ရွှေလှဖြစ်ကြောင်းသိရသည်။

ဘင်္ဂါလီရွှေလှမှာ မင်းပြားမြို့နယ် ခြိတ်တောင်ဇာတဖြစ်ပြီး ပညာရေးဌာနတွင်အမှုထမ်းခဲ့သူဖြစ်သည်။

ဘင်္ဂါလီရွှေလှသည်(၁၉၄၀)ခုဖွားဖြစ်သော်လည်း(၂၀၀၀)ပြည့်နှစ်တွင် အငြိမ်းစား မယူပဲ (၁၉၄၀) ခုကို (၁၉၄၃) ဟု လိမ်လည် ပြင်ဆင်ကာ(၂၀၀၁)ခနှစ် သြဂုတ်လအထိနိုင်ငံတော်လစာငွေကိုလိမ်လည် ထုက်စားခဲ့သူဖြစ်သည်

။အောက်ဖေါ်ပြပါ ဘင်္ဂါလီရွှေလှ၏ (၁၉၈၀)ခုနှစ် ကိုယ်တိုင်ရေး ကိုယ်ရေးမှတ်တမ်းအရ ဘင်္ဂါလီတစ်ဦး၊ နိုင်ငံခြားသားတစ်ဦးဖြစ်သော်လည်း ယခု စစ်ဆေးမှုတွင်ကမန်တိုင်းရင်းသားအဖြစ်အမည် စာရင်းပေး ထားပြီး နိုင်ငံသားကပ်လည်းရထားကြောင်းသိရရသည်။

အခြားဝန်ထမ်းကုလား အချို့မှာ မူလက ဘင်္ဂါလီဖြစ်သော်လည်း ယခုကမန်အဖြစ်ပြောင်း လဲကာ နိုင်ငံ သားကပ်ရရှိထားသူများဖြစ်ကြောင်းစစ်ဆေးရေးအဖွဲ့တွင်ပါဝင်သူတစ်ဦးမှ ပြောကြားသည်

။မြေပုံမြို့ရှိဘင်္ဂါလီများထဲတွင် အနယ်နယ် အရပ်ရပ်က တရားမ၀င် ပြောင်းရွှေ့လာသူတို့လည်း အများ အပြားရှိနေ ကြောင်းအချို့ဘင်္ဂါလီများကိုယ်တိုင် စာရင်းပေးချက် အရ သိရှိရပါသည်။

လက်ရှိအနေအထားသည် ဘင်္ဂလီများအား စစ်ဆေးနေခြင်းသာဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်မဖြစ် ခွင့် ကို နိုင်ငံ တော်အဆင့်မှ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ဖြစ်ချင်တိုင်းဖြစ်ခွင့်မရနိုင်ကြောင်းနှင့် အစိုးရ၏လုပ်ရပ် အား ဘင်္ဂလီများက နှောက်ယှက်နေခြင်းသာဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့နှောက်ယှက်ရန်အတွက် လည်း တစ်ချို့သောဘင်္ဂလီအဖွဲ့အစည်းများက တွန်းအားပေးနေကြောင်း လည်း ပေါက်တောမြို့နယ် ရှိ ကြယ်နီပြင်ကျေးရွာမှာ အဒူလာဇိတ်က ပြောပါသည်။

Rakhine Straight Views

KIA မှပန်ဖကျေးရွာနေအပြစ်မဲ့ ပြည်သူ၇ ဦးအားရက်ရက်စက်စက်ပစ်သတ်

ကချင် ပြည်နယ် မိုးညှင်းမြို့နယ် ရှိပန်ဖ ကျေးရွာ အုပ်စုကို ယနေ့ နံနက်ပိုင်းတွင် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ကြောင်း သတင်း ရရှိ သည်။ KIA ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၇ ဦးသေဆုံး ခဲ့ကြောင်း မိုးညှင်းမြို့နယ် ဒေသခံ တဦးက ပြောသည်။ “မနက် စောစော ပစ်သံ ခတ်သံတွေ ကြားရတော့ ဆွမ်းပို့တဲ့သူ၊ ဈေး သွား ရမယ့် သူတွေ တောင် လန့်ပြီး မသွားကြတော့ဘူး။ ရွာထဲတင် ဆိုတော့ ကြောက်ကြတာပေါ့” ဟု နမ့်မွန်း ကျေးရွာ သားတဦးဖြစ် သူ ဒေါ်ဘောက်ဂျာ က ဆိုသည်။ ၀င်ရောက် ပစ်ခတ်သည့် KIA အင်အားမှာ ၃၀ ခန့်ရှိနိုင်ပြီး ပန်ဖကျေး ရွာတွင် ရဲစခန်းနှင့် စစ်တပ် မရှိသည့် အတွက် ထိုသို့ အကြမ်းဖက်ဝင်ရောက် ပစ်ခတ်ခံခဲ့ရ ကြောင်း ၎င်းက ပြောသည်။ ပစ်ခတ်မှုမှာ မနက် ၄ နာရီကျော်ခန့်မှ ၅ နာရီခန့်ထိ ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် မိုးညှင်းမြို့နယ် တပ် ရင်း ၁၅ မှ ကျေးရွာ လုံခြုံရေး အတွက် ရောက်ရှိလာကြောင်း သိရသည်။

“ကျနော်တို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ စုံစမ်း စစ်ဆေး တင်ပြတာပဲ လုပ်နိုင်တယ်။ ရဲစခန်းက တင်လာတဲ့ သတင်းလောက်ပဲ ကျနော်တို့ ရပါတယ်” ဟု မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူ တဦး က ပြောသည်။

ပန်ဖကျေးရွာ အုပ်စုသည် အိမ်ခြေ ၂၀၀၀ နီးပါး ရှိကာ ရှမ်း၊ ဗမာနှင့် ကချင်လူမျိုးများ ရောနှော နေ ထိုင်ကြကြောင်း၊ ၎င်းသည် မိုးညှင်းမြို့နှင့် ၁၈ မိုင် အကွာတွင် တည်ရှိကြောင်း၊ အနီးဆုံး အစိုးရ တပ်စခန်း သည် ၁၁ မိုင် အကွာ ရှိ လုံးတုံ တပ်စခန်း ဖြစ်ကြောင်း သိရသည်။

“တခါမှလည်း မကြုံဘူးတော့ အားလုံး လန့်သွားတာပေါ့။ ပစ်သံ ခတ်သံဆိုတာ ကျနော်တို့ ငယ်ငယ် တုန်းကပဲ ကြားဖူးခဲ့တာ။ မကြုံဘူးတာ ကြာတော့ လန့်နေကြတယ်။ ရွာက ကျောင်းတွေလည်း နေ့လည် ၂ နာရီလောက်မှာ အားလုံး ဆင်းပေး လိုက်တယ်။ ကျနော်တို့ ကတော့ သေသွားတဲ့ ပြည်သူတွေအတွက် နာရေးထောက်ပံ့ဖို့ စီစဉ်နေပါတယ်” ဟု ပါရမီ နမ့်မွန်း လူမှု ကူညီရေး အသင်းမှ ပြောသည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့က နမ့်မွန်းကျေးရွာသား ၃ ဦးကို KIA က ခေါ်ဆောင်သွားပြီး ယခု အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း၊

၎င်း ရွာသား ၃ ဦးကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ရပ်မိရပ်ဖများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့က KIA ကို တောင်းဆိုထားသော်လည်း တစုံတရာ ကြောင်းပြန်ခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရနှင့် KIA အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်တိုင်းရင်းသားများ သာမက ကချင်ပြည် နယ်တွင် နေထိုင်သည့် ရှမ်း တိုင်းရင်းသားများနှင့် တခြားတိုင်းရင်းသား ပြည်သူများပါ အတိ ဒုက္ခရောက်နေစေကြောင်း၊ KIA တပ်ဖွဲ့ဝင်များသည် မီးရထားလမ်းများ၊ လမ်းတံတားများကို ဗုံးဖောက် ခွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ စစ်သားအဖြစ် အဓမ္မ လူစုဆောင်းခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကျူးလွန်နေကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ရပ်ရန်နှင့် ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ဆွေးနွေး အဖြေရှာ ပေးရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၁၂ ခု၊ ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် တနှစ်ကျော် အတွင်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် KIA တွေ့ဆုံမှု ၁၁ ကြိမ်ထိ ရှိခဲ့သော်လည်း သဘောတူညီချက် မရရှိဘဲ ၁၂ ကြိမ်မြောက် တွေ့ဆုံရန် ညှိနှိုင်းနေစဉ် ၂၀၁၂ ဒီဇင်ဘာနှင့် ၂၀၁၃ ဇန်န၀ါရီလ အတွင်း မြန်မာ အစိုးရ တပ်မတော်က လေကြောင်းပစ်ကူ၍ KIA တို့၏ တောင်ကုန်း အမှတ် ၇၇၁ ကို သိမ်းပိုက်ခဲ့သည်။

http://www.myanmartharkaung.net/2013/01/kia_9.html

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ် ဖွဲ့စည်း

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး   ကော်မတီ တစ်ရပ်အား နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်း လိုက်ကြောင်း   ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွင် ယနေ့ ဖော်ပြ ထားသည်။ ယင်းကော်မတီတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတ ရုံးဝန်ကြီးဌာန ၁၊၂၊၃ နှင့် ၅ တို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ဦးစိုးမောင်၊ ဦးစိုးသိန်း နှင့် ဦးတင်နိုင်သိန်း၊ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းကျော်တို့ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရာများကင်းရှင်းရေးနှင့် လဘ်ပေး လဘ်ယူ မှုများပပျောက်ရေးတို့အတွက် ယင်းကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည် ဟု ကြေငြာချက် တွင် ဖော်ပြ ထားသည်။

7Day News Journal

ကေအိုင်အေ ( KIA ) အဖွဲ့မှ မုံးကိုး တပ်စခန်းသို့ လက်နက်၊ ခဲယမ်းများ နှင့်အတူ အလင်း ဝင်ရောက် လာသူ များအား နွေးထွေးစွာ ကြိုဆို


အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ကေအိုင်အေ ( KIA ) အဖွဲ့မှ မုံးကိုး တပ်စခန်းသို့ လက်နက်၊ ခဲယမ်းများ နှင့်အတူ အလင်း ဝင်ရောက် လာကြပါသည်။ ထိုသို့ အလင်းဝင် ရောက် လာသူများအား နိုင်ငံတော်၊ တပ် မတော်နှင့် ပြည်သူတို့မှ နွေးထွေး စွာ ကြိုဆိုလျက် ရှိပါသည်။ ထို့အပြင် အလင်းဝင်ရောက်လာသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ကျန်းမာရေးအတွက် တပ်မတော် ဆေးတပ်ဖွဲ့ မှ စောင့်ရှောက်မှု များ ပေးလျှက် ရှိကြောင်း သတင်း ရရှိပါသည်။

မြ၀တီ