Monday, January 7, 2013

အာဏာရှင်ဖြစ်လိုတဲ့ ဒေါ်စုကြည်


အခုတလော ဒေါ်စုရဲ့ အာဏာလိုချင်တယ်၊ ၂၀၁၅ မှာ သမ္မတလုပ်ချင်တယ်ဆိုတဲ့ စကားတွေကို မကြာ မကြာကြားနေရပါတယ်။ ဒါကလည်း လူ့သဘောသဘာဝမို့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ဒေါ်စုကြည် အမေ ဒ်ါခင်ကြည်နေမကောင်းလို့ မြန်မာနိုင်ငံကိုပြန်လာတဲ့အချိန်တုန်းကပြောခဲ့တဲ့ စကားလေးတွေ ကိုတော့ ပြန်ပြီး ကြားယောင်မိပါသေးတယ်…ဒေါ်စုကြည်ဟာ ၈၈ အရေးအခင်းကာလကြီးမှာ စင်ပေါ်တက်လာသူဖြစ်ပြီး အစိုးရလုပ်ရပ်မှန်သမျှ ဆန့်ကျင် ခဲ့သူဖြစ်ပါတယ်။ ``ကျမက အာဏာလိုချင်လို့ မဟုတ်ပါဘူး၊ ကျမနိုင်ငံ တိုးတက်ရေးအတွက်ပဲ လုပ်မှာပါလို့ တွင်တွင်ကြီး ပြောပြီး လူထုထောက်ခံမှုကို ရယူခဲ့တာဖြစ်ပါတယ်။သူမပထမဆုံး စပြီး ထောင် ခဲ့တဲ့ ပါတီက အောင်စုတင် ပါတီ ဖြစ်ပါ တယ်။ အဲဒီပါတီထောင်ပြီး လပိုင်းအတွင်းမှာပဲ ကွဲကြပြဲကြ နဲ့ဖြစ် ပြီး နောက် ဆုံး မှာ မဆလပါတီက အာဏာ ရှင်ဟောင်းတွေ ဖြစ်တဲ့ သူရ ဦးတင် ဦး၊ ဦးအောင်ရွှေ၊ ဦးလွင်တို့ရဲ့ ပါဝင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုပြီး ပြောင်းလဲ တည်ထောင် လာခဲ့တာပါ။

ဒီ/ချုပ်ပါတီဟာ ခံစားချက် တူညီသူတွေ ပေါင်းစည်းထားတဲ့ ပါတီမို့လို့ ၂၀၁၁ ခုနှစ် မတိုင်မီအထိ အလွန်ပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်းမှာ ပါတီတွင်းအာဏာ လုပွဲတွေ၊ နေရာလုပွဲတွေ၊ ငွေကြေး အရှုပ်အရှင်းတွေဖြစ်လာတာမို့ ပါတီရဲ့စည်းလုံး ညီညွတ်မှုဟာ အချိန်မရွေး ကျကွဲသွားနိုင်တဲ့ ဖန်ခွက်တစ်လုံးလို ဖြစ်လာပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီတွင်းနေရာပေးရွေးချယ်မှုမှာ ဒီမိုကရေစီစနစ်မပီပြင်တဲ့ ကိုယ်စား လှယ်အဖြစ် တင်သွင်းခြင်းမခံလိုက်ရတဲ့ သက်တမ်းရင့် ပါတီဝင်တွေအဖို့ နာကျည်းဖွယ်ရာ ဖြစ်လာခဲ့ပါ တယ်။

ဇေယျာသော်တို့လို လူမသိသူမသိ ဟစ်ဟော့ဂီတသမားတွေ၊ စန္ဒာမင်းလို လူမှုရေး အရှုပ်အရှင်း ရှိသူတွေ နေရာ ရလာတဲ့အခါမှာ ရိုးသားကြိုးစားပြီး ပါတီအရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေ တဲ့ သူတွေအဖို့ ရင်တွင်းမှာ အကြိတ်အခဲတစ်ခုအဖြစ် တည်ရှိလာခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် ပါတီတွင်းဆန္ဒပြ မှုတွေ၊ အစုအဖွဲ့လိုက် နှုတ်ထွက်မှုတွေ၊ တစ်ဦးအပေါ်တစ်ဦး တိုင်ကြားမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့ပါတယ်။ ပြောရမယ် ဆိုရင် ပါတီအနေနဲ့ ရာနှုန်းပြည့် အနိုင်မရသေးတဲ့အခြေအနေမှာတောင် ခုလိုမျိုး အကွဲအပြဲတွေပြင်းထန် နေရင်...လာမယ့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာများ အနိုင်ရခဲ့ရင် အခြေအနေဟာ ဒီထက် ဆိုးဖို့ပဲ ရှိပါတယ်။

ဒါ့အပြင် အခုလက်ရှိအနေအထားမှာ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင် ချက်တွေပေါ်ကြည့်ပြီး NLD ပါတီရဲ့ အနာဂတ်အဆိုးအကောင်းပေါ်ထွန်းလာမှာလို့လဲ ပြောကြပါတယ်။ လက်ရှိ အနေအထားအထိတော့ ဒေါ်စုကြည်ရဲ့လုပ်ဆောင်ချက်တွေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားထက် ဦးသိန်းစိန် အစိုးရအကြိုက် လုပ်ဆောင်မှုတွေ များနေတယ်လို့လဲ ဆိုကြပါတယ်။

ရခိုင်အရေး ပြည်နယ်အရေးကိစ္စလို၊ လက်ပံတောင်း သပိတ်ဖြိုခွဲတဲ့ကိစ္စလို၊ ဒါ့အပြင် ကချင်ပြည်နယ်မှာ စစ်တပ်တွေက ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ ထိထိမိမိ ပြောဆိုတာ၊ ကန့်ကွက်တာမျိုးတွေ မရှိသေးပါဘူး။ အရင်တုန်းက အာဏာမမက်မောပါဘူးဆိုတဲ့ စကားတွေ အထပ်ထပ်အခါခါပြောဆိုခဲ့ပေမယ့် ဒီကနေ့တော့ ဒေါ်စုကိုယ်တိုင်က ၂၀၁၅ ခုနှစ်မှာ သမ္မတလုပ်ချင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုလာပါပြီ။ ဒါဟာ ဒေါ်စုကြည်လဲ လူထဲကလူတစ်ယောက်မို့ အာဏာရူးတာ၊ အာဏာလိုချင်တာ မဆန်းဘူးလို့ ဆိုနိုင်ပေမယ့် ``ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိ`` ဆိုသလို ဖြစ်သွားမှာကိုတော့ ၀ါရင့်နိုင်ငံရေး အသိုင်းအ၀ိုင်းက ပူပန် နေကြပါတယ်။

အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူရဲ့ယုံကြည် ကိုးစားမှုနဲ့ အခုလက်ရှိအနေ အထားကို နှိုင်းယှဉ်ကြည့်ရင်တောင်မှ သိသိသာသာ ထောက်ခံမှုလျော့နည်းလာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ဒေါ်စုကြည်အနေနဲ့ ၂၀၁၅ မှာသမ္မတလုပ်မယ်လို့ ကြေညာခဲ့တာမှန်ပေမယ့် လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောရမယ်ဆိုရင်တော့ သမ္မတဖြစ်ဖို့ဆိုရင် အခြေခံဥပဒေကိုပြင်ဆင်မှ ရပါလိမ့်မယ်။ အခြေခံဥပဒေ မှာ ပြဌာန်းထားတဲ့အတိုင်းဆိုရင်တော့ သားသမီးအရင်းအခြာတွေဟာ ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသူ မဖြစ်ရဘူး ဆိုတဲ့ အချက်ပါရှိပါတယ်။ ဒီအချက်ကြောင့်ပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ဒုတိယသမ္မ တဖြစ်မလာခဲ့တာပါပဲ။ ဒါကြောင့်မို့ ဒေါ်စုကြည်သမ္မတဖြစ်ဖို့ဆိုရင် အခြေခံဥပဒေကို မပြင်ဆင်ဘဲ မဖြစ်လာနိုင်ပါ ဘူး။

နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ ဗေဒင်ဆရာစံဇာဏီဘိုက ယုံတမ်းစကားလိုလို ပုံပြင်လိုလိုနဲ့ ၂၀၁၄ မှာ ဒေါ်စုကြည် အာဏာ ရလာဖို့ သမ္မတဖြစ်လာဖို့ရှိတယ်လို့ ဟောကိန်းထုတ်ထားတာကို တွေ့ လိုက်ရ ပါတယ်။ ဒါတွေဟာ သွေးထိုး လှုံ့ဆော်မှု တစ်ခုလို့ပဲ ထင်မြင်နေမိပါတယ်။ လက်ရှိ အစိုးရနဲ့ ဒေါ်စုကြည်ကို ရန်တိုက်ပေးချင်တာလား. ဒါမှမဟုတ် စံဇာဏီဘိုနဲ့ ဒေါ်စုကြည်တို့ နှစ်ပေါက် တစ်ပေါက်ရိုက်ပြီး လူထုသိအောင် ပြောတားလားဆိုတာကတော့ အနာဂတ် က ဆုံးဖြတ်အဖြေပေး ပါလိမ့်မယ်။

ပြည်သူတွေရဲ့ ယုံကြည်ကိုးစားထောက်ခံမှု လျော့မသွားဖို့ ၂၀၁၅ မှာ သမ္မတလုပ်မယ်ဆိုရင် ပြည်သူတွေ အကြိုက်၊ ပြည်သူတွေအတွက် ပြောစရာလုပ်စရာတွေကိုတော့ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်ဖို့ လိုပါလိမ့် မယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေမှာ တိုင်းရင်းသားရခိုင်တွေဘက်က ထင်ထင်ရှား ရှား ရပ်တည်ပြောနိုင်ဖို့ လိုအပ်နေသလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာဖြစ်ပျက်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်လို့လဲ ရဲရဲဝံ့ဝံ့ရပ်တည်ပြောဆိုရပါမယ်။ ဒါမှလဲ ပြည်သူတွေက တကယ့်ကို လေးစားထိုက် တဲ့ ခေါင်းဆောင်အဖြစ် အားကိုးကြမှာဖြစ်ပါတယ်။

၂၀၁၅ မှာ သမ္မတဖြစ်ရေး ရည်မှန်းချက်နဲ့ ဘာတစ်ခုမှ အားကိုးစရာ မရှိတဲ့လုပ်ရပ်တွေ လျှောက်လုပ်မနေ သင့်ပါဘူး။ ဒီလအတွင်း ပြီးခဲ့တဲ့ ဒေါ်စုကြည်ရဲ့ မြိတ်ခရီးစဉ်မှာ ဒေါ်စုရဲ့ အနီးကပ်ကိုယ်ရံတော် NLD အဖွဲ့ရဲ့ ရိုင်းစိုင်းမှုတွေကြောင့် နယ်ခံ NLD တွေနဲ့ အဆင်မပြေဖြစ်ခဲ့တာတွေ၊ ရပ်ကြေးညီလာခံတွေမှာလည်း NLD ပါတီဝင်တွေ တစ်ယောက်နှင့်တစ်ယောက် ထထိုးနေကြတဲ့ မြင်ကွင်းတွေဟာ အာဏာရှင်ဖြစ်လိုတဲ့ ဒေါ်စု အတွက် ရင်လေးစရာတွေပါပဲ။

အဓိကအကျဆုံးအချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း စည်းလုံးညီညွတ်ရေးကို ခိုင်မာအောင်တည်ဆောက်ဖို့လိုပါလိမ့်မယ်။ ပါတီတွင်းမှာ ဒီမိုကရေစီနည်းလမ်းကျကျ ပြတ်ပြတ်သားသား လုပ် ဆောင်ဖို့လိုပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ လှေကွဲကြီးကို စီးပြီး ခရီးသွား နေရသလိုဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် ဒေါ်စုကြည်ဖြစ်ချင်တဲ့ ၂၀၁၅ မှာ နိုင်ငံတော်အာဏာ လိုချင်တယ် ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်မှာမဟုတ်ဘူးလို့ ပြောပြချင်ပါတယ်။

စင်္ကာပူဖီး

အင်တာနက်ပေါ်တွင် Facebook အသုံးပြု၍ နိုင်ငံတော် အစိုးရနှင့် စစ်တပ်တို့အား စော်ကား ပြောဆိုသော ဒေါ်စု၏ သတင်း ထုတ်ပြန်ရေး တာဝန်ခံ ဒီမိုဖက်တီး (ခ) မေဇင်အေး (ခ) ခွန်ဒီးယမ် အကြောင်း ထပ်မံဖော်ထုတ်ခြင်း


အထက်ပါ ဓါတ်ပုံသည် ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာတွင် "ခွန်ဒီးယမ်" အမည်ဖြင့် နိုင်ငံတော်အစိုးရ အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တစ်ကွ စစ်သည်များအားလုံးကို စော်ကား မော် ကားများ ပြုလုပ်လျက် ရှိသော မေဇင်အေး အမည်ရှိ ဖက်တီးမ၏ ဓါတ်ပုံ ဖြစ်သည်။ မေဇင်အေးသည် "ဒီမိုဖက်တီး" အမည်ဖြင့် အွန်လိုင်းတွင် သမ္မတဦးသိန်းစိန်၊ ၀န်ကြီးများ စသည်တို့ကို တောက်လျှောက် ပုတ်ခတ်စော်ကားခဲ့ပြီး ယခုအခါ KIA တိုက်ပွဲများ ပြင်းထန် လာချိန်တွင် စစ်တပ်နှင့် ဒေါ်အောင်ဆန်း စု ကြည်အကြား၊ စစ်တပ်နှင့် ကချင်တိုင်းရင်းသားများ အကြား အမျိုးမျိုးသွေးကွဲစေရန်၊ တင်းမာမှုများ ပိုမို ဆိုးရွားပြင်းထန်လာစေရန် လှုံ့ဆော် နေသူတစ်ဦး ဖြစ်သည်။


မေဇင်အေးသည် ဖက်တီးအမည်ကို လူသိများလာပြီ ဖြစ်၍ ခွန်ဒီးယမ် အကောင့်မှ ပိုမိုလှုပ်ရှားဆောင် ရွက်ရန် ရည်ရွယ်၍ ဖက်တီးအကေင့် အဟက်ခံရသလို ဟန်ဆောင်ဇာတ်လမ်း ခင်း၍ ကလိမ်စေ့ငြမ်း ဆင် ဆောင်ရွက်လာခဲ့သည်။ ယခု ခွန်ဒီးယမ်အကောင့်မှာ Eleven ဂျာနယ်နှင့် ပြဿနာများ တက်ခဲ့ကာ တရားစွဲဆိုမှုများ ဖြစ်ပေါ်ခဲ့စဉ်က Eleven ဂျာနယ်ကို အွန်လိုင်းမှ သွားပုတ်လေလွင့် တိုက်ခိုက်ထိုးနှက်ရန် အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သော အကောင့် ဖြစ်သည်။ ဤအကောင့်မှပင် သတင်းမီဒီယာများကို ဆဲချင် တိုင်းဆဲ တိုက်ခိုက်ချင်တိုင်း တိုက်ခိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မေဇင်အေး၏ W3M အိုင်တီကုမ္ပဏီ သည် လှိုင်နယ်မြေရှိ MICT Park တွင် ရုံးခန်း ဖွင့်လှစ်ထားပြီး လက်ရှိ လေဒီဂျာနယ်အား ထုတ်ဝေနေ သူ ဖြစ်သည်။


မေဇင်အေး၏ မိတ်ဆွေများ၏ ပြောပြချက်အရ ၄င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်လေ့ ရှိကြောင်း၊ သို့ မဟုတ် တယ်လီဖုန်းဖြင့် ဆက်သွယ် လေ့ရှိကြောင်း၊ ဒေါ်အောင် ဆန်း စုကြည်က သူမ၏ အကြံပြုပြောကြားချက်များကို အလေးထား စဉ်းစားဆောင်ရွက်လေ့ရှိကြောင်း၊ ဥပမာ သတင်းမီဒီယာများအား အကုန် မဖိတ်ဘဲ ရွေး၍ ဖိတ်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် သူမကပင် အ ကြံပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့  သူမ အကြံပြု၍ ဒေါ်အောင်ဆန်စုကြည် လိုက်လံဆောင်ရွက်ခဲ့သည်မှာ အခြားအရေးကြီးကိစ္စ များစွာလည်း ရှိခဲ့ကြောင်း မေဇင်အေး ကိုယ်တိုင် နှုတ်မှ ပြောကြားခဲ့သည်ဟု သိရှိ ရသည်။ မေဇင်အေးသည် ဒီမိုဖက်တီး အကောင့်မှာ ၄င်းဖြစ်ကြောင်း လူသိများလာသည့်အတွက် ၄င်းအ တွက် အန္တရာယ်ကင်းစေရန် ယခုအကောင့်ဖြင့်သာ လှုပ်ရှားဆောင်ရွက်ရန် ပြောင်းလဲ လာကြောင်း တွေ့ ရှိရသည်။


မေဇင်အေးသည် ခွန်ဒီးယမ် အကောင့်မှတဆင့် သမ္မတဦးသိန်းစိန်နှင့် မြန်မာအစိုးရ သိက္ခာကျဆင်းစေရန်၊ ယုံကြည်မှု နည်းပါးစေရန် အစဉ်အမြဲ တိုက်ခိုက်ဝေဖန်လေ့ ရှိ သည်။ တစ်ဖန် ကချင်ပြည်နယ်အရေးကိစ္စတွင် KIA ဘက်မှ ၀ါဒဖြန့် ပေးရုံသာမက မြန်မာ့တပ်မတော်ကို တစ်စက်မျှ ရစရာ မရှိအောင် ပုတ်ခတ်စော် ကားခြင်းများ ဆောင်ရွက်ခဲ့သည်။



NLD ပါတီဝင်ကုလားမှ 15 နှစ်မိန်းမပျိုအား NLD ကျုရှင်ဖြစ်သော ပညာဒါန အခန်းထဲတွင် မုဒိန်းကျင့်ခဲ့စဉ်က အထက်ပါအတိုင်း ရေးသားခဲ့သည်

၎င်း၏ ရင်းနှီးသူ မိတ်ဆွေရင်းများက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ပြောကြားခဲ့ခြင်းများ ရှိသော်လ ည်း လို က်နာခြင်း မရှိသည့်အပြင် မည်သူ့  ပြောကြားချက်ကိုမျှ ဂရု မိုက်သည့် အနေအထားမျိုးေ ဆာင် ရွက်နေကြောင်း သိရှိရသည်။ အွန်လိုင်းမှ အများစုကလည်း မေဇင်အေးသည် ဒေါ်အောင်ဆန်းစုကြည်ကို အတော်ကလေး ပိုင်ပုံရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ခွန်ဒီးယမ်အကောင့်မှ မေဇင်အေး ယေ န့  တစ်ခုခု ပြောလိုက်သည်နှင့် နောက်နေ့ တွင် လိုက်လုပ်တတ်သည်ကို တွေ့ရှိရ ကြောင်း၊ ထို့ ကြောင့်ေ မဇင်အေးသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှန်တစ်ကယ် သြဇာ ညောင်းလျှင် ညောင်းမည်၊ သို့ မ ဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည် လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများကို ကြိုတင် သိရှိထားဖွယ်ရာ ရှိေ ကြာင်း ခန့် မှန်သုံးသပ်မှုများလည်း ရှိနေသည်။

တစ်ချို့ ကလည်း ဇေင်အေးသည် ခွန်ဒီးယမ်အကောင့်မှ ဖော်ပြနေသည်များမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆလျက် ရှိကြသည်။ ဒေါ်အောင်ဆ န်းစု ကြည်က ဖက်ဖက်ရေ၊ ဒီသတင်းလေး ဖြန့်လိုက်ပါဦး ဟု ခိုင်းစေတတ်ပြီး မေဇင်အေးက တည်ဆောက် ထားသည့် အွန်လိုင်းကွန်ရက်မှတ်ဆင့် သတင်း ဖြန့် ပေးရကြောင်းလည်း NLD ပါတီနှင့် နီးစပ်သူများ၊ အ ထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်း ၀င်ထွက်သွားလာနေကြသူများ အသိုင်းအ၀ိုင်း က ပြောကြားခဲ့ဘူးသည်။


ခွန်ဒီးယမ် အကောင့်မှ ရေးသားဖော်ပြနေမှုများသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများ၊ ရပ်တ ည် ချက်များ ဟုတ်-မဟုတ် တိကျခိုင်မာစွာ သိရှိနိုင်ရန် အရေးကြီးလာပြီ ဖြစ်သည်။ အကြောင်းရင်းမှာ ခွန် ဒီးယမ်အကောင့်မှ မေဇင်အေး ရေးသားဖော်ပြနေသည်များမှာ ပြည်တွင်ငြိမ်းချမ်ရေး၊ အမျိုးသားရင်ကြားေ စ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စသည်တို့ အကုန်လုံးကို ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာေ စသော အချက်အလက်များ ဖြစ်နေကြောင်း အထင်အရှား တွေ့ရှိရသည်။

ခွန်ဒီးယမ်အကောင့်မှ ရေးသားဖော်ပြနေမှုများသည် NLD ပါတီ၏ သဘောထားများ ရပ်တည်ချက်များ ဖြ စ်ေ နပါက ပြည်သူများအနေဖြင့် အထူးပင် သတိပြု ဆင်ခြင်စရာ ဖြစ်လာမည် ဖြစ်သည်။

ဒီကပါ။

ကြည့်မြင်တိုင်မြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အား ဆန္ဒပြခြင်း နောက်ကွယ်မှ ဖြစ်ရပ်မှန်

နိုင်ငံ အဝှမ်းတွင် ဖြစ်ပွားခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများတွင် ကြည့်မြင်တိုင်မြို.နယ် တွင်မှ ထူးခြား၍၂၃.၁၂.၂၀၁၂ နေ.တွင် လွှတ်တော်ကိုယ်စားလှယ်အား ဆန္ဒပြခြင်းနှင့် ပတ်သက်၍ ဘောဂရပ်ကွက်ပြည်သူ တို.၏ ပြောကြားသံများကို စာရင်းနှင့်တကွ ဖေါ်ပြလိုက်ပါသည်။

၁။ ထိုလွှတ်တော် ကိုယ်စားလှယ်မှာ မတရားလျှင် ပြည်သူ.ဘက်မှ ရပ်တည်လေ့ရှိသောကြောင့် မြို.နယ် အတွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လြူကီးများက အငြိုးထားခြင်း ( အိုးဘိုရပ်ကွက်တွင် ဖြစ်သွားသော ပထွေးက မယားပါသားနှစ်ဦးအား ၄င်းတို.၏ ဖခင်ရင်းချန်ခဲ့သော တိုက်ခန်းအား အနိုင်ကျင်.ကာ ကလေး နှစ်ဦးအား စခန်းတွင်း မတရားချုပ် မှုတွင် အိုးဘိုပြည်သူများ လာရောက်တိုင်တန်း သဖြင့် လွှတ်တော် ကိုယ်စား လှယ် ဦးသန်းစိန်မှာ မ.ယ.က နှင်. မြို.နယ်မှူးတို၏ ငြိုငြင်မှု ကို မမှုဘဲ ပြည်သူဘက်မှ လိုက် ခဲ့ခြင်း သည် အိုးဘိုပြည်သူများသက်သေ ရှိပါသည်။)

၂။ ထိုလွှတ်တော် ကိုယ်စားလှယ်သည် ပြည်ခိုင်ဖြိုး ပါတီမှဆိုသော်လည်း ပါတီ မစွဲ မတရားလျှင် မိမိပါတီဝင် ကိုပင် အားမနာ ပြောဆိုတတ်မှု (တစ်ဖက်ကမ်း ကမ်းပြိုအိမ်များနေရာချထားရေး၊ မီတာ ကိစ္စများ၊ ချေးငွေကိစ္စများတွင် ပါတီဝင်ချင်း အမုန်းခံ မျှတစွာ ပြည်သူဘက်မှ ရပ်တည်ခဲ့သည်ကို ရွာသူရွာ သား များနှင့် ပါတီဝင်များသက်သေ ရှိပါသည်။)

၃။ ယခု ဆန္ဒပြမှုတွင်လည်း ၅၉ ဦးသော ရပ်ကွက်နေ ပြည်သူများမှ တိုင်ကြား၍သာ ဦးသန်းစိန်မှ ဒီမိုကရေစီ နည်းလမ်းကျစွာ တိုင်ကြားသူရှိလျှင် ဆောင်ရွက်ရမည် ဟူသောတာဝန်ကြောင့်သာညှိနှိုင်း စေခြင်း ဖြစ်သည်။ (ခရက ရုံးတွင် မည်သူတိုင်သည် ဆိုသော စာရွက်အား ကြည့်ခွင့်ရ ကြမည် ဆိုလျှင် ရှင်းသွားပါလိမ့်မည်။)

၎။ အရေးကြီး အချက်မှာ ထိုလွှတ်တော်ကိုယ်စားလှယ်သည် သူ၏မြို.နယ်တွင် ကျောင်းဆရာဘဝ ဖြင့် နှစ်ပေါင်း (၂၀) ကျော် အသက်မွေးခဲ့ရာ တစ်နှစ်လျှင် ကျောင်းသားဦးရေ ရာနှင့်ချီမွေး ထုတ်ခဲ့ရာ ထိုကလေး တစ် ဦးစီမှ ဆင့်ပွားသွားသော မိဘ ဆွေမျိုးများ မှာ ခန်.မှန်း၍ ရမည်ပင် မဟုတ်ပါ။ ထို.ကြောင့် သာမဲအနိုင်ရ ခဲ့ခြင်းဖြစ်သည်။ (တက်ရောက်နေသော၊ခဲ့သော ကျောင်းသားများသက်သေ ပင် ဖြစ်ပါ သည်။)

၅။ ထို.အပြင် ဦးသန်စိန် တာဝန်ယူစဉ်ကာလများ အတော အတွင်းမည်သည့် လုပ်ငန်းရှင်ထံကမှ လိုင်းကြေး၊ ဆက်ကြေး မကောက်ဖူးကြောင်း၊ ထို.ကြောင့်လည်း ညှိမရသော၊ ဦးသန်းစိန်အား ဆက်ကြေး ကောက် သူ အာဏာပိုင် အချို.က ငြိုးထားသည်ဟုလည်း သိရပါသည်။ (မြို.နယ်အတွင်း မည်သူတို.သည် ကိုယ့်မြို. နယ်ကို အမြတ်ပြန်ထုတ်သည်၊ မည်သူတို.သည် တစ်နယ်တစ်ကျေးမှ လူပါးလာဝသည်၊ လက်ခမောင်းခတ်နေသည် ကို မြို.နယ်ပြည်သူတို. သိရှိပါသည်။)

ထိုသို. ပြည်သူဘက်မှ ရပ်တည်ခဲ့သော၊ လွှတ်တော်လစာပင် မသုံးစွဲ ရပ်ရွာ အကျိုးပြုနေ သော ဦးသန်းစိန် အား အာဏာပိုင် အချို.နှင့် ငိုချင်လျှက် လက်တို.နေသော ကျေးဇူးကန်းအဖွဲ. တို.ပူ ပေါင်းကာ သူရှိလျှင်တို.လုပ်ချင်တာ မလုပ်ရ၊ အနိုင်ကျင့် ချင်သူ ကျင့်လို. မရ ရိုင်းလိုက်တဲ့ အတွေး ခေါ် များနှင့် လွှတော် ကိုယ်စားလှယ်အား ရပ်ကွက်တွင်း မဟုတ်သော သူများကို တစ်ဦးလျှင် ၃၀၀၀ ကျပ်နှုးံ ဖြင့် ခေါ်ယူကာ လံကြုတ် ဆန္ဒပြခြင်းအား ပြုလုပ်ခဲ့ ကြသည်။

ဦးသန်း စိန် မှ လူသက်သေ၊ စာသက်သေ အထောက်အထား စုံလင်စွာ ဖြင့် ပြန်လည်တုန်.ပြန်နိုင် သော်လည်း ပြသနာ မရှည်ချင်သောကြောင့် မီဒီယာများမှ တဆင့်သာ အပြုသဘောဖြင့်ရှင်းပြခဲ့ သော် လည်း ဒင်းမပြုတ် မချင်းလုပ်မည်ဟူသော၊ မြို.နေ ပြည်သူအကျိုး မကြည့်သော မသမာသူလူ တစ်စုသည် လူထု အား လွှတ်တော်ကိုယ်စားလှယ်အား ဖြုတ်ချရန် အတင်း လက်မှတ်ထိုးခိုင်းစေ ခြင်းများ ဖြင့် မြို.နယ် အတွက် တောင်းဆိုပေးနိုင်သော လွှတ်တော်ကိုယ်စားလှယ်အားပြည်သူ နစ်နာမည် မကြည့်ဘဲ ဆက်လက် လုပ်ကိုင်နေသည် ကိုတွေ.ရှိရ၍ ဘေးမှရပ် ကြည့်နေ၍မဖြစ်တော့ သော ကြောင့် မြို.နေလူထု အထင် မမှားစေရန် ဝင်ရောက် စွက်ဖက်လိုက်ရပါတော့သည်။

ဆန္ဒပြ ရာတွင် ဦးဆောင်သွားသော သူအချို.နှင့် ခွင့်ပေး ခဲ့သူတို.၏ အထင်ကြီးဖွယ် အကြောင်းအရာ များနှင့် ကျေးဇူးသိတတ်ပုံများ ကိုဘောဂရပ်ကွက်သားများမှတဆင့် ပြန်လည် share လိုက်ရပါသည်။

၁။ ဦးကျော်ရဲသွေး မယက (ဦးသန်းစိန်မှ ကွန်ဒိုတိုက်ခန်းအား သူ.အတွက်ပင် မယူ ၄င်းအားတောင်းပေးခဲ့ သော်လည်း၎င်းမှ ပြန်ရောင်းစားကာ သိန်းရာနှင့်ချီ အမြတ်ရရှိသွားသည့် အပြင် မြို.နယ်တာဝန် ထမ်းဆောင် စဉ် မယက လစာဖြင့် ကား(၃) စီး၊ တိုက် (၂)လုံး ဖြစ်သွားသူ၊ ယခုလည်း တဖက်ကမ်း ကမ်းပြိုေ မြယာ များရောင်းစားမှုဖြင့် စစ်ဆေး ခံနေရသူ)

၂။ ထွန်းထွန်းကျော် ဆန္ဒပြဦးဆောင်သူ (စေတနာသမ္ဘာရ ရွှေပြားအသင်းကြီးမှ ဘုရားပိုင်ငွေများ သိန်းနှင့် ချီ အလွဲသုံးစာမှုဖြင့် ဂေါပက အဖွဲ.မှ ထောင်နန်းစံစေမှု ကို ဦးသန်းစိန်မှ ဝင်ရောက် ညှိနှိုင်း၍ ငွေကို သာ ပြန်လည် ဆပ်စေသည်ကိုပင် ဦးသန်းစိန်ကြောင့်ဟု ဆိုကာ ငြိုးသည့်အပြင်ယနေ.ထိလည်း ဘုရားငွေ များပြန် မဆပ်သူ။ အသင်းကြီးတွင်စုံစမ်းလျှင်သိနိုင်။ )

၃။ ဦးလှဝင်း ရပ်မိရပ်ဖ (လူဦးရေ တိုးပွားရေး စီမံချက်ဖြင့် ညီအစ်မ နှစ်ဦးစလုံးယူထားသူ၊ပါတီစွဲ မရှိပါဟု ဆို ကာ ရပ်ရေးရွာရေး တစ်ပြားမှမလှူ၊ မယောင်ရာ ဆီလူးတို.အား ဖား၍ လှူတတ်သူ၊ ရပ်ကွက်လှူဒါန်းမှု စာရင်း များအားစစ်ကြည့် )

၎။ ဦးမှတ် ပူးပေါင်းကြံစည်သူ (ရပ်ကွက်အတွင်း နှစ်လုံး သုံးလုံး ချဲဒိုင်ကိုင်သောကြောင့် ထောင်ကျ ဖူးသူ၊ သို.သော် မမှတ်သေးဘဲ ထိုအလုပ်သာ ဆက်လုပ်၍ သမီးနှင့် သမက်ကိုပါ အလျင်းသင့် သလို ဆေးခြောက် မသိ မသာ ရောင်းစေသူ၊စေတနာသမ္ဘာရ ဝတ်အသင်းမှ မိန်းကလေးများကို ခြေတော်တင်ရန် ကြိုးပမ်း မှုကြောင့် အသင်းကြီးမှ ပယ်ထားသူ၊ အသင်းကြီးနှင့် ရပ်ကွက်အတွင်းမေး )

၅။ တင်ဝင်းလေး (ခ) ဘော်ဂါသွေး မီဒီယာများအား သတင်းမှားဖြန်.စေသူ (ပဒင်းတန်း အာရုံ တော်ဝတ်အသင်းကြီးတွင် ငွေ (၁၀)သိန်း အလွဲသုံးစားမှု၊ နိုင်ငံပိုင်သတင်းစာ များတွင် သတင်းထ ည့်ရန်ပင် ပိုက်ဆံ ရင့်သီး စွာတောင်း၍ ပြသနာတက်သူ၊ တခြားဝတ်အသင်းမှ သူများချောင်းသာ သွားစဉ် ရေကစားသည်ကို အထင်မှားအောင် ဓါတ်ပုံချောင်းရိုက်၍ မိသားစုထံပို.ကာ သူများမိသားစု ပျက်ပြားစေမှု ဖြင့် ရန်ကုန်တိုင်း ရဲဌာန၏ စစ်ဆေးခြင်းခံရသူ၊ ရပ်ကွက်မှတ်တမ်းများတွင်လည်းကြည့်)

၆။ အေးအေးမော် ဂျာနယ်များတွင်ပုတ်ခတ်ပြောဆိုသူ ထွန်းထွန်းကျော်၏ ခယ်မ (ခင်ပွန်းဖြစ်သူ မလေးရှား သွားနေစဉ် ဦး----- (ဗားကရာ တိုက်တန်းနေသူ) နှင့် နောက်မီးလင်းကာ အရှုပ်ဇာတ် ခင်းနေသူ၊ ၄င်းတို. အား လွှတ်တော်ကိုယ်စားလှယ်မှ ဆေးရုံဆေးခန်းစရိတ်၊ပညာရေးစသည်တို.အား ထောက်ပံ့ခဲ့သူ၊ ရပ်ကွက် အတွင်း လာရောက်မေးမြန်း)

ထိုကဲ့သို.သော လူကြီးလူကောင်းများက ဦသန်းစိန်အား ပါတီချင်း တိုက်၍တစ်မျိုး၊ အုပ်စုလိုက် သိက္ခာချ၍ တစ်ဖုံ လှုံ.ဆော်နေသည့် အတွက် မြို.နယ်သူ မြို.နယ်သားများ သေချာ ဆုံးဖြတ်၍ မှန်သည့် ဘက်မှ ရပ် တည်စေ လိုပါသည်။ ဦးသန်းစိန်အား မည်သည့်ပါတီခေါင်းစဉ် တပ်စေကာမှူ အရည်အချင်းပြောင်းမည် မဟု တ်ပါ ။မြို.သူမြို.သားများမေးချင်သည်မှာ ဦးသန်းစိန်ထံ တိုင်စာပို.လျှင်၊ လမ်းလျှောက်လွှာတင်လျှင်၊ကမ်းပြို မြေကွက်များ လျှောက်ထားလျှင်၊ ရပ်ရွာမီးလင်းရေးများ လျှောက်လျှင် မည်သည့်ကိစ္စမဆို ငွေကြေးပေး ရဖူးပါ သလား။ ရှိခဲ့လျှင်လည်း သက်သေနှင့်တကွ တင်ပြနိုင်သည်ဟုပင် လွှတ်တော် ကိုယ် စား လှယ်မှ အာမခံထား သည် မဟုတ်ပါလား၊ ထို.ကြောင့် ငါ့လူမဟုတ် အကုန်ဖြုတ်မည် ဟူသော စိတ်ထား တို.အား ဖယ်ရှား၍ မြို.နယ် အကျိုးသာကြည့်ကြရန် တိုက်တွန်းလိုက်ရပါသည်။

www.MyanmarExpress.net

မိုဘိုင်းတယ်လီဖုန်းလိုင်းများ လေးရက်ကြာ မိနစ်အနည်းငယ်စီ ပြတ်တောက်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများ ပြုလုပ်မည်ဖြစ်သောကြောင့် ဇန်န၀ါရီ ၆ ရက်မှ ၁၁ ရက်ထိ မိုဘိုင်းဖုန်းလိုင်းများ ဆက်သွယ်မှု မိနစ်အနည်းငယ်စီ ပြတ်တောက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုဘိုင်းဖုန်းလိုင်း အင်အားတိုးချဲ့ တပ်ဆင်ခြင်းလုပ်ငန်းတွင် ရန်ကုန်မြို့ RNC,SGSN,CG စနစ်များ ပြောင်းလဲတပ်ဆင်ခြင်း၊ Hardware/Software အဆင့်တိုးမြှင့်ခြင်းနှင့် SMS Gateway ပြောင်းလဲခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးရက်ကြာ ပြတ်တောက်မှုသည် နံနက် ၂ နာရီမှ စတင်ပြီး ၁၅ မိနစ်နှင့် နာရီဝက်ခန့်စီ လိုင်းပြတ်တောက်မည်ဟု သိရသည်။

"မနက်ပိုင်းလိုင်းပြတ်တာတော့ သိသိသာသာ ထိခိုက်မူ မရှိပါဘူး။ နေ့ခင်းဘက်အချိန်တွေဆိုရင်တော့ နာရီဝက်ပဲဖြစ်ဖြစ် လုပ်ငန်းတွေသာမက အခြားအရေးကြီး ဆက်သွယ်မှုတွေပါ ထိခိုက်နိုင်ပါတယ်" ဟု မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G UMTS လိုင်းအင်အား ၁၂၆၀၀၀၀ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နေကြောင်း သိရသည်။

ဒီကပါ။

မပြောင်းပြောင်း၊ မပြောင်းပြောင်း ပြောင်းပြောင်း


ကျုပ်တို့ရွှေပြည်ကြီးမှာ ဘာတွေ အပြောင်းအလဲ ဖြစ်နေသလဲ။ ပြောတဲ့သူကတော့ ရှုထောင့်မျိုးစုံပါတယ်။ ပြောင်းကုန်ပြီ ပြောင်းကုန်ပြီလို့ ပြောတဲ့သူတွေရှိသလို၊ ဘာများထူးပြီးပြောင်းလို့တုန်းလို့ ဆိုသူတွေလဲ ရှိပါတယ်။ တချို့ဟာတွေမှာ ပြောင်းတာတွေ ရှိပေမယ့် တချို့ဟာတွေကတော့ အခုအထိ မပြောင်းရေးချ မပြောင်းသေးတာတွေလဲ ရှိတယ်လို့ ထောက်ပြ သူများလဲ ရှိသဗျ။ ဒီအထဲမှာ ပြောင်းတိုင်းကောင်းတာ မဟုတ်ဘူးလို့ ဆိုသူတွေလည်း ပါပါတယ်။ တခါ ကောင်းတာလေးတွေ ပြောင်းမသွားဖို့လည်း လိုတယ်လို့ ထပ်လောင်းဖြည့်စွက် သူများလည်း ရှိပါသေးတယ်။

တလောတုန်းက ကျုပ်အမေရဲ့ ဇာတိမြို့ကလေးက သူငယ်ချင်းတချို့ဆီကို တယ်လီဖုန်းဆက်ဖြစ်ပါတယ်။ အဲသည်မြို့ ကလေး ကတော့ တောင်သာလို့ ခေါ်သဗျ။ မြင်းခြံကနေ တောင်ဖက် ၁၅ မိုင်အကွာလောက်မှာ ရှိပါတယ်။ မြင်းခြံက ဘယ်မှာတုန်းဆိုတော့ ကျုပ်အဖေရဲ့ဇာတိ မန္တလေးမြို့ရဲ့ တောင်ဖက် မိုင် ၁ဝဝ ခန့်လောက်မှာ တည်ရှိနေတဲ့ ခရိုင်မြို့ပါ။ ဆိုတော့ကာ မန္တလေးကနေ တောင်သာကို သွားမယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် ၁၁၅ မိုင် သွားရမှာ ဖြစ်ပါတယ်။ သူ ငယ်ချင်းတွေကို ဖုန်းထဲကနေ သိလိုတာတွေ သိချင်တာတွေ တလစပ်မေးခဲ့ပါတယ်။ ဘာတွေ သိချင်တာတုန်းဆိုတော့ ဒီလိုပါ။ မင်းတို့ တောင်သာမှာ ဘာတွေ အပြောင်းအလဲရှိသလဲ ပြောစမ်းပါဦးဆိုတဲ့ လေနဲ့မေးတာပေါ့။ အဲ ဖုန်းဆက် တယ် ဆိုတာက သူတို့ကို ကျုပ်က ဘန်ကောက်ကနေ ဆက်တာ။

အဲသည်တော့ သူငယ်ချင်းတွေကလည်း စုံနဖာစီအောင် ပြန်ပြောကြပါတယ်။ ကိုင်း ရန်ကုန် မန္တလေး စတာတွေကတော့ အတော်ပြောင်းလဲကုန်ပြီ ပြောတယ်။ တောင်သာရဲ့ အပြောင်းအလဲလေးတွေလဲ လုပ်စမ်းပါပေါ့လေ။ သူတို့က ဖုန်းလိုင်း ပေါ်မှာ တဟဲဟဲရယ်ကြရင်း တယောက်ပြီးတယောက် ဒီလိုဖြေကြသဗျ။

ပထမတယောက်… အင်း အပြောင်းအလဲ ဆိုတော့ကာ၊ ဒီလိုတော့ ရှိသယ်ကွ။ မင်းတောင်သာကို ရောက်ခဲ့သဲ့ နောက် ဆုံး အခေါက်က လွန်ခဲ့တဲ့ ၂၂ နှစ်ကနော်။ ဟုတ်သယ်မို့လား။ အေး ဒီအတောအတွင်း ဒို့တောင်သာမြို့က မင်းလမ်းမ ကြီးပေါ်မှာ တိုက်အသစ်ကလေးတွေ လေးငါးလုံးလောက်တော့ ပေါ်လာသကွ။ ဒါလဲ အပြောင်းအလဲ တခုပေါ့။ ဒါပေ မယ့်လို့ ငဒို့မင်းဒို့ ကလေးတုန်းက ဝင်ဝင်ဆော့နေတဲ့ လမ်းထောင့်က တိုက်ပျက်ကြီးကတော့ အခုအထိ အပျက်ကြီးအ တိုင်း ရှိသေးသဟ။ ခုထိ ကလေးတွေ ဝင်ဆော့နေသာ ဒို့များငယ်ငယ်တုန်းက အတိုင်းပဲ။

ကျုပ်… ဘယ်တိုက်ပျက်ကြီးကို ပြောတာတုန်း။

ပထမတယောက်… ဟာကွာ့  ဒုတိယကမ္ဘာစစ်တုန်းက ဗုံးထိလို့ ပြိုသွားတဲ့ ကျောက်တိုက်အထူကြီးဟာလေ။ ဦးကင်း ထောင် ခေါက်ဆွဲဆိုင်နဲ့ မျက်နှာချင်းဆိုင်က တိုက်ပျက်ကြီးကို ပြောနေသာ။

ကျုပ်… အော် ဟုတ်လား။ ဒါနဲ့ ဦးကောင်းထောင်ဆိုင်က ခေါက်ဆွဲကျော်ကော အရင်လိုကောင်းသေးလား။ စားသောက် ဆိုင် ဆိုတော့ ဒီဖက်ခေတ်မှာ အပြင်အဆင်လေးတွေနဲ့ အတော်လေး ပြောင်းလဲနေရာပေါ့။

ပထမတယောက်… ခေါက်ဆွဲကျော်ကတော့ ကောင်းတုန်းပဲ။ မင်းနောက်ဆုံးအခေါက် ရောက်တုန်းက လိုပါပဲ။ သူ့ဆိုင် ကတော့ ဘာမှ မပြောင်းလဲဘူး။ ခေါက်ဆွဲကျော်နဲ့ ထမင်းကျော်ကလွဲလို့ ကျန်တာမရောင်းဘူး။ စားပွဲခုံတွေ ထိုင်ခုံတွေ ဆိုတာ ဖုံတသောသောနဲ့။ ဖောက်သည်လာမှာ ကောက်ပြီး ဖုံကိုသုတ်ပေးသာ။ အရင်အတိုင်းပဲ။ မင်းမမှတ်မိစရာ မရှိ ဘူး။

သူငယ်ချင်း ဒုတိယတယောက်နဲ့ စကားပြောဖြစ်ပြန်တယ်။

ကျုပ်… မင်းအနောက်ဝိုင်းဖက် ရောက်သေးလား။ ဘာတွေထူးသေးတုန်း။ ဦးလေးသိန်းဖေတို့ ဦးလေးဘရီတို့ ဆုံးကုန်ပြီ ဆိုတာတော့ ငါလည်းကြားရတယ်။

ဒုတိယတယောက်… အေး လူကြီးတွေကတော့ ဆုံးကုန်ပြီ။ အနောက်ဝိုင်းဖက်ကတော့ အရင်အတိုင်းပါပဲ။ ဘာမှ ထူးပြီး အပြောင်းအလဲ မရှိပါဘူး။ အတောင်သုံးဆယ်နက်တဲ့ တခုတည်းသော သောက်ရေတွင်းကြီးမှာပဲ အနောက်ဝိုင်းသား တွေ သောက်ရေခပ်နေတုန်း။ အဲ ဒါပေမယ့် သောက်ရေတစည်ကို အိမ်အရောက်ဝယ်မယ်ဆိုရင်တော့ ကျပ်တထောင် ပေးရ တယ်ငါ့လူ။ ရေရှားသာကတော့ ဒို့တောင်သာမှာ အရင်အတိုင်းပဲ ဘာမှမပြောင်းဘူး။ နောက်တခုက အနောက် ဝိုင်းနဲ့ မြင်းခြံကိုသွားသဲ့ ရထားလမ်းကြားမှာတော့ ကွက်သစ်တွေ ပေါ်လာသယ်ကွ။ အိမ်ခြေ တထောင်လောက်များ ရှိ မလားပဲ။ ဒါလေးတွေကတော့ အပြောင်းအလဲတွေ ပေါ့ကွာ။

ကျုပ်… ဘယ်ကလူတွေ ဘယ်လိုရောက်လာပြီး ကွက်သစ်မှာ အဲသလောက် လူများနေရတာလဲ။

ဒုတိယတယောက်… တောဖက်မှာကွာ ယာတွေ၊ ထန်းတောတွေ အသိမ်းခံရသာ များသာကိုး။ တိုတိုပြောရရင် လုပ်ကိုင် စားစရာ ဘာမှမရှိကြတော့လို့ တောင်သာမြို့ပေါ် တက်လာကြရင်း ကွက်သစ်တွေ ပေါ်လာသာဟေ့။ အနောက်ဝိုင်းဖက် မှာတင် ကွက်သစ်တွေ ပေါ်လာတာ မဟုတ်ဘူး။ မြင်းခြံထွက်သဲ့ဘက်နဲ့ ကျောက်ပန်းတောင်း၊ မိတ္ထီလာ ထွက်သဲ့ဘက် တွေမှာလည်း ကွက်သစ်တွေ အရှိုအရှိုပေါ်လာသာ နည်းသာမှ မဟုတ်ဘဲ။ ပေါင်းလိုက်ရင် ဒို့တောင်သာမှာ ပေါ်လာသဲ့ ကွက်သစ်တွေရဲ့ အိမ်ခြေစုစုပေါင်းဟာ သုံးထောင်ကျော်လောက် ရှိသယ်ကွ။ ဒါလဲ အပြောင်းအလဲ တခုပေါ့။

ကျုပ်… ဘူတာလမ်းဖက်က ခင်ကြည်ပြာသိန်း တယောက်ကော။ အခုဆို အိမ်ထောင်ကျလောက်ရောပေါ့။ မင်းမှတ်မိ မှာပေါ့။ သူတို့အိမ်ဖက်ကို ငဒို့တွေ စက်ဘီးနဲ့ လျှောက်ပြန်သံပေး လုပ်ကြရင် လမ်းကအဖုအထစ်တွေနဲ့ ကြမ်းလွန်းလို့ တခါခါ စက်ဘီးဆင်းတွန်းရသေးတယ်လေ။ အခုလောက်ဆို လမ်းလဲကောင်းသွားရောပါ့။

ဒုတိယတယောက်… မင်းက ခင်ကြည်ပြာသိန်းကိုတော့ မမေ့သေးပါလား ဟဲဟဲဟဲ။ ကလေး သုံးယောက်ရနေပြီကွ။ လမ်းကကောင်းသွားပလား ဟုတ်လား။ ဝေးဟေးဟေး ပါသေးရဲ့။ ဘူတာသွားတဲ့ လမ်းတလျှောက်လုံးဟာ အရင်အ တိုင်းပဲ။ လကမ္ဘာမျက်နှာပြင် အတိုင်း ရှိနေသေးတယ်။ စက်ဘီးနင်းသွား အခုအထိ ဇလုံးဇခုကြီး ဖြစ်နေတုန်း။ တနှစ် သား ငဒို့မင်းဒို့ ထန်းရည်မူးလာပြီး မင်းစက်ဘီးနဲ့ ဝင်တိုက်ခဲ့သဲ့ ဒေါ်လေးမြတို့ ဝင်းထောင့်က ကျောက်တုံး လုံးလုံးကြီး တောင် အခုအထိ ရှိနေသေးရဲ့။ ဒီဘူတာလမ်းကတော့ကွာ ဘာမှအပြောင်းအလဲ မရှိပါဘူး။ နောက်မင်းတို့ အမေကြီး ဝင်းထိပ်က ရေကန်ကြီး ကတော့ တနှစ်ပြီးတနှစ် မိုးခေါင်လို့ ရေခမ်းသွားလိုက်သာ အခုအထိ ကန်ခြောက်ကြီး။ အရင် ငဒို့မြင်မြင် နေရသဲ့ ကန် ထဲက လိပ်တွေတောင် မရှိတော့ဘူးကွ။ ဒါကတော့ ပြောင်းလဲသွားသာ နောက်တခုပေါ့ကွာ။

ကျုပ်… ဒါနဲ့ ရေကအဲသလောက် ဈေးကြီးနေရအောင် မြို့ထိပ်သဲချောင်းနားက လက်ဆယ်ကန်ကြီးက ရေလှောင်ထား တဲ့ ဟာပဲ။ အဲဒီကနေ သောက်ရေသုံးရေ မရတော့ဘူးလားကွာ။

ဒုတိယတယောက်… မိုးက ဆက်တိုက်ခေါင်ပါသယ် ဆိုမှ။ အဲသည့် လက်ဆယ်ကန်မှာလည်း ရေက လင်ပန်းဝိုင်း လောက်ပဲ ကျန်တော့သဲ့ဟာကိုး။ မိုးကဘယ်လောက် ခေါင်သလဲဆိုရင် ထန်းပင်တွေတောင် ထန်းရည်အထွက် နည်း သွားသဟ။ အဲ ဒါပေမယ့် အစိုးရထုတ် “ဇေ” ဆိုတဲ့ ဘီအီးကတော့ လှိုင်ပေါလယ်ပဲ။ ဈေးလဲပေါသယ်။ လူတိုင်းသောက် နိုင်သယ်။ သောက်လွင်းတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြသယ်။ ဇေကိုသောက်ရင် ငဒို့ဆီမှာ နှစ်နှစ်ခံလို့ သမုတ်သယ်။ ဘာလို့တုန်း သိလား။ နှစ်နှစ် ဆက်တိုက်သောက်ပြီးရင် ကြွသာပဲ။ အဲသာကြောင့်။ ဒါလည်း အပြောင်းအလဲတခုပေါ့။

တတိယမြောက် သူငယ်ချင်းနဲ့လည်း စကားပြောဖြစ်ပြန်တယ်။

ကျုပ်… မင်းတို့ ပွဲရုံလုပ်ငန်းကတော့ သူတကာထက်စာရင် ဘာဘဲပြောပြော အလုပ်ဖြစ်မှာပေါ့။ ဟုတ်တယ်မို့လား။

တတိယတယောက်… အေး ထမင်းတော့ မငတ်ဘူးပေါ့ကွာ။ ဒါပေမယ့် ပွဲရုံလုပ်ငန်းတိုင်း အရင်လို အလုပ်မဖြစ်ဘူးကွ။ ဒါလဲ အပြောင်းအလဲ တခုပေါ့ကွာ။ မင်းသိအောင် ပြောရဦးမယ်။ ထန်းလျှက်အစစ်ရဲ့ ဈေးနှုန်းနဲ့ သကြားဈေးဟာ တန်း တူလောက် ဖြစ်နေသယ်ဆိုရင် မင်းယုံပါ့မလား။ မအံ့သြနဲ့။ ထန်းလျှက်အထွက်ဟာ တနှစ်ပြီးတနှစ် တိုးမလာဘဲ ကျကျ လာသယ်ကွ။ အဲသာကြောင့် ထန်းလျှက်အမျိုးကောင်း တခုရဲ့ ဈေးနှုန်းဟာ သကြားဈေးနဲ့ တန်းတူနီးပါး ဖြစ်နေသာ။ ထန်းသမားတွေ ဘာလုပ်နေလဲ ဟုတ်သလား။ ထန်းတောတွေလည်း အသိမ်းခံရတော့ ထန်းသမားတွေလည်း မလေး ရှားဘက် အလုပ်ထွက်လုပ်ကြသယ်လေ။ ထန်းသမားတွေအတွက် အပြောင်းအလဲလို့ ဆိုရမှာပေါ့။ မင်းကို ငါပြောမယ်။ ငဒို့တောင်သာဘက်မှာတင် ထန်းလျှက်အထွက် နည်းလာသာ မဟုတ်ဘူး။ တောင်သာကနေ တန်းစီရေလိုက်ရင် အောင်သာ၊ မလှိုင်၊ ပန်းအိုင် ဖက်တွေမှာလည်း ထန်းလျှက်အထွက်နည်းလာသာ။ မြင်းခြံ၊ နွားထိုးကြီးဘက်လည်း ဘာသားနဲ့ ထုထားသာ မို့လို့လဲ။ အတူတူနဲ့ အနူနူချည်းပဲ။ ဒါလည်း အသစ်အသစ်သော ပြောင်းလဲမှုတွေလို့ ဆိုနိုင်သာ ပေါ့။

ကျုပ်… ကဲကွာ စီးပွားရေးတွေ နိုင်ငံရေးတွေ ထားလိုက်ပါတော့။ ဒို့ သူငယ်ချင်းတွေထဲက ဘယ်သူတွေ ဘာလုပ်နေလို့ ဘယ်ရောက်နေကြသလဲ။ ပြောစမ်းပါဦး။

တတိယတယောက်… ပြောရင် မင်းကယုံမှာ မဟုတ်ဘူး။ သူငယ်ချင်း အတော်များများတော့ ဆုံးကုန်ကြပြီ။ အရက်ပေါ့ ကွာ။ ဘာရှိဦးမှာတုန်း။ မင်း တောင်သာပြန်လာလည်မယ်ဆိုရင် တွေ့ရမှာက၊ လူရင်းထဲကဆို ငါရယ်၊ ငအုန်းရယ်၊ မော် ကြီး ရယ်၊ အဲသလောက်ပဲ ရှိတော့တာ။ ကျန်သာတွေက အငယ်တွေဆိုတော့ မင်းလည်း သိပ်သိမှာ မဟုတ်တော့ဘူး။ မော်ကြီး တောင် အသဲသိပ်မကောင်းလို့ အရက်ဖြတ်ထားသာ အတော်ကြာပြီကွ။ မင်းက တောင်သာမှာ ဘာတွေ အ ပြောင်းအလဲ ရှိသလဲဆိုပြီး မေးလို့သာ။ ပြောင်းတာတွေ ရှိသယ်ဆိုပေမယ့် မင်းပြန်လာရင် တောင်သာဟာ မင်းနောက် ဆုံး ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂၂ နှစ်ကအတိုင်းပါဘဲ။ မန္တလေး၊ ရန်ကုန်ရောက်လို့ မင်းမျက်စေ့ လည်ရင်လည်မယ်၊ တောင် သာမှာတော့ မင်းမျက်စေ့လည်လောက်စရာ အပြောင်းအလဲက များများစားစား မရှိပါဘူး။ ခြုံပြောရရင် မင်းသိခဲ့တဲ့ တောင်သာဟာ လူနေအိမ်ခြေ တိုးလာပေမယ့် အရင်အတိုင်း ပါပဲ။

မိတ်ဆွေများခင်ဗျား အပြောင်းအလဲ ဆိုတာကို လူမှုသိပ္ပံဆရာများက အင်္ဂလိပ်လို “ဒီဗဲလော့မင့်” (Development) လို့ သုံးနှုန်းပါတယ်။ တချိန်ထဲမှာလည်း ဖွံ့ဖြိုးတိုးတက်ခြင်း ဆိုတာကိုလည်း အင်္ဂလိပ်လို တိုက်ရိုက်အားဖြင့် “ဒီဗဲလော့မင့်” လို့ ဆိုပါသေးတယ်။ အပြောင်းအလဲ ဆိုရာမှာတော့ ကောင်းတဲ့အပြောင်းအလဲရော ဆိုးတဲ့အပြောင်းအလဲရော နှစ်မျိုး စလုံးဟာ “ဒီဗဲလော့မင့်” ဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ အကြုံးဝင်နေပါတယ်။ အပြောင်းအလဲရှိတယ်လို့ ဆိုတဲ့နေရာမှာ ဘယ် သင်းကို ဘယ်လိုတွက်ချက်မလဲဆိုတာကတော့ မိမိကိုယ်၌သာ ဆုံးဖြတ်ကြပါလို့ အကြံသာပေးနိုင်ပါတယ် ခင်ဗျား။

http://www.naytthit.net/?p=32047

မိုးမခမီဒီယာက Amazon အွန်လိုင်းမှတဆင့် အီးဘုတ်များ စဖြန့်မည်

အင်တာနက်တွင်ခေတ်စားနေသည့် Amazon အွန်လိုင်း၏အီးဘုတ်များ ရောင်းချသည့်စနစ်ကို သုံးစွဲပြီး မိုးမခမီဒီယာ၏ အီးဘုတ်များကို Amazon Kindle E-Book အဖြစ် တင်ဆက်ရောင်းချမည် ဖြစ်သည်။ အမေဇုံအွန်လိုင်းတွင် အကောင့်တခု ရယူပြီးနောက် မိမိ၏ ဖုံး၊ တက်ဘလက်၊ အီးဘုတ်ဖတ်စက် တမျိုးမျိုးသို့ အီးဘုတ်ကို ဒေါင်းလုပ်ရယူပြီး ဖတ်ရှုနိုင်သည်။ Amazon Kindle, Apple iBook Reader App များဖြင့်လည်း ဖတ်ရှုနိုင်သည်။ Amazon Prime Account ရှိသူများအနေနှင့် စာကြည့်တိုက်များက စာအုပ်ငှားသကဲ့သို့ အီးဘုတ်ကို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်မည် ဖြစ်သည်။

မူလက မိုးမခကာတွန်းဆရာပေါင်းစုံ၏ လက်ပံတောင်းတောင်က မီးလောင်နေသော ကာတွန်းများ အီးဘုတ်ကို စမ်းသတ်ထွက်ဝေခဲ့သည်။

၎င်းနောက် မောင်စွမ်းရည်၏ မိုးမခဆောင်းပါးများ (၁) ကို ဆက်လက်ထုတ်ဝေခဲ့သည်။

ယခု သန်းဝင်းလှိုင်၏ မမေ့နိုင်အပ်သော အာဇာနည်နေ့ ဆောင်းပါးစာအုပ်ကို အီးဘုတ်အဖြစ် ထုတ်ဝေလိုက်သည်။

http://www.amazon.com/s/ref=nb_sb_noss?url=search-alias%3Dstripbooks&field-keywords=%22moemaka+multimedia%22

ဆက်လက်ပြီး ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်များ၊ မီဒီယာများကို အီးဘုတ်များအဖြစ် ထုတ်ဝေသွားမည် ဖြစ်သည်။ အီးဘုတ်အဖြစ် အွန်လိုင်းဆိုက်ကြီးများတွင် တစုတစည်းတည်း တင်ဆက် ရောင်းချထားခြင်းဖြင့် အီးဘုတ်ဖြင့် ဖတ်ရှုသိမ်းဆည်းသူများအတွက် အဆင်ပြေမည် မျှော်လင့်သည်။ Apple ၏ iBook တွင်လည်း တင်ဆက်ထားနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်။

http://moemaka.com/?p=30892

ကျော်သူ ရုပ်ရှင် ပြန်ရိုက်တော့မည်

၎.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီအချိန်၌ ရွှေစင်စင်္ကြာမော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။

ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသည့် မြင့်မြတ်လှသော အလှူရှင် တစ်ဦးလည်းဖြစ်သည်။ ထို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးခရီးစဉ်များ အဖြစ် မြန်မာပြည်အနှံ့ လိုက်လံသွားရောက်မှု ခရီးစဉ်များအတွက် ပို့ဆောင်မှုများ ပြုလုပ်ပေးနေသော အလှူရှင်များလည်းဖြစ်သည်။ သို့ရာတွင် ယခုလာရောက်လှူဒါန်းသော လှူဒါန်းရခြင်း ရည်ရွယ်ချက်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား အများအကျိုးအတွက် အသုံးပြုရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ရွှေစင်စင်္ကြာ မော်တော်ယာဉ် မိသားစု၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက် ဥက္ကဌ ဦးကျော်သူသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ရုပ်ရှင်အနုပညာနယ်ပယ်မှ ထွက်ခွာခဲ့ရသည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော် လည်း ယခုကဲ့သို့ အများအကျိုးအတွက် အကျိုးရှိမည့် အကျိုးပြုဇာတ်လမ်းအား ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့သည်။ ယင်းဇာတ်ကားသည် အတ္တ အနုပညာအတွက်မဟုတ် ပရဟိတအနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေရမည်။ ပရဟိတလုပ်ငန်းများအား ၀ါသနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာရှင်များဖြင့် လက်တွဲ၍ ရိုက်ကူးသွားမည်ဟု ဆုံးဖြတ်ထားသည်။ ယင်းအခမ်းအနား မစမှီ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စဉ်ဆက်မပြတ် လာရောက်ပေးဆပ်နေသော နန်းခင်ဇေယျာ အား တယ်လီဖုန်းဖြင့် တီးခေါက်ကြည့်မိသောအခါ အားတက်သရော ပါဝင်သရုပ်ဆောင် ပေးမည်ဟု ပြောကြား ခဲ့၍ ဦးကျော်သူသည် ဒါရိုက်တာအဖြစ် ရိုက်ကူးပေးမည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်တော့သည်။

ယင်းဇာတ်ကားအား လူမှုရေး စိတ်ဓါတ်ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ ဝန်ထမ်းများအပြင် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့ အသင်းသား/သူများနှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဖူးသော လူ့လောကအတွင်းရှိ ဖြစ်ရပ်မှန်များကို အများပြည်သူတို့အတွက် (၅) နှစ်ကျော် အနုပညာလောကနှင့် ဝေးကွာခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဟောင်း ဦးကျော်သူ၏ ပထမဦးဆုံး အနုပညာ ထွက်ပေါက်အဖြစ် ဆန်းသစ်စွာ ရိုက်ကူးတင်ပြ ထုတ်လုပ်သွားမည် ဖြစ်ပါတော့သည်။

ကျော်သူ

ဒေါင်းမာန်ဟုန်

KIA ဌာနချုပ် လိုင်ဇာကို မြန်မာတပ် လက်နက်ကြီးနဲ့ ပစ်ခတ်

6.1.2013

ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သား တစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင် တွေ့ရစဉ်။

ရက်ပိုင်းလောက် ငြိမ်သက်နေခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေ ဒီနေ့မှာ ပြင်းပြင်းထန်ထန် ပြန်ဖြစ် လာပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာပဲ မြန်မာတပ်ဘက်ကနေ လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ပြီး၊ ညနေပိုင်းအထိ မြေပြင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒီကနေ့ မနက်ပိုင်းကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ ပြင်းထန် လာတာကြောင့် လိုင်ဇာမြို့ခံတွေကပါ စိုးရိမ်လာကြပါတယ်။ အထူးသဖြင့်တော့ မြန်မာအစိုးရ သမ္မတဦးသိန်းစိန် ကတော့ သူတို့အနေနဲ့ လိုင်ဇာမြို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေ ဌာနချုပ်ကို သိမ်းယူဖို့ အစီအစဉ် မရှိပါဘူးလို့ ပြောထားပေမဲ့ အခုတော့ လိုင်ဇာမြို့အထိကို လက်နက်ကြီးကျည်တွေ ကျလာတာကြောင့်ပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာတပ်ဘက်က သိမ်းယူခဲ့တဲ့ တောင်ကုန်းကနေ လက်နက်ကြီး ပစ်ကူပေးပြီး၊ အနီးအနား ကေအိုင်အေ ဘက်က စစ်စခန်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ကေအိုင်အေနဲ့အတူ တွဲဘက်တိုက်နေတဲ့ ABSDF မြောက်ပိုင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးမင်းဌေးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့က မနက်ကနေ စပြီးတော့ ရွှေဘုန်းယန် အမြှောက်တပ် ကနေပြီးတော့ အမြှောက် ၃ လက်လောက်နဲ့ လှမ်းပစ်တယ်။ နောက်ပြီးတော့ ဟိုနေ့က ၃၀ ရက်နေ့က ထိုးပြီး ယူသွားတဲ့ (၇၇၁) တောင်ကုန်းကနေပြီးမှလည်း လှမ်းပစ်တယ်။ ပစ်တာက လိုင်ဇာကို လှမ်းပစ်တာ။ လိုင်ဇာကို လှမ်းပစ်တာက ၈ လုံး။ ပြီးတော့ ညနေပိုင်းမှာ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတယ်။ ဒီ လွယ်မောက်ယန် ဘက်ကနေ တက်လာတဲ့ အဖွဲ့တွေနဲ့။”

အခုဟာက မြေပြင် တိုက်ပွဲ ဖြစ်နေတဲ့သဘောပေါ့။ -

“ဟုတ်တယ်။ မြေပြင် တိုက်ပွဲဖြစ်တော့ လက်နက်ကြီးတွေက ဒီဘက် လဂျားယန် နဲ့ လ၀ါယန် ဘက်ကို ပစ်နေတာ။ လဂျားယန် ကျနော်တို့ ကျောင်းသားစခန်း ရှိတဲ့နေရာကို။”

လိုင်ဇာမြို့ပေါ်ရော ပစ်တာခတ်တာ ရှိလား။ -

“လိုင်ဇာမြို့ကို မနက်က ပစ်တယ်။ ၈ လုံး ပစ်တယ်။”

အထိအခိုက်တွေရော ဘယ်လိုရှိပါလဲခင်ဗျ။ -

“လိုင်ဇာမြို့ကို ပစ်တာတော့ အထိအခိုက် မရှိဘူး။ လိုင်ဇာမြို့ထဲကိုတော့ ၂ လုံး ကျသွားတယ်။ လူကို ထိခိုက်တာတော့ မရှိဘူး။”

လေယာဉ်ပျံ သုံးတာတွေ ဘာတွေရော ရှိပါလား။ ဒီနေ့။ -

“လေယာဉ်ပျံသုံးတာတော့ ဒီနေ့ မရှိဘူးခင်ဗျ။”

ပြီးခဲ့တဲ့ ရက်တွေက ၂ ရက်လောက် ငြိမ်သွားပြီးမှ အခု ထိုးစစ် ဆင်လာတဲ့ သဘောလား။ ဘာကြောင့်လဲ။ ဘာကြောင့်လို့ ယူဆလဲ။ - “ပြီးခဲ့တဲ့ ၂ ရက်က ခဏ ငြိမ်နေတာတော့ ကျနော် ထင်တယ်၊ သူတို့ စစ်ပမ်းသွားတာလည်း ဖြစ်နိုင် တယ်။ အခုထပ်ပြီးမှ ပြန် ထပ် တက်ဖို့ သူတို့ အမိန့် ပေးထားတယ်လို့လည်း ကျနော်တို့ ကြားရတယ်။ ကြားရတော့ အခု သူတို့ အင်အား ထပ်ဖြည့်ပြီးတော့ တက်လာတယ်။ တက်လာတဲ့အင်အားတွေက အခုဟာက ဆန်တွေ ဘာတွေ သယ်လာတာ မဟုတ်ဘူး။ လက်နက် ခဲယမ်း ကျည်တွေကို သယ်လာပြီးမှ တက်လာတာ။”

ကိုမင်းဌေးတို့ ABSDF စခန်းနဲ့ ကေအိုင်အေ စခန်းတွေ အခြေအနေက ဘယ်လိုရှိလဲ။ အခုအနေအထားက တိုက်ပွဲ ပြင်းထန်တော့။ -

“တိုက်ပွဲ ပြင်းထန်တော့ သူတို့ကတော့ ကျနော်တို့ကို လက်နက်ကြီးတွေကို မိုးရွာသလိုရွာအောင် ပစ်ပြီးတော့မှ ပစ်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ကလည်း လက်နက်ကြီးဒဏ် ခံနိုင်အောင်တော့၊ ကျနော်တို့ မထိအောင်တော့ နေကြရတာပေါ့။”

အလားအလာက ဟိုဘက်က တအား ထိုးလာလို့ရှိရင် ဆုတ်ပေးရမယ့် အလားအလာရှိလား။ ဒါမှမဟုတ် ခံတိုက်နိုင်တဲ့ အနေအထား ရှိလား။ -

“အဲဒါကတော့ ဒီ စစ်ပွဲပေါ် အခြေအနေပေါ်မှာ မူတည်မယ်လေ။ ကျနော်တို့က လောလောဆည်မှာ ခုခံနေတဲ့ အနေအထား ကနေပြီးမှ အဲဒီ စစ်ပွဲကာလမှာပဲ ကျနော်တို့က ပြန်ထိုးတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒီအခြေအနေမှာ ဆုတ်နိုင်သလား၊ ဆက်ပြီး တောင့်ထားနိုင်မလား ဆိုတာကတော့ စစ်ပွဲရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးမှ ကျနော်တို့က အပြောင်းအလဲ လုပ်သွားရမှာ ဆိုတော့ အခုချိန်မှာ ကျနော်တို့က ပြောလို့ကို မရသေးဘူးခင်ဗျ။”

တိုက်ပွဲက တနေရာတည်းမှာပဲ ဖြစ်နေတာလား၊ ပျံ့ပြီး ဖြစ်နေတာလား။ ဘယ်နေရာမှာ အဓိက ဖြစ်နေတာလဲ။ -

“တိုက်ပွဲတွေက နေရာ အနှံ့ပါပဲ။ နေရာ အနှံ့ ဖြစ်တယ်ဆိုတာက ဒီ နမ်ဆမ်ယန် ဘက်ပေါ့။ နမ်ဆမ်ယန် ဘက်မှာလည်း သူတို့ တက်လာတယ်။ အဲဒီ သူတို့ တက်လာတဲ့ စစ်ကြောင်းတွေ၊ ရိက္ခာတွေ ကျည်တွေ မပို့နိုင်အောင်၊ အဓိက ကျည်တွေပေါ့နော်၊ သူတို့က တက်သွားတဲ့ကုန်းပေါ်ကို ကျည်တွေ ထပ်ဖြည့်ဖို့ လုပ်နေတယ်။ အဲဒါတွေ ထပ်မဖြည့်နိုင်အောင် ကျနော်တို့က ဟန့်ထားတဲ့ အနေနဲ့ ဖြတ်ပြီးတော့မှ ဟန့်တားနေတာ။”

ခုလို တိုက်ပွဲတွေ ရှိနေတယ်ဆိုပေမဲ့ မြန်မာအစိုးရဘက်ကတော့ အပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ကြိုးစားနေတယ်လို့ မြန်မာ ငြိမ်းချမ်းရေးဗဟိုဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

VOA

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ စသည့် နိုင်ငံငါးနိုင်ငံမှ Gas Turbine/Engine များ မြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် MIC ခွင့်ပြုချက်အား စောင့်မျော်နေ

မြန်မာနိုင်ငံအတွင်း နွေရာသီ ကာလများတွင် လျပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာအား အမြန်ဆုံး ဖြေရှင်းနိုင်ရန် စပိန်၊ ဂျာမနီ၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံ များမှ Gas Turbine များနှင့် Gas Engine များအား တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သတင်းရရှိ ပါသည်။

အဆိုပါ နိုင်ငံများမှ Gas Turbine များနှင့် Gas Engine များ အားမြန်မာနိုင်ငံအတွင်း တင်သွင်းနိုင်ရန် ပြင်ဆင်ပြီး ဖြစ်နေသော်လည်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများ၏ ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေရကြောင်းလည်း ရန်ကုန်မြို့တော် လျပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

''မိုးတွင်းမှာ လျပ်စစ်ဓာတ်အားက လုံလောက်ပေမယ့် ဒီဇင်ဘာလလောက် ဆိုရင်ကိုပဲ ဓာတ်အား လိုအပ်ချက်က သိသာလာပါတယ်။ အခုလည်းနွေကာလအတွင်း ဓာတ်အားလုံလောက်ဖို့အတွက် ရေ ထိန်း လွှတ်တာမျိုးတွေ လုပ်ပြီး ဓာတ်အားကို ချိန်ပြီးပေးရပါတယ်။ ပြည်ပနိုင်ငံတွေကနေ Gas Turbine တွေ Gas Engine တွေမှာပြီး ၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ဖို့ တင်ပြထားပါတယ်'' ဟု ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ခိုင်ကပြောသည်။

မြန်မာနိုင်ငံအတွင်း လျပ်စစ်မီး လိုအပ်ချက်ကြောင့် ဆန္ဒဖော်ထုတ်မှုဖြစ်ပွားခဲ့သည့် ၂၀၁၂ခုနှစ်အား အခြေခံတွက်ချက်မှုအရ နွေကာလအတွင်း လျပ်စစ်မီးလိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဦးအောင်ခိုင်က ဆိုပါသည်။

၂၀၁၂ ခုနှစ် နွေကာလအတွင်း အမြင့်ဆုံး ဓာတ်အားသုံးစွဲမှု ၁၇၉၀ မဂ္ဂါဝပ်အား အခြေခံ တွက်ချက်မှုအရ ၂၀၁၃ ခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၀၆၀ မဂ္ဂါဝပ်၊ ၂၀၁၄ ခုနှစ်နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၃၇၀ မဂ္ဂါဝပ်၊ ၂၀၁၅ ခုနှစ် နွေရာသီ တွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၂၇၂၅ မဂ္ဂါဝပ်နှင့် ၂၀၁၆ ခုနှစ်နွေရာသီတွင် ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၃၁၃၀ မဂ္ဂါဝပ်အထိ ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၃ ခုနှစ် နွေရာသီ ကာလအတွင်း လက်ရှိလိုအပ်ချက်ဖြစ်သည့် လျပ်စစ်ဓာတ်အား ၅၀၉ မဂ္ဂါဝပ်အား ဖြည့်ဆည်းနိုင်ရန်သောက်ရေခပ်-၂၊ လှော်ကား၊ ရွာမ၊ သာကေတ၊ အလုံစသည့် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများမှ ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ကျန်လိုအပ်သည့် ဓာတ်အား ပမာဏဖြစ်သည့် ၂၁၉ မဂ္ဂါဝပ်အားဖြည့်တင်းနိုင်ရန် စက်မှုဇုန်များအား အချိန်ပိုင်း ဓာတ်အားလျော့ခြင်း၊ အစိုးရပိုင် စက်ရုံများ၊ မြစ်ရေတင်များအား ဓာတ်အားအသုံးများသည့် အချိန် ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှု လုပ်ငန်းများမရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ငယ်များအားနေ့ဘက်တွင် ဓာတ်အားပိတ်ခြင်း၊ မြို့ကြီးအချို့တွင် ၁ မဂ္ဂါဝပ်မီး စက်များအသုံးပြု၍ ဓာတ်အားဖြည့် တင်းပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် မတ်လအမီ ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် စပိန်နိုင်ငံမှ တင်ပို့မည့် 52MW ရှိ Guascor အား လှော်ကားစက်ရုံ တွင် ထားရှိမည်ဖြစ်ပြီး ဂျာမနီ နှင့်သြစတြေးလျနိုင်ငံတို့မှ တင်ပို့မည့် 52MW ရှိ Caterpillar အား ရွာမစက်ရုံ၊ စင်ကာပူနိုင်ငံမှ တင်ပို့မည့် 53.6 ရှိ GE အား သာကေတစက်ရုံနှင့် မလေးရှားနိုင်ငံမှ တင်ပို့မည့် 100MW ရှိ GE အား အလုံစက်ရုံတွင် တပ်ဆင်နိုင်ရန် ဆောင်ရွက် ပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group

မြန်မာနိုင်ငံတွင် မြှုပ်နှံထားသော Spitfire လေယာဉ်များကို တူးဖော်မည့်အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ၌ မြှုပ်နှံ ထားသည်ဆိုသော ရှားပါးသည့် ဗြိတိန် တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့တစ်ဖွဲ့သည် ဇန်န၀ါရီလ ၆ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ လယ်သမားနှင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်သော David Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါသော အဖွဲ့သည် ရန်ကုန်မြို့ ရှိ လေဆိပ် အနီးတွင် ဇန်န၀ါရီလ ၇ ရက်၌ တူးဖော်မှု စတင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းလေယာဉ်များကို သစ်သားပုံးများထဲတွင် ထည့်ပြီး ရန်ကုန် လေဆိပ်အောက် မြေအောက်အနက် ကိုးမီတာခန့်၌ မြှုပ်နှံထားခဲ့ဖွယ် ရှိသည်ဟု Cundall က ပြောကြားခဲ့ပြီး ယင်းတူးဖော်မှု လုပ်ငန်းစဉ်မှာ သီတင်းပတ် လေးပတ်မှ ခြောက်ပတ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ယင်းလေယာဉ်များကို နဂို အနေအထားအတိုင်း ပြန်လည်တွေ့ ရှိနိုင် မည်ဟု မျော် လင့်ကြောင်း လေ ဆိပ်သို့ ရောက်ပြီးပြီးချင်း Cundall က ပြောကြားခဲ့သည်။ ယင်းလေယာဉ်များကို ဒုတိယကမ္ဘာစစ် အပြီး တွင် အမေရိကန် အင်ဂျင်နီယာများက မြှုပ်နှံခဲ့သည်ဟု ယုံကြည်ရသည်။

Spitfire တိုက်လေယာဉ်မှာ ဗြိတိန်တွင် အလွန်ထင်ရှားသော တိုက်ခိုက်ရေး လေယာဉ်တစ်မျိုး ဖြစ်သည်။ လျင်မြန်ပြီး တစ်ယောက်စီး အမျိုးအစားဖြစ်သော ယင်းလေယာဉ်များသည် စစ်အတွင်း ဂျာမန်ဗုံး ကြဲလေ ယာဉ်များကို တန်ပြန်နိုင်ခဲ့မှုဖြင့် နာမည်ကောင်း ရရှိထားသည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် ဂျက် တိုက်လေ ယာဉ် ခေတ်အစပျိုးနေချိန်၌ ဗြိတိန်သည် Spitfire လေယာဉ်အစီး ၂၀၀၀၀ ခန့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်းတူးဖော် တွေ့ရှိမှုများမှ တစ်ဆင့် ၁၉၄၅ ခုနှစ်တွင် ဘာဖြစ် ခဲ့သနည်းဟူသော အကြောင်း အရာ အတွက် အဖြေများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း တူးဖော်ရေးအဖွဲ့တွင် ပါဝင်ခဲ့သော ရှေးဟောင်း သုတေသန ပညာရှင် အန်ဒီဘရော့ခ်မန်းက ပြောကြားခဲ့သည်။

ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ် ၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာ တွင် ခြောက် စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု တူးဖော်ရေးအဖွဲ့ကယုံကြည်ထားသည်။

လတ်တလောတွင် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်း ထားကြပြီး ယခုတူးဖော်မှုများမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါက အရေ အတွက် မှာ နှစ်ဆဖြစ်လာနိုင်ခြေရှိသည်။ ယခုတူး ဖော်မှုကြောင့် စစ်ပွဲသမိုင်းနှင့် လေ ယာဉ်အကြောင်း စိတ်ဝင်စား သူများကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ကြောင်း သိရသည်။

Eleven Media Group

ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ်ခဲ့သဖြင့် သြစတြေးလျနိုင်ငံသို့ ပေးပို့စစ်ဆေးသွားမည်

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်အနီး ပျက်ကျခဲ့သော Air Bagan လေယာဉ်၏ Black Box အား စင်ကာပူနိုင်ငံမှ လက်ခံစစ်ဆေးရန် ငြင်းပယ် ခဲ့သဖြင့် သြစတြေးလျနိုင်ငံ သို့ ဆက်လက်ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေထွန်းက ဇန်န၀ါရီ ၆ ရက် နေ့က ပြောကြားသည်။

''မီးလောင်ပြင်ထဲကနေ ဆွဲထုတ်ထားရတော့ ပျက်စီးမှု အတိုင်းအတာ များတဲ့အပြင် စင်ကာပူနိုင်ငံက ပစ္စည်း မပြည့်စုံတာကြောင့် လက်မခံတာပါ။ ဇန်န၀ါရီ တတိယပတ်မှာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှိတဲ့ Australian Transport Safety Bur-eau (ATSB) ကို ပေးပို့ပြီး ဆက်လက် စစ်ဆေးသွားမှာပါ'' ဟု ဦးဝင်းဆွေထွန်းက ဆိုသည်။

Black Box အား စစ်ဆေးရန် သြစတြေးလျနိုင်ငံသို့ ပေးပို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် များကိုယ်တိုင် သွားရောက်ပေးပို့သွားမည်ဖြစ်ပြီး၊ စစ်ဆေးရာတွင်လည်း ကော်မရှင်အဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင် စစ်ဆေးသွားမည်ဟု သိရသည်။

Black Box အား စစ်ဆေးရန် ကမ်းလှမ်းခဲ့သည့် စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံများမှ ဌာနများမှာ အစိုးရဌာနများသာဖြစ်ပြီး၊ Black Box အား အစိုးရဌာန အချင်းချင်းသာ ချိတ်ဆက်၍ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ) မှာ လေယာဉ်ပျံသန်းမှု အမြင့်၊ မြန်နှုန်း စသည့် လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား မှတ်တမ်းတင်သော ကိရိယာဖြစ်ပြီး၊ အချိန်တစ်လ အထိ မှတ်တမ်းတင်နိုင်သည့် Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) သည် လေယာဉ်မှူးနှင့် လေကြောင်းထိန်းသိမ်းရေး တာဝါ ဆက်သွယ်သော အသံများကို မှတ်တမ်းတင်ထားသော ကိရိယာဖြစ်သည်။

ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်းသော Air Baganလေကြောင်း လိုင်းမှ လေယာဉ် တစ်စီးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ် သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် ဧည့်လမ်းညွှန် တစ်ဦးနှင့် မြေပြင်မှ ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့သည်။

Eleven Media Group

ကေအိုင်အေ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိ

၅-၁-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခကျေးရွာနေ ရေမဆေးကျောက်ရှာသူ ဦးလော်စုန်းယိမ်း(၄၂)နှစ် သည် နေအိမ်သို့ရေမလာသဖြင့် ရှရော်ခချောင်းမှ နေအိမ်သို့ သွယ် တန်းထားသော တောင်ကျရေလာရာ ပိုက်လိုင်းအတိုင်း လိုက်လံ စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ နေအိမ်နှင့်(၆) ဖာလုံခန့်အကွာ အရောက်၌ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်း(၁)လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ၀ဲလက်ဖျံမိုင်းစထိမှန်၊ ၀ဲဘက်ပေါင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသလျက်ရှိကြောင်း သတင်း ရရှိသည်။

ဒီကပါ။

KIA အဖွဲ့သည် အစိုးရကို ပုန်ကန်နေသောသူပုန်အဖွဲ့ဖြစ်ကြောင်း KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ကိုယ်တိုင်ထုတ်ဖော် ၀န်ခံပြော ကြားခြင်း


ယခုတလော အင်တာနက်စာမျက်နှာတွေပေါ်မှာ အစိုးရ တပ်တွေ က KIO/ KIA အဖွဲ့အပေါ် လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေ မှုန်းတဲ့ သတင်းများနှင့်အတူ ဂယောင်ချောက်ချားနဲ့ သက်ပြင်း တချချလုပ်ပြီး ဘုရားသခင်က တိုက်ခိုင်းလို့ ကျူးကျော်သူ ဗမာတပ်ကို တိုက်ခိုက်နေ ရပါတယ် ဆိုတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ Interview ကို အံ့သြဖွယ်ရာ နားထောင်လိုက်ရပါတယ်။

ဘာဖြစ်လို့ အံသြရသလဲဆိုတော့ ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ Interview ဖြေဆိုချက်တွေအရ KIA အဖွဲ့ ဟာ အစိုးရကို ပုန်ကန်နေတဲ့ သူပုန်အဖွဲ့ဖြစ်ကြောင်း၊ တရုတ်ဗဟိုအစိုးရက KIA ကို မထောက်ခံပေမဲ့ ယူနန်ပြည်နယ် အစိုးရနဲ့ ရွှေလီမှာရှိတဲ့ တရုတ်စီးပွားရေးသမားများက KIA ကို ထောက်ခံနေကြောင်း၊ တရုတ်ပညာရှင်များ အကူအညီနဲ့ လက်နက်များထုတ်လုပ်သုံးစွဲပြီး တိုက်ပွဲကြီးများကို ရင်ဆိုင်နိုင်တဲ့ စစ်သွေး ကြကချင် လူမျိုးများ စုစည်းမှုရှိနေကြောင်း၊ ကချင်အချင်းချင်း စည်းလုံးညီညွတ်မှုရှိလာပါတယ်လို့ပြောပြီး လချိတ်လူမျိုး အများစုဖြစ်တဲ့ NDAK အဖွဲ့က ဘိန်းစိုက်နေကြောင်း ၊ ဗမာလူမျိုးများက ကချင်တွေကို မူးယစ်ဆေးဝါးရောင်းခိုင်း၊ စိုက်ခိုင်း၊ သုံးစွဲခိုင်းတယ်ဆိုတဲ့ ယုတ္တိမရှိတဲ့စွပ်စွဲချက်တွေနဲ့ ကိုယ့်ကချင်လူမျိုးတွေ ကိုနိမ့်ချပြီး ကချင်တွေဟာ ဘိုးဘွား အစဉ်အဆက်မူးယစ်ဆေးဝါးသုံးစွဲတတ်တယ်ဆိုတဲ့ အကြောင်းအရာ တွေကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မကြောက်မလန့်နဲ့ ခပ်တည်တည် Internet မှတစ်ဆင့် သက်သေခံချက် ဆိုပြီး ကိုယ်တိုင်ထုတ်ဖော်ဝန်ခံ ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် Interview မေးမြန်းသူရဲ့ ပညာသားပါတဲ့ အတို့ အထောင်ေ မးခွန်းတွေအပေါ် လူမျိုးရေး အမြင်ကျဉ်းမြောင်းတဲ့ ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ ပြောကြားချက်များကြောင့် ကချင် လူမျိုးများကို နိုင်ငံတကာမှ သနားညှာတာမှု၊ မေတ္တာသက်ဝင်မှုမဖြစ်စေဘဲ တယူသန်၊ ခေါင်းမာသူများရဲ့ လက်နက်အားကိုး ၊ အကြောက် တရားနဲ့ ဖိနှိပ်ခံထားရတဲ့ ပညာမတတ်၊ ဆင်းရဲနုံချာတဲ့ ဘ၀ပေးမကောင်းသူလူ့အသိုင်းအ၀န်း အဖြစ်သာ မြင်စေပါတယ်။

အဆိုးဆုံးကတော့ ဘုရားသခင်ရဲ့အလိုကျ၊ ဘုရားသခင်ရဲ့ ခိုင်းစေချက်ကြောင့် စစ်တိုက်နေရပါတယ် ဆိုတဲ့ အယူအဆဟာ ဒီနေ့ကမ္ဘာက လက်မခံတဲ့ အစ္စလာမစ်အစွန်းရောက်အကြမ်းဖက်အဖျက်သမား များရဲ့ အယူအဆနဲ့ထပ်တူ ဖြစ်နေတာကို စိုးရိမ်ဖွယ်ရာ မြင်တွေ့နေရပြီး ဒီလိုလူမျိုးတွေ KIA အဖွဲ့တွင်း ရှိနေခြင်းဟာ ကချင်မျိုးနွယ်စုများအတွက် အလွန် အန္တရာယ်ကြီးပါတယ်။

ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့အမိန့်အရ ဒီနေ့ ကချင်ပြည်နယ်အတွင်းမှာ စစ်ပွဲများနဲ့ မဆိုင်တဲ့ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာ၊ အပြစ်မဲ့တဲ့ ကချင်လူငယ်တွေ ကိုယ့်မိုင်းကိုယ်ကွဲပြီး သေကြေပျက်စီး ရတာ၊ အဖိုးအဖွား ကလေးငယ်တွေ ဒုက္ခသည်စခန်းကို ရောက်ရှိရတာ၊ အေးချမ်းစွာလုပ်ကိုင်စားသောက်နေတဲ့ ပြည်သူ လူထု ကို အခွန်ဆိုပြီး မတရားသဖြင့် ဆက်ကြေးကောက်ခံတာတွေကို ဘုရားသခင်ခိုင်းလို့ လုပ်ရပါတယ် ဆိုတာ ကတော့ ရူးကြောင်ကြောင် သွေးရူးသွေးတန်းစကား ဖြစ်ပါတယ်။ သူပုန်အဖွဲ့ရဲ့ အဖျက်လုပ်ရပ်တွေကို ကျွန်တော်တို့ ကချင်လူမျိုးများ အပါအ၀င် ယဉ်ကျေးတဲ့လူ့အသိုင်းအ၀န်းက လက်ခံမယ်မထင်ပါဘူး။ ဒါ့ကြောင့်လည်း ဘုရားသခင်ရဲ့ အမည် နာမတော်နဲ့ သမ္မာကျမ်းစာတွေကို အစွန်းရောက်ပြီး အဓိပ္ပါယ်ကောက်မှားတဲ့ တစ်နေ့သုံးကြိမ် ဘုရားဝတ်ပြုတဲ့ စာတန်ဂမ်ရှောင်ကို ဘုရားသခင်ရဲ့အလိုတော် ကျ တပည့်များကလက်စွမ်းပြ လိုက်ပြီဖြစ် ပါတယ်။ ဗိုလ်ချုပ် ဂမ်ရှောင်ကို ဘုရား သခင် ကောင်းချီးပေး ပါစေ.....

Kachin Daily News