ဦးဇင်ဝိုင်းတို့ ဇာတ်ညွှန်း၊ဇာတ်လမ်း အကယ်ဒမီများ ပုံအောပေးခဲ့သော ဇာတ်ကားသည် ကော်ပီ စစ်စစ်ဖြစ်


ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ (၈) ခု ရရှိသွားသော ထာဝရအလင်းတန်းများ ဇတ်ကားသည် တရုတ်ရုပ်ရှင်အား တိုက်ရိုက်ကော်ပီရိုက်ကူးထားတာ ဖြစ်ပါကြောင်း .............

- ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး (အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု)
- ဒါရိုက်တာ ထွန်းအောင်ဇော် (အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု)
- နောင်နောင် (အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု)
- မယ်လိုဒီ (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု)
- မော့စ် (အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု)
- ဟိန်းထက် (လယ်ဝေး) (အကောင်းဆုံးတည်းဖြတ်ဆု)
- ဇော်မျိုးထွဋ် (အကောင်းဆုံးတေးဂီတဆု)
- မြင့်ဆောင်၊ စိုးကျော်ဆန်း (အကောင်းဆုံးဇာတ်ညွှန်းဆု)

ကော်ပီကူးချသည်ဆိုသော ဇာတ်ကား ကြည့်ရန်-




■ 1 Link >> http://www.youtube.com/watch?v=Wk7AOXAV8e0

■ 2 Link >> http://www.1channel.ch/watch-245253-The-Road-Hom

■ 3 Link >> တော်တော်နာမည်ကြီးတဲ့ ကားဘဲ။ http://en.wikipedia.org/wiki/The_Road_Home_%281999_film%29

ဓါတ်ပုံ - အဂ္ဂမဟာ ဒီမိုဖက်တီး

ဒီကပါ။

တပ်မတော်သားများကိုယ်စားပြောကြားလိုပါတယ်

တပ်မတော်နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေး ဆန်ဆန် ဝေဖန်မှုများ၊ မီဒီယာ ကျင့်ဝတ် မပီသမှုများကြောင့် ရှင်း လင်းပေး သည့် တာဝန်ရှိသူ တစ်ဦး၏ စာအား ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပါသည်။
=====================================================


ကျွန်တော်ဟာ စာရေးဆရာမဟုတ်သလို စာရေးဖို့ဝါသနာပါသူလဲမဟုတ်ပါဘူး။ ဒါပေမယ့် ယခု ကချင်ပြည် နယ် အတွင်း တိုက်ပွဲများတိုးမြှင့်ဖြစ်ပွားလာနေမှုနဲ့ပတ်သက်ပြီး မီဒီယာလော ကသား တဖြစ်လဲ နိုင်ငံရေး အသွေး အရောင် ပါသူများ၊ အထူးသဖြင့် ယခင်ခေတ်အဆက်ဆက် အစိုးရ အပေါ် ပုဂ္ဂိုလ်ရေး မကျေနပ်သူ များ၊ မီဒီယာရဲ့ ကျင့်ဝတ်သိက္ခာဖြစ်တဲ့ ဘက်လိုက်ရေးသားမှု မပြုရန်ဆိုတဲ့ အချက်ကို ဖီလာ ဆန့်ကျင်နေ တဲ့ မီဒီယာ နဲ့ မီဒီယာ သမားအချို့ ရဲ့ရေးသားဖော်ပြမှု ပြောကြားမှုတွေဟာ သိပ်ကို အန္တရာယ် များလာ တယ် လို့ ယူဆတဲ့ အတွက်ရယ်၊ တပ်မတော် သားများနဲ့မိသားစုတွေအပေါ် ပြည်သူတစ်ရပ်လုံးက အထင် အမြင် မလွဲ မှားစေ ချင် တာရယ်ကြောင့် ရယ်၊ တပ်မတော်သား မိသားစုများရဲ့ခံစားချက်ကို ကိုယ်စား ဖွင့်ဟလို တာေ ကြာင့် ယခုလိုစာရေး ဖြစ်ခဲ့ပါတယ်။

ကျွန်တော်ဟာ တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်ဆဲ ဦးစီး အရာရှိတစ်ဦးပါ။ မကြာခင်က တပ်မှူး တစ်ဦး အဖြစ်နဲ့ စစ်ဆင်ရေး တာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးပါ။ ဒါကို ဘာကြောင့်ပြောနေ ရသလဲဆိုရင် အခြေအမြစ် မဲ့ (သို့မဟုတ်)အမြင် တစ်ဖက် နဲ့မှန်းဆပြီး သုံးသပ်နေခြင်း မဟုတ်ပါဘူး ဆိုတာ သိစေ ချင်လို့ပါ။



မကြာသေးခင် ကာလတွေ အတွင်းက ကချင်ပြည်နယ် အနှံ့အပြားမှာ တပ်မတော်သား အရာရှိ/စစ်သည် အများ အပြား ကေအိုင်အေ ရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ ရပါတယ်။ တစ်ရက်ထဲ လေးငါးဆယ် ရှိခဲ့ပါတယ်။ စစ် သား အိုကြီး တစ်ယောက်က ဘာပြောလဲဆိုတော့ '' ငါတို့ခေတ်က မာလှပါပြီဆိုတဲ့ ဗကပ စခန်းကို တိုက်ပြီး သိမ်းခဲ့ တာ တစ်ရက်ထဲ/ တစ်ပွဲထဲ ဒီလောက် မကျဖူးဘူးဟု''ပြောပါတယ်။ ကျွန်တော်က နိုင်ငံတော် သမ္မတ ရဲ့ညွှန်ကြားချက် အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထုတ်ထားတဲ့ညွှန်ကြား ချက်တွေကို ရှင်းပြခဲ့ ပါတယ်။

''တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အထင်အမြင် လွဲမှားစေမည့် (သို့မဟုတ်) အပစ်အခတ် ရပ်စဲေ ရးနှင့် ငြိမ်းချမ်း ရေး တည် ဆောက် နေ မှုအား အဟန့်အတားဖြစ်စေမည့် ရှင်းလင်း ချီတက်မှု များမပြု လုပ်ရ''၊ ''အထင်အမြင် လွဲမှား စေနိုင် သည့် နယ်မြေရှင်း လင်းခြင်း၊ သေနတ် ပစ်ဖောက်ခြင်းမပြုရ''၊ ''မိမိကိုယ် ကို ခုခံကာကွယ်ရုံ မှအပ စတင် ၍ ပစ်ခတ် တိုက်ခိုက်ခြင်းမပြုရ'' စသည့်ညွှ န်ကြားချက်များကို တစ်နိုင်ငံ လုံးရှိ စစ်ဆင်ရေး တာဝန် ထမ်းဆောင် နေတဲ့ တပ်များကို ညွှန်ကြားခဲ့ပါတယ်။


အဲဒီညွှန်ကြားချက် များအတိုင်း လိုက်နာခဲ့ရ ပါတယ်။ မလိုက်နာလို့မရပါဘူး။ ဒါဟာညွှန်ကြားချက် အမိန့် ဖြစ် ပါတယ်။ သို့သော်လည်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းများ အနေနဲ့ လစဉ် လစာပေး အဖွဲ့ သွားရောက်ခြင်း၊ ရိက္ခာ ထုတ်ခြင်း၊ သင်တန်းတက်၊ ကျန်းမာရေးမကောင်း စသည်ဖြင့် တပ် ရင်း ဌာန ချုပ်ကို အသွားအပြန် လုပ်ရတဲ့ ကိစ္စရပ်တွေရှိပါတယ်။

ဒီလိုဆောင် ရွက်တဲ့အခါမှာ ကေအိုင်အေ က အဝေး ထိန်းကြီးကြပ် မိုင်းဖောက်ခွဲပြီး ချုံခို တိုက်ပါတယ်။ ကျွန်တော် တို့ အနေနဲ့ ညွှန်ကြားချက်အမိန့်ဖြစ်တဲ့ ''မိမိကိုယ်မိမိခုံခံကာကွယ်ရုံမှအပ စတင်၍ ပစ်ခတ် တိုက် ခိုက်ခြင်း မပြုရ''ဆိုတဲ့ အမိန့်အရ ခြုံခိုတိုက်ခိုက်တဲ့ အခါမှာ အမြဲတမ်း ခံရပါတယ်။ တွေ့ဆုံ တိုက် ပွဲဖြစ် ပွားရာမှ စတင်ပြီးချိန်ရွယ် ပစ်ခတ်ရသူ (သို့မဟုတ်) စတင်ပစ်ခတ်နိုင်သူက သေချာစွာ ချိန်ရွယ် ပစ် ခတ်ခြင်းဖြစ် တဲ့အတွက် တစ်ပန်းသာပါတယ်။

အဲဒီအပေါ်မှာကေအိုင်အေ က အခွင့်ကောင်းယူပြီး ပထမ အုပ်ချုပ်မှု ကိစ္စတွေ အတွက် သွားလာနေတဲ့ တပ်မတော် စစ်ကြောင်း ငယ်တွေကို ချုံခိုတိုက်တယ်။ နောက်ပိုင်း ရှေ့တန်းစခန်းငယ်တွေကို အင်အား သုံး တိုက် တယ်။ စစ်ဘက် ပစ်မှတ်မဟုတ်တဲ့ ရထားလမ်း၊ တံတားများနဲ့ ခရီးသည် ယာဉ်တွေကို မိုင်းဖောက် ခွဲတိုက်ခိုက် မှုတွေလုပ်တယ်။ နောက်ဆုံး မိုးကုတ်မြို့ဝန်းကျင်နဲ့ ရဲစခန်းပါ မကျန် အခွင့်ကောင်း ယူအမြတ် ထုတ် တိုက်ခဲ့တာ ကိုတွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ကချင်ပြည်နယ် မှာ အသက်ပေါင်း ရာနှင့် ချီ စတေးပြီး သည်းခံ ခွင့်လွှတ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး အတွက် အဆုံးစွန်သော စွန့်လွှတ် ခြင်း နဲ့ စတေးခဲ့ရပါတယ်။


အထက်မှာ ပြောခဲ့တဲ့ စစ်တပ်အပေါ် ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် မျှမျှတတမကြည့်တဲ့ ပုဂ္ဂိုလ်ရေး နာ ကျည်း ခဲ့သူ များက နိုင်ငံရေးသမားယောင်ယောင်နဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် လွန်စွာ မှစေတနာ ရှိသော၊ အမျိုး ကို လွန်စွာမှ ချစ်တတ်သော၊ တိုင်းပြည်ကြီးအေး ချမ်းရေးအတွက် မဆုတ် မနစ် ကိုယ်ကျိုး စွန့်နေေ သာ ပုဂ္ဂိုလ်များ အဖြစ် အသံကောင်း ဟစ်နေတာတွေ့ရပါတယ်။ ပါးစပ်နဲ့အ သံကောင်း ဟစ် တာကလွယ် ပါတယ်၊ နိုင်ငံနဲ့ တိုင်းရင်း သား လူမျိုးတွေအတွက် လက်တွေ့ ဘယ်လောက် လုပ်ခဲ့ပြီးပြီလဲလို့ ကိုယ့်ဘာ သာပြန်မေးကြည့် ပါအုံး။ ငြိမ်းချမ်း ရေး အတွက် အထက် ကပေးထားတဲ့ အမိန့်ညွှန်ကြားချက်ကို အသက်နဲ့ စတေးပြီး လိုက်နာခဲ့တဲ့ ကျွန်တော်တို့ အရာရှိ စစ်သည်များ ကိုယ်စား၊ သူတို့ရဲ့ဇနီးမယား၊ သားသမီး၊ မိဘေ တွ့ ရဲ့ကိုယ်စား ကျွန်တော့် အ နေနဲ့ အဲဒီပုဂ္ဂိုလ်များကို ပြောလိုတာကတော့ အသက်နဲ့ ခန္ဓာကိုယ်ရင်းပြီး စစ်တိုက်ေ နရတဲ့ ကျွန်တော်တို့ စစ်သားတွေက ခင်ဗျား တို့ထက် ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုတာပါပဲ။ ငြိမ်းချမ်းရေး အလိုလား ဆုံးက စစ်သားပါပဲလို့ တပ်မတော် သားများ ကိုယ်စားပြောလိုပါတယ်။

ဒီကပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကျော်လွှားရမည့် အတားဆီးများ

(၁) ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်သည် ဟုပြောသည်။ ပြောသင့်ပြောထိုက် ပါသည်။ သို့သော် သမ္မတ ဖြစ်ဖို့ ဖြတ်ကျော်ရမည့် အတား အဆီးကြီးများ ရှိနေတာကို သတိပြုရပါမည်။
မော်စီတုန်းကတော့  “နိုင်ငံရေးအာဏာ ဟာ သေနတ် ပြောင်းဝက ထွက်တယ်” လို့ ပြော ခဲ့သည်။ တရုတ်ပြည်ရဲ့ ထူးခြား ချက်အရ ဒီလို ပဲပြောရမည်။ တရုတ်ပြည်မှာက ပြည်တွင်းစစ် သည်းကြီးမဲကြီးဖြစ်နေသည်။ ဘယ်တုန်းကမှ ရွေးကောက် ခံအစိုးရမရှိခဲ့။ ပြည်တွင်းစစ်ကို ရာစုနှစ်နဲ့ချီပြီး တိုက်နေသည်။ ထို့ကြောင့် နိုင်ငံရေးအာဏာရလိုလျှင် ပြည်တွင်းစစ်ကို နိုင်အောင်တိုက်ရလိမ့်မည်။
ဗမာပြည်မှာက ကိုလိုနီခေတ်ကတည်းက (ဘာပဲပြောပြော) “ရွေးကောက်ပွဲ” တွေ ရှိခဲ့ဖူးသည်။ လွတ်လပ်ရေးရတော့ လည်း ရှိသည်။ (၁၉၆၂ – ၁၉၈၈) နှစ်ပေါင်း ၂၆ နှစ်မှာပဲ ပါတီစုံရွေးကောက်ပွဲ မရှိခဲ့ချေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က “၂၀၀၅ ရွေးကောက်ပွဲ” ကို မျှော်ကြည့်ပြီး “သမ္မတ ဖြစ်ချင်တယ်” ပြောတာ ဖြစ်လိမ့်မည်။ 

(၂) သမ္မတဖြစ်ရေးအတွက် အတားအဆီးကြီး (၂) ခုကိုတော့ ကျော်ဖြတ်ရလိမ့်မည်။
- ပထမ အတားအဆီးမှာ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ (၅၉) (ခ) ပါ ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ ဖြစ် သည်။ (ကံကြမ္မာရဲ့ သရော်ချက်လို့ပဲ ပြောရမလားမသိ။ ထို ကန့်သတ်ချက်က ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ချမှတ်ခဲ့တဲ့ ကန့် သတ်ချက် ဖြစ်နေတယ်။ သူ့သမီးကို အမှုလာပတ်လိမ့်မည်ဟု ဖခင် ဗိုလ်အောင်ဆန်း ဘယ်လိုမှ စဉ်းစားမိမှာ မဟုတ်။ သူ့ခေတ်ကတော့ ဖဆပလ အတိုက်အခံတွေကိုပဲ ဦးတည်ပြီးချမှတ်ခဲ့တာ ဖြစ်သည်။)

- ဒုတိယ အတားအဆီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်လောက်အောင် ပုဒ်မ (၄၃၆) ဖြင့် ကန့်သတ်ထားတာ ဖြစ်သည်။

(၃) ထိုအခက်အခဲ ၂ ခုကို ကျော်ဖြတ်ဖို့ နည်းလမ်းကို ဒေါ်အောင်ဆန်းစုကြည် ရှာနေပုံပေါ်သည်။ အမေရိကန်ကတော့ စစ်တပ်ချင်း ပြန်လည်သင့်မြတ်ဖို့ ထိုင်း (ယိုးဒယား) က တဆင့် အပေါ်စီးက ချဉ်းကပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ စစ်တပ် (တပ်မတော်) ကို စိတ်နဲ့တောင် မပစ်မှားတဲ့နည်းနဲ့ ချဉ်းကပ်နေတယ်။ အမေရိကန်လို အထက်စီးက နေ မချဉ်းကပ်ဝံ့။ တိုးလျှိုးသည့်နည်းဖြင့် ချဉ်းကပ်သည်။ အသေးစိတ် မပြောတော့ပါ။ မပြောရက်ပါ။ (ဆင်ကောင်ကြီး တွေ့နေပါလျက်နဲ့ အချိန်ကုန်ခံပြီး ဆင်ခြေရာရှာနေတဲ့ လက်ပန်တောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်လုပ်ရပ်ကို ကြည့် ပါ။ ဟိုတုန်းက ပြောခဲ့သမျှတွေကို လုံးဝချေဖျက်ပစ်နေတာကိုလည်း ကြည့်ပါ။)

(၄) စစ်ဗိုလ်အမတ်ရဲ့ မဲရဖို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လာက်လုပ်နိုင်မလဲဆိုတာက “စစ်ဗိုလ်အမတ်” ကို ချုပ်ကိုင် ထားတဲ့ “ကာကွယ်ရေးဦးစီးချုပ်” နဲ့ ဘယ်လောက်နားလည်မှုယူနိုင်မလဲဆိုတာ အပေါ်မှာ တည်သည်။ ကျားကို သက် သတ်လွတ်စားဖို့ ဖျောင့်ဖျရတာထက် ခက်သည်ကတော့ သေချာသည်။ ဒါကြောင့်ပဲ အမေရိကန်၏ စစ်တပ်ချင်း ပြန် လည် သင့်မြတ်ရေးနဲ့ ခြေလှမ်းညီအောင်ညှိပြီး လုပ်နေတာ ဖြစ်လိမ့်မည်။

- ဗိုလ်နေဝင်း တော်လှန်ရေးကောင်စီမှာ ဂျပန်စစ်ကျောင်းဆင်းတွေပါသလို ဦးသိန်းစိန်အစိုးရမှာက အမေရိကန်ကျောင်း ဆင်းတွေ ပါနေသည်။ သူတို့က ဦးသိန်းစိန်အစိုးရရဲ့ အတွင်းစည်းလို လုပ်နေသည်။ အတော်ခြေလှမ်းသွက်နေသည်။

(၅) မိမိတို့ထည့်တွက်ရမှာက အမေရိကန်နဲ့ တရုတ်ရဲ့ ဗမာပြည်ဆိုင်ရာပေါ်လစီများ ဖြစ်သည်။ ဒါကိုတော့ နောက်မှ သီး ခြားတင်ပြပါမည်။

(၆) အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပြီဆိုပါဦးတော့ “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” (ကာ/လုံ) ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်က လွတ်ပါ့မလား။ လုပ်ချင်ရာလုပ်လိုပ ရပါ့မလား။ သံသယ အများကြီးရှိသည်။

- ၂၀၀၈ အခြေခံဥပဒေ တခုလုံးကို မဖျက်သိမ်းနိုင်သမျှ ဘယ်သူပဲ သမ္မတတက်လုပ်လုပ် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲ ရေး လုပ်နိုင်မှာ မဟုတ်။

(၇) ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်တာကို မိမိတို့ အားပေးပါသည်။ သူ့မှာလုပ်ခွင့်ရှိလျှင် အခြေခံလူတန်းစား များရဲ့ ဒီမိုကရေစီအခွင့်အရေးများ ရနိုင်လောက်ရဲ့ဟူသော မျှော်လင့်ချက်နဲ့ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ရဲ့ အခြေခံ များကို သူ့အနေနဲ့ နည်းနည်းမှထိပါးအောင် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မိမိတို့တွက်ပြီး ဖြစ်သည်။

ဘဝင်း
(၁ – ၁ – ၂၀၁၃)

ဝန်ကြီးချုပ်၏ တရားဝင်အတည်ပြုချက် အောက်ခြေကပြောင်းလဲလိုက်ဟုဆို


ပဲခူးတိုင်းဒေသကြီး ကျောက် ကြီးမြို့လယ် ဘေလီတံတားကို (၂၁.၉.၂၀၁၂)ရက်တွင် ၀န်ကြီး ချုပ်က(၃)ပေအမြင့်တည်ဆောက် ရန် အတည်ပြုသတ်မှတ်ပေးခဲ့ သော်လည်း ယခုအခါ ပြောင်းလဲ ၍၈ပေအမြင့်တည်ဆောက်ရန် ပြောင်းလဲလိုက်တဲ့အတွက်ကြောင့် နေအိမ်ဖျက်သိမ်းခံရမည့် ကာယ ကံရှင်များမှာ များစွာနစ်နာကာ ထပ်မံ၍၀န်ကြီးချုပ်ထံစာတင်ရ တော့မည်ဖြစ်ကြောင်း ကာယကံထံများမှသိရှိရသည်။

အဆိုပါတံတား စီမံကိန်း အတွက် ၀န်ကြီးချုပ်ကိုယ်တိုင် (၂.၉.၂၀၁၂)ရက်တွင် တံတား ရဲ့အခြေအနေကို စစ်ဆေးကာ အမြင့်(၃)ပေ တံတားအဖြစ် ဆောက်လုပ်ရန် သက်ဆိုင်ရာဌာန သို့ ညွှန်ကြားထား ခဲ့သော်လည်း မြို့နယ်တာဝန်ရှိပုဂ်္ဂိုလ်များက ၀န် ကြီးချုပ်၏အတည်ပြုချက်မဟုတ် ပါဘဲ (၈)ပေအမြင့် တံတားစီမံကိန်း အဖြစ်ပြောင်းလဲသတ်မှတ်ကာ မကြာမီတည်ဆောက်တော့မည် ဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် မဝေမာသီက ““အခုပြောင်းလိုက်တဲ့(၈)ပေ အစီ အစဉ်ဟာ ၀န်ကြီးချုပ်ရဲ့ အစီ အစဉ်မဟုတ်ဘူး။ဝန်ကြီးချုပ်ကိုယ် တိုင်လာရောက် စစ်ဆေးပြီး (၃) ပေလို့ အတည်ပြုပြီးပြီ။ကျွန်မတို့ ကို လက်မှတ်ထိုး၊ခိုင်းထားပြီးပြီ ဒီ အခြေအနေက ကျွန်မတို့ရဲ့ အိမ် တွေ ဖျက်ရမယ်၊ပြောင်းရမယ်။ကျွန်မတို့မြို့ကလူတွေဟာစစ်ဘေး စစ်ဒဏ်ကြောင့်အဲဒီလောက် မတတ် နိုင်ကြဘူးလေ။အခုမှသာ ငြိမ်းချမ်း ရေးဆိုတာဖြစ်လာလို့ အလုပ်လုပ် မယ်ကြံတယ်။အခု တံတားစီမံ ကိန်းကြောင့်ဒုက္ခရောက်ရဦးမယ်။ စီမံကိန်းအရလုပ်မယ်ဆိုရင်လည်း လုပ်ပါကျွန်မတို့တစ်တွေ ကတော့ ၀န်ကြီးချုပ်ကိုပြန်ကြည့်ပေးပါဦးလို့ ပဲပြောချင်ပါတယ်””ဟုဆိုပါသည်။

ယင်းတံတား စီမံကိန်း အတွက် ၀န်ကြီးချုပ်ကိုရော၊သမ်္မ တကိုရော၊မြို့နယ်တာဝန်ရှိသူတွေ ကိုရောပါ ထပ်မံစာတင်ထားသည် ဟုသိရသည်။ အကယ်၍များ တာဝန်ရှိသူတွေက အကောင် အထည်ဖော် မပေးနိုင်ရင် မိမိတို့ အနေနဲ့သက်ဆိုင်ရာဌာနများသို့ ဥပဒေအတိုင်းစာတင်ကာ ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော် ရမည်ဖြစ် ကြောင်း ဒေသခံကိုဝင်းလွင်က ဆိုထားပါသည်။

http://www.hotnewsweekly.com/archives/15455

လေယာဉ်မှူးဖြစ်လိုသူများ ၀င်ခွင့်လျှောက်ထားနိုင်


နိုင်ငံတကာလေကြောင်းလိုင်းများတွင် လေယာဉ်မှူးအဖြစ်တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် မလေးရှားနိုင်ငံ HM Aerospace Academyတွင် ၀င်ခွင့်များစတင်လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းမှ သိရသည်။

ပြည်တွင်းနှင့်နိုင်ငံတကာလေကြောင်းလိုင်းများတွင် လိုင်စင်ရ professional pilot ဖြစ်လိုသူများအတွက် အထူးသင့်တော် သော Commercial Pilot's Licence and Instrument Rating (Aeroplane) with Frozen Airline Transport Pilot's Licence Course (CPL/IR (A) with Frozen ATPL) ဘာသာရပ်အတွက် မလေးရှားရှိ HM Aerospace Academyတွင် ၀င်ခွင့်များ လျှောက်ထားနိုင်ခြင်းဖြစ်သည်။

“သင်တန်းမှာကျောင်းသားများအနေနဲ့ပြင်သစ်နဲ့သြစတြေးလျနိုင်ငံလုပ်အင်ဂျင်နှစ်လုံးတပ်လေယာဉ်တွေနဲ့ လက်တွေ့ လေ့ကျင့် သင်ယူရမှာဖြစ်ပါတယ်။Flight-Trainingနဲ့Ground-Trainingပြီးသွားရင်Commercial-Pilotလိုင်စင်ဖြေဆိုရမှာပါ။လေ ယာဉ်မောင်း လိုင်စင်စာမေးပွဲကို Department of Civil Aviation,Malaysia နှင့်United Kingdom Civil Aviation Authority International (UK CAAI) တို့မှစစ်ဆေးပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရရှိမှာပါ။ ပြီးရင် Airline Transport Pilot’s Licence ရရှိဖို့ အသက် ၂၁ နှစ် နှင့် နာရီ၁၅၀၀ ကျော်ပျံသန်းမောင်းနှင်ဖူးတဲ့ အတွေ့အကြုံရှိရမှာပါ”ဟု ၀န်ဆောင်မှုပေးမည့် Crown Education Centerမှ ဦးအောင်ကျော်ဆန်းက ပြောသည်။

မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး IELTS အမှတ် မလိုအပ်ကြောင်းကိုလည်း သိရသည်။ လျှောက်ထားသူမှာ ကျန်းမာရေးကောင်းမွန်ရန်လိုအပ်ပြီးထို့ DCA မှသတ်မှတ် ထားသောဆေးစစ်ချက် အဆင့်(၁) ကိုအောင်မြင်ရမည်ဖြစ်သည်။

ကျောင်းလခ မှာ (၁၈)လစာ accomm odation အပါအ၀င် မလေးရှားရင်းဂစ် ၂၇,၀၀၀ visa processing fees မလေးရှားရင်းဂစ် ၂၀၀၀ ကုန်ကျမည် ဖြစ်သည်။

ကျောင်းဝင်ခွင့်လများမှာ ဖေဖေါ်ဝါရီ၊ မေ၊ ဇူလိုင်နှင့်စက်တင်ဘာလတို့ဖြစ်သည်။

ကျောင်းသားများအနေဖြင့်ခေတ်မှီပြည့်စုံသောသင်ထောက်ကူပစ္စည်းများနှင့်အတူ Aircraft Simulator အခန်းတွင် လေ့ကျင့် သင်ကြားရမည်ဖြစ်သည်။ လက်တွေ့Flight Training အတွက် နာရီပေါင်း ၂၀၀ ကျော် ၊ Ground Training အတွက် မော်ဂျူး(၁၇)ခုကို နာရီပေါင်း ၉၂၀ ကျော်သင်ကြားရမည်ဖြစ်သည်။ သင်ယူရမည့်မော်ဂျူးများမှာ Aircraft General ၊ Navigation, Meteorology & Radio Aids ၊ Principles of Flight ၊ Power Plant ၊ Electrics ၊ Mass & Balance ၊ Human Performances & Limitations ၊ Air Law I & II နှင့်Operational Procedures တို့ဖြစ်သည်။

သင်ယူနိုင်သောဘာသာရပ်များအနေမှာ Commercial Pilot's Licence and Instrument Rating (Aeroplane) with Frozen Airline Transport Pilot's Licence Course (CPL/IR (A) with Frozen ATPL) (၁၈)လ၊ Abridged Course (CPL/IR (A) with Frozen ATPL) (၃၅ ပတ်)၊ Private Pilot's Licence Course (PPL) (၁၃ ပတ်) ၊ Assistant Flight Instructor Course (AFI) (၁၂ ပတ်)ဖြစ်သည်။

“မြန်မာနိုင်ငံမှာစီးပွားရေးနဲ့နိုင်ငံတကာခရီးသွားများကြောင့်လေကြောင်းလိုင်းတွေရော၊လေယာဉ်အစင်းရေတိုးချဲ့ပျံသန်းလာတာ ကြတာနဲ့အညီ လိုင်စင်ရလေယာဉ်မောင်းနှင်သူတွေ လိုအပ်လာပါတယ်။ ဒီဘာသာရပ်က လိုင်စင်ရ professional pitot တစ်ဦးဖြစ်လိုသူများအတွက်အထူးသင့်တော်ပါတယ်။”ဟု ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

HM Aerospace မှာ မလေးရှား၏ နာမည်ကျော် လေကြောင်းလေကျင့်သင်ကြားရေး အကယ်ဒမီဖြစ်ပြီး Department of Civil Aviation,Malaysia မှ အသိအမှတ်ပြုထားသည်။ မလေးရှားလေကြောင်း(DCA)သည် International Civil Aviation Organisation (ICAO) ၏အဖွဲ့ဝင်လည်းဖြစ်သည်။

အာရှအကောင်းဆုံး လေကြောင်း လိုင်းစာရင်းဝင် သော Malaysia Airlines မှ လေယာဉ်မှူးလောင်းများကိုစေ လွှတ်လေ့ကျင့်ရာကျောင်းလည်း ဖြစ်သည်။ နှစ်စဉ်နိုင်ငံစုံမှ လေယာဉ်မူး ၂၀၀ ကျော်မွေး ထုတ်ပေးသော ကျောင်း ဖြစ်ပြီး Langkawi International Airport အနီးအနားတွင် တည်ရှိသည်။

အဆိုပါဝင်ခွင့်လျှောက်ထားလိုသူများနှင့် အသေးစိတ်သိရှိလိုသူများ CROWN Education Consulting Office အမှတ် ၂၇၀၊ ပထမထပ် ၊ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇ နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့သို့ဆက်သွယ်စုံစမ်း နိုင်သည်။

ဒီကပါ။

လက်အဆစ် ချိုးလျှင်

လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင် လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ် ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုးအဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး သွားခြင်း ဖြစ် ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများအပေါ်လည်း သက်ရောက်မှု ရှိပါ တယ်။ အဓိကကတော့ ဆဲလ်တစ်ရှုးများအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုးတယ် ရယ်လို့ မဟုတ်ပဲ ချိုးတဲ့ အဆစ်များအားလုံးဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက် ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်းများတယ်လို့ ဆေးပညာရှင်များက ဆိုထားတယ် လို့ သိရပါတယ်။

ဒီကယူပါတယ်။

ပြည်တွင်းတွင်နောက်ပိုင်းပေါ်လာမည့် Made In Myanmar ပစ္စည်းများ

နိုင်ငံတကာ ကားစက်ရုံ၊ ဖုန်းစက်ရုံ၊ TV ထုတ်လုပ်သည့် စက်ရုံ၊ ကွန်ပျူတာ ထုတ်လုပ်သည့် စက်ရုံများ မြန်မာနိုင်ငံသို့ဝင် ရောက်ဖွယ်ရာရှိကြောင်း အဆိုပါ စက်ရုံများဝင်ရောက်လာပါက Made In Myanmar Electronic ပစ္စည်းများ ဈေးကွက်တွင်ပေါ်ထွက် လာမည်ဖြစ်ကြောင်းGreen Line ဖုန်းဆိုင်မှတာဝန်ရှိသူ ကိုလှိုင်ထွေး ကပြောကြားသည်။ ““မြန်မာနိုင်ငံက အခုပွင့်လင်း လာပြီဆိုတော့ နောက်ပိုင်းဆိုရင် အဲဒါမျိုးတွေဖြစ်လာနိုင်တယ်။ တစ် ဦးချင်းထက်Electronic ကုမ္ပဏီ တစ်ခုရဲ့Sponsor မျိုးဖြစ်သွား နိုင်တယ်။ နိုင်ငံခြားက နာမည် တစ်ခုနဲ့ဝင်လာမယ်။မြန်မာနိုင်ငံ မှာ နာမည်တစ်မျိုးနဲ့ထူထောင် မယ်။ သူ့ရဲ့နည်းပညာနဲ့အဲဒါမျိုး တွေဖြစ်ဖို့ကပိုများတယ်။ နောက် တစ်ခုက အစ်ကိုတို့ဆီမှာ အလုပ် သမားဈေးနှုန်းသက်သာတယ်။ နောက်ပြီး ကိုယ်တို့မြန်မာလူမျိုး က နည်းပညာနဲ့ သိပ်မဝေးဘူး။ နောက်ပြီးတော့ အစ်ကိုတို့နိုင်ငံ က လူငယ်တွေဟာ နည်းပညာတွေ ကို မက်မောတယ်။ ဒါကြောင့် အစ်ကိုတို့နိုင်ငံကိုလုပ်ငန်းရှင်တွေ ၀င်လာဖို့များတယ်””ဟုပြောကြား ခဲ့သည်။ အဆိုပါကဲ့သို့ ထုတ်ကုန်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုများဝင်လာပါက တရုတ်နိုင်ငံကဲ့သို့ သူ့နိုင်ငံမှာထုတ်လုပ်ပါကMade in China တပ်ရသကဲ့သို့ မြန်မာနိုင်ငံနည်း ပညာဖလှယ်မှုဖြင့် Made In Myanmar ပစ္စည်းများပေါ်ထွက် လာနိုင်မည်ဖြစ်ကြောင်းသိရသည်။

http://www.hotnewsweekly.com/archives/15443

HAPPY NEW YEAR မှာ အမေစု နှင့် အတူ က ကြစို့


အမေစု နှင့် အတူ က ရန် http://theuglydance.com/?v=unbnhsjgrc ကို ကလစ် ပါ

www.MyanmarExpress.net

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြော ကြားသည့် နှစ်သစ်ကူးမိန့်ခွန်း




မိဘပြည်သူများ ခင်ဗျား

ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်းများနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေတစ်ဆင့် တိုက်ရိုက် စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယိုကနေ တစ်ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက် ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား အပြန်အလှန် ယုံကြည်မှုကို ကျွန်တော်တို့ ပြန်လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်ကစတင်ပြီး ပြည်သူလူထုနဲ့ အစိုးရအကြား အပြန်အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာများကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု အတွက်လည်း ကျွန်တော်အပါအဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကျင်းပပြီး ပြည်သူလူထုထံသို့ သတင်းအချက်အလက်များ စီးဆင်းစေခဲ့ပါတယ်။ အခုလို မီဒီယာမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိမိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုရှိပြီး တစ်နိုင်ငံလုံးက ပြည်သူအများစု အားထားရတဲ့ သတင်း ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အတွက် ရေဒီယိုမိန့်ခွန်းများစတင် ပြောကြားရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခင်နှစ်အတွင်း ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များက ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု များကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်စ ပြုခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျွန်တော်တို့အစိုးရ အထူး သတိပြုရမယ့် ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အစိုးရယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားရမယ်ဆိုတာ ကျွန်တော့ အနေနဲ့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။

ပွင့်လင်းလွတ်လပ်မှုများ မရှိခဲ့ဘဲ အထီးကျန်ဆန်ခဲ့ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပြုပြင်စရာ၊ ပြောင်းလဲစရာတွေနဲ့ ပြည့်နက်နေတာကို ကျွန်တော်တို့အားလုံး သိရှိကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခုလို ပြုပြင် ပြောင်းလဲရေးကာလမှာ အကောင်းဆုံး အခြေအနေကို မျှော်လင့်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ အကောင်းဆုံးမျှော်လင့်တာ သဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးဆုံးကတော့ အခုလက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုများက တစ်ဆင့် သေချာရေရာတဲ့ အနာဂတ်ဖြစ်အောင် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ လွတ်လပ် ပွင့်လင်းမှု ရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှု ရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဖက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး အစွန်းမရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ယခင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာကပင် အံ့သြစရာကောင်းလောက်အောင် နိုင်ငံရေး ဖြစ်ထွန်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို မြှင့်တင်နိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးစနစ် တစ်ခုကို ကျွန်တော်တို့အတူ အုတ်မြစ်ချနိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ အထွေထွေ ပြုပြင် ပြောင်းလဲမှုများရဲ့ အသီးအပွင့်တွေကို ပြည်သူတစ်ဦးချင်းစီ လက်တွေ့ ခံစားခွင့် ရစေဖို့၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စရပ်များနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကြီးထံကို စဉ်ဆက်မပြတ် ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်းအရာတစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူစဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းစီကလက်တွဲလုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခု ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲမသွေ ကျော်လွှားနိုင်မယ် ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အများစု အနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူတစ်ရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

www.MyanmarExpress.net

နန်းခင်ဇေယျာနဲ့ မင်းကိုနိုင်

နန်းခင်ဇေယျာ နဲ့ မင်းကိုနိုင်ကို ဒီကနေ့ ဇန်န၀ါရီလ ၁ ရက်နေ့မှာ ကျရောက်တဲ့ နာရေး ကူညီမှု အသင်း ( ရန်ကုန်) ရဲ ၁၂ နှစ်ပြည် အခမ်းအနားမှာ တွေ့ရတဲ့ မြင်ကွင်းပါ။

ဓာတ်ပုံ- အံ့ဘွယ်ကျော်- ၈၈ မျိုးဆက်

သူတို့ ၂ ဦးလုံးကို မြန်မာနိုင်ငံသားတွေ ချစ်ခင်လေးစားကြသူတွေဖြစ်ကြ သလို သူ့တို့ မျက်နှာပေါ်က အပြုံးရိပ်တွေကတဆင့် သူတို့ရဲ့ စိတ်ကို ပရိတ်သတ်တွေအနေနဲ့ ထင်ဟပ်မြင်နိုင်ပါတယ်။

နန်းခင်ဇေယျာဟာ အချိန်တိုအတွင်း အင်တာနက်သုံးစွဲသူ မြန်မာတွေမဲပေးမှုကနေတဆင့် ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss 2012 ပြိုင်ပွဲမှာ ဆုတွေ ရခဲ့သူဖြစ်ပြီး အခုအခါမှာ ကျော်ငြာမင်းသမီးလည်း ဖြစ်လာသူ တိုးရစ် ဂိုဒ် တဦးလည်းဖြစ်ပါတယ်။ သူဟာ အခုအခါမှာ ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူတို့နဲ့ အတူ နာရေး ကူညီမှု အသင်း ( ရန်ကုန်) ရဲ့ နာရေး လုပ်ငန်းတွေမှာ ကူညီ လုပ်ဆောင်ပေးနေသူ လည်း ဖြစ်ပါ တယ်။

http://blog.irrawaddy.org/2013/01/blog-post_5142.html

တရုတ်နိုင်ငံရဲ့ မြန်မာလူထု ဆက်ဆံရေး ခြေလှမ်းသစ်များ

တရုတ်နိုင်ငံက အကူအညီပေးရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနေစဉ်၊
ဓာတ်ပုံ- ကြေးမုံသတင်းစာ

မြန်မာနိုင်ငံတွင်း လူထုဆက်ဆံရေး မျက်နှာစာမှာ ကျဆင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ တရုတ်နိုင်ငံ ဟာ အခုတော့ လူထု ဆက်ဆံရေး မျက်နှာစာ အသစ်တွေအတွက် ခြေလှမ်းတွေ တလှမ်းချင်း တလှမ်း ချင်း ပြန်လည် နေရာယူလာပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ခေတ္တရွှေ့ပြောင်းနေရတဲ့ သူတွေနဲ့ ငလျင်ဒဏ်သင့်ဒေသခံ ပြည်သူ တွေကို အရေးပါတဲ့ အထောက်အပံအကူအညီတွေ ပေးတဲ့ ကိစ္စမှာ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာ ချထားရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီး အကူအညီပေးရေး သဘောတူ လက်မှတ်ရေးထိုးကြပါ တယ်။

အဆိုပါ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သူ ဒေါ်မြတ်မြတ်အုန်းခင် က အခုလို စားဝတ်နေရေး အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် ရက်ရက်ရောရော အကူအညီပေးမှုကို ကျေးဇူး အထူးတင်ကြောင်း ထိုနေ့ သဘောတူ စာချုပ် လက်မှတ်ရေးထိုးတဲ့ ပွဲမှာ ပြောကြားခဲ့တယ် လို့ ကြေးမုံ သတင်းစာက ဆိုပါတယ်။

တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျင်ဟွာကလည်း အခုလို ကူညီလှူဒါန်းရခြင်း ရည်ရွယ်ချက် ကို ပြောဆိုပြီး ဒုဝန်ကြီး ဦးဘုန်းဆွေနဲ့ အကူအညီပေးရေး သဘောတူလက်မှတ်ထိုးတယ်လို့ ကြေးမုံ သတင်းစာမှာ ဆိုပါတယ်။ ဒီသတင်းကို ဖတ်မိရင်း အတွေးများစွာက ပေါ်ထွက်လာခဲ့ပါတယ်။

အကူအညီပေးရေး သဘောတူလက်မှတ်ရေးထိုးပြီး တရုတ်အနေနဲ့ လှူဒါန်းကူညီမှုကို မြန်မာ နိုင်ငံသား တွေအနေနဲ့ အသိအမှတ်ပြုမှု ရလာစေဖို့ ပြန်လည်ကြိုးစားချည်းကပ်မှု အသစ်တွေဖြစ်ပါတယ်။

တရုတ်အနေနဲ့ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တရင်းတနှီးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လာခဲ့ကြရာ ဒေသခံတွေအတွက် ငဲ့ကွက်မှု အားနည်းလွန်း တာ ကြောင့် မြန်မာနိုင်ငံတွင်းမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ အမြင်မကြည်ဖြစ်နေတာ ကြာပါပြီ။

မြစ်ဆုံဆည်စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ အတော် ဘဲ သတိထားစရာ ဖြစ်စေခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တရုတ် ပညာရှင် ဆိုသူတွေဟာ မြန်မာနိုင်ငံကို မကြာခဏ ၀င်ထွက်သွားလာ ကာ မြန်မာ နိုင်ငံသားတွေရဲ့ တရုတ်နိုင်ငံအပေါ် တုံ့ပြန်ချက်တွေကို နားထောင်ယူခဲ့ကြပြီး မြန်မာ အစိုးရ ထိပ် ပိုင်း ခေါင်းဆောင်တွေတင်မက အတိုက်အခံတွေနဲ့ မြန်မာလူမှု နယ်ပယ်က သူတွေကိုလည်း ထိတွေ့ ဆက်ဆံမှုတွေ လုပ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပွင့်လင်းစ ပြုလာတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အခင်းအကျင်းတွေက အမေရိကန် အပါအ၀င် ဥရောပ သမဂ္ဂနိုင်ငံတွေနဲ့ နိုင်ငံတကာကပါ ရင်းနှီးမြှုပ်နှံလိုသူတွေ မျက်စေ့ကျလာပြီးနောက်ပိုင်း တချိန်တုန်းကလို တရုတ်နိုင်ငံအနေနဲ့ ပြိုင်ဘက်ကင်း ရင်းနှီးမြှုပ်နှံမှုအတွက် ခြိမ်းခြောက်ခံလာနေရပါ တယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဈေးကွက်ပြိုင်ဆိုင်မှု စနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ကြ မယ်ဆိုရင် တရုတ်အနေနဲ့ အခြား ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရာမှာ လူထု ဆက်ဆံရေးဟာ အဓိကကျတယ် ဆိုတာ သိမြင်လာတဲ့ အပိုင်းကို အခုတလော တရုတ်နိုင်ငံရဲ့ ခပ်စိပ်စိပ်လှမ်းလာတဲ့ ခြေလှမ်းတွေက သက်သေထူနေတာပါ။

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ် တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒေသခံတို့အတွက် လူမှု ဆိုးကျိုးတွေ မရိုက်ခတ်တဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးသာ ဖြစ်သင့် တာပါ။

အခုလို တရုတ်နိုင်ငံအနေနဲ့ လူမှု ကူညီရေးလုပ်ငန်းတွေကို လုပ်ဆောင်ရင်း မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲ က တရုတ်နိုင်ငံနဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုအပေါ် အမြင်မကြည်လင်မှုတွေကို မှေးမှိန်ပျောက်ကွယ်သွားစေဖို့ ကတော့ အချိန်အတော်ယူရမယ်လို့ ထင်ပါတယ်။

http://blog.irrawaddy.org/2013/01/blog-post_5149.html

လျှော့ချပေးသည့်နှုန်းထားအလိုက် အရစ်ကျဖုန်းကဒ် ၀ယ်ယူထားသူများပါ ခံစားခွင့်ရရှိမည်

 ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျှော့ရောင်းချပေးမည့် GSM မိုဘိုင်းဖုန်းကဒ်များအား လျှော့ချပေးသည့် ဈေးနှုန်းအတိုင်း ယခင်က အရစ်ကျစနစ်ဖြင့်ဝယ်ယူခဲ့သော မိုဘိုင်းဖုန်းကဒ်ဝယ်ယူသူများပါ ခံစားရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။

ကျေးလက်နေပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းများကို အရစ်ကျစနစ်ဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး တပ်ဆင်ပေးရာတွင် အိမ်ခြေပေါင်း ၂ သန်းကျော်ခန့်နှင့် လူဦးရေပေါင်း ၁၁ သန်းကျော် အထိလွှမ်းခြုံကာ ဒီဇင်ဘာလဆန်း အထိ ကျေးရွာပေါင်း ၅၀၀၀ ကျော်မှ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းပေါင်း လေးသိန်း ငါးသောင်းခန့်ကို တပ်ဆင်ပေး ခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် အဆိုပါလျှော့ချပေးသည့်နှုန်းထားအလိုက်ခံစားခွင့်အား မြန်မာ့ဆက်သွယ်ရေးနှင့်ချိတ် ဆက်ရောင်းချထား သည့် Elite ရတနာပုံ အစရှိသည့် ကုမ္ပဏီကြီးအချို့မှ အရစ်ကျဖုန်းကဒ် ၀ယ်ယူထားသူ များပါ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး ကျန် ပြင်ပဆိုင်များမှ ၀ယ်ယူထားသူများ အတွက်မူ အာမမခံနိုင်ကြောင်း ရတနာပုံCall Center မှ သိရသည်။

“ဆက်သွယ်ရေးက ဖုန်းတွေကို ဈေးလျှော့ပေးလိုက်ရင် အရစ်ကျနဲ့ ဝယ်ထားတဲ့သူတွေလည်း အဲဒီနှုန်းအတိုင်းပဲသွင်းဖို့ လိုပါတယ်။ နှစ်သိန်း အတိဖြစ်အောင် သွင်းစရာမလိုပါဘူး"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းကဒ်များကို ဇန်န၀ါရီလ (၈)ရက်နေ့၌ ဈေးနှုန်းလျှော့ချပေးမည် ဟု ပြောကြားထားပြီး ယင်းသို့ လျှော့ချလိုက်သည့် ဈေးနှုန်းအတိုင်း လက်ရှိတွင် ကျပ်နှစ်သိန်းတန်မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသူများပါ ခံစားခွင့်ရရှိမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်းကဒ်များကို ကျေးလက်ဒေသနှင့် မြို့ပြများ၌ ရောင်းချပေးရာတွင် အဆိုပါ မိုဘိုင်းဖုန်းရောင်းရငွေ၏ ၂ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောကြားထားသည်။

“အခုဆိုရင် ဖုန်းကဒ် စရရချင်းကို လေးသောင်းနဲ့ နောက်လမှာ ကျပ်တစ်သောင်းနဲ့ (၃)လ သွင်းပြီဖြစ်တဲ့အတွက် အခုဆိုရင် ဆက်သွယ်ရေးက သတ်မှတ်ပေးတဲ့ ကျပ်တစ်သိန်းခွဲအောက်ဆိုရင် အရင်ကလောက် ထပ်သွင်းစရာ မလိုတော့ဘူးပေါ့”ဟု ပဲခူးတိုင်းဒေသကြီးမှ အရစ်ကျစနစ်ဖြင့်GSM ဖုန်းကိုင်ဆောင်နေသူ လယ်သမား ဦးဋ္ဌေးဝင်းက ပြောသည်။

မြန်မာနိုင်ငံအနှံကျေးလက်ဒေသအများစု၌ အရစ်ကျစနစ်အား ပြီးခဲ့သည့်နှစ်အောက်တိုဘာလကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး နောက်လများ၌ တစ်ခလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ပေးသွင်းနေ ရကြောင်းကို လည်း ပြည်သူများထံမှ သိရသည်။

ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများတွင် မိုဘိုင်းဖုန်းများကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အာမခံနိုင်သည့် ကျေးရွာနေ ပုဂ္ဂိုလ်များအား ရောင်းချပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများသို့ ခရိုင်အုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်မှုဖြင့် ခွဲဝေပေးခဲ့ပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျှော့ရောင်းချပေးမည့် မိုဘိုင်းဖုန်းများကို ရန်ကုန်၊မန္တလေး၊နေပြည်တော်နှင့် မြို့ကြီးအချို့ ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရောင်းစင်တာများနှင့် ဆားဗစ်စင်တာများပါ ဖွင့်လှစ်၍ ကျပ်တစ်သိန်းခွဲ အောက်နှုန်း ထားများဖြင့် GSM Mobile Sim Card များအား ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

http://myitmakhamediagroup.com/detail.php?newid=3530

တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စာသင်ကျောင်းအချို့တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြားနှင့် ပဲချောင်း များ၌ ဓာတုဆိုးဆေးများပါဝင်နေသည့်အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြု ရန် တားမြစ်ထားသော်လည်း ယခုအချိန်တိုင် ဆက်လက်ရောင်းချလျှက်ရှိသည်ဟု ကျောင်းသူ ၊ ကျောင်းသားများထံက သိရှိရသည်။

“ဆရာ/မတွေမသိအောင် ကျောင်းဝန်းထဲကိုလာပြီး ဈေးသည်တွေက ခိုးရောင်းနေတာ၊ အဲ့ဒီ မုန့် တွေက ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် ဈေးပေါပေါနဲ့ဝယ်လို့ရတော့ အငယ်တန်း ကလေးတွေက အရမ်း စားကြ တယ် “ ဟု အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းမှ န၀မတန်း ကျောင်းသူ တစ်ဦး က ပြော သည်။

တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြား/ပဲချောင်းများနှင့် ဓာတုဆိုးဆေးများပါဝင်သောမုန့်များမှာ ကျန်းမာရေးညီညွတ်မှု မရှိသောကြောင့် (၂၀၁၂) ခုနှစ် စာသင်နှစ်အစောပိုင်းမှစတင်၍ စာသင်ကျောင်း များတွင် ရောင်းချခြင်း မပြုရန်တားမြစ်ထားခြင်းဖြစ်သည်။

“အဲ့ဒီမုန့်တွေက အမှိုက်ပစ်တဲ့နေရာမှာတောင် အထုပ်လိုက်ပစ်ထားကြတာ၊ ကျောင်းတွေမှာက ခိုးရောင်းနေတုန်းပဲဆိုတော့ ၀ယ်စားမိတဲ့ ကလေးငယ်တွေအတွက်စိုးရိမ်ရတယ်၊ ဈေးဆိုင်တွေကို အခု ထက်ပိုပြီး သေချာကြပ်မတ် သင့်တယ် “ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်မျိုးမျိုးက ပြောသည်။

ရောင်းချခွင့်မပြုသော တားမြစ်မုန့်တွေမှာ များသောအားဖြင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် မညီညွတ်သော တရုတ်နိုင်ငံမှဝင်ရောက်လာသည့် ဆိုးဆေးပါဝင်သောမုန့်များနှင့် ပဲပြား/ အစပ် ချောင်း များဖြစ်ပြီး အဆိုပါမုန့်များကို စားသောက်ခြင်းဖြင့် ၀မ်းပျက်ဝမ်းလျှောရောဂါများနှင့် အစာအိမ် လမ်းကြောင်း ဆိုင်ရာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း ကျောက်မဲမြို့ရှိ ဆရာဝန်ကြီး တစ်ဦးက သုံးသပ် သည်။

“ကျမရဲ့ကျောင်းမှာတော့ ကျောင်းတွင်းမုန့်ဆိုင်ကို ကျောင်းကျန်းမာရေးအဖွဲ့ကနေ အနည်းဆုံး တစ်ပတ်ကို တစ်ခါလောက် ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်၊ တားမြစ်မုန့်တင်မကဘူး ယင်နား စာတွေနဲ့ ၀မ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်တဲ့ အစားအစာတွေကိုပါမရောင်းချခိုင်းပါဘူး “ ဟု ကျောက်မဲမြို့ အမှတ်(၁) အခြေခံ ပညာ အထက်တန်းခွဲမှ ကျောင်းအုပ် ဆရာမကြီးကပြောသည်။

ကျောက်မဲမြို့တွင် စာသင်ကျောင်း (၆၀)ကျော်ခန့်ရှိပြီး အချို့သောကျောင်းများတွင် ဓာတုဆေးဝါး ပါသော တရုတ်မုန့်များကို ရောင်းချလျက်ရှိကြောင်း သိရသည်။

Myit Makha Mediagroup

KIA ခေါင်းဆောင်များ တရုတ်နိုင်ငံတွင် နေထိုင်နိုင်ရန်အတွက် မြေကွက်များကြိုတင်ငှားရမ်းထား

ယခုရက်များအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေ တဲ့အတွက် KIA ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေ ကြပါတယ်။ လိုင်ဇာနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ ဘက်ခြမ်းမှာ အရင်ကထဲက ငှားရမ်း ထားတဲ့မြေ ကွက်မှာ သူတို့ဆွေမျိုးတွေ အစုလိုက် သွားရောက်   နေထိုင်မယ်လို့ သိရပါတယ်။

ကချင် လက်နက်ကိုင်တပ်တွေအနေနဲ့ ကချင်ပြည် နယ်အတွင်းမှာရှိတဲ့ လူထု အများစု ကိုယ်တိုင်က မထောက်ခံတဲ့ အတွက် အစိုးရတပ်ရဲ့ ထိုးစစ်ဆင် လာတာကို ကချင်ပြည်နယ်အတွင်းမှာ ဘယ်သူကမှ ကန့်ကွက်မှုတစ်စုံတစ်ရာ မလုပ်ခဲ့ကြပါဘူး။

KIA တပ်တွေဟာ တရုတ်အစိုးရရဲ့ တိတ်တဆိတ်ထောက်ပံ့မှုတွေရရှိနေတာ ဖြစ်တယ် လို့လည်း ဒေသ ခံတွေ ကပြောပါတယ်။ KIA တပ်တွေအနေနဲ့ သီးခြားကချင်ပြည်နယ်ထူထောင်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံက လက်နက်ကျွမ်းကျင်သူတွေဦးစီးတဲ့ လက်နက်စက်ရုံတွေကို တရုတ်နယ်စပ်နဲ့ လိုင်ဇာ ဌာနချုပ်အနီး ဝေကြိုင်ဘွန် ရပ်ကွက်မှာ တည်ဆောက်ထားပါတယ်။

အစိုးရဘက်က အကြိမ်ကြိမ် အလျော့ပေး ပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် ဆွေးနွေးပွဲတွေ အောင်မြင်လာခြင်းမရှိခဲ့တဲ့အပေါ် ဒေသခံ လူမျိုးစု ခေါင်းဆောင်တွေ ကိုယ်တိုင်က KIA အပေါ် ထောက်ခံမှု လျော့နည်းလာခဲ့ရခြင်းဖြစ်ပါတယ်။

ဒါကြောင့် KIA ခေါင်းဆောင်အများစုဟာ ကချင်ပြည်နယ်အတွင်းမှာ မနေရဲတော့ဘဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ သွားတာဖြစ်တယ်လို့ နယ်စပ်ဒေသက KIA အရေး စောင့်ကြည့်လေ့လာ သူတစ် ဦးက ထောက်ပြပြောဆိုပါတယ်။

From..Kachin Daily News

ဒီဇင်ဘာလ ၂၉/၃၀ ရက်နေ့ တိုက်ပွဲများတွင် KIA အဖွဲ့ဝင် ၁၅၀ ကျော်ကျဆုံး


တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ KIA အဖွဲ့အား လမ်းကြောင်းရှင်းမည့်အကြောင်း ပေးပို့ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းတွင် KIA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရတပ်များ ရိက္ခာသယ်ယူနေခြင်းအား တိုက်ခိုက်ခဲ့ပါသည်။ အစိုးရတပ်များမှ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများပိုမိုပြင်းထန် လာခဲ့သည်။

လဂျားယန်စခန်းအနီးပတ်ဝန်းကျင်အား အစိုးရတပ်များမှ ရှင်းလင်းခဲ့ရာ ဒီဇင်ဘာလ ၂၉ နှင့် ၃၀ ရက်နေ့အတွင်း KIA အဖွဲ့နှင့်ကျောင်းသားအဖွဲ့များမှ စစ်သားပေါင်း ၁၅၀ ကျော်ခန့်ကျဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ ယခင်ကာလများတွင် အစိုးရတပ်များမှ တိုက်ခိုက်ခြင်းမရှိပဲ KIA အဖွဲ့မှ အလစ်ဝင်ရောက် တိုက်ခိုက်မှုများကြောင့် အစိုးရတပ်ဘက်မှ ထိခိုက်ကျရှုံးများရှိသော်လည်း ယခုအချိန် တွင် အစိုးရတပ်များမှ စနစ်တကျ တိုက်ခိုက်မှုများကြောင့် KIA ဘက်မှ အကျအဆုံးများကြောင်း သိရပါသည်။

ယခုသေဆုံးသော KIA အဖွဲ့သားများတွင် ကချင်လူမျိုးများ နည်းပါးပြီး ရှမ်းလူမျိုး လူငယ်များသာ များပြားကြောင်း အစိုးရတပ်မှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ KIA အဖွဲ့တွင် လူမျိုးရေး ခွဲခြားမှုများ ရှိနေကြောင်း၊ ကချင်လူမျိုးမဟုတ်သူများအား ရှေ့တန်းတွင်သာထားရှိကြောင်းနှင့် KIA အဖွဲ့တွင် အရာရှိအဖြစ် ခန့်အပ်ခြင်းမရှိကြောင်း လိုင်ဇာသို့ရောက်ရှိနေသော သတင်းထောက် တစ်ဦးမှ ပြောကြားခဲ့ ပါသည်။

ဒီကပါ။