Friday, November 29, 2013

ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ်


သမ္မတ, ဦးရွှေမန်း, ဒေါ်အောင်ဆန်းစုကြည်,  ဦးသိန်းစိန်, အမျိုး, ဘာသာ, သာသနာ`

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့် ကြောင်း တရားဟောနေသည်ဟု သတင်းများ ပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက် စုံစမ်းမေးမြန်းခဲ့ပါသည်။


“ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက် သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက် သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်တာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

မေး။ ။ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ ပြောဆိုနေကြပြီ။ ဦးသိန်းစိန်ကလည်း သမ္မတ ထပ်လုပ်မလုပ်ဆိုတာ မသိသေးတော့ ဘုန်းဘုန်းအနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုသဘောထားရှိ ပါသလဲဘုရား။

ဖြေ။ ။ ၃ ယောက်စလုံး အရွေးခံမယ်ဆိုရင်တော့ ဦးဇင်းအနေနဲ့က သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တယ်။ သမ္မတကြီးက အရွေးမခံတော့ဘူးဆိုရင်တော့ ဦးရွှေမန်းကို ရွေးချယ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားလို့တော့မဟုတ်ပါဘူး။ ဒေါ်စု မှာက အားသာချက်လည်းရှိသလို အားနည်းချက်လည်းရှိတယ်။ အားသာချက်ကတော့ ဘ၀တခုလုံးကို လူထုအတွက်စွန့် လွှတ်ပြီးတော့ ပေးဆပ်ထားတာ။ အဲဒီအချက်ကတော့ သမ္မတကြီးရော၊ ဦးရွှေမန်းတို့ပါ သူ့ကို မသာနိုင်ဘူး။ တော်လှန်ရေး ဆင်နွှဲခဲ့တယ်၊ တော်လှန်ရေးစိတ်ဓါတ် အပြည့်အ၀ ရှိတယ်။ တော်လှန်ရေးသမားကောင်း တယောက်ဖြစ်တယ်။ အဲဒီအတွက် ဒေါ်စုကို ဘယ်ခေတ်၊ ဘယ်အခါနဲ့မှ မတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်။

ဒါပေမယ့် ဒေါ်စုမှာက အုပ်ချုပ်ရေး အားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး။ သူသိတာက တော် လှန်ရေးလုပ်ဖို့လောက်၊ အစိုးရကို တိုက်ခိုက်ဖို့လောက်ပဲသိတာလေ။ အဲဒါကြောင့် ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိ ရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖယိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။ ဒေါ်စုသာ ပြည်သူလူထုအပေါ်မှာ အထာသိတယ်၊ မြန်မာပြည်အကြောင်းကို သိတယ်ဆိုလို့ရှိရင် သူတို့ ၃ ယောက် ထဲမှာ ဒေါ်စုကိုပဲ ရွေးချယ်မှာပေါ့။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့ပြီး သူ့သား ၂ ယောက်ဟာ နိုင်ငံခြားသားတွေတွေဖြစ်တဲ့အတွက် တိုင်းပြည်ခေါင်းဆောင်ဖြစ်ခွင့်မရှိဘူးဆိုတဲ့အပေါ် ဘယ်လိုယူဆလဲ။

ဖြေ။ ။ ဦးဇင်းတို့ကတော့ သူ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့သတင်းကို နားစွင့်လိုက်တော့ သူ့ရဲ့မျိုးဆက်တွေအထိ မပါဘူး၊ သူတယောက်ထဲ သမ္မတဖြစ်ခွင့်ရတာလိုပေါ့။ သူ့အိမ်ထောင်က ပျက်ဆီးသွားတဲ့အတွက်ကြောင့်ပေါ့။ အဲဒါဆိုရင်တော့ သူ့ကို လိုလားပါတယ်။ သူ့နောက်ကနေ ပါလာတဲ့လူတွေ အကုန်လုံးကို ဥပမာဆိုရရင် တိုင်းရင်းသားမဟုတ်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူ အကုန်လုံးကို သမ္မတ ထလုပ်မယ်ဆိုရင်တော့ မကောင်းဘူးလေ။ တိုင်းရင်းသားမဟုတ်တဲ့သူတွေကို ၀င်လို့မရအောင် ကာကွယ်ထားနိုင်ပြီးတော့ တိုင်းရင်းသားဖြစ်သူတွေ မည်သူမဆို သမ္မတ ဖြစ်ခွင့်ပေးတဲ့ ပုံစံဆိုရင်တော့ ဒေါ်စုကိုလည်း လိုလားပါတယ်။

မေး။ ။ အခု သတင်းတခုထွက်နေတာက ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးအတွက် ဦးဇင်းရဲ့ တရားပွဲတွေမှာ ထည့်သွင်းဟော ကြားနေတယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင် ပါသလဲ။

ဖြေ။ ။ ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးကို မဟောပါဘူး။ ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး။ သမ္မတ လုပ်ဖို့ အလွယ်တကူပဲ။ အခုတော့ စောင့်လေမျိုးနွယ် တာဝန်ကို ပျက်ကွက်ခဲ့တဲ့အတွက် အမျိုးသမီးတွေရဲ့ အပုပ်ချတာလဲခံရတယ်၊ ကြံ့ခိုင်ရေးတွေရဲ့ လုပ်ကြံတာလည်း ခံရတယ်။ စစ်အစိုးရရဲ့ ထိုးနှက်တာလဲ ခံရတယ်။ လွှတ်တော်ထဲမှာလည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ကျားကုတ် ကျားခဲ ကြိုးစားနေရတယ်။ အဲဒီလောက်ပဲ ဟောပြောတာပါ။

ဦးဇင်းကတော့ အမျိုးဘာသာ သာသနာကို အကျိုးရှိရာရှိကြောင်း၊ တကယ် အားကိုးရမယ့် သမ္မတ ဆိုလို့ရှိရင် ဒေါ်စုကို လို လားတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကိုလည်း လိုလားတယ်။ တကယ်လို့ အမျိုး ဘာသာ သာသနာအတွက် အဆိပ်အတောက် ဖြစ်နိုင်တယ်၊ အားကိုးလို့ မရဘူးဆိုရင်တော့ ဦးဇင်းတို့က ဘယ်သူမှ လက်မခံဘူးလေ။ အခု ပြည်သူတွေ လိုအပ်နေတာ ဒီအမျိုးစောင့် ဥပဒေကိုပေါ့။ အခုဆို ပြည်သူ ၄ သန်းကျော်က လက်မှတ်ထိုးထားတယ်။ တချို့ လက်မှတ်ထိုးချင်သူတွေက ရှိသေးတယ်။ ဦးဇင်းတို့က အပူတပြင်းလုပ်လိုက်ရလို့။ ဒီလို ပြည်သူလူထုကို ဥပက္ခာပြုပြီးတော့ လွှတ်တော်အမတ်တွေဟာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်မပေးနိုင်ဘူး။ တကယ်လို့ ဒေါ်စုကသာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်ပေးနိုင်လို့ရှိရင် ဒေါ်စု သမ္မတ ဖြစ်ရေးကိုလည်း ကြိုးစားလို့ရတယ်၊ ဒေါ်စုကို ရုပ်ထုလုပ်ပြီး ကိုးကွယ်မယ်ဆိုရင်လည်း ကိုးကွယ်ရဲတယ်။

မေး။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်မှုနဲ့ ပက်သက်ပြီး ဥပမာပေးဟောတော့ တရားနာလာတဲ့ လူထုကရော ဘယ်လိုတုံ့ပြန်တာမျိုးတွေ၊ ဘယ်လိုပြောဆိုတာမျိုးတွေ ရှိပါသလဲ။

ဖြေ။ ။ ပါရာဒိုင်းက ရွေ့သွားပြီဗျ။ ရခိုင်အရေး ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ဒေါ်စုကို ပြည်သူလူထုက သိပ်ပြီးတော့ ကြည်ညိုလေးစားမှု အားနည်းသွားပြီ။ သိပ်ယုံကြည်မှု မရှိတော့ဘူး။ ဦးဇင်းပြောတာတွေကို အပြည့်အ၀ ထောက်ခံတယ်။

မေး။ ။ ဦးဇင်းက သံဃာတော် တပါးဖြစ်နေပြီးတော့မှ နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေး ဟောကြားနေတာ တွေကို တချို့က ဝေဖန်ကြတယ်။ အဲဒီအပေါ် မှာရော ဦးဇင်း ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ဦးဇင်းတို့ကတော့ ဗုဒ္ဓတရားတော်နဲ့အညီ ဟောတာပဲလေ။ စောင့်လေမျိုးနွယ်ဆိုတာ ဘုရားဟောခဲ့တယ်၊ ဘုရားဟော တယ်ဆိုတာကို ခေတ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ နမူနာ ပြပြီး ဟောသွားတာပဲလေ။ တရားတော်နဲ့အညီ ဟော တာဖြစ်တဲ့အတွက်ကြောင့် သူတို့ဝေဖန် ပုပ်ခတ်တယ်ဆိုတာ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒအရ ဦးဇင်းတို့က ခွင့်လွှတ်လို့ရပါ တယ်။ ဦးဇင်းက အစိုးရကို လိုလားသူလည်း မဟုတ်ဘူး။ အစိုးရကို ဆန့်ကျင်သူလည်း မဟုတ်ဘူး။ အန်အယ်ဒီကို လိုလား သူလည်းမဟုတ်၊ ဆန့်ကျင်သူလည်းမဟုတ်ဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် နောက်ဆုံးဗျာ အစ္စလမ်တွေနဲ့ ပူးပေါင်းဖို့တောင် ရည်ရွယ်ထားတဲ့သူပါ။ ဦးဇင်းကို တစုံတယောက်က ချုပ်ကိုင်ပြီးတော့ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမှာ ဒေါ်စုကို အလဲထိုးဖို့ဆိုပြီး ဦးဇင်းကို ဘယ်သူမှ ချုပ်ကိုင်တာလည်း မရှိပါဘူး။ စေခိုင်းတာလဲ မရှိဘူး။ ဦးဇင်း ခံယူချက်၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက် တွေအရပဲလေ။

မေး။ ။ တိုင်းပြည်က ဒီမိုကရေစီအပြောင်းအလဲ နုနယ်နေသေးတဲ့ ကာလမှာ လူမျိုးရေး၊ ဘာသာရေး တဖက်နဲ့တဖက် အပြန်အ လှန် ပြောနေကြလို့ရှိရင် တိုင်းပြည်ရဲ့အရွေ့က ပြောင်းသွားနိုင်တယ်လို့ တချို့က ပြောနေကြတယ်။

ဖြေ။ ။ စိတ်ချပါ။ ဦးဇင်းတို့လမ်းကြောင်းနဲ့ ဦးဇင်းတို့ သွားနေကြတာက ဒီမိုကရေစီကိုလည်း မထိခိုက် စေရဘူး၊ လူ့အခွင့်အရေးကို လည်း မဆုံးရှုံးစေရဘူး၊ တရားဥပဒေ စိုးမိုးရေးကိုလည်း မထိခိုက်စေရပါဘူး။ ဦးဇင်းတို့က ပြည်သူလူထုနဲ့ အမြဲတမ်း ထိတွေ့နေရတာလေ။ ဘယ်နေရာပဲ သွားသွား၊ ဘာတွေပဲ လုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ ကြည့်တယ်။ အဲဒီဘောင်ထဲကနေပဲ သွားနေတာပါ။

စားဝတ်နေရေးအဆင်မပြေ ကြမ်းတမ်းမှုကြောင့် အလ္လာမှ စောင်မနိုင်ရန် သားသမီး(၄)ဦးအား သတ်ဖြတ်ပြီး အလ္လာအား ယစ်ယူဇော်ခြင်း



မောင်တောမြို့နယ်၊ စံပါယ်ကုန်းကျေးရွာမှ မရိုအားဇားဘေဂွန် (ဘ) အေဇားမျှာ ဆိုသူသည် ၄င်းသားသမီ (၄)ဦးအား လည်လှီးသတ်ဖြတ်ပြီး အလ္လာအရှင်မြတ်အား ယစ်ပူဇော်ခဲ့သည်။


အဆိုပါ မရိုအားဇာဘေဂွန် (၃၅)နှစ်သည် စားဝတ်နေရေး အဆင်မပြေ လည်ခြင်း၊ အလ္လာရှင်မြတ်ထံမှ ကုသိုလ်ရယူလိုခြင်းတို့ကြောင့် ၄င်း သားသမီး (၄)ဦးဖြစ်သည့် မနူရ်ဆာမန်၊ အဒူရာမာန်၊ မယာစ်စမိန်၊ နူရ်အာတစ်တို့အား မိမိအိမ်နှင့် ကိုက် ၂၀ခန့် ဝေးသော လယ်ကွင်းသို့ တစ်ဦးချင်းစီ ခေါ်ဆောင်သွားပြီး အီစ္စလာမ်ဘာသာရဲ့ အယူဝါဒအတိုင်း လည်လှီးသတ်ဖြတ်ခဲ့ပါသည်။ သူမသည် အာရ်ဗီဖတ်စာ (၈)တန်းထိ အောင်မြင်ခဲ့ဖူးသူဖြစ်ပြီး ဘာသာရေး အစွန်းရောက်သူဖြစ်သည်။

သူမကိုယ်တိုင်လည်း သူ့သားသမီးများအား မိမိကိုယ်တိုင်သတ်ဖြတ်ယစ်ပူဇော်ခဲ့ပါကြောင်း ၀န်ခံထွက်ဆို ခဲ့ပြီး ယခုအခါ ပြစ်ဒဏ်ချမှတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တရားလိုပြု တရားစွဲဆို ထားပြီးဖြစ်ပါသည်။

ခေတ်သစ်

စစ်တပ်အပေါ်သဘောထားနဲ့ ပတ်သက်တဲ့ အမေးအဖြေ ( Opera House - Sydney သြစတေးလျ )



မေး။ ။ ဒေါ်စုနဲ့ ဒေါ်စုအဖေတို့ရဲ့ သံယောဇဉ်ကို လည်း ကျနော်စိတ်ဝင်စားမိပါတယ် ။ သူဆုံးတော့ ဒေါ်စုက (၂) နှစ်သမီးနော် ။ ဒါပေမယ့် ဒေါ်စုက သူ့အပေါ် သံယောဇဉ် ဒီနေ့အထိလည်း ရှိနေသေး တယ် ....ဒေါ်စု အိမ်မှာ ရုံးမှာ ချိတ်ထားတဲ့ သူ့ ဓါတ်ပုံတွေအရပေါ့လေ။ ဒီဆက်နွယ်မှု သံယောဇဉ် အကြောင်းကို လူကြီးတစ်ယောက်အမြင်နဲ့ပြောပြ ပေးပါလား ။


ဖြေ ။ ။ ကျမငယ်ငယ်တုန်းက အကြောင်းကိုပါ စပြောရမယ်ထင်တယ် .....ဖေဖေ့ကို ကျမ မေ့မသွားရလေအောင် မေမေက အသည်းအသန် ကြိုးစားခဲ့ တယ် ။ အားလုံးထဲမှာ ကျမက ဖေ့ဖေ့ရဲ့ အချစ်ဆုံးကလေးပါ....အဲဒါကို လူတိုင်း သိပါတယ် ( ရယ်သံများ ) ။ ဖေ့ဖေ့အသည်းစွဲကလေးဖြစ်ကြောင်း ၊ အဖေက အချစ်ဆုံးဖြစ်ကြောင်းကိုလည်း ကျမကို အမြဲ ပြောပြခဲ့ကြတယ် ။ ဒီအသိက ကျမကို အကြီးအကျယ်အင်အား ဖြစ်စေခဲ့ပါတယ်.....ဖေ့ဖေ့ကို လုံးဝ မမှတ်မိလိုက်ဘူး ဆိုပေမယ့်ပေါ့လေ ။

အဖေ့ရဲ့ အသည်းစွဲကလေးဖြစ်တယ် ၊ အချစ်ဆုံးဖြစ်တယ် ဆိုတဲ့ ယုံကြည်ချက်ဟာ ကျမအတွက်တော့ တကယ့်ကို အင်အားအရင်းအမြစ်တစ်ခုပါဘဲ ။ ငါ့မှာ အဖေလုံးဝ မရှိဘူးလို့ ကျမထင်သွားမှာကို မေမေက မလိုလားခဲ့ဘူး ။ ဒီတော့ ကျမကြီးပြင်းလာတဲ့နှစ်တွေတလျှောက်ဟာ ဖေဖေ့ပုံရိပ်ဟာ သိပ်ကို သက်ဝင် ထင်ရှားရှိခဲ့တယ် ။ ဒီနေ့အထိ ဆိုပါတော့ ။

ဒါပေမယ့် အခုအချိန်မှာတော့ အဖေတစ်ယောက်အနေနဲ့သာ မဟုတ်ဘဲ ကျမရဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်အနေနဲ့ပါ ဖေဖေဟာ သက်ဝင်ထင်ရှား ရှိနေဆဲပါဘဲ ။

မေး ။ ။ စစ်တပ်အပေါ်မှာ ဒေါ်စုက ချစ်ခင်တယ်ဆိုတဲ့အကြောင်းကို နည်းနည်းထပ် ရှုင်းပြပေးနိုင်မလား ။ ဘာလို့လည်းဆိုတော့ စစ်တပ်က ဒေါ်စု အပေါ် ပြုမူခဲ့တာတွေကို သိထားတဲ့ ကျနော်တို့အတွက် နားလည်ရခက်လို့ပါ ။

ဒေါ်စု ။ ။ ပထမဆုံးအနေနဲ့ပြောရရင် ဗမာ့တပ်မတော်ဆိုတာ (၁၉၄၁) မှာ ဖေဖေဖွဲ့စည်းခဲ့တာပါ ။ လွတ်လပ်ရေးအတွက် တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် ဆိုပြီး တည်ထောင်ခဲ့တာပါ ။ ဒီတော့ ဖေ့ဖေ့ကို တပ်မတော်ရဲ့ဖခင်အဖြစ် သတ်မှတ်ထားကြပါတယ် ။ ဒါက သူတို့အတွက်လည်း မေ့ဖို့ခက်တဲ့ ကိစ္စပါဘဲ ။ ဒီတော့ ကျမက စစ်အစိုးရအစား ဒီမိုကရေစီကို ပိုပြီး သဘောကျဆိုတာဟာ သူတို့အတွက် သိပ်ကျေနပ်စရာကောင်းတဲ့ ကိစ္စတော့ဟုတ်မယ်မထင်ပါဘူး ။

ဒါပေမယ့် ဒါက ကျမအနေနဲ့ စစ်တပ်ကို မချစ်ဘူး လို့ မဆိုလိုပါဘူး ။ ဖေ့ဖေ့ကို ချစ်သလိုမျိုးကို စစ်တပ် အပေါ်မှာ ချစ်ဖို့ ကျမကို သင်ကြားပေးခဲ့ကြတာပါ ။ ဖေဖေဟာ စစ်တပ်ကို တည်ထောင်ခဲ့သူဆိုတာကို ကျမ ဘယ်တော့မှ မမေ့ခဲ့ပါဘူး ။ တကယ်လည်း ကျန်ရှိနေသေးသမျ အဖေ့ဓါတ်ပုံတွေ အားလုံးဟာ စစ်ဝတ်စုံတွေနဲ့ ရိုက်ထားတာချည်းပါဘဲ ။

ဒီတော့ ကျမအနေနဲ့ ဖေ့ဖေ့ကို စစ်သားတစ်ယောက်အနေနဲ့ အမြဲစဉ်စားမိတယ် ။ စစ်တပ် အဖွဲ့ဝင် တစ်ယောက်အနေနဲ့ အမြဲတွေးမိခဲ့ပါတယ် ။ ဒါကြောင့်ဘဲ ကျမအနေနဲ့ စစ်တပ်အပေါ် မချစ်ခင်ဘဲ နေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး ။ မေမေကလည်း စစ်သားတွေဆိုတာ ဖေ့ဖေ့ရဲ့သားတွေ ဖြစ်တယ် ၊ ဒါကြောင့် ကျမရဲ့ အစ်ကိုတွေ မောင်တွေ ဖြစ်တယ်လို့ အမြဲပြောလေ့ရှိခဲ့ပါတယ် ။ ကျမကို ဒီလို သင်ကြားပျိုးထောင်ပေးလိုက်ကြတာပါ ။

မေး။ ။ ဒါပေမယ့် ကိုယ့်ကို အန္တရာယ်တစ်ရပ်လို မြင်နေတဲ့ အဖွဲ့အစည်းတစ်ခုကို ချစ်ခင်ဖို့တာ ခက်ခဲ သလား ။

ဖြေ ။ ။ ( ကျမဘက်က ခက်တာတွေ မခက်တာတွေထက် ) ပိုပြီး အရေးကြီးတာက သူတို့ဘက်က ကျမကို ချစ်ဖို့ပါဘဲ ( ရယ်သံများ ) ။ ကျမအတွက်တော့ သူတို့ကို ချစ်ဖို့ မခက်ပါဘူး ။ ဒီတော့သူတို့အတွက် ကျမကို ချစ်ခင်ဖို့ကိစ္စက ဒီထက် နည်းနည်းလေး ပိုလွယ်လာပါစေလို့ ကျမ မျှော်လင့်ပါတယ် ။

Spring Flowers

ဒေါ်စု သမ္မတဖြစ်ရင်တော့ တိုင်းပြည် ငါးပါးမှောက်မယ်လို့ ဦးဝီရသူပြော

ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်လာမယ် ဆိုရင် တိုင်းပြည် ငါးပါးမှောက်လိမ့်မယ်လို့ မန္တလေး မစိုးရိမ် တိုက်သစ်က ဦးဝီရသူက ပြောလိုက်ပါတယ်။


ဒီအပြင် ဦးဝီရသူပြောတာက သမ္မတ ဦးသိန်းစိန် သာ ပြန်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရင် သူက ထောက်ခံမှာ ဖြစ်ပြီး တကယ် လို့ ဦးသိန်းစိန်က ဆက်ပြီး အရွေးမခံတော့ဘူးဆိုရင်တော့ သူရ ဦးရွှေမန်းကို ထောက်ခံမှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါသေးတယ်။ 

ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အကောင်းနဲ့ မြန်မာ့နိုင်ငံရေး သဘာဝကိုလည်း မသိ၊ နားမလည်ဘူး လို့ လည်း ပြောပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို

A Suu Kyi Presidency Would Bring ‘Chaos,’ Says Firebrand Monk

RANGOON — U Wirathu, the Mandalay-based monk who heads the “969” anti-Muslim movement, believes that democracy icon Aung San Suu Kyi would not be a good president for Burma.

“I wish [President] Thein Sein to be re-elected. If he refuses to go for the post, my vote will go to Shwe Mann,” said the controversial monk—whose speeches and sermons are said to have fueled anti-Muslim violence across Burma since June 2012.

Both Suu Kyi, the former dissident and now opposition parliamentarian, and Shwe Mann, a former No. 3 in the old military junta, have stated their interest in becoming president after the 2015 parliamentary elections. Incumbent Thein Sein, Shwe Mann’s Union Solidarity and Development Party (USDP) colleague, has not said whether or not he will put his name forward after the 2015 elections.

While describing Suu Kyi as “a good revolutionary” and praising her for having “sacrificed her life for the people,” U Wirathu described the long-time political prisoner as “weak at governance.”

The monk went on to dismiss the National League for Democracy (NLD) leader’s presidential credentials.

“She doesn’t know about Burma and its nature. All she knows is to stage revolution and attack the government. So, if she became the president, the governance would be in chaos. Racial and religious conflict would deteriorate. There would be public unrest because people are not pleased with what she does,” he said.

However, the controversial monk claimed that if Suu Kyi were to speak out in favor of a controversial proposed inter-marriage law—which would force non-Buddhist men to convert to Buddhism in order to marry Buddhist women—the opposition leader would win the electorate’s support.

“If Daw Suu could realize the law, she could easily become the president and we could even dare to worship her,” said U Wirathu, using a Burmese honorific for the opposition leader.

Suu Kyi has been criticized in recent months for her apparent reluctance to speak up on behalf of Burma’s ethnic minorities, such as the Kachin, a mostly Christian group whose homeland of Kachin State is the site of an ongoing war between the Kachin Independence Army (KIA) and the Burmese Army.

Suu Kyi has also taken lumps internationally for not supporting the rights of the Rohingya, a Muslim minority group who mostly live in western Arakan State but who are regarded by the government and many Burmese as illegal immigrants from Bangladesh.

Speaking in Australia, where she is currently visiting, Suu Kyi reiterated her self-image as that of a politician rather than a human rights icon or activist. “Let me assure you, I’m no saint,” she said on Wednesday. “I look upon myself as a politician and not as an icon.”

Suu Kyi again rejected the term “ethnic cleansing” to describe the anti-Rohingya violence in western Burma. “When you use terms like ethnic cleansing—which I think is a little extreme—it just plays into the hands of extremists. There are extremists on both sides … we only have a few extremists but they can exercise great power,” she said, speaking at the Sydney Opera House.

Burma watchers speculate that Suu Kyi’s reticence on human rights issues is prompted by a political calculus: a fear of losing the majority Burman and Buddhist vote in the 2015 elections. Her efforts in recent months to drum up support for a Suu Kyi presidency come as ethnic and religious tensions are being stirred up nationwide by U Wirathu, who told The Irrawaddy that “if you favor too much human rights, your race and religion will be vanished as there are people who want to invade our country, destroy our race and religion on human rights basis.”

The logic is that if Suu Kyi speaks out against violence against the Rohingya, she will lose votes to the incumbent USDP.

Suu Kyi’s long-time spokesman Nyan Win told The Irrawaddy that “there are no Rohingya in Burma’s history. There are Bengalis who try to come across to Burma and claim citizenship.”

However, the former parliamentarian and political prisoner added that the 1982 Citizenship Law, which scholars say denies the Rohingya status as an ethnic group in Burma, should be amended, saying that once the measure is revised, “they can then apply to be citizens.”

Asked to put a number on how many of the estimated 800,000 Rohingya in Burma would be entitled to citizenship under such a reform, Nyan Win said he did not know. And lamenting the recent violence between Buddhists and Muslims across Burma, which has mostly displaced Muslims, Nyan Win told The Irrawaddy that “all the people in the conflict are human beings and need to be treated like human beings.”

With additional reporting by Kyaw Phyo Tha.

အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား


8.1.1

အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှု မွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေ သည့်အပေါ် ထိခိုက်နစ်နာစေရန် တမင် ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ် အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့် ပုဂ္ဂိုလ်များအား နားလည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟိုတယ်၌ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့  ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က ပြောကြားလိုက်သည်။


ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်း ကာလအဖြစ်အပျက်များအား သေချာမသိရှိ သေးသည့်အရာရှိများ အား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် တပ်မတော်၏ခိုင်မာမှု၊ စည်းလုံးညီညွတ်မှုတို့ ကြောင့် တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး တိုင်းပြည် ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုအရေးအခင်းအတွင်း လူသတ်ခေါင်းဖြတ်မှု များ ဖြစ်ပေါ်လာသဖြင့် တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် စရာဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပြီး လျင်ပြီးချင်း နိုင်ငံရေးသမားများက ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်းဆို ခဲ့ကြောင်း ပြောကြားထားသည်။ ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို လည်းကောင်းအသုံးပြု၍ မရနိုင်ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေသစ် တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။

ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် ပြစ်ဒဏ်များ ကျူးလွန် ခဲ့သည်ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ်ဒဏ်များ၊ ထောင်ဒဏ် များကျခံ ရပြီးမှသာ NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြောကြား ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် မကျန်းမာချိန်တွင် လာရောက်ပြုစုရန် အတွက် ယခင်အစိုးရ၀န်ကြီးများက ခေါ်ခိုင်းလိုက်သဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်း ကာလနှင့် ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေး ထဲဝင်မပါရန် တားမြစ် ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။

ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့် အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူ ခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ ခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  ပြောတာဖြစ်မယ်''ဟု ပြောကြားချက်အား ထည့်သွင်းရေးသားခဲ့သော်လည်း မည်သူက၊ မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်းကိုတော့ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

ထိုစာအုပ်တွင် ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံကာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ အပြင် သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း လည်းပြောကြားလိုက်သည်။ ဒေါ်အောင်ဆန်း စုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြား ထားသည့် အချက်အလက်များ ပါဝင်နေသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့်ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူ ခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါ ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့...                                                                                                      

ထို့ အပြင် ၎င်းတို့ တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သာမက မည်သည့် အစိုးရ အဖွဲ့တွင်မဆို တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရခဲ့ကြောင်းနှင့် ၎င်းတို့ လက်ထက်တွင် လုပ်ကိုင်ခဲ့သည့်အရာများတွင် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောနေသော်လည်း အားလုံးဝိုင်းဝန်း လုပ်ဆောင် ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အစိုးရအဖြစ်တာဝန်ရှိခဲ့ကြသူများ ၀ိုင်းဝန်းဆန္ဒပြုကာ လုပ်ဆောင် ခဲ့ခြင်းဖြစ် သည်ဟု ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်နေမှု များမှာလည်း အစိုးရအဖွဲ့အနေနှင့်သာ ကြိုးစား လုပ်ကိုင်နေကြောင်းနှင့် အားနည်းချက်များလည်း ရှိနိုင်ကြောင်းနှင့် အပြုသဘောနှင့် ဝေဖန်မှု များရှိပါက ကောင်းမွန်သော်လည်း အဟန့် အတားဖြစ်စေရန် ထိုးနှက်မှုများရှိနေ ပါက လျော့ချပေးရန်လည်း တောင်းဆိုလိုက်ပြီး ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အခြေအနေကောင်း တစ်ခုဖြစ်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ပါက နိုင်ငံတော်တိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားလိုက်သည်။

နောက်ဆုံးအနေနှင့် ဦးခင်ညွန့် က ၎င်းအားသတင်းဌာနအချို့ ကနိုင်ငံရေးလုပ်မည် ဟုထင်မြင်မေးမြန်း နေ ကြကြောင်း သို့ သော်လည်း သူ့ အနေနှင့် နိုင်ငံရေးကို လုပ်တော့မှာမဟုတ်ကြောင်း တရားဝင် ပြောကြား လိုက်သည်။

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် သည် ၁၉၈၈ ခုနှစ်က စစ်တပ်မှ အာဏာလွှဲပြောင်းခဲ့စဉ် ဒုတိယ စစ်ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲများအား မကြာခဏပြုလုပ်ကာ အာဏာလွှဲပြောင်း ယူခဲ့သည့် န၀တအစိုးရ၏ လမ်းစဉ်များကို တာဝန်ယူဖြေရှင်းခဲ့ရသည့် အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။ န၀တအစိုးရလက်ထက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် အစရှိသည့် အထင်ကရတက္ကသိုလ်များအား ပိတ်ပင်ခဲ့ပြီးလယ်ကွင်းများအတွင်း တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆောင်များအားလည်း ပိတ်ခဲ့သည်။ ၎င်းထောက်လှမ်းရေး တာဝန်ယူထားစဉ် စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးသူများ၊ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မြင့်တက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ထားခဲ့သည်။

၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီးတွင် လုပ်ကြံရန် ကြံစည် ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ယနေ့ အထိလည်း မည်သူများက ကြံစည်ခဲ့သည်ကို ဖော်ထုတ်နိုင် ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၀ ပြည့်နှစ်လောက်မှ စတင်ကာ မြန်မာပြည်အတွင်း ထောက်လှမ်းရေး တပ်များ၏ နေရာရယူမှုများ အလွန်အကျွံ ဖြစ်လာခဲ့ပြီး တပ်အတွင်း ထောက်လှမ်းရေးများအား ကြောက်ရွံ့ နေခဲ့ရသည့် အခြေအနေမှ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးတပ်အား ဖမ်းဆီးအရေးယူခဲ့ပြီး ဦးခင်ညွန့် မိသားစုအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် လွတ်မြောက်လာခဲ့ပြီး ယခုအချိန် အထိ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦး အကျဉ်းထောင်များအတွင်းတွင် ကျန်ရှိနေပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ က ၎င်းတို့ အား နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံသော်လည်း လူသားချင်း ထောက်ထားညှာတာမှုဖြင့် အခြားခေါင်းစဉ်အောက်မှ လွတ်မြောက်ခွင့်ရရှိရန် သမ္မတထံ တင်ပြမည်ဟု ဦးရဲအောင်က ပြောကြားခဲ့သည်။

ဦးခင်ညွန့် ၏ ပြောကြားချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ မှ ဦးမြင့်အောင်က ''တောင်းပန်တယ်လို့ ပဲ ပြောနေရုံ နဲ့ တော့ မရပါဘူး။ သူဆောင်ရွက်ခဲ့တဲ့ တစ်လျှောက် လုံးကို ပြန်ဆန်းစစ် ရင် သူ့ရဲ့ရာထူးရယ်၊ အာဏာရယ်၊ စည်းစိမ်ရယ် တည်မြဲဖို့ ပဲ လုပ်ဆောင်ခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူအခွင့် အရေးအတွက် ကြိုးပမ်းခဲ့တဲ့ လူထုဟာ အကြောက်တရားနဲ့  ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ရတာပါ။ သူ့ရဲ့ရာထူး အတွက် သူနှိမ်နှင်းခဲ့လို့  ထောင်ပေါင်းများစွာသော မိသားစုတွေ ထိခိုက်နစ်နာခဲ့ရပါတယ်။ သွေးတွေ၊ မျက်ရည်တွေနဲ့  ငိုကြွေးခဲ့ကြရတာတွေက အများကြီးပဲလေ။ ဒီလိုလေးပြောယုံနဲ့ တော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သူ့ ကိုလက်မခံနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် မပြုနိုင် ပါဘူး။ အငြိုးနဲ့ အမုန်းပေါ် အခြေခံပြီးပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ သမိုင်းအနေနဲ့ကတော့ မှတ်တမ်း တင်ရမှာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ထိုစာအုပ်မိတ်ဆက်ပွဲသို့ ထောက်လှမ်းရေးမှ တာဝန်ယူခဲ့သူ အများအပြား တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ် ဟောင်းအချို့လည်း တက်ရောက်ခဲ့သည်။ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ အေးနေ၀င်း လည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

Eleven Media Group

Thursday, November 28, 2013

မိကျောင်းကန်သပိတ်စခန်း ဒုတိယနေ့ ဆက်ဖွင့်



သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်များမှ မူလပိုင်ရှင်များက ဒုတိယနေ့အဖြစ် သပိတ်စခန်း ဆက်လက်ဖွင့် ထားပြီး တောင်းဆိုနေ သည်ဟု ဆန္ဒဖော်ထုတ်ရာ တွင်ပါဝင်သူ မနေနွယ်သန်းက နိုဝင်ဘာ ၂၇ တွင် မဇ္ဈိမကို ပြောသည်။


သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် တိုင်းအစိုးရမှဖြေရှင်းပေးစေလိုသဖြင့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂ နှင့် ၃ မူလပိုင်ရှင်များက နိုဝင်ဘာ ၂၆ ရက်တွင် ယင်း နေရာ၌ပင် သပိတ်စခန်းဖွင့်လှစ် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် သပိတ်စ ခန်းဖွင့်လှစ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ လာရောက်ညှိနှိုင်းမှုများ မရှိသေးဟုလည်း မနေနွယ်သန်း က ဆို သည်။

မနေနွယ်သန်းက “အခုချိန်အထိ ဆန္ဒပြနေတုန်းပဲ သပိတ်စခန်းကို တိုင်းအစိုးရမှ လာရောက်ဖြေရှင်း ပေး ခြင်း မလုပ်မချင်း မရုပ်သိမ်းဘူး။ ဘယ်သူမှလဲ သပိတ်စခန်း ရုပ်သိမ်းပါလို့ လာပြီး မပြောဘူး”ဟု နိုဝင် ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ မြေသိမ်းမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်ကော်မရှင်က အစီ ရင် ခံစာ သုံးစောင် ထုတ်ပြန်ထားပြီး မိကျောင်းကန် မြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း လင်းက “သူတို့ကိစ္စကို ကျွန်တော်တို့ရဲ့ အစီရင်ခံစာ အပိုင်းလေးမှာ ထည့်ပြီး တင်ပြသွားမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်တော်ထဲမှာ မေးခွန်းမေးထားတယ်။ အဖြေမထွက်သေးဘူး။ ဒီမြေတွေက သိမ်းထား တယ်ဆိုပေမယ့် ဘာလုပ်ငန်းမှလည်း မလုပ်ဘူးဆိုတော့ သူတို့ကို ပြန်ပေးစေချင်တယ်”ဟု ပြောသည်။ 

သိမ်းဆည်းမြေများ ပြန်ရရန် ၎င်းတို့က အောက်တိုဘာ ၂ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး တွ င် ပထမအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံ စမ်းေ ရးကော်မရှင်မှ ယင်းကိစ္စကို တာဝန်ယူသည်ဟု ကတိပေးခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်တွင် သပိတ်စ ခန်း ပိတ်သိမ်းခဲ့သည်။

မိကျောင်းကန် အပိုင်း ၁၊၂၊၃ မြေနေရာများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ၁၉၉၁ ခုနှစ်က ယခုဆန္ဒပြ သ ည့် မူလပိုင်ရှင်များထံမှ သိမ်းယူခဲ့ပြီး သီးပင်၊ စားပင် စိုက်ပျိုးသူများကို အငှားချထားပေးသည်။

ယင်းအငှားချထားသူများကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက နေရာပြောင်းရွှေ့ခိုင်းရာတွင် အင်အားသုံးဖြေ ရှင်းခဲ့သည်။ ယင်းနောက် တပ်စည်ပင်က လွှဲပြောင်းယူခဲ့ပြီး ခြံစည်းရိုးများ ကာထားခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေ သိမ်းဆည်းခံရမှုများကြောင့် နစ်နာခဲ့ရသည့် ပြည်သူများအနေဖြင့် ပြည်ထောင်စုလွှတ် တော် က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်သို့ ဆက်သွယ် တိုင်ကြားနိုင်သည်။ ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် မြေအသုံးချ မှုစီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် အောက်ခြေကော်မတီအဆင့်ဆင့်မှ မည်သည့်အဆင့်ကိုမဆို တိုင်ကြားနိုင်သည်။

Mizzima

မီးလောင်ဒဏ်ရာရ သံဃာရှစ်ပါးကို ရဲဝံ့စွန့်စား ဆုတံဆိပ် ကပ်လှူ

လက်ပံတောင်းဒေသရှိ မီးလောင်ဒဏ်ရာရ သံဃာရှစ်ပါးကို ဗုဒ္ဓင်္ကုရဆုတံဆိပ်ပေးခြင်းနှင့် ၀တ္ထုငွေပေး လှူ ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ၀က်မှေးကျေးရွာဟောင်းရှိ ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၂၇ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။


“ဗုဒ္ဓင်္ကုရဆိုတာ ရဲဝံ့ခြင်း၊ စွန့်စားခြင်း၊ ပေးဆပ်ခြင်းတို့၏ ပေါင်းဆုံရာ စွန့်လွှတ် အနစ်နာခံကြသူများကို ကို ယ်စားပြုသည့် ဆုတံဆိပ်ဖြစ်ပါတယ်”ဟု အဆိုပါအခမ်းအနား၌ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာေ တ်ာတစ်ပါးဖြစ်သည့် ဥူးဝီရသူက မိန့်ကြားခဲ့သည်။

ထိုစဉ်က မီးလောင်ဒဏ်ရာရ သံဃာတော် အများအပြားရှိခဲ့သော်လည်း ရက်ကြာရှည်စွာ ဆေးကုသခဲ့ရ သ ည့် သံဃာရှစ်ပါးကိုသာ ဆုရွေးချယ်ရေးအဖွဲ့က ဗုဒ္ဓကုင်္ရ ဆုတံဆိပ်တော် ချီးမြှင့် ဆက်ကပ်ခဲ့ခြင်းဖြစ် သည်။ ဆုရသံဃာရှစ်ပါးအတွက် တစ်ပါးလျင် ၀တ္ထုငွေ ငါးသိန်းကျပ် ပါဝင်သည်။

လက်ပံတောင်းဒေသ သပိတ်စခန်း ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သော မီးလောင်သံဃာများအတွက် ရရှိ ထားသော အလှူငွေကျပ် သိန်း ၅၅၀ ခန့်ကို ဥူးဝီရသူက ခွဲဝေလှူဒါန်းခြင်းဖြစ်သည်။

မီးလောင်ဒဏ်ရာရ သံဃာတော်များအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များထံမှ မြန်မာငွေ ၅၀,၁၉၆, ၂၆ ၀ သိန်း၊ အမေရိကန်ဒေါ်လာ ၃,၃၅၀ (မြန်မာငွေ ၃,၂၄၉,၅၀၀)၊ ထိုင်းဘတ်ငွေ ၅၀,၀၀၀ (၁,၅၀၀, ၀၀၀) စုစုပေါင်း ငွေကျပ် ၅၄,၉၄၅,၇၆၀ကို လက်ခံရရှိထားသည်ဟု ဥူးဝီရသူက မိန့်ကြားသည်။

ထိုငွေများကို လက်ပံတောင်းတောင်ဒေသရှိ သပိတ်စခန်းများအား ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နံနက် ၃ နာရီက သက်ဆိုင်ရာ အာဏာပိုင်က ဖြိုခွင်းခြင်းကြောင့် သံဃာတော်များနှင့် ဒေသခံများ မီးလောင် ဒဏ် ရာ ရရှိခဲ့သည်။

မီးလောင်ဒဏ်ရာရ လူနာစာရင်းကို ရန်ကုန်မြို့မှ ဒေါက်တာကြူကြူလွင်က ကွင်းဆင်းစာရင်းပြုစုကာ ဆေး ကုသပေးခဲ့ရာ သံဃာ ၁၃၅ ပါး၊ လူပုဂ်္ဂိုလ် ၁၃ ဦးဖြစ်ကြောင်း မီးလောင်ဒဏ်ရာရ သံဃာတော်များ ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်ဥူးဇ၀ိန္တမှ သတင်းထုတ်ပြန်ခဲ့သည်။

Mizzima

အခြေခံဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံချက် သမ္မတနှင့်ကာချုပ်ငြင်းဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက်အရေးကြီးပြီး အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာမက တရားဝင်ပါတီအားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံး ပါဝင်ေ ဆွး နွေးရမည့်ကိစ္စဟု ယုံကြည်ကြောင်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံရန် ဒေါ်အောင် ဆန်းစုကြ ည်၏ မေတ္တာရပ်ခံချက်အပေါ် ၎င်းတို့နှစ်ဦးက တုံ့ပြန်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောကြားသည်။


“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ နိုင်ငံသားအားလုံးအတွက် အရေးကြီးကိစ္စဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၈ ခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရမည့်ကိစ္စလို့ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က ယုံကြည်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ထို့အပြင် ယခုအချိန်သည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး အဆိုပါကော်မတီ အစီရင်ခံစာကို ဒီဇင်လာလကုန်တွင် တင်သွင်းရန် သတ်မှတ်ပြီး ဖြစ်သည်။

အစီရင်ခံစာမတင်သွင်းမီ အခြားနည်းလမ်းများဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၏ တွေ့ရှိချက်များနှင့် ကွဲလွဲမှုများ ဖြစ်လာနိုင်ကြောင်း၊ ထို့ ကြောင့် ယင်းေ က်ာမတီ၏ အစီရင်ခံစာတင်သွင်းပြီးမှသာ တွေ့ဆုံမှုကို စဉ်းစားသင့်သည်ဟု ယူဆကြောင်း သမ္မတနှ င့်ကာ ချုပ်တို့ က သဘောတူသည်ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မေ တ်ာကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံနိုင်ရေးကို စီစဉ်ပေးရန် နိုင်ငံတော် သမ္မတ ထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာအပေါ် ၎င်းတို့နှစ်ဦးက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း လည်းဖြစ် သည်။

“တပ်မတော်ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ် သွေးစည်းညီညွတ်ပြီး တိုင်တိုင်ပင်ပင်ပြုလုပ်ဖို့ဆိုတဲ့ သဘောထားမျိုးနဲ့ ဒေါ်စုက တောင်းဆိုတာဖြစ်လိမ့်မယ်။ တပ်မတော်ကတော့ သီးခြားသဘောထားမျိုးဖြစ် နေတ ယ်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခံယူထားတာကြောင့် တွေ့ဖို့မလို ဘူးလို့ ဆုံးဖြတ်တာဖြစ်နိုင်တယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီ အ တွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးတာ ကောင်းတဲ့လုပ်ရပ်ပဲ။ မြန်မာပြည်မှာ အမြင့်ဆုံးပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးပြီး လုပ် ကြရင် ကောင်းမယ်။ မဖြစ်နိုင်ဘူးဆိုတာတော့ ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတာ နားမလည်ဘူး။ သေချာတာ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့က အဖွဲ့အစည်းအားလုံးက သဘောထားမှတ်ချက်ပေးပြီးသား ပြုပြင် ပြောင်းလဲဖို့ တွေ့ဆုံဆွေးနွေးမှုဖြစ်မလာဘူးဆိုရင် အစိုးရက ပြုပြင်ပြောင်းလဲရေးကို လိုလိုလားလား ရှိရဲ့ လားဆိုတာ စိတ်ပူစရာဖြစ်လာတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီ က သုံးသပ်ပြောကြားသည်။

7Day News Journal

တရုတ်နိုင်ငံထုတ် လျှို့ ဝှက်ကင်မရာအများအပြား မြန်မာနိုင်ငံရှိ တရုတ်ပိုင် ဟိုတယ်များတွင် တပ်ဆင်ထားကြောင်း သိရှိရ



တရုတ်နိုင်ငံမှာတစ်ဆင့် ရွှေလီ-မူဆယ်လမ်းကြောင်းမှ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများတွင် မြန်မာပြည်သူ များအား ဆိုးကျိုး ဖြစ်စေမည့် ဓါတုဗေဒ ဆေးဝါးများပါဝင်သော Fast Food များနှင့် အခြားသော စားသောက်ကုန်များ ပါဝင်လျှက် ရှိနေ ကြောင်းကို သတင်းအများအပြားတွင် ဖတ်ရှုမှတ်သားပြီးဖြစ်ပါသည်။


ယခုလည်း တရုတ်ပြည်တွင် ညစ်ညမ်းဗီဒီယိုကားများ၌ Category ကွဲပြားစွာ ထုတ်လုပ်ရောင်းချရန် အတွက် Hidden Camera ဆိုသည့် ညစ်ညမ်းကားမျိုး ခေတ်စား လျှက်ရှိရာ မြန်မာနိုင်ငံအတွင်းမှ အမျိုးကောင်းသမီးများအား ကုန်ကြမ်းအဖြစ်အသုံးချရန်အတွက် နေရာ စုံတွင် တပ်ဆင်နိုင်သော လျှို့ ဝှက်ကင်မရာများ တင်သွင်းရောက်ရှိလျှက်ရှိကြောင်း နယ်စပ်မှ ကုန်သွယ် ရေးလုပ်ဆောင်သည့် စီးပွားရေးသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ကင်မရာတွေကတော့ အစုံပဲ၊ တခါးလက်ကိုင်ဘုမှာ တပ်တာမျိုး၊ ရေချိုးခန်းမှာရှိတဲ့ အသုံးအဆောင်တွေ မှာ တပ်တာမျိုးတွေပေါ့၊ ဒီက တရုတ်ပိုင်ဟိုတယ်တွေ က အဲဒီဗီဒီယိုတွေကို ဟိုက ညစ်ညမ်းဒါရိုက်တာတွေ ဆီ ပြန်ရောင်းတယ်၊ သူတို့ က Burmese Hidden Camera Girl ဆိုပြီး ဟိုမှာ ပြန်ရောင်းတာ၊ အွန်လိုင်း ကနေ ပိုက်ဆံပေးပြီးမှ ကြည့်လို့ ရတဲ့ Websiteတွေ ထိအောင်တင်တာ၊ စိတ်လွတ်ကိုယ်လွတ် ချစ်သူ နဲ့ ပျော်မြူးတာတော့ ပျော်မြူးတာပေါ့လေ၊ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ကျွန်တော် ရွှေလီမှာရှိတုန်းက ဆိုရင် ရွှေစုံတွဲ ရေချိုးခန်းထဲမှာ ပလူးနေတဲ့ ဗီဒီယို ဆိုပြီးရောင်းလို့ ဝယ်ကြည့်တာ၊ ကိုယ့်မျက်နှာ ဘယ်ထား ရမှန်းမသိဖြစ်ခဲ့ရတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ကိုခင်ရီမောင် ကအတွေ့ အကြုံကိုပြောပြသည်။

မြန်မာအမျိုးကောင်းသမီးများအနေဖြင့် တရုတ်အမျိုးသားပိုင် ဟိုတယ်များသို့ မသွားရောက် ရန်နှင့်ဖြစ်နိုင် ပါက စိတ်မထိန်းနိုင်လျှင်လည်း တခြားအဆင်ပြေသည့် နည်းလမ်းမျိုးဖြင့်ဖြေရှင်းရန် စေတနာရှေ့ ထားကာ သတိပေးလိုက်ရပါသည်။

ZK(ကနောင်)
FROM-SHAN NEWS

ကုလ ဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြရန် ရမ်းဗြဲမြို့တွင် ခွင့်ပြုလိုက်ပြီ


Welcome-to-Ramree-

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မီတီ၏ ဆုံးဖြတ် ချက်ကို ကန့်ကွက် ဆန္ဒပြမည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ဒေသခံတို့၏ တောင်းဆိုချက်ကို သက် ဆိုင်ရာက ခွင့်ပြုပေးလိုက်ပြီဟု သိရသည်။


ကုလသမဂ္ဂ လူ့အခွင့်အရေး တတိယ ကော်မီတီ၏ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဘင်္ဂလီမျိုးနွယ်စုဝင်များအား ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသားအဖြစ် အသိအမှတ် ပြုရန် မြန်မာ အစိုးရကို တောင်းဆိုထားသည့် အချက်ပါဝင်သည်။

၎င်းတောင်ဆိုမူသည် နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါးသည်သာမက မထီမဲ့မြင် ပြုလုပ်ရာ ရောက်သဖြင့် ၎င်းဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဦးဆောင်ရာတွင် ပါဝင်သူ ရမ်းဗြဲဒေသခံ ဗိုလ်ကြီးဟောင်း ဦးထွန်းကြည်က ပြောသည်။

ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲကို ယနေ့ (နိုဝင်္ဘာလ ၂၈ ရက်နေ့) နံနက် ၉ နာရီတွင် စတင် ပြုလုပ် မည်ဟု ၄င်းက ပြောဆိုသည်။

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်မည်



November 27, 2013

ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့ အကြီးအကဲ ဖြစ်သူ ခရစ္စတင်းလာဂါး Christine Lagarde ဟာ လာမယ့်ဒီဇင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို ပထမ ဆုံးအကြိမ် လာရောက်မယ်လို့ IMF က ဒီကနေ့ ကြေညာပါတယ်။


အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ အခြေ စိုက်တဲ့ IMF ရဲ့ ညွန်ကြားရေးမှူးချုပ်ဖြစ်တဲ့ Ms. Lagarde ဟာ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၅ ရက်ကြာခရီးအဖြစ် ကမ္ဘောဒီးယား၊ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်မှာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း IMF အကြီးအကဲအနေနဲ့ နိုင်ငံအကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသမီးခေါင်းဆောင်တွေ ၊ ကျောင်းသားခေါင်းဆောင်တွေ၊ စီးပွားရေးလူမှုရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

မတူညီတဲ့ ပြုပြင်ပြောင်းလဲရေး အဆင့်တွေမှာရောက်နေတဲ့ အာရှ ၃ နိုင်ငံကို ခရီးသွားရောက်မှာဖြစ်ပြီး တောင်ကိုရီးယားက ကမ္ဘာ့အဆင့် ၁၃ နိုင်ငံမြောက် အကြီးမားဆုံးနိုင်ငံ ဖြစ်တဲ့အကြောင်း၊ ကမ္ဘောဒီးယား ကတော့ တက်သစ်စ စီးပွားရေးနယ်ပယ်သစ် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံကတော့ မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေအခွင့်အလမ်းတွေနဲ့ နိုးထစနိုင်ငံတစ်ခုဖြစ်ကြောင်း Ms. Lagarde က ပြောကြားပါတယ်။

ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့သည့် နေရာတွင် ရှေးအကျဆုံး ဘုရားကျောင်းဆောင်ကို ရှာဖွေတွေ့ရှိ



ဗုဒ္ဓပွင့်တော်မူရာ လုမ္ဗိနီတွင် ရှေးအကျဆုံး သစ်သား ဘုရားကျောင်းဆောင်ကို ရှာဖွေတွေ့ရှိခဲ့မှုက ဗုဒ္ဓသည် ဘီစီခြောက်ရာစု မတိုင်မီက သက်တော် ထင်ရှားရှိခဲ့သည်ဟု သတ်မှတ်ထားမှုကို အဖြေ ထုတ်ပေးနိုင်ဖွယ် ရှိကြောင်း ရှေးဟောင်း သုတေ သနပညာရှင်များက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ နီပေါနိုင်ငံတောင်ပိုင်း လုမ္ဗိနီရှိ မာယာဒေ၀ီကျောင်းတွင် အုတ်ကျောင်းအောက်၌ ရှေးဟောင်း သစ်သားကျောင်းဆောင်ကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။


ယင်းကျောင်းဆောင်တွင် သစ်ပင်တစ်ပင် တည်ရှိခဲ့ဖွယ် ရှိကြောင်း၊ ယင်းသစ်ပင်သည် ဗုဒ္ဓကို ဖွားတော်မူစဉ်က မယ်တော်မာယာသည် သစ်ကိုင်းတစ်ကိုင်းကို ကိုင်တွယ်ခဲ့သည်ဟု ဖွားတော်မူခန်း အကြောင်းအရာနှင့် ဆက်နွှယ်နေကြောင်း Antiquity ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ယင်းကျောင်းဆောင်ကို ရှာဖွေတွေ့ရှိမှုက ဗုဒ္ဓဖွားတော်မူသည့် နေ့ရက်နှင့် ပတ်သက်၍ အငြင်းပွားမှုကို ဖြေရှင်းပေး နိုင်ဖွယ် ရှိကြောင်း ရှေးဟောင်း သုတေသနပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

ဗုဒ္ဓပွင့်တော်မူသည့် ကာလနှင့် ပတ်သက်၍ ခန့်မှန်းမှုများတွင် ကွဲလွဲမှုများရှိနေပြီး အချို့က ဘီစီ ၆၂၃ ဟု သတ်မှတ်ကြပြီး အချို့က ဘီစီ ၄ ရာစုဟု သတ်မှတ်ကြသည်။

ဘုရားကျောင်းဆောင်ကို တွေ့ရှိသည့် နေရာမှ သဲများ၊ မီးသွေးအပိုင်းအစများကို ရေဒီယိုကာဗွန်နည်းဖြင့် ရက်စွဲသတ်မှတ်ခဲ့ပြီး ဘုရားကျောင်း၏အလယ်တွင် သစ်မြစ်များ ရှိခဲ့ကြောင်းကိုလည်း ဘူမိရှေးဟောင်း သုတေသနပညာရှင်များက အတည်ပြုပေးခဲ့သည်။ ၀ါရှင်တန်အခြေစိုက် National Geographic Society မှ ငွေကြေးထောက်ပံ့မှုဖြင့် ရှေးဟောင်းသုတေသန ပညာရှင်များက လုမ္ဗိနီတွင် သုတေသန ပြုခဲ့ကြခြင်း ဖြစ်ပြီး ဖေဖော်ဝါရီတွင် "ဗုဒ္ဓ၏ မြေမြုပ်နေသော လျှို့ဝှက်ချက်များ"မှတ်တမ်းကို ထုတ်လွှင့် ပြသမည် ဖြစ်သည်။

ယခုအချိန်ထိ လုမ္ဗိနီတွင် ရှေးအကျဆုံး ဗုဒ္ဓဆိုင်ရာ အဆောက်အအုံမှာ ဘီစီသုံးရာစုက အသောက ဘုရင်လက်ထက် ဘုရားကျောင်းများ ဖြစ်သည်။ သုတေသနကို ဦးဆောင်ခဲ့သော ဒါဟမ်တက္ကသိုလ်မှ ရှေးဟောင်း သုတေသနပါမောက္ခ ရိုဘင်ကိုနင်ဟမ်က "ဒါဟာကမ္ဘာမှာ ရှေးအကျဆုံး ဗုဒ္ဓဘုရား ကျောင်းဆောင် သက်သေ အထောက်အထားပါ"ဟု ပြောကြားခဲ့သည်။ ယခုကဲ့သို့ ရှေးဟောင်း အထောက် အထားကို တွေ့ရှိခဲ့မှုကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသော လုမ္ဗိနီကို ထိန်းသိမ်းမှုများကို အထောက်အကူပြုမည် ဖြစ်သည်။

Tuesday, November 26, 2013

SEA GAME လှေလှော်ပြိုင်ပွဲ နှင့်  အချိန်ကိုက်လုပ်မည့် ဆန္ဒထုတ်ဖော်မှုများအား နည်းလမ်းမှန်စွာ ဖြေရှင်းနိုင်ရေးသာအရေးကြီးဟုဆို



၂၇ ကြိမ်မြောက် SEA GAME ပွဲတွင် ပုသိမ်၊ ချောင်းသာ ကမ်းခြေ၌ ရွက်လှေပြိုင်ပွဲလည်း ကျင်းပမည်ဖြစ်၍ ယင်းဒေသရှိ အသိမ်းဆည်းခံ လယ်ပိုင်ရှင်များက ပြိုင်ပွဲကျင်းပစဉ်တွင်အချိန်ကိုက် ဆန္ဒထုတ်ဖော် မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။


၎င်းအပေါ် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် က အဆိုပါဆန္ဒ ထုတ်ဖော်မှုသည် နိုင်ငံဂုဏ်သိက်္ခာ ထိခိုက်နိုင်မည်ဖြစ် ၍ ပြင်းပြင်း ထန်ထန် အရေးယူဆောင် ရွက်သွားမည်ဟု ထုတ်ဖော် ပြောကြား ထားပြီးဖြစ်၍ ယင်းအတွက်နိုင်ငံ သားများမူလအခွင့်အရေး ဒီမို ကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး အနေဖြင့် မည်သို့ရှုမြင့်သုံးသပ် ကြောင်း သတင်းထောက်တစ်ဦးက မေးမြန်း ခဲ့ပါသည်။

SEA GAME နဲ့ တိုက်ပြီး လုပ်တဲ့ရည်ရွယ်ချက်ပေါ့၊ SEA GAMe ကိုလာတဲ့အဖွဲ့တွေက ဒီကိစ်္စကို ကူညီ ဖြေရှင်းဆောင်ရွက် ပေးနိုင်မယ်လို့ယုံကြည်ပြီးလုပ်တာလား၊ ဒါမှမဟုတ်ရင်ဘာရည် ရွယ်ချက်လဲ ဒီ ရည်ရွယ်ချက်က အရေးကြီးဆုံးပဲ၊ တကယ်တော့ ဒီအကြောင်းအရာတွေအားလုံးကို မသိပါဘူး။ သို့သော် လည်း ကျွန်တော်က ဧရာဝတီနဲ့ နီးစပ်ပါ တယ်။ သိမ်းဆည်းတယ်ဆိုတဲ့ ကိစ္စ ရပ်တွေကို လွှတ်တော်ပိုင်း ကလဲ လုပ်တယ်။ နိုင်ငံတော်အစိုးရပိုင်း ကလည်းလုပ်တယ်။ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ကလည်း နည်းမှန် လမ်းမှန်ဖြေရှင်းတယ်။ ဖြေရှင်းတဲ့ အချိန်မှာ ဒါကိုပဲလက်ခံရမယ်လို့ ကျွန်တော် မြင်တယ်။ SEA GAME ပြိုင်ပွဲလာတဲ့ သူတွေက ဒါကိုရှင်းပေးမှာမဟုတ်ဘူး။ နားလည်းလည်မှာ မဟုတ်ဘူး။ ဘာပဲလုပ်လုပ် နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းနိုင်ရေးပဲအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ဦးဌေးဦး က ပြန်လည် ဖြေကြားခဲ့သည်။

မျိုးစောင့်ဥပဒေကို ဒေါ်စုအပြင်းအထန်ကန့်ကွက်ခဲ့သော်လည်း လိင်တူခြင်းပေါင်းသင်းမှုကို သဘောတူထောက်ခံ



မြန်မာ နိုင်ငံတွင် လိင်တူချစ်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ် ထားခြင်းအား ပယ်ဖျက်ပေးရန် ပထမဆုံး အကြိမ် ဒေါ်အောင်ဆန်းစုကြည် ၏တိုက်တွန်းတောင်းဆိုမှုအပေါ် မြန်မာ LGBT အခွင့်အရေးဆိုင် ရာကွန်ရ က်ကထောက်ခံ သည့် ကြေညာ ချက်တစ်စောင်ကိုထုတ် ပြန်လိုက်ကြောင်း သိ ရသည်။


နိုဝင်ဘာ ၁၉ရက်တွင်ပြု လုပ်သော HIV/AIDS နှင့်ပတ် သက် သည့် ကမ္ဘာ့ကုလသမဂ္ဂအာ ရှပစိဖိ တ်ဒေသ ဆိုင်ရာညီလာခံ သို့ပေးပို့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မိန့် ခွန်းတွင် ယင်းကဲ့သို့ ထ ည့်သွင်းပြော ကြားခဲ့ခြင်းကို မြန်မာ LGBT ခွင့်အရေး ဆိုင်ရာကွန်ရက်မှ နို ဝင်ဘာ ၂၂ရက်တွင် ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော အဆိုပါမိန့်ခွန်းတွင် လိင်တူ ချစ်မှု အပေါ်ရာဇဝတ်မှု အဖြစ်သတ် မှ တ်ထားသော ဥပ ဒေများရှိနေခြင်းက လိင်တူချစ်သူ များအကြား HIV/AIDS ကုသ ရေးမှာ အခက်အခဲ အ ဟန့်အတား ဖြစ်နေကြောင်း၊ လိင်တူချစ်သူ များကြား HIV/AIDS ကူးစက် ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ဖြစ်နေရခြင်းမှာ လည်း လူထုအတွင်းခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆအစွဲ များ၊ ဥပဒေများ ရှိနေသောကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်အပေါ် မြန်မာLGBTအခွင့်အရေးဆိုင်ရာ ကွန် ရက်မှ ဦးတင်ကို ကို က " LGBTအသိုင်းအဝိုင်းကို တန်းတူအခွင့် အရေးရလာဖို့အတွက် နိုင်ငံခေါင်း ဆောင်တစ်ယောက်က ပထ မဆုံး အကြိမ် အခုလို ကျွန်တော်တို့နဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြား ပေးသွားတဲ့ အတွက် အလွန်ဝမ်း သာပါတယ်။ ကျွန်တော်တို့အရှေ့ ကနေမားမား ရပ်ပေးမယ့် တိုင်း ပြည်ခေါင်းဆောင်တစ်ယောက် ပေါ်ထွ က်လာတာပေါ့။ ဘယ်တုန်း ကမှ ဘယ်လိုလူကြီးတစ်ယောက် ကမှ ထည့်သွင်းပြောကြားလေ့ မရှိ ခဲ့တဲ့ စကားတစ်ခုကို အခုလိုပြော ကြားတာဟာ ကျွန်တော်တို့ LGBT အသိုင်းအဝိုင်းအတွက် ရှေ့လျှောက် ရမယ့်အားတစ်ခုပါ ပဲ''ဟု ပြောသည်။

၂၀၁၃ခုနှစ် ဇူလိုင် ၆ရက် နှင့် ရရက်တို့တွင် မန္တလေးမြို့၌ အမျိုးသားချင်း ချစ်ခင်စုံမက်သူ များနှင့် ဆန့်ကျ င်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူ ၁၂ယောက် သည် မန္တလေးတိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသ ည်။

By Yangon Media Group

ပြည်တွင်း စုဆောင်းမှုနှင့် မြန်မာ့ စီးပွားရေး (Domestic Savings and Economy)

မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်အထိ အရန်နိုင်ငံခြားငွေ ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလျံခန့်နှင့် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်ခန့် ပိုင်ဆိုင်ထားရှိကြောင်း သိရသည်။


ရွှေတစ်တန်လျှင် ပိဿာ ၆၀၀ ကျော်ခန့်ရှိပြီး လက်ရှိကာလ ပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ်သိန်း ၆၈၀ ရှိသည်ဟု (ရွှေဆိုင်ပိုင်ရှင် အချို့၏ စကားအရ) သိရပြီး ယင်းသို့ဆိုလျှင် ရွှေ ၇ ဒသမ ၁၅၃၃ တန်၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၂၉၁၈၇၉၁ ဒသမ ၂ သိန်းခန့် ဖြစ်သည်။ ယင်းကို လက်ရှိငွေလဲနှုန်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၉၇၃ ကျပ် ဖြစ်နေရာ (ဖြင့်လဲလျှင်) အမေရိကန်ဒေါ်လာ ၂၉၉၉၇၈၅၄၀ ဒသမ ၅၉၆ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ၉၇၈၅၄၁ သန်း ) ခန့်ဖြစ်သည်။

ထို့ကြောင့် လက်ရှိ နိုင်ငံခြား အရန်ငွေ ပမာဏ ၈ ဒသမ ၁၃ ဘီလျံ အမေရိကန်ဒေါ်လာ (Billion USD) နှင့် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်၏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၉၇၈၅၄၁ မီလျံ (Million USD) နှစ်ရပ်ပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၉၉၇၈၅၄၁ ဘီလျံ (Billion USD) ခန့် ရှိပေလိမ့်မည်။

ထို့ကြောင့် ထိုငွေပမာဏသည် လက်ရှိနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ (FDI) အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံကျော်ခန့်နှင့် နှိုင်းယှဉ်လျှင် ၁၉ ရာခိုင်နှုန်းကျော်ခန့်သာ ရှိနေသေးသည်ကို တွေ့ရသည်။

တစ်ချိန်တည်းတွင် ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်တွင်းစုဆောင်းငွေ ပမာဏမှာ ကျပ် ၈၆၉၁ ဒသမ ၁၅၈၁ ဘီလျံခန့် (လက်ရှိငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ၉၇၃ ကျပ်ဖြင့် တွက်လျှင် ၈ ဒသမ ၉၃၂၃၃၁ ဘီလျံ အမေရိကန်ဒေါ်လာ (Billion USD) ခန့်ဖြစ်ရာ ယင်းငွေပမာဏသည် FDI ၏ ရာခိုင်နှုန်း ၂၀ ကျော်ခန့်သာ ရှိနေသေးကြောင်း တွေ့ရသည်။ အရန်နိုင်ငံခြားငွေ ပမာဏ ၈ ဒသမ ၁၃ ဘီလျံ (Billion USD) ၊ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်၏ ကာလတန်ဖိုး ၂၉၉ဒသမ ၉၇၈၅၄၁ မီလျံ (Million USD) နှင့် ပြည်တွင်းစုဆောင်းငွေ ပမာဏ (ကာလတန်ဖိုး အမေရိကန်ဒေါ်လာဖြင့်) ၈ ဒသမ ၉၃၂၃၃၁ ဘီလျံ (Billion USD) ထိုသုံးခုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၆၂၃၀၉ ဘီလျံ (Billion USD) ခန့်ဖြစ်ပြီး ယင်းမှာ FDI ၏တန်ဖိုး (အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံ) ၏ ၃၉ ဒသမ ၅၄၉၆၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း တွေ့ရသည်။ (တစ်နည်းအားဖြင့် FDI ပမာဏ၏ ထက်ဝက်မျှပင် မရှိသေးဟူသော အဓိပ္ပာယ် ဖြစ်သည်။) ဆိုလိုသည်မှာ ယနေ့မြန်မာနိုင်ငံ၏ Gross Domestic Capital Formation သည် အားနည်းနေဆဲဖြစ်ပြီး ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏနှင့် နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ပါသည်။

တစ်ချိန်တည်းတွင် ယနေ့လက်ရှိ ငွေဖောင်းပွမှုနှုန်း (Inflation Rate) မှာ ၇ ဒသမ ၃ ရာခိုင်နှုန်းခန့် ရှိလာသည်ဟု သိရပြီး Money Supply ပမာဏမှာ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ကျပ် ၆၃၃၁ ဒသမ ၈၀ ဘီလျံ၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ကျပ် ၆၇၂၂ ဒသမ ၆၂ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ် ၉၀၄၆ ဒသမ ၁၉ ဘီလျံရှိသည် ဆိုသည်ကို တွေ့ရသည်။ ထို့ကြောင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၂၀၁၀-၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ကျပ် ၃၉၀ ဒသမ ၈၂ ဘီလျံခန့် တိုးမြင့်လာသော်လည်း ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂၀၁၁ - ၂၀၁၂ ခုနှစ်ထက် ကျပ် ၂၃၂၃ ဒသမ ၅၇ ဘီလျံအထိ ရုတ်ခြည်းတိုးမြင့် လာရခြင်း၏ အကြောင်းရင်းကို သိရှိရန် လိုအပ်ပေလိမ့်မည်။

မြန်မာနိုင်ငံ၏ ခန့်မှန်းဘတ်ဂျက်လို ငွေပြမှု (Budget Deficit) ပမာဏမှာ ကျပ် ၂၈၈၇ ဒသမ ၄၇၉ ဘီလျံ (အမေရိကန်ဒေါ်လာ တန်ဖိုး ၂ ဒသမ ၉၆၇၆ ဘီလျံ Billion USD) ခန့်ရှိနေပြီး ယင်းဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန်နှင့် တတ်နိုင်သရွေ့ ဘတ်ဂျက်လိုငွေပြမှု ကြီးမားလာခြင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ငွေဖောင်းပွမှုနှုန်း မြင့်မားခြင်းကို အမြဲမပြတ် ဂရုစိုက်ရန် လိုအပ်ပေမည်။ အကြောင်းမှာ ဘက်ဂျတ်လိုငွေပြမှု ပမာဏ ကြီးမားလာခြင်း (Increased Budget Deficit) နှင့် ယင်းကို ငွေစက္ကူထုတ်ပြီး ဖြေရှင်းခြင်း (သို့မဟုတ်) Financing လုပ်ခြင်းမှတစ်ဆင့် စီးပွားရေး အကျပ်အတည်းများ (Economic Crisis) ဖြစ်ပေါ်လာလေ့ ရှိတတ်သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် Money Supply မြင့်မားလာလျှင် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာပြီး နိုင်ငံတကာဈေးကွက် ဈေးနှုန်းများနှင့် ပြိုင်ဆိုင်မှုစွမ်းရည် နိမ့်ကျလာပြီး အပြည်ပြည်ဆိုင်ရာ ငွေစာရင်းရှင်းတမ်း (Balance of Payments) မှာ ဆိုးရွားလာနိုင်ပါသည်။

အခြားတစ်ဖက်တွင် ကုန်သွယ်ရေး လိုငွေပြမှု (Trade Deficit) နှင့် ဘဏ္ဍာရေး လိုငွေပြမှု (Budget Deficit) တို့သည် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းကို တန်ဖိုးလျော့ကျ စေနိုင်သကဲ့သို့ ပြည်တွင်းစုဆောင်းမှု နှုန်းကိုလည်း နိမ့်ကျစေနိုင် ပါသည်။

ဤအထက်ပါ လက်ရှိ မြန်မာ့စီးပွားရေး အနေအထားကို အိမ်နီးချင်း ထိုင်းနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် နှိုင်းယှဉ်သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ် အခြေအနေနှင့် နှိုင်းယှဉ်ကြည့်မိပါသည်။ ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ်၏ GDP သည် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၄ ဘီလျံဖြစ်ပြီး လူတစ်ဦးချင်း GDP သည် အမေရိကန်ဒေါ်လာ ၁၇၇၀၊ နိုင်ငံခြား အရန်ငွေကြေး ပမာဏ (ရွှေမပါ ၁၉၉၂ မတ်လ) တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ဘီလျံနှင့် ရွှေအောင်စ ၂ ဒသမ ၄၇ သန်းခန့် ရှိနေခဲ့သည်။

ဆိုလိုသည်မှာ ယနေ့ ၂၀၁၃-၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ GDP သည် ၅၉ ဒသမ ၄ ဘီလျံ အမေရိကန်ဒေါ်လာ (IMF အရ) ခန့်မှန်းထားရှိရာ ယင်းပမာဏသည် ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ် GDP ၏ ၆၄ ဒသမ ၄ ဘီလျံထက် အမေရိကန်ဒေါ်လာ ငါးဘီလျံ နည်းနေသေးပြီး ကာလအားဖြင့် လွန်ခဲ့သော ၂၅ နှစ်ခန့်က ထိုင်းနိုင်ငံ၏ GDP ထက်ပင် ယနေ့မြန်မာနိုင်ငံ၏ GDP က နိမ့်ကျနေသေးခြင်း ဖြစ်သည်။ ၎င်းအပြင် ထိုင်းနိုင်ငံ၏ အရန်နိုင်ငံခြားငွေ ပမာဏမှာ (၁၉၉၂ မတ်လ) တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ဘီလျံနှင့် ရွှေအောင်စ ၂ ဒသမ ၄၇ သန်း ပိုင်ဆိုင်နေခြင်းကိုလည်း တွေ့ရှိရသည်။

ယနေ့ မြန်မာနိုင်ငံ၏ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် GDP မှာ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၄ ဘီလျံခန့်ဖြစ်ရာ ယင်းပမာဏနှင့် ယနေ့လက်ရှိ FDI ပမာဏ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံခန့်သာ ကွာဟ (ခြားနား) နေကြောင်း တွေ့ရသလို ပြည်တွင်းစုဆောင်းမှု ပမာဏနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပမာဏတို့ မြင့်မားလာရန်မှာလည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးပါကြောင်း လေ့လာတွေ့ရှိရသည်။

ပြည်ပနိုင်ငံများ အပေါ်တွင် အလွန်အမင်း မှီခိုမှု အပေါ်တွင် အားပြုသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ရံဖန်ရံခါ တည်ငြိမ်မှု အားနည်းစေနိုင် ပါသလို မက်ခရို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံသဏ္ဌာန်ကိုလည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။

(ဆောင်းပါးရှင် - ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေး ပေါ်လစီ)

Credit - Eleven Media

ရန်ကုန်မြို့အတွင်း လမ်းမကြီး အများစုနှင့် လမ်းသွယ် အချို့တွင် အခမဲ့ကားပါကင်များ ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်



ရန်ကုန်မြို့အတွင်း လမ်းမကြီးအများစုနှင့် လမ်းသွယ်အချို့တွင် အခမဲ့ကားပါကင်များကို ယခုနှစ်အတွင်း ပြီး စီးအောင် ဆောင်ရွက်သွား နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတားဌာန ဒုတိယဌာနမှူး ဦးမျိုးလွင်က နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောသည်။


ယင်းကဲ့သို့ လမ်းမကြီးများ အားလုံးနီးပါးနှင့် လမ်းသွယ်အချို့တွင် အခမဲ့ကားပါကင်များ ပြုလုပ်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စည်းကမ်းမဲ့ယာဉ် ရပ်နားမှုများ လျော့ကျစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ ကျ ဆင်းစေရန်အတွက် ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်မြို့ အတွင်းမှာရှိတဲ့ လမ်းမကြီးများ အားလုံးနဲ့ လမ်းသွယ်အချို့မှာ အခမဲ့ ကားပါကင်တွေကို ယခု နှစ်အတွင်း ပြီးစီးအောင် ကြိုးစားဆောင်ရွက်သွားပါ့မယ်။ လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ အနော်ရထာ လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်း စတဲ့လမ်းမကြီးတွေ အားလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဓိက တော့ အရမ်းကျယ်တဲ့ လူသွားလမ်း စင်္ကြံန်တွေကို ငါးပေအကျယ်အ၀န်း လောက်ပဲထားပြီးရင် အဲဒီနေရာ တွေ မှာ ကားပါကင်တွေ ပြုလုပ်သွားမှာဖြစ်တယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတားဌာန ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော လမ်းများတွင် ရပ် နားနေသည့် ယာဉ်များကို ကရိန်းဖြင့် ဖယ်ရှားအရေးယူမှုကြောင့် ယာဉ်ပိုင်ရှင်များ အနေဖြင့် လမ်းသွယ် များ ၌ အဓိက ရပ်နားနေရကြောင်း၊ ယင်းသို့ရပ်နားနေမှုကြောင့် အချို့လမ်းသွယ်များတွင် ယာဉ်ပိတ်ဆို့ မှုများ ပိုမိုဖြစ်ပွားနေပြီး စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများလည်း ပိုမိုဖြစ်ပွားနေသည်။

 အနော်ရထား လမ်းမပေါ်တွင် ယာဉ်များရပ်နားထားမှုအား နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် 
(ဓာတ်ပုံ-မျိုးမင်းထက်)

Eleven

နှစ်နိုင်ငံခရီးသွားများ အဆင်ပြေစေရန်အတွက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို အချိန်တိုးမြှင့် ဖြတ်သန်းခွင့်ပြုမည်



မြန်မာ-ထိုင်းနယ်စပ် ၀င်၊ ထွက် ဂိတ်များအနက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို နှစ်နိုင်ငံ ခရီး သွားများ အဆင်ပြေစေရန် အတွက် အချိန် တိုးမြှင့် ဖြတ်သန်းခွင့် ပေးသွားမည် ဖြစ်ကြောင်း မြ၀တီချစ်ကြည် ရေး တံတားရှိ တာဝန်ရှိသူများထံမှ သိရသည်။


နှစ်နိုင်ငံနယ်စပ် တံခါးပေါက်ဖြစ်သည့် မြ၀တီနှင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ လင့်မေးရွာ (မယ်တော် )ကို ပေါင်းကူးတည်ဆောက်ထားသော ချစ်ကြည်ရေးတံတားအား လက်ရှိတွင် မြန်မာစံတော်ချိန် နံနက် ၆နာရီမှ ည ၆ နာရီထိ ဖွင့်လှစ်ထားရာမှ မကြာမီ ကာလတွင် နံနက် ၅ နာရီမှ ည ၈ နာရီအထိ ဖြတ်သန်းသွား လာ ခွင့် ပြုသွားရန် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တရားဝင် ခွင့်ပြုထားကြောင်း သိရသည်။

''နှစ်နိုင်ငံ ခရီးသွားတွေ အဆင်ပြေဖို့  အတွက် ချစ်ကြည်ရေး တံတားကို အချိန်တိုးမြှင့် ဖွင့်လှစ်ဖို့ ပြည်နယ် အစိုးရ အဖွဲ့က တရားဝင် ညွှန်ကြားစာ ရောက်ရှိပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဖက်က အဆင်သင့် ဖြစ်နေ ပါပြီ။ ဟိုဘက်နိုင်ငံနဲ့ ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်'' ဟု မြ၀တီတံတားမှ တာ ၀န်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ချစ်ကြည်ရေးတံတား အချိန်တိုးမြှင့် ဖွင့်လှစ်ခြင်းဖြင့် မြ၀တီ ဒေါနတောင်ပေါ်လမ်းတွင် ယာဉ် ကြော ပိတ်ဆို့မှုကြောင့် ရောက်ချိန်နောက်ကျသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အတွက် တ ဖက်နိုင်ငံသို့ ထွက်ခွာရန် ပို၍အဆင်ပြေ သကဲ့သို့ နံနက်သွား၊ ညပြန် သွားလာလှုပ်ရှား နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား၊ ဈေးသည် ဈေးဝယ်များ၊ မော်တော်ယာဉ်နှင့် ခရီးသွား လုပ်ငန်းယာဉ်များ ပိုမိုအဆင်ပြေလာ နိုင်ကြောင်းနှင့် အမှောင်ထုကို အကာအကွယ်ယူပြီး ဒုစရိုက်မှုများ မဖြစ်ပွားရအောင် လည်း တာဝန်ရှိသူများမှ အထူးဂရုပြုသင့်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားအား ၁၉၉၄ ခုနှစ် အောက်တိုဘာ ၂၀ ရက် တွင် ဘတ် ၇၉ ဒသမ ၂ သန်း အကုန်ကျခံ တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် သြဂုတ် ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ 

ကားကိစ္စကြောင့် ၂၀၀၇ ခုနှစ် မတ်၂၈ရက်မှ ဧပြီ ၃ ရက်အထိ ယာယီပိတ်ခဲ့ပြီးနောက် သောင်ရင်း မြစ် ကမ်းထိန်းနံရံ တည်ဆောက်မှု လုပ်ငန်းများကြောင့် ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁၈ ရက်တွင် ယာယီပိတ်ထား ခဲ့ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ဓါတ်ပုံ - မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသော 
ထိုင်းခရီးသွားများအား တွေ့ရစဉ်

Eleven

တောင်သမန်အင်း အတွင်းရှိ ပျက်စီးယိုယွင်းနေသော ဦးပိန်တံတား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည်



အမရပူရ မြို့နယ်အတွင်း တောင်သမန်အင်းရှိ ယိုယွင်းပျက်စီးမှု များပြားလာနေသည့် ဦးပိန် တံတားအား ပြုပြင်ထိန်းသိမ်း နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။


မန္တလေး ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ ယခုနှစ် ခရီးသွားရာသီ ကာလအတွင်း နိုင်ငံခြားသား ခရီး သွား လာရောက်လည်ပတ်မှု ပိုမိုများပြား လာကြောင်းနှင့် ဦးပိန်တံ တား ရေရှည်တည်တံ့ နိုင်ရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ထပ်မံတင်ပြ သွားမည်ဖြစ်ကြောင်း ရှေး ဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ စုံစမ်းသိရသည်။

''မန္တလေး ယဉ်ကျေးမှုဇုန်ကို ဒီနှစ်ခရီးသွားရာသီ ကာလမှာ ပြည်တွင်းပြည်ပ ခရီးသွားဦးရေ လည်ပတ်မှုက ပိုများတယ်လို့ ပြောလို့ရပါတယ်။ တောင်သမန်အင်းနဲ့ ဦးပိန်တံတားကိုလည်း ရေရှည်တည်တံ့ နိုင်စေဖို့ အ တွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားနိုင်ဖို့လည်း စီစဉ်နေပါတယ်'' ဟု ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတားပျက်စီးမှု များလာခြင်းကိုလည်း ယဉ်ကျေးမှု ၀န်ကြီးဌာနသို့ ပြု ပြင်ထိန်းသိမ်း နိုင်ရန်အတွက် ထပ်မံတင်ပြသွားရန် စီစဉ်နေကြောင်းပါ အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။

ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံး လာရောက် လည်ပတ်နေသည့် တောင်သမန်အင်း ရေပြင်ညစ် ညမ်း လာနေမှုများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကုမ္ပဏီတစ်ခုဖြင့် ရေသန့်စင်မှု များ ပြုလုပ်သွားမည်ဟု ပြောကြားထားသော်လည်း လက်ရှိအချိန်၌ အင်းရေပြင်နှင့် တောင်သမန် ပတ် ဝန်းကျင်မှာ ညစ်ညမ်းမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့အပြင် ဦးပိန်တံတား ယိုယွင်းပျက်စီးလာနေမှု များ ကိုလည်း တိုင်းဒေသကြီး အစိုးရမှ တောင်သမန်အင်းနှင့် ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းမှု ကော်မတီတစ် ရပ် ဖွဲ့စည်းကာ ပြုပြင်ထိန်းသိမ်းရန် စီစဉ်နေကြောင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားထားသည်။

မန္တလေးရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံခြားသား ခရီးသွား လာရောက်လည်ပတ်မှုမှာ ၁၀၁၆၃၈ ဦးကျော် လာရောက် လည်ပတ်ခဲ့ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ သိရသည်။

Eleven

ရေကြောင်းရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေး၊ ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေးအတွက် တပ်မတော်(ရေ)က တာဝန်ယူထား



ရခိုင်ကမ်းရိုးတန်း လုံခြုံရေးအတွက် ရေကြောင်း ရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်တွင် မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေး အတွက် ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များကို တပ်မ တော်(ရေ)မှ ထမ်းဆောင်နေ ကြောင်း သတင်းရရှိသည်။


ရသေ့တောင်မြို့နယ် အငူမော်မှ နတ်မြစ်ဝနှင့် နတ်မြစ်တစ်လျှောက် နယ်စပ်လုံခြုံရေးအတွက် ယခင်နယ် စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက)အား ဖျက်သိမ်းပြီးနောက်ပိုင်း တပ်မတော်(ရေ)မှ ဆက်လက် တာဝန်ယူ ထားကြောင်းနှင့် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှု၊ ပင်လယ်ဓားပြမှုများ၊ နိုင်ငံနှင့် ဆက်စပ်နေသည့် ရေလမ်းကြောင်း များမှတစ်ဆင့် ကျူးလွန် လာသည့် မှုခင်းများကို တားဆီးနှိမ်နင်းရန်နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ရခိုင် ပြည်နယ်တွင် ရေကြောင်း ရဲတပ်ဖွဲ့ခွဲ တစ်ခုကို ကျောက်ဖြူ ဆိပ်ကမ်းတွင် လည်းကောင်း၊ ရေကြောင်းရဲ တပ်ဖွဲ့ နှစ်စုကို စစ်တွေနှင့် သံတွဲဆိပ်ကမ်းများတွင် လည်းကောင်း ဖြန့်ခွဲဆောင်ရွက် သွားရန်ရှိပြီး လက်ရှိ အချိန်တွင် ပြင်ဆင်ဆဲ အနေအထားတွင် ရှိနေသေးကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ ရက်ကလည်း တပ်မတော် (ရေ)မှ ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များ ထမ်း ဆောင်နေစဉ် လက်နက်ကိုင်များ၏ စက်လှေတစ်စီးအား လက်နက်များနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁နာ ရီအချိန်ခန့်က မယူမြစ်ဝရှိ မေယုကျွန်းအနီး မသင်္ကာဖွယ် လှေ တစ်စီးအား တပ်မတော် စစ်ရေယာဉ်မှ မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်း မပြုဘဲမောင်းနှင် ထွက် ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ နံနက် ၂ နာရီ အချိန်တွင် အဆိုပါ ကုန်လှေအား တရားခံမဲ့ ဖမ်းဆီးရမိ ခဲ့ ကြောင်းနှင့် အဆိုပါလှေအား တပ်မတော် (ရေ)မှ ရှာဖွေရှင်းလင်းရာ အမ် ၁၆ မောင်းပြန်ရိုင်ဖယ်တစ်လက် နှင့် ၎င်းကျည် ၁၁၅ တောင့်၊ လေဖိအားသုံး စ္စတိုသေနတ်တစ်လက်နှင့်ကျည်အိမ်တစ်ခုတို့အားသိမ်းဆည်း ရမိ ခဲ့သော်လည်း လှေပေါ်တွင် လိုက်ပါလာသူများအား လိုက်လံဖမ်းဆီးစဉ် လှေပေါ်မှ ခုန်ချထွက်ပြေး သွားကြောင်း သိရသည်။ ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း ပင်လယ်ပြင်လုံခြုံရေး အနေအထားအရ ငါးဖမ်းလှေ များမှာ စိတ်ချလက်ချ ငါးဖမ်းဆီးနိုင်ခြင်း မရှိသည့်အပြင် လူမှောင်ခို ဂိုဏ်းများနှင့် လက်နက်မှောင်ခို ဂိုဏ်း များ၏ စက်လှေများ ၀င်ထွက်ဖွယ်ရှိကြောင်း ရေလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

 နတ်မြစ်အတွင်း လုံခြုံရေး တာဝန်ယူနေသော တပ်မတော်(ရေ)မှ စစ်ရေယာဉ်အား တွေ့ရစဉ်

Eleven Media Group

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အမြန်လမ်းမကြီး ပိုမိုလုံခြုံမှုရှိစေရန် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်မည်



ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ် လျှောက်၌ ခရီးသွား ပြည်သူများ ပိုမိုလုံခြုံမှု ရှိစေ ရန်အတွက် ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေး မှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အမြန်လမ်း ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေ၀င်းက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြား ခဲ့သည်။


ထို့အပြင် အမြန်လမ်းမကြီး တစ်လျှောက်တွင် မှုခင်းကြိုတင် ကာကွယ်သည့် စီမံချက်ဖြင့် အခြေမဲ့ နေထိုင် သူများ၊ ညပိုင်း အရက်မူးယစ် နေသူများနှင့် မောင်းနှင်ဖြတ်သန်း သွားလာနေသည့် မော်တော်ယာဉ်များကို ခဲဖြင့်ပေါက်နေ သူများကိုလည်း စစ်ဆေးအရေးယူ သွားမည်ဟု သိရသည်။

အလားတူ အမြန်လမ်းမကြီး၌ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ အဆိုပါ လမ်းမကြီး တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများကိုလည်း ပညာပေးဟောပြောပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''အမြန်လမ်းမပေါ်မှာ ဖြစ်ပွားနေတဲ့ ယာဉ်တိုက်မှု အခြေအနေတွေက နောက်ပိုင်းမှာ အနည်းငယ် လျော့ ကျလာပါတယ်။ ဒါပေမဲ့ ယာဉ်တိုက်မှုတွေအပြင် တခြားဆက်စပ် မှုခင်းများနဲ့ ရာဇ၀တ်မှုတွေ မဖြစ်ပွား အောင် ညပိုင်းမှာ မူးယစ်သောက်စားပြီးတော့ သွားလာနေတဲ့သူတွေ၊ အခြေမဲ့ နေထိုင်တဲ့ သူတွေနဲ့ ယာဉ် တွေကို ခဲဖြင့်ပေါက်တဲ့သူတွေကို ဖမ်းဆီးအရေးယူ သွားတော့မှာပါ။ ဒါ့အပြင် လမ်းလုံခြုံမှု ရှိဖို့အတွက် လှည့် ကင်း ပတ်ကင်းတွေကို တိုးချဲ့လုပ်ဆောင် သွားမယ့်အပြင် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေး မှုတွေ ကိုလည်း တပ်ဖွဲ့ဝင်အင်အား တိုးပြီးတော့ ဆောင်ရွက်သွားမယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အမြန် လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးနေ၀င်းက ပြောကြားသည်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူးက ''အမြန်လမ်းမှာ ချမှတ်ထားတဲ့ လမ်းဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့ ဆက် စပ်ကျေးရွာတွေ အားလုံးကို လမ်းအသုံးပြုမှုတွေ ရှောင်ကြဉ်ရမယ့် အရာတွေ အားလုံးနဲ့ ပတ်သက်ပြီးတော့ ပညာပေး ဟောပြောပွဲတွေ ဆောင်ရွက်သွားမယ်'' ဟု ပြောကြားခဲ့သည်။

ထို့အပြင် လမ်းလုံခြုံရေး အတွက် ကင်းပုန်းဝပ်ခြင်းနှင့် စောင့်ကြည့် ကင်းလှည့်မှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven

လက်ပံတောင်းဒေသ မီးလောင်သံဃာများအတွက် လှူဒါန်းထားငွေကို ဥူးဝီရသူက ခွဲဝေပေးမည်

လက်ပံတောင်းဒေသ သပိတ်စခန်းဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သော မီးလောင်သံဃာများအတွက် ရရှိ ထားသော အလှူငွေကျပ် သိန်း၅၅၀ခန့်ကို မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်တစ်ပါးဖြစ်သူ ဥူး ဝီရသူက နိုဝင်ဘာလ ၂၇ရက် နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ဝက်မှေးရွာဟောင်းရှိ ရွာဦးဘုန်းကြီး ကျောင်း၌ ခွဲဝေပေးအပ်မည်ဟု ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက မဇ္ဈိမကို ပြောသည်။


မီးလောင်ဒဏ်ရာရ သံဃာတော်များအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များထံမှ မြန်မာငွေ ၅၀,၁၉၆, ၂၆၀သိန်း၊ အမေရိကန်ဒေါ်လာ၃,၃၅၀(မြန်မာငွေ ၃,၂၄၉,၅၀၀၊ ထိုင်းဘတ်ငွေ၅၀,၀၀၀ (၁,၅၀၀,၀၀၀) စုစုပေါင်း ငွေကျပ် ၅၄,၉၄၅,၇၆၀ကို လက်ခံရရှိထားသည်ဟု ဥူးဝီရသူက မိန့်ကြားသည်။

ထိုငွေများသည် သပိတ်စခန်းများအား အာဏာပိုင်များက ဖြိုခွင်းခြင်းကြောင့် သံဃာတော်များ မီးလောင် ဒဏ်ရာရရှိခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက်က စတင်ကာ 'မီးလောင်ဒဏ်ရာ ကူညီစောင့်ရှောက် ရေးအဖွဲ့'က ကောက်ခံထားခြင်းဖြစ်သည်။ ထိုအဖွဲ့သည် သံဃာတော်များ ဆေးရုံမှဆင်းပြီးနောက်ပိုင်းတွင် ကောက်ခံရရှိသော အလှူငွေများကို ဆရာတော်ဥူးဝီရသူအား လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုငွေများကို မီးလောင်ဒဏ်ရာရရှိခဲ့သော သံဃာတော်များသို့ မည်ကဲ့သို့ခွဲဝေလှူဒါန်းမည်ကိုမူ ဆရာတော် က မိန့်ကြားခြင်း မရှိသေးပေ။

မီးလောင်ဒဏ်ရာရပြီး ထိုင်းနိုင်ငံအထိ သွားရောက်ဆေးကုသရသော သံဃာတော်တစ်ပါးဖြစ်သည့် ဆရာ တော် ဥူးတိက္ခဥာဏက "မီးလောင်ဒဏ်ရာ အပြင်းအထန်ဒဏ်ရာရ သံဃာတော်တွေ ရွေးချယ်တဲ့အခါမှာ ဆေးရုံတက်ရတဲ့ ရက်အကြာကိုကြည့်ပြီး သတ်မှတ်ရွေးချယ်ခဲ့တာ ဖြစ်တယ် "ဟု မဇ္ဈိမကို မိန့်ကြားသည်။

မုံရွာမြို့ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက် နံနက်၃နာရီခန့်က သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒပြသော သံဃာများနှင့် ဒေသခံများကို အာဏာ ပိုင်များက ဖြိုးခွင်းခဲ့ခြင်းကြောင့် မုံရွာဇောတိကရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ သံဃာတော် ၈၈ ပါး၊ ပခုက္ကူမြို့ အလယ်တိုက်ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ သံဃာ ၅ ပါးနှင့် ဒေသခံ ၃ ဦးခန့် မီးလောင်ဒဏ် ရာ ရရှိခဲ့သည်။

မဇ္ဈိမ

အစ္စလာမ် ဗလီများအား အင်ဂိုလာ အစိုးရ စတင်ဖျက်ဆီးဖျက်ဆီးပြီ



25.11.2013

အင်ဂိုလာနိုင်ငံဟာ အစ္စလာမ်ဘာသာကို တားမြစ် ဆန့်ကျင်တဲ့ ကမ္ဘာမှာ ပထမဦးဆုံးသောနိုင်ငံအဖြစ် အခုလို ဗလီတွေကို ဖျက်စီးပစ်ခြင်းဖြင့် ပြသ လိုက်တာဖြစ်တယ်လို့ ဘာသာရေး ဝက်ဘ်ဆိုဒ်ကြီး တစ်ခုဖြစ်တဲ့ http://www.onislam.net/ အတိ အလင်း ဖေါ်ပြလိုက်ပါတယ်။


လူ့ အခွင့်အရေးနှင့် တရားရေးဝန်ကြီးဌာန မှထုတ်ပြန်သည့် နောက်ထပ် အမိန့် မထွက်မချင်း ဗလီတွေအားလုံး ပိတ်ထားရမှာဖြစ်တယ် ဟု အင်ဂိုလာ ယဉ်ကျေးမူ့ ဝန်ကြီး ရိုဆာ ခရုဇ် ဆီလ်ဗာက နိုဝင်ဘာ ၂၂ ရက် သောကြာနေ့ ကပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးက အင်ဂိုလာနိုင်ငံရဲ့ ယဉ်ကျေးမူ့  ဓလေ့ ထုံးစံနဲ့ ဆန့် ကျင်တဲ့ ဒီလိုဘာသာရေး အဆောက်အုံတွေကို အလျော့မပေးပဲ မဖြစ်မနေ ဖျက်စီးပြစ်ရမှာဖြစ်တယ် လို့ ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။

ပြည်သူလူထု၏ ဆန္ဒအရ “ အင်ဂိုလာနိုင်ငံတွင် အစ္စလာမ်အယူဝါဒ ကို တရားဝင် ပိတ်ပင်ပြီး ၊ နိုင်ငံ တစ်ဝှမ်းရှိ ဗလီများအားလုံးကိုလည်း တစ်လုံးမကျန် ဖျက်သိမ်းပစ်တော့မည် ဖြစ်ကြောင်း ” သတင်းရရှိ ပါတယ်။

အင်ဂိုလာနိုင်ငံ အစိုးရအဖွဲ့၏ ခေါင်းဆောင်ကလည်း ရေဒီယိုမိန့်ခွန်းမှ “ အစ္စလာမ်အယူဝါဒ ဆိုတာဟာ လိုရာဆွဲထားတဲ့ ဥပဒေ တစ်ခုသာဖြစ်ပြီး ၊ ဘာသာတရား တစ်ခုအဖြစ် ၎င်းတို့အနေဖြင့် လုံးဝ လက်မခံနိုင် ပါကြောင်း ” တရားဝင် ပြောကြားလိုက်ပါတယ်။ လုအန်ဒမြို့တော်ရှိ ဗလီနှစ်လုံးကိုလည်း ဖျက်သိမ်းရန် အမိန့်ရထားပြီး ဖြစ်ကြောင်း မြို့တော်ဝန်က ပြောပါတယ်။

မူရင်းလင့် http://www.onislam.net/english/news/africa/466297-angola-bans-islam-destroys-mosques.html

ကြေးမုံသတင်းစာ(facebook)

Monday, November 25, 2013

ဥပဒေတိုင်း ပြည်သူ့အတွက် ထာဝရ အကျိုးဆောင်နိုင်မည်မဟုတ်ဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူလူထုအကျိုးစီးပွား နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ခေတ်စနစ်နှင့်မညီသော ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ဥပဒေတိုင်းတွင် အစဉ်သဖြင့် ပြည်သူ့အကျိုးရှိနိုင်မည်မဟုတ်ဟု နိုဝင်ဘာ ၂၄ ရက်က ပြည်မြို့ လူထုတွေ့ဆုံ ပွဲတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက ပြောသည်။


“ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တည်ဆဲဥပဒေတစ်ရပ်ဖြစ်တဲ့အတွက် ဒီဥပဒေကို ပြန်လည် လေ့လာ သုံးသပ် ရမယ်။ ကျွန်တော် စပြီး ဖွဲ့စည်းကတည်းက လေ့လာ သုံးသပ်တယ်။ ဒီဥပဒေကို သုံးသပ်တဲ့အခါ လျှို့ဝှက်သုံးသပ်တယ်။ ဥပဒေတစ်ခုပြဋ္ဌာန်းပြီးရင် အမြဲတစေ ပြည်သူ့အကျိုးစီးပွား၊ နိုင်ငံ အကျိုး စီးပွား ဖြစ်လိမ့်မယ်လို့ ပြောလို့မရဘူး။ ဒီနေ့ မှန်ပေမယ့် နောက်နေ့ လွဲချင်လွဲနေလိမ့်မယ်”ဟု ၎င်းက ဆို သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ မူယာပင်ခန်းမတွင် ပြုလုပ်သော အဆိုပါတွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအ၀င် ဒေသခံများ တက်ရောက်သည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေတွင် ပြင်စရာ၊ ပယ်ဖျက်စရာ၊ အသစ်ရေးစရာများ ရှိကြောင်းနှင့် ဥပဒေများ သည် တရားမျှတမှုရှိပြီး ပြည်သူများ လိုက်နာနိုင်သည့် ဥပဒေများဖြစ်ရန် လိုအပ်သည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။

လက်ရှိတွင် ဥပဒေ ၇၉ ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဥပဒေကြမ်း ၅၃ ခုကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်နှစ်ရပ်လုံးတွင် လက်ခံ ဆွေးနွေးလျက်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ရန် ဥပဒေရေးရာပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အငြိမ်းစား ၀န်ထမ်းဟောင်းများ၊ တက္ကသိုလ် ဆရာဆရာမများ စုစုပေါင်း ၆၇ ဦးဖြင့် ဥပဒေရေးရာ နှင့် အထူးကိစ္စများ လေ့လာသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းထားသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြော သည်။

Mizzima

ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှု သမ္မတ၊ လွှတ်တော်နှင့် တပ်မတော် လက်ခံ၊ မခံ တရားဝင် မပြောနိုင်သေး

နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်း လဲ ရေးဆိုင်ရာ အရေးကိစ္စများ တွေ့ဆုံဆွေးနွေး ရန် ဒေါ်အောင်ဆန်းစုကြည် ၏ မေတ္တာ ရပ်ခံမှုအပေါ် တရားဝင်အကြောင်းကြားစာ မရောက်ရှိသေးသဖြင့် လက်ခံ၊ မခံ မပြောနိုင်သေးဟု သက်ဆိုင်ရာ တာဝန် ရှိသူ များက နိုဝင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။


မေတ္တာရပ်ခံချက်ကို နိုဝင်ဘာ ၂၃ ရက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အဓိကအကျဆုံးကိစ္စဖြစ်သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေချောမွေ့စွာ ဖြစ်မြောက်ရန် ရည်ရွယ်၍ တွေ့ဆုံရန် မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု ပါဝင် သည်။

“စာရောက်ပြီဆိုမှပြောလို့ရမယ်၊ အဲဒီစာက ဘယ်လိုလာမလဲမသိသေးဘူး”ဟု ကမ်းလှမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောသည်။

ယင်းသို့ပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဝေလင်းနှင့် ပြည်ထောင်စု လွှတ်တော်နာယကနှင့် နီးစပ်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ မေတ္တာရပ်ခံချက်ကို ထုတ်ပြန် ကြေညာခဲ့သော်လည်း တရားဝင် စာဖြင့် သက်ဆိုင်ရာများသို့ပေးပို့သွားရန်မှာမူ စီစဉ်နေဆဲသာဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့က မဇ္ဈိမကို ပြောသည်။

“မနက်ဖြန်လောက် ပို့ဖို့ ကြိုးစားနေပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အနာဂတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတို့နှင့် တိုက်ရိုက်ဆက်စပ်သည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အရေးကြီးနေချိန်တွင် ခေါင်းဆောင်များ၏ တွေ့ဆုံမှုသည် အကောင်းဆုံး ရလာဒ်များ မျှော်လင့်နိုင်မည်ဟု ယုံကြည်သည်ဟု ၎င်းတို့က ဆိုသည်။

“တွေ့ဆုံပွဲကို ရာနှုန်းပြည့် ဖြစ်စေချင်တယ်။ တိုင်းပြည်အနာဂတ်တစ်ခုလုံးနဲ့ ဆိုင်တာဖြစ်လို့ အဆင်ပြေချောမွေ့ သွား၊ အောင်အောင်မြင်မြင် ဖြစ်သွားမယ်ဆိုရင် တိုင်းပြည်လည်း မျက်နှာပန်းလှမှာပါ”ဟု ဦးဝင်း မြင့်က သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မေတ္တာရပ်ခံမှုသည် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသာဖြစ်၍ သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်တို့ဘက်မှ လက်မခံနိုင်စရာ အကြောင်းမရှိဟု နိုင်ငံရေး လေ့လာ သုံးသပ် သူများနှင့် အခြားသော နိုင်ငံရေးအင်အားစုအချို့က သုံးသပ်သည်။

“တစ်ဖက်က လက်ခံလား လက်မခံဘူးလားဆိုတာတော့ ကံသေကံမ ပြောလို့မရဘူး။ ဒါပေမဲ့ လက်ခံမယ်လို့ ထင်ပါတယ်”ဟု စာရေးဆရာ ဦးကျော်ဝင်းက သုံးသပ်သည်။

လက်ရှိ ခေါင်းဆောင်များသည် လက်ရှိအချိန်အခါ၌ ယခင်နည်းလမ်းဟောင်းများ အလုပ်မဖြစ်တော့ဟူ သည်ကို သဘောပေါက်ကြသူများဟု ယုံကြည်သည်ဟု နိုင်ငံရေးဆိုင်ရာ အတွေးအမြင်များ လေ့လာပို့ချ သူတစ်ဦးလည်းဖြစ်သည့် ၎င်းက ပြောသည်။

ပြည်တွင်းနိုင်ငံရေးသမားအချို့ကမူ ကမ်းလှမ်းမှုသည် အခြေခံဥပဒေ အသစ်ရေးဆွဲရေး မဟုတ် သဖြင့် တွေ့ဆုံမှုရလဒ်နှင့် တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါမပါတို့ကို များစွာမျှော်လင့် မထားဟု ဆိုကြသည်။

သို့သော် “တွေ့ရင်တော့ အတိုင်းအတာတစ်ခုအထိ ကောင်းပါတယ်”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က သုံးသပ် ပြောဆိုသည်။

နိုင်ငံရေးအင်အားများ အားလုံးနီပါးကမူ တွေ့ဆုံပွဲဖြစ်မြောက်မည်ဟု မျှော်လင့်ထားပြီး နိုင်ငံရေးဖြစ်စဉ် တစ်ခုသို့ တစ်ဆင့်တက်လှမ်းနိုင်ရေး ကြိုးပမ်းနိုင်ကြရန်တော့ လိုသည်ဟု သုံးသပ်သည်။

“အားလုံး ရိုးရိုးသားသားနဲ့ ပြည်သူလူထုအတွက်ပဲ ဖြစ်မယ်ဆိုရင်၊ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားချင်တယ်ဆိုရင်တော့ ဒီတွေ့ဆုံပွဲက ဖြစ်မှာပေါ့”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးအေးမောက်က ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုတွင် လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဆိုင်ရာကိစ္စ ပါဝင်မည်ဆိုပါက ထိလွယ်ရှလွယ် ဖြစ်နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်၏ ၂၀၀၈ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ၎င်းက သုံးသပ်သည်။

ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှု၏ သရုပ်သကန်ဖြစ်သည့် အဆိုပါတွေ့ဆုံပွဲ ဖြစ်မြောက်ရေးနှင့် တစ်စုံတရာ အကျိုးဖြစ်ထွန်းမှုများကို မျှော်လင့်နေသည်ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီကလည်း ဆိုသည်။

Mizzima

မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲထုတ်လွှင့်ရာတွင် ဖမ်းယူနိုင်မည့်စက်သုံးသိန်း အခမဲ့ပေးဝေမည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်ရာတွင် ဖမ်း ယူနိုင်မည့် Set Top Box အလုံးရေသုံးသိန်းကျော်ကို အခမဲ့ပေးဝေသွားမည်ဖြစ်သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က နိုဝင်ဘာ ၂၄ ရက်က ပြောသည်။


၎င်းက ယင်းသို့ပြောကြားခြင်းမှာ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ သိမ်ဖြူရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ် ဝေရေး လုပ်ငန်း၏ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင်ဖြစ်ပြီး မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ယခုနှစ်ကုန်ပိုင်းမှစတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ တွင် DVBT2 (Digital Video Broadcasting Teresstrial) စနစ်ဖြင့် စတင်ထုတ်လွှင့်မည်ဖြစ်သည်။

ယင်းသို့ထုတ်လွှင့်ရာတွင် ရုပ်သံလိုင်းသစ်လေးလိုင်းကို ထပ်မံထုတ်လွှင့်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆင့်ငါးဆင့်ခွဲခြားဆောင်ရွက်သွားမည်ဖြစ်ကာ ရုပ်သံဖမ်းစက်များကိုလည်း အဆင့် လိုက်ဝေပေးသွားမည်ဖြစ်သည်ဟုလည်း ဦးဝင်းကြည်က ပြောသည်။ အဆိုပါ ရုပ်သံဖမ်းစက်များကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ သန်း အကုန်အကျခံကာ ၀ယ်ယူထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဆီးဂိမ်းကာလမတိုင်မီ ဝေပေးမည်ဖြစ်ကာ အလုံးရေ ၂၀,၀၀၀ ကျော်ကို ဝေပေးသွားမည်ဖြစ်သည်ဟုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒုတိ ယ အင်ဂျင်နီယာချုပ် ဦးလှိုင်မိုးက မဇ္ဈိမကို ပြောသည်။

၎င်းက “ဆီးဂိမ်းအမီကိုတော့ စက်လုံးရေ ၂၀,၀၀၀ လောက်ပဲဝေနိုင်ဦးမှာပါ။ လောလောဆယ် DVBT2 စနစ်ကို ဖမ်းယူရရှိနိုင်မယ့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတွေကို အခမဲ့အရင်ပေးဝေ သွားမှာပါ”ဟု ပြောကြားသည်။

ယင်းစက်များကို ဝေပေးရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရများ၏ အစီအစဉ်ဖြင့် ဝေပေးသွား မည်ဖြစ်ကာ မရရှိသည့်သူများအနေဖြင့် ဈေးကွက်အတွင်းရှိ တင်သွင်းရောင်းချမည့်ဆိုင်များတွင် ၀ယ် ယူနိုင်မည်ဖြစ်သည်ဟုဆိုသော်လည်း ရောင်းချမည့်အစီအစဉ်များကိုမူ အသေးစိတ်ပြောကြားခြင်း မရှိ သေးပေ။

ရုပ်သံဖမ်းစက်များ ဝေပေးရာတွင် စီးပွားဖြစ်မဟုတ်သော ဆေးခန်းများ၊ စာသင်ကျောင်းများ၊ အများပြည် သူ ကြည့်ရှုရန်နေရာများနှင့် မိဘမဲ့ကျောင်းများ၊ လူအိုရုံ၊ မသန်စွမ်းကျောင်းများ၊ ပြည်သူ့စာကြည့်တိုက် များ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် သာရေး၊ နာရေး အသင်းများသို့ ဝေပေးမည်ဖြစ်သည်ဟုလည်း ညွှန် ကြားရေးမှူး ဦးဝင်းကြည်က ပြောသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ယခင်က Analogue စနစ်ဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကုန်မှစ၍ DVBT2 စနစ်သို့ ပြောင်းလဲထုတ်လွှင့်ရာတွင် တစ်နိုင်ငံလုံးချက်ချင်း ပြောင်းလဲမည် မပာုတ်ဘဲ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြောင်းလဲမည်ဖြစ်သည်။

ပြောင်းလဲထုတ်လွှင့်ပေးရာတွင် လက်ရှိထုတ်လွှင့်ပေးနေသောစက်ရုံများ အားလုံးကို ဒီဂျစ်တယ်စနစ်ဖြင့် တစ်ပြိုင်နက်တည်းထုတ်လွှင့်မည်မဟုတ်ဘဲ ဒေသအလိုက် Analogue နှင့် ဒီဂျစ်တယ်စနစ်ကို ပူးတွဲပြီး သုံးနှစ်ထုတ်လွှင့်ပေးမည်ဖြစ်ပြီး set top box မရှိသူများ အနေဖြင့်လည်း ပုံမှန်ထုတ်လွှင့်ပေးနေသော ရုပ်သံလိုင်းများကို ဆက်လက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ set top box ဖြင့် ဖမ်းယူရရှိနိုင်သော လိုင်း အသစ်များမှာ MRTV/MITV, FARMER, NATIONAL RACES & HLUTTAW CHANNEL တို့ ဖြစ်သည်။

စနစ်နှစ်မျိုးဖြင့် တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပေးမည့် သုံးနှစ်တာကာလ ကျော်လွန်ပါကAnalogueစနစ်ကို ရပ်ဆိုင်းမည်ဖြစ်ပြီး နောက်ပိုင်းတွင် set top box ဖြင့်သာ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်သည်။

Mizzima

အသွင်ယူသက်သေနှင့်အတူ ပျော်ပါးစေပြီး ပြည့်တန်ဆာလုပ်ငန်းကို ၀င်ဖမ်း

ပြည့်တန်ဆာနှစ်ဦးကို ဟိုတယ်တစ်ခုသို့ လာရောက်ရန် ဖုန်းဆက်ချိန်းဆိုကာ အသွင်ယူ သက်သေဖြင့် ပျော် ပါးစေပြီးနောက် ဖမ်းဆီးလိုက်ပြီး ယင်းလုပ်ငန်း ဦးဆောင်လုပ်ကိုင်နေသူများကိုလည်း နိုဝင်ဘာ ၂၂ ရက်က ဖမ်းဆီး လိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။


တာမွေမြို့နယ်၊ ဗညားဒလလမ်းတွင် နေထိုင်သူ ၃၀နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ပြည့်တန်ဆာ အမျိုးသမီးငယ်များ စုဆောင်းကာ ပြည့်တန်ဆာ လုပ်ငန်းကို စီမံကြီးကြပ်လုပ်ဆောင်နေကြောင်း သတင်း ရရှိခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အသွင်ယူသက်သေများဖြင့် ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ် သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့သည် အသွင်ယူသက်သေနှစ်ဦးကို မြန်မာကျပ်ငွေ ၅၀၀၀ တန်၂၀ ရွက်တိတိ သက်သေများရှေ့တွင် ပေးအပ်၍ ပြည့်တန်ဆာ ခေါင်းကိုင်ဆောင်သော လက်ကိုင်ဖုန်းသို့ ဆက်သွယ် ကာ ပြည့်တန်ဆာ ကိစ္စပျော်ပါးရန်အတွက် အမျိုးသမီးနှစ်ဦးအား စေလွှတ်ပေးရန် ပြော ဆိုခဲ့ သည်။

ထို့နောက် အသက် ၂၀ နှစ်အရွယ် နှင့် ၂၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦးသည် ဗဟန်းမြို့နယ် ဓမ္မစေတီ လမ်းရှိ တည်းခိုရိပ်သာတစ်ခုသို့ ရောက်ရှိလာပြီး အသွင်ယူသက်သေနှစ်ဦးနှင့်အတူ ပြည့်တန်ဆာ ကိစ္စ ပျော်ပါးနေ စဉ် ရဲအုပ်ဟန်မျိုးအောင် ဦးဆောင်သောအဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့သည်။

၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်အရ ပြည့်တန်ဆာလုပ်ငန်းကို အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက စီမံကြီးကြပ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ညနေ ၃ နာရီတွင် တာမွေမြို့နယ်ရှိ ၎င်းတို့နေ ထိုင်ရာတိုက်ခန်းကို ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့သည်။

ယင်းတိုက်ခန်းတွင် ပြည့်တန်ဆာခေါင်းအပါအ၀င် အမျိုးသမီးသုံးဦးကို ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် ရာတွင် အသုံးပြုသည့် ဆက်စပ်သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်း ရဲစခန်းက (ပ)၄၅၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြည့်တန်ဆာပုဒ်မ ၅ (၁) ဖြင့် အရေးယူနိုင်ရန် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Mizzima

ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်နှစ်ပွင့်အား ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦး မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ



နိုဝင်ဘာ ၂၂ ရက်က ဗိုလ်ချုပ်အောင်ဆန်း ဈေး တွင်းရှိ ရတနာဆိုင် တစ်ဆိုင်မှ ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန် နှစ်ပွင့်ကို ခိုးယူခဲ့သည့် တရုတ် နိုင်ငံသား နှစ်ဦးအား မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန် အ ပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ပန်းဘဲတန်း မြို့မရဲစခန်းမှ စုံစမ်းသိရသည်။


အဆိုပါ ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၁၁ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗဟိုရုံဆိုင်အမှတ် (၂၉)တွင် ဖွင့်လှစ်ထားသည့် နေလ၀န်း ရတနာ ပစ္စည်းဆိုင်သို့ တရုတ်လူမျိုး အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဘူးအ နီဖြင့် ထည့်ထားသည့် နှစ်ရတီရှိ တန်ဖိုးကျပ်သန်း ၂၀ တန် စိန်အလွတ် နှစ်ပွင့်အား ၀ယ်ယူရန် ဈေးမေးကြ ည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ခဏအကြာတွင် ဈေးမတည့်သဖြင့် မ၀ယ်ယူလိုသဖြင့် ယင်းတရုတ် အမျိုးသားနှစ်ဦး ထွက်သွား ခဲ့ကြောင်း၊ ၎င်းတို့ ထွက်သွားပြီးနောက် စိန်အလွတ် နှစ်ပွင့် ထည့်ထားသည့် ဘူးအနီအား ဖွင့်ကြည့်ရာ စိန် အလွတ် နှစ်ပွင့်မှာ မရှိတော့ဘဲ ပျောက်နေသဖြင့် အဆိုပါ စိန်နှစ်ပွင့်ကို ခိုးယူသွားသည့် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား စုံစမ်းအရေးယူ ပေးပါရန် ဆိုင်ရှင်ဒေါ်မိုးမိုးက ပန်းဘဲတန်းမြို့မ ရဲစခန်းသို့ တိုင်ကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးအား မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်စုံစမ်း ဖမ်းဆီးခဲ့ ရာ နိုင်ငံကူးလက်မှတ် နံပါတ် E-30673483 ကိုင်ဆောင်ထားသည့် Mr.Luo Xiao Chun၊ (၃၆)နှစ်နှင့် နိုင် ငံကူးလက်မှတ် နံပါတ် E-37864511 ကိုင်ဆောင်ထားသည့် Mr. Luo Zhuan De အသက် (၃၆)နှစ်တို့ အား တွေ့ရှိခဲ့ပြီး Mr.Luo Xiao Chun ၏ ပိုက်ဆံအိတ် အတွင်းမှ ခိုးယူထားသည့် စိန်နှစ်ပွင့်အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်း မြို့မရဲစခန်းမှ တာဝန်ကျ တာဝန်မှူး တစ်ဦးက "ဒီ တရုတ်နိုင်ငံသား နှစ်ဦးကို ဒီနေ့ ရမန်ယူ ထား ပါတယ်။ သူတို့က တရုတ်နိုင်ငံကို ထွက်ပြေးဖို့ စီစဉ်နေတုန်း လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါ တ ယ်" ဟု နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ယင်းအမှုအား ပန်းဘဲတန်းမြို့မ ရဲစခန်းမှ (ပ)၃၈၁/၁၃၊ ပြစ်မှုပုဒ်မ-၃၈၀ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Eleven Media Group

SEA Game အားကစား ပရိသတ်များသို့ ကြိုတင်အသိပေး မေတ္တာရပ်ခံ



(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအနက်မှ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားနှင့် အမျိုးသား/ အမျိုးသမီး ဘောလုံး ပွဲစဉ်များအတွက် လက်မှတ်များ ကြိုတင်ရောင်းချပေးမည်ဖြစ်ရာ ဖွင့်ပွဲ/ ပိတ်ပွဲ လက်မှတ်များနှင့် ဘောလုံးပွဲ လက်မှတ်များ ဝယ်ယူ ရရှိထားပြီးသူများကိုသာ ကွင်းအတွင်း ဝင်ရောက်ခွင့်ပြုမည် ဖြစ် သည်။

ဘောလုံးပွဲစဉ်များတွင် လက်မှတ်ဝယ်ယူထားခြင်း မရှိသူများအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)တို့၏ စည်းမျဉ်းသတ်မှတ်ချက်များအရ ထိုင်ခုံမဲ့ ဝင်ရောက်ကြည့်ရှု ခွင့် မရှိ (မရှိ)သဖြင့် ထိုင်ခုံနေရာ သတ်မှတ်ချက်အတိုင်း လက်မှတ် ရရှိပြီးသူများကိုသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က ကြိုတင်အသိပေး မေတ္တာရပ်ခံထားကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့ ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ကျွန်တော် နှင့် NLD



ကျနော်ဟာ ပါတီဝင်မဟုတ်ပေမယ့် တစ်ချိန်က ထောင်ကျတဲ့အထိ NLDကိုရဲရဲတောက် ထောက်ခံ ခဲ့သူတွေထဲကတစ်ယောက်ပါ။


ဘာကြောင့်ဒီလိုထောက်ခံခဲ့သလဲဆိုတော့

၁။ ဒေါ်စုဟာ ဗိုလ်ချုပ်သမီးဖြစ်တာကြောင့်

၂။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ လူထုတစ်ရပ် လုံးက ဒေါ်စုကိုထောက်ခံတာကြောင့်ပါ။

ကျနော် ထောင်ထဲမှာအကြာကြီးနေခဲ့ပါတယ်။အပြုံးမပျက်ပါ။သီချင်းလေးဆိုပြီး ထောင်ကို ခြင်ထောင်လို သဘောထားနေခဲ့ပါတယ်။တရားထိုင် စာဖတ် ကျန်းမာရေးလုပ်ပြီး ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း လုပ်နေခဲ့တာပါ။ယုံကြည်ချက်အတွက် ဖမ်းဆီးချုပ်နှောင်ခံရတာဖြစ်လို့ ထောင်တွင်းမှာကြုံရတဲ့ဒုက္ခတွေ၊ လူတစ်ယောက်အဖြစ် တောင်မှ မပီပြင်တော့တဲ့ ချိုးနှိမ်ဆက်ဆံခံရမှုတွေအတွက်မတုန်လှုပ်တဲ့ အပြင် ဂုဏ်တောင်ယူမိပါတယ်။

ပြန်ရောက်တော့ ( လွတ်တော့ ) အပြင်ကဘဝလည်းဆုံးရှုံးကွယ်ပျောက်နေပြီဆိုတာသိလိုက်ရပါတယ်။ ကျနော့်ဇနီးက ကျနော့်စိတ်နဲ့ပဲဆုံးပါးသွားပါပြီ။(ကျနော့်ကိုလာတွေ့ဖို့ခက်အောင်အဝေးကြီးကိုပို့ ထားတာပါ။ ကျနော် မိသားစုနဲ့ နှစ်ကြိမ်ပဲတွေ့ခွင့်ရခဲ့ပါတယ်။ကျနော့်မှ ဘာပိုင်ဆိုင်ခွင့်မှ လည်း မရှိတော့ပါဘူး။ ကျောတစ်ခင်းစာတောင်မကျန်တော့တာပါ။ ကျန်နေတဲ့ကျနော့်သားလေးက အဒေါ် အိမ်မှာ မျက်နှာငယ်နဲ့ကပ်နေခဲ့ရရှာပါတယ်။

ကျနော့်ဘဝကို ဝလုံးကနေပြန်ဝိုင်းရပါတယ်။ ကျနော် ကောင်းရောင်းကောင်းဝယ်နဲ့ပဲပြန်ရုန်းကန် ထမြောက်နိုင်ခဲ့ပါတယ်။ ကျနော် နိုင်ငံရေးလုပ်ခဲ့တာအတွက် ဘယ်တော့မှ နောင်တလည်းမရပါဘူး။ လူသိသိ မသိသိ ကျေနပ်ဂုဏ်ယူပါတယ်။ဘယ်ပါတီအဖွဲ့အစည်းမှလည်းမဝင်ခဲ့ပါ။ ဒီမိုကရေစီကို အမှန်တစ်ကယ်မြတ်နိုးတဲ့စိတ်နဲ့အာဏာရှင်စနစ်ကို ဝင်တိုက်ခဲ့တာပါ။ နေရာမလိုချင်တော့ လူမသိ သူမသိ သာမန်နိုင်ငံရေးသမားဘဝ မှာသာ ကျင်လည်ခဲ့တာပါ။( လုပ်ခဲ့တာတော့ သာမန်မထင် ပါနဲ့။ကျနော့်ကို အာဏာရှုအစိုးရက အမုန်းဆုံးထဲမှာပါလို့ အဝေးဆုံးမှာပို့ပြီးအခန်းထဲ ပိတ်လှောင်ထား ခဲ့တာပါ။)

ကျနော်က ဒေါ်စုကို အလွတ်ကြီးဆန့်ကျင်နေတယ်လို့ထင်တဲ့သူတွေအတွက်နည်းနည်းပြောပြတာပါ။ ကျနော် လွန်ခဲ့တဲ့လအနည်းငယ်အထိ ဒေါ်စုကို သဘောမကျတာတွေများလာပေမယ့် ခေါင်းဆောင် ရှားပါးတာကြောင့်ဖာဖာထေးထေးသက်သက်ညှာညှာပဲရေးခဲ့ပြောခဲ့တာပါ။ အခု ကျနော် အခြေ အနေအရ ရပ်တည်ချက်ကိုလုံးဝပြောင်းလိုက်ရပါတယ်။ ဒီလိုဖြစ်အောင်အဓိကကတွန်းပို့တာကတော့ ဒီလပိုင်းတွေမှာ လုပ်တဲ့ ဒေါ်စုအလုပ်တွေ ပြောတဲ့ ဒေါ်စုအပြောတွေဟာ ဒီမိုကရေစီ စစ်စစ်မှန်မှန် ပေါ်ထွန်းရေးနဲ့ အခြေခံလူတန်းစားတွေ အသက်ရှူချောင်ဖို့ကိစ္စကို အဟန့်အတားဖြစ်လာလို့ပါ။( တစ်ချိန်က ကျနော်တို့လို အပြင်ကလူတွေပံ့ပိုးမှုနဲ့ ပါတီဟာတောင့်တင်းခဲ့တာပါ။ )

၁။အခြေခံဥပဒေ ပြင်ပြီးမှ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်ခိုင်းနေပါတယ်။လုံးဝလက်မခံနိုင်ပါ။ လူထုဟာ နှစ်ပေါင်းများစွာအာဏာရှင်စနစ်အောက်မှာ နစ်မွန်းနေခဲ့ပြီးဒေါ်စုနဲ့အတိုက်အခံတို့ရဲ့ ပိတ်ဆို့ရေးပေါ်လစီကြောင့် နူရာဝဲစွဲခဲ့ရတာပါ။ အခု စီးပွားရေးကောင်းမှ ဖြစ်တော့မှာဖြစ်ပါတယ်။ တိုင်းပြည်မှာ နိုင်ငံတကာကပိတ်ထားလို့ ခရိုနီဆိုတာပေါ်ပေါက်လာခြင်းဖြစ်ပြီး လူလိုသူလိုစီးပွားရှာတဲ့ နိုင်ငံခြားကုပ္မဏီတွေ လာမှဖြစ်တော့မှာပါ။အစစအရာရာလူစဉ်မီဖို့ တခြားနည်းလမ်းမရှိပါဘူး။

၂။အခြေခံဥပဒေကို ၂၀၁၅မတိုင်ခင် ပြင်ဖို့တစ်ခုထဲ လုပ်နေတာ လက်တွေ့မကျတဲ့အပြင် မမြော်အမြင်နည်းလွန်းရာကျပါတယ်။ ကျနော်လည်းဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အခြေအနေ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ စစ်တပ် အခုချက်ချင်း ရရင် လိုချင် ပါတယ်။ကျနော်မက်မောတာ ဒီမိုကရေစီသက်သက်ပါ။ ပါဝါနိုင်ငံရေးကို လုံးဝစိတ်မဝင် စားတာကြောင့် ဘယ်သူဘာအာဏာရရ ကျနော်နဲ့မပတ်သက်ပါ။ဒီမိုကရေစီရေးကတော့ ကျနော်နဲ့ရော ခင်ဗျားနဲ့ရော တခြားနိုင်ငံသားအားလုံးနဲကရော လုံးဝပတ်သက်နေပါတယ်။

မမွေးသေးတဲ့ကျနော်တို့နောက် လူလုပ်မယ့်မျိုးဆက်တွေနဲ့လည်း ပတ်သက်နေပါတယ်။ဒီတော့ ခိုင်မာတဲ့သေချာတဲ့ဒီမိုကရေစီရေးအတွက် လက်တွေ့ကျကျ လုပ်ဖို့ပဲ အခိုင်အမာဆုံးဖြတ်ရပါတယ်။ ကျနော် အခုထက်လည်းပိုလုပ်ပါအုံးမယ်။ ဘယ်တော့မှလည်းရပ်မှာမဟုတ်ပါ။ နိုင်ငံရေးမှာ အားနာပါးနာထောက်ခံနေရမယ့်အခြေအနေ ကုန်သွားပါပြီခင်ဗျာ။ ကျနော်ပုဂ္ဂိုလ်ရေးအရ ဘယ် နိုင်ငံရေးသမားကိုမှ မုန်းတဲ့စိတ်ဘယ်တော့မှရှိမှာမဟုတ်ပါ။ နိုင်ငံနဲ့ လူထုအကျိုးစီးပွားအတွက်ကတော့ အရင်ကလည်းဘဝပေးပြီးထောက်ခံခဲ့ပြီးပါပြီ။ အခုလည်းနည်းလမ်းမကျသရွေ့တော့ ဘဝပေးပြီး ဝေဖန်ထောက်ပြနေမှာပါ။

တစ်ခုပဲ ပြောပါရစေ။ ဒေါ်စုဟာလောလောဆယ်မှာ မဟာဗျူဟာကော နည်းဗျူဟာပါ အကြီးအကျယ်လွဲနေပါပြီ။ ဒါဟာ သူ နိုင်ငံရေးအရ ဒုက္ခရောက်ရမယ့်ကိစ္စဖြစ်နေလို့ပြင်လိုပြင်ငြား ပြောနေ ရခြင်းဆိုတာ အားလုံးသိစေချင်ပါတယ်။

မြန်မာနိုင်ငံ မြန်မြန်ဒီမိုကရေစီရဖို့ လောလောဆယ်နည်းလမ်းတစ်ခုပဲရှိပါတယ်။အတိုက်အခံတွေ တပ်ကိုကြည်ဖြူစွာလက်တွဲလိုက်ပါ။တပ်ကလည်းပြုပြင်ပြောင်းလဲရေးတွေ တွန်းလုပ်နေတာကိုလေ့လာပါ။ ဒီမိုကရေစီမပေးချင်ရင်အခုပေးထားတဲ့အခြေအနေ ဟာတပ်အတွက် စွန့်စားခန်းဖြစ်ပါတယ်။ မပေး ချင်ရင် အခုပေးထားတာများလွန်းပါတယ်။ မပေးချင်ရွေးကောက်ပွဲမလိုပါ။ သေနတ်ကိုဖင်ခုထိုင်ထားရင် ခင်ဗျားလည်းမတတ်နိုင်ကျနော်လည်းမတတ်နိုင်ပါဘူး။ နှစိနှစ်ဆယ်ကျော်သူတို့လုပ်လာတာ မေ့ပစ် လို့မရပါ။ ဘာပိတ်ဆို့မှုမှထပ်ဂရုမစိုက်ပါ။ လူထုကဒီမိုကရေစီလိုချင်တယ်ဆိုတဲ့တစ်ချက်ထဲနဲ့ ဖြည်းဖြည်း ချင်းပြောင်းဖို့လုပ်နေခြင်းဆိုတာ သိကြစေချင်ပါတယ်ခင်ဗျာ။ စစ်သားတွေလည်း တိုင်းပြည်ချစ်တယ် ဆိုတာသတိပြုပါ။ နိုင်ငံရေးအမြင်မတူကြတာပါ။ တပ်က နိုင်ငံရေးထဲကို နိုင်ငံရေးသမားတွေ သောက်သုံး မကျလို့ရောက်လာရတာဖြစ်တယ်ဆိုတဲ့အချက်ကိုနိုင်ငံရေးသမားတို့ ဖုံးဖိမထားစေချင်ပါ။ အခုမှ မောင်းထုတ်လို့မရပါ။ တိုင်းပြည်ပျက်လို့ ပစ်ရခတ်ရရင် သူပဲ ငပွကြီးဖြစ်မယ်ဆိုတာသိလို့ ထိန်းထိန်း သိမ်းသိမ်း ဆုတ်နေတယ်ဆိုတာ လက်ခံရင်

ကျနော်တို့ မြန်သွားပါလိမ့်မယ်ဗျာ။ ။

ပိုက်တင်