Tuesday, October 29, 2013

လိုင်ဇာမြို့၌ ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံမှ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ရေးအတွက် အဆုံးအဖြတ် ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း KNU နှင့် RCSS ပူးတွဲကြေညာချက် ထုတ်ပြန်

လိုင်ဇာမြို့၌ ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲ ကြီး ဖြစ်ပေါ်ရေး အတွက် အဆုံးအဖြတ် ပေးနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) တို့မှ ပူးတွဲကြေညာချက် တစ်စောင်ကို အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။


KNU နှင့် RCSS ခေါင်းဆောင်များသည် ၂၀၁၃ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံ လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းရေးဆွဲထားသော နိုင်ငံရေး တွေ့ ဆုံဆွေးနွေးပွဲဆိုင်ရာ မူဘောင်များကို ရှင်းလင်းတင်ပြ ခဲ့သောကြောင့် ယခုပြုလုပ်မည့် ညီလာခံသို့ KNU နှင့် RCSS ခေါင်းဆောင်များ ပါဝင်တက်ရောက်ခြင်းသည် ကေအိုင်အိုနှင့် အခြားတိုင်းရင်းသားခေါင်းဆောင် များ အား ယင်းနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ မူဘောင်များကို ပြန်လည် ရှင်းလင်းတင်ပြ၍နားလည်မှု နှင့် ညီညွတ်ရေး တည်ဆောက်ရန် ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ မူဘောင်များမှာ နိုင်ငံရေး ဆွေးနွေးပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ လွှတ်တော် အမတ်များ၊ ဗမာ့တပ်မတော်၊ အစိုးရ စသည်တို့ ပါဝင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲကို ပူးတွဲစီမံခန့်ခွဲရမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးရေး အာမခံချက် ရှိရမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရာတွင် အခြေခံဥပဒေ၊ အာဏာခွဲဝေမှု လုံခြုံရေး၊ မြေယာ၊ ၀င်ငွေခွဲဝေမှု၊ သယံဇာတ ခွဲဝေမှုစသည့် အရေးကြီးသော အချက်များ ပါဝင်ရမည် ဖြစ်ကြောင်း ကြေညာ ချက်တွင် ပါဝင်သည်။

ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကြေညာချက်၌ လက်မှတ် ရေးထိုးခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်များကို ပြန်လည် အတည်ပြုရန်၊ ပူးတွဲစစ်ဘက်ဒ ဆိုင်ရာ ကျင့်ဝတ်များ၊ အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေးနှင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်း ရန် ပူးတွဲငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းရေး တို့ကိုလည်း ဖော်ပြထားသည်။

ထိုကဲ့သို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နှစ်လအတွင်း နိုင်ငံရေးဆွေးနွေး ရေး မူဘောင်ကို စတင်ဆွေးနွေးရန်နှင့် လေးလအတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲကြီးကို စတင်ရန်နှင့် လက်မှတ်ရေးထိုးရန် အဆင်သင့် မဖြစ်သေးသည့် လက်နက်ကိုင် အဖွဲ့များကို အဆင်သင့် ဖြစ်သည့် အချိန် တွင် လက်မှတ် ရေးထိုးနိုင်ရမည် ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းညီလာခံသည် ကေအိုင်အိုမှ ကမကထ ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိတွင် KNU နှင့် RCSS တို့မှာ အစိုးရ နှင့် အပစ်အခတ် ရပ်စဲကာ ကေအိုင်အိုမှာမူ အစိုးရနှင့် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားရာမှ ၂၀၁၁ ခုနှစ် ဇွန်လအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေး ပြန်လည်ရရှိရန် ပြည်ထောင်စု အဆင့်ထိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သော်လည်း အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပေ။

Eleven Media Group

Laptop ဖြင့် ၃ နာရီမှ ၈ နာရီထိ အသုံးခံနိုင်တဲ့ Power 9 External Battery



မန်းဈေးကွက်ထဲကို တစ်ကြိမ်အားအပြည့် သွင်း ထားရင် Laptop ဖြင့် ၃ နာရီမှ ၈ နာရီထိ အသုံးခံ နိုင်တဲ့ Power 9 External Battery ဝင်ရောက် လာပါတယ်။ USB ပေါက်မှလည်း မိုဘိုင်းပစ္စည်းများ၊ Tablet များ၊ လက်ကိုင်ဂိမ်းစက်များ၊ Music Player အမျိုးမျိုးကို အကြိမ် ၂၀ မှ ၅၀ ထိ အားပြန်လည် ဖြည့်သွင်းပေးနိုင်မယ်လို့ သိရပါတယ်။ Laptop အမျိုးအမျိုးကို အားသွင်းနိုင်ရန်အတွက် အားသွင်း ခေါင်းပေါက် ၈ မျိုး အထိပါဝင်လာပြီး Power 9 ရဲ့ Capacityမှာ 20000 mAh ရှိပါတယ်။ Power 9 ကို ပြန်လည်အားသွင်းချိန်မှာ ၆ နာရီမှ ၈ နာရီကြားဖြစ်ပြီး USB ပေါက်မှ မိုဘိုင်းပစ္စည်းများ၊ Music Player အမျိုးမျိုးကို အားသွင်းနိုင်ရန် 5V (2Amp) ပြန်လည်ထုတ်ပေးနိုင်ပြီး Laptop အမျိုးမျိုးတို့အတွက် (9V, 12V, 16V, 19V) များထုတ်ကာ အားပြန်လည်သွင်း ပေးနိုင်မှာဖြစ်ပါတယ်။ Power 9 မှာ ပါဝင်လာတဲ့ စကရင်ကနေ ဗို့အားအခြေအနေများကို ဖော်ပြပေးနေမှာဖြစ်ပြီး အလိုအလျောက် Power Saving စနစ်လည်း ပါဝင်လာပါတယ်။ အကြမ်းခံနိုင်တဲ့ Aluminium ကိုယ်ထည်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဈေးနှုန်း ၅ သောင်း ၅ ထောင်ဝန်းကျင်နဲ့ i-TREND IT & Mobile (မန္တလေး) သိပ္ပံလမ်း၊ က.ည.န အနီး၊ ဖုန်း-၀၉-၉၁၀၂၂၂၀၉ မှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

(Internet Journal)
အတွဲ (၁၄)၊ အမှတ် (၄၂)

စီအိုင်ဒီမှ စစ်ဆေးပြီး ငွေစက္ကူအတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ပြည်သူများလက်သို့ ပြန်လည်ရောက်ရှိ လာခြင်းအပေါ် ဗဟိုဘဏ်က စစ်ဆေးမှုများ ပြုလုပ်နေ

စီအိုင်ဒီ (မှုခင်းစုံစမ်းရေးဌာန) မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု တံဆိပ်ရိုက်နှိပ် ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများ လှည့်လည် သုံးစွဲနေသည့် ငွေများအကြား ပြန်လည် ရောက်ရှိလာသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။


အောက်တိုဘာ ၃ ရက် ရက်စွဲဖြင့် ထုတ်ဝေခဲ့သည့် Daily Eleven သတင်းစာ၏ 'ပြည်သူတွေက ပေးတဲ့စာ' ကဏ္ဍတွင် မြောက်ဥက္ကလာပ မြို့နယ်နေ ကော်ဖီနှင့် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်မေပပသွယ် မှ ကျပ် ၁၀၀၀ တန် ငွေစက္ကူအား စက်တင်ဘာ ၂၂ ရက်က ရရှိကြောင်းပေးပို့ခဲ့သည့်အတွက်သက်သေဖြစ် သည့် ငွေစက္ကူ အတုနှင့်တကွ ဖော်ပြခဲ့သည်။

အဆိုပါ ငွေစက္ကူတွင် စစ်ဆေးရေး ဌာနတစ်ခု၏ တံဆိပ်တုံး၊ ငွေစက္ကူ အတုဟူသော တံဆိပ်တုံး၊ လက်ရေး မှတ်ချက်၊ နေ့စွဲများ ပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငွေစက္ကူအတုများ စစ်ဆေး တွေ့ရှိပါက စီအိုင်ဒီသို့ တင်ပြရပြီး စီအိုင်ဒီ၏ငွေတုဖြစ်ကြောင်း မှတ်ချက်၊ တံဆိပ်တုံးများဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပြန်လည် ပေးပို့ရကြောင်း သိရသည်။

ထိုသို့ ငွေစက္ကအတု၏ စစ်ဆေးချက် အပြည့်အစုံဖြင့် ဖော်ပြထားသည့် ငွေစက္ကူ အတုမှာ ဖျက်ဆီးခြင်း၊ သိမ်း ဆည်းခြင်း စသည့် အနေအထား တစ်ခုတွင် ရှိမနေဘဲ ပြည်သူများအကြား လှည့်လည်သုံးစွဲ နေမှု အပေါ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရ သည်။

''ဒါက ထူးခြားဖြစ်စဉ် ဖြစ်ပါတယ်။ ငွေစက္ကူ အတုပါ'' ဟု ဗိုလ်ဆွန်ပက်လမ်းရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ခွဲမှ လုပ်ငန်းအရာရှိ ဒေါ်ဖြူဖြူဆွေက အောက်တိုဘာ ၂၈ ရက်က အတည်ပြု ပြောကြားသည်။

''ငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အမှုတော်တော်များများ လိုက်ဖူးပါတယ်။ လုပ်ငန်း သဘောအရဆိုရင် စီအိုင် ဒီ လက်ထဲ ရောက်သွားရင် အရွက်အရေအတွက်၊ ပုံသဏ္ဌာန် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရှာ ဖွေပုံစံနဲ့ သိမ်းတာပါ။ ဒီလိုသိမ်းထား ပြီးပြီဆိုရင် ဓာတုဗေဒဌာနတို့၊ ဓာတ်ခွဲခန်းတို့၊ ဘိလစ်စာရေးတို့ လက် ထဲမှာပဲ ရှိနေပြီး မီးရှို့ဖျက်ဆီး ပစ်ခြင်းနဲ့ အဆုံးသတ်ပါတယ်။ ဒီလိုမျိုး လုပ်ရမယ့် ငွေတုတစ်ရွက်ကပြည်သူ တွေကြားထဲ ပြန်ရောက်နေတယ် ဆိုတာက ဖြစ်လေ့ဖြစ်ထ မရှိသလို ဖြစ်သင့်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံက အခုဆို ပြသနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှ ငွေစက္ကူ အတုပြဿနာ ထပ်ဖြစ်လာတာ ကတော့ စိုးရိမ်စရာ ကောင်းပါတယ်'' ဟု Purple Equity Law Firm မှ ဦးဖိုးဖြူကသုံးသပ် သည်။

ယခုလအတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ကျပ် ၁၀၀၀ တန် ငွေစက္ကူအတု ရွက်ရေ ၈၀၀၀ ကျော် ဖမ်း ဆီး ခဲ့မိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အလားတူပင် စက်တင်ဘာလ အတွင်းကလည်း မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိ ရသည်။

Eleven Media Group

နိုင်ငံခြားငွေလက်မှတ် FEC များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက်ပေးနိုင် တော့မည် မဟုတ်ကြောင်း ဗဟိုဘဏ် နှိုးဆော်ချက် ထုတ်ပြန်

နိုင်ငံခြားငွေလက်မှတ် Foreign Exchange Certificate(FEC) များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက် ပေးနိုင်တော့မည် မဟုတ်သဖြင့် အချိန်မီ လဲလှယ်ကြရန် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က နှိုးဆော်ချက် ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်သူများလက်ဝယ်ထားရှိ ပိုင်ဆိုင်သော နိုင်ငံခြား ငွေလက်မှတ်များ ပြန်လည်ရွေးနုတ် ယူခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ကနဦး သတ်မှတ် ကာလ ဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ ကာလ၌ နိုင်ငံခြား ငွေလက်မှတ် လဲ လှယ်သူများ၏ ဆန္ဒနှင့်အညီ အပ်နှံလဲလှယ် နိုင်သည့် အစီအစဉ်များ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း ဗဟို ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အပ်နှံလဲလှယ် ပေးခဲ့သည့် အစီအစဉ်များမှာ နိုင်ငံခြား ငွေလက်မှတ် လဲလှယ်သူ စာရင်းဖွင့်လှစ် ထားသော ဘဏ်ရှိ အမေရိကန်ဒေါ်လာ ငွေစာရင်းသို့ ထည့်သွင်းပေးခြင်း (သို့မဟုတ်) အမေရိကန်ဒေါ် လာဖြင့် ငွေသားထုတ်ပေးခြင်း၊ နိုင်ငံခြား ငွေလက်မှတ် လဲလှယ်သူ အမည်ဖြင့် ဘဏ်တွင် သက်ဆိုင်ရာ နိုင်ငံခြား ငွေစာရင်းအသစ် ဖွင့်လှစ် ထည့်သွင်းခြင်း၊ ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်သည့် ရည်ညွန်းငွေ လဲ လှယ်နှုန်းကို အခြေခံသော ငွေလဲကောင်တာများ၏ နိုင်ငံခြားငွေ ၀ယ်ဈေးနှုန်းဖြင့် ပြောင်းလဲတွက်ချက် ရရှိသော ကျပ်ငွေကို နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူ ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းသို့ ထည့်သွင်း ခြင်း၊ နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူ အမည်ဖြင့် သက်ဆိုင်ရာဘဏ်၌ ကျပ်ငွေစာရင်းသစ် ဖွင့်လှစ် ထည့် သွင်းခြင်း (သို့မဟုတ်) ကျပ်ငွေဖြင့် ငွေသားထုတ်ပေးခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်၌ နိုင်ငံခြား ငွေလက်မှတ်များကို ကနဦး သတ်မှတ် ကာလအတွင်း အကြောင်း အမျိုးမျိုးကြောင့် အပ်နှံလဲလှယ်နိုင်ခြင်း မရှိသူများသည် ကနဦး ကာလအတွင်း မဆောင်ရွက် နိုင်ခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက် ရေးသားဖော်ပြ တင်ပြကာ ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်အထိ နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ် မျာားတွင် အပ်နှံလဲလှယ် နိုင်ကြောင်း အသိပေး ကြေညာပြီး ဖြစ်ကြောင်း ပါဝင်သည်။

သို့ဖြစ်၍ နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များတွင် နိုင်ငံခြား ငွေ လက်မှတ် အပ်နှံလဲလှယ်ခြင်းကို အထက်ဖော်ပြပါ နည်းများဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပြီး ယင်း သတ်မှတ် ကာလဖြစ်သည့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ကျော်လွန်ပါက နိုင်ငံခြား ငွေလက်မှတ် အပ်နှံလဲ လှယ်ခြင်းကို ဆောင်ရွက်ပေး နိုင်တော့မည် မဟုတ်သဖြင့် နိုင်ငံခြားငွေလက်မှတ် လက်ဝယ်ထားရှိ ပိုင်ဆိုင် ကြသူများ အနေဖြင့် အချိန်မီ အပ်နှံလဲလှယ်ရန် ဗဟိုဘဏ်မှ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်ဒ သည်။

Eleven Media Group

အရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့သို့ မြန်မာဝင်ရောက်ရန် စီစဉ်၊ ငွေကြေးခ၀ါချမှုများ အပါအ၀င် နိုင်ငံဖြတ်ကျော် အဂတိ လိုက်စားမှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ် ရေးထိုးရမည်

အရှေ့တောင်အာရှ နိုင်ငံများထဲတွင် မြန်မာတစ်နိုင်ငံတည်းသာ ၀င်ရောက်ရန် ကျန်ရှိနေသည့် အရှေ့ တောင်အာရှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့သို့ ယခုအခါ မြန်မာနိုင်ငံ ၀င်ရောက်မည်ဖြစ်ပြီး ထိုသို့ ၀င်ရောက်နိုင်ရန် အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။


အရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (South East Asia Parties Against Corruption- SEA-PAC) သို့ မြန်မာနိုင်ငံ အနေဖြင့် ၀င်ရောက်ရန်အတွက် ၂၀၁၃ ခုနှစ် မေ ၁ ရက် မှ ၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ လွန်ဘွတ်ကျွန်းတွင် ပြုလုပ်သည့် အရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ န၀မအကြိမ်မြောက် အတွင်းရေးမှူးများ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်ရန် ဆန္ဒရှိကြောင်း ဖော်ထုတ် အသိပေးခဲ့သည်ဟု သိရသည်။

အဖွဲ့ဝင် နိုင်ငံအဖြစ် ၀င်ရောက်ရန် မြန်မာနိုင်ငံ အနေဖြင့် သဘောတူပါက လာအိုနိုင်ငံတွင် ကျင်းပမည့် န၀မအကြိမ်မြောက် အရှေ့တောင်အာရှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးတွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလိုကြောင်း လာအိုနိုင်ငံမှ အဆိုပြု ထားသည်ဟု သိရသည်။ SEA-PAC သို့ ၀င်ရောက်မည် ဆိုပါက အခြားအဖွဲ့ဝင် ကိုးနိုင်ငံနည်းတူ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ရမည်ဖြစ်ပြီး အဆိုပါ နားလည်မှု စာချွန်လွှာတွင် အဖွဲ့ဝင် နိုင်ငံများအကြား နိုင်ငံဖြတ်ကျော် ကျူးလွန်သည့် သဘောသဘာဝ ရှိသော အဂတိလိုက်စားမှုအား တားဆီးကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းကို ပူးတွဲဆောင် ရွက်ခြင်းနှင့် စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်း ခြင်းတို့ဖြင့် မြှင့်တင်ဆောင်ရွက် နိုင်သည်ဟု အသိအမှတ် ပြု လျက် ဟူသော အချက်အပါအ၀င် အချက်ပေါင်းများစွာ ပါဝင်သည်။

အဖွဲ့ဝင် နိုင်ငံများအကြား အဂတိလိုက်စားမှုအား တားဆီးရေး ကြိုးပမ်းရာတွင် ပူးပေါင်းဆောင်ရွက်မှု ထူ ထောင်ထားရှိရန်နှင့် အားကောင်းအောင် ဆောင်ရွက်ရန်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းတွင် အဖွဲ့ဝင်များအကြား စွမ်းဆောင်ရည် တိုးမြှင့်ရန်နှင့် အဖွဲ့အစည်း ထူထောင်ရန်ဟူ သော ရည်မှန်းချက်များ ထားရှိသည်ဟုလည်း သိရသည်။

ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ နယ်ပယ်တွင်လည်း ပြစ်မှုမြောက်သည့် အဂတိ လိုက်စားမှု လုပ်ဆောင် ချက်များ သို့မဟုတ် အဂတိလိုက်စားမှု အလေ့အထများ (ငွေကြေးခ၀ါချမှုနှင့် အဂတိ လိုက်စားမှုဆိုင်ရာ ပြစ်မှုများ အပါအ၀င်) ဆိုင်ရာ နည်းလမ်းများနှင့် နည်းစနစ်များနှင့် ပတ်သက်သည့် သတင်းအချက်အ လက်များကို ဖလှယ်ရန်ဟူသော အချက်များလည်း ပါဝင်ကြောင်း သိရသည်။

ထို့အတွက် မြန်မာနိုင်ငံ အနေဖြင့် အ ရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သို့ လက် မှတ်ရေးထိုး ၀င်ရောက်ပြီးသည့် နောက်တွင် ငွေကြေးခ၀ါချမှုနှင့် ဆိုင်သည့် နည်းလမ်း နည်းစနစ်များ အတွက် အဖွဲ့ဝင် အချင်းချင်းအကြား သတင်းအချက်အလက်များ ဖလှယ်ရမည် ဖြစ်သည့်အပြင် နိုင်ငံ ဖြတ်ကျော် အဂတိ လိုက်စားမှုများကိုလည်း အဖွဲ့ဝင် နိုင်ငံအချင်းချင်း ပူးပေါင်းကာကွယ် တိုက်ဖျက်ရမည် ဖြစ်သည်။

Eleven Media Group

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်ရပ်ရေး မူကြမ်းနှစ်ခုကို ညှိနှိုင်းပြီး တစ်ခုတည်းဖြစ်ရန် ဆွေးနွေးမည်



တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ် အခတ် ရပ်စဲရေး မူကြမ်းနှစ်ခုကို ညှိနှိုင်းပြီး တစ်ခုတည်းဖြစ်ရန် အဓိကညှိနှိုင်းဆွေးနွေးရန် စီစဉ် ထားကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူး ကြီး ခွန်ဥက္ကာက အောက် တိုဘာ ၂၈ ရက်တွင် ကေအိုင်အို ဌာနချုပ် လိုင်ဇာ မြို့တွင် ပြောကြားသည်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့ကျော် တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင် များ ၏ ထိပ်သီးညီလာခံကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက် အထိ ကေအိုင်အို ဌာနချုပ်လိုင်ဇာ တွင် ပြုလုပ်မည်ဖြစ်ပြီး ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အချိန်တွင် ဗိုလ်မှူးကြီးခွန်ဥက္ကာကယင်းကဲ့သို့ပြောကြား လိုက်ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းနှင့် ပတ်သက်ပြီးဇူလိုင်လနှောင်းပိုင်း က ပြုလုပ်ခဲ့သော ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံတွင် ဆုံးဖြတ်ချက်များနှင့် အောက်တိုဘာလ အ တွင်းက UNFC အဖွဲ့တွင်း ပြုလုပ်ခဲ့သော အစည်းအဝေးတို့မှ ရေးဆွဲခဲ့သည် မူကြမ်းတစ်ခု ရှိနေသည်။

ထို့အပြင် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) မှ ရေးဆွဲပြီး KNU နှင့် RCSS တို့မှ အစိုးရ အဖွဲ့သို့ တင်ပြပြီး အစိုးရဘက်က ပြင်ဆင်ဖြည့်စွက် ချက်များနှင့် ရေးဆွဲထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုလည်း ရှိနေပြီး ထိုမူကြမ်းနှစ်ခုကို လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တွင် ညှိနှိုင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

''တိုင်းရင်းသား ညီလာခံက ဆုံးဖြတ်ထားတဲ့ မူကြမ်းလည်း ရှိတယ်။ အဆင့်ဆင့်ပေါ့။ အဆင့် ၁၊ ၂၊ ၃။ အ ပိုင်း သုံးပိုင်း။ အဲဒါက တိုတိုတောင်းတောင်း အခုဟာကတော့ နည်းနည်း ရှည်တယ်။ အဲဒီနှစ်ခု ညှိဖို့လို တယ်။ ကျွန်တော်တို့ကတော့ တိုင်းရင်းသား ညီလာခံက ထုတ်ထားတဲ့ မူကြမ်းကိုပဲ ဒီမှာအဓိက ညှိမှာပေါ့။ အဲတာညှိပြီးလို့ ရလို့ရှိရင် အဲဒီအပေါ်မှာ မူတည်ပြီးတော့ MPC က ပေးထားတဲ့ဟာက နည်းနည်းအကြောင်း အရာတွေ များတော့ ချုံ့လိုက်မှာပေါ့။ ချုံ့လိုက်ပြီးတော့ အလုပ်ဖြစ်နိုင်မယ့် မူတစ်ခုတော့ ထွက်မယ်လို့ ယူ ဆတယ်'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ထို့အပြင် WGEC မှ ရေးဆွဲခဲ့ပြီး KNU နှင့် RCSS တို့ တင်ပြထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက် စာချုပ်မူကြမ်းကို မြန်မာ့ငြိမ်းချမ်း ဖော်ဆောင်မူဗဟို (MPC) မှ ပြင်ဆင်ဖြည့်စွက်ထားသည့် မူကြမ်း အား အကြမ်းဖျင်းအားဖြင့် လေ့လာထားပြီး အလုပ်ဖြစ်နိုင်သည့် အခြေအနေ မရှိကြောင်း ဗိုလ်မှူးကြီး ခွန် ဥက္ကာက The Daily Eleven သို့ ပြောကြားသည်။

''အကြမ်းဖျင်းတော့ ကျွန်တော် လေ့လာပါတယ်။ နှစ်ခေါက် သုံးခေါက်တော့ ဖတ်တယ်။ ဒါပေမဲ့ အဲဒီမူ အပေါ်မှာ တရားဝင်တော့ သုံးသပ်ချက် အဖြေပေးဖို့ မရသေးဘူး။ အဲဒီမူက အလုပ်ဖြစ်နိုင်တဲ့ အခြေအနေ မရှိသေးဘူး။ ကျွန်တော်တို့ ဒီမှာအပိုင်း သုံးပိုင်းနဲ့ တိုင်းရင်းသားတွေ ပြုစုထားတဲ့မူကိုပဲ စဉ်းစားမှာ ဖြစ် တယ်'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

MPC မှ ပြင်ဆင် ဖြည့်စွက်ထားသော မူကြမ်းသည် ရှည်လျားပြီး ရှုပ်ထွေးသည့် သဘော အသွင်ဆောင် နေသည့်အတွက် နားလည်လွယ်သည့် စာချုပ်ပုံစံကိုသာ ရေးဆွဲပြီး ထိုအပေါ်၌သာ တိတိကျကျ လိုက်နာ သွား ရမည်ဟု ၎င်းကဆိုသည်။

''MPC က ပေးထားတဲ့ မူကနည်းနည်းလေး ရှည်လျားတယ်။ တစ်ချို့နေရာတွေမှာ အဓိပ္ပာယ် ဖွင့်ဆိုတဲ့နေ ရာမှာ ဥပမာဆိုရင်ပေါ့။ ကော်မတီ ဖွဲ့တာတွေ။ ပူးတွဲကော်မတီတို့ လေ့လာရေး ကော်မတီတို့ ငြိမ်းချမ်းရေး ကော်မတီတို့ များစွာသော ကော်မတီတွေ ဖွဲ့ပြီးတော့ အဲဒီကော်မတီတွေ အောက်မှာ လုပ်နည်း လုပ်ဟန် တွေလည်း ရှုပ်ထွေးထွေးလို ရေးထားတယ်။ တိုင်းရင်းသားတွေရဲ့ သဘောသဘာဝ လေ့လာဖို့ သို့တည်းမ ဟုတ် နားလည်ဖို့ ခက်တယ်။ ဒါကြောင့် နားလည်လွယ်တဲ့ သဘောတူညီချက် စာချုပ်စာတန်း ပုံစံကို ရေး ပြီးတော့ အဲဒီအပေါ်မှာပဲ တိတိကျကျ သဘောတူချက် လုပ်မယ်။ နောက်ပြီးတော့ သဘောတူချက်ကို အ ကောင်အထည် ဖော်ရမှာ မဖြစ်မနေ ဖော်ရမယ်ဆိုတဲ့ အချက်က ပိုပြီးတော့ အရေးကြီးလာတယ်။အကောင် အထည် မဖော်ဘူးဆိုရင် သဘောတူညီချက်က ပြန်ပြီးတော့ ပျက်ပြယ်နိုင်တယ်ဆိုတဲ့ အဲဒီ ပုံစံမျိုးကိုလည်း စဉ်းစားထားပါတယ်'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ညီလာခံသို့ တက်ရောက်ရန် UNFC ၏ အတွင်းရေးမှူး နိုင်ဟံသာနှင့် တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့သည် အောက်တိုဘာ ၂၈ ရက်မှာပင် လိုင်ဇာမြို့သို့ ရောက်ရှိခဲ့ပြီး ကျန်ရှိသော ခေါင်းဆောင်များက အောက်တိုဘာ ၂၉ ရက်တွင် ရောက်ရှိမည်ဟု သိရသည်။

 လိုင်ဇာမြို့တွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

Eleven Media Group

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် ဘာသာရေး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပုပ်ရဟန်းမင်း Francis ပြောကြား



ဥရောပ ခရီးစဉ်အတွင်း ဗာတီကန်နိုင်ငံသို့ ရောက် ရှိ နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပုပ်ရ ဟန်းမင်း ဖရန်စစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဘာသာရေး စေ့စပ်ဆွေးနွေး ညှိနှိုင်းပွဲ ပြုလုပ်သင့်သည်ဟု ယူဆ ကြောင်း ပြောကြားခဲ့သည်။


''ပုပ်ရဟန်းမင်း Francis က မြန်မာနိုင်ငံမှာ ဘာသာရေး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်နိုင်ဖို့ အတွက် ဆုတောင်း ပေးနေ ပါတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေကို ခွဲခြားမှုမရှိဘဲ အသင်းတော် ကနေ လို အပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးစွမ်းနိုင်တယ်လို့လဲ ပြောပါတယ်'' ဟု ဗာတီကန် ပြောရေး ဆိုခွင့်ရှိသူဘုန်းတော် ကြီး Federico Lombardi က AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ထို့အပြင် ပုပ်ရဟန်းမင်းက ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တည်ဆောက်ခြင်းအား ထောက်ခံအားပေးကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်း နန်းတော် (Apostolic Palace) ၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်း ဖရန်စစ် တို့အကြား ပထမဆုံး တွေ့ဆုံမှု ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံမှ လွန်ခဲ့သည့် နှစ် ၂၀ ခန့်က ချီးမြှင့်သော ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုအား လက်ခံရယူပြီးနောက် ဗာတီကန်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းနှင့် ယခုလို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပုပ်ရဟန်းမင်း Francis သည် ၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပုပ်ရ ဟန်းမင်း Benedict XVI နုတ်ထွက်ပြီးနောက် မတ်လတွင် ပုပ်ရဟန်းမင်းအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူဖြစ်သည်။

Eleven Media Group

Monday, October 28, 2013

၂ဝ၁၅ ကိစ္စ ဦးသိန်းစိန် ကိုယ်တိုင်ပြောမယ်

သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ်ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။


ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ်ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။

သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ သမ္မတနဲ့ ကြိုတင် သဘောတူပြီး ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။

သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ အများက ယူဆနေ ချိန်မှာပဲ အခု ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။

သမ္မတနဲ့ လွှတ်တော်အကြားမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ခုံရုံး ကိစ္စ အငြင်းပွားတာမျိုး ဖြစ်ခဲ့သလို ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ်တွေကို သူရ ဦးရွှေမန်းက စိတ်ကြေနပ်မှု မရှိတာကြောင့် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေးတွေ ခေါ်ဖို့ တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ်လို့ ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သမ္မတမည်သူ ဖြစ်မည်နည်းနှင့် ၅၉(စ) ပြင်ဆင်ရေး

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထူးခြားအရေးပါသော နိုင်ငံရေး ဖြစ်စဉ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတအဖြစ် ရွေးကောက်ခံရန် ပြင်ဆင်နေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြိုင်ဘက်သည် သူမ၏မိတ်ဆွေ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဖြစ်နေခြင်းကြောင့်လည်း လာမည့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မြင့်မားခြင်း ဖြစ်သည်။ သမ္မတမည်သူ ဖြစ်မည်ဆိုသော မေးခွန်း၏ အဖြေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် ဆက်စပ်နေသည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ရွေ့မည်မျှ ပြင်ဆင်နိုင်သည်ကို ဦးစွာစောင့်ကြည့် ရမည်ဖြစ်သည်။ လက်ရှိ လွှတ်တော်နိုင်ငံရေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကိုယ်စားလှယ်နေရာ အများစု ရရှိထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၂၅ ရာခိုင်နှုန်းကို ရရှိထားသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးသည် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့အပေါ် မူတည်နေသည်ဟု မှတ်ချက်ပြုနိုင်သည်။

ဒီချုပ်၏ ပြင်ဆင်ရေးအသံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အချက် ၁၀၀ ကျော်ကို ပြင်ဆင်ရန် ဆန္ဒရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ စည်းမျဉ်းစည်းကမ်းအရ အဆိုပါ အချက် ၁၀၀ ကျော်ကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်း သတင်းမီဒီယာကို ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ပါဝင်ပြီး ပုဒ်မ ၇၄ ခုသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၊ ထောက်ခံမှုဖြင့်သာ ပြင်ဆင်နိုင်မည့် အဓိက ပုဒ်မများဖြစ်သည်။ ကျန်ပုဒ်မ ၃၈၃ ခုသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်မည် ဖြစ်သည်။ ဒီချုပ်၏ အချက် ၁၀၀ ကျော်တွင် နှစ်ဆင့်ပြင် အဓိကပုဒ်မ မည်မျှပါဝင်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

တပ်မတော်၏ ပြင်ဆင်ရေးအသံ

ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၁၆၆ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းခွင့်အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရရှိထားသော တပ်မတော်၏ အခန်းကဏ္ဍသည်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် အလွန်အရေးပါလျက် ရှိသည်။

တပ်မတော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်မှုများ ပြုလုပ်နေပြီး ပြင်ဆင်သင့်သော အချက်များနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် ပြုစုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်သွင်းမည်ဖြစ်သည်။ တပ်မတော်မှ အဆိုပြုမည့် ပြင်ဆင်လိုသော အချက်များသည် အရေးပါမှု မြင့်မားသည်ဟု သုံးသပ်နိုင်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းပါ ပုဒ်မများအရ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များ၏ ထောက်ခံမှု မရရှိလျှင် ပြင်ဆင်ရေး အထမမြောက်နိုင်သဖြင့် တပ်မတော်မှ အဆိုပြုမည့် အချက်များသည် ပြင်ဆင်နိုင်ခြေ မြင့်မားသော ပုဒ်မများ ဖြစ်လာနိုင်သည်။ ပုဒ်မ ၄၃၅ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေးရန် တင်ပြရာ၌ လိုအပ်သော လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းထက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းက သာလွန်နေသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံလျှင် ဥပဒေကြမ်းကို လွှတ်တော်၌ လက်ခံဆွေးနွေးနိုင်မည် ဖြစ်သည်။

သမ္မတလောင်းနှင့် ၅၉(စ) ပြင်ဆင်ရေး

သူရဦးရွှေမန်းသည် သမ္မတ ဦးသိန်းစိန် အနေဖြင့် နောက်သက်တမ်းတွင် သမ္မတအဖြစ် ပြန်လည် အရွေးခံမည် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးကို ထမ်းဆောင် လိုသဖြင့် သူရဦးရွှေမန်း အနေဖြင့် သမ္မတအဖြစ် ၀င်ရောက်အရွေးခံမည်ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သမ္မတလောင်း နေရာကို ၀င်ရောက်အရွေးခံမည့် သူများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတလောင်း ဖြစ်နိုင်၊ မဖြစ်နိုင်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ဆက်စပ်နေသည်။ အဆိုပါ အစီရင်ခံစာတွင် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရေး ပါရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေ မူကြမ်းတွင် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ချက် ပါရှိရမည် ဖြစ်သည်။

အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ထောက်ခံရမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရမည် ဖြစ်သည်။ ထို့နောက် ပြင်ဆင်ချက် ဥပဒေမူကြမ်းပါ အပိုဒ်များကို တစ်ပိုဒ်ချင်း ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၆ ရာခိုင်နှုန်း ထောက်ခံမှု ရရှိရမည်ဖြစ်သည်။ ထောက်ခံမှု ရရှိသော ပြင်ဆင်မည့် ပုဒ်များတွင် ပုဒ်မ ၅၉(စ)လည်း ပါဝင်ရမည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၏ ၇၆ ရာခိုင်နှုန်း ထောက်ခံမှု ရရှိပြီးသော အပိုဒ်များအနက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆(က)အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ထောက်ခံမှု ရယူရန် လိုအပ်သော အပိုဒ်များကို အတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်သည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပရမည်ဖြစ်ပြီး အဆိုပါ ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှုရရှိသော အပိုဒ်များကို ပြင်ဆင်နိုင်မည် ဖြစ်သည်။ အဆိုပါ အပိုဒ်များတွင် ပုဒ်မ ၅၉(စ) ပြင်ဆင်ချက်လည်း ပါဝင်ရမည် ဖြစ်သည်။ သို့မှသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒုတိယ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ သမ္မတရွေးချယ် တင်မြှောက်ပွဲတွင် ပါဝင်နိုင်မည် ဖြစ်သည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ၂၀၁၄ ခုနှစ်အတွင်း အဆင့်ဆင့် ဖြတ်သန်းရမည်ဖြစ်ပြီး အချိန်ယူ ပုံဖော်ရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ပုဒ်မ ၅၉(စ)ပြင်ဆင်မှုကို မပြုလုပ်နိုင်ပါက ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယသမ္မတ သို့မဟုတ် သမ္မတဖြစ်ခွင့် ရှိနိုင်မည် မဟုတ်ပေ။

သမ္မတရွေးချယ်မှု

လွှတ်တော်နှစ်ရပ်တွင် ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရရှိသော ပါတီမှ အမည်စာရင်း တင်သွင်း သူများသည် ဒုတိယသမ္မတများ ဖြစ်မည်။ တပ်မတော်မှ အမည်စာရင်း တင်သွင်းသော ဒုတိယသမ္မတ တစ်ဦးအပါအ၀င် ဒုတိယသမ္မတ သုံးဦးမှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်မှုကို ပြည်ထောင်စုလွှတ်တော် တွင် ပြုလုပ်မည်ဖြစ်ပြီး ထောက်ခံမဲ အများဆုံး ရရှိသူသည် သမ္မတ ဖြစ်လာမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဒုတိယသမ္မတများနှင့် သမ္မတကို လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်သည်ဟု သတ်မှတ်နိုင်သည်။ တစ်နည်းအားဖြင့် ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများစု အနိုင်ရရှိထားသော ပါတီက ရွေးချယ်ခြင်းပင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် ဒီချုပ်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရရှိ ပါက ဒီချုပ်မှ အမည်စာရင်း တင်သွင်းသူများသည် သမ္မတနှင့် ဒုတိယသမ္မတများ ဖြစ်လာနိုင်ခြေ ရှိနေ သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သမ္မတလောင်း နေရာ ကို ၀င်ရောက်အရွေးခံမည့် သူများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတလောင်း ဖြစ်နိုင်၊ မဖြစ်နိုင်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ဆက်စပ်နေသည် . . . . .

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရရှိရန် အားကောင်းနေသည့်အလျောက် ရွေးကောက်ပွဲ မတိုင်မီ ဒီချုပ်သည် ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်တို့နှင့် ညှိနှိုင်းလျက် နိုင်ငံရေး အပေးအယူကို အတိုင်းအတာ တစ်ခုအထိ ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင် သူရဦးရွှေမန်း အနေဖြင့် သမ္မတဖြစ်လာနိုင်ခြေ မြင့်မားသည်ဟု ယေဘုယျ ကောက်ချက်ပြုနိုင်သော်လည်း အပေးအယူ မပြုလုပ်နိုင်ပါက သူရဦးရွှေမန်း အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ သက်သက်၏ ထောက်ခံမှုဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရနိုင်ခြေမှာ နည်းပါးနေဆဲ ဖြစ်သည်။

ဖြစ်နိုင်ခြေနှစ်ခု

အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခဲ့လျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာနိုင်ခြေ မြင့်မားသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၆၄ ဦးတွင် ကိုယ်စားလှယ် ၃၃၃ ဦး၏ ထောက်ခံမှုကို ရရှိလျှင် ဒေါ်အောင်ဆန်း စုကြည်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ ကို ပြင်ဆင်နိုင်လျှင် သမ္မတသည် ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပုဒ်မ ၆၄ ကို မပြင်ဆင်နိုင်လျှင် သမ္မတသည် သမ္မတသက်တမ်းအတွင်း ပါတီ တာဝန်ကို စွန့်လွှတ်ထားရမည် ဖြစ်သည်။ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရှိရန် လိုအပ်သော်လည်း ပုဒ်မ (၆၄) ကိုမူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံလျှင် ပြင်ဆင် နိုင်မည် ဖြစ်သည်။

ပုဒ်မ (၆၄)ကို ပြင်ဆင်ခြင်း မပြုနိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတသက်တမ်းအတွင်း ဒီချုပ်ပါတီ တာဝန်များကို ယာယီစွန့်လွှတ် ထားရမည် ဖြစ်သဖြင့် ပါတီကို ဦးဆောင်မည့် အလုပ်အဖွဲ့ကို ယခု ကတည်းက ပြင်ဆင်ဖွဲ့စည်းထားရန် လိုအပ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သည့် ကာလတွင် ပါတီစည်းရုံးရေး၊ ပါတီတည်ဆောက်ရေးတို့တွင် ဖရိုဖရဲ ပြိုလဲမှု မရှိအောင် ယခုအချိန် ကတည်းက ကြိုတင်စီမံချက်ချ ပြင်ဆင်ထားသင့်သည်။ အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယသမ္မတနှင့် သမ္မတဖြစ်ရန် အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်နိုင်ခြင်း မရှိသဖြင့် ဒုတိယသမ္မတ သို့မဟုတ် သမ္မတ မဖြစ်နိုင်ပါ။ အဆိုပါ ဖြစ်နိုင်ခြေအတွက် ပြင်ဆင်မှုကိုလည်း ဒီချုပ်အနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင် ထားသင့်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်လျှင် မည်သူ့ကို သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် လျာထား မည်ကို ကြိုတင်ပြင်ဆင် ထားသင့်သည်ဟု ယူဆမိသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတနှင့် ဒုတိယသမ္မတ လောင်းလျာများကို ပြည်သူလူထု အကြားတွင် ပိုမိုသိရှိနိုင်အောင်လည်း ဆောင်ရွက်ပေးသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီသည် ၂၀၁၄ ခုနှစ်အတွင်း သမ္မတနှင့် ဒုတိယသမ္မတ၊ ၀န်ကြီးအဖွဲ့ဝင်များအဖြစ် လျာထားသူများကို မဲဆန္ဒရှင် ပြည်သူများ သိရှိနိုင်အောင် စနစ်တကျ ၀ါဒဖြန့်ချိရေး လုပ်ငန်းကို မဖြစ်မနေ ပုံဖော်ရမည် ဖြစ်သည်။

လွတ်လပ်တရားမျှတမှုနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် ၂၀၁၄ ခုနှစ်အတွင်း ရုပ်လုံး ပေါ်လာနိုင်ဖွယ် ရှိနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် များစွာဆက်စပ်နေသည်။ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်မှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ဖွယ်ရှိသည်ဟုလည်း သုံးသပ်မှုအချို့ ရှိနေသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပြည်ထောင်စု လွှတ်တော် နာယကသာမက လွှတ်တော်များကလည်း ဆန္ဒရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။ သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြား ခရီးစဉ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အခြားကိစ္စများအပေါ် ဖိအားပေး ပြောဆိုမှုများနှင့် ပတ်သက်၍ သူမ၏ ကိစ္စသာ ဖြစ်သဖြင့် သီးခြားဝေဖန်စရာ မရှိကြောင်း၊ ပုဒ်မ ၅၉ (စ)နှင့် ပတ်သက်၍ သီးခြားမှတ်ချက်ပေးခြင်း မလုပ်လိုကြောင်း ဖြေကြားခဲ့သည်။ သူရဦးရွှေမန်းသည် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရမည်ဟု တိုက်ရိုက်ပြောကြားခဲ့ခြင်း မရှိသော်လည်း ရွေးကောက်ပွဲများကို လွတ်လပ် တရားမျှတရေးအတွက် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဆော်သြမှု ပြုခဲ့သည်။

နိဂုံး

အချုပ်အားဖြင့်ဆိုသော် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာ နိုင်ပြီး ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထောက်ခံမှုကို ရရှိသူသည် သမ္မတဖြစ်လာမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် သူနိုင်ကိုယ်နိုင် နိုင်ငံရေး အပေးအယူကို ပြည်ခိုင်ဖြိုး၊ ဒီချုပ်နှင့် တပ်မတော်တို့အကြား ပုံဖော်လာနိုင်ဖွယ် ရှိနေပြီး အဆိုပါ အပေးအယူ၏ အတိမ်အနက်အပေါ် မူတည်ပြီး သူရဦးရွှေမန်း အနေဖြင့် သမ္မတဖြစ်နိုင်ခြေ ရှိ၊ မရှိကို ဆန်းစစ်နိုင်မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ၀န်းကျင် နိုင်ငံရေး အခင်းအကျင်းတွင် သူနိုင်ကိုယ်နိုင် နိုင်ငံ နှင့်ပြည်သူကို အကျိုးပြုမည့် နိုင်ငံရေး သဘောတူညီချက် တစ်ရပ်ကို ရယူနိုင်ပြီး အဓိပ္ပာယ်ရှိသော နိုင်ငံရေး အပေးအယူတို့ကို ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင် ၂၀၁၅ ခုနှစ်အလွန် နိုင်ငံရေး အပြောင်းအလဲများသည် ပိုမိုစိတ်ဝင်စား အားတက်ဖွယ် ကောင်းလာမည်ဖြစ်သည်။ မည်သည့် အခြေအနေတွင်ဖြစ်စေ အပြောင်း အလဲများ၊ အပေးအယူများသည် ပြည်သူလူထုကို မျက်နှာမူနေရန်နှင့် ပြည်သူကို ဗဟိုပြုနေရန် လိုအပ် ကြောင်း မောင်းခတ်နှိုးဆော် လိုက်ရပါသည်။

Written by ဒေါက်တာရန်မျိုးသိမ်း

Thursday, October 24, 2013

ပုသိမ်မှ NLDပါ တီဝင်များ ပြိုကွဲ၍ ပါတီရှုံးဖျက်သိမ်းခြင်း ဖြစ်ရပ်မှန်



ဒေါ်စု -> ကဲ ရှင်တို့ ဘာတွေ ဖြစ်နေကြတာလဲ၊ ဘာတွေ မကျေနပ်နေတာလဲ။


ဦးညွှန့်လှိုင် -> လေဒီကို ကျွန်တော်လေးစားပါတယ်၊ မြို့နယ်ရုံးမှာ ရပ်ကျေးတွင် အစည်းအဝေးလုပ်ပြီး ကော်မရှင် ရွေးဖို့ (၄၈) ယောက်တင်ပြပါတယ်။ အဲဒီ အထဲက (၈) ယောက်ဘဲ ပါတယ် ကျန်တဲ့ အဖွဲ့ဝင်တွေက ကျွန်တော်တို့ မသိတဲ့ လူစိမ်း လူသစ်တွေ ပါနေတယ် အဲဒါကိုက အတည်ပြု လိုက်တာ လို့ သိရတော့ ဗဟိုကော်မရှင် လုပ်ရပ်က ဒီမိုကရေစီ မကျဘူး အဲဒါကို လေဒီကို တင်ပြတာပါ။ ဒေါ်စု -> အခုပါတဲ့ လူတွေက ညီလာခံ ကော်မရှင် အရည်အချင်း ပျက်ယွင်းနေသူ တွေလား၊ ပျက်ယွင်းနေတယ် ဆိုရင် အထောက်အထားနဲ့ တကွတင်ပြပါ။ လူဟောင်း လူသစ်ကိစ္စ လာမပြောနဲ့ အနှစ် ၂၀ အနစ်နာခံတာတွေ လာမပြောနဲ့ ဘ၀ပျက်တာတွေ လာမပြောနဲ့၊ နောက်မိန်းမယူတာတွေ လာမပြောနဲ့၊ သားဖြစ်သူက အရက်မူပြီး ရုံးကို လာရမ်းတာတွေလာမပြောနဲ့ နေ့တိုင်းလာရမ်းတာ ဆိုရင်တော့ သက်ဆိုင်ရာကို တိုင်ပေါ့။ လူသစ်ဖြစ်ပါစေ၊ ကျွန်မ အတွက်အထောက်အကူ ဖြစ်တယ်၊ အလုပ်လုပ်တယ် ဆိုရင် ကျွန်မ အနားမှာ ထားတာဘဲ၊ ဒေါက်တာ တင်မာအောင် ပါတီဝင်တာ ဘယ်လောက် ကြာပြီလဲ။

Drတင်မာအောင် -> ၂ လရှိပါပြီ။

++++++++++++++++++++++++++++++++++++

ဒေါ်စုကြည် ၊ ဦးတင်ဦး နှင့် ပုသိမ် NLD မှ နှုတ်ထွက် ပါတီဝင်တို့၏ အကြား သဘောထားကွဲ လွဲမှုများအား ခြုံငုံသုံးသပ်၍ ကောက်ချက်ချပြရလျှင် -

(၁) ဒီမိုကရေစီတိုက်ပွဲကာလတစ်လျောက် အသက်နှင့်ဘ၀များပေးဆပ်၍ တိုက်ပွဲဝင်ခဲ့ ကြသူခြင်းအတူတူ ခွဲခြားဆက်ဆံမှုများ ရှိခြင်း ၊

(၂) ဗဟိုဦးစီးစနစ်ဖြင့် အာဏာနှင့် လုပ်ကိုင်ခွင့်များအား ချုပ်ကိုင်ပြီး အရည်အချင်း ပြည့်မှီသော အကြံပေးများ မရှိခြင်း အပြင် ဗဟိုအဖွဲ့၏ လုပ်ဆောင်ချက် မှားများအား ထောက်ရှု့ဝေဖန်မိလျှင် မကြာမီ အတွင်း ပါတီဝင်အဖြစ်မှ ပယ်ထုတ်ခံရခြင်း ၊

(၃) ဒီချုပ် ကိုယ်တိုင် ပင်လျှင် အောက်လက် ငယ်သားတို့ နှင့် ကိစ္စကြီးငယ်တို့အား ညှိနှိုင်းဖြေ ရှင်းရလျှင် အကြောင်းမဲ့ရန်လို၍ ခေါင်းဆောင် တစ်ယောက်၏ အရည်အချင်းနှင့် ဖီလာဆန့်ကျင်ပြီး ရန်တွေ့ သကဲ့သို့နိုင့်ထက်စီးနင်း ပြောဆိုခြင်း ။

မှတ်ချက် ။ ။ ပုသိမ်ဟော်တယ် တွင်း၌ NLD လူငယ်(၅)ယောက်နှင့် စကားပြောသောအသံဖိုင်နှင့် လက်ပန်တောင်း အစီရင်ခံစာ ကိစ္စတွင် နယ်ခံများနှင့် ရန်တွေ့သကဲ့သို့ လူကြီးလူကောင်း မဆန်မှု များ ။

(၄)ပါတီဝင်နှင့် လွှတ်တော်အဆင့် ဗဟိုအဆင့် ပါတီဝင်များ အရည်အချင်း အလိုက် ရွေးချယ်ရာတွင် ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် နောက်ကြောင်းအား မေ့လျောမသိကျိုးကျွံ ပြု၍ ပါတီအတွက် အသုံးဝင်ပါက ခွေးမီးကောက်ကို ပင်ဖြစ်စေကျည်တောက်စွတ်၍ အသုံးပြုခြင်း ၊

(၅) ဘ၀တူ ရဲဘော်ရဲဘက်တို့အပေါ် ထောက်ထားစာနာမှု မရှိပဲ အာဏာနှင့် ထိုင်ခုံအား သူ့ထက် ငါလုယူနေခြင်း ၊ အစရှိသော အချက်တို့ကြောင့် အောက်ခြေ ပါတီမှသည် မြို့နယ်၊ တိုင်းအဆင့် နှင့် ဗဟိုအဆင့်ထိ စည်းလုံးညီညွတ်မှု ပျက်ပြား၍ ပါတီဝင်ချင်းသော်မှ အယုံအကြည်မရှိသော အဖြစ်မျိုး ဖြစ်ပေါ်လာခြင်းများသည် ပါတီခေါင်းဆောင်၏ အဂတိလိုက်စားမှု၊ နည်းစနစ်ပိုင်း ကျွမ်းကျင်ပိုင်နိုင်မှုအားနဲ၊ ပြည်သူနှင့် တသားထဲကြဖို့ဝေးစွ မိမိပါတီဝင် အောက်ခြေ အဆင့်တို့ နှင့်ပင်လျှင် အကျွမ်း တ၀င်မရှိမှု တို့ကြောင့် ပုသိမ်မှ NLD ပါတီဝင်များ အားဆုံးရှုံး ခဲ့ရသည်ဟု သုံးသပ်မိပါသည်။

ယ္ခုကဲ့သို့ မိမိအနေဖြင့် ပုသိမ် NLDပါတီဝင်များ၏ သမိုင်းမှန် အားလှန်ပြနေရခြင်းမှာ ခိုင်လုံသော အကြောင်းအချက်များစွာ ရှိသည့်အနက်၊ တိုင်းပြည်နှင့် ပြည်သူလူထု အတွက် စစ်မှန်သော နိုင်ငံ့ခေါင်းဆောင် အရည်အချင်း ပြည့်မှီသော နိုင်ငံ့ခေါင်းဆောင်၊ တိုင်းပြည်နှင့် ပြည် သူလူထု ၏ အကျိုးစီးပွါးအား စွမ်းစွမ်းတမံ သည်ပိုးရွက် ဆောင်နိုင်မည့် ခေါင်းဆောင်ကောင်းအား မိမိတို့ပြည်သူမှ ရွေးချယ် တင်မြှောက် ပေးနိုင်ရန်နှင့်၊ ပါတီအသီးသီးနှင့် နိုင်ငံရေးအဖွဲ့ အစည်းအသီးသီး တို့မှ အရည်အချင်းပြည့်မှီသော ပြည်သူ့ကိုယ်စားလှယ်များ နေရာမှန်လူမှန် ရောက်ရှိပြီး ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ပေါက် လာစေချင်သော အကြောင်းအချက် များကြောင့်သာ ဖော်ထုတ်ပေးရခြင်း ဖြစ်သည် ။

တောင်းပန်ချက် ။ ။ ပုသိမ်မြို့၌ အမှန်တကယ် ဖြစ်ပွါးခဲ့သော ပါတီဝင်တို့၏ နှုတ်ထွက်ပွဲနှင့် မြို့နယ်ရုံးပိတ်သိမ်းပွဲ ၊ထိုပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများ၊ သက်ဆိုင်ရာစာရွက် စာတန်းနှင့် VDO ဖိုင်များ ၊ Mp3 အသံဖိုင် များ ပြည့်စုံစွာရှိသော်လဲ တစ်နေ့ထဲ ဖော်ပြရန်မှာ ကွန်နက်ရှင် အခက်အခဲနှင့် အချိန်များစွာ မပေးနိုင်မှုတို့ကြောင့် အပိုင်းခွဲ၍တင်ပြပေး သွားပါမည်။ ယ္ခုတင်ပြမှုတွင် ပါဝင်နေကြသည့် ၀ါရင့်သမ္ဘာရင့် နိုင်ငံရေးသမားကြီးများသည် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံတွင် ကြရာနေရာမှ တိုက်ပွဲဝင်ခဲ့ကြရင်း ထောင်နှင့် အချုပ် စသည့် နိုင်ငံရေးသမားတို့၏ ဘူမိနက်သန် တို့၌ ပျော်မွေ့လာခဲ့သူများ ဖြစ်ကြပါသည်။

ကျောင်းဆရာကြီး ဖြစ်လျှက် သန်တိုင်များကြားတွင် ဘ၀နစ်ဆုံး အချိန်ဖြုန်းခဲ့ရသလို၊ ဆရာဝန် စစ်စစ်ကြီး ဘ၀မှလည်း လောကငရဲပမာ ဆင်းရဲလွန်းသည့် ထောင်နှင့်အချုပ်တို့၌ ဘ၀များ စတေး၍ မိသားစု အရေးများကို မျက်ကွယ် ပြုခဲ့ကြသူများပါ။ ထိုသူတို့၏ ဘ၀သရုပ်နှင့် NLD အရှုပ်အား ဝေဖန်စီစစ်ကြပြီး လျှင် သံဝေဂယူသင့်သည်ကိုယူပါ ၊ ကြံစီတွေးတောသင့်သည်ကို ကြံစီပြီး အတွေးမှန် သရုပ်သကန်နှင့် (တိုင်းပြည်အတွက်အကျိုးပြုမည့်) အဟုတ်ကြံနိုင်ကြပါ စေရန် တောင်းပန် အကြံပြုလိုက်ရသည် ။

ညီသုတ(ပြည်)
23/10/2013








From: Thway Thit Sar

ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိ



လက်ရှိ သိရှိထားပြီးဖြစ်သည့် HIV ဗိုင်းရပ်စ် များ ထက် ပိုမိုပြင်းထန်သော မျိုးကွဲတစ်မျိုးကို မိမိတို့ ဖော်ထုတ် တွေ့ရှိထားပြီဟု ယုံကြည်ရကြောင်း ရုရှား နိုင်ငံမှ သုတေသီများက ပြောကြားခဲ့သည်။ HIV မျိုးကွဲတစ်ခုအဖြစ် ယူဆရသော 02_AG/A ဗိုင်းရပ်စ်သည် ယခုအခါ ရုရှားနိုင်ငံ တဝှမ်းတွင် လျင်မြန်စွာ ပျံ့နှံ့လာနေပြီဟု ယုံကြည်ရသည်။


အထူးသဖြင့် ဆိုက်ဘေးရီးယားတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝေဒနာရှင် အသစ်များအနက် (၅၀)ရာခိုင်နှုန်းသည် ယခုဗိုင်းရပ်စ် မျိုးကွဲအသစ်ကို လက်ခံရရှိထားသည်ဟု ပညာရှင်များက ယူဆထားကြသည်။ 02_AG/Aသည် ဗိုင်းရပ်စ် အမျိုးမျိုး၏ မျိုးကွဲများအနက် ရုရှားတွင် တွေ့ရှိဖူးသမျှ အပြင်းထန်ဆုံး၊ ဒုက္ခအပေးနိုင်ဆုံး ပုံစံမျိုး ဖြစ်နေကြောင်းလည်း သိရှိရသည်။

ယခု HIV ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို ချေချင်းညာ၊ ကာဂျစ်စတန်နှင့် ကာဇက်စတန်တို့တွင် ကူးစက် နေကြောင်းလည်း တွေ့ရှိထားသည်။ ယခုမျိုးကွဲ ဗိုင်းရပ်စ်ကို (၂၀၀၆)ခုနှစ်က နိုဗိုဆီဘာ့စ်ခ်မြို့တွင် ပထမဆုံး အကြိမ် တွေ့ရှိခဲ့သည်။ ဆိုက်ဘေးရီးယားရှိ ရုရှား အစိုးရ ဗိုင်းရပ်စ်ဗေဒနှင့် ဇီဝသုတေသနဌာန (VECTOR)မှ ပညာရှင်များက 02_AG/Aကို အမျိုးအစား ခွဲထုတ်နိုင်ခဲ့ပြီးနောက် အသေးစိတ် သုတေသနပြု လေ့လာလျှက်ရှိသည်။ နိုဗိုဆီဘာ့စ်ခ်တွင် (၂၀၀၇)ခုနှစ်မှ (၂၀၁၂)ခုနှစ်အတွင်း HIVပိုး ရှိနေသူ အရေအတွက်သည် (၂၀၀၀)မှ (၁၅၀၀၀)သို့ ခုန်တက်လာခဲ့ပြီး ယင်းတို့အနက် ထက်ဝက်မျှသည် 02_AG/A ဗိုင်းရပ်စ်ကြောင့်ဟု သိရသည်။

HIVသည် သာမန်အားဖြင့် HIV-1နှင့် HIV-2ဟူ၍ နှစ်မျိုးသာ ကွဲပြားလေ့ ရှိပြီး HIV-1က သက်ရောက်မှု ပိုမိုပြင်းထန်သည်။ ထို့ကြောင့်လည်း AIDS ရောဂါ ဖြစ်ပွားစေပြီး လူကို သေကြေသည်အထိ အန္တရာယ် ပေးသော အဓိက ဗိုင်းရပ်စ်အဖြစ် ယူဆထားကြသည်။ 02_AG/Aက သေစေလောက်သည့် သက်ရောက်မှု အပိုင်းတွင် ပိုမိုပြင်းထန်ပြီး ကူးစက်မှုတွင်လည်း ပို၍လွယ်ကူကြောင်း သိရှိရသည်။ ယင်း၏ ကူးစက်ပုံသည် အခြား HIV ဗိုင်းရပ်စ်များကဲ့သို့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ် ဝေမျှသုံးစွဲခြင်း အစရှိသည့် အခြေအနေများ အတိုင်းပင် ဖြစ်သည်။ သုတေသီများက ရုရှားတွင် ကျောင်းတွင်း လိင် ပညာပေး လုပ်ငန်းများ အားနည်းခြင်းသည် HIV ကူးစက်မှု ကျယ်ပြန့်လာခြင်း၏ အခြေခံ အကြောင်းတရား တစ်ခုဟု အပြစ်တင်ထားသည်။

(၂၀၀၁)ခုနှစ် နောက်ပိုင်း ကတည်းက ကမ္ဘာအနှံ့တွင် HIV ရောဂါပိုး ကူးစက်မှုသည် (၃)ပုံ(၁)ပုံမျှ ကျဆင်းသွားသော်လည်း ကလေးငယ် အများအပြား ကူးစက်ခံနေရဆဲ ဖြစ်သည်။ ယမန်နှစ်က တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် AIDS ဖြစ်ပွားစေသည့် ရောဂါပိုး ကူးစက်ခံရသူ (၂.၃)သန်း ရှိခဲ့ပြီး (၂၀၀၁)ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၃၃)ရာခိုင်နှုန်း နည်းပါးသွားခဲ့သည်။ ကလေးငယ်များ ရောဂါပိုး ကူးစက်မှု အရေအတွက် (၂၆၀၀၀၀)မျှ ရှိခဲ့ပြီး (၂၀၀၁)ခုနှစ်နှင့် ယှဉ်လျှင် (၅၂)ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကုလသမဂ္ဂ စစ်တမ်းအရ သိရှိရသည်။

Planet Myanmar Network

ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်း နိုဝင်ဘာလအတွင်း စတင်မည်

ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်းကို နိုဝင်ဘာလအတွင်း စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုစီမံကိန်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး(၂) ဦးစောအောင်ချစ်က မဇ္ဈိမကို ပြောသည်။


ဦးစောအောင်ချစ်က “စီမံကိန်းဖြစ်မြောက်ရေးအတွက် မြေတိုင်းတာတွေ ပြုလုပ်ပြီးပြီ။ နိုဝင်ဘာလမှာ ပရော ဂျက် စမယ်။ စီမံကိန်းကာလ ၁၁ လ ဖြစ်တယ်။ ၂၀၁၄ ခုနှစ် အပြီး ဆောင်ရွက်သွားမယ်။ ရန်ပုံငွေ ရှာနေတုန်းဘဲ” ဟု ပြောသည်။

ဇွဲကပင်တောင် ကေဘယ်လ်ကား စီမံကိန်း စတင်လုပ်ဆောင်ရန်အတွက် ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုနှင့် ဆရာတော် သုံးပါး နိုဝင်ဘာလဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မဟာသန္တိသုခကျောင်းတွင် စာချုပ် ချုပ်ဆိုမည်ဟု ဦးစောအောင်ချစ်က ပြောသည်။

ဇွဲကပင်တောင် ဆံတော်ရှင် ကေဘယ်လ်ကားစီမံကိန်းကို ပီနန်ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်နှင့် သုံးထပ်ကျောင်းဆရာတော် သုံးပါးက ကြီးမှူးကာ ပြုလုပ်ခြင်း ဖြစ်သည်။ စီမံကိန်းအတွက် လိုအပ်သည့် အ စိတ်အပိုင်းများကို ဆွစ်ဇာလန်နှင့် သြစတြေးလျနိုင်ငံတို့မှ မှာယူမည်ဖြစ်ပြီး မလေးရှားမှ ပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ တည်ဆောက်မည် ဖြစ်သည်။ ယင်း စီမံကိန်း အ တွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ကုန်ကျမည် ဖြစ်သည်။

အဆိုပါစီမံကိန်း ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေပွဲကိုလည်း ကရင်ပြည်နယ်နေ့တွင် ဘားအံမြို့နယ်သီရိ ကွင်းတွင် Iron Cross(IC) အဖွဲ့နှင့် ဟန်ဇာမိုးဝင်း ဇာတ်သဘင်အဖွဲ့တို့က ဖျော်ဖြေပွဲလုပ်ရန်ရှိသည်။

စီမံကိန်းလုပ်ဆောင်မည်ဆိုသော သတင်းကြောင့် ဇွဲကပင် ဆံတော်ရှင်စေတီအနီးရှိ မြေဈေးများ သုံးဆခန့် ပိုမိုများပြားလာကြောင်းလည်း ဦးစောအောင်ချစ်က ပြောသည်။

ကရင်ပြည်နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးစောက “ဇွဲကပင်တောင်က အရမ်းမတ်တော့ ဘုရားဖူးတွေ မ တက်နိုင်ကြ ဘူး။ ကေဘယ်လ်ကား စီမံကိန်းလုပ်မယ်ဆိုတော့ အဆင်ပြေသွားတာပေါ့။ ကရင်ပြည် နယ် လည်း ဖွံ့ဖြိုးလာမယ်” ဟု ပြောသည်။

ကေဘယ်လ်ကားသည် လူ ၄၀အထိ စီးနင်းနိုင်သော အကြီးစားဖြစ်ပြီး ကေဘယ်လ်ကားကြိုးကို လျှပ်စစ် မော်တာဖြင့် ဆွဲတင်ပို့ရသည့် စနစ်ဖြစ်သည်။ ကေဘယ်လ်ကား တပ်ဆင်ပြီးသွားပါက အထက်နှင့် အောက် ၁၆၅၀ မီတာ ကွာဝေးသော ဇွဲကပင်ဆံတော်ရှင်စေတီ မိနစ်အနည်းငယ်ခန့်ဖြင့် ဖူးမြော်နိုင်မည်။

ထိုစီမံကိန်းအတွက် ကရင်လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ကလည်း ပါဝင်ကူညီမည်ဟု စက်တင်ဘာလတွင် မဇ္ဈိမကိုပြောခဲ့ဖူးသည်။

အဆိုပါစီမံကိန်း ဖြစ်မြောက်ရေးကော်မတီတွင် KNU ၏ ဗဟိုကော်မတီဝင် ပဒိုတူးတူးလေး DKBA ဗိုလ်ချုပ် ဟောင်း ဦးစောကျော်သန်းက နာယကအဖြစ် ဦးဆောင်ပြီး နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး စောချစ်သူမှ ဒု-ဥက္ကဋ္ဌ၊ KNU မှ ပဒိုရွှေမောင်းက အဖွဲ့ဝင်အဖြစ်နှင့် KNU အဖြစ် ပါဝင်သည်။ ပဒိုရွှေမောင်း သည် KNU ၏ ဇွဲကပင်တောင် ကေဘယ်လ်ကား ဖြစ်မြောက်ရေးအဖွဲ့တွင်မူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သည်။

အဆိုပါစီမံကိန်း ဖြစ်မြောက်ရေး ရန်ပုံငွေရရှိရေးအတွက် ဆရာတော်ကြီးများကလည်း ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မန္တလေး၊ ကလော၊ အောင်ပန်း၊ တောင်ကြီးတို့တွင် တရားပွဲများပြုလုပ်ခဲ့သလို နောင်တွင် လည်း နယ်လှည့်တရားပွဲများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

မဇ္ဈိမ

ရှမ်းတောင်ပိုင်း မြို့နယ်လေးခုတွင် သုံးလအတွင်း ဘိန်းစိုက်ခင်း ၃၀၀၀၀ ကျော် ဖျက်ရန်လျာထား

ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ခင်းများ ဖျက်စီးမှု စီမံချက်ကာလ စတင်နေပြီဖြစ်ရာ မြို့နယ် လေးခုတွင် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလအတွင်း ဘိန်းစိုက်ခင်း ၃၀၀၀၀ ကျော်ဖျက်ရန် လျာထား ဆောင်ရွက်နေကြောင်း ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု ၂၅ မှ ဒု-ရဲမှူး အောင်စိုး ကြိုင်ကအောက်တိုဘာ ၂၃ တွင် မဇိ္ဈမကို ပြောသည်။


ယင်းသို့ ဘိန်းစိုက်ခင်းများဖျက်ဆီးခြင်းကို ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင် မြို့နယ် များတွင် အောက်တိုဘာ ၂၀ မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာအထိ ဖျက်ဆီးခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ဒုရဲမှူးအောင်စိုးကြိုင်က “ဘိန်းစိုက်ခင်းတွေ ပြန်စိုက်လို့မရအောင် ဘိန်းဖူးတွေ ဖြစ်လာတဲ့အရွယ်ရောက်ခ ချိန်ကိုစောင့်ပြီး ဖျက်ဆီးရပါတယ်၊ စိုက်ခင်းအဟောင်းတွေမှာ ထပ်ပြီး ဘိန်းစိုက်ခင်း ပျိုးလို့မရအောင် အ စား ထိုးသီးနှံတွေဒေသခံတွေ စိုက်ပျိုးနိုင်အောင် အသိပညာပေးခြင်းတွေ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်း၊ ဘိန်းစိုက်ရာသီတွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီးခြင်းကို နယ်မြေခံ ရဲတပ်ဖွဲ့များ၊ မူး ယစ်ဆေး ၀ါး တားဆီးနှိမ်နင်းရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၅၀၊ လွိုင်လင်နှင့် ပင်လုံရှိကျေးရွာ ၃၀ တွင်သာ ဘိန်း အစားထိုး သီးနှံ စိုက်ပျိုးနိုင်ရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့နှင့် UNODC တို့က ပံ့ပိုး ပေးနိုင်ခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရန် ဒေသခံများအတွက် စီးပွားရေး အထောက်အကူပြု ပံ့ပိုးမှုများကို လုံလောက်စွာ ပံ့ပိုးပေးနိုင်မှ ဘိန်းစိုက်ပျိုးမှုများ ပပျောက်နိုင်မည်ဖြစ်သည်ဟုလည်း ဒုရဲမှူးအောင်စိုးကြိုင်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဟိုပုန်း၊ ဆီဆိုင်နှင့် ဖယ်ခုံမြို့နယ်များမှ ဘိန်းခင်းများကို စက်တင် ဘာ ၄ ရက်မှစတင်၍ အစိုးရ၏စီမံချက်ဖြင့် ဖျက်ဆီးခဲ့သည်ဟုလည်း တောင်ကြီးမြို့နယ်မှ ရဲမှူးခင်မောင် လတ်က စက်တင်ဘာလအတွင်းက မဇ္ဈိမကို ပြောဆိုထားသေးသည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် တစ်ကမ္ဘာလုံး ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးသော နိုင်ငံဖြစ်သ လို တစ်နိုင်ငံလုံး၏ ဘိန်းစိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ရှိသည်ဟု UNODC ၏ စစ်တမ်း များတွင်ဖော်ပြထားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဟိုပုံး၊ ဖယ်ခုံ၊ ကလော၊ ညောင်ရွှေ၊ ကျောက်တလုံးနှင့် ဆီဆိုင်မြို့နယ် များ ရှိ ဘိန်းစိုက်ခင်း ၂၄၂၁၈ ဧက အပါအ၀င် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်းဧက၂၉၄၁၈ ကိုဖျက် ဆီးနိုင်ခဲ့သည် ဟုလည်း ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ဘိန်းစိုက်ရာသီကာလအတွင်း ဘိန်းစိုက်ခင်း ၅၀၁,၀၀၀ ဟက်တာရှိပြီး ဘိန်းစိုက်ခင်း ၂၀၃,၀၀၀ ဟက်တာကို ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ သိရသည်။

မဇ္ဈိမ

KNPP နယ်မြေအတွင်း အစိုးရတပ်များ ကင်းလှည့်ခြင်း လျှော့ချမည်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ အောက်တိုဘာ၂၃ ရက်တွင် ပြီးဆုံးသွားသည့် ရှစ်ကြိမ်မြောက် ဆွေးနွေးမှုတွင် KNPP တပ်အခြေစိုက်ရာ ဒေသများတွင် အစိုးရတပ်မှ ကင်းလှည့်မှုများ လျှော့ချသွားမည်ဟု ကတိပေးလိုက်သည်ဟု KNPP အတွင်းရေးမှူး (၂ ) ဦးရွှေမျိုးသန့်က မဇ္ဈိမကို ပြောသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ အောက်တိုဘာ၂၃ ရက်တွင် ပြီးဆုံးသွားသည့် ရှစ်ကြိမ်မြောက် ဆွေးနွေးမှုတွင် KNPP တပ်အခြေစိုက်ရာ ဒေသများတွင် အစိုးရတပ်မှ ကင်းလှည့်မှုများ လျှော့ချသွားမည်ဟု ကတိပေးလိုက်သည်ဟု KNPP အတွင်းရေးမှူး (၂ ) ဦးရွှေမျိုးသန့်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ကို ပြောသလောက်တော့ တပမ ၅၅ ကို လျှော့ချမယ် လူထုတွေကို ၀န်ထုပ်ဝန်ပိုးဖြစ်နေ မယ့်နေရာတွေ၊ အရင်လို တောတွေတောင်တွေထဲ ကင်းခဏခဏလှည့်တာတွေ မလုပ်တော့ဘူး။ သူတို့ တပ်ရှိတဲ့နေရာမှာပဲ နေမယ်”ဟု မဇ္ဈိမကို ပြောသည်။

KNPP နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြေလည်မှုရရှိပါက တပ်များကို ထပ်မံ လျှော့ချမှုများ ပြုလုပ်နိုင်ဖွယ်ရှိသည် ဟုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၊ နည်းပညာအထောက်အကူပြု အဖွဲ့ဝင် ဦးမင်းဇော်ဦး မဇ္ဈိမကို ပြောသည်။

“နယ်မြေလုံခြုံရေးအရ၊ နယ်မြေလုံခြုံရေးအတွက်ကတော့ စွဲထားဦးမှာပဲ တကယ်လို့ နောက်ပိုင်းမှာ KN PP နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အဆင်ပြေလာပြီ စိတ်ချရပြီ၊ စစ်ရေးအရရော အန္တရာယ်မရှိတော့ ရင်တော့ မလိုအပ်တာတွေကို ထပ်လျှော့လာမှာလို့ မြင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

တပ်မများ၊ တပ်ကြောင်းများ လျှော့ချရာတွင် ယခင် အစိုးရမှ ပျောက်ကြား လှုပ်ရှားနေသည့် နေရာများ၊ ဒေသများ၊ ကင်းလှည့်နေမှုများ၊ တပ်လမ်းကြောင်းမဟုတ်သည့်နေရာများတွင် လှည့်လည်နေမှုများအား ရပ်ဆိုင်းလိုက်ခြင်း မျိုးဖြစ်သည်ဟုလည်း ဦးမင်းဇော်ဦးက ပြောသည်။

တပ်လျှော့ချရေးနှင့်ပတ်သက်၍ KNPP ဘက်ကမူ ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမှု မပြုလုပ်ရသေး ခြင်း၊ အင်အားမှာလည်း အစိုးရတပ်နှင့်နှိုင်းယှဉ်ပါက မများပြားခြင်းတို့ကြောင့် မိမိတို့၏တပ်များကို ရုတ် သိမ်းခြင်းပြုလုပ်နိုင်မည်မဟုတ်ဟု ဆိုသည်။

KNPP သည် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးတွင် လတ်မှတ်ရေးထိုးနိုင်ရန် ယင်းတို့နယ်မြေ အ တွင်းရှိ အစိုးရတပ်များကို လျှော့ချပေးရန် ယခုလအတွင်းတွင်ပင် ထုတ်ပြန် ကြေညာထားခဲ့သည်။ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် သဘောတူညီထားသော်လည်း ထိုနောက်ပိုင်း ဆွေးနွေးခဲ့သည့် ခုနစ်ကြိမ်လုံးတွင် အစိုးရဘက်မှ တပ်များ လျှော့ချပေးခဲ့မှု ကတိပေးခြင်း များ မရှိခဲ့ဘဲ ယခုအကြိမ်မှ နှုတ်ကတိဖြင့် တပ်လျှော့ချရေးအား သဘောတူညီခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက် နှစ်ရက်တာ ဆွေးနွေးမှုတွင် အပစ်အခတ်ရပ်စဲရေး အပါအ၀င်၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင်ရန်ကိစ္စများ၊ ဒုက္ခသည်စခန်းများ ပြန်လည် နေရာချထားရေးများကိုလည်း ဆွေးနွေးခဲ့ ကြသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအဖြစ် ကယားပြည်နယ်တွင်း ၅၆ မိုင်ခန့် အရှည်ရှိသည့် လမ်းမတစ်ခု ကို လည်းဖောက်လုပ်ပေးရန် အစိုးရဘက်မှ သဘောတူညီထားပြီး ဒုက္ခသည်စခန်းများရှိ လူဦးရေအလိုက် အိမ်ထောင်စု ၃၀ မှ ၅၀ နေထိုင်နိုင်ရန် ကျေးရွာများ ဆောင်ရွက်ပေးရန်လည်း အစိုးရဘက်နှင့်နှုတ်ကတိ ရရှိပြီးဖြစ်သည်ဟု KNPP က ဆိုသည်။

တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် နိုဝင်ဘာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့KIO ဌာ နချုပ်ရှိရာ လိုင်ဇာတွင်ပြုလုပ်မည့် ညီလာခံတွင်လည်း KNPP က ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

တစ်တိုင်းပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွင် သဘောတူလတ်မှတ် ရေးထိုးရန် မူဘောင်များ နှင့် ပတ်သက်၍ အစိုးရဘက်မှ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီသို့ တင်ပြထားပြီး ဖြစ်သ ကဲ့ သို့၊ တိုင်းရင်းသားများဘက်မှလည်း အောက်တိုဘာလအတွင်း လိုင်ဇာတွင် ကျင်းပမည့် တိုင်းရင်းသား ထိပ်သီး အစည်းအဝေးတွင် ထပ်မံ ဆွေးနွေးသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌပြည် ထောင်စု ၀န်ကြီးဦးအောင်မင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး တို့နှင့် အခြားအဖွဲ့ ၀င်များ၊ တက်ရောက်ကြပြီး ကရင်နီ အမျိုးသားတိုးတတ်ရေးပါတီ KNPP ဘက်မှ ဒု-ဥက္ကဋ္ဌဦးခူးဦးရယ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးအပါအ၀င် ဗဟိုကော်မတီဝင်များလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မဇ္ဈိမ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်ရှိဟု အတိုက်အခံပါတီ NLD ထုတ်ပြန်



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင် လိုသည့် အချက် ၁၀၀ ကျော် ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က The Daily Eleven သို့ ပြောကြားသည်။


သို့ရာတွင် မိမိမှာ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် ပါဝင်သည့် အတွက် ကော်မတီ စည်းမျဉ်းစည်းကမ်းများအရ ပြောကြားနိုင်ခြင်း မရှိကြောင်း ဖြေကြားသည်။

ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော အချက်များကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် လွှတ်တော် အစည်း အဝေးတွင် သတင်းထောက်များကို ပြောကြားသည်။ထို့အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေး၌ စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပြော ကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် ၁၀၉ ဦးဖြင့် ဇူလိုင် ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားများနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ် ပြန်လည်ရေးဆွဲရေးအတွက် အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်း၍ ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူမှုများ ပြုလုပ်လျှက်ရှိကာ ပြည်ထောင်စု လွှတ်တော်သို့ ဒီဇင်ဘာ ၁ ရက် နောက်ဆုံး ထား တင်ပြမည်ဖြစ်ကာ ပြည်သူလူထုသို့လည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ က တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ပြီး အချို့ပုဒ်မများမှာ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြချက်များအရ သိရသည်။

ဓါတ်ပုံ - အောက်တိုဘာ ၂၃  ရက်က မုံရွာ၌ NLD က ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူပွဲ

news-eleven.com

Friday, October 18, 2013

တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့်ရ


တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့်ရ

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် ၂၉၁ / ၃ တွင် ညာဘက် ရှေ့ဘီး ပေါက်ကာ ယာဉ် တိမ်းမှောက် ၍ ဒဏ်ရာ ပြင်းထန် စွာ ရခဲ့သည့် တေးသံရှင် ဆိုတေး သည် မန္တလေး ပြည်သူ့ ဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသ နေရာ သုံးလ ကျော် အကြာ အောက်တိုဘာ ၁၆ ရက် နေ့ က ဆေးရုံ မှ ဆင်းခွင့် ပေးလိုက် ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံ ကြီးမှ ဆေး နှင့် လူမှု ဆက်ဆံ ရေး အရာရှိ ဦးမင်းလွင် က ပြောကြား သည်။ “ဆိုတေး ဆန္ဒ အရ တော့ လိုအပ် တာတွေ ကို မန္တလေး ဆေးရုံ မှာပဲ ဆက်ပြ မယ် လို့ ထင်ပါတယ်။ ဆေးရုံ တက် ကုသ ရမယ့် အခြေအနေ ကတော့ သက်သာ သွားပြီ မို့ ဆင်းခွင့် ပေးလိုက် တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ တေးသံရှင် ဆိုတေး သည် ဦးခေါင်း ထိခိုက် သည့် ဒဏ်ရာ သက်သာ လာပြီ ဖြစ်ပြီး ခြေထောက တွင် ထိခိုက် သည့် ဒဏ်ရာ သာ ကျန် ရှိတော့ ကြောင်း အဆိုပါ ဆေး နှင့် လူမှု ဆက်ဆံရေး အရာရှိ ဦးမင်းလွင် က ထပ်မံ ပြောကြား သည်။

တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့် ရရှိခြင်း နှင့် ပတ်သက ၍ မိသားစု ဝင်များ ကို The Voice က တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်း ရာ ပြန်လည် ဖြေကြား ခြင်း မရှိပေ။ တေးသံရှင် ဆိုတေး သည် ယင်း အမြန် လမ်းမကြီး တွင် ဇူလိုင်လ ၁၄ ရက်နေ့ က ယာဉ် တိမ်းမှောက် မှု ဖြစ်ပွား ခဲ့ကာ မန္တလေး ပြည်သူ့ ဆေးရုံ ကြီး ရှိ အထူး ကြပ်မတ် ကုသ ဆောင် တွင် ဆေး ကုသမှု ခံယူ နေခဲ့ ရခြင်း ဖြစ် သည်။

The Voice Weekly

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် ၂၉၁ / ၃ တွင် ညာဘက် ရှေ့ဘီး ပေါက်ကာ ယာဉ် တိမ်းမှောက် ၍ ဒဏ်ရာ ပြင်းထန် စွာ ရခဲ့သည့် တေးသံရှင် ဆိုတေး သည် မန္တလေး ပြည်သူ့ ဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသ နေရာ သုံးလ ကျော် အကြာ အောက်တိုဘာ ၁၆ ရက် နေ့ က ဆေးရုံ မှ ဆင်းခွင့် ပေးလိုက် ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံ ကြီးမှ ဆေး နှင့် လူမှု ဆက်ဆံ ရေး အရာရှိ ဦးမင်းလွင် က ပြောကြား သည်။


“ဆိုတေး ဆန္ဒ အရ တော့ လိုအပ် တာတွေ ကို မန္တလေး ဆေးရုံ မှာပဲ ဆက်ပြ မယ် လို့ ထင်ပါတယ်။ ဆေးရုံ တက် ကုသ ရမယ့် အခြေအနေ ကတော့ သက်သာ သွားပြီ မို့ ဆင်းခွင့် ပေးလိုက် တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ တေးသံရှင် ဆိုတေး သည် ဦးခေါင်း ထိခိုက် သည့် ဒဏ်ရာ သက်သာ လာပြီ ဖြစ်ပြီး ခြေထောက တွင် ထိခိုက် သည့် ဒဏ်ရာ သာ ကျန် ရှိတော့ ကြောင်း အဆိုပါ ဆေး နှင့် လူမှု ဆက်ဆံရေး အရာရှိ ဦးမင်းလွင် က ထပ်မံ ပြောကြား သည်။

တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့် ရရှိခြင်း နှင့် ပတ်သက ၍ မိသားစု ဝင်များ ကို The Voice က တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်း ရာ ပြန်လည် ဖြေကြား ခြင်း မရှိပေ။ တေးသံရှင် ဆိုတေး သည် ယင်း အမြန် လမ်းမကြီး တွင် ဇူလိုင်လ ၁၄ ရက်နေ့ က ယာဉ် တိမ်းမှောက် မှု ဖြစ်ပွား ခဲ့ကာ မန္တလေး ပြည်သူ့ ဆေးရုံ ကြီး ရှိ အထူး ကြပ်မတ် ကုသ ဆောင် တွင် ဆေး ကုသမှု ခံယူ နေခဲ့ ရခြင်း ဖြစ် သည်။

The Voice Weekly

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူမြို့ တို့၏ ပေါက်ကွဲမှု ဖြစ်စဉ် များတွင် ထွက်ပြေး တိမ်းရှောင် နေသည့် အဓိက တရားခံ (၂)ဦး အား တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်း ပေးကြပါရန် ….

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူမြို့ တို့၏ ပေါက်ကွဲမှု ဖြစ်စဉ် များတွင် ထွက်ပြေး တိမ်းရှောင် နေသည့် အဓိက တရားခံ (၂)ဦး အား တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်း ပေးကြပါရန် ….

အလိုရှိသည်

ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း ဖောက်ခွဲမှု ဖြစ်စဉ်များတွင် အဓိက တရားခံများ ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် အောက်ပါ အကြမ်းဖက် ဖောက်ခွဲရေး သမား များ၏ လှုပ်ရှား သတင်းများ ရရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ များသို့ သတင်း ပေးပို့ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

ပြည်ထဲရေး ဝန်ကြီး ဌာန

အခြေခံဥပဒေနှင့် ပတ်သက်၍ အသံများ အလွန်ပင်ထွက်ပေါ်နေလေသည်

အစ

အခြေခံဥပဒေနှင့်ပတ်သက်လျှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီ၏ ကြားဖြတ် ရွေးကောက်ပွဲဝင်စဉ် ကြွေးကြော်သံသုံးချက်ထဲတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဟူသောအချက်သည်လည်း တစ်ချက်အပါဝင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း အခါအခွင့် သင့်တိုင်း (အထူးသဖြင့် နိုင်ငံခြားခရီးစဉ်များ) တွင် ထိုကိစ္စကို ထပ်တလဲလဲ ပြောဆိုခဲ့သည်ကို တွေ့ရ၏။ နောက်ဆုံး စင်္ကာပူခရီးစဉ်တွင်မူ ၂၀ဝ၈ အခြေခံဥပဒေကို မပြောင်းလဲပါက နိုင်ငံ့အနာဂါတ် အကောင်း ဘက်ကို မမျှော်မှန်းနိုင် ဆိုသည့်စကားမျိုးကိုပင် ထုတ်ပြောလာသည်ကိုတွေ့ရသည်။


သို့သော် ယခင်က ၂၀ဝ၈ အခြေခံဥပဒေဆိုသည်နှင့် ၂၀၁၅ ရွေးကောက်ပွဲကိုနှင့်အတူ ၂၀ဝ၈ အခြေခံဥပဒေ၏ အခန်း ၃ အပိုဒ် ၅၉ (စ) ပါ နိုင်ငံတော်အကြီးအကဲ၏ အရည်အချင်းကိုသာ လူအများက ပြေးမြင်ကြလေ့ရှိခဲ့၏။ ထိုသို့ လူထုအများစုက မြင်အောင်ရလည်း သည့်အပိုဒ်ကိုပဲ ထပ်တလဲလဲ Highlight လုပ်သူများကလည်းလုပ်သည်။ ယခုတိုင် အခြေခံဥပဒေပြင်သည်ဆိုသည်မှာ သည်အချက်ကို ပြင်ဆင်ချင်လို့ပဲ ဖြစ်သည်ဟု ပြည်သူများထင်မြင်အောင် မီဒီယာများကိုအသုံးပြုကာ လုပ်ဆောင်သူများက လုပ်ဆောင်နေကြဆဲပင်၊ လွှတ်တော်ကိုယ်စားလှယ်များ ပါတီခေါင်းဆောင်များထဲမှ ပုဒ်မ ၅၉ (စ) ကို မပြင်ပေးနိုင်ဟု ပြောသူများ၏ စကားကို ပုံနှိပ်မီဒီယာများတွင် ပြူးတူးပြဲတဲ ဖေါ်ပြကြ၏။ ရည်ရွယ်ချက်မှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ဟူသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အကျိုးအတွက် သက်သက်ဖြစ်သည်ဟု ပြည်သူအများက ထင်မြင်သွားစေရန်ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ရေချိန်ကျစေရန်အတွက်ဖြစ်သည်။ အချို့သော ပါတီခေါင်းဆောင်များက ပြောင်းဖို့ ပြင်ဖို့ မပြောနဲ့ ကိုယ်ဝမ်းစာကိုယ်ရှာနေရလို့ ပြည်သူလူထုမှာ အခြေခံဥပဒေထဲ ဘာပါတယ်ဆိုတာတောင် သိတာ မဟုတ်ဘူး၊ သာမန်ပြည်သူမပြောနဲ့ ကျနော်တောင် အခုမှ ဖတ်ဖြစ်တာ ဟုပင် ခပ်ပေါ့ပေါ့ဆိုသူကဆို၏။

အခြေခံဥပဒေရေချိန်တက်လာခြင်း
xxxxxxxxxxxxxxxxxxxxxxxxxxxxxx

နာဂစ်မုန်တိုင်းဟူသည့် မကြုံစဖူးသဘာဝအန္တရာယ်ဘေးဆိုးကြီးကျရောက်နေချိန်တွင် လူထုဆန္ဒ ၉၀% ကျော်နှင့် အတည်ပြုခဲ့သည်ဆိုသော ထို ၂၀ဝ၈ အခြေခံဥပဒေတွင် တရားမျှတမှုမရှိသော ပြည်သူ့ဆန္ဒနှင့် အညီမဟုတ်သော အချက်များ ပါရှိနေသည်ဟု သိထားကြသော်လည်း နိုင်ငံရေးသမားများနှင့် တတ်ကြွသူအချို့ကလွဲ ၂၀ဝ၈ အခြေခံဥပဒေအပေါ် ပြည်သူအများစု၏ စိတ်အာရုံစူးစိုက်မှု များစွာ မရှိခဲ့လှပါ။ Highlight အလုပ်ခံထားရသည့် အပိုဒ် ၅၉ (စ) နှင့်ပတ်သက်၍သာ အနည်းငယ်ငြင်းခုံ ခဲ့ကြသည်။ (ဒီအချက်ပင်လျှင် ဘာသာရေး လူမျိုးရေးအဓိကရုဏ်းများ၏ ဘေးထွက်ဖြစ်သော အမျိုးစောင့် ဥပဒေ ခေတ်စားလာချိန်မှဖြစ်သည်)။

္ဒ သို့သော် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သည် ၂၀၁၃ မကုန်မှီ (တိတိပပ ပြောရလျှင် နိုဝင်ဘာအတွင်း) ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် အပြင်းအထန် ကြိုးပမ်းလာခဲ့ရာမှ ပြည်တွင်းစစ်၏အဓိကအချက်ဖြစ်သော ဖယ်ဒရယ်စနစ်အကြောင်း ဆွေးနွေးရန်မှာ မလွဲဖယ်နိုင်သော အနေအထားသို့ ရောက်ရှိလာသည်။ ထိုမှ တဆင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လက်ခံနိုင်မည့် ညီညွတ်မျှတသည့် ဖယ်ဒရယ် ပြည်ထောင်စုစနစ်အတွက် လက်ရှိအခြေခံဥပဒေက အာမခံချက်ပေးထား မပေးထား ဆိုသည့် အငြင်းပွားမှုနှင့်အတူ အခြေခံဥပဒေ ပြင်သင့်မပြင်သင့်ဆိုသည်က လူထုကြား လှုပ်ခပ်လာလေတော့သည်။ နောက်ဆုံး လွှတ်တော်မှ အခြေခံဥပဒေ ပြင်သင့်မပြင်သင့်နှင့် ပတ်သက်၍ သုံးသပ်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းထူထောင်ရသည်အထိ ဖြစ်လာခဲ့သည်။ ဤဖြစ်စဉ်တွင် မီဒီယာလွတ်လပ်ခွင့်နှင့် မီဒီယာများ၏ တာဝန်ကျေပြွန်မှုက အထူးအရေးပါလှ၏။

အမြင် ၂ ရပ်
xxxxxxxxxxx

အစောပိုင်းတွင် အခြေခံဥပဒေ ပြင်ရေးနှင့် အသစ်ပြန်ရေးဆွဲရေး အငြင်းအခုံများ အသံကျယ်လောင်ခဲ့ပြီး နောက်ပိုင်းတွင် အခြေခံဥပဒေပြင်ဆင်ရန် အချိန်ကျ မကျဆိုသည်နှင့်အတူ အနာဂါတ်မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ဆက်လက်လွှမ်းမိုးထားသင့် မသင့် ငြင်းခုံသံက ပိုမိုကျယ်လောင်လာခဲ့သည်။

အခြေခံဥပဒေ ပြင်ရန်အချိန်ကျပြီ မကျသေးဆိုသည့် အငြင်းပွားမှုသည် အခြေခံဥပဒေတွင် စစ်တပ်က အဓိကကျသည် ဟူသော အမြင်နှင့် အခြေခံဥပဒေတွင် ပြည်သူက အဓိက ကျသည်ဟူသော အမြင် ၂ မျိုး ပေါ်တွင် မူတည်၍ အငြင်းပွားခြင်းဖြစ်၏။

ထိုအမြင်၂ ရပ်ကို ပြည်သူလူထုကြားချပြရန် ထုံးစံအတိုင် စတုထ္ထမဏ္ဍိုင်ခေါ် မီဒီယာသမားကပင် ဦးဆောင် ရလေသည်။

ပထမအမြင်ကို ဆရာကျော်ဝင်းက ဦးဆောင်ပြီး စစ်အရာရှိ (အချို့က အငြိမ်းစား အချို့က တာဝန်ထမ်း ဆောင်ဆဲ) စာရေးဆရာများက သူ့အား ဝန်းရံကာ ပြည်သူများထံ စာနယ်ဇင်းလမ်းကြောင်းမှလည်းကောင်း၊ နိုင်ငံပိုင်ရုပ်သံလွှင့်လိုင်းများမှ လည်းကောင်း၊ တပ်မတော်ပိုင်နှင့် အစိုးရနှင့် နီးစပ်သူများပိုင် ရေဒီယို အသံလွှင့်ဌာနများမှလည်းကောင်း၊ အသံလွှင့်အွန်လိုင်းဆိုရှယ်မီဒီယာများမှလည်းကောင်း ချပြကြသည်။

ဒုတိယအမြင်ကို စာပေဖြင့် အသက်မွေးဝမ်းကြောင်းသူ စာရေးဆရာများ၊ ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် အစိုးရမဟုတ်သော ပရဟိတအဖွဲ့အစည်းများက ဦးဆောင်ကာ စာနယ်ဇင်းလမ်းကြောင်း နှင့် အွန်လိုင်းဆိုရှယ်မီဒီယာ လမ်းကြောင်းမှ ပြည်သူများထံ ချပြကြသည်။ စာရေးဆရာများထဲတွင် ဆရာဖေမြင့်၊ ဆရာဇော်သက်ထွေး၊ ဆရာမ မသီတာ(စမ်းချောင်း) စသော နာမည်ကျော် စာရေးဆရာများပါဝင်သည်။

ထိုအမြင်နှစ်ရပ်ကို ဆရာကျော်ဝင်း၏ စကားကို ငှား၍ ဝိဂြိုလ်ပြုရလျှင် ကျော်ဝင်းဂိုဏ်းနှင့် ဖေမြင့်ဂိုဏ်း ဟု ဆိုရမည်။

ကျော်ဝင်းဂိုဏ်း
xxxxxxxxxxxxxxx

ဆရာကျော်ဝင်းသည် နိုင်ငံတကာနှင့် မြန်မာ့အတိတ်သမိုင်းတွင် ဖြစ်ပျက်ခဲ့သမျှကိုလေ့လာကာ လက်တွေ့အကျိုးရှိရာ ဖြစ်တန်ခြေများကို ဆွဲထုတ်ခြင်း၌ ဝါသနာထုံသူဖြစ်၏။ သမိုင်အရ တပ်မတော်သည် ၁၃၀ဝ ပြည့် အရေးတော်ပုံတွင် စတင်သန္ဓေတည်ကာ ဂျပန်ခေတ်တွင် အခြေကျပြီး လွတ်လပ်ရေး ခေတ်မှစတင်၍ ရာစုတစ်ဝက်ကျော် စနစ်တကျတည်ရှိသော မြန်မာ့နိုင်ငံတွင် တစ်ခုတည်းသော အင်စတီကျူးရှင်း ဖြစ်သည်၊ ထိုကြောင့် မြန်မာနိုင်ငံတွင် တပ်မတော်သည်သာ အခိုင်အမာဆုံးဖြစ်ပြီး ထိုခိုင်မာမှုကို လိမ္မာစွာ အသုံးချနိုင်ပါက တိုင်းပြည်၏ အပြိုပြိုအကွဲကွဲဖြစ်နေသော သွေးစည်းညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက အထောက်ပံ့ကြီး ဖြစ်နိုင်သည် ဟု ဆရာကျော်ဝင်းက ယူဆသည်။ ထို့ကြောင့် တပ်မတော်ကို နိုင်ငံ၏ဦးဆောင်မှုတွင် အဓိက အခန်းကဏ္ဍက ပေးထားခဲ့သော ၂၀ဝ၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံအတွက် သင့်လျှော်သည်ဟု သူက ယူဆသည်၊ လက်ရှိအခြေခံဥပဒေသည် စတင်လည်ပတ်စ ယန္တယားကြီး တစ်လုံးကဲ့သို့ပင် အသားမကျသေးသောကြောင့် အတုန့်အဆိုင်းများ ထစ်ငေါ့မှုများ ရှိနေသေးသော်လည်း အသားတကျလည်ပတ်နိုင်သည်နှင့် နိုင်ငံကို သာယာဝဖြိုးတိုးတက် ရာဆီသို့ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု ဆို၏။ သူ့က ပတ်ချုံဟီးနှင့် ချန်ဒူးဝှမ်ခေတ် ကိုးရီးယားကို သွားရည် ကျစွာ ညွှန်ပြသည်။

ထိုနှင့်ဆန့်ကျင်ဘက် တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ထုတ်ထားမည်ဆိုလျှင် နိုင်ငံအတွက် ကြီးစွာ အကျိုးယုတ်နိုင်သည်။ အစိုးရကို ဆန့်ကျင်သူ လက်နက်ကိုင်အင်အား ၁ သိန်းခွဲလောက် ရှိသော နိုင်ငံတွင် အင်အားလေးသိန်းရှိသော လက်နက်အဖွဲ့အစည်းကို နိုင်ငံ့စီမံခန့်ခွဲမှုများမှ ဘေးထုတ်ထားခြင်းမှာ လက်တွေ့မဆန်၊ ထိုသို့ လက်တွေ့မဆန်သော အလုပ်ကို ပြုလျှင် ဆိုးကျိုးနှင့်သာ ကြုံရပြီး လောလော လတ်လတ် အတိတ်တွင် ကြုံခဲ့ရသော အမိုက်တိုက်ကာလသို့ ပြန်လည်ရောက်ရှိသွားနိုင်သည် သူခြိမ်း ချောက်၏။ ထိုစိုးရိမ်မှုသည် တည်ငြိမ်စွာ အသွင်ကူးပြောင်းရေးကို မြင်လိုသော သူ၏ဆန္ဒှနှင့် အတိတ် အာဏာရှင်အစိုးရ ၂ဆက်ကဲ့သို့ တင်းကျပ်၍ တရားမဲ့ အုပ်ချုပ်ရေးခေတ်က အခြေနေသို့ပြန်ရောက် သွားမည်ကို စိုးထိတ်ခြင်းအပေါ်တွင် တည်မှီခြင်း ဖြစ်ပုံရ၏။

ဆရာကျော်ဝင်းက စစ်တပ်ကို နိုင်ငံ့ဦးဆောင်အခန်းကဏ္ဍတွင် အဓိကထား ထည့်သွင်းရေးဆွဲထားသော ၂၀ဝ၈ အခြေခံဥပဒေသည် တိုင်းပြည်ကို တည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းကာ သာယာဝဖြိုးမှုဆီ ဦးတည် မည်ဟု ဆိုခဲ့သော်လည်း သူနှင့်အမြင်မတူသူများကမူ ၂၀ဝ၈ အခြေခံဥပဒေ၌ ပေးထားသော ကာချုပ်၏ အာဏာနှင့် ပတ်သက်၍ အနာဂါတ်တွင် ကြီးမားသော နိုင်ငံရေးအကျပ်အတည်းကြီးနှင့် ကြုံရနိုင်ကြောင်း ထောက်ပြကြသည်။

လက်ရှိအခြေခံဥပဒေ အပိုဒ် ၂၃၂ အပိုဒ်ခွဲ ၂ အရ ကာချုပ်သည် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးကို ခန့်အပ်ပိုင်ခွင့်ရှိသူဖြစ်နေသည်။ သမ္မတက ကာချုပ်ထံမှ ဝန်ကြီးလုပ်နိုင်မည့်သူ၏ အမည်စာရင်းတောင်းကာ ဝန်ကြီးအဖြစ် ခန့်အပ်ရမည်ဟု ဆိုထားသော်လည်း ထိုဝန်ကြီးဌာန ၃ ခု ဝန်ကြီးများသည် ကာချုပ်၏ လက်အောက်တွင် ရှိနေသကဲ့သို့ ဖြစ်နေ၏။ လက်ရှိအစိုးရ သက်တမ်း တွင်း၌ပင် ကာချုပ်က ဝန်ကြီးအပြောင်းအလဲ ကို သူ့သဘောကျ လုပ်သွားနိုင်သည်ကိုတွေ့လိုက်ရသည်။ သမ္မတသည် ဝန်ကြီးအဖွဲ့၏ ခေါင်းဆောင်ဆိုသော်လည်း ကာဝန်ကွယ်ရေးဝန်ကြီးသည် ကာချုပ်၏ အထက်အရာရှိမဟုတ်။

လက်ရှိသမ္မတကြီး ဦးသိန်းစိန်သည် ယခင် တပ်မတော်အရာရှိဟောင်းဖြစ်ပြီး လက်ရှိကာချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တစ်ဦးနှင့်တဦး ပုဂ္ဂိုလ်ရေးလေးစားခင်မင်မှု ရှိသူများဖြစ်ကြကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် သမ္မတကြီးနှင့် တသဘောတည်းရှိနေသောကြောင့် ပြဿနာမရှိသော်လည်း အကယ်၍ အနာဂါတ် သမ္မတ တစ်ယောက် ယောက်သည် တပ်မတော်သားအသိုင်းအဝန်းမှ မဟုတ်လျှင် အခြေခံဥပဒေ၏ ပြတ်သားမှုမရှိ သောအချက်က အုပ်ချုပ်ရေးတွင် ကာချုပ်နှင့် သမ္မတကြား ပုဂ္ဂိုလ်ရေးပွတ်တိုက်မှုကို ဖြစ်စေမည်မှာ သေချာနေ၏။ ထိုမှ ဆိုးဝါးသော နိုင်ငံရေးအရ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေပေလိမ့်မည်။ အပိုဒ် ၃၄၂ တွင် ကာချုပ်ကို သမ္မတက ကာလုံ၏ အဆိုပြုထောက်ခံချက်နှင့် ခန့်အပ်ရမည်ဆိုထားသော်လည်း ကာလုံ အဖွဲ့တွင် ကာချုပ်နှင့် ဒုကာချုပ် ပါဝင်လေရာ ကာချုပ်သည် သူ့အရိုက်အရာကို သူသာခန့်အပ်နိုင်သူ ဖြစ်နေစေသည်၊ ထိုပုဂ္ဂိုလ်သည် လွှတ်တော်တိုင်း၏ ၂၅% သော ကိုယ်စားလှယ်များကို ခန့်အပ်ပိုင်ခွင့် ရှိသူလည်း ဖြစ်နေလေရာ အကယ်၍ သမ္မတသည် သြဇာရှိသော စစ်အရာရှိဟောင်း မဟုတ်လျှင် ကာချုပ်နှင့် တချိန်မဟုတ်တချိန် ပွတ်တိုက်မှု ဖြစ်စေမည်မှာမြေကြီးလက်ခတ်မလွဲ သလိုပင်။ ထိုအချက်က တိုင်းပြည်အနာဂါတ်အတွက် အလွန်အန္တရာယ်ကြီးသောအချက် ဖြစ်သည်။

္မ အထက်ထောက်ပြချက်များမှာ ၂၀ဝ၈ အခြေခံဥပဒေပါ တပ်မတော်၏ကဏ္ဍကိုကြီးမြှင့်ထားသော အချက်ကြောင့် အနာဂါတ် အုပ်ချုပ်ရေးကဏ္ဍတစ်ခုတည်းတွင် ဖြစ်ပေါ်လာနိုင်သော ထိတိုက်မှုများကိုသာ ထောက်ပြထားခြင်းဖြစ်ပြီး ပြည်နယ်နှင့် ဗဟို အာဏာခွဲဝေမှုကဏ္ဍ၊ တိုင်းရင်းသားအရေး၊ စီးပွားရေး ကဏ္ဍ၊ ဥပဒေပြုအာဏာ နှင့် တရားစီရင်ရေး စသည်တို့တွင်လည်း ပွတ်တိုက်မှုများစွာ ရှိနိုင်သေးသည်။ သို့ဖြစ်ရာ လက်ရှိအခြေခံဥပဒေ၏ ပစားပေးမှုက တပ်မတော်သည် ဆရာကျော်ဝင်းမျှော်လင့်နေသော တဖြေးဖြေးနှင့် ဒီမိုကရက်တီလိုက်ဇေးရှင်း ဖြစ်လာလိမ့်မည်ဟူသော အယူအဆအား ဆန့်ကျင်နေသည်ဟု ဆိုရမည်။

ဖေမြင့်ဂိုဏ်း
xxxxxxxxxxxx

ခပ်လွယ်လွယ်ဖြစ်အောင် ဆရာဖေမြင့်ကို ခေါင်းတပ်လိုက်သော်လည်း တကယ်တန်း ပြည်သူအဓိက အယူအဆသည် လွတ်လပ်ရေးမရခင်ကတည်းက မြန်မာနိုင်ငံတွင် ဖြစ်တည်ခဲ့သောအယူအဆဖြစ်၏။ လွတ်လပ်ရေးရအပြီး သမိုင်းစဉ်ဆက် ပြည်သူအဓိကအယူအဆဖြင့်သာ အာဏာရှင်အဆက်ဆက်ကို တွန်းလှန်ခဲ့ကြခြင်းဖြစ်သည်။ ပြည်သူအများ စုပေါင်းနေထိုင်သော အရပ်ကို တိုင်းပြည်ဟု အမည်တပ်လျှင် ထိုတိုင်းပြည်တွင် ပြည်သူများထက် မည်သူက ပို၍အဓိကကျနိုင်မည်တဲ့လည်း။ ပြည်သူကြားမှ ပေါက်ဖွားလာသော တပ်မတော်သည် ပြည်သူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်သူ့အစိတ်အပိုင်း တစ်ရပ် သာဖြစ်သည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသည်မှာမဟုတ်ပဲ တိုင်းပြည်အင်အား ရှိမှသာ တပ်မတော် အင်အားရှိနိုင်မည်ဖြစ်ပြီး ပြည်သူအင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။ အခြေခံ ဥပဒေသည် ပြည်သူ့ကိုအခြေခံရမည် ပြည်သူအပေါ်မှာစဉ်းစားရမည်ဖြစ်ပြီး တိုင်းပြည်ဦးဆောင် အခန်း ကဏ္ဍတွင် ပြည်သူသာ ရှိရမည်။ ထို့ကြောင့် ပြည်သူ့ဦးဆောင် အခန်းကဏ္ဍကို မေးမှိန်ထားသော ၂၀ဝ၈ အခြေခံဥပဒေကို အချို့တစ်ဝက်ဖြစ်စေ ၁၀ဝ% ဖြစ်စေ ပြင်ရမည် ဟုဆိုကြသည်။

သို့သော် ထိုအယူဆကို လက်မခံလိုအချို့က လူမျိုးစုများစွာရှိ၍ စိုက်ပျိုးရေးကို အဓိကထားသောနိုင်ငံတွင် ဆင်းရဲကျပ်တည်းမှုနှင့် အလုပ်လက်မဲ့ ပြဿနာများအပြင် ရာစုနှစ်တစ်ဝက်ကျော်ကြာအောင် ပညာရေး သင်းကွပ်ခံထားရခြင်းနှင့် တရားဥပဒေစိုးမိုးမှုကင်းမဲ့မှုကို နှစ်ကာလကြာရှည် ခံစားထားရခြင်းတို့ကြောင့် အပြောင်းအလဲကာလတွင် ကြုံတွေ့ခဲ့ရသော လူမျိုးရေး ဘာသာရေးကို အခြေခံသော အဓိကရုဏ်းများကို ထောက်ပြ၍ ပြည်သူက တိုင်းပြည်ကို ဦးဆောင်ရမည်မှာ အမှန်ပင်ဖြစ်ငြား လက်ရှိအခြေနေတွင် သြဇာ ရှိသော အဖွဲ့အစည်းတစ်ရပ်၏ ထိန်းကွပ်မှုကို လိုအပ်သည်၊ ထို့အဖွဲ့အစည်းမှာ တပ်မတော်ပင်ဖြစ်သည်ဟု ဆို၏။

ထိုအဆိုကိုပင် အတိတ် နှစ်အစိတ်ခန့် တပ်မတော်က ထိန်းကွပ်အုပ်ချုပ်ခဲ့သော်လည်း အထူးသဖြင့် တရားဥပဒေစိုးမိုးမှု နှင့် ပညာရေးကဏ္ဍတွင် ယခင်အခြေနေထက် များစွာကျဆင်းသွားသည်ဟူသော ချေပ ချက်နှင့် ပြန်လည်ချေပသောအခါ အချေနှင့် အဆိုက ရှေ့ဆက်မရ အမယ်ဘုတ်ချည်ခင် ဖြစ်သွားသည်။

ငြင်းခုံပွဲမှ အမြတ်
xxxxxxxxxxxxxxx

မည်သို့ပင်ဖြစ်စေ ကွဲပြားသော အမြင် ၂ ရပ်ကို ယခုကဲ့သို့ လွတ်လပ်စွာ ပြည်သူကြား ချပြနိုင်ခြင်းသည် ပင်လျှင် တိုးတက်မှုဟု ဆိုရပေမည်။ (ကျော်ဝင်းဂိုဏ်းက နိုင်ငံတော်ငွေကို အသုံးပြုရသော ရုပ်သံ၊ ရေဒီယို နှင့် အစိုးရပိုင် စာနယ်ဇင်းကို အသုံးပြုခွင့်ရချိန်တွင် ဖေမြင့်ဂိုဏ်းက ဂျာနယ်နှင့် ဆိုရှယ်မီဒီယာ ကိုသာ သုံးနိုင်သည့်အချက်က သိပ်တော့မမျှတ)။ ထိုကဲ့သို့ ကွဲပြားသော အမြင်ကို လွတ်လပ်စွာ ချပြခြင်းက ၂ ဖက် လက်ခံနိုင်သော အခြေအနေတစ်ရပ်ကို ပေါ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်မိသည်။

ငြင်းခုံပွဲမှ ပြည်သူတို့ အမြတ်ထွက်နိုင်ပါစေ။

Credit : http://www.ex-absdf.net/2013/10/blog-post_7297.html

Tuesday, October 15, 2013

*** ဗုံး.............သတိ ***



  • မိုင်းလို့ယူဆရတာနှင့် လုံးဝမထိပါနှင့်
  • ဘေးတွင် သဲအိပ် ရေဖြည့် ပလတ်စတစ်ပုံး များဖြင့်ဝန်းရံပါ ဖြေး ညှင်းစွာ လုပ်ပါ
  • အရှိန်ကြောင့်အသက် ဝင်နိုင်ပါသည်။
  • ဓါတ်ပုံမရိုက်ပါနှင့် အလင်းကြောင့်ကွဲအောင် လုပ်လို့ရပါသည်။
  • အသံမဆူညံပါစေနှင့် အသံကြောင့်လည်း ကွဲနိုင်ပါသည် ။
  • စပ်စုသူများအနားမနေပါစေနှင့်
  • အယောင်ပြပြထားပြီး လူများမှ ရှင်းမည့်သူလာမှ အဝေးထိန်း ခွဲနိုင်ပါသည် ။
  • မိုင်းမထောင်ရန် မကာကွယ်နိုင်သော်လည်း အထိအခိုက်မများစေရန်ဖြစ်ပါသည်
  • မိုင်းကွဲကွဲခြင်း ဒါဏ်ရာရသူကူညီရန်သွားပါက မကွဲသေးသော မိုင်းကို သတိထားပါ။
  • ပစ္စည်းထုပ်များ မေ့ကျန်ခြင်းများ တွေ့ရှိပါက သတိဖြင့် ကြည့်ရှုပါ။ ထိတွေ့ပြီးမှ ပေါက်ကွဲနိုင် သောကြောင့် ဖြစ်ပါသည်။
  • ပစ္စည်းများ မေ့ချင်ဟန် ဆောင်သော သူများကို အမိဖမ်းပါ။ မမိလျှင် မှတ်မိအောင် လုပ်ပါ။
  • သံထည်ပစ္စည်း၊ ယမ်း ရှာဖွေသော စက်ပစ္စည်းများ တပ်ဆင်မထားနိုင်သည့် ကုန်တိုက်များတွင် ပစ္စည်းထားရှိသူများအား သတိပြုရန်။
  • တည်းခိုခန်းမန်နေဂျာများ မူမမှန်သည့် ခရီးသည်များ၊ မသင်္ကာစရာ တည်းခိုသူများ တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပါ။
  • မလုံမလဲ အထုပ်အပိုးများနှင့် တွေ့ရှိပါက သတိထား စောင့်ကြည့်ပါ။ သက်ဆိုင်ရာသို့ အကြောင်း ကြားပါ။
  • ယာဉ်စီးစဉ် အထုပ်အပိုးများကို ဂရုပြုပါ။
  • အကောင်းဆုံးအကြံပြုချင်တာကတော့ မိုင်း (သို့) ဗုံး (သို့) ပေါက်ကွဲတတ်တဲ့ အရာဝတ္ထုလို့ သံသယရှိဖွယ်ရာ ဖြစ်လာတာနဲ့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ / အုပ်ချုပ်ရေးဆိုင်ရာ တာဝန် ရှိသူ များ ထံ သတင်းပေးပို့ ကြပါ။
  • အထူးအဆန်းလုပ်ပြီး ၀ိုင်းကြည့်မနေကြပါနဲ့ ဆိုတာ အရမ်းအရေးကြီးပါတယ်
  • remote များ ဖြစ်နေခဲ့ရင် လူများလေ ကောင်းလေပေါ့

(၀ဏ္ဏဖေသော်) Red Star News

၂၀၁၅-အတွက် မဲတပြားကို မည်သူ့ အား ပေးကြမည်နည်း ဆိုသော်



ကျွန်တော်တို့ က မဆလအစိုးရကို မုန်းတီးသည် ။ ထို့ ကြောင့် ဖြုတ်ချလိုကြသည် ။ ခေတ်အခြေ အနေအရ လက်နက်အားကိုးနှင့် -၂၆-နှစ် အုပ်ချုပ် နေသော မဆလ အစိုးရသည် သူတို့ ဘာသာ သူတို့  ကြမ္မာငင်လာခဲ့ သည် ။ ၁၉၈၈-ခုနှစ်တွင် ဦးနေ၀င်း က မဆလပါတီတွင် အပြောင်းအလဲ ပြုလုပ်ရာမှ ဒီမိုကရေစီအရေးအခင်းမှာ ဖြစ်ပေါ် လာခဲ့ သည် ။ သို့ သော် စက်တင်ဘာလ-၁၈-ရက်နေ့ တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ ( မဆလ )အစိုးရကို ပြည်သူလူထုတို့ က ဖြုတ်ချနိုင်ခဲ့ ခြင်း မရှိဘဲ စစ်တပ်ကပင် အာဏာသိမ်းလေတော့သည် ။


မဆလအစိုးရ မရှိသောအခါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှုအဖွဲ့  ( န၀တ ) အစိုးရ တက်လာတော့သည် ။ မဆလအစိုးရ၏ နိုင်ငံရေးပါတီသည် တစည ပါတီဆိုပြီး ထူထောင်ထားသည် ။ ထို့ ကြောင့် -၁၉၉၀-ခုနှစ်တွင် တိုင်းရင်းသားစည်းလုံးရေးညီညွတ်ရေး ( တစည ) ပါတီကို မုန်းတီးကြသော မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတို့ သည် မိမိတို့  လူမျိုးစု ပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲထည့်ပေးခဲ့ ကြသည် ။ န၀တအစိုးရကို မုန်းတီးနေသောကြောင့် တစညပါတီကို မဲမပေးခဲ့ ကြချေ ။

၂၀၁၀-ခုနှစ်တွင်မူ ( နအဖ ) အစိုးရသည် ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေပါတီ ထူထောင်ထားသောကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက် မယှဉ်ပြိုင်သောကြောင့် တစ်နိုင်ငံလုံးတွင် ပြိုင်ဖက်ကင်းစွာဖြင့် ကြံ့ဖွ့ံပါတီသည်အနိုင်ရရှိသည် ။ သမ္မတရော ၀န်ကြီးများစွာတို့ အပြင် အာဏာပိုင်အဖွဲ့ အစည်းများအပြင် တိုင်းနှင့်ပြည်နယ် အစိုးရများ၏ ၀န်ကြီးချုပ်ကိုပါ ကြံ့ဖွံ့ ပါတီမှ ရွေးချယ် တင်မြှောက်ထားတော့သည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်-၄၀-ကျော်ဖြင့် အနိုင်ရရှိတော့သည် ။ ပြိုင်ဖက်ဖြစ်သော ကြံ့ဖွ့ံပါတီသည် နေပြည်တော် မှာပင် ရှုံးနိမ့်ခဲ့ ရသေးသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် -၂၀၀၈-ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ထိမ်းသိမ်းပါမည်ဟု ပြည်သူ့ လွှတ်တော်ညီလာခံ ခမ်းမမှာ လွှတ်တော်ကိုယ်စားလှယ်များက စုံညီစွာ တစ်ခဲနက် ကျမ်းသစ္စာ ဆိုခဲ့ ကြတော့သည် ။

၂၀၁၅-ခုနှစ်အတွက်မူ နိုင်ငံရေးပါတီများက မှတ်ပုံတင်ပြုလုပ် တင်နေကြပြီးဖြစ်သည် ။ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စည်းရုံးရေးဆင်းနေ လှုပ်ရှားနေကြပြီဖြစ်သည် ။ လောလောဆယ်အားဖြင့် ကြံ့ဖွံ့ ပါတီ၏ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းသည် ရခိုင်ပြည်နယ်တ၀န်းမှ မြို့ မိမြို့ ဖများကို ဖိတ်ကြားပြီး တွေ့ ဆုံရင်းနှီးပွဲကို စက်တင်ဘာ-၂၉-ရက်နေ့ ၌ ပြုလုပ်တော့မည်ဖြစ်သည် ။ ၄င်းကဲ့ သို့ေ ခါ် ယူ တွေ့ ဆုံခြင်းမှာ နိုင်ငံရေးစည်းရုံရေး တစ်ခုဖြစ်သည် ။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တို့ မှာ ပါတီတစ်ပါတီ ဖြစ်သွားပြီး ရခိုင် အမျိုးသားပါတီအဖြစ် မှတ်ပုံတင်ကြတော့မည်ဖြစ်သည် ။ ထို့ ကြောင့် ရခိုင်နိုင်ငံရေးပါတီမှာ တစ်ခု တည်းသော ရခိုင်ပြည်နယ်၏ မဲပေးရမည့် ပါတီဖြစ်နေသည် ။ ကြံ့ဖွံ ပါတီသည် ရခိုင်ပြည်နယ်တွင် သူ့ နည်း သူဟန်ဖြင့် ပါတီရပ်တည်မှု ရှိနေသည် ။ အထူးသဖြင့် သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးသာ ရှိကြောင်း လက်ခံထားသူဖြစ်ရာ ကြံ့ ဖွံ့ ပါတီသည် ရခိုင်ပြည်နယ် အတွက် လူလက်ခံနိုင်သော ပါတီကြီးဖြစ်နေသည် ။ မျိုးစောင့်ဥပဒေကိုလည်း လက်ခံထားသော ပါတီဖြစ်သောကြောင့် ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီပြီးလျှင် ဒုတိယလူကြိုက်အများဆုံး ပါတီဖြစ်နေတော့သည် ။

အကယ်၍ ဦးသိန်းညွန့် သည်၎င်း- ဦးနေမျိုးဝေသည်၎င်း - ဦးကိုကိုကြီးသည်၎င်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်လာမည်ဆိုပါက မဲလုံးဝ အပြတ်အသတ် ရရှိနိုင်သော သူများ ဖြစ်မည်ဟု သေချာပေါက် ပြောဆိုနိုင်သည် ။ သို့ မဟုတ် ရန်ကုန်တိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်ပါက ရခိုင် လူမျိုးများမှ မဲတစ်ပြားကို အသည်းကြားမှ လာရောက်ပေးကြမည်ဖြစ်ကြောင်း ကြားနေရသည် ။ ဤကား ချွင်းချက်အနေဖြင့် ရေးသားတင်ပြခြင်းဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားတို့ သည် ပြည်သူ့ အသံများကို နားထောင်ကြပြီး ပြည်သူ့ ဆန္ဒကို အကောင်အထည် ဖေါ်ဆောင်ပေးကြခြင်းကြောင့် ကြားကြရသော အသံများဖြစ်သည် ။

ရခိုင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးနှင့် ပတ်သက်၍ တိကျသော ထုတ်ပြန်ချက်များ- မျိုးစောင့်ဥပဒေကာကွယ်ရေးနှင့် ပတ်သက်ပြီး တိကျသော လူထုအကြိုက် ထုတ်ပြန်ချက်များကို ထုတ်ပြန်ခြင်း မရှိသောကြောင့် ရခိုင်လူမျိုးများက လက်မခံကြတော့ ။ နောက်တစ်ခါ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရှင်းလင်းရန်အတွက် တိုင်းနှင့်ပြည်နယ်များသို့  ကော်မီတီ များ စေလွှတ်မည်ဟု ပြုလုပ်လာမည်ကိုလည်း ရခိုင်လူမျိုးများက လက်သင့်မခံကြတော့ချေ ။ ထို့ ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရခိုင်ပြည်နယ်တွင် -၂၀၁၅-ခုနှစ်၌ မဲအနိုင်ရရှိမှု အလားအလာ နည်းပါးလွန်းလှသည် ။

ရှင်းရှင်းလင်းလင်း ပြောရလျှင် ရခိုင်လူမျိုးတို့ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အထင်ကြီးလေးစားမှု မရှိတော့ ။ ချစ်ခင်ကြည်ညိုမှု မရှိတော့ချေ ။ ဤသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အကြီးအကျယ် ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်သည် ။ ၄င်းကဲ့ သို့ ဆုံးရှုံးမှုမျိုးကို အဖတ်ဆယ်ရန် ပြောဆိုစည်းရုံး ကြည့်ရာ ခါးခါးသီးသီး ဆန့် ကျင်ကြပြီး သူတို့ အနေဖြင့် ကြံ့ ဖွံ့  ပါတီကိုပင်လျှင် မဲပေးမည်ဟု ပြောဆိုကြသေးသည် ။

မဆလအစိုးရကို မုန်းတီးသောကြောင့် တစညပါတီကို မဲမပေးခဲ့ ကြသော ရခိုင်လူမျိုး -၂၀၁၀-ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးခဲ့ ကြသော ရခိုင်လူမျိုးတို့ မှာ-၂၀၁၅-ရွေးကောက်ပွဲ၌ စစ်အစိုးရ၏ ရုပ်သေးအစိုးရဆိုသော ကြံ့ဖွံ့ ပါတီကိုမှ မဲပေးကြတော့မည်ဟု ပြတ်သားစွာ ဆိုကြပါတော့သည် ။ ကျွန်တော်တို့ ကတော့ ပြည်ပမှနေပြီး ရခိုင်လူမျိုးတို့ အား အသည်းကြားမှ မဲတစ်ပြားကို မှန်ကန်စွာ ရွေးချယ် ပေးနိုင်ကြပါစေဟု ဆန္ဒပြုပေးရမည့် ကိန်းသာ ဖြစ်နေပါတော့သည် ။။။။

From: ခိုင်အောင်ကျော် ( နယူးယောက် )

သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ


အဟက်….
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
၅ နှစ်အတွင်း ….
ရခိုင်ပြည်နယ် အရေး ….
အေးချမ်း သွားစေရမယ်……


အဟက်….
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
ကချင် ပြည်နယ်မှာ …..
သေနတ်သံ စဲသွားစေရမယ်…

အဟက်…. 

သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင်…..
၅ နှစ်အတွင်း ….
တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး ….
လက်နက်စွန့် ပြီး ဖြစ်စေရမယ်………

 အဟက်….
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
လူထု ဆန္ဒပြပွဲ အားလုံးကို ….
ဘယ် အခြေအနေမှာ ဖြစ်ဖြစ်…..
အရေးမယူဘူး……

 အဟက် …..
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
အဓိကရုဏ်း အားလုံးကို….
သေနတ် ဖောက် မဖြိုခွဲဘူး…..

 အဟက်….
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
ငါတို့  ပါတီဝင် အစိုးရ အဖွဲ့ သား ….
လုံးဝ လာဘ် မစား စေရဘူး….

 အဟက်…..
သတ္တိရှိရှိ ပြောပြစ် လိုက်စမ်းပါ…….
ငါတို့ အစိုးရ ဖြစ်ရင် ……
ခရိုနီတွေ နဲ့  လုံးဝ အလုပ် မလုပ်တော့ဘူး…

 အေး ……
ပြောချင်တာက ….အဲဒါပဲ….
ဒီတိုင်းပြည်မှာ ဘယ်ကောင်မှ ….
ဟတ်ချလောင်းဆို ပြီး ကောင်းအောင် လုပ်လို့ မရဘူး….
အခု ကျုပ် ရေးပြ တာတွေက ….
ခင်ဗျားတို့ တစ်ချိန်လုံး …
လက်ညှိးထိုး ဆဲနေတာတွေ…..

အဲတော့ …မေးချင်တာက ….
ခင်ဗျားတို့ လက်ထက် ….
အားလုံး ပြောင်း သွားပါ့မယ် ….
ဖြစ်နိုင်မလား….?
ထွီ………ဘယ်ဖြစ်နိုင် ပါ့ မလဲ …..

အစိုးရ အဆက်ဆက် …
ပို ကောင်းသထက် ကောင်းလာအောင်ပဲ ….
အဆင့်ဆင့် လုပ်ကြရမှာ….

ဖြစ်နေတဲ့ လက်ရှိ အခြေအနေ……
လက်ရှိ အစိုးရ ဖြေရှင်းနေတဲ့  ပုံစံ …..
ကိုယ့် လက်ထက်ကျရင် ဘယ်လိုဆက်လုပ်မယ်….
ဘယ်လောက်ထိတော့ ကောင်းလာမယ်…
ဘာတွေတော့ ဖြစ်နိုင်အုန်းမှာ မဟုတ်ဘူး…..
ဒီလိုပဲ ဖြစ်သင့် ဖြစ်ထိုက်တာ…
လူထုကို ရှင်းပြရမှာ…

အခုက …..
ဟ…..စာချုပ်ချုပ်…ချုပ်ပြန်ပြီ….
ချကွာ ….ဒီအစိုးရ…..

တရားစွဲ …. စွဲပြန်ပြီ….
နှက် ကွာ….ဒီအစိုးရ….

လူစု ခွဲ…. ခွဲပြန်ပြီ….
ရိုက် ကွာ…. ဒီအစိုးရ….

ပြည်ပသွား ..သွားပြန်ပြီ ……
ဆဲ ကွာ ..ဒီအစိုးရ….

ခွီးပဲ ……
တစ်ချိန်မှာ…….
ကိုယ်ရောက်လာမယ့် နေရာကို ….
မြန်မြန် ရောက်ဖို့ ….
လက်ရှိ အစိုးရ ဘာလုပ်လုပ် …
သောက်ပြစ် ထိုင်ပြောပြီး ….
လူထုကို မြှောက်ပေးနေတဲ့ ကိစ္စက….
ကိုယ့် လည်ပင်း ကိုယ် ကြိုးကွင်းစွပ်နေမှန်း …..
ကိုယ့် တိုင်းပြည် ကိုယ် မီးတင်ရှို့ နေမှန်း ….
သုံးတန်း ကလေးတောင် သိတယ်….
ခင်ဗျားတို့ က မသိဘူး ….

အေး ….ဒီအချိုးအတိုင်း ဆက်သွားရင်တော့……
ဒီ တိုင်းပြည်မှာ …
လူထုရဲ့  စည်းကမ်း လိုက်နာမှု….
ဥပဒေ ကို လေးစားမှု တွေကို ဖျက်ဆီး ပြစ်ခဲ့ တဲ့ ….
နံပါတ်တစ် တရားခံက …..
စစ်အာဏာရှင်တွေ ဆိုရင်…..
နံပါတ်နှစ် တရားခံက ….
ခင်ဗျား တို့ ပဲ ဆိုတာ……
မြဲမြဲ မှတ်ထားလိုက်ပါ …. ဒါပဲ….။

( စည်းကမ်း မရှိတော့တဲ့  ရဲမိုး )
From: Ye Moe

ပြည်သူကို အသုံးချ ခုတုံးလုပ်ကာ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး မလုပ်သင့်



မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရသစ် တစ်ရပ် ပေါ်ပေါက်လာခဲ့ သည်မှာ (၃)နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ အစိုးရနဲ့ လွှတ်တော် များ ရဲ့သက်တမ်း ဟာ(၅)နှစ်သာဖြစ်တဲ့အတွက် ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲကြီးတစ် ခုကျင်းပရမှာဖြစ် ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သမ္မတလုပ်ဖို့ ထုတ်ဖော်ပြော ဆိုလာသူများရှိနေသလို မပြောဘဲနေသူများလည်းရှိနေပါတယ်။


လက်ရှိအနေအထားအရတော့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့နှစ်ဦးကတော့ ၂၀၁၅မှာသမ္မတလုပ်မယ်လို့ တရားဝင်ပြောဆိုထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅မှာ သမ္မတဖြစ်ဖို့ဆိုရင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးရမှာဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြစ် တဲ့နည်းနဲ့ ပြင်ပေးဖို့ တောင်း ဆို နေသလို ပြင်မပေးဘူးဆိုရင်အခြေအနေတွေ ဆိုး ရွားသွားနိုင်တယ်လို့ ကြိုတင်ဟောကိန်းထုတ် ထားခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ပေးမယ်လို့ ကတိပြု ထားပါတယ်။အခြေခံဥပဒေပြင် ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှာ လေ့လာ သုံးသပ်ရေးကော်မတီ ဖွဲ့စည်းပြီးလုပ်ငန်းတွေ လုပ်ဆောင် နေပါတယ်။ လွှတ်တော်အထဲမှာ ပြင်ဆင်ဖို့ လုပ်ဆောင်နေစဉ်အတွင်းမှာ လွှတ်တော်ပြင်ပ မှာလည်း ပြင်ဆင်လိုသူ၊ အသစ်ပြန်လည်ရေးဆွဲလိုသူတွေ ပေါ်ပေါက် လာပါတယ်။

ဒီအဖွဲ့တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည် လည်းပါဝင်ပါတယ်။သူမ အနေနဲ့ လွှတ်တော်အ တွင်းက ပြင် ဆင်နေတာကို မစောင့်နိုင်ဘဲ အခြေခံဥပဒေပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်လည် ရေးဆွဲရေးတွေလုပ်ဆောင်နေပါတယ်။နောက်ဆုံးအခြေအနေမှာတော့ NLD ပါတီအနေနဲ့ အခြေခံဥပဒေကိုပြင်ဖို့ဒါမှ မဟုတ် အသစ်ပြန် လည်ရေး ဆွဲဖို့ ပြည်သူလူထုရဲ့သဘောထား ရယူမယ်ဆိုပြီး လုပ်ဆောင်နေ ပါတယ်။ဝါရင့်နိုင်ငံရေး သမားကြီးတွေနဲ့ ဥပဒေပညာရှင်အချို့ကတော့ ပြည် သူ လူထုကိုခုတုံးမလုပ်သင့်ဘူးလို့ပြောပါတယ်။“ပြည်သူက အသစ်ပြန်ရေး ချင်တယ်ဆိုလို့ ကျွန်တော် တို့ကအခြေခံဥပဒေအသစ်တစ်ခုရေးမယ် ဆိုရင် ပြည်သူက အခြေခံဥပဒေကို ဘယ်လောက်နားလည်လဲ။ ဒီမှာအားသာချက်၊ အားနည်းချက်ဆိုပြီးပြည်သူကို ဆွဲခေါ် တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာသင်လာတဲ့သူတစ်ယောက်အမြင် မှာတော့ ပြည်သူကို ဆွဲခေါ်တာမျိုးမလုပ် သင့်ဘူး။

ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ခုနှစ်ကနေ ၂၀၀၈ခုနှစ်အထိ ၄၉ နှစ်လုံး ကျွန်တော်တို့မှာ အခြေခံဥပဒေမရှိဘူး။ ကျွန်တော်တို့ယဉ်ကျေးမှုထဲမှာ ဒီမိုကရေစီကို နားလည်သူမရှိဘူး။ ကျွန်တော် လည်း နားမလည်ဘူး“ဒါကတော့အမေရိကန်နိုင်ငံသားခံယူထား တဲ့ ဒေါက်တာဆလိုင်း ငွန်ကျုံးလန်ရဲ့အမြင်သဘောထားဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်ဥပဒေကို အစအလယ်အဆုံး မသုံးခင် မှာကို ပြင်ဆင်ချင်တယ်၊ အသစ်ရေးဆွဲချင်တယ်ဆိုတဲ့သဘောထား ဟာ တိုင်းပြည်နဲ့လူမျိုး ရဲ့ ကောင်းကျိုးကိုရှေးရှုတာလား၊ မိမိတို့ရဲ့ ကိုယ်ကျိုးကိုရှေ့တန်းတင်တာ လားဆိုတာ ကာယကံ ရှင်တွေ အသိဆုံးဖြစ်ပါတယ်။

NLDပါတီအနေနဲ့ တင်းပြည့် ကျပ်ပြည့်အာဏာရပါတီ မဖြစ်သေး တာတောင်မှ ဖွဲ့စည်း ပုံ ပြင်ဆင် ရေး၊အသစ်ရေးဆွဲရေးကို လွှတ်တော်က ပေါ် ထွက်လာမယ့်အဖြေကို မစောင့်ဘဲလုပ်ဆောင် ရန် ပြင်ဆင် နေခြင်းမှာ သဘာဝမကျလှပါ။ ယခု NLD က လုပ်ဆောင်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးအ တွက် ပြည်သူ့ သဘောထား ရယူမယ်ဆိုတဲ့စကားဟာ ဒေါ်အောင်ဆန်းစုကြည် အားကိုး နဲ့ ပြောဆို လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအစိုးရနှင့် လွှတ်တော်အား ရန်တိုက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ကို ဗိုလ်ချုပ် အောင်ဆန်း မျက်နှာကြောင့်NLD ကိုယ်စားလှယ်များ အားမဲထည့်လိုက်ခြင်းဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ဒီလိုနေထိုင်ပုံနဲ့ ဗိုလ်ချုပ် သမီး မဟုတ်ဘဲ ရိုးရိုးသာမန် လူတစ်ယောက် ရဲ့သမီးဖြစ်နေရင် ဘယ်သူမှ လှည့်ကြည့်မှာမဟုတ်ပါဘူး။

ကြားဖြတ် ရွေးကောက်ပွဲနဲ့လွှတ်တော်တက်ခဲ့တဲ့ NLDကိုယ်စားလှယ် အများစုမှာ ဒေသအကျိုး အတွက်လုပ်ဆောင်တာမျိုး မရှိခဲ့ပါ။ မဲထည့်ပေးလိုက်သော ဒေသခံများမှာ မိမိတို့လူရွေးမှား သွားပြီဆိုသောစ ကားသံမှအပ ဘာမှလုပ်၍ မရ တော့ပါ။ တကယ်နစ်နာလိုက်ရတာ က ဒေသခံပြည် သူ အများစု ဖြစ်ပါတယ်။ ပြည်သူလူထု၏ ယုံကြည်ကိုးစားခြင်း အပေါ် NLD က အသုံးချကာ လွှတ်တော်သို့ တက်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။

ယခုဖွဲ့စည်းပုံပြင်ဆင်ရေးပြည်သူသဘောထားရယူမည့်ကိစ္စမှာတော့ ပြည်သူလူထုတစ်ရပ်လုံးကတခဲနက် ထောက်ခံမှုရတော့မှာမဟုတ်သလို ပြည်သူလူထုအတွင်း သဘောထားအမြင်ကွဲလွဲမှုများသာ တိုးပွားလာမှာဖြစ်ပါ တယ်။ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ရှုပ်ထွေးလာမှာဖြစ်သလို့ သက်တမ်းနုနယ်သေးတဲ့ ဒီမိုကရေစီစနစ်တစ်ခု အတွက်လည်း မတည်မငြိမ်ဖြစ်မယ့် အန္တရာယ်တစ်ခုကို လက်ယပ်ခေါ် သလိုဖြစ်နေပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်နိုင်ခြေနည်းတဲ့ အနေအထားကို သိလို့ များ ပွဲဆူအောင်လုပ်ဖို့ပြင်ဆင်နေတာလား။

ဒါမှမဟုတ်ငါသမ္မတမဖြစ်သရွေ့တိုင်းပြည်ဘယ်လိုဖြစ်ဖြစ်ဆိုပြီးတော့များလုပ်နေတာလား…ဆိုတဲ့ မေးခွန်း တွေ မေးစရာ ဖြစ်လာနေပါပြီ။

ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပြည်သူလူထုရဲ့သဘောထားရယူရာမှာ ဘယ်လိုနည်း လမ်းကိုသုံးမှာလဲ။ ရွေးကောက်ပွဲအကြိုစည်းရုံးစဉ်ကလုပ်ရပ်မျိုးအသံချဲ့စက်နဲ့ပြောလိုက်မယ်။ပြည်သူတွေကလက်ခုပ်တီးလိုက်မယ်။ဒါကိုထောက်ခံတယ်လို့သတ်မှတ်မှာလား။

ဒါကိုထောက်ခံတယ်လို့သတ်မှတ်ရင် ဒီဟောပြောပွဲကိုမ တက်ရောက်နိုင် တဲ့ပြည်သူတွေရဲ့သဘောထားကို ဘယ်လို သတ်မှတ်မလဲ။ ဒါမှမဟုတ် မဲရုံကြီးတွေဆောက် ပြီး ထောက်ခံမဲ၊ကန့်ကွက်မဲထည့်ခိုင်းမှာ လား။ဒါဆို သဘာဝကျပါတယ်။ဒါပေမယ့် ဒီအတွက်ကုန်ကျစရိတ်၊ လူအင်အား၊ တရားဥပေဒ စိုးမိုးမှုအတွက် ဘယ်သူ ကတာဝန်ယူမလဲ။ ဒါမှမဟုတ် အင်တာနက် ကနေ ထောက်ခံမဲ တောင်းမှာလား၊ ဒီလိုဆိုရင် လဲ မြန်မာနိုင်ငံလူဦးရေမှာ အင်တာနက်သုံးစွဲသူကနည်း လှတဲ့အတွက် ပြည်သူ တစ် ရပ်လုံးရဲ့ ဆန္ဒ အမှန်ဖြစ်ဖို့ခဲယဉ်းပါတယ်။

                                                                                                                                     
ဒါကြောင့်မို့ ပွင့်ပွင့်လင်းလင်းဝေဖန်သုံးသပ်ရယင် NLD ပါတီအနေနဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေးဆွဲရေး ပြည်သူသဘောထား တောင်းခံမယ့်လုပ်ရပ်ဟာ ရလာဘ်ကောင်း တစ်ခုထွက်မလာနိုင်သလို လက်ရှိသွားနေတဲ့ ဒီမိုကရေစီစနစ်ကိုပံ့ပိုးရာမရောက်ဘဲ နောက်ပြန်လှည့်ခိုင်း သလိုဖြစ်နေပါတယ်။ ပြည်သူကိုအသုံးချခုတုံးလုပ်ကာဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးကိုမလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်NLDပါတီဝင်တွေသိစေချင်ပါတယ်။                                                       
                                                                                                                                     

အေးမြင့်(လှိုင်သာယာ)
မြန်မာပြည်သား