Saturday, August 31, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပယ်ဖျက်ရမည့် ဥပဒေပုဒ်မ စုစုပေါင်း ၂၃ ခု တွေ့ရှိရ

လေ့လာရေးနှင့် သုတေသနဋ္ဌာန။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ။

၁။ ပုဒ်မ ၆ (စ)

နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက် ဦးတည်သည်။


ပုဒ်မ ၃၃၉ တွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပုဒ်မ ၃၃၉ အတိုင်းသာဆောင်ရွက်ရမည်ဖြစ်ပြီး တပ်မတော်သည် နိုင်ငံရေးကိစ္စများတွင် တိုက်ရိုက်ပါဝင်ခြင်း မဖြစ်သင့်ပါ။

ထို့ကြောင့် ပုဒ်မ ၆ (စ) ကို ပယ်ဖျက်ရပါမည်။

ပုဒ်မ ၆ (စ) ၏ အကျိုးဆက်ကြောင့် အခြားဒီမိုကရေစီမဆန်သည့် ဥပဒေပုဒ်မများကို ဖြစ်ပေါ်စေပါသည်။ ။

၂။ ပုဒ်မ ၁၄

ပြည်ထောင်စုလွှတ်တော်။ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်။

*** လွှတ်တော်တစ်ရပ်ဆိုသည်မှာ ပြည်သူလူထုကိုယ်တိုင်က ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါသည်။

ယခု ပုဒ်မ ၁၄ အရ လွှတ်တော်အတွင်းတွင် ပြည်သူလူထုဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားခြင်း မဟုတ်သူများ ပါဝင်နေသဖြင့် ဒီမိုကရေစီမူနှင့် ဆန့်ကျင်နေပါသည်။ ထို့အတွက် ဤ ပုဒ်မ ၁၄ ကို ပယ်ဖျက် ရပါမည်။

၃။ ပုဒ်မ ၇၄

ပြည်ထောင်စု လွှတ်တော်တွင် အောက်ပါလွှတ်တော်နှစ်ရပ်ပါဝင်သည်။

(က)ပုဒ်မ ၁၀၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ်ကိုအခြေခံ၍ လည်းကောင်း။ လူဦးရေကိုအခြေခံ၍ လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်။

(ခ) ပုဒ်မ ၁၄၁ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်။

၎။ ပုဒ်မ ၁၀၉

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။

၅။ ပုဒ်မ ၁၄၁

သက်ဆိုင်ရာပြည်ထောင်စု နယ်မြေများ အပါအဝင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး။

****အမျိုးသားလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် (၅၆)ဦး။ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် (၁၁၀) ဦး။ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် (၁၆၆) ဦးတို့သည်ုပြည်သူလူထု၏ ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များမဟုတ်ပဲ ရယူထားခြင်းဖြစ်သည်။

အခန်း(၉) ပုဒ်မ ၃၉၁ (ခ) တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငွသားနှင့် ဥပဒေအရဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတိုင်းသည် ရွေးကောက်ပွံတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲ တစ်မဲသာ ပေးပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ အခန်း(၁) ပုဒ်မ ၂၁(က)တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တန်းတူညီမျှမှု အခွက့်အရေး။ လွတ်လပ်မှု အခွင့်အရေး။ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းဖော်ပြထားပါသည်။

ထို့ကြောင့် တပ်မတော်ကာပွယ်ရေးဦးစီးချုပ်တစ်ဦးထည်းက လွှတ်တေည်ကိုယ်စားလှယ် ၁၆၆ ဦးကို ရွေးချယ်ခွင့် ရယူထားသည့်အတွက် လူတစ်ကိုယ် မဲတစ်ပြား အခြေခီံမိုကရေစီ စံနှုန်းနှင့် ကိုက်ညီခြင်း မရှိဖြစ်နေပါသည်။ ထို့အပြင် နိုင်ငံသားတိုင်း တန်းတူညီမျှမှုအခွင့်အရေး ခံစားခွင့်ရှိသည် ဆိုသည့် မူနှင့်လည်း သွေဖီနေပါသည်။ ထို့ကြောင့် ပုဒ်မ ၇၄။ ပုဒ်မ ၁၀၉(ခ)။ ပုဒ်မ ၁၄၁ (ခ) တို့ကို ပယ်ဖျက်ရ ပါမည်။

ထိုပုဒ်မများနှင့် တစ်ဆက်ထည်း

၆။ ပုဒ်မ ၁၂၂
၇။ ပုဒ်မ ၁၅၃
၈။ ပုဒ်မ ၁၇၀
တို့ကိုလည်း အခြေခံ ဒီမိုကရေစီစံနှုန်းနှင့် မပိုက်ညီသည့်အတွက် ပယ်ဖျက်ရပါမည်။

၉။ ပုဒ်မ ၆၀ (ခ) (၃)

ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့။

၁၀။ ပုဒ်မ ၆၀ (ဂ)

ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ။ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေရွေးချယ်တင်မြှောက်ရမည်။

****ကာကွယ်ရေးဦးစီးချုပ်ကအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်ထဲတွင် တည်ရှိနေခြင်းကို ပယ်ဖျက်လိုက်ပြီဆိုလျှင် ပုဒ်မ ၆၀ (ခ)(၃) နှင့် ပုဒ်မ ၆၀ (ဂ) တို့မှာလည်း ရှိရန်မလိုတော့သဖြင့် ပယ်ဖျက်ပစ်ရမည်။ ****

နိုင်ငံတော်အကြီးအကဲတစ်ဦးဆိုသည်မှာ ပြည်သူ့ဆန္ဒနှင့် ရွေးချယ်တင်မြှောက်ထားသူသာ ဖြစ်ရပါမည်။ ယခု ပုဒ်မ ၆၀ (ဂ) တွင်

"" လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်"" ဟု ပြဋ္ဌာန်းဖော်ပြထား ပါသည်။ ထို့အတွက် ပုဒ်မ ၆၀ (ဂ)မှာ ဒီမိုကရေစီ စံနှုန်းနှင့် လုံးဝ မအပ်စပ်ကြောင်း ထင်ရှားပါသည်။ သို့မဟုတ်ပါက သမ္မတ တိုက်ရိုက်ရွေးစနစ် (Popular Vote) ကို ကျင့်သုံးသင့်ပါသည်။

၁၁။ ပုဒ်မ ၁၆၁ (ဃ)

ပုဒ်မခွဲ(က)နှင့် (ခ) သို့မဟုတ် ပုဒ်မခွဲ(က)နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပိမတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ။ ။

****

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တိုင်းတွင် လွှတ်တော်ကိုယ်စာလှယ်များ၏ သုံးပုံတစ်ပုံရှိသော တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်း ရယူ ထားပါသည်။ ထိုသို့ ရယူထားခြင်းမှာ လူတစ်ကိုယ်မဲတစ်ပြားသာပေးခွင့်ရှိသည့် ပုဒ်မ ၃၉၁ (ခ) ကို ချိုးဖောက်ထားသဖြင့် အခြေခံဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီခြင်းမရှိဖြစ်နေပါသည်။

ထို့ကြောင့် ပုဒ်မ ၁၆၁ (ခ) ကို ပယ်ဖျက်ပစ်ရပါမည်။

__________________________________________________

လေ့လာရေးနှင့် သုတေသနဋ္ဌာန။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ။ (30-8-2013)

Friday, August 30, 2013

ကုလအထူးကိုယ်စားလှယ် မစ္စတာနမ်ဗီးယားအား ရှမ်းလူမျိုးများအပေါ် KIAမှ လူအခွင်.အရေး ချိုးဖောက်မှု.များနှင်. ပတ်သက်၍ ကော်မတီဝင် ဦးစိုင်းထိန်လင်းမှ တင်ပြ



ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ (၂၈.၈.၂၀၁၃)ရက်နေ.တွင် ရောက်ရှိလာသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယားအား ရှမ်းမျိုးနွယ်စု ယဉ်ကျေးမှု. ကော်ဝတီဝင် (ကချင်ပြည်နယ်)က ဦးစိုင်းထိန်လင်း မှ သွားရောက် တွေ.ဆုံပြီး ကချင် ပြည်နယ် အတွင်း ရှိ ရှမ်းလူမျိုး များ၏ သဘောထား အမြင်ကို ပြောကြား ခဲ.ကြောင်း သိရှိရပါတယ်။


ရှမ်းလူမျိုးများ၏ သဘောထား အမြင် တွင် KIA တို.၏ အဖျက်လုပ်ငန်းများ ပြုလုပ်နေမှု.များ ၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ.သော စစ်ပွဲများ ကြောင်. ရှမ်းလူမျိုးတွေဟာ ငြိမ်းချမ်းရေးကို အဓိကလိုလားနေသူများ ဖြစ်ကြောင်း ၊ အခုလို ပြည်နယ် တွင်းက ရှမ်းတိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို ရှင်းပြတော့ မစ္စတာနမ်ဗီးယားက ဒီအကြောင်းတွေ သူမသိခဲ.သလို အံ့သြနေပါတယ်။

ကေအိုင်အို အဖွဲ့တွေဟာ ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ လူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီးဆောင် ရွက်နေတယ်လို့ ထင်ထားခဲ.ကြောင်း၊ အခုလိုသိရတဲ့အတွက် အရင်တွေးထင်ထားခဲ.တာတွေ မှားပါ တယ် လို့ ၀န်ခံပြောကြားလာခဲ့ကြောင်း သိရှိရပါတယ်။ ဆက်လက်ပြီး ကေအိုင်အေ အကြမ်းဖက် သောင်ကြမ်းသူ များသည် ကချင်ပြည်နယ်တွင်းရှိ လမ်းတံတား အဆင်းပေါင်း (၂၀၀)ကျော်အား မိုင်းခွဲဖျက်ဆီးခဲ.ေ ကြာင်းနှင်. ရထားလမ်း ဖောက်ခွဲမှု.၊ ဒုက္ခသည် စခန်းများတွင်လည်း ကချင်လူမျိုးရွှေ.ပြောင်းမိသားစုများ သာ အများစုနေထိုင်ကြကြောင်း ၊ ရှမ်းလူမျိုး ပြောင်းရွေ.မိသားစုများသည် ကူညီ ထောက်ပံ.မှု.ကို ရယူ လက်ခံရန် ရှက်ရွှံ.ကြသည်အတွက် ရပ်ဆွေ/ရပ်မျိုးများ၏ နေအိမ်များ ၊ ရှမ်းဘုန်းကြီးကျောင်း များ တွင်သာ နေထိုင်ကြောင်း စသည် အခြေအနေများကို ဦးစိုင်းထိန်လင်းမှ တင်ပြခဲ.သောအခါ အဆိုပါလုပ် ရပ်များအား သူလုံးဝမသိကြောင်း ၊ အခုလို ပြောပြမှသာ သိရခြင်း ဖြစ်ကြောင်းပြန်လည်ပြောကြား ခဲ.တယ်လို.သိရှိရပါတယ်။

ရှမ်းလူမျိုးတွေဟာအစိုးရနဲ. ကေအိုင်အေကြား မြေဇာပင်ဖြစ်ခဲ.ရသည်.အကြောင်းများကိုလည်း ဆက်လက် တင်ပြခဲ.ပါတယ် လို. သိရှိရပါသည်။ အဓိက ကတော. နယ်မြေခံဖြစ်တဲ. ကေအိုင်အေရဲ. ဆက်ကြေးတော င်းခြင်း၊လူသစ်စုဆောင်းခြင်း ၊ အဓမ္မပြု စော်ကားခြင်းတွေကို ရှမ်းရွာတွေမှာခံစားနေရပါတယ်။ကေအိုင်အေ တို.သည် အများပြည်သူပိုင် လမ်းတံတားများ ၊ မီးရထားများကိုတင် ဖျက်ဆီးတာ မဟုတ်ဘဲပြည်နယ် တွင်းမှာရှိသော ကချင်လူမျိုးများမှအပ ကျန်လူမျိုးများ အပေါ်တွင်လည်း နိုင်ထက်စီးနင်း မှု.များ ပြုလုပ်ခဲ. ကြတယ်လို.သိရှိရပါသည်။ယခင်ကကမ္ဘာတစ်ဝန်းမှအများသိကြသည့် အကြမ်းဖက်များဖြစ်သော တာလီ ဘန် ၊ အယ်လ်ကိုင်ဒါ ၊ ဆိုမာလီ ပင်လယ်ဓားပြ စသည် တို့ကိုသာ သိရှိ ကြသော်လည်း ယခုအခါတွင် မြန် မာ နိုင်ငံတွင် ကေအိုင်အေ ဟူသော လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက် လာပြီဖြစ်ကြောင်း ၊ယနေ့ KIA ဟူသော အကြမ်းဖက် အဖွဲ့အစည်း ၏ လုပ်ရပ် များကြောင့် ကမ္ဘာ့ အလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာသည် ညိုးနွမ်းလျက် ရှိကြောင်း ၊ မြန်မာ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဖြစ်သည်. အတွက်ကြောင်.ထာဝရ ငြိမ်းချမ်းရေးရယူရန် တိုက်တွန်း လိုကြောင်း တင်ပြဆွေးနွေးသွားခဲတယ်လို. သိရှိရပါသည်။

Credit : http://www.oppositeyes.info/2013/08/kia_29.html

ကျပ်သိန်းရှစ်ရာကျော်တန်းဖိုးရှိ တရားမဝင်ဟန်းဆက်နှင့်လျှပ်စစ် ပစ္စည်းများ ရန်ကုန်လေဆိပ်နှင့်မြန်မာ့စက်မှုဆိပ်ကမ်းတွင် ဖမ်းမိ

အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်မြန်မာ့စက်မှု ဆိပ်ကမ်း(MIP)မှ တရားမဝင်မို ဘိုင်းလ်ဖုန်းဟန်းဆက်နှင့် လျှပ်စစ် ဆက်စပ်ပစ္စည်းမျိုးစုံ ကျပ်သိန်း ရှစ်ရာကျော်ဖိုးအား ဖမ်းဆီးရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာန မှသိရသည်။


အဆိုပါဖမ်းဆီးရမိမှုများ မှာ ဩဂုတ် ၁ရက်မှ ၂၅ ရက်ထိ ဖြစ်ပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာလေ ဆိပ်နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ မိုဘိုင်းဖုန်းဟန်းဆက် စုစု ပေါင်း ၁၀၈ လုံး၊ တန်ဖိုး ကျပ်သိန်း ၅၃ သိန်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံကျပ် သိန်း ၇၉၁ သိန်း စုစုပေါင်း ကျပ် သိန်း ၈၄၄ သိန်းဖိုးဖမ်းဆီးရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာန မှ အကြီးတန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။

ယင်းက ''အခုလထဲမှာ ရန် ကုန်လေဆိပ်က တရားမဝင်ဖုန်း ဟန်းဆက်တွေနဲ့မျက်မှန်၊ မျက်ကပ် မှန်၊ မိုဘိုင်းဖုန်းဆက်စပ်ပစ္စည်းနဲ့တရားမဝင်ဆေးဝါးတွေဖမ်းမိတယ်။မြန်မာ့စက်မှုဆိပ်ကမ်းကကုန်သေတ္တာတစ် လုံးထဲမှာလဲ PVC ပိုက်တွေနဲ့ Plastic Packing Meterial နဲ့ ကွန်ပျူတာဆက်စပ် ပစ္စည်းတွေဖမ်းမိ ခဲ့ပါတယ်''ဟု ပြောသည်။

အဆိုပါ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မြန်မာ့စက်မှု ဆိပ်ကမ်း(MIP)မှ ဖမ်းဆီးရမိသော တရားမဝင်ဆေးဝါး၊ လျှပ်စစ်ပစ္စည်း မျိုးစုံ၊ မိုဘိုင်းဖုန်းဟန်းဆက်နှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းမျိုးစုံ တို့အား အကောက်ခွန်ဥပဒေများ အရ အရေးယူထားကြောင်းသိရ သည်။

YMG

ကန်တားနားကိစ္စကို မဖြစ်သင့်မဖြစ်ထိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည် မှ ဝေဖန်



ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တား နားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ်ခဲ့ ကြတဲ့ လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ် တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက် ပါတယ်။ဒီကိစ္စမှာ အာဏာပိုင်တွေနဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးနှစ်ဖက် ပြောကြား ချက်တွေ ကွဲလွဲနေ တာ ကိုလည်း သတိပြုမိတယ် လို့ သူက ပြောပါတယ်။


"အုပ်ချုပ်ရေးပိုင်းက ထုတာမဟုတ်ဘူးလို့ ပြောတယ်။ မစ္စတာ ကင်တားနားက ထုတယ်လို့ပြော တယ်။ မိတ္ထီလာကရတဲ့ သတင်းက ထုတာလို့ ပြောတယ်။ ဒီဟာက မလုပ်သင့်ဘူးပေါ့။ စာပေးချင်လဲ ရိုးရိုးပေးလို့ ရပါတယ်။တိုက်ရိုက်ပေးလို့မရရင်တောင်UNDPကတစ်ဆင့်ပေးလို့ရတာပေါ့။ မစ္စတာကင်တားနား ကျေနပ် လောက်အောင် ဖြေရှင်းချက်ပေးသင့်တာပေါ့"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အမြန်ဆုံးဖြစ် အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။

နိုင်ငံရေးသမားတချို့က ဖွဲ့စည်းပုံကို ပြင်ဆင်ရေးအစား လုံးဝအသစ် ရေးဆွဲဖို့ ပြောဆိုနေကြပေမယ့် လက်တွေ့ ဘယ်လို အကောင်အထည် ဖေါ်နိုင်မလဲဆိုတဲ့ နည်းလမ်းကိုတော့အကြံပြုခြင်းမရှိကြဖူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

"လွှတ်တော်ထဲမှာဆိုရင်ကော်မတီထဲမှာလည်း အမတို့ကိုယ်စားလှယ်တွေပါတယ်။အမတို့ကိုယ်စားလှယ် တွေကလဲ တတ်နိုင်သလောက်အမြန်ဆုံးဖြစ်အောင်ကြိုးစားမှာပေါ့၊ တစ်ချို့ကျတော့လည်းကော်မတီ ကအစီရင်ခံစာကို ဒီဇင်ဘာလမှာသွင်းရမယ်ဆို တာ မြန်လွန်းတယ်တောင် ပြောတဲ့သူတွေ ရှိပါတယ်"ဟု ပြောဆိုခဲ့ကြောင်းသိရသည်။

RFA

လက်ပံတောင်းဆန္ဒပြ ဒေါ်နော်အုန်းလှ ထောင်နှစ်နှစ်၊ မိတ္ထီလာ ဗလီမီးရှို့သူ ထောင်နှစ်နှစ်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် မုံရွာမြို့တွင် ခွင့်ပြုချက် မရဘဲ ဆန္ဒပြခဲ့သူ ရန်ကုန်တိုင်း ဒေသကြီးမှ ဒေါ်နော်အုန်းလှအား စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် တရာရုံးက သြဂုတ် ၂၉ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ရာ လွန်ခဲ့သော မတ်လအတွင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက် မှုများ၌ အစ္စလာမ် ဘာသာရေး အဆောက်အအုံ များကို မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့ သူများအား အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်သာ ချမှတ်ခဲ့ရာ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်မှာ မေးခွန်းထုတ်စရာ ပင် ဖြစ်သည်။


ဒေါ်နော်အုန်းလှသည် မုံရွာမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေး၊ လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ လုပ်ငန်းဖော်ဆောင်ရေး ကော် မတီဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို ညှဉ်းပန်း နှိပ်စက်သောရဲများ အရေးယူပေးရေး စသည့် အချက် လေးချက်ဖြင့် ဆန္ဒပြခွင့်ရရန် ခွင့်ပြုမိန့် တောင်းခံခဲ့သည်။ သို့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက သြဂုတ် ၁၂ ရက်တွင် အဆိုပါ တောင်းဆိုမှုကို ပယ်ချခဲ့ကာ သြဂုတ် ၁၃ ရက်တွင် ဒေါ်နော်အုန်းလှနှင့်ဒေသ ခံ အမျိုးသမီးတစ်ဦး လက်ပံတောင်းတောင် ဒေသမှ မုံရွာမြို့ဘက်သို့ ကူးအလာတွင် ဒေါ်နော်အုန်းလှကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဒေါ်နော်အုန်းလှနှင့်အဖွဲ့ အနေနှင့် မုံရွာမြို့အတွင်း ဆန္ဒပြ အော်ဟစ်ခြင်း၊ အလံပို စတာ စသည်တို့ ကိုင်ဆောင်ခြင်း မရှိဘဲ လမ်းလျှောက်ရုံ သက်သက်ဖြင့်သာ ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်း ဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု မျက်မြင်သက်သေဖြစ်သော မုံရွာမြို့ခံများက ဆိုကြသည်။

ဒေါ်နော်အုန်းလှအား မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးက တရားလိုအဖြစ် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး မြို့ နယ်ရဲစခန်းက မှတ်ပုံတင်အမှတ် ၂၅၊ စာအမှတ် ၁၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၅၀၅ (ခ) ပြစ်မှုကြီးအမှတ် ၉၅၅၃ ဖြင့် အမှုဖွင့်ခဲ့ ပြီး သြဂုတ် ၂၇ ရက်တွင် စတင် စစ်ဆေးခဲ့သည်။

ပုဒ်မ ၅၀၅ (ခ) ဆိုသည်မှာ ''မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ ကောလာဟလကို ဖြစ်စေ သတင်းကိုဖြစ် စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန် ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုး ရကိုဖြစ်စေ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက် သောသူက ကျူး လွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော် လည်း ကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန် ရာ သည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် လူအမျိုးအစား အချင်းချင်း ဖြစ်စေ လူမျိုးစု အချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော် ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေ ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း'' ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။

မုံရွာမြို့နယ် ရဲစခန်းအတွင်းရှိ အချုပ်ခန်းအတွင်း၌ တွေ့မြင်ရသော ဒေါ်နော်အုန်းလှ 

ဒေါ်နော်အုန်းလှ၏ အမှုကို သုံးသပ်ကြည့်မည်ဆိုလျှင် ဥပဒေ၏ အမြင့်ဆုံး စီရင်ခွင့်ဖြစ်သော ထောင်ဒဏ်န နှစ်နှစ်ကို ချမှတ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အခြားအမှု တစ်ခုဖြစ်သော မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့ သည့် ဆူပူအကြမ်းဖက် မှုများ၌ တရားခံ နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅၁ တို့ဖြင့် အမှု ဖွင့် တရားစွဲဆိုပြီး ပြစ်မှုတစ်ခုလျှင် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်၊ ပြစ်မှုနှစ်ရပ်စလုံး အတွက် တစ်ပေါင်းတည်း ကျခံစေရန် စီရင်ချက် ချခဲ့သည်ကို တွေ့ရသည်။

''မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း၊ နေအိမ်အဖြစ်ဖြင့် သော်လည်း ကောင်း၊ ပစ္စည်းများ သိုလှောင် ထိန်းသိမ်းသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း၊ သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ မိမိက ထိုသို့ ပျက်စီးစေမည် ဖြစ်တန်ရာ သည်ကို သိလျက်နှင့်ဖြစ်စေ မီးဖြင့် သို့တည်းမဟုတ် ပေါက်ကွဲတက်သော အရာဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း'' ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ တွင် ပြဋ္ဌာန်းထားသည် ကို လေ့လာတွေ့ရှိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများ၌ အစ္စလာမ် ဘာသာရေး အဆောက်အအုံကို ဖျက်ဆီး ခဲ့သူ နှစ်ဦးအား အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁ တို့ဖြင့်သာ အရေးယူ ခဲ့သည်ကို တွေ့ရသည်။ ပုဒ်မ ၄၂၇ ၏ ပြဋ္ဌာန်းမှုမှာ ''မည်သူမဆို အကျိုးဖျက်ဆီးမှုကို ကျူးလွန်၍ ထိုသို့ ကျူးလွန် ခြင်းဖြင့် အဘိုးငွေ ငါးဆယ်အောက် မနည်း ပျက်စီးနစ်နာစေလျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုး မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်'' ဟု ပြဋ္ဌာန်းထားသည်။ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁ တွင် ''မည်သူ မဆို ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အလို့ငှာ အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ ကျူး လွန်ရန် ကြံရွယ်သည့် ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ခုနစ်နှစ်တိုး၍ ချမှတ်နိုင်သည်'' ဟု ပြဋ္ဌာန်း ထားသည်။

မိတ္ထီလာ အကြမ်းဖက်မှုအတွင်း ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးခဲ့သူများအား စွဲဆိုထားသည့် ဥပဒေပုဒ်မအရ အမြင့်ဆုံး စီရင်ပိုင်ခွင့် ရှိသည့်အတိုင်း စီရင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်သော်လည်း ဗလီ ကို မီးရှို့ဖျက်ဆီးသူ ထောင်ဒဏ်နှစ်နှစ်၊ ဆန္ဒထုတ်ဖော်ခွင့် တောင်းခံထားသည့် မြို့နယ်သို့ လက်ပံတောင်း တောင် ဒေသခံများနှင့်အတူ လာရောက်ခဲ့သည့် ဒေါ်နော်အုန်းလှအပေါ် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ဆို သည့် စီရင်ချက်မှာကား...။

ဓါတ်ပုံ - မိတ္ထီလာအကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း မီးလောင်ပျက်စီးခဲ့သော ဗလီတစ်ခု 

Eleven Media Group

MCM ကုမ္ပဏီ ဖျက်သိမ်းရန် တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဟု ဒေါက်တာတင်ထွန်းဦး ပြောကြား

Myanmar Consolidated Media (MCM) ကုမ္ပဏီ ဖျက်သိမ်းရန် အတွက်သာ အနောက်ပိုင်းခရိုင် တရားရုံး သို့ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာတင်ထွန်းဦးက ရှင်းလင်း ပြောကြားခဲ့သည်။


''မြန်မာတိုင်းမ်ဂျာနယ် ရပ်ဆိုင်းဖို့ဆိုတာ မဟုတ်ပါဘူး။ အဓိကတော့ MCM ကုမ္ပဏီ ဖျက်သိမ်းဖို့ အတွက်ပဲ ဖြစ်ပါတယ်'' ဟု သြဂုတ်၂၉ ရက်က ထွက်ရှိခဲ့သော Daily Eleven သတင်းစာပါ ''မြန်မာတိုင်းမ် ရပ်ဆိုင်း ရေး အတွက် ဒါရိုက်တာ အဖွဲ့ဝင်တချို့ တရားရုံးသို့ လျှောက်ထား'' ဆိုသည့် သတင်းအပေါ် ဒေါက်တာ တင်ထွန်းဦးက ပြန်လည်ဖြေရှင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်ခင်မိုးမိုးနှင့် ရော့စ်ဒန်ကလေတို့ အကြား အပြန်အလှန် တရားစွဲဆိုမှုမှာလည်း အချင်းများခြင်း ကြောင့် မဟုတ်ကြောင်း ၎င်းကဆိုသည်။ ဒေါ်ခင်မိုးမိုးသည် မြန်မာတိုင်းမ်ရှိ အဆင့်မြင့် ၀န်ထမ်းများကို ကုမ္ပဏီ အခြေအနေများ ရှင်းပြရန် မြန်မာတိုင်းမ် ရုံးခန်းသို့ သွားရောက်သည်ကို ရော့စ်ဒန်ကလေက နှစ် သက်ခြင်း မရှိရာမှ ၎င်းက ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ပြုလုပ်ခဲ့သောကြောင့် စတင်တရားစွဲဆို ခဲ့ရခြင်းဖြစ်ကြောင်း ဒေါက်တာတင်ထွန်းဦးက ရှင်းပြသည်။

ယင်းအပြင် မြန်မာတိုင်းမ် ဂျာနယ်များ၏ ထုတ်ဝေသူမှာ မိမိနာမည်ဖြင့်သာ ရှိနေကြောင်း ဒေါက်တာ တင်ထွန်းဦးက ဆက်လက် ပြောကြားသည်။

Myanmar Consolidated Media (MCM) ကုမ္ပဏီမှ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသော MYANMAR TIMES ဂျာနယ်နှင့် NOW ဂျာနယ်များကို ထုတ်ဝေလျက် ရှိသည်။ မြန်မာဘာသာဖြင့် ထုတ် ဝေလျက်ရှိသော THE MYANMR TIMES ဂျာနယ်တွင် စီအီးအိုအဖြစ် ဒေါက်တာတင်ထွန်းဦး၊ အင်္ဂလိပ်ဘာ သာ MYANMR TIMES တွင် စီအီးအိုအဖြစ် ဦးမြတ်ဆွေ (ဦးဆန်နီဆွေ) အမည်ဖြင့် ဖော်ပြထားကြောင်း တွေ့ရသည်။

ယင်းသို့ ဖော်ပြပါရှိမှုနှင့် ပတ်သက်ပြီး အသေးစိတ်ကို သိရှိရခြင်း မရှိသေးပေ။ မြန်မာတိုင်းမ် ဂျာနယ်၏ ဆက်လက် ထုတ်ဝေခွင့် ကိစ္စရပ်များနှင့် ပတ်သက်၍မူ တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍သာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ တင်ထွန်းဦးက ပြောကြားသည်။

Eleven Media Group

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပညာရေးကဏ္ဍ မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၀ သုံးစွဲမည်

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပညာရေးကဏ္ဍ မြှင့်တင်ရန်အတွက် အမေရိကန် ဒေါ်လာ သန်း ၆၀ သုံး စွဲရန် လျာထားကြောင်း သြဂုတ် ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြောကြားသည်။


ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ အား အခမဲ့ မသင်မနေရ မူလတန်း ပညာရေးနှင့် ကျောင်းအပ်နှံနှုန်း၊ ကျောင်းနေမြဲနှုန်း ထိန်းသိမ်းမြှင့်တင်နိုင်ရန် အကျိုးဖြစ်ထွန်းစေမည့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာသင် ထောက်ပံ့ကြေးနှင့် ပညာသင်ဆုများ ပေးအပ်ခြင်း၊ စီမံခန့်ခွဲ့မှု အရည်အသွေး မြင့်မားစေရန်၊ မြန်မာဘာသာစကား တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း ကဏ္ဍများ အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကမ်းလှမ်း လာခြင်းကို ညှိနှိုင်းပြီး တိုင်းဒေ သကြီးနှင့် ပြည်နယ်အားလုံးတွင် သုံးစွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒုတိယ ၀န်ကြီးက ပြောကြား သည်။

ပညာရေး ၀န်ကြီးဌာန အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်းကို တိုင်း ဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ ကျေးလက်နှင့် ဝေးလံဒေသများရှိ ကျောင်းများ၊ ကျောင်းသူ ကျောင်း သားများ၏ ၂ ဒသမ ၅၀ ရာခိုင်နှုန်း အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ သဘောထား မှတ်ချက်ဖြင့် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်များတွင်လည်း အမေရိကန်ဒေါ်လာ ၂၅ သန်းစီကို ကျေးလက်နှင့် ဝေးလံဒေသများ၏ ကျောင်းသူ ကျောင်းသားများ၏ ခုနစ် ရာခိုင်နှုန်းအတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ကမ္ဘာ့ဘဏ်မှ ရရှိမည့် ချေးငွေများအား ပြန်လည်ပေးဆပ်ရန်မှာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလနှစ် ၃၀ ဖြစ်ပြီး နှစ်၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ကာ ချေးငွေအတွက် အတိုးနှင့် ကတိခံကြေး ပေးချေရန် မလို ဘဲ ၀န်ဆောင်ခအဖြစ် တစ်နှစ်လျှင် ချေးငွေပမာဏ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်းကိုသာ ပေးချေရမည် ဖြစ် ကြောင်း ဒုတိယ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

ပညာရေး ကဏ္ဍအတွက် ချေးငွေရယူခြင်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ပညာရေး ကဏ္ဍ နိမ့်ကျနေသည့် အတွက် မူဝါဒနှင့် စနစ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ အခမဲ့ပညာရေး စနစ်တွေ အတွက် သုံးစွဲရန် လျာထားသည်မှာ ကောင်းမွန်ကြောင်း၊ ချေးငွေယူပြီး ဆောင်ရွက်ရန် သင့်၊ မ သင့် စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း၊ သုံးစွဲမည့် အစီအစဉ်များကို သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။

Eleven Media Group

ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမပုံမှန် အစည်းအဝေးများ ပြီးဆုံး၊ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဥပဒေ ၁၆ ခု ပြဋ္ဌာန်းနိုင်ခဲ့

ဇူလိုင် ၁ ရက်တွင် စတင်ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် သတ္တမပုံမှန် အစည်း အဝေးများ သြဂုတ် ၂၉ ရက် တွင် ပြီးစီးခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော် မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် ဥပဒေ ၁၆ ခုကို ပြဋ္ဌာန်းထုတ်ပြန် နိုင်ခဲ့ကြောင်း သိရသည်။


ထို့ပြင် သတ္တမပုံမှန် အစည်းအဝေး ကာလအတွင်းတွင် လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေပြု ရေးတွင် ထုတ်ပြန်နိုင်ခဲ့သည့် ဥပဒေ ၁၆ ခု ရှိခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတထံသို့ ဥပဒေအဖြစ် လက်မှတ် ရေးထိုးနိုင်ရန် ဆက်သွယ်ရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း နှစ်ခုရှိကြောင်း၊ လယ်ယာမြေနှင့် အ၏ ခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းစစ်ဆေးရေး ကော် မရှင်နှင့် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာများ တင် သွင်း ဆွေးနွေး အတည်ပြု နိုင်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြား သည်။

''အခုကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံး သပ်နိုင်ဖို့ ပူးပေါင်းကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ကို လေ့ လာသုံးသပ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။

လွှတ်တော် အစည်းအဝေးများ ရပ်နားထားချိန်တွင် ပြည်သူ့ ကိုယ်စားလှယ်များ အနေဖြင့် ဒေသခံများ၏ ဆန္ဒ၊ အသံများကို နားထောင်ရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားရန် လိုအပ်ကြောင်း လွှတ်တော် အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ပြောကြားသည်။

သတ္တမပုံမှန် အစည်းအဝေး ကျင်းပချိန်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ၁၈ ရက် ကျင်း ပ ခဲ့ကြောင်း၊ လွှတ်တော် အစည်းအဝေးသို့ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ၊ သင်တန်းများ၊ ကောလိပ် နှင့် ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့များ၊ ပြည်ပဧည့်သည်များ အပါအ၀င် ၃၆၈၃ ဦး လာရောက် လေ့လာခဲ့ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။

Eleven Media Group

တောင်သူလယ်သမား များသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအပေါ် ယုံကြည်မှု လျော့နည်းကျဆင်း နေသဖြင့် မြေယာပြဿနာများကို အချိန်ဆွဲ ဖြေရှင်းခြင်း မပြုဘဲ ပြန်လည်ပေးကြ စေလိုကြောင်း ပြည်ထောင်စု လွှတ်တော်နာယက နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာပေးပို့



တောင်သူလယ်သမား များသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုအပေါ် ယုံကြည်မှု လျော့နည်းကျဆင်း နေ သဖြင့် မြေယာပြဿနာများကို အချိန်ဆွဲ ဖြေရှင်းခြင်း မပြုဘဲ ပြန်လည်ပေးကြ စေလိုကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံ သြဂုတ် ၂၉ ရက်တွင် သ၀ဏ် လွှာ ပေးပို့ခဲ့ သည်။


ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များ ကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်၏ စုံစမ်းတင်ပြမှုများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက် များအရ တောင်သူလယ်သမား ပြည်သူများ အနေဖြင့် လွှတ် တော် ကိုယ်စားလှယ်များက ၎င်းတို့ဘက်မှ ရပ်တည်ဆောင်ရွက် ပေးမှုများကို အားရကျေနပ်မှုမရှိ ဖြစ်နေ သကဲ့သို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုအပေါ် ယုံကြည်မှု လျော့နည်းကျဆင်းသည့် အခြေအနေ ဖြစ်ပေါ် လျက် ရှိသည်ကို ၀မ်းနည်းစွာ ကြားမြင် နေရပါကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

မြေယာပြသနာများနှင့် စပ်လျဉ်း၍ မြေပြင်အခြေအနေတွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက် ပေးမှုများသည် နှေးကွေးလျက် ရှိသဖြင့် ရာသီအချိန်မီ စိုက်ပျိုးမှု မပြုနိုင်ခြင်း၊ တောင်း ဆိုဆန္ဒပြမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်း၊ မသိနားမလည်သည့် တောင်သူလယ် သမား အချို့သည်လည်း မလုပ်တတ်၊ မကိုင်တတ်နှင့် စနစ်တကျ ဖြေရှင်းနိုင်မှု မရှိသည့်အတွက် ဥပဒေ အရ အရေးယူခံရခြင်းများ ကြုံတွေ့ရလျက်ရှိကြောင်း၊ လက်ရှိကာလတွင် အချို့သော နိုင်ငံရေး အမြတ် ထုတ် လိုသူများ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုကို ပျက်စီးစေလို သူများကြောင့်လည်း ပင် ကိုရိုးသားသော တောင်သူလယ်သမား အချို့သည် နောက်ဆုံးတွင် တည်ဆဲဥပဒေအရ တရားစွဲဆို အရေး ယူ အပြစ်ပေး ခံရလျက်ရှိကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ သ၀ဏ်လွှာတွင် ''မြေယာပြဿနာ ကိစ္စရပ် အများစုသည် ယခင် ကာလများက ဆောင်ရွက် ချက်များကို အခြေခံ၍ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်သူ့အစိုးရသစ် (ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေး) ပေါ်ပေါက် လာချိန်တွင် နိုင်ငံတော်၏ ကောင်းမွေ၊ ဆိုးမွေများကို လက်ခံပြီး ပြဿ နာ များ ကိုလည်း ကောင်းစွာ ဖြေရှင်းပေးနိုင်သော စွမ်းရည်များ ရရှိမည် ဖြစ်ပါကြောင်း'' ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ မြေယာပြဿနာ ကိစ္စများကို လိုအပ်သည်ထက် အချိန်ယူ၊ အချိန်ဆွဲ ဖြေရှင်းဆောင်ရွက်ခြင်း မပြုဘဲ သက်ဆိုင်ရာတို့က မလိုအပ်သော မြေယာများ၊ ဆက်လက် အသုံးပြုရန် မသင့်သော မြေယာများကို ပြန်လည်ပေးကြ စေလိုကြောင်းနှင့် စိတ်ကောင်း စေတနာဖြင့် ပြန်လည်ပေးအပ် ကြလိမ့်မည်ဟု မျှော်လင့် ယုံကြည် ပါသဖြင့် သုံးသပ်ဆောင်ရွက် ပေးနိုင်ပါရန် သ၀ဏ်လွှာ ပေးပို့အပ်ပါသည်ဟု ဖော်ပြထားသည်။

Eleven Media Group

ခရီးသည်တင်ယာဉ် ၀န်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုတောင်းမှု အများဆုံးဖြစ်



ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများနှင့် ပတ်သက်၍ တိုင် ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုမိုတောင်းခံသည့် အမှုဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မထသ (ဗဟို) ဥက္ကဋ္ဌ၏ ပြောကြားချက် အရ သိရသည်။


ယင်းကဲ့သို့ ခရီးသွား ယာဉ်လိုင်းများ၏ ၀န်ဆောင်မှု နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၂၇ ရက်အထိ တိုင်တန်းမှုပေါင်း ၁၆၁ မှု ရှိခဲ့ကြောင်း သိရသည်။

မထသ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က ''ကျွန်တော်တို့ဆီကို ဒီနှစ်ထဲမှာ ပြည်သူတွေက စာနဲ့တိုင်တာ၊ လူကိုယ်တိုင် လာရောက်တိုင်တာ၊ ဖုန်းနဲ့တိုင်တာတွေ စုစုပေါင်း ၁၆၀ ကျော်ရှိတယ်။ အဲဒီအထဲမှာ သတ်မှတ် ယာဉ်ကြောလမ်း မဟုတ်ဘဲ မောင်းတာတွေ၊ မှတ်တိုင် မဟုတ်ဘဲ ရပ်တာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာတွေလည်း ပါဝင်တယ်။ အများစု တိုင်ကြားတဲ့ အကြောင်းအရာကတော့ ယာဉ်စီးခ ပိုတောင်းတာနဲ့ ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေက ခရီးသည်တွေကို ဆက်ဆံမှု မပြေပြစ်တာတွေဘဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ စစ်ဆေးအရေးယူပြီး ဖြစ်ပါတယ်။

ပြစ်မှုပေါ် မူတည်ပြီးတော့ ဒဏ်ငွေမှ ယာဉ်လိုက်ခွင့် တစ်လအထိ ပိတ်ပြီး အရေးယူ ထားပါတယ်။ အရေးယူပြီးရင်လည်း တိုင်ကြားထားတဲ့ ပြည်သူတွေကို ပြန်ပြီး အကြောင်းကြားပါတယ်'' ဟု သြဂုတ် ၂၈ ရက် ညနေပိုင်းက ပြောကြားသည်။

ယင်းကဲ့သို့ ပြည်သူများမှ တိုင်တန်းမှုကို စစ်ဆေး အရေးယူရန်အတွက် မထသ(ဗဟို)တွင် သက်ဆိုင်ရာ ဌာနအလိုက် ကော်မတီများ ဖွဲ့စည်းထားကြောင်း သိရသည်။

လမ်း၏အလယ်တွင် ခရီးသည် အတင်အချ ပြုလုပ်နေသော ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ်
(ဓာတ်ပုံ-အောင်မျိုးသန့်) 

Eleven Media Group

Thursday, August 29, 2013

ကျွန်တော်တို့ဘာမှမတတ်ခဲ့ပါဘူးဆိုတဲ့ မီးရထားဝန်ကြီးဟောင်း ဦးအောင်မင်း



ဦးအောင်မင်း အကြောင်း ရေးသားနေတာတွေ တွေ့ရတော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံမိပါ။ မီးရထား ဝန်ကြီး ဌာန၊ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ခဲ့၍ မြန်မာ့ မီးရထားကဏ္ဍ၏ စိတ်မောဖွယ်ရာအကြောင်း တစေ့ တစောင်းကိုလည်း ရင်ဖွင့်ချင်လာမိသည်။


မီးရထားကဏ္ဍသည် အရှေ့တောင်အာရှတွင် မြန်မာက စတင်လာခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ် လက်ထက် ၁၈၈၇ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ရန်ကုန်မှ ပြည်သို့ ပထမဦးဆုံးမီးရထား စတင် ပြေးဆွဲခဲ့ခြင်းဖြင့် မြန်မာ့ မီးရထားအပိုင်း စတင်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဒီဇယ်ရထားခေါင်းတွဲများ ရန်ကုန်မြို့သို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်ပြေးဆွဲအသုံးပြုခဲ့သည်။


ခေတ်အဆက်ဆက် မြန်မာ့မီးရထားကိုပိုမိုခေတ်မီစေဖို့ အင်းစိန်စက်ခေါင်းပြင်ရုံ၊ မလွှကုန်း ဒီဇယ်စက်ခေါင်း ပြင်ရုံ၊ ရွာထောင်ဒီဇယ်စက်ခေါင်းပြင်ရုံများကိုတည်ထောင်ပြီး မီးရထားကဏ္ဍကို မြင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့သည်။

၈၈ ခုနှစ် မတိုင်မီက တစ်နိုင်ငံလုံး မီးရထားလမ်း အရှည် ၁၉၇၆.၃၅ မိုင်ရှိခဲ့ပြီး ၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရခေတ်တွင် မီးရထားလမ်းအရှည် ၃၅၄၅.၁၃ မိုင်အထိရှိလာခဲ့သည်။ ယခင်က စာပို့ ရထားပဲပြေးဆွဲနိုင်သည့် ရန်ကုန် - မန္တလေး မီးရထားလမ်းကို အဆင့်မြှင့်တင်ပြီး ဒဂုံမန်း၊ ရွှေမန်းမေ စသည် ဖြင့် ပုဂ္ဂလိကရထားလိုင်းများ ပေါ် လာခဲ့သည်။ ရွှေမန်းမေ ရထားလိုင်းမှာ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် ခင်ယုမေ၏ ရွှေမန်းမေ သီချင်းကြောင့် စီးနင်းလိုက်ပါသူခရီးသည် ပိုမိုရရှိခဲ့သည်။

မှန်ပါသည်၊ စစ်အစိုးရခေတ်မှာ လမ်းပိုင်းတိုးချဲ့တာတွေရှိပါသည်။ သို့သော် လမ်းအရှည်မိုင်သာ တိုးလာ ခဲ့ပြီး အရည်အသွေးမြှင့်တင်နိုင်မှုအပိုင်း အားနည်းခဲ့သလို ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွင်လည်း အလွန်အားနည်းခဲ့ ပါသည်။ လက်ရှိကာလတွင် အရည်အသွေးတော်တော်ကျဆင်းနေပြီဖြစ်သည်။ တစ်ချိန် က အရှေ့တောင်အာရှမှာ ခေတ်ရှေ့ပြေးခဲ့တဲ့ မြန်မာ့မီးရထား ဒီအခြေအနေ ဘာကြောင့်ရောက်ခဲ့ရသလဲ၊ ဝန်ထမ်းဟောင်း တစ်ယောက် အနေဖြင့် စဉ်းစားမိပြီး ရင်ဖွင့်ချင်လာခြင်းဖြစ်သည်။

မီးရထားလောကတွင် အကျင့်ပျက် ခြစားမှုမျိုးစုံ ရှိကြပါ၏။ ခေတ်အလိုက် စီးပွားလမ်းဖြောင့်ခဲ့ကြပါ၏။ အထက်ကိုလည်း ပေးရ၏၊ ဝေစုခံလည်း ယူရ၏။ ဝန်ထမ်းအားလုံး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲစေရန် နည်းအမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ကြသော်လည်း ခေါင်ကမိုးမလုံလျှင် တံစက်မြိတ်က ဘယ်လိုမျှ မလုံနိုင် ပါချေ။ ကျွန်တော်သည် ၁၉၇၇ ခုနှစ် မီးရထားဝန်ကြီး ဦးထွန်းလင်း လက်ထက်မှစ၍ ဦးအောင်မင်း လက်ထက်အထိ ဝန်ကြီးအဆက်ဆက်ကိုလည်း မှီခဲ့ပါသည်။ အဆိုးဆုံး ကာလမှာ ဝန်ကြီး ဦးအောင်မင်း ကာလဖြစ်ပါသည်။

ကျွန်တော်တို့ထက် အသက် ၇ နှစ်ခန့် ငယ်ပါလိမ့်မည်။ သူ့ကို '' အဘ '' ဟု ခေါ်ရပါသည်။ အဘဝန်ကြီး ဦးအောင်မင်း က ကျွန်တော်တို့ဘာမှမတတ်ခဲ့ပါဘူး ဟု ပြည်သူတွေကြားမှာ ပြောလေ့ရှိပါသည်။ ဦးအောင်မင်း မတိုင်ခင်က နဝတခေတ် ဝန်ကြီးများဖြစ်သည့် ဦးဝင်းစိန်၊ ဦးပန်းအောင် အသီးသီး လက်ထက် တွင် မြန်မာ့မီးရထားနှင့်ပတ်သက်၍ တတ်နိုင်သလောက် တိုးချဲ့လုပ်ကိုင်ခဲ့ကြပါသည်။ 

သူတို့အနေနှင့် ပညာရှင်များမဟုတ်သော်လည်း တည်ဆောက်ရေးလုပ်ငန်းမှန်သမျှကို ကိုယ်တိုင်မြေပြင်ဆင်းပြီး လိုက်လံစစ်ဆေး ကြသည်။ ပညာရှင်များကို နေရာပေးကြသည်၊ မြန်မာ့မီးရထားကဏ္ဍကို အဆင့်အတန်း တစ်နေရာတွင် ထိန်းထား နိုင်ခဲ့သည်။ သူ့လက်ထက်နှင့်သူ အဆင့်အလိုက်အဆင်ပြေအောင် ညှိနှိုင်း ရယူမှုများလည်း ရှိကြသည်။ စာဖွဲ့ လောက်သည့် အနေအထား တော့မရှိ။ သို့တစေ အားလုံးကျေနပ်ကြသည်။

၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဦးအောင်မင်း ဝန်ကြီးဖြစ်လာသည့်အချိန်တွင် နိုင်ငံတော်တည်ဆောက် ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်လာခဲ့သည်နှင့်အတူ မီးရထားကဏ္ဍတွင် တည်ဆောက် ရေးပိုင်းဆိုင်ရာ တိုးချဲ့ ခဲ့ရတာတွေ၊ အသစ်တည်ဆောက်ရတာတွေလည်းများလာခဲ့သည်။ လုပ်ငန်း တွေများလာလေ ၁ဝ ရာခိုင်နှုန်း ဆိုသည့် နာမည်ကြီးကိစ္စတွေ များလာလေဖြစ်လာသည်။ ၁ဝ ရာခိုင်နှုန်း မျှဖြင့် အားမရသောကြောင့် ယောက်ဖတော် သူ တည်ထောင်ထားသည့် မင်းအနော်ရထာကုမ္ပဏီနှင့် ၎င်း၏ တူဖြစ်သည့် ဝဏ္ဏကိုတို့အား ဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းအများအပြားကို လက်ဝါးကြီးအုပ် ဆောင်ရွက်စေခဲ့ပြီး တဖြည်းဖြည်းနှင့် ၁ဝ ရာခိုင်နှုန်းပျောက်သွားကာ ဦးအောင်မင်း အိတ်ကပ်ထဲသို့ အကုန် ရောက်သွားတော့သည်။

ဦးအောင်မင်း လက်ထက်တွင် ရထားလမ်းများ တိုးချဲ့ဖောက်လုပ်ခဲ့သော်လည်း ရထားလမ်း၏ အရည် အသွေးမှာ မြင်းလိုခုန်၊ လိပ်လိုသွား ဟု နာမည်ကြီးခဲ့သည်။ ရန်ကုန် - မန္တလေး ၁ဝ နာရီ ခရီးကို ၁၆ နာရီကြာမှ ရောက်သည်။ တိုးချဲ့တာလည်းများသလောက် ပျက်စီးတာတွေလည်း ပိုများလာခဲ့သည်။ ၁၉၉၂ ခုနှစ် ကတည်းက ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာရောက်ရှိခဲ့တဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့များ၏ လုပ်ငန်းလိုင်စင်ကိစ္စများသည်လည်း ဝန်ကြီး၏ထိန်းချုပ်မှု အောက်မှာ စည်းပျက်ကမ်းပျက်နှင့် နာမည်ဆိုးများဖြင့် ကျော်ကြားခဲ့ရသည်။ မြစ်ငယ် မီးရထားစက်ရုံ၏ BOT ကန်ထရိုက်စနစ်များတွင်လည်း ၁ဝ ရာခိုင်နှုန်းအထက် ရလိုခြင်းကြောင့် China National Complant ကုမ္ပဏီ က မျက်ကလဲဆန်ပြာ ဖြစ်ခဲ့ရသည်။ ၁ဝ ပေ တံတား ၁ စင်းဆောက်ဖို့ အမည်ပေါက် လိုချင်လျှင် သိန်း ၅ဝ ပေးရ သည်။ ဒီလိုနှင့် စီမံကိန်းအားလုံးနီးပါး သူတို့၏ကုမ္ပဏီများကသာ နေရာယူခဲ့သည်။ မီးရထားဝန်ကြီးဌာနပိုင်မြေ၊ အဆောက် အဦတွေဟာလည်း မိသားစုပိုင် တော်တော်များများ ဖြစ်သွားခဲ့သည်။ မိတ်ဆွေများ၏ သတင်းစကားအရ မြောက်ဥက္ကလာ ခုံးကျော်တံတားအတွက် စီမံကိန်းအင်ဂျင်နီယာများက ဝန်ကြီးသို့ သိန်းပေါင်း တစ်သောင်း လောက် ပေးရကြောင်း သိရသည်။

သမီးကလည်း Lucky Flower ? Sunday Mart ? Sakantha ဟိုတယ် စသည်ဖြင့် လုပ်ငန်းရှင်ကြီး ဖြစ် လာခဲ့သည်။ ရှေ့ကဝန်ကြီးများနှင့် အလွန်ကွာပါသည်။ ဘာမှမတတ်ဘူးဟုသာ ပြောသည်။ သူတတ်သမျှ အားလုံး သူ့အတွက်ချည်းဖြစ်နေသည်။ ပြည်သူတွေအားလုံး မသိသေးသော လက်တွေ့ ဖြစ်ရပ်မှန် များဖြစ်သည်။ သူ၏ အရည်အချင်းမှာ လူယုံအောင်ပြောတတ်သည့်နေရာတွင် တစ်ဖက်ကမ်းခတ်သည်။ ကျွန်တော်တို့လို လက်အောက် ဝန်ထမ်းများအနေဖြင့် သိနေသော်လည်း ပြန်ပြောခွင့်မရှိ၊ တင်ပြပိုင်ခွင့်မရှိ၊ အထက်လူကြီးများ အနေဖြင့်လည်း သိသိကြီးနှင့် အညာခံနေရသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်း သည်။

ကျွန်တော့်မှာ ခံစားချက်ရှိပါသည်။ ဦးအောင်မင်းက သူတာဝန်ယူခဲ့တဲ့ မီးရထားဝန်ကြီး ကာလ တစ်လျှောက် ဘာတွေလုပ်ခဲ့ပါသလဲ၊ မတတ်ဘူးဟုပြောပြီး လက်အောက်ကဝန်ထမ်းတွေ အပေါ်မှာကော ညှာတာ တဲ့စိတ်ထား ရှိခဲ့ပါသလား၊ ကျွန်တော်တို့ဟာ ဝန်ထမ်းများဖြစ်ပါသည်။ ပညာရှင်လည်း ဖြစ်ပါသည်။ မတတ်ပါလျှင် ပညာရှင်ရဲ့ အကြံပြုမှုကိုလက်ခံရပါမည်။ တင်ပြခွင့်လည်းမရှိ၊ ဖြေရှင်းခွင့် လည်းမရှိ၊ မိသားစုကုမ္ပဏီကို Contract ပေးပြီး ပညာရှင်ရဲ့စစ်ဆေးမှု၊ လက်ခံမှုမပြုရဘဲနဲ့ လူကြီးတွေကို ပြီးပါပြီလို့ တင်ပြလို့ ဖွင့်လှစ်ပေးခဲ့ရတဲ့ လမ်းတွေ၊ ဖွင့်ပြီးနောက် တစ်နေ့မှာဘဲ မြေသား မကောင်း၊ ကျောက် မပြည့်လို့ မနိုင်မနင်း အပေါက်ဖာခဲ့ရတာတွေဟာ ဒီနေ့ အထိ အကျိုးဆက်တွေပါလို့ ကျွန်တော်ပြောရဲ ပါသည်။ အထက်လူကြီးကို လိမ်ညာတင်ပြပြီး လုပ်ငန်းတွေ အတင်း တိုးချဲ့၊ တိုးချဲ့ သလောက် နောက်က မနိုင်မနင်း လိုက်လုပ်နေရပေမယ့် သူကတော့ ဆယ်သက်မက ချမ်းသာသွား ခဲ့သည် မှာ အသေအချာ ဖြစ်ပါသည်။ 

ဦးအောင်မင်း သမ္မတရုံးဝန်ကြီး ဖြစ်သွားတော့ ဦးဇေယျာအောင် ပြောင်းလာသည်ဟု သိရသည်။ မြစ်ကြီးနားတိုင်းမှူးကလာတယ်ဟုသိရပြီး KIA နဲ့ ဖြစ်တဲ့ကိစ္စတွေမှာ အခြေအနေမကောင်းလို့ တပ်ချုပ်က သမ္မတနဲ့ ညှိပြီး အရပ်ဘက်ပို့လိုက်တာ ဟု ပြောကြသည်။ သူလည်း ဘာမှတတ်မှာမဟုတ်ပါဘူး ဟု လက်ရှိတာဝန် ထမ်းဆောင်ဆဲ မိတ်ဆွေများက ပြောကြပြန်သည်။ ဦးဇေယျာအောင် တစ်ယောက်လည်း ဘာမှမတတ်၊ ဘာမှ မလုပ်ရသေးခင် ဝန်ကြီးဌာနတစ်ခုကို ပြောင်းသွားပြန်ပါသည်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ဝန်ကြီးဌာနကိုတော့ နာမည်ကောင်းနှင့် ရှိစေချင်သည်။ ယခုလို နာမည်ဆိုးနှင့် ကျော်ကြားမှုမျိုးကို မလိုလားပါ။ တစ်ကယ်ကျွမ်းကျင်တဲ့လူတွေကို နေရာမပေးဘဲ သူ့အတွက် အဆင်ပြေမယ့် ဆွေမျိုးသားချင်းများ၏ ကုမ္ပဏီများကိုသာ နေရာပေးပြီး ကိုယ်ကျိုးလုပ်သွားသူ အတ္တသမား ဦးအောင်မင်းမှာသာ တာဝန်ရှိပါသည်။ ယခု ကျွန်တော် အရပ်ထဲရောက်လာတော့ သတင်းပိုစုံလာသည်။ Peace Center ကို ထူထောင် ပြီး ငြိမ်းချမ်းရေးအတွက်အကြောင်းပြကာ နိုင်ငံတော်၏ ဘတ်ဂျက် ထက်ဝက်လောက်ကို ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ အတွက် နိုင်ငံတော်သမ္မတထံသို့ သွယ်ဝိုက်သော နည်းအားဖြင့် တင်ပြတောင်းခံထားဆဲဟု သိရသည်။ မိသားစု၌ ဆယ်သက်စားမကုန်သော ပိုင်ဆိုင်မှုများ ရှိနေပါလျက် ရောင့်ရဲတင်းတိမ်နိုင်မှုမရှိသည့်လုပ်ရပ်ကို တော်တော်ရွံမုန်း မိသည်။ 

သူ့လိုလူတွေရှိလို့လဲ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီနှင့်ဝေးနေတာ ဖြစ်သည်။ ဝန်ကြီးဌာနကို ဖျက်ဆီး ပြီးနောက် နိုင်ငံတော်ကိုပါ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေသည့် ခြေလှမ်းတစ်ရပ်ဟုသာ ကျွန်တော်မြင်ပါ သည်။ မီးရထားစက်ခေါင်းရုံ၊ တွဲပြင်အလုပ်ရုံတို့မှ ကန်ထရိုက်တာများအပေါ် ခေါင်းပေါင်းဖြတ်ခဲ့သည့်ဝေစုများ၊ လမ်း/တံတားများ တည်ဆောက်မှုအပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ဒွေးလမ်းတည်ဆောက်မှုပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ကတိကဝတ်ပေါင်းမြောက်မြားစွာနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့သည့် ကားပါမစ်များမှရရှိခဲ့သောဝေစုများ၊....များ၊ ....များ တို့ဖြင့် လုပ်ချင်တာလုပ်နေသော ဖခင်၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့သမီး၊ နောက်ဆုံးတော့ မွတ်ဆလင်ဆိုသူကိုပါ သမက်အဖြစ် အိမ်ပေါ် တင်ထားသည်ဟု သိရသည်။

ကိုခိုင်လေး ဆိုသူက အင်တာနက်ပေါ်တွင် ရေးထားတာဖတ်လိုက်ရသည်။

လွှတ်တော်ကို ဖျက်ဖို့လိုသလို ဒီလိုလူမျိုးတွေကိုလည်း ဝန်ကြီးရာထူးက ဖြုတ်သင့်ပါသည်။ နိုင်ငံတော် အတွက် ဘာတစ်ခုမှအကျိုးမရှိ၍ ရင်ဖွင့်မိခြင်းဖြစ်ပါသည်။

မီးရထားဝန်ထမ်းဟောင်းတစ်ဦး

Credit : http://www.yeyintnge.com/2013/08/blog-post_28.html#.Uh7Bhn8R8YI

မြန်မာနိုင်ငံသားနှင့်လက်ထပ်ထားသော နိုင်ငံခြားသားများကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့်ပြု

မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း များကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့် ပြုထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံတွင် မွေးဖွားပြီး ပြည်ပ နိုင်ငံသား ခံယူထားသည့် နိုင်ငံခြားသား များနှင့် မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ ပြည်ပ နိုင်ငံသား များသည် လူမှုရေး ပြည်ဝင် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်နိုင်ပြီး အချိန် ကြာမြင့်စွာ နေထိုင်လိုပါက လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တိုင်း ဦးစီးဌာနမှူး ရုံးထံ နေထိုင်ခွင့် သက်တမ်း အကြိမ်ကြိမ် တိုးမြှင့် နေထိုင်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။မြန်မာနိုင်ငံသားနှင့် အိမ်ထောင်ပြုထားသည့် နိုင်ငံခြားသား ဇနီး၊ ခင်ပွန်းသည် (လူမှုရေး) ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်လာပြီး မြန်မာနိုင်ငံ တွင် နေခွင့်သက်တမ်း တိုးမြှင့်လိုပါက မည်သည့်ဌာန အကြီးအကဲ၏ သဘော တူညီချက်ကိုမျှ ရယူရန် မလိုဘဲ ဆန္ဒရှိသရွေ့ အကြိမ်ကြိမ် တိုးမြှင့် နေထိုင်ခွင့် ပြုပေးနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနထံမှ သိရသည်။“တခြား နိုင်ငံသား ခံထားတဲ့ မြန်မာတွေလည်း အလုပ် အခြေအနေအရ ဆိုတော့ အကြာကြီး မနေနိုင်ပါဘူး။ မြန်မာနိုင်ငံသားနဲ့ ယူထားတဲ့ သူကတော့ ပြည်တွင်းမှာ သူတို့အလုပ်ကိစ္စရှိတဲ့ အခါမျိုးဆို ကြာကြာနေ တာပါ” ဟု စင်ကာပူ နိုင်ငံသား ခံယူထားသူ မြန်မာပြည်ဖွား အိုင်တီ အင်ဂျင်နီယာ တစ်ဦးက ဆိုသည်။အဆိုပါ ပြည်ပ နိုင်ငံသားများ နေထိုင်ခွင့် သက်တမ်းအတွက် ဗီဇာ ခွင့်ပြုစဉ် က ၂၈ ရက်နှင့် ပထမအကြိမ် နေခွင့် သက်တမ်း သုံးလအတွက် အမေရိကန် ဒေါ်လာ ၃၆ ဒေါ်လာ ကောက်ခံပြီး ဒုတိယအကြိမ် နေခွင့် သက်တမ်း တိုးချိန်မှ စ၍ တစ်ကြိမ်လျှင် နေခွင့် ခြောက်လအတွက် ဒေါ်လာ ၉၀ ဖြင့် အကြိမ်ကြိမ် သက်တမ်းတိုးနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

မလေးရှားလဝကရဲ့ ရာဇာသံ ထွက်ပေါ်လာခဲ့ပြီ



လာမည့်တနင်္ဂနွေနေ့ကစပြီး မလေးရှား အာဏာ ပိုင်အဖွဲ့စည်းအားလုံးက ခန့်မှန်းခြေ ၅၀၀၀၀၀ (၅သိန်း) ခန့်ရှိတဲ့ တရားမဝင်နေထိုင်သူများ အားလုံး ကို တိုင်းပြည်လုံး ပိုက်စိပ်တိုက် ရှာဖွေ တော့ မည်ဖြစ်ကြောင်းကို 28.8.20132 နေ့ The Star သတင်းစာမှာ ပြည့်ပြည့်စုံစုံ ရှင်းလင်း တင်ပြ သွားခဲ့ပါသည် ။


ယခင်တင်ပြခဲ့သည့်အတိုင်း ယခု စီမံချက် Operacy တွင် မလေးရှားနိုင်ငံ၏ လဝက ၊ ရဲ ၊ စစ်တပ် ၊ ရေးလား ၊ ပြည်သူ့စစ် အပါအဝင် တိုင်းပြည်ရှိ အာဏာပိုင်အဖွဲ့စည်းအားလုံးပူးပေါင်းရှာဖွေမည့်အင်အား ၁၃၅၀၀၀ ပါဝင်မည့်အကြောင်းကို ရေးသား ထားခဲ့သည် ။

ထိုအထဲတွင် လဝက မှာ အဓိက ပါဝင်စစ်ဆေးမည်ဖြစ်သည် ။ ယခု အစီအစဉ်တွင် ကွာလာမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်း ၊ ဂျိုဟိုး စသည့်နေရာများရှိ တရားမဝင်အလုပ်သမားများရှိသည့်သတ်မှတ်နေရာများကို အဓိက စစ်ဆေးသွားမည့်အကြောင်းဖော်ပြထားပါသည်။

ဖမ်းဆီးရမိသူများအားလုံးကို မည်သည့်ရဲစခန်းသို့မှ ပို့မည်မဟုတ်ပဲ မလေးနိုင်ငံရှိ တရားမဝင် နေထိုင် သူများကို ထိမ်းသိမ်းမည့် လဝက ကန့် ၁၂ ခုသို့တိုက်ရိုက်ပို့သွားမည်ဖြစ်ကြောင်းကို လည်းလဝကအရာရှိ Datuk Alias Ahmad ကပြောကြားသွားသည်။

ထို့အပြင်တရားမဝင်အလုပ်သမားများကို အလုပ်ပေးထားသည့် အလုပ်ရှင်များကိုလည်း တရားဥပဒေအရ Migrants Act 2007 အတိုင်းအရေးယူသွားမည့်ဖြစ်ကြောင်းရေးသားထားသည်။ ယခုစီမံချက် အတွက် တရားဝင်အလုပ်သမားများ မပါဝင်စေရန် ထိုသူတို့အတွက်လုံလောက်သော အထောက် အထား များကို သူဌေးများမှ ထုတ်ပေးထားရန် ယနေ့တရားဝင်ကြော်ငြာထားပြီးဖြစ်သည်ဟုဖော်ပြထားသည် ။

ယခုစီမံချက်သည် 6P စီမံချက်အတွင်း မှတ်ပုံတင်ထားသူများထဲမှ တရားဝင်လာရောက်မဆောင်ရွက်သော သူများအားလုံးကိုအဓိကထားရှာဖွေမည်ဖြစ်ပြီး တွေ့ရှိပါကမည်သည့် တရားဝင်ဆောင်ရွက်မှု့ မျိုးမှ ပေးမည် မဟုတ်ကြောင်း နှင့် တရားဝင်ဆောင်ရွက်ပေးသောအေးဂျင်းများမှ အဓိကတာဝန်ယူ ရမည့် အကြောင်းကို ဖော်ပြထားသည် ။

အဆိုပါ 6P စီမံချက်တွင် တရားဝင်ဆောင်ရွက်ထားသော သူ ၂ သန်းကျော်အတွင်းခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက်စာတမ်းမပြည့်စုံသူများဖြစ်ကြောင်းတွေ့ရှိရပြီးဖြစ်ကြောင်း ။ ထိုသူများထဲမှာ ၅ သိန်း ကျော်ကို တရားဝင်ပါမစ်များထုတ်ပေးခဲ့ပြီး ကျန်သည့် ၃သိန်း ၃ သောင်းကျော်မှာ ယနေ့ထိတိုင် တရားဝင်ပါမစ် အတွက်မဆောင်ရွက်သေကြောင်း ။

ယခု မလေးရှားအစိုးရမှ အခွင့်အရေးအပြည့်ပေးထားပြီးဖြစ်ကြောင်း ။ ယခု အချိန်သည် 6P စီမံချက်၏ enforcement ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အထူးသဖြင့် ဂျိုဟိုး ပါစီဂူးဒန်းမှ ဝင်ရောင်လာသော အင်ဒိုနီးရှားနိုင်ငံသားများမှာ အိုဗားတေးနေထိုင်မှုအထူးများပြားကြောင်း ။

ထပ်မံပြီးတရားမဝင်နေထိုင်သူများအနေဖြင့် ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ဗီယက်နမ် နှင့် နီပေါနိုင်ငံသားများ ရှိနေ ကြောင်း ။

ဒါတွတ်အလီ မှ ဆက်လက်ပြောကြားရာတွင် ကြောင်နှင့်ကြွက် ကစားပွဲကြီးအတွက် မလေးရှားအစိုးရမှ အပြည့် အဝ ပြင်ဆင်ပြီးဖြစ်ကြောင်း နှင့် ..

လာမည့် တနင်္ဂနွေနေ့မှစတင်ပြီး ထိုတရားမဝင်နေထိုင်သူများ ရုတ်တရက်ပျောက်ကွယ် သွားရ မည်ဖြစ်ကြောင်း ကို..။ တရားမဝင်နေထိုင်သူများအားလုံး ပုန်းနေခဲ့တာကြာပြီ မည်မျှဆက်လက် ပုန်းအောင်းနိုင်မည်ကို စောင့်ကြည့်စေလိုကြောင်း ။

၃ လတိတိ ဆက်တိုက်ပြုလုပ်မည့် အဆိုပါအော်ပရေးရှင်းတွင် မလေးရှားနိုင်ငံမှ တရားမဝင် နေထိုင်သူများအားလုံးပျောက်ကွယ်ရမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်မည်ဖြစ်သည့်အကြောင်း။

တရားမဝင်နေထိုင်သူများအတွက်ကာကွယ်ပေးသူ ၊ အကူညီပေးသူများအားလုံးကို ဒဏ်ငွေ ၅၀၀၀၀၀ နှင့် ထောင်ဒဏ် အနှစ် ၂၀ အထိ အမြင့်ဆုံးသတ်မှတ်ထားသည့်အတွက်မည်သူမျှ ကာကွယ်မပေးစေ လိုကြောင်းကို ...။

အလုပ်ရှင်များအားလုံးသိစေရန်မှာ အခွင့်အရေးပေးထားပြီးသည့်အတွက် မည်သည့် တရားမဝင် အလုပ် သမား ကိုမှ ဆက်လက်မထားတော့ရန် အချိန်ရောက်ပြီဖြစ်ကြောင်းကို . လဝက ဒါရိုက်တာ ဒါတွတ်အလီမှ ပြောကြားသည့်အတိုင်း မလေးရှားရောက် မြန်မာနိုင်ငံသားများသိရှိစေရန် ဘာသာပြန် တင်ဆက် ပေးရ ပါသည် ။

Source : http://www.thestar.com.my/News/Nation/2013/08/28/Nations-biggest-ever-crackdown-soon.aspx

Wednesday, August 28, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်မှု လျှို့ဝှက် ဆောင်ရွက်မည်



၂၀၀၈ ခုနှစ်တွင် စစ်အစိုးရက ရေးဆွဲပြဋ္ဌာန်း ခဲ့ သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည် လေ့လာ သုံးသပ်မှုကို ၄ လအတွင်းအပြီး လျှို့ဝှက် ဆောင် ရွက်ရန် ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ကန့်ကွက် သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။


ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒ ကျော်စွာက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသည် အခြေခံဥပဒေ ကို အပိုင်းလိုက် လေ့လာသုံးသပ် သွားမည် ဖြစ်ပြီး နိုင်ငံ တိုးတက်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နိုင်သော ခေတ်မီ ဥပဒေ ဖြစ်ပေါ်လာရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး၊ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာ ရေးတို့ကို အခြေခံမူ အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသည် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး လုပ်ဆောင် ရာတွင် ပြင်ပသို့ ပေါက်ကြားမှု မရှိစေရန် လျှို့ဝှက် ဆောင်ရွက်ရမည်ဖြစ်ပြီး လေ့လာသုံးသပ်မှု အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရာတွင် အမြင်သဘောထား များကို လွတ်လပ်စွာ ပြောဆိုဆွေးနွေးပိုင်ခွင့်ရှိပြီး ထိုသို့ ပြောဆို ဆွေးနွေးမှုအတွက် ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ် ခွင့်ရှိသည်ဟု သိရှိရသည်။

အခြေခံဥပဒေ သုံးသပ်ရေး ပူးပေါင်းကော်မတီသည် နိုင်ငံတော်၏ သမိုင်းကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး စီးပွားရေး လူမှုရေး အခြေအနေ၊ ပြည်သူတို့၏ နိုင်ငံရေးအသိ ရင့်ကျက်မှု အခြေအနေ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး တို့ကို အဓိကထား သုံးသပ်မှုပြု လုပ်မည်ြဖစ်ပြီး အကျိုး မဖြစ်ထွန်းနိုင်သော အငြင်းပွားဖွယ်ရာ ပြဋ္ဌာန်းချက်များထက် နိုင်ငံတော်အတွက် အကျိုးရှိပြီး ပြည်သူများလိုလားသည့် ပြဋ္ဌာန်းချက်များကို ဦးစားပေး လေ့လာသုံးသပ်ရမည် ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကိစ္စရပ်များကို လေ့လာ ဆန်းစစ်ဖော်ထုတ် မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်သည် ဒီမိုကရေစီစနစ်နှင့် ပိုမို ကိုက်ညီရေးအတွက် လေ့လာ သုံးသပ် တင်ပြမည်ဖြစ်ပြီး ပြည်သူတို့ ယုံကြည်အားထားရမှုကို ရရှိသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေး အတွက် လေ့လာ သုံးသပ် တင်ပြမည်ဟု သိရှိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က”NLD အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ချင်တဲ့ အချက်တွေကို ပူးပေါင်းကော်မတီ ကိုတင်ပြမယ်။ ကော်မတီမှာ ညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်ရမှာပဲ။ ဘာတွေပြင်နိုင်မလဲဆိုတာက ဆွေးနွေးညှိုနှိုင်းမှု တွေပေါ်မှာပဲ မူတည်ပါတယ်။ ကော်မတီမှာ ဆွေးနွေးမှုတွေက မပေါက်ကြားဖို့ လျှို့ဝှက်ဆိုတာကတော့ ပူးပေါင်းကော်မတီရဲ့ မူပဲလေ” ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၅၂ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် အမတ် ၇ ဦးနှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ အပါ အ၀င် စုစုပေါင်း ၁၀၉ ဦးပါဝင်သည်။

Credit : http://burma.irrawaddy.org/archives/47112

မြန်မာတိုင်းမ် ရပ်ဆိုင်းရန် ဒေါက်တာ တင်ထွန်းဦးတို့ ဇနီးမောင်နှံ တရားရုံးသို့ လျှောက်တင်



အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ထုတ်ဝေလျှက် ရှိသော မြန်မာတိုင်းမ် ဂျာနယ်ကို ရပ်ဆိုင်းရန်နှင့် ယင်းဂျာနယ် ထုတ်ဝေနေသော Myanmar Consolidated Media (MCM) Co., Ltd. ကုမ္ပဏီ ကို ဖျက်သိမ်းရန် အဆိုပါ ကုမ္ပဏီမှ ဒါရိုက် တာများ ဖြစ်ကြသော ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး သို့ လျှောက် ထားလိုက်ကြောင်း သိရသည်။


ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးသို့ ၂၀၁၃ ခုနှစ် တရားမ အထွေထွေ အမှုအမှတ် ၁၅၁ ဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျာနယ်ကိုရပ်ဆိုင်းရန်အတွက် တားမြစ်အမိန့်ပါ တပါတည်း တင်ထားပြီးဖြစ်ကြောင်း လျှောက်ထားသူများ ဘက်မှ အကျိုးဆောင်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မြင့်က ဧရာဝတီသို့ ပြောသည်။

“တရားရုံးကို ရောက်တယ်ဆိုကတည်းက အားလုံး ချေပခွင့် ရှိပါတယ်။ ဒီတားမြစ်အမိန့်ကိုရော၊ ကုမ္ပဏီ ဖျက်သိမ်းဖို့ လျှောက်တာ ကိုရော တဘက်ကလည်း ချေပခွင့်ရှိပါတယ်။ ကျနော်တို့ကို ကုမ္ပဏီ ဖျက်သိမ်း ချင်တယ်လို့ တရားစွဲခိုင်းလို့ စွဲတာပဲ။ ဥပဒေ အတိုင်းပဲ လုပ်သွားတာပါ။ ကျနော်တို့က တရားရုံးကိစ္စတွေ ဆိုတော့ သိပ်ပြောလို့မရပါဘူး။ ကျနော်တို့ ပြောလိုက်လို့ တရား ရုံးဘက်ကရော၊ အမှုရင်ဆိုင်ရမယ့် တခြားဘက်တွေကရော တမျိုးမြင်သွားမှာ မလိုလားပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့ ကြွေးမြီးရှင် ဘက်မှ စာရင်းရှင်း၊ ကုမ္ပဏီ ဖျက်သိမ်းလိုကြောင်း ကြေညာချက်ကိုသာ သိထားပြီး မည်သို့ လျှောက်ထားသည် ဆိုသည့် အသေးစိတ်ကို မသိရသေး သောကြောင့် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို မပြောနိုင် သေးကြောင်း MCM Co., Ltd. ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ရှေ့နေ ဦးမင်းစိန်က ဧရာဝတီသို့ ပြောသည်။

၎င်းတို့ အနေဖြင့် မြန်မာတိုင်းမ် ဂျာနယ် ထုတ်ဝေမှုကို ရပ်ဆိုင်းရန် တဘက်က တင်ပြထားသည်ကိုလည်း မသိရ သေးကြောင်း၊ တဘက်ရှေ့နေထံမှ လျှောက်ထားမှု အသေးစိတ်ကို သိရပြီးမှသာ မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကုမ္ပဏီ နည်းဥပဒေအရ ကျနော်တို့ လျှောက်ထားမှု အသေးစိတ်ကို တောင်းရဦးမယ်။ သတင်းစာထဲ ပါသလောက်ကတော့ အကြွေးရစရာရှိလို့ စာရင်းရှင်းမယ့် သဘောမျိုးလောက်ပဲ ရှိသေးတယ်။ အဲဒီ လျှောက်လွှာကို တိတိကျကျ သိရတော့မှ သူတို့မှာ ဂျာနယ်ထုတ်ဝေမှုကို တားမြစ်ခွင့်ရှိ၊ မရှိ၊ ကုမ္ပဏီ ဖျက်သိမ်းကိစ္စကိုလည်း ဘယ်လို ဆက်လုပ်မယ်ဆိုတာ ပြောလို့ ရမယ်။ အခုအချိန်အထိ ကျနော်တို့ ဘက်က အသေးစိတ် ဘာမှ ပြောလို့မရသေးပါဘူး” ဟု ၎င်းက ဆက်ဆိုသည်။

မြန်မာတိုင်းမ် ဂျာနယ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်သော မိမိ တို့နှင့် ၄၉ ရာခိုင်နှုန်း ပိုင်းဆိုင်သော နိုင်ငံခြားသား မစ္စတာ ရော့စ် ဒန်ကလေတို့ အကြား ရှယ်ယာကိစ္စများနှင့် မည်သို့မျှ ညှိနှိုင်း ဆောင်ရွက်၍ မရတော့သောကြောင့် ကုမ္ပဏီကို တရားရုံး၏ အဆုံးအဖြတ်ဖြင့် ဖျက်သိမ်းရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဒေါက်တာ ခင်မိုးမိုးက ဧရာဝတီသို့ ပြောသည်။

မိမိတို့ လက်ဝယ် ပိုင်ဆိုင်ထားသော ရှယ်ယာများကိုလည်း ရောင်းချ၍ မရသည့်အတွက် ထိုသို့ ဖြစ်လာရခြင်း ဖြစ်ကြောင်း၊ရှယ်ယာများကို မစ္စတာ ရော့စ် ဒန်ကလေ ဘက်မှ ရှင်းလင်းပေးရန် လက်တွေ့ ဖြစ်မလာသောကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ညှိလို့ရခဲ့ရင်တော့ ဒီအခြေအနေ ဘယ်ဖြစ်လာမလဲ။ အခုတော့ တရားရုံး ဆုံးဖြတ်ချက် မကျသေးခင်မှာ စကားဦးသန်းတဲ့ စကားမျိုး မပြောချင်ဘူး။ တရားရုံးကို စော်ကားသလို ဖြစ်မှာစိုးလို့။ ကုမ္ပဏီကို အပြီး ဖျက်သိမ်းလိုက်ချင်တဲ့ ဆန္ဒတော့ မရှိပါ ဘူး။ ဒီလောက်ကောင်းတဲ့ အလုပ်တခုကို မဖြစ်လွန်းလို့သာ လုပ်ရတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ ကုမ္ပဏီကိုပါ ဖျက်သိမ်းရန်အထိ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သော လုပ်ရပ်တခု မဟုတ် ကြောင်း၊ တကယ် ဖျက်သိမ်းသည် ဖြစ်စေ၊ မဖျက်သိမ်းသည် ဖြစ်စေ ၀င်ရောက် လုပ်ကိုင်နေသော ၀န်ထမ်းများ၏ စိတ်ဓာတ် ရေးရာများကို ထိခိုက်စေသော လုပ်ရပ်ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်း ဌာနကို စတင် တည်ထောင်သူများထဲတွင် တဦး အပါအ၀င် ဖြစ်သည့် ဦးဆန်နီဆွေက ဧရာဝတီသို့ ပြောသည်။

ဦးဆန်နီဆွေသည် ၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေး လက်ထက်တွင် စာပေစိစစ်ရေး၏ ခွင့်ပြုချက် မယူဘဲ ဂျာနယ်တွင် သတင်းဖော်ပြမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၅ ခုနှစ် ဧပြီတွင် ၎င်းကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ရကာ ယခုနှစ် ဧပြီတွင် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။

၎င်းအနေဖြင့် ၂၀၀၅ ခုနှစ်ကတည်းက မြန်မာတိုင်းမ် တွင် ရှယ်ယာပိုင်ဆိုင်မှု မရှိခဲ့သောကြောင့် အကျဉ်း ကျနေမှုမှ လွတ်မြောက်လာပြီး နောက်ပိုင်း ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် ကြိုးစားခဲ့ရာ ဈေးနှုန်း ကိုက်ညီမှု မရှိခြင်းကြောင့် မ၀ယ်ဖြစ်ခဲ့ကြောင်း သိရသည်။

“ကျနော်က မြန်မာတိုင်းမ်ကို တည်ထောင်သူ တယောက်အနေနဲ့ အများကြီး သံယောဇဉ်ရှိတယ်။ ဒီလိုမျိုး ပိတ်သိမ်းတာ၊ ဖျက်သိမ်းတာအထိပါ လုပ်တာမျိုးကတော့ အလုပ်သမားတွေ အတွက်ပါ အများကြီး ကသောင်းကနင်းဖြစ် စေတာပေါ့။ ဒီလိုမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ကျနော်ကိုယ်တိုင် စတင် ပျိုးထောင် ခဲ့တဲ့အတွက် တော်တော် စိတ်မကောင်းပါဘူး။ ရှယ်ယာတွေ ပြန်ဝယ်ဖို့ ဘာ့ကြောင့် မအောင်မြင်တာ လဲတော့ ကျနော်မသိဘူး။ မရောင်းချင်လို့ မရောင်းတာ ဖြစ်မှာပေါ့” ဟု ဦးဆန်နီဆွေက ပြောသည်။

မြန်မာတိုင်းမ် ရှယ်ယာ ကိစ္စနှင့် ပက်သက်ပြီး ယခုနှစ် ဇန်န၀ါရီလ အတွင်းကလည်း ရှယ်ယာရှင်များ အချင်းချင်း စကားများ၍ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟု ဆိုကာ အမှုဖွင့်သည် အထိ ဖြစ်ခဲ့ကြ ကြောင်း သိရသည်။

မြန်မာတိုင်းမ် သတင်း ဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်တွင် ဦးဆန်နီဆွေနှင့် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ တို့က စတင်တည်ထောင်ခဲ့ပြီး အင်္ဂလိပ် ဘာသာ တမျိုးတည်းဖြင့် စတင် ထုတ်ဝေ ခဲ့သည်။ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်ခဲ့သော စစ်ထောက် လှမ်းရေး အဖွဲ့သည် ဂျာနယ် ထုတ်ဝေမှုတွင် ကျောထောက် နောက်ခံပြုမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာဘာသာဖြင့်ပါ ထုတ်ဝေခဲ့သည်။

မြန်မာတိုင်းမ် ဂျာနယ်တွင် နိုင်ငံခြားသား အယ်ဒီတာ အများအပြား ဝင်ရောက် လုပ်ကိုင်နေမှု၊ ရော့စ် ဒန်ကလေနှင့် ပတ် သက်သည့် နိုင်ငံခြား သတင်းထောက် အများအပြားသည် ၂၀၁၀ ရွေးကောက်ပွဲ ကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် ကာလများတွင် သတင်းများ ရယူ ဖော်ပြခဲ့မှုများကြောင့် ထိုကာလက ပြန်ကြား ရေးဝန်ကြီး ဦးကျော်ဆန်း၏ မျက်မုန်းကျိုးမှု ခံရကာ ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ် ဒန်ကလေတို့ ပြဿနာ ဖြစ်ပွား ခဲ့သေးကြောင်း အဆိုပါ ဂျာနယ် နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနစ် ဇန်န၀ါရီလ ကတည်းက ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ရှုံးနိမ့်ခဲ့သော ဒေါက်တာတင်ထွန်းဦးနှင့် ရော့စ် ဒန်ကလေတို့ အကြား ပြဿနာများ စတင်ဖြစ် ပွားခဲ့ကြောင်း၊ ယခု ဖြစ်ပွားခဲ့သော ပြဿနာမှ စတင်၍ ရှယ်ယာရှင်များ အချင်းချင်း သတင်းစာ ထုတ်လုပ်မှု ကိစ္စတွင် သဘောထား ကွဲလွဲနိုင်ကြောင်း၊ ရှယ်ယာ ထုတ်ယူသည် အထိပင် ဖြစ်လာနိုင်ကြောင်း ယင်းဂျာနယ်နှင့် နီးစပ်သူများက သုံးသပ်ကြသည်။

Credit : http://burma.irrawaddy.org/archives/47074

လွှဲသံသရာထဲမှာ ဝဲကာ လည်နေမှာလား ဗိုလ်ချုပ်ရုပ်ရှင်



ယခင် စစ်အစိုးရလက်ထက်မှာ တွေ့ဖို့ မြင်ဖို့ သိဖို့ ခက်ခဲတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ အကြောင်းနဲ့ ပုံရိပ်တွေကို နောင်လာနောက်သားတွေ သိရှိနိုင်အောင် ပြန်လည် အသက်သွင်းဖို့ ကြိုးစားလာခဲ့တာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ က ရုပ်ရှင်အနုပညာရှင် တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံမှုက စတင်ခဲ့တယ်လို့ ဆိုရမှာပါ။


ဒီကိစ္စအတွက် ကော်မတီဖွဲ့ကြလေတော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ လုပ်ပြီး လူရွှင်တော် ဇာဂနာ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် ဇင်ဝိုင်း၊ ဒါရိုက်တာ ၀ိုင်း၊ သရုပ်ဆောင် လူမင်း၊ ဒါရိုက်တာ မောင်မိုးသူ၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) နဲ့ ကိုလွင်(စနိုးဝှိုက်)၊ သရုပ်ဆောင် ဝေဠုကျော်၊ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်း၊ သရုပ်ဆောင် (ဦး) အောင်လွင်၊ လူရွှင်တော် အရိုင်းတို့နဲ့ ဖွဲ့စည်း ခဲ့ပါတယ်။ နောက်တော့ မောင်မောင်ဦး( စနိုးဝှိုက်)၊ ကိုလွင် (စနိုးဝှိုက်) တို့ကို အကြောင်းတစုံတရာ မသိရဘဲ အဖွဲ့ထဲမှာ မတွေ့ရတော့ပါဘူး။


၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ရုံးခန်းဖွင့်ပွဲ လုပ်တဲ့အခါ ဇာတ်ညွှန်းရေးဆရာ ဦးဇော်သက်ထွေးနဲ့ ဒါရိုက်တာ ဒေါ်အိအိခိုင်တို့ ပါဝင်လာတာ တွေ့ရပါတယ်။ ဒီအခါမှာတော့ ဦးဇော်သက်ထွေးက ပြန်ကြားရေး တာဝန်ခံ၊ ဒေါ်အိအိခိုင်က ဘဏ္ဍာရေးမှူး၊ ထွန်းအိန္ဒြာဗို ကတော့ စာရင်းစစ် ဆိုတဲ့ တာဝန်တွေနဲ့ပါ။ ဒီ ဗိုလ်ချုပ် ရုပ်ရှင်ကြီး ဖြစ်မြောက်ဖို့အတွက် တနိုင်ငံလုံးကလည်း အုန်းအုန်းကြွက်ကြွက်နဲ့ ၀ိုင်းဝန်းလှူဒါန်းခဲ့ကြ ပါတယ်။ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ထဲ ပါတာ၊ မပါတာ ပတ်သက်ပြီးတော့လည်း တော်တော် လှုပ်လှုပ် ခတ်ခတ် ဖြစ်ခဲ့ပြီးမှ ဦးကျော်သူရဲ့ အဖေ ဦးစိန်တင်က သူပိုင်တဲ့ အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်ဇာတ်ကား ရိုက်ဖို့ လှူတန်းခဲ့ ပြန်ပါတယ်။

ဒီမှာလည်း ပြဿနာနဲ့ပါ။ ဦးကျော်သူ တို့ရဲ့ အမျိုးသား ရုပ်ရှင် ဆိုတာ အရင်က နှစ်စဉ် အခွန်ကြေး မပေးဆောင်တော့တဲ့ အတွက် အပိတ်ခံထားရတဲ့ ကုမ္ပဏီ တခုပါ။ ဒါကိုမှ လာလှူရသလား ဆိုပြီး ပြဿနာ တက်ခဲ့တာတွေလည်း ရှိခဲ့ပြန်ပါတယ်။ တကယ်တော့ ရုပ်ရှင် ကုမ္ပဏီ တခု အတွက် မြန်မာငွေ ၃ သိန်းလောက် ပေးရင် ရုပ်ရှင်တကား ထုတ်လုပ်လို့ ရတဲ့ခေတ်မှာ ဦးကျော်သူတို့ရဲ့ အမျိုးသားရုပ်ရှင် အတွက် အရင်က မပေးဆောင်ခဲ့တဲ့ နှစ်အလိုက် အခွန်ကြေးတွေကို ကျပ်သိန်း ဆယ်ဂဏန်းကျော် သုံးစွဲ အလျော်ပေးပြီး ရှင်းခဲ့လင်းခဲ့ ပေးရတယ်လို့လည်း သိခဲ့ရပြန်ပါတယ်။ တကယ်တော့ ဒီပိုက်ဆံ တွေဟာ ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေတွေဆိုရင် မမှားပါဘူး။

နောက်တော့ ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ စာရေးဆရာ ဦးချစ်ဦးညို၊ ဇာတ်ညွှန်းရေးဆရာ ဦးငြိမ်းမင်း တို့တတွေ ဗိုလ်ချုပ် ရုပ်ရှင်အတွက် ဇာတ်ညွှန်း ရေးပါတော့တယ်။ ဒါပေမယ့် ဦးငြိမ်းမင်းက နောက်ပိုင်းမှာ ထွက်သွားခဲ့ပြန်ပါရော။ သူ့နေရာမှာ မြမြင့်မိုရ် ဖြစ်လာပါတယ်။ တနှစ်နီးပါး အချိန်ယူရေးခဲ့တဲ့ ဒီဇာတ်ညွှန်း ဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းကျမှ ပြီးပါတော့တယ်။ ဒီဇာတ်ညွှန်းရေး ဆရာတွေကို အနုပညာကြေး ဘယ်လောက် ပေးခဲ့ရတယ် ဆိုတာတော့ မစပ်စုတို့ ဘယ်လိုမှ စုံစမ်းလို့ မရခဲ့ပါဘူး။

ဒါပေမယ့် ဒီလို ပြီးစီးသွားပါပြီဆိုတဲ့ ဗိုလ်ချုပ် ဇာတ်ညွှန်းကို ပြန်ရေးဖို့ ဇာတ်ညွှန်ရေး ဆရာတွေ ပဲခူးမြို့ကို ထွက်သွားတယ်လို့ ကြားရပြန်တော့ အံ့အားသင့်လို့ ဗိုလ်ချုပ်ရုပ်ရှင် ကော်မတီကို မေးခဲ့ပေမယ့် ဖြေမယ့်သူ မရှိခဲ့ပါဘူး။ တခါ၊ အခု မေမြို့ကို ဒါရိုက်တာတွေ ဖြစ်ကြတဲ့ အိအိခိုင်၊ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး၊ ၀ိုင်း တို့က ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ညွှန်း သွားရေး ပြန်ပြီလို့ ဆိုလာပြန်ပါပြီ။ ဒါနဲ့ မစပ်စုလည်း ဘယ်လိုမှ မနေနိုင်တော့တာနဲ့ အမိအရ လိုက်စုံစမ်း ခဲ့ပါတော့တယ်။

ပထမ ဇာတ်ညွှန်းရေး ဆရာကြီးတွေ ရေးထားပြီးသွားပြီလို့ ဆိုတဲ့ ဇာတ်ညွှန်းကို နောက် ဇာတ်ညွှန်းရေး ဆရာတွေက မေမြို့သွားပြီး ထပ်ရေးကြ ပြန်တယ်လို့ ကြားရတော့ ပထမ ဇာတ်ညွှန်းက ဘာကြောင့်လဲ၊ မကောင်းလို့လား၊ မပြည့်စုံ လို့လားဆိုတဲ့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတော့တယ်။

ဒါရိုက်တာ ကြည်ဖြူသျှင်က “ဒီကိစ္စတွေကို ဗိုလ်ချုပ်ရုပ်ရှင် ပြန်ကြားရေးက ဦးဇော်သက်ထွေးကို မေးကြည့် လိုက်ပါ။ ကျမတို့ရဲ့ ကိစ္စတွေကို ပြန်ကြားရေး တခုတည်းကပဲ ဖြေကြားပေးဖို့ သဘောတူထားလို့ပါ” လို့ ဧရာဝတီကို ပြောပါတယ်။

ဒါနဲ့ မစပ်စုလည်း ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပြန်ကြားရေးက ဦးဇော်သက်ထွေးကို မေးကြည့် ပါတော့တယ်။

“အမှန်တကယ်တော့ ကျနော်တို့ ရုပ်ရှင်ကားတကား ရိုက်တဲ့အခါမှာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ရိုက်မယ် ဆိုရင် သူ့ရဲ့ Time Limit ရှိပါတယ်။ အဲဒီတော့ Oscar Nominate လုပ်တဲ့ ဇာတ်ကားတွေက ၃ နာရီထက် ပိုလို့ မရပါဘူး။ ၃ နာရီအောက်ကို ဖြစ်ရပါလိမ့်မယ်။ အဲဒီတော့ ဆရာသုံးယောက်က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဘ၀တွေကို အပိုင်းလိုက် ခွဲပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ် အလှုပ်ရှားရဆုံး၊ တကယ့်ကို ရသ အမြောက်ဆုံးတွေကို သူတို့ရဲ့ စိတ်ကူးစိတ်သန်း တွေနဲ့ ရေးချ လိုက်တာပါ။ အဲဒီလို ရေးချ လိုက်၊ ဘ၀အပိုင်းတွေကို ပြန်လည် ဆက်စပ်လိုက်တဲ့ အခါမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဇာတ်ကား တခုလုံးကို Over view ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားက ၃ နာရီစာ ရှည်လျားတဲ့ ဇာတ်ညွှန်း အခန်းတွေကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီအထဲကမှ ၃ နာရီစာ Frame ထဲ ပြန်ဝင်ပြီးတော့ ဇာတ်လမ်းရဲ့ အတက်အကျတွေ၊ တိုင်းပြည်ရဲ့ မသိရသေးတဲ့ သမိုင်း အချက်အလက်တွေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသားဆန်မှုတွေ ပါအောင်လို့ သူ့ဟာနဲ့သူ အစီစဉ် တကျ ရရှိဖို့အတွက် ဆရာကြီးတွေ ရေးပြီးသား ဇာတ်ညွှန်း ကို ပြန်လည်ပြီး နေရာတကျ စီစဉ်ထားသိုမှုတွေ ပြန်လုပ်ရတာပါ။ ဒါကြောင့်မို့လို့ အခုလိုမျိုး ပြန်လည် ပြင်ဆင် တည်းဖြတ်ရတာ ဖြစ်ပါတယ်” လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

မူလက ဇာတ်ညွှန်းရေးခဲ့တဲ့ ဦးချစ်ဦးညိုကို မေးကြည့်တော့ “နယ်သွားရေးတယ် ဆိုတာ ကျနော်တို့ ကြားတောင် မကြားမိပါဘူး။ ကျနော်တို့ သိထားတာတော့ ကျနော်တို့ရဲ့ သုံးခုကို သမအောင် စပ်မယ်၊ ပေါင်းမယ်ပေါ့။ အဲဒီအပေါ်မှာမှ ထပ်ပြီးတော့ နည်းနည်း ပြင်စရာရှိတာ ပြင်မယ်၊ တည်းဖြတ်မယ်ပေါ့။ အဲဒီလိုပဲ သိထားတယ်။ အဲဒီလို လုပ်လားတော့ မသိဘူး။ ဒီလို ပြန်လုပ်တဲ့ အပေါ်ကိုလည်း ဘယ်လိုမှ မသုံးသပ်ချင် တော့ဘူး။ ဘာမှလည်း မပြောချင်တော့ပါဘူး။ လုပ်ချင်တာသာ လုပ်ကြတော့၊ ဒါပဲ ပြောချင်ပါတယ်။ ဘယ်လိုမှ မခံစားတော့ပါဘူး။ စိတ်ထဲက ကိုယ့်ကို တာဝန်ပေးတာ ပြီးသွားပြီလို့ပဲ သဘောထား လိုက်တယ်။ အဲဒါကို ကြိုက်ခြင်း မကြိုက်ခြင်း၊ အသစ်ပြန်ရေးခြင်း မရေးခြင်းကို စိတ်ထဲ ဘယ်လိုမှ မထားတော့ဘူး” လို့ ဆိုပါတယ်။

ဒီကြားထဲ ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ တရားဝင် facebook စာမျက်နှာမှာ The Iron Lady နဲ့ King’s Speech တို့ရဲ့ ထုတ်လုပ်မှု မန်နေဂျာ Kate James နဲ့ တွေ့ဆုံကြတယ်လို့ဆိုပြန်တော့ မစပ်စု တော်တော် လေးစားသွားမိပါတယ်။ မစပ်စုတို့ရဲ့ ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားကြီးကို အကြီးကျယ် အခမ်းနားဆုံး ဖြစ်အောင် တကယ် လုပ်ဆောင်နေကြတာပဲလို့ပါ။ ဒါပေမယ့် အဲဒီ သြစတြေးလျ နိုင်ငံသူ Kate James ဟာ Iron Lady၊ King’s Speech ဇာတ်ကားတွေနဲ့ ဘယ်လိုမှ မပတ်သက်ဘူး ဆိုတာကို သိလာရတော့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့သားတွေ ဘာကြောင့် ဒီလို ဖော်ပြရတာလဲ ဆိုတာကို သိချင်လာပြန်တော့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေး ကိုမေးတဲ့အခါ Kate James က Iron Lady၊ နဲ့ King’s Speech ဇာတ်ကားတွေနဲ့ မပတ်သက်ဘူး ပတ်သက်တယ် ဆိုတာကို ဘာမှ မှတ်ချက်မပေးဘဲ အခုလိုပဲ ပြောပါတယ်။

ဦးဇော်သက်ထွေးက “ကျနော်တို့ ဘက်ကလည်း Kate James က ကျနော်တို့ဇာတ်ကားကို တာဝန်ယူ မယ်လို့ ဘယ်တုန်းကမှ သတင်း မထုတ်ပြန်ခဲ့ဖူး ပါဘူး။ ကျနော်တို့ ပြောထားတာက နိုင်ငံတကာ ရုပ်ရှင် လုပ်ငန်း ထုတ်လုပ်တဲ့ အတွေ့အကြုံရှိတဲ့ Kate James ကို မလေးရှားက Art Audio ရဲ့ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေကို ခေါ်ပြီးတော့ နိုင်ငံတကာ ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်ရင် ဘာတွေ လိုအပ်မလဲ ဆိုတာကို သူက လိုအပ်တဲ့ အချက်အလက်တွေ လာရှင်းပြတာ။ Kate James ရှင်းပြတဲ့ အချက်အလက်တွေကို မှတ်သားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ပြန်ပြောပြတာ။ ဘယ်လိုလည်း ဆိုတော့ နိုင်ငံတကာအဆင့် ရုပ်ရှင်ဇာတ်ကား ရိုက်တဲ့အခါ ကျနော်တို့က ဒီအတိုင်း လုပ်လို့မရဘူး။ ကျနော်တို့မှာ လိုအပ်တဲ့ ဖြတ်သန်းမှုတွေရှိတယ်၊ အဆင့်တွေရှိတယ်၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ၀င်ပြီးမှသာ ကြယ်ပွင့်သတ်မှတ်ချက်အရ နိုင်ငံတကာ ရုံတွေကို တင်လို့ရတာ။ ကြယ်ပွင့် သုံးပွင့်ဆိုရင် ဘယ်နိုင်ငံက ရုံမှာ အရင် တင်မယ်၊ နှစ်ပွင့်ဆိုရင် ဘယ်လိုဆိုတဲ့ အချက်အလက်တွေကို ကျနော်တို့က ဆွေးနွေးခဲ့တာ။ တကယ်လို့ နိုင်ငံတကာ အဆင့် သွားမယ်ဆိုရင် တကယ့်ကို Professional ဖြစ်တဲ့ ဘယ်လို ကုမ္ပဏီ၊ ဘယ်လို လူတွေနဲ့ ဆက်သွယ် ဆောင်ရွက်ရမလဲ၊ နောက် တခုက ရုပ်ရှင်ဒါရိုက်တာ မရွေးခင်မှာ ပရောဂျက် ဒါရိုက်တာ တယောက်ကို ရွေးပြီးမှ အဲဒီ ပရောဂျက် ဒါရိုက်တာက လုပ်ငန်း အကောင်အထည်ဖော်ဖို့ စနစ်တွေ၊ ဇယားတွေနဲ့ လုပ်ရမယ်ဆိုတာတွေကို ဆွေးနွေးခဲ့တာပါ။ ကျနော်တို့က Kate James ကို တာဝန်ပေးတာ မဟုတ်ပါဘူး” လို့ပဲ ပြောပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့သားများနဲ့ Kate James တွေ့ဆုံသည်ကို
(ဓာတ်ပုံ – ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ တရားဝင် facebook စာမျက်နှာတွင် တွေ့ရစဉ်)

ဒါ့အပြင် Kate James ကို ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့က အကုန်အကျခံ ခေါ်ယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘဏ္ဍာရေးမှူး ဖြစ်တဲ့ ဒါရိုက်တာ ဒေါ်အိအိခိုင်ကို မေးတော့ ဘာမှမပြောဘဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဆီ ပြန်လွှဲလိုက်ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဒီကိစ္စက တကယ်တော့ ပြန်ကြားရေးရဲ့ တာဝန်ခံ ကိုဇော်သက်ထွေး ဖြေရမှာပေါ့။ အဲဒီတုန်းက သူမပါတဲ့ အတွက် ကျနော်တို့ နည်းနည်း ပြောလို့ရတာ လေးတွေ ရှိတယ်။ ကိုဇော်သက်ထွေးကို သွားမေးရင်လည်း နည်းနည်း ရှုပ်ထွေးနိုင်ဖွယ် ရှိတဲ့အတွက်၊ ကျနော်ကလည်း အဲဒီတုန်းက ရှိနေခဲ့တဲ့ သူဖြစ်တဲ့အတွက် နောက်ဆုံး အချိန်အထိ သိနေခဲ့တဲ့ သူတယောက် အနေနဲ့ နည်းနည်း ၀င်ပြောပါ့မယ်။ ဒါက ကျနော့်ရဲ့ တာဝန်တော့ မဟုတ်ဘူး။ ဒီဟာကို တာဝန်ယူပြီး ဖြေလိုက်ပါမယ်။ အဲဒီမှာ သူ့ကို ခေါ်တယ် ဆိုတာကလည်း မလေးရှားကနေ ဒီကို ရုပ်ရှင်အစည်းအရုံးကိုရော၊ ဗိုလ်ချုပ် အောင်ဆန်း ရိုက်ကူးရေး အဖွဲ့နဲ့ပါ တွေ့ဖို့ကို ဒီခရီးစဉ် အတွက် လမ်းစရိတ် ထုတ်ပေးလိုက်ရုံပဲ ရှိတယ်။ အသွားအပြန် လေယာဉ်စရိတ်နဲ့ ဟိုတယ်စရိတ်အတွက် ဒေါ်လာ ၆၀၀ ထုတ်ပေး လိုက်တာပဲ ရှိတယ်။ သူနဲ့ အလုပ်လုပ်မယ် ဆိုပြီး သူ့ကို တခြား ငွေကြေး ပမာဏ ပေးတာလည်း မရှိသေးပါဘူး။ ဆွေးနွေး ထားတာလည်း ဘာမှမရှိဘူး။ ကနဦး တွေ့ဆုံမှုပဲ ရှိသေးတယ်” လို့ ရှင်းပြပါတယ်။

မစပ်စုတို့က ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကြီးကို ကြည့်ချင်ပါတယ်။ ဒီဇာတ်ကားကြီး ဖြစ်မြောက်ဖို့အတွက် ကြိုးစားပမ်းစား ၀ိုင်းဝန်း လုပ်ကိုင်သူတွေကိုလည်း အားပေးပါတယ်။ ဒါပေမယ့် ဘာမှ ပွင့်ပွင့်လင်းလင်း မရှိတဲ့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ကို ဘယ်လိုမှ နားမလည်နိုင် ဖြစ်ရပါတော့တယ်။ သရုပ်ဆောင်တွေ ရွေးထားပြီး ဘာဆက်လုပ်မယ် ဆိုတာ ရေရေရာရာ မရှိတာလည်း အံ့သြစရာပါ။ ဒီနေရာမှာ သူတို့မဖြေပေမယ့် မေးချင်တာကတော့ 

၁။ ဒါရိုက်တာ ဘယ်သူလဲ၊ 

၂။ နိုင်ငံခြားက ဘယ်ရုပ်ရှင် ကုမ္ပဏီတွေက ရိုက်မှာလဲ၊ ဂျပန်ကလား၊ အင်္ဂလန်ကလား၊ 

၃။ ဒီဇာတ်ကားရိုက်ကူးဖို့  ရန်ပုံငွေ ဘယ်လောက် ရှိလဲ၊ တနိုင်ငံလုံးက လှူထားတဲ့ ပိုက်ဆံတွေထဲက ဘယ်လောက်ကို အသုံးပြုထားပြီးပြီလဲ၊ 

၅။ ဘာပြီးရင် ဘာဆက်လုပ်မယ် ဆိုတဲ့ တိကျသေချာတဲ့ လုပ်ငန်းစဉ်တွေရှိလား၊ ရှိရင် ဘာလို့ ပြည်သူတွေကို အသိမပေးတာလဲ၊

၆။ ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်ချုပ် အဖွဲ့သားတွေပဲ ပိုင်တယ်လို့ ထင်ထားကြသလား ဆိုတာတွေပါပဲ။

ဒါပေမယ့် မစပ်စု မမေးသာခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မေးလိုက်ရင် တယောက်က တယောက်ကို ဟိုလူလွှဲ၊ ဒီလူလွှဲနဲ့ လွှဲသံသရာ မဆုံး ဖြစ်နေမှာမို့ပါ။ ဒါကြောင့် ၂၀၁၅ ဖေဖေါ်ဝါရီ ၁၃ မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့် အထိတော့ လွှဲမနေကြပါစေနဲ့ လို့ပဲ ဆုတောင်းမိလိုက် ပါတော့တယ်။

Credit : http://burma.irrawaddy.org/archives/47117

ဂျပန်ကုမ္ပဏီ ဝင်ရောက်မှု ပြည်တွင်း လေကြောင်းလိုင်းများ ဂယက်ရိုက်



ပြည်တွင်း ပုဂ္ဂလိကလေကြောင်းလိုင်း Asia Wing Air (AWA) ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဂျပန် လေကြောင်းလိုင်းကြီး တခုဖြစ်သည့် All Nippon Airways (ANA) သို့ ရောင်းချရန် စီစဉ်နေခြင်း ကို လေကြောင်းလိုင်း အသိုင်းအ၀န်းမှ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။


AWA ၏ ရှယ်ယာများကို ဝယ်ယူရန် ANA က အမေရိကန်ဒေါ်လာ ၃၀.၄၅ သန်း ပေးဖွယ် ရှိကြောင်း Nikkei စီးပွားရေး နေ့စဉ် သတင်းက အစောပိုင်းတွင် ရေးသားခဲ့သည်။


ပြည်တွင်းလေကြောင်းလိုင်းများ အကြား နိုင်ငံခြား လေကြောင်းလိုင်းများနှင့် ဖက်စက်လုပ်ကိုင်ရေးတွင် အကန့်အသတ်များ ထားရှိရေးကို မူအားဖြင့် သဘောတူထားခဲ့သော်လည်း AWA က ချိုးဖောက်ခြင်းကြောင်း ယင်းသို့ ဝေဖန်မှုများ ရှိနေခြင်း ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်း တခုမှ အကြီးတန်းအရာရှိတဦးက ပြောသည်။

AWA လေကြောင်းလိုင်း အစုရှယ်ယာများ ဝယ်ယူရန် စီစဉ်ခြင်းသည် နိုင်ငံခြား လေကြောင်းလိုင်းတခု အနေဖြင့် မြန်မာပြည် အခြေစိုက် လေကြောင်းလိုင်း တခုမှ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဂျပန်လေကြောင်းလိုင်း ANA က ဆိုသည်။

“လျင်မြန်စွာ ကြီးထွားလာနေတဲ့ အာရှ လေကြောင်းလိုင်း ဈေးကွက်ရဲ့ တိုးပွားလာနေတဲ့ အစုရှယ်ယာ တွေကို ANA က အမိအရ ဖမ်းဆုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်၊ နောက်ပြီး AWA မှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် မဟာဗျူဟာမြောက် ရည်မှန်းချက်ကို ထောက်ကူ ပေးနိုင်ပါလိမ့်မယ်” ဟု ANA က ပြောသည်။

AWA လေကြောင်းလိုင်းသည် စစ်အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စတင် ထူထောင်သည့် လေကြောင်းလိုင်းဖြစ်ပြီး ထိုစဉ်က စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇနှင့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်တွင်း၌ ပြေးဆွဲပျံသန်းရန် ထူထောင်ခဲ့သည်ဟု ပြည်တွင်းစီးပွားရေး အသိုင်းအဝိုင်းမှ သိရသည်။

ဦးတေဇသည် စစ်အစိုးရနှင့် နီးစပ်ခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများမှ စီးပွာေးရးပိတ်ဆို့မှု စာရင်းထဲတွင် ရှိနေဆဲဖြစ်သည်။

သို့သော် ANA က AWA လေကြောင်းလိုင်း၏ အစုရှယ်ယာကို ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာ ချိန်တွင် AWA ကို မည်သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်က ပိုင်ဆိုင်ကြောင်း သတင်းဌာနများက ဖော်ပြခြင်းမရှိပေ။

AWA လေကြောင်းလိုင်းသည် ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အပတ်စဉ် ပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း လတ်တလောတွင်မူ အစီအစဉ်ကို ဖျက်သိမ်းထားသည်ဟု သိရသည်။

လက်ရှိ ရန်ကုန်- ချင်းမိုင် တပတ်နှစ်ကြိမ် ခရီးစဉ်ကို ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ ပြေးဆွဲ လျက်ရှိသည်။

Credit : http://burma.irrawaddy.org/archives/47124

ယုံကြည်မှု တည်ဆောက်နေစဉ် အစိုးရစစ်တပ်နှင့် TNLA စစ်ပွဲထပ်မံ ဖြစ်ပွား



အစိုးရ စစ်တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ယုံကြည်မှု တည်ဆောက် နေချိန်တွင် စစ်ပွဲများ ထပ်မံ ဖြစ်ပွားနေသဖြင့် ဒုတိယအဆင့် ဆွေးနွေးပွဲ အလှမ်းဝေးနေသေးကြောင်း သိရသည်။


ငြိမ်းချမ်းရေး ရရန် ယုံကြည်မှု တည်ဆောက်ချိန် တွင် မြန်မာအစိုးရတပ်မှ TNLA ကို ထိုးစစ်ဆင် မှုကြောင့် ယုံကြည်မှု ပျက်ပြယ် သွားနိုင်ကြောင်း၊ TNLA အနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ၂၀၁၃ -၂၀၁၄ ခုနှစ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ဟောပြောပွဲများ လုပ်နေစဉ် မြန်မာအစိုးရတပ်မှ လာရောက် ထိုးစစ်ဆင်ခဲ့ပြီး TNLA ဘက်က ကပ်ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ် များကို မြန်မာစစ်ကြောင်းက ဖျက်ဆီးခဲ့ကြောင်း TNLA မှ ပြန်ကြားရေး တာဝန်ခံ မိုင်းအောင်ကိုက ဧရာဝတီ သို့ ပြောသည်။

“ဆွေးနွေးပွဲပြီးတော့ တိုက်ပွဲ လေးကြိမ် ပြန်ဖြစ်ပါတယ်။ ကျနော်တို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ဒေသခံတွေကို ဟောပြော နေချိန်မှာ အစိုးရ ဘက်ကနေပြီး ထိုးစစ် ဆင်လာတာပါ။ အစိုးရ ဘက်ကနေပြီး စစ်အရှိန်မြှင့်လာမယ် ဆိုရင်တော့ ယုံကြည်မှုတွေ ပျက်ပြယ်ပြီး ဒုတိယ အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အလှမ်း ဝေးသွားနိုင်ပါတယ်” ဟု မိုင်းအောင်ကိုက ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် အချိန်တွင် မြန်မာအစိုးရ အနေဖြင့် ကူညီပါဝင်သင့်ကာ ထိုးစစ်ဆင်မှု မပြုလုပ်သင့်ကြောင်း၊ နှစ်ဦးနှစ်ဘက် ယုံကြည်မှု တည်ဆောက်နေချိန်တွင် စစ်ပွဲများ တိုးမြှင့်ပြီး တိုက်နေမည်ဆိုပါက ဒုတိယ ဆွေးနွေးပွဲ ကြန့်ကြာနိုင်ပြီး ပျက်ပြယ်သွားသည့် အဆင့်အထိ ဖြစ်နိုင်ကြောင်း၊ လက်ရှိ အခြေအနေအရ ဒုတိယ ဆွေးနွေးပွဲ မဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ဘိန်းစိုက်ရာသီ ရောက်တော့မယ် ဆိုတော့ ကျေးရွာတွေကို မူးယစ်ဆေးဝါးနဲ့ ပတ်သတ်တဲ့ အရာတွေ မပြုလုပ်ဖို့ အသိပညာပေး ဟောပြောတာပါ။ ကျေးရွာမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်တွေ၊ စာတွေ ကပ်ထားတွေကို အစိုးရ စစ်တပ်က ဖျက်ဆီးတယ်။ ပြီးတော့ ကျနော်တို့ တပ်ကို ထိုးစစ်ဆင် တော့တာပဲ” ဟု TNLA အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် TNLA အထွေထွေ အတွင်းရေးမှူး ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် ဦးဆောင်သည့် အဖွဲ့တို့ တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့တွင် ပြည်နယ်အဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ နောက်ထပ် တိုက်ပွဲများ မဖြစ်ပွားစေရေး အတွက် တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြား နိုင်ရန် စီစဉ်ခဲ့ကြောင်း ပြောဆိုခဲ့ကြ သော်လည်း ယင်းအစီအစဉ်ကို နှစ်ဘက်လုံးက လက်တွေ့ အကောင်ထည် ဖော်နိုင်ခြင်း မရှိပေ။

“ကျနော်တို့ အနေနဲ့ ဘာမှပြောလို့မရဘူး။ စစ်ပွဲ ဖြစ်တာလည်း ဘာမှ ၀င်ရောက်စွက်ဖက်လို့ မရဘူး” ဟု မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)၏ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့က မူဆယ်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဘက် ခေါင်းဆောင်များက အောင်မြင်သော တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း၊ နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ရန်နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးလျှင် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဆောင်ရန် နှုတ်အားဖြင့် သဘော တူခဲ့ကြသည်။

ယင်း ဆွေးနွေးပွဲတွင် အစိုးရဘက်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်၊ နယ်မြေ သတ်မှတ်ရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်နှင့် နောက်တကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးရန် ချပြ ဆွေးနွေးသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ နှင့် TNLA တို့အကြား ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်နေ့ တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့ ကျင်းပခဲ့ပြီး သဘောတူညီချက် ၄ ချက် ရရှိခဲ့ ကြောင်း၊ သဘော တူညီချက် များတွင် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ လက်နက် မပါဘဲ နယ်မြေဖြတ်သန်းခွင့် နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ရက်သတ်မှတ်ရေး တို့ ပါဝင်ကြောင်း သိရှိရသည်။

Credit : http://burma.irrawaddy.org/archives/47088

ထန်းကုန်းကျေးရွာ မီးရှို့မှု သံသယရှိသူများကို ဆက်လက် ဖမ်းဆီး



စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူ မြို့နယ်၊ ထန်းကုန်းကျေးရွာ ပဋိပက္ခတွင် ၀င်ရောက် မီးရှို့သည်ဟု သတင်းရထားသော အနီးဝန်းကျင်မှ ရွာသားများကို ရှာဖွေ ဖမ်းဆီးနေကြောင်း သတင်း ရရှိသည်။


သြဂုတ်လ ၂၄ ရက်နေ့တွင် ဘာသာခြား ၃ ဦးက အမျိုးသမီးကို မုဒိန်းကျင့်သည်ဟူသော ကောလာ ဟလကို အခြေခံပြီး ထန်းကုန်းကျေးရွာရှိ မွတ်စလင် အိမ်ခြေ ၄၈ လုံးနှင့် ဈေးဆိုင် ၁၃ ခန်း မီးရှို့ခံရကာ လူ ၂၉၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

ပဋိပက္ခ စတင်ဖြစ်ပွားစဉ်က ၁၁ ဦး ဖမ်းဆီးထားပြီး ဖြစ်ပြီး ထန်းကုန်းကျေးရွာ အနီးတဝိုက်ရှိ အုတ်ဖို၊ အင်မတ်တော၊ ဇီးပင်သာ၊ ဝက်တိုး၊ မယ်ဇလီကုန်း အပါအဝင် ရွာပေါင်း ၁၂ ရွာမှ မသင်္ကာသူများကို ထန်းကုန်း ရဲစခန်းက ယနေ့ နေ့လယ်မှစ၍ ဝင်ရောက် ရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

“လက်ရှိအနေထားအရ ဘယ်နှစ်ယောက် ဖမ်းထားသလဲ ဆိုတာမျိုး အတိအကျ မသိသေးပါဘူး။ စဖြစ်ဖြစ် ချင်းကတော့ တရားခံ ၁၁ ဦး ဖမ်းဆီးထားပါတယ်။ အထက်က ဖမ်းမိန့်တော့ ကျပြီးသားပါ” ဟု ထန်းကုန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ယနေ့ ညနေတွင် ထန်းကုန်းကျေးရွာရှိ ရွာလယ်ဘုန်းကြီးကျောင်းသို့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး လာရောက်ကြည့်ရှုမည် ဖြစ်ပြီး ကယ်ဆယ်ရေး စခန်းအတွက် လိုအပ်သည်များကို ဆောင်ရွက်ဆွေးနွေး သွားမည်ဟု သိရသည်။

အခင်း ဖြစ်ပွားစဉ် အချိန်ကတည်း သက်ဆိုင်ရာက မီးလောင်မှုကို အချိန်မီ ငြိမ်းသတ်နိုင်အောင် ကြိုးစားခဲ့သော်လည်း မီးသတ်ကားကို ရေမဖြည့်နိုင်အောင် တုတ်ဓားလက်နက်များနှင့် တားဆီးခြင်း၊ မီးလောင်ပြင်အတွင်းသို့ အ၀င်မခံဘဲ ပိတ်ထားခြင်း၊ မီးသတ်ပိုက်များကို ဓားနှင့်ခုတ်ခြင်းအပြင် မီးသတ်သူ များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပဋိပက္ခကို ၀င်ရောက် တားဆီးသူများကိုလည်း လေးဂွများနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အုပ်စုဖွဲ့ကာ မီးသတ်ကားများကို တားဆီးရာ ဖယ်ရှာပေးရန် တောင်းပန်၍ မရသဖြင့် သေနတ်များ မိုးပေါ် ထောင်ဖောက်ကာ ခြောက်လှန့်ခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဦးကြည်နိုင်က ဧရာဝတီသို့ ပြောသည်။

“အခုလည်း သက်ဆိုင်ရာ ရဲစခန်းက တာဝန်ရှိသူတွေက ပဋိပက္ခဖြစ်စဉ်အတွင်း ကျေးရွာတွေ ၀င်ရောက် မီးရှို့တဲ့လူတွေကို ဖမ်းဆီးဖို့ လုပ်နေပါပြီ။ အစောကြီးကတည်းက လုပ်ဆောင်ချင်ပေမယ့်လည်း ပဋိပက္ခမီး ငြိမ်းသတ်တာတို့၊ ဘာသာရေး အဓိကရုဏ်း မဖြစ်အောင် တားဆီးတာတွေ လုပ်နေတဲ့အတွက် အဖမ်းအဆီး မလုပ်သေးတာပါ” ဟု ဦးကြည်နိုင်က ပြောသည်။

မွတ်စလင် ဒုက္ခသည်များကို ထန်းကုန်းကျေးရွာ အမှတ် (၁) ရပ်ကွက် အာရဗီ စာသင်ကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထားပေးကြောင်း၊ ယနေ့တွင် တချို့က ဆွေမျိုးများအိမ်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

မီးလောင်သည့်အထဲတွင် ပါသွားသည့် လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဒေါ်သန်းနွဲ့ဦးက “ကျမတို့က ရှင်းရှင်းပြောရရင် အိမ်ကို မပြန်ရဲသေးပါဘူး။ ကျမရဲ့ လက်ဖက်ရည်ဆိုင်လေးကို သူတို့စပြီး ၀င်ဖျက်တဲ့ အချိန်ကတည်း ကျမ တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုမှ တားလို့မရဘူး။ လူကို အန္တရာယ်ပြုမသွားတာဘဲ ကံကောင်းလှပါတယ်။ ဒါပေမယ့် ရွာကလူတွေကတော့ ညဆိုရင် ဘယ်အချိန်ဝင်ပြီး မီးရှို့သွားမလဲ ဆိုတာမျိုးပဲ တွေးပြီး ကြောက်နေရတာပါ။ အဲဒီအတွက်လည်း ကျမတို့ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်မအိပ်ရဲသေးပါဘူး” ဟု ပြောသည်။

လက်ရှိ ကယ်ဆယ်ရေး စခန်းတွင် ဒုက္ခသည်များကို ဘာသာရေးအဖွဲ့စည်းများနှင့် ပဋိပက္ခ တားဆီးကာကွယ်ရေးအဖွဲ့မှ ငွေကြေးနှင့် လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ကုန်ကျစရိတ်များ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

“ဒီကယ်ဆယ်ရေးစခန်းရဲ့ စားဝတ်နေရေး ကုန်ကျစရိတ်တွေကို တိုင်းဒေသကြီးဝန်ကြီးက အကုန်အကျ ခံသွားမှာပါ။ လက်ရှိလည်း သူတို့ကို စားဝတ်နေရေးနဲ့ ကုန်ကျစရိတ်တွေ ထုတ်ပေးထားပါတယ်။ အဆောက်အဦတွေကိုလည်း ပြန်လည် ဆောက်လုပ်ပေးဖို့အတွက် ကုန်ကျစရိတ်တွေ တွက်ချက်ပေးခိုင်းလို့လည်း ကျနော် တွက်ချက်နေပါတယ်” ဟု ၀န်ကြီး ဦးကြည်နိုင်က ပြောသည်။

အကြောင်းရင်းမှာ ထန်းကုန်းမြို့ ဆံပင်စက်ရုံသို့ လာရောက် အလုပ်လုပ်သော ဇီးပင်သာ ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မိန်းကလေး ညနေ အလုပ်သိမ်းချိန် စက်ဘီးနှင့် အိမ်အပြန်တွင် အသက် ၁၇ နှစ်အရွယ်ရှိ ဘာသာခြား အမျိုးသား တဦးက သမီးရည်းစား စကားပြောပြီး လက်ဆွဲသည့် ကိစ္စမှ စတင် ခဲ့ခြင်းဟု သိရသည်။

ကောလာဟလ စတင်ဖြစ်ပွားသည့် အဖြစ်အပျက်ကို မျက်မြင်ကြုံတွေ့ခဲ့သည့် ဇီးပင်သာရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် က “ဒီလိုမျိုး မီးတွေရှို့တာတွေကို ကျနော်တို့လည်း လက်မခံ ပါဘူး။ စိတ်လည်းမကောင်း ဖြစ်ရပါတယ်။ တခြား ဗုဒ္ဓဘာသာ လူတွေကလည်း ဒါမျိုးကို မကြိုက်ကြပါဘူး။ အဲဒီနေ့ကလည်း ကောင်မလေးက လယ်တောထဲကနေ ပြေးတက်လာပြီး ကျနော့်ကို အကူညီတောင်းလို့ ကျနော် အဲဒီကောင်လေးနောက်ကို အပြေးလိုက်သွားခဲ့တယ်။ ကောင်လေးကလည်း သူ့ရွာကို သူမပြေးဘဲ ကောင်မလေးရွာဘက်ကို ထွက်ပြေးတာ။ နောက်တော့ ကျနော်လည်း ရွာရောက်ပြီး ရွာထိပ်မှာ ထိုင်နေတဲ့လူတွေကို အကျိုးအကြောင်း ပြောပြပြီး ကောင်လေးကို ရှာဖမ်းတယ်။ ကောင်လေးကို မိတဲ့အချိန်မှာ ကျနော်တို့ရွာက လူတွေက အသားကို ဘာမှ နစ်နာအောင် လုပ်တာမျိုး မရှိခဲ့ပါဘူး။ ရဲစခန်းကို တိုင်တာပါ။ ကောင်လေးကို ရဲ ၂ ယောက် လာခေါ်သွားတယ်။ အဲလို ဖြစ်ပြီးချိန်မှ နောက်ပိုင်း လူတွေ တအားများလာပြီး ထန်းကုန်းကျေးရွာဘက်ကို သွားပြီး ရန်ဖြစ်ကြတာပါ” ဟု ပြောသည်။

ဓါတ်ပုံ - ထန်းကုန်းကျေးရွာတွင် မီးရှို့ခံရသော နေအိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/47097

အဓိကရုဏ်းကို အစိုးရ အဆုံးမသတ်ချင်သလော (ဧရာဝတီ အယ်ဒီတာ့အာဘော်)

ဩဂုတ်လ ၂၄ ရက် ည စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် တဖန်ပြန်လည် ဖြစ်ပွား လာခဲ့သော ဘာသာရေးခွဲခြားမှု အကြောင်းပြုပြီး မီးရှို့ဖျက်ဆီးခြင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တာနား၏ မိတ္ထီလာခရီးစဉ်အတွင်း ကားကို ဝိုင်း၍ ထုရိုက်ခံရအပြီး ၄ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ယင်းသည် မြန်မာနိုင်ငံအတွက် လွန်စွာ မျက်နှာပျက်စရာဖြစ်ပြီး ၂၀၁၂ မေလ ရခိုင်ပြည်တွင် စတင်ဖြစ်ပွား ခဲ့ကာ အလျင်အမြန် ပြန့်ပွားလာနေခဲ့သော လူမျိုးရေး ဘာသာရေး ခွဲခြားမှု အကြမ်းဖက် တိုက်ခိုက်ခြင်း များကို အစိုးရအနေဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိကြောင်းနှင့် အဆိုပါကိစ္စကို အရေးယူ ကိုင်တွယ်နေသည့် ကုလသမဂ္ဂ သံတမန်၏ လုံခြုံရေးအပေါ် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများအရ လိုက်နာ စောင့်ထိန်းရမည်ကို အလေးအနက် မရှိကြောင်း ပြသနေပေသည်။

ကောက်ရိုးမီးကဲ့သို့ ခဏ တောက်လောင်ပြီး ပြန်ငြိမ်းသွားတတ်သော အကြမ်းဖက် တိုက်ခိုက်ခြင်းများကို ကိုင်တွယ် ဖြေရှင်းရာတွင် အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနမှ မကြာခဏ ထုတ်ပြန်ကြေညာသလို အခြေ အနေ မှာ အေးချမ်း တည်ငြိမ်သွားပြီ ဆိုသည်မှာ မဟုတ်ဟု ယခုဖြစ်ရပ်များက သက်သေဖြစ်သည်။

အမှန်မှာ မီးခဲပြာဖုံးသကဲ့သို့သာဖြစ်နေပြီး အမုန်းတရား လေပင့်ပေးပါက အဓိကရုဏ်းမီး အချိန်မရွေး ထ တောက်လောင် နိုင်ကာ လောင်ပြီဆိုလျင်လည်း အချိန်မီ မငြှိမ်းသတ်တော့ပေ။

ပိုဆိုးရွားသည်မှာ သမ္မတဦးသိန်းစိန်က ဘာသာရေး လူမျိုးရေးခွဲခြားနှိမ်ချမှုများကို လက်မခံဘဲ အရေးယူ သွားမည်ဟု မိန့်ခွန်းများ ခြွေနေသော်ငြား သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန် ကြေညာချက်များသည်ကား အဓိကရုဏ်း မီးကို လေပင့်ပေးနေသော မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူနှင့် ၎င်းဦးစီးဦးဆောင်ပြုနေသည့် ၉၆၉ အဖွဲ့ကိုပင် ထောက်ခံ ကာကွယ်နေခြင်းပင်။ ယင်းသည် သမ္မတ၏ သဘောထားလော၊ သို့မဟုတ် သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့် ရှိသူတို့က ဘောင်ကျော် လုပ်ဆောင်ခြင်းလော။

အကယ်၍ အဓိကရုဏ်းမီးကို လေပင့်ပေးနေသူများအား လွှတ်ပေးထားခြင်းသည် သမ္မတ၏ သဘောထား ဆိုလျှင် သမ္မတဦးသိန်းစိန် ရိုးသားသန့်ရှင်းသည်ဟု ဂုဏ်သတင်းမွှေးခဲ့ခြင်းသည် ဖန်တီးချက်တခု ဖြစ်သွားပေသည်။ သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူတို့က ဘောင်ကျော်လုပ်ဆောင်ခြင်း ဆိုလျှင် သမ္မတဦးသိန်းစိန် တုံးလွန်း အ လွန်းသည်ဟု ပြောစရာဖြစ်မည်။ မည်သို့ပင်ဖြစ်စေ သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူတို့၏ လက်ရှိ သဘောထားများမှာ ပြဿနာ မီးမွှေးထားခြင်းကို လိုလားသည်ဟုပင် ကောက်ချက်ချနိုင်သည်။

ထိုကောက်ချက်သို့ ရောက်ရန် မစ္စတာကင်တားနား ကားတန်း ခြိမ်းခြောက်ခံရမှုအပေါ် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်၏ သဘောထား မှတ်ချက်များက ပို၍ တွန်းအားပေးခဲ့သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ ကားကို လူအုပ်က ဝိုင်းဝန်း ရိုက်ပုတ်ကြသည်ကိုပင် အန္တရာယ်မရှိဟု နိုင်ငံတကာ သံတမန်ရေး အတွေ့အကြုံရှိဖူးသူ တယောက် အနေဖြင့် ပြောဆိုရန် မသင့်ပေ။ သမ္မတ ဦးသိန်းစိန်၏ နိုင်ငံခြားခရီးစဉ်များတွင် ကန့်ကွက် ဆန္ဒပြသူများ အား သက်ဆိုင်ရာနိုင်ငံများ၏ လုံခြုံရေး ရဲတပ်ဖွဲ့များက ကားတန်းအနီး ပေး အကပ်ခံဖူး သလော ဟူသည်ကို ဦးရဲထွဋ်က ပိုသိပေမည်။

ချုပ်လျှင် ဦးသိန်းစိန်အစိုးရ တာဝန်ရှိသူများ၏ ပုဂ္ဂလိက ခံစားချက်နှင့် အမြင်သဘောထားများသည် အစိုးရ၏ တရားဝင် မူဝါဒများကို ကျော်လွန်ဖုံးအုပ်လာပြီး အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများကို ပြီးပြီးရော ပေါ့ပေါ့တန်တန် သဘောထားနေကြသည်။ လူ့အခွင့်အရေး၊ သံတမန်ရေး စည်းမျဉ်းစည်းကမ်းများကို လေးစား အသိအမှတ်ပြုရန်ပင် မစွမ်းဆောင်နိုင် ဖြစ်လာနေခဲ့သည်ကို ထောက်ရှု၍ ရှေ့ဆက် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲရေး မည်သို့ လုပ်ဆောင် ဦးမည်နည်းဟု သံသယ ကြီးစွာ ဖြစ်ရသည်။

ယခုအတိုင်း ပြဿနာကို ဆက်လက်ကိုင်တွယ်နေမည်ဆိုလျှင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စားပွဲသို့ မြန်မာအရေး ပြန်လည်ရောက်ရှိပြီး မျက်နှာကောင်း ရရှိထားခြင်းများ ပျောက်ဆုံးကာ ယခင်ကအတိုင်း မျက်နှာပျက်စရာ ပြန်ဖြစ်လာ ပေလိမ့်မည်။ မနေ့ကပင် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် လက်ကမ်းကြိုခဲ့သည့် အမေရိကန် ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ မွတ်စလင် ဆန့်ကျင်ရေး လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို အထူး သတိထား စောင့်ကြည့်ရမည့်သူများ (SDN) စာရင်းတွင် ထားရှိရန် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ဆိုင်ရာ ကော်မရှင် အစီရင်ခံစာက တိုက်တွန်းနှိုးဆော်ခဲ့သည်ကို သတိမူသင့်ပေကြောင်း။

Credit : http://burma.irrawaddy.org/archives/47038

နိုင်ငံခြားသားများ ထိုင်း-မြန်မာ နယ်စပ် ဂိတ်များမှ ဝင်ထွက်နိုင်တော့မည်



မြန်မာနိုင်ငံ အတွင်းသို့ စီးပွားရေး၊ အလည်အပတ် ကိစ္စများအတွက် ဝင်ရောက်လိုသော နိုင်ငံခြားသား များ အနေဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပြည်နယ် ၃ ခုရှိ နယ်စပ်ဂိတ်ပေါက် ၄ ခုမှတဆင့် မကြာမီ ဝင် ထွက် သွားလာနိုင်တော့မည် ဖြစ်ကြောင်း သတင်း ရရှိ သည်။


ထိုင်း-မြန်မာ နယ်စပ် ဂိတ်များဖြစ်သော မြဝတီ၊ မဲဆောက်၊ တာချီလိတ်၊ မယ်ဆိုင်၊ ကော့သောင်း၊ ရနောင်း၊ ထီးခီး၊ မူနာရွန် စသည့် နေရာများမှတဆင့် ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းမှ စပြီး သက်တမ်းရှိ ပတ်စ်ပို့၊ ဗီဇာများနှင့် ဝင်ရောက်ခွင့် ပြုတော့မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ခရိုင် ဦးစီးဌာနမှူးရုံး မြဝတီမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းက ဆိုသည်။

“နိုင်ငံခြားသားတွေ အနေနဲ့ စီးပွားရေးသမားပဲဖြစ်ဖြစ်၊ အလည်အပတ် သမားပဲဖြစ်ဖြစ် အပေါ်က လေယာဉ်နဲ့ သွားတဲ့ အတိုင်းပဲ သက်တမ်းရှိတဲ့ ပတ်စ်ပို့ ဗီဇာပါရင် ဒီဂိတ်တွေကနေ ဝင်ထွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒု ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းက ဧရာဝတီသို့ ပြောသည်။

နယ်စပ်ဂိတ်များ ဖွင့်လှစ်ရန် အတွက်လည်း နေပြည်တော် ဗဟိုဌာနချုပ်ရုံး၏ ညွှန်ကြားချက် ကျထားပြီဖြစ်ကြောင်း၊ သြဂုတ် လကုန်တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ခရီးသည်များ ကူးသန်း သွားလာနိုင်ရေးအတွက် လိုအပ်ချက်များကိုလည်း ပြင်ဆင်ထားကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနှင့် တခြားနိုင်ငံသားများကို ထိုင်း-မြန်မာနယ်စပ် ဂိတ်များမှတဆင့် ဝင်ရောက်ခွင့်ကို ယခုလဆန်းပိုင်းက စတင်ဝင်ရောက်ခွင့်ပြုရန် မူလက စီစဉ်ခဲ့သော်လည်း ရေကြီးမှု၊ လမ်းပမ်းဆက်သွယ်မှု အခက်အခဲများကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

နိုင်ငံခြားသားများ ၀င်ထွက်သွားလာခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်သတ်ထားသည့် နယ်မြေများနှင့် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက လုံခြုံရေးအရ အခါအားလျော်စွာ တားမြစ်ထားသည့် နယ်မြေများမှ အပ ကျန်နယ်မြေများကို သွားလာခွင့်ပြုမည်ဟုလည်း သိရှိရသည်။

ဇူလိုင် ၃၀ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ကျင်းပသည့် နယ်စပ် စခန်းများမှ ၀င်ထွက်ခွင့်ပြုခြင်း ဆိုင်ရာ ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေး (လ၀က) နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ယင်းသို့ ခွင့်ပြုရန် ထုတ်ပြန် ပြောဆိုကြောင်း အစိုးရ သတင်းစာများကလည်း ဖော်ပြခဲ့သည်။

အစိုးရဘက်က နယ်စပ် ကုန်းလမ်းကြောင်းမှ ခရီးသည်များ ဝင်ထွက်သွားလာနိုင်ရေး ယင်းသို့ ထုတ်ပြန် ပြောဆိုနေသော်လည်း မြဝတီ-ကော့ကရိတ် လမ်းကြောင်းတွင် ကုန်းလမ်းပို့ဆောင်ရေး ယာဉ်များနှင့် လမ်းပိုင်းများမှာ ကြံ့ခိုင်မှုအားနည်းပြီး အဆင်သင့် မဖြစ်သေးဟု ယင်းလမ်းကြောင်းကို အသုံးပြု သွားလာ နေကြသော မြဝတီမြို့ခံများက ပြောသည်။

“တို့မြဝတီလမ်းက အာရှလမ်းမကြီး ပြီးသွားရင်တော့ ကောင်းသွားမှာပါ။ အဲ့ဒီလမ်းက ဖောက်နေတုန်း၊ မပြီးသေးဘူး။ အခု ဒေါနတောင်လမ်းကတော့ တို့မြန်မာနိုင်ငံသားတွေတောင် ဘုရား၊ တရား ‘တ’ ပြီး စီးနေရတာ၊ လမ်းက တရက်ဆင်း တရက်တက် ဖြစ်တဲ့အပြင် ကြံ့ခိုင်ရေးက စိတ်မချရဘူး။ တံတား အောက်နဲ့ အမှတ် (၁) ရပ်ကွက်ထဲက လမ်းတွေမှာဆိုရင် ရေကြီးတုန်းက အပျက်အစီးတွေ၊ ရွှံ့တွေတောင် မရှင်းလင်းရသေးဘူး” ဟု မြဝတီမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

ကုန်းလမ်းကြောင်းများ ဖွင့်ပေးလိုက်သည့်အတွက် ယင်းလမ်းကြောင်းများ ပေါ်တွင်ရှိသော ပို့ဆောင်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဈေးဆိုင်များအတွက် ဈေးကွက် ကောင်းလာနိုင်သော်လည်း အဆိုပါ ကဏ္ဍများတွင် နိုင်ငံခြားသားများကို ဝန်ဆောင်မှုပေးရန် အားနည်းနေသေးကြောင်း မြဝတီ-ရန်ကုန် ကူးသန်းနေသည့် ကုန်သည်တဦးက ပြောသည်။

“ဒီလို ဖွင့်ပေးလိုက်တာတော့ လမ်းကြောင်းပေါ်မှာရှိတဲ့ ပို့ဆောင်ရေးတို့၊ တည်းခိုတဲ့နေရာတွေ၊ စားသောက်ဆိုင်တွေ အတွက် တော်တော် ကောင်းတယ်ဗျ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးက အဆင့်မီမီ မရှိကြဘူး။ နိုင်ငံခြားသားတွေ၊ သွားချင်အောင်၊ စားချင်အောင်၊ နေချင်အောင် ဆွဲဆောင်မှု မရှိကြဘူး။ ဥပမာဗျာ ဒေါနတောင်တန်းကြီး အလှကို နိုင်ငံခြားသားတွေ ကြိုက်တယ်၊ လမ်းကရင်တမမ နဲ့သွားရမယ်၊ ဒီလိုမျိုးတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

နယ်စပ်ဂိတ်များတွင် နိုင်ငံခြားသား ခရီးသွားများ ၀င်ခွင့်ပြုနိုင်ရေး လိုအပ်သော စက်ပစ္စည်း၊ လူအင်အားများကို ဖြည့်ဆည်းပေးပြီး အဆင့်မြင့် လုံခြုံရေးသုံး စက်ပစ္စည်းများကို တပ်ဆင်ထားပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက နေပြည်တော်တွင် ဇူလိုင် လဆန်းပိုင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုထားသည်။

ထို့အပြင် မြန်မာနှင့် ထိုင်းနယ်စပ် ဂိတ်ပေါက် များတွင် နိုင်ငံခြား ခရီသွားများ ခွင့်ပြုပြီးပါက မြန်မာ-တရုတ် နယ်စပ် ဂိတ်များတွင်လည်း နိုင်ငံခြားသား ခရီးသွားများ ၀င်ခွင့်ပြုရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“တရုတ်ဘက်က နေရာ ၄ ခုလောက်မှာလည်း ဖွင့်ဖို့ လုပ်ထားတယ်။ ထိုင်းဘက်က ဖွင့်ပြီးတာနဲ့ မကြာခင် ဖွင့်မယ်။ မူလက တပြိုင်နက်တည်း ဖွင့်ဖို့စီစဉ်ထားတာ။ အခုကတော့ တခုပြီးမှ တခု ဖွင့်လှစ်သွားမယ်” ဟု ဦးခင်ရီက ပြောဆို ခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်များဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ လောက်ကိုင်၊ မိုင်းလား နယ်စပ်ဂိတ်များတွင် နိုင်ငံခြားသား ခရီးသွားများ ပြည်ဝင်ခွင့်ပြုသွားမည်ဟု သိရှိရသည်။

ယခုဖွင့်လှစ်မည်ဖြစ်သော ထိုင်း-မြန်မာ နယ်စပ် ဂိတ်နေရာများမှာ မဲဆောက်-မြဝတီ (ကရင်ပြည်နယ်)၊ မယ်ဆိုင် – တာချီလိတ် (ရှမ်းပြည်နယ်၊ အရှေ့ပိုင်း)၊ ရနောင်း – ကော့သောင်း (တနင်္သာရီတိုင်း)၊ မူနာရွန် – ထီးခီး (တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ) တို့တွင် တည်ရှိသည်။

Credit : http://burma.irrawaddy.org/archives/47050