Thursday, June 27, 2013

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ခြင်းကို ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ကန့်ကွက်သူမရှိ အတည်ပြု



ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ခြင်းကို ဆက် သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှသာ ဆက်လက် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ လွှတ်တော်က တိုက် တွန်းခဲ့သည်။


ဇွန် ၂၆ ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့ တွင် တနိုင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက "ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေး ချယ် တာဝန် ပေးအပ်ရာတွင် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် သတ်မှတ်ရွေးချယ် တာဝန်ပေး အပ်ရန်နှင့် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ် တာဝန်ပေးအပ်ခြင်းအား ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်လက်ဆောင်ရွက်ပါရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်း ကြောင်း" အရေးကြီး အဆိုကို တင်သွင်းခဲ့သည်။

ဦးမျိုးဆွေက "ပြည်ထောင်စု အစိုးရ အနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒလမ်းစဉ်တွင် ဆက် သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဖွံ့ဖြိုးရေး လုပ်ငန်းကို ဦးစားပေး သတ်မှတ်ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်တွင် တယ်လီဖုန်း သုံးစွဲမှု တိုးတက်ရေး၊ ဈေးနှုန်းသက်သာစွာဖြင့် တယ်လီဖုန်း သုံးစွဲ နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါတယ်။ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံရဲ့ ဆက် သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းတွင် ပြည်တွင်း၊ ပြည် ပ ကုမ္ပဏီများအား သတင်းစာမှတစ်ဆင့် ခေါ်ယူခဲ့ပြီး စနစ်တကျ စိစစ်မှုများ ပြုလုပ်ကာ မကြာမီ ကာလ အတွင်း တင်ဒါတင်သွင်းလာတဲ့ ကုမ္ပဏီများ အနက်မှ သင့်တော်တဲ့ ပြည်တွင်းကုမ္ပဏီ နှစ်ခုဖြစ်တဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ လည်းကောင်း၊ ရတနာပုံ တယ် လီပို့ ကုမ္ပဏီအား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း၍ လည်းကောင်း၊ ဆက်သွယ်ရေး အော်ပရေ တာ လိုင်စင်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။

ဒါ့အပြင် ပြည်ပကုမ္ပဏီ နှစ်ခုကိုလည်း လိုင်စင်ချထား ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာကုမ္ပဏီ နှစ်ခုကို အော်ပရေတာအဖြစ် ပြောင်းလဲတာဝန် ယူစေခြင်းဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ် ကြောင်း သိရှိရပါတယ်။ လက်ရှိ လိုင်စင်ချထားပေးမယ့် ပုံသဏ္ဌာန်အရ ပြည်တွင်းကုမ္ပဏီ နှစ်ခုနဲ့ ပြည်ပ ကုမ္ပဏီ နှစ်ခုတို့ ယှဉ်ပြိုင်လုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါတယ်။

အော်ပရေတာအဖြစ် လိုင်စင်ချထားပေးမယ့် ပြည်ပကုမ္ပဏီများဟာ ပြည်တွင်းကုမ္ပဏီများထက် နည်းပညာ အဆင့်အတန်း၊ အတွေ့အကြုံနဲ့ ငွေကြေးဓနအင်အား များစွာသာလွန်နေကြောင်း တွေ့ရပါတယ်။

ရည်ရွယ်ချက်နှင့် စေတနာ ကောင်းမွန်သော်လည်း ရေရှည်ယှဉ်ပြိုင် ဆောင်ရွက်ရာမှာ ပြည်တွင်းကုမ္ပဏီ များ အနေဖြင့် အခက်အခဲများ၊ ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်ရနိုင်ပြီး ပြည်ပကုမ္ပဏီများရဲ့ လက်ဝါကြီးအုပ် ၀ါးမျို ခြင်း ခံရနိုင်တယ်လို့ ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပါတယ်။ ပြည်တွင်းပြည်ပ ကုမ္ပဏီများ သီး ခြားယှဉ်ပြိုင် လုပ်ဆောင်ကြရမှာ ဖြစ်တဲ့အတွက် ပြည်ပကုမ္ပဏီများရဲ့ နည်းပညာနဲ့ အတွေ့အကြုံများကို ပြည်တွင်းကုမ္ပဏီများ ရရှိရန် အခွင့်အရေး နည်းပါးနေမှာ ဖြစ်ပါတယ်။ ပြည်ပကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီ ဖက်စပ်လုပ်ကိုင်မှသာ နည်းပညာ အတွေ့အကြုံ အပါအ၀င် အများပြည်သူ အကျိုးအမြတ်များ ရရှိမှာ ဖြစ်ပါ တယ်။

ဒါ့ကြောင့် အော်ပရေတာလိုင်စင် ချထားပေးရာမှာ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီများ ဖက်စပ်ချထား ပေးပါရန် အလေးအနက်ထား စဉ်းစားသင့်ကြောင်း တင်ပြလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပကတိ အခြေ အနေ နဲ့ ကိုက်ညီတဲ့ ဆက်သွယ်ရေး ဥပဒေများ မရှိသေးသဖြင့် တည်ဆဲဥပဒေဖြစ်သော နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/၈၉၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံ သားများရဲ့ ရေရှည်အကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက် ခေတ်နဲ့ညီတဲ့ ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်မှသာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ရှေရည်အကျိုးစီးပွားကို ကာကွယ်နိုင်မယ်လို့ ယူဆ ပါတယ်။

စောစောက တင်ပြခဲ့တဲ့ အချက်အလက်များဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ရေရှည်အကျိုးစီးပွားကို ရည်ရွယ်ပြီး တင်ပြရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ရာ တွင် ပြည်တွင်း၊ ပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် သတ်မှတ်ရွေးချယ် တာဝန်ပေးအပ်ရန်နှင့် ဆက်သွယ် ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ခြင်းအား ဆက်သွေယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်လက်ဆောင်ရွက်ပါရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း "အရေးကြီး အဆိုကို တင်သွင်းအပ်ပါတယ်" ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးအား ဇွန် ၂၆ ရက်က ပြုလုပ်နေစဉ် 
(ဓာတ်ပုံ- သက်မျိုးမင်း)

ထို့နောက် အရေးကြီး အဆိုကို လွှတ်တော်၏ ဆန္ဒရယူခဲ့ရာ ကန့်ကွက်သူ မရှိဘဲ အတည်ဖြစ်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုရှင် တင်သွင်းသည့် ပြည်ပ ကုမ္ပဏီများမှ ပြည်တွင်းကုမ္ပဏီများကို ၀ါးမျိုသွားမည်ဆိုသည့် အချက်သည် မဟုတ်ဘဲ ပြည်တွင်းကုမ္ပဏီ များ ပြုတ်သွားပြီး ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းကို ပြည်ပကုမ္ပဏီများကသာ လုပ်သွားနိုင် မည် ဆိုသည့် သဘောမျိုး သက်ရောက်နေကြောင်း ပြောကြားသည်။

အကယ်၍ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသည့် နိုင်ငံခြား ကုမ္ပဏီများ ထဲမှ ပြည်တွင်းကုမ္ပဏီနှင့် ပူးပေါင်းထားသော ကုမ္ပဏီကိုသာ လုပ်ငန်းလိုင်စင် ပေးအပ်မည် ဆိုပါက အကြို အရည်အချင်း ပြည့်မီသော စာရင်းတွင် ပါဝင်ထားသည့် နိုင်ငံခြားကုမ္ပဏီ ခုနစ်ခုကို ထုတ်ဖယ်လိုက် သကဲ့ သို့ ဖြစ်သွားမည် ဖြစ်သည်။ အဆိုပါ ထုတ်ပယ်ခံရသည့် စာရင်းတွင် Telenor နော်ဝေ ကုမ္ပဏီ၊ France Telecom Orange ပြင်သစ်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ Marubeni တို့ ပေါင်းထားသည့် ကုမ္ပဏီ၊ QTel (Ooredoo) ကာတာကုမ္ပဏီ၊ ဗီယက်နမ် ဆက်သွယ်ရေး ကုမ္ပဏီ Viettel Group၊ အိန္ဒိယ ဆက်သွယ်ရေး ကုမ္ပဏီ Bharti Airtel နှင့် ဆိုက်ပရပ်နိုင်ငံမှ Palazio Ventrues တို့ ပူးပေါင်းထားသည့် ကုမ္ပဏီ၊ မလေး ရှားနိုင်ငံမှ Axiata ကုမ္ပဏီ၊ လူဇင်ဘတ်နိုင်ငံမှ Millicom International Cellular ကုမ္ပဏီတို့ ပါဝင်သွား မည် ဖြစ်သည်။ ထို့ကြောင့် တင်ဒါ အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီက ကျန်ကုမ္ပဏီ လေးခုထဲမှ ရွေးချယ်ရတော့မည် ဖြစ်သည်။ ကျန်ရှိနေသည့် ကုမ္ပဏီများမှာ KDDI+Sumitomo+MICTDC+A1 ကုမ္ပဏီ၊ MTN(Dubai)+M1 Telecom+Amara Communications ကုမ္ပဏီ၊ Sing Tel+Royal Myanmar Transport (KBZ)+M Tel ကုမ္ပဏီ၊ Digicel Group+Quantum Strategic Partners+YSH Finance တို့ ပါဝင်သည်။ ဤကဲ့သို့ တင်ဒါအောင်မြင်သူ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ စာရင်းကို မကြေ ညာမီ တစ်ရက်အလိုတွင် ယခုကဲ့သို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချောက်အတွင်းကျ



ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာချီလိတ်-မိုင်းဆတ် လမ်းမကြီး ဖက်ယိ တောင်ကုန်း အဆင်းတွင် ဆွမ်းစားပြန်လာသော သံဃာ ငါးပါးနှင့် လူတစ်ဦး လိုက်ပါလာသည့် ယာဉ်သည် ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က အရှိန်လွန်ကာ ပေ၂၀၀ကျော် အနက်ရှိ ချောက်အတွင်း ပြုတ်ကျ ခဲ့ရာရွှေတောင်တန်း ပရဟိတကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥာဏဓဇ ပျံလွန်တော်မူခဲ့ကြောင်း သွားရောက် ကယ် ဆယ် ခဲ့သည့် ရွှေတာ ချီ ခရီးသွားလုပ်ငန်းမှ ကော်မတီဝင် ဦးကျော်မြင့်က ပြောကြားသည်။


ယာဉ်မောင်း မောင်းနှင်လာသည့် နီညိုရောင် Surf ယာဉ်ကို ကျောင်းထိုင် ဆရာတော် ဦးဥာဏဓဇက ဖယ် ခိုင်းကာ ကိုယ်တိုင် မောင်းနှင်ရာမှ ခဏအကြာတွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ကျခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်းနှင့် ယာဉ်ပေါ် လိုက်ပါလာသူ သံဃာများ၏ ပြောကြားချက်ကို ကိုးကား၍ သွားရောက် ကယ် တင် ခဲ့သည့် မေတ္တာရှင် သာရေးနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုဆန်းက ပြောကြားသည်။

“ဘုန်းကြီးက ချောက်ထဲမှာ ကားနဲ့ ကျောက်တုံးကြား ပိနေတာကို မနည်း ဆွဲထုတ်ရတယ်။ ယာဉ် တစ်စီးကို တောင်စောင်းနားမှာကပ်ပြီး ပေ ၂၀၀ အနက်ထဲကို ကြိုးတွေနဲ့ ဆင်းဆယ်ရတာ” ဟု ၎င်းက ဆက်လက် ပြောကြား သည်။

အဆိုပါ သံဃာများသည် ရေပူစမ်းရွာမှ ဆွမ်းစားအပြန်တွင် ကား ချောက် ထဲကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ရွှေတောင်တန်း ပရဟိတကျောင်း တိုက် ကျောင်းထိုင်ဆရာတော် ဦးဥာဏဓဇ ၊ ဦးခေမာဝိဒ ၊ ဦးနန္ဒာသီရိ ၊ ဦးခေမာသီရိနှင့် ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏ သာမိနှင့် ယာဉ်မောင်း ဦးမောင် ညွန့်တို့ စီးနင်းလာခဲ့ရာ သက်တော် ၄၅ နှစ် အရွယ် ရွှေတောင်တန်း ကျောင်းထိုင် ဆရာတော် ပျံလွန် တော်မူခဲ့ပြီး ရဟန်းလေးပါး ပွန်းပဲ့ဒဏ်ရာနှင့် ယာဉ်မောင်းသူက လက်ကျိုးခဲ့ကာ လူနာ များ မစိုးရိမ်ရ ကြောင်း ၎င်းက ဆိုသည်။

“ဆရာတော် ပျံလွန်တော်မူသွားတယ်ဆိုတော့ နှမြောဖို့ ကောင်းတယ်။ ဆရာတော်ကို မှီနေတဲ့ ကလေးတွေ အများကြီးပဲ” ဟု ဆရာတော်၏ ရုပ်ကလာပ်ကို လာရောက် ဖူးမြော်သူ အမျိုးသမီး တစ်ဦးက ပြောကြား သည်။

ရွှေတောင်တန်း ပရဟိတ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် အာခါ၊ လားဟူ တိုင်းရင်းသား များနှင့် မိဘမဲ့ကလေးများကို ကျောင်းသို့ ခေါ် ယူကာ လိမ္မာရေးခြား ရှိရေးနှင့် အတတ်ပညာများကို ဆရာတော်ကိုယ်တိုင် သင်ကြားပေးလျက်ရှိပြီး၊ အခြားမြို့များသို့ ကျောင်းသားများကို ပညာသင် စေလွှတ် ခြင်း များလည်းရှိကြောင်း တာချီလိတ် မြို့ခံတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ချောက်ထဲကျမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် တာဝန် ကျ ရဲအရာရှိက ၎င်းအနေနှင့် မသိ ရှိကြောင်း ပြန်လည် ဖြေကြားသည်။

The Voice Weekly

ပင်စင် လာထုတ်သည့် အဘိုးအို ဘဏ်ရှေ့ လဲကျသေဆုံး

ကျောက်တံတားမြို့နယ် အမှတ်(၃) ရပ်ကွက် ပန်းဆိုးတန်းလမ်း မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၂) တွင် ဇွန် ၂၄ ရက် နံနက် ၈နာရီ မိနစ် ၃၀က ပင်စင် လာရောက်ထုတ်ယူသည့် အသက် ၈၈ နှစ် အရွယ်ရှိ အဘိုးအို တစ် ဦး လဲကျ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။


သေဆုံးသူမှာ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ စာပို့ လုပ်သား(ငြိမ်း) ဦးဖေမြင့်ဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) (၇၁) ရပ်ကွက် မင်းရဲကျော်စွာ (၅) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း၊ ဘဏ်တွင် ပင်စင် ထုတ်ပြီးအပြန် ရုံးရှေ့ လှေကားအဆင်း၌ မောသည်ဟုဆိုကာ ထိုင်ခုံတွင် ထိုင်နေရာမှ ရေသောက်ပြီး ခဏ အကြာတွင် ထိုင်ခုံပေါ်မှ မူးမေ့ကာ လဲကျခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဘဏ်ဝန်ထမ်း ဦးမြင့်လွင် က ပြော ကြား သည်။

အဆိုပါ လဲကျသည့် အဘိုးအိုကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ လိုက်လံ တင်ပို့စဉ် လမ်းခုလတ်၌ သေဆုံး ခဲေ ကြောင်း၊ သေဆုံးသူသည် အဖော် ခေါ်ဆောင်လာခြင်းမရှိဘဲ တစ်ဦးတည်း လာရောက် ထုတ်ယူ ခြင်းဖြစ် ကြောင်း မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၂) မှ ဘဏ်ဝန်ထမ်း ဦးမြင့်လွင်က ရှင်းပြသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ဆေးစစ်ချက်များအရ ဦးဖေမြင့်သည် နှလုံးသွေးကြောကျဉ်း ရောဂါဖြင့် နှလုံး သွေးကြောညှပ်ကာ သေဆုံးခဲ့ရကြောင်း ဆရာဝန်၏ ဆေးစာအဖြေကို ကိုးကား၍ ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် အောင်သန်းဝင်းက ပြောကြားသည်။

ပင်စင် လစာများကို လစဉ် ၂၁ ရက် နေ့မှ စတင် ထုတ်ပေးလျက်ရှိပြီး စတင် ထုတ်ပေးသည့်ရက်မှ သုံးရက် အတွင်း သက်ကြီးရွယ်အို ပင်စင်စားများက အများဆုံး လာရောက်ထုတ်ယူကြကြောင်း၊ လာရောက် ထုတ် ယူ သူများသည် အသက်အရွယ် ကြီးရင့်သောကြောင့် မူးဝေခြင်း၊ ပင်ပန်းခြင်း၊ မောပန်းခြင်းများ ဖြစ်ပေါ် ကြောင်း ဘဏ်မန်နေဂျာ ဦးကျော်ညွှန့်ဝင်းက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၅/၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းကျောက်တံတား မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

တရုတ်ငါးဖမ်းသင်္ဘော များတွင် ဒုက္ခရောက်နေသည့် မြန်မာသင်္ဘောသားများ ပြည်တော်ပြန်ခွင့် ရမည် ဟုဆို

အရှေ့တရုတ်ပင်လယ်ပြင်ရှိ တရုတ်နိုင်ငံသားပိုင် ငါးဖမ်းသင်္ဘော များတွင် အချိန်ပို ရှစ်နာရီ (အလုပ်ချိန် တစ်ရက် ၁၆ နာရီ) အဓမ္မခိုင်းစေ ခံနေရသည့် မြန်မာသင်္ဘောသား များကို ၄၅ ရက်အတွင်း မြန်မာနိုင်ငံသို့ ပြန်ခွင့် ရရှိမည်ဖြစ်ကြောင်း မြန်မာပင်လယ်ရေကြောင်း အလုပ်သမား များအဖွဲ့ချုပ် (MMWF) တွဲဖက်အ ထွေထွေ အတွင်းရေးမှူး (၁) ဦးရဲဝင်းထွန်းက ပြောကြားသည်။


ယင်းသင်္ဘောများပေါ်တွင် ရောက်ရှိနေသည့် မြန်မာသင်္ဘောသား နှစ်ဦးကို ပြန်ခေါ်ပေးရန် အဆိုပါ အဖွဲ့ ချုပ်ကို အကူအညီ တောင်းခံထားပြီး ယင်းသင်္ဘောသား နှစ်ဦးအပြင် အခြား တရုတ်သင်္ဘောများ ပေါ်ရှိ ဒုက္ခရောက်နေသည့် သင်္ဘောသား များကို ပြန်လာခွင့်ရရှိရန် လုပ်ဆောင်ပေး နေကြောင်း၊ ဒုက္ခရောက် နေသည့် သင်္ဘောသားများပြန်ခေါ်ရန် အကျိုးဆောင် ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ရာ ၄၅ ရက်အတွင်း သင်္ဘောသား ခြောက်ဦးခန့် ပြန်ခွင့်ရရှိရန် သဘောတူညီမှု ရရှိထား ကြောင်း ၄င်းကဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင် ဒုက္ခရောက်နေသည့် သင်္ဘောသားများ အပြင် လုပ်အားခမရရှိမှု၊ သင်္ဘော သား စာအုပ်များကို အလုပ်ရှင်က သိမ်းဆည်းခံ ထားရမှု၊ သင်္ဘောသားအရာရှိ စာမေးပွဲများ ဖြေဆိုခွင့် ပိတ် ပင် ခံထားရမှုများကို အဖွဲ့ချုပ်က ဖြေရှင်းပေးနေပြီး သင်္ဘောသားများ အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ပြဿနာများကို ITF (International Transport Worker’s Federation) အဖွဲ့ချုပ် အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကူညီ ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ဦးရဲဝင်းထွန်းက ထပ်မံ ပြော ကြားသည်။

သင်္ဘောတက်မည့် သင်္ဘောသားများ အနေဖြင့် တရားမဝင် အကျိုးဆောင်ပွဲစား များနှင့်ချိတ်ဆက်လုပ်ကိုင် ခြင်း မပြုရန် လိုအပ်ပြီး အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ် ချုပ်ဆိုရာတွင်လည်း အသုံးအနှုန်းများ ကို နားမလည်ပါက နားလည်တတ်ကျွမ်းသူ များနှင့် တိုင်ပင် လုပ်ဆောင်သင့်ကြောင်း အတွေ့အကြုံရှိ သင်္ဘောသားများက ပြောကြားသည်။

"ကျွန်တော်ကတော့ သင်္ဘောတက်မယ့် လူငယ်တွေ တိုင်ပင်ဆွေးနွေး အကြံဉာဏ် တောင်းစေချင်ပါတယ်" ဟု မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ဆိုသည်။

သင်္ဘောသားအသစ် များကို တရားဝင် ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ လုပ်ကိုင်ရာတွင် အလုပ်ရရှိရန် ခက် ခဲနေသဖြင့် တရားမဝင် အကျိုးဆောင်ပွဲစားနှင့် လုပ်ကိုင်ခဲ့ရာ အကျိုးဆောင်ပွဲစား၏ ပြောဆိုချက် များနှင့် အမှန်တကယ် လုပ်ငန်းခွင်တွင် လုံးဝခြားနား နေကြောင်း ပွဲစားဖြင့် ချိတ်ဆက်ကာ သင်္ဘောတက်ခဲ့သည့် အသက် ၂၅ နှစ်အရွယ် သင်္ဘောသား တစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် သင်္ဘောသားလက်မှတ် ကိုင်ဆောင်ထားသူ သင်္ဘောသား ဦးရေသည် ရှစ်သောင်းခန့်ရှိပြီး နှစ်သောင်းခန့်သာ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင် နေကြကြောင်း၊ ကျန်ခြောက်သောင်းခန့်မှာ အလုပ် ရှာနေရဆဲ ဖြစ်ကြောင်း မြန်မာ့ ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။

The Voice Weekly

The New Light of Myanmar ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး SEA Games အမီ အသွင်သစ်ဖြင့် ထုတ်မည်

အစိုးရက အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ် ထုတ်ဝေနေသည့် The New Light of Myanmar သတင်းစာ ကို Global Direct Link ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း၍ အသွင်သစ်ဖြင့် ၂၀၁၃ ခုနှစ် SEA Games အမီ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (NPE) မှ အထွေ ထွေ မန်နေဂျာ ဦးရဲနိုင်က ပြောကြားသည်။


The New Light of Myanmar နာမည်ဖြင့်သာ ဆက်လက် ထုတ်ဝေမည့် ယင်း သတင်းစာကို အရေး အ သား၊ Version (ပုံစံ) များကို အသွင်သစ်ဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း၊ သတင်းစာ Version (ပုံစံ) ကို လွတ်လပ်သည့် စီမံခန့်ခွဲမှုဖြင့် ထုတ်ဝေရန် စီစဉ်ထားပြီး သတင်းစာကို လက်ရှိ ထုတ် ဝေနေသည့် တက်ဘလွိုက်ဆိုဒ်မှ Broad Sheet ဆိုဒ်ဖြင့် ၁၆ မျက်နှာ ထုတ်ဝေမည် ဖြစ်ပြီး Online တွင်လည်း ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း၊ အသေးစိတ် အစီအစဉ်များကို ကုမ္ပဏီနှင့် ဆွေးနွေး နေကြောင်း ၎င်းက ဆိုသည်။

“သတင်းစာကို SEA Games မှာ ထုတ်နိုင်ဖို့ လျာထားတယ်။ ဒါပေမဲ့ စက်ရုံ ဆောက်လုပ်ရေးတွေနဲ့ အချိန် အရမ်းနီးနေလို့ လျာထားချိန် မပြီးခဲ့ရင်၂၀၁၄ အာဆီယံ အိမ်ရှင်အဖြစ် ကျင်းပချိန်အမီ ထုတ်နိုင် မယ်” ဟု ဦးရဲနိုင်က ဆိုသည်။

အဆိုပါ သတင်းစာကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းရန် တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများ အနက် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီက ဘဏ္ဍာရေးဆိုင်ရာ အချက် အလက်များနှင့် နည်းပညာဆိုင်ရာ အချက်အလက်များအပေါ် အခြေခံကာ Global Direct Link ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇွန်လ၂၄ ရက်နေ့တွင် ထုတ်ပြန် သည်။

Global Direct Link ကုမ္ပဏီသည် မီဒီယာလုပ်ငန်း အတွေ့အကြုံ မရှိသော်လည်း ဂျပန်နိုင်ငံ Kyodo News က နည်းပညာများကိုယူပြီး update လုပ်မှု၊ သင်တန်းပေးမှုကို လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း၊ အကျိုးတူ ပူးပေါင်းရာတွင် NPE က ၅၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ကုမ္ပဏီက ၄၁ ရာခိုင်နှုန်းခန့်ကို ရင်းနှီးမြှုပ်န နှံခွင့် ရမည်ဖြစ်ကြောင်း NPE ထံမှ သိရှိရသည်။

လက်ရှိအခြေအနေတွင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများကဲ့သို့ သတင်းစာ စောင်ရေ မများ သော် လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါက သတင်းစာ စောင်ရေတိုး ထုတ်ဝေနိုင်ရန် မျှော်လင့်ထား ကြောင်း ဦးရဲနိုင်က ဆိုသည်။

The New Light of Myanmar သတင်းစာ တစ်ခုတည်းကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့် ထုတ်ဝေသည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲ ထွဋ်က ပြောကြားသည်။

The New Light of Myanmar သတင်းစာကို အဖြူ အမည်း Broad Sheet ဆိုဒ်ဖြင့် ၁၉၆၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာအဖြစ် စတင် ထုတ်ဝေခဲ့ပြီး ၁၉၉၃ ဧပြီ ၁၇ ရက်နေ့ တွင် The New Light of Myanmar သတင်းစာဟု အမည်ပြောင်းခဲ့သည်။ ၂၀၁၃ ဇန်နဝါရီတွင် လက်ရှိ တက်ဘလွိုက်ဆိုဒ်သို့ ပြောင်းလဲ ထုတ်ဝေကာ ၂၀၁၂ အောက်တို ဘာလ ၈ ရက်နေ့တွင်နေပြည်တော်၌ ရောင်စုံ သတင်းစာအဖြစ် ပြောင်းလဲပြီး ၂၀၁၂ ဒီဇင်ဘာ ၁၅ရက်နေ့တွင် ရန်ကုန်တွင် ရောင်စုံ သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဝေခဲ့သည်။

The Voice Weekly

ပြည်တွင်း အထည်ချုပ် နှင့် အဲကွန်း စက်ရုံတို့ မလေးပြန် လုပ်သားတို့အား အလုပ်ပေးရန် လာရောက်ဆက်သွယ်

မလေးပြန် အလုပ်သမားများ ကို အလုပ်ပေးရန် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ၊ အဲကွန်းစက်ရုံ များမှ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာနသို့ လာရောက်ဆက်သွယ် ထားကြောင်း သိရသည်။


'' မနေ့ကပဲ အဲကွန်းစက်ရုံ တစ်ရုံက အလုပ်သမား ၁၅ဝ ကို အလုပ်ပေးနိုင်ပါတယ်ဆိုပြီးလာပြော တယ်။ တခြား အထည်ချုပ်စက်ရုံ တွေကလည်း အလုပ်ပေးမယ်လို့ ပြောထားတာရှိတယ် '' ဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မလေးရှားတွင် မေလကုန်မှ စ၍ ဖြစ်ပွားသော အကြမ်းဖက်မှု များကြောင့် မလေးရောက် မြန်မာ လုပ်သား အချို့ ဇွန်လ ၁၅ ရက်မှစ၍ မြန်မာနိုင်ငံသို့ ပြန်လာကြရာ အများ စုသည် တရားမဝင် နေထိုင်ကြ သူ များ ဖြစ်ပြီး ပြည်တွင်း၌သာ လုပ်ကိုင် စားသောက်ရန် ရည်ရွယ်ကြသူများ ဖြစ်သည်။

အဆိုပါ အလုပ်သမားများကို ထူး ကုမ္ပဏီများ အုပ်စု၊ မက်စ်မြန်မာ ကုမ္ပဏီအပါအဝင် ကုမ္ပဏီကြီး များက အလုပ်ပေးမည်ဟု ထုတ်ပြန် ခဲ့ပြီး အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဝန်ကြီး က လည်းအလုပ်သမားများ ကျွမ်း ကျင်မှုအလိုက် အလုပ်ပေးမည်ဟု ပြောကြားထားသည်။

လက်ရှိတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး(ပြည်တွင်း) က ကုမ္ပဏီများ၊ စက်ရုံ အလုပ်ရုံများ နှင့် ချိတ်ဆက်ကာ အလုပ်လိုချင်သော အလုပ်သမားများကို အပ်နှံပေးသွား မည်ဟု အထက်ပါ တာဝန် ရှိ သူက ပြောသည်။သို့ဖြစ်ရာ အလုပ်လုပ်လိုသူများ သည် သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများသို့ သွားရောက်ဆက်သွယ်နိုင်သလို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနသို့လည်း ဆက်သွယ်နိုင်ကြောင်း၊ ဆက်သွယ် လိုသူများသည် ဖုန်း ဝ၆၇-၄၃ဝဝ၇၉ သို့ ဆက်သွယ် နိုင်ကြောင်း သိရ သည်။

Popular Myanmar News Journal

U WIRA THU : Open Letter to “Ms. Hannah Beech"


1044388_285810324895816_1826337971_n

Dear Sister Ms. Hannah Beech,

I nationalist Buddhist Monk U Wira Thu is writing this letter to you. When you came to us, we had treated you and your photographer with hospitability. You know we had done our best to help you and your photographer to get what you want.

We had helped you only with the good volition that we want the media and correspondents get the true facts.


We helped you because we respect western liberal media like Times and we expected you wouldn’t make lies to the people of the world. And we did not think you wouldn’t break ethic and responsibility of media.

Now I know that you are the worst visitors we have ever had.

I could not see the hatred behind your smiles. I could not see your ruthlessness under your tender actions.

I could not see your deceit under your sweet words it is like blade covered by honey.

I did not think that a gentle and beautiful girl like you have the ruthless heart of performing savages attack on us to be heard all over the world. I could not think that because of my background may be as you said I was a vagabond.

I had told you that those names such as Shaved Head Nazi, Neo Nazi, Burmese Bin Laden were given by Muslims on Facebook. And then liberal media like you dare use the word like “The Buddhist Monk, The Title “Burmese Binladen”

I believe (think) you admit your dirty mind by deliberately using the word “The Buddhist Monk” then followed by the word “With the man in burgundy robes.” You are not a lady with high moral ground and you are same as dirty minded as extremists all over the world. Muslims are also like you want me to strip of the robe. They do not revere me as a Monk and call me “the man in the robe.”

My preaching is not burning with hatred as you say. Only your writing is full of hate speech.

We can forgive the misunderstanding. We can forgive wrong conclusion. But will you deny that your hatred words targeted me to tarnish my reputation.

Please recheck your words and the words that I preached.

“Now is not the time for calm.”

“Now is the time to rise up to make your blood boil.” These are your words.

Now I show my words.

969 is for peace,

We should preserve these noble reputations of Buddha, Dhamma and Sangha.

For our National cause, our Culture and our Faith,

We will avoid terror act.

Upholding three gems (Buddha, Dhamma, Sangha)

We will perform with honesty, diligence and determined attempts.

For our national cause,

We will carry out it warmly without ignorance.”

These are my words. It is clear that you made savage attack against me by comparing my words and your words.

I preach people not to react with lawlessness, but you accused me of terrorist. You tried to draw a picture of me as a person who aggravate the situation by hate speech and fuelling to make offensive attack, where I am preaching people to perform with honesty, diligence and determined attempts to preserve our value. I preach people to carry out national cause warmly without ignorance, than you gave the world bad impression of me who is trying to boil the blood of people.

You dare do that.
With sustained loving-kindness,
Ven. Wira Thu

HANNAH BEECH

 HANNAH BEECH 


http://democracyforburma.wordpress.com/2013/06/26/u-wira-thu-open-letter-to-ms-hannah-beech-time-magazine-english/ 

လက်ထပ်ထိမ်းများခြင်း ဥပဒေ ပြင်ဆင်ရေးဆွဲဖို့ NDFပါတီ တိုက်တွန်း



မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားရာမှာ ဥပဒေအရ အကာအကွယ် ပေးနိုင် ဖို့အတွက် ၁၉၅၄ ခုနှစ် မြန်မာဗုဒ္ဓဘာသာ မိန်းကလေးများ အထူးလက်ထပ်ထိမ်းမြားခြင်းနဲ့ အမွေဆက်ခံပိုင်ခွင့်ဥပဒေကို လက်ရှိအချိန်ကာလ နဲ့အညီ ပြန်လည်ပြင်ဆင်ရေးဆွဲသင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။


လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးအရ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေလည်း အခြားဘာသာ တွေနည်းတူ လက်ထပ်ထိမ်းမြားရာမှာ ဥပဒေအရ အကာအကွယ် ရှိသင့်တယ်လို့ ယူဆတဲ့အတွက် သဘောထား ထုတ်ပြန်ရတာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

"တခြားဘာသာ သာသနာတွေမှာ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်တဲ့အပိုင်းမှာ သူတို့ဘာသာဝင် အမျိုးသမီး၊ အမျိုးသားတစ်ယောက်ဟာ တခြားဘာသာနဲ့ ယူကြမယ်ဆိုရင် သူတို့ အစ္စလာမ်တရားရုံး၊ ခရစ်ယာန်ဓမ္မအဖွဲ့မှာပေါ့ဗျာ တင်ပြလျှောက်ထားရတယ်ဗျ၊ ကျနော်တို့ ဗုဒ္ဓဘာသာမှာ အဲလိုမဟုတ်ဘူး၊ ယူမယ်ဆိုလို့ရှိရင် လူကြီးစုံရာရှေ့မှာ တောင်းရမ်းယူသွားပြီးတော့ အမျိုးသမီးများရဲ့ အကာအကွယ် မရှိဘူးဆိုတာ သွားတွေ့ရတယ်၊ ကျနော်တို့ ဒါကိုတော့ဖြင့် ပြန်စဉ်းစားဖို့သင့်ပြီ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအနေနဲ့ လက်ထပ်ပြီးတဲ့အခါမှာ ခံစားရတဲ့ဒုက္ခတွေ၊ လစ်ဟာသွားမယ့် အခွင့်အရေးတွေ၊ ဥပဒေကြောင်းအရရရှိနိုင်တဲ့ အမွေဆက်ခံပိုင်ခွင့်တွေ ရသင့်ရအပ်တယ်ဆိုတာကို ကျနော်တို့ စဉ်းစားပြီး တော့ ၁၉၅၄ ခုနှစ် ဥပဒေကို ပြင်ဆင်ဖို့ စဉ်းစားတာဖြစ်ပါတယ်"

NDF ပါတီအနေနဲ့ ၁၉၅၄ လက်ထပ်ထိမ်းမြားခြင်း ဥပဒေကို ပြန်လည်သုံးသပ်လေ့လာပြီးနောက် မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပြင်ဆင်သင့်တဲ့ အချက်တွေကို အခြားဘာသာ၊ သာသနာတွေရဲ့ ကိုးကွယ်မှုဆိုင်ရာ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ထိပါးစေခြင်းမရှိဘဲ ထောက်ပြဝေဖန်သွားမယ်လို့လည်း ဆိုပါတယ်။

Credit : RFA Burmese

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ယှဉ်ပြိုင်ခွင့်မရှိပါက၂၀၁၅ရွေးကောက်ပွဲ သြစတြေးလျ ကူညီမည်မဟုတ်ဟုဆို

သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်ထားသည်ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ပါက၂၀၁၅ ရွေးကောက်ပွဲတွင် သြစတြေးလျ အစိုးရ အနေနှင့် အကူအညီ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Ms. Janelle Saffin က The Voice သို့ ပြောကြားသည်။


၂၀၁၅ ရွေးကောက်ပွဲတွင် အကူအညီပေးအပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ တောင်းဆိုချက်ကို သြစတြေးလျ အစိုးရ က သဘောတူထားသော်လည်း လွတ်လပ်မျှတမှု မရှိနိုင်သော ရွေးကောက် ပွဲကိုမူ ကူညီမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

"ခြောက်ပြစ်ကင်း သဲလဲစင် ရွေးကောက်ပွဲမျိုးတော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ လေဒီကို တားမြစ်ပုဒ်မ (The Lady Prohibition Section 59(f) ) ကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက် ခလုတ်ကန်သင်း တစ်ခုပါပဲ" ဟု Ms.Janelle က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာ ဝင်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ကို တားမြစ်ထားခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုကို အသိအမှတ်ပြုထားသော ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ထောက်ခံ မှုကို ပျက်ပြားစေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် သမ္မတဦးသိန်းစိန် အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်ထောင်စု လွှတ်တော်သို့ ဖွဲ့စည်းပုံ ပြင် ဆင်ရေး ဥပဒေကြမ်း တင်သွင်းပေးနိုင်ကြောင်း Ms.Janelle က အကြံပြု သည်။

ရွေးကောက်ပွဲ အကူအညီ ပေးရေးနှင့် ပတ်သက်၍ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားပေးမည့်သူမရှိကြောင်း ရုံးဝန်ထမ်းများက ဖြေကြား သည်။

ပြည်သူလူထု ထောက်ခံပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ ပြင် ဆင်ရေး အခန်းရှိ ပုဒ်မ ၄၃၆ (က) ကို ရည်ညွှန်း၍ ပြောကြားထားသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့ သုံးဦး က ဝန်ခံ ပြောကြားထားသည်။

Credit : The Voice

Wednesday, June 26, 2013

ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ စစ်တွေတွင် လူထုနှင့်တွေ့ဆုံ


River Valley Restaurant ပြုလုပ်သော ဆွေးနွေးပွဲ။

ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ (ယာယီ)မှ တာဝန်ရှိသူများသည် ညီလာခံ ဖြစ် မြောက်ရေး အတွက် ယခုအခါ ရခိုင်လူထုနှင့် တွေ့ ဆုံ ဆွေးနွေးမူများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


ဇွန်လ ၂၃ ရက် တနင်္ဂနွေနေ့က စစ်တွေမြို့ River Valley Restaurant တွင် ညီလာခံ ဖြစ်မြောက်ရေး အတွက် ဆွေးနွေးပွဲ ပြုလုပ်ရာ စစ်တွေမြို့မှ နိုင်ငံရေး သမား ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“ ဦးဦးလှစော ပြောတာကတော့ ဒီနှစ် စောစောပိုင်းက ထိုင်းနိုင်ငံ ချမ်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အင်အားစုများရဲ့ အလုပ်ရုံ ဆွေးနွေးပွဲက ရခိုင်အမျိုးသားရေးကို လွှမ်းခြုံ ကိုယ်စားပြုနိုင်တဲ့ ညီလာခံ တစ်ခု ဖြစ်မြောက်ရေးအတွက် အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ အခုအဲဒီ ညီလာခံကို ကျင်းပနိုင်ရေး အတွက် အကြံအဥာဏ်တွေ ရယူလိုတဲ့ အတွက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဦးစံကျော်လှက ပြောသည်။

ဆွေးနွေးပွဲကို ဦးသာဘန်းမှ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ (ယာယီ) ကို ကိုယ်စားပြု ဖိတ်ကြားခြင်း ဖြစ်သည်။

“ သူတို့ဆွေးနွေးထဲ အထဲမှာ အခုက RNDP နဲ့ ALD ကလည်း ပေါင်းစည်းသွားခဲ့ပြီ။ ဒါကြောင့် ပြည်တွင်းမှာ နိုင်ငံရေး ပါတီ အဖွဲ့အစည်းတွေ၊ ရခိုင်တတ်သိ ပညာရှင်တွေ၊ ပြည်ပမှာ ရှိနေကြတဲ့ ရခိုင်လက်နက်ကိုင် ပါတီတွေက ကိုယ်စားလှယ်တွေ အကုန်လုံး စုဆုံပြီး ညီလာခံ တစ်ခု လုပ်သွားမယ်။ အဲဒီညီလာခံမှာ ရခိုင်နဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်တွေ ရှာဖွေသွားမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

ယခု ရခိုင်အမျိုးသား ညီလာခံမှာ ၂၀၁၃ ခုနှစ် ဇန္န၀ါရီလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ထိုင်းနိုင်ငံ ချမ်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသား အလုပ်ရုံ ဆွေးနွေးပွဲမှ ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များ ထဲမှ အမျိုးသား ညီလာခံ ကျင်းပရေး သဘောတူညီချက်ကို ဆက်လက် အကောင်အထည် ဖေါ်ရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်သည်။

ယခု လူထု ဆွေးနွေးပွဲကို ဦးသာဘန်း၊ ဦးဦးလှစောတို့မှ ဦးဆောင် လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်မြို့စသည့် မြို့များတွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့ကလည်း ရခိုင် အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အတွက် ရသေ့တောင်တွင် လူထု တွေ့ဆုံပွဲတစ်ခုကို ဦးဦးသာဘန်းနှင့် ဦးဦးလှစောတို့က ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

Credit : Here

မီးပွိုင့်အားမီးနီစဉ် ဖြတ်မောင်းသည့်ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မိ

၂၄-၆-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းလမ်းဆုံ မီးပွိုင့်တွင် ပျဉ်းမနားမြို့နယ်၊ ကြို့ပင်အလယ်ရွာနေ မောင်တိုးတိုး(၂၀)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မောင်သူဇော်ထက်(၁၈)နှစ်လိုက်ပါလာသည့်ဆိုင်ကယ်သည် မီးပွိုင့်မီးနီနေစဉ် ပျဉ်းမနားလမ်းဟောင်းမှ လေဆိပ်သွားလမ်းသို့ ချိုးကွေ့မောင်းနှင်ရာမှ ရန်အောင်မြင်လမ်းဆုံမှလေဆိပ်ဘက်သို့ တရုတ်နိုင်ငံသား ကျောက်မျက်ပြပွဲခရီးသည်(၂)ဦးအားတင်ဆောင်ပြီး ယာဉ်မောင်း(စိစစ်ဆဲ)မောင်းနှင်လာသော ၇ဃ/၆၃၅၈ အေဒီဗင်အဖြူရောင်ယာဉ်နှင့် ၀င်ရောက်တိုက်မိခဲ့သည်။


ယာဉ်တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မောင်တိုးတိုးတွင် ၀ဲတံတောင်ပွန်း၊ ခါးနာ၊ ၀ဲ/ယာဒူးပွန်း၊ ခြေဖမိုးပွန်းဒဏ်ရာများနှင့် မောင်သူဇော်ထက်တွင် နဖူး/ယာတံတောင်ပွန်း၊ ၀ဲလက်မောင်းနာကျင်၊ နှာခေါင်းဖူးရောင်၊ ၀ဲ/ယာဒူးပွန်းဒဏ်ရာများ ရရှိခဲ့သဖြင့် လယ်ဝေးကုတင်(၁၀၀)ဆေးရုံသို့ တင်ပို့ကုသ ခဲ့သည်။

အဆိုပါ ၇ဃ/၆၃၅၈ ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်သွားပြီး နှင်းဆီပန်းအ၀ိုင်းနှင့် သံလမ်းကူးကြားတွင် တရုတ်နိုင်ငံသားခရီးသည်(၂)ဦးအား ယာဉ်ပေါ်မှချထား ခဲ့ကာ ယာဉ်အား ဆက်လက် မောင်းနှင်သွားခဲ့သည်။ လယ်ဝေးမြို့နယ်၊ သာဝတ်္ထိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက အဆိုပါယာဉ်အား သာဝတ်္ထိနယ်မြေ၊ ချိပ်ကပ်တောင်အနီး လမ်းဘေးခြုံပုတ်ထဲ၌ ယာဉ်မောင်းမပါဘဲတွေ့ရှိခဲ့သဖြင့် လယ်ဝေး ယာဉ်မှုစစ်အဖွဲ့သို့ ဆက်လက်အကြောင်းကြားပြီး တရုတ်နိုင်ငံသား(၂)ဦးအား လမ်းကြောင်းလုံခြုံရေး တာဝန်ကျရဲတပ်ဖွဲ့ဝင်များမှ နေပြည်တော်လေဆိပ်သို့ ကူညီပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လယ်ဝေးမြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်လှစ်၍ တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်သွားသည့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ ဆ/က ရပ်ကွက်နေ ယာဉ်မောင်း ဇေယျာဝင်း(၂၉)နှစ်အား အမှုဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း သတင်းရရှိသည်။

သမီးအား စာလိုက်ပေးဖူးသူကို ဓားဖြင့်ထိုးသတ်



တွံတေးမြို့နယ် အိုးဖိုး အနောက်ရပ်ကွက် စည်ပင် သာယာ လမ်းတွင် ဇွန်လ ၂၄ ရက်နေ့ နေ့လည် ဆယ်နာရီ ခွဲခန့်၌ သမီးအား ရည်စားစကား လိုက်ပြောဘူးသော အသက်(၁၇)နှစ် အရွယ် လူငယ် တစ်ဦးအား ကောင်မလေး၏ ဖခင်ဖြစ်သူက ခေါ်၍ ဓားဖြင့် ထိုးလိုက်သော ကြောင့် သေဆုံး သွားကြောင်း တွံတေးမြို့နယ် ရဲစခန်းမှ သိရသည်။


သေဆုံးသူ စိုးမိုးကျော်သည် မအူပင်မြို့နယ် ထနီးကျေးရွာအုပ်စု ကြုံဝကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး တွံတေးမြို့ ငွေပုဇွန်ငါးဒိုင်၌ ငါရောင်း၍ အပြန်တွင် ဓားထိုးခံရပြီး ဆေးရုံးတွင် သေဆုံးခြင်း ဖြစ်ကြောင်း မြို့နယ်ရဲ စခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကောင်လေးသွားတဲ့ အိမ်က ကောင်မလေးအိမ်နဲ့ အိမ်သုံးလုံးလောက်ပဲ ကွာတယ်။ အရင်နေ့တွေက ကောင်မလေးကို စာလိုက်ပေးလို့ သူ့အဖေကခေါ်ပြီးပြောထားဖူးတယ်တဲ့။ အဲဒီနေ့က သုံးလေးခေါက် လောက် ဆိုင်ကယ်နဲ့ဖြတ်သွားတော့ မထီမဲ့မြင် လုပ်တယ်ဆိုပြီး ခေါ်ပြီးဓားနဲ့ထိုးလိုက်တာ”ဟုယင်းက ဆက်လက်ပြောကြားသည်။

၎င်းကိစ္စအား တွံတေးမြို့နယ် ရဲစခန်းမှ (ပ) ၂၅၄/၁၃ ပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်အကြောင်း တင်ပြခြင်း

ကျွန်တော်အခုတင်ပြချင်တာကတော့ စက်မှုဝန်ကြီးဌာန၊ ယခင်စက်မှု(၁)၀န်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တာဝန်ဖြင့် စီမံအုပ်ချုပ်နေသော အဘ ဦးစိုးလှိုင်ကို တင်ပြ ချင်ပါတယ်။ တင်ပြချင်တဲ့အကြောင်းအရင်းကတော့ ပြည်နယ်နှင့်တိုင်း အားလုံးရဲ့ ၀န်ထမ်း အပြောင်း အရွှေ့ကိစ္စလေးဘဲဖြစ်ပါတယ်။


နိုင်ငံ့တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းဆိုတာ ရုံးစိုက်ရာ ပြည်နယ်နှင့်တိုင်း အားလုံးကို နီးသည် ဝေးသည်မဟူ ရုံးအမိန့်စာပါအတိုင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတာ ဓမ္မတာပါ။ သို့ပေမဲ့ ပြောင်းရွှေ့ ရပြီဆိုကထဲက လွယ်ကူလှသည်တော့မဟုတ်။ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပါပြီ ကျန်ရှိခဲ့သော မိသားစု စားဝတ်နေရေး၊ သွားရေးလာရေး အစစအရာရာတွေးနေရပြီး၊ တချို့ဝန်ထမ်းဆို တစ်နှစ်အတွင်း မှာတင် ပြည်နယ်နှင့်တိုင်း(၂)နေရာကို ပြောင်းရွှေ့ခံခဲ့ရသူတွေ ရှိပါတယ်။ ပြောင်းရွှေ့ခံရတဲ့ဝန်ထမ်းဟာ ကိုယ့် မိသားစုနှင့် အနီးအနား ပြည်နယ်နှင့်တိုင်း (သို့မဟုတ်) နေရာဒေသသို့ ပြန်လည်ပြောင်းရွှေ့ ရတာ ဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းသာစရာဖြစ်ပြီး ရုံးစိုက်ရာဝေးလံသော ဒေသများသို့ ပြောင်းရွှေ့ ရတာဆိုရင်တော့ ၀မ်းနည်းစရာပါ။

အရာထမ်းများ ပြောင်းရွှေ့ရသည်မှာ ပြဿနာအထွေအထူးမရှိပေမဲ့ လစာနည်းအမှုထမ်းများမှာတော့ အခက်အခဲမျိုးစုံနဲ့ပါ ရာထူးလိုချင်လို့ ရာထူးတက်ပြီး ပြောင်းရတာက သူ့အကြောင်းနဲ့သူပါ။ ပြောင်းရွှေ့ ရမှာကို ကြောက်ပြီး ရာထူးလဲမလိုချင်တော့ပါဘူးဟု လက်မှတ်ထိုး ထားတာတောင် ပြောင်းရွှေ့ဖြစ်အောင် ပြောင်းလိုက်လို့ စိတ်မကောင်းတော့ ဖြစ်ခဲ့မိပါတယ်။

ကဲ အဲဒါတွေထားလိုက်ပါတော့ အဘ သိအောင် ပြောပြတာပါ။

ဒု-ကြီးကြပ်ရေးမှူးမှ ဒုတိယညွှန်ကြားရေးမှူးအထိ အပြောင်းအရွှေ့လုပ်လိုက်ပါပြီတဲ့။ အငယ်တန်းစာရေး၊ အကြီးတန်းစာရေး၊ ကျွမ်းကျင် စတဲ့ သူတွေကတော့ အမှုထမ်းတွေ မဟုတ်တော့ဘူးလား။ သူတို့တွေ ကျတော့ အပြောင်းအရွှေ့ ဘာဖြစ်လို့မပါရတာလဲ။ နောက်တခု ပိုပြီးထူးတဲ့အချက်က အလုပ်စတင် ၀င်ရောက်ချိန်ကထဲကစ ၄င်းပြည်နယ်နှင့်တိုင်းရုံးစိုက်ရာတစ်ခုတည်းမှာပင် (၅)နှစ် မှ (၂၀)နှစ်ကြား အနေကြာ တာဝန်ထမ်းဆောင်ပြီး နေပြည်တော်ဆိုတာ ဘာမှန်းမသိ၊ အခြားသော ပြည်နယ်နှင့် တိုင်း ဆိုတာ ဝေလာဝေး၊ ဘယ်မှမသွားဘူးတဲ့ အမှုထမ်း/အရာထမ်းတွေကျတော့ အဘ တစ်ယောက် မေ့များ မေ့နေသလား။ တပည့်ရင်းတွေမို့ မမြင်ချင်အောင် ဆောင်နေသလားလို့တောင် ထင်မိပါတယ်။

ဌာနတခုရဲ့ အကြီးအကဲတာဝန်ယူထားရသော ပုဂ်ဂိုလ်တစ်ဦးဟာ လစာနည်း အမှုထမ်း ကိုယ့်လက် အောက် ငယ်သားတွေကို သားသမီး၊ ညီ-ညီမသဖွယ် စောင့်ရှောက်သင့်တာ စောင့်ရှောက်ကူညီ သင့်တာကူညီ မပြောင်းမရွှေ့သင့်တာ မပြောင်းမရွှေ့ဘဲနှင့်သော်လည်းကောင်း၊ ပြောင်းရွှေ့ပေးမှဖြစ်မည့် အရာထမ်း/အမှုထမ်းဆိုရင်လဲ သူ့အိုး၊ သူ့အိမ်၊ သူ့မိသားစုနှင့် နီးစပ်မဲ့ ရုံးစိုက်ရာဒေသတွေမှာသာ ပိုပြီး သင့်တော်မည်ထင်လို့ အဘ သိစေဘို့ (ပြောင်းရွှေ့မှုတွင် မပါဝင်သော) အမှုထမ်းတစ်ဦး၏ နောင်တချိန် တွင် ဖြစ်လာမည့်အရေးကို ကိုယ်ချင်းစာနာသဖြင့် ရင်မှဖြစ်တည်နေသော ခံစားချက်ကို တင်ပြလိုက်ရ ပါတယ်။

Credit : http://mmopenletters.blogspot.com/2013/06/blog-post_25.html

အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်ငံသားခရီးသည် နှစ်ဦး ထိန်းသိမ်းခံရ



ညောင်ဦးမှ ရန်ကုန်သို့ ထွက်ခွာမည့် အဲပုဂံ လေယာဉ် ပျံပေါ်ကို လက်နက်ကိုင် ဆောင်ပြီး တက်ရောက်ရန် ကြံ ရွယ်သူ တရုတ်နိုင်ငံသားနှစ်ဦး အား လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှ အရေးပေါ် စစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်ခဲ့ရကြောင်း လေ ကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


ဇွန် ၂၁ ရက်က ညောင်ဦး မှ ရန်ကုန်လေဆိပ်သို့ သွားမည့် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် Mr Duan Jun နှင့် Mr. Zhang Yunqing တို့ နှစ်ဦးအနက် တစ် ဦးသည် ညောင်ဦးလေဆိပ်မှ ရန် ကုန်လေဆိပ်သို့ ထွက်ခွာမည့် အဲပုဂံ လေကြောင်းလိုင်း ATR 42 Forker လေယာဉ် ထွက်ခွာ ခါနီးအချိန်တွင် ညောင်ဦး လေဆိပ်ပန်းခြံတွင် ဝှက်ထားသော အရိုးအသွား ရှစ်လက်မခန့်ရှိ မောင်းချဓားကို ယူဆောင်ကာ ဝှက်ပြီး လေယာဉ်ပေါ်သို့ ပြန်တက်မည်ပြုချိန်တွင် လုံခြုံရေးတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးကို လေကြောင်းရဲတပ် ဖွဲ့မှူးရုံးက စစ်ဆေးကာ ရန်ကုန်သို့ ဂျေဂျေအဝေးပြေး မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ တရုတ် နိုင်ငံသား နှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးက ဆက်လက်စောင့်ကြည့် ရန် ညွှန်ကြားထားကြောင်းသိရ သည်။

လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှတာဝန်ရှိသူက ''သူတို့ကိုစစ် ဆေးပြီးပြန်လွှတ်လိုက်တယ်။ စစ် ဆေးမှု အသေးစိတ်တော့ ပြောလို့ မရဘူး။ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက လောလောဆယ်သူတို့ နှစ်ဦးကို ခြေရာခံစောင့် ကြည့်ဖို့ ညွှန်ကြားထားတယ်။ ဆက်လက် ဆောင်ရွက်မှုတွေလဲရှိပါတယ်။ ကျန်တာတွေကိုတော့ မှတ်ချက်ပြု ပြောလို့ မရသေးဘူး'' ဟု ပြော သည်။ ယင်းသတင်းအား အဲပုဂံ က မှန်ကန်ကြောင်း အတည်ပြု ပေး ခဲ့သည်။ အဲပုဂံဥက္ကဋ္ဌ ဦးထူးသက်ထွေးက ''သတင်းက မှန်ပါတယ်။ အဲဒီနေ့က တာဝန်ရှိသူတွေက အဲဒီ ခရီးသည်နှစ်ဦးကိုထားခဲ့လိုက်ပါ ဆိုတဲ့အတွက် သူတို့ကို ထားခဲ့ပါ တယ်။ ကျန်တာတွေကတော့ သက် ဆိုင်ရာ တာဝန်ရှိသူတွေ ဆက်လက် လုပ်ဆောင်မှာပါ''ဟု ပြော သည်။

လေယာဉ်လက်မှတ် ရောင်းချရေးဌာန မြန်မာ့လေကြောင်း မှတာဝန်ရှိသူတစ်ဦးက ''လေယာဉ် လက်မှတ်ရောင်းချတဲ့အခါ မြန်မာ နိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ပဲဖြစ်ဖြစ် သေချာစစ်ဆေးပြီးမှ ရောင်းချပါတယ်။ Blicklist မှာ ပါတဲ့ နိုင်ငံခြားသားတွေကိုတော့ လက်မှတ်မရောင်းဘူး။ အခုလက်ရှိ လေယာဉ်လက်မှတ်ရောင်းချတဲ့ နေရာမှာ လူတစ်ဦးချင်းစီရဲ့ သက် သေခံအထောက်အထားတွေကို သေချာစစ်ပြီး ရောင်းချပါတယ်''ဟု ပြောသည်။ လွန်ခဲ့သော သုံးလေးနှစ်ခန့်ကလည်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကိုဖောက်ခွဲရန် ကြံစည်ခဲ့သူများအား သင်္ဃန်းကျွန်းရဲစခန်းမှ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

FROM-KYAW MYAT SAN

၂ဝ၁၃ ခုနှစ်၊ ဇူလိုင်(၁) ရက်နေ့ ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁ ၂)၊ အမှတ်(၁) နှင့် စပ်လျဉ်း၍ ကြေညာ

ကြေညာချက် အမှတ် ၁/၂ဝ၁၃
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်)


၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)နှင့် စပ်လျဉ်း၍ကြေ ညာခြင်း၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)တွင် သံဃာတော် ဥူးဝီရသူအား The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသနာအပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့ အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက် နေခြင်းကိုလည်း ထိခိုက် စေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟို ကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက် နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ (၁၈၂)၊ အမှတ်(၁)ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မူရင်းစာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိ ခြင်း မပြုလုပ်ရန် အများပြည်သူ အကျိုးငှာ ကြေညာလိုက်သည်။

အမိန့်အရ
အတွင်းရေးမှူး
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ

၂ဝ၁၃ ခုနှစ်၊ ဇူလိုင်(၁) ရက်နေ့ ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁ ၂)၊ အမှတ်(၁) နှင့် စပ်လျဉ်း၍ ကြေညာ

မြ၀တီ

ဖျက်သင့်သည့် ဥပဒေများကို ဆက်လက် ကျင့်သုံးနေပါက ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်နိုင်ဟုဆို


Photo: ဖျက်သင့်သည့် ဥပဒေများကို ဆက်လက် ကျင့်သုံးနေပါက ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်နိုင်ဟုဆို
Wednesday, June 26, 2013

ခေတ်နှင့် မလျော်ညီသည့် ဥပဒေများ၊ မူလပြဌာန်းထားသည့် ရည်ရွယ်ချက်နှင့် ကွဲလွဲကာ ကျင့်သုံးနေသည့် ဥပဒေများကို ဆက်လက် အသုံးပြုနေပါက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်သောကြောင့် ၎င်းတို့ကို ဖျက်သင့်ကြောင်း ရှေ့နေများနှင့် လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။

“ဒီအတိုင်းဆို တိုင်းပြည် ဘယ်လိုမှ ရှေ့ရောက်နိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အရှေ့ကိုသွားမယ့် ကိစ္စကို နောက်ပြန် ဆွဲသလို ဖြစ်မယ်။ မလိုအပ်တော့တဲ့၊ ပြဌာန်းချက်နဲ့ လွဲနေတဲ့ ဥပဒေတွေကို ဖျက်ပြီး အများအကျိုးအတွက် ရေးဆွဲထားတဲ့၊ အသုံးပြုသင့်သေးတဲ့ ဥပဒေတွေကို ထားသင့်ရင် ဆက်ထားရမယ်” ဟု ရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးကိုနီက ဆိုသည်။

ဖျက်သင့်သည့် ဥပဒေရှိသကဲ့သို့ မဖျက်သင့်ဘဲ ပြင်ဆင် အသုံးပြုသင့်သည့် ဥပဒေများလည်း ရှိကြောင်း၊ ၎င်းတို့ကို ပြင်၍ အသုံးပြုသင့်ကြောင်း၊ ထို့အပြင် ပြောင်းလဲသွားသည့် ခေတ်စနစ် များအရ အသစ်ရေးဆွဲသင့်သည့် ဥပဒေကို ရေးဆွဲ သင့်ကြောင်း၊ ယခုမူ ထိုသို့ မဟုတ်သောကြောင့် တိုင်းပြည်အတွက် အနှောင့်အယှက် တခုကဲ့သို့ ဖြစ်နေကြောင်း ရှေ့နေများက ပြောသည်။

“ပြင်ပြီးသုံးနေတဲ့ ဥပဒေတွေက သက်သေခံဥပဒေ၊ တရားမ ကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ။ ဒီဥပဒေတွေက အရမ်း ကောင်းတယ်။ ပြင်ပြီး သုံးနေတုန်းပဲ။ လိုရင် ခေတ်သစ်နဲ့ မညီရင် ပြင်ရုံပဲရှိတယ်။ ဒီထက် ကောင်းတဲ့ ဥပဒေတခုနဲ့ အစားထိုးရေးလို့ မရအောင် စနစ်တကျနဲ့ အင်္ဂလိပ်တွေ ရေးဆွဲပေးထားတဲ့ ဥပဒေတွေ” ဟု ရှေ့နေ ဦးကိုနီက ဆိုသည်။

ပြင်ဆင်၍ မရတော့သည့် အင်္ဂလိပ်အစိုးရက ပြဌာန်းခဲ့သော ဥပဒေများမှာ တရားမဝင် အသင်းအဖွဲ့များ ဥပဒေ၊ အသရေ ဖျက်မှု ဥပဒေပုဒ်မ ၅၀၀၊ မြန်မာအစိုးရ၏ လျှို့ဝှက် ဥပဒေ၊ မြို့ရွာ၊ ကျေးလက် ဥပဒေတို့ဖြစ်ပြီး ဒီမိုကရေစီခေတ်က ပြဌာန်း ခဲ့သည့် ဥပဒေများတွင် အရေးပေါ် စီမံမှုဥပဒေ၊ ဆိုရှယ်လစ်ခေတ်တွင် ပြဌာန်းခဲ့သည့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် အက်ဥပဒေများအပြင် တပ်မတော်အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်သည့် ဥပဒေ၊ ကွန်ပျူတာ နည်းပညာဖွံ့ဖြိုးရေး ဥပဒေနှင့် ကြိုးမဲ့ ကြေးနန်း အက်ဥပဒေတို့ ဖြစ်ကြောင်း သိရသည်။

“၁၉၅၀ ပြည့်နှစ်က ဆွဲခဲ့တဲ့ အရေးပေါ် စီမံမှုဥပဒေဆိုရင် ရောင်စုံသူပုန်တွေ ထလို့ ပြဌာန်းခဲ့တယ်။ ရောင်စုံသူပုန် ပြီးတာ ကြာပြီ ဖြစ်ပေမယ့် ဒီဥပဒေကို မဖျက်ဘဲ ပြည်သူတွေကို ဒီဥပဒေနဲ့ နှိပ်ကွပ်ခဲ့တယ်။ နောက်တခုက ဥပဒေ ပုဒ်မ ၆ အသင်းအပင်း ဖွဲ့စည်းခြင်းဥပဒေ။ ဒီဥပဒေဟာ ၁၉၈၈ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ အဖွဲ့အစည်း တွေရဲ့ အနှောင့်အယှက်က ကာကွယ်ဖို့ ပြဌာန်းခဲ့တဲ့ ဥပဒေ၊ တက်လာတဲ့ အစိုးရတွေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ မပေါ်လာဖို့၊ အရပ်ဘက် အဖွဲ့အစည်းတွေကို နှိပ်ကွပ်ဖို့ ဒီနေ့အထိ သုံးနေတယ်” ဟု အလုပ်သမားများအတွက် ဆောင်ရွက် ပေးနေသည့် ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

အထက်ပါ ဥပဒေများကို မဖျက်ခြင်းသည် ဒီမိုကရေစီ စနစ်ကို လက်မခံနိုင်သေးဟု ပြောသည်နှင့် အတူတူပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက အဆိုပါ ဥပဒေများအား လုံးဝ ပယ်ဖျက်ရမည် ဖြစ်ကြောင်း သူက ဆိုသည်။

ဖျက်သိမ်းသင့်သည့် ဥပဒေများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် အဆိုပြုထားခြင်းများ ရှိသော်လည်း မအောင်မြင်သည်က များကြောင်း၊ အဆိုပါ ဖျက်သိမ်းခွင့် မရသော ဥပဒေများကို ပြင်ဆင်နိုင်ရန် ဆက်လက် အဆိုပြုထားကြောင်း၊ ထိုသို့သော မလိုအပ်သည့် ဥပဒေများကို ဖျက်သိမ်းရန် လွှတ်တော် ကိုယ်စားလှယ်များကိုသာ အားကိုးမနေသင့်ဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းများ ကလည်း ကြိုးပမ်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုအရ သိရသည်။

“လွှတ်တော်မှာ ဖျက်ပေးဖို့ တင်တဲ့ ဥပဒေတွေ တော်တော်များနေပြီ။ မအောင်မြင်သေးဘူး။ တင်တာတွေထဲက တခုဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀၊ အသရေ ဖျက်မှုပေါ့။ ဒါကို ကျနော်တို့ဆီမှာက ရာဇဝတ်မှုလို့ သတ်မှတ်တယ်။ တခြားနိုင်ငံ တွေမှာ ဒီပြစ်မှုက တရားမမှု။ ဒီပြစ်မှုအရ နစ်နာသူက လျော်ကြေးလိုချင်လို့ပဲ တရားစွဲလို့ရတယ်။ ထောင်ချ ပေးပါလို့ တရားစွဲလို့မရဘူး” သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောသည်။

မြန်မာ ပြည်တွင် ပုဒ်မ ၅၀၀ အပြင် တခြားပယ်ဖျက်ရမည့် ဥပဒေ များစွာ ရှိနေကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သတိမထားမိခြင်းများ ရှိနိုင်ပြီး ပြည်သူများက ဖျက်သင့်သည်ဟု ယူဆသည့် ဥပဒေကို နီးစပ်သည့် နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ် များကို ပြောပြသင့်ကြောင်း သူက ဆိုသည်။

ဥပဒေနှင့် ပတ်သက်သည့် လွဲချော်မှုများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဖြစ်ပြီး ၎င်းက မမှန်သဖြင့် ယခင်က မှားယွင်းနေသည့် ဥပဒေများကို ပြင်ဆင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ ဥပဒေကို လက်တွေ့ ကျင့်သုံးသူများမှာ ပြဌာန်းချက်များ အတိုင်း မဟုတ်ဘဲ အမိန့်နှင့် မိမိတို့ ကြိုက်သလို ကျင့်သုံးနေကြခြင်း၊ ဥပဒေကို လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို သုံးနေခြင်းများ အပြင် အာဏာရှိသူများကလည်း ဥပဒေကို ဝင်ရောက်စွက်ဖက်ခြင်းများ ရှိနေသဖြင့် ဥပဒေ၏ အခြေခံ သဘောတရားမှာ ပျက်ယွင်းနေခြင်း ဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးဇော်ထွန်းက ဆိုသည်။

“ဥပဒေနဲ့ ပြည်သူကို ကာကွယ်မလား၊ ဖိနှိပ်မလား ဒါပဲရှိတာ။ ဒီမိုကရေစီ စနစ်မှာ ဥပဒေနဲ့ဆိုင်တဲ့ လွှတ်တော်က အဓိက။ လွှတ်တော်က ပြည်သူတွေရဲ့အသံနဲ့ သဘောထားကို နားထောင်ဖို့ လိုတယ်။ ပြည်သူကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ၊ ရည်ရွယ်ချက်အတိုင်း အဓိပ္ပာယ်ဖွင့်ပြီး တရားမျှတစွာ စီရင်နိုင်ဖို့၊ မှန်ကန်စွာ အုပ်ချုပ်နိုင်ဖို့ ဒီလိုအခြေအနေတွေ ဖန်တီး ပေါ်ပေါက် လာနိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပန်းရမှာပေါ့” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလသို့ သွားနေခြင်းဖြစ်သောကြောင့် ခေတ်မမီတော့သည့်၊ ခေတ်နှင့် မညီသည့်၊ ဒီမိုကရေစီ ကျင့်စင်များနှင့် မညီသည့် ဥပဒေများ အားလုံးကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရန် မိမိအပါအဝင် တခြား လွှတ်တော် ကိုယ်စားလှယ်များကလည်း ကြိုးစားနေကြောင်း ၎င်းက ဆက်ပြောသည်။

ဖျက်သိမ်းသင့်သည့် ဥပဒေများကို စဉ်းစားရာတွင် ၎င်းသည် အများအကျိုးအတွက် ဆွဲထားသည့် ဥပဒေ ဟုတ်၊ မဟုတ်၊ အစိုးရအနေဖြင့် ၎င်းတို့ အာဏာတည်မြဲရန် ပြုလုပ်ထားသည့် ဥပဒေ ဟုတ်၊ မဟုတ်၊ အခြေအနေ အကြောင်းကြောင်းကြောင့် ရေးဆွဲထားသည့် ဥပဒေ ဟုတ်၊ မဟုတ် စသည်တို့ကို စဉ်းစား၍ ဖျက်သင့်သည့် ဥပဒေများကို ဖျက်မည်ဆိုပါက အချိန်တို အတွင်း လွယ်ကူစွာ ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း ရှေ့နေများက အကြံပြုကြသည်။

မြန်မာနိုင်ငံရှိ ဥပဒေများတွင် ကိုလိုနီခေတ်က အင်္ဂလိပ် အစိုးရ ပြဌာန်းထားသည့် ဥပဒေများ၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈ နှင့် ၁၉၆၂ ခုနှစ်အကြား ဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီ အစိုးရက ပြဌာန်းထားသည့် ဥပဒေများ၊ ၁၉၆၂ နှင့် ၁၉၇၄ ခုနှစ်အကြား အာဏာရှင်များ ပြဌာန်းထားသည့် ဥပဒေများ၊ ၁၉၇၄ မှ ၁၉၈၈ ခုနှစ် တပါတီ ဆိုရှယ်လစ် အာဏာရှင်များက ပြဌာန်းခဲ့သည့် ဥပဒေများနှင့် ၁၉၈၈ မှ ၂၀၁၀ ပြည့်နှစ် တပ်မတော် အစိုးရ အုပ်ချုပ်စဉ်ကာလ များတွင် ပြဌာန်းခဲ့သည့် ဥပဒေများ ရှိကာ ၎င်းတို့အနက် ဖျက်သိမ်းခဲ့သည့် ဥပဒေများ ရှိဖူးသော်လည်း ယခုတိုင် ဆက်လက် အသုံးပြုနေဆဲ ဥပဒေများလည်း ရှိကြောင်း သိရသည်။

ဧရာဝတီ

ခေတ်နှင့် မလျော်ညီသည့် ဥပဒေများ၊ မူလပြဌာန်း ထားသည့် ရည်ရွယ်ချက်နှင့် ကွဲလွဲကာ ကျင့်သုံးနေ သည့် ဥပဒေများကို ဆက်လက်အသုံးပြုနေပါက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက် လာ နိုင်သောကြောင့် ၎င်းတို့ကိုဖျက်သင့်ကြောင်း ရှေ့နေများနှင့် လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။


“ဒီအတိုင်းဆို တိုင်းပြည် ဘယ်လိုမှ ရှေ့ရောက်နိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အရှေ့ကိုသွားမယ့် ကိစ္စကို နောက်ပြန် ဆွဲသလို ဖြစ်မယ်။ မလိုအပ်တော့တဲ့၊ ပြဌာန်းချက်နဲ့ လွဲနေတဲ့ ဥပဒေတွေကို ဖျက်ပြီး အများအကျိုးအတွက် ရေးဆွဲထားတဲ့၊ အသုံးပြုသင့်သေးတဲ့ ဥပဒေတွေကို ထားသင့်ရင် ဆက်ထား ရမယ်” ဟု ရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးကိုနီက ဆိုသည်။

ဖျက်သင့်သည့် ဥပဒေရှိသကဲ့သို့ မဖျက်သင့်ဘဲ ပြင်ဆင် အသုံးပြုသင့်သည့် ဥပဒေများလည်း ရှိကြောင်း၊ ၎င်းတို့ကို ပြင်၍ အသုံးပြုသင့်ကြောင်း၊ ထို့အပြင် ပြောင်းလဲသွားသည့် ခေတ်စနစ် များအရ အသစ်ရေးဆွဲ သင့်သည့် ဥပဒေကို ရေးဆွဲ သင့်ကြောင်း၊ ယခုမူ ထိုသို့ မဟုတ်သောကြောင့် တိုင်းပြည်အတွက် အနှောင့်အယှက် တခုကဲ့သို့ ဖြစ်နေကြောင်း ရှေ့နေများက ပြောသည်။

“ပြင်ပြီးသုံးနေတဲ့ ဥပဒေတွေက သက်သေခံဥပဒေ၊ တရားမ ကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ။ ဒီဥပဒေတွေက အရမ်း ကောင်းတယ်။ ပြင်ပြီး သုံးနေတုန်းပဲ။ လိုရင် ခေတ်သစ်နဲ့ မညီရင် ပြင်ရုံပဲ ရှိတယ်။ ဒီထက် ကောင်းတဲ့ဥပဒေတခုနဲ့ အစားထိုးရေးလို့မရအောင် စနစ်တကျနဲ့ အင်္ဂလိပ်တွေ ရေး ဆွဲပေးထားတဲ့ ဥပဒေတွေ” ဟု ရှေ့နေ ဦးကိုနီက ဆိုသည်။

ပြင်ဆင်၍ မရတော့သည့် အင်္ဂလိပ်အစိုးရက ပြဌာန်းခဲ့သော ဥပဒေများမှာ တရားမဝင် အသင်းအဖွဲ့များ ဥပဒေ၊ အသရေ ဖျက်မှု ဥပဒေပုဒ်မ ၅၀၀၊ မြန်မာအစိုးရ၏ လျှို့ဝှက် ဥပဒေ၊ မြို့ရွာ၊ ကျေးလက် ဥပဒေ တို့ဖြစ်ပြီး ဒီမိုကရေစီခေတ်က ပြဌာန်း ခဲ့သည့် ဥပဒေများတွင် အရေးပေါ် စီမံမှုဥပဒေ၊ ဆိုရှယ်လစ်ခေတ် တွင် ပြဌာန်းခဲ့သည့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် အက်ဥပဒေများအပြင် တပ်မတော်အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်သည့် ဥပဒေ၊ ကွန်ပျူတာ နည်းပညာဖွံ့ဖြိုးရေး ဥပဒေနှင့် ကြိုးမဲ့ ကြေးနန်း အက်ဥပဒေ တို့ ဖြစ်ကြောင်း သိရသည်။

“၁၉၅၀ ပြည့်နှစ်က ဆွဲခဲ့တဲ့အရေးပေါ် စီမံမှုဥပဒေဆိုရင် ရောင်စုံသူပုန်တွေထလို့ ပြဌာန်းခဲ့ တယ်။ ရောင်စုံသူပုန် ပြီးတာ ကြာပြီ ဖြစ်ပေမယ့် ဒီဥပဒေကို မဖျက်ဘဲ ပြည်သူတွေကို ဒီဥပဒေနဲ့ နှိပ်ကွပ် ခဲ့တယ်။ နောက်တခုက ဥပဒေ ပုဒ်မ ၆ အသင်းအပင်း ဖွဲ့စည်းခြင်းဥပဒေ။ ဒီဥပဒေဟာ ၁၉၈၈ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ အဖွဲ့အစည်း တွေရဲ့ အနှောင့်အယှက်က ကာကွယ်ဖို့ ပြဌာန်းခဲ့တဲ့ ဥပဒေ၊ တက်လာတဲ့ အစိုးရတွေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ မပေါ်လာဖို့၊ အရပ်ဘက် အဖွဲ့အစည်းတွေကို နှိပ်ကွပ်ဖို့ ဒီနေ့အထိ သုံးနေတယ်” ဟု အလုပ်သမားများ အတွက် ဆောင်ရွက် ပေးနေသည့် ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

အထက်ပါ ဥပဒေများကို မဖျက်ခြင်းသည် ဒီမိုကရေစီ စနစ်ကို လက်မခံနိုင်သေးဟု ပြောသည်နှင့် အတူတူပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက အဆိုပါ ဥပဒေများအား လုံးဝ ပယ်ဖျက် ရမည် ဖြစ်ကြောင်း သူက ဆိုသည်။

ဖျက်သိမ်းသင့်သည့် ဥပဒေများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် အဆိုပြု ထားခြင်းများ ရှိသော်လည်း မအောင်မြင်သည်က များကြောင်း၊ အဆိုပါ ဖျက်သိမ်းခွင့် မရသော ဥပဒေများကို ပြင်ဆင်နိုင်ရန် ဆက်လက် အဆိုပြုထားကြောင်း၊ ထိုသို့သော မလိုအပ်သည့် ဥပဒေများကို ဖျက်သိမ်းရန် လွှတ်တော် ကိုယ်စားလှယ်များကိုသာ အားကိုးမနေသင့်ဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းများ ကလည်း ကြိုးပမ်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုအရ သိရသည်။

“လွှတ်တော်မှာ ဖျက်ပေးဖို့ တင်တဲ့ ဥပဒေတွေ တော်တော်များနေပြီ။ မအောင်မြင်သေးဘူး။ တင်တာတွေ ထဲက တခုဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀၊ အသရေဖျက်မှုပေါ့။ ဒါကို ကျနော်တို့ဆီမှာက ရာဇဝတ်မှုလို့ သတ်မှတ်တယ်။ တခြားနိုင်ငံ တွေမှာ ဒီပြစ်မှုက တရားမမှု။ ဒီပြစ်မှုအရ နစ်နာ သူက လျော်ကြေးလိုချင်လို့ပဲ တရားစွဲလို့ရတယ်။ ထောင်ချ ပေးပါလို့ တရားစွဲလို့မရဘူး” သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောသည်။

မြန်မာ ပြည်တွင် ပုဒ်မ ၅၀၀ အပြင် တခြားပယ်ဖျက်ရမည့် ဥပဒေ များစွာ ရှိနေကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သတိမထားမိခြင်းများ ရှိနိုင်ပြီး ပြည်သူများက ဖျက်သင့်သည်ဟု ယူဆသည့် ဥပဒေကို နီးစပ်သည့် နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ် များကို ပြောပြသင့်ကြောင်း သူက ဆိုသည်။

ဥပဒေနှင့်ပတ်သက်သည့် လွဲချော်မှုများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဖြစ်ပြီး ၎င်းက မမှန်သဖြင့် ယခင်ကမှားယွင်းနေသည့် ဥပဒေများကို ပြင်ဆင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ ဥပဒေကို လက်တွေ့ ကျင့်သုံးသူများမှာ ပြဌာန်းချက်များအတိုင်းမဟုတ်ဘဲ အမိန့်နှင့် မိမိတို့ ကြိုက်သလို ကျင့်သုံးနေကြခြင်း၊ ဥပဒေကို လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို သုံးနေခြင်းများ အပြင် အာဏာရှိ သူများကလည်း ဥပဒေကို ဝင်ရောက်စွက်ဖက်ခြင်းများ ရှိနေသဖြင့် ဥပဒေ၏ အခြေခံ သဘောတရားမှာ ပျက်ယွင်းနေခြင်း ဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးဇော်ထွန်းက ဆိုသည်။

“ဥပဒေနဲ့ ပြည်သူကို ကာကွယ်မလား၊ ဖိနှိပ်မလား ဒါပဲရှိတာ။ ဒီမိုကရေစီ စနစ်မှာ ဥပဒေနဲ့ဆိုင်တဲ့ လွှတ်တော်က အဓိက။ လွှတ်တော်က ပြည်သူတွေရဲ့အသံနဲ့ သဘောထားကို နားထောင်ဖို့ လိုတယ်။ ပြည်သူကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ၊ ရည်ရွယ်ချက်အတိုင်း အဓိပ္ပာယ်ဖွင့်ပြီး တရားမျှတစွာ စီရင်နိုင်ဖို့၊ မှန်ကန်စွာ အုပ်ချုပ်နိုင်ဖို့ ဒီလိုအခြေအနေတွေ ဖန်တီး ပေါ်ပေါက် လာနိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပန်းရမှာပေါ့” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြောသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလသို့ သွားနေခြင်းဖြစ်သောကြောင့် ခေတ် မမီတော့ သည့်၊ ခေတ်နှင့် မညီသည့်၊ ဒီမိုကရေစီ ကျင့်စင်များနှင့် မညီသည့် ဥပဒေများ အားလုံးကို ပြင် ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရန် မိမိအပါအဝင် တခြား လွှတ်တော် ကိုယ်စားလှယ် များကလည်း ကြိုးစားနေကြောင်း ၎င်းက ဆက်ပြောသည်။

ဖျက်သိမ်းသင့်သည့် ဥပဒေများကို စဉ်းစားရာတွင် ၎င်းသည် အများအကျိုးအတွက် ဆွဲထားသည့် ဥပဒေ ဟုတ်၊ မဟုတ်၊ အစိုးရအနေဖြင့် ၎င်းတို့ အာဏာတည်မြဲရန် ပြုလုပ်ထားသည့် ဥပဒေ ဟုတ်၊ မဟုတ်၊ အခြေအနေ အကြောင်းကြောင်းကြောင့် ရေးဆွဲထားသည့် ဥပဒေ ဟုတ်၊ မဟုတ် စသည်တို့ကို စဉ်းစား၍ ဖျက်သင့်သည့် ဥပဒေများကို ဖျက်မည်ဆိုပါက အချိန်တို အတွင်း လွယ်ကူစွာ ပြီးမြောက်နိုင် မည်ဖြစ်ကြောင်း ရှေ့နေများက အကြံပြုကြသည်။

မြန်မာနိုင်ငံရှိ ဥပဒေများတွင် ကိုလိုနီခေတ်က အင်္ဂလိပ် အစိုးရ ပြဌာန်းထားသည့် ဥပဒေများ၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈ နှင့် ၁၉၆၂ ခုနှစ်အကြား ဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီ အစိုးရက ပြဌာန်းထားသည့် ဥပဒေများ၊ ၁၉၆၂ နှင့် ၁၉၇၄ ခုနှစ်အကြား အာဏာရှင် များ ပြဌာန်း ထားသည့် ဥပဒေများ၊ ၁၉၇၄ မှ ၁၉၈၈ ခုနှစ် တပါတီ ဆိုရှယ်လစ် အာဏာရှင်များက ပြဌာန်းခဲ့သည့် ဥပဒေများနှင့် ၁၉၈၈ မှ ၂၀၁၀ ပြည့်နှစ် တပ်မတော် အစိုးရ အုပ်ချုပ်စဉ်ကာလ များတွင် ပြဌာန်းခဲ့သည့် ဥပဒေများ ရှိကာ ၎င်းတို့အနက် ဖျက်သိမ်းခဲ့သည့် ဥပဒေများ ရှိဖူးသော်လည်း ယခုတိုင် ဆက်လက် အသုံးပြုနေဆဲ ဥပဒေများလည်း ရှိကြောင်း သိရသည်။

ဧရာဝတီ

အရှက်မရှိ ဖင်လှန်နေကြသည့် ဖွတ်ဒေါင်းများ



အခုလက်ရှိဖေ့ဘွတ်မှာ ဒေါင်းထောက်ခံသူတွေကို ကြည့်လိုက်တိုင်း အမြဲလိုလို တွေ့ရတာကတော့ တစ်ခုခု ကောင်းတာဖြစ်ရင်၊ ဆုတံဆိပ်တွေရရင် ဒို့မေမေလုပ်တာ၊ ဒို့မေမေတော်လို့ရတာနဲ့ ဂုဏ်ယူလေ့ ရှိကြပြီး မကောင်းတဲ့ကိစ္စ၊ ကြားညပ်မယ့်ကိစ္စ၊ အခက်အခဲများတဲ့ ကိစ္စတွေမှာ ဒါတွေလာမပြော နဲ့ ငါတို့ နဲ့ ဘာဆိုင်လို့လဲ၊ ငါတို့မှာ အာဏာမှမရှိတာ၊ သူတို့ကြတော့ရော အစရှိ သဖြင့် မေးငေါ့ပီး ရှောင်ထွက်သွားတာမျိုး အများဆုံးတွေ့ရတတ်ပါတယ်.....


ကောင်းသတင်း၊ ဂုဏ်သတင်းတိုင်းမှာ ပဏာယူချင်စိတ် အပြည့်ရှိပြီး တာဝန်ယူဖို့ သက်ဆိုင်လာတဲ့ ကိစ္စတိုင်းမှာ ရှောင်ထွက်လေ့ရှိတဲ့ အချောင်သမားစိတ်ဓါတ်မျိုးတွေပဲ ဖြစ်ပါတယ်..... အဲ့ဒိ စိတ်ဓါတ်ပိုင်ရှင်တွေဟာ ဂုဏ်ယူရမယ့် ကိစ္စတိုင်းမှာ မဏ္ဍပ်တိုင်း ဟိုးအပေါ်ဆုံးအထိလည်း ×င် ဟောင်းလောင်းနဲ့ တက်ရဲတဲ့ သတ္တိအပြည့်ရှိကြသလို၊ တာဝန်ယူရမယ့် ကိစ္စတိုင်းမှာလည်း မျက်နှာပြောင် စွာပဲ သူတို့နဲ့ မဆိုင်ဟု ငြင်းလွတ်လေ့ရှိပြီး အခြားသော ကိစ္စရပ်များကို လက်ညှိုးထိုး ကာ ရှောင်ထွက် သွားလေ့ ရှိကြပါတယ်...... ဒီမိုကရေစီ ကြွေးကျော်နေကြသော အချောင်သမား စိတ်ဓါတ်တွေပဲ ဖြစ်ပါတယ်.....

အဲ့ဒိတော့ ဒေါင်းဘက်တော်သားတွေ ကိုယ့်ကိုကိုယ် ဟုတ်လှပီလို့တော့ သိပ်ဘဝင်မြင့်မနေနဲ့ ကိုယ်ကိုယ်တိုင်က သမာသမတ်ကျရဲ့လား၊ ဒီမိုကရေစီ စံနှုန်းကို လက်ခံနိုင်ပီလား၊ အခြားသူတွေရဲ့ ခံစားချက်တွေ ဆန့်ကျင်ဘက် အမြင်တွေကို လက်ခံနိုင်ပီလား၊ တာဝန်ယူတဲ့ စိတ်ကောရှိရဲ့လား၊ တံလျှပ်ကို ရေထင်နေတုန်းပဲလား ကိုယ့်ကိုကိုယ် ဆန်းစစ်သင့်နေတယ်လို့ မြင်မိပါတယ်..... ဒီအခြေခံ အကျဆုံးသော ဒီမိုကရေစီ စံနှုန်းတွေတောင် လက်မခံနိုင်ပဲ အပေါ်က ပြောတဲ့ လက္ခဏာတွေနဲ့ ဆက်ပီး နှစ်ပါးသွားနေမယ် ဆိုရင်တော့ ခင်ဗျားတို့ Narcissistic personality disorder ဖြစ်နေပီလားပဲ......

ရောဂါနုတုန်းလေး ဆေးကုထားရင် ကောင်းမယ် ထင်ပါရဲ့..... တော်ကြာ ဂရိပုံပြင်ထဲက Narcissistic လို ကိုယ့်ကိုကိုယ် အဖြစ်မှန်တွေကို မဆန်းစစ်နိုင် ပုံရိပ်ယောင်နဲ့ပဲ အထင်ကြီး ပီတိတွေဖြစ်ရာ ကနေ ရေထဲ ကအရိပ်ကိုကြည့်ရင်း ရေထဲပြုတ်ကျ သေသွားတဲ့ အဖြစ်မျိုး ဖြစ်နေပါဦးမယ်.....

PR ၊ မျိုးစောင့်၊ TIME ၊ ညွန့်ပေါင်း၊ ၂၀၁၅၊ မီဒီယာ ကိစ္စများနှင့် ဒေါ်စု သဘောထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလော တိုင်းပြည် အခြေအနေ များနှင့် ပတ်သက်၍ ၎င်း၏ သဘောထားများကို ပြည်တွင်းပြည်ပ မီဒီယာသမားများနှင့် အင်္ဂါနေ့က နာရီ ဝက်ကျော်ကြာတွေ့ဆုံဤ ရင်းနှီးစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။


လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက် ၍ မီဒီယာများ၏ အမေးကို ဖြေကြားရာတွင် အချိုးကျ ကိုယ်စားပြု (PR) စနစ် ကြံဆချက်ကို လက်မခံနိုင် ကြောင်း အတိအလင်း ပြောကြားလိုက်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သဘောမတူပါဘူး။ PR စနစ်ကို လက်ခံမလား၊ လက်မခံဘူးလား ဆိုတာပြည်သူတွေကပဲ ဆုံးဖြတ်ရမှာ။ ဒီဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုလုံးကို ပြန်ပြောင်းရ မယ့် ကိစ္စ ပဲ” ဟု ဆိုသည်။

PR စနစ်ကို ပါတီအချို့က လိုလားမှု ရှိနေပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီတွင်း၌လည်း ဆွေးနွေးမှုများ ရှိနေစဉ် ထိုသို့ ထပ်လောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအလွန် ညွှန့်ပေါင်းအစိုးရ ဖြစ်နိုင်ခြေအပေါ် “နိုင်ငံရေးမှာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိတယ်။ ညွှန့်ပေါင်းဆိုရင် မဖြစ်နိုင်ပါဘူးဆိုတဲ့အမြင်မျိုး မကြိုက်ဘူး။ တိုင်းပြည်အတွက် လိုအပ်ရင် ဖြစ်နိုင် ရမှာပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာ NLD က စပြီး တောင်းဆိုခဲ့တာပဲ။ ဟိုလူနဲ့ မတွဲဘူး၊ ဒီလူနဲ့ ပေါင်းမလုပ်ဘူးဆိုရင်ရှေ့နောက် ဘယ်ညီတော့မလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက် သည်။

သို့သော် ရွေးကောက်ပွဲဝင်ခြင်းမှာ မည်သူမဆို အနိုင်ရလို၍ ဝင်ခြင်းသာဖြစ်ကြောင်း ယတိပြတ် ပြောဆို လိုက်သည်။

“တချို့က ပြောတယ် ၁၉၉၀ တုန်းက NLD အပြတ်အသတ်သာ မနိုင်ခဲ့ရင် အာဏာလွှဲပေးမလား ဆိုတာ။ အဲဒီမှာပဲ ရပ်ထားတယ်လေ။ ညွှန့်ပေါင်းဖွဲ့ပြီး အာဏာလွှဲပေးပြီး နောက် ဘယ်လို ခြေလှမ်းလှမ်းမှာလဲ။ ဘယ် လို အခြေခံ ဥပဒေ ရေးဆွဲမလဲ။ ဒါတွေ အများကြီး စဉ်းစားရမယ်။ ပြောတာကတော့ သိပ်လွယ်တာပဲ။ အပြတ် မနိုင်ခဲ့ရင် ညွှန့်ပေါင်းဖွဲ့ပြီး အဆင်ကို ပြေနေတာပဲ ဆိုတာ။ ပြေမယ်လို့ ဘယ်သူပြောလဲ။ ခန့်မှန်း ခြေပဲ။ ရွေးကောက်ပွဲ ဝင်ရင်တော့ နိုင်အောင် လုပ်ရမှာပဲ။ အစကတည်းက မနိုင်ချင်ရင် ဝင်မရွေးနဲ့။ ကိုယ့် အစွမ်းနဲ့ ဖြောင့်မတ်မှုကို ပြရမယ်” ဟု ဆိုသည်။

လက်ရှိ သတင်းလောကတွင် ဂယက်ရိုက်ခတ်လက်ရှိသော “မျိုးစောင့် ဥပဒေ” ဆိုသည်နှင့် ပတ်သက်၍ “အဲဒီဟာ က နှစ်ဖက် ရှိတယ်လေ။ ဘာသာရေးဘက်လည်း ရှိတယ်၊ ဥပဒေဘက်လည်း ရှိတယ်။ ဘာသာရေးမှာ အန်တီ ကျွမ်းကျင်တာ မဟုတ်ဘူး။ တည်ဆဲဥပဒေထဲမှာ ဒီလိုဥပဒေမျိုး မရှိဘူး။ ဥပဒေဆိုတာကလည်း တရားမျှတမှု အခြေခံရမယ်၊ အားလုံးပေါ်မှာ တန်းတူညီမျှမှု အခြေခံရမယ်ဆိုတာ အားလုံးလက်ခံထားတဲ့ မူတွေပဲ။ ဘာသာ တရားကို ကာကွယ်တယ်ဆိုတာဟာ အဓိက ယုံကြည်မှုပဲ။ ဘာသာတရားကို လိုက်စားတဲ့လူတွေရဲ့ ယုံကြည်မှုက ခိုင်မာရင် ......... မရပါဘူး” ဟု ၎င်း၏ သဘော ထား ကို ပြောဆိုသွားသည်။

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်း၏ မျက်နှာဖုံး ဆောင်းပါးအဖြစ် "THE FACE OF BUDDHIST TERROR" ကို ဆရာတော် ဦးဝီရသူ၏ ဓာတ်ပုံဖြင့် ဖော်ပြရေးသားချက်နှင့် ပတ်သက်၍မူ သတင်းများ တွင်သာ ကြားသိရပြီး မဂ္ဂဇင်း ကိုယ်တိုင် မဖတ်ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတယ်လို့ အထင်ခံရရင် ဘယ်ကောင်းမလဲ။ ဘာသာ တရား ဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ပွားနိုင်ဖို့ တွန်းအားပေးရ မှာပဲ။ လူ အမှားအမြင် မဖြစ်အောင် အားလုံးကနေ ကြိုးစားရမှာပေါ့” ဟု မှတ်ချက်ပေးသည်။

ရွေးကောက်ပွဲရလဒ်ဖြင့် သမ္မတ ဖြစ်လိုသူ ဒေါ်အောင်ဆန်းစုကြည်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်သည့် သူရဦးရွှေမန်း၏ သမ္မတ ဖြစ်လိုမှု ထုတ်ဖော်ပြောဆိုမှုကိုလည်း ကြိုဆိုလိုက် သည်။

“ဦးရွှေမန်းက သမ္မတဖြစ်ချင်တယ်လို့ပြောတာဟာ ဖြောင့်မှန်တယ်၊ ပွင့်လင်းတယ်၊ သဘောကျတယ်။ နိုင်ငံရေးလုပ်နေမှ ရှိုးတိုးရှန့်တန့်ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲ” ဟု ပြောဆိုလိုက်ပြီး လက်ရှိသမ္မတ ဦးသိန်းစိန် နှင့် ဦးရွှေမန်းတို့နှစ်ဦးအပေါ် ပိုမိုနှစ်သက်နိုင်မှုနှင့် ပတ်သက်၍ မေးမြန်းချက်ကိုမူ “ဒါကတော့ အန်တီ့အနေ နဲ့ သုံးသပ်ချက်ကို ဘယ်ပြောပါ့မလဲ။ ပြည်သူလူထုတွေရဲ့ သုံးသပ်ချက်ကို စောင့်ပြီး နားထောင်မှာပေါ့” ဟု ရယ်ရွှန်း ပြောဆိုသွား သည်။

ပြည်သူလူထု၏ နိုင်ငံရေး ရေချိန်အရ ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲများ ပါတီအများသို့ ပြန့်ကျဲသွား မည် ကို စိုးရိမ်ရန်မလိုကြောင်း “၁၉၉၀ ရွေးကောက်ပွဲမှာဆိုရင် ပြည်သူလူထုက ရှင်းရှင်းလေး သိတယ်။ မဲပြန့်သွားမယ့်ကိစ္စ မလုပ်ဘူး။ မူအပေါ်မှာ အခြေခံပြီး မဲပေးတယ်။ ပြည်သူက သဘောပေါက်တယ်။ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လည်း ဒီအတိုင်းပဲ။ မဲမပြန့်ဘူး။ NLD ကို ပေးတဲ့သူက ပေးတယ်၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးကို ပေးတဲ့သူက ပေးတယ်။ နောက် တခုက ၁၉၉၀ မှာရော၊ ၂၀၁၀ မှာရော တိုင်းရင်းသား ဒေသ တွေမှာ တိုင်းရင်းသားပါတီတွေက နိုင်တာများတယ်။ အဲဒါကလည်း မပြောင်းလဲဘူး။ ပြည်သူမှာ စုစည်းမှု စိတ်ဓာတ် ရှိတယ်။ ပါတီအသေးလေးတွေကို သိပ်ပြီး ရွေးတဲ့ အလေ့အထ မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

NLD ၏ ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတခုဖြစ်သော အခြေခံဥပဒေ ပြုပြင်ရေးမှာ စိတ်ရှည်၍ အချိန်ယူဆောင်ရွက်သွားလျှင် အောင်မြင်မည်ဟုလည်း “တကယ်ဇွဲရှိ၊ ဆန္ဒရှိပြီး လုပ်သင့်တဲ့အလုပ်ဆိုရင် မဖြစ်မြောက်စရာ အကြောင်းမရှိဘူး။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု ကိစ္စမှာ ပြည်သူတွေကို ရှင်းပြဖို့ ဆိုတာ သိပ်အရေးကြီးတဲ့ ကိစ္စတခုလို့မြင်တယ်။ ဘာဖြစ်လို့ ပြောင်းချင်တယ်၊ ဘယ်အပိုဒ်တွေ၊ ပြောင်းလဲ ခြင်းဖြင့် ဒီနိုင်ငံအတွင်းက ပြည်သူတွေ၊ တပ်မတော်အပါအဝင် အဖွဲ့အစည်းတွေအတွက် ဘာအကျိုးရှိမယ် ဆိုတာ ရှင်းပြရမယ်။ ပြည်သူလူထု လက်ခံသဘောပေါက်သွားရင် အနှေးနဲ့အမြန် အောင်မြင်ကို အောင်မြင် မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က အာမခံသည်။

“လူတွေက တပ်ကိုပဲ လက်ညှိုးထိုးနေလို့ မရဘူး။ နိုင်ငံရေး အသိုင်းအဝိုင်းကိုလည်း ကြည့်ရမယ်။ တပ်ကို နိုင်ငံရေး ထဲ ဆွဲထည့်ချင်တဲ့လူတွေ ရှိသလားဆိုတာ အဲဒါ အင်မတန် အရေးကြီးပါတယ်။ တပ်ကို နိုင်ငံရေး ထဲ ဆွဲထည့်ခြင်း ဟာ အင်မတန်မှ တိုင်းပြည်ကို နစ်နာစေတယ်။ တပ်ကိုလည်း နစ်နာစေတယ်ဆိုတာ ဒီ လူတွေ နားလည်ရမယ်။ တပ်ကို သုံးပြီးတော့ ကိုယ်လိုချင်တဲ့ အခြေအနေဖြစ်အောင် မဖန်တီးရဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ မတားဆီးနိုင်ဘဲ မြန်မာ နိုင်ငံ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့အထိ ပြန့်နှံ့ကူးစက်သွားခဲ့ရသည်မှာ အုပ်ချုပ်ရေးပိုင်း တာဝန်ယူ ဆောင် ရွက်မှု အားနည်းချက်များလည်း ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

“ရခိုင်မှာ စခဲ့တဲ့ကိစ္စဆိုရင် ဟို ကလေးမလေး (မသီတာထွေး အဓမ္မပြုကျင့်ခံရမှု) ကိစ္စမှာတုန်းက ဘယ်လို ဆောင်ရွက်နတယ်ဆိုတာကို သေသေချာချာ ပြည်သူတွေ မသိရဘူး။ အဲဒီမှာ သို့လော သို့လော မကျေ နပ်တာတွေ ဖြစ်တာပေါ့။ အုပ်ချုပ်ရေးပိုင်းက တရားဥပဒေအရ လုပ်သင့် လုပ်ထိုက်တဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ကို ယူနေရဲ့လားဆိုတာ သိဖို့လိုတယ်” ဟု ဆိုသည်။

မိထ္ထီလာ အကြမ်းဖက်မှုများ ထိန်းသိမ်းကိုင်တွယ်ရန် အရေးပေါ်အခြေအနေအား သက်တမ်း တိုးမြှင့် ဆောင် ရွက်ခြင်းနှင့်ပတ်သက်၍လည်း “ပထမ ရက် ၆၀ အတွင်းမှာ ပုံမှန်အခြေအနေ ဖြစ်သွားအောင် ဘာလုပ်ထားလဲဆိုတာ တင်ပြမှုမရှိဘူး။ ပွင့်လင်းမြင်သာမှု အများကြီးလိုတယ်။ အုပ်ချုပ်ရေးဘက်က ဘာတွေ ဘယ်လိုဆောင်ရွက်ပြီး ဘယ်လောက်ထိ ထိရောက်လဲ၊ မထိရောက်လို့ ဒီ အရေးပေါ်အခြေအနေ ကို ဆက်ပြီး ထားတာလား။ ဒီလိုမေးခွန်းတွေက ဘာမှ အခြေမသိရဘူး” ဟု ထောက်ပြဝေဖန်လိုက်သည်။

အခြေအနေ အရပ်ရပ်အား မီဒီယာများက ပြည်သူတို့ ရေးသားထုတ်လွှင့်ကြရာတွင် တာဝန်သိမှု အထူး လိုအပ်ကြောင်းလည်း ပြည်တွင်းပြည်ပ မီဒီယာသမားကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“မီဒီယာကလည်း တာဝန်သိသိနဲ့ သုံးသပ်စေချင်တယ်။ ဘက်မလိုက်ပါနဲ့။ အမြင်ကို အမြင်အတိုင်း သတ္တိ ရှိရှိနဲ့ တင်ပြပါ။ အကျိုးဆက်တွေက ဘယ်လိုဖြစ်နေလဲဆိုတာကို။ သုံးသပ်တဲ့အခါမှာ တာဝန်ရှိရှိနဲ့ သုံးသပ် စေချင်ပါတယ်။ မီဒီယာရဲ့ အခန်းကဏ္ဍက အရေးပါလို့ တာဝန်ယူရမယ်။ ငါတို့ပြောရင် လူတွေ စိတ်ညွှတ် တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ မလုပ်ပါနဲ့။ ဘယ်လိုသက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ တာဝန်သိတဲ့စိတ်ဓာတ်နဲ့ ပြော ပါ။ အခြေခံအားဖြင့်တော့ဖြောင့်ပါ” ဟု တိုက်တွန်းသည်။

တဆက်တည်းတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့် သက်ဆိုင်သည့် ရေးသားပြောဆိုချက်များနှင့် ပတ် သက်၍ လည်း သတိပြု ဆင်ခြင်ရန် ဒေါ်ောအင်ဆန်းစုကြည်၏ ၎င်း၏သဘောထားကို ပြောဆိုသည်။

“အန်တီတို့နိုင်ငံအပေါ်မှာ အမြင်စောင်းလာတယ်ဆိုတာ ကမ္ဘာက သိတာပဲ။ မီဒီယာလောကမှာ ဒီလိုဖြစ် လာ တာ။ အန်တီ့ကိုလည်း တိုက်ခိုက်တာပဲ။ ဘာဖြစ်လို့ တဖက်ကနေ လက်သီးလက်မောင်းတန်းပြီး မပြောသလဲဆိုတာ။ ရုတ်သိမ်းရမယ့်စကားမျိုး အန်တီ မပြောချင်ဘူး။ အခု ပြောင်းလဲနေတယ်။ အရင်လိုမ ဟုတ်ဘူး။ ဒီတိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စ တကမ္ဘာလုံးနဲ့ ဆက်နွှယ်နေတယ်။ ချိန်ခွင်လျှာ ညီမျှအောင် လုပ် ရမယ်။ ကိုယ့်နိုင်ငံတွင်းမှာရှိတဲ့ လူတိုင်းရဲ့ အေးချမ်းတည်ငြိမ်မှုကို စဉ်းစားရမယ်။ တကမ္ဘာလုံးရဲ့ အနေ အထားကိုလည်း စဉ်းစားရမယ်။ ကမ္ဘာ့ရေစီးကြောင်းနဲ့ ဆန့်ကျင်သွားပြီး လာပြီး ရင်းနှီးမြှုပ်နှံပါပြောလို့ မရဘူး” ဟု လက်ပံတောင်းတောင် အရေး စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားသည်။

မဇ္ဈိမ သတင်းဌာန

သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ တက်ရောက်မည်

နိုင်ငံတကာက ဗုဒ္ဓဘာသာ အကြောင်းသိရှိအောင် အသိပေးဖို့ ရည်ရွယ်တဲ့ သံဃာ့ဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။


မြန်မာတစ်နိုင်ငံလုံးက သံဃာတော်အပါး ၁ဝဝ လောက် ပါဝင်မယ့် အဲဒီ ဆွေးနွေးပွဲကို အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သိရှိအောင် အဓိကထား ဆွေးနွေး သွားဖို့ ရှိတယ်လို့ သိရှိရကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်မယ့် မကွေးတိုင်း၊ ပခုက္ကူ ရှင်မတောင် ဆရာတော်က RFA ကို မိန့်ကြားပါတယ်။

“ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံနဲ့ချီပြီးတော့ ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓသာသနာရဲ့ ပင်မဘာသာဖြစ်တယ်၊ အဲဒါကို ဆရာတော်တွေက သိသင့်သိထိုက်တာတွေ အသိပေးပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ဖို့ပါပဲ၊ အမျိုး စောင့်ဥပဒေဆိုတာကလဲ ဘုန်းကြီးတို့ တရားနည်းလမ်းကျစွာနဲ့ တိုင်းသူပြည်သားတို့ ရသင့်တဲ့အခွင့် အရေးကို တရားဥပဒေနဲ့အညီ ဘုန်းကြီးတို့ရဖို့ရာ ဆောင်ရွက်ဖို့ပါပဲ”

အဲဒီဆွေးနွေးပွဲကို သီတဂူဆရာတော် အရှင်ဥာဏိဿရ တက်ရောက်ဆွေးနွေးဖို့ရှိသလို မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဦးဝီရသူလည်း တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။

Credit : RFA Burmese

တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက် ဝန်ကြီးဌာန ပေါင်းစုံ ဆွေးနွေး

လာမယ့် ဇူလိုင်လ ၁ ရက်နေ့အတွက်ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်း မှာဖော်ပြထားတဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်မှုပြယုဒ် (The Face of Buddhist Terror) ဆောင်းပါးမှာ ရေးသားထားတဲ့ အချက် အလက်တွေနဲ့ ပတ်သက်ပြီး အရေးယူသွားဖို့အတွက် မြန်မာနိုင်ငံ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချိ ရေးလုပ်ငန်းများကြီးကြပ်မှုဗဟိုအဖွဲ့ကနေ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟို ကော်မတီ ကို တင်ပြမယ်လို့ သိရပါတယ်။


ဒီဆောင်းပါးထဲက အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ ဘာသာပေါင်းစုံ ကြားမှာ တည်ဆောက်နေတဲ့ နားလည်မှုလုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေနိုင်သလို မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေ ကျရောက်နိုင်တဲ့အတွက် ဒီကနေ့ကျင်းပတဲ့ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာလို့ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်က RFAကို ပြောပါတယ်။

"ဒီနေ့မနက် ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဌာနအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးထိုင်ပါတယ်၊ အဲဒီအစည်းမှာ ဝိုင်းဝန်းဆွေးနွေးပြီးတဲ့အခါမှာ တိုင်းမ်းမဂ္ဂဇင်းမှာ ရေးသားထားတဲ့ ရေးသားဖော်ပြချက်က နိုင်ငံအတွင်းမှာ မတည်မငြိမ်မှုတွေ ဖြစ်စေနိုင်တယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄ မှာ ပြဌာန်းချက် တွေကိုလည်း ထိခိုက်စေနိုင်တယ်၊ နောက်ကျနော်တို့ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံကြား နားလည်မှုတည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့ ဒီအရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီအနေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရန်လို့ ကျနော်တို့ မေတ္တာ ရပ်ခံဖို့ ဆုံးဖြတ်ပါတယ်၊ အဲဒီအတိုင်းပဲ ကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ကျနော်တို့ မေတ္တာရပ်ခံစာပေးပို့ပြီးဖြစ်ပါတယ်"

ဒီအရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံမဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် သမ္မတဦးသိန်းစိန်က မတ်လ ၃ဝ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

RFA Burmese

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တရပ်နား ချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။


မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာက တကယ်ပဲ ခြိမ်းခြောက်ခံနေ ရသောကြောင့် ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး ကာကွယ်ရန် လိုအပ်နေပြီဟု ယူဆပါသလား ဟူသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။


"ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည် မှုက ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့ မရပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်လို့ အမြင်ခံရရင်တော့ မကောင်းဘူးပေါ့။ ဘာသာ တရားဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားနိုင်ဖို့ ဒါတွေကို တွန်းအား ပေးတာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာရင်တော့ ဘယ်ကောင်းမလဲ။ ဒါပေမဲ့ ဒီလိုအမြင်မှားတွေ မမြင်ရအောင် အားလုံးက ကြိုးစားရမှာပဲ . . 

. . . ထို့အပြင် တိုင်းမ်မဂ္ဂဇင်းတွင် ဗုဒ္ဓဘာသာ သံဃာတော် တစ်ပါးဖြစ်သော ဦးဝီရသူအား အကြမ်းဖက် သမားအဖြစ် မျက်နှာဖုံးတင် ဖော်ပြပြီး ဗုဒ္ဓဘာသာအား အကြမ်းဖက် ဘာသာတစ်ခုအဖြစ် စွပ်စွဲဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဘာသာတရားအား အကြမ်းဖက်မှုနှင့် ဆက်စပ်သည်ဟု အမြင်မှားမှုများ မဖြစ်ပေါ်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

"ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်လို့ အမြင်ခံရရင်တော့ မကောင်းဘူးပေါ့။ ဘာသာတရားဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားနိုင်ဖို့ ဒါတွေကို တွန်းအားပေးတာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာရင်တော့ ဘယ်ကောင်းမလဲ။ ဒါပေမဲ့ ဒီလိုအမြင်မှားတွေ မမြင်ရအောင် အားလုံးက ကြိုးစားရမှာပဲ" ဟု ၎င်းကပြောကြားသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသော ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သော အကြမ်းဖက်မှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စများမှာ တရားဥပဒေ စိုးမိုးမှု မရှိခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ကိုင်တွယ်မှုတို့မှာ ပွင့်လင်းမြင်သာမှု မရှိခြင်း တို့ကြောင့်သာဖြစ်ကြောင်း ပြောကြားသည်။

"ဘာသာရေးဆိုတာ လူမှုရေးထဲမှာ ပါတယ်။ အဲဒီတော့ နိုင်ငံရေး လုပ်တဲ့သူတွေကလည်း ဘာသာရေး ကိစ္စပိုင်းတွေကို ပစ်ပယ်ထားလို့ မရဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ဗုဒ္ဓဘာသာဝင်ဖြစ်သူ ယောက်ျားကသာ အိမ်ထောင်ပြုရမည်ဟု အချက်ပါဝင်သော မျိုးစောင့်ဥပဒေကြမ်းကို မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ ဦးဆောင်၍ ရေးဆွဲကာ လွှတ်တော်သို့ တင်ပြနိုင်ရန် စီစဉ်လျက် ရှိနေကြောင်း သိရသည်။

ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမပိုင်း ရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

http://www.news-eleven.com

PR စနစ် ပြောင်းလဲကျင့်သုံးရန် အချိန်စောလွန်းသည်ဟု နိုင်ငံတော် သမ္မတ မှတ်ချက်ပြုထား



လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် PR (အချိုးကျ ကိုယ်စားပြုစနစ်) ပြောင်းလဲကျင့်သုံးရန် အချိန်စောလွန်း နေသေးသည်ဟု နိုင်ငံတော် သမ္မတက မှတ်ချက်ပြု ပြောကြားသည်ကို သိရကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက ဇွန်လ ၂၅ ရက်တွင် လွှတ်တော် အစည်းအဝေး မစတင်မီ သတင်း ထောက်များကို ပြောကြားသည်။


လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် PR စနစ် ပြောင်းလဲကျင့်သုံးရန် တိုင်းရင်းသားပါတီ အများစုနှင့် ပြည်ခိုင်ဖြိုးပါတီဝင် အများစုမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ လက်ရှိပြုလုပ်လျက်ရှိသည့် လွှတ်တော်အစည်းအဝေးတွင် ယင်းစနစ်နှင့် ပတ်သက်၍ တင်ပြဆွေးနွေးမည် ဖြစ်သော်လည်း ရှုံးနိမ့်နိုင်ကြောင်းလည်း သူရဦးအောင်ကိုက ပြောကြားသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်ကြ ပါလိမ့်မယ်။ ဆွေးနွေးမဲခွဲ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုး ပါတီဝင်က အများစုဖြစ်တဲ့အတွက် ကျွန်တော်ထင်ပါတယ်။ ကန့်ကွက်မှုတွေနဲ့ ပွက်လောရိုက်သွားနိုင်ပါတယ်" ဟု သူရဦးအောင်ကိုက ပြောကြားသည်။

လွှတ်တော်တွင် PR စနစ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၂၅ ရာခိုင်နှုန်းရှိသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည်လည်း သမ္မတကြီး၏ သဘောထား အတိုင်းသာ ဖြစ်နိုင်သည်ဟု ၎င်းကသုံးသပ်သည်။

ယင်းစနစ်အပေါ် ၎င်း၏သဘောထား မှတ်ချက်ကို မေးမြန်းရာ အများသဘောထား အတိုင်းပါဟု သူရဦးအောင်ကိုက သတင်းထောက်များကို ပြန်လည်ဖြေကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးရန်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်ဆုံးဖြတ်ချက်မှ မချမှတ်ခဲ့ကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဇွန်လ ၂၄ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လက်ရှိရွေးကောက်ပွဲ စနစ်အရ မဲဆန္ဒနယ် တစ်ခုတွင် မဲအများဆုံး ရရှိသူကသာ အနိုင်ရရှိမည်ဖြစ်ပြီး ကျန်ကိုယ်စားလှယ်လောင်းများမှာ ကိုယ်စားလှယ်ဖြစ်ခွင့် မရှိချေ။

သို့ရာတွင် PR စနစ်၌ ပါတီတစ်ခုမှ ကိုယ်စားလှယ်လောင်း တစ်ဦးသည် မိမိမဲဆန္ဒနယ်တွင် အနိုင် မရရှိသော်လည်း အခြားမဲဆန္ဒနယ်များမှ ပါတီကိုယ်စားပြု မဲများဖြင့် ကိုယ်စားလှယ်ဖြစ်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် PR စနစ် သုံးစွဲပုံစနစ်မှာ အမျိုးမျိုးရှိပြီး ရှုပ်ထွေးကြောင်းလည်း သိရသည်။

ထို့ပြင် လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲ စနစ်မှ PR စနစ်သို့ ပြောင်းလဲကျင့်သုံးမည် ဆိုပါက အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်အတွင်း ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဇွန် ၁၄ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် (ဓာတ်ပုံ - ငြိမ်းဇော်လင်း)

http://www.news-eleven.com/politics/20435

Tuesday, June 25, 2013

မန်ယူရုပ်သံလိုင်း (MUTV) နှင့် SkyNet တို့ တရားဝင် သဘောတူညီမှုရရှိ

MUTV-Web
မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး မန်ချက်စတာယူနိုက်တက် အသင်း၏ တရားဝင် ရုပ်သံလိုင်းဖြစ်သော MUTV ကို SkyNet မှ ပြသရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း SkyNet မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။


အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်မန်ယူ အသင်းအနေဖြင့် အသင်းပုံရိပ်ကို မြှင့်တင် ရန်နှင့် ပရိသတ်အင်အား တိုးပွား လာစေရန် ရည်ရွယ်၍ မြန်မာရုပ်သံလိုင်း SkyNet၊ နော်ဝေ ရုပ်သံလိုင်း TV-2 ၊ အိုက်စလန် ရုပ် သံလိုင်း 365 တို့တွင် MUTV အား ထုတ်လွှင့် ပြသနိုင်ရန် သဘောတူခဲ့ပြီ ဖြစ်ကြောင်းလည်း အသင်းပိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ လက်ရှိအချိန်တွင် MUTV ရုပ်သံလိုင်းအား ကြည့်ရှု သူပေါင်း ၂၃ သန်းခန့်ရှိပြီး ပရိသတ် ကြည့်ရှုမှုအများဆုံး ကလပ်အသင်းပိုင် ရုပ်သံလိုင်းတစ်လိုင်းအဖြစ် ရပ်တည် နေသည်။

“MUTV ကို SkyNet မှာပြဖို့ သဘောတူခဲ့ပါပြီ။ အရင်က ကျွန်တော်တို့လိုင်းမှာ MUTV ကို ပြခဲ့ဖူးပေမယ့် တဆင့်ခံ ဖမ်းယူ ပြသခဲ့တာပါ။ အခုကတော့ တရားဝင် ဖြစ် သွားပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ SkyNet ရုပ်သံလိုင်း တစ်ခုတည်းပဲ ပြခွင့်ရတော့မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ တရားဝင် စာ မချုပ်ရသေးပါဘူး။ တရားဝင် စာချုပ်ပြီး ရင်မန်ယူအသင်း ဘက်ကရော SkyNet ဘက်ကပါ သတင်း ထုတ်ပြန် ပေးသွားမှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ SkyNet ရုပ်သံလိုင်းမှာ မြန်မာနိုင်ငံတွင် အခပေးကြည့်ရှုရသော ရုပ်သံလိုင်းတစ်ခု ဖြစ် ပြီး HD လိုင်းငါးလိုင်း အပါအဝင် လိုင်းပေါင်း (၈၄)လိုင်း ထုတ်လွှင့်ပြသနေသည်။

ှုSkyNet ရုပ်သံလိုင်းအနေဖြင့် လာမည့် နှစ်မှစတင်၍ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း တစ်ဦးတည်း မူပိုင် ထုတ်လွှင့်ခွင့် သုံးနှစ် ရရှိ ထားပြီး၊ ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ များကိုလည်း မူပိုင်ထုတ်လွှင့်ခွင့် ရထားသည်။ မန်ချက်စတာ ယူ နိုက်တက်အသင်းပိုင် MUTV ရုပ်သံ လိုင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း (၅၆) နိုင်ငံတွင် ပြသနေပြီး နိုင်ငံတကာရုပ်သံလိုင်း (၂၂) လိုင်းနှင့် တရားဝင် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

Credit : http://www.mizzimaburmese.com/news/sport-new/12220--mutv-skynet-.html

တိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလား



ဇွန်လ ၁၃ ရက်နေ့တွင် သံဃာ အစည်းအဝေးတခုမှ “ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ကန့်သတ်ဥပဒေကြမ်း” တခုကို ထုတ်ပြန်ကြေညာလိုက်သည်။ အတိုကောက် “အမျိုးစောင့် ဥပဒေ” ဟု သိကြ သည်။

မြန်မာနိုင်ငံ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် ဂယက်ထ၍သွားသည်။ ထောက်ခံသူကထောက်ခံ ကန့်ကွက်သူက ကန့်ကွက်။ ဖေ့စ်ဘွတ်ခ်တွေ ၀က်ဘ်ဆိုက်တွေမှာ၊ ဂျာနယ်စာမျက်နှာများပေါ်မှာ သဘောထား အမျိုးမျိုး ထုတ်ဖော်လာကြသည်။ ထိုဂယက်မှ မတည်ငြိမ်သေးခင်မှာ တိုင်းမ် မဂ္ဂဇင်းက ဦးဝီရသူကို မျက်နှာဖုံးတင်ကာ “ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်မှုရဲ့ မျက်နှာစာ” ဟု ကင်ပွန်းတပ်လိုက်သည်။ အထဲတွင်လည်း “ဗုဒ္ဓဘာသာဝင်များ ဆိုးလေသောအခါ” ဟူသောအမည်ဖြင့် ဆောင်းပါးရှည်တစောင်ရေးလိုက်ရာ ပြဿနာမှာ မီးလောင်ရာလေပင့် ဖြစ်သွားတော့သည်။


ကျနော်သည် အယူအဆရေးရာနှင့် ပတ်သက်လာလျှင် လက်ဝဲ၊ လက်ယာ မည်သည့် အစွန်းရောက်မှုမျိုးကိုမှ လက်သင့်ခံသူ မဟုတ်ပါ။ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွင် သြဇာရှိသူတဦး မဟုတ်သော်လည်း၊ အများယောင်တိုင်း လိုက်ယောင်လေ့မရှိဘဲ အရာရာကို အကောင်းဖက်မှ ရှုမြင်ကာ မျှတသောအမြင်ဖြင့် တင်ပြနိုင်ရန် ကြိုးစားလေ့ရှိပါသည်။ ဦးဝီရသူ၏ လုပ်ရပ်တချို့ကို မထောက်ခံနိုင်ပါ။ ယခု မျိုးစောင့်ဥပဒေလို ကိစ္စမျိုးမှာတော့ စေတနာလွန်ကာ တပ်ဦးကျွံနေသည် ဟုသာမြင်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာကို သူချစ်ခင်ကြောင်း သံသယဖြစ်စရာမလိုပါ။ အမှုကိစ္စတခုကို ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိဖို့ရန်မှာ အခြေအနေအချိန်အခါနှင့် ကိုက်ညီရုံမက အများစု ထောက်ခံမှုရရန်လည်း လိုအပ်ပါသည်။ ဒီလို (အမျိုးစောင့် ဥပဒေ) အရေးကြီးသော ကိစ္စမျိုးကို ဆောင်ရွက်မည်ဆိုလျှင်၊ ကိုယ့်ထက် သမ္ဘာရင့် ၀ါရင့်သော ဆရာတော် သမားတော်ကြီးများကို အရင်လျှောက်ထားကာ အကြံဥာဏ်ပေးမှု လမ်းညွှန်မှုကို ခံယူသင့်ပါသည်။

သစ္စာနီသည် ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ် များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ် များစွာ ကိုလည်း ရေးသား ထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။

မည်သို့ဆိုစေ အင်မတန် အရှိန်အ၀ါကြီးမားကာ ကျနော် ကိုယ်တိုင် အစဉ်အဆက်လေးစား၍ အမြဲဖတ်ရှုနေရသည့် မဂ္ဂဇင်းကြီးတခုက မလျော်ကန်သော အသုံးအနှုန်းများဖြင့် စွပ်စွပ်စွဲစွဲ ရေးသားတင်ပြလိုက်ခြင်းကို နားမလည်နိုင်အောင် ဖြစ်ရပါသည်။ ဦးဝီရသူသည် အစဉ်အလာကြီးမားပြီး မြန်မာ သာသနာဝင်သမိုင်းမှာ အမည်ကြားရုံနဲ့ ဗုဒ္ဓဘာသာဝင်တိုင်း လေးစားရသော မစိုးရိမ် (မန္တလေး) တိုက်သစ်က စာချ ဆရာတော်ဖြစ်ပါသည်။ သွေးအထပ်ထပ်စွန်းနေသော ၉/၁၁ ၏ တရားခံ အကြမ်းဖက်သမား ဘင်လာဒင်နှင့် ဘယ်အချက်တွေတူလို့ နှိုင်းယှဉ်ရတာလဲ။ ထို့ပြင် ငြိမ်းချမ်းစွာ တရားတော်နဲ့ အညီ ၀ိနည်းသိက္ခာနဲ့ နေထိုင်တော်မူတဲ့ ရဟန်းသံဃာ ၅ သိန်း နဲ့ ငြိမ်းချမ်းစွာ မေတ္တာ သီလနဲ့ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင် များ အားလုံးကို ၀ါးလုံးရှည်နှင့် သိမ်းရမ်းခြင်း ဟု ခံစားမိသည်။

“ဦးဝီရသူ နေထိုင်ပြီး သွေးထိုးလှုံ့ဆော်တဲ့ တရားတွေဟောနေတဲ့မြန်မာနိုင်ငံ” … “အခြားဘာသာ ၀င်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေဟာလည်း နိုင်ငံရေးနဲ့ ဂိုဏ်းဂဏစွဲ အချောင်သမားဝါဒရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့ပါဘူး” ဆိုတဲ့ Hannah Beech ရဲ့ အသုံးအနှုန်းတွေက ဒီအချက်ကိုထင်ရှားစေပါသည်။ ဦးဝီရသူတို့ အုပ်စုကိုသာမက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုလည်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေဖြစ်ပေါ်စေမယ့် အစွန်းရောက်ဝါဒကို ပျိုးထောင်ပေးပါတယ်”လို့ ကမ္ဘာက အထင်အမြင်လွဲအောင် သုံးသပ်ပြပြီး အစိုးရက လူမျိုးဘာသာ မခွဲခြားဘဲ အကြမ်းဖက်သူ မှန်သမျှ တားဆီး အရေးယူနေတာ၊ အထင်အရှား သတင်းထုတ်ပြန် နေတာကိုလည်း လစ်လျူရှုပြီး “သွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိန်းအကွပ် မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက်ပျံ့နှံ့ ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါသည်။

နောက်ပိုင်းမှာတော့ ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်ကို ပိုပြီး သဘောပေါက်လာပါသည်။ သူက သီရိလင်္ကာနဲ့ ထိုင်းတောင် ပိုင်း အစွန်းက အဖြစ်အပျက်တွေကို ထုတ်ပြပြီး အဲဒီနေရာတွေမှာပါ လူနည်းစု မူဆလင်တွေဟာ ဖိနှိပ် ညှင်းပန်းမှုဒဏ် ခံနေရပါတယ်လို့ ရေးလိုက်သည်။ ထိုင်းတောင်ပိုင်း ပတ်တနီ၊ လာခ်မောင်း၊ နာရာသီဝက် စတဲ့ဒေသတွေဟာ မြန်မာနိုင်ငံ ဘူးသီးတောင်၊ မောင်တော အဖြစ်မျိုးနဲ့ ကြုံနေရသည်။ အဲဒီဒေသတွေမှာ မူဆလင် ၈၀ ရာခိုင်နှုန်း ရှိသည်။ အဲဒီ ဒေသမှာ ဒေသမှာ ၀န်ထမ်းတွေက ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် သူတို့တွေကို တိုက်ခိုက်ရာက ဘုန်းကြီးတွေပါ ပစ်မှတ် ဖြစ်လာသည်။ ဒါကြောင့် အစိုးရက ပြည်သူ့စစ်ဖွဲ့ပေးထားရပြီး ဘုန်းကြီးတွေ ဆွမ်းခံကြွတဲ့အခါ ဘေးက ကာကွယ် ဖို့ လိုက်လံစောင့်ရှောက်ရသည်။

အဲဒါကိုပဲ Hannah Beech က “စစ်သားတွေ ဘုန်းကြီးကျောင်းထဲ ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ်ကို ရောထွေးလိုက်တာပါပဲ” လို့ ပုတ်ခတ်လိုက်ပြန်ပါသည်။ လာခ်မောင်း က ဘုန်းကြီးကျောင်းဝန်းထဲမှာ ကျောင်းလုံခြုံရေးအတွက် စခန်းချနေထိုင်တဲ့ စစ်သားတွေ ရှိနေတာကို ရည်ရွယ်တာပါ။ နောက် သီရိလင်္ကာနဲ့ ပတ်သက်ပြီး “သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ၂၆ နှစ်ကြာ တမီလ်ကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်း ပြီးတဲ့နောက် လူနည်းစုတွေဖြစ်တဲ့ မူဆလင်နဲ့ ခရစ်ယန်တွေဘက်ကို မျှားဦးလှည့်လာတယ်” လို့ ရေးလိုက်ပြန်ပါသည်။

တမီလ်ကျားသူပုန်တွေကို ရှင်းလင်းတာ အစိုးရ လက်နက်ကိုင် တပ်မတော်မှန်း တကမ္ဘာလုံးသိပါသည်။ အဲဒါကို တိုင်းမ်ရဲ့ အကြီးတန်း သတင်းထောက်ကတော့ သိဟန်မတူဘဲ “သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ရှင်းလင်းတယ်” လို့ ရေး တာလဲ အံ့သြစရာပါပဲ။ နောက်ဆုံးတော့ သူဆိုလိုချင်တဲ့ အချက်ဟာ ဘာဆိုတာ ထင်ရှားလာပါသည်။ သူ့ ဆောင်းပါး တနေရာမှာ ရေးလိုက်တဲ့ “အစွန်းရောက် ဗုဒ္ဓဘာသာဟာ အာရှရဲ့ ဒေသ အများစုမှာ ပေါ်ထွက်လာနေပါတယ်” ဆိုတဲ့ အချက် ဖြစ်ပါသည်။ အစွန်းရောက် ဘာသာတရားတခုလို့ ဗုဒ္ဓဘာသာကို ဇွတ်အတင်းဆွဲညှိလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဂုဏ်သိက္ခာရှိတယ် လို့ ထင်ရတဲ့ Time မဂ္ဂဇင်းက ဘာကြောင့် ဒီအကြောင်းကို ရှေ့တန်းတင်ပြီး ဒီလိုအချက်အလက် မခိုင်မာ၊ အဆင့်အတန်းမရှိတဲ့ စွတ်စွဲချက်တွေ ပြည့်နှက်နေတဲ့ ဆောင်းပါးမျိုးကို အသုံးပြုခဲ့ရတာလဲ။ သေသေချာချာ မစိစစ်ဘဲ ဒီဆောင်းပါးကို ထောက်ခံတယ် ပြောနေတာဟာ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးက အကြမ်းဖက်သမားတွေပဲလို့ ၀န်ခံရာရောက်နေတယ် ဆိုတာကိုမှ သဘောပေါက်ကြရဲ့လား မသိပါ။ ဦးဝီရသူ နဲ့ ကျနော် ဘယ်လိုမှ မပတ်သက်ပါ။ သူတို့ အုပ်စုကိုလည်း အကာအကွယ်ပေးရန် ရေးခြင်းမဟုတ်ပါ။ မြန်မာတနိုင်ငံလုံးက ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ကိုယ်စား ဒီဆောင်းပါးနဲ့ တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်လိုက်ပါသည်။

Credit : http://burma.irrawaddy.org/archives/42866

ကြံ့ခိုင်ရေးပါတီ အစည်းအဝေး ဒီမိုကရေစီနှင့် ရင်ကြားစေ့ရေး အတွက် မူဝါဒ မထုတ်ပြန်နိုင်



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင် ရေးပါတီ) က ပထမဆုံးသော ဗဟိုအလုပ်အမှု ဆောင် ကော်မတီ အစည်းအဝေးကို ဇွန်လ ၂၂ ရက်နေ့ မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် တိကျ ရှင်းလင်းသော မူဝါဒ ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း သတင်းရရှိသည်။


နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတရပ် ယနေ့ ကျင်းပခဲ့သော်လည်း မြန်မာ့ ဒီမိုကရေစီအရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် အရေးကြီးသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အချိုးကျ ကိုယ်စားပြု စနစ် (PR စနစ်) အပါအ၀င် နိုင်ငံရေး ဆိုင်ရာ မူဝါဒများကို တိကျရှင်းလင်းစွာ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး အတွက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသည့်အတွက် ရွေးကောက်ပွဲကော်မရှင်က မေလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ PR စနစ် အသုံးပြုရေးကိစ္စ ဆွေးနွေးဆုံးဖြတ်ပေးရန် တင်ပြထားရာ ကြံ့ခိုင်ရေးပါတီက PR စနစ်နှင့် ပတ်သက်ပြီး လေ့လာမှုများ ပြုလုပ် နေကြောင်း၊ PR စနစ်အတွက် ဆုံးဖြတ်ချက် မပေးနိုင်သေးကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

“နိုင်ငံရေး သဘောမျိုးအနေနဲ့ ဆွေးနွေးတာ မဟုတ်ပါဘူး။ ပညာရပ်ပိုင်း ဆိုင်ရာ လေ့လာ ဆွေးနွေးမှုအနေနဲ့ PR စနစ်ကို စာတမ်းဖတ် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီ PR စနစ်အပေါ်မှာ နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် အကျိုးရှိမယ့် အလုပ်တွေကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ ဒီနေ့ အစည်းအဝေးသည် ဗဟိုအလုပ်မှုဆောင် ကော်မတီကို လွှဲပေးတယ်လို့ ကျနော်တို့ ဆုံးဖြတ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် နိုင်ငံနဲ့ ပြည်သူ့ အကျိုးအတွက်ကို PR စနစ်နဲ့ ပတ်သက်လို့ရော၊ ကျန်တဲ့ စနစ်တွေနဲ့ ပတ်သက်လို့ရော ဆက်ပြီး ဆုံးဖြတ် ဆောင်ရွက်သွားပါမယ်။ ဒီနေ့ ဆုံးဖြတ်ချက် မချသေးပါဘူး” ဟု ဦးဌေးဦးက ဆိုသည်။

သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် သတင်းထောက်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဦးဌေးဦးကို မေးမြန်း ကြသော်လည်း ဦးဌေးဦးက ရှင်းလင်းတိကျသော အဖြေမပေးနိုင်ခဲ့ဟု သိရှိရသည်။

“ဖက်ဒရယ်ဆိုတာ ခွဲထွက်ခြင်းဆိုတာကို ကျနော်တို့ ပါတီအနေနဲ့ လုံးဝ လက်မခံပါဘူး။ ဖက်ဒရယ်သည် ပြည်ထောင်စုပါပဲ။ ဖက်ဒရယ်ဆိုတဲ့ သဘောကို ကျနော်တို့ ပါတီသည် ခွဲထွက်တယ်လို့ သဘောမထားဘူး။ ဒါကြောင့် ဒီသဘော ဆောင်သလား မဆောင်သလား ဆိုတာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်သုံးသပ်နေပါတယ်။ သုံးသပ်ပြီးတဲ့ အချိန်ကျရင်တော့ အဲဒီ သုံးသပ်ချက်တွေ ဒီနေ့ အစည်းအဝေးနဲ့တင် မပြီးပါဘူး။ ဒါနဲ့ ပတ်သက်လို့ အချက်အလက်တွေ၊ စာတမ်းတွေ ကျနော်တို့ ပြုစုတယ်။ ကျွမ်းကျင်တဲ့ သူတွေနဲ့ ဆွေးနွေးနေတယ်။ ဆွေးနွေး တင်ပြချက်တွေ အားလုံးကို နိုင်ငံတော်နဲ့ ပြည်သူ အကျိုးအတွက် လိုအပ်သလို အသုံးပြုနိုင်ရန် ဒီတာဝန်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဆက်ပေးထားပါတယ်။ လောလောဆယ်အနေနဲ့ ဘာလုပ်မယ်၊ ဘာပြင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် မရှိသေးဘူး” ဟု ဦးဌေးဦးက ဆက်ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ မည်သည့်အချက် ပြင်ဆင်မည်ကို မပြောနိုင် သေးသည့်အပြင်၊ ပြင်ဆင်မည်ဟုလည်း တိကျစွာ ပြောဆိုနေခြင်း မဟုတ်ကြောင်း ဦးဌေးဦးက ရှင်းပြသည်။

“အခြေခံဥပဒေ ပြင်ဖို့ လိုရင် ပြင်ရမယ်၊ ပြင်ဖို့ မလိုရင် မပြင်ဘူး။ ဘယ်အချက်ကို ပြင်မယ်လို့လည်း မသိသေးဘူး။ အခု အချိန်တော့ ပြောရခက်ပါတယ်။ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ လွှတ်တော်မှာ အဆိုတင် ထားတယ်။ ပါတီ ဒုတိယ ဥက္ကဋ္ဌ သူရ ဦးအေးမြင့် ပြောတာ ရှင်းရှင်းလေးပါပဲ။ ပြင်ဆင်မယ်လို့ ပြောနေတာ မဟုတ်ဘူး။ ပြင်မယ်ဆိုရင် စဉ်းစားလို့ ရအောင် ကော်မတီ ဖွဲ့ပေးပါလို့ သူပြောတာပဲ ရှိတယ်။ ပြင်မယ်ဆိုတာ ကျနော်တို့ ကြားတယ်၊ ဥပဒေ တရပ်ကို ပြင်မယ်ဆိုရင် လွှတ်တော်ကပဲ လုပ်ရမှာပဲ။ လွှတ်တော် အနေနဲ့ ပြင်မယ်ဆိုရင် စဉ်းစားပြီး ပြင်ဆင်နိုင်မယ့် ကော်မတီ သို့မဟုတ် ကော်မရှင် တရပ် ဖွဲ့စည်းပေးပါလို့ သူပြောတာပါ။ ပြင်ချင်လို့ ကော်မတီ ဖွဲ့ပေးပါလို့ အဆိုတင်ခဲ့တာ မဟုတ်ဘူး” ဟု ဦးဌေးဦး က ပြောသည်။

ကြံ့ခိုင်ရေး ပါတီ၏ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမေရိကန် ခရီးစဉ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ကြံ့ခိုင်ရေးပါတီ ညွန့်ပေါင်း အစိုးရဖွဲ့မည်ဟု ပြောဆိုချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် စောနေသေးကြောင်း ဦးဌေးဦးက ဆက်လက် ပြောဆိုသည်။

“ပါတီဥက္ကဋ္ဌ အမေရိကန်က ပြန်လာချိန်မှာ ကျနော်တို့နဲ့ တွေ့ပါတယ်။ ပါတီ ဗဟိုကော်မတီ ညီလာခံ ကိုလည်း လာတက် ပါတယ်။ အမေရိကန် ခရီးစဉ်မှာ ပါသွားတဲ့ ဦးသိန်းဆွေလည်း ရှိပါတယ်။ ဒီ ညွန့်ပေါင်းအစိုးရ ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တခုမှ ဆွေးနွေးတာ မရှိပါဘူး။ နောက် တခုက ဒီအခြေအနေ ဒီအချိန်အခါမှာ အစိုးရဖွဲ့စည်းဖို့ ပြောရမယ့် အချိန်လား၊ ပြောရော ပြောမှာလား။ ဒါစဉ်းစားကြည့်ပါလို့ပဲ ကျနော် ပြောချင်ပါတယ်။ ဖွဲ့စည်းမယ်ဆိုရင်လည်း စောများ စောနေသလား။ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးမှာ လုံးဝမဆွေးနွေးဘူး” ဟု ဦးဌေးဦးက ဆိုသည်။

လတ်တလော အငြင်းပွားစရာ ဖြစ်နေသည့် အမျိုးစောင့်ဥပဒေကိစ္စနှင့် ပတ်သက်ပြီး ဖြေဆိုရာတွင် ဦးဌေးဦးက ပြည်သူ အကျိုးပြုသော ဥပဒေဖြစ်လျှင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အမျိုးစောင့် ဥပဒေအကြောင်း သေချာရေရာစွာ မသိရှိသေးဟု ဆိုသည်။

“ဥပဒေတိုင်းဟာ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ် ဆိုရင် လုပ်ရမှာပေါ့။ ဥပဒေပြုရေး ဆိုတဲ့ တာဝန်ဟာ လွှတ်တော် တွေရဲ့ တာဝန်ပဲ။ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုတဲ့ ဥပဒေ လုပ်ကြမှာပဲ။ အကျိုးရှိဖို့တော့ လိုတယ်။ အကျိုးရှိမယ်ဆိုရင် လုပ်မယ်။ နာမည်ကတော့ ကောင်းပါတယ်။

အမျိုးစောင့် ဥပဒေ ဆိုတော့ နာမည်လေး ကြားရုံနဲ့တော့ အကျိုးရှိမယ်၊ မရှိဘူးဆိုတာ မဆုံးဖြတ်နိုင်ဘူး။ ဘာအချက်အလက်တွေ ပါသလဲဆိုတာ မသိသေးတဲ့အတွက် ကျနော် ပြောလို့တော့ မရဘူး” ဟု ဦးဌေးဦးက ဆိုသည်။

ကြံ့ခိုင်ရေး ပါတီအတွင်း သဘောထား ကွဲလွဲမှုများ ရှိနေသည်ဆိုသော သတင်းများကိုလည်း ဦးဌေးဦးက ငြင်းဆိုသည်။

၃ ရက်ကြာ ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ၊ အရန် ဗဟိုကော်မတီဝင်များ အပါအ၀င် စုစုပေါင်း အင်းအား ၃၀၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ဦးဌေးဦး ရှင်းလင်းနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Credit : http://burma.irrawaddy.org/archives/42899