Friday, March 15, 2013

လစာ ၂ သောင်းတိုးမည်ဟု ဘဏ္ဍာအခွန် ၀န်ကြီးပြော

အမြဲတမ်းဝန်ထမ်းများကို လစာငွေနှစ်သောင်းကျပ်စီနှင့် နေ့စားဝန်ထမ်းများကို ခုနစ်ရာကျပ်စီကို လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် ၂၀ ရက်မြောက် အစည်းဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန် ကပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေကြမ်းကြို ပည်ထောင်စု အစိုးရ အဖွဲ့ ကိုယ် စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာတွင် ယခုနှစ် ၂၀၁၃.၂၀၁၄ ခုနှစ်တွင် နိုင်ငံဝန်ထမ်းများ အတွက် လစာနှုန်းထားကို ကျပ် ၂၀၀၀၀ (နှစ်သောင်း)စီ တိုးမြင့်ပေးရန် နှင့် အချိုးကျ တိုးမြင့်လာမည့် ပင်စင်လစာ ဆုငွေများအတွက် သာမန် အသုံးစရိတ်တွင် ထည့်သွင်းလျာထားထားကြောင်း၊ထို့အပြင် လက်ရှိခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေး၊ဒေသစရိတ်တို့ကို လည်းပြောင်းလည်းမှု မရှိ ဘဲ ဆက်လက်ထောက်ပံ့သွားရန် လျာ ထားကြောင်း ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော်၏ အမြဲတမ်းဝန်ထမ်းပေါင်း ၁ သန်း နှင့် ၂ သိန်း ခန့်နှင့် နေ့စားဝန်ထမ်းဦးရေ ၇သောင်း ၄ ထောင်ခန့်နှင့် အငြိမ်းစား ၀န်ထမ်းဦးရေ ၇ သိန်း ၆ သောင်း ခန့်တို့အတွက် ခန့်မှန်းလျာထားငွေ ကျပ် ၃၈၅ . ၆၈၂ ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

7Day News Journal

Popular Myanmar News Journal

Credit : Here

1 comment:

  1. ကျေးဇူးတင်တယ် မတိုးပေးလည်းရပါတယ် ခုဟာက
    မဆွတ်မပွတ်လေး နည်းနည်းတော့ အသက်ရှူရှောင်တာပေါ့
    ဝမ်းတော့မသာကြပါဘူး

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။