၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက် (သောကြာနေ့) နေ့လယ် (၁း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ အခန်း (၂၀၅) တွင် Microsoft Company ရှိ Online Service Division မှ Senior System Engineer အဖြစ် ဆယ်နှစ်ကျော် အလုပ်လုပ်နေသော ကွန်ပျူတာပညာရှင် ဦးခင်မောင်ဇော် မှ “High Availability Online Systems” နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်းမှကြီးမှုး၍ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
ဟောပြောပွဲ၌ Windows Servers , IIS, SQL, High Availability, Seal Ability, Performance Application အစရှိ သည်များအားပြောကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ ဟောပြောပွဲကို လက်ရှိ Software Developer၊ Network Engineer အဖြစ် အလုပ်လုပ်နေသူများ၊ Computer နည်းပညာကို လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများနှင့် နောက်ဆုံးပေါ် IT နည်း ပညာကို စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။
အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း (၄)၊MICT Park ၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀-၈၈၃-၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။
Myanmar ICT
ဒီကယူပါတယ်။
Wednesday, December 26, 2012
ပွင့်လင်းမြင်သာရေးစကားသံများကျယ်လောင်လာသည်နှင့် မြန်မာမတွေ ဖင်ပေါ်အောင် ဝတ်ပြီး လဖ္ဘက်ရည်ဆိုင်ထိုင်ပြီ
၂၅.၁၂.၂၀၁၂ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်အချိန်ခန့်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ လက်ရွေးစင်ကော်ဖီဆိုင် တွင် မြန်မာမိန်းခလေးတစ်ဦးသည် ပုံပါအတိုင်း ဖင်ပေါ်အောင် ဝတ်၍ ဦးလေးအရွယ် အဖေအရွယ် လူကြီးပိုင်းများအကြား ရည်းစားနှင့် ရဲရဲဝံ့ဝံ့ ဝင်ထိုင်နေခြင်းဖြစ်သည် ။
ပွင့်လင်းမြင်သာမှုရှိရေးခေါင်းစဉ်အောက်က နမူနာပြကွက်တစ်ခုဖြစ်ပါသည်။ နောက် သည်ထက်ပိုပြီး ပွင့်လင်းမြင်သာလာမည်ဖြစ်သည်။
ဒီကပါ။
မီးလောင်ဗုံး ဟု ပြောခဲ့သည်မှာ မှားယွင်းကြောင်း ဒေါက်တာခင်မောင်ညို ၀န်ခံပြောကြား
လက်ပံတောင်းတောင် အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည် ဟု ကြို တင် ခန့် မှန်း ပြောကြားခဲ့ သည့်အတွက် အထူးပင် စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညို က ယနေ့  ထုတ်ဖော် ပြောကြားလိုက်သည်။
ယင်းကိစတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲ ဗင်း မီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့  က မိမိထံ လာရောက်၍ သဘောထားထင်မြင်ချက် တောင်း ခံ ခဲ့ကြောင်း၊ ထိုသို့  ပြောကြားရာတွင် မိမိအနေဖြင့် ရရှိသမျှသော ဓါတ်ပုံများ၊ ဗီဒီယိုများ စသ ည် တို့ ကို လေ့လာ ကြည့် ရှု၍ ခန့် မှန်းပြောကြား ခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့ ရာတွင် ခန့် မှန်းပြောကြား ရာတွင် လည်း တစ် သက်လုံး သင်ယူလေ့လာခဲ့သော ဓါတုဗေဒ သဘောတရားများ၊ သီအိုရီများ စသည်တို့ နှင့် ချင့် ချိန် ၍ ပြောကြားခဲ့ ကြောင်း၊ လက်တွေ့  အသုံးပြုခဲ့သော ဗုံးအစအနများ၊ ဗုံးနမူနာများ စသည်တို့ ကို ကြည့် ရှု စစ်ဆေးနိုင်ခြင်း မရှိသဖြင့် မှားယွင်းနိုင်သည် မှာလည်း မှန်ပါကြောင်း၊ ထိုအချိန်တွင် အစိုးရ ဘက် မှ သတင်း ထုတ်ပြန်ချက် အားနည်းနေသဖြင့် ရရှိသမျှ သတင်းအချက်အလက်များကို အခြေခံရခြင်း ဖြစ်ကြောင်း အငြိမ်း စား ဓါတုဗေဒ ပါမောက ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။
ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်သည် အခြေအနေ ပိုမိုဆိုးဝါးသွားစေရန် မီးလောင်ရာ လေပင့် မဖြစ်ခဲ့ ဘူး လား ဟု မေးမြန်းရာ မိမိအနေဖြင့် ထိုမျှ အထိ မျှော်မှန်းထား ခဲ့ခြင်း မရှိခဲ့ ကြောင်း၊ တတ်သည့် ပညာ မနေသာ ဆိုသလို အမေး ရှိလာ၍ ဖြေကြားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိမှ မီးလောင်ဗုံး ဖြစ်နိုင်သည ဟု သာ ပြောကြား ခဲ့ခြင်း ဖြစ်ပြီး မျက်ရည် ယိုဗုံး မဖြစ်နိုင် ဟူ၍လည်း ပြောကြား ခဲ့ကြောင်း၊ ယင်းပြောကြား ချက် များေ ကြာင့် အခြေအနေ ပိုမို ဆိုးဝါးစေခဲ့ပြီး သံဃာများ၏ ဒေါသကို နှိုးဆွသလို ဖြစ်စေခဲ့သည် ဆို လျှင် မိမိ ၏ ပညာရပ်ဆိုင်ရာ မှားယွင်းမှု ဟု ပြောကြားလိုကြောင်း ၄င်းက ဖြေကြားသည်။
ဆက်လက် ၍ ဒေါက်တာခင်မောင်ညိုက နိုင်ငံ တကာတွင် မျက်ရည်ယိုဗုံး မီးမလောင် ဟု ပြောခဲ့ရြ ခင်းမှာ လည်း နိုင်ငံ တကာ အဓိကရုဏ်းများကို ထောက် ရှု၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါတုဗေဒ သေ ဘာ တရား တွင် မီးလောင်အောင် ဖော်မြူလာ ထုတ် လျှင်လည်း ရပါကြောင်း၊ မီးခိုး ဗုံး ဆိုသော်လည်း မီးေ လာင် နိုင်သည့် မီးခိုးဗုံးများ ထွက်ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ မိမိ၏ ခန့် မှန်းချက် စောစီးစွာ ပေါ် ထွက် လာခဲ့ခြင်းမှာလည်း မီဒီယာများက လာရောက်မေးမြန်းသဖြင့် မိမိ သိရှိနားလည်ထားသမျှ ပညာရပ် ဆိုင်ရာ များကို အခြေခံ၍ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယင်းကိစကို စစ်ဆေးေ ဖာ် ထုတ်နေပြီ ဖြစ်ရာ မိမိ၏ ပြောကြားချက်များကြောင့် ကော်မရှင်အပေါ် ယုံကြည်မှု အား နည်းစေမည်ကိုလည်း မလိုလားကြောင်း၊ ကော်မရှင်မှာ လက်တွေ့  အသုံးပြုခဲ့သည့် ဗုံးစဗုံးနများကို သိပံ နည်း ကျ စစ်ဆေးေ ဖ်ာထုတ်မည် ဖြစ်၍ မိမိ၏ ခန့် မှန်းပြော ကြားချက်ထက် ပိုမို၍ တိကျခိုင်မာမည် ဟု ယုံကြည် ထားကြောင်း၊ မိမိအနေဖြင့် လေ့လာထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအပေါ်တွင် အခြေခံ၍ ပြည် သူ များ သိရှိနားလည် စေရန် နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး သုံးကြသော်လည်း မီးလောင်ခြင်း မရှိ သည် ကို ထင် ရှားစေရန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ရေနှင့် မီးစုန်း ဓါတ်ပြုလျှင် မီးလောင်ကျွမ်းသည် ဟူသည်ကို သိပါသလား ဟု မေးမြန်းရာ ဒေါက်တာ ခင်မောင် ညိုက မှန်ပါကြောင်း၊ မီးစုန်းသည် ရေနှင့်တွေ့လျှင် သေချာပေါက် မီးလောင်ကြောင်း၊ မီးစုန်းပါ ၀င်မှု အချိုး အစား အနည်းအများပေါ်မူတည်၍ မီးလောင်ကျွမ်းမှု အနည်းအများ ဖြစ်စေတတ်ကြောင်း၊ ယင်း ကာ လက မိမိအနေဖြင့် မီးစုန်းဓါတ် ပါဝင်နိုင် သည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊ ယင်းအ တွက် မိမိအား မှားယွင်းသည် ဟု ပြောလျှင်လည်း ခံရမည်သာ ဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက်များ အလွန် အကျွံ ဖြစ်ခဲ့သည် ဟု ဆိုပါက ထိုအချိန်က တွေ့  ရှိရသော သတင်းဓါတ်ပုံများကို ကြည့်၍ ဖြစ်ပေါ် လာေ သာ စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့သည် ဟု ပြောကြားလိုကြောင်း၊ မိမိ၏ပြောကြားချက်များကြောင့် လူအ များ ၏ ဒေါသကို ပိုမိုဖြစ်စေခဲ့သည် ဟု ဆိုပါက မိမိအနေဖြင့် ပညာရှင် တစ်ယောက်၏ စိတ်ခံစားမှု ဟူ ၍ သာ နားလည်ပေးစေလိုကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်၏ ကော်မရှင်မှ စစ်ဆေးတွေ့ ရှိချက်သာ အ စစ် အမှန် ဟု မိမိအနေဖြင့် လက်ခံမည် ဖြစ်ကြောင်း၊ မပြည့်စုံသော အထောက် အထားများကို အခြေခံ ၍ ခန့် မှန်းပြောကြားလျှင် မိမိကဲ့သို့ ပင် မှားယွင်းနိုင်ပါကြောင်း၊ ပညာရှင်များသည် တိကျခိုင်မာမှသာ ပြောကြား သည်ဟူသော ဆိုရိုးကို မိမိလက်ခံပါကြောင်း၊ စောစီးစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်း အတွက် မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။
လက်ပံတောင်းတောင်အရေးတွင် ရဲတပ်ဖွဲ့ ဝင်များက ရေဖြင့်ပက်ဖျန်းပြီးမှ မီးခိုးဗုံးများ အသုံးပြုခဲ့သည်ဟု သက်ဆိုင် ရာက ထုတ်ပြန်ထားသည်။ ယင်းဖြိုခွင်းမှုကြောင့် သံဃာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ ယ ခုအခါ ဒဏ်ရာဆိုးဝါးသော ဦးတိကမှာ ထိုင်းနိုင်ငံသို့  ပို့ ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိသ ည်။ ထိုင်းနိုင်ငံမှ ဆရာဝန်များက မီးခိုးဗုံးနှင့် ရေ ထိတွေ့  ဓါတ်ပြုခြင်းကြောင်း လောင်ကျွမ်းရခြင်း ဖြစ်ကြော င်း ကောက်ချက် ချထားသည်။
ဒီကပါ။
Mark 2 ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်တစ်စီး တိုက်မိ
Mark 2 ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်တစ်စီး တိုက်မိ ယနေ့ဒီဇင်ဘာ၂၆ ရက် မွန်းလွှဲ ၁ နာရီခွဲ ဝန်းကျင် ခန့်တွင်တာမွေအဝိုင်း ဘက်မှနေ၍ ဗညားဒလလမ်း အတိုင်း ကျောက်မြောင်းဘက်သို့လာသော အငှားယာဉ် တစ်စင်းနှင့် ဦးထွန်းမြတ်လမ်းမှ ဗညားဒလလမ်းသို့လာသော ရွှေငါး Mark II ကားတို့တိုက်မိရာ အငှား ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ၄ ဦးအနက်မှ တစ်ဦးဒဏ်ရာရရှိပြီး ရှင်ပါဂူဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသတင်းရရှိခဲ့သည်။
Eleven Media Group
ဖြူးမြို့တွင် သံဃာတော်များမှ မြို့နယ်ဆေးရုံရှိဆိုင်းဘုတ်များအား ဖျက်ဆီး
၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြူးမြို့၊ ဘူတာတောင်ရပ်ကွက်၊ သပြေတန်း ဘုန်းကြီး ကျောင်း မှ အရှင် ဆန္ဒိမာ ( ၁၆)နှစ်သည် ဖြူးမြို့နယ်ပြည်သူ့ ဆေးရုံတွင် သွေးဝမ်း သွား သွေးအန် သည့်ရောဂါဖြင့် ဆေးကု သမှု ခံယူနေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ပျံလွန်တော်မူသွားခဲ့ပါသည်။ ထိုကဲ့သို့ ပျံလွန်တော်မူခြင်းနှင့် ပတ်သတ်ပြီး သပြေတန်းကျောင်းတိုက် ဆရာတော် ဥူးဝါယမိန္ဒနှင့် ကျောင်း တိုက် ရှိ သံဃာ ၅ ပါးတို့မှ နေ့လည် ၂ နာရီအချိန် တွင် ဆေးရုံသို့ရောက်ရှိလာပြီး မြို့နယ်ဆရာဝန်နှင့် ဆေး ရုံ ၀န်ထမ်းများအား ကျေနပ်မှုမရှိကြောင်း ဆူပူ ကြိမ်းမောင်း ခဲ့သဖြင့် ဆေးရုံ ၀န်ထမ်းများမှ ဖြူးမြို့နယ် ရဲစခန်း အား အကြောင်းကြားခဲ့သဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဆရာတော် များကို တောင်းပန် ခဲ့ရာ နေ့လည် ၂ နာရီခွဲခန့် တွင် ကျောင်းတိုက် သို့ ပြန်ကြွသွားကြောင်း သတင်း ရရှိခဲ့ပါ သည်။
ဆက်လက်ပြီး ၄င်းဖြစ်စဉ်အား မကျေနပ်သဖြင့် ရွှေတောင်ကျောင်း စာသင်တိုက်မှ သံဃာတော် အပါး ၃၀ ခန့် သည် ညနေ ၅ နာရီခန့်တွင် မြို့နယ်ပြည့်သူ့ဆေးရုံသို့ရောက် ရှိလာ ပြီး ဆေးရုံ နံရံတွင် ရေးသား ထားသော“လူနာများကို နွေးထွေးစွာကြိုဆိုပါ၊ စေတ နာနှင့်ပြုစုကုသပါ ” ဟူသော ဆိုင်းဘုတ်အပါအ၀င် ဆိုင်း ဘုတ် ၂ ခုအား ရိုက်ချိုးဖျက်ဆီးခဲ့ပါသည်။ သံဃာတော်များ ဖျက်ဆီးမှုကြောင့် ညနေ ၆ နာရီခန့်တွင် ကျော် လှစု ကျောင်းတိုက်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဖျောင်း ဖျတောင်းပန် လျှောက်ထားသဖြင့် အဆိုပါသံဃာတော်များသည် ညနေ ၆နာရီခန့်တွင် ရွှေကျင်ကျောင်း တိုက်သို့ ပြန်လည် ကြွရောက်သွားကြောင်း သတင်းရရှိပါသည်။
www.MyanmarExpress.net

အစိုးရတပ်များလာနိုင်သည့်လမ်းများအား ကေအိုင်အေမှ မိုင်းထောင် နေမှုအား မြေမြှုပ်မိုင်းအရေး ရှုံ့ချသူ ဒေါ်စု မသိချင်ဟန်ဆောင်နေ
အစိုးရတပ်တွေက ကေအိုင်အေကို တိုက်မယ် လို့ ကေအိုင်အေက တွက်ပြီး အစိုးရတပ်တွေ လာနိုင်တဲ့ လမ်းတွေမှန်သမျှအားလုံးကို မိုင်းတွေ လိုက်ထောင်နေတယ်လို့ တပ်မဟာ(၃) ရင်း(၁)မှ ဗိုလ် မခေါ်ဂမ်းက ပြောပါသည်။ ၂၂ရက်နေ့တုန်းက ပါတော်နဲ့ ကျောက်တောင်ကုန်းတွေမှာ မိုင်းထောင် ရင်း မိုင်းတစ်လုံး သူ့ဘာသာသူ ထကွဲခဲ့ပါတယ်။
ကေအိုင်အေက အစိုးရလာနိုင်တဲ့လမ်းတွေကို မိုင်းထောင်နေတယ်ဆိုပေမယ့် အဲဒီလမ်းတွေအားလုံးက ရွာသားတွေသုံးနေတဲ့ လမ်းတွေပါဘဲ။ ကေအိုင်အေ နဲ့ အစိုးရတပ်တွေတိုက်ပွဲကြောင့် ကချင်ပြည်နယ်မှာ မိုင်းဒဏ်ရနဲ့ ခြေပြတ်လက်ပြတ်တွေ သေတဲ့သူတွေ အများကြီးပါလို့ ရွာသားတစ်ဦးကပြောပါသည်။

အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင်
Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။
(အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှု ခံစားသည့် အမျိုးသားများ၏ ကျန်းမာရေး ကောင်းမွန်နိုင်---- ဒီမှာဖတ်ပါ။)
သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။
ကဲကောင်လေးနဲ့ ကောင်မလေးတွေ ရင်သားကင်ဆာ တားဆီးရေး အတွက် ကိုယ်စွမ်း ရှိသလောက် ကူညီကျတာပေါ့ ဟုတ်တယ်မလား :D California ပြည်နယ်က Berkeley တက္ကသိုလ်မှာ ဒီသုတေသန ကိုဦးဆောင်တဲ့ သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Gautham Venuhopalan က Cell တွေအပေါ် ဒြပ်ရှိတဲ့ ဖိအားပေး မှုက နဂိုမူလ ဖွံ့ဖြိုးမှု လမ်းကြောင်းထဲ ပြန်ထိမ်း ပေးနိုင်တယ် ဆိုတာ စမ်းသပ်မှုတွေက တစ်ဆင့် တွေ့ရှိ ရတယ်လို့ ပြောပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ ဆိုရင်တော့ Cancer ဖြစ်နိုင်မယ့် ဖွံ့ဖြိုးမှုကို အားသာ စေပါတယ်။
အတိအကျ ပြောရရင် ရာစုနှစ်ပေါင်း များစွာ ကတည်းက အားသက်ရောက် မှုကြောင့် ခန္ဓာကိုယ်ကို ပြောင်းလဲ စေနိုင်တယ် ဆိုတာ လူတွေက သိပြီးသားပါ။ ဥပမာ ပေးရရင် ၀ိတ်မတယ့် အခါ ကြွက်သားတွေ ကြီးလာ သလိုပေါ့။ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားက ကျွန်တော်တို့ အရိုးတွေကို သန်မာလာ စေဖို့ အဓိက ကျပါတယ်။ အခုဒီမှာ ကျွန်တော်တို့ ပြောချင်တာက ဒြပ်ရှိ အားသက်ရောက် မှုက ဖွံ့ဖြိုးမှု နေရာမှာ အချက်အချာ ကြနိုင်ပြီး Cancel Cell တွေဖြစ်ပေါ် လာမှုကို ကျုံ့စေပါတယ်။ ဒီစမ်းသပ်မှုမှာ Cancer ဖြစ်စေနိုင်တဲ့ Cell တွေကို Silicone ထဲမှာ ဖွံ့ဖြိုးစေပြီး ပထမ Cell ဖွံ့ဖြိုးလာတဲ့ အဆင့်မှာ Silicone ကိုညှစ်တာ ပါဝင်ပါတယ်။ အချိန် ကြာလာတာနဲ့ အမျှ Cell တွေက ပုံမှန်ပြန်လည် ဖွံ့ဖြိုး လာတာကို တွေ့ရပါတယ်။ Venugopalan ကဒီ Cell တွေဟာ ပုံမှန်ကျန်းမာတဲ့ ပုံစံထဲ ပြန်ဝင်လာဖို့ အရိပ်အမြွက် လေးလောက်ပဲ လိုတာပါ။ ဖျစ်ညှစ်ခြင်းက အဲ့ဒီ အရိပ်အမြွက် ပါပဲ။ ကဲ စာဖတ်သူတို့ ရင်သား Cancer ရောဂါ ပပျောက်ဖို့ များများ ညှစ်ကြစို့။
From:MYMC
ဒီကယူပါတယ်။
“ပါတီဝင်ဟုဆိုသူအချို့ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် သတင်းထောက်တစ်ဦးဒဏ်ရာရ´´ သတင်း နှင့် ပတ်သက်၍ ရှင်းလင်းချက်
Hot News ဂျာနယ် အတွဲ၃ အမှတ် ၁၂၀ တွင် မြစ်ကြီးနား မြို့ ပြန်လည်နေရာချထားရေး ကျေးရွာ NLD ရပ်ကျေးညီလာခံ သို့ သတင်းရယူရန်သွားသော သတင်းထောက်တစ်ဦးသည် NLD တာဝန်ရှိသူများနှင့် NLD အမည်ခံအချို့ အချင်းများ မှုကို ပြန်ဖြေရာမှ NLD အမည်ခံ များက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် တက်ရောက် ကုသရသောကြောင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည့်သတင်းကို ဖော်ပြခဲ့ပါသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဂျာနယ်တိုက်သို့ အမှုဖွင့်တိုင် ကြားခံရသူ ၅ ဦး လက်မှတ်ရေး ထိုး၍ စာတစ်စောင်ကို FAX ဖြင့် ပေးပို့လာရာ ၎င်းစာတွင် အဆိုပါ NLD ညီလာခံကို တာဝန်ခံ ကျင်းပပေးရမည့် အေးစေတီ ရပ်ကျေးညီလာခံဥက္ကဋ္ဌ ဦးမောင် မောင်တာ၊ အတွင်းရေးမှူးဦးမြင့် ထွန်းတို့နှင့်အတူ ညီလာခံကျင်းပ ရာတွင် ကူညီရန် လိုက်ပါခဲ့ ကြောင်း၊ ညီလာခံကျင်းပရန် တက်ရောက်သူစာရင်းကို ၎င်းတို့ ထဲမှ တစ်ဦးက ပြုစုနေစဉ် ဦးကျော်ကျော်ဦး(သတင်းထောက်/ NLD မြို့နယ် ကော်မရှင်အဖွဲ့ ၀င်)၊ ဦးဇော်ဝင်း၊ ဒေါ်ခင်မာထွေး တို့က ၀င်ရောက်နှောင့်ယှက်ရာမှ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း၊ ထို ဖြစ်စဉ်အား နစ်နာသူ ၎င်းတို့ ၅ ဦးကိုယ်စားဦးမောင်မောင်တာက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ ကြောင်း၊ ဦးကျော်ကျော်ဦးသည် ကြံ့ခိုင်ရေးပါတီဝင်၊ Hot News သတင်းထောက်၊ ကြံ့ခိုင်ရေးပါတီ မှ ဖွင့်လှစ်ထားသော မြစ်ဖျားဧရာ သတင်းထောက် NLD ပါတီဝင် ဖြစ်ကြောင်း ဖုံးကွယ်ထားသူဖြစ် ဖြစ်ကြောင်း ဂျာနယ်တိုက်က မမှန်မကန်သတင်း ဖော်ပြခဲ့ခြင်း အပေါ် ဂျာနယ်တိုက်နှင့် သတင်း ထောက် ခန့်ခန့်(ဒဿနိက)မှ သတင်းမှန်ကို ပြန်လည်ဖြေရှင်း၍ ၀န်ချတောင်းပန်ရန်နှင့် သတင်း ရုပ်သိမ်းရန် သတိပေးတောင်းဆို ကြောင်း ပါရှိပါသည်။
အဆိုပါကိစ္စအပေါ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ မြစ်ကြီးနားခရိုင် ညီလာခံကျင်းပ ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆန်မိုင် နှင့် ပြည်နယ်ကော်မရှင်အဖွဲ့ဝင် ဦးနေ၀င်းတို့ ပူးတွဲလက်မှတ်ရေး ထိုးကာ ဒီဇင်ဘာ ၁၀ ရက် ရက်စွဲ ဖြင့် စာတစ်စောင်ပေးပို့ခဲ့ကြောင်း၊ ယင်းစာတွင် အဆိုပါညီလာခံသို့ ခရိုင်ညီလာခံအဖွဲ့ဝင် ဦးကျော် သီဟအေးနှင့်အဖွဲ့ တက်ရောက် ခဲ့ကြောင်း၊ ၎င်းကို ၀ိုင်းမော် မြို့နယ် ညီလာခံတွင် ကြီးကြပ် ကူညီရန် တာဝန်ပေးထားခြင်းဖြစ် ကြောင်း၊ ညီလာခံတွင် တာဝန် ပေးထားခြင်းမရှိသောသူများ ၀င်စွက်ဖက်ခြင်းကို ဒေါ်ခင်မာ ထွေး(မြို့နယ်ကော်မရှင်အဖွဲ့ဝင်) က ပြောကြားရာမှစကာ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ကျော် ဦးနှင့် ထိုးကြိတ်ရိုက်နှက်ကြပြီး ဦးကျော်ကျော်ဦးတွင် ဒဏ်ရာရရှိ ခဲ့သောကြောင့် မြစ်ကြီးနားဆေး ရုံတွင် အတွင်းလူနာအဖြစ် ကုသ ရကြောင်း၊ ယခင်ကလည်း မြို့ နယ်ကော်မရှင်များမှ ညီလာခံ ကျင်းပနိုင်ရန် အစည်းအဝေးလုပ် ခြင်းကို မလုပ်နိုင်ရန် အကြိမ်ကြိမ် နှောင့်ယှက်ပြီး ဒေါ်ငွေကြိုင်ဆိုသူ နှင့် ဦးကျော်သီဟအေးတို့ဦးစီး ကာ ကြေညာချက်များထုတ်၍ နှောင့်ယှက်နေခြင်းကိုလည်း ဗဟို သို့တင်ပြပြီးဖြစ်ကြောင်း၊ ယင်း အခြေအနေကို ဗဟိုမှလာရောက် သည့် ဦးအောင်ရှင်နှင့် ဦးကြည် ၀င်းတို့ သိရှိပြီးဖြစ်ကြောင်း၊ ဦးကျော်သီဟအေးနှင့် အဖွဲ့သည် တာဝန်ပေးအပ်ခြင်းမခံရဘဲ ရည် ရွယ်ချက်ရှိရှိဖြင့် ရပ်/ကျေးညီ လာခံများကို ၀င်ရောက်နှောင့် ယှက်နေကြောင်း၊ ၎င်းတို့ကြောင့် ပါတီဂုဏ်သိက္ခာ ကျဆင်းစေ ကြောင်း၊ ၎င်းတို့အား ပြင်းထန်စွာ အရေးယူပေးပါရန်တင်ပြကြောင်း ထည့်သွင်းတင်ပြခဲ့ကြောင်း သိရ သည်။
မြစ်ကြီးနားမြို့နယ် ကော် မရှင်ဥက္ကဋ္ဌကလည်း ဒီဇင်ဘာ ၁၃ ရက်စွဲပါစာဖြင့် ပြည်နယ်ကော် မရှင်ဥက္ကဋ္ဌထံသို့ ခရိုင်ကော်မရှင် ဥက္ကဋ္ဌမှတစ်ဆင့် စာတစ်စောင် ပေးပို့ခဲ့ရာ ၎င်းစာတွင် မြေမြင့် ရပ်ကွက်၊ ရွှေညောင်ပင်ရပ်ကွက် နှင့် ပလနကျေးရွာ ရပ်/ကျေး ညီလာခံကျင်းပနေစဉ် ကိုကျော် သီဟအေး၊ ကိုမျိုးဇော်ဦး၊ ကိုခင် မောင်မြင့်နှင့် ကိုစိုင်းအောင်လင်း တို့အဖွဲ့သည် တာဝန်ပေးထားခြင်း မရှိဘဲ ၀င်ရောက်စွက်ဖက် ရန်စ ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ပလန ကျေးရွာညီလာခံကျင်းပနေစဉ် တွင်လည်း ကိုကျော်သီဟအေး၊ ကိုမျိုးဇော်ဦး၊ ကိုမော်စီ(ခ)ထွန်းဦး၊ ကိုစိုင်းအောင်လင်းတို့အဖွဲ့သည် တာဝန်အရလာရောက်သူ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးကျော် ကျော်ဦးကို ၀ိုင်းဝန်းထိုးကြိတ်ကြ ကြောင်း ၊ ကိုကျော်သီဟအေးနှင့် အဖွဲ့သည် တာဝန်ပေးအပ်ထား ခြင်းမရှိဘဲ အေးစေတီရပ်ကွက် နှင့် ရမ်ပူရပ်ကွက်တို့တွင် ရပ်/ ကျေးညီလာခံ ကျင်းပကြကြောင်း၊ ၎င်းင်းတို့အဖွဲ့သည် ဆက်လက် နှောင့်ယှက်ရန် အစီအစဉ်ရှိသည် ကို သိရှိရ၍ အရေးယူပေးပါရန် တင်ပြကြောင်း ထည့်သွင်းပေးပို့ ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စအပေါ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဦးဉဏ်ဝင်း လက် မှတ်ရေးထိုး၍ ဒီဇင်ဘာ ၁၉ ရက် စွဲဖြင့်ထုတ်ပြန်သော ကြေညာ ချက်တွင် ဦးမျိုးဇော်ဦး၊ ဦးကျော် သီဟအေး၊ ဦးစိုင်းလင်းအောင်၊ ဦးမော်စီတို့၏ NLD အဖွဲ့ဝင်ပစ်မှု ကို ဗဟိုညီလာခံကျင်းပချိန်အထိ ရပ်ဆိုင်းထားကြောင်း ဖော်ပြ ထားကြောင်း သိရသည်။ Hot News ဂျာနယ်မှ ယင်း သတင်းကို ဖော်ပြခဲ့ရာတွင် သတင်းပေးပို့သူ၏ ယုံကြည်စိတ် ချရမှုနှင့် ရဲစခန်းမှ အမှုလက်ခံ ဖွင့်လှစ်ပေးထားခြင်းတို့ကို အခြေ ခံကာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးကို လူ ၅ ဦးက ၀ိုင်းဝန်း ရိုက်နှက်ကြခြင်းမှာ မတရားသဖြင့် ““မတရားဝိုင်းဝန်းရိုက်နှက်””ဟု လည်းကောင်း၊ NLD ကဲ့သို့သော ညီလာခံတွင် ညီလာခံပျက်ပြား အောင် ရမ်းကားခြင်းဖြစ်သဖြင့် ““ရမ်းကားရိုက်နှက်သူများ””ဟု လည်းကောင်း စကားလုံးသုံးနှုန်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး သတင်းပေးပို့ သူ၏ ပြောကြားချက်အပိုဒ်မှာ မူရင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။
ရိုက်နှက်ခံရသော ဦးကျော် ကျော်ဦးမှာ မြို့နယ်ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သကဲ့သို့ Hot News ဂျာနယ်သတင်းထောက် လည်း ဖြစ်သဖြင့် သတင်းဖော်ပြ ရာတွင် NLD ပါတီ၏ ဂုဏ် သိက္ခာကို ငဲ့ညှာသောအားဖြင့် ကော်မရှင်အမည်ကို အသုံးမပြုဘဲ Hot News ဂျာနယ်မှ သတင်း ရယူရန် တရားဝင်တာဝန်ပေးအပ် ထားသည့် သတင်းထောက်ဖြစ် သောကြောင့် သတင်းထောက် အရိုက်ခံရကြောင်းသာ ယေဘုယျ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
ရဲစခန်းတွင် အမှုဖွင့်ခြင်းကို စိစစ်ရာတွင်လည်း ရိုက်နှက်ခံရသူ ကိုကျော်ကျော်ဦးက အခင်းဖြစ် သည့် ဒီဇင်ဘာ ၇ ရက်နေ့တွင်ပင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အမှုဖွင့်လှစ် ခံရသူများကိုယ်စား ဒေါက်တာ မောင်မောင်တာက ဒီဇင်ဘာ ၉ ရက်နေ့တွင်မှ ပြန်လည်ဖွင့်လှစ်ခဲ့ သည်ကို တွေ့ရပါသည်။
Hot News ဂျာနယ်မှ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ စာရွက်စာတမ်းအထောက်အထား၊ အသံဖိုင်များ ခိုင်ခိုင်မာမာ ပြုစု ထားရှိပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ အမှုဖွင့်ခံရသူများ တောင်းဆို သကဲ့သို့ လိုက်လျောနိုင်ခြင်းမရှိ ကြောင်း သဘောထားတစ်ရပ်ကို အယ်ဒီတာအဖွဲ့မှ ထုတ်ပြန်ပါ သည်။
အယ်ဒီတာအဖွဲ့
http://www.hotnewsweekly.com/archives/15247

ပြည်သူများအတွက် စည်ပင်မှ ခရစ်စမက်လက်ဆောင်
ဘယ်သူအမိန့်နဲ့လို့မပြောပေမယ့် စည်ပင်မှ လူအင်အားသုံးပြီး တောင်ဒဂုံမြို့နယ်မှ ဆိုင်ခန်းပေါင်း နှစ်ရာကျော်ကိုတစ်နေ့တည်း ဖျက်သိမ်း
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ( ၁၇-၁၈-၁၉-) ရပ်ကွက်စသော ရပ်ကွက်များ ကို ဖြတ်သန်း ရာ မောင်းမကန်လမ်း၊ဧရာဝဏ်လမ်းနှင့်ဆောက်လုပ်ရေးမှတ်တိုင် တောက်လျှောက် ဆိုင်ခန်းများကို ဒီဇင်ဘာ ၂၃- ရက်နေ့က စတင်ကာ လူအင်အား (၃၀) ကျော်လောက်နဲ့ စည်ပင် သာယာရေး အဖွဲ့မှဆိုပြီး ဖျက်သိမ်းသွားခဲ့ သည်ဟု အဖျက်ဆီးခံရသော ဆိုင်ပိုင်ရှင်များကပြောသည်။
"မနက် ၁၀း၀၀ လောက်က ဖျက်ပေးဖို့လာပြောပြီး ၂း၃၀ လောက်မှာ လူအင်းအားအသုံးပြုပြီး လူအုပ်နဲ့ လာဖျက် တာပဲ၊ အပျက်အစီးနည်းအောင် ကျွန်တော့ဘာသာဖျက်မယ်ပြောတာလဲ မရဘူး" ကျွန်တော် တို့ဘာသဖျက်ရင် ပစ္စည်းကောင်းတွေပြန်ရနိုင်တယ်။သူတို့လုပ်သွားတဲ့ပုံစံက ရန်သူကို နှိပ်စက်သလို ဆိုင်ကို ဖျက်ဆီးသွားကြတာ ကာလတန်ဖိုး သုံးသိန်းဖိုးလောက် ရှိသည်"ဟု မောင်မကန်လမ်းဘေး ရှိ တောင်ဒဂုံမြို့နယ်။အမှတ် ၁၈- ရပ်ကွက် အောင်သရဖူစားသောက်ဆိုင်ပိုင်ရှင် ကိုညွန့်ဝင်းကပြောသည်။
ကားသုံးစီး၊ဆိုင်ကယ် ၁၅ စီးနဲ့ လူအင်အား ၃၀ ကျော်လောက်က စည်ပင်ကဆိုပြီး ဖျက်လို့ရတဲ့ဆိုင်များကို ဖျက် ဆီးသွားပြီး၊ ဖျက်ရဲဖျက်ကြည့် မင်းတို့ဖျက်ရင် ငါကိုယ်တိုင် ဓားနဲ့ ထွက်ခုတ်မယ်ဟု ပြန်ပြောသော ဆိုင်များကို တော့ ဆက်မဖျက်တော့ဘဲ ပြန်လည် ထွက်သွားသည်ဟု မောင်မကန် လမ်းဘေးလက်ဝဲ၊ လက်ယာ တွင် နေထိုင် ကြသော ဒေသခံများက ပြော သည်။ ပြောသည့်အတိုင်း လည်း မောင်းမကန် လမ်း တွင် လက်ဖက်ရည်ဖွင့်ထား သော လရိပ်ချိုဆိုင်ကို စည်ပင်တို့မဖျက်ဆီးရဲ ဘဲ ပြန်လှည့်ထွက် သွားခဲ့သည်ဟု ဆိုင်ပိုင်ရှင် ဦးလှကျော်က ပြောသည်။ ကျွန်တော်ဆိုင်ကို လာဖျက်တဲ့အခါ ဘာဖြစ်လို့ဖျက်တာလဲမေးတော့ စည်ပင်နယ်နမိတ်နဲ့ မလွတ်လို့ ပြောလာလို့ အဲလိုပြောရအောင် ကျွန်တော်တို့ဆိုင်က ပလက်ဖောင်းပေါ်တက်ရောင်းတာလဲ မဟုတ်ဘူးဟု ၄င်းကထက်ရှင်းပြသည်။
အဆိုပါကိစ္စကို သက်ဆိုင်သောမြို့နယ် စည်ပင်သာယာရေးကို မေးမြန်းစုံးစမ်းတော့ လည်း ပြန်လည် ဖြေကြား ခြင်းမရှိခဲ့ပါ။ မြို့နယ် NLD ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီကိုယ်တိုင် မြို့နယ်စည် ပင်ကို စုံးစမ်းပေးခဲ့သော်လည်း တိကျသော အဖြေကိုမရဟု ပြောသည်။ "ကျွန်တော်တို့တွေလည်း စည်ပင်ကို မေးပါတယ် ဘာကြောင့်လည်းဆိုတာကိုတော့ သူတို့မပြောနိုင်ဘူး၊ တကယ်တမ်းဆိုရင် စနစ်တကျလုပ်သင့်ပါ တယ်။စည်းကမ်းရှိရှိလုပ်သင့်ပါတယ်။ ကြိုတင်အကြောင်းကြားသင့်ပါတယ်''ဟု ဆက်လက်ပြောပြသည်။
ဖျက်ဆီးခံရတဲ့ဆိုင်များကတော့ နတ်စင်လမ်းထိပ်ကနေဆိပ်ကမ်းမြို့နယ်ထိ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်လောက် ရှိပြီး ၊ဖျက်ဆီးခံလိုက်ရတဲ့ဆိုင်းအများစုကတော့ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်၊ လက်သုတ်ဆိုင်၊ ကွမ်းယာဆိုင်၊အကြော် ဆိုင်ဖြစ်သည်။
ယင်းကဲ့သို့ စည်းမဲ့ကမ်းမဲ့လူအင်အားသုံးပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဆိုင်တွေကို လိုက်ဖျက်ဆီးခံလိုက်ရ တဲ့ ဆိုင်ပိုင်ရှင် တစ်ရာကျော်လောက်က လက်မှတ်ရေးထိုးပြီး ကူညီဖြေရှင်းပေးရန်အတွက်လည်း တောင်ဒဂုံမြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ တိုင်ကြားထားကြောင်းသိရှိရသည်။
ဒီကပါ။
မှောင်ခို စားအုန်းဆီများ ထိရောက်စွာ အရေးယူရန် ဆီကုန်သည်များလိုလား
စားသောက်ကုန်လုပ်ငန်းများထံမှ ဝင်ငွေခွန် ကောက်ခံရန် မသင့်ဘဲ မှောင်ခိုဈေးကွက်မှ ဝင်ရောက်နေသည်များကိုမူ ထိထိရောက်ရောက် အရေးယူစေလိုကြောင်း မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ် ဦးသိန်းဟန် က ပြောဆိုလိုက်သည်။
“မြန်မာနိုင်ငံရဲ့ စားသုံးကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတို့ဟာ ကျနော်တို့ လူမျိုးအားလုံးအတွက် မရှိမဖြစ် လိုအပ်လှတဲ့ အတွက် အခွန်များကောက်ခံမှု ရှိသော်လည်း ပြည်ပမှ တင်သွင်းရန် ခွင့်ပြုမထားတဲ့ စားအုန်းဆီကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိတဲ့ ဆီတွေကို မှောင်ခိုဈေးကွက်မှ ဈေးနှုန်းချိုသာစွာနှင့် တရားမဝင် တင်သွင်းလာတာတွေကို အရေးယူ မှု အားနည်းတာကိုလည်း ထိရောက်စွာ အရေးယူစေချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းခန်းမတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ထိုသို့ ပြောသွားခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း၊ အဖွဲ့ဝင်များ ဖြစ်သည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်စန်းလှိုင်တို့အပြင် ကုန်သည်ကြီး များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် လုပ်ငန်းရှင်စုစုပေါင်း ၆ဝ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းရှင်များဘက်မှ မှန်ကန်သည့် စာရင်း တင်ပြခြင်း မရှိ၍ အကောက်အခွန် ကောက်ခံရန် ခက်ခဲပြီး ကုန်သွယ် လုပ်ငန်းခွန် ဥပဒေကိုလည်း တနိုင်ငံလုံးနှင့် တူညီသည့် ဥပဒေ ဖြစ်နိုင်ရန် ပြင်ဆင်သင့်ကြောင်းလည်း ပဲနှင့်နှမ်း လုပ်ငန်းရှင်တဦးက အကြံပြုသွားသည်။
ယခင်အစိုးရလက်ထက်တွင် ဥပဒေများကို သက်ဆိုင်ရာ ဝန်ကြီးဌာန ရေးဆွဲကာ ရှေ့နေချုပ်ရုံးက အတည်ပြုပြဋ္ဌာန်း ခဲ့ခြင်းကြောင့် ဝေဖန်မှုများရှိခဲ့ရာ ယခုအချိန်တွင် ပြည်သူများအနေဖြင့် ဥပဒေတခုကို ကိုယ်တိုင်ရေးဆွဲကာ လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းပေးနိုင်ရန် ကောမတီ ဥက္ကဋ္ဌ ဦးအောင်သောင်း က တိုက်တွန်းသွားသည်။
“ယခင်အစိုးရ လက်ထက်တုန်းကဆိုရင် ဥပဒေတခုကို ဝန်ကြီးဌာနက ထုတ်ပြီး ရှေ့နေချုပ်ရုံးနှင့်သာ အပြန်အလှန် ပေးပို့ အတည်ပြုနိုင်ခြင်းမျိုး ရှိခဲ့ပြီး ပြည်သူများက ဝေဖန်ခြင်းမျိုးကိုသာ လုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြည်သူများ ကိုယ်တိုင် ကောင်းမွန်တဲ့ ဥပဒေများကို ရေးဆွဲနိုင်ပါပြီ” ဟု ဆိုသည်။
ထို့အပြင် ပြည်သူများအနေဖြင့် ဥပဒေများကို လေ့လာစေလိုပြီး ထင်မြင်ချက်များကို လွှတ်တော်သို့ တိုက်ရိုက် တင်သွင်းနိုင်သကဲ့သို့ လွှတ်တော်အမတ်များမှတဆင့်လည်း ပေးပို့နိုင်သည်ဟု ဦးအောင်သောင်း က ပြောဆိုသွား သည်။

.jpg)