Monday, December 24, 2012

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ပြည်ပအကူအညီဖြင့် နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည်

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးအား ပြည်ပ အကူအညီ ဖြင့် နိုင်ငံတကာ အဆင့်မီသော အဝေး ပြေး လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်မှု များ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း   ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြား ချက်အရ သိရသည်။

အမြန်လမ်းမကြီးသည် လမ်းအင်္ဂါ ရပ်များ၊ စံနှုန်းများနှင့် လျော်ညီမှုမရှိသေး သော်လည်း ခရီးသွား ပြည်သူများ လွယ်ကူ လျင်မြန်ချောမွေ့စွာ သွားလာ နိုင်ရေး အတွက် ဖွင့်လှစ်ပေးခဲ့ရာ အဝေးပြေး အထူးအမြန် လမ်းမကြီးများနှင့် ထိတွေ့မှုအား နည်းနေခြင်းအပြင် ယင်းကဲ့သို့ လမ်း အင်္ဂါရပ်များနှင့် လျော်ညီရန် လိုအပ် နေသေးသည့်အတွက် မကြာခဏ ယာဉ်မတော်တဆ မှုများလည်း ဖြစ်ပေါ်လျက် ရှိသည်ဟု သိရသည်။

ယင်းကြောင့် လမ်းအင်္ဂါရပ်များနှင့် လျော်ညီစေရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိ စေရေးအတွက် အဆိုပါ လမ်းမကြီးအား နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ရန် အတွက် ပြည်ပအကူအညီများဖြင့် ဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အင်ဂျင်နီယာမှူး (လမ်း)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လမ်းမကြီး၏ နည်းပညာ အားနည်း ချက်များရှိနေသည့်အတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း အမေရိကန်သမ္မတ မစ္စတာဘားရက် အိုဘားမားနှင့်တွေ့ဆုံစဉ် အကူအညီများ တောင်းဆို ခဲ့သည်ဟု သိရသည်။

ကွန်ကရစ် အမြန်လမ်းမကြီးအား ပြည်ပ အကူအညီဖြင့် အဆင့်မြှင့် တင်မှုများ ဆောင်ရွက်ရာ တွင် လျာထားမှုမှာ မူလက တစ်ဖက် လေးလမ်းသွား လမ်းမကြီးမှ ပထမအဆင့်အနေဖြင့် တစ် ဖက်နှစ်လမ်းသွား လမ်း အဖြစ်သာ ဆောင်ရွက် ထားခဲ့မှုကို တစ်ဖက်လေးလမ်းသွားလမ်းမှ ခြောက်လမ်းသွား၊ ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဆောင်ရွက်ခြင်း၊ နိုင်လွန်ကတ္တရာ A.C ထပ်ပိုးလွှာခင်းကျင်းခြင်း၊ အမြန်လမ်းမကြီး တစ်လျှောက် လမ်းအင်္ဂါရပ်နှင့် အညီ အန္တရာယ် ကာကွယ်တန်း Guardrail များ တပ်ဆင်ခြင်းဖြင့် ယာဉ် သွားလာ ထိန်းချုပ်မှု စနစ်အား နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိ ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အမြန်လမ်းမကြီးကို ၂ဝဝ၅ ခုနှစ် အောက်တိုဘာလက စတင် ဖောက်လုပ်ခဲ့ခြင်းဖြစ် ပြီး ရန်ကုန်-နေပြည်တော် လမ်းပိုင်းကို ဦးစွာ ဖွင့်လှစ်ပေးခဲ့သည်။ ရန်ကုန်-နေပြည်တော်နှင့် ရန်ကုန်-မန္တလေးဟူ၍ လမ်းပိုင်းနှစ်ပိုင်း ပါဝင်ကာ စုစုပေါင်းလမ်းမိုင်မှာ ၃၆၅ မိုင်ခြောက်ဖာလုံ ရှည်လျားသည်။

www.MyanmarExpress.net

တိုက်တန်းနစ် သင်္ဘော တကယ်မမြှုပ်ခဲ့


အများစု သိထားတာက ၂၀ ရာစုရဲ့  အကြီးမားဆုံး ရေကြောင်း အက်ဆီးဒန့် ဖြစ်တဲ့ တိုက်တန်းနစ်ဟာ နှစ်မြှုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် တကယ် မနှစ်မြှုပ်ခဲ့ဘူးဆိုတာကိုလည်း အင်ဂျင်နေယာ Robin Gardiner က သက်သေပြခဲ့ပါတယ်။

သူ့ရဲ့ Titanic: The Ship That Never Sank? အမည်ရ စာအုပ်နဲ့ ဖြစ် ပါတယ်။ အမှန်တော့ တကယ် နှစ်မြှုပ်သွားတဲ့ သင်္ဘောက Olympic အမည်ရ တိုက်တန်းနစ်ရဲ့  မောင်နှမ သင်္ဘော (Sister ship) ဖြစ်ပါတယ်။ Sister ship ဆိုတာ အရွယ်အစားရော၊ အတွင်းအပြင်ရော အားလုံးနီးပါး တူတဲ့ သင်္ဘောကိုခေါ်ခြင်း ဖြစ်ပါတယ်။ Olympic သင်္ဘောက အသက်ပိုကြီး ပါတယ်။

Olympic ကို တိုက်တန်းနစ်နဲ့ အတူတူ တည်ဆောက်ပြီး ၁၉၁၀၊ အောက် တိုဘာလမှာ ရေချပါတယ်။ တိုက်တန်းနစ်ထက် အများကြီး စောပါတယ်။ ပင်လယ်မှာ တာဝန်ထမ်းဆောင်ရင်း ၁၉၁၁၊ စက်တင်ဘာလ ၂၀ ရက်နေ့ကျတော့ ဗြိတိန်တော်ဝင်ရေတပ် သင်္ဘော ဖြစ် တဲ့ HMS Hawke နဲ့ တိုက်မှု ဖြစ်ပွားပါတယ်။ နှစ်စင်းလုံး မမြှုပ်ပေမယ့် ကြီးကြီးမားမား ဒဏ်ရာကိုယ်စီ ရရှိခဲ့ကြပါတယ်။ အိုလံပစ် သင်္ဘော ဆိုရင် အောက်ခြေနဲ့ ဘေးကိုယ်ထည်တွေ တော်တော်လေး ပျက်ဆီး သွားပါတယ်။ ယင်းတိုက်မှုမှာ အပြစ်ရှိသူကလည်း အိုလံပစ် သင်္ဘော ပဲ ဖြစ်ပါတယ်။

ဒီတော့ အိုလံပစ် သင်္ဘောက အာမခံ လျော်ကြေးငွေ မရတော့ပါဘူး။ ကုမ္မဏီ အနေနဲ့ကတော့ အာမခံလျော်ကြေးငွေ ရရှိလိုဆဲ ဖြစ်ပါတယ်။ အသစ်ဆက်ဆက် တိုက်တန်းနစ်ကို အိုလံပစ်ဆိုတဲ့ အမည်ပြောင်းပေးလိုက် ပါတယ်။ အိုလံပစ်ကို တိုက်တန်းနစ် သင်္ဘောအဖြစ် နာမည်ပြောင်းပေး လိုက် ပြီး ခရီးများများ သွားခိုင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ကို ခရီးသွားဖို့ ကြုံရပါတယ်။ အားလုံးနီးပါး ဆင်တူယိုးမှာ ဖြစ်အောင် အတတ်နိုင်ဆုံး ပြင်ဆင်ခဲ့ ပါတယ်။ ဒီတော့ တိုက်တန်းနစ်အဖြစ် ဟန်ဆောင်ပြီး ခရီးသွားတဲ့ အိုလံပစ်က မခိုင်တော့တဲ့ အတွက် ကြိမ်းသေ တစ်ခုခု ဖြစ်နိုင်တယ်ဆိုတာ ကြိုတွက်ပြီးသား ဖြစ် ပါတယ်။

၁၉၁၂ ဧပြီလ ၁၄ ရက်မှာ တကယ်ပဲ နှစ်မြှုပ်သွားပါတယ်။ အားလုံးက တိုက်တန်းနစ်လို့ပဲ သိထားကြပါတယ်။ ခရီးသည်ရော၊ သင်္ဘောသားတွေရော၊ သေဆုံးသူရဲ့  မိသားစုဝင် အသီးသီးရော၊ ကုမ္မဏီရော အားလုံး အသီးသီလျော်ကြေးငွေ ရရှိပါတယ်။ တိုက်တန်းနစ် ဟာ ဘယ်တော့မှ မမြှုပ်နိုင်တဲ့ သင်္ဘောလို့ အားလုံးက အသိအမှတ်ပြု လက်ခံထားပေမယ့် တကယ် နှစ်မြှုပ်သွားခဲ့လို့ ဖြစ်ပါတယ်။

သို့ပေမယ့် တိုက်တန်းနစ် ပိုင်ရှင် White Star Line ကုမ္မဏီ ဟာ ယနေ့မှာ ဆိုရင် ဗြိတိန်ပေါင် ၃၄ သန်းမကတဲ့ အကြွေးမြီနဲ့ နာမည်ဆိုး ကျန်ခဲ့စေ ပါတယ်။ ယနေ့တိုင် ရုံးဖွင့်ထားသေးပေမယ့် ဒေ၀ါလီ ခံရတော့မယ် ကုမ္မဏီ ဖြစ်ပါတယ်။

တိုက်တန်းနစ် သင်္ဘော တကယ် မမြှုပ်ပဲ သူ့နဲ့ ဆင်တူ Olympic သင်္ဘောမြှုပ် သွားတယ်ဆိုတာကို Titanic: The Ship That Never Sank? အမည်ရ စာအုပ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။

www.MyanmarExpress.net

ပြည်ပအကူအညီမယူပဲ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်း ထုတ်မည့် တ.စ.ည ပါတီ


တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ နိုင်ငံတကာနှင့်ပြည်တွင်းလူ့အဖွဲ့အစည်းများမှ ထောက်ပံ့သည့်အကူအညီမယူပဲ ဂျာနယ်တစ်စောင်ထုတ်ဝေရန် အစီအစဉ်ရေးဆွဲနေကြောင်း တ.စ.ည ပါတီဥက္ကကြီးထံမှ သိရသည်။ “ပွင့်ပွင့်လင်းလင်းပြောရရင် အန်အယ်လ်ဒီလို ပြည်သူအများက ထောက်ခံအားပေးတဲ့ ပါတီ ၊ နိုင်ငံတကာက အားပေးထောက်ခံပြီး ကူညီပေးနေတဲ့ ပါတီကနေထုတ်တဲ့ ဒီလှိုင်းစာစောင်ကို ကျွန်တော်တို့ ပြိုင်ပြီး လုပ်တာမဟုတ်ပါဘူး ၊ တစ်ထောင့်တစ်နေရာကနေ ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေ သိစေချင်လို့ ထုတ်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ဥက္ကဌ ဦးခင်မောင်သိန်းက ပြောသည်။

အဆိုပါ ဂျာနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ လှုပ်ရှားမှုများနှင့် တောင်သူ လယ်သမားများ၏ အခက်အခဲများကို ရေးသားဖော်ပြရန် အစီအစဉ်ရေးဆွဲနေကြောင်း ၄င်းက ဆက်ပြောသည်။

ဂျာနယ်ထုတ်ဝေရန်စီစဉ်ရသည့်ရည်ရွယ်ချက်မှာ ၄င်းပါတီ၏ လှုပ်ရှားမှုများ ၊ မူဝါဒများ နှင့် တောင်သူလယ်သမားများ၏ အခက်အခဲများ တင်ပြရင်း မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်များကို ပြည်သူများအား တင်ပြလိုခြင်းကြောင့် ဖြစ်သည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဥက္ကဌ ဦးခင်မောင်သိန်းက ဆိုသည်။

အဆိုပါ ဂျာနယ်အတွက် အယ်ဒီတာနှင့်သတင်းထောက်များကို ဖိတ်ခေါ်ရန်စီစဉ်နေပြီး၊ မည်သည့်နှစ် နှင့် လပိုင်းတွင် ထုတ်ဝေမည် ကိုတော့ အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်း တ.စ.ညမှ စည်းရုံးရေးကော်မတီတာဝန်ခံ ၊ စာပေနှင့်စာနယ်ဇင်း တာဝန်ယူထားသူထံမှ သိရသည်။

“ဟိုးအရင် လမ်းစဉ်ပါတီကတည်းက ကျွန်တော်တို့ပါတီမှာ အလုပ်လုပ်ခဲ့တဲ့ လူတွေ အခု ဂျာနယ်တိုက်တွေမှာ အယ်ဒီတာလုပ်နေ တာတွေရှိတယ် သူတို့ကို ကျွန်တော်တို့ထုတ်မယ့် ဂျာနယ်မှာ အယ်ဒီတာလုပ်ဖို့ ပထမဦးစားပေးအနေနဲ့ ရွေးဖို့စီစဉ်ထားတာ ရှိပါတယ်။ သတင်းထောက်ကတော့ မြို့နယ်တိုင်းမှာ ကျွန်တော်တို့ ပါတီရှိတယ်။ မြို့နယ်တွေက ပါတီဝင်တွေကနေ ချိတ်ဆက်ပြီး စာမူရေးသားဖို့ စီစဉ်ထားပါတယ်” ဟု တ.စ.ည ပါတီတွင် စာပေနှင့်စာနယ်ဇင်း တာဝန်ယူထားသူ ဦးထွန်းရီက ပြောသည်။

အဆိုပါ ဂျာနယ်ကို တစ်ပတ်လျှင် မည်မျှ ထုတ်ဝေမည်ကို မစီစဉ်ရသေးသော်လည်း အပတ်စဉ် ထုတ်ဝေနိုင်ရေးအတွက် ကြိုးစားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ကျွန်တော်တို့ဂျာနယ်ကို တစ်ပတ်ကို တစ်ကြိမ်လား တစ်လကို တစ်ကြိမ်လားဆိုတာတွေ မစီစဉ်ရသေးဘူး ဖြစ်နိုင်ရင် အပတ်စဉ်ထုတ်နိုင်ရင် အကောင်းဆုံးပေါ့ ဂျာနယ်တွေက အခုဆို ပေါခြင်းသောခြင်း ထုတ်နေကြတယ် ဂျာနယ်ထုတ်ဖို့ဆိုရင် သိန်း(၂၀၀)ကျော်အထက်မှာရှိနေတယ် သတင်းမဟောင်းသွားဖို့ Update ဖြစ်ဖို့ဆိုရင် အပတ်စဉ်ထုတ်ဝေမှရမှာ” ဟု ဦးထွန်းရီက ဆက်ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအနေဖြင့် ယခုလက်ရှိအချိန်တွင် အစီအစဉ်(၃)ရပ် ရေးဆွဲ ထားကြောင်း နှင့် လာမည့် ၂၀၁၃ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် တ.စ.ည ပါတီ၏ (၂၅)နှစ်မြောက် ငွေရတုနှစ်ပတ်လည်အဖြစ် မဂ္ဂဇင်းထုတ်ဝေဦးမည်ဖြစ်ကြောင်း သိရှိရသည်။

တ.စ.ည မှ ရေးဆွဲထားသည့် အစီအစဉ်(၃)ရပ်မှာ လစဉ် ထုတ်ဝေ လျှက်ရှိသည့် တိုင်းရင်းသား သတင်းစာကို အရည်အသွေးမြင့်တင်ရေး ၊ ဂျာနယ်ထုတ်ဝေရေး နှင့် ပါတီသတင်းစာ ထုတ်ဝေရေး တို့ဖြစ်သည်။

www.MyanmarExpress.net

ရေသောက်ရန် အကောင်းဆုံး အချိန်


ရေဟာ လူ့ကျန်းမာရေး အတွက် အထောက် အကူပြုမှန်း၊ အဓိက လိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိ ရောက်ရောက် ကောင်းကျိုး ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက်စာ ရေသောက် သုံးခြင်းဖြင့် သွေးလည် ပတ်မှုကို မြင့်တင် ပေးခြင်း၊ သွေးစေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေ ပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့ သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရ များအား ပိုမို စုပ်ယူ ပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး

အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင် များက အားမပေး ပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက် ပေးနိုင်လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်း သမျှကို ယင်းအချိန် ရေသောက် ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေ ပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာ ၀င်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက် လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလို အပ်ပါတယ်။ ဒါကြောင့် အိပ်ယာ မ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေ စနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။

ချွင်းချက်- ရာသီဥတု ပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့ အတွက် တစ်ခါတစ်လေ ကျရင် ရေအရမ်းဆာ တတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ် မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန် ပါတယ်။ အထက်အပါ အတိုင်း စနစ်မှန်၊ ပမာဏမှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေး အတွက် များစွာ အကျိုး ထူးစေမှာ ဖြစ်ပါတယ်။

www.MyanmarExpress.net

ဒေါ်စုမှ ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောသည်နှင့် ရွှေတိဂုံစေတီပေါ်တွင် ဠင်းတ များ လာရောက်နားပြသည့်နမိတ်ဖြစ်ပွါး


ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် မိမိ အနေနှင့် ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောကြားခဲ့ပါသည် ။ထို့အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသားခဲ့သော တိုင်းတပါးနိုင်ငံသားနှင့် ပတ်သတ်ဖူးသူ သြဇာခံယူထားသူ အထောက်အပံ့ရှိသူ သမ္မတဖြစ်ခွင့်မရှိဟုသော ဥပဒေကို မိမိရအောင်ဖျက်ဖို့ ယခုကတည်းပင် လုပ်ဆောင်နေခဲ့ပါသည် ။အဘယ့်ကြောင့်ဆိုသော် ထိုဥပဒေ ရှိနေမည်ဆိုပါက သူမသည် သမ္မတ ဖြစ်ခွင့် မျှော်တော်ယောင် အိမ်မက်ကြီး ဖြစ်လာမည်မဟုတ်သောကြောင့် ဖြစ်ပါသည်။ယခင်ကလည်း မြန်မာနိုင်ငံ၏အာဏာကိုလိုချင်ကြောင်းပြောကြားထားသေးသည်လည်း ရှိခဲ့ဖူးသည် ။

သို့သော်..သို့သော်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါကဲ့သို့ပြောဆိုလိုက်သည်တွင် ရန်ကုန်မြို့ရှိ မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံကုန်းတော်ပေါ်တွင် ဠင်းတများ လာရောက်နားခိုခြင်းဖြစ်ပွါးခဲ့သည် ။ ဘုရားဖူးပြည်သူများမှ "ဒေါင်း"မှတ်၍ အံသြတကြီး ဝိုင်းဝန်းကြည့်ရှူနေကြစဉ် ကင်မရာများဖြင့် အနီးကပ် ဆွဲယူကြည့်ရှူမိမှ ဠင်းတ များဖြစ်နေကြောင်း တွေ့ရှိရသဖြင့် စိတ်ပျက်သွားကြကြောင်း သိရှိရပါသည် ။အများအထင် "ဒေါင်း"ဟု ထင်မှတ်ကာ ရန်ကုန်မြို့တွင်းမှ ပြည်သူအများ အားရဝမ်းသာ ကြည့်ရှူကြသော်လည်း အနီးကပ်ကြည့်မှ ဠင်းတ များဖြစ်နေသည်ကို တွေ့လိုက်ရသည် ။

ထိုနမိတ် အရ ဘုရားပေါ်နားတာ ဒေါင်းမှတ်လို့ အားပေးမှ ဠင်းတ ဖြစ်နေသည်ဆိုသည်မှာ မကောင်းကြောင်း သိုးရေခြုံထားသော ဝံပုလွေများ ရှိနေကြောင်း ။ လောလောဆယ် နိုင်ငံအခြေအနေ အရဆိုလျှင် ဒေါင်းသင်္ကတနှင့် ထင်ရှားသည်မှာ ဒေါ်စု၏ တစစ ပြိုကွဲပြီး ပါတီအတွင်း ခွဲထွက်လိုက် ရန်ဖြစ်လိုက်ဖြစ်နေသော NLD ပါတီနှင့် ဒေါင်းတံဆိပ်တပ်ဆင်ခဲ့သူ 88 ကျောင်းသားဟောင်းများနှင့် မိုးသီးဇွန်၏ ABSDF တို့ဖြစ်ကြောင်း အဝေးက ကြည့်ပြီး ဒေါင်းများဟု မသတ်မှတ်သင့်ကြောင်း ထဲထဲဝင်ဝင်လေ့လာပါမှ ဠင်းတများ ဖြစ်နေမည်ဖြစ်ကြောင်း ဟု သက်ကြီးရွှယ်အို များမှ ပြောကြားခဲ့ပါသည် ။

ယခင်ကလည်း လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သတ်ပြီး သမ္မတဦးသိန်းစိန်နှင့် ဝန်ကြီး ဦးအောင်မင်း အားနှုတ်ထွက်ခိုင်းရန် နိုင်ငံရေးအုပ်စုများက တွန်းအားပေးခဲ့ကြစဉ်ကလည်း ရွှေစက်တော်ဘုရားတည်ရှိရာ အရပ်ဝန်းကျင်ရွှာငယ်များဆီမှနေပြီး 


သိန်းငှက်မင်းကြီး ခေါင်းပြောင်ပြောင်

အပင်အောက်က ခွေးတွေဟောင်

ရထားကြီးစီးလို့ အသိုက်ကထွက်

ငါတို့ ပြည်ထောင်ပျက် ။

ဆိုသော ဦးသိန်းစိန်နှင့် ဦးအောင်မင်း မရှိလျှင် ပြည်ပျက်မည်ဖြစ်ကြောင်း ဆိုလိုသော တဘောင်များ ထွက်ပေါ်ခဲ့ပြီးဖြစ်ပါသည် ။(ဤနေရာတွင်ပြန်လည်ဖတ်ရှူပါ။ http://www.mgkyautkhae.com/2012/11/blog-post_7169.html)။ထို့ကြောင့် ယခုအခါတွင်လည်း ပြည်သူများအနေဖြင့် ဘုရားပေါ်နားတာ ဒေါင်း မှတ်ကာ အနားကပ်ကြည့်မှ ဠင်းတဖြစ်နေသည် ဆိုသည်မှာ ဒေါင်းသင်္ကတများစွာဖြင့်ထင်ပေါ်နေသော ပါတီများ အဖွဲ့အစည်းများအတွက်ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့အတွင်း တီးတိုးဝေဖန်သံများထွက်ပေါ်နေခဲ့ပြီ။

ဒီကပါ။

အထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး MD ဦးအောင်ကျော်စိုး နှင့် မိန်းမအရှုပ်တော်ပုံ


အထည်လုပ်ငန်း MD ဦးအောင်ကျော်စိုးသည်လည်း နိုင်ငံတော်ပိုင်ငွေကြေးများစွာကို ကိုယ်ကျိုးစီးပွားအ တွက် အသုံးပြုနေပီး ရန်ကုန်မြို၊ စမ်းချောင်းမြို့နယ်၊ဟင်္သာတလမ်းတွင်ရုပ်ရှင်မင်းသား ဒွေးနေထိုင်ခဲ့သော အိမ်ကိုဝယ်ယူနေထိုင်နေပါတယ်။သူ့ရဲ့နောက်ထပ်ပိုင်ဆိုင်မှုမှာ ရန်ကုန်မြို့လူကုံထံများနေထိုင်သော ကမာ ရွတ်မြို့နယ်၊ အင်းယားကန်နားမှ မြကန်သာ(၂)လမ်းတွင်၂ထပ်တိုက်ကြီးတစ်လုံး ခေတ်ကာလပေါက်ဈေး သိန်း ၃၀၀၀ကျော် ကိုလည်း လက်ရှိဆောက်လုပ်ပြီးစီးထားပါတယ်။။ထို့ပြင်ရန်ကုန်မြိုမြေနီကုန်းမြို့နယ် ဒဂုံစင်တာ၂ ၏ဘေးလမ်း ၊ ကျောင်းလမ်းတွင်လည်း ကန်ထရိုက်တိုက် တစ်လုံး ကာလပေါက်ဈေး သိန်း ၁၀၀၀ ကိုလည်းဆောက်လုပ်ထားပါတယ်။ ဓါတ်ပုံများကိုလည်းပူးတွဲတင် ပြပေးပါမည်။နေပြည်တော်တွင်လက်ရှိနေထိုင်သောအိမ်မှာလည်း ဥတရသီရိမြို့နယ်တွင်တည်ရှိပြီး ပုဂံ(၁) လမ်းတွင် တည်ဆောက်ထားပါတယ်။ခေတ်ကာလပေါက်ဈေး သိန်း ၂၀၀၀ ကျော်ရှိပါသည်။

ထိုပြင် သူ၏အမျိုးသမီးဖြစ်သူ မှာ သူဌေးအများစု ဇိမ်ခံကာ စီးသော MARK X ကားအမျိုးအစား ကားနံပတ် ၄ဃ/၈၇၈၃ ဖြစ်ပါတယ်။ ကာလပေါက်ဈေး သိန်း ၃၅၀ အထက်ဖြစ်ပါတယ်။ထို့ပြင် Light Truck ကားအမျိုး အစား တစ်စီး၊ ကာလပေါက် ဈေး သိန်း ၁၅၀၊ ဆူဇူကီး R+ အနီရောင် တစ်စီး ခေတ်ကာလပေါက်ဈေး သိန်း ၂၀၀ အစရှိတဲ့ကားများကိုဝယ်ယူပိုင်ဆိုင်ထားပါတယ်။ဦးအောင်ကျော်စိုး၏ တပည့်အရင်းဖြစ်သူကိုင်ရိုအ ထည်ချုပ်လုပ်ငန်း နှင့်ကိုင်ရိုဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူဦးအောင်ထွေးမှဖွင့်ဟ၀န်ခံထားခြင်းဖြစ် ပါတယ်။ အသံဖိုင်ကိုလည်းပူးတွဲတင်ပြပါမည်။

ဦးအောင်ကျော်စိုးအား သူ၏ဇနီး ဒေါ်ညိုညိုဝင်းမှ မယားငယ်ထားမှုဖြင့် စက်မှုဝန်ကြီးဌာန ၀န်ကြီးရုံးနှင့်နိုင်ငံ တော်သမတရုံးကိုလည်းလက်ရှိတိုင်ကြားထားပါသည်။ ထိုတိုင်ကြားစာကို သမတရုံးလူကြီးလက်မှ ဦးအောင် ထွေးမှသူကိုယ်တိုင်သွားရောက်ကာ ပြန်ယူလာကြောင်းကိုလည်းအသံဖိုင်တွင်ပါဝင်ပါသည်။ဦးအောင်ကျော် စိုးသည်သူနှင့်စီးပွားရေးအကျိုးတူလုပ်ကိုင်သောအမျိုးသမီးတစ်ဦးအားချစ်ကြောင်း ကြိုက်ကြောင်းမက်ဆေ့ ပို့ထားသည်ကို ဦးအောင်ကျော်စိုး၏အမျိုးသမီးဖြစ်သူဒေါ်ညိုညိုဝင်းမှသိရှိကာ တိုင်ကြားခြင်းဖြစ်ပါသည်။

ထို့ပြင် ဦးအောင်ကျော်စိုးသည်သူ၏လက်အောက်ငယ်သားအမျိုးသမီးဝန်ထမ်းနှစ်ဦးအပေါ်တွင်လည်း လုပ် ငန်းများပေးမည်ဟု စည်းရုံးသိမ်းသွင်းကာ သားမယားပြုကျင့်ရန် နေပြည်တော်မြို့ရှိ တာမိုးကျော်စားသောက် ဆိုင်သို့ခေါ ယူကာအရက်သေစာသောက်စားနေစဉ်တွင်လည်း၎င်း၏အမျိုးသမီး ဒေါ်ညိုညိုဝင်းမှသတင်းအ တိအကျရကာ လိုက်လာပြီး စားသောက်ဆိုင်အတွင်း အော်ဟစ်သောင်းကျန်းနေသည်ကို စက်မှု၁ ၀န်ကြီး ဌာနမှ စက်ရုံမှူးတစ်ဦးက ထုတ်ဖော်ပြောပြချက်အရသိရသည်။

ထို့ပြင်ဦးအောင်ကျော်စိုးသည်လည်းသူ၏မိန်းမ ဖြစ်သူဒေါ်ညိုညိုဝင်းဖြစ်သူမယားကျင့်ဝတ်ဖောက်ဖျက်ကာ နယ်စပ်စည်ပင်မှဗိုလ်မှူးကြီး ၀င်းမြိုင်နှင့်ငြိစွန်းကာ ကလေးတစ်ယောက်ရထားခြင်းကိုလည်းကိုင်ရို အထည် လုပ်ငန်းပိုင်ရှင် ဦးအောင်ထွေးမှပြောပြထားပါသည်။

ထို့ပြင် ဒေါ်ညိုညိုဝင်းသည်၎င်းပိုင်ဆိုင်သောဒဂုံစင်တာအနောက်ဖက် ကျောင်းလမ်းမှကန်ထရိုက်တိုက်တွင် ငှားရမ်းနေထိုင်သော ဗိုလ်ကြီး ကျော်စိုးသူနှင့်လည်း ထပ်မံငြိစွန်းနေသည်ကို လက်ပူးလက်ကြပ်တွေ့ ခဲ့ရသ ဖြင့် ဦးအောင်ကျော်စိုးမှ ကွာရှင်းခွင့်တောင်းဆိုထားသည်ကိုသိရှိရပါသည်။

ဦးအောင်ကျော်စိုးတွင် သမီးတစ်ဦးနှင့် သားတစ်ဦးရှိပြီး သမီးအကြီးအမည်မှာ မထက်ထက်ဦးဝေဖြစ်ပီး ယခု ပထမနှစ်ဆေးကျောင်းသူဖြစ်ပါသည်။ဒုတိယ သားဖြစ်သူမောင်စည်သူမှာဦးအောင်ကျော်စိုး၏သားမဟုတ် ကြောင်းကို ဦးအောင်ကျော်စိုးမှ စုံစမ်းစစ်ဆေး ရေးအဖွဲ့ ကို ငြင်းဆိုထားကာ၊သူ၏အမျိုးသမီးအိမ်ထောင်ရေး ဖောက်ပြန်သောကြောင့် သူလွတ်လပ်စွာနေထိုင်သည်မှာ မဆန်းပါကြောင်းပြောင်ပြောင်တင်းတင်း အာဏာ ရှင်ဆန်ဆန် ထွက်ဆိုထား ပါသည်။ ယဉ်ကျေးမှုလွှမ်းမိုးသော မြန်မာနိုင်ငံတွင်အထူးသဖြင့်ဝတ်စားဆင်ယင် ရသော ၀တ်စုံမှာ မြန်မာ ၀တ်စုံဖြစ်ပါသည်။

မြန်မာလူမျိုးတိုင်းမြတ်နိုးစွာဝတ်ဆင်ကြသောမြန်မာ့အ၀တ်အထည်လုပ်ငန်းကို ဦးစီးဦးဆောင်ကာတစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သော ဦးအောင်ကျော်စိုး နှင့်သူ၏ဇနီးတို့၏အိမ်ထောင် ရေးအရှုပ်တော်ပုံ ကို နှစ်ဦးကြားမဖြေရှင်းနိုင်ကြကာ စက်မှုဝန်ကြီးဌာန ၀န်ကြီးရုံးတွင် လက်ရှိဖြေရှင်းနေကြ ပါသည်။

ထို့အတွက် နိုင်ငံတော်၏ အဖိုးတန်အချိန်များများစွာဆုံးရှုံးနစ်နာနေရပါကြောင်းအများပြည်သူများ သိရှိနိုင် ရန် တင်ပြအပ်ပါသည်။

အထည်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး

ဒီကပါ။