Wednesday, December 19, 2012

ကာမိုင်းရဲစခန်းဖြစ်စဉ်မှနောက်ဆက်တွဲသတင်း


ကာမိုင်းရဲစခန်းတိုက်ပွဲဖြစ်စဉ်မှ ဒုရဲအုပ် အောင်တင်ဦး၏ မိခင် ဒေါ်မေမွှေးစိန်နှင့် ညီမဖြစ်သူ မတင်မေအောင် တို့မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

မတင်မေအောင်မှာ စစ်တွေမြိ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဆရာမ တစ်ဦးဖြစ်ပြီး မိခင်နှင့်အတူ လွန်ခဲ့သော (၁၀) ရက်ခန့်က အကိုဖြစ်သူ ဒုရဲအုပ်အောင်တင်ဦးထံ အလည်အပတ်ရောက်ရှိနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

www.MyanmarExpress.net

မိုဘိုင်းဖုန်းဖြင့် ငွေလွှဲခြင်းလုပ်ငန်းကို Visaမှ ပြုလုပ်သွားမည်


မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့် ငွေလွှဲခြင်း လုပ်ငန်းကို Visa မှပြု လုပ်သွားမည်ဖြစ်ကြောင်း နေပြည် တော်၌ ကျင်းပပြုလုပ်ခဲ့သော Myan-mar Mobile And Electionic Payment Conference တွင် Visa မှ Head of Payment System partnerships ၏ Mr. RAJIV PAMA-NATHAN က ပြောသည်။

ယင်းကဲ့သို့ ငွေလွဲမှုများ ပြု လုပ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ ထိုငွေလွှဲခြင်းကို ကုန်သွယ် ရေး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဆက်သွယ်ရေးတို့နှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''မိုဘိုင်းငွေပေးချေမှု၊ ငွေလွှဲ မှုတွေက အကျိုးသက်ရောက်မှု ရှိ လာမှာပါ၊ အိုင်တီနည်းပညာ တိုးတက် လာတာနဲ့အမျှ ငွေပေးချေမှုတွေဟာ သွက်လက်မြန်ဆန်လာတယ်။ ဒါတွေ က အခြေခံစီးပွားရေး အဆောက်အ အုံတွေကို ပြောင်းလဲလာစေမယ်။ ဘဏ်တွေအနေနဲ့လည်း ဘဏ်အချင်း ချင်း ကွန်ရက်ဖြစ်ပေါ်မှုအတွက် အ ခြေခံအုတ်မြစ်ဖြစ်လာမယ်။ ကမ္ဘာ့ နိုင်ငံအသီးသီးကို ဆက်သွယ်ရာမှာ လည်း အရေးကြီးပါတယ်'' ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မှ ဝန်ကြီး ဦးဝင်းရှိန်က ပြောကြား ခဲ့သည်။

အဆိုပါ မိုဘိုင်းဖုန်းဖြင့် ငွေလွှဲ ခြင်းများနှင့် ငွေပေးချေမှုများ တွင် ကျယ်စွာ အသုံးပြုနိုင်လျှင် ငွေလွှဲ ခြင်း၊ ငွေပေးချေခြင်းများအတွက် အချိန်ကုန်စေခြင်းမှ ကင်းဝေးစေပြီး၊ လူနေမှုဘဝများ တိုးတက်လာမည် ဖြစ်ကြောင်း၊ ဘဏ်အသုံးပြုမှုများ လည်း တွင်ကျယ်လာမည်ဖြစ်ကြောင်း သိရသည်။

''အခုဆိုရင် မြန်မာနိုင်ငံမှာ မို ဘိုင်းဖုန်းသုံးစွဲမှုလည်း တိုးတက်လာ တယ်။ တစ်ဖက်မှာလည်း ဘဏ် လုပ်ငန်းတွေလည်း အပြိုင်တိုးတက် လာတယ်။ ဒါကြောင့် မိုဘိုင်းနဲ့ ငွေ ပေးချေမှုတွေကို စိတ်ဝင်စားလာတာ ပါ။ နှစ်ခုစလုံး အခြေခံကစနေတာ ဖြစ်လို့ လုပ်ကိုင်ရတာပိုပြီး လွယ်ကူ ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ် ချက်ကတော့ လူတိုင်းမိုဘိုင်း Payment ကို သုံးနိုင်အောင် စီစဉ်ထား ပါတယ်''ဟု မစ္စတာ RAJIV PAMA- NATHAN က ပြောသည်။

Visa အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိ နှိုင်းဆွေးနွေးမှုများပြုလုပ်ကာ သဘော တူညီမှု ရရှိထားပြီ ဖြစ်သော်လည်း ဆက်သွယ်ရေး ဥပဒေနှင့် ဗဟိုဘဏ် မှ ထုတ်ပြန်မည့် ဘဏ်များနှင့် သက် ဆိုင်သည့် ဥပဒေများ မထုတ်ပြန်သေး သည့်အတွက် စောင့်ဆိုင်းနေရခြင်း ဖြစ်ကြောင်း၊ စည်းမျဉ်း စည်းကမ်း များ ထုတ်ပြီးမှသာ မိုဘိုင်းငွေပေး ချေမှု လုပ်ငန်းများကို စတင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ငွေလွှဲခြင်း လုပ်ငန်းများကို ဘဏ်များနှင့်သာ ချိတ်ဆက်ပြုလုပ်နေကြကြောင်း သိ ရသည်။

Visa ၏ နည်းပညာဖြင့် Mobile Banking ကို ကမ္ဘောဒီးယား နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံများ တွင် အောင်မြင်စွာ အသုံးပြုလျက်ရှိ နေကြောင်း သိရသည်။

www.MyanmarExpress.net

"ဂျက်လီ" က ငလျင်ဒဏ်သင့် ကျောင်းတွေအတွက် ကူညီမယ်

တရုတ် မင်းသား ဂျက်လီ၊ ဓာတ်ပုံ- http://www.china-expats.com

မြန်မာရုပ်ရှင် ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်လီ ဟာ မြန်မာနိုင်ငံ အထက် ပိုင်းမှာ လွန်ခဲ့တဲ့ လကလှုပ်ခတ်သွားတဲ့ မြေငလျင် ဒဏ်ခံ ဒေသတွေ မှာ ပြန် လည် တည်ဆောက်ရေးအတွက် အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။

ဂျက်လီက တည်ထောင်ပြီး ဦးဆောင်ညွှန်ကြားရေးမှူးတာဝန်ယူထားတဲ့ One Foundation ကနေ မြေ ငလျင်ကြောင့် ပျက်ဆီး သွားတဲ့ ကျောင်း ၃ ကျောင်းကို ပြန်လည်ဆောက်လုပ်ပေး ဖို့ စီစဉ်နေတယ်ဆို တာ မြန်မာအခြေစိုက် တရုတ်ဘာသာနဲ့ရေးသားတဲ့ MMGP မီဒီ ယာ တခုက လွန်ခဲ့တဲ့ သတင်းပတ် က ဖော်ပြသွားပါတယ်။

ဒါပေမယ့် ဂျက်လီရဲ့ ဖောင်ဒေးရှင်းရဲ့ အင်တာနက် စာမျက်နှာ မှာတော့ တရားဝင်ကြေငြာထားတာ မရှိပါ ဘူး။

“ဘယ်လို အကူအညီတွေကို ပံ့ပိုးကူညီသွားရမယ်ဆိုတာတော့ ကျတော်တို့အတိအကျဖြစ်ဖို့ ဆွေးနွေး နေဆဲပါ၊ အဲဒီက ကလေးတွေကို ထိထိရောက်ရောက် ကျနော်တို့ ကူညီနိုင်မယ်လို့ ထင်ပါတယ်” လို့ မင်းသား ဂျက်လီက ဧရာဝတီကို ယမန်နေ့က တယ်လီဖုန်းကတဆင့် ပြောပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က အင်အား ၆.၈ ရစ်ခ်ျတာ စကေး ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့လို့ လူ ၁၁ ဦးသေဆုံး ခဲ့ပြီး အဆောက်အဦးတွေ၊ ဘုရားစေတီပုထိုးတွေ၊ စာသင်ကျောင်းတွေ ပျက်စီးသွားခဲ့ ရတာပါ။


ငလျင်ဒဏ်ကြောင့် ကျောင်းဆောင်ပျက်စီးသွားလို့ ကျောင်းဝန်းတွင်မှာ စာသင်နေရတဲ့ ကလေးများ၊

ဂျက်လီရဲ့ ဖောင်ဒေးရှင်းကတော့ ကျောင်းသားများများရှိတဲ့ ကျောင်းတွေကို ပြန်လည်ဆောက်လုပ် ကူညီပေးရေးကို အာရုံထား လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်တဲ့။

ဒီသတင်းနဲ့ပတ်သက်လို့ အပြည့်အစုံကိုလည်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ သတင်းထောက် Echo Hui ရေးသား တင်းပြထားတဲ့ Jet Li to Assist Burma’s Earthquake Reconstruction Efforts မှာ အပြည့်အစုံ ဖတ်ရှု့နိုင်ပါတယ်။

http://blog.irrawaddy.org/2012/12/blog-post_7743.html

စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ MITU ပြန်လည်ဖွဲ့စည်း

မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ (MITU) ကို ၂၀၁၂ ခုနှစ်ဒီဇင်ဘာလ(၁၆) ရက်နေ့တွင် အဖွဲ့ဝင်အခြေခံသမဂ္ဂများမှ ကိုယ်စားလှယ်များခေါ်ယူ၍ တောင်ဒဂုံမြို့နယ်၊ နိကာယ်စာသင်တိုက်တွင် ပြန်လည် ဖွဲ့စည်းခဲ့သည်ဟု အ တွင်းရေးမှူးဖြစ်သူ ဦးအောင်သူက ဆိုပါသည်။

“-MITU ပြန်လည်ဖွဲ့စည်းရခြင်း အကြောင်းကတော့ MITU ရဲ့ ယခင်ဥက္ကဌဖြစ်တဲ့ ဦးရဲကျော်သူမှာ သူက အဖွဲ့အစည်းက နေချမှတ်ထားတဲ့ စည်းမျည်း စည်းကမ်းတွေကို ချိုးဖောက်တဲ့အပေါ်မှာ အဖွဲ့အစည်း အလုပ်အမှုဆောင်များရဲ့အပြစ် ပေးအရေးယူတာကိုလည်း မခံယူပဲနဲ့ အခြေခံသမဂ္ဂ (၃) ခုကိုပါ ဂိုဏ်းခွဲစည်းရုံးပြီးတော့ MITU ကနေတရားဝင်နှုတ်ထွက် သွားခဲ့တာကြောင့် အခုလို အခြေခံသမဂ္ဂကိုယ်စားလှယ်တွေ ခေါ်ပြီးတော့ ပြန်လည်ဖွဲ့စည်းရတာ ဖြစ်တယ်လို့” ဆို ပါ သည်။

ဤအစည်းအဝေးသို့ ယူနီကာလာ ဗလာစာအုပ် စက်ရုံ ၊ မြန်မာ့မဏ္ဍိုင် ပလပ်စတစ်လောင်း စက်ရုံ၊ မြန်မာဂလိုဂွန်အ ထည် ချုပ်စက်ရုံ၊ G.T.P ကွန်ဂရစ်တိုင်စက်ရုံ၊ SoGo မီးခလုတ်စက်ရုံ၊ဒဂုံ နှင့် ကိုကိုဗလာစာအုပ် စက်ရုံ ၊TEFEL ပီနံအိတ် စက် ရုံ၊ Asia World ပီနံအိတ်စက်ရုံ၊ Asia World စက္ကူစက်ရုံ များရှိ အခြေခံ အလုပ်သမားသမဂ္ဂများမှ ကိုယ်စားလှယ်ပေါင်း ( ၆၀ ) ကျော် တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။

-အစည်းအဝေးကို နေ့လည် (၁၁း၃၀) နာရီတွင်ကျင်းပခဲ့ပြီး ကိုယ်စားလှယ်ပေါင်း (၆၀) မှ အလုပ် အမှုဆောင် (၁၅) ဦးကို ရွေးချယ်ခဲ့ပါသည်။ ရွေးချယ်ခဲ့သော အလုပ်အမှုဆောင်များမှာ မခင်နှင်းမိုး၊ ကိုအောင်သူ၊ ကိုမိုးဆွေ၊ ကိုအောင်သူ၊ မဝင်းဝင်းလှိုင်၊ ဒေါ်သန်းသန်းအေး၊ မလင်းစန္ဒာအောင်၊ ကိုရဲလင်းထက်၊ ကိုအောင်ထူး၊ ကိုအောင်အောင်ဦး၊ ဦးစောနေဝင်း၊ ဦးဝဏ္ဍ၊ ဦးစောဂျက်စပဲရိုးလ်၊ ကိုနိုင်မျိုးထက်နှင့် ကိုခန့်သူတို့ ဖြစ်ကြပါသည်။



အလုပ်အမှုဆောင် (၁၅ ) ဦးအတွင်းမှလှို့ဝှက်မဲပေးစနစ်ဖြင့် ဥက္ကဌ-မခင်နှင်းမိုး၊ဒု-ဥက္ကဌ (၁) ကိုမျိုးသိန်း၊ ဒု-ဥက္ကဌ (၂) ကိုမိုးဆွေ၊ အထွေထွေအတွင်းရေးမှူး- ဦးအောင်သူ၊ တွဲဘက်အတွင်းရေးမှူး-မလင်းစန္ဒာအောင်၊ ဘဏ္ဍာရေးမှူး- မဝင်းဝင်းလှိုင်၊ စာရင်းစစ်- ဒေါ်သန်းသန်းအေးတို့ကို တက်ရောက် လာကြသော အခြေခံသမဂ္ဂအသီးသီး၏ ကိုယ်စားလှယ်များမှ ရွေးခြယ် တင်မြှောက်ခဲ့ကြပါသည်။

“ ကျွန်တော်တို့တွေက စုပေါင်းခေါင်းဆောင်မှု အသွင်သဏ္ဍာန်နဲ့ သွားနေတာပါ..ငါဥက္ကဌ ငါလုပ်ချင်ရာ လုပ်မယ်ဆိုရင် တော့ ဒါဟာ အာဏာရှင်ဆန်နေပါတယ်. ကျွန်တော်တို့ MITU နဲ့ MITU အဖွဲ့ဝင် သမဂ္ဂတွေဟာ လွတ်လပ်တဲ့ သမဂ္ဂ ကျွန်တော်တို့အလုပ်သမားတွေ အခြေခံလူတန်းစားတွေရဲ့ အခွင့်အရေး ရကိုရရမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ပဲ အလုပ်လုပ်နေကြတာပါ”…ဟု ဦးအောင်သူက ဆိုပါသည်။

မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားများ သမဂ္ဂ MITU ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ညီလာခံခေါ်ယူ ခဲ့ပြီး၊၂၀၁၁ ခုနှစ် နိုဝင်ဘာ (၂၉) ရက်နေ့တွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနသို့ မှတ်ပုံတင်လျှောက်ထားခဲ့သော အဖွဲ့အစည်းများ ဖြစ်ပါသည်။

ဒီကပါ။

အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင်ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်မည်

နိုဝင်ဘာလကုန်ပိုင်းက အင်းစိန်အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများကို တွေ့ရစဉ်

အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင် ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။

ထို့ပြင် အကျဉ်းစခန်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများ အနေဖြင့် ရဟန်းဝတ်လိုပါက ခုနစ်ရက်မှ ရာသက်ပန်အထိ သာသနာ့ဘောင်သို့ ၀င်ရောက်နိုင်ရန် လှူဒါန်းမည့် အလှူရှင်များလည်း အသင့်ရှိနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုပါသည်။

“အကျဉ်းကျခံရတဲ့သူတွေထဲမှာ အများစုကခိုး၊ ဆိုး၊ နှိုက် အမှုတွေများတယ်။ သူတို့တွေ ကံငါးပါး လုံသွားရင် သူတို့အတွက် ကောင်းသလို နိုင်ငံအတွက်လည်း ကောင်းမယ်။ ဒီတော့ သူတို့ကို အကျဉ်းထောင်က လွတ်တာနဲ့မေးတယ်။ ကိုရင်အရွယ်ဆို ကိုရင်ဝတ်မလား။ ရဟန်းအရွယ်ဆို ရဟန်းဝတ်မလား မေးတယ်။ တကယ်လို့ ၀တ်ချင်တယ်ဆိုရင် သင်္ကန်းစည်းချင်တယ်ဆိုရင် ခုနစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ ကြိုက်သလောက် ၀တ်နိုင်ပါတယ်။ အကယ်၍ ရာသက်ပန် ၀တ်ချင်တယ်ဆိုရင် ရာသက်ပန် သင်္ကန်းစည်းပေးမယ့် အလှူရှင်တွေက အဆင်သင့်ရှိပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။

“တကယ်လို့ ရဟန်းဝတ်ပြီးနောက် တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည်ကြာ လို့ မနေချင်ရင် ထွက်ပြီး အလုပ်လုပ်ချင်လား။ ဒါကြောင့် အလုပ်လုပ်ချင်တယ်ဆိုရင် အလုပ်ပါပေးမယ်။ ကုမ္ပဏီတွေမှာ အလုပ်ရှာပေးမယ်။ ချိတ်ဆက်ထားတာတွေရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အင်းစိန်အကျဉ်းထောင်အတွင်း ဘာသာပေါင်းစုံအတွက် ဘာသာရေး ပြုလုပ်နိုင်ရန် နေရာများ စီစဉ်ပေးထားကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ အစရှိသည့် ဘာသာပေါင်းစုံအတွက် ဘာသာရေး ဆောင်ရွက်နိုင်ရန် နေရာများ ထားရှိပေးထားကြောင်း သိရှိရသည်။

ဒီကပါ။

၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများ၌ (Ring Tune) ထည့်သွင်းနိုင်ပြီ

၂သိန်းတန် GSM နှင့် ၂ သိန်းခွဲတန် WCDMA ဖုန်းများတွင် ဖုန်းတွင်းသီချင်းသံများ ထည့်သွင်းခြင်းစနစ်(Ring Tune) ထည့်သွင်းနိုင်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ Ring Tune စနစ်မှာ ဖုန်းခေါ်ဆိုသူဘက်မှ ကြားရမည့် Caller Ring Bace Tone ဖြစ်ပြီး သီချင်းများကိုမူ အသုံးပြုသူဘက်မှ စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သီချင်းသံရယူလိုသူများအနေဖြင့် http://www.ytune.com.mm/ သို့ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ပြီး SMSစန်စ်ဖြင့်လည်း ဖုန်းနံပါတ် 1772 သို့ 'Reg' ဟုရိုက်နှိပ်ပေးပို့ပြီး စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

"စာရင်းသွင်းတာရပြီဆိုတာကို Ytune ဘက်ကနေ SMS နဲ့ လျှို့ဝှက်နံပါတ်ပြန်ပို့ပေးမှာပါ။ အဲ့ဒိနံပါတ်နဲ့ Ytune ဆိုက်ပေါ်မှာ ရိုက်ထည့်ပြီး သီချင်းတွေကို စပြီးရွေးဝယ်လို့ရပါပြီ၊" ဟု Ytune မှနည်းပညာပိုင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါစနစ်အတွက် လစဉ်ကြေး ၂၀၀၀ ကျပ်နှင့် သီချင်းတစ်ပုဒ်လျှင် ၃၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး သီချင်း(၁၀)ပုဒ်အထိထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

၎င်း Ytune စနစ်တွင် ချစ်သူခင်သူများထံသို့ သီချင်းသံ (Ring Tune)ကိုလည်း လက်ဆောင်ပေးပို့သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

"Ytune ဆိုက်ပေါ်မှာပဲ ကိုယ်ပို့ပေးချင်တဲ့သီချင်းကို လက်ဆောင်ဆိုတဲ့ခလုတ်နှိပ်ပြီး ပို့ရမှာပါ၊ အဲ့ဒိမှာ ဘယ်ဖုန်းကို ပို့မလဲဆိုတဲ့စာပေါ်လာရင် ကိုယ်ပို့ပေးချင်တယ့် နံပါတ်ကို ရိုက် ထည့်ပေးလိုက်ရုံပါပဲ၊ပိုက်ဆံကိုတော့ ကိုယ့်ထဲကပဲ ဖြတ်မှာပါ။ ဒါပေမယ့် သူဘက်ကို ဖုန်းခေါ်တာနဲ့ ကိုယ်ပို့ပေးတယ့် သီချင်းကို ကြားနိုင်ပါပြီ" ဟု Ytune မှ ပြောကြားသည်။

ဒီကပါ။

စုံစမ်းရေး ကော်မရှင် က သတင်း ထုတ်ပြန် သလို ” မီးခိုးဗုံး” မဟုတ် “မီးလောင်ဗုံး” သာ ဖြစ် လို့  သပိတ် စခန်း ပြန်လည် ဖွင့်လှစ် ပွဲ တွင် ပြော


မုံရွာ ခရိုင် ဆားလင်းကြီး မြို့ နယ် လက်ပံတောင်း တောင် တစ်ဝိုက် က ဒေသခံ တွေ က စုံစမ်း စစ်ဆေးရေး ကော်မရှင် က သတင်း ထုတ် ပြန် ခဲ့ တဲ့ မီးခိုးဗုံး နဲ့  အသုံး ပြု ပြီး သပိတ် စခန်း ကို ဖြို ခွဲ ခဲ့ တယ် ဆို တာ လုံးဝ ကို မဟုတ် မှန် တဲ့ အကြောင်း မီး ခိုး ဗုံး ဆို ရင် မီးခိုး ပဲ ထွက် ပြီး ဓာတ်ပုံ တွေ ၊ ဗီဒီယို တွေ မှာ တွေ ရတဲ့ အတိုင်း အသား အရေ စုတ်ပြတ် သွား တာ မျိုး မဖြစ် နိုင် ကြောင်း FNG ကို ပြောပါတယ်။

ကျွန်မတို့  အရှေ့  မှာ တင် ပစ်လိုက် တဲ့ ဗုံး က မီးတန်း ကြီး ထွက် လာ ပြီး မီးထ လောင် တာ ဘယ် နှယ့် မီး ခိုး ဗုံး ဖြစ်မလဲ ဟု မအေးနက် က ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက် သည့် ကော်မရှင် က သတင်း ထုတ် ပြန်မှု ဉ် ” ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ အသုံးပြုပြီး လူစုခွဲဆောင်ရွက်ခဲ့ရာ မှ ” ဟု ဖော်ပြထား သည်။

အခင်း ဖြစ် ပွား သည့် နေ့  နံနက် အရုဏ် တက် တွင် သတင်းဌာန များ က ကနဦး သတင်း မှာ ပင် မီးလောင်ဗုံး ကဲ့ သို့  ဓာတု လက်နက် များ သုံး ပြီး တိုက်ခိုက် သွား ခြင်း ဖြစ် နိုင် ကြောင်း ရဟန်း သံဃာတော် များ ရရှိ ခဲ့ သည့် ဒဏ်ရာ များ ကို ထောက် ချင့် ၍ သုံး သပ် ဖော်ပြ ခဲ့ကြသည်။

လက်ပံတောင်း တောင် ဒေသ ရှိ ၀က်မှေး နဲ့  ဆည်တဲ ရွာ တို့  တွင် သပိတ် စခန်းများ ပြန်လည် ဖွင့် လှစ် လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။

ဒီကပါ။

ဘီဘီစီ၏ ရုပ်သံလိုင်းသုံးလိုင်း မြန်မာနိုင်ငံတွင် ပြသမည်


ဗြိတိသျှအသံလွှင့်ဌာန (ဘီဘီစီ)၏ အခပေးရုပ်သံလိုင်း သုံးလိုင်းအား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင်စတင်ပြသတော့မည်ဖြစ်ကြောင်း ဘီဘီစီက ကြေညာလိုက်သည်။

ကလေးငယ်များအတွက် In the Night Garden, Teletubbies နှင့် Mister Maker အစရှိသော ဇာတ်လမ်းများကို Cbeebies ရုပ်သံ လိုင်းမှလည်းကောင်း၊ Doctor Who နှင့် The Graham Norton Sho w စသော အစီအစဉ်များကို BBC Entertainment မှ လည်းကောင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် ၂၄ နာရီ ကမ္ဘာ့သတင်းများ တင်ဆက်သည့် BBC World News ကိုလည်း သီးသန့်လိုင်းတစ်လိုင်းမှ ထုတ်လွှင့်မည်ဖြစ်သည်။

ယင်းအပြင် အင်္ဂလိပ်ဘာသာဖြင့်ပင် BBC World Service in Asia အစီအစဉ်အား ဇန်န၀ါရီလ ၁ ရက်မှစ၍ Forever Group အခပေးရုပ်သံလိုင်းနှင့်ပူးပေါင်း၍ ပြသသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအား ကမ္ဘာကြီးသို့ ဖွင့်ပေးရာတွင် ဘီဘီစီ ပါဝင်နိုင်ခြင်းအတွက် များစွာဂုဏ်ယူမိကြောင်း ဘီဘီစီကမ္ဘာ့သတင်းများဌာန ဒါရိုက်တာ ပီတာဟိုးရော့စ်က ပြောကြားသည်။

www.MyanmarExpress.net

မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံဖြစ်ကြောင်း လဝကဝန်ကြီး ဦးခင်ရီပြော

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နိုင်ငံသားဖြစ်မှု မဖြစ်မှုကို ဆုံးဖြတ်ရာတွင် မြေပေါ်၌မူတည်၍ ဆုံးဖြတ်ခြင်း၊ အချိန်ပေါ်တွင်မူတည်၍ ဆုံးဖြတ်ခြင်းနှင့်သွေးပေါ်တွင် မူတည်ဆုံးဖြတ်ခြင်း စသည့်အချက် သုံးချက် ရှိသည့် အနက် မြန်မာနိုင်ငံ သည် နိုင်ငံသားဖြစ်မှုကို သွေးဖြင့်ဆုံးဖြတ်သော နိုင်ငံဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံခြားရေးရာ ဝန်ကြီး ဌာန ရုံးတွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

''ကျွန်တော်တို့နိုင်ငံက သွေး နဲ့ဆုံးဖြတ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလို နိုင်ငံမျိုးတွေက ကမ္ဘာပေါ်မှာ အများ ကြီးရှိပါတယ်'' ဟု ဝန်ကြီးဦးခင်ရီ က ပြောသည်။

နိုင်ငံတစ်နိုင်ငံ အချိန်ကြာမြင့် စွာနေထိုင်ပါက အလိုအလျောက် နိုင်ငံသားအဖြစ် ဆုံးဖြတ်သောနိုင်ငံ များရှိသော်လည်း မြန်မာနိုင်ငံတွင်မူ အဆိုပါစနစ်ကို မကျင့်သုံးကြောင်း ၄င်းက ဆက်ပြောသည်။

''သွေးပေါ်မူတည်ပြီးတော့ ဆုံးဖြတ်တယ်ဆိုတာက ဒီနိုင်ငံမှာ ရှိနေ တဲ့ နိုင်ငံသားရဲ့ သွေး ၊ နိုင်ငံသား ဖြစ်နိုင်တဲ့သွေးနဲ့ရောတဲ့ သွေးပါမှလို့ ပြောတာပါ။ ဝန်ကြီးဦးခင်ရီပြော တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ အင်မတန်မှကိုက်ညီ တဲ့ အဖြေဖြစ်ပါတယ်''ဟု ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်က ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများသည် တိုင်းတစ်ပါး၏ မြေကို ကျူးကျော်နေထိုင်ခြင်းမျိုး မရှိသည့်အတွက် မြေပေါ်တွင် မူတည်၍ နိုင်ငံသားအဖြစ် ဆုံးဖြတ်မှု ဖြင့်လည်းကောင်း၊ အချိန်ပေါ်တွင် မူတည်၍လည်းကောင်း နိုင်ငံသား ဖြစ်မှုအတွက် ဆုံးဖြတ်ရန်မဖြစ်နိုင်ဘဲ သွေးဖြင့်သာဆုံးဖြတ် သည့် နိုင်ငံ ဖြစ်ကြောင်း ပြောဆိုခဲ့မှုကို ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီးတစ်ယောက် အနေဖြင့် အပြည့်အဝထောက်ခံ ကြောင်းလည်း ၄င်းက ပြောသည်။

''သွေးနဲ့ဆိုတာက ကျွန်တော် တို့က Mixed ဖြစ်နေတာမျိုးပေါ့။ ဘိုး ဘွားအဖေအမေက ဒီမှာနေခဲ့တယ်၊ နှစ်ပေါင်းငါးဆယ်ကျော်ခြောက်ဆယ် နေထိုင်ခဲ့ကြပြီးပြီ၊ မြန်မာပြည်ရဲ့ ကောင်းမွေဆိုးမွေကိုလည်း မျှဝေခံ စားခဲ့ကြပြီးပြီ၊ နိုင်ငံခြားသွားဖို့လည်း ရည်ရွယ်ချက်မရှိတော့ဘူး။ အဲလိုလူ မျိုးတွေကို ဧည့်သည်အမျိုးအစားအ ဖြစ်လက်ခံတာ၊ သူတို့ရဲ့တတိယ Generation ရောက်တော့မှပေးတယ်ဆိုတာ ဟာအင်မတန် Fair ဖြစ်တဲ့ ဥပဒေ ပါ' ဟု ဝန်ကြီးဦးခင်ရီက ဆိုသည်။



နိုင်ငံသားဆိုရာတွင်မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ ပြုလုပ်ထား သောနိုင်ငံသားဟူ၍ နှစ်မျိုးရှိကြောင်း ၁၈၂၃ ခုနှစ်က မြန်မာနိုင်ငံ၏ ပြည် နယ်အချို့ဗြိတိသျှလက်အောက် မကျ ရောက်မီကတည်းက မှီတင်းနေထိုင်ခဲ့ကြသည့် လူမျိုးစုကြီးရှစ်စုနှင့် ¤င်း တို့နှင့် ဆက်နွှယ်သည့် လူမျိုး ၁ဝ၁ ပါးမှာ မွေးရာ ပါ နိုင်ငံသားများဖြစ်ကြပြီး ဥပဒေအရ ပြုလုပ်ထားသော နိုင်ငံသားများမှာ ဥပဒေကြောင်းအရ အဆင့် ဆင့်လျှောက်ထားပြီးမှ ဖြစ်လာ သူများဖြစ်ကြောင်းအဆိုပါ ဥပဒေ အကြောင်း အရ ပြန်လည်လက်ခံ သည့် နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများဟု ပြော၍ မရဘဲ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် နေထိုင်ခွင့်အတွက် မှတ်ပုံတင်ထား သူများသာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီက ဆက်လက်ပြော ဆိုသည်။

မြန်မာနိုင်ငံတွင် ထုတ်ပေးသော Registeration Card ဟု ခေါ်သည့် သုံးခေါက်ချိုးကတ်များမှာ ဤနေရာ တွင် သည်လူရောက်ရှိနေထိုင်သည် ဟူသောအချက်ကို စာအုပ်တွင် ရေး သား၍ မှတ်ပုံတင် ထားခြင်း သာဖြစ် ကြောင်း၊ အဆိုပါကတ်တွင်လည်း၊ ဤကတ်ပြားထုတ်ပေးခြင်းခံရသူသည် ဤနိုင်ငံသားအဖြစ် အလျဉ်းသက် သေခံခြင်းမဖြစ်စေရဟူ၍ ရေးထိုးထား ကြောင်း ဝန်ကြီးဦးခင်ရီက ဆက်လက်ပြောဆိုသည်။

ဒီကပါ။

စထရိတ်မ်စ်တိုင်းမ်စ်သတင်းစာက နိုင်ငံတော်သမ္မတကြီးအား ထူးချွန်ထင်ရှားအာရှသားဆုရှင်ရွေးချယ်


ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးဦးစိန်အား စထရိတ်မ်စ် တိုင်းမ်စ်သတင်းစာက ၂၀၁၂ ခုနှစ် အတွက် ထူးချွန်ထင်ရှားအာရှသား အဖြစ်ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကို ရှေ့တန်းမှဦးဆောင်သူအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံအများစု၏ရှုမြင်သုံးသပ်မှုများ ကို အပြောင်းအလဲဖြစ်စေခဲ့သော ခေါင်းဆောင်တစ်ဦးအဖြစ်လည်း ကောင်း၊ ကမ္ဘာတစ်ဝှန်းလုံးကို အံ့အားသင့်စေခဲ့ပြီး သမ္မတ၏ရိုး သားမှုကို ဒေါ်အောင်စုကြည်၏ အသိအမှတ်ပြုထောက်ခံမှုများကို ပင်ရရှိခဲ့ခြင်းသည်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်အမတ်အဖြစ်ဝင်ရောက် အရွေးချယ်ခံစေရန်၊ အနောက်နိုင်ငံ များ၏ ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားစေရန်နှင့် ကမ္ဘာတစ်ဝှန်း မှ ရင်းနှီးမြှုပ်နှံသူများကမြန်မာနိုင်ငံ ကို ပိုမိုစိတ်ဝင်စားစေရန်လည်း စွမ်းဆောင်နိုင်ခဲ့ကြောင်း နိုင်ငံ တော်သမ္မတ၏စွမ်းဆောင်ချက် များသည် မြန်မာနိုင်ငံအတွက် မဟာဗျူဟာအခွင့်အလန်းသစ် များကို ပေါ်ထွန်းစေပြီးအရှေ့ တောင်အာရှအတွက်သာမက ထိုထက်ကျယ်ပြန့်သော အာရှတိုက် တစ်ဝှန်းကိုကောင်းကျိုးသက်ရောက် စေမည့်လုပ်ငန်းများကို ဖော်ဆောင် နိုင်ခဲ့ကြောင်း သဘာဝသယံဇာတ ကြွယ်ဝသော်လည်း စီးပွားရေးတွင် နောက်ကျခဲ့ရသောသန်းချီသည့် မြန်မာလူထုကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်နိုင်စေမည်အခွင့်အရေးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ဖော်ပြ ထားသည်

ထိုပြင်သမ်္မတဦးသိန်းစိန် ရဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ သည် သတင်းတွေထဲမှာ ပြန်ပါ လာပါတယ်။ ဒီတစ်ခါတော့ ကောင်းသတင်းတွေပေါ့၊ သူ့ရဲ့ ရဲရင့်ပြတ်သားတဲ့လုပ်ရပ်တွေက သူရဲပြည်သူတွေကို တခြားအာရှ နိုင်ငံတွေနဲ့ တန်းတူခေတ်မှီဖွံ့ဖြိုး တိုးတက်မှုဆီချီတက်နိုင်စေမည့် မျှော်လင့်ချက်ကိုပေးနိုင်ပါလိမ့်မည် ဟု စထရိတ်စ်တိုင်းမ်စ်သတင်းစာ ၏စာတည်းတစ်ဦးဖြစ်သူ ၀ါရင်း ဖာနန်ဒက်၏ပြောစကားကိုလည်း ကိုးကားဖော်ပြထားသည်။

နှစ်စဉ် ဒီဇင်ဘာလတိုင်းကြေညာလေ့ရှိ သည်တစ်နှစ်တာထူချွန်ထင်ရှား အာရှသားဆုသည် မိမိ၏နိုင်ငံသို့ မဟုတ်ပိုမိုကျယ်ပြန့်သောဒေသမှ လူများ၏ ဘ၀များပိုမိုသာယာလှ ပစေရန် စွမ်းဆောင်ပေးနိုင်သည့် လူပုဂ်္ဂိုလ်အဖွဲ့အစည်းများကို ချီးမြှင့်မည်ဆုဖြစ်ကြောင်း သတင်း တွင်ဖော်ပြထားသည်။

www.MyanmarExpress.net

"၂၀၁၁ ခုနှစ်အတွက်အကယ်ဒမီဗန်းကိုင်စာရင်းထွက်ရှိ"

၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီ ဗန်းကိုင် အဖြစ်လျှောက်ထားသူ ၁၁၁ ယောက်ထဲမှ ၈ ယောက် ကို ရွေးချယ်ခဲ့ရာ -

၁။ မြနှင်းရည်လွင်
၂။ ဆန်းသစ်လ
၃။ ဟေမာန်သော်တာညိမ်း
၎။ ဆုမြတ်နိုးဦး
၅။ ကြယ်စင်ဆောင်း
၆။ ဖူးပွင့်သခင်
၇။ ရွှေပိုးအိမ်
၈။ သွန်းဆက်

တို့ကိုရွေးချယ်ခဲ့ကြောင်းဒီဇင်ဘာလ (၁၈)ရက်နေ့ညနေ ၄ နာရီ ကမြန်မာ့ ရုပ်ရှင်လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာဂျာနယ်သို့အသိပေးပြော ကြားခဲ့သည်။

ဒီကပါ။

အပြင်းထန်ဆုံး စစ်ဆင်ရေးအတွက် KIA ပြင်ဆင်နေ

အစိုးရသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၏ လိုင်ဇာ စစ်ဌာနချုပ်ကို အလုံးအရင်းနှင့် စစ်ဆင်ရန် ပြင်ဆင်နေပြီး   ဖြစ်ကြောင်း KIA စစ်သတင်းနှင့် နီးစပ်သော စစ်ကြောင်း အရာရှိတဦးက ဆိုပါသည်။

“စစ်ရေးအခြေအနေက အစိုးရတပ်ဘက်က လှုပ်ရှားမှုတွေ ပြင်ဆင်မှုတွေ တအားလှုပ်လာနေတယ်။ မြစ်ကြီးနားမှာကော ဗန်မော်မှာကော တွေ့နေရ ကြားနေရတာ ရှိပါတယ်။ ရဟတ်ယာဉ်ကလဲ ဒီနေ့မှာ တက်လိုက်ဆင်းလိုက် လုပ်နေကြ တယ်။ မြစ်ကြီးနားကနေ ဒေါ့ဖုန်းယန်းဖက်ကိုပေါ့။ တကယ်လို့ လဂျားယန် တိုက် ပွဲက လူနာတွေသယ်ရင်တောင် တရက်ထဲနဲ့ ပြီး တဲ့ကိစ္စပါ အခုတော့ (၄) ရက်ရှိပြီးဆိုတော့ အဲဒါမဖြစ်နိုင်ဘူးပေါ့။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ အရန်တပ်တွေကို လည်း ရွှေ့နေတယ်လေ” ဟု ဆိုပါသည်။

မြစ်ကြီးနားမြို့ ဒေါ့ဖုန်းယန်မြို့သို့လည်း ရဟတ်ယာဉ်များ ခေါက်တုန့်ခေါက်ပြန် တက်ဆင်းနေသည်ဟု ဆိုပါသည်။ ထို့အတူ ဒေါ့ဖုန်းယန်မြို့ ခန်းကိုင်တောင်မှ အမှတ် (၃၇၀) အမြောက်တပ်ရင်းသည်လည်း လိုင်ဇာမြို့သို့ ၁၀၅ မမဟော်ဝစ်ဇာဖြင့် ည ၁၂ နာရီမှာ တကြိမ် နှင့် ယနေ့မနက် (၉) နာရီ၌ တကြိမ် ပစ်ခတ်ခဲ့ပြီး အမြဲတမ်းလိုလိုလည်း ပစ်ခတ်နေခဲ့ပါသည်။

ဒီဇင်ဘာ (၁၄) ရက်နေ့၌ဖြစ်သော လဂျားယန်တိုက်ပွဲသည် အစိုးရဖက်မှ ထိခိုက်ကျဆုံးမှု များစွာဖြင့် ဆုတ်ခွာခဲ့ရသော်လည်း ယခု စစ်ဆင်လာမည့် ထိုးစစ်သည် အဆပေါင်းများစွာ အင်အားများလာဖွယ် ရှိသည်ဟု တွက်ဆထားပါသည်။ အစိုးရသည် လဂျားယန် စစ်ဆင်ရေး၌ အင်အား (၄၀၀) ခန့် အသုံးပြုခဲ့ပါသည်။

အစိုးရသည် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့၌ အရန်အင်အားအဖြစ် စုထားသော တပ်မ (၃၃) နှင့် အနောက်မြောက်တိုင်း တပ် များမှတပ်ရင်း (၁၀) ရင်းခန့်ရှိနေပါသည်။ ဤအင်အားများကိုလည်း ရဟတ်ယာဉ်များဖြင့် ယနေ့မနက်ပိုင်းမှစပြီး အခေါက် ခေါက်အခါခါ ဒေါ့ဖုန်းယန်မြို့ဖက်သို့ သယ်ဆောင်နေခဲ့သည်ဟု အဆိုပါ KIA စစ်အရာရှိကဆိုပါသည်။


စစ်ရေးလေ့ကျင့်မှု အပြည့်ရှိနေသော KIA တပ်မတော် (ဓါတ်ပုံ KIA)

ထို့အပြင် လာမည့် စစ်ဆင်ရေးတွင် ရဟတ်ယာဉ်များကိုပါ ပန်ဝါ စစ်ဆင်ရေးထက် ပိုမိုအသုံးပြုလာဖွယ်ရှိ နေသည်ဟု KIA ဖက်မှ တွက်ဆထားကြောင်း ဆိုပါသည်။

ထို့အပြင် အစိုးရသည် မိမိတို့ အသုံချနေသော မီဒီယာများကိုပါ ပြင်ဆင်လာပါသည်။ ယနေ့ထုတ် ၄င်းတို့၏ မီဒီယာများတွင် ဖါးကန့်ဒေသရှိ မိုးကောင်း ရဲစခန်း တစ်ခုဖြစ်သော ကာမိုင်းရဲစခန်း အတိုက်ခံရသည့် သတင်းကို ပြည်တွင်းထုတ် ၄င်းတို့ မီဒီယာ အတော်များများက စတင်ရေးလာကြပါသည်။ ဤလက္ခဏာသည် ရှေ့လာမည့် KIA စစ်ဆင်ရေးတွင် လက်သုံးမီဒီ ယာများပါ ၀ိုင်းပြီး ၀ါဒဖြန့်ရန် စတင် အသုံးပြုလာဖွယ် ရှိနေပါသည်။

ဤသို့ကြောင့် KIA သည် အစိုးရပြင်ဆင်ထားသမျှကို တုန့်ပြန်နိုင်ရန် ABSDF ကျောင်းသားတပ်များနှင့်အတူ ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဆိုပါသည်။

စစ်ရေးအကဲခတ်များကမူ အစိုးရသည် KIAကို အပိုင်းလိုက် ချေမှုန်းရန် အားစမ်းခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် အခြား တပ်မဟာများမှ KIA တပ်များ ၄င်းဗဟိုသို့ စစ်ကူမပို့နိုင်ရန်လည်း လိုအပ်သောတပ်ဖွဲ့များဖြင့် ရံထားခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။ ဤအချိန်မျိုး၌ KIAသည် မိမိတို့၏ အရန်တပ်များကို အချိန်မှီ ရရှိရန်အတွက် ပြင်ဆင်ထားသင့်သည်ဟု ဆိုပါ သည်။

ဒီကပါ။