Tuesday, December 18, 2012

ကာမိုင်းမြို့နယ်(ခွဲ) ရဲစခန်းအား KIA က ၀င်ရောက်စီးနင်း

ဖားကန့်မြို့သို့ သွားရောက်မည့်ခရီးသည်များ ကာမိုင်းမြို့တွင် ပိတ်မိနေကြောင်း
ဒေသခံများကပြောသည်။(ဓာတ်ပုံ -ကချင်နေစဉ်သတင်း)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်(ခွဲ)ရဲစခန်းအား ဒီဇင်ဘာ ၁၈ ရက် နံနက် ၄ နာရီခွဲအချိန်တွင် KIA တပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကာမိုင်းမြို့ဒေသခံများထံမှ သတင်းရရှိသည်။ ကာမိုင်းမြို့ အနောက်ဘက်ခြမ်းမှ KIAတပ်ဖွဲ့များချီတက်လာပြီး ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ကာ တစ်ဘက်နှင့်တစ်ဘက် နာရီဝက်ခန့် လက်နက်တိုက်ခိုက်ပစ်ခတ်သံများကြားခဲ့ရသည်။ ကာမိုင်းမြို့အထွက် တံတားကိုလည်း မိုင်းခွဲ၊မိုင်းထောင်သွားကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် KIA တပ်ဖွဲ့များမှာ မြို့ထဲမှ ပြန်လည်ထွက်ခွာသွားကြကြောင်း မြို့ခံများက ပြောကြားသည်။

အသေအပျောက်နင့် ပျက်စီးဆုံးရှုံးမှုအတိအကျမသိရသော်လည်း ရဲစခန်းလက်နက်တိုက်ရှိ လက်နက်များအားလုံး KIA အဖွဲ့က ယူဆောင်သွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဆွေမျိုး သူနာပြုဆရာမတစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ အနည်းဆုံး လူ ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် လူနာ ၂ ဦးကို မိုးကောင်းမြို့ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း ဒေသခံများကြား သတင်းထွက်ပေါ်နေသည်။

သို့သော် ယခုအချိန်ထိ သက်ဆိုင်ရာမှ အတည်ပြုချက် တစ်စုံတစ်ရာ ရရှိရန် 7Day News က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ရဲစခန်းတွင် စခန်းမှူးအပါအ၀င် အင်အား ၁၇ ဦးသာရှိပြီး၊ ထိုသို့ဖြစ်ပွားပြီးနောက် အချိန်အတော်ကြာအထိ ဒေသခံများ အိမ်ပြင်မထွက်ရဲကြသလို တံတားပေါ်တွင် မိုင်းထောင်ထားသည်ဟူသောသတင်းကြောင့် နေ့လည် ၁၀ နာရီခွဲအချိန်ခန့်အထိ ဖားကန့်မြို့သို့ သွားရောက်မည့်ခရီးသည်များ ကာမိုင်းမြို့တွင် ပိတ်မိနေကြောင်း ဒေသခံများကပြောသည်။

ကာမိုင်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး နံနက် ၆ နာရီကျော်အချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီးများ ၁၀ချက်ခန့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဖားကန့်မြို့ခံများကဆိုသည်။

ရက်သတ္တပါတ်အတော်ကြာ နယ်မြေငြိမ်သက်နေသလို ခရစ်စမတ်ကာလ ပြီးဆုံးချိန်အထိ နယ်မြေတည်ငြိမ်ဆေးချမ်းမည်ဟု ဒေသခံများကမျော်လင့်ခဲ့ကြသော်လည်း ယခုကဲ့သို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာ၍ ဒေသခံများ စိုးရိမ်ပူပန်လာကြောင်း ဖားကန့်မြို့ခံများကပြောသည်။

http://www.myanmarnewshub.com/?p=51504

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ထူးဆောင်ဒီမိုကရေစီဆု

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu ဂုဏ်ထူးဆောင် ဒီမိုကရေစီ ဆုချီးမြှင့်လိုက်တယ်လို့ အမေရိကန်အခြေစိုက် Wilson သုတေသနအဖွဲ့က ကြေညာလိုက်ပါတယ် ။ လာမယ့်လ ထဲမှာ ချီးမြှင့်မယ့် ဒီဆုပေးပွဲ အကြောင်း ပြည့်ပြည့်စုံစုံ သိရအောင် ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြပေးထားပါတယ်။

“The Ion Ratiu Democracy Award” ဆိုတဲ့ ဒီမိုကရေစီဂုဏ်ပြုဆုကို ကမ္ဘာတလွှား ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှု သမိုင်းမှာ ထူးခြားပြောင်မြောက်တဲ့ စိတ်ကူးဥာဏ်ရည်၊ ကြံ့ကြံ့ခိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူတွေရဲ့ လက်ရုံးရည်၊ နှလုံးရည်တွေကို အသိအမှတ်ပြု ချီးမြှင့်လေ့ ရှိပါတယ်။ Romania နိုင်ငံရေးသမား Ratiu ရဲ့ အမည်ကို ရည်ညွှန်းထားတဲ့ ဒီဆုကိုလာမယ့် လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ဖို့ အမေရိကန်အခြေစိုက် Wilson မူဝါဒရေးရာ သုတေသန အဖွဲ့ရဲ့ နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်များအဖွဲ့ GWLI က စီစဉ်ဆောင်ရွက်နေပါတယ်။ ခါတိုင်းနဲ့ မတူပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အခုချီးမြှင့်မယ့်ဆုက သမိုင်းဝင် ဂုဏ်ပြုဆုဖြစ်တယ်လို့ GWLI ညွှန်ကြားရေးမှူး Rangita de Silva de Alwis က VOA ကို ပြောပါတယ်။

“ဒီဆုဟာ နိုင်ငံနဲ့လူမျိုးအတွက် ဒီမိုကရေစီရေး ကြိုးပမ်းမှုကို နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ၊ ပင်ပမ်းစွာ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် သူ့နိုင်ငံ၊ သူ့လူထုရှေ့မှာ ချီးမြှင့်ပေးအပ်မှာမို့ Ratiu Democracy ဆုသမိုင်းမှာ အင်မတန်ကို ထူးခြားပါတယ်။ နောက်တချက်က သူအင်မတန် လေးစားမြတ်နိုးတဲ့ အမျိုးသမီးလွတ်လပ်မှု အခွင့်အရေးအတွက်လည်း သူ့နိုင်ငံက အမျိုးသမီးထုရှေ့မှာ ဒီဆုကို ပေးအပ်မှာပါ။”

ဒီမိုကရေစီရေးကြိုးပမ်းမှုခရီးလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အာဏာပိုင်တွေကိုရော ဆုချီးမြှင့်ထိုက်တယ် လို့ မထင်ဘူးလား၊ ဥပမာ အသားရောင် ခွဲခြားရေးပြဿနာ အဆုံးသတ်နိုင်ဖို့အတွက် အရေးပါသူ တဦးဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်း De Klerk ဟာလဲ နယ်လ်ဆင်မန်ဒဲလားရဲ့ဒီမိုကရေစီတိုက်ပွဲမှာ အရေးပါသူတဦးအဖြစ် ကမ္ဘာ့သမိုင်းလေ့လာသူတချို့က ယူဆကြတယ်မဟုတ်လားလို့ မေးတဲ့အခါ သူ့အမြင်ကို ပြန်ရှင်းပြပါတယ်။

“ကျမအထင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှ နိုင်းယှဉ်လို့မရအောင် ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သူပါ။”

ဟုတ်ပါပြီ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေစတင်နေတဲ့ လက်ရှိမြန်မာသမ္မတရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဘယ်လိုနှိုင်းယှဉ် သုံးသပ်ပါလဲဆိုတဲ့မေးခွန်းကိုတော့ သူကခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့။ ဒီနေရာမှာ အရေးကြီးတာက သမ္မတက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်တိုက်ပွဲဝင်ရတဲ့ လုပ်ငန်းမျိုး၊ ဖြည့်စည်းပြီးဆောင်ရွက်ပေးရတဲ့ လုပ်ငန်းမျိုးကို၊ ပိုပြီးဆောင်ရွက်ရတာလို့ ထင်ပါတယ်။ မြန်မာဒီမိုကရေစီရေးအတွက် ဆယ်စုနှစ် ၂ခုကြာ နေအိမ်အကျယ်ချုပ်ချထားတဲ့ ကြားက ဒေါ်အောင်ဆန်းစုကြည်က ရုန်းကန်ကြိုးစားခဲ့တာပါ။”

လတ်တလော မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေအပေါ်သူ့အမြင်ကို မေးတဲ့ အခါမှာတော့ ဒီမိုကရေစီအတွက်ပထမလှမ်းရမဲ့ ခြေလှမ်းကို မြန်မာနိုင်ငံက လှမ်းလိုက်ပါပြီ။ လမ်းကြောင်းမှန်ပေါ်ကိုလဲရောက်နေပါပြီ။ ဒါပေမဲ့ ရှေ့ဆက်လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လို့ မှတ်ချက်ပေးပါတယ်။ ဒါဖြင့် အဲဒီအများကြီးထဲက ဘယ်အချက်ကို အရေးအကြီးဆုံးအနေနဲ့ စလုပ်သင့်တယ်ထင်ပါလဲလို့ဆိုတော့ သူကအခုလိုဖြေပါတယ်။

“ ကျမအမြင်တော့ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်တဲ့အခါမှာ တရားဥပဒေစိုးမိုးရေးက အရေးကြီးသလို အဲ့ဒီ့အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး အလုပ်တွေက အမျိုးသမီးတွေက အဓိက အခန်းကဏ္ဍပါဝင်ဖို့ လိုပါတယ်။”

နိုင်ငံတကာအမျိုးသမီးခေါင်းဆောင်များအဖွဲ့ GWLI ကွန်ယက်ဟာ ၂၀၁၁ ခုနှစ်ကစလို့ Wilson မူဝါဒသုတေသနလုပ်ငန်းနဲ့ အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဦးဆောင်တဲ့ အမျိုးသမီးပြည်သူ့ဝန်ထမ်းလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ကြတဲ့ အခြေခံ လုပ်ငန်းအဖွဲ့ လည်းဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုမယ့် The Ion Ratiu Democracy Award ဆုကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ Wilson မူဝါဒရေးရာ သုတေသနအဖွဲ့ ရဲ့ညွှန်ကြားရေးမှူး Jane Harman က ပေးအပ်မှာ ဖြစ်ပါတယ်။

ဒီကပါ။

ယာဉ်ထိန်းရဲ နှင့် မြို့ပတ်ရထားများတိုးချဲ့ရန်လိုအပ်


ရန်ကုန်တိုင်းဒေသကြီးတွင် ကားကျပ်မှုများကို ဖြေရှင်းရန် အတွက် ယာဉ်ထိန်းရဲများလိုအပ် ကြောင်းနှင့် မြို့ပတ်ရထားများ တိုး ချဲ့သွားရန် လိုအပ်ကြောင်းကို မထသ(ဗဟို)အစည်းအဝေးတွင် ပြောကြားချက်အရ သိရှိရသည်။

““ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရေးအတွက် ဘတ်(စ်) ကားတွေကို တိုးချဲ့သင့်တယ်။ ပုဂ္ဂလိက ဘတ်(စ်)လိုင်းနဲ့အတူ အစိုးရကလည်း ယခင်မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်အတိုင်းပြေးဆွဲတဲ့ ဘတ်(စ်)ယာဉ်လိုင်းတွေကိုပြေးဆွဲပေး ရင်ယာဉ်ကြောတွေကျပ်မှာမဟုတ် ဘူး။ ဘတ်(စ်)ကားတွေကလည်း ယာဉ်စည်းကမ်းလိုက်နာသင့်တယ်။ဘတ်(စ်)ကားတွေယာဉ်စည်း ကမ်းလိုက်နာဖို့အတွက်ယာဉ်ထိန်း ရဲ တွေကို အင်အားတိုးသင့်တယ်။ ယာဉ်ထိန်းရဲ(၁၀၀၀)ကျော်နဲ့ လုံ လောက်တယ်လို့ သူတို့ကထင်နေ ကြတာ။ယာဉ်ထိန်းရဲတွေကိုလည်း ရဲတပ်ဖွဲ့ဝင်ရဲ့အောက်မှာ မထား ရှိဘဲယာဉ်ထိန်းရဲတွေကို သက် သက်ထားပြီး တိုးချဲ့သင့်တယ်။ တရုတ်ပြည်မှာမလုံလောက်တဲ့အတွက် ယာဉ်ထိန်းကျောက်ရုပ်တွေတောင် ပေးထားရတယ်။ ယာဉ်ထိန်းရဲရှိ တော့ ကားမောင်းတဲ့သူတွေက လည်း စည်းကမ်းလိုက်နာမှုရှိတဲ့ အတွက် ကားလမ်းတွေမကျပ် တော့ဘူးပေါ့။ဒီမှာက ဖမ်းရင် တောင် ယာဉ်ထိန်းရဲအရာရှိမှ ဖမ်းလို့ရတယ်ဆိုတာ နည်းနည်း မှားနေပါတယ်””ဟု မထသ(ဗဟို) ဒုဥက္ကဋ္ဌဦးလှသောင်းမြင့်ကပြော ကြားခဲ့သည်။

““ကားလမ်းတွေကျပ်တာက လည်း ကားပါကင်လုံလောက်တဲ့ နေရာမရှိလို့ပါ။လုံလောက်တဲ့နေ ရာရှိရင် ကားလမ်းတွေမကျပ်ပါ ဘူး။အခုဆိုရင် အထပ်မြင့်ဆောက် ရင် ကားပါကင်ပါမှဆောက်ခွင့်ရ တဲ့စည်းကမ်းတွေပါလာပါပြီ။ကား ကျပ်တဲ့ဒဏ်ကို ကာကွယ်ဖို့အ အတွက် မြို့ပတ်ရထားတောင်စီး ရေပြည့်မဆွဲနိုင်သေးဘူး။ရထား လမ်းတွေ ပြုပြင်ပြီး ရထားတွေ တိုးချဲ့သွားရင် ဘတ်(စ်)ကားမစီး တော့ဘူး။ဘတ်(စ်)ကားကို အား ထားရတဲ့သူတွေလွတ်မြောက်သွား မှာပါ။ဒါပေမဲ့ မြို့ပတ်ရထားဝယ် ဖို့တောင် ပိုက်ဆံမရှိတဲ့အတွက် ကားလမ်းတွေကတော့ ကျပ်နေဦး မှာပါ””ဟု မထသ(ဗဟို)အတွင်းရေး မှူးက ပြောကြားခဲ့သည်။

http://www.hotnewsweekly.com/archives/14971

နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်း အဆင့်မြှင့်မည်


နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်းအား နိင်ငံခြားဧည်များညအပန်းဖြေတည်းခိုပြီး ဒေသတွင်း လည်ပတ်နိင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း နေပြည်တော်ကောင်စီဝင် ဦးကံချွန်ကပြော သည်။ နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်းသည် ပျဉ်းမနား-ပင်လောင်းကားလမ်း တောင်ကျကျေးရွာ အနီးတည်ရှိကြောင်းသိရသည်။

ဒီကပါ။

စုံစမ်းရေးကော်မတီက ကြေးနီစီမံကိန်းဆက်လုပ်သင့်သည်ဟု အဖြေထွက်လာလျှင် ကန့်ကွက်မည်ဟုဆို


လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဖြတ်သိမ်းပေးရေးအတွက် ဆန္ဒပြနေသည့်သပိတ်စခန်းများအား မီလောင်ဗုံဖြင့် ဖြိုခွင်းခဲ့ပြီးကိစ္စမှ စတင်ကြီးထွားခဲ့သောလက်ပံတောင်း တောင်ကျေးနီစီမံကိန်းပြသနာကို ဖြေရှင်းရန်အတွက် စုံစမ်းစစ်ဆေး ရေးကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ရာ ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဆက်လက်လုပ်ဆောင်သင့်သည်ဟု အဖြေထွက်လာခဲ့ပါက ပြင်းပြင်း ထန်ထန်ကန်ကွက်ရှုတ်ချမည်ဖြစ် ကြောင်း လက်ပံတောင်းတောင် ကျေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲတွင်ပါဝင်သည့် လက်ပံတောင်တောင်ဓေသခံ(၃) ဦးထဲမှဦးဘိုဋ္ဌေးကဆိုသည်။

“ကျွန်တော်ကလက်ပံတောင်း တောင်ကြေးနီစီမံကိန်းစုံစမ်စစ် ဆေးရေးအဖွဲ့မှာပါဝင်တယ်ဆိုပေ မဲ့စုံစမ်းစစ်ဆေးရေးကဒီကြေးနီစီမံ ကိန်းဆက်လုပ်သင့်တယ်လို့အဖြေ ထွက်လာခဲ့။ ရင်တော့ပြင်းပြင်း ထန်ထန်ကန်ကွက်မှာပါ စုံစမ်စစ် ဆေးရေးကော်မတီထဲမှာကျွန်တော် ပါဝင်နေပေမဲ့စုံစမ်စစ်ဆေးရေးအဖွဲ့ ဘာတွေဘယ်လိုတွေလုပ်နေတယ် ဆိုတာကို အကြောင်းစုံမပြောပြ နိုင်တာကိုတောခွင့်လွန်ပါ၊ စုံစမ်း စစ်ဆေးရေးကော်မတီမှာကျွန်ယူရ တဲ့တာဝန်ကဒေသခံပြည်သူတွေရဲ့ အသံကိုနားထောင်ပြီးတော့အထက် လူကြီးတွေကို ပြန်ပြောပြရရုံပါပဲ” လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်စစ်ဆေးရေးကော်မတီတွင် ပါဝင်သည့်ဒေသခံဦးဘိုဋ္ဌေးက ပြောသည်။

ယင်စုံစမ်းစစ်ဆေးရေးကော်မတီ ၀င်ဦးဘိုဋ္ဌေးကထမ်မံပြောဆိုရာတွင် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနုင်ပက်သက်ပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့တွင် ဒေါ်အောင် ဆန်းစုကြည်ပါဝင်နေသည့်အတွက် ယုံကြည်ကြောင်းကြေးနီစီမံကိန်းနှင့် ပက်သက်ပြီးပြည်သူလူထုဘက်က ရပ်တည်ပေးမည်ဟုသူယုံကြည် ကြောင်းထမ်မံပြောဆိုခဲ့သည်။ စုံစမ်စစ်ဆေးရေးကော်နှင့်ပက်သက် ပြီး ဒေါ်အောင်းဆန်းစုကြည်မှ သတင်းထောက်များနှင့် စုံစမ်းစစ် ဆေးရေးတွင်ပါဝင်သည့်သူများနှင့် တွေခွင်မပြုရန်နှင့် မေးမြန်မှုကို မဖြေဆိုရန်ပြောဆိုထားသည် အတွက် စုံစမ်စစ်ဆေးရေး ကော်မတီဝင်များကို မေးမြန်ရာ တွင် မဖြေဆိုသည့်အခက်ခဲ့များ ရှိခဲ့ပြီး ယခုဖြေဆိုသည်ဦးဘိုဋ္ဌေး ဆိုသူမှာ ဒေသခံတောင်သူလယ် သမားကြီးဖြစ်သည့်အတွက်မေးမြန် သည်ကိုရိုးသားပွင်လင်းစွာဖြေဆို ခဲ့ခြင်းဖြစ်သည်။

http://www.hotnewsweekly.com/archives/14932

ဆူပူတုန်းက ဆူပူပြီး လက်ပံတောင်း ရေသန့်ဗူးဖိုး လျော်မည့်သူ မရှိ


မုံရွာမြို့ရှိ ရွှေတောင်သောက်ရေသန့်စက်ရုံပိုင် ရေသန့်ဗူးကြီးများသည် လက်ပံတောင်းတောင် အထွေထွေ သပိတ် စခန်းသို့ ပြီးခဲ့သည့်လက ပေးပို့ရောင်းချရာ အာဏာပိုင်းများက သကိတ်စခန်းဖြိုခွဲရာတွင် ၎င်းရေ သန့် ဗူးကြီးများ ပျောက်ဆုံးနေသဖြင့် ရွှေတောင်ရေသန့်စက်ရုံမှ သပိတ်ကော်မတီထံ လျော်ကြေးငွေ (၁၄) သိန်း ကျပ်တောင်းခံနေပါသည်။

ယင်းကိစ္စအား ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ၀မ်ပေါင် ကုမ္မဏီရုံးမှပြန် လည်ဖြေကြားခြင်း မရှိကြောင်း သိရသည်။

ဒီကပါ။

Ytalk VoIP Account Card ဝယ်ယူသူ များအား US 10 ဒေါ်လာ အပိုထည်သွင်း ပေးသွား မည်


Ytalk VoIP Account Card ဝယ်ယူသူ များအား US 10 ဒေါ်လာ အပိုထည်သွင်း ပေးသွား မည်ဖြစ်ကြောင်း ကဒ်များအား ထုတ်လုပ်ဖြန့်ချိ သော VMGTelecoms မှသိရှိရသည်။

အဆိုပါကဒ် Account Card အား Ytalk ငွေဖြည့်ကဒ်များရောင်းချသည့် ဒီဇင်ဘာလ၂ဝရက်မှစတင်၍ Ytalk VoIP Account Card ဝယ်ယူသူများ US 10 ဒေါ်လာ အပိုထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း VMGTelecoms ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ထွန်း မှပြောကြားခဲ့သည်။

''Promotion လိုမျိုးရက်ကန့်သတ်ထား တာမျိုးမရှိပါဘူး Account Card ဝယ်လိုက် တာနဲ့၁ဝဒေါ်လာ အလားကား ပေးထားတော့ Account အလားကားဖွင့်ပေးသလိုပါပဲ'' ဟုယင်းက ထပ်မံပြောကြား ခဲ့သည်။

Ytalk ဖြင့်နိုင်ငံခြားသို့ဖုန်းခေါ်ဆိုရာ တွင် ဈေးနှုန်းများအနေဖြင့် လည်း လျော့ချ ထားကြောင်း၊ စင်ကာပူ သို့ခေါ်ဆိုရာတွင် မြန်မာကျပ်ငွေဖြင့် ၁၂ကျပ်ခန့်နှင့်မလေးရှား သို့ခေါ်ဆိုရာ တွင် ၂၅ကျပ်မျှ သာကျ သင့် ကြောင်းသိရှိရသည်။

အဆိုပါ့ Ytalk ကဒ်ဖြင့်ဖုန်းခေါ်ဆိုနိုင် သည့်ဝန်ဆောင် မှုအား VMGTelecoms ကုမ္ပဏီနှင့်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တို့၂၀၁၂ခုနှစ်ဆန်းပိုင်းမှစတင်၍ပူးပေါင်း အကောင်ထည်ဖေါ်ဆောင် ရွက်ခဲ့ ကြောင်း သိရသည်။

www.MyanmarExpress.net

မိုဘိုင်းလ်ဖုန်း ဆင်းကတ် ဝယ်ယူသူများ အနေဖြင့် မူလဆင်းကတ် အိမ်အား သိမ်းထားသင့်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်း သုံးစွဲခွင့် ပေးခဲ့သည့် မိုဘိုင်းလ်ဖုန်း ဝယ်ယူသုံးစွဲ သူများအနေဖြင့် စာချုပ်ရရှိ ရေးအတွက်သာ ကြိုးစား အားထုတ်ကြ သော်လည်း မူ လဆင်း ကတ်အပြားလေးကို သိမ်းဆည်း ထားသင့်ကြောင်း သိရသည်။

''ဆင်းကတ်ပြား လေးရဲ့အောက်မှာ နံပါတ်လေးတွေ နှိပ်ပေးထားတာ ရှိပါတယ်။ အဲ့ဒါကို လူတချို့က မသိနား မလည်ကြတော့ စနစ်တကျ သိမ်းထား တာမတွေ့ရဘူး။ ဖုန်းတွေ အကြောင်း အမျိုးမျိုးကြောင့် Lock ကျသွားတာ၊ အဝင်အထွက် ခေါ်လို့မရတော့ဘဲ ပြန်ဖွင့်ဖို့ Lock နံပါတ် တောင်းခဲ့ရင် ဆင်းကတ် မှာပါတဲ့ Lock နံပါတ် လေးတွေကို ရိုက်ထည့်ပေး လိုက်ရပါတယ်'' ဟု မိုဘိုင်းလ် ဖုန်းများ Service ဝန်ဆောင်မှု ပြုလုပ်နေသူ တစ်ဦး၏ ပြောကြားချက် အရသိရသည်။

အချို့မိုဘိုင်းလ်ဖုန်း ဝယ်ယူသုံးစွဲသူ အများစုမှာ ဖုန်း Lock ကျသွားပါက ပြင်ဆင်တတ်ခြင်း မရှိဘဲ မိုဘိုင်းလ်ဖုန်း Service ပေးသော ဆိုင်များ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများသို့ အချိန်ပေးကာ သွားရောက် ပြင်ဆင်မှု ပြုလုပ် ရကြောင်း သိရသည်။

Myanmarexpress