မနေ့က မောင်တောမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ဘင်္ဂလာနဲ့ မြန်မာ တပ်မှူး အဆင့် အလံ ဆွေးနွေးပွဲမှာ ဇွန်လနဲ့ အောက်တိုဘာလ အတွင်း ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေးလာသူ မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို မြန်မာဘက်ကို ပြန်လည် ပို့ဆောင် ခဲ့တယ်လို့ ဘီဂျီဘီ နယ်ခြားစောင့် တပ်ဖွဲ့ ကိုယ်စားလှယ်တွေက ပြောဆိုတယ်လို့ ဆိုပါတယ်။
သူတို့ကို အစာရေစာတွေ ကျွေးမွေး တဲ့အပြင် ဆေးဝါး ကအစ ပြန်လည် ဖြည့်တင်း ပြီး မြန်မာဘက်ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ထုတ်ဖေါ် ပြောဆိုခဲ့တယ် လို့ သိရပါတယ်။
နှစ်နိုင်ငံ တပ်မှူး စည်းအဝေးကို မောင်တောမြို့ နှစ်နိုင်ငံ ၀င်ထွက်ဂိတ် အမှတ်(၁) အဆောက်အဦးမှာ မနေ့က မနက် ၁၀နာရီ ကနေ နေ့လည် ၁နာရီ အထိပြုလုပ်ခဲ့ပါတယ်။
မြန်မာဘက်မှ နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဦးအောင်နိုင်ဦး ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၇ ဦး တက်ရောက်ခဲ့ ပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘက်ကတော့ စစ်တကောင်းမြို့အခြေစိုက် ဘီဂျီဘီမှ ဒုဗိုလ်မှူးကြီး မိုဟာမောက် ဇီလူဟောက်ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ဦးပါ အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ် အနီး ငါးရှာ၊ ထင်းခွေ၊ သစ်ခုတ်၊ တနေ့တာသွားလာပြီး ၀မ်းစာ ရှာဖွေနေသူတွေ ဖမ်းဆီးမိရင်လည်း ၁၉၈၀ ခုနှစ် နှစ်နိုင်ငံသဘောတူ စာချုပ်အရ ပြန်လည် လွှတ်ပေးဖို့ စစ်တကောင်းအခြေစိုက် ဒုဗိုလ်မှူးကြီး ဇီလူဟောက်က မြန်မာ နစကဘက်သို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။
အစည်းဝေးအတွင်း အချက်(၅)ကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ အဲဒီ အချက်တွေကတော့ (၁) တပြည်နဲ့ တပြည် အကြား တရားမ၀င်သွားလာ၍ ဖမ်းဆီးရမိပါက ပြန်ပို့ရေး၊ တရားမ၀င် သွားလာမှု ပိတ်ပင်တား ဆီးရေး၊ (၃) ဖမ်းဆီး ထောင်ချ ခံထားရသူများ ထောက်သက်စေ့လျှင် ပြန်လွှတ်ပေးရေး၊ (၄) မူးယစ်ဆေးဝါးများ လုပ်ငန်း နှိမ်နင်းရေး၊ (၅) မှောင်ခိုလမ်းမှ တင်ပို့သော ကုန်ပစ္စည်းများ ပိတ်ပင်တားဆီးရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲ အပြီးမှာ မြန်ဘက်က လွန်ခဲ့တဲ့ (၃) လခန့်က ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၁၅) ဦးကို ဘင်္ဂလာဒေခ်ျ့ကို လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။
From : နိရဉ္စရာသတင်းဌာန
Friday, December 14, 2012
၁၇/၁ ဖြင့် လူထုအားဖမ်းဆီးပါက ဦးအောင်မင်းကိုပါ ဖမ်းဆီးရမည်ဟု RCSS/SSA ပြော
မြန်မာစစ်တပ်က ပြည်သူလူထုအား မတရားအသင်းနှင့်ဆက်
သွယ်သည့်ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးပါက ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌဌ ဦးအောင်မင်းကိုလည်း ဖမ်းဆီးရမည်ဟု RCSS/SSA က ပြောကြားလိုက်သည်။
“သျှမ်းစာပေနဲ့ အမျိုးသားရေး ဟောပြောပွဲမှာ RCSS က စဝ်ပေါင်ခေးက ပြောတာ။ တကယ်လို့ ဗမာ စစ်တပ်က လူထုတွေကို
သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးရင် ဦးအောင်မင်း ကို လည်း ဖမ်းရမယ်။ ဦးအောင်မင်းကလည်း သူပုန်နဲ့ဆက်သွယ်တယ်ပေါ့” - ဟု ကျိုင်းတုံ သျှမ်းနှစ်သစ် ကူးပွဲ တက်ရောက်သူတစ်ဦးက ပြောပါသည်။
တပ်မတော်၏ အခန်းမှာ တိုင်းပြည်နှင့် လူထုကို ကာကွယ်ပေးရန် ဖြစ်ကြောင်း၊ လူထုက ညှင်းပန်း နှိပ်စက်ခံရခြင်း၊ စစ်ဆေးခံရခြင်း၊ ဖမ်းဆီးခံရခြင်း ရှိပါက RCSS/SSA ၏ ဆက်ဆံရေးရုံးသို့မဟုတ် ပြန်ကြားရေးရုံးသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊
လူထု၏ ကြုံတွေ့နေရသည့် ပြဿနာများကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း RCSS/SSA ငြိမ်းချမ်းရေးဖေါ်အောင်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး က ပြောဆိုခဲ့သည်ဟု ဆို၏။ဤကိစ္စနှင့် စပ်လျဉ်း၍ ဦးအောင်မင်း ကိုယ်တိုင်က သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင် ခွန်ထွန်းဦး အား “ခွန်ထွန်းဦး သူပုန်နှင့်ဆက်သွယ်၍ အဖမ်းခံရလျှင် ကိုယ်တိုင်လာ ရောက် အာမခံ လွှတ်ပေးမည်။
မလွှတ်ပေးနိုင်ပါက ကိုယ်တိုင် ခွန်ထွန်းဦးနှင့်အတူ အကျဉ်းကျခံမည်” ဟု ဂျူလိုင် ၂၂ ရက်နေ့က ပြောခဲ့သည်။“ကိုယ်စားလှယ်ရုံးထားရှိရာမြို့တွေ မှာ RCSS/SSA ပြန်ကြားရေးရုံးတွေလဲ ဆက်တိုက်ဖွင့်သွားမယ်လို့ ပြောတယ်။
လူထုရဲ့ မကျေနပ်ချက်တွေကို တိုင်ကြားဖို့လို့ပြောတာဘဲ။ ဘယ်အဆင့်အထိ လုပ်ပေး နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” - ဟု ကျိုင်းတုံပွဲတော်ရောက် ချင်းမိုင်မှ စိုင်းဆိုင် က ပြောပါသည်။
လူထုအနေဖြင့် မေလ ၁၉ ရက်နေ့ သဘောတူညီချက်အရ RCSS/SSA နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့် ရထားသော်လည်း ယခုတိုင် ပုဒ်မ ၁၇/၁ ကြောင့် စိတ်ပူမှုရှိနေကြကြောင်း သတင်းအရင်းအမြစ်များက ဆိုပါသည်။
ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ တိုင်းရင်းသားစာပေဆိုင်ရာ ဟောပြောပွဲကျင်းပ ရာ အားဂျန်နန်သန်းက ကျိုင်းတုံမြို့သမိုင်းကြောင်း၊ ဆရာစိုင်းအောင်ထွန်းက သျှမ်းလူမျိုးများ၏ သမိုင်းကြောင်း၊ စိုင်းဆမ်တစ် ခေမရဌ်က သျှမ်းလူမျိုး၏ ယုံကြည်ကိုးကွယ်မှု၊ ခံယူမှုအကြောင်း၊ ဗိုလ်မှူးချုပ်ပေါင်ခေးက သျှမ်းအမျိုးသားရေးအကြောင်း၊ စိုင်းပင်ခမ်းက သျှမ်းနှစ်သစ်ကူးအကြောင်းကို ဟောပြောခဲ့ကြသည်။
သျှမ်းသံတော်ဆင့်
ဒီကပါ။

ကျိုင်းတုံ သျှမ်းနှစ်သစ်ကူး အထူးပွဲတော်၌ တွေ့ရသည့် ဗိုလ်မှူးချုပ် ပေါင်ခေး
(Photo : Kawli Media)
(Photo : Kawli Media)
သျှမ်းသံတော်ဆင့်
ဒီကပါ။
ရန်ကုန်တက္ကသိုလ်မွမ်းမံရေး ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ကော့မှုးမြို့နယ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင် ဘာလ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ရန်ကုန် တက္ကသိုလ်ဆိုင်ရာ အချက်အလက်များတင်ပြခြင်း အစည်းအဝေးပွဲ" ကို တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
"ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင်ရေး ကော်မတီ"က ဦးဆောင်ပြုလုပ်တဲ့ ဒီကနေ့အခမ်း အနားမှာ ကော်မတီဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရန်ကုန် တက္ကသိုလ် ပြန်လည်ပြုပြင်ရေး ၊ လိုအပ်တဲ့ ရန်ပုံငွေ အလှူငွေ စတဲ့ကိစ္စရပ်တွေအပါအဝင် ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။
တစ်နာရီဝန်းကျင်ကြာ ဆွေးနွေးပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်းယဆောင်၊ စစ်ကိုင်းဆောင် နဲ့ ဘွဲ့နှင်းသဘင် ခန်းမကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ "ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက် အလက်များတင်ပြခြင်း အစည်းအဝေးပွဲ" ကို ဒေါက်တာ မောင်မောင်ဝင့် ၊ ဒေါက် တာ အောင်ကျော်၊ ဒေါက်တာ တင်ထွန်း ၊ ဦးဇော်ဌေး ၊ ဒေါက်တာ မြင့်ဇူမင်း ၊ ဒေါက်တာ ခင်စောငွေ တို့အပါ အဝင် ပါမောက္ခချုပ်တွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese

အက်စစ်ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ် (၄)ဦး ကျန်းမာရေးစစ်ဆေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေး အဖွဲ့
သတင်း ထုတ်ပြန်ချက် (၁၂/၂ဝ၁၂)
၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
၁၃၇၄ ခု၊ နတ်တော်လဆန်း ၁ ရက်
အက်စစ်ကြောင့် ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ် (၄) ဦးအား ကျန်းမာရေး စစ်ဆေးမှု သတင်း ထုတ်ပြန်ခြင်း
၁။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်း ထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီ တောင်းခံချက်အရ အက်စစ်ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေး ဝန်ကြီးဌာနက ရန်ကုန်ကလေး ဆေးရုံကြီးသို့ပို့ဆောင်၍ ကျန်းမာရေး စစ်ဆေး မှုများ ဆောင်ရွက် ပေး ခဲ့သည်။
၂။ အဆိုပါ ကလေးငယ်(၄)ဦးသည် ရန်ကုန်ကလေးဆေးရုံကြီးသို့ (၁၁-၁၂-၂ဝ၁၂)ရက်တွင် ရောက်ရှိ ခဲ့ပြီး အထူးကု ဆရာဝန်ကြီးများဖြင့် လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တွေ့ရှိချက် များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရသည်-
(က) မယွန်းဝတီ (၁ နှစ် ၁ဝ လ) သူငယ်နာအကြောနှင့် ကြွက်သားအားနည်း ရောဂါ (Cerebral Palsy) ဖြစ်သည်။
(ခ) မာင်ကောင်းထက်ဇော် (၈ နှစ်) သူငယ်နာအကြောနှင့် ကြွက်သား အားနည်း ရောဂါ (Cerebral Palsy) ဖြစ်သည်။
(ဂ) မစန်းယုမော် (၂ နှစ် ၄ လ) သူငယ်နာအကြောနှင့် ကြွက်သား အားနည်းရောဂါ (Cerebral Palsy) ဖြစ်သည်။
(ဃ) မဇင်မာဆွေ (၁၆ နှစ်) ဦးနှောက် အကျိတ် (Brain Tumour) အား လွန်ခဲ့သော ၅ နှစ်က ခွဲစိတ် ထားသည်။ မျက်စိ တဖြည်းဖြည်းမှုန်၍ လုံးဝကွယ်သွားခြင်း ဖြစ်သည်။
၃။ အထက်ဖော်ပြပါ စစ်ဆေး တွေ့ရှိချက်များအရ အက်စစ်ကြောင့် ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်း သိရှိရသည်။
DVB TV News
ဒီကပါ။
တန်ဖိုးနည်3းG မိုဘိုင်းဖုန်းများမကြာမီရောင်းချပေးတော့မည်
တန်ဖိုးနည်းမိုဘိုင်းဖုန်းများ လာမည့် ၂၀၁၃ နှစ်ဦးပိုင်းတွင် ရန်ကုန်
တိုင်းဒေ သကြီး အတွင်းတွင် အရောင်းဌာနကြီး ၁၈ ခုဖွင့်ကာစတင်ရောင်းချ
တော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံ
မှသိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရန် ကုန်တိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူ တစ်ဦး အားမေးမြန်းခဲ့ရာ "ဟုတ်ပါတယ် ၊ပြည်သူတွေမျှော်လင့် ထားသလို တန်ဖိုးနည်းဖုန်းတွေကို မကြာမီ လာ မည့် နှစ်ဦး ပိုင်းမှာ နိုင်ငံတော်ကထပ်မံစတင်ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေပြီ ဖြစ် ပါတယ်။ တန်ဖိုးကတော့ အတိအကျပြောလို့မရသေးပါဘူး။ကျွန်တော်တို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ရှုထောင့် ပေါင်းစုံက အသေးစိတ်တွက်ချက် ပြီးမှသာ ရောင်းချပေး မယ့်ဈေးနှုန်းကို အတည်တကျ ဖော်ပြပေးလို့ ရမှာဖြစ်ပါတယ်။ တန်ဖိုးနည်းဖုန်း အနေနဲ့ အခု အသစ်ထပ်မံ ရောင်းချပေးမယ့် ဖုန်းကတော့ 3G System UMTS လို့ခေါ်တဲ့ ဖုန်းအမျိုးအအစား ဖြစ်ပါတယ်"။
"UMTS ဆိုတဲ့အဓိပါယ်ကတော့(Universal Mobile Telephone System)ဖြစ်ပါတယ်။ ယနေ့နိုင်ငံ တကာမှာ အဓိက အသုံးပြုနေတာက 3G စနစ်ကိုပဲ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအနေ နဲ့လည်း နိုင်ငံတကာမှာတွင်တွင်ကျယ်ကျယ်အသုံး ပြုနေတဲ့ ဒီ GSM စနစ်ကိုပဲတစ်ဆင့်ပြီး တစ်ဆင့်တိုးချဲ့ တပ်ဆင်အသုံးပြုသွားမှာ ဖြစ်ပါတယ်" ဟုရှင်းပြသည်။
ယခု အသစ်ထပ်မံရောင်းချပေးမည့် 3G / UMTS သည် ယနေ့နိုင်ငံတကာတွင် အများဆုံး တွင်ကျယ်စွာအသုံးပြုနေသော မိုဘိုင်းဖုန်းစနစ် ဖြစ်ကြောင်း သိရသည်။ 3G အမျိုးအစား ဖြစ်သည့် အလျောက် ဟန်းဆက်အမျိုးအစားမြင့်လျှင် မြင့်သလို အကျိုးရှိစွာ ပိုမိုအသုံးပြုနိုင်သည်။
အဆိုပါတန်ဖိုးနည်းဖုန်းထွက်ရှိလာလျှင် ပြည်သူများအား ရောင်းချပေးမည့်အခြေအနေ နှင့်ပတ်သက်ပြီး "ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကတော့ သက်ဆိုင်ရာဈေးနှုန်းသတ်မှတ် ပြီ ဆိုရင် ဒီ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ မိုဘိုင်းအရောင်းဌာန၁၈ ခု ထားရှိပြီးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဲဒိဌာနတွေကတော့-
(၁)လမ်း ၄၀အော်တို အင်ဂျင်နီယာချုပ်ရုံး
(၂)အမှတ် (၁၂၅)၊ပန်းဆိုးတန်းလမ်း၊ပန်းဆိုးတန်းကြေးနန်းရုံး(Customer Care Service Center)
(၃)မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး၊ ရွှေဂုံတိုင်၊ဗဟန်း။
(၄)မိုဘိုင်းဌာနရုံး(အလုံ)။
(၅)အမှတ်(၃၉ )၊ ဗိုလ်အောင်ကျော်လမ်း၊တိုင်းမန်နေဂျာရုံး။
(၆)အင်းစိန်စာတိုက်။
(၇)တက်ကသိုလ်စာတို်က်(ကမာရွတ်)။
(၈)ဗိုလ်တထောင်စာတိုက်။
(၉ )ဒဂုံမြို့သစ်(မြောက်ပိုင်း)။
(၁၀)ရန်ကင်းစာတိုက်။
(၁၁)ကြေးနန်းဆက်သွယ်ရေးနှင့်စာတိုက်သင်တန်းကျောင်း(ပုဇွန်တောင်)။
(၁၂)သန်လျင်အိတ်ချိန်း။
(၁၃)သုံးခွအိတ်ချိန်း။
(၁၄)တွံတေးအိတ်ချိန်း။
(၁၅)ထန်းတပင်အိတ်ချိန်း။
(၁၆)မှော်ဘီအိတ်ချိန်း။
(၁၇)တိုက်ကြီးအိတ်ချိန်း။
(၁၈)လှည်းကူးအိတ်ချိန်း။
တို့ကို ပြည်သူတွေနီးစပ်ရာမှ အဆင်ပြေလွယ်ကူစွာ ၀ယ်ယူအသုံးပြုနိုင်အောင်စီစဉ်ပေးထားပါတယ်" ဟုပြောကြားသည်။
အဆိုပါ တန်ဖိုးနည်3းG (System)/ UMTS ဖုန်းများကို ပြည်သူလူထု၏ လိုအပ်ချက် အတိုင်း ရောင်းချပေး သွားမှာဖြစ်ပြီး ဖုန်းအရေအတွက် (Numbering System) မှာလည်း လောလောဆယ်အနေဖြင့် ထပ်တိုးလာ နိုင်မှုမရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါ တန်ဖိုးနည်းဖုန်းများကိုနေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း တပြိုင်နက်ရောင်းချပေးသွားမည် ဖြစ်ပါသည်။
(မြန်မာ့အလင်း)