Tuesday, December 11, 2012

ဆက်သွယ်ရေးအတွက် ရယ်စရာလေးများ

လူနာ..“ ကျွန်တော်ဗိုက်အောင့်လို့ဆရာ”

ဆရာဝန်..“ခင်ဗျား ဘာအလုပ်လုပ်သလဲ”

လူနာ..“ဆက်သွယ်ရေးဝန်ထမ်းပါ”

ဆရာဝန်..“ဒါဆို ကောင်းပါပြီ..ခင်ဗျား ဖြစ်တဲ့ရောဂါနေရာ အကြီးအသေးလိုက်ပြီး ဆေးကုခရှင်းရမယ်.. ဥပမာ လက်သန်း နာရင် ကျွန်တော်တို့က လက်တစ်ချောင်းလုံးကြည့်ရမှာမို့ လက် တဖက်စာ တွက်ယူမယ်..။ လက်နာတာကြောင့် ခေါင်းကိုက်ပြီး အိပ်မရရင် ဦးနှောက်အတွက်ပါ တွက်ယူမယ်.. ဒါနဲ့ မပြီးသေးဘူး.. ဆေး တစ်မျိုးထက်ပိုရင် တစ်မျိုးပိုတိုင်း ပိုတဲ့တစ်မျိုးပေါ်မှာ ကျသင့်ငွေ၂၀% ပိုပေးရမယ်. ။ ဒါနဲ့ တစ်ခုတော့ သတိပေးရဦးမယ်.. အခန်းဝရောက်လို့ ပြပြ မပြပြ ၁၀၀၀ တော့ ဖြတ်ထားလိုက်မယ်”

======================================================

ဆရာ ကျွန်တော့်ကားလေး မကောင်းလို့ ကြည့်ပေးပါဦး

ခင်ဗျား ဘာအလုပ်လုပ်သလဲ..

ဆက်သွယ်ရေးဝန်ထမ်းပါ..

ကောင်းပါပြီ..ဒါဆိုရင် ကျွန်တော်တို့က ကားကို ဆီစားနှုန်းအကြီးအသေးကိုလိုက်ပြီး လက်ခယူရမယ်.. နောက်ပြီး ကားပြင်တဲ့အခါ လွယ်တာ ခက်တာထက် အချိန်ကြာတာ မကြာတာနဲ့တွက်ယူမယ်...။ ပစ္စည်းလဲခအပေါ်မှာ နောက်ထပ် ၁၀% ဆောင်းပေးရမယ်။
 

======================================================

ကျွန်တော့် ကားဘီးလေးလုံး လေချိန်ပေးပါ။

ခင်ဗျား ဘာအလုပ်လုပ်သလဲ..

ဆက်သွယ်ရေးဝန်ထမ်းပါ..။

ဘီးလေးလုံးချိန်ရင် (၃၀၀) ကျပေမယ့် ခင်ဗျားကိုတော့ လေပေါင် တစ်ပေါင် ၁၀ကျပ်နှုန်း.. ပေါင်၃၀ ကျော်ရင် နောက်ထပ် ၁၀% ပိုဆောင်းပေးရမယ်..ဒါက တစ်လုံးချင်းနှုန်းပါ.။ တခါချိန်ရင်တော့ စပယ်ရာဘီးပါ (၅) လုံး မဖြစ်မနေ ချိန်ရမယ်။


======================================================

ဆိုက်ကားဆရာ.. ကျွန်တော့်ကို ဘုရားကို လိုက်ပို့ပေးပါ။

ခင်ဗျား ဘာအလုပ်လုပ်သလဲ

ဆက်သွယ်ရေးဝန်ထမ်းပါ။

ဒါဆိုရင် ဘီးတစ်ပါတ်လည်ရင် (၅)ကျပ်နှုန်းနဲ့ ပို့ပေးမယ်။ ကုန်းတက်ဆိုရင် နောက်ထပ် ၁၀% ဆောင်းပေးရမယ်.။ ကုန်းဆင်းအတွက်တော့ လျှော့မပေးနိုင်ဘူး. အခု ဆိုက်ကားပေါ် တက်ပြီးပြီမို့ ပြန်ဆင်းခွင့်မပေးနိုင်ဘူး..
 


======================================================

ကျွန်မကလေး ကျူရှင်အပ်ချင်လို့

အစ်မ ဘာအလုပ်လုပ်သလဲ

ဆက်သွယ်ရေးဝန်ထမ်းပါ

ဒါဆို ကလေး စာရတာမရတာထက် ဒီမှာ စာတစ်ကြောင်း တစ်ခါရွတ်နှုန်းနဲ့ ကျူရှင်ခပေးရမယ်. ကလေးက ညံ့လို့ စာတစ်ကြောင်း ၅ခေါက်အော်လို့မှ မရရင် (၅) ခေါက်အထက်မှာ တစ်ခါအော်တိုင်း (၁၀)% တိုးပေးရမယ်.. ။ တခုတော့ရှိတယ်. ကျွန်မက ဒီစာကို (၁၀)ခေါက်ဆိုပါဆိုရင် (၁၀) ခေါက်ပြည့်အောင် ဆိုရမယ်.လျှော့ဆိုခွင့်မပေးဘူး
 


======================================================

ကဲ
မိတ်တွေတို့ သဘောကျကြရဲ့လား    :)


ဒီကယူပါတယ်။

VOA နဲ့ Sky Net စာချုပ်ချုပ်ဆို



အမေရိကန်အသံ မြန်မာပိုင်း အစီအစဉ်က ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ အပါအ၀င် VOA ရဲ့ ရုပ်သံ အစီအစဉ်တွေကို ဇန္န၀ါရီလဆန်းကစပြီး မြန်မာနိုင်ငံအတွင်းမှာ ပြန်လည် ထုတ်လွှင့်နိုင်ဖို့အတွက် VOA နဲ့ မြန်မာနိုင်ငံအတွင်းက အဓိက ရုပ်သံဌာန ဖြစ်တဲ့ SkyNet ရုပ်သံတို့ မနေ့က သဘောတူလက် မှတ် ရေးထိုးကြပါတယ်။

အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိသံဃာများ ဆန္ဒပြမည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအားအကြမ်းဖက်ဖြိုခွင်းခဲ့ရာတွင် ဒဏ်ရာရသံဃာများကိုသက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာလိုက်လျောခြင်းမရှိခြင်းကြောင့် ဒီဇင်ဘာ (၁၂)ရက်နေ့တွင် မြန်မာနိုင်ငံရှိသံဃာများ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်သည်ဟုကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမထံမှ သိရှိရသည်။

“ဦးဇင်းတို့တောင်းဆိုထားတဲ့ အချက်(၃)ချက်ရှိတယ်၊ ဒဏ်ရာရ သံဃာတွေကိုဝန်ချတောင်းပန်ဖို့ ၊ ပစ်မိန့်ပေးခဲ့တဲ့ တာဝန်ရှိသူကို အရေးယူပေးဖို့ နဲ့ဆန္ဒပြရာမှာ ဖမ်းဆီးထားသူတွေကို အကုန် ပြန်လွှတ်ပေးဖို့ အဲ့ဒါတွေကိုသတ်မှတ်ရက်အတွင်း တစ်ခုမှ မလုပ်ပေးရင် တစ်တိုင်းပြည်လုံး ဆန္ဒပြမှာ ဆိုပြီးကြိုပြောထားပါတယ်” ဟု ကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမကမိန့်ကြားသည်။

သံဃာများ ဆန္ဒပြတောင်းဆိုရာတွင် သက်ဆိုင်ရာ မြို့နယ်များသို့ခွင့်ပြုမိန့်မတောင်းဘဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

“ခွင့်ပြုမိန့်မတောင်းတာက ခွင့်ပြုမယ် ၊ မပြုမယ် ဆိုတာ မသေချာဘူးအဲ့ဒါတွေကို မစောင့်နိုင်ဘူး “ ဟု မန္တလေးအခြေစိုက် ဘ၀အလင်းဆေးခန်းမှဦးသောပိတက မိန့်သည်။

နိုင်ငံတော်အစိုးရမှ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပေးထားပြီးအဆိုပါကော်မတီကို အားကိုး၍ မရနိုင်ကြောင်း ဦးသောပိတကဆက်လက်မိန့်ကြားခဲ့သည်။

“စုံစမ်းစစ်ဆေးရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါပေမဲ့ သူကစုံစမ်းလို့ပဲရနိုင်တယ် ဖမ်းဆီးထားတာက ကော်မရှင်နဲ့မဆိုင် ဘူးလေအဲ့အပိုင်းကို အားကိုးလို့မရနိုင်ဘူး တစ်ချို့လူတွေကို အာမခံနဲ့ပြန်လွှတ်ပေးပြီးပေမဲ့ တစ်ချို့လူတွေကျန်နေသေး တယ် အကုန်မလွှတ်ပေးသေးဘူး၊အဲ့ဒါတွေကြောင့် ဆန္ဒပြမှာပါ” ဟု ဦးသောပိတက မိန့်ကြားခဲ့သည်။

ဒီဇင်ဘာ (၁၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်တွင်တိုင်းနှင့်ပြည်နယ်များမှ သံဃာများအားလုံးဆန္ဒပြတောင်းဆိုသွား မည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင်မည်သည့်နေရာ၌ စတင်မည်ကို မသိရှိရသေးကြောင်း ၊ မန္တလေးတိုင်းဒေသကြီးတွင်၄၁လမ်းရှိ ဦးဘဘုရားရှေ့မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်းသိရှိရသည်။

ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ဗဟန်းမြို့နယ် ရဲစခန်းမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းအကြမ်းဖက် ဖြိုခွင်းခြင်းကို အရေးယူပေးရန်ဆန္ဒပြတောင်းဆိုခဲ့သူ ကိုမိုးသွေးအား အယူခံဝင်စေကြောင်း GWမှ တာဝန်ရှိသူကိုဝင်းထွဋ်ထံမှ သိရှိရသည်။

“တခြားလူလွှတ်မလွှတ်တော့ မသိသေးဘူး ကျွန်တော်တို့အဖွဲ့က ကိုမိုးသွေးကတော့ဒီနေ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အယူခံဝင်ရတယ်” ဟုမျိုးဆက်သစ်လူငယ်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းထွဋ်က ပြောသည်။

နိုဝင်ဘာလအတွင်းတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး နှင့်သပိတ်စခန်းအကြမ်းဖက် ဖြိုခွင်းခဲ့သူများကို အရေးယူပေးရေးအတွက်ဆန္ဒပြခဲ့သူများမှ ခေါင်းဆောင် (၈)ဦးခန့်ကို သက်ဆိုင်ရာ အာဏာပိုင်များမှဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယနေ့အချိန်ထိ မည်သူတစ်ဦးမှလွှတ်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။

ဒီကပါ။

၉၉ မျိုးဆက်ဟောင်း မူကြိုကျောင်းသားအိုသမဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ အဖွဲ့ဝင်များ ဖိတ်ခေါ်ခြင်း


စည်းကမ်းချက်များ

၁။ မူကြို ၂နှစ်ဆက်တိုက်တက်ရောက်ခဲ့ကြောင်းထောက်ခံချက်။အသက်၅နှစ်ထက်မကြီးရ။

၂။ ဆရာမများအား ဆန္ဒပြဘူးသူဖြစ်ရမည်။

၃။ ဆရာမများအား ဆန္ဒပြမှုဖြင့် အရိုက်ခံဘူးသူဖြစ်ရမည်။

၎။ မူကြိုတွင်မိုက်ကိုင်ဘူးသူဖြစ်ရမည်။

၅။ နောက်ပေါက်ကျောင်းသားများအား မဟုတ်တာကိုအဟုတ်ပြောတတ်ရမည်။

၆။ လူ ၅ဦးစုသောနေရာမှန်သမျှ အမြန်ရောက်အောင်သွားနိုင်သူဖြစ်ရမည်။

၇။ ရန်ပုံငွေအား ခွက်မပါဘဲ နည်းမျိုးစုံရအောင်ရှာပြီး မိသားစုအတွက် တစ်ဝက်ကျန်အောင် စာရင်းပြတတ်ရမည်။

၈။ အဖွဲ့ဝင်အချင်းချင်းခြေထိုးခံတတ်ရမည်။

၉။ ပုလင်းတူဘူးဆို့ကျောင်းသားအိုများမှအပ အခြားသူများနေရာဝင်မလုနိုင်အောင် အနည်းဆုံး ၁၀ နှစ်ထက်မနည်းငယ်သူများကိုသာ သွေးဆောင်စည်းရုံးရမည်။

၁၀။ မငြိမ်းချမ်း မပွင့်မလင်း နတ်အဖွဲ့အစည်း ထူထောင်ကာ နည်းနည်းလှူ များမျာရအောင် ပိပိရိရိ လိမ်တတ်ရမည်။

http://singaporefeel.blogspot.com/2012/12/blog-post_3196.html

3G စနစ် ပါသည့် မိုဘိုင်းဖုန်းများ မကြာခင် ဈေးကွက်တွင်း ရောက်မည်


၂ဝ၁၃ ခုနှစ် ဧပြီလတွင် ရောင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် 3G စနစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ''3G စနစ်ကို တိုးချဲ့လုပ်ဆောင်နေတဲ့ အတွက် လာမယ့်နှစ်မှာ မြို့ကြီးတွေအားလုံ3းGစနစ်ကို သုံးခွင့်ရမှာပါ။''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

3Gစနစ်တိုးချဲ့ရေး စီမံကိန်းတစ်ရပ်တွင် ပြည်ပကုမ္ပဏီ ၃ ခု ဖြစ်သည့် Huawei, ZTE, Alcaten-LucentShanghai Bell ကုမ္ပဏီများနှင့် ပူးပေါင်း၍ မိုဘိုင်း ဖုန်းများအား ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။ ယင်းသို့ 3G ဖုန်းများ ရောင်းချပေးရာတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးစသည့် မြို့ကြီးများကိုသာ ဦးစားပေးရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ယခင်က 2G ဖြင့် လျှောက်ထားအသုံးပြုနေသော မိုဘိုင်းဖုန်းများအား 3G အင်တာနက် ပြောင်းလဲ အသုံးပြု၍ ရမည်မဟုတ်ကြောင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဆက်လက်ပြောသည်။

3G ကွန်ရက်များကို မြို့ကြီးများတွင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြည်းဖြည်းချင်း Network ချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။ 3G ကွန်ရက်များချထားပေးရာ၌ GSM နှင့် WCDMA ဖုန်းအမျိုးအစား နှစ်မျိုးလုံး ပါဝင်မည် ဖြစ်သည်။

''အခုလုပ်တဲ့ စီမံကိန်းတွေက စပြီး 3G စနစ်ကိုပဲ လုပ်တော့မှာပါ။ ဒီစနစ်ကမှတစ်ဆင့် 4Gစနစ်ကို ဆက်လက် လုပ်ကိုင်မှာဖြစ်တဲ့ အတွက် နောက်ပိုင်းမိုဘိုင်းဖုန်း အားလုံး 3Gကွန်ရက်ကို အသုံးပြုကြရမှာပါ''ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ 2Gစနစ်ကို အခြေခံထားသည့် ရေဒီယို စခန်းပေါင်း တစ်ထောင့်သုံးရာရှိပြီး၊ ရေဒီိယို စခန်းပေါင်း နှစ်ရာ့သုံးဆယ်ခန့်သာရှိသည့် 3G စနစ်ကို အဓိက ဖော်ဆောင်သွားမည်ဖြစ်ေ ကြာင်းသိရသည်။

သို့သော် 3G အဆင့် အင်တာနက် အသုံးပြုမည်ဆိုပါက အသုံးပြုသော ဟန်းဆက်သည် 3G ပါဝင်သော ဟန်းဆက်ဖြစ်ရန် လိုအပ်ပြီး 2G သာ ပါဝင်သော ဟန်းဆက်ဖြစ်ပါက 2G သာ အသုံးပြုရမည်ဖြစ်ကြောင်း သိရှိရသည်။

“3Gစနစ်တိုးချဲ့မယ်လို့ ကြားတော့ ခုနောက်ပိုင်းမှာ 3G စနစ် ပါတဲ့ ဖုန်းတွေကို မေးပြီးဝယ်ကြတာများတယ်၊ 2G စနစ် တုန်းကတောင်မှ အခုနောက်ပိုင်း လူတွေတော်တော်များများက ဖုန်းကို မော်ဒယ်မြင့်တာတွေ ရွေးကိုင်လာကြတယ်လေ။ အခု 3Gအတွက်ဆိုတော့ နောက်ပိုင်း မော်ဒယ်မြင့် ဟန်းဆက်တွေ အရောင်းသွက်လာမယ်လို့ ထင်တယ် ” ဟု မင်္ဂလာဈေးရှိ ဖုန်းအရောင်းဆိုင်မှ မသူဇာက ပြောသည်။

သုံးခွမြို့နယ်တွင်လည်း NLD ပါတီအား ဆန္ဒပြကြပြီ

(၉-၁၂-၁၂ )ရက်နေ့ (၁၁ဝဝ)ချိန်တွင် သုံးခွမြို့နယ်၊ လက်ပံကျိုးကျေးရွာမှ ပြည်သူ (၆ဝ)ဦးသည် ထောလာဂျီ ဂွမ်ဒေါင်း၊ ဆိုင်ကယ်များဖြင့် ဆိုင်းဘုတ်များကိုင်ဆောင်၍ သုံးခွမြို့ လည်လမ်းမတစ်လျှောက် ဆန္ဒပြခဲ့ကြောင်း သိရှိရပါသည်။ လမ်းတစ်လျှောက်တွင်လည်း လက်ကမ်းကြေညာချက်များ ဖြန့်ဝေခဲ့ကြောင်း၊ လက်ကမ်းစာစောင်တွင်-

'' ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လေးစားပါသည် ၊ ညီလာခံကိုထောက်ခံပါသည်'' '' NLD ပါတီကိုဖျက်ဆီးသော၊ ညီလာခံကိုဖျက် ဆီးသော၊ လက်ပံကျိုးရွာနှစ်ချမ်းကွဲအောင် အကြံအစည်ကြီးစွာဖြင့် ဖျက်ဆီးသွားသော မြို့နယ် NLD ပါတီကော်မရှင်မှ ခေါင်းဖြူဦးတင်ဝင်းနှင့် ဦးတင်အေးတို့ကိုရှုတ်ချပါသည်'' ''NLD ပါတီထဲတွင်ပါတီပျက်ဆီးအောင် ပြည်သူလူထုအကြည်အညိုပျက်အောင် လုပ်ဆောင်နေသောလူယုတ်မာများရှိနေသည် ပြည်သူများအထူးသတိထားပါ'' စသည့်စာသားများကို ကွန်ပျူတာစာစီ၍လမ်းတစ်လျှောက် စောင်ရေပေါင်းမြောက်များစွာဖြန့်ဝေသွားကြပါသည်။

ဆိုင်းဘုတ်များတွင်လည်း '' လူဆိုးလူယုတ်မာများ ကွန်းခိုနေသော NLD ပါတီမှ နှုတ်ထွက်ပါသည်။ပြည်သူများအထူးသတိထားပါ'' ဟုပါရှိကြောင်း၊

၎င်းလက်ပံကျိုးရွာသားများဦးဆောင်လာသူမှာ ဦးပိုးတီ(ခ)ဦးသိန်းဆင့်ဖြစ်ပါသည်။ ဦးပိုးတီ(ခ) ဦးသိန်းဆင့်မှ ပြောကြားရာတွင် - '' ၄င်းတို့သည် အုပ်ချုပ်ခံလူ တန်းစားများဖြစ်ကြောင်း၊(၁၂ဒီဝ၈)ရက်နေ့ ကျေးရွာ NLD ပါတီအဖွဲ့အား မြို့နယ် NLD ပါတီ ကော်မရှင် အဖွဲ့မှ လာရောက်ရွေးချယ်ခဲ့ရာတွင် ရွာ၏လူဆိုးစာရင်းဝင်များနှင့် အလုပ်အကိုင် မရှိသူများကို NLD ပါတီမှ ရွေးချယ်ခဲ့ကြောင်း၊ အစည်းအဝေး တက်ရောက်သည့် ရွာသားများအားလုံးအား NLD ပါတီအား မဝင်မနေရဟုဆိုကာ NLD ပါတီဝင်ကတ်များ အတင်းအကြပ် တစ်ပါတည်းထုတ်ပေးသည်ကို မကျေနပ် သည့်အတွက် ၄င်းပါတီဝင်ကတ်များအား မြို့နယ် NLD ပါတီသို့ ပြန်လည်အပ်နှံရန် ရွာမှ ချီတက်ဆန္ဒပြလာခြင်းဖြစ်ကြောင်း၊အကျိုးရှိမည့်နေရာတွင် ၄င်းတို့ကိုအသုံးချခံလိုကြောင်း၊ ယခုဆန္ဒပြရခြင်းမှာ ပြည်သူ အနေဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များတွင် အမှန်တကယ်လုပ်ကိုင်နေသူများနှင့်သာ ပူးပေါင်းပါဝင်လုပ်ဆောင်လိုကြောင်း၊ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် လက်တွေ့လုပ်ဆောင်နေသူ များနှင့်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားသွာပါသည်။အဆိုပါ သုံးခွမြို့နယ် လက်ပံကျိုးကျေးရွာ ဆန္ဒပြမှုသည် (၁၄ဝဝ)ချိန်ခန့်တွင်ပြီးဆုံးသွားကြောင်း သိရှိရပါသည်။



ဒီကပါ။

"မြန်မာပြည်မှာ ပြန်လည်အခြေချ နေထိုင်တော့မယ့် ဂရေဟမ် တို့မိသားစု"

သြစတြေးလျနိုင်ငံကိုထွက်ခွာသွားတာ ၄နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့တေးသံရှင် ဂရေဟမ်တို့ မိသားစုမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ သူတို့ရဲ့စိတ်ကူး ရည်မှန်းချက်တွေ အတွက်နိုင်ငံခြားကို ထွက်ခွာသွားခဲ့ကြပေမယ့် ရည်မှန်းချက်ပြည့်စုံ လာတဲ့အချိန်မှာတော့ အမိမြန်မာပြည်မှာပဲ ပြန်လည် အခြေချနေထိုင်တော့မယ်လို သိရပါတယ်။ ဒါကြောင့်တေးသံရှင် ဂရေဟမ် ကို မြန်မာနိုင်ငံကိုပြန်လည်နေထိုင်ဖြစ်တော့မယ အကြောင်းကိုတော့မေးတော့..

"နိုင်ငံခြားသွားတဲ့ ၄နှစ်မှာ နှစ်တိုင်း ပြန်လာဖြစ်ပါတယ်။ ဒီတစ်ခေါက်ကတော့ တစ်နှစ်ခွဲလောက်ကွာသွားတယ်။ အရင်နှစ်က ဆစ်ဒနီမှာ မြန်မာ သင်္ကြန်ကိုသီချင်းသွား ဆိုတယ်။ မိသားစုလိုက်သွားတာပေါ့။ မနှစ်က ကျတော့လည်းမဲဘုန်းမှာ သင်္ကြန်ကို မိသားစုလိုက်သွားတယ်။ အဲဒါနဲ့ပြန်မရောက် တာ တစ်နှစ်ခွဲလောက်ရှိသွားပြီပေါ့။ အခုက တော့မြူးဇစ်ကျောင်းကလည်းကျောင်းပြီး သွားပြီဆိုတော့ ပြန်လာတာပါ။ စသွားကတည်း ကတော့တစ်သက်လုံးနေမယ်ဆိုတဲ့ စိတ်ကူးမျိုးတော့မရှိပါဘူး။ Plan ကတော့ရှိတာပေါ့နော်။ သွားပြီး ကလေးတွေကျောင်းထားရင်းနဲ့ မြူးဇစ်ကျောင်းကိုတက်ဖြစ်သွား တယ်။ တက်ဖြစ်သွားတော့ပြီးဆုံးအောင် လုပ်ရတာပေါ့နော်။ ပြီးရင်ပြန်မယ်ဆိုတာ ကတော့နဂို ကတည်းက ဆုံးဖြတ်ပြီးသားပါ။ အခုက ရည်မှန်းထားတဲ့အတိုင်းကျောင်းပြီး သွားတဲ့အချိန်မှာ ပြန်လာခဲ့တာပါ။ ဟိုမှာ အဓိကအနေနဲ့ အဆိုနဲ့ဒရမ်ကို ကျွန်တော် သေသေချာချာလုပ်ဖြစ်ခဲ့တယ်။

ဒီမှာ သင်တန်းပြန်ဖွင့်ဖို့ဆိုရင်တော့အချိန် တော်တော် ယူရဦးမယ်။ ကိုယ်တစ်ယောက်တည်းလုပ်လို့ လည်း မပြီးဘူး။ သင်ရိုးညွှန်းတမ်းတွေဆွဲဖို့ အများကြီးရှိတယ်။ ဒီမှာလည်းတော်တော် လေးတော့ တိုးတက်နေပါပြီ။ သွားဖြစ်တာ ကလည်းအရင်တုန်းကအစ်ကိုကကိုယ်ပိုင် အခွေတွေပရိုဂျူဆာလုပ်ခဲ့တယ်။ ၇ခွေ လောက်ရှိတယ်။ ခိုးကူးခွေတွေနှိပ်စက်တာ လည်းတစ်ခုအပါအဝင်ပေါ့။ လုပ်သမျှအခွေ တွေမြတ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်းရဖို့ တောင် မနည်းပြန်Produce လုပ်နေရတဲ့ အချိန်ပေါ့။ သွားဖြစ်တဲ့အထဲမှာ အဲဒါလည်း တစ်ခုအပါအဝင်ပေါ့။ Produce လုပ်လို့ မကောင်းတော့တာရယ်၊ကလေးတွေပညာ ရေးကလည်းတစ်မျိုးပေါ့။ အဲဒါကြောင့် တစ်ခုခုအပြောင်းအလဲလုပ်ကြည့်တဲ့သဘော နဲ့ သွားဖြစ်ခဲ့တာ ပါ။ နိုင်ငံခြားအတွေ့အကြုံတော့ အများကြီးရခဲ့ပါတယ်။

သွားတဲ့ပုံသဏ္ဌာန်က အမျိုးမျိုးရှိကြတယ်။ ဘယ်လိုအနေအထားနဲ့ဟိုဘက်ကို သွားသလဲ။ အကောင်းအဆိုးပြန်ယှဉ်တဲ့အခါ ဘယ်ဟာကပိုပြီးတော့ ကိုယ့်အတွက် အဆင်ပြေသလဲဆို တာကိုချိန်ဖို့ လိုတယ်။ အသက်၂ဝ၊ ၂၅ နောက်ပိုင်းသွားတဲ့ သူတွေဟာ သူတို့ကဘယ်လောက်ကြီးပဲ တိုးတက်နေပါစေ သူတို့ ကမြန်မာပြည်ကို လွမ်းတဲ့စိတ်ရှိကြတယ်။ ခပ်ငယ်ငယ်က သွားတဲ့သူတွေကျတော့ နိုင်ငံခြား ဓလေ့ထဲမှာ ပျော်ဝင် သွားပြီးပြန်လာတဲ့အခါကလေး တွေက စိတ်ညစ်တာမျိုးရှိကြ တယ်။

သမီးငယ်ဆိုရင်ငယ်ငယ်ကတည်းက သွားတဲ့အတွက်သူ့အတွေးအခေါ်လေးတွေက နည်းနည်းဘိုဆန်တာမျိုး ရှိတယ်။ မေးခွန်းသိပ်ထုတ်တယ်။ သူတို့ကမေးခွန်း ထုတ်အောင်လည်းဖွင့်ပေးထားတာလေ"လို့ ပြောပါတယ်။ ပြန်ရောက်တဲ့အချိန်မှာ အနုပညာနဲ့ပတ်သက်ပြီးလုပ်ဆောင်သွားမယ့်အကြောင်းတွေကိုတော့ဂရေဟမ်က... "အခုပြန်လာတဲ့အချိန်မှာ တစ်ကိုယ် တော်ရှိုးလုပ်ဖို့တော့ပြင် ဆင်နေပါတယ်။ ဒိတ်လည်းမသိသေးပါဘူး။ စကားပြောနေ တုန်းပေါ့။ အဲဒါလေးအရင်လုပ်မယ်။ ပြီးတော့ အခွေလည်းလုပ်ဖြစ်ပါလိမ့်မယ်။ ဈေးကွက်ကို ပြန်လေ့လာကြည့်တော့လည်း အရင် ကထက်စာရင် နည်းနည်းတော့ တက်လာပါတယ်။ ဒါပေမဲ့ တအားကြီး အားရလောက်အောင် မရှိသေးပါဘူး။ ဒါပေမဲ့ အခွေကတော့ လုပ်ကိုလုပ်ဖြစ်မှာပါ။ ဒီနောက်ပိုင်းကတော့ သွားလိုက်၊လာလိုက် ရှိနေမှာဆိုပေမယ့်ဒီဘက်မြန် မာနိုင်ငံမှာပဲ များများနေဖြစ်မှာပါ။

သမီးကြီးကyear(11)ရောက်သွားပြီလေ။ သူကဒီမှာ ဆက်သင်လို့သိပ်ပြီးတော့ Match မဖြစ်တော့ဘူး။ Year (12) ပြီးရင် သူက တက္ကသိုလ်သွားရတော့မယ်ဆိုတော့လေ။ အဲဒါကြောင့်သွားလိုက်၊လာလိုက်တော့ ရှိနေမှာပါ။ ဒါပေမဲ့ဒီမှာတော့များများနေဖြစ်မှာပါ။ အခုပြန်ရောက်တဲ့အချိန်မှာတော့ ဈေးကွက်ကိုလည်းပြန်လေ့လာနေတာပေါ့။ အဆိုတော်တွေလည်း အများကြီးထွက်တယ်။ ဒါပေမဲ့ ကိုယ့်လိုင်းနဲ့ကိုယ်၊ကိုယ့်ပရိသတ် နဲ့ကိုယ်ပုံမှန်လေးသွားဖို့ရှိကြပါတယ်" လို့ ပြောပါတယ်။

credit to-Popular Journal

ဒီကပါ။

မိုဘိုင်းအင်တာနက် သုံးစွဲခများ ပြင်ဖွယ်မရှိသေးဟုဆို

ရန်ကုန်မြို့ရှိ မိုဘိုင်းအင်တာနက် သုံးစွဲနေသူ တဦး (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

သုံးစွဲသူအများစုက ကန့်ကွက်ခဲ့ကြသည့် မိုဘိုင်း အင်တာနက်အသုံးပြုခများကို Data Volume စနစ်ဖြင့် ကောက်ခံမည့် အစီအစဉ် ပြောင်းလဲကျင့်သုံးရန် ဖြစ်နိုင်ခြေ နည်းပါးသွားပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောဆိုလိုက်သည်။

ယခုနှစ်ကုန်တွင် မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဉ်ထားသကဲ့သို့ ဖြစ်ပေါ်လာမည်မဟုတ်ဘဲ ယခုလက်ရှိ အသုံးပြု နေသည့် သုံးစွဲသူများ လက်ခံသော မိနစ်အလိုက် ဖြတ်တောက်ကောက်ခံသည့် စနစ်ကိုသာ ဆက်လက် ကျင့်သုံးသွားဖွယ် ရှိနေကြောင်း ၎င်းက ဆိုသည်။

“အခုပြောင်းမယ့်စနစ်ကို ကန့်ကွက်တဲ့သူတွေက များနေပါတယ်။ ယတိပြတ်တော့ မဆုံးဖြတ်ရသေးဘူး။ ဒေတာ အလိုက် ကောက်မယ် ဆိုရင်လည်း ဘယ်နှုန်းထားဆို အသင့်တော်ဆုံး ဖြစ်မလဲဆိုတာတွေကိုပါ တပြိုင်တည်း ထည့်သွင်းစဉ်းစားပြီး နှိုင်းယှဉ်နေပါတယ်။ သေချာတာကတော့ ကျတော်တို့ကလည်း သုံးစွဲသူတွေအ ဆင် ပြေမယ့်နည်းလမ်း၊ သူတို့ လက်ခံတဲ့ မိနစ်အလိုက် အသုံးပြုခတွေကို ဖြတ်တောက်တဲ့ စနစ်ကိုပဲ ဆက်လက် ကျင့်သုံးသွားနိုင်ပါတယ်” ဟု အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က ဧရာဝတီသို့ ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းအင်တာနက်အသုံးပြုခများကို အသုံးပြုသည့် အချက်အလက် ပမာဏ အလိုက် ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြီးခဲ့သည့်ရက်သတ္တပတ်က တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၎င်းအစီအစဉ်ကို သုံးစွဲသူများ ကန့်ကွက်နေသည့် ကြားမှပင် ဆက်လက် ဆောင်ရွက်မည်ဟုလည်း မီဒီယာသို့ သတင်းစာရှင်းလင်းပွဲလုပ်ကာ တရားဝင်ပြောဆိုခဲ့သည်။

အဆိုပါ ဒေတာအလိုက် ကောက်ခံမည့်စနစ်ကို မကျေပ်နပ်ကြသူများက ကန့်ကွက်ဆန္ဒ ပြခြင်းများ ပြုလုပ်မည် ဆိုပါကလည်း ပြုလုပ်နိုင်ကြောင်းနှင့် ယင်းအတွက် ဆက်သွယ်ရေးဘက်က မည်သို့မျှ ပြင်ဆင်မှု ရှိမည်မဟုတ်ကြောင်း မီဒီယာသို့ ပြောကြား ခဲ့သော်လည်း ကန့်ကွက်ဝေဖန်ထောက်ပြမှုများမှာ အင်တာနက် လူမှုကွန်ယက် စာမျက်နှာ များပေါ်တွင် ဆက်တိုက် တက်ရောက် လာခဲ့ခြင်းကြောင့် မူလစီစဉ်ထားသည့်အတိုင်း ရှေ့ဆက်မတိုးနိုင်ခြင်း ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တခြား ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများသည် အများပြည်သူက ကန့်ကွက်နေသည့် ဒေတာအလိုက် မိုဘိုင်း အင်တာနက် သုံးစွဲခ ကောက်ခံမည့်စနစ်ကို ၎င်းတို့၏ ဆုံးဖြတ်ချက်အတိုင်း မဆောင်ရွက်တော့ရန် ယတိပြတ် ဆုံးဖြတ်ချက် မချမှတ်ရ သေးသော်လည်း သုံးစွဲသူများအားလုံး လက်ခံမည့် နည်းလမ်းကို ရွေးချယ်နေကြသည်ဟု စုံစမ်းသိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးက ပြောင်းလဲမည်ဟု ထုတ်ပြန်ကြေညာခဲ့သည့် ဒေတာအလိုက် ကောက်ခံမှုစနစ်နှင့် ပတ်သက်ပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူ အမျိုးသားတဦးက “အစကတည်းက မိနစ်အလိုက် ကောက်တဲ့ စနစ်ကိုပဲ လုပ်သင့်တယ်။ ဒေတာအလိုက် စနစ်က သုံးစွဲသူတွေ အားလုံးအတွက် အဆင်မပြေနိုင်ဘူး။ ဒီလိုမျိုး စနစ်တခုကို လုပ်လိုက်၊ မလုပ်လိုက်နဲ့ ဆိုတာ မကောင်းဘူး။ တခါတည်း သုံးစွဲသူအားလုံး အဆင်ပြေမယ့်နည်းလမ်းကို အစကတည်းက ရွေးချယ်သင့်တယ်” ဟု သုံးသပ်သည်။

ဝန်ကြီးဌာနတွင်း ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသည် ဆိုသည့် ယခုအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် သုံးစွဲသူများ၏ ဝေဖန်မှုများ၊ ကန့်ကွက်မှုများကို ဆက်တိုက် ရင်ဆိုင်နေရသည်။

“လူတွေက ခဏခဏ ဝေဖန်နေရင် ဒါဟာ သူတို့ရဲ့ ဝန်ဆောင်မှု မကောင်းဘူးဆိုတာ ပြသနေတာ ဖြစ်တယ်” ဟု စင်ကာပူ နိုင်ငံတွင် နေထိုင်သူ မြန်မာနိုင်ငံသား ကွန်ပျူတာပညာရှင် လူငယ်တဦးက ထောက်ပြပြောဆိုသည်။

ယခုလက်ရှိ အစိုးရသက်တမ်းအတွင်း ၎င်းတို့၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အများပြည်သူနှင့် အံဝင်ခွင်ကျ နှုန်းထားများဖြစ်စေရန် ဆောင်ရွက်ပေးမည်ဟု ပြောဆိုမှုများ မကြာခဏ ရှိခဲ့သော်လည်း လက်ရှိအချိန်အထိတွင်မူ ပြည်တွင်း၏ မိုဘိုင်းဖုန်းကဏ္ဍ၊ အင်တာနက် ဆက်သွယ်မှု ကဏ္ဍများသည် အခြေခံလူတန်းစား အားလုံးနှင့် တထပ်တည်း မကျသေးဟု ပြည်တွင်း၊ ပြည်ပရှိ ကွန်ပျူတာ ပညာရှင်တချို့က သုံးသပ် ပြောကြားသည်။

http://burma.irrawaddy.org/archives/27699

အစိုးရ၏ ပန်ဝါ စစ်ဆင် ရေးအား KIA တန်ပြန် တိုက်ခိုက်

အစိုးရ၏ ပန်ဝါ ဒေသ ဗျူဟာမြောက် စစ်ဆင် ရေးများကို ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) က တန်ပြန် တိုက်ခိုက် နေပြီ ဖြစ်ကြောင်း ပြောခွင့်ရသူ ဦးလနန်က ဆိုသည်။


“ပထမတော့ ဗျူဟာမှုး အဆင့်နဲ့ ကျနော် တပ်ဖွဲ့ကို တိုက်ခိုက်တယ်။ သူတို့ဘက်က ကျဆုံးမှုတွေ များလာတော့ တပ်မမှူး ကိုယ်တိုင်က ပန်ဝါကို လာပြီး ဦးစီး ကွပ်ကဲ ရတဲ့ အထိ ဖြစ်လာတယ်။ ဒါလဲ သူတို့ ဘက်က အကျအဆုံး များနေပြန်တော့ အရင် က တပ်မ (၈၈)မှာ တပ်မမှူး လုပ်ခဲ့ ဖူးတဲ့ အခု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ကိုယ်တိုင် ရှေ့တန်း လာပြီး စစ်ဆင် ရေးကို ကြီးကြပ် ရတဲ့ အခြေ အနေကို ရောက်လာ တယ်လို့ သိရပါတယ်။” ဟု ဆိုသည်။

ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ကလည်း အစိုးရတပ်ဖွဲ့ဘက်က ရှရှားလုပ် MI-24 ရဟတ်ယာဉ် (၂) စင်းနှင့် ဝေဟင် မှမြေပြင်ပစ်ဒုံးများဖြင့် KIA တပ်စခန်းများရှိရာကို မကြာမကြာ လိုက်လံ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။

အစိုးရ တပ်များက ဒီဇင်ဘာ လဆန်းက စပြီး KIA ပန်ဝါ စခန်းကို စတင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သော်လည်း အစိုးရဖက်မှ အကျအဆုံးများနေကြောင်း သိရပြီး လတ်တလော တိုက်ပွဲ များတွင် အစိုးရ ဖက်မှ (၆၀) ခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာ ရဖွယ် ရှိသဖြင့် ရဟတ်ယာဉ် များကို အသုံးပြုလာခြင်းဖြစ်နိုင်ကြောင်း ဦးလနန်က ဆိုသည်။

“ပန်ဝါ ဒေသမှာ တိုက်ပွဲ ကတော့ နေ့တိုင်း ဖြစ်တယ်။ တစ်နေကုန် ဖြစ်နေ တတ်တယ်။ ဒီနေ့ မနက် မှာလည်း တိုက်ပွဲကြားက M1-24 ရဟတ် ယာဉ် (၂) စင်းနဲ့ ကျနော်တို့ စခန်းကို လာပစ်တယ်။ ကျနော်တို့ ဘက်ကလဲ သူတို့ တပ်စခန်း တွေကို စတင် ပြန်တိုက် လာတော့ တိုက်ပွဲ တွေက ပိုပြီး ပြင်းထန် လာတယ်လို့ ပြောရ မှာပါ” ဟု ဦးလနန်က ဆိုသည်။

အစိုးရ၏ ပန်ဝါစစ်ဆင်ရေးသည် KIA ကို အပိုင်းလိုက် ချေမှုန်းရန် အစိတ်အပိုင်း တရပ် ဖြစ်သော်လည်း အစိုးရတပ်များ စစ်ရေးစွမ်းရည် ကျဆင်းလာသဖြင့် တိုင်းမှူးကိုယ်တိုင် ရှေ့တန်းသို့ လာရောက်ကွပ်ကဲရကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။ ဆိုသည်။ သို့သော် အစိုးရ တပ်များတွင် စစ်ရေး စွမ်းရည် ကျဆင်းပြီး တိုက်ခိုက် မှုများ လျှော့ရဲ လာသဖြင့် တိုင်းမှူးအဆင့် အထိ ရှေ့တန်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

ဒီကပါ။

ကြေးနီတောင်စီမံကိန်း နောက်ဆက်တွဲ သတင်း ---- အမေရိကန် ဂီတပညာရှင် ဖွင့်ချရေးသားထားခြင်း

ကြီးမားလှတဲ့ ကြေးနီစီမံကိန်းဟာ ၁၉၉၈ မှာ ကနေဒါ ကုမ္ပဏီဖြစ်တဲ့ အိုင်ဗင်ဟိုက စတင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ နိုင်ငံတကာ သတ္တုတွင်းကုမ္ပဏီဖြစ်ပြီး ကြေးနီ၊ ရွှေနဲ့ ကျောက်မီးသွေးတွေကို အာရှပစိဖိတ်ဒေသမှာ တူးဖော်ပါတယ်။ အိုင်ဗင်ဟိုနဲ့ မြန်မာအစိုးရသတ္တုတွင်းဌာနက ၅၀% စီ စပ်တူလုပ်ခဲ့ကြပါတယ်။

၂၀၁၂၊ သြဂုတ်လမှာ အိုင်ဗင်ဟိုက တာကွိုက်ဟေး သံယံဇာတများ ဆိုတဲ့နာမည်ကို ပြောင်း လိုက်ပါတယ်။ အမှုဆောင်အရာရှိချုပ် ရောဘတ်ဖရိုင်းလန်း က ဧပြီလ ၂၀၁၂ မှာ နှုတ်ထွက် သွားခဲ့ပါတယ်။ ( ဂျာမန်ဘာသာစကားမှာ ဖရိုင်းလန်း ဆိုတာ ငြိမ်းချမ်းသော နယ်မြေ လို့ အဓိပ္ပါယ်ရပါတယ်။ )

လတ်တလောဖြစ်စဉ် သတ္တုတွင်းကရတဲ့ ၀င်ငွေဟာ စစ်အစိုးရရဲ့ တရားဝင်အများဆုံးရတဲ့ငွေပါပဲ။ အိုင်ဗင်ဟိုနဲ့ အခြား ကနေဒါကုမ္ပဏီတွေဟာလည်း အမေရိကန်တားမြစ်နေပေမယ့် နှစ်ပေါင်းများစွာ ၀င်ငွေသောက်သောက်လဲ ရခဲ့ပါတယ်။ သူတို့ဟာ တခြားလုပ်ငန်းတွေကိုလည်း မြန်မာနိုင်ငံမှာ လုပ်ကိုင်နေပါတယ်။ ( ခင်ဗျားတို့ လက်ညှိုးထိုးချင်နေမယ့် Unocal/ Chevron ကုမ္ပဏီကို စီမံကိန်းအသစ်တွေ၊ ရှိရင်းစွဲလုပ်ငန်းကို တိုးချဲ့ခွင့်တွေ လုပ်ခွင့်မပေးပါဘူး။ လက်ရှိကတော့ တရုတ်နဲ့ ထိုင်းက အသေအလဲလိုချင်နေတဲ့ ပိုက်လိုင်းတခုပဲလုပ်နေတာပါ။ Chevron သာထွက်သွားမယ်ဆိုရင်လည်း ငွေတွေနဲ့ ဓါတ်ငွေ့တွေကတော့ ကုမ္ပဏီအသစ်လက်ထဲမှာ စီးမြဲစီးနေမှာပါပဲ။ Chevron ရဲ့ မြန်မာပြည်တွင်းမြှပ်နှံမှုက ၂-၃% လောက်ရှိပါတယ်။ )

၂၀၀၇ ခုနှစ်မှာ ကနေဒါနိုင်ငံက ပိတ်ဆို့မှုတွေလုပ်ဖို့ သဘောတူလိုက်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ၂၀၀၇ ခုနှစ်အစောပိုင်းမှာ အိုင်ဗင်ဟိုက မြန်မာပြည်ကလုံးဝထွက်သွားပါပြီလို့ ကြေငြာခဲ့ပါတယ်။ သူ့လုပ်ငန်းတွေကိုလည်း အမည်မဖော်တဲ့ တတိယအုပ်စုကိုလွှဲပြောင်းလိုက်ပြီး ငွေစာရင်းရှင်းတမ်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို လျို့ဝှက်ထားခဲ့ပါတယ်။

အိုင်ဗင်ဟိုက တရုတ်ကုမ္ပဏီ ၃ ခုနဲ့ ဈေးဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) ကိုသာရောင်းရမယ်လို့ ဆိုပါတယ်။ ပြီးတော့ အိုင်ဗင်ဟိုက မြန်မာအစိုးရကို အခွန်တွေအများကြီးဆောင်ရပါမယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ ပိတ်ဆို့မှုတွေကတင်းကျပ်လာပြီး ပြသနာတွေများလာတော့မှာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်မှုအတွက် ကုန်ကျစားရိတ်တွေကြီးမြင့်လာတော့မှာတွေကြောင့် အိုင်ဗင်ဟိုက အရမ်းကိုထွက်သွားချင်နေပါပြီ။ အိုင်ဗင်ဟိုနဲ့ သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) တို့ဟာ ဈေးနှိမ်ပြီး ဒေါ်လာသန်း၁၀၀ နဲ့ စာချုပ်ချုပ်ကြပါတယ်။ စစ်အစိုးရက အပေါ်စီးနဲ့ပါ။ ပြီးတော့ သတ္တုတွင်းဌာနက ပေးစရာပိုက်ဆံမရှိဘူးလို့ပြောပါလေရော။ တကယ်က သတ္တုတွင်းဌာနက အိုင်ဗင်ဟိုရှယ်ယာအားလုံးကိုယူပြီး တရုတ်ကိုရောင်းချင်တာပါ။ ဒီရှူပ်ထွေးပွေလီပြီး မယုံကြည်ရတဲ့အခြေအနေမှာ( ဦးသန်းရွှေသမီးနဲ့လက်ထပ်ထားတဲ့) ဦးတေဇကို တရုတ်တွေနဲ့ ပွဲစားလုပ်ပေးဖို့ ပြောပါတယ်။ တရုတ်တွေက ဒေါ်လာသန်း ၂၅၀ ပေးဖို့သဘောတူပါတယ်။ ဦးတေဇက ဒေါ်လာသန်း၅၀ ပွဲစားခရပါတယ်။

( တကယ်တော့ ဦးတေဇရဲ့ လက်ထောက်၊ ပုဂံလေကြောင်းလိုင်း ဒုဥက္ကဌ လုလု ကသာ အများဆုံးလုပ်သွားတာပါ။ လုလုဟာ ကောက်ကျစ်စဉ်းလဲတဲ့ စီးပွားရေးသမားဖြစ်ပြီး တရုတ်စကားပြောကျွမ်းကျင်ပါတယ်။ တခါတလေမှာ သူ့ဆီက ဦးတေဇကသင်သွားတာပါလို့ ထုတ်ကြွားတတ်ပါတယ်။ )

တရုတ်တွေကကော၊ မြန်မာတွေကပါ သဘောတူထားတာထက်ပိုရချင်ကြတော့ ၂၀၁၁ အထိကြာသွားပါတယ်။ ဒီနောက်မှာတော့ မုံရွာကြေးနီစီမံကိန်းဟာ ၀မ်ပေါင်နဲ့ (၀မ်ပေါင်က နော်ရင်ကို လက်နက်ကုမ္ပဏီကြီးရဲ့ လက်အောက်ခံပါ။) မြန်မာဦးပိုင် က ပိုင်သွားတယ်လို့ဆိုပါတယ်။

အမေရိကန်သံရုံးက အိုင်ဗင်ဟိုကို အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ အိုင်ဗင်ဟိုဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပိတ်ဆို့မှုတွေကို အာခံခဲ့ပြီး ၂၀၀၇ မှာ ရုတ်သိမ်းခဲ့တယ်လို့ လိမ်ပြီးကြေငြာခဲ့တာ ပေါ်လာပါပြီ။ သက်သေအထောက်အထားတွေ အမေရိကန်သံရုံးမှာ ရှိပါတယ်။ အိုင်ဗင်ဟိုက လဘ်ထိုးမှုတွေ၊ အပေးအယူတွေကို ဖုံးကွယ်မှုတွေနဲ့ တားမြစ်ချက်တွေကို အနှောင့်အယှက်ပေးခဲ့ပါတယ်။

သတ္တုတွင်းနေရာ

မုံရွာကြေးနီတွင်းဟာ တွင်းဟောင်းလောင်းကြီးပါ။ ဒါဟာသစ်ပင်တွေ၊ စိုက်ပျိုးပင်တွေကို ပျက်စီးမှုအများဆုံး သတ္တုတွင်းတူးနည်းပါပဲ။

အဲဒီဒေသမှာ ရေစီးဆင်းမှုနဲ့ မြေပြင်ဟာပျက်စီးသွားပါတယ်။ ဒီတွင်းဟောင်းကြီးကလည်း အနာဂတ်မှာ ပြန်သုံးလို့မရတော့ပါဘူး။ ၂၀၀၆ ခုနှစ်က အဲဒီနေရာကို ကျွန်တော်ရောက်ဖူးပါတယ်။ မန္တလေးကနေတဆင့် စစ်ကိုင်းနားမှာ ဧရာဝတီမြစ်ကို ဖြတ်ပြီး မုံရွာကို တော်တော်ကြာအောင်သွားရပါတယ်။ မုံရွာကနေတဆင့် ချင်းတွင်းမြစ်ကိုဖြတ်ပြီး ကွင်းပြောင်ကြီးကို တော်တော်ဖြတ်ရပါသေးတယ်။ သစ်ပင်လုံးဝမရှိ၊ ရေအိုင်အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အနက်ရောင်ရေတွေနဲ့ သိပ်ဆင်းရဲတဲ့ အိမ်လေးတွေမှာ ကလေးတွေက အဆိပ်ရေအိုင်တွေနားမှာပဲ ကစားနေကြပါတယ်။ ဓါတ်ပုံတော့ရိုက်လို့မရခဲ့ပါဘူး။ အဲဒီနားမှာ ရဲတွေရှိနေပြီး ကျွန်တော်တို့ကို စောင့်ကြည့်နေကြပါတယ်။ အိုင်ဗင်ဟိုက ဒီလိုပျက်စီးမှုတွေကနေ ထွက်ပြေးသွားပြီး နောက်ဆက်တွဲ တရားရင်ဆိုင်ရမယ့်အဖြစ်ကနေ ရှောင်သွားတယ်ဆိုတာ ရှင်းနေတာပါပဲ။

တရုတ်တွေတူးမယ့်နေရာက လက်ပံတောင်းတောင်လို့ခေါ်ပြီး အခု ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ဖြစ်နေတဲ့နေရာပါ။

ဦးနေ၀င်းနှင့် မြေယာပိုင်ဆိုင်မှုမူဝါဒ

၁၉၆၂ ဦးနေ၀င်းအာဏာသိမ်းတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး မြေယာအားလုံးနဲ့ စက်ရုံတွေကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ဒါကြောင့် အစိုးရက မြေရှင်ဖြစ်ပြီး ပြည်သူနည်းနည်းကပဲ ဘိုးဘွားပိုင်အထောက်အထားတွေရှိကြပါတယ်။

၁၉၉၀ ဦးခင်ညွန့်လက်ထက်မှာ စစ်အာဏာရှင်တွေက မြေယာဧကပေါင်းတော်တော်များများကို သူတို့နဲ့အဆက်အသွယ်ရှိတဲ့ ကုမ္ပဏီကြီးတွေ၊ အာဏာရှင် မိသားစုနဲ့ဆွေမျိုးတွေ၊ ခရိုနီ ဦးတေဇ နဲ့ စတီဗင်လော တို့လို စီးပွားရေးသမားတွေကို ရောင်းချခဲ့ပါတယ်။ အများအားဖြင့် လယ်သမားတွေက ဒါကို မသိကြပါဘူး။ နေရာအတော်များများမှာ လယ်မြေတွေက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် လယ်သမားတွေက စိုက်ပျိုးမြဲ စိုက်ပျိုးနေကြပါတယ်။ စူပါသူဌေးတွေက ပေါချောင်ကောင်းရထားပြီး အခွန်လည်း မပေးကြပါဘူး။

အခု ရင်းနှီးမြှပ်နှံသူတွေလည်းလာရော အဲဒီလို အာဏာ၊လုပ်ပိုင်ခွင့်တွေသုံးပြီး၊ အကျင့်ပျက်ပြီး ရထားတဲ့ ပိုင်ရှင်တွေက ရွာသားတွေကို ဖယ်ခိုင်းကြပါတယ်။ ကိုယ်ချင်းလည်းမစာ၊ ထိုက်သင့်တဲ့လျော်ကြေးလည်း မပေးတဲ့အပြင် အာဏာရှင်ဟောင်း ဒါမှမဟုတ် အာဏာရှင်စိတ်မပျောက်သေးတဲ့ လက်ရှိအစိုးရအဖွဲ့နဲ့ပေါင်းပြီး ဒီလိုအလွဲသုံးစားလုပ်ထားတာကို ရှက်လည်းမရှက်ကြပါဘူး။

မည်သူ့တွင် တာဝန်ရှိသနည်း

ရှင်းရှင်းပြောရရင်တော့ ကြေးနီစီမံကိန်းသပိတ်စခန်းကို ဖြိုခွင်းဖို့ အမိန့်ပေးတာ သမ္မတဦးသိန်းစိန်လည်းမဟုတ်၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ အစိုးရအဖွဲ့ဝင်တွေလည်း မဟုတ်ဘူး။ အဖြစ်နိုင်ဆုံးကတော့ တရုတ်ပိုင်ရှင်တွေ(ဒါမှမဟုတ်) မန်နေဂျာတွေ(ဒါမှမဟုတ်) ရင်းနှီးမြှပ်နှံသူတွေ က ဒေသခံရဲတပ်ဖွဲ့နဲ့ စစ်တပ်အရာရှိတွေကို လာဘ်ထိုးပြီး ဆန္ဒပြတာတွေကို ရပ်ခိုင်းတာပဲ။ အဲဒီနေရာက ရန်ကုန်၊မန္တလေး၊နေပြည်တော်ကနေ အဝေးကြီး။ အရမ်းဆင်းရဲတယ်။ ခြောက်သွေ့တယ်။ အနားမှာဘယ်သူမှ မသိခင် လုပ်လိုက်လို့ရတယ်လို့ တွေးလိုက်တာထင်တယ်။

အမိန့်ပေးခဲ့တဲ့ ကိုယ်တိုင်ကျုးလွန်ခဲ့တဲ့လူတွေ တရားဥပဒေအတိုင်း ရင်ဆိုင်ရမယ်။

အိုင်ဗင်ဟို၊ သတ္တုတွင်းဝန်ကြီးဌာန (၁) နဲ့ တရုတ်ကုမ္ပဏီတွေကလည်း သူတို့လုပ်ခဲ့တာတွေက သဘာဝပတ်ဝန်းကျင်၊ ဒေသခံလူထုနဲ့ တိုင်းပြည်ပုံရိပ်တွေကို ပျက်စီးစေခဲ့တာမို့ တာဝန်ယူရမယ်။

ဒါ့အပြင် ရောဘတ်ဖရိင်းလန်းကလည်း အများကြီး ရထားတာတွေကို ပြန်သုံးပြီး လက်ပံတောင်းဒေသကို သူ့နာမည်အတိုင်း ငြိမ်းချမ်းသောနယ်မြေဖြစ်အောင် ကြိုးစားသင့်တာပေါ့။