Wednesday, December 5, 2012
အမှောင်ကို အသုံးချကာ ချစ်တင်းနှော နေကြသူများ
မန္တလေးမြို့၏ အထင်ကရ နေရာများ ထဲတွင် သုဓမ္မာ ဇရပ်တန်း တွေ သည်လည်း ပါဝင် ပေသည်။ သမိုင်းဝင် အမွေ အနှစ်များ ဖြစ်သောကြောင့် နို င်ငံတော်မှ ပြုပြင် ထိန်းသိမ်း ခဲ့ကြသည်။ နိုင်ငံခြားခရီးသွားများသည်လည်းထိုနေရာသို့လာရောက်၍ လေ့လာနေသည် ကိုလည်း တွေ့မြင်နေကြရသည်။ နန်းမြို့ကြီးနှင့် ကျုံး၊ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ မန္တလေးတောင်တို့ဖြင့် သုဓမ္မဇ ရပ်တန်းသည် အလွန် ပနံသင့် လှပေသည်။
ယခုအခါ ထိုနေရာတွင် အအေးဆိုင်များ၏ကြီစိုးရာဇုန်တစ်ခုလို ဖြစ်နေသည်။ သက်ဆိုင်ရာမှလည်း မျက်ကွယ်ပြုထားသည်ဟုထင် သည်။ အများသူငါ၏ ထမင်းလုတ်ကို ပုတ်ခြင်းမျိုး မဟုတ်ပေ။ အရှိန်အဟုန်မြင့်ဖွံ့ဖြိုးတိုးတက်လာသောအချိန်တွင်အမျိုးသားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရန်မှာနိုင်ငံသူနိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။
ရိုးရိုးသားသားဖြင့် မိသားစု ဝမ်းရေးကို ဈေးရောင်း၍ ဖြေရှင်းနေကြသည်ကို ဂုဏ်ယူမိပါသည်။ ရိုးရိုးသားသားဖွင့်လှစ် ရောင်းချနေလျှင် သုဓမ္မဇရပ်များနှင့် အအေးဆိုင်များမှာ အလွန် ပင်နှစ်လိုဖွယ်ဖြစ် သည်။ အခုတော့ ခြုံတွေကြားမှာ ထီးတိုင်ပုတွေနှင့် ကာရံထားကြပြီး အတွဲများသီးသန့် ထိုင်ရန် ပြုလုပ်မြူဆွယ်၍ ရောင်းချနေခြင်းမျိုးမှာ မဖြစ်သင့်ပေ။ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဗုဒ္ဓအမွေအနှစ်များ ထွန်းကားရာ နေရာတွင် ဤသို့သောအမြင်မတင့်စရာများ မရှိသင့်ဘူးဟု ထင်သည်။
မန္တလေးမြို့တော်သူမြို့တော်သားများသည်လည်း မြင်တွေ့ကြ ရမည်မှာမလွဲပေ။ အထူးသဖြင့် မြောက်ပြင်တွင်နေထိုင်ကြသူများ ပို၍ပင်မြင်တွေ့ကြရပေမည်။ ညမှောင်ရိပ်လေးသမ်းလာလိုက်သည်နှင့် သမီးရည်းစားအတွဲများသည် အလျှိုလျှိုအဖြိုင်ဖြိုင် လာရောက် နေထိုင်ကြပေတော့သည်။ ရိုးရိုးအတွဲရော၊ဆန်းဆန်းအတွဲရော အလွယ်တကူပင်ကူးလူး နေကြတော့သည်။ ည(၁၀)နာရီရောက်သည့် တိုင်အမှောင်ထုထဲတွင်အအေးသောက် နေကြသည်။ လူများကိုတော့မတွေ့ရ။ ရပ်ထားသည့်ဆိုင်ကယ်နှင့် စက်ဘီးတစ်ချို့သာမြင်တွေ့ နေကြရသည်။
ပို၍ဆိုးသည်ကမီးထွန်း မထားခြင်းပင်။ ဝန်ဆောင်မှုများမှာလည်းအလွန်ကောင်းသည်။ ခြင်ဆေးခွေများထွန်းပေးထား သောကြောင့်ဖြစ်သည်။
အသိမကြွယ်၊ စမ်းသပ်ချင်သောအရွယ်များသည်ထိုနေရာကို စမ်းသပ်ကွင်းတစ်ခုနှယ် အသုံးချနေကြသည်။ မိဘအများစုသည်လည်း သားသမီးများကျုံးဘေးအအေးသောက်သွားမည် ဆိုလျှင်ယုံကြည်စိတ်ချလွှတ်တတ်ကြသည်။ သို့ပေမယ့် သုဓမ္မဇရပ်တန်းကို မကျော်နိုင်ကြပေ။
ငယ်ရွယ်သူတွေကိုအမှားထဲဇွတ်တိုးဝင်စေရန် သုဓမ္မဇရပ်တန်းကိုအမှီပြုပြီး အအေးဆိုင်များဖွင့်လှစ်နေကြသူများက ကာဗာပေးပြီးတွန်းပို့ သလိုဖြစ်နေတော့ မိဘများမှာသောကမီးတွေ ဝေနေကြရတော့သည်။ အမျိုးဂုဏ် နှင့်ယဉ်ကျေးမှု အမွေကို ဖျက်ပြီး နိုင်ငံ၏ မျက်နှာကို အိုးမဲ သုတ်နေသလို ခံစားနေကြရသည်။နိုင်ငံတကာမှလေ့လာသူများ အများဆုံး ဝင်ထွက် သွားလာရာတွင် ဟန်ပြပြီးမဖွယ်မရာ ရောင်းချနေသော အအေးဆိုင်များ ဖယ်ရှားရှင်းလင်းပြီး စနစ်တကျအချိန်သတ်မှတ်ကာ မီးများ လင်းထိန်စွာ ထွန်းပြီးရောင်းချနိုင်လျှင်မိသားစု ဝမ်းရေးမခက်ခဲဘဲနှင့်မန္တလေး သည်လည်းမန္တလေးပင်ဖြစ်လာပေလိမ့်မည်။
From: အောင်ကိုဦး
Myanmar Daily Star Group
http://mmdailystar.blogspot.com/2012/12/blog-post_2050.html
ရေနဲ့ မောင်းမယ့် ကားကြီး Mercedes-Benz Ener-G-Force
ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။
တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆို တော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို မောင်းပေးမှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။
ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှုလိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။
Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
ColayOnline:Automobile
Photo: -- Ref: autoblog Photo courtesy of autoblog. All Rights Reserved. ColayOnline:Automobile
Myanmar Express

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ သူရဦးအေးမြင့် ၀က်လက်မြို့နယ်အတွင်းမှ ငလျင်ဒဏ် ခံကျေးရွာများသို့ သွားရောက် ကြည့်ရှု စစ်ဆေး ပြီး ထောက်ပံ့လှူဒါန်းငွေများပေးအပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် သည် နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက် (၇း၀၀)တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ၀က်လက်မြို့နယ် ငလျင်ဒဏ်ခံ သစ်ဆိမ့်ကြီးကျေးရွာ၊ ငါးဘတ်ချောင်းကျေးရွာ၊ ရေလယ်မှော်ကျေးရွာ၊ ကမ်းဖြူကျေးရွာ၊ ရှိမ္မကားကျေးရွာ၊ အင်ဒေါင်းကျေးရွာ၊ ဖိုးဝင်းတပ်ကျေးရွာနှင့် ရုန်းပင် ကုန်းကျေးရွာများသို့ရောက်ရှိ၍ ကျေးလက်လူထုများအား တွေ့ဆုံ အားပေး စကားပြောကြားပြီး ပြိုကျပျက်စီးနေသော စေတီတော်များ၊ သာသနိက အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းများနှင့် လူနေအဆောက်အဦများကို ကြည့်ရှု စစ်ဆေးပြီး ဘိလပ်မြေ (၈၂၀) အိတ်နှင့် လှူဒါန်းငွေကျပ် (၆၁.၁) သိန်း တိတိကိုလှူဒါန်းကာ ဟန်လင်းစံပြကျေးရွာ အလယ်ရှိ ပြိုကျပျက် စီးနေသော ရွှေတင့်ဒင်စေတီတော်မြတ်ကြီးအား ငှက်ပျောဖူးတော်နှင့် ရွှေ ထီးတော် တင်လှူရန် အလှူဒါယကာအဖြစ် ခံယူဆောင်ရွက်သည်။
အဆိုပါ ကျေးလက်လူထုတွေ့ဆုံပွဲနှင့်လှူဒါန်းပွဲများသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး /ရွှေဘိုခရိုင်/၀က်လက်မြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာန ဆိုင်ရာများ၊ ကျေးလက်ပြည်သူများ တက်ရောက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ၀က်လက်မြို့နယ်နှင့် စစ်ကိုင်းခရိုင် စစ်ကိုင်း မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ခံကျေးရွာများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်နှင့် သက်ဆိုင်ရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များမှ ဦးဆောင်ပါဝင်လှုပ်ရှား နေကြကြောင်း သတင်း ရရှိပါသည်။
Myanmar Express
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်မှ
သစ်ဆိမ့်ကျေးရွာ ငလျင်ဒဏ်ခံကျောင်း ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ(၁၀)သိန်း ပေးအပ်စဉ်

ငါးဘတ်ချောင်းကျေးရွာ ငလျင်ဒဏ်ခံ ဒေါ်သောင်း၏နာရေးကိစ္စထောက်ပံ့ငွေ(၁)သိန်းပေးအပ်စဉ်
ငါးဘတ်ချောင်းကျေးရွာ ငလျင်ဒဏ်ခံ ဒေါ်သောင်း၏နာရေးကိစ္စထောက်ပံ့ငွေ(၁)သိန်းပေးအပ်စဉ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ၀က်လက်မြို့နယ်နှင့် စစ်ကိုင်းခရိုင် စစ်ကိုင်း မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ခံကျေးရွာများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်နှင့် သက်ဆိုင်ရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များမှ ဦးဆောင်ပါဝင်လှုပ်ရှား နေကြကြောင်း သတင်း ရရှိပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ(စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ)
သူရဦးအေးမြင့်မှ ရေလယ်မော်ကျေးရွာ ကျေးလက်ဆေးပေးခန်းပြုပြင်ရန် ကြည့်ရှုစစ်ဆေးစဉ်
သူရဦးအေးမြင့်မှ ရေလယ်မော်ကျေးရွာ ကျေးလက်ဆေးပေးခန်းပြုပြင်ရန် ကြည့်ရှုစစ်ဆေးစဉ်
Myanmar Express
မြန်မာ့ဆက်သွယ်ရေး၏ ကောင်းမှုကြောင့် မြန်မာ SIM ကဒ်များဖြင့် အာဆီယံ နိုင်ငံများတွင် အသုံးပြုနိုင်တော့မည်
ပြည်တွင်းမှာ အသုံးပြုလျက် ရှိနေတဲ့ မိုဘိုင်းဖုန်း များကို အာဆီယံ နိုင်ငံတွေ အတွင်း သယ်ယူ ပြောဆို နိုင်ခွင့်နဲ့ပတ်သက်ပြီး လာမယ့် ၂၀၁၃ ခုနှစ် ဧပြီ လကုန်ပိုင်း လောက်မှာ ရရှိအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာ အာဆီယံ နိုင်ငံများ အတွင်းရှိ ဖုန်းများ အားလုံးကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြု နေနိုင်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံ ၁၀ နိုင်ငံ သာမက တရုတ်၊ ကိုရီးယားနဲ့ ဂျပန် နိုင်ငံမှ ဖုန်းများ ကိုလည်း ပြည်တွင်းမှာ အသုံးပြု နေနိုင်ပြီဖြစ်တဲ့ အတွက် ပြည်တွင်းရှိ ဖုန်းများကိုပါ အခြား အာဆီယံ နိုင်ငံများ အတွင်း သယ်ဆောင်ပြီး အသုံးပြု နေနိုင်အောင် စီစဉ် ဆောင်ရွက် ရတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ပြည်တွင်း မှာလည်း မိုဘိုင်းလ် ဖုန်းတွေကို အများပြည်သူတွေ အများအပြား အသုံးပြု နိုင်အောင် စီစဉ် ဆောင်ရွက် လျက်ရှိတဲ့ အပြင် လာမယ့်နှစ် မှာလည်း မိုဘိုင်းလ်ဖုန်း စတင် တပ်ဆင်ခ တွေကို ဈေးနှုန်း ထပ်မံ လျှော့ချ ပေးသွားဖို့စီစဉ်ထားတယ် လို့လည်း သိရပါတယ်။
Myanmar Express