Monday, December 3, 2012

မြောက်ဦးမြို့ ပန်းဈီးမြောင်းသို့ လယ်ခင်းများကိုမီးရှို့ရန် ဘင်္ဂလီများဝင်ရောက်၊ သတင်းရရှိ၍ တားဆီးနိုင်လိုက်


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ရှိသည့် ပန်းဈီးမြောင်းသို့ ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်၊ ဗုဒ္ဓဟူးနေ့ ညနေ (၅) နာရီခန့် အချိန်တွင် ဘင်္ဂလီများ မီးရှို့ရန် ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

အဆိုပါကုလားများမှာ ယင်းသို့ မီးတိုက်ရန်လာကြခြင်းမှာ ပန်းဈီးမြောင်း တခွင်သည် ရခိုင်လူမျိုးများ လုပ်ကိုင်စားသောက် နေကြသည့် လယ်မြေ များ အများအပြားရှိပြီး ထိုလယ်ကွင်းများတွင် စပါးများ မှည့်နေပြီဖြစ် သဖြင့် စပါးခင်းများအား မီးရှို့ပစ်ရန် ဝင်ရောက်လာ ကြခြင်းဖြစ်ကြောင်း မြောက်ဦး မှ ဒေသခံတစ်ဦးက Arakan Review သို့ အတည်ပြု ပြောကြား သည်။

“ဒီမူဆလင်တွေ အခုလိုလာကြတာဟာ လယ်ကွင်းတွေကို မီးရှို့မလို့လာကြတာပါ။ အဲဒီပန်းဈီးမြောင်းတခွင်ဟာ ရခိုင်တွေ ပိုင်တဲ့ လယ်မြေတွေဆိုတော့ လာပြီး လုပ်ကြံတာပါပဲ။ လက်ထဲမှာလည်း မီးရှို့ဖို့အတွက် ဓာတ်ဆီပုလင်းတွေပါတယ်။ တုတ်ဓါးတွေနဲ့ လာကြတာ။ အနီးပတ်ဝန်းကျင်က လူတွေသိလိုက်တဲ့အတွက် ကာကွယ်နိုင်လိုက်ပါတယ်။ စပါးတွေကလည်း မှည့်ချိန်ဆိုတော့ မီးရှို့လိုက်ရင် အဲဒီတစ်ကွင်းလုံးက စပါးတစ်စေ့မှ ရမှာမဟုတ်ဘူး။ ကြိုတင်ကာကွယ်နိုင်လိုက်တဲ့အတွက် ကံကောင်းသွား တာပေါ့။” ဟု၎င်းဒေသခံကပြောသည်။

၎င်းအဖွဲ့တွင် မီးရှို့ရန်လာကြစဉ် မူဆလင်-ဘင်္ဂလီအယောက် (၃၀) လောက်ပါကြောင်းနှင့် ၄င်းတို့မှာ မြောက်ဦးမြို့ နယ် တောင်ပိုင်းမှ မူဆလင်များဖြစ်ကြပြီး ပန်းဈီးမြောင်းသို့ တောလမ်းမှ လာကြခြင်းဖြစ်သည်ဟု သတင်းရရှိုသည်။

ရခိုင်လူမျိုးများမှာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက် နေထိုင်သူ ဘင်္ဂလီများ၏ လာရောက်ရန်ပြုမှုကို ကြောက်ရွံ့နေကြရပြီး လယ်များတွင် ညအိပ်မနေရဲကြဘဲ အခက်အခဲနှင့် ကြုံ တွေ့နေကြကြောင်းသိရသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စု သရက်အုပ်ကျေးရွာ အနီးရှိ ရခိုင်လူမျိုးများ စိုက်ပျိုးထားသည့် လယ်များမှ မှည်နေသော စပါးများကို နိုဝင်ဘာလအတွင်းက ဘင်္ဂလီများဝင်ရောက် ရိတ်သိမ်းယူပြီး မမှည့်သေးသောစပါးခင်းများကို ဖျက်ဆီးပစ်လိုက် ကြကြောင်း သိရသည်။

ရခိုင်လူမျိုးများမှာ ဘင်္ဂလီကုလားများ၏ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာသော အကြံစဉ်များကို ခံစားနေကြရပြီး နေရေး ထိုင်ရေးနှင့် လုပ်ကိုင်စားသောက်ရေးများပါ အဆင်မပြေမှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ဒေသခံများကပြောသည်။

Myanmar Express

ခုနှစ်ရက်သားသမီးများအတွက် ( ၃.၁၂.၁၂ ) မှ ( ၉.၁၂.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

ပြည်တွင်းပြည်ပခရီးနှစ်မျိုးစလုံးသွားရတတ်ခြင်း၊ လုပ်ငန်းများတိုးချဲ့ရတတ်ခြင်း၊ စန်းအားကောင်းနေခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊ စီးပွားတက်နေခြင်း များဖြစ်နေတတ်သည်။ ကားဝင်ခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊ သားသမီးရခြင်းများဖြစ်တတ်သည်။ဋ္ဌ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ အလုပ်တွင်လက်အောက်ငယ်သားကောင်း များရောက်လာခြင်းဖြစ်တတ်သည်။အလုပ်နေရာသစ်ပြောင်းရန်ဖြစ်လာတတ်သည်။ ကောင်းသောပြောင်ခြင်းဖြစ်၏။

ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ အထူးသတိပြုပါ။ အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းပိုအားကောင်းနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၃ ၉ ၇ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

စက်ပစ္စည်းများဝင်ခြင်း၊ စာအုပ်စာပေပစ္စည်းများရခြင်း၊ အိုးပိုင်အိမိပိုင်ရခြင်း၊ အလုပ်တွင်စိတ်ညစ်စရာများကြုံတွေ့နေရတတ်ခြင်းများဖြစ်တတ်သည်။ လူမျိုးခြားကြောင့်စိတ်ညစ်နေရတတ်သည်။ လူလိမ်ခံရခြင်း၊ လူလုခံရခြင်းဖြစ်တတ်သည်။ မိန်းကလေးကိစ္စကြောင့်စိတ်အနှောင့်အယှက်များတွေ့နေရတတ်သည်။ ငွေများအကြောင်း မဲ့ကုန်နေတတ်သည်။ ငွေဝင်မည်။ သို့သော်လုပ်ငန်းတိုး ချဲ့ခြင်း၊ ငွေရင်းပြီးစီးပွားရှာခြင်းမလုပ်ပါနှင့်၊ ဆုံးရှုံးမှုများတတ်သည်။

ကျန်းမာရေး။ ခေါင်းမူးခေါင်းကိုက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်သည်။ သို့သော်လူလိမ်ဖြစ်တတ်သည်။
ယာတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား
အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၇ ၅ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားကိစ္စများလုပ်ရခြင်း၊ အမိနိုင်ငံအလည်ပြန်ရတတ်ခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ရွှေအပြောင်းအလဲလုပ်ရခြင်း၊ ရွှေထွက်တတ်ခြင်းများဖြစ်တတ်သည်။ ငွေရေးကြေးရေးအတွက်စိတ်သောကများနေတတ်ခြင်းဖြစ်တတ်သည်။ မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်း၊ သူတပါးကိုလည်းစိတ်တိုင်းမကျခြင်းများဖြစ်နေတတ်သည်။ စာရွက်စာတမ်းကိစ္စသတိထားပါ။ စာရင်းအင်းမှားတတ်သည်။ သူခိုးခိုးခံရတတ်သည်။ အပိုစိတ်များကြောင့်စိတ်ရှုပ်ရတတ်သည်။

ကျန်းမာရေး။ ယားနာပေါက်ခြင်း၊ အဖုအပိန့်လေးများပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားနေမကောင်းဖြစ်နေသောကြောင့်စိတ်ပူနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရား အုန်းနို့ကျောက်ကျောက်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၃ ၂ ၁ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ


နိုင်ငံခြားခရီးသွားရခြင်း၊ သို့မဟုတ်ပြည်တွင်းခရီးသွားရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ မြေ၀င်ခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ အမွေရစရာရှိကအမွေရခြင်း၊ ကြာသပတေးနံပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ စက်ပစ္စည်းအသစ်များဝင်မည်။ ငွေပျောက်တတ်သည်။ အလုပ်တွင် မိမိထက်အသက်ငယ်သူ၊ ကြီးသူနှစ်ဦးစလုံးကြောင့်စိတ်အနှောင့်အယှက်ဖြစ်တတ်သည်။ အလုပ်တွင်ခိုက်ရန်ဖြစ်တတ် ခြင်း၊ သွေထွက်သံယိုဖြစ်အောင်ထိဖြစ်တတ်သည်။ သည်းခံပြီးနေပါ။

ကျန်းမာရေး။ ဆီးကျင်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်တိုင်းမကျစရာများဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြာဇံကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၄ ၉ ၆ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ထီပေါက်တတ်ခြင်း၊ နိုင်ငံခြားခရီးသွားရခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊ လူမျိုးခြားများနှင့်စီးပွားတွဲဖက်လုပ်ကိုင်ရခြင်းဖြစ်တတ်သည်။ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းရခြင်းဖြစ်တတ်သည်။ အဆက်အသွယ်ပြတ်နေသော ဆွေမျိုးသားချင်းများနှင့်ပြန်လည်ဆက်သွယ်မှုရတတ်သည်။ လုပ်ငန်းများတိုးချဲ့ရန်ဖြစ်လာတတ်သည်။ တိုးချဲ့ပါအောင်မြင်မည့်အချိန်ဖြစ်နေသည်။ အလှူ၊ မင်္ဂလာလည်းပြုလုပ်ရတတ်သည်။ အလှူလုပ်ပြီးသော် စီးပွားပိုပြီးအောင်မြင်မည်။

ကျန်းမာရေး။ လေထိုးလေအောင့်ခြင်း၊ အစားမှားခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မင်္ဂလာဆောင်ရန်ပြင်ဆင်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခေါက်ဆွဲကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၁ ၁ ၁ )

သောကြာသားသမီးများ၏ကံကြမ္မာ

အခန်းအနေအထားပြုပြင်ခြင်းဖြစ်တတ်သည်။ အစားအသောက်များလက်ဆောင်ရခြင်း၊ မိမိကလည်းလူမူရေးကိစ္စများတခုပြီးတခုပေါ်လာခြင်းကြောင့် ငွေကုန်စရာများဆက်တိုက်ဖြစ်နေသည်။ မိမိစောင့်နေသောနိုင်ငံရပ်ခြားကိစ္စရပ်ဆိုင်းသလိုဖြစ်နေခြင်းကြောင့် စိတ်ညစ်နေရတတ်သည်။ စိတ်တိုင်းမကျဖြစ်နေတတ်သည်။ အလုပ်တွင်စိတ်ညစ်စရာမရှိဘဲပုံမှန်အတိုင်းဖြစ်နေသည်။ ငွေများစွာဝင်သည်။ ကုန်စရာလည်းကုန်နေရတတ်သည်။ မိမိသုံးနေသောလျှပ်စက်ပစ္စည်းပျက်နေတတ်သည်။

ကျန်းမာရေး။ လူကျန်းမာနေတတ်ပြီးစိတ်နေမကောင်းဖြစ်နေတတ်သည်။
အချစ်ရေး။ နှစ်ဦးတအိမ်တည်းအတူနေရာကအလုပ်ကြောင့်တနေရာစီခွဲခွာပြီးနေရရန်ဖြစ် လာသောကြောင့်စိတ်မကောင်းဖြစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၄ ၃ )

စနေသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ မြေ၀င်ခြင်း၊ စီပွားတက်နေခြင်း၊ အလုပ်သစ်လုပ်ရန်စီစဉ်နေခြင်း၊ မိဘများကိုပိုပြီးကျေးဇူးဆပ်ရခြင်းဖြစ်နေတတ်သည်။ အလုပ်တွင်လက်အောက်ငယ် သားကောင်းများရောက်လာတတ်ခြင်း၊ အရေးကြီးသောစာရောက်လာခြင်း၊ အင်တာဗြူးဖြေဆိုရခြင်း၊ သင်တန်းတက်ရန်ဖြစ်လာတတ်ခြင်းဖြစ်တတ်သည်။ ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ရွှေလက် ကောက်ဝင်ခြင်းဖြစ်တတ်သည်။ အစစအရာရာအဆင်ပြေနေတတ်သည်။

ကျန်းမာရေး။ အမျိုးသားများလေထိုးလေအောင့်ခြင်း၊ အမျိုးသမီးများမီးယပ်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ ဘ၀လက်တွဲဖေါ်ကောင်းနှင့်တွေ့ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခေါက်ဆွဲသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၃ ၄ ၉ )
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်-ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့် )
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- 016 6903 613 ,018 2250 510
E.mail:swezinwati@gmail.com