Friday, November 30, 2012

MPT ကိုလည်း ၁၅ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြအုံးမည်

ဂျာနယ် မျက်နှာဖုံးအဖြစ် ဖော်ပြသည့် သတင်း

လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မှ ခေတ်မီသည့် မြန်မာနိုင်ငံတွင် အင်တာ နက်ခ များ ပြောင်း လဲ ကောက် ခံ မည့်ကိစ္စနှင့် ပတ်သက်ပြီး MPT ကိုလည်း ဆန္ဒ္ဒဖော်ထုတ်အုံးမည့် အကြောင်း ပြည်တွင်း ဂျာနယ် တစ်ခု မျက်နှာ ဖုံးမှာ ကြော်ငြာထားခဲ့ပါသည်။ အဆိုပါ ဆန္ဒဖော် ထုတ်မည့် ကိစ္စအား စတင်ဦးဆောင် ခဲ့သူ မှာ နေမျိုး ဇင် ဆိုသူ ဖြစ်ပါသည်။

အဆိုပါ ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ MPT မှ ဒုတိယ အင်ဂျင်နီ ယာချုပ် ဦးစိုးအောင်က "ဆန္ဒပြချင် ပြပါစေ။ ပြပေါ့။ ပြန်ရှင်းရမှာ ကျွန်တော်တို့တာဝန်ပါ။100 KB နှစ် ကျပ်မှ မကြိုက်ဘူး ဆိုရင် Plan B, C တွေ ရှိတယ်။ Plan D,E အကုန်လုပ်ပေးမယ်ဗျာ" ဟု ပြန် လည်ပြောကြား ခဲ့ပါသည်။



နေမျိုးဇင် ဖြန့်ဝေသည့် ဗီဒီယိုဖိုင်

နေမျိုးဇင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည် ဆန္ဒဖော်ထတ်ုမှု ဖြန့်ဝေခြင်းမှာ -

ပြည်သူ့တို့ ဘက်မှ ကာကွယ်ရပ်တည်ပြီး ပြင်ဆင်လျော့ချပေးရန် နစ်နာဆုံးရှုံးသော နည်းပညာ သုံးစွဲသူ အပေါင်းက ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုကြမည်ဖြစ်ပါသည်။

လက်ရှိပြင်ဆင်လိုက်သော ဖုန်း အင်တာနက် အသုံးပြုခ ပြောင်းလဲ သတ်မှတ်ခြင်း ကို ပြည်သူ့ သက်သာချောင်ချိရေး အတွက် ပြန်လည်ပြင်ဆင်ပေးခြင်း မရှိပါက၊ ................

ဒီဇင်ဘာ ၁၅ ရက် ( စနေ) နေ့တွင် ရန်ကုန် မြန်မာ့ ဆက်သွယ်ရေး ရုံးချုပ် အရှေ့ ဆန္ဒဖေါ်ထုတ်ခြင်း အခမ်းအနားကြီး အား တရားဝင် ခွင့်ပြုချက် တောင်းဆိုကာ လူထု လှုပ်ရှားမှုကြီး တခု ဖေါ်ဆောင်မည်ဖြစ်ပါသည်။

ဆက်သွယ်ရေး စရိတ်စက ကြီးမြင့်မှုကြောင့် အခက်ကြုံ ကျပ်တည်းလာ

အဆိုပါ နည်းပညာ နှီပ်ကွပ် ဈေးမြင့်တင်မှု ၊ လူထုပေါ် ဖိစီးစေမှုနှင့် ပတ်သက်ပြီး ကန့်ကွက် လိုသူ မည်သည့် အဖွဲ့အစည်း နှင့် မဆို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ထုတ်ပြန် ကြေငြာပါသည်။

အင်တာနက် သုံးစွဲမှု နည်းပညာ ဖိနှိပ် ကန့်သတ် ဈေးမြင့်တင်ခြင်းအား ကန့်ကွက်သည့် လူထု အခမ်းအနားကြီး တရပ် ဆောင်ရွက်မည် ဖြစ်ပါသဖြင့် နည်းပညာဖြင့် နိုင်ငံကို မြင့်မားတိုးတက်စေလိုသူ အပေါင်းအား ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါသည် ။

နေမျိုးဇင်

0949328559
09450058276
msdn.myanmar@gmail.com
ညှိနှိုင်းဆောင်ရွက်သူ
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

http://www.oppositeyes.info/2012/11/mpt_30.html

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှု အဆင့်ဆင့် (ဖြစ်ရပ်မှန်)

နိုဝင်ဘာ ၂၇ ညနေ တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပတ်ဝန်းကျင်အား ပုဒ်မ ၁၄၄ ထုတ်ထားပြီးဖြစ်သဖြင့် ၂၀၁၂ ခုနှစ် ည ၁၂ နာရီ နောက်ဆုံးထားကာ သပိတ်စခန်းများဖြတ်သိမ်းရန် နှင့် လူစုများ ခွဲပေးရန် ပြည်ထဲရေးမှ အမိန့်ထုတ်ပြန်လိုက်သည်။ အကယ်၍ အမိန့်ကို မလိုက်နာပါက ဥပဒေအတိုင်း အဆင့်ဆင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။


နိုဝင်ဘာ ၂၇ ည သတင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာချက်အား မြန်မာ့ရုပ်မြင်သံကြား သတင်း၊ မြဝတီ သတင်း နှင့် သတင်းစာများတွင် လူထုတစ်ရပ်လုံး သိရှိစေရန် ကြေညာခဲ့သည်။




ပြည်ထဲရေးဝန်ကြီးဌာန အမိန့်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံး ဖျက်သိမ်းခိုင်းထားသော်လည်း ၂၇ ရက်နေ့ ည ၁၂ နာရီ ထိ ဆန္ဒပြသူ အားလုံး ဂရုမစိုက်ခဲ့ကြပါ။

နိုဝင်ဘာ ၂၇ ရက်နေ့ ညအချိန်တွင် ဆန္ဒပြသူများ စခန်းချရာ သပိတ်စခန်းများသို့ ရဲတပ်ဖွဲ့ခေါင်းဆောင် များမှ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်နှင့် ကြေညာချက်ကို အကြိမ်ကြိမ် အခေါက်ခေါက်အခါခါ ဖတ်ပြ ခဲ့သော်လည်း ဆန္ဒပြသူအားလုံး ဂရုမစိုက်ခဲ့ကြပါ။



နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁ နာရီ ချိန်ထိ ပြည်ထဲရေးဝန်ကြီးဌာနမှ ဆန္ဒပြသူများကို ဘာမှ မလုပ်ပဲ စောင့်ကြည့်ခဲ့ပြီး မဖယ်ရှားပါးက အခြေခံဥပဒေ အတိုင်း ကိမ်ကြိမ် အခေါက်အခေါက်အခါခါ သတိပေးသော်လည်း ဆန္ဒပြသူများအားလုံး လုံးဝ ဂရုမစိုက်ခဲ့ကြပါ။

နိုဝင်ဘာ ၂၈ ရက်နေ့ ညနေချိန်ထိ သပိတ်စခန်းအားလုံး ဖယ်ရှားပေးခြင်းမရှိသလို သပိတ်မှောက် သူအားလုံးကလည်း နားပိတ်နေခဲ့ကြသည်။

နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁၂ နာရီ အချိန်ထိ သပိတ်စခန်းများသည် ပုံမှန်လည်ပတ်နေပြီး ဖျက်သိမ်းခိုင်းထားသော အမိန့် ကို ၂၄ နာရီ ကြာအောင် မထီမဲ့မြင် ပြုခဲ့ကြသည်။


နိုးဝင်ဘာ ၂၉ ရက်နေ့ မနက် ၃ နာရီ ခန့်တွင် မီးသတ်ကားများဖြင့် လမ်းဘေး နှင့် လမ်းပေါ် တွင် အိပ်နေသည့် လူများနှင့် သံဃာများကို ရေဖြင့် ပန်းခဲ့သော်လည်း လူများသာ ထွက်ပြေးသွားကြပြီး သံဃာများမှာ အိပ်ချင်မူးတူးဖြင့် "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု ရွတ်ဆိုနေကြသည်။


သံဃာအချို့မှာ မီးသတ်ပိုက်နှင့် ထိုးတာကိုပင် အအိပ်မပျက်ပဲ စောင်ပြန်ခြုံကာ အိပ်နေခဲ့ကြသည်။ အချို့ကတော့ ကယောင်ကတမ်းဖြင့် "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု repeat ဖြင့် အော်နေခဲ့ကြသည်။

မီးသတ်ကားဖြင့် ၁ မိနစ်ခန့် ရေပန်းအပြီး တွင် ရဲတပ်ဖွဲ့မှ သပိတ်စခန်းအား စောင့်ကြည့်ခဲ့ရာ သံဃာအများစုမှာ တန်းစီကာ ထိုင်နေပြီး "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု ဆက်အော်နေကြပြန်သည်။ ထိုအချိန်ထိ အချို့သံဃာများမှာ အိပ်နေတုန်းဖြစ်သည်။ သတင်းထောက်များ၊ NLD ပါတီဝင်များနှင့် ကျောင်းသား ဆိုသူများမှာ ခွေးပြေးဝက်ပြေး ပြေးကြသဖြင့် တစ်ယောက်မျှပင် မရှိတော့ပေ။

ခေါင်းမာနေသော သံဃာများ၏ သပိတ်စခန်းသို့ ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ စတင်ပစ်ရာ သံဃာများက စောင့်ကြောင့်ထိုင်ပြီး ရဲတပ်ဖွဲ့များကို ငရဲကြီးစေလိုခြင်း အတွက် လက်အုပ်ချီကာ မေတ္တာပို့ရန်ပြင်ဆင်ခဲ့ကြသည်။

သပိတ်စခန်းများသည် ထန်းရွက်များဖြင့် ကာထားပြီး ပလက်စတစ် မိုးကာစ ဖြင့် မိုးထားရာ မီးခိုးဗုံး ကျချိန်တွင် ပလစတစ်စများမှာ အပူဒဏ်မခံနိုင်ပဲ အရည်ပျော်ကျကာ မီးလောင်ခဲ့သည်။ ထန်းရွက်ခြောက်များကြောင့် မီးအရှိန်မှာ တမဟုတ်ခြင်း ကြီးထွားလာပြီး သင်္ဃန်းများကို လောင်ခဲ့သည်။



မီးတောက်ကို တွေ့မြင်ချိန်တွင် ဆန္ဒပြသူ လူများက သံဃာတော်များအား နောက်ဆုတ် ကြရန် အော်ဟစ်သတိပေးကြသော်လည်း သံဃာများက ရေစိုနေသော် စောင်များဖြင့် ခန္ဓာကိုယ်အား ပတ်ထားလျှင် မီးမလောင်နိုင်ဟု ယူဆကာ ဆက်လက် ထိုင်နေခဲ့ကြသည်။


စောင်များနှင့် ရုံထားသော သင်္ဃန်းများကို မီးစလောင်တော့မှ ကြောက်ကြေက်လန့်လန့်ဖြင့် သင်္ဃန်းများကို ချွတ်ဖို့ ကြိုးစားချိန်တွင် အိပ်ယာထဲမှ ထပြီးပြီးချင်း ဖြစ်ကတက်စမ်း ကိုယ်တွင် ပတ်ထားသဖြင့် သင်္ဃန်းများက ချွတ်မရပဲ ဖြစ်ကာ ခန္ဓာကိုယ် မီလောင်ဒဏ်များရရှိကြရသည်။


သံဃာအချို့ မီးလောင်ချိန်တွင် ဘေးမှ သံဃာများက ကြောက်လန့်မှုများဖြစ်ကာ အချင်းချင်းမကူညီကြပဲ မီးလောင်နေသည့် တဲများကို ဖြတ်ကာ ထွက်ပြေးကြသဖြင့် မီးလောင်ဒဏ်ရာရ သံဃာအရေအတွက် ပိုမိုများပြားလာခြင်းဖြစ်သည်။

တစ်ရက် ကြိုတင် သတိပေးသည်။ ဂရုမစိုက်ပါ။
တီဗွီ၊ သတင်းစာ များတွင် သတိပေး ကြေငြာခဲ့သည်။ ဂရုမစိုက်ပါ။
အနီးအနားမှ Speaker ဖြင့်အော် ကာ မကြား၊ ကြားအောင် အော်ဟစ် သတိပေးသည်။ ဂရုမစိုက်ခဲ့ကြပါ။
မီးသတ်ပိုက်ဖြင့် ရေဖြန်း လူစုခွဲသည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
မီးခိုးဗုံးပစ်ကာ လူစုခွဲသည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
တဲတွေမီးလောင်ကုန်သည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
ခန္ဓာကိုယ် မီးစွဲကာ လောင်ကုန်သည်။ ဂရုမစိုက်လို့မရတော့ပါ။ ပြေးကြကုန်လေသည်။

ဘယ်ရဲတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်ကမှ ဝတ်ထားသော သင်္ဃန်းကို မီးတုတ်နှင့်သွားမရှို့ပါ။ မီးလောင်နေသော သပိတ်စခန်းများသည် ဝင်ရထွက်ရ ခက်ခဲသော် အလုံပိတ် အခန်းတွေမဟုတ်ပါ။ တံခါးတချပ်မှ မရှိသော ဟာလာ ဟင်းလင်း များသာဖြစ်သည်။ မီလောင် ဒဏ်ရာရသူများသည် အဘယ့်ကြောင့် ဒဏ်ရာရကြသနည်း?? မေးခွန်းထုတ်စရာဖြစ်သည်။


စကားပုံတစ်ခုကို သတိရမိသည်
"မည်သူမပြု မိမိမှု"

Myanmar Express

တရုတ်သို့ သစ်မှောင်ခိုတင်ပို့မှု အာဏာပိုင်များ လျစ်လျူရှု့နေ

ယခုနှစ် ပွင့်လင်းရာသီ စတင်ချိန်မှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ်နှင့် မဘိန်းနယ်တစ်ဝိုက်မှ သစ်မာများ ကို မန္တလေး - ဗန်းမော်ကားလမ်းမှ တဆင့် ဗန်းမော်မြို့ကို ဖြတ်၍ တရုတ်နယ်စပ် လွယ်ဂျယ်ဘက်သို့ တရားမဝင်တင်ပို့နေမှုများ ကျယ်ပြန့် စွာ ဖြစ်ပေါ်နေကြောင်း ဗန်းမော်မြို့ခံများ အဆိုအရ သိရသည် ။

သစ်တင်ကား

အောက်တိုဘာလပိုင်းကစ၍ သစ်တင်ပို့မှုများ စတင်ခဲ့ပြီး ယခုလ ၂၃ ရက်နေ့က သစ်ကားတန်း ဖြတ်သန်းမှုကြောင့် ဗန်းမော်မြို့ အဝင် ဟန်းတဲရွာ တံတားကျိုးကျခဲ့ရာ လူသေဆုံးမှုရှိခဲ့ပြီး ၄င်းဖြစ်စဉ်အပေါ် ဗန်းမော်မြို့ အာဏာပိုင်များက အမှုမှန်ဖေါ်ထုတ်ခြင်း မရှိပဲ ဖုံးကွယ်ထားကြောင်း ဗန်းမော်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မန်စီဘက်ကနေ ဗန်းမော်မြို့ထဲအဝင် ဟန်းတဲတံတားပေါ့။ အဲဒီနေ့ မနက် ၂ နာရီလောက်က သစ်ကား ၁၉ စီး ဖြတ်တယ်။ ကျန်တဲ့ကားတစ်စီးက ၄ နာရီလောက်မှာ ဖြတ်တယ်။ ကားက လမ်းချော်နင်းလိုက်တာ တံတားကျိုးပြီး အောက်ထဲကို လုံးဝ ကျသွားတယ်။ ကားစပါယ်ယာသေသွားတယ်။ တံတားကျိုးတော့ အခု အောက်လမ်းကနေသွားနေရတယ်” ဟု သူက ဆိုသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမော်မြို့ အာဏာပိုင်များက ပိုင်ရှင်မဲ့ပြုလုပ်ထားသည့် အပေါ် မြို့ခံဝန်ထမ်းနှင့် နီးစပ်သူ တစ်ဦးက “ကားပိုင်ရှင်ဘယ်သူလဲ ဆိုတာ တစ်မြို့လုံး သိနေတာပဲ။ ဒါပေမဲ့ ကားက ၀စ်သောက် ဆိုတော့ မော်တော်ယာဉ်ရုံးမှာတော့ တရားဝင်လိုင်စင် ဘယ်ရှာလို့ရမလဲ။ အခု ပိုင်ရှင်မဲ့ လုပ်ထားတယ်” ဟု ဆိုသည်။

ယခုကျိုးကျသည့် တံတားနေရာ၌ ဗန်းမော်မြို့နယ်ရဲစခန်းနှင့် အုပ်ချုပ်ရေး အာဏာပိုင်များက သစ်ကားသမား များထံမှ ကယ်ရီကြေးငွေ တောင်းယူနေသဖြင့် အဆိုပါသစ်ကား တိမ်းမှောက်၍ လူသေဆုံးမှုအပေါ် ဖုံးကွယ် ထားခြင်း ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

ယခုအခါ မန္တလေး - ဗန်းမော်လမ်းမှ တဆင့် တရုတ်ဘက် တရားမဝင်သစ်သယ်ယူမှုများ တွင်ကျယ်နေရာ ကားလမ်း တစ်လျှောက် သစ်ပုံများ ၊ ဈေးဆိုင်များဖြင့် ပွဲကဲ့သို့ စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ ကျွန်း ၊ သံမလမ်း ၊ ပိတောက် ကဲ့သို့သော သစ်မာ အမျိုးအစား များကို တရုတ်နယ်စပ်ဘက်သို့ တရားမဝင်တင်ပို့ ရောင်းချမှုများ ဆယ်စုနှစ် နှစ်စုခန့် ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ကချင်ပြည်နယ် အတွင်း၌ သစ်များ မရှိသလောက် ရှားပါးလာပြီး ယခုနှစ်တွင် သျှမ်းပြည် (မြောက်ပိုင်း) နှင့် မန္တလေးတိုင်း အတွင်းမှ သစ်များ သယ်ယူနေကြောင်း သိရသည်။

ဒီကပါ။

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်


ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် GSM ဖုန်းများတွင် အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီး အင်တာနက် အသုံးပြုရာတွင် နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် GSM ဖုန်းများတွင် 3G အင်တာနက် စနစ်ကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ပကုမ္ပဏီ ၃ ခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

''ZTE, Huawei နဲ့ Alcatel Shanghai Bell ကုမ္ပဏီတို့နဲ့ ပူးပေါင်း ထုတ်လုပ်သွားမှာပါ။ နိုဝင်ဘာလလယ်ကနေ လာမယ့်နှစ်လအတွင်း 3G GSM ဖုန်းလိုင်း တစ်သန်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေမှာ အင်တာနက်တွေ ပိုကောင်းလာမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိ ရောင်းချနေသော ၂ သိန်းတန် GSM ဖုန်းများကိုလည်း ငွေကျပ် ၁ သိန်းခွဲသို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ လျော့ချ ရောင်းချပေးရန် ရှိကြောင်း သိရှိရသည်။

''ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ဈေးချိုအောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလလောက်မှာ ရောင်းချမယ့် 3G GSM ဖုန်းတွေက ဈေးနှုန်း အနည်းဆုံး ၁ သိန်းခွဲလောက် ဖြစ်ပါမယ်'' ဟု ဦးဌေးဝင်းက ဆက်လက်ပြောကြားခဲ့သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ၀န်ဆောင်မှုများအတွက် တင်ဒါများ ခေါ်ယူထားကြောင်းသိရသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27953

တစ်နေ့လျှင် အချိုရည် တစ်ခွက် ပုံမှန် သောက်သုံးသည့် အမျိုးသားများ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ပို၍ မြင့်မားနိုင်


တစ်နေ့လျှင် အချိုရည် တစ်ခွက် ပုံမှန် သောက်သုံးသည့် အမျိုးသား များသည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ပို၍ မြင့်မား နိုင်ကြောင်း ဆွီဒင်နိုင်ငံ လန်းဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့ သင်တန်းတက်ရောက် နေသည့် ကျောင်းသူ တစ်ဦးဖြစ်သူ အစ္စဘဲလ် ဒရိတ်၏ ပြောကြားချက် အရသိရသည်။

ဆွီဒင် နိုင်ငံမှ အသက် ၄ ၅ နှစ်နှင့် ၇၃နှစ် အရွယ်ရှိ အမျိုးသား ၈ဝဝဝ ကျော်ကို ၁၅ နှစ်ကြာ လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ရာ သကြားများဖြင့် ထုတ်လုပ်ထားသော အချိုရည် များနှင့် အခြား ဖျော်ရည် များကို တစ်နေ့လျှင် ၃၃ဝ မီလီလီတာ ခန့် သောက်သုံးသော အမျိုးသားများ အနက် ၄ဝ ရာခိုင်နှုန်း သည် ဆီးကျိတ် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် တိုးမြင့် လာသည်ကို တွေ့ရှိ ရသည်။

ထမင်းနှင့် အီတလီ ခေါက်ဆွဲကဲ့သို့ အစားအစာ များကို များများ စားသုံး သည့် အမျိုးသား များသည် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ၃၁ ရာခိုင်နှုန်းခန့် ရှိပြီး သကြားဖြင့် ပြုလုပ် ထားသည့် နံနက်စာ စားသောက် ဖွယ်ရာ များကို များစွာ စားသုံးခြင်း သည်လည်း ဆီးကျိတ် ကင်ဆာ ဖြစ်ပွား မှု အန္တရာယ် ၃၈ ရာခိုင်နှုန်း မြင့်တက် စေနိုင်ကြောင်း ဒရိတ်က ၎င်း၏ လေ့လာ ဆန်းစစ်ချက် များတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လူပုဂ္ဂိုလ် တစ်ဦးသည် အချိုရည်များစွာ သောက်သုံးမှုကို လျှော့ချသင့်ကြောင်း ဒရိတ်က ပြောကြား ခဲ့သည်။ သို့သော်လည်း စားသောက်မှု ပုံစံမပြောင်းမီ နောက်ထပ် သုတေသန ပြုလုပ်ရန် လိုအပ် နေကြောင်း သိရသည်။

ဒီကပါ။

မိုဘိုင်းဖုန်းများ၏ အင်တာနက်နှုန်းထားများ ပြောင်းလဲတိုးမြှင့် ကောက်ခံမည့် သတင်း ပြည်သူများ ကန့်ကွက်

လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများ၏ အင်တာနက် နှုန်းထားများကို GSM ဖုန်းဆိုလျှင် တစ်မိနစ် ၂ ကျပ်နှုန်းနှင့် WCDMA နှင့် CDMA 800 MHz ဖုန်းများဆိုလျှင် တစ်မိနစ်ကို (per minute) ၄ ကျပ်နှုန်းဖြင့် ကောက်ခံနေရာမှ ယခုအခါ data usage plan အပေါ် အခြေခံ၍ ပြောင်းလဲကောက်ခံသွားမည်ဟု အင်တာနက် စာမျက်နှာများမှတစ်ဆင့် သတင်းများ ထွက်ပေါ်နေရာ ယင်းအပေါ် ပြည်သူများ အကြားတွင် ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း စစ်ကိုင်းတိုင်းဒေသကြီးမှ အတွင်းရေးမှူး ဦးဇော်သူရိန်ထွန်းက “လောလောဆယ်က သူတို့က ယာယီဈေးနှုန်းလို့တော့ ပြောထားတယ်ပေါ့။ ယာယီဈေးနှုန်း အရတော့ အတော့်ကို များပါတယ်။

India ၏ Airtel ဆက်သွယ်ရေးကုမ္ပဏီ၏ 3G အင်တာနက်ဈေးနှုန်းက 10GB ကို လစဉ်ကြေး ရူပီး ၁၅၀၀ ပေးရပါတယ်။ မြန်မာကျပ်ငွေ နှစ်သောင်းနှစ်ထောင်ဝန်းကျင် ကျသင့်ပါတယ်။ တွက်ချက်ကြည့်ရင် 1GB ကို နှစ်ထောင့်နှစ်ရာဝန်းကျင် ကျသင့်ပါတယ်။

အခု MPT က 2GB ကို ၇၀၀၀ ဆိုတော့ 10GB ဆိုရင် သုံးသောင်းခွဲတော့ ကျပါတယ်။ ဒါကလဲ အခုလေးတင် ပြောင်းသွားတဲ့ဈေးပါ။ အခု skynet ကနေ လွှင့်ပေးနေတာတော့ တွေ့ရပါတယ်။

လောလောဆယ်တော့ သုံးသပ်လို့မရဘူး ဖြစ်နေပါတယ်။ အရင်မိနစ်နဲ့ ကောက်တဲ့စနစ်နဲ့ တွက်ချက်ကြည့်ရင် 1MB ကို တစ်ကျပ်နှုန်းကောက်မှ အရင်နှုန်းနဲ့ တူမှာပါ” ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ www.myanmarmobileapp.com ၏ ဖေ့ဘုတ် စာမျက်နှာတွင် မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲသူ ပြည်သူများက ယင်းနှုန်းထားနှင့်သာ ကောက်ခံမည်ဆိုပါက ယင်းကို လက်မခံနိုင်ကြောင်း ဝင်ရောက်မှတ်ချက်ပြု ရေးသားထားကြသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27955

ကားတိမ်းမှောက်၍ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ် ၃ ဦး သေဆုံး


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် ကားတိမ်းမှောက်ရာမှ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ တရုတ် အမျိုးသား (၃) ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

နိုဝင်္ဘာလ ၂၈ ရက်ထုတ် ကြေးမုံ သတင်းစာ အရ သေဆုံးသွားသူများမှာ လာဒကီ (၄၂) နှစ်၊ မစ္စတာ ချိုင်ဂျော့လိုင် (၃၇) နှစ်နှင့် မစ္စတာ မာဖူး (၅၈) နှစ်တို့ ဖြစ်ကြသည်ဟု သိရသည်။

နိုဝင်္ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ရန်ကုန်မှ မန္တလေးသို့ ဒရိုင်ဘာ ဇော်မင်းချန် မောင်းနှင် လာသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပါဂျဲရိုး ယာဉ် အမှတ် ၅၈ သည် မိုင်တိုင် အမှတ် ၃၁၂⁄၈ အနီး အရောက်တွင် ကားဝဲဘက် ဘီးပေါက်ကာ အရှိန်လွန်ပြီး တိမ်းမှောက်သွားခဲ့သည်ဟု ဆိုသည်။

ကားဒရိုင်ဘာ ဇော်မင်းချန် (၃၈) နှစ်နှင့် နောက်တရုတ် အမျိုးသား တစ်ဦးဖြစ်သူ ယောင်ရှားတောင် (၃၅) နှစ်တို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး မန္တလေး ဆေးရုံကြီးတွင် အတွင်း လူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

ဒီကပါ။