ကမ္ဘာ့ကုလသမဂ္ဂ က ရိုဟင်ဂျာ လူမျိုးစုသည် ကမ္ဘာ့ပေါ်တွင် ဖိနှိပ်ခံရဆုံးဖြစ် သည့် လူနည်းစုများတွင် တစ်ခုဖြစ်သည်ဟု ပြောဆိုနေခိုက်တွင် ယင်း အချက်ကို အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် အနောက်နိုင်ငံ များသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြပြီး၊ ရိုဟင်ဂျာ အမည်ခံ ကာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေမှုများ များပြားလာနေကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် အစွန်းရောက် ဘာသာရေး ဆန့်ကျင်သော သတင်း ဌာန တစ်ခုဖြစ်သည့် weekly blitz ၏ အဆိုအရ သိရှိရပါတယ်။
Weekly Blitz ၏ တွေ့ရှိချက်အရ အဆိုပါ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ပြင်သစ်နိုင်ငံသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ်ဖြင့် ဝင်ရောက်ခဲ့ပြီး၊ မှောင်ခိုပွဲစားများ သို့မဟုတ် ရခိုင်ပြည်နယ် တွင်းရှိ NGO များမှတစ်ဆင့် အထောက်အထား စာရွက်စာတမ်း အတုများပြု လုပ်ကာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ကြပါတယ်။ ၎င်း စာရွက်စာတမ်း အတုများကို မှောင်ခိုဈေး အမေရိကန် ဒေါ်လာ ၂၅ဝ မှ ၂၇၅ ဒေါ်လာ အထိ ပေးရပြီး၊ အများအားဖြင့် ၁ဝ နာရီမှ ၁၅ နာရီအတွင်း ရရှိ နိုင်တယ်လို့ ဆိုပါတယ်။
လတ်တလော လများအတွင်း အနောက်နိုင်ငံများတွင် နိုင်ငံရေး ခိုလှုံ ခွင့် တောင်းခံခဲ့ကြတဲ့ အမှုများ များပြားတိုးပွားလာနေပြီး ၎င်းအမှုများတွင် ၉၉ ရာခိုင်နှုန်းသော လျှောက်လွှာများသည် ရိုဟင်ဂျာအမည်ခံ အတု အယောင်များဖြစ်သည်ဟု သိရပါတယ်။
အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ဖတ်ရှုပါ။
http://www.weeklyblitz.net/2695/fake-rohingyas-entering-western-countries
ဒီကပါ။
Wednesday, November 14, 2012
မိုးဟေကို တချိန်က ဘာ ပြောခဲ့ဖူးလဲ
မိုးဟေကိုရဲ့ တခုသော မွေးနေ့ပွဲကို ထိုစဉ်က သူ့ချစ်သူ ကိုညီညီထွန်းက ကျင်းပပေးခဲ့တဲ့ ဗီဒီယို ပြကွက် ကလေးပါ။
ဒါ ကလည်း သူတို့ ၂ ဦး ချစ်ခရီး ၁ နှစ်ပြည့် အမှတ်တရအနေနဲ့ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ မိုးဟေကို ကတော့ သူ့ချစ်သူပုံရိပ်ကို ဘာတွေပြောထားလည်းဆိုတာ ပရိတ်သတ်များ နားလည်ခံစားသိရှိသွားနိုင် မှာပါ။
မိုးဟေကိုက သူ့ချစ်သူ ကိုညီညီထွန်းနဲ့ပတ်သက်လို့ ဘာတွေပြောထားလဲ။
တခါ ကိုညီညီထွန်းက မိုးဟေကိုနဲ့ ပတ်သက်လို့ ဘာတွေပြောထားလဲ ဆိုတာ အခု အောက်မှာပါရှိတဲ့ Violet Video Magazine ရဲ့ ဗီဒီယို တင်ဆက်မှုမှာ ကြားမြင်သိခွင့် ရကြမှာပါ။
အခုတော့သူတို့ ၂ ဦးဟာ ၂၀၀၉ ခုနှစ်က လက်ထပ်ခဲ့တာတွေနဲ့ အိမ်ထောင်ကြီး ရှိလို့ မိုးဟေကိုတို့ အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး ကွာရှင်းခဲ့ကြပြီဆိုတဲ့ အပြန်အလှန် ကြေညာချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
တချိန်က ဘယ်လိုတွေဖြစ်ခဲ့တယ်။
ဒီကနေ့ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ ဧရာဝတီ စာဖတ်သူများ သဲသဲကွဲကွဲ သုံးသပ်နိုင်မှာလည်းဖြစ် ပါတယ်။
ဆက်စပ်သတင်းများ
မိုးဟေကိုက ခင်ပွန်းဟောင်းရဲ့ ကြေညာချက်ကို တုံ့ပြန်
မိုးဟေကိုရဲ့ နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက်ထွက်ပေါ်
ဘုန်းကြီးအမှု အရပ်လက်မခံ
ပဲခူးတိုင်း ပြည်မြို့ မူရာပင်ရပ် ဗိုလ်ချုပ်လမ်းမှာ ရှိတဲ့ သာသနာ့ဒီပါရုံကျောင်းတိုက်ကြီးမှာ နှစ်ပေါင်းများစွာ ချိတ်ပိတ်ထားရာက ၀ါတွင်းကာလ အချိန်နှင့်မသင့်လျော်ခြင်း၊ ဘုန်းတော်ကြီးကျောင်း ဒကာ၊ ဒကာမတို့ အား မည်သို့မျှ အသိမပေးခြင်းတို့နဲ့ အတူ မည်သည့် အရပ်ဒေသကမှန်း မသိရတဲ့ ရဟန်းသစ်တပါး ကို ကျောင်းအပ်ပွဲ ကျင်းပပြုလုပ်ခဲ့တာတွေနဲ့ပတ်သက် လို့ ဒေသခံ ပြည်သူများက စာပေးပို့ လာတာကို ဧရာဝတီက ဓာတ်ပုံနှင့်တကွ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ဘုန်းကြီးကျောင်းကိစ္စ အရပ်က လက်မခံတဲ့အတွက် ဆန္ဒဖော်ထုတ်သွားဖို့ကိစ္စကိုလည်း မြို့နယ် ရဲတပ်ဖွဲ့မှူး ကို လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က လူအင်အား ၁၈၀ နဲ့ အသုံးပြုမယ့် ဆိုင်းဘုတ်တွေမှာ ပါဝင် မည့် အချက်အလက်တွေနဲ့တကွ တင်ပြခဲ့ကြပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_3054.html
ဗမာ့တပ်မတော် တောင်သူများထံမှ စပါးလု
ရခိုင်ပြည်နယ် အခြေစိုက် ဗမာ့တပ်မတော်မှ တပ်ရင်း တစ်ခုသည် အင်အားသုံးပြီး ရခိုင်တောင်သူ လယ်သမားများထံမှ စပါးများကို လုယူနေသည်ဟု သတင်း ရရှိသည်။
“ တပ်ရင်း ၅၃၉ က တပ်သား ၂၀ ခန့်နဲ့ ပြောက်ကျားစခန်းကို ၀င်သိမ်းသလိုမျိုး လက်နက်တွေကို ကျည်ထိုးပြီး ကျွန်တော်တို့ ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်တွေကို တက်လာပါတယ်။ တစ်ကနေ တဆယ်ထိ ရေတွက်မယ်။ အဲဒီ အချိန်အတွင်းမှာ လယ်တွေက မထွက်ဘူးဆိုရင် မင်းတို့ကို ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတဲ့ အတွက် ကျွန်တော်တို့ လယ်တွေကို စွန့်ခွာ ထွက်ပြေးကြရပါတယ်။ အဲဒီနောက် ကျွန်တော်တို့ လယ်တွေက စပါးတွေကို စစ်တပ်က တက်ပြီး ရိတ်သိမ်းပါတယ်” ဟု အမည်မဖေါ်လိုသူ ပြိန်းချောင်း ဒေသခံ လယ်သမား တစ်ဦးက ပြောသည်။
နာမည် ဖေါ်ထုတ် ပြောဆိုပါက စစ်တပ်က ပြဿနာရှာပြီး ဖမ်းဆီးရိုက်နက်မူများ ပြုလုပ်လာနိုင်သဖြင့် နာမည်ကို မဖေါ်ပြရန် ဒေသခံ လယ်သမားက မေတ္တာရပ်ခံ ပြောဆိုသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာမှ ဦး မောင်ရွေလှ အပါအ၀င် လယ်သမား ၂၈ ဦး ထွန်ယက် စိုက်ပျိုးထားသော လယ်ဧက ၁၂၀ ကို ကျောက်တော် အခြေစိုက် အမှတ် ၅၃၉ တပ်ရင်းမှ သူတို့ပိုင် လယ်များ ဖြစ်သည်ဟု ဆိုကာ စစ်သားများဖြင့် သေနတ်များ ကျည်ထိုး ချိန်ရွယ် တက်လာပြီး လယ်တဲများရှိ လယ်သမားများကို နှင်ထုတ်၍ မှည့်နေသော စပါးများကို ရိတ်သိမ်းနေသည်ဟု သူ၏ အပြောအရ သိရသည်။
“ ဒီနေ့လည်း ရိတ်သိမ်းနေပါတယ်။ နိုဝင်္ဘာလ ၁၁ ရက်နေ့ကနေ စပြီး ရိတ်နေတာပါ။ တပ်ရင်း ၅၃၉ က ဗိုလ်ဗညားဝင် ဦးဆောင်ပြီး လက်နက်ကိုင် စစ်သား ၂၀ ခန့််ပါတယ်။ သူတို့က လုံခြုံရေးယူထားပြီး တပ်သား ၂၀၊ ရဲမေ ၃၀ (စုစုပေါင်း) လူအင်အား ၅၀ နဲ့ စပါးတွေကို ရိတ်ယူနေပါတယ်။ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆိုတဲ့ တပ်မတော်က ခုလို လုပ်တဲ့ အပေါ်မှာ ကျွန်တော်တို့ လုံးဝ နားမလည်အောင် ဖြစ်နေပါတယ်″ ဟု လယ်သမားက ဆက်ပြောသည်။
၎င်းပြင် အနီးအနားရှိ လယ်တဲများမှ လယ်သမားများကိုလည်း နှင်ထုတ်ကာ လယ်တဲများတွင် ရိတ်သိမ်း စုပုံထားသော စပါး ကောက်လိုင်းများကိုလည်း သိမ်းယူနေပြီး ထော်လာဂျီများဖြင့် တပ်ရင်းသို့ ပို့ဆောင်နေသည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးစောငြိမ်းအား ဆက်သွယ် မေးမြန်းကြည့်ရာ ပြိန်းချောင်းကျေးရွာတွင် တပ်မတော်မှ ပြည်သူများပိုင် လယ်မြေများမှ စပါးများကို တက်ရောက် ရိတ်သိမ်းနေခြင်းမှာ မှန်ကန်သည်ဟု အတည်ပြု ပြောကြားသည်။
“ အဲဒီ လယ်တွေက တပ်မတော်နဲ့ ဘာမှ မဆိုင်ပါ။ အဲဒီမှာ တပ်ရင်း ၅၃၉ တည်ဆောက်မယ် ဆိုတဲ့ အတွက် စစ်တပ်က လယ်သမားတွေပိုင် ဧက ၆၀၀ ကို လယ်သမားတွေဆီက သိမ်းယူသွားခဲ့ပါပြီ။ အဲသလို အသိမ်းခံရတဲ့ နောက်ပိုင်းမှာ လုပ်ကိုင် စားသောက်စရာ လယ်တွေ မရှိတော့တဲ့ အတွက် အနီးအနားက တောတောင် ချိုင့်ဝှမ်းတွေကို ခုတ်ထွင်ပြီး လယ်သမားတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်တွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း လုပ်ကိုင် စားသောက်ကြပါ ဆိုပြီး ခွင့်ပြုပေးတဲ့ အတွက် လယ်သမားတွေက ထွန်ယက်စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ အခု စပါးမှည့်လာတော့ စစ်တပ်က လာပြီး သူတို့ပိုင် မြေတွေ ဖြစ်တယ်ဆိုပြီး စပါးတွေကို တက်ရောက် ရိတ်သိမ်းတာ ဖြစ်ပါတယ်” ဟု ဦးစောငြိမ်းက ရှင်းပြသည်။
လယ်သမားများ အနေဖြင့် စပါးစိုက်ပျိုးရာတွင် လူအား၊ ငွေအား အရင်းအနှီး စိုက်ထုတ် အသုံးပြုထားရပြီး စပါးမှည့်သောအခါမှ စစ်တပ်က အတင်း ၀င်ရောက် ရိတ်သိမ်းသဖြင့် အထူး ထိခိုက် နစ်နာမူများ ဖြစ်ပေါ်နေကြောင်း သူက ဆက်ပြောသည်။
လုပ်ကိုင်စားသောက်စရာမရှိဖြစ်နေကြသော ရခိုင် ပြည်သူများအား နောက်တဖန် စစ်တပ်က အနိုင်ကျင့်နေမူကြောင့် ဒေသအတွင်းရှိ လယ်သမားများမှာ အထူး အခက်ကြုံနေကြရသည်ဟု သိရသည်။

မြန်မာ လျှပ်စစ် ဘင်္ဂလာဒေခ်ျ့ကို ရောင်းမည် မဟုတ်
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ (၂) နိုင်ငံအကြား ယခင်က သဘောတူညီထားသော မြန်မာ လျှပ်စစ်ဓာတ်အား ဘင်္ဂလာသို့ ရောင်းချရေးကို မြန်မာဘက်က ပယ်ဖျက်လိုက်သည်ဟု သိရသည်။
(၆) ကြိမ်မြှောက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက် ကော်မရှင် အစည်းအဝေးတွင် ထိုသို့ မြန်မာဘက်က ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ကုန်သွယ်ရေး ၀န်ကြီးဌာန အတွင်းဝန် မဟာဘူလ် အာမတ်က သတင်းထောက်များသို့ ပြောသည်။
နိုဝင်္ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် ပြုလုပ်ခဲ့သော မြန်မာ- ဘင်္ဂလာ ကုန်သွယ်ရေး ဆိုင်ရာ (၂) ရက်တာ အစည်း အဝေးတွင် မြန်မာ အနေဖြင့် သူ့နိုင်ငံတွင် လျှပ်စစ် ဓာတ်အားကို ဘင်္ဂလာသို့ ရောင်းမည့် အစီအစဉ်မှာ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လျှပ်စစ် ဓာတ်အာား မလုံလောက်မူနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဘင်္ဂလာ ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော စိုင်းတင် ရေအား လျှပ်စစ်နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အကြားတွင် တည်ဆောက်နေသော လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းတို့မှ ကီလိုဝပ် ၅၀၀ ၀ယ်ယူရန် မြန်မာနှင့် ပမာဏ သဘောတူညီမူ ရှိခဲ့သည်။
ထိုသို့ သဘောတူညီမူ အရ ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ သွားရောက်ပြီး လျှပ်စစ် ဓါတ်အား ၀ယ်ယူရေးကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် စိုင်းတင် ရေအားလျှပ်စစ်မှာ ၂၀၁၄- ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် သူ့နိုင်ငံ အတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်မူကို မြန်မာ အပြင် အိမ်နီးချင်း နိုင်ငံများကြသော ဘူတန်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့မှ တင်သွင်းရန် ကြိုးပမ်းနေသည်။
မြန်မာနိုင်ငံထက် နှစ်ပေါင်း ၂၃ နှစ် နောက်ကျပြီးမှ ပါကိစ္စတန် လက်အောက်မှ လွှတ်မြောက်လာသော ဘင်္ဂလာဒေခ်ျ့နိုင်သည် မြန်မာနိုင်ငံထက် လျှပ်စစ် ဓာတ်အား သုံးစွဲမူ ပမာဏ များပြားပြီး မြို့ရော တောပါ မကျန် နိုင်ငံ အ၀န်း လျှပ်စစ် မီးရရှိသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မြန်မာမှ လျှပ်စစ် ဓာတ်အား ၀ယ်ယူရန် လမ်းစ ပိတ်သွားပြီ ဖြစ်သော်လည်း တိုက်ရိုက် လေကြောင်းလိုင်းနှင့် ရေကြောင်းလိုင်းများကို တိုးချဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြှင့် ဆောင်ရွက်သွားမည် ဟု သိရသည်။
ဒီကပါ။
သံတွဲ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်း ( ဓါတ်ပုံ- နိရဉ္စရာ)

ရွှေဘိုမြို့အနီး နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်
နိုဝင်ဘာ ၁၄ ရက် နံနက် ၀၀ နာရီ၊ ၅၈ မိနစ်၊ ၁၄ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နံနက် ၀၀ နာရီ၊ ၅၈ မိနစ်၊ ၁၄ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ အဆိုပါငလျင်သည် မိုးကုတ်မြို့၏ အနောက်ဘက် ၃၆ မိုင်၊ မန္တလေးမြို့၏ မြောက်ဘက် ၅၉ မိုင်၊ ပြင်ဦးလွင်မြို့၏ မြောက် အနောက်မြောက်ဘက် ၆၄ မိုင်နှင့် နေပြည်တော်၏ မြောက်ဘက် ၂၁၂ မိုင်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၁ ရက်က ရွှေဘိုမြို့နယ်အနီး ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲအဖြစ် အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်ရှိသော ငလျင်များ ဆက်လက် လှုပ်ခတ်လျက်ရှိရာ နိုဝင်ဘာ ၁၂ ရက် နံနက် ၀၀ နာရီ၊ ၄၉ မိနစ်၊ ၄၂ စက္ကန့်တွင် မိုးကုတ်မြို့မှ ၃၉ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်၊ နိုဝင်ဘာ ၁၃ ရက် မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၃)မိနစ်၊ (၀၄)စက္ကန့်အချိန်တွင် နေပြည်တော်၏တောင်ဘက် ၃၅ မိုင်ခန့်နှင့် ဆွာမြို့၏အနောက်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။
Myanmar Express
ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်လား? ခေါင်းရှောင်လား?
ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်။
ခေါင်းဆောင်အမျိုးအစား
(၁) ဉာဏ်ပညာ ရှိပြီး ပျင်းသော ခေါင်းဆောင်
(၂) ဉာဏ်ပညာလည်း မရှိ ပျင်းလည်း ပျင်းသော ခေါင်းဆောင်
(၃) ဉာဏ်ပညာ ရှိပြီး လုံ့လရှိသော ခေါင်းဆောင်
(၄) ဉာဏ်ပညာ မရှိသော်လည်း လုံ့လ ရှိသော ခေါင်းဆောင်
ခေါင်းဆောင် တစ်ယောက်သည် ပေးကမ်း ရက်ရောတတ်မှု၊ မခွဲခြား တတ်မှု၊ စွန့်လွှတ်လုပ် ကိုင်တတ်မှု စသည့် စိတ်ထား သုံးခုနှင့် ပညာ ဉာဏ်ရှိမှု၊ ယုံကြည် ကိုးစား ထိုက်မှု၊ စိတ်စေတနာ ကောင်းမှု၊ သတ္တိရှိမှု၊ တိကျ ပြတ်သား တတ်မှု စသည့် အရည်အချင်း ငါးရပ် ရှိရန် လိုအပ်သည်။ သို့တစေ အလုပ် လုပ်ရာ တွင်လည်း ခေါင်းဆောင် ပီသကြောင်း ပြဖို့ လိုသည်။ အဖွဲ့အစည်း တစ်ရပ် တွင် ခေါင်းဆောင် လုပ်ရမည့် လုပ်ငန်းမှာ လေးရပ် ရှိသည်။
(၁)မူဝါဒ လုပ်ငန်း၊
(၂)လူများနှင့် ဆိုင်သော လုပ်ငန်း၊
(၃)ပစ္စည်းပိုင်မှု ဆိုင်ရာ လုပ်ငန်း နှင့်
(၄)လူထု လေးစားမှု ရရှိရန် လုပ်ငန်းတို့ ဖြစ်သည်။
Myanmar Express
ငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ နှစ်ဆတိုး
ဒဏ်ရာရရှိသူ ဦးရေ ၂၃၀ ရှိပြီးတော့ ၁၂ ယောက်က ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဘန်ကောက် အခြေစိုက်ICRC အဖွဲ့ရဲ့ အရှေ့အာရှ-ပစိဖိတ်ရေးရာဌာန ပြောခွင့်ရ ကိတ်၊ ရိုးလ်က ဗွီအိုအေ မြန်မာပိုင်း ကို အခုလိုပြောပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ တနင်္ဂနွေနေ့မနက်ပိုင်းက ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ တာကြောင့် သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၆ ယောက် ရှိသွားပြီဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
“ကြက်ခြေနီအဖွဲ့အနေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပြီး မြေငလျင်ဒဏ်ဆိုးဆိုးရွားရွားခံခဲ့ရတဲ့လူနေရပ်ကွက်တွေရဲ့ လိုအပ်ချက်တွေကို စီစစ်ပေးနေပါတယ်။ မနေ့ညက တွေ့ရှိချက်အရကတော့ သေဆုံးသူ ၂၆ ဦးရှိပြီး ဒဏ်ရာရသူပေါင်း ၂၃၁ ဦးရှိကာ ပျောက် ဆုံးသူဦးရေဟာ ၁၂ ဦးရှိတယ်လို့ သိရပါတယ်။ ပျက်စီးတဲ့အဆောက်အဦးပေါင်း ၄၆၂ ခုရှိပြီး နေ အိမ်တွေ၊ အစိုးရ အဆောက်အဦးတွေ၊ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေ ပါဝင်ပါတယ်။” ဒါ့အပြင် ICRC အဖွဲ့ကြီးအနေနဲ့လည်း ငလျင်ဒဏ် ခံခဲ့ရသူတွေကို အကူအညီပေးအပ်နေတာနဲ့ ပတ်သက်ပြီး သူက အခုလို ဆက်ပြောပြပါတယ်။
“ကြက်ခြေနီဝန်ထမ်းတွေအနေနဲ့ အရေးပေါ် ကယ်ဆယ်ရေးလိုအပ်ချက်တွေကို ကူညီဆောင်ရွက်လျှက်ရှိပြီး အရေးပေါ်ပစ္စည်းတွေကိုလည်းဝေငှပေးလျှက် ရှိပါတယ်။ မီးဖိုချောင် ချက်ပြုတ်စရာ ပစ္စည်းတွေ၊ အရေးပေါ်ဆေးဝါး၊ တာပေါ်လင် အမိုးအကာတွေအပြင် ဆေးရုံတွေ ပို့ပေးဖို့ စသည်ဖြင့် စီစဉ်နေပါတယ်။ မြေငလျင်ဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ မြို့နယ်ပေါင်း ၇ ခုတို့မှာလည်း ဆက်ပြီိး အကူအညီပေးနေပါတယ်။ ကြက်ခြေနီိ စေတနာ့ဝန်ထမ်းပေါင်း ၈၀ ကျော်လောက်ဟာ ကွင်းဆင်းနေ ပြီးတော့ အခြေအနေကို နီးနီးကပ်ကပ် အကူအညီပေးလျှက် ရှိကြပါတယ်။
Myanmar Express
ဒီနှစ်တောင်ကြီးတန်ဆောင်တိုင်မှာ တွေ့ရမယ့် ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွေမှာ မထည့်တော့ပေမယ့် ဒီနှစ် တောင်ကြီး တန်ဆောင်တိုင် ပြိုင်ပွဲဝင်မယ့်သူတွေကတော့ သူတို့ရဲ့မီးပုံးပျံကိုယ်ထည်တွေမှာ ထည့်သွင်းရိုက်နှိပ်နေကြပါပြီ။
အခုလို မီးပုံးပျံ ကိုယ်ထည်တွေမှာ ဒီဇိုင်းပြင်ဆင် ထည့်သွင်းရေးဆွဲလာကြတာဟာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတာလို့ မီးပုံးပျံပြိုင်ပွဲဝင်မယ့် အိုင်တီလူငယ်မီးအဖွဲ့ခေါင်းဆောင် ကိုရှမ်းလေးက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊၂၅ အတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံလွာများ မတွေ့ရှိခဲ့ရကြောင်း၊ ယခုခေတ်နောက်ပိုင်း လူငယ်များအနေဖြင့် မမေ့သင့်မမေ့အပ်သည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို သတိရကြစေရန် ရည်ရွယ်ပြီး မိမိတို့ အဖွဲ့က ပြိုင်ပွဲ ၀င်ရန်ပြုလုပ်သည့် မီးပုံးပျံ ကိုယ်ထည်တွင် ထည့်သွင်း ရေးဆွဲရခြင်းဖြစ်ကြောင်း ကိုရှမ်းလေးက ရှင်းပြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ဒီမီးပုံးပျံဒီဇိုင်းတွေကို ဖန်တီးရေးဆွဲပေးသူ ပန်းချီဆရာရဲ့ အမည်ကလည်း ကိုအောင်ဆန်း ဖြစ်ပါတယ်။
အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ရေးဆွဲပေးထားတာပါ၊ အရင်ကထုတ်တဲ့ တဆယ်တန်က ဗိုလ်ချုပ်အောင်ဆန်းပုံရယ်၊ ငါးကျပ်တန်က ဗိုလ်ချုပ်အောင်ဆန်းပုံရယ် နှစ်ခုကို အသုံးပြုပြီး အဲဒီပုံစံ ရရှိအောင် ရေးဆွဲပေးထားတာပါ လို့ ကိုအောင်ဆန်းက ဆိုပါတယ်။
ရေးဆွဲခ အနေနဲ့ ကျပ် တစ်သိန်းခွဲ ရရှိကြောင်း ကိုအောင်ဆန်းက ပြောပါတယ်။
မီးပုံပျံတခုမှာ ဗိုလ်ချုပ်ပုံနဲ့အတူ NLD အလံကိုလည်း ပူးတွဲ ရေးဆွဲထားတာ တွေ့ရမှာပါ။
တန်ဆောင်တိုင်ကာလမှာ ကျင်းပတဲ့ မီးပုံပျံပြိုင်ပွဲဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးရဲ့ အမှတ်အသားတခုလည်း ဖြစ်ပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_14.html
စစ်ဗိုလ်အစစ်ကို အတုက လိမ်လို့ ဖမ်းခံရတယ် ဆိုတဲ့အမှု
စစ်ဗိုလ် အစစ်ကို သွားရောက်၍ လိမ်လည်သည့် စစ်ဗိုလ်အတု၊
ဓာတ်ပုံ-မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ ၀က်ဆိုက်

စစ်ဗိုလ် အစစ်ကို သွားလိမ်လည်ရာမှာ ဗိုလ်အတု အဖမ်းခံလိုက်ရတယ် ဆိုတဲ့ဖြစ်စဉ်တခုပါ။ စစ်ဗိုလ်အစစ်မှာလည်း တကယ့်ကို ယုံကြည်ပြီး ဆုံးရှုံးမှုတွေ မရှိခင် လက်မတင်လေးမှာ စစ်ဗိုလ် စစ်သားတို့ရဲ့ သံသယ စိတ်ဖြစ် စဉ်ကြောင့် လိမ်လည်သူကို ဖမ်းဆီးမိခဲ့ရပါတယ် တဲ့။
ဖြစ်စဉ်ကလည်း စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ ဆက်သွယ်ရေး ၀န်ကြီးဌာနက ဒု ဗိုလ်မှူးကြီး သန်းထွဋ် ဆိုသူက ရှမ်းပြည်နယ် မိုးမောက်မြို့နယ်က ခလရ ( ၂၇၃ ) မှာ တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး အောင်ကျော်နိုင် ( ကြည်း- ၄၀၈၇၀) ဆိုသူရဲ့ လက်ကိုင်ဖုန်းကို ဖုန်းဆက်လာပါတယ် တဲ့။
ဖုန်းထဲမှာလည်း ဒု ဗိုလ်မှူးကြီး သန်းထွဋ် ဆိုသူက ဗိုလ်ကြီး ကျော်နိုင်လင်းရဲ့ လက်ကိုင်ဖုန်း နံပါတ်ဟာ သမ္မတ ဦးသိန်း စိန်ရဲ့ လက်ကိုင်ဖုန်း အလုံးရေပေါင်း ၇ သိန်းထဲက ကံထူးရှင် ၅ လုံးရွေးချယ်မှုထဲက ကံထူးရှင် လက်ကိုင်ဖုန်း နံပါတ်ဖြစ် တယ်လို့ ပြောဆိုပါတယ်။
ဒီကံထူးရှင် ဖုန်း ၅ လုံးကိစ္စကိုလည်း ရုပ်ရှင်နဲ့ စာနယ်ဇင်းတွေရှေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး အခု ကံထူးရှင် တယ်လီဖုန်း ၅ လုံးထဲက ဗိုလ်ကြီး ကျော်နိုင်လင်းရဲ့ လက်ကိုင်ဖုန်းနံပါတ်ဟာ ပထမဆု ရရှိပြီး ဆုငွေအဖြစ် ကျပ်သိန်းပေါင်း ၂၇၀၀ ကို ပြည်တွင်း အခွန်ဦးစီးဌာနမှာ ထုတ်ယူရမှာဖြစ်ပါတယ်တဲ့။
ဒါပေမယ့် ဒီငွေတွေကို နိုင်ငံတော် ဘဏ္ဍာငွေထဲက ပေးတာဖြစ် လို့ ဆုငွေဟာ တိုက်တာ၊ ကား၊ အိုးအိမ် ၀ယ်ယူမယ်ဆိုရင် ထာဝရ အခွန်ကင်းလွတ်ခွင့် ရရှိမှာဖြစ်တယ်လို့ သူက ယုံကြည် အောင်ပြောဆိုခဲ့တယ် လို့ ဆိုပါ တယ်။
ဒီက တဆင့် ဒီလို အခွန်ကင်းလွတ်တဲ့ ဆုငွေတွေ တရားဝင် ရရှိဖို့တော့ လောလောဆယ် ငွေကျပ် ၁၇၅ဝဝဝဝိ/- ( ဆယ် ခုနှစ်သိန်းခွဲ) ကို ရန်ကုန် ကမ္ဘောဇဘဏ်ကို လွှဲပေးဖို့ ပြောဆိုလာပြီးနောက် ဗိုလ်ကြီး ကျော်နိုင်လင်း ကလည်း ချက်ချင်းပဲ ဗန်းမော်မြို့ထဲ ရှိနေခိုက် ဒုဗိုလ်မှူးကြီး သန်းထွဋ် မှာကြားတဲ့ အတိုင်း အလုံ ကမ္ဘောဇဘဏ်က ဦးသော်ထက်၊ ၁၄/မအန (နိုင်) ၁၆၂၇၇၁ အမည်နဲ့ ဗန်းမော် ကမ္ဘောဇ ဘဏ်က လွှဲပို့လိုက်ပါတယ်။
အဲဒီလို ငွေ ဆယ်ခုနှစ်သိန်းခွဲကို ငွေလွှဲပို့ပြီးမှ သံသယဖြစ်စိတ်ကြောင့် ချက်ချင်းပဲ ဗန်းမော်ကမ္ဘောဇ ဘဏ် ကို အကြောင်း ကြားပြီး တဖက်က ငွေလာထုတ်မည့်သူကို ဖမ်းဆီးနိုင်ရေး ရဲ စခန်းမှာ အမှုဖွင့်ခဲ့ရင်း ဒုဗိုလ်မှူးကြီး သန်းထွဋ် အမည်ခံ အယောင်ဆောင်ထားတဲ့ ဦးသော်ထက် ဆိုသူကို အလုံ ကမ္ဘောဇဘဏ် ကို ငွေလာထုတ်စဉ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်လိုက်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_459.html
အပစ် ရပ်စဲထားသော SSPP နှင့် အစိုးရ တိုက်ပွဲပြင်းထန်
အစိုးရနှင့် အပစ် ရပ်ထားသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် အစိုးရ တပ်ဖွဲ့ တို့သည် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ ခရိုင်၊ မိုးမိတ်မြို့နယ်နှင့် မိုင်းငေါ့ကြား၌ (၅) နာရီကြာ တိုက်ပွဲ ပြင်းထန် ခဲ့သည်ဟု အမည် မဖေါ် လိုသော SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး တဦးက ဆိုပါသည်။
“အစိုးရ ဖက်ကတော့ တပ်ရင်း (၆) ရင်း သုံးပြီးတော့ ကျနော်တို့ တပ်မဟာ (၆၁၂) ကို စစ်ဆင်တာ ဖြစ်တယ်။ တိုက်ပွဲ တွေက ကြာလည်း ကြာသလို ပြင်းလည်း ပြင်းထန်တယ်။ လွိုင်လင့် တွတ်ဇံ ကျောက်မဲခရိုင် တောင်ကုန်းကို ဝင်တိုက် တာ (၅) နာရီလောက် ကြာသွားသလို၊ မိုင်းငေါ့နယ်မြေမှာ ရှိတဲ့ ကွန်ဖလမ်းပန်လော့ မှာဆိုရင် တိုက်ပွဲက (၂) နာရီ ခွဲကြာခဲ့ တယ်လေ။ အသေ အပျောက်တော့ နှစ်ဖက်စလုံး ရှိတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။
တိုက်ပွဲ များသည်၊ အောက်တိုဘာ (၃၁) ရက်နေ့မှ စတင်လာပြီး၊ နိုဝင်ဘာလ (၂) ရက်နေ့၊ (၄) ရက်နေ့နှင့် (၉) ရက်နေ့၌ အပြင်းထန်ဆုံး ဖြစ်ခဲ့သည်ဟု ဆိုပါသည်။ (၉) ရက်နေ့၌ ဖြစ်ပွားသော တိုက်ပွဲမှာ နံက်(၈)နာရီမှ မွန်းလွဲ တနာရီထိ ကြာခဲ့ ပါသည်။
စစ်ဆင်ရေး၌ ပါဝင်သော အစိုးရ တပ်ဖွဲ့များမှာ ခမရ (၅၀၁), (၅၀၂), (၅၀၃)၊ ခလရ (၂၃)၊ ခလရ (၇၁) အောင်လံနှင့် ခလရ (၉၅) မန္တလေး အခြေစိုက် တပ်ဖွဲ့တို့ ဖြစ်ပါသည်။ ဤစစ်ဆင်ရေးသည် အင်အား (၃၀၀) ကျော်ရှိသော SSPP တပ်မဟာ (၆၁၂) ကို အင်အား (၅၀၀) ကျော်နှင့် အစိုးရ တပ်ဖွဲ့က စစ်ဆင်နေခြင်းဖြစ်သည်ဟု SSPP ဖက်မှ ခန့်မှန်း ထားပါသည်။ တိုက်ပွဲ များသည်၊ တရုတ်ပြည်သို့ သွယ်တန်းထားသော နမ့်ခမ်းမြို့နယ် ချထားသော ရွှေဂက်ပိုက်လိုင်းတ လျှောက် ဖြစ်ပွားခြင်း ဖြစ်ပါသည်။
ဤတိုက်ပွဲ ကိစ္စကို နိုဝင်ဘာ (၉) ရက်နေ့၌ ထိုင်းနိုင်ငံ ဇင်းမယ်မြို့ကို ရောက်လာခဲ့သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းအား အလွတ် သဘော တင်ပြ နိုင်ခဲ့သော်လည်း တစုံတရာ ပြန်လည် ပြောကြားခြင်း မရှိဟု ဆိုပါသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်း ရွှေလီ အစည်းအဝေးအပြီး တွေ့ရစဉ်
အစိုးရသည် SSPP နှင့် အပစ်အခတ် ရပ်စဲထားသည့် အတွက် တွေ့ဆုံ ဆွေးနွေးမှုများ ရှိသည် ဆိုသော်လည်း တိုက်ပွဲ ဖြစ်ပွားနေသည့် ကိစ္စ၊ ရာဇသံ အပေး ခံရခြင်းကိစ္စများနှင့် SSPP တပ်သားများ ဖမ်းဆီးခြင်း ကိစ္စများကို ဖြေရှင်း ပေးခဲ့ခြင်း မရှိခဲ့ပေ။ http://www.phophtaw.org/burmese/index.php/news/local-news/2220-sspp-----.html
SSPP သည် အရှေ့ အလယ်ပိုင်းတိုင်း တိုင်းဌာနချုပ်တွင် ပြီးခဲ့သည့် အောက်တိုဘာ (၃၁) ရက်နေ့၌ နောက်ထပ်ဆက်ဆံ ရေးရုံးသစ်ကို ဖွင့်လှစ် ခဲ့ပါသည်။ ဤကဲ့သို့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနေခြင်းနှင့် ဆက်ဆံရေး ရုံးများကို တိုးချဲ့နေသော် လည်း နှစ်ဖက်အကြား ဖြစ်ပေါ်နေသော တိုက်ပွဲပြသနာများကို ဖြေရှင်းခြင်း မရှိပေ။ http://www.phophtaw.org/burmese/index.php/news/local-news/2302-sspp-.html
SSPP နှင့် အစိုးရတို့သည် ၂၀၁၂ခုနှစ် နှစ်ဆန်း ကတည်းက အပစ်အခတ် ရပ်စဲ ခဲ့သော်လည်း ယနေ့အထိ တိုက်ပွဲပေါင်း (၅၀) ထက်မနဲ ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း SSPP တို့ကဆိုပါသည်။ ဤသည် အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး သဘောထား များလားဟု မေးစရာဖြစ်နေကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။
http://phophtaw.org/burmese/index.php/news/local-news/2356--sspp-.html

ဖွဲ့စည်းပုံ ခုံရုံုး ဥပဒေကြမ်းနဲ့ အီလက်ထရောနစ် ဥပဒေ ဘာလဲ ဘယ်လဲ
ယခင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ
(ဓာတ်ပုံ – ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၀က်ဘ်ဆိုက်)
အခြေခံ ဥပဒေ ခုံရုံးနဲ့ပတ်သက်တဲ့ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အများပြည်သူလေ့လာနိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေက အညွှန်း သတင်းဖော်ပြလာပါတယ်။
မကြာသေးခင်က လွှတ်တော်နဲ့ သမ္မတ အစိုးရအဖွဲ့တို့ရဲ့ အားပြိုင်ပွဲမှာ အခြေခံ ဥပဒေ ခုံရုံးက ဓားစာခံ ဖြစ်ခဲ့ရပြီး ခုံရုံး အဖွဲ့ဝင်တွေ နုတ်ထွက်ပေးခဲ့ရပါတယ်။
အခုတော့ ခုံရုံး ဥပဒေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာနဲ့ ဖြုတ်ပယ်တာတွေပါတဲ့ မူကြမ်းမှာတော့ လွှတ်တော် ၂ ရပ်ရဲ့ အားသာချက်တွေရှိနေတာ သတိထားမိပါတယ်။
ခုံရုံး အဖွဲ့ဝင်တွေကို သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ခန့်အပ်တဲ့ စနစ်မျိုးလည်း မဟုတ်တော့တာ သတိထားမိကြမှာ ပါ။ သမ္မတက ဒီ ဥပဒေအရ လွှတ်တော်ဘက်က အတည်ပြုချက်ကို ယူရတော့မှာဖြစ်ပါတယ်။
သေချာလေ့လာသင့်တဲ့ ဥပဒေကြမ်းပါပဲ။
တဆက်တည်းပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ရခိုင်ပြည်နယ်က ဒုတိယ အကြိမ် ပဋိပက္ခနဲ့ တိုက်ခိုက် မှုတွေ ဖြစ်နေခိုက် အီလက်ထရောနစ် ဥပဒေကြီး ပေါ်ထွက်ခဲ့တာကို သတိထားမိကြမယ်ထင်ပါတယ်။
အဲဒီ အီလက်ထရောနစ် အက်ဥပဒေအရ အင်တာနက်၊ အီးမေးလ်သုံးစွဲသူတွေဟာ အချိန်မရွေး အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံနိုင်ရဖွယ်ရှိနေပါတယ်။
အင်တာနက်၊ တယ်လီဖုန်းလိုင်းတွေကို အသုံးပြုပြီး နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်ရင် ဒီ ဥပဒေနဲ့ ထောင်ဒဏ်၊ ငွေဒဏ်တွေ ကျခံသွားရမယ့် အဖြစ်ပါ။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အစရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ ၂၀၀၇ ခုနှစ်တုန်းက အီလက်ထရောနစ် အက် ဥပဒေ ဆိုတာကြီးနဲ့ အီးမေးလ် တစောင်ကို ထောင်ဒဏ် ၁၅ နှစ်နဲ့ အီးမေးလ် ၄ စောင်အတွက် ထောင် ဒဏ် နှစ်ပေါင်း ၆၀ ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။
အီလက်ထရောနစ် အက်ဥပဒေနဲ့ ထောင်ဒဏ်နှစ် ၆၀ ကျော် ကျခံခဲ့ရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ။
ဓာတ်ပုံ – 88 Generation Students
ဓာတ်ပုံ – 88 Generation Students
အဆိုပါဖြစ်စဉ်ကို သတိရှိကြဖို့နဲ့ အီလက်ထရောနစ် အက်ဥပဒေကြီးနဲ့ပတ်သက်လို့ ဒီမိုကရေစီ ပြု ပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ရှိသင့်သလား၊ မရှိသင့်ဘူးလားဆိုတာ တော့ မေးခွန်း ထုတ်စရာဖြစ်ပါတယ်။
အီလက်ထရောက်နစ် ဥပဒေဟာ ဒီအတိုင်းဆိုရင် ဘယ်သူတွေအတွက် ဘာလုပ်ဖို့လဲ ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။
http://blog.irrawaddy.org/2012/11/blog-post_407.html
ကားမိုင်းနှင့် ပူတာအိုလမ်း တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ
ကချင်ပြည်နယ် ကားမိုင်းမြို့နယ်ခွဲနှင့် ပူတာအို သွားသည့်လမ်း ကြောင်းပေါ်ရှိ နေရာ (၂) ခုတွင် ကချင်ပြည်လွတ် လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာအစိုးရတပ်ဘက်မှ ၇ ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိကြောင်း ရှေ့တန်းမှ KIA အရာရှိများက ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး မြစ်ကြီးနားမှ ပူတာအိုသို့ ချီတက်လာသည့် စစ်ကား ၃၆ စီးပါ အစိုးရတပ်ဖွဲ့အား တယန်ဇွပ် (Tayang Zup) နှင့် ဆွပ်ခါ (Sup Hka) အကြားတွင် KIA တပ်မဟာ (၁) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သဖြင့် အစိုးရစစ်ကား တစ်စီးမှောက်၍ စစ်သား ၄ ဦးသေဆုံးကာ တချို့ဒဏ်ရာရရှိခဲ့ ကြောင်း ရှေ့တန်းမှ KIA အရာရှိ တစ်ဦးက ပြောသည်။
အလားတူ ဖားကန့် ကျောက်စိမ်းမှော်သွား ကားလမ်းပေါ်ရှိ ကားမိုင်းမြို့အနီး KIA တပ်ရင်း (၆) တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့ ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင်လည်း အစိုးရဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာ ရသူ အချို့ရှိကြောင်း KIA ဖက်ကပြောဆိုသည်။
သို့သော် ယင်းတိုက်ခိုက်မှုများအပါအ၀င် အစိုးရတပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။
လွန်ခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က မြန်မာပြည် အောက်ပိုင်းမှ ထောင်နှင့် ချီသည့် အစိုးရတပ်ဖွဲ့ဝင်များ ရထား (၃) စီးဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ရောက်ရှိလာကြောင်း သိရသည်။ ယင်းတပ်ဖွဲ့ဝင်များအား ကချင်ပြည်နယ် အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက် ဒေသများသို့ ဖြန့်ခွဲပို့ဆောင်ခဲ့သည်ဟုလည်း KIA က ဆိုသည်။
အလားတူ ပြီးခဲ့သည့်တစ်ပတ်အတွင်းကလည်း KIO ဗဟိုဌာနချုပ် လိုင်ဇာနှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် အစိုးရ တပ်စခန်းများသို့ အင်အား ၁,၀၀၀ ခန့် ရောက်ရှိလာကြောင်း ဌာနချုပ် လိုင်ဇာမှ KIA အရာရှိတစ်ဦးဆိုသည်။
အစိုးရနှင့် KIO နှစ်ဖက်ကိုယ်စားလှယ်တို့ အောက်တိုဘာလ ၃၀ ရက်နေ့ တရုတ်နိုင်ငံ ရွှေလီ ဆွေးနွေးပွဲတွင် တစုံတရာ သဘောတူညီမှု မရခဲ့သလို အစိုးရဖက်က အင်အားဖြည့်တင်းမှုများ ပို၍ လုပ်ဆောင်လာပြီး ဒေသတွင်း တိုက်ပွဲများ ကြိုကြား ဖြစ်ပွားနေကြောင်း သိရသည်။
http://burmese.bnionline.net/index.php/news/kng/12111-2012-11-13-16-32-23.html

စလစ်ဈေးနှင့်အတူ ကားဈေးနှုန်း(၂၀)ရာခိုင်နှုန်း ၀န်းကျင် မြင့်တက်
စလစ်ဈေးမြင့်တက်လာမှုကြောင့် ရန်ကုန်မြို့ရှိ ကားဈေးကွက်အတွင်း ကားဈေးနူန်းများမှာ (၂၀)ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း သိရသည်။
ယခင်က ကားစလစ်တစ်စောင်လျှင် ကျပ်သိန်း(၇၀)သာရှိခဲ့ပြီး "ဗ" အက္ခရာယာဉ်ဟောင်းများအား စတင် လက်ခံသည့် စက်တင်ဘာ ပထမပတ်မှစ၍ ကားစလစ်စေးနူန်းများမှာ ကျပ်သိန်း (၉၀) ကျော် သို့ မြင့်တက်လာကြောင်း အရောင်းအ၀ယ်ပြုလုပ်သူများထံက သိရှိရသည်။
သိန်း (၁၇၀) ရှိ Toyota Ipsum ကားသည် သိန်း (၂၀၀) မှ သိန်း (၂၂၀) ထိ ဈေးမြင့်တက်လာပြီး Toyota Kluger ၂၀၀၂ မော်ဒယ်မှာ ကျပ်သိန်း (၂၉၀)၊ ၂၀၀၄ မော်ဒယ်ဆိုလျှင် သိန်း (၃၂၀) ခန့်ထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။
" Prado ထဲမှာဆိုရင် TZ Grade၊ 97 Model ဆိုရင် သိန်း (၃၃၀) ၀န်းကျင်လောက်ရှိတယ်၊ ပြီးတော့ (၁၃၀၀) စီစီ ကားတွေလည်း အရင်ကလောက် မရောင်းရတော့ဘူး၊ အမြင့်ကားတွေပဲ နည်းနည်း အ၀ယ်လိုက်နေတယ်လေ" ဟု ဟံသာဝတီ ကားပွဲစားတန်းမှကိုဇော်က ပြောသည်။
ယခုနောက်ပိုင်း ကားဈေးကွက်အတွင်း ဗ စလစ်များသည် ဈေးတက်နေပြီး ယာဉ်ဟောင်းအဖြစ် တင်သွင်းနေသော ဘ အက္ခရာ ကားများမှာ ပိုမိုအရောင်းသွက်လာသော်လည်းစလစ်ဈေးများ ငြိမ် နေခြင်းဖြစ်သည်။ သို့သော် တင်သွင်းနေသည့် ကားဈေးများ မှာလည်း ဈေးကျရန် အကြောင်း မရှိကြောင်း ကားပွဲစားတို့က သုံးသပ်ကြသည်။
လက်တလော ကားစလစ်ဈေးနူန်းမြင့်တက်လာသည့်အတွက် ရန်ကုန်ကားဈေးကွက်အတွင်း အရောင်းအ၀ယ် နည်းသွားကြောင်းကိုလည်း ကားဈေးကွက်အတွင်းမှ သိရှိရသည်။
"အခုနောက်ပိုင်း သွင်းလာတဲ့ ကားတွေက မျာပြီးတော့ အ၀ယ်ကနည်းနေတယ်။ ဒီတော့ ပြည်တွင်း မှာပဲ ကားတွေက ပုံနေပြီးတော့ ၀ယ်လက်က မရှိတော့ဘူး။ ဒီတော့ ကားဈေးက တက်မှာပဲလေ။ ပြီးတော့ နောက်ပိုင်းသွင်းလာတဲ့ ကားတွေက အမြင့်ကားတွေ များလာတော့ ဈေးက လျှော့လို့ မလွယ်တော့ဘူး။ ဒီတော့ ဈေးတွေက ကြီးနေတာ" ဟု ကိုဇော်က ဆက်ပြောသည်။
နယ်ဝယ်လက်များအနေဖြင့် အကြိုက်တွေ့သော ကားများမှာ Surf 97 ဒီဇယ်၊ Prado 96/ 97 ဒီဇယ်နှင့် Kluger ကားမျိုး အကြိုက်များကြောင်း၊ သို့သော် အကြိုက်သာ ဖြစ်ပြီး အ၀ယ်များခြင်း မဟုတ်ကြောင်းကိုလည်း ဈေးကွက်အတွင်းက သိရသည်။
လတ်တလော ရန်ကုန်ကားဈေးကွက်အခြေအနေသည် စလစ်ဈေးနူန်းမြင့်တက်မှုကြောင့် အောက် ကားအချို့ အနည်းငယ် ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၀ယ်လိုအား နည်းသွားကြောင်းကိုလည်း သိရသည်။
http://myitmakhamediagroup.com/detail.php?newid=3114

ဒီမိုကရေစီယန္တရားကြီးရေရှည်လည်ပတ်နိုင်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဟုပြောလာသော ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌသီရိပျံချီဦးဌေးဦး နှင့်တွေ့ဆုံခြင်း
ပြည်ခိုင်ဖြိုးပါတီအထွေထွေ ညီလာခံကြီးအပြီး ပြောင်းလဲကျင့် သုံးလာသည့် ပါတီမူဝါဒများ တာဝန်ခွဲဝေချထားပေးမှု များနှင့် ပြောင်းလဲကျင့်သုံးလာသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကြီး ယခုထက် ပိုမိုပီပြင်ခိုင်မာ လာစေရန် တာဝန် အရှိဆုံးသူများ၊အရေး အပါဆုံးသူ များနှင့်ပတ်သက်၍ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ သီရိပျံချီ ဦးဌေးဦးအား Hot News သတင်းထောင်မှဆက်သွယ်၍ မေးခွန်းအနည်းငယ်မေးမြန်းဖြစ် ခဲ့ပါသည်။
မေး- ပါတီအထွေထွေညီလာခံကြီး ရဲ့ရလာဒ်အရ ယခင်ကမရှိခဲ့တဲ့ မြို့နယ်၊ခရိုင်နဲ့တိုင်းနဲ့ပြည်နယ် အဆင့်တွေမှာ ပါတီတာဝန်ခံတွေ ထားရှိမှုနဲ့ ပတ်သက်ပြီး ယခုပေါ် လစီပြောင်းသွားတာလေးကိုသိပါ ရစေ။
ဖြေ- ပြီးခဲ့တဲ့ ပါတီညီလာခံကြီး ဟာ မြို့နယ်ညီလာခံတွေကို အ ခြေခံပြီးတော့မှ ခရိုင်၊တိုင်းနဲ့ပြည် နယ်အဆင့်တွေကိုဖြစ်လာစေခဲ့ပါ တယ်။ ယခင်ကတော့ ပါတီကြီး စဖွဲ့ကတည်းက စည်းမျဉ်းအရ ပါတီဥက္ကဋ္ဌဆိုတာ ဗဟိုမှာပဲရှိ တယ်။ ခုကျတော့ ညီလာခံကြီး မှာပြင်ခဲ့တဲ့စည်းမျဉ်းအရ မြို့နယ် အဆင့်တွေမှာရော၊ခရိုင်အဆင့် တွေမှာရော တိုင်းနဲ့ပြည်နယ်အ ဆင့်တွေမှာရော ပါတီဥက္ကဋ္ဌ တာဝန်တွေရှိလာပါပြီ။
မေး- ပြီးခဲ့တဲ့ပါတီညီလာခံကြီးမှာ ဗဟိုအမှုဆောင်အဖွဲ့ဝင်အင်အား တွေတိုးချဲ့ဖွဲ့စည်းခဲ့တဲ့ရည်ရွယ် ချက်လေးကိုလည်းသိပါရစေ။
ဖြေ- ကျွန်တော်တို့ စဖွဲ့စည်းစဉ် ကတည်းကရှိလာတဲ့ ဗဟိုအမှု ဆောင်အဖွဲ့မှာ ပါတီတာဝန်ကို ထမ်းဆောင်ခွင့်မရှိတဲ့ ဗဟိုအမှု့ ဆောင်အဖွဲ့ဝင်တွေရှိလာတယ်။ အဲဒီမှာ ဥက္ကဋ္ဌအဖြစ် ပြန်လည် အရွေးချယ်ခံရတဲ့ သမ္မတကြီးလည်း ပါတယ် ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှာ တာဝန်ယူနေတဲ့ ၀န်ကြီးတွေလည်းပါတယ်။ဒီတော့ ပါတီဗဟိုအမှုဆောင်အရေအ တွက် ကလျော့သွားတယ်။ပြောရ ရင် ဗဟိုအမှုဆောင်အရေအတွက် တွေထဲကနေပါသွားတာပေါ့ဗျာ။ အဲဒီအတွက် ပြီးခဲ့တဲ့ပါတီညီလာ ခံကြီးမှာ ဗဟိုအမှုဆောင် အဖွဲ့ ၀င်အင်အားကို တိုးချဲ့ဖွဲ့စည်းခဲ့ရ တာပါ။
မေး- ပြောင်းလဲလာတဲ့ ဒီမိုကရေ စီစနစ်ကြီး ဒီထက်ပိုပြီး ပီပြင်ခိုင် မာလာဖို့ရော ဘယ်သူ့မှာ(သို့) ဘယ်အဖွဲ့အစည်းမှာ တာဝန်အရှိ ဆုံးလို့မြင်မိပါသလဲ။
ဖြေ- ပြောင်းလဲလာတဲ့ ဒီမိုကရေ စီစနစ်ကြီး ဆက်လက်ပီပြင်လာ ဖို့ ဘယ်သူ့မှာ၊ဘယ်အဖွဲ့အစည်း မှာ တာဝန်အရှိဆုံးပါလို့ သူများ လိုပြောနေလို့မရဘူး။နိုင်ငံသား တိုင်း မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။သူများကိုပြောနေ ရင်တော့ မရဘူး။ဒီတော့ တိုင်း ပြည်ရဲ့ဒီမိုကရေစီလမ်းစဉ်ကြီးမှာ ဒီမိုကရေစီယန္တရားကြီး ချောမွေ့ စွာ ဆက်လက်လည်ပတ်နိုင်ဖို့ နိုင်ငံသားတိုင်းမှာတာဝန်အရှိဆုံး ပါလို့ပြောချင်တယ်။တစ်ဦးတစ် ယောက်၊အဖွဲ့အစည်းတစ်ဖွဲ့မှာပဲ တာဝန်ရှိတာမဟုတ်ဘူးလေ။ အား လုံးက လိုလားလို့ ဒီမိုကရေစီစနစ် ကြီး အကောင်အထည်ဖော်နိုင်ခဲ့ ပြီးပြီလေ အဲဒါကို ဆက်လက်ထိန်း သိမ်းသွားဖို့ အားလုံးမှာတာဝန်ရှိ တာပေါ့။
မေး- ယခင် ပြည်ခိုင်ဖြိုး နာယက ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်မှူး သန်းရွှေနဲ့အခြားနာယကကြီးတွေ ရဲ့လက်ရှိ ပါတီအဖြစ်ပြောင်းလဲ ဖွဲ့စည်းအပြီး ပါတီအပေါ်ဘယ်လို လမ်းညွှန်အကြံပေးမှုတွေရှိပါသလဲ ပြီးတော့ လက်ရှိပြည်ခိုင်ဖြိုးပါတီ ရဲ့ ကိုယ်စားလှယ်အများစုနဲ့ဖွဲ့စည်း ထားတဲ့ပြည်ထောင်စုအစိုးရအဖွဲ့ အပေါ်မှာရော ဘယ်လိုဦးဆောင် မှု ပေးတာတွေရှိပါသလဲ။
ဖြေ- ဒီမိုကရေစီစနစ်ကြီးပြောင်း လဲ ကျင့်သုံးဖို့ဆိုတာ အဲဒီအစိုးရ တစ်ရပ်ကို ဒီမိုကရေစီလမ်းစဉ် အပေါ်ရောက်အောင်ပို့ပေးတဲ့ အစိုးရတစ်ရပ်လိုတယ်။ယခင် ပြည်ခိုင်ဖြိုး နာယကကြီးတွေက ခု ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်း ခဲ့ပေမယ့်လည်း သြဇာပေးတာ မျိုး လုံးဝမရှိပါဘူး။ ဗိုလ်ချုပ်မှူး ကြီးတို့ဆိုလည်း ဘုရားအလုပ်၊ တရားအလုပ်နဲ့ပဲ ငြိမ်းချမ်းစွာနေ နေပါပြီ။သူတို့အနေနဲ့ ဒီမိုကရေ စီကြီးပြောင်းလဲကျင့်သုံးနိုင်အောင် လမ်းခင်းပေးခဲ့တယ်။ခု ဒီလမ်းစဉ် ကြီးအကောင်အထည်ပေါ်လာပြီ သူတို့တွေလည်း ဘယ်လိုမှမစွက် ဖက်ပါဘူး။ဒီအစိုးရကို အားလုံး ယုံယုံကြည်ကြည်နဲ့လွှဲပေးခဲ့ပြီးပြီ လေ။
မေး- ပြည်ခိုင်ဖြိုးပါတီ အောက် ခြေပိုင်းက လူတွေရဲ့ ခြစားမှုအ တွေကြောင့် ပြည်သူတွေက မကျေ နပ်တာတို့၊ပါတီကြီးအပေါ် အရို အဝေတန်တာတို့ဖြစ်နေပါတယ်။ ဒါဟာ ဒေသတော်တော်များများ မှာ ဖြစ်နေတာပါ။ အဲဒီလို ပါတီ နဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘယ်လိုပြုပြင်စီစစ်သွားဖို့ရှိပါ သလဲ။
ဖြေ- ဒီလိုမျိုး ပါတီဝင်တွေရဲ့ခြ စားမှုကို ဘယ်လိုမှလက်မခံပါဘူး။ တကယ်လို့ရှိလာရင်လည်း ကျွန်တော်တို့ဆီအကြောင်းကြား ပါ။ အဲဒါကို ဟုတ်မဟုတ် သေချာ လား။ဒါမှမဟုတ် တစ်ဖက်သား ကို သက်သက်မဲ့နစ်နာစေလိုတဲ့ ပစ်စာမျိုးလား စသဖြင့် သေချာ စိစစ်ပြီးအရေးယူသွားမှာပါ။ အောက်ခြေပိုင်းပါတီဝင်တွေ ကြောင့် ပါတီကြီးကိုထိခိုက်တာ ပါတီကြီးအပေါ်လူထုရဲ့ ယုံကြည် မှုလျော့တာ၊အရိုအသေတန်တာ မျိုး ဘယ်နည်းနဲ့မှအဖြစ်မခံပါ ဘူး။ ပြင်းထန်စွာစည်းမျဉ်းအရ အရေးယူသွားမှာပါ။
http://www.hotnewsweekly.com/archives/13681

.jpg)