Thursday, November 8, 2012
ကျိုက်ထီးရိုး တောင်တက်ကားခ လျှော့ချပေးမည်ဟုဆို
ကျိုက်ထီးရိုး တောင်တက် ကားခကို လျှော့ချပေးရန် အစီအစဉ် ရှိကြောင်း တောင် တက်ကား အသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်တိုးက နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြောကြားသည်။ "ဈေးလျှော့ချပေးဖို့ အစီအစဉ် ရှိတယ်၊ အခုကော်မတီမှာ ဒီကိစ္စကို အကြီးအကျယ် ဆွေးနွေးနေကြ တယ်၊ ဘုရားဖူးတွေကိုလည်း ဝန် ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစားနေတဲ့ အခိုက်အတန့်လေး မှာတော့ ခဏစောင့်ပေးပါ"ဟု ၄င်းကဆိုသည်။ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်းတွင် ကား ၁၄၃ စီးရှိပြီး စည်းကမ်းဥပဒေနှင့် အညီ ခရီးသွားပြည်သူများ လုံခြုံ စိတ်ချရစေရန် ကြိုးပမ်းလျက်ရှိ ကြောင်း တောင်တက်ကားအသင်း ဥက္ကဋ္ဌ ဦးဝီးတင်က ပြောသည်။
"ကျွန်တော်တို့ ဒီမှာ တစ်လ တစ်ကြိမ်၊ နှစ်ကြိမ် ယာဉ်စစ်ဆေး ခံရတယ်၊ အောက်လမ်းမှာ သုံးနှစ် လောက်သုံးလို့ရတဲ့ပစ္စည်းက ဒီမှာ ခဏပဲ၊ တောင်တက်အသင်းက ပိုက်ဆံအရမ်းရတယ်လို့ ပြောနေ ကြပေမယ့် ကားရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုရင် ဝင်ငွေပမာဏက သိပ်မကွာ ပါဘူး"ဟု ၄င်းကဆိုသည်။
ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုး စေတီတော် ရင်ပြင်သို့ ခရီးသည် တစ်ဦးလျှင် နောက်ခန်းကျပ် ၂၅၀ဝ ရှေ့ခန်း ကျပ် ၃၀ဝ၀ ပေးရသော ကြောင့် ဈေးနှုန်းများသည်ဟု ဆို နိုင်ကြောင်း ကျိုက်ထိုမြို့နယ်မှ ကိုကြေးမုံက ပြောသည်။
"ကိုးမိုင်ခရီးကို တစ်မိုင် ၅၀ နဲ့တွက်ရင် ၄၅၀ ပဲ တန်တယ်"ဟု ၄င်းကဆိုသည်။
ကားတစ်စီး ထွက်ခွာပါက ဂေါပကအဖွဲ့ထံသို့ ကျပ် ၂၀ဝ၀၊ အသက်အာမခံ ကျပ် ၁၇၅၀၊ စီမံ ခန့်ခွဲရေးစရိတ် ကျပ် ၁၅၀ဝ အပါ အပါအဝင် တစ်နှစ်စာအတွက် ဘုရားကြီးသို့ အလှူငွေ အခွန် ၁၀ သိန်းပေးဆောင်ရကြောင်း တောင် တက်အသင်းထံမှစုံစမ်းသိရသည်။
ယာဉ်မောင်းတစ်ဦးလျှင် တစ်လ ကျပ် တစ်သိန်းနှစ်သောင်း နှင့် ယာဉ်နောက်လိုက် တစ်ဦးလျှင် ကျပ် ရှစ်သောင်း လခပေးရပြီး ဘုရားဖူးများကို ရိုင်းပျစွာဆက်ဆံ ခြင်း၊ အရက်သေစာသောက်စား ခြင်းများ ပြုလုပ်ပါက ယာဉ်လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူ ကြောင်း သိရသည်။
ဒီကပါ။
ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ထောက်ခံကြောင်း နိုဝင်ဘာ(၁၀)ရက်နေ့တွင် မြိတ်လူထု စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည်
မြိတ်မြို့နယ် လော့လော့ကျေးရွာတွင် တည်ဆောက်မည့် (50) MW ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် လုပ်ငန်းအား ပြီးခဲ့သည့် (၄) ရက်နေ့ တနင်္ဂနွေနေ့တွင် အင်အား (၂၅၀) ဦးခန့်က ကန့်ကွက်ပြီးနောက် အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်မည့် ကိစ္စအား ထောက်ခံကြောင်းနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ကြိုဆိုကြောင်း မြိတ်ခရိုင် လူထုမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခြင်းကို နိုဝင်ဘာလ (၁၀) ရက်နေ့ (စနေနေ့)တွင် မြိတ်မြို့၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိ ရသည်။
အဆိုပါ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှု အတွက် စုဝေးခြင်းနှင့် လှည့်လည် စီတန်း ဆန္ဒ ဖော်ထုတ်ခြင်းကို (၁၀)ရက်နေ့ နံနက် (၇) နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမ အရှေ့တွင် စုဝေးပြီးနောက် နံနက် (၈း၃၀) နာရီအချိန်တွင် ပုလဲရတနာ ခန်းမမှ ကမ်းနားလမ်းအတိုင်း သဲကွင်း ကုန်တိုက်အထိ စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်မည် ဖြစ်ပြီး နံနက် (၁၀) နာရီခန့် အချိန်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရှိရသည်။
စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ရာတွင် အသုံးပြုမည့် ကြွေးကြော်သံနှင့် ပိုစတာ ၊ ဆိုင်းဘုတ် စာတမ်းများမှာ လျှပ်စစ်ဓာတ်အား ဈေးနှုန်း ကျဆင်းရေး (ဒို့အရေး)၊ လျှပ်စစ်ဓာတ်အား အပြည့်အ၀ ရရှိရေး (ဒို့အရေး)၊ မြိတ်ခရိုင် ဖွံ့ဖြိုးတိုးရေး (ဒို့အရေး) ၊ အလုပ်ရုံ၊ စက်ရုံများ ပေါ်ထွန်းလာရေး (ဒို့အရေး)၊ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး (ဒို့အရေး)၊ အလုပ်လက်မဲ့ ဦးရေ လျော့နည်း ပပျောက်ရေး (ဒို့အရေး)၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှု အောင်မြင်ရေး (ဒို့အရေး)၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုကို (ကြိုဆို ပါသည်/ ထောက်ခံပါသည်) တို့ အသုံးပြုမည် ဖြစ်ကြောင်း ဦးဆောင်နေသူ တစ်ဦးက ပြောကြားသည်။
ထိုသို့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခြင်းနှင့် စုဝေးခြင်းကို ဦးမြင့်စိုး (၆/မအရနိုင်)-133382) ပါရမီ (၁) ရပ်ကွက်နှင့် ဦးစိုးနိုင် (၆/မအရ(နိုင်)083895) မြိတ်တောင် နယ်မြေ တို့မှ ဦးဆောင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
တာချီလိတ်မှာ မူးယစ်ဆေး၊ ဒေါ်လာနဲ့ လက်နက် ဖမ်းမိ
ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း – မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့မှာ လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာဖြစ်သူ တစ်ယောက်ရဲ့နေအိမ်ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာ ရာဘ ခေါ် စိတ်ကြွ ဆေးပြားအလုံးရေ ၅ သိန်းကျော်နဲ့ သေနတ် တစ်လက် အပါအ၀င် သိန်းနဲ့ချီတဲ့ နိုင်ငံခြားငွေတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ တစ်လခန့်က ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာသူတစ်ဦးကို တာချီလိတ်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး သူနေထိုင်ရာ ဆန်စိုင်းရပ်ကွက်ရှိ နေအိမ်ကို တနင်္ဂနွေနေ့ နေ့ခင်းပိုင်းမှာ ရုတ်တရက်ဝင်ရောက်ရှာဖွေခဲ့ရာမှာ အခုလို ဖမ်းဆီးရရှိတာလို့ မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်နဲ့ နီးစပ်သူ မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ စိုင်းဝန်းတစ်ဆိုသူ အသက်၃၈ နှစ်အရွယ်ဖြစ်ပြီး သူ့ကို မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေလက်ဝယ်ထားရှိမှုတွေနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။
သူ့နေအိမ်ကိုဝင်ရောက်ရှာဖွေစဉ်မှာ အမေရိကန်ဒေါ်လာတွေနဲ့အတူ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက် ၊ မီးအားမြှင့်စက်၊ ရာဘ ခေါ် မြင်းဆေး ထုတ်လုပ်စက်အပါအဝင် ကလေးကစားစရာ စတဲ့ လျှပ်စစ်သုံးပစ္စည်း အမြောက်အများ သိမ်းဆည်းရရှိတယ်လို့လည်း မြို့ခံနောက်တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ မကြာခဏ မူးယစ် စိတ်ကြွဆေးနဲ့ လက်နက်ပစ္စည်းတွေ ဖမ်းဆီးရရှိလေ့ရှိပြီး ပြီးခဲ့တဲ့ သောကြာနေ့ကလည်း RPJ ဗုံးသီး ၃ လုံးနဲ့ လက်နက်ကျည်ဆံတစ်ချို့ ဖမ်းဆီးရရှိကြောင်းသိရပါတယ်။
http://www.myanmarnewshub.com/?p=45735
ဒေါ်အောင်ဆန်းစုကြည် ဆိုသည်မှာ-
ဒေါ်စုဟာ ပြင်ဆင်မှု မရှိဘဲ နိုင်ငံရေးလောကထဲ ၀င်လာတယ်ဆိုပြီး ပြောတာဟာ မသိတဲ့လူအဖို့ အဓိပ္ပါယ်ကောက် လွဲနိုင်ပါတယ် ။ သူမြန်မာပြည်ကို ရောက်လာရတဲ့ အဓိက အကြောင်းက ဒေါ်ခင်ကြည်ကို ပြုစုဖို့ ဆိုတာ မငြင်းလိုပါဘူး ။ ဒါပေမယ့် သူဟာ အဲဒီမတိုင်မီတလျှောက်လုံး မြန်မာ့နိုင်ငံနဲ့ ပတ်သက်ပြီး လေ့လာဆည်းပူးမှုတွေကို မပြတ်လုပ်ထားတယ် ဆိုတာ အထောက်အထား ရှိပြီးသားဘဲ ၊ သူမ အသက် ၂ နှစ်မှာ ဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက သိဖို့လည်း တတ်နိုင် သလောက် လေ့လာ ဆည်းပူးမှုတွေ လုပ်ခဲ့တယ် ။
မြန်မာနိုင်ငံ အကြောင်းနဲ့ ပတ်သက်ပြီး သူစာတမ်းပြုစုလေ့လာ ထားတာတွေ ရှိခဲ့တယ် ။ မိုက်ကယ်ကိုလည်း မင်္ဂလာပွဲမတိုင်မီကတည်းက ပြတ်ပြတ်သားသား ပြောပြီးသား '' ကျမ တိုင်းပြည်ကသာ လိုအပ်လာရင် ကျမ သွားရမှာ ဖြစ်တယ် ၊ အဲဒီအခါမှာ ကျမနဲ့ ကျမတိုင်းပြည်ကြားမှာ ရှင် ၀င်ပြီး အတားအဆီး မလုပ်ပါနဲ့'' တဲ့ ။
အဲဒီ လိုအပ်လာမယ့် အချိန်ဆိုတာကို ရည်ရွယ်ပြီး လေ့လာဆည်းပူးမှုတွေ လုပ်ခဲ့သလို တကယ်ရောက်လာတဲ့အခါမှာလည်း မြန်မာပြည်အတွက် ယောက်ျားကို မပြောနဲ့ သားသမီးကိုတောင် ခေါက်ထားတဲ့ခဲ့သူပါ ။
အမှန်အတိုင်းပြောရရင် ဟိုးအရင်က သူအကျယ်ချုပ်ကျနေစဉ်ကာလအတွင်းမှာ အချိန်တွေ ဘယ်လို ကုန်အောင် နေပါလိမ့်လို့ စဉ်းစားမရဘူး ။ တစ်နှစ်ကိစ္စလည်း မဟုတ်၊ နှစ်နှစ် ကိစ္စလည်း မဟုတ်ဘူးလေ ။
ဒါပေမယ့် အခုတော့ ယုံသွားပြီ.....အဲဒီအချိန်တွေကို သူဟာ တစ်စက်မှ မဖြုန်းတီးခဲ့ဘူး ။ အကျယ်ချုပ်ရက်များမှာ သူ့ကိုယ်သူ ဘယ်လို ဖြည့်ဆည်းခဲ့တယ်ဆိုတာ အင်တာဗျူးတွေမှာ သူပြောပြတာက တစွန်းတစ သိနိုင်တယ် ။ အဓိကကတော့ ဥာဏ်ပညာအပြည့်နဲ့ တုန်လှုပ်မှု လုံးဝမရှိဘဲ ပြောတဲ့ နိုင်ငံခြားခရီးစဉ် မိန့်ခွန်းတွေကို လေ့လာရင် ထင်းထင်းလင်းလင်း တွေ့ရတယ် ။ လည်ပေ့ ၊ ပညာတတ်ပေ့ဆိုတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့မှာ အဲလို ပြောနိုင်ဖို့လိုတဲ့ ပညာနဲ့ မိမိကိုယ်ကို ယုံကြည်မှုဆိုတာ နည်းနည်းနောနောလား ။ သူဟာ နားထောင်နေတဲ့ လူတွေရဲ့ စိတ်ကို သိတယ် ၊ ဘယ်အခြေအနေမှာ ဘာကို ပြောရမယ်ဆိုတာကို သိတယ် ၊ တကယ်တမ်း သူ လက်တွေ့ ပြောဆိုရတဲ့ အခါမှာ အရင်က သူ့ကို ချီးကျူးထားတဲ့လူတွေဟာ သူ့ကို ပိုပြီး အားကျလေးစားလာကြတယ် ။ ( တခါတလေလည်း ကြည့်နေရင်းနဲ့ စိုးရိမ်မိတယ်....ဘယ်တော့များ ကွဲမလဲဆိုပြီးတော့လေ ။ ဟုတ်တယ်....တချို့က တကယ့် နဖူးတွေ့ဒူးတွေ့ ပြောရတဲ့အခါ ချွေးပြန်ရတာနဲ့ ၊ စကားထစ်ရတာနဲ့ ...ကဂျိုးကဂျောင်တွေ ဖြစ်တတ်တာ တွေ့ဖူးမှာပေါ့ ၊ သူပြောရတဲ့ နေရာတွေရဲ့ အရှိန်ကိုလည်း ကြည့်ဦး ၊ ကြည့်တဲ့လူ စိတ်မပူဘဲ ခံနိုင်ရိုးလား ၊ ဒါပေမယ့် သူကတော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ပုံနဲ့ ပွဲတိုင်းကို အနိုင်ရခဲ့တယ် )
ဒါတွေဟာ သူပြောပြဖူးသလိုဘဲ အကျယ်ချုပ်ကျတဲ့ ရက်တွေမှာလည်း စိတ်ဓါတ်မကျ ပျင်းမနေခဲ့ဘူးဆိုတာကို ဖော်ပြတယ် ၊ တနေ့တနေ့ကို မနက် ၅ နာရီထပြီး သူ့အချိန်နဲ့သူ ဒီနေ့တော့ ဘယ်စီးပွားရေး စာအုပ်ကို ဖတ်မယ် ၊ ဒီနေ့တော့ ဘယ်နိုင်ငံရေးစာအုပ်ကို ဖတ်မယ်ဆိုပြီး စည်းကမ်းနဲ့ ကွက်တိ လုပ်ဆောင်ခဲ့တာတွေရဲ့ အကျိုးလို့ဘဲ မြင်တယ် ။ ကျန်တဲ့ သူ့ရဲ့ ပုဂိုလ်ရေး စွန့်လွှတ်မှုတွေကတော့ လူတိုင်းသိပြီးသားမို့ ဓါတ်ပြားဟောင်းကို ပြန်မဖွင့်ချင်တော့ပါဘူးလေ ။ လက်ရှိမှာလည်း အားလုံးကို စွန့်လွှတ်ပြီး ရေကုန်ရေခန်း ကြိုးစားလုပ်ပေးနေတယ်လို့ ရာနှုန်းပြည့် ယုံကြည်တယ် ။ တခုတော့ ရှိတယ် ....
နိုင်ငံရေးဆိုတာ အသက်အရွယ် ၊ အတွေ့အကြုံကို လိုက်ပြီး သဘာရင့်လာတာ ၊ ရင့်ကျက်လာတာ ၊ အတွေးအခေါ် ပြောင်းလဲလာတာ ၊ လုပ်တတ်ကိုင်တတ်လာတာတွေ ရှိမှာဘဲ ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒေါ်စုနဲ့ အခု ဒေါ်စုနဲ့ အတွေ့အကြုံချင်း၊ ရင့်ကျက်ပုံချင်း ဘယ်တူနိုင်ပါ့မလဲ ။ ဒါက ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး ။ ဒါဟာ ရှေ့စကား နောက်စကားမညီဘူးလို့ ဆိုလိုတာမှ မဟုတ်တာဘဲ ။ နိုင်ငံရေး အပေးအယူသဘောတွေကို အရင်ထက်ပိုနားလည်လာတာလို့ဘဲ မြင်တယ် ။
တို့နိုင်ငံက ရာစုနှစ်တစ်ဝက်လောက် မှိုင်းတိုက်ဖျက်ဆီးခံလာရတဲ့ နိုင်ငံဆိုတာနဲ့ လက်ရှိမှာကို အာဏာရှင်စနစ်လုံးဝ ပျက်သုန်းသွားသေးတာ မဟုတ်ဘူး ၊ နောက်ပြန်ဆွဲချင်သူတွေ တပုံကြီးကို ရှိနေသေးတယ် ဆို မေ့ထားလို့ မရဘူး ။ ထစ်ခနဲဆို ဒေါ်စုကို ( အပြုသဘော ဝေဖန်တာ မဟုတ်ဘဲ ) မဖြစ်ရကောင်းလား ဆိုသူတွေ ၊ မလုပ်ရကောင်းလား ဆိုသူတွေကလည်း ဒုနဲ့ဒေး ။ ပြီးရင် သူပြောတဲ့ စကားတွေကို လိုသလို ဖျက်ပြီး ၀ါဒဖြန်တဲ့လူတွေကလည်း တောင်ပုံယာပုံ ၊ အဲဒါကို မစဉ်းမစား ယုံတဲ့လူတွေကလည်း ပေါလှပါဘိကော .....။
အဓိကကတော့ ကိုယ်က အဲဒီအထဲမှာ ပါမသွားဖို့ပါဘဲ ။ အပြုသဘောနဲ့ ဝေဖန်ကြမယ် ၊ သူ့လုပ်တာကို သေချာလေ့လာ ၊ သူပြောတဲ့ အဓိပ္ပါယ်တွေကို သေချာစဉ်းစားဆင်ခြင်သုံးသပ်ပြီး ပြောဆိုကြမယ်ဆိုရင်ဖြင့် တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်မှာပါဘဲလေ ။
မကိုးကွယ်ပါနဲ့ ။ ခေါင်းဆောင်ကောင်းရဲ့ တန်ဖိုးကိုတော့ သိပါ ။
http://www.phophtaw.org/burmese/index.php/feature/2328-2012-11-08-03-39-52.html

လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင် ဟုဆို
တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။
ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း (သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း (သို့) ပေးပို့ ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင် ၏ ခွင့်ပြုချက် မရှိဘဲ စာပေ အနုပညာ လက်ရာ ကို ဖြစ်စေ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေး တစ်ရပ်ရပ် ကို ဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း၊ အရုပ်နှင့် အသံ တို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း (သို့) တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ် ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံ ရမည် ဟု ယင်း ဥပဒေကြမ်း တွင် ဆက်လက် ဖော်ပြသည်။
"လုံခြုံရေး အခြေအနေ အရ ဆိုတာ ကိုတော့ အတိုင်းအတာ တစ်ခု လောက် လက်ခံ ပါတယ်၊ အကြောင်း ရှိတိုင်း လုံခြုံရေး ကို အကြောင်းပြ နေရင် ဘယ်လို လုပ်မလဲ၊ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဆိုရင် လူ တစ်ဦးချင်း လွပ်လပ်ခွင့် ဆိုတာကို ထည့်သွင်း စဉ်းစား ရပါမယ်" ဟု IT လုပ်ငန်း လုပ်ကိုင် နေသူ ဦးဖြိုးဝေမြင့် က ပြောကြားသည်။
ပြည်သူ့ အကျိုး ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည့် အခါတိုင်း အစိုးရ အဖွဲ့ သဘော တူညီ ချက် ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များအား ယာယီ ရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစား တစ်ရပ်ရပ် ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်း ထားရှိရေး၊ ကြားဖြတ် ဖမ်းယူရေး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ဆက်သွယ်ရေး ပစ္စည်း များကို ယာယီ ထိန်းသိမ်း သုံးစွဲရေး တို့ကို လုပ်ငန်း လိုင်စင် ရှိသူက ခွင့်ပြု ပေးရမည် ဟု ဖော်ပြ ပါရှိသည်။
ယခု ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ယခင်က အသုံး ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေများ ဖြစ်သည့် ၁၈၈၅ မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ မြန်မာ့ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း လည်း ဖော်ပြ ပါရှိသည်။
http://www.facebook.com/thevoiceweekly/posts/489398187747112

ရွှေတိဂုံ စေတီတော်၌ နိုင်ငံခြားသား ဧည့်သည်များ အပြင် ပြည်တွင်း ဘုရားဖူး များပါ ဝိုင်ဖိုင် အခမဲ့ အသုံးပြု နိုင်ရန် ညှိနှိုင်း ဆောင်ရွက်မည်
ရွှေတိဂုံ စေတီတော်တွင် သြဂုတ် ၁၅ ရက်မှစ၍ ဘုရားဖူး လာရင်း အင်တာနက် အသုံးပြုလို သည့် နိုင်ငံခြားသား များ အတွက် အသုံးပြု နိုင်အောင် ဝါယာလက် ဝိုင်ဖိုင် အင်တာနက် တပ်ဆင် ဆောင်ရွက် ပေး ထားကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက် သည်နိုင်ငံခြားသား များအတွက် ဝန်ဆောင်မှု အသစ်ဖြစ်ကာ အခမဲ့ အသုံးပြုနိုင် အောင် ဆောင်ရွက် ပေး ထားခြင်းမျိုး ဖြစ်သည်။ အခမဲ့ အသုံးပြုခွင့် ပေးသည် ဆိုသော် လည်း ကန့်သတ် ချက် အနေဖြင့် နာရီဝက်သာ အသုံးပြုခွင့် ရမည်ဖြစ်ပြီး နာရီဝက်ပြည့်လျှင် အော်တို ရပ်ဆိုင်း သွားရန် စီမံ ဆောင်ရွက် ထားသည်။ ယင်းကန့်သတ်ချက်သည် အစပိုင်း ဖြစ်၍ စမ်းသပ်သည့် သဘော ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝါယာလက် ဝိုင်ဖိုင်အား Crystal Shine ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်ပြီး Acer Product ကွန် ပျူတာ များကို ရွှေလမင်း နဂါး ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်သည်။ ဘုရား တံခါးဖွင့်ချိန်မှ ပိတ်ချိန် အထိ သုံး စွဲနိုင်အောင် တောင်ဘက်မုခ်တွင် ပထမ ဦးစွာ တပ်ဆင် ထားပေးသည်။ တပ်ဆင်ခြင်းကြောင့် ပေါ်ပေါက် လာသော အကျိုးအပြစ်များ အပေါ် မူတည်ပြီး ဘုရားဖူးလာ တိုင်းရင်းသား ပြည်သူများ သုံး စွဲ နိုင်အောင် ပါ ဆောင်ရွက်လျက် ရှိကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြော ကြားသည်။
Myanmar Express
Myanmar Express
ဘင်္ဂလီကုလားများ၏ နယ်မြေပိုင်ဆိုင်လိုမူ ဘူးပေါ်သလိုပေါ်ပါပြီ
မနေ့က ပေါက်တောမြို့နယ် ဖရုံကာကျွန်းတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ စစ်ဆေး မူများ စတင်သည့်အခါ ဘင်္ဂလီကုလားများ က ပြသနာ စတင်ရှာပါပြီ။ နိုင်ငံသား မဟုတ်သည့် ကုလားများအား လူမျိုးနေရာတွင် ဘင်္ဂလီလူမျိုး ဟု သက်ဆိုင်ရာမှ ဖြည့်သည့်အခါ လက်မခံဘဲ သူတို့ မော်လဗီ များနှင့် ပြည်တွင်း၊ပြည်ပ ကြိုးကိုင်နေသော သူများပြောခိုင်းသည့်အတိုင်း ရိုဟင်ဂျာ ဟုဖြည့်မှ အိမ်ထောင်စုစာရင်းတွင် လက်မှတ်ထိုးနိုင်မည်ဟု ပြောဆိုနေကြသည်ဟုသိရပါသည်။ သမ္မတကြီးနှင့် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် များက မရှိပါဟုပြောထားသော နာမည်တစ်ခုအား အတင်းအားဓမ္မလိုချင်နေသော သူတို့၏ ခံယူချက်မှာ ဤနယ်မြေအား အချောင်ရယူလိုသော ဆန္ဒပေါ်လွင်နေကြောင်း သိရှိနိုင်ပါသည်။ ထိုသို့ပြောခိုင်းသော၊အနှောင်အယှက်ပေးသော နောက်ကွယ်မှကြိုးကိုင်နေသော အဖွဲ့အား အစိုးရအဖွဲ့အနေဖြင့် ဖေါ်ထုတ်ပြီး မြန်မြန်ဆန်ဆန် အရေးယူနိုင်မှ ၁၉၈၂ နိုင်ငံသားဥပဒေ ကို အကောင်အထည်ဖေါ်နိုင်မည်ဖြစ်ပါသည်
။ အစိုးရအဖွဲ့အနေဖြင့် မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ကြ ရပါမည်။
http://mmdailystar.blogspot.com/2012/11/blog-post_1226.html

ဒေါ်အောင်ဆန်းစုကြည် ကုလား ကို ကုလားလို့ မခေါ်ရက်နိုင်သည့်ကိစ္စနှင့်ပတ်သတ်၍
အို့
မေမေဒေါ်အောင်ဆန်းစုကြည်
၁. အပျိုကြီးကို အပျိုကြီးဟု ခေါ်ခြင်းသည်လည်းကောင်း
၂. ဥကြီးသည်ကို လူသိသောသူကို ဘောကြီးဟု ခေါ်ခြင်းသည်လည်းကောင်း
၃.>> ကုလားကို ကုလားဟုခေါ်ခြင်းသည်လည်းကောင်း <<
၎. တရုတ်ကို တရုတ်ဟုခေါ်ခြင်းသည်လည်ကောင်း
၅. ရွာသားကို ရွာသားဟုခေါ်ခြင်းသည်လည်းကောင်း
၆. အညာသားကို အညာသားဟုခေါ်ခြင်းသည်လည်းကောင်း
၇. ကရင်ကို ကရင်ဟုခေါ်ခြင်းသည်လည်းကောင်း
၈. ရခိုင်ကို ရခိုင်ဟုခေါ်ခြင်းသည်လည်းကောင်း
ရိုင်းပြမှန်းကို ခုမှသိ၍ လွန်စွာစိတ်မကောင်းဖြစ်ရပါသည်။ သို့သော် မြန်မာ/ဗမာ စကားတွင် sorry နှင့်တန်းတူသော တောင်းပန်သည့် စကား မရှိဘူးဆိုသည့်အတွက် ဘိလပ်ဘာသာ ဖြင့်သာ တောင်းပန်လိုက်ပါသည် အခေါ်ခံရသူ အပေါင်းခင်ဗျား "ဗဲဒီး ဆောဒီး "ပါ
Myanmar Express
နားပေါက်ဖောက်ရာတွင် သတိထားသင့်တာလေးများ
ထုံးတမ်းဓလေ့အရ မြန်မာအမျိုးသမီး အများစုက နားပေါက်ဖောက်ပြီး နားကပ် ဝတ်ဆင်ကြပါတယ်။ ရှေးဘုရင်တွေ ခေတ်တုန်းကလည်း နားထွင်းမင်္ဂလာ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာ့ဓလေ့အရ နားဖောက်တာက ထုံးစံလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး ပစ္စည်းတွေ ထည့်တာကတော့ မကောင်းပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရတော့ ဖောက်နေကြတာပါပဲ။ ယဉ်ကျေးမှုဓလေ့ကို တားလို့တော့မရပါဘူး။ အဲဒါကြောင့် အကောင်းဆုံးဖြစ်အောင် အကြံပေးချင်ပါတယ်။
နားဖောက်ချင်တယ်ဆိုရင် နားရွက်အောက်ခြေမှာ ရှိတဲ့ နားသန်သီး (Ear Lobe) မှာ ဖောက်တာက အန္တရာယ် အကင်းဆုံးပါပဲ။ နားအရေပြားကို ဖောက်မယ်ဆိုရင် အားလုံးသိထားတဲ့အတိုင်း HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေ ကူးစက်နိုင်ပါတယ်။ အပ်နဲ့ပဲ ဖောက်ဖောက်၊ သေနတ်နဲ့ပဲ ဖောက်ဖောက် အရေပြားကို ဖောက်တဲ့အခါ သွေးထွက်တတ်ပြီး ဖောက်တဲ့ပစ္စည်းကိရိယာတွေ မသန့်ရင် ပိုးဝင်တတ်ပါတယ်။ HIV ပိုး၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးတွေအပြင် ဘက်တီးရီးယား ပိုးတွေလည်း ဝင်တတ်ပါတယ်။
ဘက်တီးရီးယား ပိုးတွေဝင်ရင် နားက ရောင်လာမယ်၊ ကိုက်လာပါမယ်။ ဘက်တီးရီးယားပိုးထဲမှာ အဆိုးဆုံးက မေးခိုင်ပိုးဝင်တာပါ။ အဖြစ်နည်းပါတယ်။ အဖြစ်များတာကတော့ တခြားဘက်တီးရီးယား ပိုးတွေဝင်တာပါ။ ရောင်တယ်ဆိုရင် ပိုးသတ်ဆေး ပေးလို့ရပါတယ်။ ဘက်တီးရီးယားပိုးတွေက လူနာအတွက် အန္တရာယ် သိပ်မများပေမယ့် HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေဆိုရင်တော့ နောက်ဆက်တွဲ ဒုက္ခတွေ ခံစားရနိုင်ပါတယ်။
နားဖောက်မယ်ဆိုရင် ဘယ်မှာပဲဖောက်ဖောက် အရေးကြီးတဲ့အချက်က သန့်ရှင်းတဲ့ တစ်ခါသုံး ပစ္စည်းတွေကိုသာ သုံးပါ၊ နားဖောက်နေကျနေရာ နားသန်သီးမှာပဲ ဖောက်ပါ။ နားသန်သီးမှာ ဖောက်တာက ပြဿနာမရှိဘူး ဆိုပေမယ့် နားဖောက်မယ့် ပစ္စည်းကိရိယာတွေက သန့်ရှင်းဖို့တော့ လိုပါတယ်။ နားဖောက်တဲ့ ပစ္စည်းကိရိယာတွေ မသန့်ရှင်းတာကြောင့် ပိုးဝင်ပြီး နားရောင်လို့ လာပြတဲ့လူနာတွေ ဆရာတို့ဆီကို မကြာခဏ ရောက်လာတတ်ပါတယ်။ တချို့လည်း နားကွင်းတွေ အများကြီး ဝတ်ချင်တာကြောင့် နားသန်သီးမှာ နားဖောက်တာ အပြင် နားရွက်ရဲ့ အပေါ်ဘက်ကို တက်ပြီး နားဖောက်ကြပါတယ်။ နားရွက်အပေါ်ဘက် တက်ဖောက်တာမျိုးကိုတော့ ဆရာတို့က အားမပေးပါဘူး။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းဆိုတာ တားလို့ မရပါဘူး။ အဲဒါကြောင့် အန္တရာယ်ကင်းအောင် အကြံပေးချင်ပါတယ်။
တချို့ လူငယ်လေးတွေလည်း နားပေါက်တွေ အများကြီး ဖောက်တတ်ကြပါတယ်။ အဲလိုဖောက်တဲ့အခါ နားရွက်ရဲ့ အပေါ်မှာက အရေပြားနဲ့ အရိုးနုပဲ ရှိတာကြောင့် အရိုးနုကို ဖောက်မိတတ်ကြတယ်။ ဘာလို့လဲဆိုတော့ နားရွက်ရဲ့အပေါ်ပိုင်းမှာ အရိုးနုနဲ့ လွတ်တဲ့ အရေပြားက နည်းနည်းလေးပဲ ရှိတာကြောင့်ပါ။ နားဖောက်တာ အရိုးနုကို ဖောက်မိလို့ ပိုးဝင်သွားတယ်ဆိုရင် အရိုးနုရောင်တာ (Perichondritis) ဖြစ်လာတတ်တယ်။
အရိုးနုရောင်တာကတစ်ဆင့် နားရွက်ပုံစံ ပျက်စီးသွားတတ်ပါတယ်။ နားရွက်ပုံစံ ကားကားထောင်ထောင်လေး ဖြစ်နေတာက နားရွက်မှာရှိတဲ့ အရိုးနုကြောင့်ပါ။ နားရွက်ရဲ့ အရိုးနုသာ ပျက်စီးသွားပြီး အရေပြားသာ ကျန်ခဲ့တာကြောင့် နားရွက်က ပုံမှန်ပုံစံ မပေါ်တော့ဘဲ ပျော့သွားတယ်၊ ကုပ်သွားတယ်။ ဆိုလိုတာက ရုပ်အင်္ဂါ ပျက်စီးသွားပါတယ်။ လှချင်လို့ နားဖောက်တာ နောက်ဆုံးရလဒ်က နားရွက်ပုံစံ ပျက်စီးသွားတတ်ပါတယ်။ တစ်သက်လုံး နားကို ဖုံးပြီးနေရတတ်ပါတယ်။ ပုံမှန်နားရွက်ပြန်ရအောင် ခက်ခက်ခဲခဲ ခွဲစိတ်ပြုပြင်ရပါတယ်။
နားဆရာဝန် တစ်ယောက်အနေနဲ့ အကြံပေးချင်တာကတော့ နားဖောက်မယ်ဆိုရင် ဖောက်နေကျနေရာ နားသန်သီးမှာပဲ ဖောက်ပါလို့ ပြောချင်ပါတယ်။ တကယ်လို့ နားရွက်အပေါ်ဘက်မှာ နားဖောက်ချင်တယ် ဆိုရင်တော့ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ ဖောက်စေချင်ပါတယ်။ သန့်ရှင်းတဲ့နေရာမှာ တစ်ခါသုံးအပ်နဲ့ ဖောက်စေချင်ပါတယ်။ နားအပေါ်ဘက်မှာ ဖောက်မိပြီး နားနာလာတယ်၊ နားကိုက်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးကုသဖို့ နောက်ကျသွားလို့ အရိုးနုတစ်ခုလုံး စားသွားခဲ့ရင် နားရွက်ပုံစံ ပျက်သွားပါတယ်။ နားရွက်အရိုးနုက ပျက်စီးတာ မြန်ပါတယ်။ ဆရာတို့ မကြာခဏ တွေ့နေရပါတယ်။
Myanmar Express
မိုဘိုင်း တယ်လီဖုန်း နံပါတ် အလှနှင့် အပူးနံပါတ်များ လေလံတင် ရောင်းချသွားမည်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ GSM/WCDMA မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့ရာမှာ ဖုန်းနံပါတ် အပူးနဲ့ နံပါတ် အလှများ သုံးစွဲလိုသူတွေ အတွက် ဖုန်းနံပါတ်တွေကို လေလံ စနစ်နဲ့ ရောင်းချ သွားဖို့ ရှိတယ်လို့ မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ချက်တွေ အရ သိရှိရပါတယ်။ အဲ့ဒီလို ရောင်းချရာမှာ GSM ဖုန်းနံပါတ်တွေ အနေနဲ့ ကတော့ GSM ကုဒ်ဖြစ်တဲ့ ၄၂၀နဲ့ စပြီး နောက်နံပါတ် တန်းစီ အပူးတွေနဲ့ WCDMA ဖုန်းများ အတွက်လည်း ရှေ့ကုဒ် နံပါတ်ရဲ့ နောက်မှာ တန်းစီ အပူးတွဲ နံပါတ်တွေ ပါဝင်တာ ဖြစ်ပါတယ်။
အခုလို ပါဝင်တဲ့ နံပါတ်တွေ အတွက် ပထမ အကြိမ် လေလံတင် ရောင်းချမှု ကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မန္တလေးမြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပသွားမှာ ဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ မှာတော့ ရန်ကုန်မြို့ရှိ MICT မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ လေလံ စနစ်နဲ့ ၀ယ်ယူဖို့ အတွက် သတ်မှတ် စည်းကမ်းချက် များနဲ့ လေလံ ၀ယ်ယူခွင့် ပုံစံများ ကိုတော့ နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းရှိ မြန်မာ့ ဆက်သွယ်ရေးရုံးနဲ့ မန္တလေး မြို့ရှိ မြန်မာ ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာ ရုံးတို့မှာ ငွေကျပ် တစ်ထောင်နဲ့ ၀ယ်ယူ နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ လေလံတင် ရောင်းချရာ မှာတော့ ရန်ကုန်မြို့မှာ GSM ဖုန်း အလုံး အရေအတွက် ၂၉ လုံးနဲ့ WCDMA ၃၆ လုံး၊ မန္တလေးမြို့မှာ GSM ဖုန်း အလုံး အရေအတွက် ၃၇ လုံးနဲ့ WCDMA ၂၃ လုံးခန့် တို့ကို ရောင်းချမှာ ဖြစ်ပြီး ရရှိငွေများ အားလုံး ကိုတော့ နိုင်ငံတော်သို့ ပေးသွင်းသွားမှာ ဖြစ်ပါတယ်။
Myanmar Express
ပျံကျဈေး ရောင်းချသူများ အတွက် ဆိုင်ခန်းများ ဆောက်လုပ်
နေပြည်တော် ပျဉ်းမနားမြို့ မြို့မဈေး အရှေ့ဘက်တန်း ဗိုလ်မင်းခေါင်လမ်း လမ်းဘေးဝဲ၊ ယာတွင် ပျံကျ ဈေးသည် များ နေရာယူ ရောင်းချ မှုကြောင့် ဈေးရောင်း ဈေးဝယ်များဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများ ရှိနေသဖြင့် ဈေး သန့်ရှင်း သပ်ရပ်ရေး၊ လမ်းပိတ်ဆို့မှု မဖြစ်ပေါ် စေရေးအတွက် နေပြည်တော်
စည်ပင် သာယာရေး ကော်မတီ ဈေးများ ဌာနမှ မင်္ဂလာ မီးရထား ရပ်ကွက် စည်ပင် သာယာရေး ကော
်မတီပိုင် မြေနေရာတွင် ဈေးဆိုင်တန်း ဆောက်လုပ်ပေးလျက် ရှိသည်။ ဆိုင်ခန်းများကို ၂ဝ၁၂ ခုနှစ် အောက်တို ဘာလ ပထမပတ် မှစတင် အကောင် အထည်ဖော် တည်ဆောက်လျက် ရှိပြီး ဆိုင်ခန်းအကျယ် ခြောက်ပေ ပတ်လည်ရှိသည့် ဆိုင်ခန်းပေါင်း ၁၅ဝ ကျော် ဆောက် လုပ် ပေးမည်ဖြစ်ကာ ဆိုင်ခန်းများ ဆောက်လုပ် ပြီးစီးပါက သင့်လျော်သည့် ဈေးနှုန်းဖြင့် ရောင်းချ ပေး သွား မည် ဖြစ်ကြောင်း သိရသည်။
ဒီကပါ။
ဒီကပါ။
လစ်လပ်နေသော ပြည်ထောင်စု ဒုဝန်ကြီး သုံးနေရာ ယခုလွှတ်တော် အစည်းအဝေးများတွင် ခန့်အပ်ရန်ရှိ
လစ်လပ်လျက်ရှိသော အစိုးရအဖွဲ့ဝင် ဒုဝန်ကြီးနေရာ သုံးနေရာအတွက် ယခုကျင်းပနေသော လွှတ်တော် အစည်းအဝေး မပြီးဆုံးခင် ခန့်အပ်ရန် အစီအစဉ်ရှိကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။ “သုံးနေရာ ရှိတယ်။ ဝန်ကြီး တစ်ဦးတည်းရှိတော့ ဝန်ကြီး နိုင်ငံခြား သွားတဲ့အခါ လွှတ်တော်မှာ အမေးအဖြေလုပ်ဖို့ ထပ်ခန့်ဖို့ရှိတယ်” ဟု ဝန်ကြီးဦးအောင်မင်းက ပြော သည်။ မကြာသေးမီက ပြောင်းလဲဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ ဝန်ကြီးဌာနများအနက် ဒုဝန်ကြီးနေရာ လစ်လပ်နေသည့် ဝန်ကြီးဌာန သုံးခုမှာ သတ္တုတွင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ဖြစ်သည်။ လစ်လပ်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး နေရာအတွက် ဒေါက်တာအောင်မြတ်ကျော်နှင့် ဦးခင်ဇော် (Tour Mandalay) တို့မှာ ထင်ကြေးပေး ခံနေရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ များက ပြောဆိုနေကြ ကြောင်းသိရှိရသည်။
Myanmar Express
Myanmar Express
အမှန်တရား ဘက်တွင် တပ်မတော် ရှိပါသည်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ခုနှစ် မေလကုန် ပိုင်းနှင့် ဇွန်လဆန်း ပိုင်းတို့တွင် ဖြစ်ပွား ခဲ့သော ရာဇဝတ်မှု များ၏ လှိုင်းဂယက်ကြောင့် လူအုပ်စု အချင်းချင်း ဒေါသ အလျောက် အကြမ်းဖက် တိုက်ခိုက်မှု၊ မီးရှို့ ဖျက်ဆီးမှုများ ပေါ်ပေါက် ခဲ့ရပါသည်။ ဇွန်လ ၁၄ ရက်နေ့ အထိ သေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာ ရရှိသူ ၅၄ ဦး ရှိကြောင်း၊ လူနေအိမ် ၂၂၃၀ အိမ်နှင့် ဘာသာရေး အဆောက် အအုံ ၁၄ ခု မီးလောင် ဆုံးရှုံး ခဲ့ရ ကြောင်းနှင့် ဒေသခံ ပြည်သူ ၆၁၄၆၂ ဦးမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း တရားဝင် သတင်းများ က ဖော်ပြ ပါသည်။
ရခိုင် ပြည်နယ် အစိုးရ အနေဖြင့် ပဋိပက္ခများ အမြန်ဆုံး အေးငြိမ်း သွားစေရန် မြို့နယ် အချို့တွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ လည်းကောင်း၊ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဥပဒေကဲ့သို့ အာဏာ တည်သည့် အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေငြာ၍ လည်းကောင်း ဆောင်ရွက်ခဲ့ သလို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ များ ပူးပေါင်း၍ ဥပဒေ စိုးမိုးရေး ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသည့် အတွက် အချိန်တို အတွင်း တည်ငြိမ် အေးချမ်း မှုကို ပြန်လည် တည်ဆောက် နိုင်ခဲ့ ပါသည်။
ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသည့်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် အမြဲတမ်း အသင့် ဖြစ်နေသော တပ်မတော်သည် နာရီပိုင်း အတွင်း ဖြစ်စဉ် ဖြစ်ပွားရာ ကျေးရွာ များသို့ အရောက် ချီတက် နိုင်ခဲ့ ပါသည်။ ရခိုင် ပြည်နယ် ကဲ့သို့ ကုန်းတတန် ရေတတန်ဖြင့် သွားလာရေး ခက်ခဲသော ဒေသ အတွင်း တပ်မတော် စစ်ကြောင်း များသည် ပြည်သူ့ ဘဝ လုံခြုံ အေးချမ်းရေး ပြည်သူ၏ အသက် အိုးအိမ် စည်းစိမ် ကာကွယ်ရေး စိတ်ရင်း စေတနာမှန် များဖြင့် လှိုင်းကြား၊ လေကြား မုန်တိုင်းကြား မရှောင် အစွန် အဖျား ကျေးရွာများ အထိ သွားရောက်ပြီး လုံခြုံရေး တာဝန် များကို ထမ်းဆောင် ခဲ့ကြ ပါသည်။ ယင်းသို့ တပ်မတော်၏ စွန့်လွှတ်စွန့်စား တာဝန် ထမ်းဆောင် မှုကြောင့်ပင် အချိန်တို အတွင်း နယ်မြေ တည်ငြိမ် မှုကို ပြန်လည် ရရှိ ခဲ့ပါသည်။
သို့ရာတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်တော် မြို့နယ်၊ မြောက်ဦး မြို့နယ်၊ ရသေ့တောင် မြို့နယ်၊ မင်းပြား မြို့နယ်၊ ပေါက်တော မြို့နယ်၊ မြေပုံ မြို့နယ်၊ ကျောက်ဖြူ မြို့နယ်၊ ရမ်းဗြဲ မြို့နယ်နှင့် သံတွဲ မြို့နယ် တို့တွင် မမျှော်လင့်ဘဲ ဆူပူ အကြမ်း ဖက်မှုများ ထပ်မံ ဖြစ်ပွား လာခဲ့ ပြန်ပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက် နေ့က မင်းပြား မြို့နယ်၊ ပိုက်သည် ရွာတွင် နေထိုင်သော ဘင်္ဂါလီ လင်မယား နှစ်ဦး စကားများ ရန်ဖြစ်မှုကို အနီး ပတ်ဝန်းကျင် ကင်းဆိပ် ရွာမှ ရွာသား များက ဝိုင်းကြည့် ကြ၍ ယောက်ျား ဖြစ်သူမှ မကျေနပ်သည့် အတွက် ဝိုင်းကြည့် နေသူ များအား လေးခွဖြင့် ပစ်ခတ် ခဲ့ကြောင်း၊ ယင်း ပစ်ခတ် မှုကြောင့် ကင်းဆိပ် ရွာမှ ရွာသားများ စုရုံးပြီး ပိုက်သည် ရွာသို့ သွားရောက် လက်တုန့်ပြန် မီးရှို့ ခဲ့ရာမှ အစပြု၍ ဆူပူမှု ပဋိပက္ခ စတင် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင် ပဋိပက္ခများ ဖြစ်ပွားစဉ် ကတည်းက နယ်မြေ လုံခြုံရေး ဆောင်ရွက် နေခဲ့ပြီး တပ်ရင်း ဌာနချုပ် အသီး သီးသို့ ပြန်လည် ဝင်ရောက် အနားယူ နိုင်ခြင်း မရှိသေးသော တပ်မတော် စစ်ကြောင်းများ အနေဖြင့် ပဋိပက္ခများ ထပ်မံ ဖြစ်ပွား လာချိန်တွင် ဆူပူမှု ဖြစ်ပွားရာ နေရာ များသို့ အမြန်ဆုံး သွားရောက် ထိန်းသိမ်း ဆောင်ရွက် ခဲ့ရ ပြန်ပါသည်။
ဤနေရာ၌ လူအမျိုးမျိုး စိတ်အထွေထွေ ဟူသည့် စကားအတိုင်း တပ်မတော်၏ ရပ်တည် ဆောင်ရွက် မှုများ အပေါ် ဝေဖန်မှု အမျိုးမျိုး ကိုလည်း ကြားသိ ရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက် နေ့တွင် သံဃာတော် အပါး ၁၀၀ ခန့်နှင့် ရခိုင်လူမျိုး ၅၀ ခန့် ပူးပေါင်း၍ ရန်ကုန်ရှိ ဆူးလေ စေတီတော်တွင် စုစည်းကာ ဆန္ဒပြမှု တစ်ရပ်ကို ပြုလုပ် ခဲ့ကြ ပါသည်။ ယင်း ဆန္ဒ ပြမှုတွင် တပ်မတော် အနေဖြင့် ရခိုင် လူမျိုးများ ဘက်မှ ရပ်တည် ကာကွယ် ပေးရန် တောင်းဆိုချက်များ ပါဝင်ကြောင်း သိရှိ ရပါသည်။ အချို့သော သတင်း ဌာနများ အနေဖြင့်လည်း တပ်မတော်သည် ဘင်္ဂါလီ ကျေးရွာ များတွင်သာ အခြေချ၍ ဘင်္ဂါလီ များကိုသာ အကာအကွယ် ပေးနေ သယောင် ဝေဖန် ရေးသား နေမှုများလည်း တွေ့ရှိ ရပါသည်။ အခြေ အနေ မှန်ကို မသိရှိသူများ အတွက် အမှောင်ထဲတွင် လမ်းလျှောက် သလို ဖြစ်နေ ပါလိမ့်မည်။ စာရေးသူ လေ့လာ သိရှိ ထားသမျှ ရှင်းလင်း ရေးသား လိုပါသည်။
နိုင်ငံတော်သစ် ဆီသို့ ချီတက်ရာ ဒီမိုကရေစီ လမ်းကြောင်းသည် ဖန်သားပြင် ကဲ့သို့ ချောမွေ့၍ ဖဲသား ကဲ့သို့ နူးညံ့ နေမည်ဟု မယူဆ သင့်ပါ။ မျဉ်းဖြောင့် တစ်ကြောင်း ကဲ့သို့ ဖြောင့်ဖြူး နေလိမ့်မည် ဟုလည်း မျှော်လင့် မထား သင့်ပါ။ အကွေ့ အကောက် အဖု အထစ် အခက်ခဲ အချို့ကို ရင်ဆိုင် ဖြတ်သန်း ရမည်သာ ဖြစ်ပါသည်။ ရခိုင် ပြည်နယ် ကိစ္စသည် အကွေ့ အကောက် အဖု အထစ် တစ်ခုပင် ဖြစ်ပါ သည်။ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးရန် နိုင်ငံ တည်ငြိမ် အေးချမ်း ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဟူသည့် ဒေါက်တိုင်ကြီး ၂ ရပ် အပေါ်တွင် အခြေခံ သည်ဟု စာရေးသူ ရှုမြင် မိပါသည်။ လူတစ်ဦး ကမ္ဘာ မြေပေါ်တွင် ရပ်တည် နိုင်ရန် ခြေထောက် နှစ်ဖက် လိုအပ် သကဲ့သို့ပင် ဒီမိုကရေစီ နိုင်ငံ အဖြစ် ရပ်တည် နိုင်ရေး တွင်လည်း ယင်း အခြေခံ ဒေါက်တိုင် နှစ်ခု လိုအပ် ကြောင်းကို ခိုင်းနှိုင်း ပြ လို ပါသည်။ တစ်ဖက်ဖက် ယိုယွင်း ပါက ရေရှည် ရပ်တည်နိုင်မည် မဟုတ်သည် ကိုလည်း တွေးဆ သိမြင် နိုင်ပါ လိမ့်မည်။ စာရေး သူတို့ အနေဖြင့် တည်ငြိမ် အေးချမ်းမှု မရှိဘဲ ဒီမို ကရေစီကို မျှော်မှန်း၍ မရ နိုင်ပါ။
တိုင်းပြည် တည်ငြိမ် အေးချမ်းရေး အတွက် တစ်ဖက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက် ရမည် ဖြစ်သလို တစ်ဖက် တွင်လည်း နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှား နေသော လူ ပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်း များ ကြောင့် မမျှော်လင့်ဘဲ ဖြစ်ပေါ် လာသည့် ဆူပူ အကြမ်းဖက်မှု များကို ထိရောက် လျင်မြန်စွာ ထိန်းချုပ် သွားရမည် ဖြစ်ပါသည်။
တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင် ရာတွင် နိုင်ငံတော် အစိုးရနှင့် တစ်စိတ်တည်း တစ်ဝမ်းတည်း ပူးပေါင်း ဆောင် ရွက် နေသကဲ့သို့ ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ် နေသော ဆူပူ အကြမ်းဖက် မှုများ ကိုလည်း အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့ အစည်းများ၊ ဒေသ ခံ ပြည်သူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်တွင်း ပြည်ပ NGO အဖွဲ့ အစည်းများဖြင့် ပူးပေါင်း ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါသည်။ မည့်သည့် အဖွဲ့ အစည်းက တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်သည် ဖြစ်ပါစေ ပင်ပန်း ကြမ်းတမ်းပြီး အန္တရာယ် များသည့် ကိစ္စများတွင် တပ်မတော် သည်သာ ရှေ့ဆုံးမှ ဦးဆောင်၍ အနစ်နာခံ ဖြေရှင်း ရစမြဲ ဖြစ်ပါသည်။ ယင်းသို့ ဦးဆောင် ဦးရွက် ပြုခြင်းဖြင့် မလိုသူ များ၏ အမုန်း ခံရ မှုများ ကိုလည်း ရရှိ ပါသည်။ တစ်ဦး တစ်ယောက်၏ ချစ်ခြင်း၊ မုန်းခြင်းသည် အဆိုပါ ပုဂ္ဂိုလ်၏ ပုဂ္ဂလိက ခံစားချက် တစ်ခု သာ ဖြစ်ပါသည်။ တပ်မတော်သည် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ ပုဂ္ဂလိက ခံစားချက်ထက် သန်း ခြောက်ဆယ်သော ပြည်သူ များ၏ မျက်နှာနှင့် လိုလားချက် များကိုသာ အလေး ဂရုပြု ရမည် ဖြစ်ပါသည်။
တပ်မတော်၏ သမ္ပဇဉ် တစ်ရပ် အနေဖြင့် မည်သည့် ဆောင်ရွက်ဖွယ် လုပ်ငန်း ကိစ္စကို မဆို စီမံချက် ရေးဆွဲပြီး မှသာ အကောင် အထည်ဖော် ဆောင်ရွက်လေ့ ရှိပါသည်။ စီမံချက် မရှိသော လုပ်ဆောင်မှု တပ်မတော်တွင် မရှိပါ။ စီမံချက်တွင် ရည်မှန်းချက် ဆို သည့် ခေါင်းစဉ် ပါရှိပြီး ၎င်းနောက်တွင် လုပ်နည်း ဆိုသည့် ခေါင်းစဉ် ရှိပါသည်။ ဆိုလိုသည်မှာ လုပ်ငန်း တာဝန် တစ်ခု အတွက် တိကျ သည့် ရည်မှန်းချက် ချမှတ်ပြီးမှ အကောင် အထည် ဖော်ခြင်း ဖြစ်ပါသည်။ ရခိုင် ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက် မှုများ ထိန်း သိမ်းရေး စီမံချက်၏ ရည်မှန်းချက် ခေါင်းစဉ် အောက်တွင် သက်ဆိုင်ရာ တာဝန် ယူရသည့် နယ်မြေ အလိုက် တည်ငြိမ် အေးချမ်း မှု ဖော်ဆောင် နိုင်ရမည်ဟု တိကျစွာ ရေးဆွဲ ထားပါသည်။ လုပ်ဆောင်ရမည့် နည်းလမ်း အောက်တွင်လည်း ထိခိုက်၊ သေဆုံး၊ ပျက်စီးမှု အနည်းဆုံး ဖြစ်စေရမည် ဆိုသည်ကို ဦးတည်၍ ရေးဆွဲ ထားပါသည်။ ဤ အပိုင်းတွင် မည်သူ သာစေ၊ မည်သူ နာစေ ဆိုသည်များ မပါဝင်ပါ။ ဖြူဖြူ မည်းမည်း မှန်သည့် ဘက်မှာပဲ တပ်မတော် ရှိမည် ဖြစ်ပါသည်။
အမျိုး ဘာသာ၊ သာသနာ အတွက်ဟု ဆိုသည့် လူတစ်စုက ရန်ကုန်မြို့ ကြီးတွင် နေ၍ တပ်မတော်အား ပုတ်ခတ် ပြောဆို နေခြင်းသည် လက်ခံ နိုင်ဖွယ် ကိစ္စ မဟုတ်ပါ။ မျက်မမြင် ပုဏ္ဏားများ ကဲ့သို့ အခြေ အနေ မှန်ကို မြင်နိုင်စွမ်း မရှိသည့် အတွက် စိတ်ထင် ရာ ဝေဖန် ပြောဆို နေခြင်း ဟုသာ စာရေးသူ ယူဆ မိပါသည်။
ဤနေရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁၁) ပါ အရေးပေါ် ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက် များအား အနည်း ငယ် ရေးသား ဖော်ပြ လိုပါသည်။ ပုဒ်မ ၄၁၁ ပုဒ်မခွဲ (က) တွင် အရေးပေါ် အခြေ အနေ ကြေညာသည့် ကိစ္စရပ်၌ နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့် များကို လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင် ဥပဒေ ပြုခွင့် အာဏာနှင့် ပတ်သက်သည် များကို လည်းကောင်း ဖော်ပြ ထားရှိ ပါသည်။ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) တွင် နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေ ကဲ့သို့ အာဏာ တည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေ အနေ ကြေညာ နိုင်မှုကို လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင် ယင်းသို့ ညှိနှိုင်း ရာတွင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက် နိုင်ခြင်း မရှိ ပါက အဖွဲ့ဝင်များ ဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး တို့နှင့် ညှိနှိုင်းပြီး အရေးပေါ် အခြေ အနေ အချိန်မီ ထုတ်ပြန် ကြေညာ နိုင်မှုကို လည်းကောင်း ဖော်ပြ ထားရှိ ပါသည်။ ပုဒ်မ ၄၁၃ ပုဒ်မခွဲ (က) တွင် အရေးပေါ် အခြေအနေ ကြေညာချက် အကျိုး သက်ရောက်သည့် နယ်မြေ ဒေသ အတွင်း မူလ အခြေ အနေသို့ အမြန် ပြန် လည် ရောက်ရှိ စေခြင်းငှာ သက်ဆိုင်ရာ အဖွဲ့ အစည်းများ၊ အဖွဲ့အစည်း ဝင်များက တည်ဆဲ ဥပဒေများ နှင့်အညီ တာဝန် ထမ်းဆောင် ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူ အညီကို ရယူ ဆောင်ရွက် နိုင်မှုကို လည်းကောင်း၊ ပုဒ်မခွဲ (ခ) တွင် နိုင်ငံတော် သမ္မတသည် လိုအပ် ပါက စစ်အုပ်ချုပ်ရေး အမိန့် တစ်ရပ် ထုတ်ပြန် နိုင်ပြီး ယင်း စစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ပိုင် ခွင့်နှင့် တာဝန် များကို လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာ ရေး၊ တရားဥပဒေ စိုးမိုးရေးတို့နှင့် သက်ဆိုင်သည့် တရား စီရင်ရေး ဆိုင်ရာ လုပ်ပိုင် ခွင့်နှင့် တာဝန်များကို လည်းကောင်း သတ်မှတ် ပေး၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ယင်း လုပ်ပိုင်ခွင့်နှင့် တာဝန်များ ကို မိမိ ကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက် အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက် စေခြင်း ပြုနိုင်မှုကို လည်းကောင်း ဖော်ပြ ထားရှိ ပါသည်။ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း လိုက်နာ ဆောင်ရွက် သွားမည်ပင် ဖြစ်ပါသည်။ အငြင်းပွားဖွယ် ပြဿနာ တစ်စုံ တစ်ရာ ရင်ဆိုင် လာရ ပါကလည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘက်မှသာ မားမား မတ်မတ် ရပ်တည် သွားမည် ဆိုသည်ကို အခိုင်အမာ ပြောကြား လိုပါသည်။
ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ် နေသော ပဋိပက္ခများ အတွင်း အုပ်စုဖွဲ့ ဆူပူ အကြမ်းဖက် မှုများနှင့် ပတ်သက်၍ ဥပဒေ ကြောင်း အရ လေ့ လာ မိသမျှ ကိုလည်း ဖော်ပြ လိုပါ သေးသည်။ ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း (၈) ပုဒ်မ (၁၄၁) တွင် ဥပဒေနှင့် ဆန့်ကျင်သော အစု အဝေး ဆိုသည်ကို အဓိပ္ပါယ် ဖွင့်ဆို ထားပြီး ထို အစု အဝေးတွင် ပါဝင်သူ ဖြစ်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၄၃) အရ ထောင်ဒဏ် ၆ လ အထိ လည်းကောင်း၊ ထို အစု အဝေးတွင် သေစေ လောက်သော လက်နက်ကို စွဲကိုင်ကာ ပါဝင်ပါက ထောင်ဒဏ် ၂ နှစ် အထိ လည်းကောင်း ချမှတ် နိုင်သည်ဟု ပြဋ္ဌာန်း ထားပါသည်။ ပုဒ်မ (၁၄၇) အရ ရုန်းရင်း ဆန်ခတ် မှုကို ကျူးလွန် ပါက ထောင်ဒဏ် ၂ နှစ် အထိ လည်းကောင်း၊ သေစေ လောက်သော လက်နက်ကို စွဲကိုင်၍ ရုန်းရင်း ဆန်ခတ် မှုကို ကျူးလွန် ပါက ပုဒ်မ (၁၄၈) အရ ထောင် ဒဏ် ၃ နှစ် အထိ လည်းကောင်း ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားပါသည်။ ပုဒ်မ (၁၅၂) တွင် ရုန်းရင်း ဆန်ခတ် မှုကို နှိမ် နင်း နေသော ပြည်သူ့ ဝန်ထမ်းကို လက်ရောက်မှု ကျူးလွန်ပါက သို့မဟုတ် ဟန့်တားပါက ထောင်ဒဏ် ၃ နှစ် အထိ ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားပါသည်။
အထက်ပါ ပြစ်ဒဏ်များသည် လူစု လူဝေးတွင် ပါဝင်ရုံ၊ လက်နက် ကိုင်ဆောင်ရုံ အတွက် သာလျှင် ပြဋ္ဌာန်း ထားခြင်း ဖြစ်ပြီး ထိုမှ တစ်ဆင့် ဘေးဖြစ်စေ တတ်သော လက်နက်ဖြင့် သို့မဟုတ် နည်းဖြင့် တစ်ဦး တစ်ယောက်သော သူအား နာကျင် စေပါက သာမန် နာကျင်မှု ဆိုလျှင် ပုဒ်မ (၃၂၄) အရ ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်ပြီး အပြင်းအထန် နာကျင်မှု ဆိုပါက ပုဒ်မ (၃၂၆) အရ တစ်သက် တစ်ကျွန်းဒဏ် အထိ ပြစ်ဒဏ် ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားပါသည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၃၆) တွင် မည်သူမဆို၊ ကိုးကွယ် ဝတ်ပြုသော နေရာ အဖြစ်ဖြင့် သော် လည်းကောင်း၊ နေအိမ် အဖြစ် ဖြင့်သော်လည်းကောင်း၊ ပစ္စည်းများ သိုလှောင် ထိန်းသိမ်းသော နေရာ အဖြစ် ဖြင့်သော် လည်းကောင်း၊ သာမန် အားဖြင့် အသုံး ပြုသော အဆောက် အအုံကို ဖျက်ဆီးရန် အကြံဖြင့် ဖြစ်စေ၊ မိမိက ထိုသို့ ပျက်စီး စေမည် ဖြစ်တန် ရာသည်ကို သိလျက်နှင့် ဖြစ်စေ မီးဖြင့်၊ သို့တည်းမဟုတ် ပေါက်ကွဲ စေတတ်သော အရာဖြင့် အကျိုး ဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက် တစ်ကျွန်း ဒဏ် ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ချမှတ် ရမည့် အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားပါသည်။
ရခိုင် ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်း ရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြား စေရန် လူစု လူဝေးဖြင့် ဥပဒေမဲ့ ပြုမူမှု များသည် အကြမ်းဖက် လုပ်ရပ်များပင် ဖြစ်ပါသည်။ တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန် ရှိသည့် အတွက် ရခိုင် ပြည်နယ် အတွင်း တစ်ကျော့ပြန် အကြမ်းဖက် ပဋိ ပက္ခများကို ထိန်းသိမ်းရန် ဥပဒေနှင့် အညီ ဆောင်ရွက် နေခြင်းသာ ဖြစ်ပါသည်။ မြို့ပြ အုပ်ချုပ် ရေးတွင် ဝင်ရောက် ကူညီခြင်း (Aid to Civil Power) မှ သည် စစ်ဘက် အုပ်ချုပ်ရေး အဆင့်သို့ မရောက်အောင် ဆောင်ရွက် နေသကဲ့သို့ ထိခိုက် သေဆုံးမှု၊ ပျက်ဆီး ဆုံးရှုံးမှု အနည်းဆုံးဖြင့် ထိန်းသိမ်း နိုင်အောင်လည်း ဆောင်ရွက်လျက် ရှိပါသည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ ဆောင်ရွက် ခြင်းနှင့် ဘာသာ/လူမျိုး မဟူ အတူ တကွ နေရေး/ မနေ ရေးသည် နိုင်ငံရေး /အုပ်ချုပ်ရေး အရ ဖြေရှင်းရန် ဖြစ်ပြီး လတ်တလော လိုအပ်ချက်မှာ တည်ငြိမ် အေးချမ်း ရေးနှင့် ဆူပူ အကြမ်း ဖက်မှု မဖြစ်ရေး သာ ဖြစ်ပါသည်။ တပ်မတော် အနေဖြင့် နိုင်ငံတော် အတွက် ဘေး အန္တရာယ် ကျရောက်သည့် အချိန်တိုင်း တစ်နည်းအားဖြင့် ဒို့တာဝန် အရေး သုံးပါးကို ထိပါး နှောက်ယှက် လာသည့် အချိန်တိုင်း အသက် သွေး ချွေးများ ပေးဆပ်၍ ကာကွယ် ခဲ့ရ စမြဲ ဖြစ်သည်မှာ သမိုင်း တစ်လျှောက် မည်သူမျှ ငြင်းပယ်၍ မရသော အမှန်တရား ဖြစ်ပါသည်။ ဤသည်မှာ တပ်မတော်၏ တုနှိုင်းမဲ့ ဂုဏ်ဒြပ်ပင် ဖြစ်ပါသည်။ သမိုင်း အစဉ် အလာ ကောင်းခဲ့သော တပ်မတော်သည် မျက်မှောက် ခေတ်တွင်လည်း ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်း အတွက် အနှောင့် အယှက် ဖြစ်စေသည့် ဆူပူ အကြမ်းဖက် မှုများကို နည်းလမ်း တကျ ထိန်းသိမ်းလျက် ရှိပါသည်။ မလိုသူ များ၏ ဝေဖန် ပုတ်ခတ်မှုများ ရှိနေမည် ဖြစ်သော်လည်း ပဋိပက္ခ ဖြစ်နေသော အုပ်စု နှစ်စုအား ထိန်းသိမ်း ရာတွင် အုပ်စု တစ်ခုခု ဘက်မှ ရပ်တည် ပေး လိမ့်မည် မဟုတ်ပါ။ တပ်မတော်သည် အခြေခံ ဥပဒေနှင့် အမှန်တရား ဘက်တွင်သာ အခိုင်အမာ ရပ်တည် နေမည် ဖြစ်ပါသည်။ အများ ပြည်သူ လိုလားသည့် ဒီမိုကရေစီ လမ်းကြောင်းကို ဆူပူ အကြမ်းဖက်မှု များကြောင့် မထိခိုက် စေရန်၊ တည်ငြိမ် အေးချမ်း ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဒေါက်တိုင် နှစ်ခု မြဲမြံ နေစေရန် တို့အတွက် ဝေဖန်ရေး သက်သက်သာ ဆောင်ရွက် နေကြမည့် အစား ရခိုင် ပြည်နယ် အတွင်းမှ တာဝန်ရှိ အဖွဲ့ အစည်း များနှင့် အမြန်ဆုံး ပူးပေါင်း ဆောင်ရွက် သင့်ပြီ ဖြစ်ပါကြောင်း ရေးသား ဖိတ်ခေါ် ရပါသည်။
Myanmar Express
လူစု လူဝေးဖြင့် အုပ်စုဖွဲ့၍ ဥပဒေမဲ့ ပြုမူ မှုကြောင့် ပျက်စီး ဆုံးရှုံး ခဲ့သည့် မြင်ကွင်းများ

ကျောက်တော် မြို့နယ်၊ လက်ဆောင်ကောက်ရွာ အနီးမှ သိမ်းဆည်း ရမိခဲ့သည့် ဒေသန္တရလုပ် ယမ်းထောင်း စိန်ပြောင်းကြီး

မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်
မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင် ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာ
ရေတပ်က ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။
ကမ္ဘာ့ရေပိုင်နက်မှ မြန်မာ့ရေပိုင်နက် (ကော့သောင်း) သို့ ဝင်ရောက်လာသည့် ထိုစက်လှေကို မြန်မာ့ရေတပ် စစ်ရေယာဉ် အမှတ် (၁၁၅) မှ ခွဲထွက်စက်လှေက လိုက်လံဖမ်းဆီးပြီး လှေစီးခရီးသည်များ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
“လိုက်ဖမ်းတော့ စက်ဆရာနဲ့ ပဲ့နင်းက ရေထဲ ဆင်းပြေးသွားတယ်ပေါ့ဗျာ။ အဲဒါ လှေက မျောပြီး ဝင်လာတော့ ကော့သောင်းဘက်ကို ဝင်လာတယ်။ ကမ်းပေါ်ထိ တက်ပြေးတယ်။ ရေတပ်က နောက်က လိုက်တော့ ဖမ်းမိတာပေါ့ ဗျာ” ဟု အမည် မဖော်လိုသည့် ကော့သောင်း လဝက မှ အရာရှိတဦးက ပြောသည်။
အဖမ်းခံရသူများမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပင်လယ်ကမ်းစပ်ရွာများနှင့် ဘင်္ဂလားဒေ့ရှ်မှ အစ္စလာမ် ဘာသာဝင် ၉၅ ဦး ဖြစ်ပြီး ၎င်းတွင် ဓမ္မဆရာ ၆ ဦး ပါဝင်ကာ အမျိုးသားများချည်းသာ ဖြစ်သည်ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။
၎င်းတို့မှာ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်းသို့ ဦးတည်သွားကြမည် ဖြစ်ပြီး မြန်မာကျပ်ငွေ ၅ သိန်းနှင့် ညီမျှသည့် မလေးရှားငွေကို လူပွဲစားများအား ပေးဆောင်ရမည် ဖြစ်သည်ဟု စစ်ဆေးမေးမြန်းချက်အရ သိရှိရသည်ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။
“ဦးတည်ချက်က ထိုင်းကို ဝင်မယ်။ အဲဒီမှာ အလုပ်လုပ်မယ်။ နောက်ပြီးရင် မလေးနယ်စပ်မှာ ရှိတဲ့ သူတို့ ဒုက္ခသည် စခန်းကို သွားမယ်။ အဲဒီကနေ တတိယနိုင်ငံကို သွားမယ် ပြောတာပဲ” ဟု သူက ပြောသည်။
ယခုကိစ္စသည် နိုင်ငံရေး ဒုက္ခသည်ကိစ္စ မဟုတ်ကြောင်းနှင့် လူကုန်ကူးမှု ကိစ္စသာ ဖြစ်ကြောင်းလည်း သူက ဆိုသည်။
စစ်ဆေးမေးမြန်းပြီးနောက် အင်္ဂါနေ့ ညနေပိုင်းတွင်ပင် ကမ္ဘာ့ရေပိုင်နက်သို့ ပို့ကာ ပြန်လွှတ်လိုက်သည်ဟု ကော့သောင်းရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။
“သူတို့က တိုင်းရင်းသား ဘာသာစကား၊ ရခိုင်စကားလည်း မပြောနိုင်ကြဘူး။ ဗမာစကားလည်း မတတ်ကြဘူး။ အဲဒါကြောင့် မရှုပ်ချင်လို့ လိုအပ်တဲ့ ရိက္ခာတွေ ကူညီထည့်ပြီး ပြန်လွှတ်လိုက်တာ” ဟု ရဲစခန်းနှင့် နီးစပ်သူက ပြောသည်။
ထို့ပြင် မလေးရှားနိုင်ငံသို့ ဦးတည်သည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာ မွတ်ဆလင် ၁၁ဝ ဦးခန့်ကို တင်ဆောင်လာ သည့် စက်လှေတစီး ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားပင်လင်ပြင်၌ နစ်မြုပ်ခဲ့ပြီး ၎င်းတို့အနက် ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ကာ ၁ဝဝ ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒု-ဗိုလ်မှူးကြီး Lieutenant-Colonel Mohammad Jahid ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းတရပ်တွင် ဖော်ပြသည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင်လည်း ဘင်္ဂါလီ ရိုဟင်ဂျာ မွတ်ဆလင် ၁၃ဝ ဦး ပါဝင်သည့် ခရီးသည်တင် စက်လှေတစီး နစ်မြုပ်ခဲ့ပြီး ထက်ဝက်ခန့်ကိုသာ ကယ်တင်နိုင်ခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/10355-2012-11-07-14-18-03.html

ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် ဒေလီရှိ မြန်မာအချို့နှင့် တွေ့ရန်ရှိ
ဒေါ်အောင်ဆန်းစုကြည် ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းတွင် နယူးဒေလီမြို့ရှိ
မြန်မာနိုင်ငံသား ဒုက္ခသည်အချို့နှင့် တွေ့ဆုံရန်ရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်၏ တပါတ်ကြာခရီးစဉ်၌ အဓိကအားဖြင့် အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ပဏ္ဍစ်ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ချရန်ဖြစ်သော်လည်း နယူးဒေလီမြို့တွင်ပင် ဖွင့်လှစ်ထားသော Prospect Burma အလွတ်စာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ များနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ကျောင်းအုပ်ဆရာကြီး Dr. Runbik က ပြောသည်။
“ကျနော်တို့ အစီအစဉ် အရဆိုရင် ကျောင်းသားတွေ ရှေ့မှာ ၁၅ မိနစ်လောက် မိန့်ခွန်းပြောမယ်။ ပြီးတော့ ကျောင်းကောင်စီဝင်တွေ၊ ကျောင်းက staff (ဝန်ထမ်း)တွေ၊ သူ့အဖွဲ့က သူတွေ၊ အင်္ဂလန်က မိတ်ဆွေတွေနဲ့ မိနစ် ၂ဝ လောက် ကျောင်းကိစ္စ စကားပြောကြမယ်” ဟု မဇ္ဈိမကို ပြောသည်။
ထိုစာသင်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ ဆုရရှိငွေများထဲမှ အချို့ဖြင့် မတည် တည်ထောင်ထား ပြီး လည်ပတ်နေသည့် ကျောင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် နေရာနှင့် နေ့ရက်ကိုမူ မသိရှိရသေးသော်လည်း ကြိုဆိုရေး အစီအစဉ်များ ကိုမူ အသင့်ပြင်ဆင်ထားရှိသည်ဟု ဆိုသည်။
“ဒေါ်စု ရောက်တဲ့ အချိန်မှာ အမျိုးသမီး နှစ်ယောက်၊ တယောက်က မြန်မာဝတ်စုံနဲ့၊ တယောက်က ချင်းဝတ်စုံနဲ့ ပန်းတွေ ပေးမယ်” ဟု Dr. Runbik က ဆိုသည်။
ဤ Prospect Burma ကျောင်းတွင် အင်္ဂလိပ်စာနှင့် ကွန်ပြူတာ ပညာရပ်များ သင်ကြားပေးလျှက်ရှိသည်မှာ ၁၅ နှစ်ခန့် ကြာခဲ့ပြီဖြစ်ကြောင်းလည်း ကျောင်းဝန်ထမ်းတဦးက ဆိုသည်။
“ဒီကျောင်းဟာ အကျိုးရှိပါတယ်။ မြန်မာနိုင်ငံသားဆိုရင် လူမျိုးမရွှေး ဘာသာမရွှေး လက်ခံတဲ့ ကျောင်းပါပဲ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်၊ ရှေ့ကိုလည်း ကျနော်တို့ကျောင်းက ရှိဖို့လိုအပ်ဦးမှာပါပဲ” ဟု ၎င်းက ပြောသည်။
Prospect Burma ကျောင်းအပြင် တွေ့ဆုံခွင့်ရရန် အခြားကြိုးပမ်းမှုများလည်း ရှိကြသည်။
ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့် ရရှိရန် မျှော်လင့်ထားပြီး စီစဉ်ပြင်ဆင်မှုများလည်း ရှိကြောင်း ဇိုမီး အမျိုးသား တဦးဖြစ်သည့် ကိုမင်းထန် က ပြောသည်။
“ကွန်မြူနီတီ အသီးသီးကို အကြောင်းကြားတယ်။ နာမည် စာရင်းတွေ ယူထားတယ်။ မျိုးနွယ်စုရဲ့ ရိုးရာဝတ်စုံတွေ ဝတ်ရမယ်။ တခါတည်း သူတို့ခေါ်တဲ့အချိန် သွားလိုက်မယ်။ ဟားခါးကော်မတီ၊ မတူ ကော်မတီ၊ မြန်မာကော်မတီ၊ ဇိုမီးကော်မတီ၊ ဖလမ်းကော်မတီ ပေါ့လေ။ တွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
နယူးဒေလီမြို့တွင် မြန်မာနိုင်ငံသား ဒုက္ခသည် ၁ဝ,ဝဝဝ ကျော် ရှိကြောင်း ကုလ ဒုက္ခသည်ရုံး မှတ်တမ်းများအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရပါက တိုင်းရင်းသားများနှင့် ပါတ်သက်သည့် ကိစ္စရပ်များ မေးမြန်းလို ကြောင်း ချင်းဒုက္ခသည် ကော်မတီ CRC ဥက္ကဋ္ဌ ဖြစ်သူ ကိုနိုင်း က ပြောသည်။
“တွေ့ခွင့်ရမယ်ဆိုလို့ရှိရင် တွေ့ချင်ပါတယ်။ သူက အချိန်မပေးနိုင်ဘူးဆိုလို့ရှိရင် ဘာတတ်နိုင်မှာလဲ” ဟု ဆိုသည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံအတွင်း သီတင်းတပါတ်ကြာ ခရီးစဉ်တွင် အချိန်ပေးနိုင်ပါက မြန်မာနိုင်ငံသားများအနေနှင့် တွေ့ဆုံနှုတ်ဆက်လိုကြသော်လည်း ခရီးစဉ် အသေးစိတ်ကိုမူ မသိရှိရသေးပေ။
http://www.mizzimaburmese.com/news/regional/10356-2012-11-07-17-03-02.html

သမ္မတအိုဘားမား အနိုင်ရမှု မြန်မာကြိုဆို
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama ပြန်ပြီး အနိုင်ရတဲ့အတွက် မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေး အရှိန်ကို ပိုပြီးတိုးမြှင့်သွားမယ်လို့ ယုံကြည်ကြောင်း သမ္မတရုံးပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ သမ္မတအိုဘားမား အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေ လမ်းမလွဲအောင် ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလို မစ္စတာအိုဘားမား သမ္မတ အဖြစ် ပြန်လည် အရွေးခံရတဲ့အပေါ် မြန်မာနိုင်ငံ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်က တုံ့ပြန်မှုတွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုစည်းတင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama က ဒုတိယသက်တမ်းအနိုင်ရရှိခဲ့တာကို မြန်မာနိုင်ငံ သမ္မတရုံးက ကြိုဆိုပါတယ်။ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုပြီးကောင်းမွန်တိုးတက်လာဖို့ မျှော်လင့်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို ပြောပါတယ်။
“အိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ၊ သူတို့ ပါတီနှစ်ရပ်လုံးရဲ့ ထောက်ခံမှုကို ရယူပြီး ဆောင်ရွက်နေ တာ ဖြစ်တဲ့အတွက်ကြောင့် တကြောင်း၊ အခခု မြင်တွေ့ရတဲ့ အခင်းအကျင်း အရပေါ့။ House မှာရော၊ ဆီးနိတ်မှာရော အနေအထားတွေကို ကြည့်ရင်တော့ ကျနော်တို့ နှစ်နိုင်ငံ ပူးပေါင်းမှု၊ မြှင့်တင် ဆောင်ရွက်မှုက အိုဘားမား ပြန်အနိုင်ရတဲ့အတွက် မူလရရှိထားပြီး အခြေအနေကောင်းတွေပေါ် မူတည်ပြီး အရှိန်အဟုန် ပိုပြီး မြင့်မားလာဖို့တော့ သေချာပါတယ်။”
အိုဘားမားအစိုးရနဲ့ တည်ဆောက်ထားနိုင်တဲ့ နားလည်မှုတွေကြောင့် မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲ မှုတွေမှာ အမေရိကန်က ဆက်ပြီး ကူညီအားပေးသွားလိမ့်မယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျနော်တို့ဘက်ကတော့ လွှတ်တော်ရောပေါ့နော်-အစိုးရရော၊ ကျန်တဲ့ ဒီမိုကရက်တစ် အင်အားစု တွေနဲ့ရော ထိတွေ့ဆက်ဆံနေတဲ့အချိန်မှာ လောလောဆယ် ကျနော်တို့ အပြန်အလှန် နားလည်မှုတွေ အတော်များများ တည်ဆောက်ထားနိုင်ပါပြီ။ အဲဒီလိုပဲ အပြန်အလှန် ယုံကြည်မှုတွေ ခိုင်မာလာပြီး တော့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီးတော့ မြင့်မားလာဖို့ မှန်းပြီးတော့ ဆက်ဆံရေး အခြေအနေ မြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။ ဒီအချိန်မှာ အမေရိကန် အစိုးရဘက်မှာ အုပ်ချုပ်ရေးက သမ္မတ အိုဘားမားအစား တခြားတယောက် မစ်ရော်မနီပေါ့- တက်လာမယ်ဆိုရင် တည်ဆောက် ထားတဲ့ နားလည်မှုတွေက ဘယ်လိုပဲ ပြောပြော နဂိုရ်လို ဆက်ပြီးတော့ မြှင့်ဖို့ မမြှင့်ဖို့ ဆိုတာ သေချာပေါက် တော့ အခုလောက်တော့ မသေချာဘူးပေါ့နော်။ အဲဒီအခါကျရင် နှစ်ဦးနှစ်ဘက် အပြန်အလှန် ထိတွေ့ ဆက်ဆံပြီးတော့ နားလည်မှု၊ ယုံကြည်မှုတွေ အသစ်တဖန် ထပ်ပြီးတော့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။”
သမ္မတ Obama ထပ်မံ အနိုင်ရမှုကြောင့် မြန်မာနိုင်ငံ နိုင်ငံရေးအတွက်လည်း အထောက်အပံ့ ဖြစ်နိုင်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။
“အိုဘားမားအစိုးရက အခု ဒုတိယအကြိမ် ပြန်ပြီးတော့ ရွေးကောက်ပွဲကို နိုင်လိုက်တယ်။ နိုင်တဲ့နေရာ မှာလည်း တော်တော်လေး ကောင်းကောင်းမွန်မွန် နိုင်တဲ့အခါကျတော့ ကျနော်ထင်တယ်။ ကျနော်တို့ ဗမာပြည်ရဲ့ နိုင်ငံရေးကိစ္စတွေ၊ အပြောင်းအလဲ ကိစ္စတွေမှာ အများကြီး အထောက်အပံ့ဖြစ်မယ်လို့ ထင်ပါတယ်။”
လက်ရှိ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေ လမ်းလွဲမသွားရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် နောက်ထပ် တွန်းအားပေးနိုင်ဖို့ကိုလည်း ဦးဝင်းတင်က မျှော်လင့်ပါတယ်။
“မစ္စတာ အိုဘားမားတို့အနေနဲ့ လက်ရှိပေါ့ဗျာ။ ဘာပဲပြောပြော အာဏာရှင်တွေရဲ့ အကြွင်းအကျန် တွေနဲ့ အမွေခံပြီး လုပ်နေရတဲ့ ဒီအစိုးရကိုလည်း ဒီလမ်းကြောင်းကို ဆက်ပြီး ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်ဖို့၊ တွန့်ခြင်း၊ ဆုတ်ခြင်း၊ ကွေ့ခြင်း၊ ချော်ခြင်း မရှိအောင်လုပ်ဖို့ သူ အများကြီး ကူညီထိန်းမ နိုင်မယ်လို့ ယူဆပါတယ်။ နောက်တခုက ဒီမိုကရေစီကို အစိုးရကပဲ လုပ်နိုင်မယ်လို့ဆိုတာ ကျနော်တို့ မယုံကြည်ပါဘူး။ ဒီမိုကရေစီရေး ပြောင်းလဲဖို့ ကိစ္စ အောင်မြင်ဖို့ ဆိုရင် တိုင်းရင်းသားအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ နိုင်ငံရေးအင်အား စုတွေ၊ နောက်ပြီးတော့ ကျောင်းသားလူငယ် စသည့်အဖွဲ့အစည်းတွေ ဒါတွေ အများကြီးရှိပါတယ်။ ဒီအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံးရဲ့အင်အားတွေ တိုးမြှင့်အောင်၊ လုပ်ဆောင်ရည်၊ စွမ်းဆောင်ရည် တိုးမြင့်အောင်လည်း ကူညီပါ။ အဲလို ကူညီပြီးတော့ ဒီအစိုးရကိုလည်း ထိန်းကျောင်းပြီးတော့ ၊ ကြပ်မတ်ပြီးတော့ နောက်ကြောင်းပြန်မလှည့်အောင်လို့၊ တိမ်းချော်မသွားအောင် လို့ လုပ်ခြင်းအားဖြင့် ဗမာပြည်ရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို မစ္စတာ အိုဘားမား အစိုးရသစ်အနေနဲ့ အများကြီး အကူအညီပေးနိုင်မယ်လို့ ထောက်ပံ့ပေးနိုင်မယ်လို့ ကျနော် အများကြီး မျှော်လင့်ပါတယ်။ ယုံကြည်ပါတယ်။”
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့ မူဝါဒကို ကျင့်သုံးတဲ့ အိုဘားမားအစိုးရ အနေနဲ့ ဒုတိယ သမ္မတသက်တမ်းကာလမှာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ကိစ္စတွေမှာ ပိုပြီးအာရုံစိုက် အကူအညီပေးဖို့ မျှော်လင့်သူကတော့ မြန်မာ့နိုင်ငံရေးကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ကိုအောင်ထွန်းဦး ဖြစ်ပါတယ်။
“တကယ်တန်း ပိုပြီးဖြစ်သင့်တာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ်ကို တကယ်ပေါ့လေ -နောက်ပြန်မလှည့်အောင်၊ သေသေချာချာ ပြောင်းလဲဖြစ်တဲ့ဟာမျိုးပေါ့လေ၊ ခိုင်ခိုင်မာမာဖြစ်အောင် သူ့အနေနဲ့က ပိုပြီး တိုက်တွန်းအားပေးသွားပြီးတော့ အဓိက-ကတော့ နောက်ကျကျန်နေခဲ့တဲ့ အရေးကြီးတဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးပေါ့- အဲဒီလို ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံအနေနဲ့ ပိုပြီးတော့ ဦးဆောင်ပြီးတော့ တခြားနိုင်ငံတွေ အနေနဲ့အတူတူ တတ်နိုင်သရွေ့ မြန်မာနိုင်ငံကို အကူအညီတွေ ပိုပြီးတော့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌလည်းဖြစ် တဲ့ ဒေါက်တာစိုးထွန်းကတော့ အိုဘားမားအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြဖို့ တွန်းအားပေးဖို့ လိုလားပါတယ်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပိုင်းရော၊ နောက်တပိုင်းကကျတော့ အကူအညီပေးတဲ့ဟာပေါ့နော်။ USAId က အကူအညီပေးတဲ့ဟာမျိုး။ ဖြစ်နိုင်ရင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ပိုပြီးတော့ ဦးစားပေး ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့အနေနဲ့ မျှော်လင့်ပါတယ်။”
အဲဒီလို မျှော်လင့်တဲ့နေရာမှာပေါ့လေ- စောစောကပြောသလို လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပိုင်းတွေမှာ တကယ်ပဲ အောက်ခြေ လူတန်းစားတွေ၊ အောက်ခြေ ပြည်သူတွေအတွက် ထိရောက်တဲ့ အကူအညီပေးမှုတွေ ဖြစ်အောင်ကော အမေရိကန် အစိုးရအနေနဲ့ အကူအညီပေးဆိုရင် ဘာတွေ ကူညီသင့်တယ်လို့ရော အကြံပြုချင်ပါလဲရှင့်။
“ကျေးလက်အထိ ဆင်းပြီးတော့မှ ကျနော်တို့ ကျေးလက်မှာရှိတဲ့လူတွေ၊ လယ်သမားတွေ၊ သက်ဆိုင် ရာ လူတွေနဲ့ထိတွေ့ပြီးတော့မှ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်ပြီးတော့မှ အကူအညီပေး ရင်တော့ ပိုပြီးထိရောက်မယ်လို့ ထင်တာပေါ့နော်။ လက်ရှိ အနေအထားအရ လာတဲ့သူ အများစု ဟာ နေပြည်တော်ကို သွားတယ်။ လူကြီးတွေနဲ့ တွေ့တယ်။ လက်တွေ့ အောက်ခြေ အထိ ရောက်တဲ့ သူတော့ နည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။”
သမ္မတဦးသိန်းစိန်အစိုးရရဲ့ဆောင်ရွက်ချက်တွေကြောင့် အိုဘားမားအစိုးရ လက်ထက်မှာ မြန်မာနိုင်ငံ နဲ့ ဖြတ်တောက်ထားတဲ့ သံတမန် အဆက်အသွယ်တွေကို ပြန်လည်ဆက်ခဲ့တဲ့အပြင် ပိတ်ဆို့ ဒဏ်ခတ် မှုတွေကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်အစိုးရရဲ့ သဘော ထား ပြောင်းလဲလာမှု နောက်ဆက်တွဲအဖြစ်နဲ့ မြန်မာအစိုးရအပေါ် ကမ္ဘာ့နိုင်ငံ တော်တော်များများ ကလည်း ပြန်လည် အဆက်အဆံလုပ်လာရုံမက မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့အထိကို ပါ ဆောင်ရွက် လာကြတာ ဖြစ်ပါတယ်ရှင်။
http://burmese.voanews.com/content/burmese-reactions-on-obama-re-elected/1541067.html
တောင်ကြီးက အင်တာနှေး နဲ့ GSM ပျက်
တနင်္ဂနွေနေ့မှ စတင်ပြီး တောင်ကြီးမြို့တွင် အင်တာနက်လိုင်းများ၊ GSM ဖုန်းလိုင်းများ နှေးကွေး ပြတ်တောက်နေသဖြင့် အင်တာနက်ဆိုင်များ၊ GSM ဖုန်း သုံးသူများ ညည်းတွားနေကြရသည်။
ဖုန်းအသုံးပြုသူဒေသခံတစ်ဦးကလည်း ဆက်လို့ရလိုက်၊ မရလိုက် ဖြစ်နေကြောင်း ပြောသည်။
ဆက်သွယ်ရေးက ဆာဗာပြင်နေတယ်တော့ ကြားတယ်၊ တရားဝင် အသိပေးတာတော့ မရှိပါဘူး ဟု တောင်ကြီးမြို့ အင်တာနက်ဆိုင်များက တညီတညွတ်တည်း ပြောပြသည်။
ပြည်နယ်လျှပ်စစ်ရုံးက စနေ တနင်္ဂနွေနေ့တွင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် လျှပ်စစ်မီး ခေတ္တ ဖြတ်တောက်မည်ကို တရက် ကြိုတင်ပြီး တောင်ကြီးမြို့တွင်းကားဖြင့် လှည့်လည်ကာ ပြည်သူများ သိရှိစေရန် အသိပေးခဲ့သည့်အတွက် ဒေသခံတို့ ကျေနပ်မှု ရှိစေသည်ဟု တောင်ကြီးမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
သို့သော်လည်း ယခုကဲ့သို့ ဖုန်းလိုင်းများ ၊အင်တာနက်လိုင်းများ ပျက်တောက်နှေးကွေးနေမှုကို ကြေငြာချက်အသိပေးခြင်း သတိပေးချက် မရရှိကြောင်း၊ ဆက်သွယ်ရေးကဏ္ဍတွင် ပွင့်လင်းမြင်သာမှု အားနည်းနေသေးကြောင်း၊ လုပ်ငန်းကိုင်ငန်း စီးပွားရေးကိစ္စများ အတွက် ဆက်သွယ်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
http://blog.irrawaddy.org/2012/11/gsm.html
လူကြီးနာမည်သုံး အနိုင်ကျင့် ဗိုလ်ကျမှု
ခေတ်စံနစ်ပြောင်းလဲနေပြီဖြစ်သော်လည်း နယ်အချို့၌ လူကြီးနာမည်သုံး၍ ဗိုလ်ကျမှုများ ရှိနေဆဲမို့ ခရီးသွား ဧရာဝတီ ရဲ့ ဆောင်းပါး တပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။
၅၊၁၁၊၂၀၁၂ရက်ညက ကသာမြို့ ရပ်ကွက်(၉) ရှိ စားသောက်ဆိုင်တစ်ခုတွင် တပ်မတော်မှ အရာရှိဆို နှင့် အပေါင်းအပါတစ်ဦးတို့မှ လူကြီး နာမည်သုံး၍ ခြိမ်းခြောက် အနိုင်ကျင့်မှုများ ပြုလုပ်သွားခဲ့ကြောင်း ကိုယ်တိုင်ကြားခဲ့သူတစ်ဦးက ယခုလိုပြောပြခဲ့ပါသည်။
"အဲဒီညက ကျွန်တော်နဲ့ အပေါင်းအသင်းတစ်ချို့ အဲဒီ ကာရာအိုကေစားသောက်ဆိုင်မှာ စားနေကြတုန်း စားသောက်ဆိုင်အခန်းထဲကနေ အခန်းတစ်ခုထဲကနေ မိုက်မပိတ်ဘဲ အော်ဟစ်ကြိမ်းမောင်းသံ တစ်ခုကြား ရပါတယ်၊ တစ်ဆိုင်လုံး ကြားကြတာပေါ့၊ မိုက်ခွက်ကနေ ပြောနေတဲ့ အသံကြီးကိုးဗျ၊ ငါ့နာမည် ဗိုလ်ကြီး ဝေဖြိုးသာ ဆိုလား( ဗိုလ်ကြီးဝေဖြိုးပိုင်ဆိုလား၊) ကွ၊ ခလရ (၃၂၀)က အရာရှိကွ၊ကိုယ်ပိုင်နံပါတ်လည်း သိချင်ယူထားလိုက်၊ ကြည်း ၄၇၅၄၆ ကွ၊ တိုင်ချင်တဲ့ သူဆီတိုင်၊ ငါ့ဦးလေးက ဒီတိုင်းက ၀န်ကြီးချုပ် ဦးသာအေး ကွဆိုတဲ့ အသံတွေပါ။
ဆိုင်ရှင်ရဲက ပြန်ပြောသံတွေလည်း ကြားရတယ်၊ မသဲကွဲပါဘူး၊ ခဏနေတော့ အဲဒီအခန်းထဲကနေ လူတစ်ယောက်ထွက်လာတယ်။
အဲဒီ လူကိုတော့ ကျွန်တော်သိပါတယ်၊ ကသာမြို့ ဆည်မြောင်းတာဝန်ခံ လမ်းဗိုလ် ဦးမျိုးလွင်ဦး ဆိုတဲ့ သူပါ၊ သူနောက်က ဆိုင်ရှင်လည်း ပါလာ တယ်၊သူက ဆိုင်ရှင်ကိုဟိန်းဟောက်ပြီးဆိုင်လိုင်စင်တွေ တောင်း တယ်။
ဆိုင်ရျင်ကလည်း “ခင်ဗျားက တာဝန်ရှိတဲ့ စစ်ဆေးသူမဟုတ်ပေမယ့် ကျွန်မတို့ဆိုင်ဟာ လိုင်စင် အပြည့်အစုံနဲ့ တရားဝန်လုပ်တဲ့ဆိုင်ဖြစ်တယ်ဆိုတာ သိစေချင်လို့ ပြပါ့မယ်”ဆိုပြီး ဆိုင်လိုင်စင်တွေ ထုတ်ပြပါတယ်။
လမ်းဗိုလ် ဦးမျိုးလွင်ဦးဆိုသူက စိတ်တိုင်းကျ လိုင်စင်တွေကို စစ်ဆေးနေတုန်းပဲ ဗိုလ်ကြီးဝေဖြိုးသာ (ဝေဖြိုးပိုင်) ဆိုသူရဲ့ ဖုန်းပြောသံ ထွက်လာပါတယ်၊ အဲဒီဖုန်းပြောသံတွေထဲမှာ ”ဟေ့ကောင် မင်းအဆင့်က ဘာအဆင့်လဲ၊ပြောစမ်းကွ၊ မင်းကိုယ်ပိုင်နံပါတ်ပြောစမ်း၊ ငါက ဦးသာအေးရဲ့တူ ခလရ ၃၂၀ က အရာရှိကွ၊ မင်းပြုတ်သွားချင်လို့လား” ဆိုတဲ့ ဟိန်းဟောက်သံတွေပါ။
ဒီလို စားသောက်ဆိုင်ထဲမှာ ဆူညံနေတာ (၂)နာရီလောက်ကြာပါတယ်၊ ၀ိုင်းအချို့က လည်း ကြောက်လန့် ပြီး ထပြန်ကုန်ကြပါတယ်။
ကျွန်တော်တို့ကသာ စပ်စုချင်လို့ ဘာဖြစ်ဦးမလဲဆိုပြီး ဆက်စောင့်ကြည့်ရင်း ထိုင်နေကြတာပါ။ အတော်ကြာကြာ လိုင်စင်တွေစစ်ပြီးတော့မှ “အေး နင်တို့ဆိုင်ကောင်းကောင်း သတိထား၊ ငါ့ဦးလေး ကို ပြောပြီး ပိတ်ခိုင်းပြမယ်” လို့ ဆိုပြီး ဆိုင်ကယ်နဲ့ ထွက်သွားကြတာပါ”ဟုပြောပါသည်။
အခြားထိုဆိုင်တွင် စားသောက်သူတစ်ဦးကလည်း “ဟုတ်တယ်၊တော်တော်ကို အနိုင်ကျင့်လွန်းပါတယ်။ ကြားရတာ စိတ်ပျက်စရာပါ၊ကျွန်တော်ကတော့ ပြဿနာအရင်းအမြစ်ကို သိချင်လို့ စားပွဲထိုးတစ်ယောက် ကို မေးကြည့်ဖြစ်ပါတယ်။
ဘာက စဖြစ်တာလဲလို့ပေါ့၊စားပွဲထိုးပြောတာကတော့ ပိုက်ဆံရှင်းခါနီးမှာ ဆိုင်ရှင်ကိုရစ်တယ်ပေါ့။ သီချင်း (၂)ပုဒ် အလကားပေးရမယ်၊ မပေးရင် ငွေ မရှင်းဘူးပေါ့၊ဒါနဲ့ စားပွဲထိုးက ဆိုင်ရှင်ကိုသွားပြောတော့ ဆိုင်ရှင်က လိုက်လာပြီး အဲဒီလို အနိုင်ကျင့်တာ မကောင်းကြောင်း ဒါပေမယ့် ဆိုချင်ရင် သီချင်း (၂)ပုဒ် အလကားပေးရမှာပေါ့လို့ ပြောတယ်တဲ့။
အဲဒီလို အနိုင်ကျင့်တယ်လို့ပြောတာကို စစ်ဗိုလ်က မကျေနပ်ဘဲ ဆိုင်ရှင် ပြဿနာရှာခဲ့တာဖြစ်ကြောင်း သိရပါတယ်”ဟုဆိုပါသည်။
ယခုလို နိုင်ငံတော် အကြီးအကဲ စစ်ဘက်ရော နယ်ဘက်ကပါ လူထုကို အပြောင်းအလဲတွေ ချောင်ချိမှုတွေ လုပ်ပေးနေချိန်တွင် စစ်ဗိုလ်ဆိုတဲ့ အရှိန်အ၀ါ၊၀န်ကြီးချုပ်၏တူဆိုသော အပြောအဆို များဖြင့် အနိုင်ကျင့် ခြိမ်းခြောက်မှုများမှာ ကြားရသူလူထုအတွက် အထင်အမြင်လွဲမှားစေနိုင်သော ပြုမူ ချက်ဖြစ်ပါ ကြောင်း ရေးသားလိုက်ရပါသည်။
http://blog.irrawaddy.org/2012/11/blog-post_3675.html

စိုးရိမ်မှုများကြားက ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း
ထားဝယ်ခရိုင် ရေဖြူမြို့နဲ့ လောင်းလုံမြို့နယ်မှာ တည်ဆောက်မယ့် ထားဝယ်ရေနက်စီမံကိန်းဧရိယာ တွင်းရှိ ရွာ ၁၆ ရွာကို မကြာခင် ပြောင်းရွှေ့တော့ မယ် သတင်းတွေ ထွက်ပေါ်နေပြီး ဒေသခံတွေ အနေနဲ့ လည်း ရေရေရာရာ မသိရသေးသလို စိုးရိမ်မှုတွေ ရှိနေပါတယ်။
စက်မှုဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံတောင်သူတွေ အလုပ်အကိုင်ဆုံးရှုံးသွားမှာ၊ ဘိုးဘွား စဉ်ဆက်ဥယျာဉ်ခြံလုပ်ငန်း ကွယ်ပျောက်ကုန်မယ့် စိုးရိမ်ချက်တွေ ရှိနေသလို စီမံကိန်းထဲပါသွားလို့ ဆုံးရှုံးသွားရတဲ့ ဥယျာဉ်ခြံတွေအတွက် ထိုက်သင့်တဲ့လျော်ကြေးမရကြဘူးလို့ ပြောဆိုသံတွေ ကြားနေရ ပါတယ်။
အစိုးရကတော့ လမ်းဖောက်တာနဲ့ စီမံကိန်းမြေနေရာရှင်းလင်းမှု၊ အသေးစားစက်မှုဇုန် တည်ဆောက်ရေး စတာတွေကို နှစ်နှစ်အတွင်း အပြီးလုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း သမ္မတဦးသိန်းစိန်ကို ဒီစီမံကိန်းအကောင်အထည် မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်ရေးအတွက် ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေ ခပ်စိပ်စိပ်လုပ်လာပါတယ်။
လူဦးရေ ၃ သောင်းကျော်ရှိတဲ့ စီမံကိန်းဧရိယာတွင်းရှိရွာများ ရွှေ့ပြောင်းရေးအစီအစဉ် ဆောင်ရွက်ထားမှု၊ စီမံကိန်းဒေသရှိ ပြည်သူများအတွက် လျော်ကြေး အစီအစဉ် နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းပြီးစီးမှုအခြေအနေတွေအကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်းအဖွဲ့ (ယာယီ) ဥက္ကဌ ဦးတင်မောင်ဆွေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အခုလောလောဆယ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ဘယ်လောက်ထိ ရောက်နေပါပီလဲ။
ဖြေ။ ။ အခုချိန်မှာ စီမံကိန်းနေရာပြင်ဆင်ခြင်း(site preparation) ပဲ လုပ်ရသေးတယ်။ စီမံကိန်းနဲ့ ပတ်သက်တာတော့ မလုပ်ရသေးဘူး။ site preparation ဆိုတာက စမယ်ဆိုရင်လုပ်လို့ရအောင် အဆင်သင့်ပြင်တဲ့အဆင့်၊ အဲဒါပဲ လုပ်ရသေးတယ်။
မေး။ အဲဒါတွေက ဘာတွေပါဝင်လဲ။
ဖြေ။ အခု ကျနော်တို့ ဆိပ်ကမ်းစတူးမယ်ဆိုရင် တူးသင်္ဘောတွေ ၀င်လို့ရအောင် မြေရှင်း တာ၊ တောရှင်း တာတွေ လုပ်၊ လမ်းဖောက်တာတွေ လုပ်ရသေးတယ်။ ၂၀၁၄ မှာတော့ အပြီးလုပ်မှာဗျ။
မေး။ သတင်းစာမှာ ဖော်ပြထားတာက စက်မှုဇုန်တွေ လုပ်မယ်ဆိုတာလည်းပါတယ်။ ပထမအဆင့်ပေါ့။ စက်မှုဇုန်တွေလုပ်မယ်။ လမ်းတွေဖောက်တယ်ဆိုတာ အီတာလျှံ -ထိုင်း ကုမဏီက အကုန် တာဝန်ယူ တာလား။
ဖြေ။ အခုက G-toG လုပ်မှာပါ။ management mechanism မှာလေ။ ကော်မတီဖွဲ့ထားပါတယ်။ အဲဒီ ကော်မတီ က လုပ်မယ့် developer ကိုရှာမယ်။ အီတာလျှံ ထိုင်းက လုပ်မယ်ဆိုလည်း ကွန်ထရက်တာ တယောက်အနေနဲ့လည်း သူပါမှာပါ။ ပထမကတော့ developer အနေနဲ့ စီမံကိန်းတခုလုံးကို တာဝန် ယူပြီး လုပ်မယ်ပေါ့။ အခုချိန်မှာက အစိုးရကနေပြီးတော့ အစိုးရနှစ်ခု ဗမာနဲ့ ထိုင်းပေါင်းပြီး လုပ်မယ်။ investor တွေကို စိစစ်ပြီး ရွေးချယ်မယ်။ အီတာလျှံ ထိုင်းက သူ့အနေနဲ့ ကွန်ထရက်တာ တယောက်အနေ နဲ့ ရှယ်ယာထဲ့မယ် အရင်းနှီး ထဲ့ပြီး ပါဝင်လုပ်ကိုင်သွားမယ်။ ၂၀၁၄ မှာ ရေနက်ဆိပ်ကမ်း ပထမအဆင့်မှာ လုပ်မယ်။ ကားလမ်းက ယိုးဒယား-မြန်မာ လမ်းကို ၂ လမ်းသွား၊ တဖက် ၂ လမ်းစီပါတဲ့ လမ်းဖောက်နေ တယ်။ နောက် early development မှာ အသေးစား အလတ်စား စက်မှုဇုန်တခုလုပ်မယ်။ လျှပ်စစ် ဓါတ်အား ပါဝါစတေရှင်းတခု ၃၃ မီဂွါဝပ်ရှိတဲ့ ဂတ်စ်တာဘိုင် တခုလုပ်မယ်။
မေး။ ပါဝါအတွက်က ဂတ်စ်တာဘိုင်တခုပဲ ဆောက်မယ်ဆိုတော့ အရင်ရွာသားတွေက ဆန္ဒပြထား တဲ့ ကျောက်မီးသွေးစက်ရုံကိုရောဆက်လုပ်ဖို့ ရှိသေးလား။
ဖြေ။ ။ နောက်မှ ခင်ဗျ။ ပထမဆင့်မှာတော့ ဂတ်စ်တာဘိုင်ပဲ သွားမယ်။ လောလောဆယ်တော့ မရှိသေးဘူး။ စက်မှုဇုန်တခုအတွက် လုံလောက်တဲ့ ဂတ်စ်တာဘိုင် တခု ကျနော်တို့ လုပ်မယ်။ ကျောက် မီးသွေး စက်ရုံကို ၄၀၀၀ မီဂါဝပ်ကနေ ၄၀၀ မီဂွါဝပ်ဆို လုံလောက်လို့ လုပ်ဖို့ ခွင့်ပြုထားတယ်။ အခု ကတော့ petro chemical လုပ်ငန်းတွေ မစသေးပါဘူး။
မေး။ စက်မှုဇုန် ပထမအဆင့် အကုန်လုံးက ဘယ်ဒေသတွေမှာလုပ်မှာလဲ။ ဖြေ။ ထားဝယ်အထူး စီးပွားရေး ဇုန်နယ်မြေထဲမှာပဲ။ ပဂေါဇွန်းဒေသမှာ လုပ်မယ်။ ပဂေါဇွန်းနယ်မြေမှာ စက်မှုဝန်ကြီးဌာနပိုင် ပဂေါဇွန်းဆီ အုန်းခြံဆိုတာရှိတယ်ဗျ။ စက်မှုဝန်ကြီးဌာနပိုင်မြေမှာ ကျနော်တို့ site clearing စလုပ်နေပြီ။ investors တွေ လည်း အခုလာကြည့်နေပြီ။ ဂျပန်၊ ထိုင်းရင်းနှီးမြှပ်နှံသူတွေရောပေါ့။
မေး။ အလုပ်သမားတွေကျတော့ရော နယ်မြေခံတွေကို ငှားတာလား။ ဘယ်ကနေလာကြတာလဲ။
ဖြေ။ ကျနော်တို့ ဒေသခံအလုပ်သမားတွေကို ဦးစားပေးတာပေါ့။ သူတို့အရည်အချင်းလိုက်အရပေါ့။ ကျန် တာ ကတော့ migrants ပေါ့။ တခြားဒေသက အလုပ်သမားတွေ။ သူတို့က မြန်မာနိုင်ငံသားတွေပဲ။ အလုပ်သမား ၁၉၀၀ ကျော်လောက်ရှိတယ်ခင်ဗျ။
မေး။ အစိုးရပိုင်မြေမှ စက်မှုဇုန်စနေပီဆိုတော့ ဒေသခံတွေ ပြောင်းရွှေ့ဖို့ကရော ဘယ်လိုရှိပါလဲ။
ဖြေ။ relocation အတွက်က နောက်လုပ်မယ့် စီမံကိန်းတွေထဲမှာ ပါတယ်။ ရွာအားလုံး ၁၆ ရွာရွှေ့ရမယ်။ petro chemical တို့နောက် ကျန်တဲ့ industrial လာပြီဆိုရင်။ မရွှေ့ခင်မှာ ရွာတွေအတွက် အိမ်တွေကို အရင်ဆောက်ပေးနေတယ်။ ရေတွေ မီးတွေ အရင်ဆုံး သွယ်ပေးမယ်။ အဲဒါတွေအပြင် စိုက်ပျိုး ရေး မွေးမြူရေးပါ။ လုပ်ကိုင်စားသောက်လို့ရအောင်ပါ ဖန်တီးပေးမယ်။ အားလုံးပေးပြီးတော့မှ ကျနော်တို့ က ရွာတွေ ရွှေ့သွားမှာ ဖြစ်ပါတယ်။
မေး။ ၁၆ ရွာလုံးကို တနေရာတည်း စုထားမှာလဲ။ ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ။ ၂ နေရာဗျ။ ဒီဘက်က နဘူးလည်ဒေသ ၅ ရွာကို ဘ၀ါဆိုတဲ့ နေရာကို ရွှေ့မယ်။ ထားဝယ်အပြင် ဘက်ပေါ့။ ရေဖြူမြို့ဘက်က ၁၀ ရွာကိုတော့ ပုဂေါဇွန်းဆိုတဲ့ ဇုန်အပြင်ဘက်မှာပဲ။ ကျန်တဲ့ ၁ ရွာ က လောင်းလုံ မြို့နယ်က ညောင်ပင်ဆိပ်ရွာကို လောင်းလုံမြို့နယ်ထဲကပဲ ပန်းတင်အင်းရွာကို ရွှေ့မယ်။ ရှိပြီးသားရွာပါ။ ဇုန်နဲ့ကပ်ရက်အပြင်ဘက်မှာပါ။ စုစုပေါင်း လူဦးရေ ၃ သောင်းလောက်ရှိတယ်။
မေး။ ပြောင်းရွှေ့နေရာချတာက ပထမအဆင့်မှာပါတာလား။
ဖြေ။ ကျနော်တို့ ရွာတွေ ဆောက်ပြီးတာနဲ့ ကျောင်းဖွင့်ချိန်အမှီ ကျနော်တို့ ရွှေ့မှာပါ။ အခုဆိုရင် အိမ် ၃၄၃ လုံး ဆောက်ပြီးပါပြီ။ ဒီနိုဝင်ဘာမှာ စုစုပေါင်း အလုံး ၅၀၀ လောက် ပြီးမှာပေါ့။ ရွာတွေကို အစုလိုက် အစု လိုက် ကျောင်းဖွင့်ချိန်အမှီ ရွှေ့ပေးသွားမှာပါ။ သူတို့နဲ့ ညှိနှိုင်းပြီးတော့။ မေး။ ရွာသားတွေရဲ့ လုပ်ငန်းတွေ အတွက်ရော ဘယ်လိုစီစဉ်ဆောင်ရွက်ပေးမှာပါလဲ။ တောင်သူတွေများတယ် ဆိုတော့လေ။
ဖြေ။ အလုပ်အကိုင်ကတော့ သူတို့ကတော့ စိုက်ပျိုးရေးပဲ လုပ်တာဆိုတော့ စိုက်ပျိုးရေးရအောင် ဒီသီးနှံ မဟုတ်တော့ဘဲ။ (ဒေသခံတောင်သူတွေက သီဟိုဋ်၊ ရာဘာ၊ ဆီအုန်း စတဲ့ နှစ်ရှည်သီးနှံတွေ အစိုက် များပါတယ်) တခြားသီးနှံပေါ့။ ဒူးရင်းတို့၊ ကြက်မောက်တို့ မင်းကွတ်တို့ ၀င်ငွေလည်းကောင်းတဲ့ ဟိုက်ဘရစ် (hy-bird) မျိုးတွေပေါ့။ ကျနော်တို့ ထိုင်းနိုင်ငံက အင်ပို့လုပ်ပြီး ၀ယ်ပေးတယ်။ ၀ယ်ပေးပြီး သူတို့ကို စိုက်ပေးမယ်။ နောက် သူတို့မှာ လျော်ကြေး ရထားတဲ့ငွေတွေ ရှိမယ်ခင်ဗျ။ အဲဒီငွေတွေနဲ့ ၀ယ်ပြီးတော့ ဇုန်အပြင်ဘက်မှာ စိုက်မှာပေါ့။ သူတို့မှာရှိတဲ့ မိသားစုတွေထဲက အလုပ်ပေး မယ် လေ။ ယောက်ျားရော၊ မိန်းမရော၊ နောက်တခုက အမျိုးသမီးတွေအတွက်ကျ အိမ်တွင်းမှု စက်မှု လုပ်ငန်း ဆိုတာ ရှိတယ်။ domestic industry ဆိုတာပေါ့။ အိမ်ထဲမှာပဲ စက်မှုဇုန်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ လုပ်ပြီး ဇုန်ထဲကို သွင်းဖို့လေ။ နောက်တခုက လူများလာတဲ့အတွက် အရောင်းအ၀ယ် လုပ်ငန်း တွေ ဈေးရောင်းတာတွေ လုပ်နိုင်တယ်။
မေး။ ။ ရွာသားတွေစိုက်ပျိုးရေးအတွက် ခုနကပြောတဲ့ ဒူးရင်းတို့ ကြက်မောက်တို့ ထိုင်းကနေ ၀ယ်ပြီးတော့ မျိုး ပေးမယ်လို့ ပြောတာလား။
ဖြေ။ ။ မျိုး ပေးမယ်ခင်ဗျ။ အဲဒါ အိမ်တိုင်းမှာ ပါတယ်။ မိသားစု နှစ်ရှည်ဝင်ငွေရအောင်၊ အိမ်တိုင်း အိမ်တိုင်းမှာ ထဲ့ပေးမယ်။ ဒါပေမယ့် mass production အတွက်ကျ မျိုးရှာပေးမယ်။ ကိုယ့်ဟာကို ၀ယ်ရ မယ်။ သူတို့ အရင်းအနှီး စိုက်ရမှာပေါ့။ ကျနော်တို့ နည်းပညာဖြန့်ဖြူးမယ်။ ပိုးသတ်ဆေး ဘယ်လို သုံးရ တယ် ဆိုတာ လိုက်ကြည့်မယ်။ ကူညီပေးမယ်ပေါ့။
မေး။ စက်မှုဇုန်ပြင်ပမှာ တောင်သူတွေ စိုက်ပျိုးဖို့ ချထားမယ်ဆိုတော့ သူတို့အတွက် စိုက်ပျိုးမြေဧကကို ခွဲတမ်းနဲ့ ပေးတာလား။ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ပေးသွားမှာလဲ။ ဖြေ။ လောလောဆယ်တော့ သူတို့ လိုချင်တယ်ဆိုရင် တိုင်းဒေသကြီးအစိုးရက စီစဉ်ထားတယ်ခင်ဗျ။ အိမ်ထောင်စု တခုချင်းအတွက်ကို လိုအပ်တဲ့ စိုက်ပျိုးမြေ၊ လယ်စိုက်ပျိုးသူအတွက် လယ်မြေပေါ့။
မေး။ ။ အခု သူတို့ကို ရွှေ့ပေးမယ့်ရွာသစ် ၂ ရွာက ဘယ်လောက်လောက်ကျယ်ပါလဲ။ သူတို့အတွက် လုံလောက်တဲ့ အကျယ်အ၀န်းရှိပါသလား။ ရွာတွေဆို ကျယ်ကျယ်ဝန်းဝန်းရှိတယ်လေ။ အားလုံးကို စုထား လိုက်မယ်ဆိုရင် ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။ ဖြေ။ အခု ကျနော်တို့က သေချာကို မြို့ပြ စီမံကိန်း (town plan) ဆွဲပြီးတော့ မြို့ပုံစံ လုပ်ပေးတာ၊ မြေကွက် ၁၀၀ - ၈၀ အကျယ်ပေါ့။ ကျယ်ပါတယ်။ အဲဒီမှာ ကွန်ကရစ် တိုက်အိမ်လေးပေါ့။
မေး။ သူတို့ကို လျော်ကြေးတွေက ရထားတဲ့အထဲက ၀ယ်ရမယ်ဆိုတော့ လျော်ကြေးပေးထားပြီးသားလား။
ဖြေ။ မပေးရသေးဘူး။ သူတို့ကို ရွှေ့မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ရွာတွေကို လျော်ကြေးပေးရအုံးမှာ။ ရွာတွေ စိုက်ပျိုးခြံတွေကိုလေ။
မေး။ ဒီလျော်ကြေးကို အစောဆုံး ဘယ်အချိန်မှာ ပေးမှာလဲ။
ဖြေ။ အဲဒါကတော့ ရွှေ့မှ။ အခုရေနက်ဆိပ်ကမ်းဆောက်မယ့်နေရာ၊ လမ်းဖောက်မယ့် နေရာ အဲဒီနေရာတွေ ကို လျော်ကြေး ပေးပြီးသွားပြီ။ ရွာတွေ ရွှေ့မယ်ဆိုရင် လက်ရှိ ရွာနေရာကို ကျနော်တို့ လျော်ကြေးပေး ရမယ်။ ပေးတဲ့အခါ stateholders အကုန်လုံး ပါပြီး စံဈေးနှုန်းတခုသတ်မှတ်ပြီး အားလုံး မျှမျှ တတ လေး ဖြစ်အောင် လုပ်ပေးပြီး လျော်ကြေးပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ မပေးရသေးဘူး။
မေး။ ။ ဒီလမ်းဖောက်တဲ့နေရာက အပင်တွေ ပျက်စီးသွားတဲ့ လူတွေအတွက်ကျတော့ရော။
ဖြေ။ အဲဒါတွေက ပေးပြီးပြီခင်ဗျ။ ညှိနှိုင်းတယ်။ သူတို့ ကျေနပ်တဲ့ဈေး အရ လျော်ကြေးပေး တယ်။ နောက် စီမံကိန်း အရ လမ်းဆိုတော့ လမ်းဖောက်တာပေါ့။
မေး။ ။ ဒါပေမယ့် တချို့ လျော်ကြေးမရသေးဘူးလို့ ပြောဆိုနေတာတွေ ရှိပါတယ်။ ဘယ်လိုဖြေရှင်းပေး ပါလဲ။
ဖြေ။ ။ အဲဒါကျတော့ တချို့လူတွေက ဒေသခံ မဟုတ်တော့ဘူး။ ၀ယ်ရောင်း သမားတွေ ဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ ပေးတဲ့ ဈေးနှုန်းကို လက်မခံနိုင်ဘူး။ ဥပမာ တဧကကို ၁၀ သိန်းလောက်ပေးတယ် ဆိုရင် သူတို့က တဧကကို သိန်း ၃၀ လောက် လိုချင်တယ်။ အဲလိုမျိုး ကျနော်တို့က မပေးနိုင်ဘူး။ ကျနော် တို့ သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်းပဲ ပေးလို့ရတယ်။ ခုနက လူမျိုး ရှိပါတယ်။ အဲလိုလူတွေ ကျတော့ ငွေ ကို ဘဏ်ထဲမှာ ထဲ့ထားတယ်။ ဒေသက သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်း လက်ခံနိုင်ရင် ကျနော်တို့ ထုတ်ပေးမယ်။ လက်မခံရင်တော့ ငွေက ဘဏ်ထဲမှာပဲ ရှိနေတယ်။ သူ့ရဲ့ ဘေးဘယ်ညာခြံတွေလည်း တူတူပဲလေ။ ပတ်ဝန်းကျင်မှာ သတ်မှတ်ထားတဲ့ ဈေးအတိုင်းပဲ ရမှာပေါ့။ အဲဒါထက်တော့ ပိုတောင်းလို့ မရဘူးပေါ့။ တချို့ခြံတွေလည်း ရှိပါတယ်။ ညှိနှိုင်းလို့ မရဘူးပေါ့။ ဥပမာ ဆီအုန်းခြံတွေ ဘာတွေ ကျတော့ ဈေးနှုန်းမသတ်မှတ်ရသေးဘူး။ အဲဒါတွေကျတော့ ကျနော်တို့ မထိသေးဘူး။ အဲဒီဟာကျတော့ ကျနော်တို့က ကျွမ်းကျင်တဲ့အဖွဲ့တွေ ဗဟိုကလာပြီး အဖွဲ့ဖွဲ့၊ စံ ဈေးနှုန်းတခုသတ်မှတ်ပြီး မှ ချေပေးမှာပေါ့။
မေး။ ။ ဟုတ်ကဲ့။ အလုပ်သမားတွေကို လုပ်ငန်းခွင်အသစ်မှာ ဒေသခံတွေ အလုပ်လုပ်ချင်တဲ့ လူတွေ ကို အလုပ်ပေးမယ်ဆိုတော့ လုပ်ခ သတ်မှတ်ထားတာမျိုး ရှိပြီလား။ ကုမ္ပဏီက ပေးတဲ့ဈေးနှုန်းအတိုင်းပဲလား။
ဖြေ။ ။ ရှိတယ်။ အခု မြန်မာနိုင်ငံမှာ အနည်းဆုံး လုပ်ခ ဥပဒေဆိုတာ ထွက်လာလိမ့်မယ်။ ဒီဥစ္စာကို ကျနော်တို့ စောင့်နေတယ်။ လောလောဆယ်မှာ တနေ့ကို ၃၅၀၀ ကျပ်ပေးတယ်။ အိုဗာတိုင် မပါဘူး။ ၈ နာရီ အလုပ်လုပ်ရင်။ အိုဗာတိုင်က ၂ နာရီရတယ်။ ၁ နာရီကို ၈၀၀ နဲ့ ၂ နာရီဆိုတော့ ၁၆၀၀ ကျပ်ပေါ့။ ပေါင်းတော့ ကျပ် ၄ ထောင်ကျော် ၅ ထောင်နီးပါးရတယ်။ ဒါက basic အခြေခံအဆင့်ပေါ့။ ကျွမ်းကျင်မှုအလိုက် ကျွမ်းကျင်လုပ်သား ပန်းရံ စသဖြင့် လုပ်တတ်တဲ့သူက ၇ ထောင် ၈ ထောင် ရကြပါတယ်။ ဒါပေမယ့် ထိုင်းလုပ်သားတွေနဲ့ ယှဉ်ရင်တော့ ကျနော်တို့က အရမ်းကို နည်းနေသေးတယ်။ ထိုင်းအလုပ်သမားတွေက နိုင်ငံခြားက လာလုပ်တယ်ဆိုတော့ (basic pay) အခြေခံရတာတော့ အတူတူ ပဲ။ ဒါပေမယ့် allowance တွေပိုသွားတယ်။ နေထိုင်စရိတ်၊ စားစရိတ် အဲဒါတွေ ပေါင်းလိုက်တဲ့ အခါကျ တော့ ပိုသွားတယ်။ အခု ကုမဏီနဲ့ ညှိထားတာ အခြေခံလစာကို ၃၅၀၀ ကနေ ၄၅၀၀ အထိ တိုးပေးဖို့။ အလုပ်ချိန် ၈ နာရီကိုလေ။ လက်ရှိ တိုးပေးလိုက်လို့ ရှိရင် ဥပဒေက မထွက်သေးတော့ အနည်းဆုံးလုပ်ခ ဥပေဒကို ကျနော်တို့ စောင့်နေတယ်ခင်ဗျ။ ဒီဟာကို ကြည့်ပြီး ပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ။ အနည်းဆုံးလုပ်ခဥပဒေက အမျိုးသားလွှတ်တော်မှာဆို ဆွေးနွေးတဲ့အခါမှာ လုပ်ခတွေ ကို ဒေသအလိုက် သတ်မှတ်ဖို့ ပြောပါတယ်။ အခု ဒီစီမံကိန်းမှာ တာဝန်ယူသူတယောက်အနေနဲ့ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ချက်တွေက ဘယ်လို ရှိသင့်တယ် ထင်ပါလဲ။ အခု ထားဝယ်မှာ ပေးတဲ့ ဈေးနှုန်းက ရန်ကုန်မှာ မရတော့လေ။
ဖြေ။ ။ မရဘူး။ ကျနော်တို့က နှိုင်းယှဉ်ပြတယ်လေ။ (ထိုင်းနိုင်ငံဘက်ခြမ်း) မဟာချိုင်မှာဆို ဘယ်လောက် ရတယ်၊ မဲဆောက်ဆို ဘယ်လောက်ရတယ်။ ဘန်ကောက်မှာဆို ဘယ်လောက်ရ တယ်၊ နောက် ထားဝယ်ဒေသမှာ စည်ပင်သာယာက ဘယ်လောက်ပေးတယ်၊ အဲဒီ rate တွေကို ကျနော် တို့ ကြည့်လိုက်တယ်ဗျ၊ အဲလောက်ထိတော့ နည်းလို့တော့ မရဘူး။ ဒီမှာ အနည်းဆုံး အဲလောက် ပေးရ မှာပေါ့။ ဒေသနဲ့ကိုက်တဲ့ လုပ်ခလစာမျိုး ရသင့်တယ်။ ဒီမှာက အခြားဒေသထက်စာရင် အများကြီးများ တယ်။ ဒီမှာက မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ တနေကုန် မြေပဲနှုတ်ရင် ၈၀၀ ပဲရတယ်။ ဒီမှာက ၃၅၀၀ ရတဲ့အ တွက် တနေကုန် ၈၀၀ ပဲ ရခဲ့တဲ့အလုပ်သမားတွေက ဒီမှာ လာလုပ်တာ သူတို့အတွက် ပို အဆင်ပြေ တယ်။ ထားဝယ်ဒေသခံတွေကျတော့ ၃၅၀၀ က နည်းနေပြန်ရော။ ထိုင်းမှာ သွားလုပ်တဲ့ အခါကျတော့ အနည်းဆုံး ဘတ် ၄၀၀-၅၀၀ ရတာကိုး။ ဒီကလုပ်ခက ဘတ်နဲ့ဆို ၁ ရာလောက်ပဲ ရတော့ မကိုက်ဘူး။ အဲဒါမျိုးတွေ ကျနော်တို့ ညှိပေးရတယ်။
မေး။ ။ အခုလောလောဆယ် လုပ်ငန်းတွေ မှာ မြန်မာပြည်အလယ်ပိုင်းဒေသတွေက အလုပ်သမား တွေက ပိုများသလား။
ဖြေ။ ။ မများဘူး။ တူတူလောက်ပဲ။ ဒါ migrant လေဘာပေါ့။ စီမံကိန်းစပြီဆိုရင်အလုပ်သမား ထောင် နဲ့ သောင်းနဲ့ချီ ရောက်လာမှာပဲ။
မေး။ ။ ထိုင်းနဲ့ မြန်မာအလုပ်သမား အချိုးအစားက ဘယ်က ပိုများပါသလဲ။
ဖြေ။ ။ မြန်မာက ပိုများတယ်ခင်ဗျ။ သုံးပုံပုံ ၂ ပုံလောက်ရှိတယ်ခင်ဗျ။ မြန်မာလုပ်သား များပါတယ်။
မေး။ ။ နိုင်ငံခြားရင်းနှီးမြှပ်နှံမယ့်သူတချို့က ထားဝယ်ဆိပ်ကမ်းမှာ infrastructure မလုံလောက်မှုတွေက သူတို့အတွက် အခက်အခဲ ရှိတယ်လို့ ပြောကြတယ်။ စိုးရိမ်ကြတယ်။ ဒီလိုဆိုတော့ အခု အကောင်အထည်ဖော်မှုပိုင်းမှာ နှောင့်နှေးမှုတွေ ရှိလား။
ဖြေ။ ။ အင်ဖရာစထရပ်ချာမရှိဘဲနဲ့ ရင်းနှီးမြှပ်နှံမယ့်သူ ဘယ်လိုမှ မလာဘူးလေ။ အဲဒါတော့ သိတယ်။ အခုထိ ပထမအဆင့်ကို ၂၀၁၄ မတိုင်ခင်မှာ အပြီးလုပ်ရမှာ။ ၂၀၁၅ မှာ ထိုင်းမြန်မာဆက်သွယ်မယ့် ကားလမ်းကြီး ပြီးသွားမယ်။ ပထမအဆင့်- မီးတို့၊ ရေ၊ ဆက်သွယ်ရေးကွန်ယက်အဆင့်တွေ ပြီးသွားပြီ။ ဒါဆို လာပြီး မြှပ်နှံလို့ရမှာပါ။
http://blog.irrawaddy.org/2012/11/blog-post_8076.html

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခအရေး သဘောထား ကြေညာချက်ထုတ်
ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် လူထုနှင့်တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ- ဧရာဝတီ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသေဆုံးမှုများနဲ့ ရခိုင် ပဋိပက္ခများကို အမြန်ဆုံး လက်တွေ့ကျကျ ထိရောက်စွာ ဖြေရှင်းကြဖို့ တောင်းဆို လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စားလှယ်တွေ က နိုဝင်ဘာ လ ၅ ရက်နေ့က ရခိုင်ပြည်နယ်က ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေအပြီး အခုလို တရား ဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သဘော ထား ကြေညာချက်ကို ယမန်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ကြေညာချက်မှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြန်လည်ရရှိဖို့ အစိုးရအနေနဲ့ လုံခြုံရေးတွေ ပိုချပေးဖို့ မြန် မာ အစိုးရကို တောင်းဆိုတာဖြစ်ပြီး ရခိုင်ပြည်နယ်အရေးဟာ ပြည်ထောင်စု အရေးဖြစ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပြည်သူ့ လွှတ်တော်မှာ အရေးအကြီး အဆိုအဖြစ် တင်ပြ ဆွေးနွေးခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတောင်းဆိုမှုနဲ့ပတ်သက်တဲ့ ယမန်နေ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခမှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတဲ့ လူပေါင်း ၃ သောင်းကျော်နဲ့ လူ ၉၀ လောက်သေဆုံးခဲ့ရတဲ့ အပေါ် အစိုးရ အနေနဲ့ ဘယ်လို ကိုင်တွယ်တယ်ဆို တဲ့ ပေါ်လစီတွေကို ရှင်းပြပေးဖို့လည်း တိုက်တွန်းမှု ပါဝင်ပါတယ်။
“လူများစုနှင့် လူနည်းစု ဟူ၍ လည်းကောင်း၊ လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံ၍ လည်းကောင်း၊ ခွဲခြားဆက်ဆံခြင်း မပြုပဲ လူသား အားလုံးက လူ့အခွင့်အရေးများကို လေးစားလိုက်နာကြရန် တာဝန်ရှိပါ သည်” ဟုလည်း ဒေါ်အောင်ဆန်း စုကြည် ၏ သဘောထား ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအပြင် နောက်ကွယ်က ကြိုးကိုင်နေတယ်ဆိုတဲ့ လူ၊ အဖွဲ့အစည်းတွေဆိုတာနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ထိထိ ရောက် ရောက် အရေးယူကိုင်တွယ်ပြီး ပြည်သူသိအောင် ထင်သာမြင်သာဖြစ်အောင်ချပြဖို့လိုတယ် လို့လည်း ရေးသားဖော်ပြထားပါတယ်။
ဒီအပြင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းနဲ့ လူထု သိအောင်ချပြဖို့၊ ရခိုင် ပဋိပက္ခကို အစိုးရ က ဘယ်လို မူဝါဒနဲ့ ကိုင်တွယ်မယ်ဆိုတာလည်း ထင်သာမြင်သာဖြစ်ဖို့ လူထုကို အသိပေးသင့်တယ်လို့ တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေနဲ့ပတ်သက်လို့လည်း အကူအညီလိုအပ်နေသူအားလုံး အတွက် ၂ ဦး ၂ ဖက် လက်ခံနိုင်တဲ့ နည်းလမ်းနဲ့ အမြန်ဆောင်ရွက်ပေးဖို့ လိုကြောင်းလည်း ထည့်သွင်း ဖော်ပြထားပါတယ်။
နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွေအတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံလုံးက အစိုးရတွေမှာ တာ ၀န်ရှိတယ်လို့လည်း ထောက်ပြထားပြီး မြန်မာအစိုးရအနေနဲ့ လက်တွေ့ကျကျ အမြန်ဆုံး အကောင်အထည် ဖော်ဆောင် ရေးကို အလေးထား ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ကြေညာချက် အပြည့်အစုံကို အောက်တွင် ဖတ်ရှု့နိုင်ပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_5962.html
အခွန်မဲ့ တရုတ်ပစ္စည်း အဆင့် ၃ ဆင့် စီမံချက်ချ နှိမ်နင်း
တရုတ် - မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် မူစယ် - မန္တလေးလမ်းမှတဆင့် ပြည်တွင်းသို့ အခွန်မဆောင်ဘဲ တင်သွင်းနေသည့် တရုတ်ကုန်ပစ္စည်းများကို အဆင့် ၃ ဆင့် ချမှတ်၍ နှိမ်နင်း နေကြောင်း ကုန်သည် အ သိုင်းအဝိုင်း အဆိုအရသိရသည်။
ပထမအဆင့်အနေဖြင့် သတိပေးခြင်းကို အောက်တိုဘာလအတွင်းက ဆောင်ရွက်ခဲ့ပြီး ယခုလဆန်းပိုင်းမှ စ၍ သတ်မှတ် အခွန်ထက် ၃ ဆ ပိုဆောင်ခိုင်းသည့် ဒုတိယအဆင့် အရေးယူမှု စတင်နေကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နောက်ဆုံးအဆင့် စတင်မည်ဖြစ်ပြီး ၄င်းအဆင့်တွင် ကုန်ပစ္စည်း၊ သယ်ယူသည့်ယာဉ် နှင့် ပစ္စည်းပိုင်ရှင်အား ဖမ်းဆီးအရေးယူမည်ဟု ဆိုသည် ။
“ကာစတန် ၊ နကသ စတဲ့ ၀န်ထမ်းစုံပါတဲ့ မိုဘိုင်းအဖွဲ့ဖွဲ့ထားတယ်။ ဒီအဖွဲ့ကို ၅ ရက်တစ်ကြိမ်ချိန်းတယ်။ အခု ဒီအဖွဲ့ ဖမ်းမိ တဲ့ ပစ္စည်းတွေကို မူစယ် - ကျယ်ဂေါင် မန်ဝိန်းပေါက်က ကုန်သွယ်လယ်ယာ ဂိုဒေါင်မှာ လာချခိုင်းတယ်။ ပစ္စည်းတစ်ခုကို ဂျူတီဈေးက ငွေတစ်သောင်း ပေါက် တယ်ဆိုရင် ၃ သောင်းအထိ တောင်း နေတာပေါ့ ” ဟု အမည်မဖေါ်လိုသူ ကုန်သည် တစ်ဦးက ဆိုသည်။
လက်ရှိ အခြေအနေအရ တရုတ်မြန်မာ နယ်စပ် ဂိတ်တခုဖြစ်သည့် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေးဂိတ်မှ တရားဝင်လွှတ် ပေးသည့် ပစ္စည်းများပါ အရေးယူခံ နေရကြောင်း သိရသည်။
“၁၀၅ မိုင်ဂိတ်ကနေလွှတ်လိုက်ရင် မန္တလေးအဝင် ၁၆ မိုင်အထိ သူတို့စစ်ချင်တဲ့နေရာမှာ စစ်မှာပဲ။ တွေ့တဲ့ နေရာကနေ မူစယ်အထိ ကားပြန် လှည့်ရမယ်။ လောလောဆယ်တော့ နမ့်ဖတ်ကာကနေ ပြန်လှည့်ရတဲ့ ကားတွေတော့ရှိတယ်။ ၁၀၅ မိုင် ကနေတရားဝင်လွှတ်ပေးတဲ့ပစ္စည်း တွေကိုပါ အရေးယူနေတာ ” - ဟု သူက ဆိုသည်။
အမည်မဖော်လိုသည့် အခြားကုန်သည်တစ်ဦးကလည်း အဆိုပါ အရေးယူမှုကြောင့် ကုန်သည်ငယ်များ၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင် စားသောက်သူများနှင့် လက်လုပ်လက်စား ကယ်ရီ သမားများထိ ခိုက်နစ်နာနေကြောင်း ပြောသည်။
“အရောင်းအဝယ် အေးသွားတယ်။ ပစ္စည်းကဲ့ပေးတဲ့သူတွေ အလုပ်လက်မဲ့ဖြစ်သွားတယ်။ လက်လုပ် လက်စား တွေ ဒုက္ခ ရောက်နေတယ်။ နောက်ငွေ ၁၀ သိန်းလောက်ပိုက်ပြီး လာတဲ့ ကုန်သည်လေးတွေ အရမ်းခက် သွားတယ်။ ဂျူတီခွဲတဲ့ စရိတ် သိပ်ကြီးတယ်။ ပစ္စည်းနည်းနည်း များများ ဂျူတီတန်ဖိုးကအတူတူပဲ။ ကုန်သည်ငယ်လေးတွေနဲ့ တစ်နိုင်တစ်ပိုး သမားတွေ ကျတော့ ဒီငွေနဲ့ဘယ်လိုဂျူတီဆောင်မလဲ။ ကုန် သည်ကြီးတွေနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး ” ဟု ဆိုသည် ။
ထို့အပြင် “အခုကိစ္စမှာ ထင်သာမြင်သာမရှိတာတွေ အများကြီးရှိတယ် ဆိုလိုတာက ပွင့်ပွင့်လင်းလင်းဗျာ။ ပစ္စည်းတစ်ခု ဂျူတီဆောင်လို့ ရ၊ မရ အများ သိအောင် လုပ်ပေးရမယ်။ အဲလိုလုပ်ထားပြီးမှ ကားပေါ်တင်မဲ့ပစ္စည်း ချက်ခြင်း ဂျူတီ ဆောင်ခိုင်း။ ဒါအ ကောင်းဆုံးနည်းပေါ့ဗျာ” - ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိဂျူတီခွန်ဆောင်ခိုင်းရာတွင် အော်တိုဂျူတီမှာ ၃ ရက်ခန့် ကြာပြီး ကြေးနန်းဂျူတီမှာ ၇ ရက် တစ်ပတ် အနည်းဆုံး ကြာမြင့်ကြောင်း လည်း သိရသည်။
http://burmese.bnionline.net/index.php/news/shan/12044-2012-11-07-16-47-27.html
မူစယ် - မန္တလေးလမ်းမှ တရုတ်ကုန်ပစ္စည်းတင်ကားကြီး

မြန်မာနိုင်ငံလုံးဆိုင်ကျောင်းသမဂ္ဂဖြစ်မြောက်ရေး ရခိုင်ကျောင်းသားသမဂ္ဂနှင့်တွေ့ဆုံ
နိုဝင်ဘာလ (၇)ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီနှင့် ရခိုင်ကျောင်းသားသမဂ္ဂ တွေ့ဆုံပွဲတစ်ရပ်ကို စစ်တွေမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်များ၊ တိုင်းဒေသကြီးများတွင် ကျောင်းသားသမဂ္ဂများ အသီးသီးပေါ်ပေါက်လာရန်အတွက် ရခိုင်ကျောင်းသားသမဂ္ဂနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရှိရသည်။
"အဓိက တက္ကသိုလ်တိုင်းမှာ ကျောင်းသားသမဂ္ဂတွေပေါ်ထွက်လာဖို့အတွက်ကို ကျနော်တို့ ရခိုင်ကျောင်းသားသမဂ္ဂနဲ့ညှိနှိုင်းဆွေးနွေးတာပါ။
ကျနော်တို့ကလည်း မြန်မာတစ်နိုင်ငံလုံးမှာ ကျောင်းသားသမဂ္ဂတွေပေါ်ထွန်းလာပြီးတော့ ကျောင်းသားအရေးတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အကုန်လုံး ပူးပေါင်းဆောင်ရွက်သွားချင်ပါတယ်"ဟု ရခိုင်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုထူးလင်းသူက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ရခိုင်ပြည်နယ်ရှိ ရခိုင်ကျောင်းသားသမဂ္ဂနှင့် လာရောက်တွေ့ဆုံပွဲကို ယမန်နေ့ နေ့လည် ၂နာရီမှ ညနေ ၄နာရီခန့်ထိ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယခုအချိန်တွင် ရခိုင်ကျောင်းသားသမဂ္ဂအနေဖြင့် တက္ကသိုလ် ပညာသင်ထောက်ပံ့ရေးလုပ်ငန်းများအပါအ၀င် ရခိုင်ပြည်ရှိ ဒုက္ခသည်များအား ကူညီကယ်ဆယ်လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/633-2012-11-08-03-07-50
KIO ပြည်သူ့စစ် ပစ်ခတ်မှု အစိုးရတပ်ဖွဲ့ဝင် တဦးသေ
ကေအိုင်အို MHH အရပ်သားတပ်ဖွဲ့ဝင် တစ်ဦး။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမှ ဆယ်မိုင်အတွင်းရှိ မြန်မာအစိုးရ အခြေချထား သည့် အောင်ဂျာယန် (Awng Ja Yang) တပ်စခန်းကို နိုဝင်ဘာ ၆ ရက် အင်္ဂါနေ့က MHH ခေါ် KIO လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကြောင်း သိရသည်။
မြစ်ကြီးနားမြို့မှ လိုင်ဇာသို့ သွားသည့်လမ်းတွင် နေရာယူထားသည့် အစိုးရတပ်ဖွဲ့အား KIO/ KIA တပ်မဟာ (၅) တပ်ရင်း (၁၈) လက်အောက်ခံ ပြည်သူ့စစ်များက ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။
“စခန်းကို သွားပစ်တယ်။ ကျွန်တော်တို့က အပြင်ကနေကြည့်ပြီး ခိုးပစ်လိုက်တာ။ ဒဏ်ရာရတာတော့ အတိအကျမသိဘူး။” ဟု အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
နမ့်ဆန်ယန် (Nam San Yang) တံတားအနီးရှိ ထိုအစိုးရစခန်းတွင် အင်အား ၇၀ ကျော်ရှိပြီး တပ်သားများ သည် စခန်းအတွင်းမှအပြင်သို့ လှုပ်ရှားလာချိန်တွင် ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ည ၁၁ နာရီခွဲ အချိန်ခန့်တွင် ဒေါ့ဖုန်းယန်မြို့ အခြေစိုက် မြန်မာအစိုးရ ခြေလျင်တပ်ရင်း ခလရ (၁၄၂) တပ်မှ KIA စခန်းဖက်သို့ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ KIA ဌာနချုပ် လိုင်ဇာမြို့ အနီးရှိ လဂျားယန် (Laja Yang) ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
အဆိုပါ အောင်ဂျာယန် (Awng Ja Yang) ကျေးရွာရှိ ဒေသခံများသည် စစ်ပွဲစတင်ဖြစ်ပွားလာချိန်မှစ၍ လိုင်ဇာ ဗဟိုဌာနချုပ် ဒုက္ခသည်စခန်းသို့ ထွက်ပြေးခိုလှုံလျက်ရှိကြောင်းသိရသည်။
http://burmese.bnionline.net/index.php/news/kng/12036-kio----.html