Tuesday, November 6, 2012
ကမ္ဘာ့ အပါးလွှာဆုံး အမြန်ဆုံးနှင့် ဈေး အပေါဆုံး ဟတ်ဒ်ဒစ် တီထွင် အောင်မြင်
ကမ္ဘာ့ အပါးလွှာ ဆုံး ကွန်ပျူတာ ဟတ်ဒ်ဒစ်ကို စင်ကာပူ နိုင်ငံရှိ သုတေသန ပညာရှင် များက အောင်မြင်စွာ ထုတ်လုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ ဟတ်ဒ်ဒစ်သည် အချက် အလက်များကို 1 terabyte ကျော်ထိ သိုလှောင် သိမ်းဆည်း ထားနိုင် ပါသည်။
A-Drive ဟု ခေါ်သော ဟတ်ဒ်ဒစ်သည် ၅ မီလီမီတာ ထူပြီး လက်ရှိ အသုံးပြု နေသည့် ဟတ်ဒ်ဒစ်များထက် ၃ဝ ရာခိုင်နှုန်း ပါးလွှာပြီး Tablet ကွန်ပျူတာများ၊ Ultrabook ကွန်ပျူတာ များနှင့် အနာဂတ် ဒေတာ အချက် အလက်များ သိမ်းဆည်းရန် အတွက် ရည်မှန်း ထုတ်လုပ် ထားခြင်း ဖြစ်သည်။
လက်ရှိ အချိန်တွင် ၇ မီလီမီတာ အထူ ရှိသော ဟတ်ဒ်ဒစ်သည် အချက် အလက် 500 gigabytes ကို သိမ်း ဆည်း သိုလှောင် ထားနိုင် ပါသည်။
ယခု တီထွင် လိုက်သည့် ဟတ်ဒ်ဒစ်တွင် အပိုင်း နှစ်ပိုင်း ပါရှိပြီး တစ်ပိုင်းမှာ သံလိုက် ဓာတ်ဖြင့် ဒေတာများ ပမာဏများစွာ သိုလှောင် နိုင်ပြီး ကျန်တစ်ပိုင်းမှာ လျှပ်စစ်ဖြင့် အချက် အလက် များကို အချိန်တို အတွင်း သိုလှောင် ပေးပါသည်။
A-Drive ဟတ်ဒ်ဒစ် ဒေတာ 1 Terabyte ကို လျှပ်စစ် သံလိုက် ချပ်ပြား ဝိုင်းဖြင့် သိုလှောင် သိမ်းဆည်းပြီး ဒေတာ 32 gigabytes ကို flash memory storage ဖြင့် သိုလှောင် သွားမည် ဖြစ်သည်။
၎င်း ဟတ်ဒ်ဒစ်က သီချင်း အပုဒ် နှစ်သိန်းခွဲ ကျော် သိမ်းဆည်း နိုင်ပြီး တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၆ဝ ဖြင့် ရောင်းချရန် မျှော်မှန်း ထားသည်။ A-Drive ဟတ်ဒ်ဒစ်ကို သိပံ္ပ နည်းပညာ နှင့် သုတေသန အချက် အလက် စုဆောင်းရေး ဌာနမှ ပညာရှင် များက တီထွင် ခဲ့ကြောင်း သိရသည်။
http://www.mwdmedia.net/2012/11/blog-post_7739.html
ကလေးမြို့ ကျောက်တစ်လုံးအနီး ဘင်္ဂါလီ (၁၉) ဦး ဖမ်းမိ
၅.၁၁.၂၀၁၂ တနင်္လာနေ့ နံနက်(၈း၃၀) အချိန်တွင် ကလေးတစ်မြို့နယ်လုံး
ဆိုင်ရာအမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်းကြီးနှင့်
အတူ တာဝန်သိအမျိုးသားတစ်ဦး၏ သတင်းပေးမှုဖြ
င့် မြန်မာနိုင်ငံတွင်း
တရားမ၀င်နေထိုင်သူများဟု ယူဆရသောဘင်္ဂါလီ (၁၉) ဦးတို့ကိုတာဝန်သိ
ပြည်သူများ ၀ိုင်းဝန်းပြီး ဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူစေ
ခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်း ဘင်္ဂါလီများရှိကြောင်းသတင်းပေးသူမှာ တောတောင် ချောင်းများတွင် ငါးဖမ်းရင်း တွေ့ရှိရာမှ သတင်းပေးနိုင်ခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးရမိသောဘင်္ဂါလီများကိုသက်ဆိုင်ရာလက်သို့ မအပ်နှံမှီ ကာလ အတွင်း ကလေးမြို့ မင်္ဂလာဥယျာဉ် ပရိယတ္တိစာသင်တိုက်နှိုက် ခေတ္တ ထားရှိခဲ့ပြီး ကလေးမြို့ ပြည်သူ (၁၀၀၀)ခန့်အား မြင်သာစွာ ပြသခဲ့ပါသည်။
ထိုကျောင်းတွင်ပင် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ နေသာ ဆရာတော် မှ အွန်လိုင်းများတွင်မြန်မာများက သူတိုဘင်္ဂါလီများကို မတရားနှိပ်စက် နေကြောင်း သတင်းတွေတင်ထား ပါတယ်။ အခု ပြုလုပ်တဲ့ပွဲကတော့ မြန်မာတွေ သူတို့အပေါ် နှိပ်စက်နေတာ မဟုတ်ဘူးဆိုတာ အားလုံး သိစေချင်လို့ပါ လို့ မိန့်ကြားသွားခဲ့ပြီးအသင်းကြီး အနေဖြင့် ရိုဟင်ဂျာ (၅၀) ဦးကို ယခု လပိုင်းအတွင်း ဋ္ဌာနဆိုင်ရာများ ပြည်သူ များနှင့်တကွ အသင်းကြီးရဲ့ လှုပ်ရှားမှုများဖြင့်ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း ကိုလည်း အသင်းကြီး၏ ဒုဥက္ကဋ္ဌ မင်္ဂလာဥယျာဉ်စာသင်တိုက် ဆရာတော်မှ ပြောကြားခဲ့ပါသည်။
အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအသင်းကြီးအနေဖြင့် လည်း ကလေးမြို့နယ်နှင့် နီးစပ်ရာမြို့/မြို့နယ်များသို့ လှည့်လည် ပြီး အမျိုးဘာသာ သာသနာကာကွယ်စောက်ရှောက်နိုင်ရေး အသိပေးအမြင်ဖွင့် ဟောပြောပွဲများပြုလုပ်နေကြောင်းကိုပါ သိရပါသည်။၎င်း ဘင်္ဂါလီများနှင့် ပတ်သက်၍ ဥပဒေရေးရာအရ အရေးယူနိုင်ရန်ပြည်သူရဲတပ်ဖွဲ့ ကလေးမြို့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားရေးရာ ဦးစီးဌာန (ကလေးမြို့ လ၀က) တို့မှစစ်ဆေးနေကြောင်း သတင်းရရှိပါသည်။
Myanmar Express

ကျွန်တော်ဘာသာခြား မဟုတ်ပါဘူးဆိုတဲ့ "ဆိုတေး"
'ဖက်တီးမ' သီချင်းရိုက်ကူးရာတွင် ပုဂံဘုရားကိုနောက်ခံထား၍ Lazy Club တီးဝိုင်းနှင့် အတူ ဆိုတေးက သရုပ်ဆောင်ရာမှာ ဖိနပ်စီးကြောင်း အင်တာနက် စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေတဲ့ ကိစ္စနဲ့ပတ်သက်၍ ဆိုတေးက "အဲဒီဘုရားက ပုဂံဘုရားလည်း မဟုတ်ဘူး။ မြောက်ဥက္ကလာက သီလရှင် ကျောက်ရေတွင်း ကျောင်း၊ ဆောက်လက်စ ကျောင်းမှာ ရိုက်ထားတာပါ။ သူများစီးလို့ ကိုယ် လိုက်စီးပြီးရိုက် တာ လည်း မဟုတ်ဘူး။ ငါတို့သရုပ်ဆောင်၊ အဆိုတော်ပဲကွာ ဆိုပြီး စီးပြီးရိုက် တာလည်း မဟုတ်ဘူး။ အဲဒီမှာ လုံခြုံရေးတွေ၊ ရဲအရာရှိ တွေ လာကြည့်တဲ့ အရပ်သားတွေ လည်း ဖိနပ်စီးထားကြပါတယ်။
ဒါက စီးလို့ရတဲ့ နယ်မြေတစ်ခုလို့ တာဝန်ခံ ကပြောတဲ့ အတွက်ကြောင့်စီးတာပါ။ နောက်တစ်ခုက ကျွန်တော်ဘာသာခြား တစ်ယောက်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ဝင်စစ်စစ်ပါ။ ဘာသာခြားတစ်ယောက်ပဲဆိုပြီး ပရိသတ်ကို ဘယ်တော့မှ လိမ်ပြီး မကိုးကွယ်ဘူး။ ကျွန်တော့်ရင်ထဲမှာ တကယ် တမြတ်တနိုး ကိုးကွယ်တာက မြတ်စွာ ဘုရားရှင်ကို ကိုးကွယ်တာပါ။ ကျွန်တော့်အိမ်မှာလည်း ဘုရားစင်ရှိပါတယ်။ ညနဲ့ နံနက်ကျရင် ဘုရားရှိခိုးတယ်။ ပရိသတ်က ကျွန်တော့်ကို ဘာသာရေး တစ်ခုမှာ အထင်လွဲနေတာ ပါ။ ဗုဒ္ဓဘာသာရဲ့ထုံးစံအတိုင်း ကျွန်တော်ရှင်ပြုရဟန်းခံပြီးပါပြီ။ ကျွန်တော့်ဆီကိုဖုန်း ဆက်ပြီး ပုဂံဘုရားပေါ်မှာဖိနပ်စီး တယ်၊ ဘာသာခြားတစ် ယောက် ဆို ပြီး ရစရာမရှိအောင် ပြောလာခဲ့တာပါ။
ဒီနေရာမှာ ရိုက်ကူးရေးတာဝန်ခံ ကိုဇေပါက စီးလို့ရတယ်၊ သီလရှင်ဆရာလေး တစ်ပါးက ဆောက် လက်စနေရာတစ်ခုမို့လို့ စီးလို့ရတယ်ပြောလို့ ကျွန်တော် တို့စီးခဲ့တာပါ။ နောက်တစ်ရက်ကျတော့ အမျိုးသမီးတစ်ယောက်က ဘုရားမှာဖိနပ်စီးတဲ့ကိစ္စ၊ လူမျိုးခြားမဟုတ်တဲ့အကြောင်းကို ဂျာနယ်ကနေတစ်ဆင့် ရှင်းပြပါလို့ပြောလာပါတယ်။ ဒါကြောင့် နိုဝင်ဘာလ(၁၁)ရက် စီးတီးစတားမှာ အဲဒီကိစ္စနဲ့စပ်လျဉ်းပြီး ကျွန်တော်ရယ်၊ ကိုနိုင်ဇော်ရယ်ပေါင်းပြီး စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်မှာပါ။ ကျွန်တော့်ရဲ့ မျက်လုံးမျက်ခုံးက ဘာသာခြားနဲ့တူရတဲ့အကြောင်းအရင်းကလည်း အဖေ့မှာအဲဒီလိုသွေးပါလို့တူရတာပါ။ အဖေက လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ အမေကလည်း ဗမာစစ်စစ်တစ်ယောက်ပါလို့ ပြောကြား သွားခဲ့ပါတယ်။

KIA အဖွဲ့မှ ရိက္ခာပြတ်လပ်နေသဖြင့် ဆက်ကြေးများ အဆက်မပြတ်ကောက်
အစိုးရနှင့် တစ်နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားနေသော KIA အဖွဲ့အနေဖြင့် ရိက္ခာပြတ်လပ်လျက်ရှိကြောင်း သိ ရပါတယ်။ KIA အဖွဲ့အနေဖြင့် ကချင်ပြည်သူများအား မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ လူ့အခွင့်အရေး ချိုး ဖောက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုမှ ရွံရှာမုန်းတီးနေကြောင်း သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ဒေသအတွင်း စားနပ်ရိက္ခာပြတ်လပ်ကာ ပြည်သူ များ ဒုက္ခပင်လယ်ဝေနေခဲ့ရပါတယ်။
ထိုကဲ့သို့ ပြည်သူများ ဒုက္ခရောက်နေချိန်တွင် KIA အဖွဲ့မှ ဆက်ကြေး ငွေများကို တိုးမြှင့်ကောက်ခံနေပြီး မပေးပါက အသက်အန္တရာယ်ကိုပင် စိုးရိမ်ရတဲ့ အခြေအနေကိုရောက်ရှိ နေပါတယ်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် KIA တပ်မဟာ(၂)လက်အောက်ခံ၊ ရင်း(၅)မှ တပ်ကြပ်ကြီး လဖိုင်နှင့်အဖဲ့သည် ခေါင်မြေဒေသရှိ ရွှေမှုန်စုပ်စက်များအား တစ်ဆိုင်းလျှင် ၅၀၀၀ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ ဈေးဆိုင် ၄၀ ဆိုင်အား ၁ ဆိုင်လျှင် ၃၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ လောင်းကစားဝိုင်း များအား တစ်ဝိုင်းလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ကောက်ခံခဲ့ပါတယ်။
၎င်းနေ့ညနေပိုင်းတွင် တကက လဖိုင်နှင့်အဖွဲ့သည် ရှဘုတ်နှင့် ယက္ကန်းတိုင် ရှိ ရွှေမှုန်စုပ်စက်များအား တစ်ဆိုင်းလျှင် ၅၀၀၀ ကျပ် နှုန်းဖြင့် ကောက်ခံခဲ့ပါတယ်။
တကက လဖိုင်အဖွဲ့မှ ခေါင်မြေဒေသတွင် အခွန်ကောက်ရခြင်းမှာ `` ဒီအခွန်ငွေတွေနဲ့ ရိက္ခာတွေဝယ်ပြီး တပ်ရင်း(၅)ကိုပို့ရမယ်၊ တပ်ရင်း(၅)မှာ ရိက္ခာပြတ်နေပြီ ´´ လို့ပြောကြားခဲ့ကြောင်း သိရပါတယ်။
Myanmar Express
အမေရိကန်တက္ကသိုလ်များသို့ တစ်နှစ် ဒေါ်လာနှစ်သောင်းကျော်ဖြင့် ဆက်သွယ်လျှောက်ထားနိုင်
အမေရိကန်နိုင်ငံတွင် ပညာသင်ကြားလိုသော ကျောင်းသားကျောင်းသူများ အနေဖြင့် တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားနိုင်သည့် ပညာရေး လမ်းေ ကြာင်းသစ်များသို့ တစ်နှစ်လျင် ဒေါ်လာနှစ်သောင်းကျော်ဖြင့် ဆက်သွယ် တက်ရောက်သင် ကြားနိုင်ပြီ ဖြစ်သည်။ အဆိုပါ ပညာရေးလမ်းကြောင်းများမှတဆင့် လျှောက်ထားမည်ဆိုပါက (၁၀)တန်းဖြေဆိုအောင်မြင်ပြီးသူများအတွက် SAT ရမှတ်ပြစရာမလိုပဲ ကျောင်းဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ပြီး Post Graduate ပညာရေး လမ်းကြောင်းများက တဆင့်လည်း လျှောက်ထားပါက GRE/GMAT ရမှတ်များ တင်ပြစရာမလိုပဲ လျှောက်ထားနိုင်ခြင်းဖြစ်သည်။
အမေရိကန်တက္ကသိုလ်ကောလိပ်များသို့ လျှောက်ထားရာ၌ တက္ကသိုလ် များသို့တိုက်ရိုက်လျှောက်ထားနိုင်သလို ပုဂ္ဂလိကကောလိပ်များသို့  လျှောက်ထားခြင်းနှင့်ကွန်မြူနတီ (အစိုးရ)ကောလိပ်များသို့လျှောက်ထား နိုင်ခြင်းဖြစ်သည်။
တက္ကသိုလ်များသို့ လျှောက်ထားရာတွင် နိုင်ငံတကာ ကျောင်းသားအများအတွက် အထူးစီစဉ်ထားသည့် အမေရိကန် တက္ကသိုလ်များ၏ ပထမနှစ် (Fresh man) နှင့် ညီမျှသော University Pathway Program (UPP) သို့ တိုက်ရိုက်လျှောက် ထားတက်ရောက်နိုင်ပြီး၊ အဆိုပါ ပညာရေး လမ်းကြောင်းမှတဆင့် တက္ကသိုလ်ဒုတိယနှစ်( Sophmore)၊ တတိယနှစ် (Junior)နှင့် စတုထ္တနှစ်(Senior)တက်ရောက်ကာ ဘွဲ့ ရယူနိုင်ခြင်းဖြစ်သည်။
အဆိုပါတက္ကသိုလ်များတွင် ပညာသင်ကြား ရန် ပညာသင်ကြားရေးစရိတ် တစ်နှစ်လျင် ဒေါ်လာနှစ်သောင်းကျော် ကျသင့်မည်ဖြစ်ကြောင်းနှင့် အဆိုပါတက္ကသိုလ်များသို့ လျှောက်ထားဝန်ဆောင်မှုပေးသည့် CROWN Education မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
အမေရိကန်ရှိ ပုဂ္ဂလိကကောလိပ်များသည် အစိုးရ ထောက်ပံ့ကြေးများဖြင့် လည်ပတ်သည့်ကျောင်းများ မဟုတ်သဖြင့် ကျောင်း လခ အပါအ၀င် နေထိုင်စားသောက်စရိတ်စုစုပေါင်း တစ်နှစ်လျှင် ဒေါ်လာ(၄)လေးသောင်း မှ (၅) သောင်းအထိ ကုန်ကျလေ့ရှိခြင်း ဖြစ်သည်၊၊
ပညာရေးထူးချွန်မှုမှတ်တမ်းများ တင်ပြနိုင်သည့် ကျောင်းသူကျောင်းသားများ အနေဖြင့် TOEFL သို့ မဟုတ် IELTS တစ်ခုခုရမှတ်ကောင်းတင်ပြခြင်း၊ SAT (I &II) ရမှတ်များ တင်ပြခြင်းဖြင့် ပညာသင်ထောက် ပံ့ကြေး (၅၀%) မှ (၇၀%) အထိ လျောက်ထားနိုင်ကြောင်း ကိုလည်း သိရသည်။
အစိုးရကောလိပ်များဖြစ်သော ကွန်မြူနတီ ( Community College) ခေါ် ဂျူနီယာကောလိပ် ( Junior College) များသို့ လျှောက်ထားရာတွင် (၂)နှစ်တက်ရောက်ပြီး Associate Degree အဖြစ်ရရှိနိုင်ကာ အချို့ ကောလိပ်များ အနည်းငယ်သာ (၄)နှစ် ဒီဂရီလေ့လာသင်ယူနိုင်သည်၊၊
အဆိုပါကောလိပ်များမှာ သက်ဆိုင်ရာပြည်နယ်အစိုးရ၏ အထောက်အပံ့ ရရှိသဖြင့် တစ်နှစ် ကုန်ကျစရိတ်ဒေါ်လာ (၇၀၀၀ - ၈၀၀၀) ခန့် သာ ကုန်ကျနိုင်ပြီး၊ ကျောင်းများလျှောက် ထားရာတွင် SAT ရမှတ်များ တင်ပြရန် မလိုကြောင်း ကိုလည်းသိရသည်၊၊
အမေရိကန်ကျောင်းဝင်ခွင့်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးမှ တာဝန်ရှိသူများနှင့် အသေးစိတ် တိုင်ပင် ဆွေးနွေးလိုသူများ အနေဖြင့် CROWN Education 09 -732 732 77 နှင့် 09-5085 185 သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်းကိုလည်း သိရသည်၊၊
Myanmar Express
မုန့်ဟင်းခါးဝယ်စားကြရာမှ လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်ခဲ့
မုန့်ဟင်းခါးနှင့် မုန့်တီများ ဝယ်ယူစားသောက်ကြရာမှ ဘုန်းတော်ကြီးသင် ကျောင်းသူကျောင်း သား ၃၄ ဦးအပါအဝင် လူပေါင်း ၄၈ ဦး အစာအဆိပ် သင့်၍ ဝမ်း လျောဝမ်းပျက် ဖြစ်ပွားမှုတစ်ခု မန္တလေးတိုင်းဒေသကြီးအတွင်း တွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁ဝနာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်ပွားမှုမှာ ပုသိမ်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျောက်မီးကိုက်နယ် ကျန်းမာရေး ဌာနပိုင် အုန်းချောကျေးလက် ကျန်းမာရေးဌာနခွဲရှိ အဘယခေမိက အရိယဝါသ အမှတ် ၉ ဘုန်းတော်ကြီး ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းဘုန်းကြီးကျောင်းသို့ လာရောက်ရောင်းချနေသော မုန့်ဟင်းခါ၊ မုန့်တီများအား ဝယ်ယူ စားသောက်ကြရာမှ ကျောင်းသား ၂ဝ ဦး၊ ကျောင်းသူ ၁၄ ဦးနှင့် ကျေးရွာအတွင်းရှိ လူကြီး ၅ ဦး၊ ကလေး ၉ ဦး စုစုပေါင်း ၄၈ ဦး အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျောမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူနာများအနက်မှ ၃၇ ဦးအား ကျောက်မီးဆေးရုံတွင် ပြင်ပလူနာ အဖြစ် ဆေးဝါးကုသခံ ယူနေရပြီး၊ ကျန် ၁၁ ဦးမှာ မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရသည်။
အဆိုပါ ပို့ဆောင်မှုကို ပုသိမ် ကြီးမီးသတ်စခန်းမှ သန္ဓေ၂ ဦး၊ အုန်းချော ကျေးရွာမှ အရန်မီးသတ် အဖွဲ့ဝင် ၁ဝ ဦးတို့က လူမှုကူညီရေး အသင်းမှ လူနာကပ်ဖြင့် လိုက်ပါ ကူညီ ပို့ဆောင်ခဲ့သည်။
အဆိုပါနေ့ ည ၇ နာရီခွဲအချိန် တွင် လူနာ ၃၇ ဦးမှာ ကျောက်မီး ဆေးရုံမှ ကုသပြီးသဖြင့် မိမိတို့ နေအိမ်များသို့ ပြန်လည် ဆင်းသွား ပြီဖြစ်သော်လည်း ကျန် ၁၁ ဦးမှာ မန္တလေးဆေးရုံကြီးတွင် ဆက်လက် ကုသပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ် ၂၆ မြို့နယ်၌ GSM တယ်လီဖုန်း ဆက်သွယ်မှုအား ယာယီ ဆိုင်းငံ့ သွားမည်
ရန်ကုန်တိုင်း ဒေသကြီး အတွင်း GSM , ZTE Network မြို့နယ် ၂၆ မြို့နယ်မှာ GSM တယ်လီဖုန်းများ ဆက်သွယ်မှုကို မိနစ်ပိုင်းခန့် ယာယီ ဆိုင်းငံ့ သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။
ဒီလို ယာယီ ဆိုင်းငံ့ သွားမယ့် မြို့နယ်များ ကတော့
အလုံ၊
လမ်းမတော်၊
ပန်းဘဲတန်း၊
ကျောက်တံတား၊
ဗိုလ်တစ်ထောင်၊
ပုဇွန်တောင်၊
တာမွေ၊
ဗဟန်း၊
တောင်ဥက္ကလာ၊
လှိုင်၊
ကမာရွတ်၊
စမ်းချောင်း၊
ဒဂုံ၊
မင်္ဂလာ တောင်ညွှန့်၊
သင်္ဃန်းကျွန်း
အစရှိတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
ဒါ့အပြင်
သုဝဏ္ဏ၊
ဒေါပုံ၊
သာကေတ၊
သန်လျင်၊
ခရမ်း၊
သုံးခွ၊
ဒလ၊
တွံတေး၊
ဆိတ်ကြီး ခနောင်တို၊
ကွမ်းခြံကုန်းနဲ့ ကော့မှူး
အစရှိတဲ့ မြို့နယ်များ မှာလည်း မိနစ်ပိုင်းခန့် ဆက်သွယ်မှု ယာယီ ဆိုင်းငံ့ သွားမှာ ဖြစ်ပါတယ်။
အခုလို ဆက်သွယ်မှု ယာယီ ဆိုင်းငံ့ရာ မှာတော့ လာမယ့် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၂ နာရီမှ ၂ နာရီ ၁၀ မိနစ်ထိ ၁၀ မိနစ်ခန့် ယာယီ ဆိုင်းငံ့ သွားမှာ ဖြစ်ပါတယ်။
ဒီလို ဆက်သွယ်မှု ယာယီ ဆိုင်းငံ့ ရတာဟာ အဆိုပါ အချိန်အတွင်း ရန်ကုန်မြို့ ZTE- GSM( UMTS) စနစ်ကို MGW Capacity Expansion ပြုလုပ်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဒီမိုကရေစီ မိတ်ဆွေပါတီများ ငြိမ်းချမ်းရေးနှင့် ရခိုင်အရေးကိစ္စများ တွေ့ဆုံဆွေးနွေး
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဒီမိုကရေစီ မိတ်ဆွေပါတီများ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ Peace Center တွင် တွေ့ဆုံကာ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများနှင့် ရခိုင်အရေး ကိစ္စများကို တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲတွင် တိုင်းရင်းသားများ တောင်းဆိုနေသော ဖက်ဒရယ်မူကိစ္စ၊ ပြည်နယ်များအပြင် တိုင်းဒေသကြီး အစိုးရများသို့ ပါဝါခွဲဝေပေးရေး၊ ဒေသသယံဇာတများမှ အကျိုးအမြတ်များကို ပြန်လည်ခွဲဝေပေးရေး၊ ရခိုင်ပြည်နယ် အရေးနှင့် အခြားတိုင်းရင်းသား အရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝန်ကြီးဦးအောင်မင်းက ဆွေးနွေးခဲ့ရာတွင် ဖက်ဒရယ်ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာအချို့ကို ဗဟိုကကိုင်ပြီး အချို့ကို ပြည်နယ်က ကိုင်သည်ဟု Oxford Dictionary တွင် အဓိပ္ပါယ် ဖွင့်ဆိုထားကြောင်း၊ ယင်းမှာ Powersharing ပင်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ရှမ်းပြည်နယ်ကို ရှမ်းက အုပ်ချုပ်ရမည်၊ ကရင်ပြည်နယ်ကို ကရင် အုပ်ချုပ်ရမည် ဖြစ်ပြီး အခြေခံဥပဒေနှင့် ညီရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်ပါက ပြင်နိုင်သည့် အခြေအနေ ပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
''Powersharing မှာ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ်ချုပ်ရမယ်လို့ ပြောတဲ့အခါမှာ ပါတီတော့ ထောင်ရမှာပေါ့။ ပြီးရင် ရွေးကောက်ပွဲဝင်ပြီး အဲဒီမှာရှိတဲ့ ပြည်သူလူထုက ရွေးချယ် တင်မြှောက်တဲ့အခါမှ လုပ်ပိုင်ခွင့်ရမှာပေါ့။ အဲဒီတော့ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ်ချုပ်ရမယ်ဆိုတာ ဒီအတိုင်း သူတို့လက်ထဲကို အာဏာပေးလိုက်လို့ မရဘူး။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်မှ အုပ်ချုပ်ရေးအာဏာ၊ ပြည်သူလူထုရဲ့ အာဏာကို သူတို့ရပါမယ်။
ဒါကြောင့် Powersharing ကို မကြောက်ဘူး။ ဖက်ဒရယ် ဆိုတာကိုလည်း မကြောက်ဘူး'' ဟု ဦးအောင်မင်းက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ငြိမ်းချမ်းရေးအဖွဲ့များနှင့် တွေ့သည့်အခါ ကတိသုံးခု တောင်းကြောင်း၊ နိုင်ငံတော်မှ လုံးဝခွဲမထွက်ရေး၊ ဒို့တာဝန် အရေးသုံးပါးကို စောင့်ရှောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရေးများ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်ပါက နောက်မှပြင်ရမည် ဖြစ်ကြောင်း၊ ဖက်ဒရယ် ကိစ္စတွင်လည်း အားလုံးဒီအတိုင်း ခံယူလာအောင် ကြိုးစားနေကြောင်း၊ ယင်းအချက်များကို လက်ခံလာပါက နောက်ပိုင်းတွင် ခက်စရာအကြောင်း မရှိတော့ကြောင်း ဦးအောင်မင်းက ဆိုပါသည်။
''တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်ခင် နိုင်ငံရေး ဆွေးနွေးပွဲတွေကို မဖြစ်မနေ လုပ်ပါ့မယ်လို့ ပြောထားပြီးသားပါ။ ကချင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေး မလုပ်ထားဘူး ဆိုရင်တောင် ဆွေးနွေးပွဲကို ချီတက်လာလို့ ရတယ်။ နောက်ဆုံး ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲသည်ဖြစ်စေ၊ မရပ်စဲသည်ဖြစ်စေ နိုင်ငံရေးဆွေးနွေးပွဲကို တက်လာခဲ့ပါလို့ ပြောခဲ့ပါတယ်'' ဟု ၀န်ကြီး ဦးအောင်မင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=27665

Postpaid စနစ်ဖြင့် ဘီလ်ပေးဆောင်သည့် မိုဘိုင်းဖုန်းများသာ နိုင်ငံခြား တိုင်းပြည်များသို့ သယ်ဆောင် အသုံးပြုနိုင်မည်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်းဘီလ်များကို Postpaid စနစ်နှင့် Prepaid စနစ်ဟူ၍ နှစ်မျိုး ခွဲခြား ကောက်ခံလျက်ရှိပြီး အဆိုပါ စနစ်နှစ်မျိုးအနက် Postpaid စနစ်ဖြင့် ဘီလ်ပေးဆောင်သည့် မိုဘိုင်း ဖုန်းများသာ နိုင်ငံခြား တိုင်းပြည်များသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်ဟု အဆိုပါ လုပ်ငန်းဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ “Prepaid စနစ်အသုံးပြုတဲ့ ဖုန်းတွေအတွက်က စမ်းသပ်နေ တုန်းပဲ။ အေးဂျင့်တစ်ခုနဲ့ စမ်းသပ်နေတာ၊ အသုံးပြုသူစိတ်ကြိုက် အသုံးပြုနိုင်ဖို့အတွက်တော့ လုပ်ပေး သွားဖို့ ရှိတယ်” ဟု အထက်ပါ အရာရှိက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်း များကို နိုင်ငံခြားတိုင်းပြည်များနှင့် အပြန်အလှန် ချိန်ဆက်၍ သယ်ဆောင်အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Inbound စနစ်နှင့် outbound စနစ်ဟူ၍ ခွဲခြားဆောင်ရွက်ခဲ့သည်ဟု သိရသည်။ နိုင်ငံအချို့မှ မိုဘိုင်းတယ်လီဖုန်းများကို ပြည်တွင်းသို့ Inbound စနစ်ဖြင့် သယ်ဆောင် အသုံးပြုခွင့်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး outbound စနစ်ဖြင့် ပြည်တွင်းမှ ဂျီအက်စ်အမ် တယ်လီဖုန်း များကို ပြည်ပနိုင်ငံအချို့သို့ သယ်ဆောင်အသုံးပြုနိုင်ရန် စမ်းသပ်နေကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=27658
http://www.khitlunge.net.mm/news/news_detail.aspx?info_id=27658
လူကြီးမင်းက Custromers တွေကို တောင်းပန်ရင်းပြီးခဲ့တာ ထက်ကောင်းတဲ့အစီစဉ်ကို ပြန်လုပ်ပေးမှာပါပြောကြား
လူကြီးမင်းဖုန်းဆိုင်တွင် နိုဝင် ဘာ (၃) ရက်နေ့က ပြုလုပ်သော မဟာလျော့ဈေးအစီအစဉ်ကို ၀ယ် ယူအားပေးကြသော Customers များအား ကျေးဇူးအထူးတင်ရှိရုံ သာမကမလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာသော ကြောင့် မိမိတို့၏ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရသဖြင့် တောင်းပန် အပ်ပါကြောင်းနှင့် ပြီးခဲ့သော အစီအစဉ်ထက်ပိုမိုကောင်းမွန် သော အစီအစဉ်တစ်ခုအားပြန် လည်၍ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင် ၏ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရ သည်။
“ကျွန်တော်တို့ လူကြီးမင်းဖုန်း ဆိုင်တွေမှာ ပြုလုပ်ခဲ့တဲ့မဟာလျှော့ ဈေးအစီအစဉ်ကို ၀ယ်ယူအားပေး ကြတဲ့ Customers မိဘပြည်သူ တွေကိုကျေးဇူးလည်းတင်ပါတယ်။ နောက်တစ်ခုက၀ယ်ယူသူတွေ အရမ်းကိုများလာတဲ့အတွက် အချင်းချင်းထိခိုက်ဒဏ်ရာရရှိပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ် လာတာကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရတဲ့ အတွက် အလွန်ဝမ်းနည်းစွာဖြင့် တောင်းပန်အပ်ပါတယ်။
နောက် တစ်ခုက ဒီပြီခဲ့တဲ့မဟာလျှော့ဈေး အစီအစဉ်ကိုတော့ ကျွန်တော်တို့ လုံးဝရပ်ဆိုင်းလိုက်ပါပြီ။ ဒါပေမဲ့ ရပ်ဆိုင်းတယ်ဆိုတာက မိဘပြည် သူတွေအုံအုံကြွကြွဖြစ်သွားတဲ့ အစီအစဉ်ကိုပါ။ လုံးဝယတိပြတ် ဖြတ်လိုက်တာမျိုး ဒီဟာကိုမပေး ချင်တော့ဘူးဆိုပြီး ပြောတဲ့စကား မျိုးလည်းမဟုတ်ပါဘူး။
အခုပြီးခဲ့ တဲ့ပုံစံနဲ့ကတော့ တော်တော်လေး ကိုခက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တခြားအစီအစဉ်တစ် ခုအနေနဲ့ လူတွေလဲစိတ်ဝင်စားပြီး ယုံယုံကြည်ကြည်နဲ့ စည်းစနစ်ကျ တဲ့ ပုံစံမျိုးကိုပြန်ပြီးလုပ်ပေး သွားမှာပါ။
လသာမှာ တိုကင်ရ ထားပြီးသား လူတွေကိုလည်း နောက်တစ်မျိုးနဲ့ ဘယ်လိုလုပ်ပေး ရင်ကောင်းမလဲဆိုပြီစီစဉ်နေပါ တယ်။ ၀ယ်မှပေးသလိုမဟုတ်ဘဲ လူတိုင်းကိုတန်းတူပေးနိုင်မဲ့ ပုံစံ မျိုးကိုလည်း စီစဉ်ထားပါတယ်”ဟု လူကြီးမင်းဖုန်းဆိုင်မှတာဝန်ရှိသူများ က စာနယ်ဇင်းရှင်းလင်းပွဲ၌ပြော ကြားခဲ့သည်။
လွန်ခဲ့သော မဟာဈေးရောင်း ပွဲတော်ကြီးမှာ မိဘပြည်သူအချို့ ထင်မြင်သကဲ့သို့လိမ်လည်ခြင်း မဟုတ်ကြောင်း နေပြည်တော်နှင့် တော်ကြီးတွင် သက်သေပြသွား ကြောင်း ရန်ကုန်၌ ဤကဲ့သို့အဖြစ် အပျက်ဖြစ်ပေါ်ရသည့်အတွက် လူကြီးမင်းဖုန်းဆိုင်များအား ယာယီပိတ်ထားရပါကြောင်းနှင့် ဆိုင်ပြန်ဖွင့်သည့်အချိန်၌ မိမိတို့၏ ၀န်ဆောင်မှုနှင့် ကိုယ်ရည်ကိုယ်သွေး များကို သေသေချာချာအားဖြည့် ပြီး အားသစ်လောင်း၍ အရင် ထက်ပိုမိုအားစိုက်ထုတ်ရန် ကြိုး စားသွားမည်ဖြစ်ကြောင်း ဆက် လက်ပြောကြားခဲ့သည်။
http://www.hotnewsweekly.com/archives/13167