Monday, November 5, 2012
အခြေအနေမဲ့တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်ရေးအထူးစီမံချက်ပြုလုပ်မည်
ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့များ၊တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်းရေးအထူးစီမံချက်ကို လာမည့်နိုဝင် ဘာလ ၅ ရက်နေ့မှစတင်၍ နှစ်ပတ်ကြာပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊လုံခြုံရေးနှင့် စည်းကမ်းထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့တွင်း အခြေအနေမဲ့၊ တောင်းရမ်းစားသောက်သူနှင့် မိဘမဲ့ လေလွင့်ကလေးများကို ရန်ကုန်မြို့ ရှိလမ်းဆုံမီးပွိုင့်များ၊ခုံးကျော်တံတား အောက်များတွင် အများဆုံးတွေ့ရှိထိန်းသိမ်းခဲ့ရပြီး ထိန်းသိမ်းခဲ့ရသည့် သူများအထဲတွင် ကလေးငယ်များ၊ လူကြီးများအပြင် အနာကြီးရောဂါဝေဒနာ ရှင်များ၊ဒုက္ခိတမသန်စွမ်းသူများ၊စိတ် ရောဂါရှိသူများနှင့် ကလေးငယ်အား ရင်ခွင်ပိုက်ကာ တောင်းရမ်းနေသူများလည်း ပါဝင်ကြောင်းသိရသည်။
''အခြေအနေမဲ့သူတွေ၊ တောင်းရမ်းစားသောက်သူတွေ၊ မိဘမဲ့ လေလွင့် ကလေးငယ်တွေကို ဦးတို့အနေနဲ့ ဖမ်းတာမဟုတ်ပါဘူး။ ရန်ကုန် မြို့ကို အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်တဲ့နေရာမှာ လမ်းဆုံလမ်းခွနေရာ တွေမှာ အမြင်မသင့်လျော်တာကြောင့် ထိန်းသိမ်းတာ ဖြစ်ပါတယ်။ ထိန်းသိမ်း ခဲ့တဲ့သူတွေ ကိုဦးတို့ကနေတဆင့် လူမှုဝန်ထမ်းကို ပြန်အပ်ပြီးလူမှုဝန်ထမ်း ကနေတဆင့် ယောက်ျားလေး၊ မိန်းကလေး၊ လူကြီးခွဲပြီး သက်ဆိုင်ရာ သင်တန်းကျောင်းတွေ၊ စောင့်ရှောက်ရေးဌာနတွေကို ခွဲပြီးပို့တာဖြစ်ပါ တယ်''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ထိန်းသိမ်းခံရသူများအထဲတွင် မွေးစမှငါးနှစ်အထိကလေးငယ်များ ဖြစ်ပါက ရွှေဂုံတိုင်ရှိကလေးပြုစုရေးဌာန၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ (ကျား) များအားကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ၁၂နှစ်မှ ၁၆ နှစ်အထိ (ကျား)များအား သန်လျင်နှင့် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ၅ နှစ်မှ ၁၂ နှစ်အထိ(မ)များအား အမျိုးသမီးသက်ငယ်သင်တန်းကျောင်း၊ ၁၂ နှစ်မှ ၁၆ နှစ်အထိ(မ)များအား အမျိုးသမီးသက်မွေးသင်တန်းကျောင်း၊ အသက် ၁၈ နှစ်အထက်(ကျား၊မ)များအား ၀ါးနက်ချောင်းလူမှုစောင့်ရှောက် ရေးဌာန၊ ယင်းအထဲမှ စိတ်ရောဂါဝေဒနာရှင်များအား စိတ်ရောဂါဆေးရုံ၊ အနာကြီးရောဂါဝေဒနာရှင်များအား ရန်ကုန်ဆေးရုံကြီးအရေပြားဌာန၊ မျက်မမြင်ဆိုပါက မျက်မမြင် ကျောင်း၊မိသားစုကစွန့်ပစ်သောသက်ကြီး များအား တိုင်းလူမှုဝန်ထမ်းဌာနသို့လည်းကောင်း ပို့ဆောင်ပြီး အချို့ အယောင်ဆောင် တောင်းရမ်းစားသောက်သူများကို မွေးကင်းစမှ အသက် ၁၆ နှစ်အထိအား မိဘထံပြန်လည်အပ်နှံပြီး မိဘမရှိပါက လူမှုဝန်ထမ်းသို့ အပ်နှံကာ အသက် ၁၈ နှစ်အထက်ဖြစ်ပါက ဥပဒေအရအရေးယူရန် ရဲစခန်းသို့ လွှဲပြောင်းပေးကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း အခြေအနေမဲ့၊ တောင်းရမ်းသူများနှင့် မိဘမဲ့လေလွင့် ကလေးများထိန်းသိမ်းရေး စီမံချက်ကို ပုံမှန်ပြုလုပ်နေပြီး နိုဝင်ဘာ ၅ ရက်နေ့တွင်ပြုလုပ်မည့် အထူးစီမံချက်မှာ ယခုနှစ်အတွင်း ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ကာ ပထမအကြိမ်အထူးစီမံချက်ကို ပြီးခဲ့သည့်အောက်တို ဘာလအတွင်းက တစ်ပတ်ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
Myanmar Express
ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်များ
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ
ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကိုကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် သာမာန်အချိန် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်
ထမင်းစားပြီးလျှင် သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။
(၃) လက်ဖက်ရည်မသောက်ပါနှင့်
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ် အစာချေရန် အခက်အခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။
(၅) ရေမချိုးပါနှင့်
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျသွားသည့်အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်းသွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်
လူအများကပြောနေကြသည်မှာ ထမင်းစားပြီး ခြေလှမ်း တစ်လှမ်း လမ်းလျှောက်ခြင်းသည် သာမာန်အချိန် ခြေလှမ်းပေါင်းတစ်ရာ လမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။ တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ ထို့ကြောင့် ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေနိုင်တော့ပေ။

Windows 7 ကို လျင်မြန်စွာ အသုံးပြုနိုင်သည့် အချက် ခုနစ်ချက်
Windows 7 ကို အသုံးပြု နေသူများ အတွက် Windows 7 ကို လျင်မြန်သော လုပ်ဆောင်ချက်များ ရရှိ နိုင်စေရန် အတွက် အွန်လိုင်းတွင် ဝေမျှထားသည့် အချက် ခုနစ်ချက်ကို ဖော်ပြ ပေးလိုက်ပါသည်။
Window 7 ကို လျင်မြန်စွာ ပြောင်းလဲအသုံးပြုခြင်း
Window 7 ကိုလျင်မြန်စွာ ပြောင်းလဲ အသုံးပြု နိုင်ရန်အတွက် minimize- maximize Animation များကို disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။
Disable ပြုလုပ်နည်းမှာ Run Box ကနေ System Properties Performance ဟု ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ်ကာ OK နှိပ်ရမည် ဖြစ်ပါသည်။
Windows 7 boot time ကို မြှင့်တင်ခြင်း
Windows 7 သည် စတင် အလုပ်လုပ်စဉ်တွင် core တစ်လုံးတည်းကိုသာ အသုံးပြုပါသည်။ ဒါကြောင့် boot time ကို မြှင့်တင်ရန် အတွက် အသုံးပြုမည့် core များကို တိုးမြှင့်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ပြုလုပ်နည်းမှာ Start မှ Run ကိုနှိပ်ပြီး Run Box မှာ msconfig လို့ ရိုက်ထည့်ပြီးလျှင် boot tab ရှိ Advanced options... ကို click လုပ်ရပါမည်။ ထို့နောက် Number of processors တွင် မိမိ ကွန်ပျူတာရှိ processors ၏ core အရေအတွက်ကို ရိုက်ထည့်ရမည် ဖြစ်သည်။ မလိုအပ်သည့် font များကို ဖယ်ရှားရမည် ဖြစ်ပြီး ဖယ်ရှားခြင်း အားဖြင့် System ၏ လုပ်ဆောင်ချက် များကို မြှင့်တင် ပေးနိုင်ပါသည်။ ပြုလုပ်နည်းမှာ Control Panel ၏ Font Folder ရှိ အသုံးမပြုသော Font များကို ဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ထို့အပြင် Run Box မှတစ်ဆင့် Control Fonts ကို ရိုက်ထည့်ကာ ပြုလုပ်နိုင်ပါသည်။
Windows 7 Shutdown Time ကိုမြှင့်တင်ခြင်း
Window 7 က Shutdown ပြုလုပ်ခြင်းသည် Window XP, Window Vista တို့ထက် ပိုမြန်ပါသည်။ သို့သော် Registry အတွင်း အနည်းငယ် အပြောင်းအလဲ လုပ်ရန် လိုအပ်ပါသည်။ ပြောင်းလဲပုံမှာ Run Box ထဲတွင် Regedit ဟုရိုက်နှိပ်ပြီး Enter လုပ်ရမည်။ ထို့နောက် HKEY- LOCAL- MACHINE မှ SYSTEM တွင် Current Control Set Control ကို Right- Click နှိပ်ပြီး Wait To Kill Service TimeOut ကိုရိုက်ထည့်ကာ Value 12000 (12 Seconds) ကို default အဖြစ် ထားရမည် ဖြစ်သည်။ ထို့နောက် OK အလုပ်ပြီး PC ကို Restart လုပ်ရမည် ဖြစ်သည်။
Search Indexing Feature ကို disable လုပ်ခြင်း
မိမိ သိမ်းဆည်း ထားသည့် ဖိုင်များကို အလွယ်တကူ ပြန်ရှာဖွေ နိုင်ရန်အတွက် Search Indexing Feature ကို ပိတ်ထား သင့်ပါသည်။ ပြုလုပ်နည်းမှာ Run Box တွင် Service. msc ဟု ရိုက်ထည့်ပြီး Window Search ကို Right- Click လုပ်ကာ disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။
Taskbar Thumbnail ရဲ့ဖော်ပြချိန်ကို လျှော့ချခြင်း
Taskbar များကို thumbnail အဖြစ် ဖော်ပြခြင်းသည် Windows 7 ၏ အကောင်းဆုံး Feature ဖြစ်ပါသည်။ သို့သော် System ကို နှေးကွေး စေသောကြောင့် ၎င်း Thumbnail များ၏ ဖော်ပြချိန်ကို လျှော့ချ ပေးခြင်းဖြင့် System ၏ လုပ်ဆောင်ချက်ကို မြှင့်တင် ပေးနိုင်ပါသည်။ ပြုလုပ်နည်းမှာ Run Box တွင် regedit ဟု ရိုက်ထည့်ပြီး HKEY- CURRENT- USER> Software> Microsoft> Window> Current Version> Exploer> Advance တွင် Right Click နှိပ်ပြီး New ကို ကလစ် ထောက်ကာ DWORD (or) DWORD Value ကို ရွေးကာ Thumbnail Live Preview Hover Time ဟု ရိုက်ထည့်ရမည် ဖြစ်သည်။ ထို့နောက် ရိုက်ထည့် လိုက်သည့် စာသားပေါ်တွင် Right- Click လုပ်ပြီး Modify လုပ်ရပါသည်။ ပြီးလျှင် Decimal Base တွင် 200 (0. 2 Seconds) ဟု ရိုက်ထည့်ပြီး OK ကိုနှိပ်ကာ Restart လုပ်ရပါမည်။ System Sounds ကိုလည်း မလိုအပ်လျှင် ပိတ်ပစ်သင့် ပါသည်။
Windows 7 ၏ System Sound ကို မလိုအပ်လျှင် ပိတ်ထားသင့်
ပိတ်ထား လိုသူများ အနေဖြင့် Run Box တွင် mmsys. cpl ဟု ရိုက်ထည့်ပြီး Sound Tab တွင် No Sounds ကို ရွေးကာ ပြုလုပ်နိုင်ပါသည်။ မလိုအပ်သည့် Startup ပရိုဂရမ်များကို ပိတ်ပါ။ အချို့ ပရိုဂရမ်များသည် Windows စတင် အလုပ်လုပ်ချိန်မှာ အလိုအလျောက် အလုပ်လုပ်ပါသည်။ အလို အလျောက် အလုပ်လုပ်သည့် ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java စသည့်တို့ ပါဝင်ပြီး ၎င်းတို့ကို ပိတ်ထားခြင်းဖြင့် System ကို လျင်မြန်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ပြုလုပ် နည်းမှာ Run Box တွင် msconfig ဟု ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်သည့် ပရိုဂရမ် များကို uncheak လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။
Aero Theme ကို Disable လုပ်ထားသင့်
Windows 7 ၏ Aero Theme သည် နှစ်သက်ဖွယ် ကောင်းပေမယ့် System လုပ်ဆောင်ချက်များကို နှေးကွေးစေပါသည်။ Aero Theme ကို disable လုပ်လိုသူများ အတွက် desktop တွင် Right Cilck နှိပ်ပြီး Personalise ကိုရွေးကာ Window Color Tab ကို ကလစ်လုပ်ပြီး Enable Transparency box ကို uncheak လုပ်ရမည် ဖြစ်သည်။ ထို့နောက် Open Classic appearance properties for more color options တွင် standard (okdY) Basic theme ကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါသည်။ ဤသို့ဖြင့် Windows 7 အသုံးပြုသူများကို မိမိတို့၏ Windows များကို မြန်မြန် ဆန်ဆန်နှင့် အသုံးပြုနိုင်အောင် အထက်ပါ အချက် ခုနစ်ချက်ကို ဖော်ပြပေးလိုက် ပါသည်။
မြ၀တီ

Nokia မြေပုံ app ကို Windows 8 ဖုန်းတိုင်းတွင် အသုံးပြုနိုင်တော့မည်
ဖင်လန်နိုင်ငံအခြေဆိုက် Nokia နည်းပညာ ကုန်ပစ္စည်း ထုတ်လုပ်ရေး အနေဖြင့် ၎င်းတို့ ဝန်ဆောင်မှုပေးနေသော Nokia Map (Nokia Drive) ကို Windows Phone 8 တိုင်းတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ Nokia မှ ကိုယ်တိုင် ဖန်တီး ဝန်ဆောင်မှု ပေးလျက်ရှိသော Nokia Map သည် ၂၀၁၂ ခုနှစ် ဧပြီလ မှ စတင်ဝန်ဆောင်မှု ပေးခြင်း ဖြစ်ပြီး ၆လာကြာမြင့် လာရာ အောင်မြင်လာသော မြေပုံ ဝန်ဆောင်မှု Application တစ်ခု ဖြစ် သည်။ ယင်းသို့ မြေပုံ application ကို Google မှ ယူသုံးခြင်း မပြုတော့ပဲ ကိုယ်တိုင် ဖန်တီးပြီး Lumia မော်ဒယ်သစ် Windows ဖုန်းများတွင် ထည့်သွင်းရာ အောင်မြင်မှု ရရှိလာသည်။
ထို့ကြောင့် ယင်း Map ကို အခြား Windows Phone 8 OS သုံးအခြား စမတ်ဖုန်းများတွင် လည်း အသုံးပြုနိုင် ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် အခကြေးငွေ ကောက်ခံခြင်း ရှိမရှိကို ဆွေးနွေးတိုင်ပင် လျက် ရှိသည်။ အကယ်၍ နိုကီရာမှ ပေးသော Mapping Service သာ Windows Phone 8 များတွင် အစားထိုးလာပါက Google နဲ့ Apple တို့က ပေးသော Mapping Service နှင့် အပြိုင် ဖြစ်လာနိုင်ကြောင်း သိရသည်။

ကြိုးမဲ့အားသွင်း စနစ်ဖြင့် ရောက်ရှိလာမည့် HTC Windows Phone 8X
HTC Windows Phone 8X ကို စက်တင်ဘာလ ၁၉ ရက်နေ့က ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ထွက်ရှိမှာ ဖြစ်ပြီး ကြိုးမဲ့ အားသွင်း စနစ် ပါဝင်လာမယ့် သိရပါတယ်။ နိုကီရာရဲ့  Lumia 920 တုန်းကလိုပဲ ကြိုးမဲ့ စနစ် ပါဝင်လာပြီး လက်ရှိ ရေပန်းစားနေတဲ့ စမတ်ဖုန်းများနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကင်မရာ 8 megapixel ရှိပြီး ကင်မရာ လုပ်ဆောင်ချက် ကောင်းမွန်မယ့် ဖုန်း ဖြစ်ပါတယ်။ GSM Networkd နဲ့ပဲ compact ဖြစ်တယ်လို့ officially ပြောဆိုထားပါတယ်။ အသေးစိတ်အချက်အလက်တွေ ကိုတော့ အောက်မှာဆက်ဖတ်နိုင်ပါတယ် -
Dimensions : 132.35 x 66.2 x 10.12 mm
Weight : 130 g
Operating system : Windows Phone 8
CPU : 1.5 GHz dual-core Qualcomm Krait
GPU : Qualcomm Adreno 225
Memory : 16 GB internal flash, 1 GB RAM
Removable storage : No
Battery :1800 mAh Li-ion battery
Data inputs : Multi-touch capacitive touchscreen, proximity sensor, ambient light sensor
Display : 4.3" Super LCD 2 , 1280 x 720 px at 342 ppi
Rear camera : 8.0 Megapixel
Front camera : 2.1 Megapixel
Connectivity : Bluetooth 2.1+EDR, NFC

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၆၅သန်း အတိုးမဲ့ချေးမည်
မြန်မာနိုင်ငံအတွက် လိုအပ်နေသော အခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ ၁၆၅ သန်း အတိုးမဲ့ ထုတ်ချေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် မန်နေဂျာ Kanthar Shankar က ပြောကြားလိုက်သည်။
နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် ကမ္ဘာ့ဘဏ်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်းအတွက် မဟာဗျူဟာသစ်နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ယင်း အတိုးမဲ့ချေးငွေ ဒေါ်လာ ၁၆၅ သန်းကို ထုတ်ချေးပြီးချိန်မှ စတင်ကာ အနှစ် ၄၀ အတွင်း ပြန်ဆပ်ရမည် ဖြစ်ပြီး ယင်းချေးငွေအတွက် ကမ္ဘာ့ဘဏ်က ဝန်ဆောင်စရိတ် ၀.၇၅ သန်း ရယူမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ် အနေဖြင့် လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ ကျော်ကို စတင်ပေးမည် ဖြစ်ပြီး ၁၈ လအတွင်း မဟာဗျူဟာ အစီအစဉ်များ ချမှတ်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
"ဒီချေးငွေ ၁၆၅ သန်း အတွက်ကတော့ ဘယ်စီမံကိန်းတွေမှာ လုပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ အစိုးရရဲ့ အခြေခံ အဆောက်အဦ တွေမှာတော့ အဓိက လေ့လာနေပါတယ်၊ သန်း ၈၀ စီမံကိန်းကိုတော့ ခြောက်နှစ်အတွင်း ဆောင်ရွက်မှာပါ" ဟု ၎င်းက ဆိုသည်။ အဆိုပါ အမေရိကန် ဒေါ်လာ သန်း ၈ဝ ကျော် ကူညီ ပံ့ပိုးပေးမည့် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး၏ အရေးပါသော ဆင်းရဲမှု တိုက်ဖျက်ရေး စီမံကိန်းအတွက် မဟာဗျူဟာသစ် တစ်ရပ်ကို နိုဝင်ဘာလ ၁ ရက်နေ့ တွင် အတည်ပြု ထောက်ခံခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ဘဏ်က ပေးသော အကူအညီများဖြင့် မြန်မာနိုင်ငံရှိ မြို့နယ် ၁၅ ခုတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အဓိကထား လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဒီကပါ။
စင်္ကာပူမှာပြသမယ့် ပန်းကြာဝတ်မှုံ
Myanmar Film Revolution 2012 @ Singapore Cathay Cineleisure, Orchardနိုင်ငံတကာ အဆင့် မှီ မြန်မာ့ ရုပ်ရှင် ဇာတ် ကားကြီးပန်းကြာဝတ်မှုံ (The Moon Lotus) ကို စင်္ကာပူနိုင်ငံ၏ အကောင်းဆုံး ရုပ်ရှင်ရုံအဖြစ် ကြော်ကြားသော Cathay Cineleisure (Orchard) တွင် ၁၇ - ၁၈ ရက် နိုဝင်ဘာ ၂၀၁၂ တွင် ပွဲချိန် ၃ ချိန်တည်းဖြင့် ပြသမှာဖြစ်ပါသည်။
ပွဲချိန် ၁ ချိန်လျှင် ပရိသတ် ၁၅၀ သာဆန့်ပါသည်။
လက်မှတ်များအား MSCT PTE LTD ပင်နီဆူးလား ပလာဇာတွင် စတင်ရောင်းချပေးနေပါသည်။
နိုင်ငံတကာ အရည်အသွေးမီ ပန်းကြာဝတ်မှုံ ဇာတ်ကားကြီးအား International Film Festival များတွင် ပါဝင် ယှဉ်ပြိုင် ပြသနိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားကားများကဲ့သို့ အရည်အသွေးပြည့်မီစွာ ရိုက်ကူးထားသော ဇာတ်ကားဖြစ်ပါသည်။
http://8888linker.blogspot.com/2012/11/blog-post_9892.html
အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလ အတွင်း သွားမယ်ဆို
အမေရိကန်သမ္မတနစ်ဆင် (1915-1994) ဆိုသူဟာ သူ့လက်ထက် 1969 to 1974 ၅နှစ်အတွင်းမှာ ဗီယက်နမ်စစ်ကြောင့် အမေရိကန်ပြည်၊ ပြသနာပေါင်းစုံတက်နေချိန်မှာ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျား ဆိုသူကြောင့် တရုပ်ပြည်နဲ့ ဆက်ဆံရေးပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ အရင်းရှင်-ကွန်မြူနစ် စစ်အေးတိုက်ပွဲမှာ တရုပ်ပြည်နဲ့ဆက်ဆံရေး ပြန်လည်တည်ဆောက်တဲ့အနေနဲ့ ကွန်မြူနစ်တရုပ်ပြည်ကြီးကို ပထမဆုံး အမေရိကန်သမ္မတအဖြစ် ၁၉၇၂ခုနှစ်မှာ အလည်အပတ်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တရုပ်ပြည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်ဟုန်တက်လာခဲ့ပါတယ်။
ဗိယက်နမ်စစ်က အမေရိကန်ထွက်ခွာနိုင်ခြင်း၊ တရုပ်နဲ့ငြိမ်းချမ်းရေးလုပ်နိုင်ခြင်းများကြောင့် သမ္မတနစ်ဆင် သမ္မတအဖြစ်ပြန်အရွေးခံရပါတယ်။ သို့သော် ၀ါးတာဂိတ်အရေးခင်းဆိုတဲ့ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်း အတွက် အာဏာရရေး လျို့ဝှက်လုပ်ငန်း လူမိသွားပြီး၊ သမ္မတရာထူးက နာမည်ပျက် နှုတ်ထွက်လိုက်ရသူဖြစ်ပါတယ်။
အခု ၂၀၁၂မှာတော့ အမေရိကန်သမ္မတအိုဘားမား ပထမသက်တမ်းမကုန်ခင်၊ မြန်မာပြည်ကို နိုဝင်ဘာ၂၀၁၂ လလယ်မှာ ရောက်လာတော့မယ်ဆိုပါတယ်။ မိတ်ဆွေတစ်ဦးဖြစ်သူ ကိုဆန်နီအပြောအရ ဆိုရင် အမေရိကန်သမ္မတ တရုပ်ပြည်လာလည်ပြီးမှ တရုပ်ပြည်၊ပြုပြင်ပြောင်းလဲ၊စီးပွားတက်ခဲ့ရသလို၊ အမေရိကန်သမ္မတ မြန်မာပြည်လာလည်မှ မြန်မာပြည်ပြောင်းလဲမယ် … လို့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ပြောခဲ့ပါတယ်။
သူ့အပြောကတော့ အမေရိကန်သမ္မတတွေ တရုတ်ပြည်လာတော့ ကွန်မြူနစ်ပါတီဝင်တွေ မျက်စိတွေလည်ပြီး အူကြောင်ကြောင်တွေ ဖြစ်ကုန်ကြတယ်။ အခု အိုဘားမား မြန်မာပြည်လာလည်တဲ့အခါ ကြံ့ဖွတ်တွေ ဘာဖြစ်ကုန်မလဲဆိုတာ စောင့်ကြည့်ရမယ် လို့ ဆိုပါတယ်။
အခုတော့ အိုဘားမား မြန်မာပြည်လာတော့မယ် တဲ့။ သူ့ ၂၀၀၈ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မြန်မာတွေ (အချို့) က Oh Burma ဆိုပြီး ခေါ်ခဲ့ကြတာကို ပြန်သတိရမိသေးတော့တယ်။
http://moemaka.com/?p=28781
၇ ရက် သားသမီးများအတွက် နိုဝင်ဘာ လ ဟောစာတမ်း
၁။ တနင်္ဂနွေ သားသမီးများ အတွက်
အလုပ်အကိုင် ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ် ကိစ္စ များ အနည်းငယ် အဆင်မပြေ ဖြစ်နေ မည်။ နေရာ ထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ ရမည်။
ငွေကြေး ကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ ခရီးဝေး ခရီးနီး များကို သွားလာနေရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ စက်ပစ္စည်းဝင်မည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်သည်။
ယခု အချစ်ရေးကိစ္စများ ချစ်သူနှင့် ဝေးကွာနေရသူများ ပြန်လည် ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။ ကျန်းမာရေး အိပ်ရေးပျက် ၊ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဝါရောင်ပန်း ၅ ပွင့် ကို နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။
အကျိုးပေး သောဂဏန်းများ ။ ။ ၃ ၆ ၈ ဝ
၂။ တနင်္လာ သားသမီးများ အတွက်
ယခုလအတွင်း စိတ်ညစ် လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက် နဲ့ ဖြစ်နေမည်။ အလုပ်တွင် နေရာရကိန်း ရှိသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။
ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ လူမှုရေး ဘာသာရေး ကိစ္စများ ၊ မိသားစု ကိစ္စများ ၊ သူငယ်ချင်း များ မိတ်ဆွေများနှင့် အထင်လွဲမှုကိစ္စများ ကြုံမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင် မည်။ ယာယီ ခရီးထွက်ရမည်။ မိတ်ဆွေများနှင့် ပြန်လည် ဆုံတွေ့ရမည်။ ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။ အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ နီးရက် ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင် ရေး စိတ်နေသဘောထား သင့်မြတ်နေသော အချိန်လေးပါ။ ကျန်းမာရေး သွေးထွက်သံယို ကိစ္စများ ၊ ထိမိ ခိုက်မိမှုများ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။ စိတ်ပူစရာ မရှိပါ။
ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကြာပန်း ၂ ပွင့်ကို နေအိမ် ဘုရား တွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။
အကျိုးပေးသော ဂဏန်းများ ။ ။ ၈ ၆ ၅ ဝ
၃။ အင်္ဂါ သားသမီးများ အတွက်
အလုပ်အကိုင်များ နေရာများ ပြောင်းရွေ့ရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေလာမည်။ အကူအညီပေးသူ အကြံညဏ်ပေးသူများ ပေါ်လာမည်။ အလုပ်အကိုင်များ အဆင်ပြေ လာမည်။ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ ကြွေးတင်မည်။ ရသလောက် ကုန်နေပြီး ဝင်သလောက်ထွက်နေမည်။ သင့်တင့်မျှသာ ငွေဝင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ခရီးယာယီ သွားလာရမည်။ စက်ပစ္စည်းများ ပျက်မည်။ ပညာရေး ကိစ္စများ ကံကောင်းနေသော အချိန်လေး ပါ။ သင်တန်းများ တက်ရမည်။ အချစ်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း မကြခဏ စိတ်ညစ်မှုများ ဝင်ရောက်လာမည်။ ချစ်သူနှစ်ဦး ဆုံဆည်းရမည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင် ဖက် ကျန်းမာရေးညံ့မည်။ ကျန်းမာရေး ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။
ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် လက်ဖက် သုပ် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။
အကျိုးပေးသော ဂဏန်းများ ။ ။ ၅ ၃ ၉ ၂
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်
အလုပ် အကိုင်များ အဆင်ပြေလာမည်။ အလုပ် ကိစ္စများ နေထိုင်မှုကိစ္စများ ပြသာနာများကို ဖြေရှင်းနေ ရမည်။ အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေ သော်လည်း စိတ်ပူစရာ မရှိပါ။ အကူအညီ ပေး သူ ပေါ်မည်။ ယခုလအတွင်း ငွေကြေး ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်သည်။ မိမိ ကိုယ်ပိုင် ငွေကြေးများ သာမက သူတစ်ပါး ငွေကြေးများပါ ဝင်လာမည်။ ရသလောက် ကုန်ကျမှုများ ရှိနေမည်။ အိမ်ထောင် ပရိဘောဂ ပစ္စည်းများဝင်မည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကြိုးစားနေရမည်။ ပညာရေး ကံကောင်းပါသည်။ အချစ်ရေး ကိစ္စများ နီးရက် နဲ့ ဝေးနေသလို ခံစားနေရမည်။
မိမိနှင့် မိမိ ချစ်သူအကြား ပြသာနာမရှိသော်လည်း သူတစ်ပါးကိစ္စများ အတွက်နဲ့ ပြသာနာ ဖြစ်နေမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေမည်။ ကျန်းမာရေး ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် သစ်တော် သီး ၃ လုံးကပ်လှူ၍ ဆုတောင်းလိုက်ပါ။
အကျိုးပေးသောဂဏန်း ။ ။ ၄ ၅ ၇ ဝ
၅။ ကြာသပတေး သားသမီးများ အတွက်
မျှော်လင့်နေသော ဆန္ဒများ ပြည့်စုံလာမည်။ ကူညီပေးသူ ပေါ်လာမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ နေရာရကိန်းရှိသည်။ အထက်လူကြီးနဲ့ ပူးတွဲ၍ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။ စီးပွားရေး ငွေကြေးကိစ္စများ အဆင်ပြေနေပေမဲ့ မစုမိသော အဖတ်မတင်သော အချိန်လေးဖြစ်နေမည်။ စက်ပစ္စည်းဝင်မည်။ အိမ်မက်ကောင်း မက်မည်။ စီးပွားရေး ပုံမှန်လေး အဆင်ပြေနေသော အချိန်ဖြစ် ပါသည်။ စမ်တူကိစ္စများ ရှောင်ကြည်ပါရန်။ ခရီးယာယီများ သွားလာမှုများ သွားသင့်ပါတယ်။ အဆင်ပြေလာမည်။ မိတ်ဆွေများနှင့် အတူတူ ခရီးယာယီ သွားရမည်။ ပညာရေး ကြိုးစားရမည့် အချိန်ဖြစ်ပါသည်။
အချစ်ရေး ချစ်သူနဲ့စကားပြောဆိုမှုများ အဆင်မပြေသေးပါ။ စိတ်ဆိုးနေမည်။ အိမ်ထောင်ရေး ပြန်လည် ဆုံဆည်းရမည်။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။
ယတြာ = ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပန်းသီး ၅ လုံးကပ်လှူ၍ လိုရာ ဆုတောင်းလိုက်ပါ။
အကျိုးပေးသောဂဏန်းများ ။ ။ ၆ ၅ ၁ ဝ
၆။ သောကြာ သားသမီးများ အတွက်
လိုရာဆန္ဒအမြန် ပြည့်ဝ လာဖို့ လုပ်စရာရှိတာကို မှန်မှန်လေး ပြုလုပ်သွားပါ။ မိမိရဲ့ဆန္ဒတွေ ပြည့်ဝလာမှာ ပါ။ အလောမကြီးဖို့ သတိပေးပါရစေ။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေနေမည်။ အထက်လူကြီးနဲ့ ပြော ဆို ဆက်ဆံ၍ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ အဆင်ပြေမယ့် အနေအထားလေးတွေ ရှိပါတယ်။ ငွေကြေး ကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။ မိမိ ကုန်သလောက်ရနေမည်။ အမွေကိစ္စများ ဖြေရှင်း ရမည်။ သူတစ်ပါးကို ဂရုစိုက်၍ ကူညီပါ။ အထင်လွဲခြင်း ခံရမည်။
ကြာသတေးနံ ပစ္စည်းများ ဝင်လာမည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေနေမည်။ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။ အချစ်ရေး အဆင်ပြေပါသည်။ အိမ်ထောင်ရေးမှာ ဝေးနေရမဲ့ ဝေးနေရမည်။ ယခုလ ကျန်းမာရေး ဇက်ကြောတက် ၊ ကိုက်လက်ကိုက်ခဲခြင်း ဖြစ်မည်။
ယတြာ = မိမိ နေအိမ်ဘုရားတွင် သရက်သီး ၆ လုံးကို သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။
အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၉ ၅ ၂
၇။ စနေသား သမီးများ အတွက်
အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ ရည်ရွယ်သော အလုပ်များကို လုပ်ဆောင်ရမည်။ အထက် လူကြီးနဲ့ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ ယခုလအတွင်း ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ မိသားစုအတွင်း လူဝင် လူထွက်ရှိသည်။ ခရီးကိစ္စမျာ သွားလာမှု အဆင်ပြေမည်။ မိသားစု အတွင်း နေရာထိုင်ခင်း ကိစ္စများ ပြုပြင်ရမည်။ ထီး ဖိနပ် နာရီ အဝတ်အထည်များဝင်မည်။
အချစ်ရေးမှာ အေးချမ်းနေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေး အဆင်ပြေပြီး စကားများနေရမည်။ ယခုလ ကျန်းမာရေးမှာ လက်နာမည် အအေးမိ ဖြစ်မည်။
ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နှင်းဆီနီ ၇ ပွင့်ကို မိမိ နေအိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာ စေရန်အတွက် ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေး သောဂဏန်းများမှာ ။ ။ ၇ ၆ ၀ ၁
ယခုလ လေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။
ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို ဆက်သွယ်ရန် ၊
အမှတ် ၁၁၈၊ (ပထမထပ်)၊ အောင်မြန်မာဆိုင် နဘေး ၊
No.118, Jalan Tun H.S.Lee, 50000, Kuala Lumpur. Kuala Lumpur Malaysia -
Website : http://myohanko1.blogspot.com/ - E-mail : myohankonew@gmail.com
- Ph; 017, 226 0715 -
စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။
http://blog.irrawaddy.org/2012/11/blog-post_2832.html

U.S ရှိ ရခိုင်မိသားစုများရဲ့ ရခိုင် ဒုက္ခသည်တွေအတွက် အလှူ
စစ်တွေတွင် ပဋိပက္ခများအတွင်း မီးလောင်ကျွမ်းထားသည့် ရပ်ကွက်တခု။ (ဓာတ်ပုံ – Reuters)
အမေရိကန်ပြည်ထောင်စုရောက် ရခိုင်မိသားစုများ ရခိုင်ဒုက္ခသည်များကို မြန်မာကျပ်ငွေ သန်း ( ၂၀ ) ခန့်  တဖွဲဖွဲ လှူဒန်းနေကြပါသည်။
အမေရိကပြည်ထောင်စု အိုင်အိုဝါးပြည်နယ်မှ ရခိုင်အမျိုးသားရေးအသင်းတွင် ပူးပေါင်းထည့်ဝင်သည့် မြောက်-ကာရိုလိုင်းနားပြည်နယ် ၊ ဖလော်ရီဒါပြည်နယ် ၊ မီရှီဂန်ပြည်နယ်တို့ မှ ရံပုံငွေအလှူငွေများကို လွန်ခဲ့သည့်နေ့က ( ဒေါ်လာ-၁၀ရ၀၀ ) ကို ပေးအပ်ခဲ့ကြပြီး ယနေ့တွင် အင်ဒီးယားနာပြည်နယ် မှ မျိုးချစ် ရခိုင်မိသားစုများမှ- ( ဒေါ်လာ-ရ၂၀၀ )- အားလုံးစုစုပေါင်း မြန်မာကျပ်ငွေ သန်း( ၂၀ ) နီးကပါးခန့် ကို ပေး ပို့ လှူဒန်းခဲ့ကြခြင်းဖြစ်သည် ။
ယခုကဲ့သို့ လှူဒန်းခဲ့ခြင်းနှင့်ပတ်သက်၍ အင်ဒီးယာနားပြည်နယ်မှ လူငယ်များက ရခိုင်ဒုက္ခသည်များအား လှူဒန်းခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည် ဟု ပြောဆိုပြီး နောင်ကိုလည်း ဆက်တိုက် လှူဒန်းမည်ဖြစ် သလို ဆေးရုံ တက်ရောက်ကုသနေသော လူနာများအားလည်း စိတ်အားမငယ်ဖို့ နှင့် လူကောင်း ပကတိ အထိ ဖြစ်လာအောင် ကုသစရိတ်များကို ပေးပို့  ကူညီသွားမည်ဟု ပြောဆိုသွားသည် ။
အဆိုပါ လှူဒါန်းပွဲတွင် အိုင်အိုဝါးပြည်နယ် ရခိုင်အမျိုးသားရေးအသင်းမှ နာယကကြီး တဦးဖြစ်သူ ဦးဝင်းနိုင် ကလည်း စည်းစည်း ရုံးရုံး နဲ့ ရခိုင်လူမျိုးများက ရှိနေသည့်အတွက် အထူးပင်အားရပါကြောင်းနှင့် ဒုက္ခ ကျ ရာက်နေသော မိဘပြည်သူများအား နောင်ကိုလည်း ဆက်လက်လှူဒန်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မိမိတို့ မိဘ ညီအကို ဆွေမျိုးသားချင်းတို့၏ ဒုက္ခသည်များဘ၀မှ နဂို မူလအခြေအနေထိရောက်အောင် အမေရိကပြည်ထောင်စုရောက် ရခိုင် လူမျိုးမိသားစုများက ၀ိုင်းဝန်းကူညီထောက်ပံ့ရေး အစီအစဉ် များ ပြုလုပ်တိုင်ပင်ညှိနိုင်းကြကာ ရံပုံငွေအလှူငွေများကို စုဆောင်းကောက်ခံကြပြီးဖြစ်သည် ။
ရခိုင်အမျိုးသား ညီညွတ်ရေးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုခိုင်ထွန်းကလည်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များဖြစ်ကြရသော မိဘပြည်သူ ရဟန်းရှင်လူများအား အမေရိကန်ပြည်ထောင်စုရောက် ရခိုင် လူမျိုးများ အနေဖြင့် မည်သည့်အချိန်မှာမှ မျက်ကွယ်ပြု၍ မရပါကြောင်း ၊ ယခုကဲ့သို့ ဖြစ်သွားရသည့် ကံကြမ္မာဆိုးကို ခါးစည်းအောင် ခံစားကြရသည့် မိဘပြည်သူများအား အတတ်နိုင်ဆုံး ၀ိုင်းဝန်း ကူ ညီ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်းနှင့် အခြားသော ပြည်နယ်များမှ ရခိုင်လူမျိုး မိသားစုများကိုလည်း အတိ ဒုက္ခရောက်နေသော မိဘပြည်သူရှင်လူရဟန်းများအား လှူဒန်းလိုပါက မိမိတို့ ရခိုင် အမျိုးသားရေး အသင်းထံသို့  ဆက်သွယ် လှူဒန်းနိုင်ပြီး မိမိ၏ ဖုံးနံပါတ်မှာ ( ၀၀၁-၆၄၁-၃၅၁-၅၂၉၅ ) ဟု ပြောဆိုသွား ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက်)
http://blog.irrawaddy.org/2012/11/us.html
နေပြည်တော် လယ်သမား အရေး
နေပြည်တော်ခရိုင် ဒက္ခိဏသီရိမြို့မှာ စည်ပင်သာယာ ဌာန ကနေ သိမ်းထားတဲ့ လယ်ဧက ၅၀၀ကျော်ကို ပြန်လည်ရလိုမှုနဲ့ ဒေသခံ လယ်သမားတွေက သူတို့ ပိုင်ဆိုင်ကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူခဲ့တာကြောင့် စည်ပင်သာယာ ဌာန ကနေ လယ်သမား အယောက် ၂၀ကျော်ကို လုပ်ငန်း ဟန့်တားဖျက်စီးမှု ပုဒ်မ ၂၆နဲ့ တရားစွဲဖို့ ဆင့်ခေါ် လိုက်ပါတယ်။
တရားစွဲခံရမယ့် သူတွေဟာ လယ်သိမ်းခံ ထားရတဲ့ ရဲတီ၊ကြို့ပင်၊ရှမ်းစုနဲ့ တမာပင်ကုန်း ရွာသားတွေဖြစ်တယ်လို့ သိရပါတယ်။
သူတို့ကို ပြန်တရားစွဲ ရတဲ့ အကြောင်းက နို့တစ်စာ ထုတ်ပြန်ပေမယ့် တောင်သူတွေက ထွက်မသွားလို့ အခုလို တောင်သူ နှစ်ဆယ့်တစ်ယောက် ၊ နှစ်ဆယ့်နှစ်ယောက်ကို တရားစွဲမယ်လို့ သိရပါတယ်။
၂၀၁၁ ကစပြီး တောင်သူတွေကို လျှော်ကြေး မပေးဘဲ တောင်သူတွေ ဆီက သိမ်းတာလို့ တရားစွဲခံရတဲ့ လယ်သမား ကိုဇော်လင်းအောင်က ပြောပါတယ်။
တောင်သူတွေအနေနဲ့က တရားရုံးမှာဘဲ ရင်ဆိုင်မယ်လို့ သိရပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို တိုင်ခဲ့ပေမယ့် ဘာမှာ အရေးယူမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
မြောက်ဦးမြို့နယ်မှာ စစ်တပ်က အရပ်သားတွေကို ခေါ်ယူ စစ်ဆေးမူ ပိုမိုများပြားလာ
များမကြာမီက ဖြစ်ပွားခဲ့တဲ့ ရခိုင် မတည်ငြိမ်မူ အတွင်း ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့တဲ့ သူတွေလို့ သံသယ ဖြစ်ခံရတဲ့ ရခိုင်အမျိုးသားတွေကို စစ်တပ်က ခေါ်ယူ စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။
ခုလို မေးမြန်းခံရတဲ့ ကျေးရွာတွေ အထဲမှာ ယိုင်သည်၊ သံရွှင်ပြင်၊ သူရဲချောင်းရွာ၊ မဟာထီး စတဲ့ ကျေးရွာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီကနေ့ နံနက်လည်း သံရွှင်ပြင်ကျေးရွာက ဦးအောင်ထွန်းဖြူ၊ ဦးပြည်သိန်းအောင်၊ ဦးထွန်းလင်းကျော် အပါအ၀င် လူ (၆) ဦးကို စစ်တပ်က စစ်ဆေးစရာ ရှိတယ်ဆိုပြီး စစ်တပ်က ခေါ်ယူသွားခဲ့တယ်လို့ သိရပါတယ်။
ခုလို ခေါ်ယူသွားပေမယ့် ဖမ်းဆီးတယ်လို့တော့ မပြောနိုင်သေးကြောင်း မြောက်ဦးမြို့နယ် ရတပ ပါတီ ဒုဥက္ကဌ ဦးအေးမောင်သန်းက ပြောပါတယ်။
“ ဖမ်းဆီးတဲ့ သဘောတော့ မဟုတ်ဘူး။ စစ်ဆေးစရာ ရှိတယ်ဆိုပြီး မနက် ခေါ်သွားတယ်။ ညနေပိုင်း ပြန်လွှတ်လိုက်တယ်။ အဲသလိုမျိုးတော့ ကြားနေရတယ်။ ခေါ်ယူ စစ်ဆေးနေတဲ့ သဘောမျိုးတော့ တွေ့ရပါတယ်” လို့သူက ပြောပါတယ်။
ခေါ်ယူ စစ်ဆေးခံရတဲ့ သူတွေကို ဘာတွေ မေးမြန်းတယ်။ ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။
အခုလို စစ်တပ်က ခေါ်ယူ စစ်ဆေးနေတဲ့ အပေါ်မှာ ဒေသခံ ပြည်သူတွေကတော့ သူတို့ရဲ့ လုံခြုံရေးနဲ့ ရွာတွေမှာ ဆက်လက် နေထိုင်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ၀င်နေကြတယ်လို့လည်း သိရပါတယ်။
အလားတူ ကျောက်တော်မြို့နယ် အတွင်းမှာလည်း ကျေးရွာ တချို့မှာ စစ်တပ်က ခေါ်ယူ စစ်ဆေးမေးမြန်းနေတာတွေ ရှိသလို ဒေသခံ ရခိုင်ကျေးရွာသားတွေကို ဘာမဆိုင် ညာမဆိုင် လက်သီးနဲ့ ထိုးပြီး အနိုင်ကျင့် နေတာတွေလည်း အများအပြား ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။
ဒီကပါ။