ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကြီး ၅ ကြီးအဖွဲ့နှင့် တဘက်မှ ပဒိုရောဂျာခင် အပါအ၀င် ခရိုင် ခေါင်းဆောင်အချို့ တို့သည် ကေအဲန်ယူ အတွင်း ဖြစ်ပွားခဲ့သည့် သဘောထားကွဲလွဲမှုများ ကို နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးပြီး လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဗဟိုအထူး အရေးပေါ် အစည်းအဝေးကျင်းပရန် သဘောတူညီမှု ရရှိခဲ့ သည်။
ကေအဲန်ယူ တပ်မဟာ(၇) ဘားအံခရိုင်၊ လေးဝါးတပ်စခန်း ၌ ယမန်နေ့ကစတင်၍ နှစ်ရက်ကြာပြုလုပ်သည့် ယင်းဆွေးနွေးပွဲတွင် ကြီး ၅ ကြီးဘက်မှ ကေအဲန်ယူ ဒုဥက္ကဌ ပဒိုဒေးဗစ်သာ့ကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေ၊ တွဲဘက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူတို့နှင့် တဘက်မှ ပဒို စောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစော ကွယ်ထူးဝင်း၊ ပဒိုစောလေးလော်ဆော၊ ဗိုလ်မှူးကြီး စောထူးထူးလေး တို့က ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ဆွေးနွေးပွဲတွင် ကြားခံအဖြစ် ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒိုမန်းရင်စိန်၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ တပ်မဟာ(၅) မှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲနှင့် အရံဗဟိုကော်မတီဝင် စောစေး လယ်တောတို့က တက်ရောက်နားထောင်ခဲ့သည်။
ဆွေးနွေးမှုတွင် ပါဝင်သည့် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက “ဗဟိုကော်မတီ ပုံမှန် အစည်းအဝေး ကျင်းပဖို့အတွက် အစည်းအဝေးမှာ လူတွေစုံစုံလင်လင်နဲ့။ နောက် ကျင်းပနိုင်အောင်ဆိုလို့ ရှိရင် အထူးဗဟိုကော်မတီအစည်းအဝေး ခေါ်မှဖြစ်မယ်ဆိုတာကို Agenda(အစီအစဉ်)ဆွဲပြီး ဆွေးနွေး ခဲ့ကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာအပေါ် အားကောင်းချက်၊ အားနည်းချက်များကို အကောင်းဆုံး ဆွေးနွေးအဖြေရှာခဲ့ပြီး အာနည်းချက်များကို သင်ခန်းစာယူရန်နှင့် အားကောင်းချက် များကို ရှေ့ဆက် သယ်ဆောင်သွားကြရန် ဆွေးနွေးခဲ့ကြသည်ဟုလည်း ဗိုလ်မှူးစောလှငွေက ပြောသည်။
ကေအဲန်ယူ ဗဟိုကော်မတီဝင်များက အောက်တိုဘာလ ၂၅ ရက်တွင် ပြုလုပ်မည့် အထူးအရေးပေါ်အစည်း အဝေးတွင် မကြာသေးမီက ထုတ်ပယ်ခံရသည့် ထိပ်တန်းခေါင်းဆောင်တို့၏ ကိစ္စနှင့် အဖွဲ့ အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းကြကာ ထိုမှတဆင့် ၁၄ ကြိမ်မြောက် ညီလာခံသက်တမ်း၏ နောက်ဆုံးဗဟိုကော်မတီအစည်းအဝေးကို ကျင်းပသွားရန် ရှိသည်ဟု သိရသည်။
၎င်းနောက် ၁၅ ကြိမ်မြောက် ကေအဲန်ယူ ညီလာခံကို ဆက်လက် ကျင်းပပြီး လာမည့်သက်တမ်းအတွက် တာဝန်ယူမည့် ကေအဲန်ယူ ခေါင်းဆောင်သစ်တို့ကို ရွေးချယ်သွားမည်။
http://burmese.bnionline.net/index.php/news/kic/11877----knu-.html
Wednesday, October 24, 2012
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ပါတီဝင်များနူတ်ထွက်တော့မည်
ပုသိမ်မြို့နယ်က ရာနဲ့ချီတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တွေဟာ ပါတီဝင် အဖြစ် ကနေ နုတ် ထွက်ဖို့ ပြင်ဆင် နေကြပြီ ဖြစ်သည်။ ပါတီအနေနဲ့ ဗဟိုဦးစီး စနစ် ဆက်ပြီး ကျင့်သုံး ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ဆက်လက် ဦးဆောင်နေ မယ်ဆိုတဲ့ မူကြောင့် နုတ်ထွက် ကြမှာဖြစ်တယ်လို့ ပုသိမ်မြို့ NLD ပါတီဝင် တယောက်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ပါတီ ဘက်ကတော့ လူတိုင်းမှာ ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ပိုင်ခွင့် ရှိပါတယ် လို့ ပြောပါတယ်။လာမယ့်စနေနေ့ အောက်တိုဘာ ၂၇ ရက်နေ့ကျရင် NLD ပါတီဝင်တွေ စုပေါင်း နုတ်ထွက်ကြ မှာဖြစ်တယ်လို့ နုတ်ထွက်မဲ့သူတယောက်ဖြစ်တဲ့ ပုသိမ်မြို့နယ်၊ NLD ပါတီဝင် ဒေါက်တာ သန်းထိုက်ကပြောကြားခဲ့သည်။
“သေချာပြောနိုင်တာကတော့ အခု ကျနော်တို့ဆီမှာ လာပြီး တားမရလို့ နုတ်ထွက်မယ့်သူတွေ တရာ ဝန်းကျင်လောက် ရှိနေပြီ။” ဟု MEG သတင်းထောက်တစ်ဦးအားပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါတီမှ နူတ်ထွက်မည့် ပါတီဝင်များနှင့် ကိုယ်တိုင်တွေ့ဆုံညှိနိုင်းခဲ့သော်လည်း ဒေါက်တာသန်းထိုက်ဦးဆောင်သော ပါတီဝင်များမှ သဘောတူလက်မခံနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
Myanmar Express

မန္တလေး-ဗုဒ္ဓဂါယာ တိုက်ရိုက်လေကြောင်း ပျံသန်းတော့မည်
မြန်မာနိုင်ငံမှ ဗုဒ္ဓဂါယာ ဘုရားဖူးများအတွက် ခရီးစဉ် ပိုမိုလွယ်ကူစေမည့် မန္တလေး-ဂါယာ လေကြောင်းပျံသန်းမှုကို မြန်မာ့လေကြောင်းလိုင်း MAI မှ နိုဝင်ဘာလတွင် စတင်ပျံသန်းတော့မည်ဟု သိရှိရသည်။
ယခင်က ဘုရားဖူးများအတွက် ကိုလ်ကတ္တား Kolkatta နှင့် ဂါယာ Gaya မြို့ ရန်ကုန်မြို့မှသာ တိုက်ရိုက်လေကြောင်း ရှိခဲ့ရာမှ ယခုတဖန် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မန္တလေးမှ တိုက်ရိုက်ပျံသန်းတော့မည်ဖြစ်၍ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းများမှ ဘုရားဖူးများအတွက် ခရီးလမ်းကြောင်း ပိုမို တိုတောင်းကာ စရိတ်စကနှင့် အချိန်လည်း ပိုမိုသက်သာစေမည်ဟု သိရသည်။
“ရန်ကုန်-ဂါယာတော့ စက်တင်ဘာ ၂၄ ရက်နေ့က စဆွဲထားတယ်။ တပါတ်ကို သုံးရက်လောက်စီ ဆွဲတယ်။ Air India ရော၊ MAI ရော” ဟု ဗုဒ္ဓဂါယာ မြန်မာကျောင်းတိုက်မှ ဦးတေဇိဏ္ဏ က မိန့်ကြားသည်။
ဂါယာမြို့မှာ အိန္ဒိယနိုင်ငံ၊ ဘီဟား Bihar ပြည်နယ်တွင် ရှိပြီး ဗုဒ္ဓဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရရှိရာ မဟာဗောဓိ ညောင်ပင်၊ ပလ္လင်နှင့် စေတီတော်တို့ တည်ရှိရာဖြစ်၍ မဇ္ဈိမ ဒေသ ဘုရားဖူးများအနေနှင့် မရောက်မဖြစ်သည့် ဌာနတရပ် ဖြစ်သည်။
“ဘုရားဖူးရာသီက အောက်တိုဘာကနေ ဧပြီထိပေါ့။ ဘုရားဖူးက ဦးဇင်းတို့ ကျောင်းမှာတင်ကို တလတလ ငါးရာ လောက် တည်းကြတာ ရှိတယ်။ ကျန်တဲ့ကျောင်းတွေမှာ တည်းကြတာတွေလည်း အများကြီးရှိတယ်။ နီးစပ်ရာ တည်းကြတယ်။ ဘုရားဖူး တဖွဲ့ကို လူက လေးငါးဆယ် ပါတယ်” ဟု ဦးတေဇိဏ္ဏ က မိန့်ကြားသည်။
မြန်မာဘုရားဖူးများမှာ ဂါယာမှ အခြားသော သံဝေဇနိယ လေးဌာန အပါအဝင် ဗုဒ္ဓဝင် နှင့် သာသနာတော်နေရာ များသို့ လှည့်လည်ဖူးမြော်လေ့ရှိကြသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/10301-2012-10-23-11-48-24.html

Windows 8 ထွက်ပြီ
Windows 8 ကိုသတ်မှတ် ရက်ထက် ၃ ရက်စော ကာ တရားဝင် ဖြန့် ချိပြီ ဖြစ်သည်။ Apple ကုမ္ပဏီ မှ New i Mac နှင့် New Mac Pro တို့  ကို မိတ်ဆက်ပြီး နာရီ အနည်းငယ် အကြာ ဈေးကွက် တွင် ဖြန့် ရန် အတွက် ဆိုင် နှင့် ကုမ္ပဏီ များ ကို ပေး ပိုထားသည့် ဆော့ဖ်ဝဲလ် များ ကို ရောင်းချ ၊ တပ် ဆင် ထည့် သွင်း ခွင့် ပြု လိုက် ခြင်း ဖြစ်သည်။
မိုက်ခရိုဆောဖ် ကုမ္ပဏီ ၏ ကွန်ပျူတာ စနစ် သုံး စီမံခန့် ခွဲ မှု ဆော(ဖ်)၀ဲ ဖြစ်သည့် Windows 8 အမေရိကန် နိုင်ငံ တွင်း ရှိ ဆော(ဖ်)၀ဲလ်သီးသန့် ရောင်း ချသည့် ဆိုင်များ ၊ Dell ကွန်ပျုတာ များ အပြင် တရုတ် နှင့် ဂျပန် နိုင်ငံ တို့  တွင် ပါ စတင် ရော င်းချ နေပြီ ဖြစ်ပါသည်။ ဂျာမန် အိတ်စပရက်(စ) ရှင် နစ်ဇင် ဟန် ပြတင်း ပေါက် ပန်းချီ ကား ဖြင့် ပုံ ဖော်ထား သည့် Windows 8 သည် အမေရိကန် ဒေါ်လာ ၁၉၉ ကျသင့် မည် ဖြစ်သည်။
ထိုဆော်ဖ်ဝဲ ကို သတ်မှတ် Memory နှင့် Graphic အဆင့် ရှိသည့် ကွန် ပျုတာတွင် တပ် ဆင်ရန် အချိန် ၂၆ မိနစ် ခန့်  သာ ကြာသည် ဟု သိရသည်။
https://www.facebook.com/freedomnewsgroup.mm
တွင်ကျယ်လာတဲ့ တယ်လီဖုန်းနဲ့ အင်တာနက် သုံး၊ သတင်းပို့မှု
သတင်းထောက်တွေရဲ့ သတင်းပို့နေရတဲ့ မြင်ကွင်းတခုပါ။ သတင်းကတော့ မြန်မာ့ အလင်း သတင်းစာပါ သတင်းတခုဖြစ်ပါတယ်။
အခု နေပြည်တော် ရေဆင်းမှာ ကျင်းပနေတဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ သတင်းတွေအတွက် သတင်းတွေကို အချိန်နဲ့ တပြေးညီ သတင်းပို့နိုင်တယ်လို့ ရေးထားပါတယ်။
အကြောင်းကတော့ ရေဆင်းအနီးဝန်းကျင်မှာ ဆက်သွယ်ရေး တာဝါတိုင်တွေ လုံလောက်အောင် စိုက်ထူ ပေးထားလို့ GSM, CDMA, WCDMA တယ်လီဖုန်းတွေသုံးပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ကာ အင်တာနက် အသုံးပြုနိုင်တာကို ရေးသားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက သတင်းထောက်တော်တော်များများ အဲဒီလို တယ်လီဖုန်းနဲ့ အင်တာနက်အသုံးပြုမှုက ပိုအဆင်ပြေနေတာမို့ သတင်းပေးပို့ရာမှာ အချိန်နဲ့ တပြေးညီ သတင်းပို့နိုင်နေတာ တွင်ကျယ်လာပေ မယ့် နေရာတိုင်းမှာတော့ မဟုတ်ပါဘူးတဲ့။
ဖုန်းလိုင်းမမိတဲ့ နေရာတွေမှာဆိုရင် အင်တာနက်လည်း မရကြဘူးလို့ ဆိုပါတယ်။ တယ်လီဖုန်းလိုင်းက လည်း တချို့နေရာတွေရောက် ရင် လူကြီးမင်းနဲ့ တွေ့ရ ကြုံရတာ များတယ်လို့ သိရပါတယ်။
http://blog.irrawaddy.org/2012/10/blog-post_4820.html
ယဉ်မောင်းလား လူမိုက်လား
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်း သိမ်းရေးကော်မတီဌာနခွဲ (၃) လက်အောက်ရှိဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် ၁၃ ရပ်ကွက်မှ ဆူးလေ သို့ပြေးဆွဲလျက်ရှိသော (၃၆ မ.ထ.သ) မော်တော်ယာဉ်အမှတ် ၄ဃ/၆၀၀၁-မှ ယာဉ်မောင်းကို လှိုင်ဇော်ထွန်းနှင့် ယာဉ်အကူကို ကျော်လှိုင်မင်းကို သက်မင်းထိုက် တို့သည် အောက်တိုဘာ ၂၁ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀း၄၅ နာရီအချိန်ခန့်တွင် ၁၃ ရပ်ကွက် ဂိတ်ရင်းမှစ၍ ကုန်ပဒေသာမှတ် တိုင်အထိ မှတ်တိုင်မဟုတ်သော နေရာများတွင် ခရီးသည်တင် ဆောင်ခြင်းပြုလုပ်နေကြောင်း တွေ့ရှိရသည်။
ခရီးသည်များ ကား ပေါ်ရောက်လျှင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၃) ယောက် မှ မချေမငံရိုင်းပြစွာပြောဆိုဆက် ဆံ၍ ခရီးသည်များနှင့် စကားများ နေသည်ကိုကားပေါ်တွင်ပါလာ သော ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၃) ရပ်ကွက်မှ ကိုအောင်နှင့် (၈) ရပ်ကွက်မှ ကိုဟန်မြင့်အောင်တို့ နှင့် အတူတွေ့မြင်နေရပါသည်။
အဆိုပါကားသည် ရန်ကင်း စာတိုက်မှတ်တိုင်အရောက် (၂) နှစ်ကျော်ခန့်ကလေးကိုချီထားသော မိန်းကလေးတစ်ယောက်ကားပေါ် တက်ရောက်နေစဉ် ယာဉ်မောင်း က လီဗာနင်းကလပ်လွှတ်လိုက်၍ ကားဆောင့်ထွက်ရာခြေနင်းခုံတွင် မတ်တတ်ရပ်နေသောမိန်းကလေး မှာ ယိုင်ထိုးသွားခြင်းကြောင့် မိန်းကလေး၏ ခင်ပွန်းဖြစ်သူက စပယ်ယာက မမောင်းခိုင်းဘဲ မောင်းရမလားဟုယာဉ်မောင်း အား တစ်ခုခု ဖြစ်သွားနိုင်ကြောင်း ပြောရာ ယာဉ်မောင်းမှ ငါလည်း ဘက် ကြည့်မှန်ကြည့်မောင်းတာ စသည်ဖြင့် မချေမငံရိုင်းပြစွာ ပြောဆိုဆက်ဆံခြင်းကြောင့် မိန်း ကလေးမှ ဆက်ပြီးစကားများမည် စိုး၍ ရန်ကင်းကြားမှတ်တိုင်တွင် သူမ၏ ခင်ပွန်းကိုခေါ်၍ ကား ပေါ်မှ ဆင်းသွားသည်ကိုတွေ့မြင် ရသည်။
မော်တော်ယာဉ်လုပ်သား များလိုက်နာရမည့် အဓိဋ္ဌာန် (၅) ချက်မှ နံပါတ် (၂) ဖြစ်သော ခရီး သည်များအားပြေပြစ်စွာဆက်ဆံ ပါမည်နှင့် နံပါတ် (၃) ဖြစ်သော ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို တိကျစွာလိုက်နာပါမည်ဆိုသော ဆိုသောအဓိဋ္ဌာန် (၂) ခုအား ဖောက်ဖျက်ရာကျကြောင်း ခရီး သည်လင်မယား (၂) ယောက်နှင့် အဆိုပါ ကားပေါ်တွင်ပါလာသော ကိုအောင်နှင့် ကိုဟန်မြင့်အောင် တို့ကပြောပြ၍ သိရသည်။
အရိန္ဒမာ (ဘိုကလေး) http://www.hotnewsweekly.com/archives/12494
ပြည်ပနိုင်ငံ ၂၀၀ ကျော်ကနေ အမ်အိုဘီဘဏ်ကို ငွေလွှဲနိုင်
မလေးရှား၊ စင်ကာပူ၊ ထိုင်းစတဲ့ ပြည်ပနိုင်ငံပေါင်း ၂၀၀ ကနေ မြန်မာနိုင်ငံက မြန်မာအရှေ့တိုင်းဘဏ် (MOB) ကို လာမယ့် နိုဝင်ဘာလဆန်းကစပြီး ငွေလွှဲပို့နိုင်ပြီလို့ သိရပါတယ်။
“အဓိကကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အဓိကထားတယ်၊ နိုင်ငံခြားခရီးသွားတွေလဲ သူတို့နိုင်ငံက ငွေလွှဲပေးချင်ရင် အဆင်ပြေအောင်လို့ပါ” လို့ MOB ဘဏ်ရုံးချုပ် Western Union Money Transfer Service Head Office မှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်ဖြိုးသူထွေက ပြောပါတယ်။
MOB ဘဏ်ဟာ Western Union Money Transfer Service ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ သြဂုတ်လက သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့ပြီး Western Union ရဲ့ ပထမဆုံး အေးဂျင့်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
ပြည်ပကနေ လွှဲတဲ့ငွေက လျှို့ဝှက်နံပါတ် ပါရှိတာကြောင့် မြန်မာနိုင်ငံက ငွေလက်ခံသူအနေနဲ့ မှတ်ပုံတင်၊ ထိန်းချုပ်နံပါတ်သိဖို့ လိုပါတယ်။ ထိန်းချုပ်နံပါတ်ကို Western Union မှ ငွေလက်ခံမယ့်သူကို ဆက်သွယ်ပေးပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက နိုင်ငံခြားသားတွေအနေနဲ့ ငွေထုတ်ယူချင်ရင် ပတ်စ်ပို့မူရင်းနဲ့ ဗီဇာသက်တမ်းတွေ ပြရမှာ ဖြစ်ပါတယ်။ ပြည်ပကနေ မြန်မာနိုင်ငံရှိ MOB ဘဏ်ခွဲတိုင်းကို ငွေလွှဲပို့နိုင်တယ်လို့ သိရပါတယ်။ ငွေလက်ခံသူတွေက ငွေလွှဲခပေးစရာ မလိုဘဲ ဝန်ဆောင်ခအားလုံးကို Western Union ဘက်က ကျခံမှာဖြစ်တယ်လို့ သိရပါတယ်။
Western Union Asia-Pacific ကုမ္ပဏီက နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ ချိတ်ဆက်ထားပြီး အေဂျင်စီပေါင်း ငါးသိန်းတစ်သောင်းကျော်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
“MOB ဘဏ်အနေနဲ့ နောက်ထပ် money transfer service တွေ၊ mobile banking စနစ်တွေနဲ့ တခြားဝန်ဆောင်မှုတွေ ဆက်ပြီးတိုးချဲ့ဦးမှာပါ” ဟု လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်ဖြိုးသူထွေးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=27523

NLD မှ The Messenger ဂျာနယ်အား တရားစွဲဆိုခြင်း မန်း တရားလွှတ်တော်ချုပ်တွင်စတင်ကြားနာတော့မည် ဖြစ်သော်လည်း ဘယ် မီဒီယာသမားမှ ဆန္ဒမပြရဲ၊ မဝေဖန်ရဲသေး
NLD မှ The Messenger ဂျာနယ်အား တရားစွဲဆိုခြင်း မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်တွင်စတင်ကြားနာတော့မည် ဖြစ်သော်လည်း ဘယ် မီဒီယာသမားမှ ဆန္ဒမပြရဲ၊ မဝေဖန်ရဲ ကြကြောင်း သတင်းရရှိသည်။
The Messenger ဂျာနယ်ကို တရားစွဲဆိုရန်အတွက် အမှုကို လက် ခံပေးရန် NLD မှ ဦးဥာဏ်ဝင်း၏ လျှောက်လဲချက်ကို အောက်တိုဘာ လ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်ချုပ်က စတင်ကြားနာသွားမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းဘက်မှ အကျိုးဆောင် ပေးမည့် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
''ဦးဥာဏ်ဝင်းရဲ့ လျှောက်လဲ ချက်ကိုပဲ မန္တလေး တရားလွှတ် တော်က ကြားနာဦးမှာ။ အမှုကို ချက်ချင်း လက်မခံသေးဘူး။ ကျွန် တော်တို့ရဲ့ တင်ပြ လျှောက်လဲချက် အပေါ်မှာ လက်ခံသင့် မသင့်ဆိုတာ ဆုံးဖြတ်ဦးမှာ။ လက်မခံဘူးဆိုလည်း အမှုက ပြီးသွားမှာပါ''ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
The Messenger ဂျာနယ်တွင် ဖော်ပြပါရှိသည့် ကို(ဥပဒေ)၏ ဆောင်းပါးတွင် ရေးသားချက်များ နှင့် ပတ်သက်၍ NLD မှ ဦးဥာဏ် ဝင်းက တရားရုံးများကို မထီမဲ့မြင် မှုဖြင့် တရားစွဲဆိုပေးရန် မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော် ချုပ်တွင် အောက်တိုဘာလ ၁ ရက် ခန့်က တင်ပြထားခြင်းဖြစ်သည်။
''တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ကျွန်တော့်ကို တချို့က ဝေဖန်ရေး သားတာလေးတွေ ရှိပါတယ်။ တရားရုံးမှာ တရားစီရင်နေဆဲကို ဆောင်းပါးရှင်က ရေးတာကို ဂျာနယ်က ထည့်လိုက်တယ်။ တရား စီရင်ရေးကို ထိခိုက်တဲ့ ကိစ္စမို့လို့ တရားစွဲတာပါ။ လျှောက်လဲချက် ကြားနာဖို့ အဆင့်ဆင့်ကို တရား လွှတ်တော်ရုံးကပဲ ဂျာနယ်ကို အကြောင်းကြားပါလိမ့်မယ်''ဟု NLD မှ ဦးဥာဏ်ဝင်းက ပြောသည်။
The Messenger ဂျာနယ်ကို တရားစွဲဆိုရန်အတွက် NLD ပါတီ ဗဟိုကော်မတီဝင် အစည်းအဝေး တွင် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ဟံသာဝတီဦးဝင်းတင်က ပြောသည်။
''ဆောင်းပါးထဲမှာ တရားခံ ဆိုတဲ့ အသုံးနှုန်းပါတယ်လို့ သိရ တယ်။ ဒီရေးသားမှုအပေါ် ဦးဥာဏ်ဝင်းအနေနဲ့ တရားစွဲသင့်တယ်လို့ ထင်ပါတယ်။ မီဒီယာမို့လို့ ကင်း လွတ်ခွင့်ရှိတယ်။ တရားမစွဲသင့်ပါ ဘူးဆိုတာကို ကျွန်တော်တော့ သိပ်မရှင်းဘူး''ဟု The Messenger ဂျာနယ်ကို တရားစွဲဆိုမှုအပေါ် ဟံ သာဝတီဦးဝင်းတင်က ၄င်း၏အမြင် ကို ပြောသည်။
Myanmar Express
ချယ်ရီကားကုမ္ပဏီ မြန်မာနိုင်ငံတွင် စက်ရုံထောင်မည်
တရုတ်နိုင်ငံ Wuhu အခြေစိုက် Chery Automobile Co.,Ltd က ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ချယ်ရီကား အစိတ်အပိုင်းများ ထုတ်လုပ်သည့်စက်ရုံ တည်ထောင်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံကို မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း ချယ်ရီကားကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr Guibing Zhang က ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်နိုင်ရန်အတွက် စက်မှုဝန်ကြီးဌာနနှင့် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။ Mr Guibing Zhang က “မြန်မာပြည်နဲ့ ပူးပေါင်းလုပ်ဆောင်လာတာ နှစ်နှစ်ရှိခဲ့ပြီ။ ယုံကြည်မှုတွေ တိုးပွားလာတာက အရောင်းသက်သက် မဟုတ်ဘဲ စက်ရုံတည်ပြီး ထုတ်လုပ်သွားဖို့ ဆွေးနွေးမှုတွေ လုပ်နေပါပြီ။ ပြည်တွင်းမှာလဲ အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ အခြားနိုင်ငံကို တင်ပို့နိုင်အောင် လာမယ့် ၂၀၁၅ ခုနှစ်အတွင်း ထုတ်လုပ်သွားနိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါကလဲ တာဝန်ယူ ဖြေရှင်းသွားပါမယ်။ အရောင်းပြခန်းတွေကို ရန်ကုန်မှာ ကျော်အင်တာပရိုက်(စ်) ကနေပြီးတော့ စတင်ဖွင့်လှစ်ထားပြီး နေပြည်တော်မှာလဲ ဖွင့်ထားပါတယ်။ မန္တလေးမှာလဲ မကြာခင် ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပါတယ်” ဟု ပြောကြားသည်။
ချယ်ရီကားကုမ္ပဏီသည် ဝန်ထမ်းအင်အား သုံးသောင်းရှိပြီး အင်ဂျင်နီယာ ၆၀၀၀ ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ချယ်ရီတက္ကသိုလ်ကို ဖွင့်လှစ်ကာ ဝန်ထမ်းများကို Training ပေးခြင်း၊ အခြားလိုအပ်သည့် ပညာရှင်များကို နိုင်ငံခြားမှ ခေါ်ယူခြင်းတို့ကို ပြုလုပ်ကာ စက်ရုံကို လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။
ချယ်ရီကုမ္ပဏီသည် မိမိတို့ကိုယ်ပိုင် အင်ဂျင်ကိုလည်း ထုတ်လုပ်ပြီး ယင်းအင်ဂျင်အား ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရန် အတတ်နိုင်ဆုံး ထိန်းသိမ်းထုတ်လုပ်နိုင်ကြောင်း ချယ်ရီကားကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr Guibing Zhang က ပြောကြားခဲ့သည်။
Myanmar Express
ဆွမ်ပရာဘွမ်မြို့တွင်း၌ မိုင်းခွဲသည့် ကေအိုင်အေ၏ အကြမ်းဖက်လုပ်ရပ်
ကချင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို အကြမ်းဖက်မှုများ ပြုလုပ်၍ ခြိမ်းခြောက်လျက်ရှိသည့် ကေအိုင်အေ၏ လုပ်ရပ်များကြောင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွား လွန်စွာထိခိုက်လျက်ရှိရာ ဆွမ်ပရာဘွမ်မြို့နေ ပြည်သူ များလည်း ကေအိုင်အေ၏ အကြမ်းဖက်ဒဏ်ကို ကြောက်ရွံ့ခံစား ရလျက် ရှိသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၂ ရက် နံနက် ၃ နာရီခွဲခန့်တွင် ဆွမ်ပရာဘွမ်မြို့ စာတိုက်ရုံးအား ကေအိုင်အေအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်သဖြင့် စာတိုက် အဆောက်အအုံ မိုင်းကွဲပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ အလားတူ ဆွမ်ပရာဘွမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအား အောက်တိုဘာ ၁၅ ရက် နံနက် ၃ နာရီခန့်က ကေအိုင်အေသုံးဦး ဝင်ရောက်လာပြီး ပြတင်းတံခါးမှန် ရိုက်ခွဲခြင်း၊ ဒီဇယ်လောင်း၍ မီးရှို့ပြီး အဆောက်အအုံအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်သွင်းဖောက်ခွဲခဲ့ရာ ရုံးအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေတို့၏ ယခု အကြမ်းဖက်လုပ်ရပ် အပါအဝင် မြစ်ကြီးနား၊ ပူတာအို လမ်းကြောင်းတစ်လျှောက် (၁၆) ကြိမ် မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ရပြီး မြို့ရွာနေ ပြည်သူများ၏ တည်ငြိမ်အေးချမ်းမှုနှင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းကာ တပ်မတော်၏ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့မှုမှာလည်း နှောင့်နှေးကြန့်ကြာခဲ့ရ ကြောင်းသိရှိရသည်။
Myanmar Express
Myanmar Express
KIA ရဲ့လုပ်ရပ်ကြောင့် ကချင်မတွေ ယိုးဒယားဘက်မှာ ပြည့်တန်ဆာဘ၀သို့ ရောက်ရှိနေကြ
ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ကချင်ပြည်သူများ စစ်ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။ကချင်ပြည်နယ်ရှိ ရွာများတွင်လည်း KIA အကြမ်းဖက်သောင်းကျန်းသူတို့မှ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊သမီးပျို၊တခုလပ်၊မုဆိုးမ များအား KIA ထဲသို့ ၀င်ခိုင်းကာ ကချင်သောင်းကျန်းသူများ၏ ဇနီးမယားဘ၀ အဖြစ်သို့ရောက်ရှိကြသည်။စစ်ဒဏ်ကြောင့်ထွက်ပြေးတိမ်းရှောင်ကြသော မိသားစုများ၏စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကချင်သမီးပျိုလေး များ တစ်ဖက်နိုင်ငံ ဖြစ်သည့် ယိုးဒယား ဘက်သို့ကူးကာ ရသည့် အလုပ်ဖြင့် စားဝတ်နေရေး ကို ဖြေရှင်းနေရကြောင်း သိရှိရသည်။ယိုးဒယာနိုင်ငံ တွင် အလုပ်လုပ်နေသည့် ကချင်မိန်းကလေး အများစုသည် ပြည့်တန်ဆာ ဘ၀သို့ရောက်ရှိကာ အသက်မွေးဝမ်းကျောင်းအဆင်ပြေစေ ရန်အတွက် လုပ်ကိုင်နေရကြောင်းသိရှိရသည်။
Myanmar Express
Myanmar Express
ပုသိမ်မြို့ NLD ပါတီရုံးတွင် အစည်းအဝေး လုပ်ရာမှပါတီဝင်များ စကားများ၊ရန်ဖြစ်ကြ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အမှတ်(၂) ရပ်ကွက်ရပ်ကျေး NLD ပါတီရုံးမှ ရပ်ကျေး ညီလာခံကျင်းပဖို့အတွက် ညီလာခံကော်မရှင် အမည်စာရင်း ကိုတင်ပြခြင်းနဲ့ အတည်ပြု ဆုံးဖြတ်နိုင်ဖို့ အစည်းအဝေးကို့  အောက်တိုဘာလ 23 ရက်နေ့ ညနေ 7နာရီ30 မိနစ်မှာကျင်းပခဲ့ပါ တယ်၊ ဒါပေမယ့် NLD ပါတီရဲ့ရပ်ကွက် အဆင့်လောက် ညီလာခံကျင်းပဖို့ ကော်မရှင် အမည်စာရင်းကို အပြိုင်တင်သွင်းခဲ့ကြပြီး သူကတော့ ကော်မရှင်မှာပါသင့်တယ်ငါကတော့ရော ကော်မရှင်မှာမပါရဘူးလားဆိုတဲ့ စကားသံတွေနဲ့ အချင်းချင်းစကားများ၊ ရန်ဖြစ်ပါတော့တယ်၊ ဒီအစည်းအဝေးကိုတော့ ခရိုင်ညီလာခံ ကျင်းပရေး က ဝေလှိုင်ထွန်း၊ ဒေါ်ခင်လှဌေးနဲ့ ပါတီဝင် (၃၀)ကျော်လောက်တက်ရောက်ခဲ့ပေမယ့် အလိုရမက်ကြီးလှတဲ့ NLD ပါတီဝင်တွေရဲ့ ရပ်ကျေးအဆင့်လောက် ညီလာခံကျင်းပရေးကော်မရှင်လောက် ကို မက်မောကြတော့ ရိုက်ပွဲတွေဖြစ်ပြီးတော့ ရပ်ကျေးညီလာခံကျင်းပရေးကော်မရှင် အရွေးခံဖို့လာတဲ့ ပါတီဝင် (၉)ဦးကတော့ ခေါင်းကွဲ၊ ထိပ်ပေါက်နဲ့ ဆေးရုံမှာ သွားကုနေပါပြီ နောက်ပြီးတော့လဲ ပါတီရုံးကို ဖျက်သိမ်းဖို့ ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Myanmar Express
Myanmar Express
မြန်မာပြည်ရဲ့ ဘလော့ဂါ နေဘုန်းလတ် အိုင်အိုဝါစာရေးဆရာအစီအစဉ် တက်ရောက်လျက်ရှိ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ အင်တာ နက်လှုပ်ရှားမှုတွေ လုပ်တယ်လို့ စွတ်စွဲခံရပြီး ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခြင်း ခံခဲ့ရသူ၊ ၂၀၁၂မှာမှ ပြန်လည်လွတ်မြောက် လာတဲ့ မြန်မာပြည်ရဲ့ ဘလော့ဂါ ကိုနေဘုန်းလတ် အမေရိကန်ပြည်၊ အိုင်အိုဝါ တက္ကသိုလ်ရဲ့ နိုင်ငံတကာ စာရေး ဆရာများအစီအစဉ် (fall semester) ကို တက်ရောက်နေတာ ပြီးဆုံးတော့မှာမို့ လာမည့် နိုဝင်ဘာလကုန်မှာ မြန်မာပြည်ကို ပြန်တော့မယ် ဖြစ်ပါတယ်။
အမေရိကန်ပြည်သို့ သူရောက်ရှိနေခိုက်မှာ တက္ကသိုလ်အစီအစဉ်တွေနဲ့ မအားလပ်တာမို့ သူ့ကို ချစ်ခင်လေးစားတဲ့ ပြည်တွင်း ပြည်ပက ပရိသတ်တွေနဲ့ စာပေမိတ်ဆွေတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိမပေးနိုင်ခဲ့ဘူးလို့ မိုးမခကို ပြောကြားပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရက ခရီးသွားပတ်စ်ပို့တွေကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် ထုတ်ပေးဖို့ ကန့်သတ်တာတွေ၊ ချုပ်ကိုင်တာတွေ ရှိနေလို့ အခုလို အမေရိကန်ခရီးစဉ်ကို လာရောက်နိုင်ဖို့လည်း နောက်ဆုံးအချိန်ထိ မသေချာခဲ့ဘူးလို့ ဆိုပါတယ်။
မြန်မာပြည်ကို မပြန်ခင်မှာ ၀ါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့တော်တွေကို ၀င်ရောက်လို့ မိတ်ဆွေများနဲ့ တွေ့ဆုံပြီးမှ ပြန်တော်ပြန်မယ်လို့ သူက ပြောပါတယ်။ နိုဝင်ဘာ ၆ မှာ ဒီစီ၊ ၉ ရက်နေ့မှာ နယူးယောက်၊ ဒီနောက် ၁၃ မှ ၁၇ အထိ ဒီစီကို သွားရောက်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၈ ကနေ ၂၆ ရက်အထိ ဆန်ဖရန်စစ္စကို လာရောက်ပြီးမှ အမေရိကန်ပြည်က ထွက်ခွာမယ်လို့ သိရပါတယ်။
အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်ပိုင်း ကိုနေဘုန်းလတ်က မိမိမိတ်ဆွေ လူငယ်များကို စုစည်းပြီးတော့ မြန်မာအိုင်စီတီလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ရေး ကိုယ်ထူကိုယ်ထလုပ်ငန်းတွေကို (MIDO)ဆိုတဲ့ အဖွဲ့ကလေးဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
နေဘုန်းလတ်ဟာ မြန်မာစစ်အစိုးရရဲ့ အင်တာနက်ကန့်သတ်ချုပ်ချယ်မှု၊ မတရားဖိနှိပ် နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးထောင်ချခြင်း ခံရတဲ့ ထင်ရှားတဲ့ဘလော့ဂါလူငယ်တဦးဖြစ်ပါတယ်။ သူလွတ်မြောက်ဖို့ နိုင်ငံတကာရှိ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အရေးဆိုတဲ့ အဖွဲ့အစည်းများက လှုံဆော်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူအကျဉ်းကျနေစဉ်မှာ နယ်စည်းမခြားသတင်းထောက်များရဲ့ ဆု၊ PEN အဖွဲ့ရဲ့ ဂုဏ်ပြုဆုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် TIME မဂ္ဂဇင်းကြီးရဲ့ သြဇာကြီးသူ ၁၀၀ စာရင်းဝင်အဖြစ်လည်း ရွေးချယ်ခြင်း ခံရသူ ဖြစ်ပါတယ်။ ၂၀၀၈ နှစ်ကုန်ပိုင်း နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဂုဏ်ပြုတဲ့အစီအစဉ်အနေနဲ့ အဲသည်တုန်းက အမေရိကန်သမ္မတ ဘွတ်ခ်ျက နိုင်ငံတကာက တော်လှန်တဲ့ဘလော့ဂါတွေကို အိမ်ဖြူတော်ကို ဖိတ်ခေါ်ပြီး တွေ့ဆုံတဲ့ဆီမှာ မြန်မာပြည်က နေဘုန်းလတ်ကို ရည်ရွယ်ပြီး ပြည်ပကမြန်မာဘလော့ဂါတဦးကို ကိုယ်စားဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။
“အဲသည်တုန်းက ကျနော်က ဖားအံထောင်မှာ အကျဉ်းကျနေတဲ့အချိန်ပေါ့။ သမ္မတဘွတ်ခ်ျက အိမ်ဖြူတော်မှာ ကျနော်ကိုယ်စား မြန်မာဘလော့ဂါတဦးနဲ့ တွေ့တယ်ဆိုတော့ ကျနော့်ကို ထောက်လှမ်းရေးက ထောင်ထဲအထိ လာပြီးတော့ ခေါ်စစ်တယ်။ အဲသည်လူနဲ့ မင်းသိသလားဆိုပြီးတော့” လို့ ကိုနေဘုန်းလတ်က မိုးမခကို ပြန်ပြောင်း ပြောပါတယ်။ ကမ္ဘာကြီးကျဉ်းတာကို ပြောရရင် ကိုနေဘုန်းလတ်ကိုယ်စား သွားရောက်နိုင်ဖို့ အဲသည်တုန်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ စာရေးဆရာမ ဒေါ်မေငြိမ်းကို လာရောက်ဖို့ USCB က ကိုအောင်ဒင်က တိုက်တွန်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် အမေရိကန်ပြည်အခြေစိုက် မိုးမခမီဒီယာက မောင်ရစ်ဆိုသူက ကိုယ်စားတက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုရောက်ရင်တော့ သူ့ကိုယ်စား အိမ်ဖြူတော်သွားခဲ့တဲ့ မောင်ရစ်ဆိုတဲ့သူနဲ့ ကိုနေဘုန်းလတ်တို့ တွေ့ကြမှာ ဖြစ်တယ်လို့ ထင်ပါတယ်။
(ဓာတ်ပုံ ၂၀၁၂ ဇန်န၀ါရီ ၁၃၊ ကိုနေဘုန်းလတ် လွတ်မြောက်လာစဉ် မိသားစုနှင့် တွေ့ဆုံသည့်ပုံ၊ ကိုနေဘုန်းလတ်နှင့် မိတ်ဆွေများ ဆောင်ရွက်နေသည့် မြန်မာအိုင်စီတီဖွံဖြိုးတိုးတက်ရေးအလုပ် လက်ကမ်းစာရွက်)
http://moemaka.com/?p=28424

သစ်ထူးလွင် ဝက်ဘ်ဆိုက်နှင့် အတွင်းသတင်း Facebook စာမျက်နှာ တို့တွင် ဖော်ပြခဲ့သော "Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ" ဟူသော သတင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်
သစ်ထူးလွင် ဝက်ဘ်ဆိုက်နှင့် အတွင်းသတင်း Facebook စာမျက်နှာ တို့တွင် ဖော်ပြခဲ့သော "Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ" ဟူသော သတင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်
=======================================
၁။ (၂၁-၁၀-၂၀၁၂)ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ အထက်ဖော်ပြပါ သတင်း ခေါင်းစဉ်ဖြင့် ဖော်ပြထားသည်ကို အောက်ပါ Link တွင် တွေ့ရှိရပါသည်-
http://www.thithtoolwin.com/2012/10/favourite-journal.html#.UIVHgokL9QU.facebook
၂။ ယင်းသတင်း၏ ဇစ်မြစ်မှ "အတွင်းသတင်း" အမည်ရှိ Facebook စာမျက် နှာတစ်ခုမှ ဖြစ်ကြောင်း၊ ယင်းစာမျက်နှာမှာ အောက်ပါလိပ်စာ အတိုင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်-
http://www.facebook.com/photo.php?fbid=199160373552515&set=a.198396663628886.58090.198385523630000&type=1
၃။ သတင်းဖော်ပြချက်မှာ-
" ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန်စိတ်အ နှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။
ထို့နောက်မကြာမှီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်အရောက်တွင် မျက်စိမျက်နှာပျက်ကာ အသံများတုန်လာ၍ ပုံပါအတိုင်း မျက်ရည်များပါ ကျဆင်းလာခဲ့သည်။ အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေးသားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အဖြစ်အပျက်ကဲ့သို့ လူထုအကြား ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွက် ပွဲအပြီးတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးမှ လိုက်လံ ပြောဆိုတောင်းပန်ထားသောကြောင့် မီဒီယာများအားလုံးကလဲ ယခုချိန်ထိ ရေငုံ နှုတ်ပိတ်လျက်ရှိနေကြသေးကြောင်း အတွင်းသတင်းများ ရရှိထား (21, Oct, 2012 )" ဟူ၍ ဖြစ်ပါသည်။
၎။ လူထုအကြားပြန့်နှံ့ရောက်ရှိမသွားစေရန် မိမိမှ လိုက်လံပြောဆို တောင်းပန်ထာားသောကြောင့် မီဒီယာများမှ ရေငုံနှုတ်ပိတ်လျက် ရှိနေသေးကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဤသို့သော ဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့ပါက လူပေါင်း(၁၀၀)ကျော်အား မည်သို့မျှ နှုတ်ပိတ်၍ မရနိုင်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ဤသို့ မဟုတ်မမှန် လုပ်ကြံ၍ သတင်းသဖွယ်ထုတ်ပြန်လာသည်မှာ မိမိတို့အားလုံး မျှော်မှန်းထားခဲ့သော တာဝန်ယူမှုနှင့် ဒွန်တွဲသည့် လွတ်လပ်မှု ဟူသော အခြေအနေအတွက် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။
၅။ မီဒီယာပေါင်း(၅၀)ကျော်ကို ကိုယ်စားပြုသည့် သတင်းမီဒီယာ လောကာသားပေါင်း(၁၂၈)ဦး တက်ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲ၏ အစအဆုံး မှတ်တမ်းရုပ်/သံများလည်း အွန်လိုင်း မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနိုင်ပါသည်။ ဤသတင်းမှာ လုံးဝ မဟုတ်မမှန် လိမ်ညာထားခြင်းသာ ဖြစ်ကြောင်း ထိုနေ့က သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသူများ အားလုံး သိရှိထားပါသည်။
၆။ အဆိုပါသတင်းကို အစပြုလွှင့်တင်ခဲ့သည့် "အတွင်းသတင်း" Facebook စာမျက်နှာသည်လည်းကောင်း၊ သတင်းအဖြစ် ထုတ်လွှင့်ခဲ့သည့် သစ်ထူးလွင် ဝက်ဘ်ဆိုက်သည်လည်းကောင်း၊ အဆိုပါသတင်းအရင်းအမြစ်များကို ကိုးကား၍ ဝေဖန်ပြောဆိုနေမှုများသည် လည်းကောင်း မည်သို့သော အကြောင်းရင်းနောက်ခံများ တည်ရှိနေသည် ဆိုသည်မှာလည်း ယင်းတို့ဘာသာပင် သိရှိနိုင်ပါလိမ့်မည်။
၇။ နိုင်ငံတော်သမ္မတကြီးသည် သတင်းမီဒီယာများကို အထူးအလေးထား၍ နိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်လာခဲ့သည်မှာ နိုင်ငံတော်သမ္မတ တာဝန်ကို စတင်လွှဲပြောင်းချိန်မှ ယနေ့အချိန်အထိ ဖြစ်ကြောင်း အထူးတလည် ပြောရန် မလိုအပ် ဟု ယူဆပါသည်။
၈။ ဤသို့ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ဖြစ်ပေါ်လာစေရန် အဓိက တွန်းအားပေး ညွှန်ကြားခဲ့သော နိုင်ငံတော်သမ္မတကြီးအနေဖြင့်လည်း လူသားတို့၏ သဘာဝကို နားလည်ထားပြီး ဖြစ်သော်လည်း မဟုတ်မမှန် လုပ်ကြံသတင်း ဖန်တီးဆောင်ရွက်ခဲ့သူတို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူများအတွင်း ဟုတ်နိုးနိုး ထင်ယောင်ထင်မှား ဖြစ်မည် စိုး၍ ယခုကဲ့သို့ ဖြေရှင်းချက် ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။
၉။ ယနေ့အချိန်အခါသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် ဖင်ပြဲအောင် ရုန်းကန်ကြိုးစားကြရမည့် အချိန်ဖြစ်သလို မတူညီမှုများ ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူများအကျိုးကို Common Ground ထား၍ စံနမူနာပြ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်သမ္မတကြီးနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်တို့သည် မိမိတို့နိုင်ငံသားအားလုံး၏ ရှေ့ဆောင်လမ်းပြများ ဖြစ်သည် ဟုလည်း အခိုင်အမာ ယုံကြည်ထားပါသည်။
၁၀။ သူ့ဘက်-ကိုယ့်ဘက် ဘက်အစွဲများ၊ ရန်-ငါ အကွဲများ မပြေပျောက်သေးသော သဘော သဘာဝကို နားလည်သိရှိထားသည့်တိုင် " နိုင်ငံတော်သမ္မတကြီးကို ထောက်ခံ ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ခြင်းမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခြင်းသည် နိုင်ငံတော်သမ္မတကြီးကို ဆန့်ကျင်ခြင်း မဟုတ်" ဟူသော အထက်တန်းကျသည့် အတွေးအခေါ်များ အစပြု လျှောက်လှမ်းရမည့် အချိန်သို့ ရောက်ရှိနေပြီ ဟုလည်း ယုံကြည်ပါသည်။
၁၁။ သတင်း လွှင့်တင်သော "သစ်ထူးလွင်" ဝက်ဘ်ဆိုက် မည်သူ လွှင့်တင်နေသည်ကို မိမိတို့ သိရှိထားပြီး ဖြစ်ပါသည်။ မမှန်သတင်း အစပြု ဖြန့်ချိသော "အတွင်းသတင်း Facebook စာမျက်နှာ" နှင့် မိမိတို့ ဆက်လက်ဆောင်ရွက်ရန် ရှိသည်များကို ဆက်လက် ဆောင်ရွက်ပါမည်။
၁၂။ ယနေ့လက်ရှိအချိန်တွင် နိုင်ငံရေးခေါင်းဆောင်များ၊ Stakeholder များအားလုံးက နိုင်ငံနှင့်ပြည်သူ အကျိုးအတွက် ဝမ်းမြောက်ဖွယ်ရာ ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်ရာ ဤသို့သော လုပ်ဆောင်ချက်များ လုပ်ဆောင်လာကြသူများသည်လည်း မိမိတို့၏ အစွန်းရောက်သော ခံယူချက်များ၊ ငါနှင့်မတူ ငါ့ရန်သူ ဟူသော ခေတ်ဆွေးအတွေးအခေါ်များ ဖယ်ခွါချရန် အချိန်တန်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
By Hmuu Zaw (Facebook) http://www.facebook.com/hmuu.zaw.forum

+(3).jpg)