ပါတီတွင်းဗဟိုဦးစီးစနစ် ကျင့်သုံးနေ
မှုများအား လက်မခံနိုင်တော့၍ ပုသိမ်မြို့
စကားဝါလမ်း တွင်ဖွင့်လှစ်ထားသည့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ
ပါတီဝင် ငါးရာဦးခန့်သည် လာမည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင်
ပါတီဆိုင်းဘုတ် ဖြုတ်ချခြင်းနှင့် ပါတီမှနှုတ်ထွက်ပွဲ ကျင်းပသွား
မည်ဖြစ်ကြောင်း သိရှိရသည်။
“ပါတီအောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေကို ပါတီဗဟိုက
သေသေချာချာမသိ ပါဘူး၊အဆင့်ဆင့်ကို စာနဲ့ အကြိမ်ကြိမ် တင်ပြပေမဲ့လည်း
အနားပြာတွေရဲ့စကားက လွဲလို့ ကျနော်တို့ပါတီဝင်တွေရဲ့ အသံကို
နားမထောင်ပါဘူး၊
အဆိုးဆုံးက ကျနော်တို့ကို နေရာသမားတွေ၊ ခုံသမားတွေလို့ ပြောကြတာတွေပါဘဲ၊
နောက်ပါတီတွင်းမှာ ရွေးချယ်မှုတွေက အများပြည်သူရဲ့ သဘောဆန္ဒနဲ့ ရွေးချယ်
တာမျိုး မဟုတ်ဘဲ ဗဟိုဦးစီးစနစ်မျိုးနဲ့ နီးရာလူကို နေရာပေးတာမျိုးတွေဟာ
ဒီမိုကရေစီစနစ်မဟုတ်လို့ လက်မခံနိုင်ပါဘူး၊ အမှန်အတိုင်းပြောတော့ ကော်မရှင်က
ထုတ်ပယ်ခံခဲ့ ရတယ်၊ရုံးကိုလည်း တရားမ၀င်ရုံးလို့ ကြေငြာခံရတယ်” ဟု
ပါတီဝင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးမှ ပြောပြသည်။
ပါတီမှ နှုတ်ထွက်ခြင်းအခမ်းအနားကို ယင်းနေ့ နံနက် ၁၀ နာရီတွင် စတင်ပြုလုပ်မည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ
ပါတီဝင်အင်္ကျီများကို မီးရှို့သည့် အစီအစဉ်ပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
ပါတီအတွင်း မညီမျှမှုများရှိနေ၍ လွန်ခဲ့သည့် သြဂုတ်လအတွင်းက အဆိုပါရုံးတွင်
ပြည်တွင်း ပြည်ပမှ သတင်းစာဆရာများ ခေါ်ယူ၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ပြုလုပ်ကျင်းပခဲ့သည်။
ယင်းသတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့ပြီးနောက် ဦးဆောင်သူများဖြစ်သူ(၃)ဦး ပါတီမှ
ရပ်နားခြင်းခံခဲ့ ရပြီး အဆိုပါရုံးအား တရားမ၀င်ရုံးအဖြစ် ကြေငြာခဲ့သည့်။
တိုင်းညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာအေးကြူ ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာ(၂၀)ရက် နေ့တွင် NLD မြို့နယ်ရုံးမှ လူကြီးတချို့ကိုခေါ်ယူ၍
ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၏ ညွှန်ကြားချက်အရ မြို့နယ်ရုံးအား
ပိတ်သိမ်းကာ ဆိုင်းဘုတ်နှင့်အလံ အပ်နှံရန် ပြောဆိုခဲ့ကြောင်း သိရသည်။
“ဒီရုံးမှာရှိတဲ့သူတွေက ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကိုရော ဗဟိုဌာနချုပ်ကော တိုင်းကော်မရှင်၊ခရိုင်ကော်မရှင်နဲ့ မြို့နယ်ကော်မရှင်အဖွဲ့ကိုရော တိုက်ခိုက်နေတာကြောင့် ဒီရုံးကိုဖျက်သိမ်းရတာ”ဟု တိုင်းညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ အေးကြူက ပြောကြားသည်။
လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင် ပုသိမ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည်
လာရောက်စဉ်က မြို့နယ်ရုံးအား ဖျက်သိမ်းရန်မလိုဘဲ ဖျက်သိမ်းသူအား ၎င်းကိုယ်တိုင်
အရေးယူမည်ဟု မှာကြားခဲ့ကြောင်း၊ရုံးနှစ်ရုံးပူးပေါင်း၍ ညီညွတ်စွာလုပ်ဆောင်ရန်
မှာကြားခဲ့သော်လည်း လက်ရှိအနေအထားတွင် ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့ခြင်းနှင့် အောက်ခြေတွင် ဖြစ်ပေါ်နေသည့် အခြေအနေများသည် ဆန့်
ကျင်ဘက်ဖြစ်နေကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာနဲ့ အောက်ခြေမှာ ဖြစ်နေတာနဲ့က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
ကျနော်တို့ခေါင်းဆောင်ပြောခဲ့တာက ပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်
ဖို့ပြောတာပါ။ ဒီရုံးကို ဘယ်သူဖျက်မယ်ပြောလဲ။ ဖျက်တဲ့လူကို ကျမကိုယ်တိုင် အရေးယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်”လို့ ဒေါက်တာသန်းထိုက်မှ
ပြောပြသည်။
အောက်တိုဘာလ ၂၀ရက်နေ့ နံက်ပိုင်းတွင် ဗဟိုညီလာခံကျင်းပရေး ကော်မရှင်
ဥက္ကဌ ဦးတင်ဦးသည် ပုသိမ်မြို့သို့ လာရောက်၍ တိုင်း၊ ခရိုင်၊မြို့နယ် ၊ရပ်ကျေး ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့များနှင့် တွေ့ဆုံခဲ့သော်လည်း ပါတီတွင်းဖြစ်ပွားနေသည့် အဆင်မပြေမှုများကို တစ်ဘက်နှင့် တစ်ဘက် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ခြင်း
မရှိကြောင်းသိရသည်။
“ကျနော်တို့မြတ်နိုးတဲ့ ဒီမိုကရေစီဟာ ကျနော်တို့ပါတီတွင်းမှာ လက်မခံနိုင်တဲ့
အဆင့်ရောက်နေလို့ ကျနော်တို့ဒီမှာဆက်နေရင်လည်း အဓိပ္ပာယ်မရှိတော့ဘူးလို့ ယုံကြည်လို့ နှုတ်ထွက်တာပါ။
သတင်းစာ ရှင်းလင်းပွဲမှာ ပါဝင်ခေါင်းဆောင်ခဲ့တဲ့သူအားလုံးနဲ့ နောက်ထပ်ပါတီဝင် ၂၀၀ နဲ့ ၅၀၀ ကြားမှာ နှုတ်ထွက်ကြမယ်လို့ သိရပါတယ်။ နှုတ်ထွက်မယ့်လူတွေစုပြီးတော့ ကျနော်တို့ ဘာကြောင့် နှုတ်ထွက်ရတယ်ဆိုတာကို သတင်းမီဒီယာကနေတဆင့် ပြောပြမယ်။
ပြောပြပြီးတဲ့အခါမှာ ကျနော်တို့ တသက်လုံး မျှော်မှန်းချက်ကြီးစွာနဲ့ ရင်းနှီး
တည်ဆောက်ခဲ့တဲ့ ဒီပါတီကြီးဟာ တကယ်တော့ ကျနော်တို့ မျှော်လင့်တဲ့
ဒီမိုကရေစီ မပေးစွမ်းနိုင်ဘဲ ဗဟိုဦးစီးစနစ်နဲ့ ကျနော်တို့ကို နှိပ်ကွပ်နေတဲ့အတွက် ဆက်နေဖို့အကြောင်းမရှိတော့ဘူးလို့ ကြေညာပြီး နှုတ်ထွက်မှာပါ ”ဟု
ဦးသန်းဝင်းမှ ပြောပြသည်။
ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ယခုနှစ် နှစ်ဆန်းပိုင်းတွင်
ဦးတင်ဦး ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သောရုံးဖြစ်ပြီး၊ အောင်နိုင်ရေး
ကာလ တစ်လျှောက် ရပ်ကျေးကိစ္စရပ်များ၊ ရုံးဖွင့်လှစ်ရေးကိစ္စရပ်များ၊ စည်းရုံးရေးကိစ္စရပ်များအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ယခုကဲ့သို့
ပါတီကိစ္စရပ်များမဆောင် ရွက်တော့သည့်နောက်ပိုင်းတွင် လူမှုရေးလုပ်
ငန်းများကိုသာ ဆက်လက် ဆောင်ရွက်တော့မည် ဟုလည်းသိရသည်။
“ကျနော်တို့ ပူးပေါင်းဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်။ လူငယ်အဖွဲ့နဲ့ ကော်မရှင်အဖွဲ့တွေပေါင်းပြီး ရှေ့ဆက်အလုပ်လုပ်ကြဖို့
ညှိနှိုင်းပေးခဲ့ပါတယ်။ အဲဒီလိုညှိနှိုင်းပေးတာကို သူတို့က လက်မခံပါဘူး။
နောက်ဆုံးကျတော့ ရုံးဖျက်ဖို့ ရုံးဆိုင်းဘုတ်ဖြုတ်ချဖို့အထိ သူတို့က
တောင်းဆိုလာတယ်။
အနားပြာတွေနဲ့ နောက်ဝင်လာတဲ့ လူသစ်တွေပေါင်းပြီးတော့ ပါတီအပေါ်
သစ္စာရှိရှိလုပ်လာခဲ့တဲ့ လူဟောင်းတွေကို ကန်ထုတ်တဲ့အနေအ
ထားဖြစ်နေပါတယ်။
အဲဒါကို ဗဟိုကလူကြီးတွေသိအောင် တင်ပြသော်လည်း လူကြီးတွေက
ဒါကို ထိန်းသိမ်းပေးခြင်း မရှိဘဲနဲ့ ဘက်လိုက်ပြီးဆောင်ရွက်တဲ့အခါကျတော့
အဲဒီအပေါ်မှာ ကျနော်တို့ အရမ်း ၀မ်းနည်းမိတယ်” ဟု ဒေါက်တာသန်းထိုက်မှ
ပြောကြားခဲ့ပါသည်။
http://shwemyanmarmediagroup.blogspot.com/2012/10/blog-post_9765.html#more
Eleven Media Group
Monday, October 22, 2012
အင်းလျားကန်ပေါင်တွင်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး မင်းမဲ့စရိုက်ဆန်စွာ ရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီ
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့
နယ်ရှိ အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်
များဖြင့် အုပ်စုဖွဲ့ လာရောက်ပြီး လုံခြုံရေး
ဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများကို
မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်သူ အချို့ ကို ဖမ်းမိပြီဖြစ်ကြောင်း
သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တို ဘာလ ၁ ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ကန်ဘောင်လုံခြုံရေး ၀န်ထမ်းတစ်ဦးက ကန်ပေါင်ပေါ်မှ ဆင်းခိုင်းသဖြင့် မကျေ မနပ်ဖြစ်နေသော သူများက ည ၁၁ နာရီ ၀န်းကျင်တွင် ဆိုင်ကယ်များဖြင့် လာရောက် လာပြီး အဆိုပါဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းအချို့ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။
ဝိုင်းဝန်းထိုးကြိတ်ခဲ့သူများက လုံခြုံရေးဝန်ထမ်းများအပြင် ကန်ပေါင်ပေါ်ရှိနေသည့် ဆိုင်ဝန်ထမ်းများကိုလည်း လိုက်လံပြီး ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်၌ ကျူးလွန်ခဲ့သူ များအနက်မှ ကျူးလွန်ခဲ့သူ သုံးဦး ကို အောက်တိုဘာလ ၁၈ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ထွက်ဆိုချက်များအရ အောက်တို ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ပြစ်မှုကျူးလွန်သူသုံးဦးကိုထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အခုမိထားတဲ့သူတွေအပြင် ကျန်နေသေးတဲ့ ကျူးလွန်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံးဝမပေးပါဘူး။ ပြစ်မှုကျူးလွန်သွားတဲ့သူကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ . . .
ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း မှ ဒုရဲအုပ်မောင်မောင်စိုးက "ပြစ်မှု ကျူးလွန်ခဲ့တဲ့ ခြောက်ဦးကိုဖမ်းမိထားပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က ပြစ်မှုကျူးလွန် သူတွေက ကန်ပေါင်ကနေ ရှစ်မိုင်ဘက်ကို ထွက်သွားတယ်လို့ သိရတဲ့အတွက် လမ်းကြောင်း တလျှောက်စုံစမ်းမှုတွေ ပြုလုပ်တဲ့အခါမှာ ဆိုင်ကယ်ကယ်ရီသမားတွေ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့အတွက် မင်္ဂလာဒုံမြို့နယ် အနီးတစ်ဝိုက်က ဆိုင်ကယ် ကယ်ရီဂိတ်တွေကို ထပ်မံ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ အဓိကသတင်းပေးသူရဲ့သတင်းပေး မှုအရ ခရေပင်လမ်းခွဲက ဆိုင်ကယ် ကယ်ရီအဖွဲ့တွေဖြစ်နိုင်တယ်လို့ယူဆ လို့အသွင်ယူပြီးထပ်မံစုံစမ်းခဲ့ပါတယ်။
အဲ့ဒီအခါမှာ အဓိကပြဿနာစဖြစ်တဲ့ သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ကျူးလွန်တဲ့သူတွေ ကို ဖမ်းဆီးဖို့ ဆက်လက်ဆောင်ရွက် နေပါတယ်။
အခုဖမ်းမိထားတဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို ကမာရွတ်မြို့နယ် ရဲစခန်းမှာ ထိန်း သိမ်းထားပါတယ်” ဟုပြောပြခဲ့ပါသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူသုံးဦးကို မင်္ဂလာဒုံမြို့ နယ် ချစ်တီးကုန်းရပ်ကွက် အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိထားသည့်ကျူးလွန် သူများမှာ မင်္ဂလာဒုံမြို့နယ်မှ ဝဏ် ဟိန်းထက်(ခ)ကိုဦး (၂၁ နှစ်)၊ သက်အောင်ထွေး(ခ)အီမို (၂၀ နှစ်)၊ အောင်ကျော်မိုး (၂၈ နှစ်)၊ မျိုးမင်းဦး (ခ)သံမဏိ (၁၉ နှစ်)၊ ဇော်မင်းလတ် (ခ) ဆိတ်သား (၂၀ နှစ်)၊ ရွှေအိုး (ခ)လှမြင့် (၁၉ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများမှာ ဆိုင်ကယ် ကိုးစီးဖြင့် လူဦးရေနှစ် ဆယ်မှနှစ် ဆယ့်ငါးဦး ၀န်းကျင်ခန့်ရှိကြောင်း ကိုယ်တိုင်ရိုက်ခံခဲ့ရသူ အင်ယားကန်ပေါင် တွင် ဖွင့်လှစ်ထားသည့် ရွှေမိသားစု စားသောက်ဆိုင်မှ တာဝန်ခံဖြစ်သူ ကိုကျော်မင်းဆွေက ပြောကြားခဲ့သည်။
ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ကျူးလွန်သူများထဲတွင် မင်္ဂလာဒုံ ဆေးတပ်တွင် ဗိုလ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူ၏ သားဖြစ်သူလည်း ပါဝင်ပြီး ကျန်ကျူးလွန် သူအများစုမှာ ဆိုင်ကယ်ကယ်ရီ သမားများနှင့်ကျဘမ်းလုပ်ကိုင်နေသူ များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယင်းဖြစ်စဉ်တွင် လေးဦးဒဏ် ရာရရှိခဲ့ပြီး ကမာရွတ်ရဲစခန်း၌ (ပ) ၄၀၅/ ၂၀၁၂၊ ပုဒ်မ၂၉၄/၃၂၆/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်း များကို ၀ိုင်းဝန်း ရိုက်နှက်ခဲ့သူများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦး က “အခုလို ကျူးလွန်သွားတဲ့သူတွေ ကိုဖမ်းဆီးရမိဖို့အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်က တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့ စည်းထားပါတယ်။
အခု မိထားတဲ့သူတွေအပြင် ကျန်နေသေး တဲ့ကျူးလွန်သူတွေကိုလည်း ဆက် လက် ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံး ၀မပေးပါဘူး။ ပြစ်မှုကျူးလွန် သွားတဲ့သူကိုဥပဒေအတိုင်းအရေးယူ ဆောင်ရွက် သွားမှာပါ”ဟု ပြောကြား ခဲ့ပါသည်။
အထက်ပါဖြစ်စဉ်ကဲ့သို့ လူအုပ် စုဖွဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လ ၁၇ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီခြောက် လမ်းရှိ စားသောက်ဆိုင်တစ်ခု၌ ကိုကျော်မင်း ဆိုသူကို မျက်နှာဖုံးစွပ်ထားသူများ အပါ အ၀င်လူတစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကျူးလွန်သူဦးရေ ၂၀ ကျော်ကို ဖမ်းဆီးရမိထားသော်လည်း အဓိကကျူးလွန်သူအချို့မှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဓားဖြင့်ခုတ်ခံခဲ့ရသည့် ကိုမင်းသူနှင့် တွေ့ဆုံမေးမြန်းခြင်း
မေး-အစ်ကိုက ဘာအလုပ်လုပ်ပါသလဲ။ အခုလိုအုပ်စုဖွဲ့ပြီး ရန်ဖြစ်နေတဲ့အချိန်မှာ အစ်ကိုကဘယ်မှာ ရှိနေတာလဲ။
ဖြေ-ကျွန်တော်က ကန်ပေါင်ပေါ်မှာဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဆိုင်ပိတ်တဲ့အချိန်မှာ ကျွန်တော်က နောက်နေ့မှာ ဟင်္သာတကိုပြန်မှာမို့လို့ သူငယ်ချင်းအချို့နဲ့ ဆိုင်ရှေ့မှာ ထိုင်ပြီး စကားပြောနေတာပါ။
မေး-ဖြစ်စဉ်မှာ အစ်ကိုဓားနဲ့ခုတ်ခံခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပေးပါ။
ဖြေ-ကျွန်တော်က သူငယ်ချင်းတွေနဲ့ ထိုင်စကားပြောနေတဲ့အချိန် မှာ တုတ်တွေ၊ ဓားတွေကိုင်ထားတဲ့ လူအုပ်ကြီးထဲက ခြောက်ယောက် လောက်က တွေ့တဲ့ သူတွေ အကုန် ရိုက်ကွာဆိုပြီးတော့ ကျွန်တော်တို့ဆီ ကို ပြေးလာပါတယ်။
အဲဒီအချိန်မှာ သူငယ်ချင်းတွေက အိမ်သာထဲနဲ့ ဆိုင်ထဲဝင်ပြေးခဲ့ပေမယ့် ကျွန်တော် ကတော့ ကန်ပေါင်အပြင်ကို ပြေးခဲ့မိလို့ အဲဒီလူတွေက ကျွန်တော့် နောက် ကလိုက်ပြီး တုတ်နဲ့ရိုက်တယ်။ ပြီး တော့ ကျွန်တော်လဲသွားတဲ့အခါမှာ လူတစ်ယောက်က ဓားနဲ့ခုတ်လိုက်တာကို လက်နဲ့ကာမိလိုက်တယ်။ သွေးပူနေတုန်း အဲ့အချိန်မှာတုန်းက ကျွန်တော့် လက်မပြတ်သွားမှန်း သတိမထားမိဘဲ လွတ်အောင်ပဲ ပြေးခဲ့တာပါ။
မေး-အစ်ကို့ကိုဓားနဲ့ခုတ်သွားတဲ့သူ တွေနဲ့အရင်တုန်းက ပတ်သက်မှု ရှိခဲ့လား။
ဖြေ-ကျွန်တော့်ကို ၀ိုင်းရိုက်ပြီး ဓားနဲ့ခုတ်သွားတဲ့သူတွေကို လုံးဝမသိပါဘူး။
မေး-လက်က ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ-အခုအချိန်ထိတော့ ဆေးခန်း ပြနေရတုန်းပဲ။ လက်အစိတ်အပိုင်း တစ်ခုလုံးမှာ အရေးပါတဲ့ လက်မ ပြတ်သွားတဲ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ် ပါတယ်။
မေး-အခုလိုကျူးလွန်သွားတဲ့သူတွေနဲ့ ပတ်သက်ပြီးဘာပြောချင်လဲ။
ဖြေ-အုပ်စုဖွဲ့ပြီး တွေ့တဲ့သူတွေ အကုန်လုံးကို ရန်ပြုခဲ့တဲ့အဖွဲ့ကိုဖမ်းဆီးပြီးတော့ ဥပဒေအတိုင်း တိတိကျကျ အပြစ်ပေးမှ နောင်အခါတွေမှာ အခုလိုမျိုးဖြစ်စဉ်တွေ နည်းသွားနိုင်မယ်လို့ ထင်ပါတယ်။
Eleven Media Group http://shwemyanmarmediagroup.blogspot.com/2012/10/blog-post_7020.html#more

ဓားဖြင့်ခုတ်ခံခဲ့ရသည့် ကိုမင်းသူကို တွေ့ရစဉ် ဓာတ်ပုံ-၀င်းမြင့်ကျော်

အငှားယာဉ်များကို ထိန်းသိမ်းကြပ်မတ်တော့မည်
ရန်ကုန်မြို့အတွင်း ပြေးဆွဲသွားလာနေသော အငှားယာဉ် (Taxi)များအား စည်းကမ်းထိန်းသိမ်း ကြပ်မတ်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။
“အငှားယာဉ်တွေ စည်းကမ်းဖောက်မှု လျော့နည်းလာအောင် အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး ဆောင်ရွက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားလာတဲ့အတွက် ခရီးသည်တင်ယာဉ်လိုင်းတွေကို ကြပ်မတ်တဲ့ အဖွဲ့အစည်းတွေလို အဖွဲ့တစ်ခုဖွဲ့ဖို့ စတင်ဆောင်ရွက်နေပါပြီ”ဟု ဦးလှအောင်ကပြောသည်။
လက်ရှိတွင် အငှားယာဉ်များကို ခရိုင်စည်ပင်သာယာရေးကော်မတီများက စိစစ်လျက်ရှိပြီး အငှားယာဉ်များနှင့် ပတ်သက်သည့် စာရင်းဇယားအတိအကျကို ၎င်းတို့ထံမှ တောင်းယူစုဆောင်းနေကြောင်း၊ ယခုနောက်ပိုင်း အင်္ဂလိပ်အက္ခရာနံပါတ်များနှင့် ၀င်ရောက်လာသော အငှားယာဉ်များမှာမူ သက်ဆိုင်ရာ စည်ပင်ဌာနတွင် စာရင်းသွင်းထားခြင်း မရှိသေးသဖြင့် အဆိုပါကားများ၏ စာရင်းများကို အတိအကျရရှိနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အသင်းတစ်ခုဖွဲ့စည်းရန် အခက်အခဲများရှိသဖြင့် အချိန်အနည်းငယ်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး လတ်တလောတွင် မထသ(ဗဟို)မှ ယာဉ်စည်းကမ်းထိန်းသိမ်းမှု စစ်ဆေးရေးအဖွဲ့များက ယာဉ်ထိန်းရဲများနှင့်ပူးပေါင်းကာ အငှားယာဉ်များအား စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မညီညွတ်သည့် ယာဉ်များကို အရေးယူဆောင်ရွက်သွားခြင်းများကို ပြုလုပ်မည်ဖြစ်ပြီး တွေ့ရှိချက်များကို တိုင်းဒေသကြီးအစိုးရသို့ တင်ပြရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌကပြောသည်။
Myanmar Express
စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ်အသွင်ပြောင်းမည်
လယ်ယာစိုက်ပျိုးရေးဝန် ကြီးဌာနလက်အောက်ရှိတဲ့အစိုးရ ပိုင် စိုက်ပျိုးရေးဘဏ်ကို အများ ပိုင်ဘဏ်အဖြစ် ပြင်ဆင်ပြောင်း လဲဖွဲ့စည်းဆောင်ရွက်တော့မည်ဟု သိရသည်။ မြန်မာနိုင်ငံလယ်ယာ စီးပွားရေးအများပိုင်ကော်ပိုရေး ရှင်းနှင့် စိုက်ပျိုးရေးဘဏ်တို့ ပူး ပေါင်းပြီး စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် အသွင် ကူးပြောင်းဖို့ သမ္မတက ခွင့်ပြုချက်ပေးထားပြီဖြစ်တဲ့ အကြောင်း အောက်တိုဘာလ (၁၀)ရက် ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ စက်မှု လယ်ယာပြပွဲမှာ လယ်ဆည်ဝန် ကြီးဦးမြင့်လှိုင်က ထုတ်ဖော်ပြော ဆိုခဲ့သည်။
အစိုးရပိုင် စိုက်ပျိုးရေးဘဏ် အနေဖြင့် လယ်သမားများကို ထောက်ပံ့ပေးရာမှ အကန့်အသတ်တွေရှိသည့်အတွက် ယခုလို အများပိုင်ဘဏ်အဖြစ် ပြောင်း ရန်ဆောင်ရွက်ခြင်းဟု ၎င်းပွဲကို တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်အသင်း၊ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ စိုးထွန်းကပြောဆိုသည်။
အများ ပိုင်ဘဏ်ဖြစ်လာရန် လယ်သမား တွေအတွက် ပိုမိုဆောင်ရွက်ပေး နိုင်မည့် မျှော်လင့်ချက်ကိုလည်း ယခုလိုပြောဆိုသည်။
နံပါတ်( ၁) အချက်အနေနဲ့ တောင်သူလယ် သမားတွေလိုအပ်တဲ့ သွင်းအား စုကို အပြည့်အ၀ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်ဖို့အတွက် ကျွန် တော်တို့အနေနဲ့ တောင်းဆိုသွား ဖို့ရှိပါတယ်။
နံပါတ် (၂ )အနေနဲ့ ကျေးလက်ဒေသတွေမှာ စိုက်ပျိုး ရေးဘဏ်ခွဲတွေ ဖွင့်လှစ်ပေးနိုင် မယ်ဆိုရင်တော့ သူတို့ရဲ့ ငွေရေး ကြေးရေးဆိုင်ရာ ဘဏ်စနစ်လည်း ဖွံ့ဖြိုးလာပြီးတော့ ကျွန်တော်တို့ လယ်သမားတွေအနေနဲ့ Micro Finance နဲ့ပတ်သက်ပြီး ပိုပြီးဖွံ့ ဖြိုးလာပြီးတော့ ကျေးလက်တောင် သူတွေက တကယ်တမ်းမြို့တွေ၊ ဘဏ်တွေကိုသွားဖို့အတွက် အ ခက်အခဲရှိတဲ့အတွက်ကြောင့် အ ချင်းချင်း တိမ်းစောင်းမှုလေးတွေ ရှိတယ်။ ဒါလေးတွေကို အလိုလို ကာကွယ်ပြီးသားဖြစ်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
““စိုက်ပျိုးရေးဘဏ်ကို အများ ပိုင်ဘဏ်အဖြစ် လာမယ့်မိုးစပါး ရာသီချိန်မီ ပြောင်းလဲဖွဲ့စည်း သွားမှာဖြစ်ပါတယ်။ ကျေးရွာ ဘဏ်ခွဲတွေဖွင့်လှစ်သွားနိုင်တဲ့ အထိ ဆောင်ရွက်သွားဖို့ရှိပါ တယ်””ဟုလည်း ဒေါက်တာစိုး ထွန်းကပြောဆိုသည်။
အစိုးရ စိုက်ပျိုးရေးဘဏ်နဲ့ ပူးပေါင်းမယ့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းကို အခြေခံဖွဲ့စည်းထားတာဖြစ်ပြီး၊ စီးပွားရေးလုပ်ပိုင်ခွင့် တရားဝင် ရရှိထားတဲ့ တစ်ခုတည်းသော ကော်ပိုရေးရှင်းလည်းဖြစ်ကြောင်း သိရှိရသည်။

ခုနှစ်ရက်သားသမီးများအတွက် ( ၂၂.၁၀.၁၂) မှ (၂၈.၁၀.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အလုပ်အကိုင်ကောင်းနေခြင်း၊ စီးပွားတက်နေခြင်း၊ ရွှေဝင်ခြင်း၊ ကားဝင်ခြင်း၊ ပျော်ပွဲရွှင်ပွဲများ မကြာခဏပြုလုပ်ပေးခြင်း၊ ပျော်ရွှင်သောခရီးသွားခြင်းများပြုလုပ်ပါ။ရွှေလက်ကောက်ဝင်ခြင်း၊ နာရီဝင်ခြင်း၊ လက်အောက်ငယ်သားကောင်းများရောက်လာခြင်း၊ ငွေများစွာဝင်ခြင်း၊ လုပ်ငန်း တိုးချဲ့ရတတ်ခြင်း၊ အလုပ်နေရာပြောင်း ရတတ်ခြင်း၊ ကောင်းသောပြောင်းခြင်းဖြစ်သည်။
ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ မင်္ဂလာဆောင်ရန်စီစဉ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းညွန့် (၆)ညွန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇)
တနင်္လာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်တိုင်းကျပြီးပျော်ရွှင်နေမည်။ မိမိဖြစ်ချင်သောကိစ္စများအားလုံးနီးပါးဖြစ်နေတတ်သည်။ ငွေလည်းဝင်သည်။ အလုပ်တွင်နာမည်ကောင်းရနေသည်။ဆွေမျိုးသားချင်းများနှင့်ဆက်သွယ်မှုရနေသည်။ သားသမီးရှိကသားသမီးများ၏ကောင်းသတင်းကြားရတတ်သည်။ စိတ်မအားလူမအားဖြစ်နေသော်လည်းစိတ် ချမ်းသာနေမည်။ အနုပညာနှင့်ပတ်သက်သောကိစ္စများပိုပြီးလုပ်ဖြစ်နေတတ်သည်။
ကျန်းမာရေး။ အကြောတက်ခြင်း၊ ခေါင်းမူးခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိ၏သားသမီးအရွယ်ကမိမိကိုစိတ်ဝင်စားခြင်းခံရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခရေခက် (၁၅)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၃ ၅ ၈)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စိတ်များလေနေတတ်သည်။ အိုးသစ်အိမ်သစ်နေရာသစ်သို့ပြောင်းရွေ့ရတတ်သည်။ စိတ်ချမ်းသာမှုရမည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်။ အလုပ်အတွက်ဘာလုပ်လျှင်ကောင်းနိုးနိုးဖြစ်နေတတ်သည်။ အလုပ်စိတ် တိုင်းမကျဖြစ်နေတတ်သည်။ လူမပင်ပမ်းဘဲစိတ်ပင်ပမ်းနေတတ်သည်။ ၀င်ငွေမရှိဘဲထွက်ငွေများဆက် တိုက်ထွက်နေတတ်သည်။ တတ်နိုင်သလောက်ဘာသာရေးလုပ်ပြီးမေတ္တာများများပို့ပါ။ အင်တာဗြူးများ တခုပြီးတခုဖြေနေရတတ်သည်။ မကြာခင်အဆင်ပြေပါမည်။
ကျန်းမာရေး။ သွေးတိုးနေတတ်သည်။
အချစ်ရေး။ မိမိကိုစိတ်ဝင်စားသူရှိပြီး မိမိက စိတ်မ၀င်စားဘဲဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇော်စိမ်းပန်း ( ၈) ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၄ ၆ ၉)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ နိုင်ငံရပ်ခြားမှလက်ဆောင်ရခြင်း၊ နိုင်ငံခြားခရီးသွားရန်ပြင်ဆင်ထားသူများနိုင်ငံခြားခရီးကောင်းခြင်းများဖြစ်တတ်သည်။ အလုပ်တွင် ၀င်ငွေပုံမှန်ဖြစ်နေမည်။ ငွေများလည်းကုန်စရာများနေတတ်သည်။ ရာထူးတိုးခြင်းဖြစ်တတ်သည်။ အင်တာဗြူးဖြေဆိုစရာရှိလာသည်။ ရဲရဲသာဖြေပါ။ အောင်မြင်မည်။ ဆွေမျိုးသားချင်းများကိုထောက် ပံ့ပေးရတတ်သည်။
ကျန်းမာရေး။ အကြောတက်နေတတ်သည်။
အချစ်ရေး။ ချစ်သူကသံသယများပြီးစွတ်စွဲခံရခြင်းများကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွက်လှ (၄)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၅ ၇ ၀)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အစိုးရနှင့်ပတ်သက်သောကိစ္စများနေ့စဉ်သွားလာနေရခြင်း၊ အလုပ်အတွက်စိတ်တိုင်းမကျခြင်း များဖြစ်နေတတ်သည်။ စိတ်မပျော်ရွင်ဘဲ အလုပ်နေရာပြောင်းရန် စိတ်ကူးနေတတ်သည်။ ပြောင်းပါက အစစအရာရာအဆင်ပြေသွားမည်။ လူမျိုးခြားများ၏ကူညီမှုရမည်။ နိုင်ငံရပ်ခြားခရီး၊ ပြည်တွင်းခရီးရှိသည်။ ထီပေါက်တတ်သည်။ ထီထိုးဖြစ်အောင်ထိုးပါ။
ကျန်းမာရေး။ စိတ်ပင်ပမ်း၊ လူပင်ပမ်းဖြစ်ပြီး အလိုမကျဖြစ်နေတတ်သည်။
အချစ်ရေး။ အထီးကျန်နေသောကြောင့်ဘ၀လက်တွဲဖေါ်ကောင်းအလိုရှိနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဂန္ဓာ အ၀ါရောင် ( ၃)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၆ ၈ ၁)
သောကြာသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောသတင်းကောင်းကြားရတတ်သည်။ အင်တာဗြူးဖြေဆိုရန်စောင့်နေရ သည့်အချိန်ဖြစ်နေသည်။ ရွေလက်ကောက်ဝင်တတ်သည်။အလုပ်တွင် ၀င်ငွေပိုကောင်းလာတတ်သည်။ အလှအပပစ္စည်းလက်ဆောင်ရတတ်သည်။ ရာထူးတိုးခြင်းဖြစ်တတ်သည်။ မိမိအလုပ်တွင်နာမည်ဂုဏ်သတင်း ကြီးလာတတ်သည်။
ကျန်းမာရေး။ သွားဒုက္ခပေးသောကြောင့်သွားဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ ဘာမဟုတ်သောကိစ္စကြောင့်စကားများရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သပြေခက် (၆)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၇ ၉ ၂)
စနေသားသမီးများ၏ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ နိုင်ငံခြားခရီးအားကောင်းခြင်းများဖြစ်တတ်သည်။ အလုပ်တွင်အထက် လူကြီးဆရာသမား မ,စ ကိန်းရှိသည်။ ရာထူးတိုးခြင်း၊ လစာကောင်း ခြင်း၊ အပိုဝင်ငွေများရခြင်း များဖြစ်တတ်သည်။အခန်းပြောင်းရန်အကြောင်းဖြစ်လာတတ်သည်။ အလုပ်နေရာပြောင်းရန်ဖြစ် လာလျှင်ပြောင်းပါကောင်းသောပြောင်းခြင်း ဖြစ်မည်။ လက်အောက်ငယ်သားကောင်းများကြောင့် အစစအရာရာအဆင်ပြေသည်။
ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်တတ်သည်။
အချစ်ရေး။ အနေဝေးသောကြောင့်မိမိကိုအဆင်အသွယ်ပြတ်တောက်သလိုဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းဆီ အနီ (၇)ခက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၈ ၃ ၄)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- 016 6903 513 , 018 2250 510
E-mail:swezinwati@gmail.com

ထုတ်ကုန်သစ်အချို့နှင့် Android OS အသစ်ကို Google မိတ်ဆက်မည်
ကုမ္ပဏီတွင်း အစည်းအဝေးတစ်ခုတွင် ဖြန့်ဝေပြသ ခဲ့သည့် ဗီဒီယို ပေါက်ကြားသွားပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
Google က ထုန်ကုန်သစ်အချို့နှင့် Android ဗားရှင်းသစ်ကို ယခုလကုန်ပိုင်းတွင် မိတ်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီတွင်း အစည်းအဝေးတစ်ခုတွင် ဖြန့်ဝေပြသခဲ့သည့် ဗီဒီယို ပေါက်ကြားသွားပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်မည့် မီဒီယာပွဲတွင် အချက်အလက် သိမ်းဆည်းနိုင်မှု 32GB ရှိသော 3G ကွန်ရက်သုံး Nexus 7 Tablet ကို Google က မိတ်ဆက်မည်ဟုဆိုသည်။
ထို့အတူ Samsung နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော screen အကျယ် ၁၀ လက်မရှိ Nexus 10 Tablet ကိုလည်း ထုတ်ဖော်ပြသမည် ဖြစ်သည်။ Nexus 10 တွင် အသုံးပြုမည့် ၎င်း၏ OS အသစ်ဖြစ်သော Android 4.2 (Key Lime Pie) ကိုလည်း Google က စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ LG ကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်သည့် Nexus စမတ်ဖုန်းတစ်မျိုးကိုလည်း အောက်တိုဘာ ၂၉ ရက် တွင် နယူးယော့ခ်မြို့၌ ပြုလုပ်မည့် မီဒီယာအခမ်းအနားတွင် Google က မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
http://www.planet.com.mm/news/read.cfm/id/20153

ဦးခင်ညွန့် လူမြင်ကွင်းပြန်ထွက်
ဦးခင်ညွန့်တယောက် လူမြင်ကွင်းကို တဖြည်းဖြည်း ပြန်ထွက်လာပါပြီ အခုဆို နိုင်ငံရေး အကျဉ်းသား ဟောင်း အရှင် ၀ိရသူနဲ့ တွေ့နေတဲ့ ဓာတ်ပုံကို အရှင် ၀ိရသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။
ဒါဟာ တမျိုးဆန်းကျယ်နေပါတယ်။ တချို့ ဝေဖန်ရေးသားထားတာတွေကလည်း စိတ်ဝင်စားစရာပါ။ ဦးခင်ညွန့်ရော အရှင် ၀ီရသူရော ၂ ဦးလုံးဟာ လောကဓံကို အကျဉ်းသား ဘ၀တွေနဲ့ ရင်ဆိုင်ခဲ့ ရဘူး တာတော့ တူ ပါတယ်။
မတူတာကတော့ အာဏာ အရှိဆုံး ဖြစ်ခဲ့မှုနဲ့ အာဏာ မရှိဆုံး ဖြစ်ခဲ့ရတာတွေပါ။ ဦးခင်ညွန့်ကတော့ မကြာသေးခင်ကလည်း သမ္မတ ဦးသိန်းစိန်ကို မဝေဖန်သင့်ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဒီအပြင် ကြံ့ခိုင်ရေး ပါတီနဲ့ပတ်သက်ပြီး အရင်ကနဲ့ အခု ရည်ရွယ်ခဲ့တာတွေ လုံးဝ မတူတော့ဘူးလို့ မှတ်ချက် တိုတိုရှင်းရှင်း ကို ပြောသွားခဲ့ပါသေးတယ်။
ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ကို နေအိမ်အကျယ်ချုပ်ချမှတ်ခံထားရာက သမ္မတ ဦးသိန်းစိန်ရဲ့ ယခုနှစ်ဆန်းပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး လူမှုရေး လုပ်ငန်းတွေသာ လုပ်ကိုင်နေပါတယ်လို့ သူက ဆိုထားပါ တယ်။
ပြန်လည်လွတ်မြောက်လာပြီး ဒီပဲယင်း ကိစ္စမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ အသက်ကို ကယ်တင်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အတော်ပွဲဆူခဲ့ပါတယ်။ သူကတော့ ဒီစကားကိုလည်း မပြောခဲ့ဘူးလို့ အစိုးရ သတင်းရဲတပ်ဖွဲ့က ထွက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရသည်အထိဖြစ်ခဲ့ရတာပါ။
http://blog.irrawaddy.org/2012/10/blog-post_7979.html
အမြင်မတော် ဆင်တော်နှင့် ခလောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ ကို ဂုဏ်သိက္ခာနှင့်အညီ စနစ်တကျ နည်းလမ်းမှန်ဖြင့် အသုံးပြုနိုင်ကြစေရန် နိုင်ငံတော်အလံဥပဒေကို (၂၁-၁၀-၂၀၁၀)နေ့က ဥပဒေအမှတ်(၈/၂၀၁၀)ဖြင့် အမိန့်ထုတ်ပြန်ပြဌာန်းထားပါသည်။ နိုင်ငံတော်အလံဥပဒေတွင်-ပုဒ်မ ၁၃။နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍မည်သူမျှအောက်ဖေါ်ပြပါ တစ်ခုခုကို မပြုလုပ်ရ-
(က)နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ဂဏန်း၊ရုပ်ပုံနှင့်သင်္ကေတ စသောအ မှတ်အသားတစ်ခုခုကို ရေးသားချယ်လှယ်ခြင်း ၊တွယ်ကပ်ခြင်း၊ပုံနှိပ်ခြင်း၊(သို့)တစ်ခုခုဖြင့် အရာထင်စေခြင်း
(ခ)နိုင်ငံတော်အလံကို (၁)အဆင်းအရွယ်၊ပုံသဏ္ဍန်(သို့)အချိုးအစားပျက်ပြားရန်ပြုခြင်း(၂)ပြဌာန်းခွင့်ပြုထားခြင်းမရှိသည့်နေရာ၊ဒေသနှင့်ကိစ္စများတွင် အသုံးပြုခြင်း။(၃)မလေးမစားပြုခြင်း၊။
ပုဒ်မ(၁၃)ပါ ပြဌာန်းချက်ကိုဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ့ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေတွင်ပါရှိသည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဗဟိုညီလာခံကို အောက်တိုဘာ(၁၄)ရက်မှ (၁၇)ရက်နေ့အထိ နေပြည်တော် တွင်ကျင်းပခဲ့ပါသည်။ညီလာခံဖွင့်ပွဲတွင် တေးသရုပ်ဖော်အစီအစဉ်ဠ် နိုင်ငံတော် အလံကို ဇောက်ထိုးပြောင်းပြန်လွှင့်ထူခဲ့သည်ကို TRUE NEWS ဂျာနယ်မျက်နှာဖုံးတွင် တွေ့လိုက်ရပါသည်။
ထိုဂျာနယ်တွင်ရေးသားထားသည်မှာ နိုင်ငံတော်၏ အထွတ်အမြတ် အလံတော်ကို ပြောင်းပြန်လွှင့်ထူခြင်းသည် ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ယတြာအစီအရင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်းပါရှိပါသည်။ဗေဒင်ယတြာအလိုအရ တည်ဆဲဥပဒေ ကို ချိုးဖောက်၍ရပါ၏လော၊ဥပဒေအထက်တွင်မည်သူမှ မရှိပါ ။နိုင်ငံတော်က အသိအမှတ်ပြုလေးစား လိုက်နာကြရသောနိုင်ငံတော် အလံဥပဒေကို အထင်ကရပါတီကြီးကိုဖေါက်ဖျက်ကြူးလွန်ခွင့် မည်သူကခွင့်ပြုခဲ့ပါသနည်း။
နိုင်ငံတော်အလံကပြောင်းပြန်ဇောက်ထိုးလွှင့်ထူဖြင်းသည်အမြင်မတော်ဆင်တော်နှင့်ခလောက်ဆိုသလိုဖြစ်နေပါသည်။(ဦးခင်ဇော် (မရမ်းကုန်း)၏ ဆောင်းပါးမှ ကောက်နှုတ်ထားပါသည်။)