Friday, October 19, 2012

ကချင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်ရှိ တပ်မတော်တပ်ရင်းများကို တစ်ဆင့်ချင်း ရုပ်သိမ်းသွားမည်ဟု ဦးအောင်မင်း ပြောကြား

အငြင်းပွားဖွယ်ဖြစ်နေသော ကချင် ပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်ရှိ မြန်မာ့ တပ်မတော် တပ်ရင်းများကို တစ်ဆင့်ချင်း ရုပ်သိမ်းသွားမည်ဟု သိရသည်။ ရှေးဦးစွာ တိုက်ပွဲဖြစ်ပွားရာ လက်တစ်ကမ်းအကွာရှိ စစ်တပ်ရင်းများကို နောက်တန်းစစ်စခန်း များသို့ ပြန်လည်ဆုတ်ခွာရန် စီစဉ်သွားမည်ဖြစ်ပြီး ယင်းနောက်တန်း စစ်မျက်နှာရှိ စစ်တပ်ရင်းများအား စစ်အခြေစိုက်နေရာများသို့ တစ်ဆင့်ချင်း ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တပ်မတော် စစ်တပ်ရင်းများ ရုပ်သိမ်းမှုကို လာမည့် ရက်သတ္တနှစ်ပတ်နှင့် တစ်လ အတော အတွင်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဦးအောင်မင်းက အောက်တိုဘာလ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားကြောင်း ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင် ကိုထွန်းအောင်ကျော်က အောက်တိုဘာလ ၁၃ ရက်က ပြောသည်။

“ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီနှစ်ပတ်တစ်လအတွင်း သတင်းကောင်း ကြားရတော့မှာပါလို့ ဝန်ကြီးက ပြောတယ်။ လက်တစ်ကမ်း အကွာမှာရှိတဲ့ စစ်တပ်ရင်းတွေကို တစ်ဆင့်ချင်း ပြန်ရုပ် သွားပြီး နှစ်ဦးနှစ် ဖက် နိုင်ငံရေး အရ ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်အောင် စီစဉ်နေတယ်လို့ ပြောတယ်” ဟု ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေးမစ်ရှင် အဖွဲ့ဝင်အချို့က ပြောသည်။

ယင်းကဲ့သို့ ရှေ့တန်း စစ်မျက်နှာပြင်ရှိ တပ်မတော် တပ်ရင်းများကို တစ်ဆင့်ချင်း ရုပ်သိမ်းသွားပါက တပ်မတော်အစိုးရနှင့် ကေအိုင်အို (ကေအိုင်အေ) တပ်မတော်ကြား နှစ်ပေါင်း ရှည်ကြာ ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများ အဆုံးသတ်သွားနိုင်ခြေရှိပြီး ဒီမိုကရေစီတိုင်းပြည် ဖြစ်ထွန်းပေါ်ပေါက်မှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး မစ်ရှင်အဖွဲ့ဝင် မူးသာက ပြောသည်။

ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင် ထွန်းအောင်ကျော်၊ မူးသာ၊ ကိုကိုလေးတို့ ၃ ဦးသည် အောက်တိုဘာလ ၁၂ ရက်က နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သည်။ ၄င်းတို့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ကာလအတွင်း ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ဇော်မိုင်၊ ဒေါက်တာ တူးဂျာတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၄င်း၏ အမေရိကန် ခရီးစဉ်အတွင်း ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် မိမိတပ်မတော်မှ တပ်မှူးများအား ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ရန် အမိန့်ထုတ်ပြန်ထားသော်လည်း ပစ်ခတ်မှုတွေ ဖြစ်ပွားနေခြင်းမှာ တစ်ဖက်မှ ပစ်ခတ်လာသည့်အပေါ် ခုခံ ကာကွယ်မှု သဘော တုံ့ပြန်ခြင်းသာ ဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရှိရသည်။

Myanmar Express

NLD ပါတီတွင်းပြဿနာများမဖြေရှင်းနိုင်ပါက ပါတီဖျက်သိမ်းမည်ဟု NLD ပါတီနာယက ဦးတင်ဦး ပြောကြား


အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အတွင်း ဖြစ်ပေါ်နေသည့် ပါတီတွင်းပြဿနာများကို အချင်းချင်းပြေလည်အောင် ဖြေရှင်းကြရန်နှင့် မဖြေရှင်းနိုင်တော့ပါက ပါတီအား ဖျက်သိမ်းမည်ဖြစ်ကြောင်း NLD ပါတီနာယက ဦးတင်ဦးက ပြောကြားလိုက်ကြောင်းသိရှိရသည်။အဆိုပါ ပြဿနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးထက် တခြားနယ်ဒေသ များတွင် အဖြစ်များကြောင်း ဦးတင်ဦးက ယမန်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို-တိုင်း-ခရိုင်-မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်များ ညှိနှိုင်းကျင်းပရေးစီမံချက် ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

“အများဆုံးက ပါတီအဖွဲ့ဝင်ဟောင်းနဲ့ ပါတီအဖွဲ့ဝင်သစ်တွေပေါ့။ လူဟောင်းက လူသစ်တွေကို ပါတီဝင်ခွင့် မပေးတဲ့ကိစ္စကတော့ မဖြစ်သင့်ပါဘူး” ဟု ဦးတင်ဦးက ဆိုသည်။

ပါတီဝင် အချင်းချင်းဖြစ်သည့် ပဋိပက္ခကိစ္စကို မိမိ အဖွဲ့အစည်းက ပြေလည်အောင် ဖြေရှင်းသင့်ကြောင်း၊ တခြား အပြင် ရပ်ရွာအုပ်ချုပ်ရေး၊ လုံခြုံရေး ရဲများကို ဖြေရှင်းခိုင်းပါက ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက် နိုင်ကြောင်း၊ထိုသို့ မညီမညွတ် ဖြစ်မှုကြောင့်လည်း လုံးခြုံရေးအရ ပါတီအတွင်းသို့ လာရောက်စစ်ဆေးမှုများ ဖြစ်ပွားနိုင်သဖြင့် ပါတီအတွက်လည်း မကောင်းကြောင်း ဦးတင်ဦးက ဆက်ပြောသည်။ သုံးခွမြို့နယ်အတွင်းရှိ NLD ပါတီ အတွင်း ပြဿနာများနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်း စုကြည် သွားရောက်ဖြေရှင်းပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အသုံးမကျမူကြောင့် မပြေလည်နိုင်ဘဲ ဖြစ်ခဲ့ကြောင်းသိရှိရသည်။

NLD ပါတီအနေဖြင့် တိုင်းနှင့်ပြည်နယ်များတွင် NLD ညီလာခံများ ပြုလုပ်နေသော်လည်း NLD ပါတီဝင်များအနေဖြင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အသုံးမကျမူနှင့် ပါတီ၏ ရည်ရွယ်ချက် များပျောက်နေသောကြောင့် ပြည်ခိုင်ဖြိုးပါတီ နှင့် အခြားပါတီများသို့ ရွေ့ပြောင်းမူများ ဖြစ်ပေါ်လျှက်ရှိနေကြောင်းလည်း သိရှိရသည်။

Myanmar Express

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ စစ်တပ် လေ့လာသူ အဖြစ် ပါဝင်ရန် အမေရိကန် ကမ်းလှမ်း


အာရှဒေသတွင်းရှိ အမေရိကန် နှင့် မဟာမိတ်နိုင်ငံ များ နှစ်စဉ်ပြုလုပ်နေ ကျ စစ်ရေးလေ့ကျင့်မှုကို ယခုနှစ်တွင် မြန်မာ နိုင်ငံ က လေ့လာသူ အဖြစ် ပါ ၀င်ရန် အမေရိကန် က ကမ်းလှမ်းထား သည် ဟု ရိုက်တာ သတင်း ဌာန က သီးသန့် ရရှိ သည့် သတင်း တွင် ဖော်ပြထားသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် စင်ကာပူ နိုင်ငံမှ ကြည်း၊ ရေ၊ လေ စစ်သား များ နှင့် ခောတ်မှီစစ်လက်နက် ပစ္စည်းများ သုံးကာ စစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။

တရုတ် စစ်ရေး ၀ှက်ဖဲ ရှန်ဂရီလာ တွင် အာရှ နိုင်ငံ များ ကို စိတ်မသက် သာ ရာ ဖြစ်စေ

အဆိုပါစစ်ရေး လေ့ကျင့်မှု သည် အာရှ ဒေသအတွင်း တည်ငြိမ်မှု အတွက် ဖြစ်သည်။ထိုင်း နိုင်ငံ သည် ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်မှု များ ကိုလက်ခံ လာရာ နှစ် ပေါင်း ၃၀ ရှိသွားပြီ ဖြသ်သည်။ တောင်ကိုရီးယား နိုင်ငံသည် ၂၀၁၀ခုနှစ် ကမှ ရွှေမြွေဟောက် စစ်ဆင်ရေး တွင် ပူးပေါင်း ခဲ့ခြင်း ဖြစ်သည်။

တရုတ် နိုင်ငံ က ဂျပန် ၊ တောင်ကိုရီယား တို့  နှင့် ပိုင်ဆိုင် မှု အငြင်း ပွား နေသည့် ကျွန်းများ တွင် ရေတပ် စစ်ရေး လေ့ကျင့် မှု ပြု လုပ် နေစဉ် အမေရိကန် က ငွေကြေး စိုက် ထုတ် ပြီး ဦးဆောင်ပြု လုပ်သည့် Cobra Gold စစ်ရေး လေ့ကျင့် မှု တွင် မြန်မာ နိုင်ငံ ပါဝင် ရန် ဖိတ် ခေါ် ကြောင်း သတင်း ထွက် ပေါ် ခဲ့ ခြင်း ဖြစ်သည်။

Cobra Gold စစ်ရေး လေ့ကျင့် မှု ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါလဆန်း တွင် ကျင်းပ နိုင်ဖွယ် ရှိ သည်။

မြန်မာ နိုင်ငံ သည် ဗြိတိသျှ နှင့် လည်း စစ်ရေး ဆက်ဆံ မှု တိုးမြှင့် လုပ်ဆောင် လျှက်ရှိသည်။

၂၀၁၂ ခုနှစ် က ထိုင်း နိုင်ငံ အရှေ့  ပိုင်း ရှိ ချွန် ဘူရီ တွင် နောက်ဆုံး ကျင်း ပခဲ့ သည့် ရွှေမြွေဟောက် စစ်ရေး လေ့ ကျင့် မှု တွင် အမေရိကန် လက်နက် ကိုင် တပ် ဖွဲ့  ၀င် တစ်သောင်း ပါဝင်ခဲ့ သည်။

မြန်မာ နိုင်ငံ သည် ၁၉၈၀ မှ ၁၉၈၅ ခုနှစ် အတွင်း အမေရိကန် နိုင်ငံ ရှိ စစ်တက္ကသိုလ်များ စစ်သင်တန်း ကျောင်း များ သို့  မြန်မာ အရာ ရှိ ၂၀၀ ကျော် တက် ရောက် ခဲ့သည်။

အမေရိကန် ၏ ရွှေမြွေဟောက် စစ်ရေး လေ့ကျင့် မှု တွင် မြန်မာ ပါဝင် ရန ဖိတ် ခေါ် ခြင်း သည် မြန်မာ အစိုးရ နှင့် ပဋိပက္ခ ဖြစ် ပွား နေသည့် တိုင်းရင်း သား လူနည်းစု လက်နက် ကိုင်များ အတွက် စိတ်မသက် မသာ ဖြစ်စေမည် ဟု ရိုက်တာ က ဆိုသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းဆီးရန် ထိုင်းတရားရုံးချုပ်က အမိန့်ထုတ်ပြန်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းဆီးရန် ထိုင်းတရားရုံးချုပ်က အမိန့်ထုတ်ပြန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဖမ်းဆီးရန်အတွက် ထိုင်းတရားရုံးချုပ်က အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရပြီး အကျင့်ပျက်ခြစားမှုအတွက် သီးခြားထောင်ဒဏ်ချမှတ်မှုကို ရှောင်တိမ်း ရန် ပြည်ပတွင် နေထိုင်နေသူဖြစ်သည်။ နိုင်ငံပိုင် Krung Thai ဘဏ်မှ ထုတ်ချေးခဲ့သည့် ချေးငွေများနှင့်ပတ်သက်ပြီး ရုံးတင်စစ်ဆေးခံရသည့် တရားခံ ၂၇ ဦးထဲတွင် သက်ဆင်လည်း ပါဝင်ခဲ့သည်။ ဘန်ကောက်တရားရုံးသို့ သက်ဆင်လာရောက်ရန် ပျက်ကွက်မှုသည် ရှောင်တိမ်းမှုလက္ခဏာများကို ပြသခြင်းဖြစ်ကြောင်း သဘာပတိတရားသူကြီး ကိုးဦးတွင်ပါဝင်သည့် တရား သူကြီးတစ်ဦးက ပြောကြားခဲ့သည်။

"သက်ဆင်ကို ဖမ်းဝရမ်းထုတ်ပြန်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရရှေ့နေတွေက သူ့ကိုတရားရုံးကို ခေါ်ဆောင်လာနိုင်တဲ့အထိ ရုံးတင်စစ်ဆေးမှုကို ဆိုင်းငံ့သွားမှာပါ" ဟု သူက ပြောကြားခဲ့သည်။ သက်ဆင်သည် အာဏာအလွဲသုံးစားပြုမှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုတို့ ပါဝင်သော စွဲချက်ငါးခုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲခံရသူများထဲတွင် Krung Thai ဘဏ်မှ အမှုဆောင်အရာရှိ ဟောင်းများလည်း ပါဝင်ခဲ့သည်။

Krung Thai ဘဏ်မှ အမှုဆောင်အရာရှိဟောင်းများသည် သက်ဆင်အာဏာရှိနေဆဲ အချိန်အတွင်း သူတို့၏ရာထူးကို အသုံးပြုပြီး ဘဏ္ဍာရေးအခြေအနေ ယိမ်းယိုင်နေသော ကုမ္ပဏီများကို ငွေချေးငှားခဲ့မှုဖြင့် တရားစွဲခံရခြင်းဖြစ်သည်။ အာဏာအလွဲသုံးစားမှု စွဲချက်သည် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကျခံရမည်ဖြစ်သည်။ အစိုးရရှေ့နေများသည် နစ်နာကြေးအဖြစ် ဘတ် ၁၀ ဒသမ၅ ဘီလျံ ပြန်လည် ပေးအပ်ရန် တောင်းဆိုသွားမည်ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံမှ တိမ်းရှောင်ခဲ့သည့် သက်ဆင်ကို ဖမ်းဆီးရန် စုစုပေါင်းဖမ်းဝရမ်းခြောက်ခု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ မြေယာဝယ်ယူမှုအတွက် အာဏာအလွဲသုံးစားပြုမှု၊ ခြစားမှုစွဲချက်အတွက် ဆိုင်းငံ့ထားသည့် ရုံးတင်စစ်ဆေးမှု လေးခုအတွက် သက်ဆင်ကို ဖမ်းဝရမ်းများ ထုတ်ထားခဲ့သည်။

၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော လူသေဆုံးမှုများဖြစ်ခဲ့ရသည့် ရှပ်နီဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် ပြန်လည်ရင်ကြားစေ့ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် အဆိုတစ်ခုကို ဆွေးနွေးတင်ပြခဲ့သည်။ သို့သော် ယင်းအစီအစဉ်သည် ထိုင်းသို့ သက်ဆင်ပြန်လာနိုင်ရန် ရည်ရွယ်မှုဖြစ်သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။

Myanmar Express

ကွန်ပျူတာ မော်နီတာပေါ် Graffiti ရေးမယ်

Graffiti ၀ါသနာရှင်တွေ အနေနဲ့ Graffiti ကို အဆောက်အအုံ နံရံတွေ၊ အုတ်တံတိုင်းတွေ၊ ဂိုဒေါင်တွေ နောက်ဖေးလမ်းကြားတွေမှာ ရေးနေတာကနေ ကွန်ပျူတာ မော်နီတာပေါ်မှာ ရေးတာဆိုတော့ နည်းနည်းတော့ စဉ်းစားစရာဖြစ်သွားမှာပါ။ ဟုတ်ပါတယ် ပြင်ပပတ်ဝန်းကျင်မှာ မှုတ်ဆေးတွေ၊ Marker Pen တွေ၊ အိုးမည်းခဲတွေ၊ မြေဖြူတွေ အမျိုးမျိုးသုံးပြီးရေးတာထက် အခုတော့ ကွန်ပျုတာ မော်နီတာပေါ်မှာပဲ အင်တာနက် အသုံးပြုပြီး Graffiti ရေးတာကို ဆိုလိုတာဖြစ်ပါတယ်။ အပြောင်းအလဲပေါ့။

အွန်လိုင်း Graffiti အတွက် ပထမဆုံး ကွန်ပျုတာတစ်လုံးတော့ လိုပါမယ်။ ပြီးတော့ ထုံးစံအတိုင်း ကော်နက်ရှင်ကောင်းကောင်းနဲ့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှုလေး တစ်ခုလောက်တော့ရှိမှဖြစ်မှာပါ။ အဲဒီ့ နှစ်ခု ရှိနေရင်တော့ အခြေခံလိုအပ်တွေ ပြီးပြည့်စုံပြီလို့ ဆိုနိုင်ပါတယ်။ ရက်ကွက်ထဲက အုတ်တံတိုင်း အလွတ်မှာ ညဘက် ခိုးပြီး Graffiti ဆွဲတာထက်တော့ ပိုပြီး အဆင်ပြေလွယ်ကူမယ်လို့ ထင်ပါတယ်။

ကွန်ပျုတာလည်း ဖွင့်ပြီးပြီ၊ အင်တာနက်လည်း ရနေပြီ ဆိုရင်တော့ www.graffiticreator.net ကို ၀င်လိုက်ပါ။ သင့် စိတ်ကြိုက် Graffiti ကို ဖန်တီးရေးဆွဲပေးမယ့် Flash Base Website တစ်ခု ကော်နက်ရှင်ပေါ်မူတည်ပြီး ရောက်ရှိသွားပါလိမ့်မယ်။ အရမ်းကို လွယ်ကူပါတယ် ပြီးတော့ စိတ်ကူးညဏ်တွေနဲ့ ဖန်တီးပေါင်းစပ်ခွင့်ကိုပေးထားပါတယ်။

ပထမဆုံး Website စာမျက်နှာကနေ ပေါ်လာမှာက Graffiti ရေးဆွဲသူ Mindgem ရဲ့ Style နဲ့ Font ပုံစံ အသုံးပြု Application တစ်ခုပါ။ စာလုံးရေ အများဆုံး ၈ လုံးအထိ ရေးဆွဲလို့ရပါတယ်။

အဲဒီ့မှာ အောက်ခံစာလုံးကို မိမိစိတ်ကြိုက် အရင်ဆုံး ရေးသွင်းပြီး Generate လုပ်ရပါမယ်။ Nickname, Group Name အစရှိသဖြင့် စာလုံးရေ ၈ လုံးထက်တော့ ပိုလို့ မရတာ နည်းနည်း သတိထားပါ။ အခမဲ့ Website တွေရဲ့ ထုံးစံအတိုင်း ကန့်သတ်ချက်လေးတွေကတော့ ရှိပါတယ်။

ပြီးတော့ ကာလာဖြည့်ရပါမယ်။ ရိုးရိုးလေး ကာလာဖြည့်မယ်လို့ ဆိုလိုက်ပေမယ့် ဒီနေရာမှာ အဆင့်တွေ အများကြီး အခန်းဏ္ဍတွေ အများကြီး စိတ်ကူးတီထွင်ဆန်းသစ်မှုတွေ အများကြီးဆိုတာ Graffiti Crazy တွေ သိပြီးသားဖြစ်မှာပါ။ နံရံပေါ်မှာ စာလုံးကောက်ကြောင်းတွေရေးဆွဲပြီး ကာလာသွင်းဖို့ လက်မှိုင်ချပြီး စဉ်းစားမရဖြစ်တာမျိုး ဒီနေရာမှာ ကြုံရပါလိမ့်မယ်။ အပြင်မှာ ဆွဲတုန်းက ကာလာမသွင်းနိုင်ဘဲ မပြီးသေးလို့ ပစ်ထားပြီး ထွက်ပြေးလို့ ရပေမယ့် အခုတော့ ကွန်ပျုတာပေါ်မှာပဲ ရေးဆွဲတာဆိုတော့ ထွက်ပြေးစရာတော့မလိုပါဘူး။ နည်းနည်းလေး ဦးနှောက်ခြောက်ရုံတင်ပါ။


(စာလုံး ၈ လုံး ပါဝင်တဲ့ Mandalay ကို စမ်းသပ်ဆွဲထားပုံ)

အရောင်သွင်းခြင်း ပထမအဆင့် အနေနဲ့ စာလုံးတစ်ခုလုံးရဲ့ အဓိကအောက်ခံအရောင်ကို ထည့်ရပါမယ်။

အရောင်တွေထည့်တဲ့ နေရာမှာ ထည့်ချင်တဲ့အရောင်ကို စိတ်ကြိုက်စပ်ဟပ်ပြီးထည့်နိုင်ပါတယ်။ အပြင်က နံရံမှာရေးတာလို အရောင်မကြိုက်လို့ ပြန်ဖျက်ရတာမျိုး မရှိတော့ဘူးပေါ့။ စိတ်ကြိုက်အရောင်ကို အနုအရင့် လိုသလို ဖန်တီးရေးဆွဲခွင့်ပေးထားပါတယ်။ မှုတ်ဆေးဘူးတွေ အများကြီး မကုန်တော့သလို ပြန်ပြင်ပြန်ဖျက်လို့ရတော့ အချိန်ကုန် လူပန်း သက်သာပါတယ်။

ဒုတိယ အဆင့် အနေနဲ့ Application ထဲမှာရေးထားသလို Sunset နဲ့ Sunrise ဆိုတဲ့ စာလုံးတစ်ခုချင်းစီရဲ့ အပေါ်နဲ့အောက်ဖက်က အောက်ခံအရောင်များကို ထပ်ပြီးချယ်မှုန်းရပါလိမ့်မယ်။ မဖြစ်မနေတော့မဟုတ်ပါဘူး - အဆင့်တစ်ခုအနေနဲ့ပါ။ မထည့်ချင်လို့ ကျော်သွားလည်း ပြဿနာမရှိပါဘူး။

တတိယ အဆင့် အနေနဲ့တော့ Bubbles လို့ရေးထားတဲ့ စက်ဝိုင်းပုံ ဆေးစက်ကျတဲ့ စတိုင်လ်ကို ကိုယ့်စိတ်ကြိုက်အရောင်နဲ့အတူ ထည့်သွင်းရမှာပါ။ ဒီအဆင့်က ဘာနဲ့တူလဲ ဆိုတော့ နံရံတွေပေါ်မှာ Graffiti ရေးပြီးသွားတဲ့အခါ ပုံပေါ်ကို ကျန်နေသေးတဲ့ ဆေးတွေနဲ့ ဖြစ်ကတတ်ဆန်း ပက်လိုက်လို့ဖြစ်သွားတဲ့ ဆေးစက် အ၀ိုင်းလေးတွေနဲ့တူပါတယ်။ အဲဒီ့ ဆေးစက်အ၀ိုင်းကိုပဲ ဒီဇိုင်း နေရာ ၂ မျိုးနဲ့ ထည့်သွင်းဖို့ စီစဉ်ပေးထားပါတယ်။

နောက်ထပ် ထပ်ဖြည့်လို့ရမယ့် အဆင့် တစ်ခုကတော့ Stripes လို့ခေါ်တဲ့ Graffiti စာလုံးပေါ်မှာ အစင်းတွေ ထပ်ထည့်တာပါ။ စိတ်ကူးကောင်းရင်ကောင်းသလို အဆင်ဒီဇိုင်း ၃ မျိုးလောက်နဲ့ ဆန်းသစ်တီထွင်ပြီး ခြယ်မှုန်းလို့ရပါမယ်။

အဲ့ဒီ အဆင့်တွေအားလုံးပြီးရင်တော့ အခြေခံ စာလုံးဒီဇိုင်းရဲ့ Shadow ကို အရောင်အမျိုးမျိုးနဲ့ ထည့်သွင်းဖို့ ဖြစ်လာပါလိမ့်မယ်။ Shadow ပြီးမှ အောက်လိုင်းတွေ အနားသတ်မျဉ်းတွေ Highlight ဘောင်အနားသတ်တွေ လိုသလို စိတ်ကြိုက်ထပ်ထည့်ပေါ့။ ဒါက Graffiti ရေးဆွဲသူ Mindgem ရဲ့ ဒီဇိုင်း Font အမျိုးကွဲတွေထဲက တစ်ခုပါ။

နောက်ထပ် Style ၁၀ မျိုးပေးထားပါသေးတယ်။

Style တစ်မျိုးနဲ့ တစ်မျိုး အသုံးပြုပုံခြင်း သိပ်တော့ မကွာပေမယ့် အရောင်သွင်းတဲ့ အခါမှာ အဆင့်တွေ အနည်းငယ် ကွာခြားသွားပါတယ်။

အမျိုးမျိုးသော Font Style တွေကိုလည်း စမ်းသပ်ပြီးသွားပြီ ကိုယ့်စိတ်ကြိုက် Graffiti ကိုလည်း ရေးဆွဲပြီးသွားပြီ ဆိုရင်တော့ ဘာဆက်လုပ်မလဲ စဉ်းစားစရာဖြစ်လာပါလိမ့်မယ်။ ကွန်ပျုတာကို မပိတ်ဘဲ ဒီအတိုင်းထားပြီး Graffiti ကို ခံစားမနေမှာတော့ ကျိန်းသေပါတယ်။ ဒါဆိုရင် အပြင်ထုတ်ဖို့ ကြိုးစားကြည့်ရအောင်ပါ။ ပေးထားတဲ့ Font ၁၀ မျိုးထဲမှာ တချို့ Font တွေက ကွန်ပျုတာထဲမှာ ပြန်လည်သိမ်းထားဖို့ Save လုပ်ခွင့်ပေးထားပေမယ့် သိပ်ပြီး အဆင်မပြေပါဘူး။ Resolution ကောင်းကောင်း မရပါဘူး ဖုန်းထဲမှာထည့်ပြီး သူငယ်ချင်းတွေကို ပြန်ကြွားဖို့ လောက်ပဲဖြစ်ပါလိမ့်မယ်။

အဲ့ဒီတော့ Website ရေးဆွဲသူကိုယ်တိုင်က လိုလိုလားလားမပေးတာကို Print Screen တွေ ဘာတွေ လုပ်ပြီးလည်း ယူမနေပါနဲ့။ ရှုပ်ပါတယ် ကိုယ့်အတွက်လည်း အသုံးဝင်မယ် အသုံးပြုဖို့လည်း လိုအပ်မယ် ဆိုရင်တော့ ပိုက်ဆံပေးပြီး ၀ယ်လိုက်တာကောင်းပါတယ်။

http://www.customgraffiti.net/ ကို ထပ်ပြီး သွားရပါလိမ့်မယ်။ နမူနာပုံတွေ အများကြီး ဆွဲပြထားပါတယ်။ အဲ့ဒီထဲကမှ ကိုယ်လိုချင်တဲ့ Theme၊ ကိုယ်လိုချင်တဲ့ စကားလုံး နဲ့ ဒီဇိုင်းကို မေးလ်ပေးပို့ပြီးမှာယူရမှာပါ။ $10 USD per letter! လို့ ပေါ်တင် ဈေးပြောထားပါတယ်။ အော်ဒါအပ်မယ် ဆိုပြီး မေးလ်းပို့လိုက်ရင် ကိုယ်လိုချင်တဲ့ပုံစံအတိုင်းဆွဲထားတဲ့ Graffiti နမူနာကို Resolution ချထားတဲ့ File နဲ့ မေးလ်ပြန်လည်ပေးပို့ပါလိမ့်မယ်။ အဲ့ဒါကို ကြိုက်မှ အွန်လိုင်းကနေငွေချေပြီးမှ Resolution ကောင်းကောင်းနဲ့ မူရင်း Photoshop ဖိုင်တွေကို မူပိုင်ခွင့်နဲ့တကွပြန်လည်ပေးပို့မယ်လို့ ဆိုထားပါတယ်။

ဒီအပေါ်က Graffiti Creator Application က အခမဲ့လို့ပြောထားတဲ့အတိုင်းပဲ Graffiti ကို မြည်းစမ်းကြည့်ရုံ၊ စမ်းသပ်ရေးဆွဲကြည့်ရုံနဲ့ ကာလာစပ်တာတွေကို လက်တည့်စမ်းရုံသက်သက်လောက်ပဲ အသုံးဝင်ပါမယ်။ အဲ့ဒီတော့ Creator နဲ့ Graffiti ရေးဆွဲရတာဟာ ပြင်ပမှာရေးဆွဲဖို့ အတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်။ တကယ်တမ်း Graffiti ရဲ့ အနှစ်သာရကိုလည်း ပြင်ပကမ္ဘာမှာ ရေးဆွဲမှ ရတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ အဲ့ဒီတော့ Graffiti Tutorial လို့ ပဲသဘောထားပြီး အခမဲ့ပေးထားတဲ့ Application ကို အသုံးပြုစေလိုပါတယ်။

လွတ်လပ်မှု ခံစားမှု ဖန်တီးမှု နဲ့ ပေါက်ကွဲမှုရသတွေကိုတော့ ပြင်ပလောက နံရံများပေါ်မှာပဲ ရှာဖွေတွေ့နိုင်ပါလိမ့်မယ်။

http://blog.irrawaddy.org/2012/10/graffiti.html

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို လာမည့်လ သွားမယ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၄၀ လောက် ကင်းကွာခဲ့တဲ့ အိန္ဒိယ နိုင်ငံကို ပြန်လည် ရောက်ရှိ မှာလည်းဖြစ်တယ်လို့ ဟိန္ဒူ စီးပွားရေး သတင်းနဲ့ The Telegraph သတင်းစာတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာ ရက်သတ္တ တပတ်ကြာနေထိုင်မှာဖြစ်ပြီး ဂျာဝါဟာလာ နေရူး အမှတ်တရ အနေနဲ့လည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိန့်ခွန်းတခု ပြောမှာဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယအရာရှိတွေအဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေလီမြို့ပြင်ကိုလည်း သွားရောက်နိုင်တယ်လို့ ဆိုပေမယ့် ခရီးစဉ် အတိအကျကိုတော့ မသိရသေးပါဘူး။

အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းမ်ကလည်း ဒီနှစ် အစောပိုင်း ရန်ကုန်ကို သွားတုန်း က ဒေါ်အောင်ဆန်း စုကြည် ကို အိန္ဒိယ နိုင်ငံကို လာဖို့ ဖိတ်ခေါ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရလည်း မိန့်ခွန်း ပြောပေးဖို့ ဖိတ်ကြားခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၂ ခုနှစ်က နိုင်ငံတကာ နာလည်မှုအတွက် ဂျဝါဟာလာ နေရူး ဆုကို လည်း ချီးမြှင့်ခံခဲ့ရတာပါ။ မိခင်ဒေါ်ခင်ကြည်အနေနဲ့ ပထမဆုံး အမျိုးသမီးသံအမတ်အဖြစ် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ခန့်အပ်ခံရပြီး ၁၉၆၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံ ကို ရောက်လာခဲ့စဉ် နယူးဒေလီမှာ ကျောင်းတက်ခဲ့ပါတယ်။

http://blog.irrawaddy.org/2012/10/blog-post_2196.html

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီတွင် တွေ့မည်

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များသည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးကြရန် သဘောတူထားကြကြောင်း သိရသည်။

တရုတ်နိုင်ငံ ရွှေလီမြို့၌ ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင်
အစိုးရ ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားတို့ ဆွေးနွေးချက်များ အပြန်အလှန် ဖလှယ်နေစဉ်
(ဓာတ်ပုံ – KIO)

နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံမည့် နေ့ရက်ကို အတိအကျ မသိရသေး သော်လည်း တရုတ်နိုင်ငံ ရွှေလီမြို့ကို အဆိုပြု ထားကြောင်း KIO မှ ဒု နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင် (James Lumdau) က ဧရာဝတီသို့ ပြောသည်။

ယမန်နေ့မှ စတင်၍ KIO ခေါင်းဆောင်များ ၎င်းတို့၏ ထိန်းချုပ် ဒေသတွင် ဆွေးနွေးနေဆဲ ဖြစ်သည့် အတွက် ညှိနှိုင် ဆွေးနွေးပြီးမှ သာလျှင် တွေ့ဆုံမည့် နေ့ရက်ကို သိရှိရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လတွင် အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရန် သမ္မတ ဦးသိန်းစိန် အနေဖြင့် နေပြည်တော်သို့ ကမ်းလှမ်းထားပြီး KIA ဘက်က စစ်ရေး တင်းမာနေချိန် အတောအတွင်း နှစ်ဘက်တပ်များအပေါ် ယုံကြည်မှု ကင်းမဲ့နိုင်သောကြောင့် တွေ့ဆုံရန်ကိစ္စ မဖြစ်နိုင်ကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့က အကြောင်းပြန်ကြားခဲ့သည်ဟု သိရှိရသည်။

အစိုးရအနေနှင့် ယခုလ ၁၀ ရက်နေ့က ထပ်မံ တွေ့ဆုံရန် ကမ်းလှမ်းထားပြီး စာကိုလည်း KIO ခေါင်းဆောင်များ လက်ခံရရှိကြောင်း အစိုးရထံသို့ ပြန်လည်အကြောင်း ကြားထားကြောင်း သိရသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က တွေ့ဆုံဆွေးနွေးပွဲကို အစိုးရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်ပြီး ဆက်လက် တွေ့ဆုံဆွေးနွေးနိုင်မည့် မူတခု ချမှတ်နိုင်ရေးနှင့် တင်းမာနေသည့် စစ်ရေးကို ဆွေးနွေးမည်ဟု သိရကြောင်း ဆိုသည်။

“အရင် တပ်ပိုင်းဆိုင်ရာကိစ္စကို အစိုးရဘက်က ဆုံးဖြတ်နိုင်မည့်လူက မပါလာဘူး။ ဒီတခေါက် တပ်ပိုင်းကလည်း သူတို့ ဆုံးဖြတ်ပါမယ်လို့ ပြောတဲ့အပိုင်း ရှိလာတယ်ဆိုတော့ တိုးတက်လာမယ်လို့ ကျနော်တို့ ရာခိုင်နှုန်းအပြည့် ယုံကြည်ပါတယ်” ဟု ဦးဆန်းအောင်က ဆက်ပြောသည်။

ယခုနှစ် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန်ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက်တပ်များ တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံရန် စီစဉ်ထားခဲ့ကြောင်း၊ ထိုအချိန်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် KIA ဒု ဗိုလ်မှူးချုပ် ဂွန်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး စိုးဝင်း အနေဖြင့် ရွှေလီမြို့သို့ သွားရောက်ရန် အခက်အခဲရှိသည့်အတွက် အစီအစဉ် အကောင်အထည် မပေါ်ခဲ့ကြောင်း သိရသည်။

ဦးအောင်မင်းကမူ ကချင်ဒေသ စစ်မြေပြင်သို့ ရောက်ရှိနေသည့် အစိုးရတပ်များကို တဆင့်ချင်း ရုပ်သိမ်းသွားမည်ဟု ပြောကြားကြောင်း ပေါ်ပြူလာသတင်းဂျာနယ် အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ပြောထားသည်။

၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ဦးမြအေးက KIO နှင့် အစိုးရအကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် အခက်အခဲ ဖြစ်နေရခြင်းမှာ ယခင် ဆွေးနွေးပွဲ၏ အကျိုးရလဒ်များ ထိရောက်မှု မရှိသောကြောင့် ဖြစ်သည်ဟု ပြောသည်။

“ဆွေးနွေးပွဲတွေ လုပ်တယ်၊ တဖက်ကလည်း စစ်ပွဲတွေ မရပ်ဆိုင်းနိုင်ဘူး ဆိုလို့ရှိရင် ဒီဆွေးနွေးပွဲတွေဟာ အရာထင်လာမှာ မဟုတ်ဘူး၊ ပိုပြီးတော့ သံသယတွေ ကြီးထွားလာမယ်၊ စစ်တိုက်ဖို့အတွက် ဒီဘက်ကနေပြီးတော့ ကမ္ဘာကို အရောင်ပြပြီး ဆွေးနွေးတာလားဆိုပြီး တဘက်က စဉ်စားတာမျိုး ဖြစ်သွားနိုင်တယ်လေ။ မည်သို့ဆိုစေကာမူ ဆွေးနွေးပွဲတွေ ပြန်စဖို့ကိုတော့ နှစ်ဖက်ကို တိုက်တွန်းတယ်၊ အစိုးရဖက်က ကမ်းလှမ်းလာတာကိုလည်း KIO အနေနဲ့ စဉ်းစားပြီးတော့မှ အဖြေတခုပေးသင့်တယ်လို့ မြင်တယ်” ဟု ဦးမြအေးက ဆိုသည်။

တွေ့ဆုံဆွေးနွေးရာတွင် KIO နှင့် အစိုးရဘက်မှ သြဇာအာဏာကြီးမားသည့် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်ရန်နှင့် တိုက်ပွဲများ ရပ်ဆိုင်းသွားရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန် အဓိကလိုအပ်ကြောင်း ကိုမြအေးက ဆက်ပြောသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

ယင်း တိုက်ပွဲများကြောင့် လက်ရှိ အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင် ၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ် မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသ အနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။

http://burma.irrawaddy.org/archives/23167

ဒီမိုကရေစီ အတွက် အနစ်နာ ခံခဲ့ရသူ လူငယ်များအား ဂုဏ်ပြုပွဲ ကျင်းပ

ဤဂုဏ်ပြုပွဲကို နယ်စပ်ရောက် မြန်မာ နိုင်ငံ ကျောင်းသား လူငယ်များ (SYCB) Students and Youth Congress of Burma) က ထိုင်းနိုင်ငံ ဇင်းမယ် နယ်စပ် တနေရာ၌ ကျင်းပ ခဲ့သည်ဟု ဖြစ်မြောက်ရေးကို ဦးဆောင်သူ နော်ဆန်း က ဆိုပါသည်။

“ တက်ရောက်သူ ကတော့ (၅၀) ကျော်လောက် ရှိတယ်။ အဓိက ကတော့ လူငယ် အဖွဲ့အစည်း တွေကိုဘဲ ဖိတ်ထား တယ်။ ပြည်ပရောက် အလုပ်သမား များ၏ သားသမီးများ တက်ရောက်သော Post Ten ကျောင်းသား အဖွဲ့တွေကို ဖိတ်ပါတယ်။ (၁၀) ကျောင်းကျော် ရှိတယ်။ နောက်ပြီး တိုင်းရင်းသား လူငယ် အဖွဲ့များ တက်ရောက်ကြပါတယ်” ဟု ဆိုပါသည်။

ဤပွဲသည် အာဏာရှင်များကို ဆန့်ကျင် တော်လှန်သည့် လူငယ်များ၊ ဒီမိုကရေစီနှင့် လူအခွင့်အရေး အတွက် တိုက်ပွဲဝင် ရင်း ဖမ်းဆီးပြီး ညှဉ်းပမ်း နှိပ်စက်ခံရခြင်း၊ ထောင်အချခံ ရသူများကို ဂုဏ်ပြုသော အားဖြင့် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်၌ ရှိသော လူငယ်များက ဤ အောက်တိုဘာလကို ရောက်တိုင်း world youth day for democracy ကို ကျင်းပ လာခဲ့ခြင်း ဖြစ်ပါသည်။



P_2wqwgtrfrxdဒီမိုကရေစီ အတွက် အနစ်နာ ခံခဲ့ရသူ လူငယ်များအား ဂုဏ်ပြုပွဲ ကျင်းပခြင်းသည် လွန်ခဲ့သည့် (၁၀) နှစ်ကျော်က ဒီမိုက ရေစီ နှင့် လူအခွင့်အရေး လှုပ်ရှားမှုကြောင့် ထောင်တွင်း အကျဉ်းချ ခံရခြင်း နှင့် အမျိုးမျိုး ညှင်းပမ်း နှိပ်စက်ခံရမှု များ တောင်အာဖရိက နိုင်ငံမှ လူငယ်များအား စံထားရာက ဖြစ်လာခဲ့ခြင်းဖြစ်ပါသည်။ ဤကဲ့သို့ တိုက်ပွဲဝင် လူငယ်များ အတွက် အသိအမှတ် ပြုသော အားဖြင့် ဆုတောင်းပွဲများ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ခဲ့ကြပါသည်။

http://www.phophtaw.org/burmese/index.php/news/internation-news/1495-2012-04-23-08-11-15.html

သံဖြူဇရပ်မြို့နယ်၌ GSM ဆင်းကဒ်များအရစ်ကျစနစ်ရောင်းချ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်(၂) သိန်းတန် GSM ဆင်းကဒ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေကြောင်း ဒေသခံများ ထံမှ သိရသည်။

GSM ဆင်းကတ်ဝယ်လိုသူများက မြို့နယ်ဆက်သွယ်ရေးလုပ်ငန်းတာဝန်ခံ (သို့မဟုတ်) မြို့နယ်အုပ်ချုပ် ရေးမှူးထံ စာရင်းပေးသွင်း၍ သွားရောက်လျှောက်တင်နိုင်သည်။

ဝဲဂလောင်းရွာသား နိုင်ဦးက “၂ သိန်းတန်ဖုန်းကဒ်တွေကို ဒီလဆန်းပိုင်းက စချပေးတယ်၊ အခုထိ သွားလျှောက်တဲ့လူများပါတယ်” ဟု ပြောသည်။

ကျပ်(၂) သိန်းတန် GSM ဆင်းကတ်များကို ပထမအရစ် မြန်မာကျပ်ငွေ ၄ သောင်း ပေးဆောင်ရမည်ဖြစ်ပြီး အင်တာနက်အသုံးပြုလိုပါက ကျပ်ငွေ ၅ သောင်း ပေးဆောင်ရမည်။ ကျန်ရှိငွေကြေးများကို တစ်လလျှင် ကျပ် ၁ သောင်း ပေးဆောင်ရမည်ဟု ၎င်းက ပြောသည်။

ဆင်းကဒ်ဝယ်လိုသူများအနေဖြင့် နိုင်ငံသားစီစစ်ရေးကတ် မိတ္တူ (၁) စောင်နှင့် လိုင်စင်ဓာတ်ပုံ (၁လက်မခွဲ-နှစ်လက်မ)ဆိုဒ် ကာလာပုံ(၂)ပုံ တပါးတည်းယူဆောင်၍ ကိုယ်တိုင်လျှောက်တင်နိုင်သည်။

GSM ဆင်းကတ်များတွင် AIS ကုမ္မဏီ အမှတ်တံဆိပ် မပါရှိသည့် ဖုန်းဆင်းကဒ်များ ပျက်စီး၊ ပျောက်ဆုံးခြင်း များ ဖြစ်ပေါ်လာလျှင် ပြန်လည်လျှောက်ထားနိုင်ခြင်း ခွင့်မပြုကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး မှူးရုံး၌ ပိုစတာကပ်၍ သတိပေး ကြေငြာထားသည်။

မိုဘိုင်ဖုန်းလိုင်းများအတွက် လောလောဆယ် သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ၌ ဆက်သွယ်ရေး တာဝါတိုင်နှင့် အင်တာနာ တပ်ဆင်ခြင်းလုပ်ငန်းများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“၂ သိန်းတန်ဖုန်းကို ကျနော် ဟိုတနေ့က သံဖြူဇရပ်မြို့မှာ သွားလျှောက်တယ် အခုရနေပြီ” ဟု သံဖြူဇရပ်မြို့ခံ ကိုစိုးမိုးက ပြောသည်။

ယင်းကဒ်များအား သံဖြူဇရပ်မြို့နယ် အတွင်းရှိ ကျိုက်ခမီ၊ ပဒံငံ၊ နှစ်ကိုင်း၊ ဝါခရူ၊ ဖေါင်စိန်၊ ကရုပ္ပိ၊ ဝဲဂလောင်း၊ အနင်းကျေးရွာများကို အဓိက ဦးစားပေးရောင်းချလျှက်ရှိသည်။

အလားတူ မွန်ပြည်နယ်ရှိ အခြားမြို့နယ်များတွင် GSM ဆင်းကဒ်များရောင်းချပေးနေသည့်သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ချက် မရရှိသေးပါ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္မဏီများ ပူးပေါင်းဆောင်ရွက်နေသော ကျပ် ၂ သိန်းတန်ဖုန်း ရောင်းချပေးမည့်အစီအစဉ်အရ ငါးနှစ်အတွင်း ဖုန်းလိုင်းအရေအတွက် သန်း ၃၀ ချထားပေးရန်ရှိပြီး စီမံကိန်း၏ ပထမဦးဆုံးအသုတ်အနေဖြင့် ဖုန်းအလုံးရေ တစ်သန်းကျော် ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်ရေးက သတင်း ထုတ်ပြန်ထားသည်။

http://burmese.bnionline.net/index.php/news/imna/11813--gsm-.html

ကျေးရွာအုပ်ချုပ်ရေးမှူးများ အစိုးရတပ်၏ ဖမ်းဆီးရိုက်နှက်ခံရ

သျှမ်းပြည်မြောက်ပိုင်းရှိ နမ္မတူမြို့နယ် အပါအ၀င် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့နယ် မန့်စံတပ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးမေးမြန်းရိုက်နှက် ခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံအခြေစိုက် တပ်မှူးတဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး သိန်းလွင်မှ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အစည်းအဝေးဆင့်ခေါ်ကာ ၄င်းတပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွား သည်ဟု တအာင်း(ပလောင်)လူငယ်အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို ကပြောပြသည်။

နမ့်ဆန်မြို့နယ်အတွင်းရှိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အထက်ပန်း တောင်းရွာ၊ အောက်ပန်း တောင်းရွာ၊ အထက်မန်ဝယ်ရွာ၊ အောက်မန် ၀ယ်ရွာ၊ အထက်မန်ငိုင်ရွာ၊ အောက်မန်ငိုင်ရွာ၊ မန်းလန်းရွာ၊ မန်ပိန်းရွာ၊ ခေးခင်ရွာ၊ အုမ်လောတ်ရွာနှင့် နမ့်လင်းရွာ တို့မှ အုပ်ချုပ်ရေးမှူးများ အဖမ်းခံရခြင်း ဖြစ်သည်။

''အစည်းအဝေးခေါ်တယ်ဆိုလို့ အစည်းအဝေးလာတက်တာ။ အဲဒီမှာကျတော်တို့ အားလုံးကို ကြိုးနဲ့တုတ်ပြီး ဖမ်းသွား တော့တာပဲ။ လမ်းတစ်လျှောက်မှာကော တပ်စခန်းရောက်တော့ကော ကျတော်တို့ကို ရိုက်နှက်ညှဉ်းပန်း တော့တာပဲ၊ တုတ်နဲ့လည်းရိုက်တယ်၊ ကန်တယ်၊ အားလုံးကို ဒိုက်ထိုးခိုင်းတယ် သွေးထွက်သံယိုဖြစ်သွားတဲ့အထိဘဲ'' ဟုကျေးရွာအုပ်ချုပ်ရေးမှူးတဦးကပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဖမ်းဆီးသည့်နေ့ ညနေပိုင်းကပြန် လွတ်ပေးခဲ့ သော်လည်း ရပ်ရွာ အုပ်ချုပ် ရေးတာဝန် ဆက်မယူရဲတော့ဘဲ နုတ်ထွက်ကြမည်ဟုပြောဆို နေကြကြောင်း ဒေသ တွင်း သတင်းအရသိရသည်။

အဆိုပါဒေသတွင် ပလောင်နှင့် သျှမ်းလက်နက်ကိုင်တပ်များလှုပ်ရှားနေသောနေရာများ ဖြစ်ကြပြီး ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များ မရှိသလောက်ဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးမိုင်း ဘုန်းကျော် ကပြောသည်။

“ဒါကတမင်သက်သက် လုပ်လိုက်တာပဲ ။ ဒီအစိုးရစစ်တပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို လိုက် တိုက်နေတာ သူတို့ထဲမှာ ထိခိုက်ဆုံးရှုံးမှုများတယ်လေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်အပေါ် ထွက်လာတဲ့ဒေါသ ကို အပြစ်မဲ့ ရွာသား တွေအပေါ်ပုံချလိုက်တာဘဲ။ တိုင်းရင်းသားတပ်တွေကို မထောက်ခံ အောင် ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် နေတာဖြစ်မယ်” ဟု သူကဆိုသည်။

အစိုးရတပ်နှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု ကာလကြာသည်နှင့် အမျှ ဒေသတွင်း လူ့အခွင့် ရေးချိုးဖောက်မှုများ ပိုမိုများပြားလာကြောင်း သိရသည်။

http://burmese.bnionline.net/index.php/news/shan/11815-2012-10-19-00-19-04.html

အများပိုင်နည်းပညာကုမ္ပဏီတစ်ခုတည်ထောင်နိုင်ရန် ပညာရှင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကြိုးပမ်းနေ

အများပိုင်ကုမ္ပဏီ တစ်ခုအနေဖြင့် ပြည်တွင်း ကွန်ပျူတာပညာရှင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ တည်ထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြည်တွင်းကွန်ပျူတာ လုပ်ငန်းရှင်များမှ သိရသည်။ ယင်းအများပိုင် ကုမ္ပဏီသည် ယခုအချိန်တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းအထိ ပြုလုပ်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA)မှ အသင်းဝင် အများစု ပါဝင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) အသင်းဝင် ကုမ္ပဏီများမှ စိတ်ဝင်စားသည့် Founding Member (၈၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ဖြစ်ကာ ယင်းအများပိုင် ကုမ္ပဏီတွင် ကနဦးအနေဖြင့် အနိမ့်ဆုံး ကျပ်သိန်း ၁၀၀ နှင့် BOD (Board of Director) အရည်အချင်း သတ်မှတ်ချက်အရ အနိမ့်ဆုံးကျပ်သိန်း ၂၀၀ သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ ဦးမင်းဦးက ပြောသည်။

“အများပိုင် ကုမ္ပဏီအနေနဲ့ အိုင်စီတီ ကဏ္ဍဆိုင်ရာ စီးပွားရေး လုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များကို လုပ်ကိုင်ရန် ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ပြောသည်။ BOD အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမင်းဦးက BOD အဖွဲ့ဝင် ကိုးဦးကို တည်ထောင်သည့် အစုရှယ်ယာရှင်(၈၅) ဦးမှ လျှို့ဝှက်မဲစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အများပိုင်ကုမ္ပဏီ မှတ်ပုံတင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက “BOD အဖွဲ့ရဲ့ ဥက္ကဋ္ဌကို ဒါရိုက်တာအဖွဲ့ဝင် ကိုးဦးမှ တစ်ဦးကို ရွေးချယ် တင်မြောက်သွားမှာ ဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီမှတ်ပုံတင်နဲ့ လုပ်ငန်းစတင်ဆောင်ရွက်ခွင့် ရရှိပြီးတာနဲ့ တရားဝင် ကြော်ငြာပြီး အစုရှယ်ယာများကို ရောင်းချပေးသွားမှာပါ” ဟု ပြောသည်။

အစုတစ်စုကို ကျပ်တစ်သောင်းဖြင့် ရောင်းချသွားရန် အစီအစဉ်ရှိပြီး BOD ဖြစ်နိုင်ရန်အတွက် အစု ၂,၀၀၀ ရှိလျှင် ဖြစ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အတွက် အဆောင်များကို ၂၀၁၃ ခုနှစ်တွင် ပထမဆုံး ပြန်ဖွင့်မည်


တက္ကသိုလ်ကျောင်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ အဆောင်နေထိုင်ခြင်းကို တစ်နိုင်ငံလုံး၌ ၁၉၉၆ ခုနှစ် ၀န်းကျင်မှစ၍ ပိတ်ပင်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်၌ ပထမဆုံးအနေဖြင့် ပြန်လည်ထားရှိမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မြစ်ကြီးနားတက္ကသိုလ်၌ အဆောင်ပြန်လည်ထားရှိမည့် အစီအစဉ်အနေဖြင့် ခါကာဘိုဆောင်နှစ်ခုတွင် ယောက်ျားလေးဦးရေ ၁၂၀၊ ဆွမ်ပရာဘွမ် အဆောင်နှစ်ခုတွင် မိန်းကလေးဦးရေ ၁၂၈ ဦး ထားရှိမည်ဖြစ်ပြီး ဝေးလံခေါင်ဖျား ဒေသများမှ ကျောင်းသူ၊ ကျောင်းသားများအား ဦးစားပေး ထားရှိမည်ဟု စုံစမ်းသိရှိရသည်။

''အဓိကကတော့ ပူတာအိုဒေသနဲ့ တနိုင်းဒေသကလို ဝေးလံခေါင်ဖျားအတွက်ပဲ ရည်ရွယ်တာပါ။ ပူတာအိုနဲ့ တနိုင်း ကျောင်းသားပေါင်းက ၂၅၀ ကျော်ရှိနေတော့ အဆောင်နေဖို့အတွက် လုံလောက်မှာ မဟုတ်ပါဘူး။ အမှတ်နဲ့ခွဲပေးမယ်။ စာတော်ပြီး စည်းကမ်းလိုက်နာတဲ့ ကျောင်းသားတွေကို ရွေးမယ်။ အခုလောလောဆယ်တော့ နေဖို့အဆောင်တွေကို ပြင်ဆင်နေပါတယ်'' ဟု ပြည်နယ်ပညာရေး ၀န်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားခဲ့သည်။

အဆောင်တွင်နေထိုင်ပါက အဆောင်ကြေးနှင့် စားသောက် စရိတ်များကိုမူ အတတ်နိုင်ဆုံး လျော့ချပြီး ကောက်ခံရန် ရှိသော်လည်း ဆွေးနွေးတိုင်ပင်ရဦးမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။ အဆိုပါအဆောင်များကို ကျောင်းသား၊ ကျောင်းသူများ ထားရန် ပိတ်ပင်ခဲ့ပြီးနောက် စာသင်ခန်း၊ ဆရာနေခန်း၊ ၀န်ထမ်းနေခန်းအဖြစ် အသုံးပြုခဲ့ပြီး ယခုအခါ ပြင်ဆင်နေဆဲ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား တက္ကသိုလ်တွင် နေ့ကျောင်းသား ဦးရေ ၅၅၀၀ ကျော်ရှိပြီး အဝေးသင် ကျောင်းသားဦးရေ ၇၀၀၀ ကျော်ရှိသည်ဟု သိရသည်။

နေ့ကျောင်းသား တစ်ဦးသည် နှစ်ဝက်စာ ကျူရှင်ခ၊ အိမ်ငှားခ၊ စားစရိတ် အပါအ၀င် လေးလအတွက် ကျပ်ခြောက်သိန်းနီးပါး ကုန်ကျပြီး အဝေးသင် ကျောင်းသားများအတွက် ကျူရှင်ခ၊ အိမ်ငှားခ၊ စားစရိတ် အပါအ၀င် တစ်လလျှင် ကျပ်နှစ်သိန်းခွဲ ၀န်းကျင် ကုန်ကျသည်ဟု ကျောင်းသားများထံမှ စုံစမ်းသိရှိရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27462

မစုစုနွေးက နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂဖွဲ့နိုင်ရန်ြ့ကိုးပမ်းမည်


လယ်သမားများ၏ အခွင့် အရေးများကိုကာကွယ်ပေးနိုင် သော နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂကြီးပေါ်ပေါက် လာအောင် ဆောင်ရွက်လျက်ရှိ ကြောင်း တောင်သူလယ်သမား သမဂ္ဂအဖွဲ့ငယ်များအား ရပ်/ကျေး အဆင့်မှ စတင်ပြီးဖွဲ့စည်းနေ ကြောင်း မုံရွာမြို့သို့ရောက်ရှိနေ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေးက ပြောကြားခဲ့သည်ဟုသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ကျေးရွာအုပ်စုများစု ပေါင်း၍ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ငယ် ၁၀ဖွဲ့ကို ဖွဲ့စည်း နိုင်ခဲ့ကြောင်း၊လယ်သမားဦးရေ အယောက်(၃၀)ရှိလျှင် အဖွဲ့ဖွဲ့ နိုင်ကြောင်း၊၀င်ခွင့်လျှောက်လွှာ များကို မည်သူမဆိုဝင်ခွင့်ပေး ထားကြောင်း၊လယ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော် အစိုးရထံသို့ တင်ပြသွားမည်ဖြစ် ကြောင်း၊တောင်သူလယ်သမားများ ၏ အခွင့်အရေးကိုကာကွယ်သည့် သင်တန်းများ၊တောင်သူလယ်သမား များ သိသင့်သိထိုက်သည့် ဥပဒေ များအား ကျွမ်းကျင်သူများနှင့်တိုင် ပင်ကာ ပို့ချသွားမည်ဖြစ်ကြောင်း၊ ရှေးနိုင်ငံရေးသမားကြီး များလည်း တောင်သူလယ်သမားများကို ကာကွယ်၍ တောင်သူလယ်သမား သမဂ်္ဂဖွဲ့ခဲ့ဖူးကြောင်း၊ ၁၉၃၉ခုနှစ် က မြန်မာနိုင်ငံတွင် ပထမဆုံးပေါ် ပေါက်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင် ရာ တောင်သူလယ်သမားအစည်း အရုံး(ဗတလစ)ကို သခင်မြက ဥက်္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး သခင် အောင်ဆန်း၊သခင်သန်းထွန်းတို့ က အမှုဆောင်များအဖြစ်ပါဝင် ကာ လွတ်လပ်ရေးကြိုးပမ်းရာတွင် ရှေ့တန်းမှညီညွတ်စွာပါဝင်ခဲ့ကြ ကြောင်း သိရသည်။

““တောင်သူတွေက တောရိုင်း မြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး ဓာမဦးချလုပ်ကိုင်ခဲ့ကြတယ်။မြေ တွေကောင်းလာတော့ ကုမ်္ပဏီ တွေက သူတို့ပိုင်တယ်ဆိုပြီးပြော လာတယ်။တောင်သူတွေကဆီက လယ်တွေသိမ်းတယ်။ဥပဒေအရ တရားစွဲခံရတဲ့ တောင်သူတွေ တရားရုံးမှာ ရင်ဆိုင်နေရတယ်”” ဟု မစုစုနွေးက ပြောသည်။

မြင့်မြတ်ကြည်

http://www.hotnewsweekly.com/archives/12188

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကျင်းပမည်ဟုသိရ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုညီလာခံကျင်းပပြီးစီးပါ က တစ်နိုင်ငံလုံးဆိုင်ရာ လူငယ် ညီလာခံကို ကျင်းပရန်စီစဉ်ထား ကြောင်း၊ဗဟိုညီလာခံကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ကျင်းပရန် စီစဉ်ထားပြီး နေ့ရက် ကို အတိအကျမသတ်မှတ်ရသေး ကြောင်း၊တစ်နိုင်ငံလုံးရှိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လူငယ်အစည်း အဝေးကို ကျင်းပခြင်းမပြုရသေး သော်လည်း တိုင်းနှင့်ပြည်နယ်မှ လူငယ်များအား ဗဟိုဌာနချုပ်ရုံး မ လူငယ်စွမ်းရည်ဖွံ့ဖြိုးရေးသင် တန်း၊ကွန်ပျူတာသင်တန်း၊အခြေ ခံသင်တန်းစသော သင်တန်းများ ကို သင်ချပို့ပေးပြီး ပြည်ပနိုင်ငံ များသို့ ပညာတော်သင်စေလွှတ် လျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံမူဝါ ဒတွင် လူငယ်များ၏ အခန်းကဏ္ဍ နှင့်ပတ်သက်၍ တိုးတက်ဖွံ့ဖြိုးမှု အခန်းကဏ္ဍသည် ၁၉၈၈ခုနှစ်က တည်းက စတင်ပြီးအကောင် အထည်ဖော်ခဲ့သော်လည်း အောင် မြင်မှုမရှိခဲ့ကြောင်း၊လက်ရှိအချိန် တွင် အဆိုပါအခန်းကဏ္ဍအား အောင်မြင်ရန်လူငယ်များအနေ ဖြင့် အရေးတကြီးဆောင်ရွက်ရန် လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စွမ်းဦးထက်

http://www.hotnewsweekly.com/archives/12197

ဘုရားဖူးခရီးသည်များ ဖိနပ်အပ်ရန်ဌာနအား လန့်လာရ

မြန်မာပြည်တွင်းရှိ အချို့ ဘုရားစေတီများ၌ ဖိနပ်အပ်ရန် လက်ခံဌာနများထားရှိကြပါသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်စဉ် ထိုသို့ စည်းကမ်းရှိရှိထားရှိရန် စီစဉ်ထား သည်ကိုစာရေးသူကျေနပ်ပါသည်။ သို့သော် ဘုရားစေတီဝင်းထဲသို့ ၀င်လိုက်သည်နှင့်ကျွတ်ကျွတ်အိတ် များ အတင်းပေးခြင်း၊ဖိနပ်အပ် ရန် အော်၍ပြော်ဆိုခြင်းများမှာ ဘုရားဖူးလာရောက်ကြသူများ ပင်လန့်နေရပါသည်။အချို့ဖိနပ် အပ်ရန်ဌာနများ၌ အခြားသော ခရီးသွားသူများသည်မသိ၍ အပ် ရမလိုမအပ်ရမလို၊ကျွတ်ကျွတ် အိတ်ထဲပဲထည့်ရမလိုနှင့်ဖိနပ် မအပ်မိလျှင် “အ၀ီစိငရဲရောက် မယ့်ဟာတွေ” ဆိုပြီး မကြားတကြား ပြောဆိုသော ဖိနပ်အပ်လက်ခံ သူများကိုလည်း တွေ့ရှိရပါသည်။ စာရေးသူသည် ရန်ကုန်မြို့တွင်းရှိ ဘုရားစေတီများကိုလှည့်လည် ဖူးမျှော်စဉ် ဖိနပ်အပ်စမှာ သဒ္ဒါ တတ်အားသ၍ဖြစ်သဖြင့် လက်ခံ ဌာနများကိုပင် ကျေးဇူးတင်မိပါ သည်။ခရီးသွား ပြည်သူများက လည်း အကြောင်းသိလာတော့ ဘုရားတစ်ဆူဖူးလျှင် ဖိနပ်အပ် ငွေကိုအရင်ရှာထားကြရပါသည်။ တစ်ခါတရံအကြွေကြီးကြီးလေး လှူထားခဲ့လျှင် အပြန်အလှန် ကျေးဇူးရှင်တွေလို မေတ္တာထား ပြီးလှူခဲ့ပါသည်။

(၄.၉.၂၀၁၂)နေ့တွင် စာ ရေးသူသည် မန္တလေးတောင် မြွေ ကြီးနှစ်ကောင်ဘုရားသို့ ဘုရား ဖူးသွားရောက်စဉ် စက်လှေခါးနှင့် ဓာတ်လှေခါးမှာ မဖွင့်သဖြင့်ခြေ လျင်တက်ရပါသည်။ထိုသို့တက် စဉ် ဖိနပ်အပ်ရန် လက်ခံသူမှ ဘုရားပေါ်သို့ဖိနပ်များကို လုံးဝ ယူဆောင်သွားကြရန် သတိပေး နေပါသည်။စာရေးသူလည်းဖိနပ် သုံးရံ အပ်ထားခဲ့ပါသည်။ဘုရား ဖူး၍ ပြန်ဆင်းလာတော့ စာရေး သူငွေနှစ်ရာ ထုတ်ပေးပါသည်။

ဖိနပ်အပ်လက်ခံသူမှ ““မရဘူးတစ် ရန်တစ်ရာတဲ့”” လေသံကအသွား နှင့်အပြန်ကွာခြားနေသဖြင့် စာ ရေးသူလည်း ငွေသုံးရာပေးပြီး ပြောလိုက်ပါသည်။ ရန်ကုန်ဘုရား တွေမှာရှိတဲ့ ဖိနပ်အပ်ဌာနတွေ မှာက သဒ္ဒါသ၍ ဒီရောက်မှဘာ လို့ တစ်ရာအတိအကျဖြစ်သွားရ တာလဲ””လို့ ပြောတော့ ““လေလံ ဆွဲထားရလို့ပါတဲ့”” ဒီနိုင်ငံကြီးမှာ ဖိနပ်လျှိုလို့ရရုံ ၀ယ်စီးနေကြရတဲ့ ပြည်သူတွေအများကြီးရှိနေပါသေး တယ်။ဘုရားဖူးလာရောက်မှ ဖိနပ် ဖိုးက တစ်ရာပိုတက်သွားတယ်။

တစ်နေ့ကို ရာနှင့်ချီတဲ့ခရီးသွား သူများလာရောက်နေကြသည့် အတွက် လေလံတင်ရတယ်ဆိုရင် လည်း ငါးဆယ်တို့ ဘာတို့ဖြစ်သင့် ပါတယ်။ဘုရားတည်တာ အများ ပြည်သူယုံကြည်ဖူးမျှော်ကိုးကွယ် ဖို့မဟုတ်ပဲ သက်ဆိုင်ရာများက ဖိနပ်လေလံတင်ဆွဲကြဖို့များဖြစ် နေသလားလို့ စာရေးသူစဉ်းစား လိုက်ပါတယ်။ငွေမတက်နိုင်သော ဘုရားဖူးခရီးသည်များမှာ ဘုရား အလှူတော်ငွေထည့်ရန်ထက် ဖိနပ်အပ်ဖို့ငွေအရင် ကြိုတင်စီစဉ် ထားရန် လိုအပ်လာပါတော့တယ်။

ပြည်ချစ်မယ်-(အင်းတော်)

မြေကမ္ဘာပေါ်ရှိ သုခဘုံသို့သွားရအောင်


အိန်္ဒိယသမုဒ္ဒရာအတွင်းရှိ မော်လဒိုက်ကျွန်းစုသည်“မြေကမ္ဘာ ပေါ်ရှိသုခဘုံ”ဟုတင်စားရလောက် အောင်ပင်လယ်ရေအောက်ရှိ တောင်တန်းများ၏ ထိပ်ပေါ်တွင် တည်ရှိပြီး ရှုမငြီးဖွယ်သဘာဝမြင် ကွင်းများနှင့် သာယာလှပဆုံး ပင်လယ်အပန်းဖြေကျွန်းငယ်လေး များ စုစည်းတည်ရှိရာနေရာဖြစ် သည်။

အပန်းဖြေကျွန်းများစွာတည် ရှိသော မော်လဒိုက်ကျွန်းစုများထဲ Kihavah Huravalhi ကျွန်းပေါ် ရှိ Anatara Kihavah Villas အပန်း ဖြေစခန်းသည် မော်လဒိုက်နိုင်ငံ မြို့တော် Male ၏ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပင်လယ်ယာဉ်ပျံ (seaplane) ဖြင့် ၃၅ မိနစ်ခန့်သွား ရသော အကွာအဝေးတွင် တည်ရှိ ပြီး ပင်လယ်ပြင်အတွင်းမှ အိုအေစစ် တစ်ခုပင်ဖြစ်သည်။ မော်လဒိုက်ကျွန်းစုတွင်ရေကူး ကန်ငယ်များ၊ ပြင်ပရေပန်းနှင့် ရေချိုးကန်များ၊ လှပကျယ်ပြန့် သော ရှုခင်းများဖြင့် နေပူစာလှုံ ရာနေရာစသည်တို့ပါဝင်သော ဇိမ်ခံဘန်ဂလိုများအပြင်တောတွင်း သဘာဝအလှပြင် အပန်းဖြေခန်း၊ ပင်လယ်ရေအောက်စားသောက် ခန်းမစသည်တို့အပြင် သဘာဝ အလှအပများကို ခံစားရင်းဘ၀ တစ်သက်တာအမှတ်ရဖွယ်ခန့် ညားထည်ဝါသော အပန်းဖြေခရီး စဉ်ကို ပိုင်ဆိုင်နိုင်မည်ဟုဆိုသည်။