Monday, October 8, 2012

သိန်း ( ၁၀၀၀ ) လောက် လာဘ်စားပြီး လူကုန်ကူးကြသည့် ဗိုလ်မှူးဇေါ်လင်းဦးအဖွဲ့  ဘယ်လဲဘာလဲ


ကျောက်ဖြူ အခြေစိုက် ဗိုလ်မှူးဝင်းခန့်  ဦးစီးတဲ့  ခမရ ( ၅၆၂ ) နဲ့  ကျောက်နီမော်အခြေစိုက် ခမရ ( ၅၄၂ ) တို့  မနေ့ က တပ်ချိန်း ကြတယ် ။ တပ်ချိန်းတော့ မော်တော်ပေါ်မှာ မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးတွေကို ခေါ်ဆောင်သွားကြတယ် ။

အဲဒီ မိတ္ထိလာနဲ့  ကျောက်ဖြူက မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးတွေနဲ့  ကျောက်နီမော်ကကုလားလူမျိုး(၃၂)ဦးဟာမသီတာထွေးလူသတ်ခံရပြီးနောက် ရောက်ရှိလာသူများဖြစ်ပြီး အဓိက ကျောက်နီမော်မှာ လှုပ်ရှားကြိုးကိုင် နေသူများဖြစ်တယ် ။

အခုတော့ ဗိုလ်မှူးဇေါ်လင်းဦးက တပ်ပြောင်းတော့ပြီမို့  သူတို့ လဲ အတူ လိုက်ပါခွင့်ရဖို့  သိန်း ( ၁၀၀၀ ) နဲ့  ဈေးတည့်သွားပြီး အခုလို ဗိုလ်မှူးဝင်းခန့်  တို့  စီးလာတဲ့  မော်တော်နဲ့ ဘဲ ကျောက်ဖြူကို ခေါ်လာခဲ့ ကြတယ်လို့  သိရတယ် ။

သူတို့ ကို လုံခြုံရေးများချပေးထာကာ မနက်ဖန်ကျောက်ဖြူမြို့  ကုလားချောင်းထိပ် ပလီသစ်မှာ လူစုနဲ့  တွေ့ ဆုံစကားပြောခွင့်ပေးမယ်လို့  သိရတယ် ။

ကျောက်ဖြူကတဆင့် ရန်ကုန်ကို လေယဉ်နဲ့  လိုက်ပါပို့ ဆောင်မယ်ဆိုတာ သိရပြီး ဘာကြောင့်များ အခုလို လုံခြုံရေးတွေနဲ့  လိုက်ပါပို့ ဆောင်နေသလဲဆိုတာ ပြည်သူတွေ မသိရဘူးလို့  ပြောဆိုနေကြတယ် ။

ဗိုလ်မှူးဇေါ်လင်းဦးဟာ ကျောက်နီမော်မှာ ရခိုင်ကျောင်းဆရာမလေးတွေကို ကုလားကြောက်ရင် ငါနဲ့  လာအိပ်လို့ အားမနာပ စကားတွေ ပြောပြီး ရိုင်းစိုင်းလွန်းသူ တယောက်ဖြစ်တယ်လို့  သိရတယ် ။

ဒီလို သိန်း ( ၁၀၀၀ ) လာဘ်စားပြီး လုံခြုံရေးယူလို့  သွားတာကို မကြေနပ်တဲ့  အရာရှိတွေက တဆင့် ပေါက်ကြားလာတဲ့  သတင်းတွေ ထွက်လာတာကို ဗိုလ်မှူးဝင်းခန့် တို့ က ကြားလို့  မကြေနပ်ကြောင်းလဲ ကြားနေရတယ် ။

အခုလိုဘဲ ကုလားတွေကို လုံခြုံရေးတွေပေးပြီး နိုင်ငံတော် သမ္မတတယောက် လို ခေါ်ဆောင်လိုက်ပါ ပို့ နေကြတာဟာ လာဘ်စားရလို့  ကြီးပွါးသွားတယ် ဆိုတာကို ဘာမှ မပြောလိုကြပေမဲ့  စစ်တပ်သိက္ခာကျ လွန်းနေတယ်လို့  ပြောဆိုနေကြတယ်။



စည်းကမ်းမဲ့အငှားယာဉ်များကိုလည်း မထသ ကိုင်တွယ်တော့မည်


ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသော အငှားယာဉ်များ စည်းကမ်းဖောက်ဖျက်နေမှုများနှင့်ပတ်သက်၍ အလျှင်အမြန်အရေး ယူဆောင် ရွက်နိုင်ရန် ကြပ်မတ်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို) က သိရသည်။

ရန်ကုန်မြို့တော်တွင် တက္ကစီယာဉ်များပြားလာပြီး ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်း၊ ကြပ်တည်းခြင်း များကြောင့် စက်တင်ဘာလ (၂၈)ရက်နေ့ နိုင်ငံရေး နှင့် လုံခြုံရေးညှိနှိုင်း အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက မထသ(ဗဟို) အား တာဝန်ပေး အပ်ထားလိုက်ခြင်း ဖြစ်သည်။

“၀န်ကြီးချုပ်အနေနဲ့ကတော့ မြန်မြန်ဆန်ဆန် ဖွဲ့စည်းစေချင်ပါတယ်။ လက်ရှိတက္ကစီယာဉ်များ ကြီးကြပ်ဖို့ စည်းကမ်းထိန်းသိမ်းဖို့ အဖွဲ့ကိုတော့ လောလောဆယ် ယာယီဖွဲ့အားဖြင့် ဖွဲ့စည်းထားမှာ ဖြစ်ပါတယ်။ အကုန် ၀ိုင်းဝန်းပြီးတော့ ယာဉ်ကြောပိတ်ဆို့မှုတွေ စည်းမရှိကမ်းမရှိဖြစ်နေတဲ့ ကားတွေနဲ့ ပတ်သက်ပြီး ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးမှသာလျှင် ဒီလုပ်ငန်းကြီးက အောင်မြင် မှာဖြစ်ပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

နိုင်ငံတော်ငြိမ်းဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ၁၉၉၀ ပြည့်နှစ်က ထုတ်ပြန်ထားသည့် ဥပဒေ အမှတ် ၁၁/၉၀ တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး၏ တာဝန်များမှာ ယာဉ်နှင့် အနှေးယာဉ်များသွားလာခြင်း၊ ရပ်နားခြင်းတို့နှင့် စပ်လျှဉ်း၍ စည်းကမ်းများ သတ်မှတ်ပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် စီးတီးတက္ကစီယာဉ်များကြီးကြပ်ရေးဌာနအပေါ်မှာ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်း/တံတား ဌာန ဒုတိယဌာနမှူး အင်ဂျင်နီယာဌာန ဦးစိုးမြိုင်က ဆွေး နွေးခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းအချက်များအား အခြေခံကာ ပြန်လည်ဖွဲ့စည်းထားသည့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တက္ကစီ စည်းကမ်းထိမ်းသိမ်းရေးနှင့်ပတ်သက်၍ မထသ (ဗဟို) မှလည်း ရန်ကုန်တိုင်း ဒေသကြီး ခရိုင်လေးခရိုင်ကို အခြေခံကာ ကြီးကြပ်ရေးကော်မတီ (သို့) အသင်းအားဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

“အခုလိုဖွဲ့စည်းတဲ့အခါမှာ ခရိုင်တက္ကစီယာဉ်ကြီးကြပ်ရေးအဖွဲ့တွေဖြစ်တဲ့ စည်ပင်သာယာရေးအဖွဲ့ တွေက လုပ်နေတဲ့တာဝန်တွေကို လွှဲပေးနိုင်မလား။ ငွေကြေးကောက်ခံမှုတွေပါသလို ဆောင်ရွက် ရမယ့် လုပ်ငန်း တွေပါတယ်။ စည်ပင်သာယာရေးဥပဒေ နဲ့လုပ် ထားတာကို ကျွန်တော်တို့က ကျော်လွှား ပြီး လုပ်ရမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အမိန့်ကို နာခံရမှာဖြစ်ပါတယ်။”ဟု မထသ (ဗဟို) ဥက္ကဌမှ ဦးလှအောင်က ပြောသည်။

၎င်းတို့အနေဖြင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် အချိန်ယူရမည်ဖြစ်ပြီး ချက်ချင်းဖွဲ့စည်းမည်ဆိုပါက မထသ (ဗဟို) အနေဖြင့် အားနည်းချက်များ များရှိနိုင်ကြောင်းကိုလည်း ၄င်းက ဆိုသည်။

“ဥပမာ အရှေ့ပိုင်းခရိုင်က သတ်မှတ်ပေးထားသည့်ယာဉ်သည် မူလပိုင်ရှင်ကအရှေ့ပိုင်းကဖြစ်ပြီး တောင်ပိုင်းခရိုင်မှာ ယာဉ်ကရောက်နေပြီး ယာဉ်တွေက၀ယ်ယူပြီးတော့ပြောင်းလဲခြင်းမလုပ်ကြဘူး။ အဲ့လိုပြသာနာတွေကို ဖြေရှင်းဖို့ကလဲ ကျွန်တော်တို့အချိန်ယူရမှာဖြစ်ပါတယ်။ ချက်ချင်းဖွဲ့စည်းဖို့ အတွက်ကတော့ ဖွဲ့လို့တော့ ရတယ်။” ဟု မထသ (ဗဟို) ဥက္ကဌ ဦးလှအောင်က ဆက်ပြောသည်။

ထို့ပြင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီကိုလည်း မြို့နယ်အဆင့်ထိ ဖွဲ့စည်း သွားရန် စည်ပင်သာယာရေးကော်မတီမှ လျာထားပြီးဖြစ်သည်။

တက္ကစီယာဉ်များမှတ်ပုံတင်ရန် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာန တိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီး ဌာနတွင် လုပ်ငန်းလိုင်စင် များရယူရပြီး တိုင်းအဆင့် ယာဉ်စည်း ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု အဖွဲ့များ ခရိုင်တက္ကစီအဌားယာဉ်များ ကြီးကြပ်ရေးအဖွဲ့ထံ မှတ်ပုံတင်ရခြင်း ဖြစ်သည်။

အရှေ့ပိုင်းခရိုင်တွင် မှတ်ပုံတင်ရန် (၁၃၄၈၁) စီးရှိရာတွင် (၆၈၅၆) စီးမှတ်ပုံတင်ပြီးစီးသွားပြီးကြောင်း၊ အနောက်ပိုင်းခရိုင်တွင် (၈၂၁၂) စီး၌ (၃၁၈၁) ပြီးစီးသွားပြီးကြောင်း၊ တောင်ပိုင်းခရိုင်တွင် ၄၁ စီးမှတ်ပုံတင်ပြီးစီးသွားပြီး (၆၁၂) စီးမှတ်ပုံတင်ကျန်ရှိကြောင်းနှင့် မြောက်ပိုင်းခရိုင်တွင် (၁၀၆၀) စီးမှတ်ပုံတင်ပြီးစီးသွားပြီး (၁၂၆၅) စီး ကျန်ရှိနေသေးကြောင်း စည်ပင်သာယာဋ္ဌနက သိရသည်။

GSM ဖုန်းများတွင် ငွေလွှဲပြောင်း ပေးပို့နိုင်မည်


CDMA ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခင်က CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းငွေလွှဲပြောင်းပေးပို့ခြင်း စနစ်မှာ ဖုန်းတစ်လုံးမှ အခြားဖုန်း တစ်လုံးသို့ ကြိုတင်ငွေပေး ကတ်ငွေအား ဖြည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ငွေလွှဲပြောင်းပေးပို့ရာတွင် မိမိဖုန်းအတွင်းမှ ငွေအား လွှဲပြောင်းပေးခြင်းမျိုး မဟုတ်ပဲ ကြိုတင်ငွေဖြည့်ကတ် အသစ်မှ ငွေအား မိမိ၏ဖုန်းမှ အခြားဖုန်းတစ်လုံးသို့ လွှဲပြောင်းပို့ပေးခြင်း စနစ် ဖြစ်ကြောင်း သိရသည်။

ယင်းစနစ်အား ယခင် CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့ပြီး ထိုစဉ်က အသုံးပြုရာတွင် CDMA 800 ဖုန်းဖြင့် 166 ကိုခေါ်ကာ Operator မှ ပြောသော လုပ်ဆောင်ချက်များအတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်ကာ ငွေလွှဲပြောင်း ဖြည့်သွင်းခြင်းအား ပြုလုပ်ခဲ့သော်လည်း ယခု GSM ဖုန်းများအတွက် ငွေလွှဲပြောင်းပေးပို့ရာတွင် Operator မှတစ်ဆင့် လုပ်ဆောင်ချက်များအတိုင်း သွားရန် မလိုအပ်ဘဲ မိမိကိုယ်တိုင် နံပါတ်များကို နှိပ်ကာ လွှဲပြောင်းပေးပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။

GSM နှင့် WCDMA ဖုန်းများ ငွေလွှဲပြောင်း ပေးပို့ရာတွင် ပထမဆုံးအနေဖြင့် *123* ကို နှိပ်ရမည်ဖြစ်ပြီး ယင်း၏ နောက်တွင် မိမိဖြည့်သွင်းမည့် ငွေဖြည့်ကတ်၏ နံပါတ်များအား ရိုက်ထည့်ရမည်ဖြစ်သည်။ ငွေဖြည့်ကတ် နံပါတ်များအား ဖြည့်သွင်းပြီးပါက * ကို ထပ်မံနှိပ်ပြီး ယင်း၏နောက်တွင် မိမိငွေလွှဲပြောင်း ပေးပို့လိုသော ဖုန်းနံပါတ်ကို ဖြည့်သွင်း ရမည်ဖြစ်ကြောင်း သိရသည်။
ထိုနောက် #Key ကိုနှိပ်ပြီး Call ကို နှိပ်လိုက်ပါက မိမိငွေလွှဲပြောင်း ထည့်သွင်းပေးလိုသော ဖုန်းသို့ လွှဲပြောင်းငွေ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေလွှဲပြောင်းရာတွင် နံပါတ်မှားယွင်းခြင်းများ ဖြစ်ပေါ်က မိမိဖြည့်သွင်းသော ငွေဖြည့်ကတ်နံပါတ်များ မှားယွင်းနေကြောင်း Message ပြန်လာမည်ဖြစ်ပြီး ပြန်လည် လုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

ခေတ်လူငယ်

ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ


ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အပေါ် ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ယနေ့ (အောက် တိုဘာ ၇ရက်) နံနက်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင် တို့ စုပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲအား ယနေ့ မနက် ၁၂ နာရီ အချိန်တွင် ကော့စ်ဘဇားမြို့ ခရိုင်ရုံးချုပ်ရှေ့တွင် ပြုလုပ်ခဲ့ကြပြီး ထောင်ချီ ရှိသော ဟိန္ဒူ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသည် ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းများနှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ အိုးအိမ်များကို ဆက်လက် တိုက်ခိုက်မူ မပြုလုပ်ရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။

“ကျွန်တော် ဒီနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပွဲမှာ ဗုဒ္ဓဘာသာတယောက် အနေနဲ့ ပါဝင်တာဖြစ်တယ်။ ခုလိုဆန္ဒ ထုတ်ဖေါ်ခြင်းအားဖြင့် ကမ္ဘာ့ကသိလာပြီး လူနည်းစုတွေကို ကာကွယ်ပေးဖို့ အစိုးရကို ဖိအား ပေးလာ နိုင်အောင်နဲ့ နောက်ထပ် ခုလိုမဖြစ်လာအောင် ကာကွယ် တားဆီးပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေက အစိုးရက လုံခြုံရေး ယူနေတယ်ဆိုပေမဲ့ စိတ်ချမရသေးဘူး။ ဘယ်နေ့မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ မသိရဘူး။ ခုလဲနေရာကွက်ကျား ဆက်တိုက် တိုက်ခိုက်မှုတွေ ဖြစ်နေတာတွေ့ရပါ တယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သူ ရခိုင်အမျိုးသား ကိုအောင်စံခိုင်က နိရဉ္စရာသို့ ပြောသည်။

ဆန္ဒပြသူများ ကိုင်ဆောင်ထားသော ပိုစတာများထဲတွင် အစိုးရ လုံခြုံရေး အဖွဲ့များ တာဝန် ပေါ့လျော့မူကြောင့် ဘုန်းကြီးကျောင်းများ မီးရှို့ခံရသည်ဟု ဖေါ်ပြထားသလို လူနည်းစုများကို ကာကွယ်ပေး ရန်အစိုးရတွင် တာဝန်ရှိကြောင်း ဖေါ်ပြထားသည့် စာတန်းများကို ရေးထိုးထားသည်။

မီးရှို့ခံရသည့် ဓါတ်ပုံများနှင့် အတူ ဗုဒ္ဓဘာသာ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်း ပါဆိုသည့် ပိုစတာများကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ထားကြသည်။

ဆန္ဒပြသူများသည် ခရိုင်ရုံးချုပ်ရှေ့မှ တဆင့် လမ်းမအတိုင်း အဂ္ဂမေဓ ကျောင်းသို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ပြီး အဂ္ဂမေဓကျောင်း ဂိတ်ဝတွင် မိနစ် (၃၀) ခန့် ရပ်တန့်ပြီး မာရမာ၊ ရခိုင်၊ ဟိန္ဒူ ခေါင်းဆောင် လူကြီးတို့မှ အသီးသီး မိန့်ခွန်းစကားပြောကြားခဲ့သည်။ ညနေ ၃နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

အဆိုပါ ကျောင်းအား စစ်တပ်က လုံခြုံရေး ယူထားသော်လည်း ဆန္ဒပြသူများအား တစ်စုံတစ်ရာ ဟန့်တား နှောင့်ယှက်ခြင်း မရှိကြောင်း သိရသည်။

စီတန်းလမ်း လျှောက်ရာတွင်လည်း တစုံတရာ အနှောင့်အရှက်မဖြစ်ရအောင် ရဲတပ်ဖွဲ့များက လုံခြုံရေး ယူပေးသည်ဟု သိရသည်။

မနက်ဖြန် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ပန်းဝါ (ရာမူး) သို့ လာရောက်မည်ဖြစ် သဖြင့် ပန်းဝါသို့မသွားမီ ကော့စ်ဘဇား မြို့သို့ ရှေးဦးစွာလာ ရောက်မည်ဖြစ်ရာ ဒေသခံ ဗုဒ္ဓဘာသာဝင်များ ပိုစတာကိုင်ပြီး ဆက်လက် ဆန္ဒ ထုတ်ဖေါ်မှုများ ပြုလုပ်ကြမည်ဟု သိရသည်။




အမေရိကန်ပြည်ထောင်စုမှ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ နှစ်ပတ်လည်ဖွဲ့ စည်းပုံ ပြင်ဆင်အတည်ပြုရေးနှင့် ဗဟိုကော်မတီဝင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရှိ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်း၏ နှစ်ပတ်လည် ဖွဲ့ စည်းပုံ စည်းမျဉ်းပြင်ဆင်အတည်ပြုရေးနှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားတစ်ရပ်ကို အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင်းရှိ ဇေယျသုခ ဓမ္မရိပ်သာ ခန်းမတွင် နေ့ လည်(၁)နာရီမှ ညနေ(၅)နာရီထိ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အသင်း၏ စည်းမျဉ်းပြင်ဆင်အတည်ပြုရေးနှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပရခြင်းနဲ့ပတ်သက်၍ "အသင်းရဲ့ ဖွဲ့ စည်းပုံ စည်းမျဉ်းစည်းကမ်းအရ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေကို တစ်နှစ်တစ်ခါ ရွေးချယ်တင်မြှောက်ကြရတာ ဖြစ်ပါတယ်။ မိသားစုတွေရဲ့ကျန်းမာရေး၊ စားဝတ်နေရေးနှင့် ပညာရေးကိစ္စတွေကြောင့် အသင်းကြီးမှာ ဆက်လက်ပြီး တာဝန်မထမ်းဆောင်နိုင်တော့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နေရာမှာ အရွေးကောက်ခံ တာဝန်ယူထမ်းဆောင်နိုင်ကြမယ့် မျိုးဆက်သစ်လူငယ်တွေကို ရွေးချယ်တင်မြှောက်ကာ အားအင်သစ်တွေနဲ့ ပြန်လည်ဖွဲ့ စည်းခဲ့ကြတာပါ" ဟု အသင်း၏ ဥက္ကဌ ဦးညီညီက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

"အတ္တဟိတနှင့် ပရဟိတကို ချင့်ချိန်ပြီးတော့ ဘာသာ သာသနာအကျိုး၊ အများအကျိုးကို နည်းမှန်လမ်းမှန်နဲ့  ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေက ၀င်ရောက်ယှဉ်ပြိုင် ရွေှးချယ်တင်မြှောက်ခံခဲ့ကြတာဖြစ်ပါတယ်" ဟု အသင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုချစ်ဆွေက အာရ်ကန်တိုင်းမ်စ်သို့ ဆက်လက်ပြောကြားသည်။

အမာရီလိုမြို့ ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဒေသအသီးသီးမှ သီလ၊ သမာဓိ၊ ပညာ၊ အသက်၊ သိက္ခာနှင့် ဂုဏ်ရှိန်ကြီးမားသည့် နိုင်ငံကျော် ဓမ္မကဓိက တရားဟော တရားပြ အကျော်အမော် ဆရာတော်ကြီးများ နှစ်စဉ်နှစ်တိုင်းနီးပါး ကြွရောက်ကာ တရားဟော တရားပြနေသည့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ (Octomber) 19 ရက်နေ့တွင်လည်း နိုင်ငံ့အကျော်အမော် ဆရာတော်တစ်ပါးဖြစ်သည့် ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ကြွရောက်လာမည်ဖြစ်ပြီး သစ္စာဓမ္မတရားပွဲသဘင်ကျင်းပ၍ တရားဟော တရားပြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အမာရီလိုမြို့သည် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအိုဝ့်၊ ပလောင် အစရှိသည့် တိုင်းရင်းသားပေါင်းစုံတို့ ချစ်ခင်ရင်နှီးစွာ အတူတကွ မှီတင်းနေထိုင်ကြသည့် မြို့ တစ်မြို့ ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

အဆိုပါအသင်းကို အမာရီလိုမြို့ မှ မြန်မာတိုင်းရင်းသားပေါင်းစုံတို့ က ပိုမိုစည်းလုံ ညီညွတ်စွာ ဘာသာ၊ သာသနာအရေးကို ဆောင်ရွက်နိုင်ရန် အလို့ ငှာ ဖွဲ့ စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

The Arkan Times

၁၃ နှစ်သမီး အဌမတန်းကျောင်းသူ ကျောင်းမတက်ပဲ ရည်းစားနှင့် တည်းခိုခန်းသွား


ရက်စွဲအတိကျပါတယ်၊ အိမ်လိပ်စာပါတယ်၊ အသက် ပါတယ်။ နာမည်တစ်ခုသာကျန်တော့တယ်။ သို့သော် ဘယ်သူလဲဆိုတာ အားလုံးသိပြီ။

စတုတ္ထမန်းတပ်ကြီးရဲ့ လုပ်ရပ်က ဘေးထွက်ဆိုးကျိုးဘယ်လောက်ရှိမယ်လို့ ထင်ပါသလဲ မတွေ့ဝံ့စရာပါ။ ဒီသတင်းကိုဖတ်ပြီး လူထုက ဘာတွေရမှာလဲမသိပါ။

အသုံးမကျတဲ့ စတုတ္ထမန်းတပ်ကြီးကြောင့် မြန်မာစာဖတ်ပရိတ်သက်များ အသိဆိုးတွေ ဝင်ကုန်ကြပါပြီ။ ကင်မရာလေးနဲ့ ဓာတ်ပုံလေး ရုပ်ထွက်အောင်ရိုက်တတ်၊ မြန်မာစာလေး မတောက်တခေါက်ရေးတတ်ရင် သတင်းထောက်ဖြစ်ပြီဆိုတဲ့ ခေတ်ရောက်နေပြီဖြစ်သည်။ ပေါလိုက်တဲ့ သတင်းထောက်များ။ ထွက်လိုက်တဲ့ ဂျာနယ်များ။ ဆန္ဒပြပွဲတွေမှာ သတင်းယူသလိုလိုနဲ့ ဆန္ဒက ဝင်ပြသေးတယ်။ ကျင့်ဝတ်မသိတဲ့ သတင်းထောက်တွေ၊ ကျင့်ဝတ်မသိတဲ့ အယ်ဒီတာတွေ၊ စောင်ရေတက်ဖို့ပဲ အားသန်နေတဲ့ ထုတ်ဝေသူတွေ စုထားတဲ့ မြန်မာ့ မီဒီယာ လောကကြီး။

အစိုးရနဲ့ တာဝန်ရှိသူတွေကို ပုပ်ခတ်ရေးသားတာတွေ၊ ထိခိုက်ပျက်ဆီး သေကြေကြတာတွေ ကို ဂျာနယ်မျက်နှာဖုံးမှာတင်ပြီး စောင်ရေတတ်အောင် လုပ်နေတာ ကြာလာရင် လူထုရဲ့ ခေါင်းထဲမှာ အစိုးရကို ဆန့်ကျင်ချင်စိတ်နဲ့ မိုက်ရူးရဲစိတ်တွေသာ တိုးလာပြီး ဘာမှ အသိပညာ တိုးမလာ တဲ့အပြင် လူနေမှု အဆင့်အတန်း ပိုဆိုးလာ၏။

လမ်းမှာ အမှိုက်တွေ့လျှင် အမှိုက်ပစ်သူကို အပြစ်မတင်ပဲ အမှိုက်မသိမ်းတဲ့ စည်ပင်ကို အပြစ်တင်ရေး၏။ ယဉ်စီးကမ်းမလိုက်နာသူများကို ရဲဖမ်းလျှင် စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူကို အပြစ်မရေးပဲ ယဉ်ထိန်းရဲကို အပြစ်ရေး၏။ ထူးဆန်းလိုက်တဲ့ မြန်မာ့ စတုတ္ထမန်းတပ်ကြီး။

လူထုအသံဆိုပြီး အကြောင်းပြပြီး ကိုယ်ပြောချင်တာပြောကြ၊ ကိုယ်ရေးချင်တာရေးကြတယ်။ အများအမြင်မှာတော့ ယုံကြည်ချက်ကြောင့်လုပ်နေတဲ့ ပုံစံ။ တကယ်တမ်းတော့ ငတ်လို့လုပ်နေကြတာ။

Myanmar Express

ခုနှစ်ရက်သားသမီးအတွက် ( ၈.၁၀.၁၂) မှ ( ၁၄.၁၀.၁၂)ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

ထီပေါက်တတ်ခြင်း၊ နိုင်ငံရပ်ခြားနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်ရခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင် ပစ္စည်းများရောက်လာတတ်ခြင်းများဖြစ်တတ်သည်။ ထွက်ထားသောရွှေထည်များပြန်ဝင်ခြင်း၊ ရွှေပြင်ရခြင်းများဖြစ်မည်။ အလုပ်တွင်စိတ်တိုင်းမကျစရာများဖြစ်နေတတ်သည်။ စက်ပစ္စည်းများပျက်ခြင်း၊ ပျောက်ခြင်းများဖြစ်တတ်သည်။ သူခိုးခိုးခံရတတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ အမျိုးသားစိတ်ပြောင်းနေတတ်သည်။ အစစအရာရာသည်းခံပြီးပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်ပါ။
ယာတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရေသပ္ပယ်ဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၈ ၉ ၀)

တနင်္လာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်အရင်ကထက်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။ မအားရအောင်အလုပ်များနေမည်။ ၀င်ငွေကောင်းခြင်း၊ စီးပွားကောင်းခြင်းများဖြစ်နေမည်။ ဖုန်းပျက်ခြင်း၊ ကြာသပတေးနံကြောင့်ငွေကုန်ခြင်း များဖြစ်နေတတ်သည်။ မိတ်ဆွေသစ်များရတတ်သည်။ ဘ၀တလျှောက်အတွက်စီးပွားဘက်ဖြစ်တတ်သည်။ နိုင်ငံရပ်ခြားနှင့်ပတ်သက်သောကိစ္စများလုပ်ရန်အကြံဥာဏ်ပေးသူရှိလာတတ်သည်။ အစစအရာရာ အဆင်ပြေနေသောအချိန်ဖြစ်သည်။

ကျန်းမာရေး။ ချောင်းဆိုးနေတတ်သည်။
အချစ်ရေး။ ဘ၀အတွက်လက်တွဲဖေါ်ကောင်းနှင့်တွေ့နေသောကြောင့်ပျော်ရွှင်နေမည်။
ယာတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နေကထိုင်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၆ ၁ ၀)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အလုပ်သစ်ရနေတတ်သည်။ စိတ်တိုင်းမကျလဲဖြစ်နေမည်။ အလုပ်ပြောင်းရန်စိတ်ကူးနေတတ်သည်။ သို့သော်မပြောင်းလျှင်ပိုကောင်းသည်။ ယခုအချိန်သည်။ဘယ်အလုပ်မှာဘဲဖြစ်ဖြစ်စိတ်တိုင်းမကျဖြစ်နေမည်။ သည်းခံပြီးလုပ်ပါ။ ၀င်ငွေကောင်းမည်။ စိတ်ပင်ပမ်းခြင်း၊ အတိုက်အခိုက်ရှိခြင်းကြောင့်အလုပ်တွင်မပျော်ရွှင် ခြင်းဖြစ်နေတတ်သည်။ မိမိအိမ်နားပတ်ဝန်းကျင်နှင့်သဟဇာတမဖြစ်ခြင်းဖြစ်နေတတ်သည်။ အစစအရာရာ စိတ်တိုင်းမကျသောအချိန်ဖြစ်နေသည်။ မကြာခင်အ ဆင်ပြေသွားပါလိမ့်မည်။

ကျန်းမာရေး။ ကိုယ်လက်ကိုက်ခဲနေတတ်သည်။
အချစ်ရေး။ စိတ်ဝင်စားခြင်းမရှိနိုင်သေးသောအချိန်ဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားရွှေသင်္ကန်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၁ ၂ ၃)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ရပ်ဝေးမှဆွေမျိုးများရောက်လာသောကြောင့် အလုပ်များနေတတ်သည်။ လူပင်ပမ်းခြင်းထက်စိတ်ပင်ပမ်းခြင်းပိုများနေ တတ်သည်။ ငွေများစွာလည်းကုန်မည်။ အလုပ်တွင်ဝင်ငွေပုံမှန်ဖြစ်နေတတ်သည်။ မိမိအလုပ်တွင် နာမည်ကောင်းရနေ တတ်သည်။ လက်အောက်ငယ်သားကောင်းများရှိနေခြင်းကြောင့်အစစအရာရာ အဆင်ပြေနေမည်။ မကြာခင် စီးပွားတက်ခြင်း၊ ရာထူးတက်ခြင်း၊ လစာကောင်းခြင်းများဖြစ်မည်။

ကျန်းမာရေး။ အကြောများနာနေမည်။ အဆုတ်နှင့်ပတ်သက်ပြီးဆေးသောက်နေရတတ်သည်။
အချစ်ရေး။ လက်ထပ်ရန်ပူဆာနေခြင်းကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းပေါင်းစုံကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရတတ်သည်။ အလှူလုပ်ရတတ်သည်။ အလှူလုပ်ပြီးသော်စီးပွားတက်မည် ။ ရွှေအသစ်ဝင်ခြင်း၊ စိန်လက်စွပ်ဝင်ခြင်း၊ပုလဲလက်စွပ်ဝင်ခြင်းဖြစ်တတ်သည်။ ငွေများစွာဝင်မည်။ သို့သော်ကုန်စရာ များလည်းဆက်တိုက်ဖြစ်နေမည်။ အလုပ်တွင်အခက်အခဲ အတိုက်အခံများရှိနေမည်။ အစစအရာရာသတိထားပါ။ မီးသတိထားပါ၊ မီးကြောင့်အမှုအခင်းဖြစ်တတ်သည်။

ကျန်းမာရေး။ အပူလောင်တတ်သည်။ မီးသတိထားသုံးပါ။
အချစ်ရေး။ အစစအရာရာစိတ်ချမ်းသာမှုများဖြစ်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရောင်တော်ဖွင့်ပါ။
အကျိုးပေးဂဏန်း။ ( ၃ ၅ ၃ ၆)

သောကြာသားသမီးများ၏ကံကြမ္မာ

အလုပ်များနေတတ်သည်။ အလုပ်အကိုင်တိုးတက်ခြင်းဖြစ်သည်။ ငွေများဝင်သည်။ သို့သော်မိမိသုံးနေသော စက်ပစ္စည်းပျက်သောကြောင့်ငွေကုန်စရာဖြစ်နေသည်။ အလုပ်တွင်နာမည်ဂုဏ်သတင်းတိုးတက်ခြင်းဖြစ်နေသည်။ မိမိအလုပ်တွင်လည်းအောင်မြင်သောသတင်းကောင်းများဆက်တိုက်ဖြစ်နေတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောသတင်းကြားလည်းကြားရတတ်သည်။

ကျန်းမာရေး။ ခြေထောက်ထုံကျင်နေတတ်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ မိမိအပေါ်သစ္စာဖောက်ခြင်းသလိုဖြစ်နေတတ်သည်။ လှေနံနှစ်ဖက်နင်းခြင်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေထီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၅ ၃)

စနေသားသမီးများ၏ကံကြမ္မာ

နိုင်ငံရပ်ခြားခရီးရှိခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းများ၊ စနေနံပစ္စည်းများရောက်လာခြင်းများဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ ဖုန်းဝင်ခြင်းဖြစ်တတ် သည်။ စက်ပစ္စည်းများပျက်ခြင်း၊ ထွက်ခြင်း၊ မျက်မှန်ဒီဂရီတိုးရခြင်းဖြစ် တတ်သည်။ ငွေလူလိမ်ခံရတတ်သည်။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။ မိတ်ဆွေဟောင်းများနှင့်စကားများရတတ်သည်။ စီးပွားရေးအလွန်ကောင်းနေမည်။ မိန်းကလေးအနှောင့်အယှက်တွေ့ရတတ်သည်။ သတိထားပါ။

ကျန်းမာရေး။ လက်ကိုက်နေတတ်သည်။
အချစ်ရေး။ စန်းပွင့်နေချိန်ဖြစ်နေသည်။ စိတ်တိုင်းကျရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ထီးဖြူ (၂)လက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၀ ၅ ၅)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- +6016 6903 513 ,+6018 2250 510
E-mail:swezinwati@gmail.com

ရိုဟင်ဂျာအရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် ပြော

ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းသော မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် လက်ခံ အသိမှတ်ပြု သော်လည်း ‘ရိုဟင်ဂျာ’ ဟူသည် မြန်မာနိုင်ငံ သမိုင်းကော်မရှင်က အသိမှတ်ပြုထားသော လူမျိုးများထဲတွင် မပါဝင်၍ ရိုဟင်ဂျာအရေးကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ခေါင်းဆောင် ဦးသိန်းညွှန့် က ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်သော NNDP တည်ထောင်သည့် တနှစ်ပြည့် အခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးသိန်းညွှန့်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျနော် မဲရဖို့ သက်သက်နဲ့ ဟိုမှာတမျိုး ဒီမှာတမျိုး မပြောနိုင်ဘူး။ ဟိုပုဂ္ဂိုလ်ပြော ဒီပုဂ္ဂိုလ်ပြောကို မပြောဘူး။ မြန်မာနိုင်ငံ သမိုင်းကော်မရှင် တင်ပြထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ ‘ရိုဟင်ဂျာ’ မပါတဲ့အတွက် ရိုဟင်ဂျာ အရေးကို မဆောင်ရွက်ပေးနိုင်ပါဘူး” ဟု ဦးသိန်းညွန် က ယတိပြတ် ပြောဆိုသွားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ပြည်သူဆန္ဒကို ရယူထားသည့် ဥပဒေ ဖြစ်ပြီး ကုလသမဂ္ဂမှ ချမှတ်ထားသော စံချိန်စံနှုန်းနှင့် မကိုက်ညီမှာသာ ၎င်းအနေနှင့် အဆိုတင်သွင်းမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ဆက်လက်ပြောဆိုသည်။

“၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေက အဲ့ဒီတုန်းက အာဏာရှင်စနစ် အောက်မှာ ပြုထားသော်လည်း လူ့အခွင့်ရေးကို အသိမှတ်ပြုတယ်။ နိုင်ငံသား မဟုတ်တဲ့ လူတွေကို ဧည့်နိုင်ငံသား ပြုခွင့် ပေးထားတယ်။ မပေးထားတာ တချက်ပဲ။ နိုင်ငံသား မဟုတ်တဲ့အတွက် သမ္မတ လုပ်လို့ မရဘူး၊ လွှတ်တော်ကိုယ်စားလှယ် လုပ်လို့မရဘူး။ နိုင်ငံရေး ရာထူးတွေ ယူလို့မရအောင် လုပ်ထားတယ်။ ဒါက ကျနော်တို့နိုင်ငံမှ မဟုတ်ဘူး။ တခြားနိုင်ငံမှာလည်း နိုင်ငံသားမဟုတ်တဲ့လူ တွေ ဒီလိုကန့်သတ်တာပဲ” ဟု ၎င်း၏ ပါတီ နှစ်ပတ်လည်အခမ်းအနားတွင် ပြောဆိုသွားသည်။

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီး စတင်


မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ၃ ရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါပြီ။ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ဖွံ့ဖြိုးရေး အကူအညီတွေကိစ္စလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သမ္မတရုံးက ပြောပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို တောင်ကိုရီးယား နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်လာတဲ့အပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်တွေက ဘယ်လို သုံးသပ်ကြပါသလဲ။

မြန်မာသမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၃ ရက်ကြာမယ့် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို အောက်တိုဘာလ ၇ ရက် တနင်္ဂနွေနေ့ မနက်က စတင်ထွက်ခွာ သွားပါပြီ။ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မှု အပါအ၀င် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုလို စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေရော၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်နေတဲ့ အကူအညီတွေကိစ္စပါ ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါတယ်။

“အဓိက ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့၊ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင် ဖို့။ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက်အရ သွားတာပါ။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့။ နှစ်နိုင်ငံ ဆက်ဆံမှု အပြန်အလှန် ဖလှယ်ဖို့ပေါ့။ အားလုံး အကျုံးဝင်မှာပါ။ သူက ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး တို့ အကုန်ပါတာပါ။ စီးပွားရေးကတော့ အဓိက ဇောင်းပေးပေါ့။ ကျန်တာတွေကတော့ အားလုံး ပါမှာပါ။ လောလောဆယ် ထုတ်ပြန်ချက်ကတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆက်ဆံမှု မြှင့်တင်ဖို့ပေါ့။ ၁၀ ရက်နေ့ ပြန်ရောက်မယ်ဗျ။”

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ဒီ ၂၀၁၂ ခုနှစ် မေလပိုင်းမှာပဲ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီး လာရောက်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်ဟာ ဆယ်စုနှစ် ၃ စုနီးပါးကြာ ကာလအတွင်း တောင်ကိုရီးယား ထိပ်တန်း ခေါင်းဆောင်တဦးရဲ့ သမိုင်းဝင် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံကို တောင်ကိုရီးယားသမ္မတ တဦးအနေနဲ့ နောက်ဆုံး လာရောက်ခဲ့တာက ၁၉၈၃ ခုနှစ်တုန်းက ဖြစ်ပါတယ်။ အဲဒီအချိန်က သမ္မတ ချန်ဒူးဝှမ်နဲ့အဖွဲ့ဟာ ရန်ကုန် အာဇာနည်ကုန်းမှာ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုမယ့်အချိန်၊ မြောက်ကိုရီးယား သူလျှိုတွေရဲ့ ဗုံးခွဲလုပ်ကြံဖို့ ကြိုးစားမှုကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အစိုးရအဖွဲ့ဝင် အတော်များများ ထိခိုက် ဒဏ်ရာရ သေဆုံးခဲ့ကြရပါတယ်။ ဒါကြောင့် မြန်မာအစိုးရကလည်း မြောက်ကိုရီးယားအစိုးရနဲ့ သံတမန်ဆက်ဆံရေးကို အဲ့ဒီအချိန်ကစပြီး ချက်ချင်း ရပ်စဲခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကျမှ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားကြားမှာ သံတမန်အဆက်အသွယ်တွေ ပြန်ထူထောင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်ရဲ့ မေလတုန်းက မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှု အခြေအနေတွေကိုလည်း မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အခုလို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန်အလှန် သွားရောက်တဲ့အထိ ဆက်ဆံရေး ကောင်းမွန်လာတဲ့အပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်တွေကတော့ ကြိုဆိုခဲ့ကြ ပါတယ်။ ဒေသတွင်းမှာ အဲ့ဒီလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ တောင်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နိုင်မှ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကိုလည်း ကူညီပေးတာလိုမျိုး အပြန်အလှန် အကျိုး ဖြစ်ထွန်းမှုတွေ ရှိလာနိုင်မယ်လို့ ၀ါရင့် သံတမန်တဦးဖြစ်တဲ့ သခင်ချန်ထွန်း က အခုလို ပြောခဲ့ပါတယ်။

“တောင်ကိုရီးယားက စီးပွားရေး ဖွံ့ဖြိုးနေတဲ့နိုင်ငံ၊ စက်မှုနိုင်ငံ တနိုင်ငံ ဖြစ်တယ်လေ။ မြောက်ကိုရီးယား နဲ့ အပြိုင် ဆက်သွယ်ရေးကို မြန်မာနဲ့ရော၊ ကမ္ဘာအရပ်ရပ်က နိုင်ငံ အသီးသီးနဲ့ပါ ကောင်းချင်တာပေါ့။ အခု မြန်မာကရော အစစအရာရာ လိုအပ်နေတာ။ စီးပွားရေးနဲ့ စက်မှုလက်မှု ထွန်းကားဖို့ဆိုတာ လိုနေတယ်။ သူတို့နိုင်ငံရဲ့ အခြေအနေအရ တောင်ကိုရီးယားက ပေးနိုင်ကမ်းနိုင်၊ လှူနိုင်ဒါန်းနိုင်တဲ့ အခြေအနေမှာရှိတော့၊ ဒါ မိတ်ဆွေ နိုင်ငံ တနိုင်ငံ အနေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့၊ အကူအညီတွေ တောင်းနိုင်အောင် ရနိုင်အောင် အမှန်ကတော့ ရင်းနှီးအောင် ပေါင်းထားရမှာပဲ။ ဒါကြောင့်မို့ နှစ်နိုင်ငံ အနေနဲ့ လိုအပ်ချက်တွေ၊ ကိုယ့်နိုင်ငံရဲ့လိုအပ်ချက်နဲ့ ကိုယ်၊ နှစ်နိုင်ငံ စီးပွားဖက် နိုင်ငံတွေဖြစ်အောင် ကြိုးစားနေကြတယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

ဝါရင့် သံတမန်ကြီး သခင်ချန်ထွန်း ဖြစ်ပါတယ်။ ၃ ရက်ကြာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နဲ့ ဦးတင်နိုင်သိန်းတို့ အပါအ၀င် လျှပ်စစ်၊ စက်မှု၊ ပို့ဆောင်ရေးနဲ့ ကျန်းမာရေး ၀န်ကြီးဌာနတွေက ၀န်ကြီးတွေရော၊ ရန်ကုန်၊ မန္တလေး နဲ့ ပဲခူးတိုင်း ဒေသကြီးတွေက ၀န်ကြီးချုပ်တွေရော လိုက်ပါသွားကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တောင်ကိုရီးယား ကုမ္ပဏီတွေရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ နံပါတ် (၄) အဆင့်မှာ ရှိပြီးတော့ ကုမ္ပဏီပေါင်း ၄၉ ခုကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင်နီးပါးအထိ ရင်းနှီးမြှုပ်နှံထားတာလည်း ဖြစ်ပါတယ်။

မိန်းကလေးများ ဘယ်လို ဖြစ်ချင်သလဲ


မြတ်စွာဘုရားရှင် သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကျောင်းဒါယကာ အနာထပိဏ် သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။

ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သား အတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်း လျှောက် ထား ပါတယ်။

မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက...

(၁) ဝဓာဘရိယာ (လူသတ်ကောင်နှင့် တူသော မယား)
မိမိရဲ့ လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊ အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ ဆဲဆိုခြင်း၊ ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊ မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကို ချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။

ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ်ပြုသင့်ပြုထိုက်သည့် အမှုတို့ကို မပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည်သားသမီးများအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစို တရားလေးပါးတို့နှင့် စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာ တို့ဖြင့်ကျွေးမွေးစောင့် ရှောက်သော၊ လင်ယောင်္ကျား ရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်း တတ်တဲ့ မယားကို မိခင်နှင့်တူသော မယားလို့ ခေါ်ပါတယ်။ ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင် ဘက်မလုပ်တဲ့ မယားမျိုး ကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက် ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ ဝမ်းမြောက် ဝမ်းသာဖြစ်ခြင်း၊ အိမ်၌ စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွား တတ်သော၊ သီလစောင့် ထိန်း၍ လင်ယောင်္ကျားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊ အမျိုးကို စောင့်ထိန်းပြီး လင်ယောင်္ကျား အား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကို ခေါ် တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများ မှတ်သားနာ ယူသင့်သလို ယောင်္ကျားလေးများ အနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။

(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသ တရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသော အကျင့်မရှိပဲ သည်းခံ တတ်ခြင်း၊ လင်အား ချစ်ကြောက်ရိုသေစွာ လင်၏ အလိုဆန္ဒကိုလိုက် လျောတတ်သော မယားကို ဆိုလိုတာပါ။ ကျွန်ဆိုးနဲ့ တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျား ရှာဖွေ ထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။

ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။ ဆိုခဲ့တဲ့ ဇနီးမယား(၇) မျိုးအနက်က အမေနှင့်တူသော ဇနီး၊ နှမနှင့်တူသော ဇနီး၊ အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့် ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊ သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ ဖောက်ပြန်ခြင်း၊ မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့် သီလမရှိတဲ့ ဇနီးများဖြစ် ကြတယ်လို့ဆိုရမှာ။

ထိုထိုသောဇနီးမယားသေလျှင် ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။ ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည် အဘယ်သို့သော ဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။

ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများ အနေနဲ့လည်း မိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊ လူသတ်ကောင်နှင့်တူသော၊ သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊ နှမနှင့်တူသော၊ အဆွေခင်ပွန်းနှင့် တူသော၊ ကျွန်ကောင်း တစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

စိုက်ပျိုး စရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများကို ပထမဆုံး အကြိမ် ခေါ်ယူ စစ်ဆေး မေးမြန်း

ကျောက်မောင်နှမကျေးရွာအုပ်စုမှ ခေါ်ယူမေးမြန်းခံရသူ လယ်သမားများ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လယ်သမားများကို စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများကို မကျေနပ်သဖြင့် တိုင်ကြားသူ လယ်သမား ၈ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူမေးမြန်းခဲ့သည် ဟု သတင်း ရရှိသည်။

ခေါ်ယူ စစ်ဆေးခံရသူ လယ်သမားများမှာ တောင်ကုတ်မြို့နယ် ကျောက်မောင်နှမ ကျေးရွာမှ လယ်သမား ၈ ဦး ဖြစ်သည်။

သူတို့ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းသို့ ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်။

“ ကျွန်မတို့ကို ဒီပိုက်ဆံပေးရတဲ့ ကိစ္စနဲ့ ကျေနပ်သလား၊ မကျေနပ်ဘူးလားဆိုတာကို မေးတယ်၊ ငွေတွေဖြတ် တာ ရှိလား၊ လယ်မြေ ဧကတွေမှာ ဖြတ်တာရှိလားဆိုပြီး မေးပါတယ်။ ကျွန်မတို့က မကျေနပ်ပါဘူး။ ဒီပိုက်ဆံကို ပြန် လိုချင်တယ်။

မတရားကောက်ခံတဲ့ ငွေဖြစ်တဲ့ အပြင် ရှာကြံပြီး ပေးထားရတဲ့ ပိုက်ဆံဖြစ်တဲ့အတွက် ဒီပိုက်ဆံကို ပြန်လိုချင်တယ်လို့ ဖြေလိုက်ပါတယ်” ဟု ခေါ်ယူ စစ်ဆေးရာတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက သူတို့ကို မေးမြန်းခံရပုံနှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ပြောပြသည်။

လယ်သမား ၈ ဦးလုံးကို မေးမြန်းပြီး တစုံတရာ ဆုံးဖြတ်ချက်မပေးဘဲ သူတို့၏ ဖြေကြားချက်များ အပေါ်မှာ လက် မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်သည်ဟု ဆိုသည်။

ယခု ခေါ်ယူ စစ်မေးမြန်းခံရသူ လယ်သမားများမှာ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးရာတွင် စိုက်ပျိုး စရိတ်ထုတ် ပေးမည့် လက်မှတ် တစောင်ရရှိရေး အတွက် ကျောက်မောင်နှမ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ရွေ (ခ) ပုမောင်နှင့် မြေစာရင်းဌာနမှ ကိုတင်မောင်ထွေးတို့က လယ်သမား တဦးစီမှ ကျပ်ငွေ ၁၀၀၀၀ စီ ကောက်ခံခဲ့သည်။

ထိုကဲ့သို့ ကောက်ခံမူ အပေါ် မကျေ နပ်သော လယ်သမားများက စက်တင်္ဘာလ ဒုတိယပတ်က လာရောက် တိုင်းကြားထားရာမှ ပထမအကြိမ် ခေါ် ယူမေးမြန်းခြင်းဖြစ်သည်။

ယနေ့ ခေါ်ယူ မေးမြန်းရာတွင် မြေဂရမ်လုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်တောင်းခံရပုံကို ကျောက်မောင်နှမ ကျေးရွာအုပ်စု ဇလေ့ကျေးရွာမှ ချင်းအမျိုးသား ဦးချစ်လှက နိရဉ္စရာသို့ ယခုလို ပြောသည်။

“ ကျွန်တော့် လယ်မြေနားမှာ ဥယျာဉ်သဖွယ် ဂရမ်းမဲ့ နှစ်ရှည်သီးနှံ စိုက်ထားပါတယ်။ အဲဒီမြေကို ကျောက်မောင် နှမ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ရွေ (ပုမောင်)က မြေစာရင်းရုံးက ဦးတင်မောင်ထွေးနဲ့ ဂရမ်လုပ်ပေးမယ်ဆိုပြီး ပထမတကြိမ် ၇၀၀၀၀ ကျပ်၊ ဒုတိယအကြိမ် နာမည်မသိတဲ့ မြေစာရင်းရုံးက လူတယောက်နဲ့ ၄၀၀၀၀ ကျပ် စုစုပေါင်း တစ်သိန်းတစ်သောင်းကျပ်တိတိ တောင်းယူသွားပါတယ်။ အခုအချိန်ထိ ဂရမ်လဲမရ ပြေစာလဲမထွက်၊ ငွေလိမ် သွားတဲ့အကြောင်းကို အောက်မှာ လက်မှတ် ထိုးခဲ့ရပါတယ်” ဟု ဆိုသည်။

တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် ငွေဖြတ်ယူသည့်ကိစ္စကို မကျေနပ် သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို လာရောက်တိုင်ကြားထားသည့် မိုးအုပ်စုနှင့် မောင်းအုပ်စုမှ လယ်သမားများကိုလည်း ဆက်လက် ခေါ်ယူမေးမြန်းမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဘဏ်မှ ငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာ အုပ်စုအလိုက် ဘဏ် ကော်မီတီ ဥက္ကဌနှင့် အတွင်းရေးမှူး နှစ်ဦးစီ တာဝန်ပေးပြီး တစ်ဧကကို အစိုးရ သတ်မှတ်ကြေး ကျပ်ငွေ ၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးသော်လည်း တာဝန်ပေးခံရသူများက လယ်သမား တဦးထံမှ ကျပ်ငွေ ၇၀၀၀ မှ ၁၀၀၀၀ ထိ ဖြတ်ယူခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်စားခံရမှုများကြောင့် မြို့နယ်အဆင့် တာဝန်ရှိသူ များကို တိုင်ကြားသော်လည်း တစုံတရာ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးခြင်းမရှိသဖြင့် လယ်သမားများမှာ အခက် အခဲ ကြုံတွေ့နေကြရသည်ဟု သိရသည်။

US to YANGON Shopping ဝန်ဆောင်မှုတစ်ခု Facebook စာမျက်နှာတွင် ပြုလုပ်


US မှ ပစ္စည်းများကို ဝယ်ယူနိုင်မည့် US to YANGON Shopping ဝန်ဆောင်မှု တစ်ခုကို Facebook စာမျက်နှာပေါ်တွင် စက်တင်ဘာလကုန်ပိုင်းက ပြုလုပ်လိုက်ကြောင်း သိရသည်။ ပစ္စည်းမှာယူသည့် အခါတွင် ပစ္စည်းမှာယူသည့် နေ့မှစပြီး နှစ်ပတ်ဝန်းကျင် ကြာမြင့်မည်ဖြစ်သည်။

ဝန်ဆောင်ခအနေဖြင့် ပစ္စည်းတန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်သော်လည်း ပစ္စည်းတန်ဖိုး USD 500 နှင့်အထက် မှာယူပါက ၁၂ ရာခိုင်နှုန်း၊ USD 1000 နှင့်အထက် မှာယူပါက ၁၀ ရာခိုင်နှုန်း၊ USD 2000 နှင့်အထက် မှာယူပါက ၈ ရာခိုင်နှုန်းသာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မှာယူသူများ စိတ်ချမ်းသာစေရန်အတွက် ဝန်ဆောင်ခကိုလည်း ညှိနှိုင်းပေးသွားမည်ဟု ဆိုသည်။ ပစ္စည်းမှာယူရန် Confirm ဖြစ်ပြီဆိုပါက ပစ္စည်းတန်ဖိုး၏ တစ်ဝက်ကို ပေးချေထားရမည်ဖြစ်ပြီး ကျန်တစ်ဝက်ကို မှာယူသည့်ပစ္စည်း မိမိထံလက်ခံရရှိမှ အပြီးသတ်ပေးချေရမည် ဖြစ်ကြောင်း သိရသည်။

ပစ္စည်းမှာယူလိုသူများ၊ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိလိုသူများအနေဖြင့် mr.shopper8@gmail.com နှင့် ဖုန်း -၀၉-၅၅၈၈၁၁၁ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

US to YANGON Shopping ဝန်ဆောင်မှု လိပ်စာမှာ http://www.facebook.com/Mr.Shopper8 ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရန်ကုန်အခြေခံပညာကျောင်းများ၌ အန္တရာယ်ရှိအစားအသောက်အကြောင်း ပညာပေးဟောပြောမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများရှိ မုန့်ဈေး တန်းများတွင် အန္တရာယ်ရှိသော အစားအသောက်နှင့် မုန့်ပဲသရေစာများ မရောင်းချမိစေရန် စားသုံးသူကာကွယ်ရေးအသင်းနှင့် စည်းရုံးရေးနှင့် ပညာရေးကော်မတီတို့မှ ပူးပေါင်းကာ အောက်တိုဘာလ ဒုတိယပတ်မှစ၍ ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

"ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ လူငယ်၊ ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံစိတ်ချရတဲ့ အစားသောက်တွေကို စားသုံးနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ။ ပညာရှင် တွေကလည်း ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ပြီး တက်နိုင်သမျှ ကျောင်းတွေမှာ ကျန်းမာရေး ပညာပေးဟော ပြောပွဲလေးတွေ လုပ်ဖို့လည်း စီစဉ်ထားပါတယ်"ဟု စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌဦးဗအုပ်ခိုင် က ပြောသည်။

လက်ရှိကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော မုန့်များတွင် ပြည်တွင်း ထုတ်တံဆိပ်များ ပါရှိသော်လည်း သက်တမ်း ကုန်ဆုံးရက်၊ လိပ်စာမပါရှိခြင်း၊ ကုန်ဆုံးရက်ပါရှိသော်လည်း ချဉ်သိုး နေခြင်း၊ မှိုတက်နေခြင်း၊ ဆိုးဆေးနှင့် အက်စစ်များပါရှိ အချဉ်များဖြင့် ဆက်စပ်ရောင်းချသော အကြော်စုံ၊ အသုပ်စုံ၊ ဒုတ်ထိုး၊ ယိုးဒယားအကင်များအား ရောင်းချခွင့်မပြုရန် ကျန်းမာရေးအသိပညာပေး ဟောပြောမည့် အစီအစဉ်ဖြစ်သည်။

"ကောင်းပါတယ်။ ကလေးတွေရဲ့ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ကလေးမိဘ တွေကရော ပါဝင်ဆောင်ရွက် ဖို့တော့လိုတယ်။ ကလေးတွေကို ကျောင်းရောက်မှ မုန့်ဝယ်စားဆိုပြီး ပိုက်ဆံပဲထည့်ပေးလိုက်တာမျိုးတွေကိုလည်း တက်နိုင်သမျှ မိဘတွေအနေနဲ့ မပြုလုပ်သင့်ပါဘူး"ဟု လှိုင်သာယာမြို့နယ်မှ ကလေးမိဘတစ်ဦးက ပြောသည်။

မှိုတက်နေသော မုန့်များ၊ အချဉ်ပေါက်နေသော မုန့်များတွင် လူကို ဒုက္ခပေးနိုင်သည့် ဘက်တီးရီး ယားများ ပေါက်ဖွားနေသောကြောင့် စားသုံးမိပါက အစာအဆိပ်သင့်မှု၊ အစာအိမ် အချဉ်ပေါက်မှု၊ မူးဝေအော့အန်မှုနှင့် နောက်ဆက်တွဲရောဂါများ ခံစားလာ ရပါက ဆေးရုံတက်ရောက် ကုသမှုအထိ ဖြစ်ပေါ်နိုင်ကြောင်းနှင့် အစာအချဉ်၊အစပ်များအားရေရှည်စားသုံးမိပါက အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေ ၆ ရာခိုင်နှုန်းအထိရှိကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးက သုံးသပ်သည်။

''လူတစ်ယောက်ဟာ ကျန်းမာရေးက အဓိကပါပဲ ကလေးငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အချဉ်အစပ်တွေ ရေရှည် စားသုံးမိမယ်ဆိုရင် အစာအိမ်ကင်ဆာရောဂါဖြစ်ဖို့ အခြားအစား အသောက် ထက် ကို ၆%လောက် ရှိတယ်။" ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းပေါင်း(၄၀)ကျော်၌ ကျန်းမာရေးပညာပေးဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး အောက်တို ဘာလ ဒုတိယပတ်တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ စတင်မည်ဖြစ်သည်။

မန္တလေးက ဖယောင်းတိုင်ကိစ္စ (၅) လအကြာမှာ ပုဒ်မ (၁၈)တဲ့


ပြီးခဲ့သည့် (၅)လခန့်က လျှပ်စစ်မီးပြတ်တောက်ချိန်များ ပြားလာခြင်းကို ကျေနပ်မှုမရှိသူ များက ဖယောင်းတိုင်မီးညှိကိုင် ဆောင်ပြီးချီတက်ဆန္ဒဖော်ထုတ် ခဲ့စဉ်က ပါဝင်ပတ်သက်သည်ဟု ယူဆသောကြောင့် မြန်မာနိုင်ငံ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်း ခြင်းခံထားရသူများကို ပုဒ်မ(၁၈) ဖြင့် တရားစွဲဆိုထားပြီဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ မိမိတို့ အား အောက်တိုဘာလ (၇)ရက် နေ့ နံနက်ပိုင်းတွင် ဖုန်းဖြင့် ဆက် သွယ်အကြောင်းကြားလာကြောင်း ဒေါ်အမာနီ၊ ဒေါ်ခင်သန်းမြင့်တို့ နှင့် True News Journal မန္တလေး တာဝန်ခံ ဆရာမင်းထက်ငြိမ်းချမ်း တို့ထံမှ ကြားသိရကြောင်း သိရ သည်။

ဒေါ်အမာနီနှင့် ဒေါ်ခင် သန်းမြင့်ကို အမှတ်(၈)ရဲစခန်းမှ အကြောင်းကြားခြင်းဖြစ်ပြီး ဆရာ မင်းထက်ငြိမ်းချမ်းကို အမှတ်(၂) ရဲစခန်းမှ အကြောင်းကြားလာ ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရ သည်။

အကြောင်းကြားခြင်းခံရ သူများက ပြောကြားရာတွင် ထို စဉ်က စီတန်းလှည့်လည်ဆန္ဒဖော် ထုတ်ရာတွင် ပတ်သက်သည်ဟု ယူဆခြင်းခံရသူများကို သတင်း တပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးမေးမြန်း ပြီးပြီဖြစ်ကြောင်း၊ ယခုအချိန်ကြ မှ တရားစွဲဆိုသည်ဆိုခြင်းကို မည် သို့မျှ နားလည်လက်ခံနိုင်ခြင်း မရှိ ဟု ပြောကြားခဲ့ကြောင်းနှင့် ရဲစခန်း မှ အကြောင်းကြားလာသူမှ အထက်ညွှန်ကြားချက်အရ တရား စွဲဆိုထားရခြင်းဖြစ်ကြောင်း ပြန် လည်ရှင်းလင်းပြောဆိုခဲ့သည်ဟု လည်း သိရသည်။

မန္တလေးမြို့ တွင် ဖယောင်းတိုင် မီးထွန်းညှိ ဆန္ဒဖော်ထုတ်မှုများမှာ ၂၀၁၂ ခုနှစ်၊ မေလ (၂၀)ရက်နေ့က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီးအချိန် (၅)လကြာ မြင့်ခဲ့ပြီဖြစ်ပါသည်။

ဥယျာဉ်မှူး

အစ္စလာမ်ဘာသာသည် အကြမ်းဖက်တဲ့ဘာသာမဟုတ်ပါဘူး ဟု ၈၈ ကျောင်းသား ဦးကံညွန့်ဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ် ပေါ်ခဲ့သော ဘာသာရေးစွဲအစွန်း ရောက်အကြမ်းဖက်မှုများနှင့်ပတ် သက်၍ “၈၈”ကျောင်းသား၊ရွှေဝါ ရောင် သံဃာ့တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦးကံညွှန့်မှ ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ယနေ့ကမ္ဘာပေါ်တွင် ယဉ်ကျေး သော လူ့အဖွဲ့အစည်းသို့ ဦးတည် နေပြီဖြစ်သည့်အတွက် လူမျိုးရေး၊ ပုဂ်္ဂိုလ်စွဲ၊ဂိုဏ်းဂဏစွဲများ ဆုပ် ကိုင်မထားသင့်တော့ကြောင်း သူ ၏သဘောထားကို ပြောပြခဲ့ သည်။

““အမှန်တကယ်တော့ လူ နည်းစု ဗုဒ္ဓဘာသာဝင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကာ အကွယ်ပေးသင့်တယ်လို့ထင်တယ်၊ အလွန်ယဉ်ကျေးသိမ်မွေ့တဲ့ အစ္စ လာမ်ဘာသာဝင်တွေက ဒါမျိုး တွေမလုပ်သင့်ဘူး။ရိုင်းစိုင်းတဲ့မင်း မဲ့စရိုက်ဆန်တဲ့ အပြုအမူတွေ လုပ်တာပြင်းပြင်းထန်ထန်ကန့် ကွက်တယ်၊ရှုတ်ချတယ်၊အစ္စလာမ် ဘာသာဝင်တွေကို မြန်မာနိုင်ငံ မှာ လေးလေးစားစားဆက်ဆံတာ ပဲ၊ဗုဒ္ဓဘာသာဝင်တွေကို လေးစား သင့်တယ်၊အစ္စလာမ်ဘာသာသည် လုံးဝအကြမ်းဖက်တဲ့ ဘာသာမ ဟုတ်ပါဘူး၊အကြမ်းဖက်တဲ့မူဆလင် မှန်သမျှသည် လုံးဝမူဆလင် မဟုတ်ဘူး။ ပြီးတော့ မူဆလင်လို့ လည်း မသတ်မှတ်သင့်တော့ဘူး။

ဒါကြောင့် အစ္စလာမ်ဘာသာကို ထဲထဲဝင်ဝင် သေချာမလေ့လာတဲ့ လူနည်းစုတွေဟာ အစွန်းရောက် လာကြပြီး၊အကြမ်းဖက်ဝါဒကို စွဲ ကိုင်လာတဲ့အတွက် တကယ် လေ့လာနေတဲ့၊ထဲထဲဝင်ဝင် သိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို စော်ကားတာနဲ့အတူတူပါပဲ၊ဒါ ကြောင့် ဒီလိုအကြမ်းဖက်မှုတွေ ကို ရှုတ်ချတယ်။

ကျွန်တော်လဲ အစ္စလာမ်ဘာသာဝင်၊မြန်မာ-မူ ဆလင်တစ်ယောက်ပါ၊ဒါကြောင့် နိုင်ငံတိုင်းမှာ လူနည်းစု ဘာသာ ၀င်တွေကို အများစုဘာသာဝင် တွေက အကာအကွယ်ပေးသင့် ပါတယ်။

မူဆလင်သော်လည်း ကောင်း၊ဟိန္ဒူသော်လည်းကောင်း၊ ဗုဒ္ဓဘာသာသော်လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်သော်လည်း ကောင်း၊အကြမ်းဖက်ဝါဒတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချသင့်ပါ တယ်””ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဗုဒ်္ဓဘာသာ ၀င်ဆိုင်ရာ သာသနာ့ အဆောက် အအုံများကို ဖျက်ဆီးအကြမ်းဖက် မှုများနှင့်ပတ်သက်၍ ပြောပြခဲ့ သည်။

နေမင်းညို

သတင်းထောက်များအား လက်ကိုင်ဖုန်းတပ်ဆင်ပေး


မြန်မာ့အလင်းသတင်းစာကို အသွင်သဏ္ဍန်နှင့်အနှစ်သာရပါ ပြောင်းလဲထုတ်ဝေလျက်ရှိရာ အောက်တိုဘာလ(၁၈)ရက်နေ့က စ၍ ရောင်စုံသတင်းစာအဖြစ် ပြောင်းလဲထုတ်ဝေသွားမည်ဖြစ် သည်။မြန်မာ့အလင်းသတင်းစာ အသွင်သဏ္ဍန်ပြောင်းလဲရေးနှင့် အနှစ်သာရပိုမိုရှိစေရေးအတွက် ပြောင်းလဲဖော်ဆောင်ချိန်တွင် သတင်းများအချိန်နှင့်တပြေးညီ လျင်မြန်သွက်လက်စွာ သတင်းထူး၊ သတင်းဦးရရှိပေးပို့နိုင်ရေးအတွက် သတင်းအများဆုံးစိတ်ဝင်တစား ပေးပို့ခဲ့ကြသော သတင်းထောက် များအား ပထမသုတ်အဖြစ် စီစစ် ရွေးချယ်၍ နယ်သတင်းထောက် တို့အား လက်ကိုင်ဖုန်းတပ်ဆင် အသုံးပြုရန် ပေးအပ်သည့်အခမ်း အနားကို အောက်တိုဘာလ(၆) ရက်နေ့က နေပြည်တော်၊ခရေပင် လမ်းခွဲရှိ မြန်မာ့အလင်းသတင်း စာတိုက် အစည်းအဝေးခန်းမတွင် ကျင်းပသည်။

နယ်သတင်းထောက်များအား လက်ကိုင်ဖုန်းတပ်ဆင်ပေးသည့် အခမ်းအနားတွင် မြန်မာ့အလင်း သတင်းစာတိုက် စာတည်းမှူးချုပ် ဦးလှိုင်ဝင်းက ယနေ့မြန်မာ့အလင်း သတင်းစာကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲထုတ်ဝေနေရာ နယ် သတင်းထောက်များအနေဖြင့် မိမိတို့မြို့နယ်အတွင်း ဖြစ်ပေါ်လျက် ရှိသော နိုင်ငံရေး၊စီးပွားရေး၊လူမှု ရေးသတင်းများကို ကဏ္ဍစုံလင်စွာ ဖြင့် ပြည်သူဗဟိုပြုသော သတင်း ထူး၊သတင်းဦးများကို ရောက်လေ ရာနေရာမှ အမြန်ဆုံးအင်တာနက် စနစ်ဖြင့် သတင်းပေးပို့နိုင်ရန် နယ်သတင်းထောက်များအား လက်ကိုင်ဖုန်းတပ်ဆင်ပေးအပ် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ထို့နောက်တက်ရောက်လာ သော သတင်းထောက်များကို မြန်မာတစ်နိုင်ငံလုံးမည်သည့်မြို့ နယ်က သတင်းမဆိုရေးသားပေး ပို့နိုင်ရန် အထူးသတင်းထောက် အဖြစ် ခန့်အပ်ပြီး မြန်မာ့အလင်း စာတည်းမှူးချုပ် ဦးလှိုင်ဝင်းက နေပြည်တော်အထူးသတင်းထောက် ဦးမင်းမင်းလတ်(မင်းမင်းလတ် မန်းတက္ကသိုလ်)၊မန္တလေးမြို့မှ အထူးသတင်းထောက် ဦးတင် မောင်(မန္တလေး)၊မိတ္ထီလာခရိုင်မှ အထူးသတင်းထောက် ဦးတင် လှိုင်(မိတ္ထီလာ)နှင့် တောင်ငူခရိုင် အထူးသတင်းထောက် ဦးသူရ (တောင်ငူ)တို့အား လက်ကိုင်ဖုန်း များပေးအပ်လိုက်သည်။မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်း များမှ ပထမအကြိမ်အဖြစ် သတင်းထောက်(၂၀)ဦးအား လက်ကိုင်ဖုန်းတပ်ဆင်ပေးခြင်းဖြစ် သည်။

ကိုကိုဦး(မိတ်္ထီလာ)


ချယ်ရီကား နှင့် ကျောက်ဂွမ်း (Asbestos)ပြဿနာ


ယခုရက်ပိုင်းအတွင်း တရုတ် ပြည်မှ သွင်းလာသောချယ်ရီကား များနှင့်ပတ်သက်၍ Australia နှင့် Singapore တို့မှစက်မှုလက်မှု တွင်းထွက် (Industrial Mineral) တစ်မျိုးဖြစ်သော ကျောက်ဂွမ်း (Asbestos) ကိုအင်ဂျင် Gasket, Brake Lining နှင့် Clutch Facing စသည့် အပူခံနိုင်သည့် ကား အစိတ်အပိုင်းများတွင် ထည့်သွင်း အသုံးပြုထားကြောင်းတွေ့ရှိသဖြင့် တရုပ်ပြည်သို့ Reject အနေဖြင့် ပြန်လည်ပေးပို့ကြောင်း သတင်း များဖတ်ရှုရပါသည်။

ထိုကိစ္စနှင့် ပတ်သက်၍ (၆.၉.၂၀၁၂)နေ့ ထုတ် မြန်မာ့အလင်းသတင်းစာ တွင် ပြည်တွင်းရောက်ချယ်ရီကား များတွင် Asbestos မပါဝင်ဘူး လို့ တရုတ်ပြည်မှပြန်ကြားကြောင်း၊ စိတ်ချလက်ချသုံးစွဲနိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည်ကိုလည်း ဖတ် ရှုရပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်ဂွမ်း (Asbestos) ၏ သဘာ ၀အစွမ်းသတ်္တိနှင့်အန္တရာယ် (Risk and Hazard) တို့ကိုအများ ပြည်သူသိရှိနားလည်နိုင်ရန် ရေး သားတင်ပြအပ်ပါသည်။ကျောက် ဂွမ်း (Asbestos) သည်စက်မှု လက်မှုတွင်းထွက်တစ်မျိုးဖြစ်၍ Serpentine Asbestos ဟုခေါ် သည့် အဖြူရောင် Chrysotile တွင်းထွက်နှင့် Amphibole Asbestos ဟုခေါ်သည့် အပြာရောင် Crocidolite တွင်းထွက်နှစ်မျိုး သည် စီးပွားဖြစ် ထုတ်လုပ်ရာတွင် အများဆုံးတွေ့ရှိရပါသည်။ယင်း တွင်းထွက်များသည် သံ၊ကြေးနီ စသည့် သတ္ထုများနှင့်သဘာဝ မတူဘဲ နူးညံ့ပျော့ပြောင်းတောက် ပသည့် ပိုးမျှင်၊၀ါဂွမ်းမျှင်များကဲ့သို့ သဘာဝတွင် တွေ့ရှိရပါသည်။

ယင်းတို့၏ ထူးခြားဂုဏ်သတ်္တိများ မှာ အပူဒဏ်ခံနိုင်ခြင်းနှင့်မီးလောင် ဒဏ်ခံနိုင်ခြင်းတို့ဖြစ်ပါသည်။ဤ သို့သော ဂုဏ်သတ်္တိများကြောင့် ကားထုတ်လုပ်မှုလုပ်ငန်းများတွင် Gasket, Brake Lining နှင့် Clut ch Facing တို့တွင် သုံးစွဲလေ့ရှိခဲ့ ပါသည်။

Asbestos ပါဝင်သည့် လေထုကိုကြာရှည်ရှုမိလျှင် အသက် ရှုလမ်းကြောင်းတွင်ဖြစ်တတ်သည့် လည်ချောင်းကင်ဆာနှင့်အဆုတ် ကင်ဆာများ ဖြစ်နိုင်ချေရှိသည် မှာ မှန်ကန်ပါသည်။အထူးသဖြင့် Asbestos Cement ထုတ်လုပ် သည့်စက်ရုံအလုပ်ရုံများနှင့် Asbestos Pipe,Sheet, Fiber-Glass, Roofing,Paint,Plastic, Tiles နှင့် Textile စသည်တို့ ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံ ပတ်ဝန်းကျင်ရှိ မမြင်နိုင်သည့် Asbestos အမှုန်ငယ်များပါဝင် သည့်လေကို နှစ်များစွာ ရှုမိပါက ကင်ဆာရောဂါများရရှိနိုင်သည်မှာ မှန်ကန်သည်ဟု ဆေးသုတေသန များအရသိရှိခဲ့ကြပါသည်။

ဥရောပ နိုင်ငံအတော်များများနှင့်အမေရိ ကန်မှ ပိတ်ပင်တားဆီး၍ အခြား စက်မှုလက်မှုတွင်းထွက်များကို အစားထိုးအသုံးပြုနေကြသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါ သည်။

Chrysotile တွင်းထွက် သည် Crocidolite တွင်းထွက် လောက်အသက်ရှုလမ်းကြောင်း နှင့်အဆုတ်ကိုဒုက္ခပေးမှုနည်းပါး သည်ကိုတွေ့ရှိရပါသည်။အမှန် စင်စစ် ယနေ့ကမ္ဘာတွင် ထုတ်လုပ် နေသော Asbestost ၏(၉၅ရာခိုင် နှုန်း)မှာ Chrysotile တွင်းထွက် များဖြစ်နေသောကြောင့် ကျန်း မာရေးအတွက် အနည်းငယ်သက် သာမည်ဟု ထင်မြင်စရာရှိပါသည်။

သို့သော်လည်း Asbestos အမျှင် လေးများနှင့်အမှုန့်များမှာ မမြင် နိုင်လောက်သည့် သေးငယ်သော ဖုံမှုန့်များသာဖြစ်နေသောကြောင့် အသက်ရှုလမ်းကြောင်းနှင့်အဆုတ် အတွက် အန္တရာယ်ရှိသည်ဟု ယူ ဆ၍ အမေရိကန်နိုင်ငံမှ အားလုံး သော Asbestos တွင်းထွက်များ ကို ပိတ်ပင်ထားခဲ့ပါသည်။

ချယ်ရီ ကားများနှင့်ပတ်သက်၍ အချုပ် အားဖြင့် တင်ပြရလျှင် Asbestos ပါဝင်နိုင်သည့် ကားအစိတ် အပိုင်းများကို သက်ဆိုင်ရာမှ အသေအချာစစ်ဆေးသင့်ပါသည်။ Asbestos ပါဝင်မှုရှိနေလျှင် ပြည် သူလူထု၏ ကျန်းမာရေးကို ရှေ့ ရှု၍ တားဆီးပိတ်ပင်ပေးပါရန် တင်ပြအပ်ပါသည်။


ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအတွက် ခန့်မှန်းခံရသူများထဲတွင် သမ္မတ ဦးသိန်းစိန် ပါဝင်


ယခုနှစ် နိုဗယ်လ်ဆု ရာသီသည် ယနေ့တွင် စတင်လိုက်ပြီဖြစ်ပြီး ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအတွက် ခန့်မှန်းခံရသူများထဲတွင် သမ္မတ ဦးသိန်းစိန် အမည် ပါဝင်လာသည်ကို တွေ့ရသည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆုကော်မတီသည် ဆုအတွက် အမည်စာရင်းတင်သွင်းခံရသူများ၏ အမည်များကို ထုတ်ဖော်ကြေညာလေ့ မရှိသော်လည်း နော်ဝေနိုင်ငံ၊ အော်စလို ငြိမ်းချမ်းရေးသုတေသန အင်စတီကျု၏ အကြီးအကဲ Kristian Berg Harpviken က ကော်မတီ၏ လုပ်ဆောင်ပုံများကို လေ့လာကာ နှစ်စဉ် ဆုရရှိနိုင်ခြေရှိသူများ၏ စာရင်းကို ထုတ်ပြန်လေ့ရှိသည်။

၎င်း ထုတ်ပြန်သောစာရင်းတွင် သမ္မတ ဦးသိန်းစိန်၏ အမည်သည် အမေရိကန်နိုင်ငံရေးသီအိုရီပညာရှင် Dr Gene Sharp ၊ ရုရှားအခွင့်အရေးအဖွဲ့ Memorial နှင့် ၎င်းကို တည်ထောင်သူ Ms Svetlana Gannushkina၊ ရုရှားနိုင်ငံမှ အမှီအခိုကင်းပြီး လွတ်လပ်သောမီဒီယာအဖွဲ့ Echo Of Moscow နှင့် ၎င်း၏အယ်ဒီတာချုပ် Mr Alexei Venediktov၊ ဘာသားရေးကို အလွဲသုံးစားပြုခြင်းကို ဆန့်ကျင်သူများ ဖြစ်ကြသည့် Archbishop John Onaiyekan၊ Sultan of Sokoto Mohamed Sa'ad Abubakar တို့၏ အမည်စာရင်းနှင့်အတူ ပါဝင်လာခြင်းဖြစ်သည်။

ယခုနှစ်အတွက် ပထမဆုံးနိုဗယ်လ်ဆုဖြစ်သည့် ဆေးပညာနိုဗယ်လ်ဆိုကို ယနေ့တွင် စတော့ဟုမ်းလ်မြို့တွင် ကြေညာမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေရစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကို ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။

Eleven Media Group