Monday, October 1, 2012

အာဇာနည်ခေါင်းဆောင်ကြီး၏သမီး ကွယ်လွန်

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း + ဒေါ်ခင်စောတို့၏သမီးကြီး ဒေါ်တင်လှဝင်း အသက် (၇၆) နှစ်သည် ၂၈.၉.၂ဝ၁၂ ရက်နေ့ နံနက် (၄း၃ဝ) နာရီအချိန်တွင်ကွယ်လွန်သွားခဲ့ပြီး ယင်းနေ့ နံနက် (၁ဝး ဝဝ) နာရီအချိန်၌ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္က သိုလ်ရိပ်သာလမ်းနေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကူညီဖေးမပို့ဆောင်ပေးခဲ့သည်။

ဈာပနအခမ်းအနားအား ၃ဝ.၉.၂ဝ၁၂ (တနင်္ဂနွေနေ့) ညနေ (၄းဝဝ ~ ၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/က) ၌ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စီစဉ်ဆောင်ရွက်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

မြန်မာပြည်မှာလည်း စာတိုက်ပုံးစနစ် မေးလ် POP 3 သုံးနိုင်ပြီ

စာတိုက်ပုံးစနစ်ကဲ့သို့သော မေးလ်စနစ် post office protocolကို မြန်မာနိုင်ငံတွင် ယခင်က သုံးစွဲမရပဲဖြစ်နေရာမှ နည်းပညာပိတ်ဆို့မှုအချို့ကို ဖွင့်ပေးလိုက်သဖြင့် ယခုအခါ မြန်မာအင်တာနက် သုံးစွဲသူများ မိုက်ခရိုဆော့ဖ် outlook express ကဲ့သို့သော ဆော့ဖ်ဝဲများကို သုံးစွဲနိုင်ပြီဖြစ်သည်။

မည်သည့်နေ့ရက်က ပိတ်ဆို့မှုများအား ဖွင့်ပေးလိုက်သည်ကို အတိအကျမသိရှိရသေးပေ။ ယခုရက်ပိုင်း အတွင်း အင်တာနက် လွတ်လပ်မှုနှင့် ပတ်သက်သည့် freedom house အဖွဲ့အစီရင်ခံစာထွက်ရှိလာပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းဖြစ်သည်။

POP 3 ဟုနည်းပညာအခေါ်အဝေါ်အရ ခေါ်ဆိုသည့် စနစ်မှာ မိမိ၏ အီးမေးလ် ဆာဗာမှ စာများကို မိမိကိုယ်ပိုင်သုံးစွဲသည့် ကွန်ပျူတာ ထဲသို့ ဆွဲယူထားရှိမည်ဖြစ်၍ အော့ဖ်လိုင်း (offline) ဖြစ်နေချိန်တွင်လည်း ၀င်ပြီးသား စာများ၊ တွဲလျက်ဖိုင်များကို ဖတ်ရှုနိုင်မည်ဖြစ်ကာ ၊ ပေးပို့လိုသည့် စာများကိုလည်း ရေးသား ပြင်ဆင်ထားနိုင်ပြီး online ချိတ်ဆက်ချိန်တွင် အလိုအလျောက်ပို့ပေးသည့် စနစ်ဖြစ်သည်။

မြန်မာတယ်လီပို့၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (အမ်ပီတီ)တို့တွင် .com.mm လိပ်စာများဖြင့် ယင်းစနစ်ကို ယခင်ကတည်းက သုံးစွဲနိုင်ခဲ့သော်လည်း ၊ မြန်မာပေါ်တယ်အား လုံခြုံရေးအရ စိတ်မချခြင်းနှင့် လူသုံးများသည့် Gmail , Yahoo, Hotmail ကဲ့သို့သော မေးလ်များကို သုံးစွဲခွင့်မရရန် နည်းပညာအားဖြင့် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

ယခု POP 3 စနစ်က မေးလ်ကို မိမိကိုယ်တိုင် အမြဲသုံးစွဲသည့် ရုံးသုံး၊ အိမ်သုံး ကွန်ပျူတာများတွင် ထည့်သွင်းသုံးစွဲရန် သင့်တော်ပြီး အများသုံး အင်တာနက်ဆိုင်များတွင် သုံးစွဲရန်မသင့်တော်ပေ။

မြန်မာဖောင့်ဖြင့် မေးလ်ပို့သူ လက်ခံသူများအနေဖြင့် မိုက်ခရိုဆော့ဖ် office outlook ထက် Mozilla Thunderbird ဆော့ဖ်ဝဲက ပိုမိုပြီး အဆင်ပြေကြောင်း နည်းပညာကျွမ်းကျင်သူများက အကြံပြုပြောဆိုသည်။ POP 3 နည်းပညာ ဆော့ဖ်ဝဲ အများအပြားရှိရာတွင် မိုက်ခရိုဆော့ဖ် outlook မှာ office နှင့်တတွဲထဲ တွဲလျှက်ပါရှိသည့် ဆော့ဖ်ဝဲဖြစ်သည်။

ယခုလ ၂၄ ရက်နေ့က နိုင်ငံတကာ အင်တာနက်နှင့် လွတ်လပ်စွာပြောဆိုခွင့် ဆိုင်ရာ Freedom House အဖွဲ့ ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်ကထက် တိုးတက်မှုရှိလာသော်လည်း အင်တာနက် လွတ်လပ်ခွင့်မရှိသေးသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်နှစ်က ပိတ်ပင်ထားသည့် ၀က်ဆိုက်အများအပြား ဖွင့်ပေးလိုက်သော်လည်း အင်တာနက်အတွက် ကုန်ကျစရိတ်များပြားနေခြင်း က လူတိုင်း သုံးစွဲနိုင်ရန်အခြေအနေတွက် အတားအဆီးများ ဖြစ်နေသည်ဟု ယင်းအစီရင်ခံစာတွင် ဖေါ်ပြထားသည်။

မိုးမခ

ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ





ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်။ ရှားခဲကျေးရွာ၌ စက်တင်ဘာ (၂၈) ရက်နေ့တွင် အင်းကန်ကိစ္စ ကနေ အခင်းဖြစ်ပွားပြီး ပြည်သူနဲ့ ရဲ အချင်းချင်း တုတ်တပြတ်၊ ဓားတပြတ်နဲ့ ပြည်သူ့ရဲများမှ သေနတ်နဲ့ ငါးချက်ပြစ်လွှတ်ရာ ငါးချက်လုံးလူထိပီး ပြည်သူနှစ်ယောက်ဖြစ်သော ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းဝေ နှစ်ယောက် သေနတ် ဒဏ်ရာနဲ့ ပွဲချင်းပီး သေးဆုံးခဲ့ကြောင်း၊ ၀ိုင်းဝိုင်းလည်ကုမဏီက ဖိုးလူဝဆိုတဲ့ လူမိုက်ကိုငှားပီး တုတ်နဲ့ရိုက်ခိုင်းလို့ အရိုက်ခံလိုက်ရတဲ့ ရွာသား ကိုတရုတ် ခေါ် ကိုဝင်းနိုင်ဆိုတဲ့ တစ်ယောက် လည်း ထိုနေ့တွင် နေ့လည် ၁၁း၀၀ အချိန်ခန့်က သေဆုံးခဲ့ကြောင်း၊ တချို့မှာ ဓားဒဏ်ရာနှင့် ရှိနေသေး ကြောင်း၊ အခုတော့ သေနတ်နဲ့ ပစ်ခတ်ရာ အသက်မသေဘဲ ရင်ဘတ်တွင် မှန်ခဲ့သည့် သေနတ်ကျည်ကြီး အတိုင်း ပုသိမ်ဆေးရုံကနေ ညနေ ၄း၀၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ ညပိုင်း ၉း၀၀ အချိန်ခန့်တွင် ရောက်ရှိလာကြောင်း သိခဲ့ရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံတွင်လက်ရှိအမှုပါ သေနတ်ဒဏ်ရာနဲ့ ဆေးရုံအတွင်း လူနာအဖြစ်ကုသနေကြောင်း သိရှိရပါတယ်။ ဆေးရုံ အဆောင် (၃-၄) သို့ရောက်ရှိနေသော အတွင်းလူနာများမှာ ကိုကျော်ဇင်သန့်နှင့် ကိုဝင်းသန်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ရဲဝန်ထမ်း များကလည်း ဒီနေ့ ညတွင်းကြီးတော့ဒီအမှုနဲ့ပတ်သက်ပြီး ဘာသတင်းမှမပေးလိုကြောင်း လာရောက်မေးမြန်း ကြသော မီဒီယာသမားများကို ပြောဆိုဆက်ဆံခဲ့ပါတယ်။ လူနာနှင့်အတူ ပါလာသော မိသားစုများကိုလည်း ဆေးရုံအတွင်းမှာ ထိန်းသိမ်းထားကြောင်း၊ အပြင်သို့ ပေးမထွက်ကြောင်းလည်း သိရှိခဲ့ရပါတယ်။

နောက်တစ်နေ့ ရုန်းရင်းဆန်ခတ်ဖြစ်သော စက်တင်ဘာ (၂၉) ရက်နေ့မှာ အဆိုပါ လူမိုက် ဖိုးလူဝမှ ရှားခဲကျေးရွာသား အသေးလေးဆိုတဲ့ ရွာသားတစ်ယောက်ကိုလည်း အနိုင်ကျင့်ပြီး ခေါ်ဆောင်သွားကြောင်း ရှားခဲရွာမှ အမည် မဖော်လိုသူ ရွာသားတစ်ယောက်မှ ပြောဆိုခဲ့ပါတယ်။ အင်းသူကြီး ဦးမြဟန်နှင့် ခရိုနီတွေရဲ့ ရက်စက်မှုကြောင့် အပြစ်မရှိသော ရွာသားများမှာ ဖြစ်ချင်တဲ့ ဆန္ဒကို ဖော်ထုတ်ရုံနဲ့ ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲ အမည်ခံ ရဲဝန်ထမ်းများကလည်း လက်ဖြောင့်တပ်သားများပမာ ခရိုနီတို့အကြိုက် ရက်စက်ပြခဲ့ကြောင်း သတင်းရရှိသည်။

ဒီမိုဝေယံ

ခုနှစ်ရက်သားသမီးများအတွက် ( ၁.၁၀.၁၂) မှ ( ၇.၁၀.၁၂) ထိ၊ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

မိတ်ဆွေသစ်များရနေမည်။ အလုပ်တွင်လူပင်ပမ်းသော်လည်းစိတ် သက်သာစရာဖြစ်နေတတ်သည်။ လုပ်သမျှအဆင်ပြေချောမောနေသည်။ ငွေဝင်သည်။ ကုန်စရာများတော့ဆက်တိုက်ဖြစ်နေတတ်သည်။ ငွေအဖတ်မတင်ဖြစ်နေတတ်သည်။ တခါတခါမိမိလုပ်နေသောအလုပ်ကိုစိတ် ကုန်နေတတ်သည်။ အလုပ်ပြောင်းချင်စိတ်ပေါ်လာတတ်သည်။ အမိနိင်ငံသို့ပြန်ချင်စိတ်လည်းဖြစ်နေတတ်သည်။ ပြန်ကိန်းမရှိသေးပါ။

ကျန်းမာရေး။ ကိုယ်ခန္ဓာကိုက်ခဲခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာစရာများနှင့်ပြည့်စုံနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးစိတ် ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၇ ၆ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

စိတ်ညစ်စရာများစိတ်ဆင်းရဲစရာများမရှိအောင် အစစအရာရာအဆင်ပြေနေပြီးစိတ်ချမ်းသာနေရမည်။ ရွှေဝင်ခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းများရောက်လာခြင်း၊ ဆွေမျိုးသားချင်းထဲမှနာရေးသ တင်းကြားရတတ်ခြင်းများဖြစ်တတ်သည်။ အလုပ်တွင်စိတ်တိုင်းမကျစရာဖြစ်နေတတ်သည်။ အထူးသဖြင့် လူမျိုးခြားများနှင့်စိတ်တိုင်းမကျဖြစ်နေတတ်သည်။ ၀င်ငွေများကောင်းနေသည်။ အပိုဝင်ငွေများရတတ်သည်။

ကျန်းမာရေး။ လက်မောင်းတွင်အကျိတ်အဖုပေါက်တတ်သည်။
အချစ်ရေး။ တယောက်တနေရာစီ နေရသောကြောင့် လွမ်းဆွတ်သတိရနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မလကာသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၄ ၇ ၀ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အလုပ်သစ်ရခြင်း၊ သို့သော်အလုပ်တွင်မတရားသလိုခံစားရသောကြောင့် အလုပ်ပြောင်းရန်စိတ်ကူးနေမိသည်။ မိမိကိုအကြောင်းမဲ့အထင်သေးခြင်းခံရခြင်း၊အများနှင့်တယောက်ဆိုသလိုမကောင်းပြောခံရခြင်းများနှင့်ကြုံ နေရတတ်သည်။ ဘယ်နေရာရောက်ဘယ်ဒေသဘဲဖြစ်ဖြစ်ယခုအချိန်မှာစိတ်တိုင်းမကျစရာ များတွေ့နေရတတ်သည်။ အစစအရာသည်းခံပါ။ မိမိစိတ်လိုက်မာန်ပါမလုပ်ပါနှင့်။ အမှုအခင်း၊ အစစ်အဆေးခံ ရခြင်းများဖြစ်တတ်သည်။ သည်းခံနိုင်သမျှသည်းခံပြီးအေးအေးဆေးဆေးနေပါ။

ကျန်းမာရေး။ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ လက်ထပ်ရန်ပူဆာနေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စပျက်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၂ ၂ ၄ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

အိုးသစ်၊ အိမ်သစ်နေရာသစ်ပြောင်းရွှေ့ရတတ်သည်။ သောကြာနံပစ္စည်းများဝင်တတ်ခြင်း၊ အိမ်ခန်းပြုပြင်ရခြင်း၊ ရွှေအသစ်ဝင်ခြင်း၊ ထွက်ထားသောစက်ပစ္စည်းပြန်ဝင်ခြင်း၊ ဖုန်းပျက်ခြင်း၊ ကွန်ပြူတာထွက်ခြင်းဖြစ်တတ်သည်။ မြေအတွက်စကားပြောရခြင်း၊ ခင်မင်သောမိတ်ဆွေများနှင့်စကားများပြီးလမ်းခွဲရခြင်းဖြစ်တတ် သည်။ ငွေများဝင်သော်လည်း ငွေများအကြောင်းမဲ့ကုန်နေမည်။

ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သောသူနှင့်အဆင်မပြေဖြစ်နေလိမ့်မည်။ မကြာခင်အဆင်ပြေသွားမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၂ ၄ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

စက်ပစ္စည်းဝင်ခြင်း၊ စာအုပ်စာပေ၀င်ခြင်း၊ စာအုပ်၊ စာရွက်စာတမ်းနှင့်ပတ်သက်ပြီး အစစအရာရာ အဆင်ပြေချောမောမည်။ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ကျန်းမာရေးအ တွက်ကြောင့် ဆွေမျိုးသားချင်းရောက်လာတတ်သည်။ လူပင်ပမ်း၊ စိတ်ပင်ပမ်းခြင်းဖြစ်နေတတ်သည်။ လုပ်ငန်းတိုးတက်နေမည်။ တိုးတက်ရန်လည်း ဇွဲကောင်းစွားကြိုးစားနေတတ်သည်။ လုပ်ငန်း တွင်အောင်မြင်သောသတင်းကောင်းကြားရမည်။

ကျန်းမာရေး။ ခန္ဓာကိုယ်ကိုက်ခဲနေမည်။
အချစ်ရေး။ စန်းပွင့်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၂ ၀ )

သောကြာသားသမီးများ၏ကံကြမ္မာ

မိမိအလုပ်တွင်နာမည်ကောင်းရနေမည်။ လုပ်ငန်းတိုးတက်နေမည်။ စိတ်အလိုမကျဖြစ်နေတတ်သည်။ မိမိရည်ရွယ်ထားသောကိစ္စများနှောင်းနေသောကြောင့် စိတ်ညစ်နေတတ်သည်။ ၀င်ငွေကောင်းသော်လည်း ကုန်စရာများကုန်နေတတ်သည်။ မိမိသုံးနေသောလျှပ်စက်ပစ္စည်းပျက်သောကြောင့်ငွေကုန်ရတတ်သည်။ မမျှော်လင့်ဘဲလူမျိုးခြား၏ကူညီမှုရတတ်သည်။ ဆုံးဖြတ်ရခက်သောကိစ္စများပေါ်လာတတ်သည်။ သေချာစဉ်းစားဆုံးဖြတ်ပါ။

ကျန်းမာရေး။ အရေပြာတွင်ယားနာလေးများဖြစ်နေတတ်သည်။
အချစ်ရေး။ မမျှော်လင့်ဘဲဘ၀အတွက်လက်တွဲဖော်အဖြစ်တောင်းဆိုခြင်းခံရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သရက်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၄ ၆ )

စနေသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်မပြီးပြတ်သောကိစ္စများဖြစ်နေတတ်သည်။ ပေးစရာများရစရာများနှင့်စာရင်းရှုတ်နေတတ်သည်။ နောက်ဆုံးတွင် အားလုံးအဆင်ပြေသွားပါလိမ့်မည်။ထိုအချိန်တွင်ဘ၀၏ကံအဆိုးဆုံးအချိန်ဖြစ်နေသည်။ လောကဓံ၏မတရားညှင်းပမ်းခြင်းကိုခံစားနေရတတ်သည်။ ဘာသာရေးများများလုပ်ပြီးနေသင့်သည်။ အလုပ်တွင်အကြပ်အတည်း၊ အခက်အခဲများနှင့်ရင်ဆိုင်နေရတတ်သည်။ အမှုအခင်းဖြစ်တတ်သည်။ မိမိဘက်ကမှန်ကန်ဖို့လိုအပ်သည်။

ကျန်းမာရေး။ စိတ်ထောင်ကိုယ်ကြေသလိုဖြစ်ပြီးစိတ်ဓါတ်ကျနေတတ်သည်။
အချစ်ရေး။ မိမိနားတွင် အားပေးဖေါ်ကောင်းရှိနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*


ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီမှ ညနေ ၅း၀၀နာရီထိ
ဟောခန်း-နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်းမြို့
ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513, +6018 2250 510
E-mail:swezinwati@gmail.com

ပန်းဝါ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း နဲ့  ရုပ်ပွား တော် တွေ ကို မွတ်ဆလင် တွေ မီးရှို့ 


နောက်ဆုံး ရ သတင်း တွေ အရ အောက်တိုဘာလ ၁ ရက် တနင်္လာ နေ့  မနက် အထိ ကော့ဘဇား မှာ အခြေ အနေ တွေ ထပ် ဆိုးလာ ပြီး စစ်တကောင်း အရပ် က ပေါ်တီယာ ဒေသ က ဘုန်းကြီး ကျောင်း တွေ အပါ အ၀င် ၊ ဒိုင်းနက် လူမျိုး တွေ နေတဲ့ ဒေသ က လူနေ အိမ် ခြေ တွေ ကို လည်း မီးရှို့ ဖျက် ဆီးခဲ့ တယ် လို့  သိရ ပါတယ်။

မီးရှို့ ဖျက်ဆီး ဖို့  လာတဲ့ လူတွေ ကို ရဲတပ် ဖွဲ့  က အသံ ချဲ စက် နဲ့  နောက်ပြန် ဆုတ် ဖို့ သတိပေး ခဲ့ ပေမယ့် ဂရုမစိုက် တာ ကြောင့် သေနတ် မိုး ပေါ် ထောင် ဖောက် ခဲ့ ရတယ် လို့  ဆို ပါတယ်။

ဆူပူ သောင်း ကျန်း သူ တွေ ကို ဖမ်းဆီးထား ပြီး တချို့  ဒေသတွေ မှာ လုံခြုံရေး အင်အား နည်းတာ ကြောင့် အခြေ အနေ တွေ ဆက် လက် ဆိုး ရွား နိုင်တယ် လို့  ဒေသ ခံ ဗုဒ္ဓဘာသာ ၀င် တွေ က ယူ ဆကြ ပါတယ်။

ဘင်္ဂလား ဒေရှ် နိုင်ငံ ၊ ကောဇ့် ဘဇား ခရိုင် ၊ ပန်းဝါ မြို့  မှာ ဒေါသ ထွက် နေတဲ့ မွတ်ဆလင် လူ အုပ် ကြီးက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၊ သိမ် ၂ ခု နဲ့  လူနေ အိမ် ခြေ ၂၀ ကျော် ကို တိုက် ခိုက် ဖျက် ဆီး တယ် လို့  CNN သတင်း မှာ ဖော် ပြ သွား ပါတယ်။

အဲဒီဒေသ က ဗုဒ္ဓဘာသာ လူငယ် လေး တစ်ဦးက သူ ရဲ့  Facebbok မှာ ကိုရ်ရန် ကျမ်းစာ ကို မီးရှို့  နေတဲ့ ပုံ ကို တင်ထား လို့  တိုက်ခိုက်ရတယ် လို့  ဆူပူသူ တွေ ထဲ မှာ ပါ တဲ့ သူ တစ်ဦး က ကော့ဘဇား မြို့  က သတင်း စာ တစ်စောင် ကို ပြော ပါတယ်။

လွန်ခဲ့ တဲ့ နှစ် ပေါင်း ၂၀၀ ကျော် ကတည်း က တည်ထား တဲ့ ဘုရား စေတီ ရုပ် ပွား တော် တွေ ဖြစ်တဲ့ အပြင် မြန်မာ စစ်သူကြီး မဟာဗန္ဓုလ ပန်းဝါ မြို့  နယ် ရာမားဂူနား ကို စစ်ထွက် စဉ် မှာ လာရောက် ဖူး မြော် ကြည်ညို ခဲ့ တဲ့ သမိုင်းဝင်း ဗုဒ္ဓ ရုပ်ပွား တော်တွေ ဖြစ်တယ် လို့  ကောဇ့် ဘဇား မှာ နေ တဲ့ ရခိုင် လူမျိုး တစ်ဦး ဖြစ်တဲ့ ဦးဦးထွန်း က ပြော ပါတယ်။

ဒေါသ ထွက် နေတဲ့ မွတ်ဆလင် ဘာသာ ၀င်တွေ ဟာ စနေ နေ့  ညနေ က တည်း က ရာမူးမှာ ဆူပူ ဖို့  စတင်လူစု ခဲ့ တာ ဖြစ်တယ် လို့  ကောဇ့်ဘဇား ရဲတပ် တပ်ဖွဲ့  က ဒုရဲ အုပ် Saleem Jahangir က CNN သတင်းဌာန ကို ပြောပါတယ်။

အခုတော့ အခြေအနေ တွေ အားလုံး ထိမ်းသိမ်း ထား လိုက် နိုင် ပြီ လို့  ရဲတပ် ဖွဲ့  က ပြောပေမယ့် အဲဒီ ဒေသ က ဗုဒ္ဓဘာသာ ၀င် တွေ က တော့ မွတ်ဆလင် ဘာသာ ၀င်တွေ ထပ် ပြီး ရန် ပြု နိုင် တယ် လို့  ဆို ပါတယ်။

ညသန်းခေါင်ယံ မတိုင်ခင် မှာ ဒေါသ ထွက် နေတဲ့ လူ အုပ်ကြီး က ဘုန်းကြီးကျောင်း တွေ ၊ ဘုရား ပုထိုး တွေ ကို မီးရှို့ ခဲ့ ပြီး ရုပ် ပွား တော် တွေ ကို လဲ ခေါင်းဖြတ် နေကြတာ ကမ္ဘာ ပျက် မတတ် ပါ ပဲ လို့  ဒေသခံ တစ်ဦးက ပြောပါတယ်။

ဘင်္ဂလား ဒေရှ် ပြည်ထဲ ရေး ၀န်ကြီး Mohiuddin Khan Alamgir က ဆူပူသောင်းကျန်း မှု ကြောင့် ပျက် စီ ခဲ့ တဲ့ နေရာ တွေ ကို လာရောက် ကြည့် ရှု ခဲ့ ပါတယ်။

ဘင်္ဂလားဒေရှ် အစိုးရ က ချက် ခြင်း ပဲ ဒီကိစ္စ နဲ့ ပတ်သက် လို့  စုံစမ်း စစ်ဆေး ရေး ကော်မရှင် ဖွဲ့  စည်း ခဲ့ ပြီး ဆယ် ရက် အတွင်း အစီ ရင်ခံ ဖို့  ညွှန်ကြား ထား ပါတယ်။

ဗုဒ္ဓဘာသာ ၀င် လူငယ် လေး ကတော့ Facebook မှာ ဒီဓာတ်ပုံ ကို တင်တာ သူ မဟုတ် ပဲ တစ်ယောက် ယောက် Tag လုပ်သွားတာ ဖြစ် ပြီး အခု တော့ သူ့  ရဲ့  Facebook လိပ်စာ ပါ မရှိ တော့ ဘူး လို့  ဆိုပါ တယ်။

ဘင်္ဂလာဒေ့ရှ် Cox's Bazaar မှာ ဘုန်းကြီးကျောင်းအချို့ တိုက်ခိုက်ခံရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက Cox’s Bazaar မှာ အခု တနင်္ဂနွေနေ့ အစောပိုင်း ဒေါသဖြစ်နေကြတဲ့ ရာနဲ့ချီတဲ့ မူစလင် လူအုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ငါးကျောင်းနဲ့ အိမ်အချို့ကို မီးတင်ရှို့ခဲ့ကြပါတယ်။ Facebook လူမှုကွန်ယက်မှာ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဓာတ်ပုံတပုံကို ဗုဒ္ဓဘာသာဝင်တဦးက ဖော်ပြခဲ့တာမို့ မူစလင်တွေဘက်က ဒေါသဖြစ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံနဲ့ နယ်ချင်းစပ် အဲဒီ Cox’s Bazaar မှာရှိတဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင် တဦးဟာ မူစလင်တွေ အထွဋ်အမြတ် ထားတဲ့ ကိုရမ်ကျမ်းစာကို မထေမဲ့မြင်လုပ်တဲ့ ဓာတ်ပုံ ဖော်ပြခဲ့တယ်လို့ အကြမ်းဖက်မှုမှာ ပါဝင်နေတဲ့ ဒေါသထွက်နေတဲ့ မူစလင်တဦးက ပြောပါတယ်။

စနေနေ့ ညနေပိုင်းကတည်းက ဒီအတွက် မူစလင်တွေ အဲဒီမှာ ဆန္ဒပြခဲ့ကြတာပါ။ အခု တနင်္ဂနွေနေ့မှာပဲ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီလို့ ရဲတပ်ဖွဲ့ကတော့ ပြောပါတယ်။ အဖမ်းအဆီးနဲ့ အထိအခိုက် သတင်းတွေတော့ မရသေးပါဘူး။

ကောင်းကင်ယံမှ လေဖြင့် လျှပ်စစ်ဓါတ် ထုတ်ရန် စမ်းသပ်နေပြီ

မြေမျက်နှာပြင် အထက်ပေ တစ်သောင်းကျော်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် အတွက် လေပူဖောင်း အတွင်းတွင် တာဘိုင်များ ထည့်သွင်းကာ စမ်းသပ်မှုကို စတင် ပြုလုပ်လိုက်ပြီ ဖြစ်သည်။ ကမ္ဘာမြေပြင် အထက်မီတာ ၃၀၀ ကျော် လာပါက လေတိုက်နှုန်းမှာ မြင့်မားလာသည့် အပြင် မြေပြင်ထက်တွင် တိုက်ခတ်နေသည့် လေထက် ပိုပြီးစွမ်းအင်ပြင်းကာ စိတ်ချရကြောင်း သိရသည်။

ယခု စမ်းသပ်မှုအရ အဆိုပါ အမြင့်တွင် တာဘိုင်များ၏ အလုပ်လုပ်မှု များမှာ ပုံမှန်ပင် ဖြစ်ပြီး လေဘောလုံးကို ဆွဲထားသည့် ကြိုးမှတစ်ဆင့် မြေပြင်ပေါ်သို့ လျှပ်စစ်ဓါတ်အား ပြန်ပို့နိုင်ကြောင်းလည်း သိရသည်။ ယခုလို စမ်းသပ်မှုမှာ လုံးဝ အသစ်တစ်ခု ဖြစ်ပြီး ဆန်းသစ်သည့် လုပ်ဆောင်ချက် တစ်ရပ်လည်း ဖြစ်သည်။ ထို့အပြင် နောက်ထပ် အဖြစ် အဆိုပါ ပူဖောင်းတွင် ရှိသည့် တာဘိုင်တွင် ပါသော လက်များမှတစ်ဆင့် အင်ဂျင်ကို လည်ပတ်စေပြီး ရွှေ့လျားမှု ပြုစေနိုင် မည် ဖြစ်ကြောင်းလည်း သိရသည်။ ယခုလို တီထွင်မှု အတွက် အချို့မှ ပြောရာတွင် လေယာဉ်ပျံသန်းမှုများ အတွက် အန္တရာယ် ဖြစ်စေနိုင်ကြောင်း ပြောခဲ့ပြီး အချို့ကမူ ယခုလို ပြုလုပ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိခိုက်နိုင်ကြောင်း ပြောခဲ့သည်။ သို့ရာတွင် ယခု တီထွင်မှုမှာ လုံးဝအစသာ ရှိနေသေးပြီး နောက်ထပ် ဆန်းစစ်မှုများစွာကို ပြုလုပ်ရဦးမည် ဖြစ်သည်ဟုလည်း သိရသည်။

source : euronews.net

သမ္မတကြီးပြောစကား မြန်မာစစ်တပ် နားမထောင်


အမေရိကန်နိုင်ငံသို့ ရောက်ရှိစဉ် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မှ တပ်မတော်၏ တာဝန်မှာ နိုင်ငံတော် ကာကွယ်ဖို့ နှင့် အခြေခံဥပဒေ ကိုသာ ကာကွယ်ဖို့ ပြောဆိုခဲ့ကြောင်း ပြောဆိုခဲ့ပေမယ့် တပ်မတော်သားများဟာ သမ္မတကြီး စကားကို နားမထောင်ပဲ နိုင်ငံတော် ကာကွယ်ရေး သာမကပဲ အခြားလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

လက်တလောအားဖြင့် စစ်တွေမြို့ နယ်မြေခံတပ်မတော် ဆေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတော် ကာကွယ်ရေးမလုပ်ပဲ စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းများရှိ ဒေသခံပြည် သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများလှည့်လည်ဆောင်ရွက်ပေး လျက်ရှိရာ စက်တင်ဘာ ၂၈ ရက်က စစ်တွေမြို့ ဓညဝတီ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအပါအဝင် ဒေသခံ ပြည်သူများကို ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ခြင်အန္တရာယ်ကင်းရှင်း စေရေးအတွက် ခြင်ဆေး ဖျန်းခြင်း၊ ရေတွင်းရေကန်များတွင် ကလိုရင်းဆေး ခတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဤ ကဲ့သို့ တပ်မတော်သားများမှ အခြားလုပ်ငန်းများကို ဝင်ရောက် ပါဝင်လုပ်ဆောင်ခြင်း နှင့် ပတ်သက်ပြီး ဂျာနယ်ပေါင်း ၁၀၀ လောက်ရှိနေပေမယ့် ဘယ်မီဒီယာကမှ ဖော်ပြဝေဖန်ခြင်း လုံးဝ မရှိကြောင်း သိရသည်။

Myanmar Express

၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်မှုအတွက် စိစစ်မှုများ စတင်ပြုလုပ်နေ

၂၀၁၁ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အတွက် ရွေးချယ် ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၁၅ ကားကို ယခု စက်တင်ဘာလအတွင်းမှ စတင်ကာ စိစစ်ကြည့်ရှု အကဲဖြတ်မှု များ စတင်ပြုလုပ် နေပြီ ဖြစ်တယ်လို့ ရုပ်ရှင်ထူးချွန်ဆု အခြေခံ စိစစ် တည်းဖြတ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီလို အကဲဖြတ် ရွေးချယ် ထားတဲ့ ၂၀၁၁ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အတွက် ဇာတ်ကားများမှာ ဟော့ရှော့ ၃၊ အလန်းဇယား၊ ငါ့နှမလေးပွသွားပြီ၊ လာထား အာဘွား-၂၊ အိုင်လပ်ဖ်ယူ၊ ဖလန်းဖလန်း ဖြစ်တဲ့ အချစ် ၊ အားလုံးက ဟော့မှကြိုက်တယ် ၊ ချောကလက် ဘေဘီ ၊ ၀ဋ်ကြွေး ၊ ထာဝရ အလင်းတန်းများ ၊ ချိန်း၊ ချစ်ပန်းဝေ၊ အမွှေဇယား၊ ရင်ကွဲနာ၊ ပန်းကြာဝတ်မှုန် အစရှိတဲ့ ဇာတ်ကားများပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုနှစ် ထူးချွန်ဆု ချီးမြှင့်ပွဲ မှာတော့ စိစစ် အကဲဖြတ်ရေး အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ယခင်က ၁၅ ဦးနဲ့ ရွေးချယ်မှာမှ ယခုနှစ်တော့ သရုပ်ဆောင် အတတ်ပညာရှင် ၂ ဦး ထည့်သွင်းပြီး စုစုပေါင်း ၁၇ ဦးနဲ့ ရွေးချယ်ပေး သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို ၂၀၁၁-၂၀၁၂ ခုနှစ် အတွက် ရန်ကုန်မြို့မှာ ကျင်းပ နိုင်ဖို့ အတွက်ကို စီစဉ်ဆောင်ရွက် လျက်ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်လောက်က စတင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန ထံကို တင်ပြထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

၅၀၀၀ တန် ဖုန်းက အရေးမကြီး၊ ဆက်သွယ်ရေးလုပ်ငန်း ကျေးလက်ဒေသအထိ ကွန်ရက်ဖြန့်ကျက်ဖို့သာ အရေးကြီးသည်


စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ ဆက်သွယ်ရေး စာတိုက်တစ်ခု၊စာတိုက်ရှေ့ရှိ စာ တိုက်ပုံးတစ်လုံး၊မြန်မာ့မီးရထား ဆက်သွယ်ရေးစာတိုက်(ဘူတာ) နယ်မြေတွင် စာတိုက်တစ်ခု၊ည (၆)နာရီထိ သိမ်းဆည်းသော စာ တိုက်ပုံးတစ်ပုံးသာရှိသည်။ မြို့ဧရိယာရပ်ကွက်ကြီး ၁၁ ရပ်ကွက် ကျေးရွာအုပ်စု ၄၇အုပ် စု၊ကျေးရွာပေါင်း ၂၁၀တွင် လူဦး ရေ(၁၂၂၄၆၇)ဦးတွင် မြို့နေ ၉၁၉၄ ဦး ကျေးလက်(၁၁၃၂၇၃)ဦးရှိပါ သည်။မြို့လူဦးရေနှင့်စာတိုက်ပုံး ထားရှိနှုန်းက အချိုးမကျ၊လွန်စွာ နည်းလှသည်။

ကောလင်းဆက်သွယ်ရေး စာတိုက်၌ စခန်းမှူး ဆသရ(၃)- ၁ဦး၊ဆသရ(၄)ဦး-၁ဥဦး၊ဆသရ(၅)-၄ဦးဖြင့်ဖွဲ့စည်း၍ စာဝေ စာမှတ်ပုံတင်ခြင်းကို ဆောင် ရွက်လျက်ရှိပါသည်။စာဝေဌာန ရပ်ကွက်ကလည်း ဘောင်ကျဉ်း နေပါသည်။မြို့ပေါ်ရပ်ကွက်အား လုံး စည်ပင်နယ်နိမိတ်အားလုံးကို စာဝေငှနိုင်အောင် ၀န်ထမ်းအင် အားဖြည့်ပေးဖို့လိုနေသည်ဟု သိ ရသည်။

ယခု ၂၀၁၁-၂၀၁၂ခုနှစ်တွင် ပြည်တွင်းပို့ခ ပြည်ပကျပ် ၅၀၀ထိ တိုးမြှင့်ကောက်ခံနေပါပြီ။အခွန် ထမ်းပြည်သူများဖက်ကလည်း စာမရေးချင်မရသဖြင့် စာတိုက် (ဆသရ)ကို အပြေးအလွှားအား ကိုးကြရသည်။

ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ပါမှ ပြည်သူလူထု၏ စီ့း ပွားရေးလိုအင်ဆန်္ဒ ၀န်ဆောင်မှု များဖြည့်စွမ်းနိုင်ပါမည်။

ဆက်သွယ်ရေး(ကြေးနန်း) မှ ဖက်စ် FAX တစ်ရွက် (A4) ကို နှစ်ရာကျပ်၊ (Legal ) တစ်စောင် ကို သုံးရာကျပ်ဖြင့် သတင်းများ ပေးပို့နေကြရာ တစ်ဖက်မှ လက်ခံ သောဌာန သတင်းစာတိုက်၊ ဂျာနယ်တိုက်၏ လက်ခံနိုင်မှု အခြေအနေအရ စောင့်ဆိုင်းနေ ကြရသည်။

အချိန်နှင့်တစ်ပြေးညီ စာပို့ လုပ်ငန်း ဖက်စ် Fax ၏၀န်ဆောင် မှုလုပ်ငန်းများ ထက်မြတ်သွက် လက်စေရန် သတင်းမီဒီယာများ က လိုလာနေပြီး ဆက်သွယ်ရေး လုပ်ငန်း ကျေးလက်ဒေသထိ ကွန်ယက်ဖြင့်ကျက်ဖို့လိုပြီ ဒေသခံ များက ပြောကြားသည်။

Myanmar Express

ပါလေရာ အဖွဲ့ပေါင်း ၂၀ မှ စစ်မတိုက်ဖို့ စစ်တပ်ကို ဆန္ဒပြပြီး တစ်ပတ် အကြာ KIA မှ ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီး ၊ ရထားခရီးသွား ပြည်သူ ၂၀၀၀ ကျော် ဒုက္ခရောက်


စက်တင်ဘာလ(၂၉)ရက်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် KIA တပ်ဖွဲ့ဝင်များမှ ရထားလမ်းတံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ ထိုတံတားသည် မိုင်းညှင်းမြို့နယ်ရှိ မိုးညှင်းဘူတာနှင့် နမ္မားဘူတာကြားရှိ ရေပေါက်တံတားတစ်ခုဖြစ်ပါတယ်။ တံတားသည် မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိပြီး မန္တလေး -မြစ်ကြီးနား ရထားလမ်းသည် ကချင်ပြည်နယ်အတွက် အဓိကကျသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ KIA တို့မှ ရထားလမ်းမိုင်းခွဲခဲ့မှုကြောင့် ရထားခရီးစဉ်များ အားလုံးရပ်ဆိုင်းထားရကြောင်း သိရှိရပါ တယ်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မိုးညှင်းမှ ရထားဝန်ထမ်းတစ်ဦး ပြောပြတာကတော့ ``မိုင်းကွဲတာက နမ္မားနဲ့ ညောင်ပင်သာရွာကြားမှာကွဲတာ၊ ရထားမိုင်တိုင်က (၆၄၁/၁၀)နဲ့ (၆၄၁/၁၁)ကြားမှာ၊ တံတားနံပါတ်က(၆၀၆)၊ မိုင်းကွဲတော့ တံတားသံဘောင်က ဘယ်ဘက်ရော ညာဘက်ရော နှစ်ဘက်စလုံးကို တစ်ပေစီလောက် ကားထွက်သွားတယ်၊ ဇလီဖားတုံးက(၅)တုံး ပျက်စီးသွားတယ်၊ မြေထိန်းတဲ့ ကွန်ကရစ်နံရံက အလယ်ပိုင်းမှာ (၂)ပေလောက် ပဲ့ထွက်သွားတယ်၊ သံလမ်းကတော့ တော်တော်လေး ကွေးသွားတယ်၊ အဲ့အချိန်မှာ မြစ်ကြီးနားက ထွက်လာတဲ့ အစုန်(၅၈)က ဒီနေရာကို မရောက်သေးဘူး၊ တော်သေးတယ်လို့ ပြောရမယ်၊ ဒါနဲ့ မြို့သစ်ကလေးဘူတာမှာ ရပ်ထားလိုက်ရတယ်´´လို့ KDN ကို ပြောပြပါတယ်။

KIA တို့၏ ယခုကဲ့သို့ ရထားလမ်းမိုင်းခွဲအားအကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ၂၀၁၁ ဇွန်လမှစတင်၍ လက်ရှိအချိန်အထိ ၅၃ ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။

``လွန်လွန်းပါတယ်တော်.. ခဏခဏခွဲဘဲ ခွဲနိုင်လွန်းတယ်.. အခြားနည်းနဲ့ စစ်တပ်ကို တိုက်တာ ကြိုက်သလောက် တိုက်လို့ရတာပဲလေ.. အခုက ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတာ.. ဒါသက်သက် လုပ်တာ၊ ပြည်သူတွေကို ရည်ရွယ်ပြီး တိုက်ခိုက်တာ၊ ကျုပ်ကတော့ ကျုပ်ခရီးနှောင့်နှေးသွားလို့ KIA ကို မကျေ နပ်ဘူး၊ သူတို့ကို မေတ္တာပို့ပါတယ်တော်´´ လို့ မြို့သစ်ကလေးဘူတာတွင် ရပ်ထားရသော (၅၈)အစုန် အထူး အမြန်ရထားပေါ်တွင် လိုက်ပါလာတဲ့ အမျိုးသမီးကြီးတစ်ဦးမှ ဒေါသသံအပြည့်နဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ (၅၈)အစုန် အထူး အမြန်ရထားပေါ်တွင် မြစ်ကြီးနားမှ ထွက်ခွာလာသည့် ခရီးသည် စုစုပေါင်း ၂၀၀၀ ကျော်ပါရှိပြီး မြို့သစ်ကလေးဘူတာတွင် ဒုက္ခရောက်လျက်ရှိပါတယ်။

လေးလေး

Myanmar Express