Wednesday, September 26, 2012
Driver မလိုတဲ့ ကားတွေ လမ်းပေါ် ရောက်ဖို့ နီးလာပြီ
အင်တာနက်မှာ လူတိုင်းရဲ့ အသည်းစွဲလို့ ပြောလို့ရတဲ့ Google ဟာ မော်တော်ကားလည်း ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကို စာဖတ်သူတွေ ကြားဖူးကြမှာပါ။သူတို့ မော်တော်ကားဟာ မောင်းနှင်တတ် မည့် ကားမောင်းသူ မလိုပါဘူး။ Googleဟာ ၂၀၁၂ စောစောပိုင်းလောက်က အမေရိကန်နိုင်ငံ၊ Nevada Stateက လမ်းတွေပေါ်မှာ တရားဝင် စမ်းသပ်ခွင့် ရရှိခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံးလိုင်စင်ပလိတ်ပြားကို မောင်းသူမဲ့ယာဉ်အတွက် လည်း ချီးမြှင့်ခံ ထားခဲ့ရပါသေးတယ်။
ထားခဲ့ရပါသေးတယ်။မောင်းသူမဲ့ကား၊ စက်ရုပ်ကားလို့ ခေါ် ရမည့် Autonomous Carsတွေကို ထုတ်လုပ်မည့် Googleဟာတော့ Nevada Stateမှာ ယာဉ်မောင်းသူ မပါပဲ သွားလာခွင့်ရပြီးတာ မကြာခင်မှာပဲ ယခုအခါ ကယ်လီဖိုနီးယားရဲ့ လမ်းတွေပေါ်မှာ တရားဝင် သွားလာခွင့် ရဖို့အတွက် မြို့တော်ဝန်ထံသို့ စာတင်ထားကြောင်း သတင်းများက ဆိုပါတယ်။
မောင်းသူမဲ့ ကားတွေဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အသုံးပြု သွားလာနိုင်ဖို့အတွက်ကတော့ ၎င်းရဲ့ ၀န်ဆောင်မှု၊ လည်ပတ်မှု အနေအထားနှင့် အဓိကကတော့ လမ်းပေါ်မှာ ယာဉ်မောင်း မပါဘဲ ဘယ်လောက် စိတ်ချရမှု ရှိမှာလည်း ဆိုတာကို ကယ်လီဖိုနီးယား ယာဉ်ကြီးကြပ်မှူးဌာနက ဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။
အတည်ပြုခဲ့သည်ဆိုရင်တော့ များမကြာမီကာလမှာ Google ရဲ့ မောင်းသူမဲ့ Autonomous ကားတွေကို အရင်ဆုံး ဟောလိဝုဒ် ရုပ်ရှင်ကားတွေထဲက လမ်းမတွေပေါ်မှာ မြင်တွေ့ရတော့မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ref: myanmar ict
တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြုလုပ်၍ မန္တလေးမြို့တွင် လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေ
တစ်သောင်းကျပ်တန်ငွေစက္ကူ အတုများပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့နေသူ မောင်ပြုံးချိုသည် ပြည်ကြီးတံ ခွန်မြို့ နယ်အတွင်းရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုကို အသုံးပြုခဲ့ရာမှ မသင်္ကာ ၍ စစ်ဆေးခဲ့ရာ ဧရာထွန်း၊ ဆ/၁ ရပ်ကွက်အတွင်းရှိ နေ အိမ်၌ ငွေစက္ကူအတုပြုလုပ်ရာ တွင်အသုံးပြုသည့် စက္ကူပရင်တာစက် တစ်လုံး၊ ကွန်ပျူတာလက်တော့ပ် တစ်လုံး၊ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ၂၄ရွက် ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့တစ်သောင်းကျပ်တန်ကို အတုပြုလုပ်၍ အသုံးပြုနေသူကို စစ်ဆေးခဲ့ရာ ပူးပေါင်းကြံစည်သူ နှစ်ဦးကိုလည်း ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျူးလွန်သူများကို မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးနေပြီး သုံးစွဲခဲ့သည့် တစ်သောင်းကျပ်တန်အတု များကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။
ref:EMG
ဘင်ဂါလီ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်မည်. နည်းပညာ မြန်မာနှင့် အမေရိကန် ပညာရှင်များ တီထွင်
ကာကွယ်ရေးဝန်ကြီး ဋ္ဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသန တပ်ဖွဲ. နှင့် အမေရိကန် NASA မှ ပညာ ရှင်များပူးပေါင်း ပြီး လူမျိုးခြား ဘင်ဂါလီများ ဟုတ်မဟုတ် အောင်မြင်စွာ ဖော်ထုတ် နိုင် သည်.နည်းပညာ ကို ရှာဖွေ တွေ.ရှိခဲ့ ပြီ ဖြစ်သည်။ genetic engineering technology နှင့် Na no technology ပူးပေါင်း ပြီး လူသားမျိုး နွယ်စု များ အား Gene Typing ပြုလုပ်ခြင်း နည်းပညာ ကို NASA မှ ရှာဖွေတွေ.ရှိ ပီး ဖြစ်သော်လည်း မြန်မာပြည် သို. ခိုးဝင်လာသော ဘင်ဂါလီ များ ကို ပထမ ဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်နိုင် ခဲ့ ခြင်းဖြစ် သည်။
အမည်မဖော်လို သူ မြန်မာ စစ်တပ် အရာရှိ တစ်ယောက်၏ ပြောကြားချက်မှာ " အခု နည်းပညာ က အရမ်းကောင်းပါတယ်။ ကျီးကန်း တွေ ဟုတ်မဟုတ် ကို တန်း ကတည်း သိနိုင်တယ်။ တချို. မြန် မာမတွေ ကို ယူပြီး မွေး ထားတဲ့ ကလေး တွေ ဆို လည်း စစ်လို.ရတယ်။ ဒါပေမယ့် သူ.မှာ က နည်းပညာ အခက်အခဲ နဲနဲ ရှိ တယ်။ အဓိကကတော့ ဒီနည်းပညာ က အမေရိကန်က စစ်သွေး ကြွ အစ္စလာမ်ဘာသာဝင်တွေ ကို နှိမ်နင်းဖို. တီထွင်ထားတဲ့ နည်းပညာလို.တောင် ပြော လို.ရတယ်။
grade A,B,C,D,E ဆိုပီး ၅ ခုရှိ တယ်။ positive ဆို တာနဲ့ grade ထပ်ခွဲ ရတယ်။ A နဲ. B ဆို ရင် လုံးဝ မွတ်စလင် အစ္စလာမ်ဘာသာဝင် အစွန်းရောက် စစ်သွေးကြွ လို. သတ်မှတ် တယ်။ လားပင်စင် ပေးရမယ့် ကောင်တွေပေါ့။ C ဆိုရင် အစ္စလာမ်တော့ အစ္စလာမ် ၊ အစွန်းရောက်တော့ မဟုတ်ဘူး ဒါပေမယ့် အချိန်မရွေး အစွန်းရာက်သွားနိုင် တဲ့ သူတွေ ပေါ့၊ ကျွန်တော် တို. စမ်းသပ်ပီး သလောက် မြန်မာ မွတ်စလင် တချို. ဒီ group ထဲ မှာ ပါနေတာ တွေ. ရတယ်၊ ၀မ်းသာ စရာ ကောင်း တာ ကတော့ မြန်မာ မွတ်စလင် အများ စု ကတော့ group D နဲ. E မှာ ပဲ ရှိ ပါတယ်။
ကပြား ဆို ရင်တော့ သပ်သပ် Test Kit နဲ. တိုင်းရပါ တယ်။ သူ.မှာ ထူးခြားချက် တစ်ခု က အမေရိကန် က အထူး တီ ထွင် ထား တာ ပါ။ အစ္စလာမ် ဘာ သာ ၀င် တွေ က သူ များ ဘာသာ ထက် ရန်လို မှု များ တယ်။ မများ ရင် လည်း ဦး နှောက် က အင်ဒို ဖရီ နွိုက် လို. ခေါ် တဲ့ ဟော်မုန်း အထွက်များ တယ်။ ဒါကို NASA က 1990 လောက် ကတည်း က တွေ.ထား တယ်။အဲဒါကြောင့် ကုလားအမျိုးသမီးတွေ ကိုယ်နံ. ပျင်းတာတွေ ဘာတွေ ရှိ တယ်လေ၊ အဲဒါကို တိုင်းခြင်းအားဖြင့် အစ္စလာမ်ဘာ သာဝင် ဘယ်လောက် စစ်လဲ သိရ တယ်။
အဲ ဒီမှာ လည်း level အမျိုးမျိုး ရှိ တယ်။ ထူးခြား တာ က သူ.မှာ - အစ္စလာမ်ဘာသာဝင် ကနေ တခြား ဘာသာ ကို ပြောင်းသွားရင် သူ က တစ်နှစ် အကြာ မှာ positive ကနေ negative ဖြစ် သွား တယ်။ ဒီ နည်းပညာ ကို နောက် နှစ် ပြည် လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူ ရင် အကုန် လုံးတော့ အသုံး မပြု နိုင် သေး ပါ ဘူး တစ်စိတ်တစ်ပိုင်း အနေနဲ. သံသယ ရှိ တဲ့ သူတွေ ကို စောင့် ကြည့် စစ်ဆေး သွား မှာ ပါ။" လို. ပြော ကြား သွား ပါတယ်။
Myanmar Express
လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် အချို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ကြန့်ကြာနိုင် ဟု တစည ပြော
၆၅ နှစ်ကျော်ကြာ ကမ္ဘာအရှည်ကြာဆုံး စစ်ပွဲများ ဖြစ်ပွားရာ မြန်မာနိုင်ငံ ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် အချို့၏ ပြောစကားများနှင့် ၊ လုပ်ထုံးလုပ်နည်း များကြောင့် ကြန့်ကြာနိုင်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တွဲဖက် အတွင်းရေးမှုး ဦးခင်မောင်ကြီး က ပြောကြားသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ တွင် ကျင်းပ ပြုလုပ်သည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ၏ (၂၄)နှစ်ပြည့် အခမ်းအနား မတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
" အချို့ လက်နက်ကိုင် ခေါင်းဆောင်တွေ ပြောနေတာကို သေချာ နားထောင်ကြည့်ပါ ။ ခွန်ဥက္ကာ ပြောတာဆို နိုင်ငံတော် သမ္မတ ရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ သဘောမတူဘူး ပြောတယ်။ မွန်ပြည်သစ်က နိုင်ဟံသာဆို ဦးအောင်မင်းက စကား လွယ်လွယ် ပြောတယ်လို့ ပြောသွားတယ်။ ဒါတွေက ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကာလတွေမှာ မပြောသင့်ဘူး" ဟု ၄င်းက သုံးသပ် ပြောဆိုသည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသော စစ်ပွဲများမှာလည်း အစိုးရ ဆွေးနွေးလိုမှု များနှင့် KIO(ကချင်လွတ် လပ်ရေး အဖွဲ့) ၏ဆွေးနွေးလိုမှုများ မတူညီသောကြောင့် အပစ်ရပ်ရန် ခက်ခဲ နိုင်ကြောင်း၊ ဘုံသဘော တူညီမှု တစ်ခု ရရှိရန် အရင် လုပ်ဆောင်သင့် ကြောင်း အဆိုပါ ပါတီ အတွင်းရေးမှူး ကဆက်လက် ပြောကြားသည်။
ယင်း တိုင်းရင်းသား ပြဿနာ အများစုမှာ ဖက်ဒရယ်ပြည်ထောင်စု စနစ် ကျင့်သုံးပါက ပြဿနာများ စတင် ပြေလည်သွားမည် ဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး စက်တင်ဘာလ တတိယပတ်တွင် အမေရိကန် အခြေစိုက် သတင်းဌာနများသို့ ပြောကြား ထားသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ရှိရာ အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့ ၁၀ ဖွဲ့ အပစ်အခတ် ရပ်စဲထားနိုင်ပြီး KIO /KIA တစ်ဖွဲ့သာ အပစ်အခတ် ရပ်စဲရန် ကျန်ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

တိုက်ပွဲများကြောင့် ကချင်ဒေသခံများ ထပ်မံ တိမ်းရှောင်ရ
ကချင် ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင်များ ဦးဆောင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင်ပြုလုပ်သည့်
စက်တင်ဘာ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်
လမ်းလျှောက် ဆန္ဒပြပွဲ(ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ် ဖားကန့် ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ မကြာသေးခင်က ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေး နေကြရသည်။
ပြီးခဲ့သည့် စနေနေ့က KIAတပ်ဖွဲ့နှင့် အစိုးရ တပ်ရင်းများ ဖားကန့်မြို့နယ် ကသိုဏ်း တောင်(ခေါ်) ဘုရားတောင် ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရခြင်း ဖြစ်သည်ဟု ဒေသခံ တဦးက ပြော သည်။
ဖားကန့်မြို့ပေါ်ရှိ ဒေသခံများ အဆိုအရ အစိုးရ ခြေမြန် တပ်မ (ခမရ) ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်းနှင့် KIA တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဒေသခံများသည် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာနှင့် ၂ မိုင်ခန့် ကွာဝေးသော စိုင်းတောင်၊ တာမခံ ကျေးရွာများမှ ဘာသာရေး ကျောင်းများတွင် တိမ်းရှောင်နေကြရကြောင်း ကြားသိရသည်ဟု ဖားကန့် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။
“ဘုရားကျောင်းကတော့ သူတို့အတွက် နေဖို့ ထိုင်ဖို့ ချက်ပြုတ် ကျွေးမွေး အဲဒီလို ၀ိုင်းပြီးတော့ ကူညီတယ်၊ နောက် စိုင်းတောင် ဒေ သခံတွေကလည်း ၀ိုင်းဝန်းကူညီပံ့ပိုးမှုတွေ လုပ်ပေးတော့ စားရေးသောက်ရေး အဆင်ပြေကြတယ်”ဟု ဦးဒါချီလစိုင်းက ဆက်ပြော သည်။
တိမ်ရှောင်လာသူများတွင် နမ့်မော် ကျေးရွာ ဒေသခံများလည်း ပါဝင်ပြီး ကျောင်းနေ အရွယ် ကလေးငယ်များပင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ် သြဂုတ်လကလည်း KIA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၈၀၀၀ ခန့် ဖားကန့်မြို့ပေါ်သို့ ထွက် ပြေး တိမ်းရှောင်ခဲ့ရသည်။ ၎င်းတို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လူမှုကူညီရေး အသင်း အဖွဲ့များက စားဝတ် နေရေး အတွက် ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
မကြာသေးခင်ကလည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်စေရေး အတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြလမ်းလျှောက်ပွဲ ကျင်းပခဲ့ရာ အာဏာပိုင်များ၏ တားဆီးမှုကို ခံခဲ့ရသေးသည်။
KIA နှင့် အစိုးရတပ်များ အကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ် ပွားလျက်ရှိရာ ဒေသခံ ၉၀၀၀၀ ခန့် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရကြောင်း ကချင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ထုတ်ပြန်ထားသည်။
KIA သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။
သမ္မတ ဦးသိန်းစိန်က KIA မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေးအတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ခဲ့သော်လည်း KIA အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိကြောင်း မကြာသေးခင် ရက်ပိုင်းက နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ပြောကြား ထားသည်။
ဧရာဝတီ
မြန်မာပြည်အတွက် သတင်းကောင်းများ သယ်ဆောင်လာပါ
သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်သည် နှစ် ၄၀ ကျော်အတွင်း မြန်မာပြည် အဆင့်အမြင့်ဆုံး ခေါင်းဆောင် တဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သောကြောင့် အမေရိကန် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်ခရီးစဉ်ဟု ဆိုရမည်ဖြစ်သည်။
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရန် သွားရောက်မည့် သမ္မတ၏ တပတ်အကြာ ခရီးစဉ်အတွင်း အာရှလူ့အဖွဲ့အစည်း၌ “အကူးအပြောင်းထဲက မြန်မာ – အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် လူထုပရိသတ်ကို မိန့်ခွန်းပေးကာ ပရိသတ်နဲ့ အမေးအဖြေများလည်း ပြုလုပ်မည်ဟု သိရသည်။
ထို့အပြင် သမ္မတသည် အမေရိကန် နိုင်ငံ၏ အဆင့်မြင့် ခေါင်းဆောင်များ၊ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံရန် အလားအလာ များနေသည်ဟု အမေရိကန် အရာရှိများက အတည်ပြု ပြောဆိုထားရာ မြန်မာပြည်အတွက် စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အကျိုးဖြစ်ထွန်းမှုများ၊ အထောက်အပံ့များ မည်မျှ သယ်ဆောင်လာနိုင်မည် ဆိုသည့် အရေးက စိတ်ဝင်စားစရာ ကောင်းလှသည်။
အမေရိကန်နိုင်ငံအပေါ် သမ္မတ၏ ပြောဆို နားချမှု ထိရောက်လျှင် ထိရောက်သကဲ့သို့ မြန်မာပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုရေး ကိစ္စရပ်များအတွက် အထောက်အပံ့ကောင်း များစွာ ရနိုင်မည် ဖြစ်သည့်အပြင်၊ အမေရိကန်က မြန်မာပြည် အပေါ် ဒဏ်ခတ် ပိတ်ဆို့ ထားမှုများ ရုပ်သိမ်းရန် ကတိကဝတ်များ ရလာပေ လိမ့်မည်။
မြန်မာပြည်၏ ပို့ကုန်ပစ္စည်းများ ပြန်သွင်းခွင့်ကို အမေရိကန်က ပြန်လည် လက်ခံလာလျှင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာနိုင်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ပွင့်လန်းလာနိုင်တော့မည်။
အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံစားနေရသည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံကို အားကိုး နေခဲ့ရသည့်အတွက် တရုတ်၏ သြဇာလွှမ်းမိုးမှု ခံနေရသည့် အခြေအနေမှ နေ၍ ယခု လက်ရှိတွင် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအကြား ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အနေအထား ဖြစ်စေရန် သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြန်လည်ထိန်းညှိ နိုင်လိမ့်မည်ဟု ယူဆသည်။
သမ္မတ ဦးသိန်းစိန် မသွားမီ ယခင်တပတ်က အမေရိကန် နိုင်ငံသို့ ကြိုတင်သွားနှင့်ခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည် ပွင့်လင်း လွတ်လပ်လာသည်နှင့် အမျှ မြန်မာပြည်အတွက် အထောက်အပံ့ အကူအညီများ ပေးရန် ပြောဆို လမ်းဖွင့်ပေးခဲ့ပြီးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကြောင့် အမေရိကန် နိုင်ငံရေးသမားများ သဘောထားပျော့ပြောင်း နေချိန်တွင် သမ္မတ ဦးသိန်းစိန်က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ လက်တွေ့ အကျိုးဖြစ်ထွန်းရေးကို ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့် သည်။
လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံ၏ သြဇာအရှိဆုံး နိုင်ငံရေးသမား နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုးပမ်းအားထုတ်မှုတို့ မည်မျှ အကျိုးသက်ရောက်မှု ရှိသည်ကို လက်တွေ့ မျက်ဝါးထင်ထင် မြင်ရတော့မည် ဖြစ်သည်။
ယခင်တပတ်က အမေရိကန် သမ္မတ အိုဘားမားက မြန်မာပြည်ကို ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့က ငွေကြေးကူညီ ပေးရန် အဆိုကိုတင်ခဲ့ရာ ကွန်ဂရက်က သဘောတူခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ပြီ။ သမ္မတ ဦးသိန်းစိန် ခရီးစဉ်နှင့် အချိန်ကိုက် မြန်မာပြည်အတွက် လက်ဆောင်ပေးလိုက်ခြင်း ဖြစ်မည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတင်လက်ဆွဲနှုတ်ဆက်ပြီး တနှစ်မပြည့်မီတွင် ဖြစ်ပေါ်လာသည့် တိုးတက်မှုများ မြန်ဆန် လွန်းလှသည်၊ အမှားများနိုင်သည်ဟု အဆိုးမြင်နိုင်သော်လည်း စစ်အုပ်ချုပ်ရေး ကာလတလျှောက်လုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ချွတ်ခြုံကျခဲ့ရသည့် မြန်မာနိုင်ငံအတွက်မူ လက်ရှိအခြေအနေက နှေးလွန်းသည်ဟုပင် ဆိုရပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်က အရှေ့မှ ဖွင့်ပေးခဲ့သော လမ်းကြောင်းပေါ်တွင် သမ္မတဦးသိန်းစိန်က ဟန်ချက်ညီညီ နင်းလျှောက် ကာ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ပြည်သူတရပ်လုံး၏ လူမှုဘဝ အခြေအနေများ တိုးတက်မြင့်မား လာရေးတို့နှင့် သက်ဆိုင်သည့် သတင်းကောင်းများကို ၎င်း၏ သမိုင်းဝင်ခရီးပြန် လက်ဆောင်အဖြစ် သယ်ဆောင် လာနိုင်လိမ့်မည်ဟု ဧရာဝတီက ယုံကြည်ပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ၀န်ကြီးချုပ်ယင်လပ် နှင့် နယူးယောက်တွင် တွေ့ဆုံမည်ဟုဆို
(၆၇)ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သို့တက်ရောက်ရန် အတွက် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် သည် စက်တင်ဘာ ၂၅ ရက်နေ့ တွင် နယူးယောက်သို့ ရောက်ရှိ သည်။ အစီအစဉ်အရ နိုင်ငံတော် သမ္မတကြီးသည် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေညီလာခံ၌ မိန့် ခွန်းပြောကြားမည်ဖြစ်သည်။ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ တွင် အီရန်သမ္မတ အာမက်ဒီနီ ဂျက်၊ အီဂျစ်သမ္မတမော်စီတို့ မိန့် ခွန်းပြောကြားကြမည်ဟု သိရ သည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် စက်တင်ဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စယင်လပ်နှင့် နယူး ယောက်တွင် တွေ့ဆုံမည်ဖြစ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံ ကိန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး ကြမည်ဟု ဆိုသည်။
မစ္စယင်လပ်သည် ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာ ရောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် နှစ် ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရသည်ဟု ဆိုသည်။ ထားဝယ်ရေနက်ဆိပ် ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ အီတာ လီယန်ကုမ္ပဏီနှင့် မြန်မာနိုင်ငံတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ရှိပြီး စက်မှုဇုန်ဧရိယာ အကျယ် အ၀န်းမှာ စတုရန်းကီလိုမီတာ ၂၀၀ ကျယ်ပြီး စီမံကိန်းတစ်ခုလုံး အတွက် ကုန်ကျမည့်ငွေပမာဏ မှာ အမေရိကန်ဒေါ်လာ ၅၈ ဘီ လီယံခန့်ကုန်ကျမည်ဖြစ်ကြောင်း နေးရှင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Hot News

မွေးနေ့အထိမ်းအမှတ်အဖြစ် နေရာ ၃နေရာမှာ ငွေ ၁၁သိန်းလှူတဲ့ နေတိုး ပြင်ဦးလွင်ရှိ သူ့ ခြံမှာ ရုပ်ရှင်စတူဒီယိုဆောက်လုပ်ရန် စိတ်ကူးနေကြောင်းဖွင့်ဟ
နေတိုးက ၃၁နှစ်ပြည့်မွေးနေ့အထိမ်း အမှတ်အလှူအဖြစ် ပြင်ဦးလွင် ဒိုးပင်အောင် ကံသာမိဘမဲ့ကလေးကျောင်းကို ငွေကျပ် ၅ သိန်း၊ ပရဟိတ မျက်မမြင် ပညာသင်ကျောင်း ကို ငွေကျပ် ၃သိန်းနဲ့ ဘိုးသွား ရိပ်သာကို ငွေ ကျပ် ၃သိန်းလှူဒါန်းခဲ့ပြီး စုစုပေါင်း ငွေကျပ် ၁၁သိန်းလှူ ခဲ့ပါတယ်။ မနက် ၈နာရီခွဲ မိဘမဲ့ ကလေးကျောင်းကို ရောက်သွား တဲ့အခါမှာ တော့ ကလေးတွေ က နေတိုးရောက် လာလို့ ပျော်ရွှင်နေကြ တာကိုတွေ့ရှိရ သလို၊ နေတိုးက သူတို့ကို စကားတွေ ရင်းရင်း နှီးနှီးပြောတဲ့ အခါ မှာတော့ သူတို့ အပျော်က အထွတ် အထိပ် ရောက်နေကြ တာပါ။ သူတို့ အားလုံးနဲ့ ဓာတ်ပုံ ရိုက်ပြီး ပြန်ထွက်တဲ့ အခါမှာတော့ နောက် တစ်ခါလာဖို့၊ အကယ် ဒမီတွေ ရဖို့၊ ကျန်းမာဖို့ စတဲ့ ဆုတောင်းသံတွေ ညံပြီး ကျန်ခဲ့ပါတယ်။
အဲဒီနောက် ပရဟိတ မျက်မမြင်ကျောင်း ကို ရောက်တဲ့အခါမှာတော့ နေတိုးရုပ်ကို မမြင် ရပေမယ့် နေတိုး အသံကို ကြားချင်လို့လာ နားထောင်တဲ့ မျက်မမြင် တချို့ ကိုလည်း တွေ့ ရှိခဲ့ရပြီး နေတိုး အသံနဲ့ သူတို့ပျော်ရွှင်နေတာ ကိုလည်း တွေ့မြင်ခဲ့ရပါ တယ်။
အဲဒီနောက် ဘိုးဘွား ရိပ်သာကို ငွေလှူပြီး အချိန်မရတာ ကြောင့် ရှုတင်ကိုတန်းပြေးခဲ့တဲ့ နေတိုးကို အလှူနဲ့ပတ်သက်ပြီး နောက်တစ်ရက်မှာ မေး တော့ “တကယ် လိုအပ်နေတဲ့ နေရာမှာ ကိုယ်လုပ်ပေးနိုင်တဲ့ အနေ အထားနဲ့ ကြုံလို့ လှူဒါန်းဖြစ်တာပါ။ ဘယ်နေရာမှာ မဆို လိုအပ်မှုလေးတွေ ရှိတာပါပဲ။ အဲဒီ လိုအပ်မှု လေးတွေကို မွေးနေ့အဖြစ် ဖြည့်ဆည်း ခွင့်ရလို့ ကျေနပ်စရာ ကောင်းတယ်”လို့ ပြောပါတယ်။
နေတိုးက ပြင်ဦးလွင်မှာရှိတဲ့သူခြံမှာ ဇာတ်ကားတွေ ရိုက်ကူးဖို့ ဆက်တင်တွေဆောက် မယ်လို့ ကြားသိရတာ ကြောင့် မေးကြည့်တော့ “ကျွန်တော်က ရာသီဥတု အနေအထားကို လည်းကြိုက်တယ်။ မြန်မာနိုင်ငံမှာ အကြိုက် ဆုံးမြို့ကို ပြောပါ ဆိုရင် ပြင်ဦးလွင်ပဲ။ ရာသီဥတု၊ ရေ၊ မြေ၊ တော၊ တောင်တွေက လှတယ်။ ပြီးတော့ အဆောက်အအုံတွေ ဆို လည်း classic ဆန်တဲ့ပုံစံတွေ၊ ခေတ်မီတဲ့ပုံစံ တွေအကုန်ရှိတယ်။ လမ်းပန်း ဆက်သွယ်ရေး ဆိုလည်း ကောင်းမွန်တယ်။
ကျွန်တော့် စိတ်ထဲ မှာဖြစ်ချင်တဲ့ ပုံစံတွေ ဒီမှာအကုန်ဖြစ်နေတာ ကြောင့် ဒီမှာ ဆက်တင်တွေ ဆောက်ဖို့စိတ်ကူး ဖြစ်တာပါ။ ရုပ်ရှင်အဖွဲ့သားတွေကလည်း ဒီ ကိုလာပြီး ရိုက်ကြတယ်။ ဒီနေရာဟာ ရုပ်ရှင် အဖွဲ့သားတွေ အနုပညာ ဖန်တီးတဲ့ အခါမှာ အကျိုးရစေ တဲ့နေရာဖြစ်တာကြောင့် မီနီစတူ ဒီယိုဖြစ်ဖြစ်၊ နယ်ဇာတ်တွေ ရိုက်ကူးနိုင်ဖို့ ဆက်တင်လေးတွေ လုပ်မယ်လို့ စိတ်ကူးတာ ပါ” လို့ ပြောပါတယ်။
နေတိုးက သူတစ်ယောက် တည်း လုပ်မယ် ဆိုရင် အချိန်တွေ အများကြီး ပေးရမှာဖြစ်ပြီး ရုပ်ရှင်က သူငယ်ချင်းတွေ စု စည်းပြီး လုပ်မယ်ဆိုရင်တော့ ပိုမြန်မယ်လို့ ထင် ကြောင်း၊ သူတို့တွေ လည်း တိုင်ပင်ဦး မှာဖြစ် ကြောင်းပြောပြခဲ့ပါတယ်။
Popular Myanmar

.jpg)