Monday, September 24, 2012

ခုနှစ်ရက် သားသမီးများအတွက် ( ၂၄.၉.၁၂) မှ ( ၃၀.၉.၁၂) ထိ တပတ်စာဗေဒင် ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အလုပ်ပြောင်းရခြင်း၊ ပြောင်းလျှင်ကောင်းသည်။ ငွေများစွာဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်းဖြစ်တတ်သည်။ အရေးကြီးစာရွက်စာတမ်းကြောင့်၎င်း၊ လက်အောက်ငယ်သားကြောင့်၎င်း စိတ်ညစ်စရာဖြစ်နေတတ်သည်။ အထက် လူကြီးဆရာသမား၏မစ ခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း များဖြစ်တတ်သည်။

ကျန်းမာရေး။ ယားနာပေါက်ခြင်း၊ ရေယုံပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ အထူးသတိပြုပါ။ အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းပိုအားကောင်းနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၀ ၆ ၂)

တနင်္လာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်အတိုက်အခံကြောင့်အလုပ်ပြောင်းချင်နေမည်။ ကောင်းသည်ပြောင်းပါ။ ငွေဝင်မည်။ သို့သော်ငွေအကုန်များနေမည်။ အစွတ်အစွဲခံရတတ်ခြင်း၊ ငွေကြေးစာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်းရခြင်း၊ ငွေကြောင့်သိက္ခာကျခြင်းများဖြစ်တတ်သည်။ သတိရှိပါ။ စက်ပစ္စည်းပျက်ပြီး အသစ်ဝင်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။

ကျန်းမာရေး။ ဆေးစားမှားခြင်း၊ ဆေးထိုးမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ လိမ်လည်လှည့်ဖျားခြင်းခံရတတ်သည်။ အထူးသတိထားပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၆ ၅ ၅ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ


စီးပွားတိုးချဲ့ရတတ်သည်။ စီးပွားရေး၊ လူမူရေး၊ အစစအရာရာအောင်မြင်နေချိန်ဖြစ်တတ်သည်။ ပျော်ပွဲရွှင်ပွဲသွားခြင်း ၊ ခရီးထွက်ခြင်းလုပ်ပေးပါ။ ရွှေလက်ကောက်ဝင်ခြင်း၊ အိမ်ထောင်ရှင်များသားသမီးရတတ်ခြင်းဖြစ်တတ်သည်။ လေယာဉ်ခရီးသွားရခြင်း၊ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရခြင်းများဖြစ်တတ်သည်။ ဖုန်းကြောင့်စိတ် ညစ်စရာဖြစ်တတ်သည်။ အရေးကြီးစာရွက်စာတမ်းသတိထားပါ။ ပျောက်တတ်သည်။

ကျန်းမာရေး။ ဆီးနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ မိမိစိတ်တိုင်းကျစိတ်တူကိုယ်တူနှင့်တွေ့ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၂ ၂ ၈ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

စက်ပစ္စည်းများဝင်ခြင်း၊ စာရွက်စာတမ်းကိစ္စများ၊ စာအုပ်ကိစ္စများအဆင်ပြေခြင်းဖြစ်နေတတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ဖုန်းဝင်ခြင်းဖြစ်တတ် သည်။ ရွှေ၊ နာရီ ထွက်တတ်သည်။ အခန်းသစ်၊ အိမ်သစ်ရတတ်သည်။ လူမျိုးခြားများကြောင့်စိတ်ညစ်စရာဖြစ်နေတတ်သည်။ စနေနံပစ္စည်း များထွက်တတ်သည်။ ယခုအချိန်တွင် ငွေရင်းပြီးစီးပွားရေးမလုပ်ပါနှင့်။ ဆုံးရှုံးမှုများမည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးနေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်သည်။ သို့သော်အိမ်ထောင်ရှင်ဖြစ်တတ်သည်။ သေသေချာချာစုံစမ်းပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၀ ၀ ၄)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အိုးသစ်၊ အိမ်သစ်၊ နေရာသစ်ပြောင်းရွေ့ရခြင်း၊ နှိင်ငံခြားနှင့်ပတ်သက်သောသင်တန်းတက်ရခြင်း၊ ငွေများဝင်မည်။ ကုန်စရာများဆက် တိုက်ဖြစ်တတ်သည်။ ငွေပျောက်တတ်သည်။ စာရွက်စာတမ်း၊ အရေးကြီးစာတစောင်ရောက်လာခြင်းဖြစ်တတ်သည်။ ခင်မင်သောမိတ် ဆွေများနှင့်ကောင်းသောခွဲခြင်းခွဲခွာရတတ်သည်။ ပျော်ရွှင်သောခရီး၊ လေယာဉ်ခရီးသွားရတတ်သည်။

ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ အဆုတ်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ မိမိစိတ်တိုင်းကျမတွေ့သေးဘဲဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၆ ၄ )

သောကြာသားသမီးများ၏ကံကြမ္မာ

အမိနိုင်ငံအလည်အပတ်ပြန်ရတတ်ခြင်း၊ အခြားနိုင်ငံထွက်ရန်ပြင်ဆင်နေသူများ နိုင်ငံရပ်ခြားခရီးကောင်းရှိသည်။ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ထီပေါက်တတ်ခြင်း၊ ရွှေပြင်ရတတ်ခြင်း၊ အလုပ်တွင်လက်အောက်ငယ်သား၊ အထက်လူကြီးဆရာသမားနှစ်ဦးစလုံးကြောင့် စိတ်ညစ်ရတတ်ခြင်းဖြစ်တတ်သည်။ မိမိမောင်ညီမငယ်များကြောင့်ပူပင်သောကဖြစ်ရတတ်သည်။ ငွေအကူအညီတောင်းခံရတတ်သည်။

ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရခြင်း၊ သွေးပေါင်ကျခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သောသူနှင့်အဆင်မပြေဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၇ ၇ ၅ )

စနေသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ မိမိမရောက်ဖူးသောဒေသသို့သွားရတတ်ခြင်းဖြစ်တတ်သည်။ မျက်မှန်ဝင်ခြင်း၊ ပုဆိုးဝင်ခြင်း၊စိန်လက်စွပ်၊ ပုလဲလက်စွပ်၊ စိန်ထည်ပစ္စည်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်းများဖြစ်တတ်သည်။ စီးပွားတက်နေခြင်း၊ မိဘများ၊ မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံတွေ့ရခြင်းဖြစ်တတ်သည်။ အလုပ်တွင်စီးပွား တက်သော်လည်း ခိုက်ရန်ဒေါသဖြစ်ရတတ်သည်။ သတိထားပါ။

ကျန်းမာရေး။ ထုံကျင်ခြင်း၊ အကြောနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားနှင့်အဆင်ပြေခြင်း၊ အချစ်သစ်တွေ့ရတတ်သည်။ သစ္စာရှိပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၃ ၂ ၄ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513 , +6018 2250 510
E-mail: swezinwati@gmail.com

၁၁၅ ကြိမ်မြောက် ပေါင်းတည်ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကျင်းပတော့မည်


ပေါင်းတည်မြို့တွင် (၁၁၅) နှစ်ပြည့် ဗုဒ္ဓမြတ်စွယ်တော်လှည့် လည်အပူဇော်ခံပွဲတော်ကြီးကို စက်တင်ဘာ(၂၇)ရက်နေ့မှ အောက်တိုဘာ(၁)ရက် (တော် သလင်းလဆန်း၊(၁၂)ရက်မှ လ ပြည့်ကျော်(၁)ရက်နေ့အထိ ရှေး မူမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ပွဲတော် စတင်ကျင်းပသည့် တော်သလင်းလဆန်း(၁၂)ရက် ညနေ(၅)နာရီတိတိအချိန်တွင် ဗုဒ္ဓမြတ်စွယ်တော် ရတနာစိန်ကြုတ် ကို နှစ်ပတ်လည် စံမြန်းရာ ရွှေ ဂန္ဓကုဋိတိုက်အတွင်းရှိ ရွှေပလ္လင် ထက်မှ ရွှေကျောင်းဆောင်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံမည်ဖြစ်သည်

တော်သလင်းလဆန်း(၁၃)ရက် နေ့လည်(၁)နာရီတိတိ အချိန်တွင် မြို့ပေါ်ရပ်ကွက်အသီးသီးသို့ ဗုဒ္ဓ မြတ်စွယ်တော်ကိုဆင်ရတနာဖြင့် ပင့်ဆောင်ပြီး ဒဂုံဆင်ရတနာ တစ်စီး ခြံရံလျက်ဒေ၀ါဝင်း ရာဇာ ၀င်း၊၀င်းခင်းအခမ်းအနားတို့ဖြင့် ရှေးအစဉ်အလာတိုင်း လှည့်လည် အပူဇော်ခံမည်ဖြစ်သည်။မြတ်စွယ် တော်လှည့်လည် အပူဇော်ခံစဉ် ဇာတ်-နိပါတ်-ယိမ်း အကတို့ဖြင့် လိုက်ပါပူဇော်မည်ဖြစ်သည်။

တော်သလင်းလဆန်း(၁၄)ရက် နံနက်(၈)နာရီတိတိအချိန်တွင် မြတ်စွယ်တော်ရတနာကို စိန်ကြုတ်တော်မှ ဖွင့်လှစ်၍ ပကတိအတိုင်း အပူဇော်ခံမည်ဖြစ်သည်။

တော် သလင်းလဆန်း(၁၅)ရက် ည(၁၀) နာရီတိတိ အချိန်တွင် မြတ်စွယ် တော်ရတနာစိန်ကြုတ်ကိုပိတ်၍ နှစ်ပတ်လည်စံမြန်းရာ ဂန္ဓကုဋိ တိုက် သို့ပြန်လည်ပင့်ဆောင်ပြီး မြတ်စွယ်တော်ပွဲတော်ကြီး အောင် မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေ ညာမည်ဖြစ်သည်။

ပွဲတော်ကျင်းပသည့် ရက်များ အတွင်း ဘုရားဖူးပရိသတ်များ ကိုဇာတ်ပွဲ(၃)ပွဲဖြင့် အခမဲ့ မိုးအလင်း ဧည့်ခံဖျော်ဖြေမည်ဖြစ်သည်။နှစ် စဉ်ဆိုင်ခန်းပေါင်း(၁၀၀၀)ကျော် ဖြင့်(၁၂)ပွဲ ဈေးသည်တို့လာရောက် ရောင်းချကြရာ ရောင်းအားဝယ် အား ကောင်းသော ပွဲတော်ကြီး ဖြစ်ပြီး ရပ်ရွာအေးချမ်းသာယာ သဖြင့် ယခင်နှစ်များကဲ့သို့ စည် ကားမည့် ပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။

Myanmar Express

KIO မှာငြိမ်းချမ်းရေးလုပ်လိုသူနှင့် စစ်ကိုလိုလားသူ ၂ အုပ်စုကွဲလွဲနေ


အစိုးရနဲ့ ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ညှိနှိုင်းဆွေးနွေးသော်လည်း ငြိမ်း ချမ်းရေးမရနိုင်သေးခြင်းမှာ KIO ခေါင်းဆောင်များအတွင်း သဘောထားနှစ် မျိုးဖြစ်ပေါ်နေခြင်းကြောင့်ဖြစ် ပါတယ်၊ အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်းဟာ KIO နဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်၊ အစိုးရက စိတ်ရှည်ရှည်ထားပြီး အလျှော့ပေးညှိနှိုင်းမှုတွေလည်းရှိတယ်လို့ သတင်းတွေကဆိုပါတယ်၊ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ အစိုးရက စစ်တပ်ကို ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ဖို့ အမိန့်ထုတ်ခဲ့တဲ့အချိန်မှာတော့ ကချင်ပြည် နယ်နေရာအနှံ့စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်သွားပါတယ်၊

ဒီအခြေအနေမှာ KIO က တစ်စခန်း ထလာပါတော့တယ်၊ ကြောင်မရှိလို့ ကြွက်ထတဲ့ပုံစံမျိုးပေါ့ဗျာ။ လိုင်ဇာနဲ့ နီးစပ်သူတွထံက သိရှိရတဲ့သတင်းတွေအရ စစ်တပ်ကထိုးစစ်ဆင်မှုတွေ ရပ်တန့် သွားတဲ့ကာလ ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး KIO အတွင်း သဘောထားကွဲလွဲမှုကြီးမားလာခဲ့ပါတယ်၊ ဥက္ကဋ္ဌဇောင်းဟရားနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ဟာ အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ လိုလားတဲ့သဘောရှိတယ်၊ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့ကတော့ အစိုးရတပ်ငြိမ်နေတဲ့အခြေအနေကို အမိအရ အသုံးချပြီး တိုက်ခိုက်မှုတွေ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်၊

ဥက္ကဋ္ဌဖြစ်တဲ့ ဇောင်းဟရားဟာ အင်ဘန်လတို့အုပ်စုအပေါ် ဘာသြဇာမှမသက်ရောက်နိုင်ဘဲ မည်ကာမတ်တပ် ဟန်ပြသက်သက်သာ ဥက္ကဋ္ဌနေရာရပ်တည်နေရသူဖြစ်တယ်၊ ဘယ်လောက်ထိ သဘောထား ကွဲလွဲခဲ့သလဲဆို အစည်း အဝေးတစ်ခုမှာ ဗိုလ်ချုပ် ဂမ်ရှောင်နှင့် ဗိုလ်ချုပ် ဂွမ်မော်တို့အချင်းချင်း ပစ်ကြခတ်ကြတဲ့ အထိဖြစ်ခဲ့တယ်၊ နိဂုံးချုပ်တော့ ဗိုလ်ချုပ် ဂွမ်မော် လိုင်ဇာဆေးရုံ ရောက်သွားတယ်။ဇောင်းဟရားနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့က တစ်ကယ်တမ်းတော့ ငြိမ်းချမ်းရေးလိုလားတယ်၊

သူတို့ က နိုင်ငံရေးသမားတွေမို့ အတွေးအခေါ်ရှိတယ်၊ အမြင်လဲကျယ်တယ်၊ သူတို့နဲ့ သက်စွန့်ဆံဖျားလုပ်နေရတဲ့ လက်အောက်ငယ်သားတွေက တစ်သဘောထားအတိုင်းပါပဲ၊ ခက်တာက ဒုဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဗိုလ်ချုပ် ဂမ်ရှောင်တို့အုပ်စု၊ ဒီလူတွေက စစ်သွေးကြွတွေလို့ ပြောရင်လဲရတယ်၊ အစည်းအဝေးတွေမှာ တိုက်မယ်၊ ခိုက်မယ်၊ ဗုံးခွဲမယ်ပဲပြောပြီး၊ လက်ခုပ်လက်ဝါး တီးတာကို အရသာခံနေတတ်သူတွေပါ၊

သူတို့ထပ်တလဲလဲပြောနေတာက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၊ သူတို့ခေါင်းထဲမှာ ဒါပဲရှိတယ်၊ နိုင်ငံရေး အတွေးအခေါ်မရှိဘဲ စစ်တိုက်ဖို့သက်သက်သာ သိတဲ့လူတွေပါ၊ KIO အတွင်း ဒီအုပ်စု ၂ စု ကွဲနေ တာကြောင့် အစိုးရနဲ့ငြိမ်းချမ်းရေးမအောင်မြင်သေးတာဖြစ်ပါတယ်။KIO လုပ်လို့ ဖားကန့်က စီးပွားရေးလုပ်ငန်းအကုန်လုံးနီးပါး ပျက်ဆီးကုန်တယ်၊ ဖားကန့်လို ကျော်ကြားတဲ့ ကျောက်စိမ်းလုပ်ငန်းနယ်မြေဟာ၊ KIO ကြောင့် အတော်အရုပ်ဆိုးခဲ့ရတယ်၊ ကုမ္ပဏီတွေဆီက ဆက်ကြေးတွေ အဆမတန်ကောက်ပြီးတဲ့နောက် ဖားကန့်ဒေသရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးပစ်ခဲ့တယ်။

ပြီးခဲ့တဲ့ လေး/ငါးရက်လောက်က ဖားကန့်မှာကျောက်စိမ်းတူးနေတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို KIO က ကံဆီးကို ခေါ်တွေ့တယ်၊ လုပ်ကွက်ထဲကလူတွေ အကုန်ထွက်သွားရမယ်၊ ဘယ်သူမှမမြင်ချင်ဘူး၊ ဒါပေ မယ့် လုပ်ငန်းသုံးယာဉ်တွေ ဘက်ဟိုးတွေ မြေသယ်ယာဉ်တွေ ကျောက်ဖောက်စက်တွေအားလုံး ကားသော့တွေနဲ့အတူ ထားခဲ့ရမယ်၊ လုပ်ငန်းတွေရပ်ထားလို့ အခက်အခဲဖြစ်နေရသူတွေအတွက် ဆန်၊ ဆီတွေ ထောက်ပံ့ပေးရမယ်၊ ပြီးယင် ဖားကန့်မှာ လူစုပြီး ဆန္ဒပြရမယ်လို့ပြောခဲ့ တယ်။

ပြောပြီး သိပ်မကြာ ခင်မှာပဲ ကချင်ပြည်နယ်အတွင်း ဆိုးရွားတဲ့ဖြစ်စဉ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ *ဒုဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ပက်စက်လှတဲ့ အကြံအစည်တစ်ခုကို ဖားကန့်ဘက်မှာ အကောင် အထည် ဖော်ခဲ့တယ်၊*ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံရွာမှာရှိတဲ့ ဝေကုမ္ပဏီရဲ့ အဆောက်အဦတွေ ကို ဖောက်ခွဲဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်၊ ဒီကုမ္ပဏီဟာ ဖားကန့်မှာ အတော်ကြီးမားတဲ့ ကုမ္ပဏီတစ်ခုပါ၊ KIO ကိုလည်း ဆက်ကြေးပုံမှန် ပေးခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ ငွေပိုလိုလာတဲ့ KIO အဖွဲ့ရဲ့ နောက် ဆုံးတောင်းတဲ့ငွေက သန်း ၂၀၀၀ ဖြစ်ပါတယ်၊

ဒီငွေကိုပေးဖို့ နောက်ဆုံးရက်သတ်မှတ်ထားတာက သြဂုတ်လ ၂၅ ရက်နေ့လို့ ပြောပါတယ်၊ ကုမ္ပဏီက လူတွေက လုပ်ငန်းမလုပ်ရလို့ သူတို့ပြောတဲ့ သန်း ၂၀၀၀ ဘယ်လိုမှမဖြစ်နိုင်ကြောင်း တောင်းပန်တာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လက လက်မခံပါဘူး၊ ဖားကန့်ဒေသရဲ့ ကုမ္ပဏီတွေအားလုံး အတွက် စံနမူနာပြ အပြစ်ပေးခြင်းဆိုပြီး ကချင်ပြည်နယ်မှာ အကြီးမားဆုံးလို့ဆိုနိုင်တဲ့ KIO ရဲ့ ဖျက်ဆီးမှုကို စီစဉ်ခဲ့တယ်၊

၂၉ ရက်နေ့ ညနေဘက်မှာ ကံဆီးဘက်က KIO ၁၀ ယောက်လောက်က ကားနှစ်စီးနဲ့ ဝေမိသားစု ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီဝန်းထဲကို အပြင်းမောင်းနှင်လာပြီး ကုမ္ပဏီက၀န်ထမ်းတွေကို ပစ်ခတ်မောင်းထုတ် ခဲ့ပါတယ်၊ နောက်ပြီး သူတို့မှာအသင့်ပါလာတဲ့ မိုင်းတွေကို စက်သုံးဆီပေပါတွေ၊ ဆီသိုလှောင်ကန်တွေ၊ အဆောက်အဦတွေထဲမှာ အနှံ့လိုက်ကပ်တယ်၊ ပြီးတာနဲ့ချက်ချင်း ပြန်ထွက်သွားပြီး ၁၀ မိနစ်လောက် အကြာမှာ အဝေးကနေ ဖောက်ခွဲခဲ့တာဖြစ်တယ်၊

ပေါက်ကွဲသံဟာ မိုးချုန်းသံလိုပဲ ကျယ်လောင်လှ ပါတယ်၊ သေနတ်သံ ကြားလို့ ရောက်လာတဲ့စစ်တပ်က ၁၀ ယောက်လောက်ရှိတဲ့ အဖွဲ့ဟာ ပေါက်ကွဲ မှုကြောင့် သေဆုံးခဲ့ရတယ်၊ မပြေးနိုင်လို့ကျန်ခဲ့တဲ့ ကုမ္ပဏီဝန်ထမ်း၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ၂၀ ကျော်တို့ရဲ့ ခန္ဓာကိုယ်တွေဟာ ပေါက်ကွဲမှုတွေအတွင်းမှာ အစပျောက်ခဲ့ရတယ်၊

နောက်ဆုံး သိရတဲ့ စာရင်းတွေအရ ကုမ္ပဏီဝန်းထဲက ယာဉ်ကြီး၊ ယာဉ်ငယ် အစီး ၅၀ လောက် ပျက်စီးခဲ့ပါတယ်၊ ဒီလုပ်ရပ်ကို သက်သေပြုပြီး *KIO ဟာ အာရှတိုက်ရဲ့အကြီးမားဆုံး အကြမ်းဖက်အဖွဲ့အစည်းဆိုတာ နိုင်ငံတကာကို သိစေတော့မှာ ဖြစ်ပါတယ်။* ....

Myanmar Express

အာဆီယံချန်ပီယံရှစ် ဒုတိယဆုရ မြန်မာအမျိုးသမီးအသင်းကို MFF ဥက္ကဋ္ဌဦးဇော်ဇော် ကျပ်သိန်း(၁၅၀)ချီးမြှင့်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်ကျင်းပပြီးစီးခဲ့သည့် ၂၀၁၂ ခုနှစ်အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအား ဆုကြေး ကျပ်သိန်း(၁၅၀)ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်ဗီယက်နမ် အသင်းအား သာမန်ပွဲကစားချိန်နှင့်အချိန်ပိုမိနစ်(၃၀)အထိ ဂိုးမရှိသရေဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားပြခဲ့သော်လည်း ပင်နယ် တီအဆုံးအဖြတ်တွင် အိမ်ရှင်အသင်းကို (၄-၃)ဂိုးဖြင့် အရေးနိမ့်ကာ ဒုတိယဆုဖြင့်သာကျေနပ်ခဲ့ရသည်။

" ကစားသမားတွေ မိနစ်(၁၂၀)ကျော်ကို အကောင်းဆုံးကစားပြခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကြောင့်သာ အရေးနိမ့်သွားရတာပါ။ ထိုင်းလို ထိပ်တန်းအသင်းမျိုးကို အနိုင်ကစားပြပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့အပြင် ဗိုလ်လုပွဲမှာလည်း အိမ်ရှင်ဗီယက်နမ်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပါတယ်။ တစ်သင်းလုံးရဲ့ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုချီးကျူးပါတယ်။" ဟု ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အမျိုးသားနှင့်အမျိုးသမီးဘောလုံးလောက နှစ်ခုစလုံးဖွံဖြိုးတိုးတက်အောင် ဆောင်ရွက် လျက်ရှိပြီး လာမည့်နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

အမျိုးသမီးအသင်း ကစားသမားများ၏ မူလခံစားရရှိသည့်လစာငွေထက် ပိုမိုတိုးမြှင့်ပေးသည့်အနေဖြင့် ကစားသမားတစ်ဦးလျင် တစ်လကျပ်(၃)သိန်းမှ ကျပ်(၅)သိန်းအထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ထို့အပြင် လက်ရှိမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ၂၀၁၃ ဆီးဂိမ်းစ်တွင် ချန်ပီယံဖြစ်ရေးအတွက် ဆက်လက်လေ့ကျင့် ပြင်ဆင်ပေးသွားမည်ဖြစ်ကာ အမျိုးသမီးအသင်း ကစားသမားများ၏ မူလခံစားရရှိသည့်လစာငွေထက် ပိုမိုတိုးမြှင့်ပေးသည့် အနေဖြင့် ကစားသမားတစ်ဦးလျင် တစ်လကျပ်(၃)သိန်းမှ ကျပ်(၅)သိန်းအထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ဦးဇော်ဇော်က ထပ်မံပြောကြားခဲ့သည်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် စက်တင်ဘာ ၂၃ ရက်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

Myanmar Express

ယုံကြည်ချက်ကြောင့် ပုသိမ် NLD အများစုပါတီမှ နှုတ်ထွက်ရန် ပြင်ဆင်

ပုသိမ်မြို့၊ စကားဝါလမ်းရှိ NLD နာယက ဦးတင်ဦးကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့သော မြို့နယ်၊ ခရိုင်၊ NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပုသိမ်NLD ပါတီဝင်များထောက်ခံသော ခေါင်းဆောင်(၃)ဦးအား ပါတီ ၀င်အဖြစ်မှ ရပ်ဆိုင်းခဲ့သော ဗဟိုမှထုတ်ပြန်ကြေညာမှုကြောင့် ပုသိမ် NLD ပါတီဝင်အများစုမှာ ပါတီဝင် အဖြစ် မှ နှုတ်ထွက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဒီစာတွေကို မယုံပါဘူး၊ ဒီလှိုင်းဂျာနယ်မှာပါပေမဲ့လည်း ဘယ်သူထုတ်ပြန်ကြောင်းကို အမည် မတပ်ထားတဲ့အတွက် ပါတီကို ဖြိုခွဲဖို့ ကြံစည်နေတဲ့သူတွေက လုပ်ကြံဖန်တီးထားတဲ့ စာတွေလို့ ပဲ မြင်ပါတယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်လူငယ်ခေါင်းဆောင် အဖြစ်တာဝန် ယူခဲ့သော ဦးမြင့်စိုးက ပြောသည်။
ပုသိမ် NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပါတီခေါင်းဆောင် (ပုသိမ်)မှ သုံးဦးအား ထုတ်ပယ်သော ကြေညာ ချက်ကို မြို့နယ်ပါတီဝင်အများစုက မယုံကြည်မှုကြောင့် ပါတီရုံးရှေ့တွင် ထုတ်ပြန်ကြေ ညာချက်များကို ပြန်လည် ထုတ်ပြန်ထားကြောင်းကိုလည်း သိရှိရသည်။

“ဒေါ်စု ဒီလ ၁ရက်နေ့က လာပြီးတော့ ဖြေရှင်းပေးပေမဲ့ သူ့အနီးအနားကလူတွေရဲ့ စကားကို နားယောင် ခဲ့တော့ မြို့နယ်ပါတီဝင်အများစုက အခုလိုခံခဲ့ရတာပါ၊ ကျနော်တို့လည်း မကြာခင် ပါတီဝင် ကဒ်ပြားတွေ ကို ပြန်အပ်ပြီး ပါတီဝင်အဖြစ်က နှုတ်ထွက်မှာပါ” ဟု ပုသိမ်မြို့ရှိတပ်နယ်မြေဟု လူသိများသော (၁၁)ရပ် ကွက်အောင်နိုင်ရေး လူငယ်ခေါင်းဆောင်ကိုရဲလေးက ပြောပြသည်။

ဧရာဝတီတိုင်းရှိ ဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး NLD ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ် စား လှယ်တစ်ဦးဖြစ်သူ ဒေါ်ဖြူဖြူသင်းက ယခုကဲ့သို့ဆိုသည်။

“ဒါတွေက အသစ်တွေကို နေရာပေးတဲ့အပေါ်မှာ အဟောင်းတွေက အမြင်မရှင်းတာရယ်၊ လူငယ်တွေ ကို နေရာပေးမှုတွေကို လူကြီးတွေက လက်မခံတာရယ်ကြောင့်ပါ” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

NLD တွင် လက်ရှိအဖြစ်အပျက်များမှာ လူငယ်လူကြီးပြသာာမဟုတ်ကြောင်း ယုံကြည်မှုနှင့်သာဆိုင်ကြောင်း ပါတီဝင်တစ်ဦးက ပြောသည်။

‘’ဒါတွေက လူငယ်လူကြီးပြဿနာမဟုတ်ပါဘူး၊ အသစ်အဟောင်းပြဿနာလည်း မဟုတ်ပါဘူး၊ ၉၀ ပြည့်နှစ် ကတည်းက NLD ကို အနစ်နာခံပြီး လုပ်ခဲ့တဲ့လူတွေကို ပါတီက ယုံကြည်မှုမရှိကြောင်း ပြတာကြောင့် မြို့နယ် ပါတီဝင်တွေက လုံးဝလက်မခံနိုင် တာကြောင့် နှုတ်ထွက်ကြမှာပါ”ဟု ပုသိမ် NLD ပါတီဝင်တစ်ဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။

မြောင်းမြမြို့ NLDပါတီဝင်များသည် တိုင်းညီလာခံကျင်းပရေးကောင်မတီဖွဲ့စည်းမှုကိုကန့်ကွက် ဆန္ဒပြပြီး နောက် ပုသိမ် NLDမှလည်းတိုင်းအတွင်းမှ ပါတီခေါင်းဆောင်များသည်ဗဟိုကို အသုံးချကာ ဆရာမွေး၊ တပည့်မွေးအထိ ပြုလုပ်နေကြောင်းနှင့် ယခု ဖွဲ့စည်းလိုက်သော တိုင်းအတွင်းရှိ ညီလာ ခံကော်မရှင်ကို လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲကို သြဂုတ်လအတွင်း က ပြုလုပ်ခဲ့ကြသည်။

Myanmar Express

ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-လားရှိုး အဆင့်မြင့် ယာဉ်လိုင်းသစ် ဖွင့်ပြီ



ရန်ကုန်မြို့မှ မန္တလေး-ပြင်ဦးလွင်-လားရှိုးအထိ တိုက်ရိုက်သွားလိုသော ခရီးသည်များအတွက် စိတ်ချလုံခြုံရသော မောင်းနှင်မှုစနစ် ကျယ်ဝန်း၍ သက်သောင့်သက်သာရှိသော ကောင်းမွန်သည့် ထိုင်ခုံများနှင့် နွေးထွေးပျူငှာသော ဝန်ဆောင်မှုများဖြင့် “မန်းရွှေပြည်” Express ယာဉ်လိုင်းသစ်ကို စက်တင်ဘာ ၅ ရက်က စတင်ပြေးဆွဲနေပြီဖြစ်သည်။

ယင်းယာဉ်လိုင်းသည် ၁၉၉၈ ခုနှစ်ကတည်းက ရန်ကုန်-မန္တလေး ခရီးစဉ်တစ်ခုတည်းကိုသာ ပြေးဆွဲခဲ့သော်လည်း ယခုအခါ ရန်ကုန်-မန္တလေး-ပြင်ဦးလွင်-လားရှိုးအထိ တိုးချဲ့ပြေးဆွဲခြင်းဖြစ်သည်။ အဆိုပါ ယာဉ်လိုင်းတွင် ရှေးဦးသူနာပြု သင်တန်းဆင်းပြီးသူ အမျိုးသမီး ယာဉ်နောက်လိုက်များ ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုပေးစေခြင်း၊ ကော်ဖီအအေးများဖြင့် ကြိုက်နှစ်သက်ရာ သုံးဆောင်နိုင်ရန် စီစဉ်ပေးထားခြင်းနှင့် လက်မှတ်များကိုလည်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း စသော ဝန်ဆောင်မှုပေးသည့် ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

လားရှိုးသို့ ရန်ကုန်မှ တိုက်ရိုက်သွားသည့် ခရီးသည်တစ်ဦးကလည်း “မန်းရွှေပြည် Express” နှင့် ခရီးသွားရတာ သက်သောင့်သက်သာ ရှိတယ်။ ထိုင်ခုံတွေကလည်း နူးညံ့နေတော့ ခရီးရှည်သွားတဲ့ သူတွေအတွက် တော်တော် အဆင်ပြေတယ်။ ကျန်းမာရေးအတွက်လည်း သူနာပြု သင်တန်းဆင်းတွေပါတော့ ပျို့အန်ရင်လည်း မပူရဘူးပေါ့လို့” ဆိုပါတယ်။
ယခုအခါ ရန်ကုန်မြို့မှ လားရှိုးမြို့သို့ တိုက်ရိုက်သွားလာနိုင်ပြီ ဖြစ်၍ ခရီးသွားများအနေဖြင့် စိတ်ချမ်းသာ အဆင်ပြေ ချောမွေ့နေ ပါကြောင်း ခရီးသွားများထံမှ ကြားသိရသည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

ဒေါ်အောင်ဆန်စုကြည်ကို အမေရိကန် ကွန်ဂရက်က ဆုချ ခြင်းသည် ၀က်တစ်ကောင်ကို ပုလဲလည် ဆွဲဆင်ပေးလိုက်ခြင်း သာဖြစ်သည် ဟု ဆို


ဒေါ်အောင်ဆန်စုကြည်ကို အမေရိကန် ကွန်ဂရက်က ဆုချ ခြင်းသည် ၀က်တစ်ကောင်ကို ပုလဲလည် ဆွဲဆင်ပေးလိုက်ခြင်း သာဖြစ်သည် ဟု အမေရိကန်မှ ဒေါ်စုကို မလိုလားသူများက ပြောကြားလိုက်ပါတယ်။ ဒ်ါအောင်ဆန်းစုကြည်ကို အမေရိကန် ကွန်ဂရက်က အမြင့်ဆုံးရွှေတံဆိပ်ဆုချတာဟာ ၀က်တစ်ကောင်ကို ပုလဲလည်ဆွဲဆင်ပေးလိုက် သလို ပြက်လုံးတစ်ခု ဖြစ်နေတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအတွက်ရော လူ့အခွင့်အရေးအတွက်ပါ အလေးအနက်ထားတဲ့လူတစ်ယောက် မဟုတ်တဲ့အပြင် တယူသန်သူ လူမျိုးရေးခွဲခြားတဲ့ အစွန်းရောက် တစ်ယောက်သာဖြစ်တယ်လို့ ၎င်း က ဆိုပါတယ်။

အပြည့်အစုံမှာ



In an open letter to the US Senators and Congressmen Dr. Habib Siddiqui has urged the U.S. Congress not to lift its ban on any trade and commerce with Myanmar until a fundamental change takes place positively impacting the lives of those Rohingya and other minorities, guaranteeing their citizenship as equals and rights and privileges restored and secured.

Given below the full text of the letter by Dr. Habib Siddiqui :

Dear Congressman/Senator,

I was rather surprised to learn of the decision of the U.S. Congress to bestow its highest honor - the Congressional Medal of Honor to Suu Kyi of Myanmar. Through her silence and equivocation during the latest Rohingya crisis she has proven that she does not deserve such an honor, and that she is not a serious partner for either human rights or democracy. She remains a fanatic and racist Burman Buddhist, very similar to the very regime that she complained about while in house arrest.

In its entire history, racism and bigotry have defined, and sadly, continue to define Myanmar and there is no place for non-Buddhists in that Buddhist majority country of 56 million people today.

The so-called reform movement inside Myanmar, initiated by Thein Sein, remains all a part of a very calculated gimmick to lift official bans against Myanmar, which requires hard cash to get out of being the poorest country in the ASEAN. Suu Kyi was released by the civilian-dressed military regime so that she could work as its emissary. And that is what Suu Kyi has been doing to promote Myanmarism - an explosive cocktail of ultra-nationalism and Buddhist religious fanaticism. In this new Myanmarism, there is no place for people of other races, ethnic backgrounds and religions.

No, Myanmar does not deserve any benefit from our nation. Minorities like the Rohingya have been declared stateless, courtesy of a racist law - Burma Citizenship Law of 1982. As a result of this national project towards ethnic cleansing, half the 4 million Rohingyas have been pushed out of the country since 1962 who now live as unwanted refugees in places like Bangladesh, Thailand, Malaysia, Saudi Arabia, Pakistan, and UAE. And this in spite of the fact that they were one of the early inhabitants of the land of Arakan since time immemorial, predating Burmese or Tibeto-Burman influx to the soil of Arakan. The other half lives in the living hell inside Myanmar with no right of movement, education, health, safety, employment, property, marriage, religion, etc. The government does not honor any of the 30 rights of the UNDHR when it comes to the Rohingya and other persecuted minorities. It still holds on to the 1982 Citizenship Law and nullifies citizenship of millions simply because they are not Buddhists. It forces slave labor and even kills anyone suspected of being Rohingya. It is no accident that per UN and international agencies, the Rohingyas are considered the worst persecuted people on earth.

And yet, Suu Kyi is fine with such a marginalization of the Rohingya. What a shameful attitude for someone to be honored with a Nobel Prize for Peace, and now this Congressional Medal of Honor! These awards are becoming jokes like putting a pearl necklace on a swine!

Dear sir, as a result of government cover-ups, we may never know how many Rohingyas were killed during the latest pogrom that started in June of this year by a joint coordinated force of Buddhist mob and security forces. As a result, there is hardly a Rohingya town or village that is intact. They have been destroyed beyond recognition and look like as if they are bomb-ravaged places after a war. Not a single Rohingya place of worship is open; they are mostly burned down and demolished. The Rohingya-owned stores were looted and later gutted to fire.

Their homes were burned to ashes, and their paddy fields set on fire - forcing more than 200,000 internally displaced Rohingyas to live without any shelter or roof over their head. Not a single government aid came to them. Worse yet, the local Buddhist Rakhines (including racist monks) obstructed the sale of food and other necessities to these Rohingya victims.

And yet, the so-called Democracy Icon - Suu Kyi shamelessly did not utter a single word of condemnation against such gross violations of human rights. She is okay with such a savage 1982 law - formed during the dictator Ne Win's era - that nullified citizenship of millions of Rohingya people simply because they are non-Buddhists. Simply put, she is a Buddhist fanatic. She has been sent by the regime to soften the US attitude.

I would like to urge the U.S. Congress not to lift its ban on any trade and commerce with Myanmar until a fundamental change takes place positively impacting the lives of those Rohingya and other minorities, guaranteeing their citizenship as equals and rights and privileges restored and secured. If Suu Kyi is serious about Myanmar's future, let her behave like a leader that shuns racism and bigotry advocating for a change with the 1982 Citizenship Law, thus ensuring rights of the Rohingya people. She can't promote trade with Myanmar when it is still locked up in its savage past of racism and bigotry. For the U.S. to fall for such a gimmick would be utterly foolish!

Regards,

Habib Siddiqui

ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းကိုထောက်ခံသူများနှင့် တွေ့ဆုံချိန်တုန်းကလည်း ငြိမ်းချမ်းရေး နိုဘယ်ဆုကြီး ယူထားပြီး ဘာငြိမ်းချမ်းရေးမှ မလုပ်နိုင်တဲ့ အတွက် ခမ်းမရှေ့မှာ လူအများအပျားက ဆန္ဒပြခဲ့ကြပါတယ်။