Friday, September 21, 2012

နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး

ဖေ့စ်ဘွတ်ပေါ်မှာရေးခဲ့တာတွေ အမှန်ပါလို့ ပြောတဲ့ နေတိုးရဲ့ ရည်းစားဟောင်း အသက် ၁၄ နှစ်ကျောင်းသူလေး Patricia ရဲ့ ဖွင့်ဟချက်ကို အိုအေစစ်ဂျာနယ်က ဖော်ပြခဲ့တယ်။ နေတိုးအမည် အတိုကောက်ကို လက်ဖျံမှာ ဓားနဲ့ရေးခြစ်ခဲ့တဲ့ ပုံကိုလည်း ဖော်ပြခဲ့တယ်။

Myanmar Express Express

The Voice ဂျာနယ်နဲ့ သတ္ထုတွင်းဝန်ကြီးဌာနအမှု ကြားနာမည်


အပတ်စဉ်ထုတ် The Voice weekly ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ

သတ္တုတွင်းဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့အတွက် The Voice Weekly ဂျာနယ်နဲ့ သတ္ထုတွင်း ၀န်ကြီးဌာနအမှု ကို ဥပဒေကြောင်းအရ စွဲချက်ကို ကြားနာ စစ်ဆေးဖို့ ဒဂုံမြို့နယ်တရားရုံး က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ၀န်ကြီးဌာန တချို့က ငွေကျပ်သိန်း ထောင်ချီ အလွဲသုံးစားဖြစ်တဲ့ သတင်း ရေးသားခဲ့တဲ့အတွက် သတ္ထုတွင်းဝန်ကြီးဌာနက တရားလိုလုပ်ပြီး မတ်လကုန်က စတင် တရာစွဲခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲချက်ကို ကြားနာ စစ်ဆေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ ၁၄ ကြိမ်မြောက် ရုံးချိန်းအတွင်း အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

ဒဂုံမြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် ဥပဒေကြောင်းအရ ဖြေရှင်းသွား မှာဖြစ်သလို ဒါဟာ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ သတင်းမီဒီယာနဲ့ ပြည်ထောင်စုအစိုးရကြားဖြစ်တဲ့ ကိစ္စမို့ တိုင်းပြည်အတွက်အကျိုးမရှိဘဲ ပြုပြင်ပြောင်းလဲရေး ကိုပါ ထိခိုက်နိုင်တဲ့အတွက် တခြား နည်းလမ်းတွေနဲ့ပါ ဖြေရှင်းသွားမယ်လို့ The Voice Weekly ဂျာနယ်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးသိန်းညွန့်က ပြောပါတယ်။

“အခု ဒီစွဲချက်ကို ခရိုင်တက်မယ်။ ခရိုင်ကနေ လိုရင် လိုသလိုပေါ့။ အဖြေမရမချင်း ဆက်တက် မှာပေါ့။ ဒုတိယနည်းကတော့ စတုတ္ထမဏ္ဍိုင်နဲ့ ပြည်ထောင်စုအစိုးရနဲ့ ဖြစ်တဲ့ပွဲ ဖြစ်သွားပြီ။ အဲဒါဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ပြုပြင်ပြောင်းလဲရေးအတွက် ထိခိုက်တယ်။ အဆိုးမြင် ဝါဒီများကို သာ အကျိုးပြုမယ့်ပွဲ ဖြစ်သွားမယ်။ အဲဒါကိုတော့ အခြားနည်းနဲ့ပဲ ဖြေရှင်းပါမယ်။”

The Voice Weekly နဲ့ လျှပ်တပျက်ဂျာနယ်တို့ကို တရာဆွဲဖို့ ဆွဲချက်တင်နေတာဟာ အုပ်စုတစ်စု တည်းက ဆောင်ရွက်နေတာဖြစ်တယ် လို့ သူယူဆတယ်လို့ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကပြောပါတယ်။

“Transation ကာလမှာ အခုအခံတွေက ကြုံရနိုင်တယ်ဆိုတာ ကျနော်တို့ ကြိုတွက်ထားပါတယ်။ ဒီကိစ္စတွေက စွဲချက်တင်တာကို လက်ခံတာလည်း ဖြစ်နိုင်တယ်။ လက်မခံနိုင်တာလည်း ဖြစ်နိုင် တယ်။ ဘာလို့လဲဆိုတော့ ကျနော့်အယူအဆအရ အုပ်စုတစုတည်းက လုပ်နေတာ။ လျှပ်တပြက်ကို စွဲချက်တင်တဲ့ကိစ္စ၊ လျှက်တပြက်ကို စွဲတဲ့ ကိစ္စရော၊ လျှပ်တပြက်ရဲ့အပေါ်မှာ စွဲချက်တင်လိုက်တဲ့ ကိစ္စရော ကျနော်တို့ ကိစ္စရော ချိတ်ဆက်နေတယ်။ ကျနော့်ယူဆချက်ပါ။”

မကြာသေးခင်က လျှပ်တပြက်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတပုံနဲ့ပတ်သက်ပြီး လျှပ်တပြက် ဂျာနယ်ကိုလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြု တရားစွဲ ဆိုခဲ့တာ ဖြစ်ပါတယ်။ အများပြည်သူအကျိုးအတွက် ရေးသားဖော်ပြတာတွေကို တရားစွဲခံရတယ် ဆိုတာ မသင့်လျော်တဲ့အတွက် စာနယ်ဇင်းကောင်စီမှာ ဒီကိစ္စတွေကို အဓိကဆွေးနွေးရမယ် လို့လည်း ဦးကျော်မင်းဆွေက ဆက်ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ အများပြည်သူအကျိုးအတွက် ရေးသားဖော်ပြသမျှအားလုံး၊ ရိုက်ကူး တင်ဆက်သမျှ အားလုံး က အများပြည်သူအကျိုးဖြစ်တဲ့အတွက် တရားစွဲဆို ခံရတဲ့ဟာမျိုးက မဆီလျော် မသင့်တော်ဘူးလို့ ယူဆတယ်။ ဒီမို ကရေစီနိုင်ငံတွေမှာကတော့ အများပြည်သူ အကျိုးအလို့ငှာ ဖော်ပြတဲ့ကိစ္စ မှန်သမျှ ဖော်ပြတဲ့ မီဒီယာတွေရော၊ ရေးသားတဲ့ သတင်းထောက်တွေရော၊ အယ်ဒီတာတွေရော သူက တရားစွဲဆိုလို့ မရဘူးဆိုတဲ့ ဥပဒေရှိတယ်။ ကျနော်တို့မှာ အဲဒါ မရှိသေးဘူး။ မရှိသေးတဲ့အခါကျတော့ Press Council လိုမျိုး ပေါ်လာတဲ့ အခါကျတော့ Press Council မှာ ကျနော်တို့ အဓိကဆွေးနွေးရတော့မယ်။”

အခုဖြစ်ပွားတဲ့အမှုဟာ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်တဲ့အပြင် ပြည်ထောင်စုအစိုးရရဲ့ ပုံရိပ်ကို ပါ မေးခွန်းထုတ်နိုင်တဲ့ အတွက် အမြန်ဆုံး ပြီးပြတ်အောင်ဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြော လိုကြောင်း ဦးသိန့် ညွန့်က ပြောပါတယ်။

“ပြည်ထောင်စုအစိုးရနဲ့ The Voice ဂျာနယ်ဖြစ်တဲ့အမှုသည် ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးကို အင်မတန်မှ ထိခိုက်တဲ့အပြင် ပြည်ထောင်စုအစိုးရရဲ့ ပုံရိပ်ကို စိန်ခေါ်ပြီးတော့ မေး ခွန်းထုတ်နိုင်တဲ့အမှု ဖြစ်တဲ့အတွက် ဒီအမှုကို အမြန်ဆုံး ပြီးပြတ်ဖို့ ရှိနိုင်သမျှ နည်းလမ်းတွေ နဲ့ ဆောင်ရွက်သင့်တယ်ဆိုတာကို ရှေ့နေအနေနဲ့ မဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ကျနော် ပြောလိုပါတယ်။”

လက်ရှိမှာတော့ The Voice Weekly ဂျာနယ်အပြင် လျှပ်တပြက်ဂျာနယ်နှင့် DVB က သတင်းထောက်တစ်ဦးတို့ဟာ အစိုးရ တာဝန်ရှိသူတွေရဲ့ တရားစွဲဆိုတာကို ခံနေရပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရအတွင်း မကြာခင်က ၀န်ကြီးဌာနအပြောင်းအလဲတွေ လုပ်ဆောင်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ယူနေတဲ့ ၀န်ကြီး ဦးအောင်ကြည်လက်ထက်မှာ မီဒီယာ ဥပဒေအသစ်ကို ရေးဆွဲဖို့အတွက် ပြင်ဆင်နေချိန်မှာ အခုလို အစိုးရ၀န်ကြီးဌာနတွေနဲ့ သတင်းမီဒီယာအကြား ဥပဒေကြောင်းအရ ထိပ်တိုက် ရင်ဆိုင် မှုတွေ ဖြစ်ပေါ်နေတာပါ။

VOA

ဆီးဂိမ်းတွင် ဝိုင်ဖိုင်ဧရိယာ ၃ဝဝ ထားရှိပေးမည်


၂ဝ၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ဝိုင်ဖိုင်သုံးစွဲနိုင်သည့် ဧရိယာသုံးရာအထိ ထားရှိပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အဆိုပါ ဝိုင်ဖိုင်ဧရိယာသုံးရာကို နေပြည်တော် အားကစားကွင်း နှင့် အားကစားသမားများ နေထိုင်တည်းခိုသည့် နေရာများတွင် အဓိကထား ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူသုံးသောင်းခန့် အသုံး ပြုနိုင်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

”ဆီးဂိမ်းအတွက် ဝိုင်ဖိုင်တင်ဒါတွေကို ဖွင့်ဖောက်ပြီးသွားပါပြီ။ တင်ဒါရွေးချယ်တာတွေကို တော့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ရွေးချယ်မှာ မဟုတ် ပါဘူး။ အခု ဖွဲ့စည်းထားတဲ့ ဆက် သွယ်ရေးအကြံပေးအဖွဲ့က ရွေး ချယ်သွားမှာပါ။ အဓိကတော့ နိုင်ငံ အသီးသီးကလာတဲ့ အားကစား သမားတွေ၊ ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာတွေ အလွယ်တကူ သတင်းအချက်အလက် ပေးနိုင်ဖို့ အတွက် ဆောင်ရွက်တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

ယင်းသို့ ဝိုင်ဖိုင်ထုတ်လွှင့် မည့်ဧရိယာများအတွက် လုပ်ကိုင် ခွင့်ကို ရွေးချယ်ထားခြင်း မရှိ သော်လည်း လုပ်ပိုင်ခွင့် ရရှိမည့် ကုမ္ပဏီမှာ ပြည်ပနိုင်ငံမှ ကုမ္ပဏီ များသာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။ ”ကျွန်တော်တို့နိုင်ငံမှာ ဒီလောက်အထိ ဝိုင်ဖိုင်ထုတ်လွှင့်နိုင် မယ့်ကုမ္ပဏီ မရှိနိုင်ပါဘူး။ ဒါ ကြောင့် ပြည်ပကုမ္ပဏီတွေပဲ လုပ်ကိုင်ရဖို့ များပါတယ်။ ဝိုင်ဖိုင်ထုတ်လွှင့်တာ အပြင် မိုဘိုင်းဖုန်းသုံးစွဲမှု ကောင်းမွန်ဖို့အတွက် နေပြည်တော်သီးသန့် ဖိုင်ဘာကွန်ရက်ကိုလည်း တည်ဆောက်ပေးသွားမှာ ပါ”ဟု ၄င်းက ဆက်ပြောသည်။

ဖိုင်ဘာကွန်ရက် တည်ဆောက်ပြီးစီးပါက အဓိကချိတ်ဆက်ပေးမည့်နေရာများမှာ ဇေယျာသီရိ အားကစားကွင်း၊ ပေါင်းလောင်း အားကစားကွင်း၊ ဝဏ္ဏသိဒ္ဓိအားက စားကွင်း၊ အားကစားရွာ၊ Royal Myanmar ဂေါက်ကွင်း၊ Broadcasting Center (IBCC) စသည့်နေရာများ ဖြစ်သည်။ ယင်းအပြင် မိုဘိုင်းဖုန်းသုံး စွဲမှုကိုလည်း နေပြည်တော် တစ် နေရာတည်းတွင် တစ်သန်းကျော် အထိ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်တာနက် လိုင်းနှင့် ဖုန်းလိုင်းများအတွက် အသုံးပြုမှု ကောင်းမွန်စေရန်အတွက် စောင့်ကြည့်စစ်ဆေးရေး အဖွဲ့များကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

Myanmar Express

ယနေ့ မြန်မာ နိုင်ငံတော် ဒီမိုကရေစီ ထူထောင်ရေး လုပ်ငန်းများ သည် သမ္မတကြီး ဦးသိန်းစိန် နှင့် ပြည်ထောင်စု လွှတ်တော်ကြောင့်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ဝန်ခံ ပြောကြား


အမေရိကန် ကွန်ဂရက်မှာ ၂၀၀၈ ခုနှစ် အိမ်ထဲမှာ ထိုင်နေစဉ်က ရရှိခဲ့သော ဆုကို ဒေါ်အောင်ဆန်းစုကြည် ယနေ့ လက်ခံယူစဉ်တွင် လက်ခုပ်တီးသူများအားလုံးကို လက်အုပ်ချီ ရှိခိုးဦးချ ပြီးနောက် ယနေ့ မြန်မာနိုင်ငံတော် ဒီမိုကရေစီ ထူထောင်ရေးလုပ်ငန်းများသည် သမ္မတကြီး ဦးသိန်းစိန် နှင့် ပြည်ထောင်စု လွှတ်တော်ကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ဝန်ခံ ပြောကြားသည်။

"ကျမတို့ရဲ့ ဒီနိုင်ငံတော်ထူထောင်ရေးလုပ်ငန်းစဉ် တွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်လာရတာပါ။ သမ္မတကြီး နဲ့အတူ အခုသက်တမ်းနုနယ်သေးပေ မယ့် အလျင်အမြန်ရင့်ကျက်လာနေပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ဒါ့အပြင် ဒီမိုကရေစီတန်ဖိုးတွေ ကို တစိုက်မတ်မတ်တန်ဖိုးထားကြတဲ့ လူထုကြီးတရပ်လုံးဟာ ကျမတို့ လိုလားသ လို ခေတ်သစ် ကမ္ဘာကြီးထဲမှာ ကျမတို့နိုင်ငံတော်ကို နေရာမှန်ရစေဖို့အတွက် အားအင်အပြည့်နဲ့ ရှေ့တိုးဆောင်ရွက် သွားစေနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဦးစီးဆောင်ရွက်နေတဲ့ ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင်လည်း အခု လာရောက်ခဲ့တဲ့အတွက် ကျမ သိပ်ကိုအားတက်မိပါ တယ်။ ပြုပြင်ပြောင်း လဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အနာဂတ်အပေါ် ကျမရဲ့ ယုံကြည်မှုတွေ ကိုလည်း ပိုပြီးတိုးပွားလာစေပါတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာ့အရေးကို တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တဲ့ နယူးယောက်မြို့နယ်က ဒီမိုက ရက် အောက်လွှတ်တော်အမတ် Joseph Crowley က လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ထွန်းမှုတွေ အများကြီးတွေ့ရတဲ့အကြောင်း၊ ဒီလို အပြောင်းအလဲတွေပေါ် လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့သူတွေကို ချီးကျူးရမှာဖြစ်ပြီး အဲဒီအထဲမှာ လက်ရှိ အစိုးရ ခေါင်းဆောင်တွေကိုလည်း ထည့်သွင်းရမှာဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

အခမ်းအနားသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းဆွေ လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Express

တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း

ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက် သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီ ကနေကြသည်။ ယင်းမြင်ကွင်းမှာ အားလပ်ရက် ဆူပါ ဆန်းဒေး မတိုင်မီ စနေနေ့ည စက်တင်ဘာလ ၉ ရက်နေ့ တွင် အင်းလျားလိတ်ဟိုတယ်ရှိ ဝင်ကြေးပေးစရာ မလိုသော နိုက်ကလပ် အခန်းတွင် ဖြစ်သည်။

ထိုနေ့ ထိုနေရာတွင် လာရောက် ကခုန်ကြ သည့် လူငယ်များ အထူး စည်ကားခဲ့ပြီး စီးလာ သည့် ကားများမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းခွင့် ရလာသော မော်ဒယ်လ်မြင့်ကားများ ကားပါကင်၌ ပြည့်နှက် နေခြင်းက လာရောက်ကြ သော လူငယ်တို့၏ လူနေမှုအသိုင်းအဝိုင်းကို ညွှန်း ဆိုပြ နေသည်။ နှလုံးကို ရိုက်ခတ်စေသည့် ရက်ပ်တီးလုံး သံ လွှမ်းနေသော ခန်းမပြင်ပတွင် ဆေးလိပ်ကိုယ်စီ ခဲ ထားသည့် ဆယ်ကျော်သက် လူငယ်များက မိန်းမ ပျို လေးများနှင့် ရယ်ရယ်မောမော စကားစမြည် ပြောနေသည်ကိုလည်း တွေ့ရသည်။ “ကျွန်တော်တို့က ညတိုင်း လာကကြတယ်။ ကောင်မလေးတွေလည်း ပါတယ်” ဟု အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦးက ဆိုသည်။

ယင်းလူငယ်များသည် အွန်လိုင်းမှ တစ်ဆင့် ချိန်းဆိုပြီး လူစုဖွဲ့ကာ လာရောက်ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပွင့်လင်းနေသည့် လူငယ် အသိုင်း အဝိုင်းနှင့် တိုးတက် လာသော အွန်လိုင်းခေတ်တွင် တွက်ခြေ ကိုက်နိုင်သော စီးပွားရေး လုပ်ငန်း လုပ်လို သူများက ဝန်ဆောင်မှုများ အတွက် ပုံစံသစ်များ ဖန်တီး လာကြသည်။ ထိုဝန်ဆောင်မှု လုပ်ငန်းတွင် မြန်မာ့ရိုးရာ ဓလေ့၌ စကားလုံး အဆန်းဖြစ်သော ဘဝကြင်ဖော် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းသည် ဈေးကွက် ဝေစုတစ်ခု ဖြစ်လာစေရန် တာစူ ပြင်ဆင်လုပ်ကိုင် လာသည်ကို တွေ့ရသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ 1 Section (3 hour) ခြောက်ထောင်ကျပ် နှုန်းဖြင့် စုံတွဲများ တည်းခို နိုင်သော တည်းခိုခန်းနှင့် မိုတယ်များကဲ့သို့ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ရုံးခန်း ဖွင့်လှစ်၍ လုပ်ကိုင်နေ သည့် စီးပွားရေး လုပ်ငန်းဟု ဆိုရမည် ဖြစ်သည်။ “အွန်လိုင်းမှာ Member ဝင်အချင်းချင်း ကိုယ်လိုချင်တဲ့ အိမ်ထောင်ဖက်၊ ကိုက်ညီနိုင်မယ့် လူကိုရွေးချယ်ပြီး Invite လုပ်နိုင်တယ်။ တစ်ဖက် က လက်မခံရင်တော့ မရဘူးပေါ့။ လက်ခံလို့ အဆင် ပြေသွားရင်တော့ အပြင်မှာ တွေ့ပြီး လေ့လာကြ ပေါ့”ဟု Skylark ဘဝကြင်ဖော်ရှာဖွေရေး ဝန်ဆောင်မှု လုပ်ဆောင် ပေးနေသော ဦးဇော်မင်းသန့်က ပြော ကြားသည်။

http://www.skylark-vivahaa.com ကို တည်ထောင်အပြီး လပိုင်း အတွင်းတွင်ပင် Member နှစ်ထောင် ကျော်လာပြီဖြစ်ပြီး ဝင်ရောက်ကြည့် ရှုသူပေါင်း ၂ သိန်း နီးပါး ရှိပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော ဝန်ဆောင်မှု ဝက်ဘ်ဆိုက်ဖြစ်ကြောင်း ယင်းဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ယင်းဝက်ဘ်ဆိုက်မျိုးသည် အိန္ဒိယနိုင်ငံတွင် စတင် လုပ်ဆောင်ခဲ့ပြီး www.vivahaa.com,www.shadi.com တို့တွင် အဖွဲ့ဝင် လူဦးရေမှာ သန်း ၃၀၀ ဝန်းကျင် ရှိနေသည်။ တရုတ်နှင့် ကိုရီးယား နိုင်ငံတို့ တွင်လည်း ဘဝကြင်ဖော် ရှာဖွေရေး အေဂျင်စီများ ကို တရားဝင် ဖွင့်လှစ်ကာ လုပ်ဆောင်လျက် ရှိသည်။မြန်မာနိုင်ငံ တွင်လည်း အွန်လိုင်း သုံးစွဲမှု တွင်ကျယ်လာသည့် ၂၀၀၉ ခုနှစ် ဝန်းကျင်ခန့်က မြားနတ်မောင် ဝက်ဘ်ဆိုက်သည်လည်း အထက်ပါ ကဲ့သို့ပင် ချိတ်ဆက် ပေးခဲ့ပြီး လူငယ်များ အကြား ပေါ်ပင် ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် ငုတ်လျှိုးသွားခဲ့ သည်။

“နိုင်ငံတကာ မှာတော့ ဒီလိုအွန်လိုင်း ဆိုက်တွေ ဟာ Single အမျိုးသား၊ အမျိုးသမီးတွေ အတွက် အဖော်မွန် ရှာရာ၊ Casual Romance or Love အတွက် စိတ်လှုပ်ရှားစရာ ပလက်ဖောင်း တစ်ခုပါ ပဲ။ အဓိကကတော့ အွန်လိုင်းကနေ အသက်၊ နေရာ (လိပ်စာ)၊ ကိုယ်ဟန် အနေအထား၊ လူမျိုးနဲ့ တွေ့မယ့် ဆုံရပ်ကို အဓိကထား ပြောဆိုပြီး ရှာကြတယ်။ မြန်မာပြည်မှာတော့ အခုမှ ခေတ်စမ်းစ ဆိုတော့ ယဉ်ကျေးမှု ဆိုတဲ့ တံတိုင်းကို ဘယ်သို့ ဘယ်ပုံ သွေးတိုး စမ်းမလဲမသိနိုင်ဘူး” ဟု အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့တွင် နေထိုင်သော မြန်မာနိုင်ငံသား ဘလော့ဂါ ဒူကဘာက မှတ်ချက် ပေးသည်။ ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင် ခြင်း မရှိသေးကြောင်း ၎င်းင်းတို့ထံမှ သိရသည်။

“တခြားနိုင်ငံမှာ ဒီလို လုပ်ငန်းတွေ ဖြစ်ထွန်း နေပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူငယ် တွေ ပွင့်လင်းလာတဲ့ ကာလမှာ အွန်လိုင်းကနေ လမ်းလွဲတွေ မမှားရအောင်လို့ တီထွင် ကြံဆပြီး လုပ်ဆောင်ထားတာပါ” ဟု ဦးဇော်မင်းသန့်က ယင်းဝက်ဘ်ဆိုက် တည်ထောင်ရခြင်းနှင့် ပတ်သက် ၍ ရှင်းပြသည်။ မြန်မာနိုင်ငံတွင် လုပ်ဆောင်သည့် http://www.skylark-vivahaa.com တွင် ဘဝ ကြင်ယာဖော် အဖြစ် ရွေးချယ် နိုင်သည့် အပြင် မင်္ဂလာ ခန်းမများ၊ ဝတ်စုံများကို ဈေးနှုန်း သက်သာစွာဖြင့် ရွေးချယ်နိုင် ရန် ဆိုင်နာမည်နှင့် လိပ်စာများကိုလည်း ထည့်သွင်း ထားကြောင်း ၎င်းက ဆိုသည်။ ယင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ချိတ်ဆက်တာ အဆင်ပြေ သွားခဲ့သည့် ပထမဦးဆုံး စုံတွဲမှာ မင်္ဂလာ ဆောင်ရန် စီစဉ်နေပြီ ဖြစ်ပြီး မင်္ဂလာဆောင်စီစဉ် ပေးရန်အတွက် သိန်း ၂၃၀ ဖြင့် ညှိနှိုင်း နေကြောင်း၊ ယင်းမင်္ဂလာဆောင်ကို ခန်းမတွင် ကျင်းပရန် မဟုတ်ဘဲ မြက်ခင်းပြင်၌ သတို့သားနှင့် သတို့သမီး တို့က ဟယ်လီကော်ပတာ ရဟတ်ယာဉ်ဖြင့် ဆင်း လာသည့် ပုံစံ စီစဉ်ထားပြီး အခမ်းအနား အပြင် အဆင်များကိုလည်း အမှောင်ချထားကာ ဆလိုက် မီးများနှင့် နတ်ပြည်ပုံစံ စီစဉ်ထားကာ ကားအပု လေးဖြင့် မင်္ဂလာစုံတွဲကို ခေါ်ဆောင်သွားသည့် သဏ္ဌာန် စီစဉ်ထားကြောင်း ၎င်းထံမှ သိရသည်။

“မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ဆန်းသစ် တဲ့ မင်္ဂလာ အခမ်းအနား ဖြစ်အောင်လုပ်ဖို့အတွက် စီစဉ်နေတာပါ။ မင်္ဂလာရက် မရွေးရသေးလို့ မကြေ ညာ သေးတာပါ” ဟု ဦးဇော်မင်းသန့်က ဆိုသည်။ သို့သော် ဘဝကြင်ဖော် ရွေးချယ်ရာတွင် အွန်လိုင်းပေါ်မှ တွေ့ဆုံ ဆွေးနွေးပြီး လူချင်း တွေ့ရ သည့် အလုပ်မှာ အွန်လိုင်း သုံးစွဲသူများ အတွက် အထူးအဆန်း မဟုတ်ပေ။ ယင်းဝက်ဘ်ဆိုက်တွင် တွေ့ဆုံပြီး ဖြစ်ပေါ်လာသည့် ပြဿနာများကို ယင်း ဝက်ဘ်ဆိုက် တည်ထောင်သူတို့က တာဝန်ယူမည် မဟုတ်ပေ။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း ကာလကပင် စီးပွားရေး မြို့တော် ရန်ကုန်မြို့တွင် တရုတ် လူမျိုး များအတွက် ကြင်ယာဖော် ရှာပေးသော အေဂျင်စီ ရှိခဲ့သည်။ ထိုအေဂျင်စီမှာ အွန်လိုင်းမှ မဟုတ်။ အမှန်တကယ် လူချင်း တွေ့ပေးပြီး ညှိနှိုင်းပေးကြ ခြင်းဖြစ်သည်။ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ဝန်ဆောင် မှု အခကြေးငွေ အတွက် မဟုတ်။ ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် မင်္ဂလာဆောင် အတွက် ကန်ထရိုက် ယူခြင်းသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်း လုပ်ဆောင်နေသူ တို့၏ အဆိုအရ သိရသည်။

“ဒီလုပ်ငန်းဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက် ညီဘူးလို့တော့ ပြောလို့မရဘူး။ အဓိကတော့ လူတစ်ယောက်ရဲ့ပင်ကိုယ်ဗီဇနဲ့ပဲ သက်ဆိုင်ပါလိမ့် မယ်” ဟု အသက် ၂၇ နှစ်အရွယ် အွန်လိုင်း သုံးစွဲသူ တစ်ဦးက ဆိုသည်။ မြန်မာလူမျိုးတို့တွင် အာဝါဟ ဝိဝါဟ ဟူသော ထိမ်းမြား လက်ထပ်ခြင်းသည် မင်္ဂလာ တစ်ပါးဟု ဆိုကြသည့် အတိုင်း အမျိုးမျိုး ပြောင်းလဲ လာသော လူမှု ဝန်းကျင်၌ တစ်သက်တွင် တစ်ခါ ဆောင်ကြ သော ဘဝကြင်ယာ ဖော်အတွက် ကိုယ်ပိုင်ဥာဏ် စွမ်းဖြင့် တွေးဆ ဆင်ခြင်ဆုံးဖြတ်ရမည် သာဖြစ် သည်။

ရောင်စုံ မီးရောင်အောက်တွင် ရက်ပ် သီချင်း၊ ဒစ်စကို တီးလုံးသည် နံနက် ၂ နာရီ ထိုးချိန် အထိ မြူးကြွ နေဆဲဖြစ်ပြီး ဆယ်ကျော်သက် လူငယ် ခြောက်ဦးမှာ ချွေးသံ တရွှဲရွှဲဖြင့် ထွက်လာသည်။ ထိုလူငယ်များထဲမှ အသက် ၂၁ နှစ်အရွယ် လူငယ် တစ်ဦး၏ ရင်ခွင်ထဲတွင် ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်သော အင်္ကျီအနက်၊ စကပ်တိုတို ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ရောက်ရှိနေပြီး မော်ဒယ်လ်မြင့် Probox Toyota ကားနှင့် ထွက်ခွာ သွားကြသည်။

Myanmar Express

ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် ရပြီ

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့တွင်းရှိ ဖုန်းဆိုင်များတွင် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်များ စတင်ဖြန့်ဖြူး ရောင်းချပေးနေပြီ ဖြစ်သည်။ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် ဝယ်ယူနေသည့် ကျောင်းသူတစ်ဦးကလည်း ‘သမီးတို့ မုန့်ဖိုးထဲကစုပြီး ဝယ်ရတာ ငါးထောင်ကျပ်တန်ဆိုတော့ အဆင်ပြေသွားပြီ’ ဆိုတဲ့ အသံကိုလည်း ကြားရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း သုံးစွဲသူများအား CDMA, GSM လက်ကိုင်ဖုန်းများကို ချိုသာသော ဈေးနှုန်းဖြင့် အရစ်ကျ ရောင်းချပေးခဲ့ရာမှ ယခုအခါ ငွေဖြည့်ကတ်များကိုလည်း အများပြည်သူ သုံးစွဲရာတွင် အဆင်ပြေစေရန်အတွက် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်များ ရောင်းချပေးခြင်းကြောင့် ဖုန်းသုံးစွဲသူ ပြည်သူများ ကျေနပ်ဝမ်းမြောက်နေကြကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

နိုင်ငံရေးအကျဉ်းသား များ ထောင်ကထွက်လာချိန် ဇနီးသည်များ နောက်မီးလင်းသဖြင့် လှည်းကျိုးထမ်းနေရ


ဦးမင်းဇေယျဇနီး မချိုချိုဝင်း(ယောဂီရောင်) ၊ ဦးဇော်မျိုးအောင်ဇနီး မဟန်နီ(အဖြူအနက်ကျား) ၊
ဦးကိုသော်ဇင်ထွန်းဇနီး မအေးစန္ဒာဦး(အဖြူတီရှပ်)

နိုင်ငံရေးအကျဉ်းသား (သို့) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ထောင်ကထွက်လာချိန် ဇနီးသည်များ နောက်မီးလင်းသဖြင့် လှည်းကျိုးထမ်းနေရ ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး အကျဉ်းသား ဆိုသူ အများစုမှာ ထောင်မကျခင်တုန်းကလည်း လက်ကြောတင်အောင် အလုပ်လုပ်ပြီး မိသားစုတွက် ပိုက်ဆံမရှာကြပဲ လရားလရား လုပ်နေကြသူများ ဖြစ်သဖြင့် ထောင်ကျချိန်များတွင် ဇနီးဖြစ်သူများက အထူးဝမ်းနည်းခြင်းမရှိကြကြောင်း နီးစပ်သူ တစ်ဦးက ဆိုသည်။

သမ္မတကြီးဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် နောက်ဆုံးလွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား တစ်ဦးမှ ၎င်း လွတ်မြောက်လာချိန်တွင် ဇနီးသည်မှာ ကိုယ်ဝန် ၄ လ ရနေကြောင်း၊ သို့သော်လည်း ယခင်ကတည်းက အလုပ်အကိုင်မရှိပဲ ဇနီးသည် လုပ်ကျွေးသမျှ စားနေရသဖြင့် ပြန်မပြောရဲတာကြောင့် လှည်းကျိုးထမ်းရတော့မည် ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"ဒါကတော့ ထုံးစံပါပဲဗျာ... နိုင်ကျဉ်း တော်တော်များများက လှည်းကျိုးထမ်းနေရတာ အစဉ်အလာဖြစ်နေပြီ... ကို ဇာဂနာ ကတော့ ဒါတွေ သိလို့ သူ့မိန်းမကို နိုင်ငံခြားပို့ထားတာ..." လို့ ဆိုပါတယ်။

မြန်မာ့ နိုင်ငံရေးသမား အတိုက်အခံ အင်အားစုများကို ယူမိထားသူ အမျိုးသမီးများက နောင်တရကာ နောက်ကွယ်တွင် အခြားယောင်္ကျားများ ထားရှိသည်သာမက အသိပညာ ဖွံ့ဖြိုးလာသည့် မြန်မာမိန်းကလေးများက ယောင်ခြောက်ဆယ် နိုင်ငံရေး သမား အတိုက်အခံ အင်အားစုများကို ဝေးဝေးက ရှောင်ကြသဖြင့် ၈၈ မျိုးဆက် ကျောင်းသား များအပါအဝင် အများစုမှာ လူပြိုကြီးဘဝဖြင့် ဇတ်သိမ်းရမည့် အနေအထားရှိကြောင့် ဝါရင့် နိုင်ငံရေး သမား တစ်ဦးက သုံးသပ်ထားပါသည်။

NLD မှ လူကြီးများသိစေရန်

ကျနော်တို့ မြန်မာ့သမိုင်းတွေမှာ သင်ခန်းစာတွေ အမျာကြီးရှိပါတယ် မြန်မာတွေရဲ့ နိုင်ငံကျော်စာဆိုကြီး စလေ ဦးပုည က အသတ်ခံရ ပြီးမှ ဘုရင်က `` လူကိုခွေးသတ်လေခြင်း´´ လို့ ညီးတွားခဲ့တယ် အနန္ဒသူရိယအမတ်ကြီးရဲ့ အမျက်ဖြေလက`င်္ာ ကလည်း အခါနှောင်းခဲ့ပြီ အဲဒါ ဘုရင် ညံ့လို့ပဲ နောင် မှတရတဲ့ နောင်တဟာ ကိုယ်ညံ့လို့ ခုလည်း အမျိုးသားညီလာခံကို မတက်ဘူး ညီလာခံကို တက်ရင် ပြည်သူကို လည်ပင်းစွပ်ပြီးညှစ်သတ်မဲ့ ကြိုးကို ၀င်မကျစ်ပေးနိုင်ဘူးဆိုတဲ့ ဦးညွန်လှိုင်၊ညီလာခံမတက်လို့ ဥက္ကဌကြီး ဦးအောင်ရွှေက ထုတ်ပယ်ခဲ့တဲ့ဦးညွန့်လှိုင်၊ ရွေဂုံတိုင် ကြေညာချက်ကို လိုက်နာပြီး ၂၀၁၀ မှာစစ်အစိုးရကိုဆန့်ကျင် ခဲ့တဲ့ဦးညွန်လှိုင် ဒေါ်အောင်ဆန်းစုကြည်ကမပြောခင် ပုသိမ်က ၂၀၁၀ရွေးကောက်ပွဲကို ကိုမ၀င်နိုင်ပါဘူးလို့ပြောခဲ့တဲ့နိုင်ငံရေးရပ်တည်ချက်မှန်ခဲ့တဲ့ ဦးညွန့်လှိုင် ပါတီက နှိပ်ကွက်လိုက် စစ်အစိုးရကနှိပ်ကွပ်လိုက်ကိုခံရတဲ့ ပုသိမ်ကဦးညွန့်လှိုင်ကြားဖြတ်ရွေးကောက်ပွဲကို အနိုင်ရအောင်ဝိုင်းကူတဲ ဦးညွန့်လှိုင် ဒီကနေ့မှာတော့ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်မယ်ကြိုးစားပြီးမှ ဒေါ်အောင်ဆန်းစုကြည် ရဲ့ပါတီ အလံအောက်မှာမရပ်တည်ရင် မအောင်မြင်နိုင်ဘူးဆိုတဲ့ ဖောက်ပြန်တဲ့ လူတစ်စု NDF ရဲ့ နောက်ချန်တပ်လက်မရွံ့တွေ လက်အောက်မှာ ဂုဏ်သိက္ခာကြီးမားခဲ့တဲ့ ပုသိမ် ကျဆုံးခဲ့ရပြီ။နေရာသမားဖြစ်ခဲ့ရပြီ၊ ကျနော်က အသိဆုံး (သိချင်ရင်တိုက်ရိုက်မေးနိုင်ပါတယ်) ပုံပြင်တစ်ခုကြားဖူးတယ် ရိုးသားသူနဲ့ မရိုးသားသူ လမ်းအတူလျောက်သွားတော့ မိုးရွာတယ် ရိုးသားသူက မိုးစိုတယ် မရိုးသားသူက မိုးမစိုဘူးတဲ့ ဒီနေ့ခေတ်က ဘာတွေလဲ မိုးမင်းကြီးကပဲ ဘက်လိုက်နေတာလား?

မဟုတ်ပါဘူး မဟုတ်ပါဘူး ရိုးသားသူက ထီးလုဆောင်းခံရလို့တဲ့ ဟားဟား ပြီးရော လူငယ်တွေကတော့တွေးနေကြပြီ ဒီနေ့ခေတ်ကတော့ ဒါပါပဲတဲ့။

Myanmar Express