Wednesday, September 19, 2012
MWDC အရက်စက်ရုံ ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှူ(၂)ရှိ GrandRoyal အရက်စက်ရုံ (MWDC အရက်စက်ရုံ)တွင် အလုပ်သမား အဖွဲ့အစည်း မှခေါင်းဆောင်သူအချို့ကို အလုပ်မှ ရပ်နား စေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းစက်ရုံရှေ့တွင်ယနေ့မွန်းလွဲ(၁)နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်း(၁၃)ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။
အလုပ်သမားအဖွဲ့အစည်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် (၃)ဦးနှင့် အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ ယနေ့ စက်တင်ဘာ(၁၈)ရက်နေ့တွင် အလုပ်သမားအဖွဲ့ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့ကို လည်းကောင်း၊ ၀န်ထမ်း(၆)ဦးကို ထုတ်လိုက် သောကြောင့် ဆန္ဒထုတ်ဖေါ် ရခြင်းဖြစ်ကြောင်း ၄င်းတို့ကပြောသည်။
အလုပ်သမားများ ထပ်မံလျှော့ချ ထုတ်ပယ်ခြင်းမပြုရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ရရှိရေး၊ အခြေခံအလုပ်သမား အဖွဲ့အစည်းမှ အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ထားရေး အစရှိသည့် အချက်များကို တောင်းဆို၍ ဆန္ဒပြခဲ့ကြသည်။
7Day News Journal
အနာဂတ်လေဆိပ်စီမံကိန်းအတွက် ပေးဆပ်လိုက်ရသူတို့၏ ရင်တွင်းငိုကြွေးသံများ
အနာဂတ်လေဆိပ်စီမံကိန်း (အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံ ကိန်း)ပြုလုပ်ရန်အတွက် စီမံကိန်း နှင့်မလွတ်သောကြောင့် နေပြည် တော် တိုင်းဒေသကြီး လယ်ဝေး မြို့နယ်ရှိ ရွာပေါင်း(၆)ရွာကျော်နီး ပါးခန့်ကို နိုင်ငံတော်အစိုးရထံမှ ပြောင်းရွှေ့စရိတ်လုံလောက်စွာ မပေးသည့်အပြင် လယ်ယာမြေ များအား တန်ကြေးမပေးဘဲသိမ်း ယူခဲ့ခြင်းဖြစ်သောကြောင့်နစ်နာ သူ တောင်သူလယ်သမားများမှာ သိမ်းယူစဉ်မတ်လ(၁၈)၂၀၀၄ခုနှစ် မှ ယခု၂၀၁၂ခုနှစ်အထိ ဖြစ်သလို လုပ်ကိုင်နေကြရကြောင်း နစ်သာ သူ တောင်သူကြီးများထံမှ သိရ သည်။
အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန်အတွက် သော် မှော်ကုန်း၊ကျွန်းကုန်း၊ကန်သာ ကျေးရွာများမှာ(၂၀၀၄)ခုနှစ်၊မတ် လ(၁၈)ရက်နေ့က မန္တလေးကား လမ်းဟောင်းဘေးသို့ ပြောင်းရွှေ့ ပေးခဲ့ရပြီး (၂၀၀၅)ခုနှစ်တွင် ရေ လယ်ကွေ့၊ဇေယျသိန်၊ ရန်ကင်း ကျေးရွာ နှင့်အခြားကျေးရွာအုပ် များပါ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သော်မော်ကုန်းကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရသည်။
၂၀၀၄ခုနှစ်မှာ ပြောင်းရွှေ့ ခံရတဲ့ရွာတွေက အိမ်အကြီးအ သေးကိုခွဲပြီးတော့ အမြင့်ဆုံး ခြောက်သောင်း(အိမ်အကြီး)အနိမ့် ဆုံးသောင်းနှစ်ထောင်(အိမ်အသေး) ပေးတယ်၊တစ်ချို့အိမ်တွေဆိုရင် ရှစ်ထောင်ပဲရတယ်။ အဲဒီလို ရွှေ့ ပြောင်းပေးတာ နည်းတဲ့အပြင်ရွာ မှာလိုအပ်တဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စတဲ့ လိုအပ်တာ တွေကိုမလုပ်ပေးခဲ့ပါဘူး။ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ပဲလုပ်ခဲ့ရတယ်၊ရွှေ့ ပြောင်းရွာချင်းအတူတူမှ ၂၀၀၅ ခုနှစ်မှာအရွှေ့ခံရတဲ့အိမ်တွေက အမြင့်ဆုံးသိန်းနှစ်ဆယ် အနိမ့်ဆုံး တစ်သိန်းခွဲရတဲ့အပြင် ရွာမှာလို အပ်တဲ့ အဆောက်အအုံတွေ လည်းဆောက်ပေးတယ်၊ဘိလပ် မြေနဲ့သွပ်တွေပါဝေပေးသေးတယ်။
ကျွန်တော့်အနေနဲ့ဒီလိုခွဲခြားပေး တာမျိုးမလုပ်သင့်ဘူးလို့ထင်တယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့ဌာနဆိုင်ရာ အသီးသီး ကို ရွာသူရွာသား(၅၁)ယောက် စုပေါင်းလက်မှတ်ထိုးပြီးတော့ အ သနားခံစာတစ်စောင် တင်ထား ပါတယ် ဟု သော်မှော်ကုန်းကျေး ရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလေး က HOT NEWS JOURNAL သို့ပြောသည်။
လေဆိပ်စီမံကိန်းကြောင့် နေ ထိုင်သူတောင်သူ လယ်သမားများ ၏ မိသားစုဝင်များမှ စားဝတ်နေ ရေးအခက်ခဲကြုံတွေ့နေရကြောင်း၊ ကလေးသူငယ်များဆိုလျှင် ပညာ မသင်ရပဲ ကျောင်းမှထုတ်ထားရ ကြောင်း၊လယ်အလုပ်တစ်ခုတည်း သာလုပ်တတ်သော လယ်သမား များမှ ယခုအခါ ပျံကျအလုပ် အဖြစ် မိမိတို့အသိမ်းခံရသော လယ်ယာမြေထဲတွင် အောက်ခြေ လုပ်သားအဖြစ် ၀င်ရောက်လုပ် ကိုင်နေရကြောင်းကို ရွှေ့ပြောင်း နေ လယ်သမားတစ်ဦးကပြောပြ သည်။
““ကျွန်တော်တို့လုပ်တတ်တာ လယ်ယာအလုပ်တစ်ခုပဲရှိတာ လေဆိပ်စီမံကိန်းကြောင့် ရွာတွေ ပြောင်းရပြီး လယ်တွေသိမ်းခံရ တုန်းကဆိုရင် တော်တော်ဒုက္ခ ရောက်ခဲ့တယ်။ကျွန်တော့်အိမ် ဆိုရင် ပြောင်းရွှေ့ခ ရှစ်ထောင်ပဲ ရတယ်။လယ်နဲ့စုစုပေါင်း ခန့်မှန်း ခြေ ဆယ့်ငါးဧက လောက်ပါသွား တယ်။တစ်ချို့တွေဆိုရင်ပြောင်း ရွှေ့စရိတ် ခြောက်ထောင်ပဲရတယ် လို့ပြောတယ်။သူတို့တွေလည်း လယ်ယာတွေ သိမ်းခံရတာပဲ၊အ ခုတော့ ကျွန်တော်တို့ အသိမ်းခံ ရတဲ့ လယ်တွေထဲက စီမံကိန်းတွေ မှာ အလုပ်ကြမ်း ကိုပြန်ကျလုပ်ကိုင် နေကြပါတယ်။ကလေးတွေကို ကျောင်းမထားနိုင်တော့ ကျောင်း ကထုတ်ပြီးတော့ ဆိုက်တွေထဲမှာ အလုပ်လုပ်ခိုင်းကြရပါတယ်။ဒါ တွေကို နိုင်ငံတော်သမ္မတကြီးကို သိစေချင်ပါတယ်”” ဟု လက်မှတ် ရေးထိုးတင်ပြသည့်အထဲတွင် ပါ ၀င်သည့် သော်မှော်ကုန်းကျေးရွာ နေ ဦးမောင်ကိုလေးက ပြောပြ သည်။
ရွာရှိအိမ်များ မပြောင်းရွှေ့ မီ (ရွာခံအ စိုးရ၀န်ထမ်းများ) ဓာတ်ပုံများလာရိုက်ပြီး စာရင်း များကောက်ယူ သွားသော်လည်း တကယ့်တကယ်တန်းတွင်အထက် သို့ စာရင်းတင်ပြရာ၌ စာရင်း ကွာဟမှုများရှိနေသောကြောင်း၊ ပြောင်းရွှေ့စရိတ်အနည်းငယ် သာရရှိခြင်းဖြစ်ကြောင်းထိုစဉ် က ဦးမောင်ကိုလေးဆိုသူက မန္တလေးတိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ် ရဲမြင့်အား သော်မှော်ကုန်း၊ကျွန်း ကုန်း၊ကန်းသာရွာများပြောင်းရွှေ့ စရိတ်နည်းပါးမှု တင်ပြဖူးရာ တွင် အဆင်ပြေအောင် ဆောင်ရွက် ပေးမည်ဟုပြောဆိုခဲ့သော်လည်း ထိုဝန်ကြီးချုပ်မှာ နောက်တစ်နေရာသို့ပြောင်းသွား ကြောင်း၊ထို့ကြောင့် ၎င်းရွာသုံးရွာ မှာ ကိုယ်အားကိုယ်ကိုးနေရပြီး စားဝတ်နေရေးမပြေလည်မှုများ လည်းရှိကြောင်း၊ထို့အပြင် လယ် ယာမြေသိမ်းရာတွင်လည်း နိုင်ငံ တော်အစိုးရ က လျော်ကြေးပေး သော်လည်းအရရှိလိုက်သောသူများ လည်းရှိနေပြီး၊လျော်ကြေးရရှိလိုက် သော သူများမှလည်း လယ်အလုပ် တစ်ခုတည်းသာ လုပ်တတ်၍ ထို ပိုက်ဆံများကို သုံးစွဲရင်းကုန်သွား သောကြောင့် ရွာသူ/ရွာသား အများစုကြုံရာ အလုပ်လုပ်ကိုင်ပြီး နေထိုင်နေကြကြောင်းသိရသည်။
နိုင်ငံတော်မှ စံပြကျေးရွာများ အားစံပြအဖြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဟုဆိုသော်လည်း ယခုလက်တွေ့တွင် ကျေးလက်နေ ပြည်သူလူထုမှာ လယ်မြေများသိမ်း ဆည်းခံရခြင်း မိမိဘိုးစဉ်ဘောင် ဆက် နေထိုင်ရာ နေရာများကို မြို့သစ်များ ကုမ္ပဏီများတည် ဆောက်ရန်အတွက် နေထိုင်ရာ ပြောင်းရွှေ့ပေးရခြင်းများရှိနေ ကြောင်း ယခုအခါတွင်လည်း နေပြည်တော်အပြည်ပြည်လေဆိပ် ဆောက်လုပ်ရန်အတွက်လယ်ဝေး မြို့နယ်ရှိရွာနှင့်လယ်ယာစုစုပေါင်း ဧက(၆၀၀၀)ကျော် သိမ်းဆည်း ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
Hot News Juurnal

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပေးခဲ့သည့် လယ်မြေအသိမ်းခံရမှုများရှိ
ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီလက်ထက်၌ တြိဂံဒေသ တိုင်း မှူး၊ ယခုနိုင်ငံတော်သမ္မတဦးသိန်း စိန် သည် ၁၉၉၉ ခုနှစ် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ မြို့တွင် တာဝန်ထမ်းဆောင်စဉ် က တိုင်းစစ်ဌာနချုပ် မဲခေါင်ရိပ် သာ၊ အလှူငွေပေးအပ်လှူဒါန်းပွဲ ၌ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့ လုပ်ကိုင်ရန် ရှမ်းပြည်နယ်အရှေ့ ပိုင်း တာချီလိတ်မြို့နယ် လွယ်စီ တုန်း ကျေးရွာအနီးရှိ မြေလွတ် မြေရိုင်းအဖြစ်ရှိနေသော ဘယ် ဘက် (၁၀)ဧက၊ ညာဘက်(၁၅) ဧကကို နှုတ်မိန့်၊ စာမိန့်ဖြင့် လမ်း ညွှန်ချက်နှင့်အညီ လုပ်ကိုင်ရန် ပေးအပ်ခဲ့သော လယ်မြေများ၊ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ရာဘာခြံ၊ စိုက်ပျိုးရန် စီစဉ် ဆောင်ရွက်လျက်ရှိသော လယ် မြေများကို နယ်မြေခံပြည်သူ့စစ် ထံမှ ဒေသခံအာဏာပိုင်အစိုးရ နှင့် ဒေသမြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းကာ ပုဂ္ဂလိက လုပ်ငန်း ရှင်များသို့ လွှဲပြောင်းမှုများရှိခဲ့ ကြောင်းသိရသည်။
အဆိုပါ မြေများကို အသိမ်း ခံရသူ ပြည်သူ့စစ်အဖွဲ့မှ ဦးကိုဦး အား မေးမြန်းရာတွင် ““နိုင်ငံတော် သမ္မတဦးသိန်းစိန်က သူသမ္မတမဖြစ်ခင် တြိဂံဒေသ တိုင်းမှူးဖြစ်စဉ်က အစ်ကိုတို့ကို မြေလွတ်မြေရိုင်းတွေမှာ စံနမူနာ အဖြစ် ရာဘာပင်တွေကိုစိုက်ခိုင်း တယ်။ အဲဒါကို အစ်ကိုတို့ နိုင်ငံ တော်သမ္မတကြီး ခိုင်းတဲ့အတိုင်း အစ်ကိုတို့စိုက်တယ်။ အဲဒီလို စိုက် တဲ့မြေနေရာကို အဓမ္မသိမ်းယူ မီး ရှို့ဖျက်ဆီးသွားတယ်။
အဲဒါကို အစ်ကိုတို့ အထက်ကိုတင်ပြ တယ်။အထက်ကလည်း ဒီကိစ္စကို စုံစမ်းအရေးယူဖို့ စာပြန်ကျတယ်။ အဲဒါကို ဒေသခံအာဏာပိုင်တွေ က အထက်ကအမိန့်အတိုင်း အရေးယူပေးခဲ့တာမရှိဘူး။ နောက် တစ်ခါက အစ်ကိုတို့သိမ်းခံရတဲ့ မြေဧက (၂၅)ဧကရှိတယ်။ ဘယ် ဘက် ၁၀ဧက၊ ညာဘက် ၁၅ ဧကရှိတယ်။ ညာဘက်မှာစိုက် ထားတဲ့ ရာဘာ ၁၅ဧက က မီး ရှို့ဖျက်ဆီးတာကို ခံရတယ်။
အဲလို မီးရှို့ဖျက်ဆီးပြီးတော့မှ ၁၅ ဧက ကို ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တည်ဆောက်ခွင့်ပေး ထားတယ်။ ဘယ်သူက ခွင့်ပေး ထားမှန်း မသိဘူး။ နိုင်ငံတော် သမ္မတကိုယ်တိုင်က အစ်ကိုတို့ကို စံပြလုပ်ဖို့အတွက် တရားဝင် လက်မှတ်ထိုးပေးပြီး လုပ်ပိုင်ခွင့် ပေးထားတာ။ အဲဒါကို ပုဂ္ဂလိက ကို ဘယ်သူက ခွင့်ပေးထားမှန်း မသိဘူး။ အဲဒီပုဂ္ဂလိက ခွင့်ပေး ထားတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံကလည်း မအောင်မြင်ဘူး။ လက်ရှိ ဒီအတိုင်းပဲ အဲဒါက ညာ ဘက် ၁၅ဧက နောက်ထပ်လုပ် ကိုင်တဲ့ ရာဘာက ကျန်တဲ့ ၁၀ ဧက၊ ကျန်တဲ့ ၁၀ ဧကကို အတင်းအဓမ္မသိမ်းယူတယ်။ မြေ စာရင်းဌာနကို အစ်ကိုတို့ နိုင်ငံ တော်သမ္မတကြီးပြောထားတဲ့ စီမံ ကိန်းပေါ်ဖို့ သွားပြောတုန်းက အစ်ကိုတို့ကို လုပ်ခွင့်မပေးဘူး။
အဲဒါနဲ့အစ်ကိုတို့ကလည်း နေတာ ပေါ့။ အခုကျတော့ တခြားလူ တစ်ယောက်ကို မြေစာရင်းဦးစီး ဌာနက လန ၃၉ ထုတ်ပေးထား တယ်။ လုပ်ပိုင်ခွင့်ပေးထားတယ်။ အဲဒါက ၂၀၀၃ ခုနှစ်ကနေ၂၀၁၁ ခုနှစ်အထိ။ အခုအဲဒီ ၁၀ ဧကကို ခြံခတ်တယ်။ လန (၃၉)ဥပဒေမှာ စီမံကိန်းအဖြစ် မြေယာကို သိမ်း မယ်ဆိုရင် ချက်ချင်းအကောင် အထည်ဖော်ရမယ်။ မဖော်ဖြစ် ဘူးဆိုရင် မူလပိုင်ရှင်ကို ပြန်ပေး ရတယ်။
၂၀၁၂ ခုနှစ်အထိရောက် နေပြီ အစ်ကိုတို့ကို နိုင်ငံတော် သမ္မတက တရားဝင်ပေးထားခဲ့ တဲ့ မြေယာကို ပြန်လည်မပေးဘူး။ စီမံကိန်းမဖြစ်တဲ့သူဆီက ပြန်လည်း မသိမ်းဘူး””ဟု ဦးကိုဦးက ပြော ကြားခဲ့သည်။
ယခင် လယ်ယာမြေသိမ်း ဆည်းမှုများတွင် လယ်သမားများ ထံမှလယ်ယာမြေများ သိမ်းဆည်း မှုများသာ ကြားသိခဲ့ရသော် လည်း ယခုတွင် ယခင်တြိဂံဒေသ တိုင်းမှူး ယခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စိုက်ပျိုးမြေအဖြစ် စိုက်ပျိုးရန် ချထားပေးခဲ့သော မြေယာများပါ သိမ်းယူသော ကိစ္စ မျိုးပါ ကြားသိတွေ့ရှိရသည်။
Hot News Journal

လူသေအလောင်း ဖျောက်ဖျက်မှုတစ်ခု ဟင်္သာတမြို့ လက်သမားရပ်ကွက်အတွင်းဖြစ်ပွား
ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ တာကြီးတန်းနှင့် ဦးရွှေဒွေးလမ်းဆုံရာ ကုန်းဘေးနားရှိ တာဘေးသို့မနေ့ည (၁၅-၉-၂၀၁၂) ည (၉) နာရီခွဲဝန်းကျင်ခန့်တွင် ဆိုက်ကားတစ်စီးမှ လူသေအလောင်းတစ်ခုအား လာရောက်ပစ်ချရာတွင် အနီးပတ်ဝန်းကျင် အိမ်မှ နေထိုင်သူ များမှ တွေ့ရှိပြီးဆိုက်ကားသမားအား ဖမ်းမိခဲ့ပါသည်။
ရပ်ကွက်တာဝန်ရှိသူများရောက်ရှိပြီး လာရောက်ပစ်ချခဲ့သည့် ဆိုက်ကားသမားအားမေးမြန်းရာတွင် ရဲဝန်ထမ်းတစ်ဦးမှ ခိုင်းစေခဲ့သည့် အ တွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း လာရောက်ကြည့်ရှုသူများမှ တဆင့်သိရှိရပါသည်။ အဆိုပါ စွန့်ပစ်ခံလူအား ဆေးရုံသို့ပို့ဆောင် စစ်ဆေးပြီး သေပြီဟုသိရပြီး ယနေ့ ၁၆-၉-၂၀၁၂ နေ့လည်တွင် နာရေးကူညီမှုအသင်း၏အကူအညီဖြင့် သင်္ဂြိုလ်ခဲ့ပါသည်။ အဆိုပါ သေဆုံးသူ၏ အ မည်မှာ အောင်စိုးမိုး (အသက် ၄၀ ၀န်းကျင်ဟုခန့်မှန်း) နှင့် ဇနီးအမည်မှာ မဌေးကြည်ဟုသိရပါသည်။ အဆိုပါအလောင်းအား ဖျောက်ဖျက်ရန် ဆိုက်ကားသမားအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အတွင်းမှပြည်သူများ မှမေးမြန်းရာ စေခိုင်းခဲ့သူ ရဲဝန်ထမ်းမှာ ဒုရဲအုပ်အောင်ရည် သွေး ဟု ပြောကြားခဲ့ပါသည်။
ထပ်မံသိရှိရသည်မှာ လွန်ခဲ့သော ၂ ရက်ခန့်ကတည်းက အလက (၁) ယခင် နေရှင်နယ်ကျောင်းဘေးတွင် အဆိုပါသေဆုံးသူမှာ ရှိနေခဲ့ သည်ကို ကျောင်းအုပ်ကြီးနှင့် ဆရာများသိရှိသော်လည်း သက်ဆိုင်ရာသို့အကြောင်းကြားခြင်းမပြုခဲ့ပါ။ သေဆုံးသူအား ရဲဝန်ထမ်းမှ ဆေးရုံ သို့ပို့ဆောင်ခြင်းမပြုပဲ ဆိုက်ကားဖြင့်စွန့်ပစ်ခိုင်းစေခြင်းမှာ မည်သို့သော လျို့ဝှက်ချက်များရှိသလဲဟု မြို့ခံလူထုမှ စိတ်ဝင်စားလျှက်ရှိပါသည်။
မိုးမခ

လိင်အင်္ဂါနှစ်ခုပါရှိသည့် ကလေးငယ် ဆေးဝါးစရိတ် အခက်အခဲရှိနေ
လှိုင်သာယာမြို့နယ်၊ ရပ်ကွက် (၂၀) တွင် နေထိုင်သည့် ဦးမင်း အောင်နှင့် ဒေါ်တင်တင်လှတို့၏ သား အသက် ၉ နှစ်ခန့်အရွယ်ရှိ မောင်ဟန်မင်းအောင်မှာ လိင်အင်္ဂါ တစ်ခုကို ခွဲစိတ်ကုသနိုင်ရန် ပထမအဆင့်အနေဖြင့် အောင်မြင် ခဲ့သော်လည်း ဒုတိယအဆင့်ကုသ နိုင်ရန် ငွေကြေးအခက်အခဲရှိနေ ကြောင်း သိရသည်။
အဆိုပါကလေးငယ်ကို တာဝန်ယူကုသပေးနေသည့် မြတ်စေတနာအခမဲ့ဆေးကုခန်းမှ တာဝန်ခံ ဦးမြတ်ဆွေက “ကလေး ရဲ့ဆီလမ်းကြောင်းနဲ့ ကိုယ်တွင်း အင်္ဂါအချို့ကို ပြောင်းလဲဖို့ အလှူ ငွေလိုအပ်နေတာပါ။ အခုထိ သူက ကျောင်းမတက်နိုင်သေးဘူး။ မိဘ တွေကလည်း မပြေလည်ကြဘူး။ အဖေက နယ်မှာအလုပ်ထွက်လုပ် ရင်းပြန်မရောက်လာတာ နှစ်နှစ် ကျော်သွားပြီ”ဟု ရှင်းပြသည်။
မောင်ဟန်ဝင်းအောင် ဆေးကုသရန် ခန့်မှန်းကုန်ကျစရိတ် မှာ ငါးသိန်းခန့်ဖြစ်ပြီး ယင်းအတွက် စေတနာထက်သန်စွာလှူဒါန်းလို ပါက မြတ်စေတနာအခမဲ့ဆေးကု ခန်းဖုန်းနံပါတ် ၀၉-၄၂၀၁၂၂၅၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။
နော်ဝေက ပေးသည့် အခွန် အထူးအခွင့်အရေ: အကျိုးမဖြစ်
ဆယ်စုနှစ် တစ်စုကြာ ပိတ်ပင် ထားခဲ့သည့် နော်ဝေ နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် GSP ပြန်လည် ရရှိလာသော် လည်း မြန်မာရေ လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများ အတွက် အကျိုး ဖြစ်ထွန်းမည် မဟုတ်ကြောင်း ယင်းနယ်ပယ်တွင် လုပ်ကိုင်နေသည့် အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။
GSP ကင်းလွတ်ခွင့် ရရှိသော်လည်း လုပ်သားအင်အား တစ်သိန်းခန့်ကို အလုပ်အကိုင် အခွင့်အလမ်းပေး ထားနိုင်သော အထည်ချုပ် လုပ်ငန်းအတွက်အကျိုးမထူးကြောင်း၊ ယင်းနိုင်ငံတွင် အထည်ချုပ် လုပ်ငန်းရှင်များ အတွက် ဈေးကွက် မရှိသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ လည်း ရရှိမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးစိုးမြင့်က သုံးသပ်သည်။
နော်ဝေ အခွန် ကင်းလွတ်ခွင့် နည်းတူ ဥရောပ နိုင်ငံများ၏ ပို့ကုန် အခွန် ကင်းလွတ်ခွင့်ကို ပိုမို မျှော်လင့်ကြောင်း၊ ယခုအခါ ဥရောပသို့ တင်ပို့ခွင့် အနည်းငယ် ရှိသော်လည်း ၇ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်း အထိ အခွန်ဆောင် နေရသောကြောင့် ဥရောပ၏ အခွန် ကင်းလွတ်ခွင့် ရရှိပါက ထုတ်လုပ်မှု စရိတ် လျော့ကျကာ လုပ်ငန်းရှင်နှင့် အလုပ်သမားပါ အကျိုးရှိမည် ဖြစ်ကြောင်း လက်ဝါး အထည်ချုပ် လုပ်ငန်း ပိုင်ရှင် ဦးခင်မောင်အေးက ဆိုသည်။
"နော်ဝေက လူဦးရေလည်း နည်းတယ်။ ဝေးလည်း ဝေးတယ်။ ဈေးကွက်လည်း မရှိဘူး။ဒါကြောင့် GSP ရလည်း မထူးဘူး" ဟု ၄င်းက ဆိုသည်။
ရေငန်ငါးများ ထုတ်လုပ်နေသည့် နော်ဝေ၏ GSP အခွန် ကင်းလွတ်ခွင့်သည် မြန်မာ့ ရေထွက်ကုန် ပစ္စည်း တင်ပို့ ရောင်းချသူများ အတွက်မူ မထူးခြားကြောင်း၊ ရေထွက် ပစ္စည်းများကို နော်ဝေ မှတဆင့် EU နိုင်ငံများ သို့ တင်ပို့ခွင့် ရမည် ဆိုပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ EU နိုင်ငံများ ဖြစ်သည့် အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန် တို့ကို လက်ရှိ တင်ပို့လျက် ရှိသော်လည်း အနည်းငယ်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ ဦးတင်လှက ပြောကြားသည်။
မြန်မာနိုင်ငံတွင် EU အသိအမှတ်ပြု စက်ရုံ ၁၃ ရုံသာ ရှိသော်လည်း ပြည်တွင်း လုပ်ငန်းရှင်များက EU အသိအမှတ်ပြု လက်မှတ် ရရန် ကြိုးစားလျက် ရှိပြီး ဥရောပ နိုင်ငံများသို့ တင်ပို့ခွင့် ရရန်သာ မျှော်လင့်လျက် ရှိကြောင်း ၄င်းကဆိုသည်။
ယခုကဲ့သို့ နော်ဝေနိုင်ငံက မြန်မာနိုင်ငံကို အခွန် ကင်းလွတ်ခွင့် Generalized Systemof Preferences (GSP) ပေးအပ်ရခြင်းသည် နော်ဝေ နိုင်ငံအတွင်း မြန်မာ့ထုတ်ကုန်များ ဈေးကွက် ချဲ့ထွင်ရန်နှင့် အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးနိုင်ရန်ဖြစ်ကြောင်း ဘန်ကောက် အခြေစိုက် နော်ဝေနိုင်ငံ သံရုံးမှ စစ်သံမှူး Mr. ErikSVEDAHL က ပြောကြား ခဲ့သည်ဟု စီးပွားကူးသန်း ဝန်ကြီး ဌာန၏ Website တွင် ဖော်ပြပါရှိသည်။
မြန်မာလုပ်ငန်းရှင် အများစုသည် နော်ဝေနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် ထက်ကျန် EU ၃၅နိုင်ငံ၏ အခွန် ကင်းလွတ်ခွင့်ကို ရရှိလိုကြပြီး အီတလီ၊ ဂျာမနီ၊ ပြင်သစ် နိုင်ငံတို့သို့ ကုန်ပစ္စည်းများ တင်ပို့ ရန် မျော်လင့်လျက် ရှိကြောင်း ပြည်တွင်း လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။
ဖွံဖြိုးပြီး နိုင်ငံများက ဖွံဖြိုးဆဲ နိုင်ငံများသို့ တစ်ဖက်သက် အခွန်ကင်းလွတ်ခွင့် ပြုသည့် GSP စနစ်ကို ကမ္ဘာတွင် ၃၇ နိုင်ငံ ကျင့်သုံးပြီး ဥရောပ ၃၆ နိုင်ငံနှင့် အာရှမှ ဂျပန်နိုင်ငံတို့ဖြစ်သည်။
Myanmar Express

ကေအိုင်အိုနဲ့ အစိုးရတပ် ငါးကီလိုမီတာစီ နောက်ဆုတ်ဖို့ အကြံပေး
ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တပ်ရွှေ့နောက်ဆုတ်ရာမှာ နှစ်ဖက်စလုံး ငါးလီလိုမီတာစီ စရွှေ့သင့်တယ်လို့ နိုင်ငံတကာက အကြံပြုထားပါတယ်။ “သူနည်းနည်းရွှေ့ ကိုယ်နည်းနည်းရွှေ့ပေါ့၊ နိုင်ငံတကာက အကြံပေးတာ ငါးကီလိုမီတာ ရွှေ့လိုက်ပါတဲ့၊ ငါးကီလိုမီတာဆိုတာ လက်နယ်ငယ် တစ်ကမ်းပေါ့” လို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဆိုပါတယ်။
ကေအိုင်အိုတပ်တွေနဲ့ အစိုးရတပ်တွေကြားမှာ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ အဲသည်လို ပစ်ခတ်နေရတာဟာ တပ်တွေရဲ့ လိုအပ်ချက်အရ ရိက္ခာသယ်ယူရာမှာ၊ တပ်အချိန်းအပြောင်း လုပ်တဲ့အခါ လမ်းမှာ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ကြရတာလို့ ဆိုပါတယ်။
အဲသည်လို ထိပ်တိုက်တွေ့ကြတာက နှစ်ဖက်တပ်ချင်း အရမ်းနီးကပ်နေတာကြောင့်ဖြစ်ပြီး ပစ်ခတ်မှုတွေ မဖြစ်အောင် ကျွံနေတဲ့တပ်တွေကို ရွှေ့ပေးရပါမယ်။ အဲသည်လို တပ်ရွှေ့ပြောင်းရေးအတွက် နှစ်ဖက်စလုံးက စစ်ဦးစီးချုပ်တွေ တွေ့ဆုံညှိနှိုင်းနိုင်ဖို့ လိုပါတယ်။ အဲသည်လို တွေ့ဆုံနိုင်ဖို့ ခက်ခဲနေတာက တွေ့ဆုံမယ့်နေရာ ဖြစ်တယ်လို့ သိရပါမယ်။
“အဘတို့က အကြောင်းပြန်ပြီးပြီလေ၊ နောက်ဆုံး အကြောင်းပြန် ထားတာက နေပြည်တော်မှာ လာလုပ်ပါ၊ သမ္မတကြီး မျက်စိရှေ့မှာ လာလုပ်ပါ၊ မြန်မာပြည်မှာ ဒီထက်လုံခြုံတဲ့နေရာ မရှိတော့ဘူး” လို့ ဦးအောင်မင်းက ဆိုပါတယ်။ ဦးအောင်မင်းက ဆက်ပြီး “အဲဒီတော့ သူတို့ နေပြည်တော်ကို လာတဲ့အခါ လုံခြုံရေး၊ စားရေးသောက်ရေး အားလုံး တာဝန်ယူတယ်လို့ ပြောထားတယ်” လို့ ပြောပါတယ်။ "
ပြည်တွင်းငြိမ်းချမ်းရေး မရရအောင် ကြိုးစားမယ်၊ အားလုံးညှိနှိုင်း ဆွေးနွေးပြီး အောင်မြင်အောင် ဆောင်ရွက်သွားမယ်” လို့ ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဆိုပါတယ်။ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းပြီး ကျွံနေတဲ့တပ်တွေကို ရွှေ့နိုင်မှသာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်နိုင်မှာပါ။
တခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ မတူဘဲ အချိန်ကြာမြင့်စွာ ဆွေးနွေးနေရတာဟာ နယ်မြေတွေ ကျွံနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ အကြံပေးချက်ကို လေ့လာဆွေးနွေးပြီး ညှိနှိုင်း အကောင်အထည်ဖော်ဖို့ လိုအပ်လာပြီ ဖြစ်သည်။
Myanmar Express