Wednesday, September 12, 2012

စင်ကာပူ NUS မှ ဝင်ခွင့်လွယ်ကူစွာဖြင့် ဘွဲ့များကို ဖောဖောသီသီ ပေးနေ


စင်ကာပူအမျိုးသားတက္ကသိုလ် ( NUS )၏လာမည့်နှစ်ဖေဖော်ဝါရီ ဘွဲ့လွန်ဒီပလိုမာတန်း ၀င်ခွင့်အတွက် IELTS အမှတ် ရရှိထားရန်မလိုအပ်တော့ကြောင်း Crown Educationမှ သိရသည်။

ယခင်က ၀င်ခွင့်အတွက် IELTS 6.0 ရရှိရန်လိုအပ်သော်လည်း ယခုနှစ်အတွက်မှု ၄င်းအမှတ်မတင်ပြနိုင်ပါကလည်း ၀င်ခွင့်ဖြေဆိုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း Crown မှတာဝန်ရှိသူကပြောသည်။

အဆိုပါ ဒီပလိုမာတန်းအတွက် တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိရန်လိုအပ်ပြီး သိပ္ပံဘွဲ့ရရှိသူများအား ဦးစားပေးခေါ်ယူသွားမည်ဖြစ်သည့်အပြင် ကွန်ပြူတာ Programming နှင့် Web Developing အတွေ့ကြုံရှိသူများအတွက် ၀င်ခွင့်ရရှိရန်အခွင့်အရေးပို များကြောင်းသိရသည်။

NUS မှ ၄င်းဒီပလိုမာတန်းအား တစ်နှစ်လျင် ဖေဖော်ဝါရီလ နှင့် သြဂုတ်လများတွင် ခေါ်ယူလေ့ရှိပြီး လက်တွေ့လုပ်ငန်းခွင်အစီအစဉ်ပါ ပါရှိကြောင်း ၊ အသေးစိတ်သိရှိလိုသူများအနေဖြင့် Crown Education တိုက် ( ၂၇၀ )၊ ပထမထပ် ၊ ဒဂုံစင်တာ (II )နှင့် ကမ္ဘောဇဘဏ်ကြား ဖုန်း 09-732 732 77 ၊ 09 – 732 569 65 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Myanmar Express

အဂတိလိုက်စားမှုများ၊ အကျင့်ပျက်ခြစားမှုများနှင့် ပြည့်နေသော NLD

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင်အသိအမှတ်ပြု စိစစ်ရေးအဖွဲ့က မြင်းခြံပါတီဝင် ချထားရေးတွင် အပေးအယူလုပ် ပြီး ဘက်လိုက်ချစားထားမှုဖြစ် ပေါ်နေ၍ စည်းရုံးရေး အခက် တွေ့နေသည်ဟု မြင်းခြံဒီချုပ်မှ ဆရာဦးအေးလွင်က ပြောပြ သည်။ မြင်းခြံဒီချုပ်ပါတီဝင် စိစစ် ရေးအဖွဲ့ဝင်တစ်ဦးကမူ ဗဟိုသို့ ၂၀၁၂ ဇန်န၀ါရီလက ပါတီဝင် (၃၀၀) လျှောက်လွှာစောစီးစွာ တင်ခဲ့ရာ နောက်ကျရောက်လာ သော ပါတီဝင် (၇၀၀၀)အား ပါတီဝင်အသိအမှတ်ပြုပေး၍ ယင်းပြဿနာ ပေါ်ရသည်ဆို သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ရန်ကုန်)ဗဟိုတွင် ပါတီဝင် စိစစ်ချထားရေး၌ ဟိုတယ်တက် ကျွေးမွေး ဧည့်ခံနိုင်မှု ငွေကြေး လက်ဆောင်ပံ့ပိုးမှုများ ဖြစ်ပေါ် နေသည်ဟု မြင်းခြံပါတီဝင်ထု ကြား နာမည်ထွက်နေသည် ဆို၏။ ပါတီဥက်္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် သိသာရန် ယင်း ပြဿနာတင်ပြရန်လည်း ပြင်ဆင် နေကြသည်။

မြင်းခြံတွင် ဒီချုပ်ပါတီဝင် ဖြစ်ရေးကို နှစ်ဖွဲ့ကွဲကာ တင်ပြ နေရာတွင် ငွေကြေးလက်ဆောင် အကျွေးအမွေး ဧည့်ခံပေးနိုင် သောအဖွဲ့က အသာစီးရနေ သည်ဟု မြင်းခြံဒီချုပ်ပါတီဝင် များက သုံးသပ်သည်။ ပါတီဗဟို ၏ ဘက်လိုက်ခြစားမှုကို မကျေ မနပ် ဖြစ်နေကြသည်။ မြင်းခြံ တာဝန်ခံဒီချုပ်ကမူ သတ်မှတ် စည်းကမ်းနှင့်အတူ တင်ပြစောင့် ကြည့်မည်ဆိုသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအများက ““အမေစု””ကို ချစ်ကြပါသည်။ အမေစုကို ချစ် သောပြည်သူတိုင်းသည် အမေစု ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီတွင် ပါတီဝင်လျှောက် လွှာတင်၍ အဖွဲ့ဝင်အဖြစ် ခံယူ ကြပါသည်။

ပြည်သူ၏ လေးစားကြည် ညိုမှုကို အခွင့်ကောင်းယူလျက် လျှောက်လွှာဓာတ်ပုံများ အခမဲ့ ဆောင်ရွက်ပေးခြင်း၊ နည်းအမျိုး မျိုး မက်လုံးပေးခြင်းတို့ဖြင့် မြင်းခြံြိမို့ရှိ လူတစ်စုက ပါတီဝင်အင် အား များပြားမှုအတွက် ကိုယ် ကျိုးမျှော်မှန်းမှုဖြင့် မတရားသော နည်းလမ်းစုံသုံး၍ ဆောင်ရွက် နေကြပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ဗဟို)ပါတီဝင်ကတ် စိစစ် ထုတ်ပေးရေးအဖွဲ့နှင့် ဆက်သွယ် ကာ ပါတီဝင်နံပါတ် အစောပိုင်း ဖြစ်သော ပါတီဝင်ကတ်များ မတရားရယူလျက်ရှိပါသည်။

အဖွဲ့ချုပ်မှ ချမှတ်ထား သော ပါတီစည်းမျဉ်းများ၊ ရွေး ကောက်ပွဲကော်မရှင်၏ နည်း ဥပဒေများကို လိုက်နာလျက် တရားဝင်ဖွင့်လှစ်ထားသော မြင်း ခြံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပေးပို့သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက လျှောက် ထားသောပါတီဝင် လျှောက်လွှာ များမှာ ပါတီဝင်ကတ်ရရှိရေး နှောင့်နှေးခက်ခဲလျက်ရှိပါသည်။

မတရားနည်းဖြင့်ဆောင်ရွက် သော အထက်ပါလူတစ်စုက ပေး ပို့သည့် အမှတ်စဉ်နှင့် ကာလ နောက်ကျသော ပါတီဝင်လျှောက် လွှာများကို ရန်ကုန်မြို့တွင် သီး သန့်ငှားထားသော အခန်းကို အသုံးပြုလျက် ပါတီဝင်ကတ်နှင့် နံပါတ်(၇၀၀၀)ရရှိသည်အထိ ဗဟိုမှ ပါတီဝင်ကတ်စိစစ်ထုတ် ပေးရေးအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပါသည်။

တရားဝင်ဖွင့်လှစ်ထားသော မြင်းခြံမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံးမှ ပေးပို့သည့် လျှောက်လွှာများမှာ အစောဆုံး ဖြစ်သော်လည်း အဖွဲ့ဝင်နံပါတ် (၇၀၀၀)ကျော်ပြီးမှ အဖွဲ့ဝင်ကတ် နှင့် အဖွဲ့ဝင်နံပါတ်များ ရနိုင်မည် ဖြစ်ပါသည်။ ပါတီဝင်ကတ် ချထားသောအဖွဲ့၏ လုပ်ဆောင် မှုဖြစ်ပါသည်။

ထိုသို့ မတရားလုပ်ဆောင် ချက်များသည် ပါတီစည်းလုံး ညီညွတ်ရေးပျက်ပြား၍ ပါတီ၏ ဂုဏ်သိက်္ခာကို ထိပါးစေသော လုပ်ရပ်များဖြစ်ပါသည်။ အခြေ အနေအကြောင်းမှန်ကို သက်သေ အခိုင်အမာရှိပြီးမှ တင်ပြခြင်း ဖြစ် ပါသည်။

တန်ဖိုးအနှစ်သာရပြည့်ဝ လျက် ဂုဏ်သိက်္ခာကြီးမားသော ပါတီဝင်ကတ်နှင့် ပါတီဝင်နံပါတ် များ အမှန်ဖြစ်ရေးအတွက် ““အမေစု””ကိုယ်တိုင်လမ်းညွှန်ပေး နိုင်ရန် လေးစားစွာ တင်ပြအပ်ပါ သည်။ မတရားမှုတစ်ခုပြုလုပ်သူ သည် စဉ်ဆက်မပြတ် မတရားမှု၊ မမှန်ကန်မှုပြုလုပ်ရန် ၀န်လေး တော့မည် မဟုတ်ပါခင်ဗျာ။

ကျွန်တော်၏ တောင်းဆို တင်ပြမှုများသည် မမှန်မကန် မရိုးမသားဖြစ်ပါက ပါတီဝင် အဖြစ်မှ ထုတ်ပယ်၍ ပါတီစည်း ကမ်းအရ ထိရောက်စွာအရေးယူ နိုင်ကြောင်း ၀န်ခံကတိပြုပါသည်။

Myanmar Express

အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာစေရန်အတွက် အစိုးရအဖွဲ့ကိုအပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား


ခေတ်ပြောင်း၊ စနစ်ပြောင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာစေရန်အတွက် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၁၀ ရက်က နေပြည်တော် ရှိ နိုင်ငံတော်သမ္မတရုံး ခန်းမဆောင်၌ ကျင်းပသော မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများ ဖြစ်ကြ သည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင် စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသော ပုဂ္ဂိုလ်များဖြစ်သည့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသော ပုဂ္ဂိုလ်များက နိုင်ငံတော် သမ္မတ၏ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတော် သမ္မတ မိန့်ခွန်းပြောကြားရာတွင် ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေ ယခုလို တိုးပွားလာတဲ့ အတွက် တိုင်းပြည်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု အခိုင်အမာ ယုံကြည် ထားကြောင်း၊ တိုင်းပြည်ရဲ့တာဝန်၊ အစိုးရရဲ့ တာဝန်တွေကို မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင် အကောင်အထည်ဖော်ကြ ရမှာ ဖြစ်ခြင်းကြောင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစွန်းတစ်ဖက်သို့ ရောက်မသွားစေဖို့ အထူးသတိပြုပြီး မူဝါဒများကို ယုံယုံကြည်ကြည် ခံယူထားကြဖို့လိုကြောင်း၊ ခေတ်ပြောင်း၊ စနစ်ပြောင်းတွင် အပြောင်း အလဲများ သိသာစွာ ထွက်ပေါ်လာစေရန်အတွက် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်တွေ့ မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် အမှန်တကယ်ပြောင်းလဲလာဖို့၊ ပြည်သူတွေကို အလေးအမြတ်ထားတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ပြည်သူတွေအကြားမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရတယ်၊ ဘာတွေလိုလား တောင့်နေကြတယ် ဆိုတာတွေကို သိရှိနားလည်အောင် လုပ်ကြဖို့ လိုကြောင်း၊ ပြည်သူတွေအကြားမှာ နေထိုင်ရှင်သန်နေကြရသော ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာနှင့်အညီ ဂုဏ်သိက္ခာမြင့် မားတဲ့ အစိုးရယန္တရားတစ်ရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင်၊ အထက်က ညွှန်ကြားမှ ဆောင်ရွက်တာ၊ မီဒီယာတွေ မှာ ထောက်ပြလာမှ ဆောင်ရွက်တာ စတဲ့ အမှုမဲ့၊ အမှတ်မဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြဖို့လိုကြောင်း၊ ကျွန်တော်တို့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာလည်း ပြည်သူတွေနဲ့ အမှန်တကယ် ထိတွေ့ဆက်ဆံနေကြရတဲ့ အောက်ခြေဝန်ထမ်း အဆင့်ဆင့်အထိ ရောက်ရှိဖို့လိုကြောင်း၊ သို့မှသာ ကြိုးနီစနစ်များ လျော့နည်းပပျောက်သွားစေမှာဖြစ်ကြောင်း၊ နိုင်ငံတော် ရဲ့ မူဝါဒ၊ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ကိုယ့်ဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်တွေကို သိရှိနားလည်ပြီး အလုပ်ကို ရိုးရိုးသား သားနှင့် စေတနာထား ကြိုးစားလုပ်ဆောင်ကြပါ။ စေတနာအလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ကျွန်တော့်အနေနဲ့ တာဝန်ယူ ပြုပြင်ပေးသွားမှာဖြစ်ကြောင်း၊ သို့သော်လည်း ကိုယ့်ကျင့်တရား၊ စာရိတ္တမဏ္ဍိုင်နဲ့ ပတ်သက်ပြီး တစ်ဦးချင်း ပုဂ္ဂိုလ်ရေး မမှားကြဖို့လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မီးလောင်နေရာ ထောက်လှမ်းရှာဖွေနိုင်ရေး CCTV ကင်မရာ မန္တလေး၌ တပ်ဆင်

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် တားဆီးရေးအတွက် လည်းကောင်း၊ မီးလောင်မှုဖြစ်စဉ်များ အမြဲမပြတ် စောင့်ကြည့်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လည်းကောင်း မီးလောင်နေရာ အား ထောက်လှမ်းရှာဖွေရေး ကိရိယာ CCTV ကင်မရာကို မန္တလေးမြို့၏ အမြင့်ဆုံး အဆောက်အအုံဖြစ်သော မန်းမြန်မာ ပလာဇာ (ဈေးချို) အပေါ်ဆုံးထပ်၌ တပ်ဆင်ထားပြီး ဖြစ်သည်။ ထိုထောက်လှမ်းရှာဖွေရေး ကိရိယာသည် ဆုံလည်ကင်မရာ အမျိုးအစားဖြစ်ပြီး မီးလောင်မှုဖြစ်စဉ် နေရာကို Digital Zoom ဖြင့် အဆနှစ်ရာ ပုံကြီးချဲ့၍ ဆွဲယူကြည့် ရှုနိုင်ခြင်း၊ နေ့ညမပြတ် စောင့်ကြည့်နိုင်သော အနီအောက်ရောင်ခြည်ဖြင့် ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာ ပုံဖော်နိုင်ခြင်း တို့ကို ဆောင်ရွက်နိုင်ပြီး အဆိုပါ ကင်မရာဖြင့် မန္တလေးခရိုင် အတွင်းရှိ မီးလောင်မှုဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုကွပ်ကဲနိုင်ခြင်း၊ မီးလောင်မှုနေရာ ခန့်မှန်းဆောင်ရွက်နိုင်ခြင်းဖြင့် မီးလောင်မှုအခြေအနေ အနည်းအများပေါ် မူတည်၍ မီးသတ်ယာဉ် အုပ်စုများ အချိန်နှင့်တစ်ပြေးညီ စေလွှတ်နိုင်ပြီး မီးလောင်ဆုံးရှုံးရမှု တန်ဖိုးလျော့ကျနိုင်ခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

တိုင်းရင်းသားရေးရာ ဝန်ကြီးများ တောင်းဆိုချက်ကို ဥပဒေပြင်ဆင်ပြီး လိုက်လျောမည်ဟု သမ္မတပြောကြား


တိုင်းရင်းသားရေးရာ ဝန်ကြီးများ တောင်းဆိုသည့် အချက်များကို ဥပဒေများပြင်ဆင်ပြီး လိုက်လျောသွားမည် ဟု နိုင်ငံတော်သမ္မတကြီးက တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ထိုသို့ သီးသန့်တွေ့ဆုံမှုကို နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် စက်တင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီကျော် တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ဆုံစဉ် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်တိုင်းရင်း သားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

“သမ္မတကြီးက ကျွန်တော်တို့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ကိုယ်စား တောင်းဆိုတဲ့ အချက်ငါးချက်ကို သူ့အနေနဲ့ သက်ဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ပြီး လိုက်လျောပေးသွားမယ် လို့ ပြောပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးတွေနဲ့ အခွင့်အရေး နဲ့ လုပ်ပိုင်ခွင့်ကို တန်းတူပေးဖို့ ပြောခဲ့တယ်။

သူ့အနေနဲ့ လိုက်လျောပေးမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ သက်ဆိုင်ရာ ပြည်နယ်အလိုက် လုပ်ဆောင်တဲ့အခါ အဲ့ဒီပြည်နယ်က ရေးရာ ဝန်ကြီးတွေ ပါဝင်ခွင့်ရရေးကိုလဲ တောင်းဆိုခဲ့တယ်” ဟု စက်တင်ဘာ ၆ ရက်တွင် သမ္မတနှင့် တွေ့ဆုံခဲ့သည့် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက တိုင်းရင်းသားရေးရာ ဝန်ကြီး များနှင့် တစ်နှစ်နှစ်ကြိမ် တွေ့ဆုံသွားမည်ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ တိုင်းရင်းသားရေးရာ ဝန်ကြီးများတွင် အမျိုးသား ၂၈ ဦး ပါဝင်ပြီး အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း သိရသည်။ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအပြင် ပြည်ထောင်စုအစိုးရတို့နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်ရန်အတွက် သမ္မတရုံးတွင် ဝန်ကြီးဌာနတစ်ခု ဖွင့်လှစ်၍ ပြည်ထောင်စုဝန်ကြီး တစ်ဦးအား တာဝန်ပေးအပ်ထားကြောင်း သိရသည်။

တိုင်းရင်း သားရေးရာ ဝန်ကြီးများ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ဥပဒေရေးရာ ကိစ္စရပ်များ၊ လိုအပ်သည့် အုပ်ချုပ်မှုတို့ကို တန်းတူရည်တူ ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်သမ္မတကြီးမှ တွေ့ဆုံခြင်းဖြစ်ပြီး စက်တင်ဘာလ ၉ ရက်တွင် နိုင်ငံတော်သမ္မတကြီးမှ အဆိုပါ တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦးအား သမ္မတအိမ်တော်တွင် ညစာစားရန် ဖိတ်ကြားထားကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဆက်သွယ်ရေးကဏ္ဍ အနေဖြင့် တစ်နှစ်တာ ကာလအတွင်း ဘီလီယံ ၉၀၀ ကျော် ရှာဖွေနိုင်မည်


ဆက်သွယ်ရေး ကဏ္ဍအနေဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ကျပ်ငွေဘီလီယံ ၉၀၀ ကျော်ကို နိုင်ငံအတွက် ရှာဖွေပေး သွားနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ တိုင်းပြည်ဝင်ငွေ ထောက်ပံ့မှု အနေဖြင့် ၂.၁ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး တိုးတက်မှုအနေဖြင့် ၁၀၅.၅ ရာခိုင်နှုန်းခန့် ရှိမည်ဟုလည်း ခန့်မှန်းထားသည်။

ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လက်ရှိကာလ၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စတင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့်အပြင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ပုဂ္ဂလိကအနေဖြင့် ယှဉ်ပြိုင်လုပ်ကိုင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ “၂၀၁၂-၂၀၁၃ မှာ ၉၈၄ ဘီလီယံလောက် ကျွန်တော်တို့ ရှာပေးဖို့ ရှိနေပြီးတော့ မြင့်တက်မှုနှုန်း အနေနဲ့က ၁၀၅.၅ ရာခိုင်နှုန်းလောက် ရှိမယ်လို့ မျှော်လင့်ထားပါတယ်။

တိုင်းပြည်ဝင်ငွေပေါ်မှာ ထောက်ပံ့ပေးနိုင်တာကတော့ ၂.၁ ရာခိုင်နှုန်းလောက် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ လိုအပ်ချက် ရှိနေပါသေးတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လက်ရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းကို မကြာမီ၌ ဖျက်သိမ်း၍ Myanmar Telecom ကုမ္ပဏီဟု ပုဂ္ဂလိကအနေဖြင့် ပြန်လည်ဖွဲ့စည်းသွားပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း၌ မိုဘိုင်းဖုန်းလိုင်း ၄ သန်းကို ချထားပေးသွားမည်ဟုလည်း ၎င်းတို့က ခန့်မှန်းထား သည်။

လေးနှစ်တာကာလ စီမံကိန်းအရ ကုမ္ပဏီလေးခု အနေဖြင့် မိုဘိုင်းဖုန်းလိုင်းများကို ချထားပေးရာတွင် အရေအတွက် ၃၉.၅ သန်း ရှိမည်ဟု သိရပြီး အများဆုံး အရေအတွက် ပမာဏကို ဆက်သွယ်ရေးအတွက် ပမာဏကို ဆက်သွယ်ရေး အသွင်ပြောင်း Myanmar Telecom အနေဖြင့်သာ လုပ်ကိုင်ချထားပေးသွားမည်ဟု သိရှိရသည်။

Myanmar Express

ကိုယ်အလေးချိန်တက်စေသော အံ့အားသင့်ဖွယ်ရာ အကြောင်းငါးရပ်


ကိုယ်အလေးချိန်တက်လာတဲ့အခါ အစားများတာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမလုပ်တာနဲ့ အဆီအအိမ့်နဲ့ အချိုမှုန့်တွေ စားတာတွေကြောင့်လို့ပဲ ထင်မြင်တတ် ကြပါတယ်။ တချို့လူတွေကျတော့ ဒီအလေ့အထမလုပ်မိဘဲ ကိုယ်အလေးချိန် တက်လာတဲ့အခါ အကြောင်းရင်းရှာမရဘဲ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သင်မသိသေးတဲ့ ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းငါးရပ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဟာ အစာစားဖြစ်အောင် တွန်းအားပေးပါတယ်။ အကြာကြီး စိတ်ဖိစီးမှုဒဏ်ခံရရင် ခန္ဓာကိုယ်ကနေ ကော်တီဇုန်းနဲ့ အင်ဆူလင် ထုတ်လုပ်မှု တိုးလာပါတော့တယ်။ အဲဒီအခါ အစာစားချင်တဲ့ ဆန္ဒများလာပြီး ကယ်လိုရီများတဲ့ အစာတွေကိုသာ ရွေးစားမိတတ်ပါတယ်။

ဖြေရှင်းနည်း

စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းပမာဏ ထိန်းနိုင်ဖို့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။

၂။ အချိုတု

သကြားအစားသုံးတဲ့ အချိုတုတွေဟာ ခန္ဓာကိုယ်သွယ်လျလိုသူတွေအတွက်တော့ မကောင်းပါဘူး။ အဝလွန်ခြင်းအကြောင်း လေ့လာမှုအရ တစ်ပတ်အတွင်း ဆေးသကြား (Aspartame) ပါတဲ့ အချိုရည် ၂၁ မျိုး သောက်သူတွေဟာ မသောက်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ နှစ်ဆကျော်ရှိကြောင်း သိရပါတယ်။

ဖြေရှင်းနည်း

သကြားရော သကြားအစားထိုး အချိုတုကိုပါ အလွန်အကျွံ မစားသောက်ပါနဲ့။

၃။ အိပ်ရေးပျက်ခြင်း

ခန္ဓာကိုယ် အားပြည့်လန်းဆန်းဖို့ တစ်ညမှာ ခုနှစ်နာရီကနေ ကိုးနာရီလောက် လိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်ဘဲ အိပ်ရေးပျက်ရင် စိတ်ခံစားချက် ကောင်းစေတဲ့ ဆီရိုတိုနင်နဲ့ ဒိုပါမင်းဓာတ်တွေ မထွက်ရှိတော့ဘဲ အချိုစာတွေ စားမိတတ်ပါတယ်။

ဖြေရှင်းနည်း

ဟားဗတ်လေ့လာမှုအရ တစ်ညမှာ ငါးနာရီသာအိပ်တဲ့ အမျိုးသမီးတွေဟာ တစ်ညမှာ ခုနှစ်နာရီနဲ့အထက် အိပ်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ ၃၂ ရာခိုင်နှုန်း ပိုများကြောင်း သိရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်သွယ်လျချင်ရင် အိပ်ရေးဝဝ အိပ်ပါ။

၎။ အစာမြန်မြန်စားခြင်း

အစားအသောက်ကို နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပေးရင် အစာအလွန်အကျွံစားချင်စိတ်ကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဗြိတိန်ဆေးဂျာနယ်က ထုတ်ဝေတဲ့ ဂျပန်လူမျိုး ၃၀၀၀ ကျော်ကို လေ့လာမှုအရ အစာကို မြန်မြန်စားသူတွေဟာ နှေးနှေးစားသူတွေထက် အဝလွန်နိုင်ခြေနှစ်ဆ ပိုများကြောင်း သိရပါတယ်။

ဖြေရှင်းနည်း

အစားမြန်ပြီး ဗိုက်ပြည့်တဲ့အထိ စားတဲ့သူတွေဟာ အဝလွန်နိုင်ခြေသုံးဆ ပိုများပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားပါ။

၅။ မထိန်းချုပ်နိုင်သော အချက်များ

မျိုးရိုးဗီဇ FTO Gene လို့ခေါ်တဲ့ ဝစေတဲ့ မျိုးရိုးဗီဇတွေဟာ ယင်းဗီဇမရှိသူတွေထက် အဝလွန်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။

အဆီဆဲလ်

တချို့လူတွေမှာ အဆီဆဲလ်များစွာ ရှိနေပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း၊ လျော့ကျသွားခြင်းတွေဟာ အဆီဆဲလ် အရေအတွက်ကို မပြောင်းလဲနိုင်ပါဘူး။ အဆီဆဲလ်များသူတွေဟာ အဆီဆဲလ်နည်းသူတွေထက် အစားအသောက် ပိုပြီးစားတတ်ကြပါတယ်။

Myanmar Express

ဘင်္ဂလာရဲ ရဲ့ Jamaatul Arakan စစ်ဆင်ရေး အတွင်း မြန်မာနိုင်ငံသား ၅၄ ဦး ဖမ်းဆီးခံရ

အခုလို စစ်ဆင်ရေးအတွင်းမှာ မြန်မာနိုင်ငံက ၀င်ရောက်နေထိုင်တဲ့ မွတ်ဆလင်တွေကိုလည်း လိုက်လံ ဖမ်းဆီးနေတဲ့ အတွက် လွန်ခဲ့တဲ့ စနေနေ့က ကော့စ်ဘဇားခရိုင် အတွင်းမှာ မြန်မာနိုင်ငံက မွတ်ဆလင် ၅၄ ဦးကို ဖမ်းမိခဲ့တယ်လို့ ကော့စ်ဘဇားရဲတပ်ဖွဲ့ အက်စ်အိုင် Shahed က ပြောတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

သူတို့ ၅၄ ဦးကို ကော့စ်ဘဇားမြို့နားက နော်နီချာရာနဲ့ ကတူဒီယာအရပ်တွေက ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ပြောပါတယ်။ စက်တင်္ဘာလ ၁၀ ရက်နေ့က ထုတ်တဲ့ The Independent သတင်းစာမှာတော့ ဖမ်းဆီးခံရတဲ့ သူတွေရဲ့ အမည်စာရင်းကို သူတို့ ရဲ့ အသက်တွေနဲ့ အတူ ပုံနှိပ် ဖေါ်ပြခဲ့ပါတယ်။

ကော့စ်ဘဇားမြို့က အကြီးအတန်း သတင်းထောက် တစ်ဦးပြောတာကတော့ အဖမ်းဆီးခံရသူတွေ အများစုဟာ Jamaatul Arakan အဖွဲ့နဲ့ ပတ်သက်မူ မရှိသူတွေ ဖြစ်ကြပြီး ငါးဖမ်းသမားတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဖမ်းဆီးခံရသူတွေကို ရဲအဖွဲ့က အခုအချိန်ထိ စစ်ဆေးနေတုန်း ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်ခန့်ကလည်း ဘင်္ဂလာရဲနဲ့ စစ်တပ် တို့ ပူးပေါင်းပြီး မြန်မာ နယ်စပ် အနီး စစ်တကောင်း တောင်တန်းနယ် အလယ်ခွာတောင် မြို့က ၁၃ ကီလိုမီတာခန့် ဝေးပြီး အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့တောတွင်းက နေရာကို စီးနှင်းမူ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စီးနှင်းမူ မစတင်မီ လူတွေက ထွက်ပြေးသွားတဲ့ အတွက် စခန်းကိုဘဲ သိမ်းမိပြီး စာအုပ်စာတန်း တချို့နဲ့ အထောက် အထား ပစ္စည်း တချို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ စခန်း စီးနှင်းမူ ပြုလုပ်ရာ ဘင်္ဂလာရဲ အဖွဲ့က သတင်းထောက်တွေကိုလည်း ခေါ်ယူသွားခဲ့တယ်လို့ ကော့စ်ဘဇား အကြီးတန်း သတင်းထောက်က ပြောပါတယ်။

ဘင်္ဂလာရဲအဖွဲ့ဟာ နယ်စပ်မှာ အခုအချိန်ထိ စစ်ဆင်ရေး ပြုလုပ်နေပြီး ဖမ်းဆီးမူတွေလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ကော့စ်ဘဇားခရိုင် ရဲစခန်း ရဲမှူးကြီး ကမာရုလ် ဟာဆန် ( Kamrul Hasan) က မြန်မာနိုင်ငံ မွတ်ဆလင် (သူ့အခေါ် ရိုဟင်ဂျာ) ဆိုသူတွေကြောင့် ကော့စ်ဘဇားခရိုင် အတွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက် ပျက်ပြားလာတာကြောင့် သူအနေနဲ့ ကော့စ်ဘဇားကို ရိုဟင်ဂျာတွေနဲ့ ကင်းရှင်း အောင် လုပ်လိုတယ်လို့ The Independent ကို ပြောဆိုကြောင်း သတင်းစာက ရေးသား ဖေါ်ပြပါတယ်။

ခုလို ရဲမှူးကြီး ပြောကြားချက်အပြင် စစ်ဆင်ရေးကိုလည်း နယ်စပ်မှာ ဆက်လက် ပြုလုပ်နေတာကြောင့် နယ်စပ် တလျှောက်မှ နေထိုင်တဲ့ မြန်မာနိုင်ငံက တရားမ၀င် ၀င်ရောက်နေထိုင်သူတွေကို အခု ရက်ပိုင်းတွေ အတွင်း ဖမ်းဆီးမူတွေ ပိုများလာနိုင်တယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

Myanmar Express

ကချင်လူထုမှ KIA လုပ်ရပ်နှင့်ပတ်သက်သော သက်သေများ ပေးပို့လျက်ရှိ


ကချင်ပြည်နယ်အတွင်း စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်တပ်ကလည်း KIA ရဲ့ ကချင်ပြည်နယ်အတွင်း ဖောက်ခွဲဖျက်ဆီးမှုတွေ၊ လူသစ်စု၊ ဆက်ကြေးကောက် မှုတွေ၊ အပြစ်မဲ့အရပ်သားတွေကို လူမဆန်စွာ သတ်ဖြတ်မှုတွေကို ထောက်ပြနေပြီး KIA ကလည်း စစ်တပ် ကို ပြန်လည်စွပ်စွဲ ပြောဆိုလျက်ရှိပါတယ်။

ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာသိဖို့ သက်သေလိုပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကချင်ဒေသခံ တွေကပေးပို့တဲ့ သက်သေအချို့ ကချင်သတင်းဌာနကို ရောက်ရှိလာပါတယ်။ KIAက လူသစ်စု၊ ဆက်ကြေးကောက်၊ မိုင်းထောင်၊ ဗုံးခွဲလုပ်ရပ်တွေ လုပ်နေတာအမှန်ပင်ဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိအောင် ဖော်ပြပေးဖို့လည်း ပေးပို့သူတွေက တောင်းဆိုထားကြပါတယ်။ ကချင်သတင်းဌာန ကို ရောက်ရှိ လာတဲ့ ပထမဆုံးသက်သေကတော့ မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ KIO စစ်ရုံးကနေ လက်အောက်တပ် မဟာတွေကို အကြောင်းကြားတဲ့ လူသစ်စုဆောင်းရေးစာ ဖြစ်ပါတယ်။

မူရင်းစာက ကချင်လိုဖြစ်ပေမယ့် အားလုံးသိရအောင် မြန်မာဘာသာပြန်ဆိုပေးလိုက်ပါတယ်။ အဓိကအချက်တွေကတော့ KIO အဖွဲ့အတွင်း တိုက်ပွဲတွေမှာ အကျအဆုံးများခြင်း၊ တိုက်ခိုက်လိုစိတ် မရှိဘဲ ထွက်ပြေးခြင်းများရှိနေတဲ့အတွက် အင်အားနည်းပါးလာကြောင်း၊ တပ်သားအသစ်များရရှိဖို့ ဖမ်းဆီးစုဆောင်းခြင်းများ ဆောင်ရွက်ရန်နဲ့ ထွက်ပြေးတဲ့ တပ်သားများကို သတ်ပစ်ရန် စတဲ့ အချက်များ ပါဝင်ကြောင်း တွေ့ရှိရပါတယ်။

ဒုတိယပေးပို့လာတာကတော့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အနီးမှာရှိတဲ့ ရွှေကြယ် ကုမ္ပဏီနဲ့ ရွှေဒေါင်းမင်းကုမ္ပဏီ လူကြီးတွေဆီကို KIA စီးပွားရေးတာဝန်ခံဆိုသူက သူ့ဆီကိုဆက်သွယ်ဖို့ ရေးသားပေးပို့ ထားတဲ့စာဖြစ်ပါတယ်။ မှတ်ချက်မှာတော့ မြင်တဲ့အတိုင်း ပျက်ကွက်ပါက အရေးယူခြင်း ခံရမယ်လို့ပါတယ်။ အဓိကငွေတောင်းဖို့ပါ။ “သူတောင်းစားကတော့ လူရှေ့မှာ ဗြောင်တောင်းပါတယ်။ လူရှေ့မထွက်ရဲတဲ့ KIA က တောထဲကနေ စာနဲ့ရေးပြီးတောင်းပါတယ်။ သူတောင်းစားနဲ့ KIA ဒါပဲကွာတယ်။”လို့ပါ ဖော်ပြပေးဖို့ သတင်းပေးပို့သူက ဆိုလာပါတယ်။



တတိယပေးပို့လာတာကတော့ ၃၁-၈-၂၀၁၂ ရက်စွဲနဲ့ လွယ်ယာန်ဘွန်မြို့နယ်မှူးဆိုသူကနေ ကသာမြို့နယ် အတွင်းက မြို့လှ၊ မှတ်တိုင်နဲ့ ဂိုဒေါင်ကြီးကျေးရွာဘေးတွေမှာ KIA ဗဟိုရဲ့ ညွှန်ကြားချက် အရ မိုင်းထောင်ထား ကြောင်း အသိပေးတဲ့စာဖြစ်ပါတယ်။ အပြစ်မဲ့ရွာသား ၄ ဦး KIA ရဲ့မိုင်းတွေ နင်း မိသေဆုံးပြီးမှသာ အကြောင်းကြား လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။


ကချင်ဒေသခံ လူထုတွေကပေးပို့တဲ့ သက်သေများအရတော့ KIA အတွက် ဘယ်လိုမှ ငြင်းမရနိုင် ပါဘူး။ အများသိအောင် ဖော်ပြပေးနိုင်တဲ့အတွက် ခိုင်မာတဲ့ အထောက်အထားပေးပို့သူ များကို ကျေးဇူးတင် ရှိကြောင်း ကချင်သတင်းဌာနက ပြောပါရစေ။ ထပ်မံပေးပို့လိုသူများ ရှိပါကလည်း အချိန်မရွေး ပေးပို့ နိုင် ပါကြောင်းနဲ့ KIA အကြောင်း တစ်ကမ္ဘာလုံးက အမှန်အတိုင်းသိအောင် ဖော်ပြပေးသွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးရပါတယ်။

Myanmar Express

တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက်ကောင်း


တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကြောင်း လေ့လာချက်အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံးကြီးခြင်း သည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွားစေသော ကိုယ်လက်စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ်ပေးသည့် ကျန်းမာရေးအတွက် ကောင်းသော ကိုယ်လက်စထရော အမျိုးအစားကို မြင့်တက်စေကြောင်း လေ့လာချက် အသစ်များအရ သိရသည်။

တင်ပါးလုံးကြီးခြင်းသည် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့ချပေးနိုင်သည်။

ယခုတွေ့ရှိချက် အသစ်သည် ယခင်တွေ့ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ်ရှိခြင်းသည် အကျိုးကျေးဇူးရှိကြောင်း တွေ့ရှိချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟုဆိုသည်။ ယခုတွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက်ထက်စာလျှင် တင်ပါးနှင့်ပေါင်လုံးတို့တွင် စုဝေးနေသောကြောင့် ပို၍ အသက်ရှည်လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွပူးပေါင်းကာ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာခန္ဓာကိုယ် အလယ်ပိုင်းထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်လိုပိုးလောက်စ်က “ကျွန်မတို့ရဲ့ တင်ပါးနဲ့ပေါင်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေဟာ ဝမ်းဗိုက်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေနဲ့ မတူပါဘူး။ ကျန်းမာရေးအတွက် ကောင်းတဲ့ ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရော ရှိသလိုပဲ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီဆိုတာ ရှိပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေဟာ ခန္ဓာကိုယ် အထက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေနဲ့ မတူပါဘူး” ဟုဆို၏ ယခုတွေ့ရှိချက်အရ လူတစ်ဦး၏ ခါးနှင့် တင်ပါးအချိုးသည် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးဖြစ်သော BMI ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းရန် အသုံးဝင်သည်ဟု ဆိုသည်။ ဘီယွန်ဆေးနိုးသည် ဝသော်လည်း တင်ပါးနှင့် ပေါင်လုံးကြီးပြီး ကျန်းမာသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

Myanmar Express

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနစ်နာခံ ပေးဆပ်မှု က စစ်သားတစ်ယောက်ကို ပင် မမှီ


ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနစ်နာခံ ပေးဆပ်မှု က စစ်သားတစ်ယောက်ကို ပင် မမှီ ခဲ့ပါ။ သမိုင်းမသိသူ အချို့က ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအတွက် အနစ်နာခံခဲ့တယ်၊ ပေးဆပ်ခဲ့တယ်လို့ ထင်မြင်ယူဆ နေကြပါတယ်။ တကယ်တမ်းတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အတွက် အနစ်နာခံခဲ့တာ ဘာမှ မရှိခဲ့သလို ပြည်သူ့အတွက်ပေးဆပ်ပြီး လုပ်ခဲ့တဲ့ အလုပ် ဘာမှ မရှိခဲ့ပါဘူး။ ကုန်ကုန်ပြောရရင် စစ်သား တစ်ယောက်လောက်တောင် မပေးဆပ်ခဲ့ပါဘူး။

ဦးစီးချုပ်ရုံး (ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယအရာခံဗိုလ် သိန်းလှိုင်(လူမှုထူးချွန်- တတိယအဆင့်၊ မျက်ကြည်လွှာ အလှူရှင်) သည် စက်တင်ဘာ ၁၁ ရက်တွင် တဆရ(၂/၁ဝဝဝ) နေပြည်တော်တွင် (၆၁) ကြိမ်မြောက် သွေးလှူဒါန်းခဲ့ပါတယ်။

တပ်မတော်သား ပြည်သူ့အတွက် ၎င်းရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးကို ၆၁ ကြိမ် ဖောက်ထုတ်လှူတန်းခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အသက် ၆၀ ကျော်ထိ ပြည်သူ့အတွက် ၎င်း ခံန္ဓာကိုယ်ထဲမှ ယခုချိန်ထိ အနစ်နာခံ ပေးဆပ်ခဲ့တာမျိုး မရှိခဲ့ပေ။ သို့သော် အသက် ၄၂ နှစ် ထိ ကတော့ နိုင်ငံခြားသား မိုက်ကယ်အဲရစ် ထံသို့ ခန္ဓာကိုယ်ရော အသွေးရော၊ အသား ရော အားလုံး ပေးခဲ့ပါတယ်။
Myanmar Express

ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ် ဆေးလိပ်မသောက် ကွမ်းမစားရဇုန် သတ်မှတ်


ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရဇုန်အဖြစ် သတ်မှတ်ထားပြီး စတင်အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ စေတီတော်ရင်ပြင်ပေါ်တွင် ဂေါပကရုံး ဝန်ထမ်းများက အသံချဲ့စက် များဖြင့် ဆေးလိပ်မသောက်ရန်၊ ကွမ်းမစားရန် တားမြစ်သတိပေးလျက် ရှိသည်။ ဆေးလိပ်သောက်သူ၊ ကွမ်းစားသူများ တွေ့ ရှိပါက ယင်းသို့ မပြုလုပ်ရန် ရှင်းလင်းပြောကြားပေးလျက် ရှိသည့်အပြင် လိုဂိုများဖြင့်လည်း ချိတ်ဆွဲ အသိပေးထား သည်။ စေတီတော်ရင်ပြင်ပေါ်သို့ လာရောက်ကြသော ဘုရားဖူးပြည်သူများ အနေဖြင့် စေတီတော်ရင်ပြင်ကို သန့်ရှင်း စင်ကြယ်စေရန် တားမြစ်ချက်တို့ကို လိုက်နာကြခြင်းဖြင့် ကုသိုလ်ယူကြစေလိုကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။