Tuesday, September 11, 2012

ရန်ကုန် တွင် ဟိုတယ်သစ် လေးလုံး အခန်းပေါင်း ၁၀၀၀ ကျော် တိုးချဲ့

ခရီးသွား လာရောက်မှု ၅၀ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သော မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း အပေါ် တွက်ချက်၍ လာမည့် ၂၀၁၃ ခုနှစ်အတွက် ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဟိုတယ် လေးလုံး ထပ်မံ ဆောက်လုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

အဆိုပါ ဟိုတယ်များမှာ အိပ်ခန်း ၂၄၀ ပါရှန်ဂရီလာ ကွန်းပလပ်စ်၊ အိပ်ခန်း၆၀ (လက်ရှိ) ပါရိုစ့် ဂါးဒင်း၊ အိပ်ခန်း ၂၇၀ ပါ စင်တာပွိုင့်၊ အိပ်ခန်း ၁၀၀ ပါန၀ရတ် ဟိုတယ်တို့ ဖြစ်ပြီး ယင်းတို့နှင့်အတူ ပြည်တွင်း လုပ်ငန်းရှင်များက ချဲ့ထွင်နေသော ဟိုတယ် အခန်းစုစုပေါင်း ၁၀၀၀ အပါအဝင် ၂၀၁၃ခုနှစ်အတွင်း ၀င်ရောက်လာမည့် ဧည်သည် ပေါင်း ကိုးသိန်းအတွက် အခန်းပေါင်း၁၆၇၀ ထွက်ပေါ်လာမည် ဖြစ်ကြောင်း ၎င်းကအသိပေး ပြောကြားသည်။

‘’ကျွန်တော်တို့ တွက်ချက်ထားတာအရ ဒီနှစ်ကုန်အထိကို ခြောက်သိန်းကျော် လာမယ်၊ ဒီအတွက်အခု ရန်ကုန်မှာ ရှိနေတဲ့ အခန်း အနေအထားအရ လုံလောက်တယ်၊ ဒါပေမယ့် နောက်နှစ်ဆိုရင် အခုထက် ၅၀ ရာခိုင်နှုန်းလာမယ်လို့ ခန့်မှန်းထားတဲ့ အတွက် လိုအပ်တဲ့ အခန်းတွေကို အသစ်ဆောက်နေတဲ့ ဟိုတယ်တွေကနေ ရလာဖို့ ရှိတယ်’’ဟု၎င်းက ရန်ကုန်အင်းယားလိပ် ဟိုတယ်တွင် ပြုလုပ်သော လုပ်ငန်း တိုးတက်ရေး ဆွေးနွေးပွဲတွင် မေးမြန်း သိရှိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ရှစ်သိန်းကျော် ဝင်ရောက်ခဲ့ပြီး ယင်းတို့ထဲမှ လေးသိန်း နီးပါးသည် ရန်ကုန်လေဆိပ်သို့ လေကြောင်းခရီးဖြင့် ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၂ခုနှစ် ခရီးသွား ရာသီ အစတွင်လည်း ယင်းထက် ၅၀ ရာခိုင်နှုန်း တိုးတက် ရောက်ရှိခဲ့ရာ ယခုနှစ် နှစ်လယ် စာရင်းများ အရ ခရီးသွား ခြောက်သိန်း နီးပါး လာရောက်ခဲ့ကြောင်း ဟိုတယ် ခရီးဝန်ကြီးဌာန စာရင်းများ အရ သိရသည်။

ရန်ကုန်မြို့ရှိ ဟိုတယ်လုံးရေ ၁၉၅ လုံးတွင် အိပ်ခန်းပေါင်း ၈၃၅၆ ခန်းရှိရာ နှစ်ကုန်ပိုင်းအထိ ယခုဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များထက် ကျော်လွန်ကာ ဧည့်သည် ခုနှစ်သိန်းကျော်အထိ လက်ခံနိုင်သေးကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

Myanmar Express

Facebook သုံးသူများ သတိပြုရန်


Sophos' Naked Security ကုမ္ပဏီ၏ သတိပေးချက်အရ Facebook မှ ပေးပို့သော အီးမေးလ်အတုအယောင် ဖန်တီးပေးပို့မှုများ ရှိနေကြောင်း သိရသည်။ မိမိ၏ Facebook သူငယ်ချင်းတစ်ဦးဦးက မိမိပါဝင်သော ဓာတ်ပုံသစ်တစ်ပုံကို အယ်လ်ဘမ်တွင် ထည့်သွင်းလိုက်ကြောင်း ရေးသားထားပြီး အဆိုပါဓာတ်ပုံအား ကြည့်ရှုရန် "View photo with you in the attachment" ဟူသည့် tab တစ်ခုပါရှိမည် ဖြစ်သည်။

သို့သော် အဆိုပါ attachment တွင် အမှန်တစ်ကယ်အားဖြင့် ကွန်ပျူတာစနစ်အား တိုက်ခိုက်နိုင်သည့် Trojan Horse ဗိုင်းရပ်စ်အမျိုးအစား ပါဝင်လာပြီး မိမိ၏ ကွန်ပျူတာသို့ ကူးစက်ဝင်ရောက်သွားနိုင်ကြောင်း Naked Security က သတိပေးထားသည်။

Facebook မှ ပေးပို့သော အီးမေးလ်အတုအယောင်ပုံစံတွင် အောက်ဖော်ပြပါစာသားများ ပါဝင်ပြီး ပုံတွင်ဖော်ပြထားပါသည်။

Greetings,
One of Your Friends added a new photo with you to the album.
You are receiving this email because you’ve been listed as a close friend.
[View photo with you in the attachment]

Myanmar Express

တရားရုံး အဆောက်အအုံများ ပုဂ္ဂလိကလွှဲပေးမှု ရှေ့နေများ ကန့်ကွက်

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကိုလိုနီခေတ်လက်ရာ စုပေါင်းတရားရုံး

ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံများဖြစ်သည့် တရားရုံးချုပ်နှင့် စုပေါင်းတရားရုံးတို့ကို ဟိုတယ်၊ ပြတိုက်နှင့် စားသောက်ဆိုင်လုပ်ငန်းများ လုပ်ကိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးလိုက်ခြင်းကို အမြန်ဆုံး ရပ်ဆိုင်းပေးရေးနှင့် ရပ်ဆိုင်းခြင်းမပြုပါက အစိုးရအား တရားစွဲဆိုမည်ဟု ရှေ့နေများကွန်ရက်က ယမန်နေ့က ထုတ်ပြန်လိုက်သည်။

“တရားရုံးကို ရောက်လာတဲ့ အမှုတရားခံတယောက်ကို ၀န်ကြီးချုပ်က ပြန်လွှတ်ပေးတာမျိုး ရှိခဲ့လို့ ကျနော် တရားစွဲခဲ့ဖူးတဲ့ အမှုတွဲ အခုထိရှိသေးတယ်။ အခုကိစ္စမှာလည်း အစိုးရကို နို့တစ်စာပဲ ပို့ချင်ပို့ရပါစေ၊ လမ်းပေါ်ထွက် ဆန္ဒပြချင်ပြရပါစေ လုပ်သွားမယ်။ ရှေးဟောင်းအမွေအနှစ်ကို ရောင်းပစ်တဲ့ကိစ္စကို ကယ်တင်ဖို့ လူထုကိုလည်း တောင်းဆိုပါတယ်” ဟု တရားလွှတ်တော်ရှေ့နေကြီး ဦးသန်းတင်က ပြောသည်။

တရားရုံးချုပ်သည် ပန်းဆိုးတန်းလမ်းမတွင် တည်ရှိပြီး စုပေါင်းတရားရုံးမှာ ကမ်းနားလမ်းတွင် တည်ရှိသည်။

စုပေါင်းတရားရုံး အဆောက်အအုံသည် စတင်တည်ဆောက်စဉ်က Small Causes Court အဖြစ် ဆောက်လုပ်ခဲ့သော အဆောက်အဦဖြစ်ပြီး တရားသူကြီးများစွာ ရုံးထိုင်၍ အမှုများ စီရင်စစ်ဆေးနိုင်ရန် တရားခွင်၊ တရားသူကြီးရုံးခန်း၊ ဘီလစ်ရုံးခန်း၊ အမှုတွဲမှတ်တမ်းများ ထားရှိသည့်အခန်း စသည်ဖြင့် စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် ဆောက်လုပ်ထားခြင်းကြောင့် တရားရုံးအဖြစ်သာ ဆက်လက်ထားရှိ အသုံးပြုသင့်ကြောင်း ရှေ့နေများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ယင်းရှေးဟောင်း အဆောက်အအုံများကို ပြည်ပကုမ္မဏီ တခုနှင့် ပြည်တွင်းလုပ်ငန်းရှင် တဦးတို့အား ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းသည် အစိုးရက ပြဋ္ဌာန်းထားသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ဖောက်ဖျက်ရာရောက်ကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ဥပဒေနဲ့ အတိအကျ ပြဋ္ဌာန်းကာကွယ်ထားတဲ့ အဆောက်အုံတွေ၊ လက်ရှိ တရားစီရင်ရေးမှာ အသုံးပြုနေတဲ့ အဆောင်အအုံတွေကို မြို့စွန်မြို့ဖျားကို ပို့ပစ်ပြီး ဒီရုံးတွေကို ဟိုတယ်ဖွင့်တယ်ဆိုတာ ဥပဒေကို ချိုးဖောက်တာပဲ။ လက်ရှိနေရာဟာ အမှုသည်တွေ၊ ရှေ့နေတွေ၊ သက်သေတွေ၊ တရားသူကြီးတွေနဲ့ ရုံးဝန်ထမ်းအားလုံး သွားလာရေး လွယ်ကူတဲ့နေရာမှာ ရှိတဲ့အတွက် တရားရုံးအဖြစ် ဆက်သုံးခွင့် ရချင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ဟိုတယ်အဖြစ် ပြောင်းလဲမည့် ရန်ကုန်တိုင်း တရားရုံးပတ်လည်တွင် ၀င်းထရံများ ကာရံထားသည်ကို တွေ့ရသည်။

ယခင် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်တွင် ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ၎င်းက နယ်ချဲ့ကိုလိုနီများ ဆောက်ခဲ့သည့် အဆောက်အအုံများ ဖြစ်သည့်အတွက် သူ့ကျွန်ဘ၀ အမွေများအား အထူးထိန်းသိမ်းရန် မလိုကြောင်း သတင်းထောက်များ၏ မေးခွန်းကို ပြန်လည် ဖြေကြားခဲ့ဖူးသည်။ ရှေ့နေများကွန်ရက်၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးတင်ဦးက “ဒီအဆောက်အအုံတွေဟာ အင်္ဂလိပ်လက်ထက်က လုပ်ထားတာ ဖြစ်တဲ့အတွက် နယ်ချဲ့အရိပ်အငွေ့ အသက်တွေ ပျောက်အောင် လုပ်ရမယ်ဆိုတဲ့ သဘောရှိတယ်။ သမိုင်းဟာ ငြင်းလို့မရဘူး။ ကျုပ်တို့ကျွန် ဖြစ်ခဲ့တာပဲ။ အဲဒီကျွန်ဘ၀က လွတ်အောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ ကယ်တင်ခဲ့တာပဲ။ ဒါတွေနဲ့ ပတ်သက်တာက ပြီးခဲ့ပြီ။ ရှေ့ဆက်ပြီး ဘယ်လိုသွားမလဲဆိုတာ နောင်လာနောက်သားတွေကို ပြောဖို့အတွက် ဒါတွေက မားမားမတ်မတ် ကျန်နေသင့်တယ်” ဟု ပြောသည်။

ရှေ့နေများကွန်ရက်က ယင်းအဆောင်အအုံများအား တရားရုံးများအဖြစ် ဆက်လက်သုံးစွဲခွင့်ရရန် သမ္မတထံသို့ တရားဝင်စာ ရေးသားပေးပို့ခဲ့သော်လည်း ယနေ့အထိ မည်သည့်တုန့်ပြန်မှုမျှ မရရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ကိုလိုနီခေတ်လက်ကျန် ရှေးဟောင်းအဆောက် အအုံအရေအတွက် ၁၈၉ လုံးရှိကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲ အွန်လိုင်းဧည့်စာရင်း လက်ခံမှု စက်တင်ဘာ ၁၂ ညတွင် ရပ်ဆိုင်းမည်

ယမန်နေ့က တွေ့ဆုံပွဲဖြစ်မြောက်ရေး အမှုဆောင်အစည်းအဝေးတွင် လက်ရှိ ဖွင့်လှစ်ထားသော အွန်လိုင်းဧည့်စာရင်းလက်ခံမှု စာမျက်နှာကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဆုံးဖြတ်သည်ဟု သိရသည်။ လာမည့် ဗုဒ္ဓဟူးနေ့၊ ဒေသံစံတော်ချိန် သန်းကောင်ယံ၊ စက်တင်ဘာ ၁၂ တွင် အွန်လိုင်းဧည့်စာရင်းတင်သွင်းမှု စာမျက်နှာကို နောက်ဆုံးထား လက်ခံမည်ဟု ဆိုသည်။

ထို့အပြင် လုပ်အားပေး စေတနာဝန်ထမ်းဆောင်ရွက်လိုသည့် အမည်စာရင်းတင်သွင်းထားမှုကိုလည်း ယနေ့ကစပြီး စာရင်းပိတ်လိုက်ပြီဟုဆိုသည်။ USF – ယူနီဗာစတီအော့ဖ် ဆန်ဖရန်စစ္စကိုကျောင်းက တွေ့ဆုံပွဲ အဆင်ပြေရေး၊ ငြိမ်းချမ်းချောမွေ့စွာ ကျင်းပနိုင်ရေး၊ ဧည့်ပရိသတ်များ လွယ်ကူစွာ တက်ရောက်နိုင်ရေးတို့အတွက် သူတို့ ကျောင်းကွန်မြူနီတီအနေဖြင့် အစွမ်းကုန် ပံ့ပိုးသွားမှုဟု ပြောကြားကြောင်း ထိုအစည်းအဝေးတွင် အမှုဆောင်များကို အသိပေးခဲ့သည်ဟု သိရသည်။

လက်ခံရရှိထားသော ဧည့်စာရင်းတင်သွင်းမှုများကို စိစစ်ရာတွင် စာရင်းသွင်းထားသူများကို ယခုတပတ်အတွင်း ပြန်လည် ဆက်သွယ်ခြင်း၊ အမှန်တကယ် တက်ရောက်မည့် အမည်နှင့် ဦးရေကို ဧည့်စာရင်းတင်သွင်းသူများ၊ ဒေသအလိုက် ဖိတ်ကြားရေးဒေသခံကိုယ်စားလှယ်များနှင့် ညှိနှိုင်းခြင်း၊ ဧည့်လက်မှတ်များ စီစဉ်ခြင်း၊ ဧည့်လက်မှတ်များကို ကြိုတင်ပေးပို့ခြင်း၊ စသည့် ဖိတ်ကြားရေးဆိုင်ရာ အချောသတ်မှုများကို လာမည့် ရက်သတ္တပတ် ၃ ပတ်အတွင်း လုပ်ဆောင်သွားမည်ဟု ဖိတ်ကြားရေးဆပ်ကော်မတီ အမှုဆောင်က လျာထားကြောင်း ပြောကြားသည်။

ယခု ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသား မိသားစုများ တွေ့ဆုံပွဲကို ဘေးဧရိယာ ရှိ မြန်မာအရေး နိုးကြားတက်ကြွသူ မြန်မာများ စုပေါင်း ဆောင်ရွက်နေကြောင်း၊ မည်သည့်အဖွဲ့အစည်းတခုတည်းကမျှ ဦးဆောင်ကျင်းပနေခြင်း မရှိဟု သိရသည်။ မြန်မာမိသားစုများ တယောက်တလက် ၀ိုင်းဝန်းကြသည့် ကွန်မြူနီတီ လှုပ်ရှားမှုသာ ဖြစ်သည်ဟု ဆိုသည်။

ပိုးထည် ဒီဇိုင်းမျိုးစုံနဲ့ မြန်မာပြည်ရဲ့ အကြီးမားဆုံး ဖက်ရှင်ပြပွဲကြီး ကျင်းပပြုလုပ်မယ့် သားစိုး


သားစိုးက နိုဝင်ဘာ ၃ရက်နေ့ Junction Squareမှာ “မြန်မာပြည်ရဲ့ အကြီးဆုံး ဖက်ရှင်ပြပွဲ”ကြီးကို ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ဖက်ရှင်ရှိုးပွဲမှာ သူဖွင့်လှစ်ထားတဲ့ ရွှေပိုးနန်းတော် ပိုးထည်ဆိုင်မှ ပိုးထည်ဒီဇိုင်မျိုးစုံကို သရုပ်ဆောင်၊ အဆိုတော် အနုပညာရှင်များက ဝတ်ဆင်ပြီး ရှိုးလျှောက်ကြမှာဖြစ်ပါတယ်။ ဒီရှိုးပွဲမှာ ဖြူဖြူ ကျော် သိန်း ၊ဂျေမီတို့အပါအဝင် ပရိသတ်တွေ မထင်ထားတဲ့ အနုပညာရှင်တွေ အများကြီး ပါဝင် ကြမှာဖြစ်ပြီး သားစိုးက သူ့အနေနဲ့ တော့ ရှိုးမှာ မပါဝင်ပေမယ့် တခြား အစီအစဉ် တွေမှာ ပါမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီဇိုင်နာ ၄ ယောက်လောက်က ပိုးထည်ဒီဇိုင်း တွေကို အထူးခြားဆုံး ဖြစ်အောင် ချုပ်နေကြ ပြီဖြစ်ပြီး၊ သားစိုးရဲ့ ရော သမွှေ ဒီဇိုင်းတွေ ကိုလည်း ရှိုးမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ “တခြားဖက်ရှင်ရှိုးတွေနဲ့မတူတဲ့ထူးခြား မှုတွေကို တွေ့ရမှာပါ။ ဖက်ရှင်ရှိုးအပြင် တခြားအစီအစဉ်တွေလည်း ပါဦးမယ်။ သီ ချင်းတွေလည်း ဆိုကြမယ်။ ပိုးထည်အင်္ကျီ တွေနဲ့ပဲ သီချင်းဆိုကြမှာပါ”လို့ ဖက်ရှင်ရှိုး အကြောင်းနဲ့ပတ်သက်ပြီး သားစိုးက ပြောပါတယ်။

ဒီဖက်ရှင်ရှိုးကို Sky Net ရုပ်သံလိုင်းနဲ့ MRTV-4 တို့က တိုက်ရိုက်ထုတ် လွှင့်ပြသမှာဖြစ်တယ်လို့ သားစိုးက ပြောပြီး၊ ဖက်ရှင်ရှိုးအတွက်ကို အခုချိန်ကတည်းကစ ပြီးကြိုတင်ပြင်ဆင် မှုတွေလုပ်နေပြီဖြစ်ပါတယ်။

သားစိုးရဲ့ ရွှေပိုးနန်းတော် ပိုးထည်ဆိုင်က အမှတ်၁၁၅၊ရွှေတောင်တန်းလမ်းမှာ စတင် ဖွင့်လှစ်နေပြီဖြစ်ပြီး စက်တင်ဘာကနေ အောက်တို ဘာလကုန်အထိ ပရိုမိုးရှင်း အစီ အစဉ်တွေအများကြီးပြုလုပ်ထားကြောင်း သိရပါတယ်။ နှစ်သောင်းဖိုးဝယ်ရင် လုံချည် တစ်ထည် လက်ဆောင်ပေးမှာဖြစ်သလို၊ ငါး သောင်းဖိုးဝယ်ရင် နှစ်သောင်းကျော် တန် ဖိုးရှိ လုံချည်တစ်ထည်လက်ဆောင် ပြန်ပေး မှာဖြစ်ပါတယ်။

“အဓိကကတော့ ကန်တော့ မယ့်သူတွေ၊ မင်္ဂလာဆောင်မယ့် သူတွေ၊ ဘွဲ့ယူမယ့်သူတွေအတွက် အထူးအစီအစဉ် အနေနဲ့ လျှော့ပေးနေပါတယ်။ ဒီကာလ အတွင်းမှာ ငါးသောင်းဖိုးကျော်ရင် ၁ဝသိန်းတန် ကံစမ်းမဲ လက်မှတ်ပေး မယ်။ နောက်ဖက် ရှင်ရှိုးပွဲအတွက် လက်မှတ် တစ်စောင်ပေးမယ်။ ကံစမ်းမဲကို အောက်တိုဘာလမှာ မဲဖောက် မယ်” လို့ ပိုးထည်ဆိုင်နဲ့ ပတ်သက်ပြီး သားစိုး က ပြောပါ တယ်။

ကြေးနီ စီမံကိန်း ဆန္ဒပြသည့် အမျိုး သမီး နှစ်ဦး ပြန်မလွှတ် သေး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တွင်း ရှိ လက်ပန်းတောင်းတောင် ကြေးနီ စီမံ ကိန်း တွင် လယ်ယာမြေ အသိမ်းခံ ရသူ များ နှင့် လူ့  အခွင့် အရေး ချိုးဖောက် ခံရသူများ ၏ ယနေ့  နံနက် အစောပိုင်း မုံ ရွာ မြို့  တွင် ၀တ် ပြု ဆုတောင်း ပွဲ ဉ် ရဲတပ် ဖွဲ့  က ပိတ်ဆို့ ဖမ်း ဆီးထား သူ များ ကို ပြန် လွှတ်ပေး ရေး ဆန္ဒ ထုတ် ဖော် မှု ပြု လုပ်ရာ လူ အင်အား ထောင် နှင့် ချီ ၍ ပါဝင် သည် ဟုသိရသည်။

ဝတ်ပြု ဆုတောင်း သူ ၁၂ ဦး ကို အမှတ် (၁) ရဲစခန်း တွင် ဖမ်း ဆီး ထိမ်းသိမ်း ပြီး နောက် မုံရွာ မြို့  မှ ဗကသ အဖွဲ့  ၀င် များ ၊ တက် ကြွ လှုပ်ရှား သူ များ နှင့် ပြည်သူများ က အမှတ် ၁ ရဲစခန်း ရှေ့  တွင် ၎င်း ၊ မြို့  တွင်း ဉ် တန်းစီ လှည့် လည် ပြီ ၎င်း ဖမ်းဆီးထား သည့် အမျိုး သမီး ၁၂ ဦး ကို ပြန်လည် လွှတ်ပေး ရန် တောင်း ဆို ခဲ့ ကြသည်။

ညနေ ပိုင်း တွင် ဖမ်းဆီးထား သူများ အနက် မှ ၁၀ ဦး ကို ပြန် လွှတ်ပေး ခဲ့ ပြီး မသွဲ့သွဲ့ဝင်းနှင့် မအေးနက် တို့ အား မုံ ရွာ ထောင် သို့  ပြောင်း ရွှေ့ ချုပ် နှောင် ထား သည် ။

ကြေးနီး စီမံ ကိန်း နှင့် အနီး ရှိ ရွာများ ကို လည်း ညတွင်း ချင်း ပုဒ်မ ၁၄၄ ထုတ် ပြန် ခဲ့ ပြီး မြစ် ကို ကျော် ဖြတ် ၍ မုံရွာ မြို့  ရှိ ဆန္ဒပြ သူ များ နှင့် ပူးပေါင်း ရန် လာသည့် ရွာသား များ ကို ညောင်ပင်ကြီး လှေဆိပ် မှာ ပင် ရဲ က တားဆီး ခဲ့သည်။

နောက်ဆုံး ရရှိသည့် သတင်းများ အရ ယနေ့  နံနက် အစော ပိုင်း တွင် မုံရွာ မြို့  ရှိ တန်ခိုကြီး ဘုရား ပုထိုးစေတီ များ ကို ပိတ်ထား ပြီး ၊ လုံခြုံရေး များ လည်း တိုး မြှင့် ချထား သည် ဟု သိရသည်။ မန္တလေး နှင့် စစ်ကိုင်းမှ ရဲတပ် ဖွဲ့  ၀င်များ ကို လည်း မုံရွာ မြို့  သို့ စေလွှတ်ထား သည် ဟု မုံရွာ မြို့  မှ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး က ပြောသည်။





ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးကို စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ အထူးတင်းကြပ်ထား


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာ ဌာနအနီးရှိ အိမ်သာတွင် ကျည်ဆန်များ တွေ့ရှိသောကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ အထူးတင်းကျပ် ထားကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အရေအတွက်ကိုတော့ လုံခြုံရေး အနေအထားအရ ပြောလို့မရပါဘူး။ လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝင်ပေါက်ထွက်ပေါက်တွေကို လုံခြုံရေး အပြည့်အဝထားရှိတဲ့အပြင် လေယာဉ်စီးမယ့်သူတွေ အားလုံးကိုလဲ တစ်ဦးချင်းစိစစ်တယ်။ ဝတ္လာတဲ့ ကုတ္အက်ႌေတြထဲအထိကို ရွာတာ။ အရင်ကတော့ မျက်မြင်ပဲစစ်တာ။ မသင်္ကာတဲ့သူမှန်သမျှကိုလဲ အမြဲတမ်း စောင့်ကြည့်နေတယ်။ လက်ရှိအချိန်ထိတော့ ထူးခြားမှု မတွေ့သေးဘူး” ဟု အဆိုပါ တာဝန်ရှိသူ က ပြောသည်။

တွေ့ရှိခဲ့သော ကျည်ဆန်အမျိုးအစားများမှာ ၅ ဒသမ ၅၆ မမ ကျည်ဆန်များနှင့် ၂၉ မမ ကျည်ဆန်များဖြစ်ပြီး တွေ့ရှိသော ကျည်ဆန်များကို ယခုအခါ လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ ထိန်းသိမ်းထားကြောင်း သိရသည်။

“ဒီကျည်ဆန်တွေကို လေဆိပ်မှာ အလုပ်လုပ်နေတဲ့ ပိုင်အိုနီးယား ကုမ္ပဏီဝန်ထမ်းက အမျိုးသားသီးသန့် အိမ်သာမှာ တွေ့ခဲ့တာ။ သူက လေကြောင်းရဲတပ်ဖွဲ့မှူးရုံးကို အကြောင်းကြားတယ်” ဟု ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လုပ်ကိုင်နေသည့် အထွေထွေ ဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကျည်ဆန်များ တွေ့ရှိခဲ့သည့် နောက်ပိုင်းတွင် လေဆိပ် ပြည်တွင်းပြည်ပ အဆောက်အအုံနှင့် လေဆိပ်ခြံစည်းရိုး ဝန်းကျင်များအား မိုင်းရှာစက်များဖြင့် ရှာဖွေခဲ့ကြကြောင်း သိရသည်။

“တွေ့ရှိခဲ့တဲ့ ကျည်ဆန်တွေက လက်ရှိ အသုံးပြုလို့ရတဲ့ ကျည်ဆန်တွေပါ။ ဒီအိမ်သာထဲကို ဘယ်လိုကနေ ဘယ်လိုရောက်လာသလဲဆိုတာ စုံစမ်းနေပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် လလယ်ပိုင်း အချိန်ကလည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဗုံးခွဲရန် ကြံစည်သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

Myanmar Express

အကွဲအပြဲ များလာခြင်းကြောင့် ပါတီတွင်းလွတ်လပ်စွာ စည်းဝေးခွင့် NLD ပိတ်ပင်


အကွဲအပြဲ များလာခြင်း၊ ပါတီတွင်း ဒီမိုကရေစီ မရှိကြောင်း ဆန္ဒပြမှုများ ဆက်တိုက်ကြုံလာခြင်းကြောင့် ပါတီတွင်းလွတ်လပ်စွာ စည်းဝေးခွင့် NLD ဗဟိုမှ ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

ပါတီတွင်း ရင်ကြားမစေ့နိုင်သည့်ကိစ္စ အခြေအနေ အလွန်ဆိုးရွားလာခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဗဟိုညီလာခံကော်မရှင်မှ စက်တင်ဘာလ ၁၀ ရက်စွဲပါ ဗဟိုအလုပ် အမှုဆောင်အဖွဲ့အစည်း အဝေးဆုံးဖြတ်ချက်အရ ကြေငြာချက်တစ်စောင်ကိုထုတ်ပြန်ကြေငြာခဲ့ရကြောင်းသိရသည်။

ယင်းကြေငြာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွင့်လှစ်ထားရှိသော ပြည်နယ်၊ တိုင်း၊ခရိုင်၊မြို့နယ် ရုံးခန်းအသီးသီးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်မှ အပ အခြားသော ပါတီအဖွဲ့အစည်း အစုအဖွဲ့၊ တသီးပုဂ္ဂလတို့ စီစဉ်သော အစည်းအဝေးများ ဆွေးနွေးပွဲများကို ကျင်းပခွင့်မပြုကြောင်းဖြင့်ဖော်ပြထားသည်။

ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေသည့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပါတီထဲမှာ လွတ်လပ်စွာ စည်းဝေး၊ ဆွေးနွေးခြင်းများကို ပိတ်ပင်ခြင်းက စိတ်ပျက်ဖို့ကောင်းကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ကြသည်။

ပြည်ပအခြေစိုက် အတိုက်အခံမီဒီယာများနှင့် ပြည်တွင်း မီဒီယာများကလည်း အစိုးရဖက်မှ ဆွေးနွေးခွင့်များ ၊ စည်းဝေးခွင့်များ ပိတ်ပင်ပါက ပုံကြီးချဲ့ဖော်ပြကာ ဝေဖန်လေကန် မှုတွေ လုပ်ခဲ့ကြပေမယ့် NLD အာဏာပိုင်များမှ ဖိနိပ်မှုအပေါ်မှာတော့ တစုံစရာ ဝေဖန်ခြင်းမျိုး မရှိကြောင်း သတင်းရရှိသည်။

Myanmar Express

အင်တာနက်စနစ်ချို့ယွင်းပါက လျော်ကြေးပြန်ပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား


အင်တာနက်စနစ်ကို ယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှ အပ်နှံသည့် Outsourcing လုပ်ငန်းများကို ပြည်တွင်းမှ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ အင်တာနက်စနစ် ချို့ယွင်းခဲ့ပါက လျော်ကြေးအနေဖြင့် ပြန်လည်ပေးအပ် သွားမည် ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။

ယခုလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေသူများကို အင်တာနက်စနစ်နှင့် ပတ်သက်၍ တာဝန်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဘက်က အင်တာနက်ကို တာဝန်ယူရမှာပါ။ ထို့အတူ ခင်ဗျားတို့ကလည်း အင်တာနက်ပေါ်ကနေ outsourcing ကို ယုံကြည်စိတ်ချစွာနဲ့ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားမှအပ်တဲ့ လုပ်ငန်းများကို လုပ်ကြပါ။ ကျွန်တော်တို့ဘက်က ချို့ယွင်းရင် လျော်မယ်။ စာချုပ်ပါ။ ဒါကလုပ်ငန်းသဘောပေါ့။ ဒီဘက်က ချို့ယွင်းတဲ့ လူက လျော်ကြေးပဲ။

ကျွန်တော်တို့ဘက်က ခင်ဗျားတို့ဆီက အင်တာနက် ငှားရမ်းခဆိုပြီး ပိုက်ဆံယူထားပြီးပြီ။ ပိုက်ဆံယူထားတာကို Good Service ပေးရမှာပေါ့။ အဲဒီအတွက် လျော်ပါ့မယ်။ ဒါနဲ့ ပတ်သက်ပြီး Outsourcing ကို ယုံကြည်စိတ်ချစွာနဲ့ ဝင်ရောက်လုပ်ကိုင်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။

မြန်မာနိုင်ငံသည် အင်တာနက်စနစ်ကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ခြင်း မရှိသည့်အတွက် ပြည်ပနိုင်ငံများမှ နည်းပညာဆိုင်ရာ Outsource လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုနိုင်ကြောင်း၊ အင်တာနက်စနစ် ချို့ယွင်းမှုကြောင့် လုပ်ငန်း များ နှောင့်နှေးခဲ့ပါက ပြည်ပနိုင်ငံများသို့ လျော်ကြေးငွေများ ပြန်လည်ပေး အပ်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ Outsource လုပ်ငန်း ကြီးကြီးမားမားများကို ပြည်တွင်း၌ ယနေ့အချိန်အထိ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုကြဘဲ သေးငယ်သည့် လုပ်ငန်းအနည်းငယ်ကို လုပ်ကိုင်ဆောင်ရွက်နေပြီး ကြီးမားသည့် Outsource လုပ်ငန်းများကို လုပ်ကိုင်လိုပါက ပြည်ပသို့ သွားရောက်လုပ်ကိုင်လေ့ ရှိကြကြောင်း ပြည်တွင်းအိုင်စီတီ စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြောင်းသိရသည်။

Myanmar Express

အွန်လိုင်းလျှပ်စစ်မီတာခ ပေးချေခြင်းအား နေပြည်တော်၌ စတင်ဆောင်ရွက်မည်

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိသည့် လျှပ်စစ်မီတာ ဘီလ်ကျသင့်ငွေများအား အွန်လိုင်းပေးချေခြင်း အား စက်တင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်၌ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ အွန်လိုင်းမှ လျှပ်စစ်မီတာခ ကျသင့်ငွေ ပေးချေခြင်းအား Online Payment Gateway (Y Pay) စနစ်ဖြင့် ပြည်တွင်းရှိ ဘဏ်များနှင့် ချိတ်ဆက်ကာ ရတနာပုံတယ်လီပို့ ဝက်ဘ်ဆိုက်မှတစ်ဆင့် ပေးချေနိုင်မည်ဖြစ်ပြီး အွန်လိုင်း မှ ငွေပေးချေမည်ဆိုပါက သက်ဆိုင်ရာ ဘဏ်များတွင် ၄င်းဘီလ်ဆောင်ရန်အတွက် သီးသန့်အကောင့် ဖွင့်ရမည်ဖြစ်ကြောင်း သိရသည်။ လတ်တလောကာလတွင် AGD Bank၊ CB Bank၊ မြန်မာအရှေ့တိုင်း ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် စသဖြင့် ဘဏ်လေးခုဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားဘဏ်များဖြင့်လည်း မကြာမီချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းမှ ဘီလ်ဆောင်ခြင်းများ၌ လက်ရှိတွင် တယ်လီဖုန်းဘီလ်ဆောင်ခြင်းအား ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

Myanmar Express

ပြည်သူများ အခက်အခဲကို သမ္မတရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်ပြီ


မြန်မာနိုင်ငံသားများအနေဖြင့် တွေ့ကြုံနေရသော အခက်အခဲများကို နိုင်ငံတော်သမ္မတရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ တိုင်ကြားနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက် http://www.presidentoffice.gov.mm ရှိ ပြည်သူ့အသံကဏ္ဍမှတစ်ဆင့် တိုင်ကြားနိုင်မည် ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ “သမ္မတရုံး Mail Box ကို ယခုလို ဖွင့်လှစ်ရတာ နိုင်ငံတော်သမ္မတကြီး အကောင်အထည်ဖော် ဆောင် ရွက်နေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အကြံပြုချက်တွေကို သိရှိနိုင်ဖို့ရယ်၊ ပြည်သူတွေက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြလာတဲ့ အရေးကြီးကိစ္စတွေကို ပြည်သူတွေ အမှန်တကယ် နစ်နာဆုံးရှုံးနေမှုတွေမှာ ရံဖန်ရံခါ ရုံးလုပ်ငန်း အဆင့်ဆင့်အရ ကြန့်ကြာနေတဲ့ကိစ္စတွေကို သိရှိဖြေရှင်းပေးနိုင်ဖို့ နိုင်ငံတော် နိုင်ငံသားတွေအတွက် အလွန်အရေးကြီးတဲ့ National Security နဲ့ National Interest ကိစ္စတွေကို အချိန်မီသိရှိ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အဓိကကတော့ ပြည်သူလူထုတွေဟာ သမ္မတကြီးနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတစ်ခု ပေါ်ပေါက် လာခြင်းအားဖြင့် အမှန်တကယ် ထိခိုက်နစ်နာနေမှုတွေကို သိရှိဖြေရှင်း ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံတော် သမ္မတနဲ့ ပြည်သူတွေကြားမှာ ယုံကြည်မှု ပိုမိုတိုးမြှင့်လာစေဖို့အတွက် ယခုလို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။

တိုင်ကြားလိုသည်များကို တိုင်ကြားသူများအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် တိုင်ကြားလိုသည့် နေရပ်လိပ်စာတို့နှင့် အတူ ဖြည့်စွက်တိုင်ကြားနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်မှတစ်ဆင့် သိရသည်။

“တိုင်ကြားနိုင်တာတော့ ဟုတ်ပါပြီ။ တိုင်ကြားတဲ့စာတွေကိုလဲ နိုင်ငံတော်သမ္မတကိုယ်တိုင် ဖတ်ပြီး ဖြေရှင်းပေးနိုင်ဖို့ လိုတယ်။ အခုလို ဖွင့်ပေးလိုက်တော့ တိုင်ကြားမယ့်စာတွေက နည်းမှာတော့ မဟုတ်ဘူး။ အမှန်တကယ် တိုင်ကြားတဲ့ စာတွေကို သမ္မတရုံးအနေနဲ့ သေသေချာချာ လုပ်ပေးနိုင်ဖို့ လိုမယ်။ လက်ရှိလဲ သမ္မတရုံးမှာ ဝန်ကြီးတွေ အများကြီးဆိုတော့ ဒါကို သီးသန့်ဝန်ကြီးတစ်ဦး ထားပြီးတော့ လုပ်ပေးနိုင်မယ် ဆိုရင်တော့ ပိုကောင်းမယ်ထင်တယ်” ဟု နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအရာရှိတစ်ဦးက သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

လူသားတွေကို အမြဲခြိမ်းခြောက်နေတဲ့ ကိုလက်စထရော

ကိုလက်စထရော(Cholesterol) အလွန်မြင့်မားမှု၊ ကိုလက်စထရော များပြား မှုသည် ခန္ဓာကိုယ်တွင်း အစာချေ ဖျက်မှု သို့မဟုတ် ဓာတ်ပြောင်းလဲမှု ဖြစ်စဉ်မူမမှန်ခြင်း ဖြစ်ပါတယ်။ ၎င်းသည် လူကြီးပိုင်း ၃ဝရာခိုင်နှုန်း လောက်ကို ဒုက္ခပေးပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းများမှ သွေးများကို နှလုံးအိမ်ဆီသို့ သယ်ဆောင်ပေးတဲ့ သွေးကြောကို ရောဂါဖြစ်စေတဲ့ အဓိက အန္တရာယ်ပြုတဲ့ အကြောင်းရင်းခံ တစ်ရပ်ဖြစ်ပါတယ်။ အဓိကအုပ်စုကြီး နှစ်ခုရှိပါတယ်။ ပထမအုပ်စု ပထမ အမျိုးအစားက မျိုးရိုးစဉ်ဆက် ဆင်းသက်လာတဲ့ အသည်းက အစာချေ ဖျက်မှု ဖြစ်စဉ်အားနည်းမှု တစ်ခုဖြစ်ပါတယ်။ ယင်းဖြစ်ရပ်သည် ကလေးအရွယ်မှာ ကိုလက်စထရော အလွန် မြင့်မားမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘဝတစ်လျှောက်လုံး မျက်ခြည်မပြတ် ကုသမှု ပြုလုပ်ရန်လို အပ်ပါ တယ်။

ဒုတိယအုပ်စု ဒုတိယ အမျိုးအစားက လူကြီးပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းက ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ နေထိုင်စားသောက်မှု ပုံစံကြောင့်ဖြစ်ပါတယ်။ အထူး သဖြင့် အစားအစာကို အလွန်အကျွံစားသောက်ခြင်း သို့မဟုတ် မတည့်တဲ့ အစားအစာမျိုးများကို စားသုံးခြင်းကြောင့် ဖြစ်ပါတယ်။ ကိုလက်စထရောသည် အဆီဓာတ်ပါသော ဓာတ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အဆီ မော်လီကျူးများ ဖြစ်ပါတယ်။ ၎င်းဓာတ်သည် ကျွန်ုပ်တို့ Cellsတွေထဲမှာ မပါမဖြစ်ပါတဲ့ ဓာတ်တစ်ခု ဖြစ်ပါတယ်။ ၎င်းဓာတ်သည် Cellsများဖြင့် ဖွဲ့စည်း ထားတဲ့ခန္ဓာကိုယ် အမှေးပါးများထဲမှာ ရှိပြီးသားဖြစ်ပြီး အစာချေဖျက်မှု လမ်းကြောင်းထဲမှာ အများကြီးပါ ဝင်ပါတယ်။ ကိုလက်စထရော လေးပုံမှာ သုံးပုံက အသည်းမှ လာပြီး ကျန်တာ ကိုအစာ မှလာပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ကိုလက်စထရောသည် ခန္ဓာကိုယ်ထဲက Cells များ အားလုံး ဆီကို ရောက်ဖို့ အဆီပါတဲ့ ပရိုတိန်း (Lipoproteins)အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အဓိက ပရိုတိန်းအမျိုးအစားတစ်ခု ဖြစ်တဲ့ (LDL) အဆီပါဝင်မှု ရာနှုန်းနည်းတဲ့ ကိုလက်စထရောသည် အသည်းမှလာသည့် အဆီဓာတ်များကို ပို့ဆောင်ပါတယ်။ သို့သော် သွေးကြောနံရံမှာလည်း တစ်နည်းနည်းနဲ့ အဆီဓာတ် များပြားမှု ဖြစ်နိုင် ဖွယ်ရှိပါ တယ်။ ယင်းဖြစ်စဉ်သည် ဗက်တီးရီးယားများ ပေါက်ပွားနိုင်တဲ့ ကိုလက်စထရော အညှိအနယ် အနှစ်များကိုဖြစ် ပေါ်စေနိုင်ပါတယ်။ (Atheroma အညှိအနယ်အနှစ် လို့လည်းခေါ်ပါတယ်)

၎င်းအနယ်အနှစ်များသည် ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ စီးဆင်းတဲ့ သွေးများကို နှေးကွေးစွာ စီးဆင်းစေလျက် သွေးကြော တဖြည်းဖြည်း ကျဉ်းမြောင်းသွားနိုင်ပါတယ်။ အနယ်အနှစ် များသည် သွေးကြော ကို အနာလည်း ဖြစ်စေနိုင်ပြီး သွေးပျစ်ခဲမှု ဖြစ်စဉ်ရဲ့ အစလည်းဖြစ်ပါတယ်။ သွေးပျစ်ခဲ လာပြီဆိုရင် သွေးစီး ဆင်းမှု ရုတ်တရက်ရပ်တန့် သွားစေ နိုင်ပါတယ်။ ဤနည်း အတိုင်းဘဲ Cellsတွေ ဆီပို့ပေးရတဲ့အောက်ဆီဂျင်နဲ့ သြဇာဓာတ်တွေလည်း ပို့မပေးနိုင်တော့ ပါဘူး။ နှလုံးသို့ သွေးပို့ပေးရတဲ့ သွေးကြောထဲမှာ သွေးပျစ်ခဲမှုဖြစ်ရင် နှလုံးရောဂါ ဖြစ်နိုင်ပါ တယ်။

ဦးနှောက်သွေးကြော သွေးပျစ်ခဲမှုဖြစ်ရင်နဲ့ သိပ်အရေး မကြီးသော သွေးကြောသွေး ပျစ်ခဲမှုရောဂါ၊ ခြေထောက်မှာ ဖြစ်ရင် လေသင်တုန်း ဖြတ်နိုင်ပါတယ်။ အဆီဓာတ် ပါဝင်မှုရာနှုန်း နည်းသော ကိုလက်စထရော အစုအပုံ (VLDL)က အဆီဓာတ် ထုတ်လွှတ်နေစဉ်ကို (Triglycerides)သကြားဓာတ်များများ ပါဝင်တဲ့ အဆီတစ်မျိုး ဖြစ်တည်မှု လို့လည်း ခေါ်ပါတယ်။ ယင်းသကြားဓာတ် များများ ပါဝင်တဲ့ အဆီဓာတ်မျိုး ဖြစ်တည်မှုများခြင်းသည် သွေးကြောကျဉ်းမှု ကိုလည်းဖြစ်စေပါတယ်။

ကိုလက်စထရော အတက်အကျ မမှန်ခြင်းနှင့် သွေးထဲမှာ အဆီဓာတ် ရာနှုန်းပိုခြင်းသည် ရောဂါလက္ခဏာကို မပြပါဘူး။ သင့်မှာအန္တရာယ် ရှိနေပြီဆိုတာ အချက်ပြ လိုက်တာဖြစ်ပါ တယ်။''သွေးထဲမှာ အဆီဓာတ် ပါဝင်မှု အခြေအနေကို စစ်ဆေး''ကြည့်ဖို့လို အပ်ပါတယ်။ ကိုလက်စထရော ပါဝင်မှုရာနှုန်းကို 200mg dl လျော့နည်းလျှင် အကောင်းဆုံးလို့ မှတ်ယူပါတယ်။ ၂ဝဝနဲ့ ၂၃၅ကြားမှာ ရှိပြီး ၂၄ဝထက်ကျော်လျှင် ကိုလက်စထရော အလွန် မြင့်မားတယ် လို့မှတ်ယူပါတယ်။

အကောင်းဆုံး LDLဟာ 130 mg dl အောက်မှာရှိသင့်ပါတယ်။ သို့သော် နှလုံးသွေးကြောရောဂါဆိုးရွားသည့် အခြေအနေမှာရှိတဲ့ ပုဂ္ဂိုလ်တွေသည် ထိုထက်ပိုနည်းတဲ့ အခြေအနေရှိအောင် လုပ် သင့်ပါတယ်။ လက်တွေ့ စမ်းသပ်မှုအရHDLအဆီဓာတ် ပါဝင်မှုမြင့်မားသည့် ကိုလက်စထရော နည်းလေကောင်းလေပါပဲ။ ထိန်းထားရမည့် အဆင့်ကတော့၆ဝmg/dl ကျော်ကျော်လောက်မှာ ထားရှိရပါတယ်။ အထူးသဖြင့် အခြားသော ကြီးမားသည့် နှလုံးရောဂါကို ဖြစ်စေတဲ့ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါရှိခြင်း သို့မဟုတ် မျိုးရိုးစဉ်ဆက် နှလုံးရောဂါပြဿနာ တို့ကဲ့ သို့သော အကြောင်းရင်း တစ်ခုခုဖြစ်ခဲ့ရင် အဆီဓာတ် ပါဝင်မှု အနည်းအများ မမှန်ကန်မှုကို ပြင်းပြင်းထန်ထန် ရရှိနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပြန်လည်ရယူရန် မလုပ်မဖြစ် လုပ်ပါ။ ရှိသင့်တဲ့ ရာနှုန်းထက် အဆီဓာတ်ကြိမ်ဖန်များစွာ များပြားနေမယ် ဆိုရင် ဆေးလိပ်သောက်ခြင်းကို ဖြတ်လိုက်ပါ။ အရက် သောက်ခြင်းကို ဖြတ်လိုက်ပါ။ ကိုလက်စထရောနည်းတဲ့ အစားအစာတွေကို ရွေးချယ်ပြီး ချင့်ချိန်စားသုံးပါ။ ထို့ပြင် လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ရန်လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

Myanmar Express

ရခိုင်-ဘင်္ဂလီရိုဟင်ဂျာအရေးနှင့်ပတ်သတ်ပြီး ဂျကာတာမြို့ရှိ ဗုဒ္ဓဘာသာဝင်များအား အသေခံဗုံးခွဲတိုက်ခိုက်မည့်သူဖမ်းဆီးရမိ

ဂျကာတာဆင်ခြေဖုန်းရပ်ကွက်တွင် အကြမ်းဖက်သံသယရှိသူ အင်ဒိုနီရှား အမျိုးသားတဦးလက်နက်ချ အဖမ်းခံကာ မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသော ရိုဟင်ဂျာများအားပြုမှုများကို မကျေနပ်သည့် အတွက် ဂျကာတာရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက် ရန်ကြံရွယ် ခဲ့သည်ကို ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူမှပြောကြား ခဲ့သည်။

သံသယရှိသူအား Muhammad Toriq ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Boy Rafli Amar မှအတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပါတ်ကတည်းက အသေခံဗုံးခွဲမည့်သူနေထိုင်ရာအိမ်အတွင်းမှ မသင်္ကာဖွယ်ရာမီးခိုးများထွက်ရှိကြောင်းကို အိမ်းနီးချင်းတချို့၏သတင်းပေးဖို့ချက်ကိုလက္ခံရရှိခဲ့သည်။ အသေခံဗုံးခွဲမည်သူနေထိုင်ရာ အိမ်အတွင်းမှ ဒီတိုနေတာ၊သံတိုသံစသေတ္တာနှင့် ပေါက်ကွဲစေသောအရာများကို သိမ်းဆည်းရခဲ့ပြီး ကနဦးစစ်ဆေးတွေ့ရှိချက်အရ အသေခံဗုံးခွဲမည့် Toriq ၏အစီအစဉ်မှာ ဗုံးပြင်ဆင်ပြီး ယနေ့တိုက်ခိုက်မည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ Amar ကတနင်္လာနေ့တွင်မီဒီယာသို့ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ဖမ်းဆီးရမိသူသည်ဘယ်အကြောင်းကြောင့် လက်နက်ချအဖမ်းခဲ့ကြောင်းကိုမသိရှိရသေးကြောင်းနှင့် Toriq တို့၏အသေခံမှာဗုံးခွဲမည့်အစီအစဉ်မှာ ဂျကာတာရှိ ရဲဌာချုပ်၊အမှတ်၈၈ အကြမ်းဖက်ရဲတပ်ဖွဲ့ရုံး၊ရဲစခန်းတခုနှင့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတို့ လက်ရွေးစင်များဖြင့်ပစ်မှတ်ထားတိုက်ခိုက် မည်ဖြစ်ကြောင်းကို ပြောရေးဆိုခွင့်ရှိသူ Amar မှပြောဆိုခဲ့သည်။

Myanmar Express

ဘူဂေးရီးယားမှ လေယာဉ်သစ်များ ရောက်ရှိ

မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) က လာမည့် အောက်တိုဘာတွင် နိုင်ငံတကာ ခရီးစဉ် များတိုးချဲ့ပျံသန်းရန် အတွက် ဘူဂေးရီးယား နိုင်ငံမှ ငှားရမ်းလိုက်သော အဲဘတ်စ် လေယာဉ် နှစ်စင်း သည် ရန်ကုန် မြို့သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း (MAI) မှ ပြောရေးဆိုခွင့်ရှိ သူ ဒေါ်အေးမရသာ က ပြောကြားသည်။

အဆိုပါ လေယာဉ်များ နှင့်အတူ ဘူဂေးရီးယား နိုင်ငံမှ လေယာဉ်မောင် လေယာဉ်မယ်များပါ ပါဝင်လာပြီး မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်း၏ နိုင်ငံတကာ ခရီးစဉ်များ တွင် တာဝန် ထမ်းဆောင်ကြလိမ့်မည် ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

ယခု ရောက်ရှိလာသော လေယာဉ် နှစ်စင်း အပါအဝင် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း တွင် လေယာဉ် ခြောက်စင်း အထိ ရှိလာနေ ပြီဖြစ် ပြီး လာမည့် အောက်တိုဘာတွင် ရန်ကုန် ဘန်ကောက် စင်ကာပူ တစ်ပတ်လည် ခရီးစဉ်နှင့် ဗုဒ္ဓဂါယာ ခရီးစဉ်တို့ကို ပြန်လည်စတင် ရန်ရှိ ကြောင်း ဒေါ်အေးမရသာ ကပြောကြားသည်။

မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း သည် လက်ရှိ ဘန်ကောက်၊ ကွာလ်လမ်ပူ၊ စင်ကာပူ၊ ကွမ် ကျိုး မြို့ကြီး လေး မြို့သို့ ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျှက် ရှိ ပြီး အမေရိကန် ဂျိအီး ကုမ္ပဏီ နှင့် ဘိုးရင်း လေယဉ်များ ဝယ်ယူရေးကို ဆွေးနွေးလျှက် ရှိသည်။

Myanmar Express