Wednesday, September 5, 2012
၅၀၀၀ တန် အိမ်မက် တကယ်နီးစပ်လာပြီလား
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူသည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက သိရှိရသည်။
'' ဒီပုံစံအတိုင်းဆို အခု ဒုတိယဝန်ကြီးအသစ်က အကုန်နားလည်တတ်ကျွမ်း တဲ့သူ ဦးသောင်းတင်ဆိုတော့ မကြာခင် ၂လ ၊ ၃လအတွင်း ဆီးဂိမ်း မတိုင်ခင်မှာ ငါးထောင်တန်ဖုန်း ထွက်နိုင်လောက်ပါတယ်'' ဟု ရွှေပြည် တံခွန်မှ မန်နေဂျင်း ဒါရိုက် တာ ဦးလွင်နိုင်ဦးက ပြောသည်။
ရွှေပြည်တံခွန်ကုမ္ပဏီမှ (၅ဝဝဝ)တန် ဖုန်းထွက်ရှိရေးအတွက် လိုအပ်သည် များကို ပြင်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးများကို ကနဦး စတင်ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း ၄င်းက ဆက်ပြောသည်။
အဆိုပါ (၅ဝဝဝ)ကျပ်တန် မိုဘိုင်းဖုန်းများကို UMTS (Universal Mobile Telecommunication System စနစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး GSM 3G ပုံစံဖြင့် ရောင်းချစီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။
လယ်ယာမြေနည်းဥပဒေများနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပေဒများ ထုတ်ပြန်
နိုင်ငံတော်သမ္မတရုံး၏ (၃၁-၈-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၂ အရ လယ်ယာမြေဥပဒေသည် ၂၀၁၂ ခုနှစ် သြဂုတ် ၃၁ ရက်တွင် လယ်ယာမြေဥပဒေပုဒ်မ ၂ အရ စတင်အာဏာတည်သည်ဟု သတ်မှတ်လိုက်ကြောင်း ကြေညာပြီးဖြစ်သည်။ အဆိုပါ လယ်ယာမြေ ဥပဒေအား လက်တွေ့ ကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ(က)အရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၃၁-၈-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ဖြင့် လယ်ယာမြေ နည်းဥပဒေများကို လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ(က)အရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၃၁-၈-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၂ ဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများကို လည်းကောင်း အသီးသီး ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။ အဆိုပါ နည်းဥပဒေများကို (၅-၉-၂၀၁၂) ရက်တွင် ထုတ်ဝေမည့် လယ်ယာစီးပွား သတင်းအမှတ်စဉ် (၅၈၃)တွင် အချပ်ပိုအဖြစ် ပြည့်စုံစွာ ထည့်သွင်း ထုတ်ဝေ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express
Myanmar Express
ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် အမည်စာရင်း (၁၀)ဦး ထွက်ရှိလာ သော်လည်း NLD နှင့် ဒုတိယ ဘုရားသခင် မပါပြန်
ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် အမည်စာရင်း (၁၀)ဦး ထွက်ရှိလာပြီး အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) ဦးအေးမြင့်ကြူ ( လက်ရှို- အား.ကာ ဒုဝန်ကြီး )
(၂)ဗိုလ်ချုပ်ဇေယျာအောင် ( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး )
(၃) ဒေါက်တာမြင့်အောင် ( ပြည်ထောင်စု ရာထူးဝန် အဖွဲ့ )
(၄) ဦးကျော်လွင် ( လက်ရှိ - ဆောက်လုပ်ရေးဒု ဒုဝန်ကြီး )
(၅) ဦးဝင်းရှိန် ( လက်ရှိ - လယ် / ဆည် ဒုဝန်ကြီး )
(၆) ဒေါက်တာ ကံဇော် ( လက်ရှိ - စီမံ စီးပွား ဒုဝန်ကြီး )
(၇) ဦးမောင်မြင့် ( လက်ရှိ - ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး )
(၈) ဒေါက်တာကိုကိုဦး ( လက်ရှိ - သိပ္ပံ နည်းပညာ ဒုဝန်ကြီး )
(၉) ဦးဌေးအောင် ( လက်ရှိ - ဟိုတယ် ခရီး ဒုဝန်ကြီး )
(၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ( လက်ရှိ - ကျန်းမာရေး ဒုဝန်ကြီး )
တို့ဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးမှပေးပို့သော အမည် စာရင်းများအရသိရသည်။
လက်ရှိတွင် ပြည်ထောင်စု ဝန်ကြီး လစ်လပ်လျက်ရှိနေသော ဌာနများမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဘဏ္ဍရေးနှင့်အခွန် ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၊အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန တို့ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပြည်ထောင်စု ဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ် ရယူရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်အချို့မှ ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတ ပေးပို့ခဲ့သော သဝဏ်လွှာမှာ အတည်ဖြစ်ခဲ့သည်။
ဝန်ကြီးဌာန အရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၀၉ မဲ၊ ကန့်ကွက်မဲ ၄၉ မဲ၊ ကြားနေမဲ ၄၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၁ မဲ၊ ကြားနေမဲ ၄၅ မဲ ဖြင့် အနိုင်ရရှိခဲ့သည်။
Myanmar Express
ဝန်ကြီးစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါသဖြင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ကာ ရုတ်တရပ် ကျန်းမာရေးဖောက်ပြန်ပြီး မွန်းလွှဲပိုင်းလွှတ်တော် ဒေါ်စုမတက်
ဝန်ကြီးအမည်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါသဖြင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ကာ ရုတ်တရပ် ကျန်းမာရေးဖောက်ပြန်ပြီး မွန်းလွှဲပိုင်းလွှတ်တော် ဒေါ်စုမတက်ပဲ ခွင့်ယူသွားကြောင်း သတင်းရရှိသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ဒုတိယ ဘုရားသခင် ဟု သတ်မှတ်ကြပြီး ဒုတိယ ဝန်ကြီးတောင် ဖြစ်မလာတာကြောင့် ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နံနက်ပိုင်း အစီအစဉ်သို့သာ တက်ရောက်ပြီး မွန်းလွှဲပိုင်း အစီအစဉ်သို့ တက်ရောက်ခြင်း မရှိကြောင်း လွှတ်တော် အစည်းအဝေး သို့ တက်ရောက်သတင်းရယူနေသူ MEG သတင်းထောက်က သတင်းပေးပို့သည်။
လက်တလော ဝန်ကြီး အပြောင်းအလဲ တွင် အမျိုးသမီး ၇ ဦးတောင် ပါဝင်သော်လည်း နိုင်ဘယ်ဆုရှင် ဒုတိယ ဘုရားသခင် ဒေါ်အောင်ဆန်းစုကြည် ပွဲမတိုးခဲ့ပေ။
ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ကျမ်းကျိန်စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည် မျက်နှာမအီမသာဖြင့် မက်တက်ရပ်နေတာကို တွေ့ရပြီး ယခုလည်း လုံးဝ ဟန်မဆောင်နိုင်တော့တာကြောင့် လွှတ်တော်အစည်းအဝေးကိုပင် ခွင့်ယူလိုက်ရကြောင်းသိရသည်။
ပွင့်လင်းမြင်သာရမယ်လို့ အမြဲလိုလိုပြောဆိုတတ်ပေမယ့် ယခု လွှတ်တော်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ရုတ်တရပ် ခွင့်ယူလိုက်ခြင်းနှင့် ပတ်သက်ပြီး NLD မှ တစုံတရာ ထုတ်ပြန်ကျေညာတာမျိုး မရှိခဲ့ပါဘူး။

NLD ပါတီ အား လွတ်လပ်စွာ ဆန္ဒပြသူ ပါတီဝင် ခေါင်းဆောင် နှစ်ဦးအား NLD ပါတီမှ ဖြုတ်ထုတ်ရှင်း လုပ်ခံရ
NLD ပါတီ အား လွတ်လပ်စွာ ဆန္ဒပြသူ ပါတီဝင် ခေါင်းဆောင် နှစ်ဦးအား NLD ပါတီမှ ထုတ်ပယ်ခံရကြောင်း သတင်းရရှိသည်။ မြောင်းမြဆန္ဒထုတ်ဖော်မှုအတွက် ဒီချုပ် ဗဟိုမှ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး ဦးဆောင် ဆန္ဒဖော်ထုတ် သူနှစ်ဦးအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ကြောင်း သိရသည်။
၎င်း ပြဿနာအတွက် မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၏ ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)မှ စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ယင်းကြေညာချက်တွင် မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲ ကိစ္စနှင့်စပ်လျဉ်းပြီး စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ဆန္ဒဖော်ထုတ်ပွဲကို အဓိက ဦးဆောင် ဆောင်ရွက်သူများမှာ ဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့ဖြစ်ကြပြီး လူတစ်ဦးတစ်ယောက် မြို့နယ်ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ မဖြစ်သည်ကို အကြောင်းခံသည်ဟု သိရကြောင်း၊ ဆန္ဒဖော်ထုတ်ရန် ဦးဆောင်သူ ဦးမြင့်ကျော် ၊ ဦးဝင်းရွှေ (ခ) ရွှေမှိုင်း တို့အား ဗဟိုညီလာခံကျင်းပချိန်ထိ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားလိုက်ကြောင်းဖြင့် ဖော်ပြထားခဲ့သည်။
NLD ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီ ပါတီကြီး တစ်ခုဖြစ်ပြီး လွတ်လပ်စွာ ဆန္ဒဖော်ထုတ်သူများကို အခုလို ပါတီမှ ထုတ်ပယ်ခြင်းဟာ စိတ်ပျက်စရာ ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
၂၄ နာရီ မီးရရှိရေး ဆန္ဒပြပွဲတစ်ခု မှ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဆန္ဒပြခြင်းသည် ပြည်သူတို့၏ လုပ်ပိုင်ခွင့်ဖြစ်ကြောင်း လူကြားကောင်းအောင် မိန့်ခွန်းပြောခဲ့ဖူးပြီး ၎င်း ကိုယ်တိုင်ကတော့ ဆန္ဒပြသူ ပါတီဝင်များကို ဖြုတ်ထုတ်ရှင်း လုပ်နေကြောင်း မြင်တွေ့နေရသည်။
၎င်း ကိစ္စနှင့် ပတ်သက်ပြီး ဖြုတ်ထုတ်ရှင်းလုပ်ခံရသူ ခေါင်းဆောင်များနှင့် ဆန္ဒပြခဲ့သူ ပါတီဝင် ၅၀၀ ကျော်မှ မကျေမနပ်ဖြစ်လျှက်ရှိပြီး NLD ၏ အတွင်းရေး မသမာမှုများကို မကြာခင်မှာ ဖွင့်ချမည်ဖြစ်ကြောင်း သိရသည်။ အနယ်နယ်အရပ်ရပ်မှ NLD ပါတီဝင်များကလည်း ဗဟိုဦးစီး မှု လွန်ကဲပြီး လွှတ်လပ်စွာ ဆန္ဒပြ ဖော်ထုတ်သူကို ဖြုတ်ထုတ်ရှင်း လုပ်မှုအတွက် အချင်းချင်း မကျေမနပ်မှုများ ပိုမိုကြီးထွားလာကြကြောင်း သိရသည်။
ယခု ရက်ပိုင်းအတွင်း NLD ပါတီအတွင်း ရင်ကြားမစေ့နိုင်ပဲ မြောင်းမြ၊ ကော့သောင်း၊ မန္တလေး နှင့် တွံတေး NLD တို့တွင် အသီးသီး ပြိုကွဲမှုများ ဖြစ်ခဲ့သည်။
Myanmar Express
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးလည်းနှုတ်ထွက်ရ၊ လွှတ်တော်ဒု - ဥက္ကဌ နှစ်ဦးလည်းနူတ်ထွက်ကြရ တော့မည့် ဒုက္ခပေးသည့် ပုဒ်မ (၂)၊ (ဇ)
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအကြား လွှတ်တော်ရေးရာ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်ဟုတ်-မဟုတ်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ အပြန်အလှန် အငြင်းပွါး၊ အချင်းများလျက်ရှိရာ ယခုအခါ အထွတ်အထိပ်တို့ရောက်လျက်ရှိပြီး မကြာမီရက်များအတွင်း ခုံရုံးအား စွပ် စွဲပြစ်တစ်မှုများကို အမျိုးသားလွှတ်တော်မှစတင် လုပ်ဆောင်လာဖွယ်ရာရှိပါသည်။ ထိုအချင်းများမှုတွင် တပ်မတော် သား ကိုယ်စားလှယ်(၃) ဦး၏ဆွေးနွေးချက်အရ တပ်မတော်မှာ ခုံရုံးဘက်မှရပ်တည်နေကြသည်ကိုတွေ့ရသဖြင့် အငြင်း ပွါးမှုမှာ စစ်အာဏာသိမ်းရေးသို့ပြန်လည်ဥိီးတည်သွားလိမ့်မည် လားဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့ကစိုး ရိမ် နေကြပါသည်။
(ကျားဖြူ)ပါတီမှ၊ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၏ အမြင်တွင်၊ ပြဿနာပေးနေသည့် ဥပဒေပုဒ်မမှာ လွှတ်တော်ဆိုင်ရာဥပဒေများတွင်ပါရှိသော အခန်း(၁)၊ ပုဒ်မ(၂) အပိုဒ်ခွဲ(ဇ) တွင်ဆိုထားသည့်-
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၊ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကို လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုဆိုသည်။
ထိုအပိုဒ်တွင်ပါရှိသော လွှတ်တော်များကဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုပြည်ထောင်စုအဆင့် အဖွဲ့အစည်းဟုအဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ခြင်းမှာ အခြေခံဥပဒေနှင့်မညီဟု ခုံရုံးကဆိုပြီး၊ သမ္မတ၊ ပြည်ထောင်စုအစိုးရအ ဖွဲ့နှင့် တပ်မတော်တို့ကထောက်ခံလျက်ရှိသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဘက်ကမူ လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များကို မဆို ထားဘိ ကိုယ်စားလှယ်တစ်ဦးချင်းသည်ပင်လျင် ပြည်ထောင်စုအဆင့်ဥပဒေပြုအဖွဲ့အစည်းဝင်ဖြစ်သည်ဟု ဦးရဲထွန်းက မှတ်ယူသည်။ ပြည်ထောင်စုအဆင့်ဥပဒေပြုအဖွဲ့အစည်းဝင်ဟု သုံးနှုံးသင့်ကြောင်း၊သို့မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထား သောပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်ဆိုသည်နှင့်ခြားနားမည်ဖြစ်သည် ဟုဆိုပါသည်။ အကြောင်း မှာ အခြေခံဥပဒေအရ ဥပဒေပြုသည့်လွှတ်တော်များမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်နှင့် ပြည်ထောင်စုအဆင့် ဟု နှစ်ဆင့်သာရှိသောကြောင့်ထိုယူဆချက်မှာ အခြေခံဥပဒေနှင့်ကိုက်ညီမှုရှိပါသည်ဟု ဦးရဲထွန်းကဆိုပါသည်။
သို့ဖြစ်၍ အထက်ဖေါ်ပြပါ ပုဒ်မ(၂) အပိုဒ်ခွဲ(ဇ) ပါအဓိပ္ပါယ်ဖေါ်ပြချက်ကို ရှင်းလင်းတိကျအောင်ခွဲခြားရေးသား ကာ ဥပဒေသစ်ပြဌာန်းနိုင်ပြီး နိုင်ငံတော်သမ္မတက ခုံရုံးသို့တင်ကာထပ်မံမကန့်ကွက်မှသာလျှင် ပြဿများအေးအေးချမ်း ချမ်းနှင့်ပြီးစီးသွားနိုင်ကြောင်းသိရပါသည်။
ဦးရဲထွန်းတင်ပြသည့်အကြံပြုချက်မှာ အဆိုပါအပိုဒ်ကိုအောက်ပါအတိုင်း ပြင်ဆင်ရေးသားသင့်သည်ဟုဆိုသည်။ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်း ဆိုသည်မှာပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီ၊ ဘဏ္ဍာရေး ကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင် စုရွေး ကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကိုခေါ်သည်။
လို့ရေးသားပြီး နောက်တစ်ပိုဒ်မှာ -
- ပြည်ထောင်စုအဆင့်လွှတ်တော်အဖွဲ့အစည်းဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုခေါ်သည်။
လို့ ခွဲခြားပြီးအဓိပ္ပါယ်ဖွင့် သင့်တယ်လို့ ပြောကြားပါတယ်။ ထိုသို့ရေးသားမှသာလျင် ပြည်နယ်နှင့် တိုင်းဒေသကြီးအ ဆင့် လွှတ်တော်အဖွဲ့အစည်းများနှင့်ရောထွေးမှုမရှိဘဲ ကွဲပြားခြားနားမှာဖြစ်တယ်လို့ ဦးရဲထွန်းကဆိုပါသည်။
ပြည်ထောင်စုအဆင့်လွှတ်တော်များကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များသည် ပြည်ထောင်စုအဆင့်ရှိ ကြောင်းကို အခြေခံဥပဒေ ပုဒ်မ ၁၄၀ (ခ) နှင့် ပုဒ်မ ၁၆၀ (ခ) တို့အရရှင်းလင်းစွာသိမြင်နိုင်သည်ဟုဦးရဲထွန်းကဆို သည်။
ထိုအပိုဒ်တွင်ရေးသားထားသည်မှာ -
ပြည်သူ့လွှတ်တော်ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့အစည်းများ၏ အစည်းအဝေးများသို့ ယင်းကော်မတီ၊ ကော်မရှင် သို့မဟုတ်အဖွဲ့အကြီးအမှုး၏ ခွင့်ပြုချက်ဖြင့်တက်ရောက်သည့်အခါ မိမိအဖွဲ့အစည်းနှင့်သက်ဆိုင်သောဥပဒေ ကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရှင်းလင်းပြောဆိုဆွေးနွေးခွင့်ရှိသည်။
ယခုအခါ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ၏ ဥပဒေ ပုဒ်မ(၂) အပိုဒ်(ဇ) ပါ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဆိုသည်မှာ လွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များကို ရည်ညွှန်းကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ညီညွတ်ပါသည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ က ရပ်ခံထားသဖြင့် လွှတ်တော်နှစ်ရပ်၏ ဒုတိယဥက္ကဌများမှာ တည်ဆဲဥပဒေများအရ နူတ်ထွက်ရမည့်အနေအထား ဖြစ်နေကြောင်းဦးရဲထွန်း က သုံးသပ်ပြောဆိုပါသည်။ မနူတ်ထွက်ပါက ထိုကိစ္စကို ပြည်ထောင်စုအစိုးရ ရှေ့နေချုပ်က ထောက်ပြ ကန့်ကွက် လာနိုင်ကြောင်းဆိုပါ သည်။
တည်ဆဲ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥပဒေပုဒ်မ (၁၇)တွင် လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများကို ရည်ညွှန်းလျက် ဆိုထားသည်မှာ -
၁၇ ။ ဥက္ကဌ၊ သို့မဟုတ် ဒုတိယဥက္ကဌ သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်းခံရပါက ဥက္ကဌ သို့မဟုတ် ဒုတိယဥက္ကဌအဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။
လွှတ်တော်နှစ်ရပ်ရှိ လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဌများဖြစ်ကြသော လွှတ်တော် ဒုတိယဥက္ကဌ များမှာ လွှတ်တော်နည်းဥပဒေ ၅၄ အရတာဝန်ထမ်းဆောင်နေခြင်းမှာတစ်နှစ် ကျော်ကာလသို့ပင်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းက ဆိုထားသည်မှာ -
၅၄။ လွှတ်တော်အခွင့်အရေးကော်မတီကို ၁၅ ဦးထက်မပိုသော လွှတ်တော်ကိုယ်စားလှယ် များဖြင့်ဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် လွှတ်တော်ဒုတိယဥက္ကဌသည် ရာထူးအလျောက် ကော်မတီ၏ ဥက္ကဌအဖြစ်ဆောင်ရွက်ရမည်။ထိုသို့ဖြစ်နေခြင်းကြောင့် ထိုကိစ္စကိုနှစ်ဦးနှစ်ဘက်အကျိုးရှိစွာဖြေရှင်းနိုင်ရေးအတွက် သမ္မတ နှင့်ခုံရုံး ဘက်ကလည်း ပြည်ထောင်စုအဆင့်လွှတ်တော်များ ကဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကို ပြည်ထောင်စုအဆင့်လွှတ်တော်အဖွဲ့အစည်းများဖြစ်ကြသည် ဟု ပြင်ဆင်ရေးသားမည်ကိုလက်ခံရန်လိုအပ်ကြောင်း ။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဘက်ကလည်း - ပုဒ်မ (၂) ၊ အပိုဒ်(ဇ) ပါ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ ဆိုသည့်စကားရပ်သည် လွှတ်တော်များကဖွဲ့စည်း သည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုရည်ညွှန်းခြင်းမဟုတ်ကြောင်းကို ပုဒ်မ(၁၇) နှင့် နည်းဥပဒေပုဒ်မ (၅၄) ကိုထောက်၍ လက်ခံသင့်ကြောင်း ဦးရဲထွန်းက ဖွင့်ဆိုရှင်းပြခဲ့ပါသည်။
ထိုသို့နှစ်ဦးနှစ်ဘက်လက်ခံခဲ့ပါလျင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်လည်းကောင်း၊ ခုံရုံးကို စွပ်စွဲပြစ်တင်ကာ ဖြုတ်ချပစ်ရန်လည်းကောင်း၊ လိုအပ်မည်မဟုတ်တော့ဘဲ အေးအေး ချမ်းချမ်းဖြင့်ပြီးစီး သွားနိုင်ကြောင်း သိရှိရပါသည်။
မှတ်ချက်။ ။ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေတို့တွင်ပါရှိသော ပုဒ်မ(၁၇) မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ နှင့်ညီညွတ်မှုမရှိပါ။ ထိုပုဒ်မတွင် လွှတ်တော်ဥက္ကဌများကို ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ်ပါဝင်ထည့်သွင်း ဖွဲ့စည်းထား သဖြင့် ထိုပုဒ်မ (၁၇)ကိုလည်းအောက်ပါအတိုင်းပြင်ဆင်သင့်ပါသည်။
၁၇ ။ ဥက္ကဌ၊ သို့မဟုတ် ဒုတိယဥက္ကဌ သည် အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီမှ အပ ဖြစ်သောပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်းခံရပါက ဥက္ကဌ သို့မဟုတ် ဒုတိယဥက္ကဌအဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

တားမြစ်ထားသည့်ကြားမှ သံဃာတော်များ တတိယမြောက်နေ့ သမ္မတကြီး ဦးသိန်းစိန်ကို ဆက်လက်ထောက်ခံ ဆန္ဒပြနေ
မန္တလေးမြို့တွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်း အမိန့်အား စက်တင်ဘာလ ၃ ရက်နေ့ နံနက်(သန်းခေါင်)၁နာရီတွင် ပြန်လည်ပိတ်သိမ်း ခဲ့သော်လည်း စက်တင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် သံဃာတော်အပါး တစ်ရာကျော်မှ စီတန်းလှည့်လည်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။
“သူတို့ရဲ့အခွင့်အရေးကို ချိုးနှိမ်ခံရတဲ့အတွက် ဆက်လက် ဆန္ဒထုတ်ဖော်ကြတာပဲ။ ဒါပေမယ့် ဆန္ဒထုတ်ဖော်တဲ့ သံဃာတွေကို စည်းတွေဘောင်တွေ မကျော်ဖို့အတွက် သတိပေးတာမျိုးနဲ့ ကြီးကြပ်မယ့် သံဃာတော်တွေ စေလွှတ်ထားတာမျိုး ရှိပါတယ်။ ခုလိုဆန္ဒထုတ်ဖော်ဖို့ အတွက် သုံးရက်တင်ပြထားတာပဲ။ ဒါကိုအားပေးထောက်ခံပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်သမ္မတကို ထောက်ခံတာကို တားမြစ်ခံရတာ ဆိုတော့ ကိုယ့်အဖေကို ချစ်တယ်လို့ လူကြားသူကြားမှာ မပြောရဲတဲ့ ကလေးငယ်တွေရဲ့ဘ၀လိုဖြစ်နေတာ အင်မတန် ရင်နာစရာကောင်းပါတယ်”ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့ပါသည်။
Mynmar EXpress

ကုလားဟာ ဘင်္ဂလီ -အမေရိကပြည်ထောင်စုမှာ ပြောပြီ
ကုလားဟာ ဘင်္ဂလီ- မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးဆိုတာ မရှိ-တိုင်းရင်းသားလဲ မဟုတ်-အမေရိကပြည်ထောင်စုမှာ ပြောပြီအမေရိကပြည်ထောင်စုအစိုးရက ( Managing Media and Rupblic ) အစီအစဉ်အရမြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့ သည် ။
၎င်းအစီအစဉ်မှာသြဂုတ်လ၂၇ရက်မှစက်တင်ဘာလ၁၄-ရက်နေ့ ထိရက်သတ္တသုံးပတ်ကြာမြင့်မည်ဖြစ်သည် ။
ထို့ ကြောင့် နိုင်ငံရေးပါတီများမှကိုသန်းဇေါ်အောင် ( DP ) ။ ကိုဇင်မောင်မောင်ဋ္ဌေး( NUP ) ။ကိုစိုင်းဝင်းမြင့် ( SNDP ) ။ ကိုမောင်ဝင်းစိုး ( RNDP )ကိုထိယန်အုပ်ထန်း( CND ) ။ကိုကျော်သူရ(NDF ) ။ ကိုစိန်ထွန်း ( CPP )။ Wali Ullah ( National Democratic Party of Development ) ။ တို့ လေ့လာရေးခရီးရောက်ရှိလာခဲ့  ကြသည် ။
လေ့လာရေးအဖွဲ့ မှာ အမေရိကပြည်ထောင်စုဝါရှင်တန်မြို့ တွင် ပထမလေ့လာရေးဖြစ်ပြီး ဒုတိယအစီအစဉ်အဖြစ်ဖလော်ရီဒါပြည်နယ် ၊ တတိယအစီအစဉ်အဖြစ် အိုင်အိုးဝါးပြည်နယ်ဖြစ်ပြီး၎င်းမှတဆင့် ကာလီဖိုးနီးယားပြည်နယ် သို့ သွားရောက်ကာ စက်တင်ဘာလ -၁၅-ရက်နေ့ တွင် ပြန်လည်ထွက်ခွါသွားကြမည့် အစီအစဉ်များ ရှိသည် ။
ဝါရှင်တန်ဒီစီတွင် လေ့လာရေးကို -၂-ရက်ပြုလုပ်ချိန် -သြဂုတ်လ-၂၉-ရက်နေ့ ၌( Freedom House –1301, Comnecticut avenue –Washington –Dc )ခန်းမမှာပြုလုပ်ခဲ့ ရသည် ။
Mr-Robert Heman က ဥက္ကဋ္ဌဖြစ်ပြီးမြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် လွပ်လွပ်စွာ မေးကြမြန်းကြလေ့လာ ကြနှင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ ကြသည် ။
၎င်းဆွေးနွေးပွဲတွင်လေ့လာသူများက မိမိတို့ ၏ ပါတီအမည်နှင့် နာမည်များကိုမိတ်ဆက်စကားပြောကြပြီး မိမိတို့  သိလိုသမျှနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ ကြသည် ။
သို့ သော်လည်း ရခိုင်ပြည်နယ် ဘူးသီတောင်မြို့ နယ်မှ ကုလား ( WaliUllah )က သူသည် ရိုဟင်၈ျာပါတီမှဖြစ်ကြောင်း ။ ယခုဖြစ်ပျက်နေသောရိုဟင်ဂျာလူမျိုးများ၏ ရခိုင်ပြည်နယ်မှ အခြေအနေများကို ပြောပြရလျှင်ငိုချင်ပါကြောင်း ၊ ရိုဟင်ဂျာလူမျိုးများအား ကူညီပေးစေလိုပါကြောင်းကို-၃-မိနစ်ခန့် အစည်းအဝေး ဆွေးနွေးချက်များနှင့် မည်သို့ မျှ မပါတ်သက်မဆီမဆိုင်ဘဲပြောဆိုသွားသည် ။
သူပြောပြီးနောက်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးမှူးဖြစ်သူ ကိုမောင်ဝင်းစိုးက ချက်ချင်းပင် ဖြေရှင်းကန့် ကွက်တင်ပြလိုက်ရသည် ။
ကိုမောင်ဝင်းစိုးက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးများမရှိကြောင်း ။သူတို့ လူမျိုးကို ကုလားလို့ ခေါ်ကြောင်း ။ ကုလားဆိုသည်မှာဘင်္ဂလီမူဆလင်ခေါ်တောများကို ရခိုင်ပြည်နယ်တွင်မှာပါမက မြန်မာနိုင်ငံမှာပါခေါ်ဝေါ်ကြောင်း ။
ယင်းသို့ ခေါ်ဝေါ်ကြခြင်းမှာနှိမ့်ချခေါ်ဝေါ်ခြင်းမဟုတ်ကြောင်း ။ ဘင်္ဂလီမူဆလင်ခေါ်တောလူမျိုးများမှာတဘက်နိုင်ငံက ခိုးဝင်လာသောလူမျိုးများသာဖြစ်ကြောင်း ။ အိမ်ရှင်ကိုစော်ကားသူများသာဖြစ်ကြောင်း ။ ဧည့်သည်များမှာ ဧည့်သည်လို မနေဘဲအိမ်ရှင်ကို စော်ကားလာသော ပြသနာများဖြစ်ပါကြောင်း ။
မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးထဲတွင်(ရိုဟင်ဂျာ ) ဆိုသောလူမျိုးမှာ မပါကြောင်း ပြောဆိုကြေညာထားပါကြောင်း ( ၈ )မိနစ်ခန့် သေသေချာချာ ရှင်းပြသွားခဲ့ သည် ။
ယင်းသို့ ရှင်းလင်းတင်ပြသည်များကို ( Freedom House ) ဥက္ကဋ္ဌ ( Robert Haman ) ကမှတ်တမ်းတင်ထားမည့် အကြောင်း ပြောဆိုသွားသည် ။
ကိုမောင်ဝင်းစိုး၏ ဖြေရှင်းပြောဆိုချက်မှာ ထိရောက်အောင်မြင်သွား၍ လေ့လာရေးခရီးစဉ်တွင်ပါလာသူများက အထူးအားရနှစ်ထောင်းဖြစ်ကြရသည်ဟု သိရသည် ။
ယခုလို ရိုဟင်ဂျာပါတီကပါဟု ပြောပြီး လေ့လာရေးခရီးစဉ်တွင် ပြောကြားသော( Wali Ullah ) မှ သူတို့ ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ကာပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်ဟု မိတ်ဆက်ပြောဆိုသွားသည် ။
သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဟုကမ္ဘာကိုတိကျ သေချာစွာပြောဆိုထားရာ ယခုကဲ့ သို့  အမေရိကပြည်ထောင်စုဝါရှင်တန်ဒီစီမြို့ တွင် လေ့လာရေးခရီးစဉ်၌ ယခုကဲ့ သို့ ထုတ်ဖေါ်ပြောဆိုခြင်းကို မည်သို့ မျှ ခွှင့်လွှတ်နိုင်စရာ အကြောင်းမရှိ ။
လေ့လာရေးခရီးစဉ်များတွင် ပါဝင်ကြသူ အခြားသော ကိုယ်စားလှယ်များကလည်း ၄င်း(Wali Ullah ) နှင့် ပတ်သက်၍ အထူးစောင့်ကြပ်ကြည့်ရှူနေကြရာ သူကအခြားသူများနားမလည်သောကုလားစကားများနှင့်တိတ်တခိုးဖုံးဖြင့်ဆက်သွယ်ပြောနေသည်ကို တွေ့ နေရသည်ဟုဆိုသည် ။
နိုင်ငံတကာသို့  အစိုးရမှ ကိုယ်စားလှယ်များအဖြစ် စေလွှတ်သောအခါ ယခုကဲသို့  သမ္မတဦးသိန်းစိန်၏ မျက်နာကို ခြေထောက်နှင့် တက်နင်းစေသည့်အပြောအဆိုများ ၊ နိုင်ငံကိုသိက္ခာကျစေအောင် ဖန်တီးသူများ မဖြစ်ရအောင်အထူးစီစစ်ပြီး စေလွှတ်ရ မည်ဖြစ်တော့သည် ။
မကြာခင်မှာပင် အမျိုးသားပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အင်ဒိုနီးရှားနိုင်ငံသို့ ကိုယ်စားလှယ်သုံးဦးနှင့်အတူ လွှတ်တော်ညီလာခံအပြီး လေ့လာရေးခရီးသွားရောက်ကြတော့မည်ဖြစ်သည် ။
ဤသို့ သွားရောက်မည်ဆိုခြင်းကို ပြည်သူလွှတ်တော်၌ မကြေညာသေးသော်လည်းဝန်ကြီးဋ္ဌါနများမှ ဤသတင်းပေါက်ကြားလာသည် ။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်နှင့်သွားရောက်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးဟုသတ်မှတ်ခြင်းခံရသော သူများမဟုတ်ဘဲာယီဧည့်နိုင်ငံသားမှတ်ပုံတင်ကိုကိုင်ဆောင်ထားသူများဖြစ်ကာဤသို့ လွှတ်တော်ကိုယ်စား လှယ်များဖြစ်အောင်နှင့် ပါ့စ်ပို့ များရအောင် အဓိကဖန်တီးလုပ်ကိုင်ခဲ့ သူမှာ ( မောင်ဦး ) ကဆောင်ရွက်ပေးခဲ့ သည်ဟုသတင်းများ ထွက်ပေါ်နေသည် ။
ယာယီဧည့်နိုင်ငံခြားသားများကိုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းမခံရမှီကပင်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာကော်မရှင်ထိတိုင်ကြားခဲ့သောကြောင့် ၄င်းသူများမှာ ရွေးကောက်ပွဲဝင်ရန်အရည်အချင်း ပြည့်မှီသူများ မဟုတ်ကြချေ ။
သို့ သော်လည်း ဗဟိုရွေးကောက်ပွဲကော်မရှင်မှ နေပြည်တော်မှနေပြီး၎င်းယာယီ ဧည့်နိုင်ငံသား ကဒ်ပြားကိုင်ဆောင်သူများအား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့ ရာဘင်္ဂလီမူဆလင်လူဦးရေထူတပ်သောဘူးသီးတောင်နှင့် မောင်တောမြို့ တွင် သူတိုက ရွေးချယ်ခံခဲ့ ကြရသည် ။
သို့ သော် သူတို့  ရွေးချယ်ခံခဲ့ ကြရသောနိုင်ငံရေးပါတီမှာ ( national Democratuc Oarty forDevelopment )ဟုပြောဆိုသော်လည်း သူတို့ ကိုယ် သူတို့ က ရိုဟင်ဂျာပါတီဟုထုတ်ဖေါ်ပြောဆိုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည် ။
ယခုကဲ့ သို အမျိုးသားပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် သွားရောက်မည့်သူတို့ မှာ အင်ဒိုးနီးရှားနိုင်ငံသို့ ရောက်သွားလျှင် ဦးခင်အောင်မြင့်ကရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ကိုမောင်ဝင်းစိုးလိုချက်ချင်းတုန့် ပြန်ပြောဆိုရဲပါမည်လားဆိုသည်မှာ စောဒကတက်စရာ ဖြစ်နေပါသေးသည် ။
သို့ သော် တုန့် ပြန်ပြောဆိုနေရခြင်းထက် အင်ဒိုနီးရှား ခရီးစဉ်အားသွားရောက်ရာ၌အခြားသော နိုင်ငံရေးပါတီများကိုသော်၎င်း အစိုးရမှစေလွှတ်သင့်သည်ဟုထင်မြင်ယူဆမိသည် ။
အဘယ့်ကြောင့်ဆိုသော် နောက်သွားမည့်ကုလားကိုယ်စားလှယ်က လွှတ်တော်မှာတောင် သမ္မတက ပြောဆိုသော စကားတွေဟာအဓိပ္ပါယ် မရှိပါကြောင်းလို့ ပြောကြားခဲ့ ပါပြီ ။
အမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်၏အင်ဒိုနီးရှားခရီးစဉ်တွင်နိုင်ငံသားမဟုတ်သောအမတ်(၃)ဦးလိုက်ပါမည့် သူများမှာအာက်ဖေါ်ပြသူများဖြစ်သည်။
(၁) ဦးဇါကီးအာမတ် -၁၂/ပဘတ( နိုင်) ၀၂၉၉၅၁--( ဘ ) နုရ်အာလမ် -၁၁/မတန( (ယ ) ၀၉၂၂၂၈-မိ-ခေါတိဇါ-၁၁/မတန( ယ ) ၀၉၂၂၂၈ ဖြစ်ပြီး သူ့ အားမောင်ဦးမှလာဘ်ငွေစားပြီး ထုတ်ပေးခြင်းဖြစ်သည်ဟု သိရသည် ။
မိဘနှစ်ဦးစလုံးမှာယယယီကဒ်ပြားမျှသာ ကိုင်ဆောင်ထားသူဖြစ်ပါလျှက်နှင့် ဦးဇါကီးအာမတ်ကပန်းဘဲတန်းမြို့ နယ် ရန်ကုန်မှ မှတ်ပုံတင်ကဒ်ရရှိထားသည်မှာလိမ်လည်ရယူထားခြင်းဖြစ်ကြောင်း သိနိုင်သည် ။
( ၂ ) ဦးဇါယဒ်ရော်မန် -MDW--၂၄၇၄၇၇ -ယခု( နိုင် ) ၁၁-မတန( ယ ) ကိုင်ဆောင်ထားသူဖြစ်သည် ။
မောင်တောမြို့ က ယာယီကဒ်ပြားကိုင်ဆောင်သူမှာ လွှတ်တော်ကိုယ်စားလှယ်၏အရည်အချင်းနှင့် ကိုက်ညီမှုရှိမရှိကို နေပြည်တော်ဗဟိုရွေးကောက်ပွဲကော်မရှင်မျှမည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲဝင်ခွင့်ပြုရပါသနည်း ။
ဦးဇါယဒ်ရော်မန်၏ ( ဘ ) အိုဆီဒူရော်မံ -AKB-၀၄၇၂၇-( မိ ) ဇိန်ရ်ဘာဟာ -AKB-၁၀၈၃၆၈ -ဖြစ်သည် ။
မိဘနှစ်ဦးစလုံးက စစ်တွေမြို့ မှ ယာယီကဒ်ပြားကိုသာ ကိုင်ဆောင်ရပြီး သားဖြစ်သူကမောင်တောမြို့ မှနိုင်ငံသား -ယာယီကဒ်ပြား ကိုင်ဆောင်ထားခြင်းမှလိမ်ညာယူထားခြင်းဖြစ်ကြောင်း ထင်ရှားနေသည် ။
ဦးအဒူရာဇတ် -( ၁၁/မတန ( ယ) တို့ သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြရာ ယခုကဲ့ သို့ တိုင်းရင်းသားလူမျိုးမဟုတ်သူများက မည်သည့်အတွက်မှတ်ပုံတင်ရသွားရသနည်းဆိုသည်မှာ ပြေးကြည့်စရာမလို ။
ထို့ ကြောင့်သူတို့ အားချက်ချင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်များမှရုပ်သိမ်းပြီးအမြန်ဆုံးထုတ်ပါယ်ရေးကို ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ပြောချင်သည် ။
သို မဟုတ်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှာအင်ဒိုနီးရှားနိုင်ငံခရီးစဉ်အတွင်း ဤလွှတ်တော်ကိုယ်စားလှယ် များ၏ပြောဆိုနေသော စကားများကိုကြားသိရသည်နှင့်တလုံးတပါဒမျှ မဖြေရှင်းဘဲမြန်မာနိုင်ငံသို့  ပြန်လာခဲ့ ပြီးမှအရေး ယူဆောင်ရွက်ရမည်ဆိုပါကကျော်မကောင်း ကြားမကောင်း ဖြစ်ရပါတော့မည်ဟုထင်မြင်ယူဆရပါကြောင်း ။။
Myanmar Express
KNU နှင့် အစိုးရ ကျင့်ဝတ်ဆိုင်ရာ သဘောတူညီမှု ရယူ
ကရင်အမျိုးသား အစည်း အရုံး-ကေအင်န်ယူနှင့် အစိုးရ တို့ တတိယအကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် ကေအင်န်ယူမှ ရေးဆွဲတင်ပြ သောနှစ်ဦးနှစ်ဖက် လိုက်နာ ရမည့် ကျင့်ဝတ်များ အား နှစ်ဖက်စလုံးမှမူအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။''နှစ်ဖက်လိုက်နာရမယ့် ကျင့် ဝတ်တွေကို ကေအင်န်ယူက ရေး ဆွဲပြီးတင်ပြတယ်။ အဲဒီဟာကို ဆွေးနွေး၊ ပြင်ဆင်၊ ဖြည့်စွက်ပြီး တော့ဒုတိယမူကြမ်းကို ထပ်ဆွေး နွေးကြတယ်။ အဲဒီကျင့်ဝတ် ဒုတိယ မူကြမ်းကို နှစ်ဖက်စလုံး မူအား ဖြင့် သဘောတူကြပါတယ်'' ဟု ကေအင်န်ယူပြောရေးဆိုခွင့်ရှိသူ မနော်မေဦးက ပြောသည်။
ဆွေးနွေးပွဲတွင် ပြည်သူလူထု ၏ ဘဝလုံခြုံမှုကို အာမခံပေးနိုင် သောနှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်များနှင့် တပ်အရွှေ့ အပြောင်းကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ဆို သည်။
မူအားဖြင့်သဘောတူညီခဲ့ ကြသော ကျင့်ဝတ်ဒုတိယမူကြမ်း တွင် နယ်မြေစိုးမိုးရေး၊လူ့အခွင့် အရေးချိုးဖောက်မှုနှင့် ပြည်တွင်း ဒုက္ခသည်(IDP) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် စသည်တို့ ပါရှိပြီး အပစ် အခတ်ရပ်စဲရေး ကာလအတွင်းနှစ်ဖက်တပ်ဖွဲ့များ အနေဖြင့် မြေ မြှုပ်မိုင်း လုံးဝထပ်မံ အသုံးမပြုရန်တို့ ပါရှိသည်။
ထို့အပြင်စစ်ပြေးဒုက္ခသည် များ နေရပ်ပြန်လာရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်း ''အချို့နေရာတွေ မှာတော့မိုင်းရှင်းပေးမှ ဖြစ်မယ်။ ဒါမှ ပြည်သူတွေက ပြန်လာရဲမှာ။ နေရာအတိအကျတော့မသတ်မှတ် ရသေးဘူး'' ဟု မနော်မေဦးက ပြောသည်။
ဆွေးနွေးပွဲတက်ရောက် ခဲ့သူကရင်အမျိုးသမီး ဖွံ့ဖြိုးတိုး တက်ရေးမှ ဒေါ်စူစန်နာလှလှစိုးကဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ ကျေနပ်မှုရှိသော်လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လို ကြောင်းပြောသည်။''နှစ်ဖက်စလုံးက (မြေမြှုပ်) မိုင်းတွေ သုံးခဲ့တာပဲလေ။ အခုအခြေအနေမှာတော့ လုံးဝ (မြေမြှုပ် မိုင်း) ထပ်မသုံးဖို့ရယ်၊မြေမြှုပ်မိုင်း ရှင်းလင်းပေးဖို့ရယ်က အရေးကြီး ပါတယ်'' ဟု ၎င်းကပြောသည်။
ယခု ဆွေးနွေးပွဲတွင် နှစ်ဖက် စလုံး မူအားဖြင့် သဘောတူညီခဲ့ ကြသောကျင့်ဝတ်များနှင့် တပ် အရွှေ့အပြောင်းကိစ္စရပ်များအတွက် ထပ်မံတွေ့ဆုံညှိနှိုင်းခြင်းအားဖြင့် ပိုမိုကောင်းမွန်သော ကျင့်ဝတ်စည်း ကမ်းများနှင့်ခိုင်မာသော အပစ် အခတ်ရပ်စဲရေး ဖြစ်ပေါ်လာလိမ့် မည်ဟု ယူဆထားကြောင်း မနော်မေဦးက ပြောသည်။ပြည်ထောင်စုအစိုးရနှင့် ကေ အင်န်ယူတို့ကြား ပထမဆုံးအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဧပြီလအတွင်းက ရန် ကုန်တွင်ပြုလုပ်ခဲ့ပြီးနောက် ယခုအချိန်အထိ ကေအင်န်ယူ ဆက်ဆံရေးရုံး လေးခုကိုဖွင့်လှစ် ထားခဲ့ပြီး ဖြစ်သည်။
Myanmar Express
နေ့ /ညမပြတ်လျှပ်စစ် ဓာတ်အားများရရှိလာ ၍လျှပ်စစ်သုံးစွဲသူများ ကျေနပ်မှုရရှိ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ အနီးကပ်လမ်းညွှန်မှုကို ခံယူ ကာ ပဲခူးမြို့အတွက်ရရှိသော လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ်အပေါ် မူတည်၍ ပဲခူးမြို့ပေါ်ရှိ လျှပ်စစ်ဓာတ်အားအသုံးပြုနေကြ သော လုပ်သားပြည်သူများသို့ ယခု အခါ နေ့/ညမပြတ်လျှပ်စစ်ဓာတ် အားများ ပေးနေမှုကြောင့် လျှပ်စစ် သုံးစွဲများမှာ ကျေနပ်မှုရရှိနေလျက် ရှိသည်။ ပဲခူးမြို့သည် ပဲခူးတိုင်းဒေသကြီး၏ တိုင်းမြို့တော်ဖြစ်သည်နှင့် အညီမြို့တော်အင်္ဂါရပ်နှင့် လိုက် လျောညီထွေမှုရှိအောင်လျှပ်စစ် ဓာတ်အားများ နေ့/ညမပြတ်ရရှိ စေရေး၊ မတော်တဆယာဉ်အန္တ ရာယ်များလျော့နည်းသွားရေး၊ မြို့ တော်စည်ပင်သာယာလှပရေး၊ စသည်တို့ကို စီမံချက်များချမှတ် ပြီးဆောင်ရွက်နေကြလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာမှူးဗိုလ်မှူးစိန်အောင်၊ ပဲခူးခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်သန်းဝင်းနှင့် ပဲခူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဦးအောင်သိန်း ထွဋ်တို့၏ ညွှန်ကြားမှုတို့ဖြင့် ပဲခူး မြို့ပေါ်ရှိလျှပ်စစ်ဓာတ်အားခွဲရုံ ပေါင်းအမှတ် (၁)၊ (၂)၊ (၃) ဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံ (၃) ရုံရှိရာ ၎င်းဓာတ်အားခွဲရုံများမှ တစ်ဆင့် ပဲခူးမြို့ပေါ်ရှိလျှပ်စစ်ဓာတ်အားသုံး စွဲသူမျာသို့ နေ့/ညမပြတ်လျှပ်စစ် ဓာတ်အားများ ပေးဝေနိုင်အောင် စီစဉ်ပေးနေခြင်းဖြစ်သည်။
ပဲခူးမြို့မှာ နိုင်ငံတော်၏မဟာ ဓာတ်အားလိုင်းပေါ်တွင်ရှိပြီးပဲခူး မြို့အရှေ့ဘက်အနီးရှိကမာနတ် ဓာတ်အားခွဲရုံကြီးမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာန (LDC) သို့လည်းကောင်း၊ ပဲခူးမြို့ လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာန သို့လည်းကောင်း၊ မဟာဓာတ်အား လိုင်းမှ လျှပ်စစ်ဓာတ်အားရရှိမှု မဂ်္ဂါဝပ်ပေါ်မူတည်ပြီးလျှပ်စစ်ဓာတ် အားဖြန့်ဝေပေးနေရလျက်ရှိသည်။
ယခုအခါမဟာဓာတ်အားလိုင်း အတွင်းသို့ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား များဝင်ရောက်လာပြီးဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားများလုံလောက် မှုရရှိမှုမဂ္ဂါဝပ်ပေါ်မူတည်ပြီးလျှပ်စစ် အားဖြန့်ဝေပေးနေလျက်ရှိသည်။
ယခုအခါမဟာဓာတ်အားလိုင်း အတွင်းသို့ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား များဝင်ရောက်လာပြီးဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားများ လုံလောက် မှုရရှိလာတော့မည်ဖြစ်သည်။

.jpg)