Monday, August 27, 2012

မြောင်းမြ၊ ဂန့်ဂေါ်ပြီးတော့ ကော့ကရိတ် NLD ပါတီဝင်တွေ နှုတ်ထွက်ကြ


၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော် ကိုယ်စား လှယ် (၄၄)နေရာ ရရှိသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်းအပြင် ပြည်သူ့လွှတ်တော်တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဌ ဖြစ်သွားသောအခါ ပါတီအနေဖြင့် နိုင်ငံရေးစင်မြင့် တွင် အတိုင်းအတာ တစ်ခုအထိ နေရာရှိလာပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ယခုအသက်အရွယ် (၆၇)နှစ်တွင် မြန်မာ့နိုင်ငံရေးလောကတွင် နေရာတစ်ခုရရှိလာသောအခါ အတိုင်းအတာ တစ်ခု အထိ ကျေနပ်သွားဟန်တူပါသည်။ ဆန့်ကျင်ဖက်အသွင်ဆောင်သော အပြုအမှု(Confrontation) လုပ်ဆောင်မှုကို လက်ရှိအစိုးရအပေါ် မရှိတော့ကြောင်း တွေ့ရှိလာရပါသည်။

ပါတီဌာနချုပ်တွင်လည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးများဆောင်ရွက်လာပြီး အသက်အရွယ်ကြီးရင့်သူများကို ပါတီ နာယက အဖြစ်တာဝန်ပေးကာ လွှတ်တော်ကိုယ်စားလှယ် ပါတီဝင်များကို နေရာပေးလာမှု များရှိလာ ပါသည်။ဟိုးယခင် (၁၉၈၈)ခုနှစ်ကတည်းက NLD ပါတီအကျိုးကို ရှေ့တန်းတင်လုပ်ဆောင်လာပြီး 2012 ခုနှစ် နောက်ပိုင်းနေရာမရလာသောပါတီဝင်များနှင့် နေရာရသော ပါတီဝင်များကြား သဘောထား ကွဲလွဲမှုများ ရှိလာပါသည်။

ပါတီတွင်း အာဏာရှင်ဆန်ဆန်ပြုမူလာခြင်း

တိုင်း/ပြည်နယ်အဆင့် NLD ပါတီကော်မတီဝင်များသည် လွှတ်တော်ကိုယ်စားလှယ်မဖြစ်သောလည်း တိုင်းအဆင့် ပြည်နယ်အဆင့်များတွင် နေရာရရှိလာခြင်း။ ပါတီသည်လည်း နိုင်ငံတော်မှ အသိအမှတ်ပြုလာပြီး တရားဝင် နိုင်ငံရေးလမ်းကြောင်းပေါ်လျှောက်လှမ်းလာသောအခါ အာဏာခုံမင်မှုများဖြစ်ပေါ်လာပြီး ၊ အာဏာမက် မော တွယ်တာမှုများရှိလာကာ အာဏာရှင်ဆန်ဆန် ပြောဆိုခိုင်းစေမှုများကြောင့် မြို့နယ် အောက်ခြေ အဆင့်ပါတီဝင်များနှင့် သဘောထားတင်းမာလာပါသည်။ “လက်ညှိုးညွှန် ခိုင်းစေသည့် အတိုင်း လုပ်၊ စောဒက မတက်နှင့်၊ ရဲရဲသာလုပ်၊ မင်းတို့နောက်မှ ငါ့ရှိတယ်။ ငါ့နောက်မှ NLD (ဗဟို)ဥက္ကဌနှင့် အတွင်းရေးမှူးရှိတယ်။ မကြောက်နဲ့ ” စသည့်ဖြင့် ပြောဆိုမှုများအပြင် အာဏာလက်ကိုင်မရသေးသော်လည်း အခွင့်အာဏာကို အစွမ်းကုန်အသုံးချလွန်မှုများကြောင့် အောက်ခြေပါတီဝင်များနှင့် အခြေအတင်အငြင်းပွား မှုများ ဖြစ်ပေါ်လာပါသည်။

အများထင်ထားသည့် NLD ခေါင်းဆောင်ဆိုသည်မှာ

NLDခေါင်းဆောင်ဆိုသည်အီာ သဘောထားကြီးခြင်း၊ အဖွဲ့အစည်းတိုးတက်ရာ တိုးတက်ကြောင်း ကို ရှေ့ရှု့ခြင်း၊ အခက်အခဲမှန်သမျှကို ကူညီဖြေရှင်းပေးခြင်း၊ပွင့်လင်းရိုးသားခြင်း ထင်သာမြင်သာရှိခြင်း၊ အပြန်အလှန်တန်းတူရှိခြင်း၊ နိုင်ငံရေးကို အခြေပြု၍ မိမိ တစ်ကိုယ်ရေ ကျော်ကြားခြင်းအပြင် စီးပွားရေးအမြင့် ကိုယ်ကျိုးစီးပွားကိုရှေ့တန်းမတင်ခြင်း။ ပါတီဝင်ထုနှင့် ပြည်သူလူထုအား တစ်လေးတစ်စား ထောက်ရှု့ခြင်း၊ စည်းမျဉ်း စည်းကမ်းများကို လိုတစ်မျိုး မလိုတစ်မျိုး ဖေါက်ဖျက်ကျုးလွန်ခြင်းကို လွဲမှားစွာ အကာအကွယ် မေးပခြင်း၊ အဖွဲ့ချုပ် အပေါ် သစ္စာမမဲ့ခြင်း၊ သတင်းတပ်ဖွဲ့၊ အာဏာပိုင်များနှင့် ပေါင်းကာ ပါတီအတွင်း မိမိမကြိုက်နှစ်သက်သော အစုအဖွဲ့များကို ဖြိုခွဲရန် မကြိုးစားခြင်း စသည့် အချက်အလတ်ဂုဏ်ပုဒ်များနှင့်ပြည်စုံ သည် ဟု မှတ်ယူထားသောလည်း တစ်စ တစ်စ ပြိုကွဲလာသော အာဏာပြလာသော ဗဟို ဦးစီးစနစ် ချုပ်ကိုင်မှု လွန်ကဲသော NLD ဗဟို ကော်မတီဝင်များနှင့် တိုင်း/ပြည်နယ် NLD ကော်မတီဝင်များကြောင့် အောက်ခြေမြို့နယ် NLD ပါတီ များနှုတ်ထွက်မှုများရှိလာပြီး ကျန်ရှိသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ NLD ပါတီဝင်များကို ၄င်းတို့နည်းတူနှုတ်ထွက်လာစေရေးလှုံဆော်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မြောင်းမြ၊ ဂန့်ဂေါ်မြို့နယ် NLD ပါတီဝင်များပြီးနောက် ဆက်လက်နှုတ်ထွက်မည့် ကော့ကရိတ်မြို့နယ်၊ ခရိုင်အတွင်းမှ NLD ပါတီ ၀င်များမှာ-

(၁) မြို့နယ် NLD ပါတီ နာယက ဦးစိုးပန်းညွှန့် (ခရိုင် NLD ပါတီကော်မတီဝင်)
(၂) မြို့နယ် NLD ပါတီနာယက ဦးစောမြင့်
(၃) ဦးစိန်ထွန်း ကော့ကရိတ်မြို့နယ် NLD ပါတီ ဥက္ကဌ
(၄) ဦးမိုးနိုင် ကော့ကရိတ်မြို့နယ် NLD ပါတီ ဒုဥက္ကဌ
(၅) ဦးမျိုးတင်အောင် အတွင်းရေးမှူး
(၆) ဦးသန့်စင်အောင် တွဲဖက်အတွင်းရေးမှူး
(၇) ဦးမန်းထွန်းဝေ ဘဏ္ဍာရေးမှူး
(၈) ဦင်္းအောင်မြင့်ဦး သတင်းနှင့်ပြန်ကြားရေး
(၉) ဦးစန်းအောင် အလုပ်အမှုဆောင်
(၁၀) ဦးဇေယျာထွန်း ။
(၁၁) ဦးအောင်အောင် ။
(၁၂) ဦးထွန်းနိုင် ။
(၁၃) ဦးလှမြင့် ။
(၁၄) ဒေါ်ခိုင်ချယ်ရီမော် ။
(၁၅) ဒေါ်ခင်မိမိခိုင် ။ တို့ဖြစ်ကြပါသည်။

၎င်းတို့သည် နှုတ်ထွက်စာတင်သွင်းခြင်းကို ဗဟိုသို့ ပေးပို့ပြီးဖြစ်၍ ဗဟိုတွင်လည်း ဒေါ်အောင်ဆန်းစုကြည် မှ (၂၄-၈-၁၂)ရက်နေ့တွင်ပြည်သူ့လွှတ်တော်မှ ခွင့်ယူကာ ရန်ကုန်မြို့သို့ပြန်လာပြီး အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို နေ့ခြင်း ကျင်းပနေကြောင်း သိရှိရပါသည်။

ယခင် နှုတ်ထွက်သွားသူများ၏ ဖွင့်ချ ပြောဆိုမှုများကို ဒီနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

Myanmar Express

အရေးပါတာကိုပဲ ဆွေးနွေးပါ၊ တိုင်းပြည်တိုး တက်လာရင် လွှတ်တော် ကိုယ်စားလှယ်တော် ကြီးများကို ပြည်ထောင်စု အဆင့်သာမက ကုလသမဂ္ဂ အဆင့်ထိ ထားပေးမည်


လွှတ်တော်အမတ်ကြီးများခင်ဗျားးး

အားလုံးမင်္ဂလာပါ

ကျွန်တော်ကတော့ ဘောဂလိမှာနေတဲ့ အငြိမ်းစားကျောင်းဆရာ စောဟာဒင်ရှော ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဒေသမှာ မငြိမ်းချမ်းခဲ့တာ ကြာပါပြီ။ အခုနှစ် ဆန်းကစပြီး KNU နှင့် အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ခဲ့လို့ ဒေသခံ ပြည်သူလူထုက ငြိမ်းချမ်းရေးရဲ့ အေးချမ်းမှုကို စတင်ခံစား နေရပါတယ် ။ ဒူးရင်း/မင်းဂွတ်တွေ အခက်အခဲမရှိ တောင်ငူကို ပို့နေရတဲ့အတွက် ဥယျာဉ်ခြံ သမားများ ဝမ်းသာကြည် နူးကြပါတယ် ။ ကိုယ်စားလှယ်ကြီး များသုံးဆောင်နိုင် ရန် မေတ္တာလက်ဆောင် ပို့ပေးချင်ပါတယ် ။

ဒါပေမဲ့ ကျွန်တော်တို့ SKY NET ကနေကြည့်ရတာ စိတ်ပျက်စရာတွေ တွေ့ရပါတယ် ။ ကိုယ်စားလှယ်ကြီးတို့က ကျွန်တော်တို့ တောသူတောင်သား တွေဘဝတိုး တက်ရေး ၊ လက်နက်ကိုင် အဖွဲ့ အစည်းများအား ထာဝရငြိမ်းချမ်းရေး ပြုလုပ်နိုင်ရေး ဆွေးနွေးတဲ့ အကြောင်းအရာ မကြားရဘဲ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများကို ပြည်ထောင်စု အဆင့်သတ်မှတ်ခြင်း ၊ မသတ်မှတ်ခြင်း တွေဆွေးနွေးနေတာ ကြားရပါတယ် ။ ကျွန်တော်ဥပဒေကို အသေးစိတ် နားမလည်ပါ ။ ကျွန်တော်တို့ ကြားသိချင်တာက တိုင်းပြည် တိုးတက်ရေး၊ ငြိမ်းချမ်းမှု ထာဝရရရှိရေး ၊ ဘာတွေလုပ်မလဲ ဆိုတာကိုဘဲ သိချင်ပါတယ် ။ ဒါတွေကိုဆွေးနွေး စေချင်ပါတယ် ။ တိုင်းပြည်တိုး တက်လာရင် ကိုယ်စားလှယ်တော် ကြီးများကို ပြည်ထောင်စု အဆင့်သာမက ကုလသမဂ္ဂ အဆင့်ထိ ထားပေးချင် ပါတယ် ။ ကျွန်တော် တို့ပြည်သူရဲ့ အရေးကို အဓိကထား ဆွေးနွေးပေးပါ ။ အရေးကြီးတာ ကိုအရင်လုပ်ပေးပါ ။ ထာဝရငြိမ်းချမ်းရေးကို တည်မြဲစေချင်ပါ တယ် ။ ဒါတွေမှမဆွေးနွေး ချင်ရင်တော့ ပြည်သူ့ကိုယ်စားလှယ် များမလုပ်ကြ ပါနဲ့လို့ ပြောလိုပါတယ် ။

အားလုံးကျေးဇူးတင်ပါတယ်

Myanmar Express

ကချင် ဒုက္ခသည်များအား အတင်းအကျပ် ပြန်လည်လွှတ်နေသည်ဆိုခြင်းကို တရုတ်ငြင်းပယ်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကချင်တိုင်းရင်းသား ဒုက္ခသည်များအား မြန်မာနိုင်ငံတွင်း စစ်ပွဲ ဖြစ်ပွားရာဒေသများသို့ အတင်းအကျပ် ပြန်လည်လွှတ်နေသည်ဟူသောလူ့အခွင့်အရေးဆိုင်ရာထောက်ခံအားပေးသူများ၏ အစီရင်ခံစာအား ငြင်းပယ်လိုက်ပြီး ၄င်းတို့၏ဆန္ဒအရသာ ပြန်ကြခြင်းဖြစ်ကြောင်းပြောသည်။

သြဂုတ်လ ၂၄ ရက် သောကြာနေ့ထုတ် နယူးယော့တိုင်းမ်သတင်းစာတွင် ပါရှိသော ဆောင်းပါးအား တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး မြန်မာအစိုးရနှင့် ကေအိုင်အေတို့၏တိုက်ပွဲမှာ လျော့ပါးသွားခြင်းကြောင့် ဒုက္ခသည်များမှာ မူရင်းဒေသသို့ ပြန်ကြခြင်းသာဟု ပါရှိ သည်။ သို့ရာတွင် ဒေသခံများကမူ နှစ်ဘက်တိုက်ပွဲများ အရှိန်မြင့်တက်လာကြောင်း ဆိုကြသည်။

ထို့အတူ တရုတ်ပြည် နယ်စပ်သို့ ရောက်ရှိနေကြသော ကချင်လူမျိုးများမှာ ဒုက္ခသည်များ မဟုတ် ကြောင်း ပါရှိသည်။ “တချို့က နေ့ခင်းဘက်ဆို မြန်မာဘက် သွားအလုပ်လုပ်ပြီး ညဘက်မှ ဒီဘက်(တရုတ်နိုင်ငံ နယ်စပ်ဒေသ)ကို ယာယီပြန်လာကြတယ်”ဟု ၀န်ကြီးဌာနက ဆိုသည်။

မြန်မာနယ်စပ် ပြောင်းရွှေ့အခြေချနေထိုင်သူများအတွက်လည်း လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ စီစဉ်ပေးထားသည်ဟု ဆိုသည်။

အစိုးရနှင့် KIA တို့ကြား ၁၇ နှစ်ကြာ တည်မြဲခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၀၁၁ ခုနှစ် ဇွန်လတွင် ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း ကချင်လူမျိုး ထောင်ပေါင်းများစွာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။

အဆိုပါ ကချင်ဒုက္ခသည်များအား တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အတင်းအကျပ် နှင်လွှတ်နေခြင်း အပေါ် တိုင်းမ်သတင်းစာက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအား မှတ်ချက်ပြုပေးရန် တောင်းဆိုပြီး နောက် တစ်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မှတ်ချက်ပြုရန် ငြင်းဆိုခဲ့သည်။

Human Right Watch ၏ သုတေသနပြုချက်အရ ဒုက္ခသည် ၁၀၀၀ အား မြန်မာသို့ အတင်းအကျပ် နှင်လွှတ်ခဲ့ပြီး ဒုက္ခသည် ၄၀၀၀ အား ယခုသီတင်းပတ်ကန်ုတွင် ပြန်ပို့ရန်စီစဉ်ထားသည်ဟု သိရသည်။

တရုတ်နိုင်ငံတွင် ထွက်ပြေးတိမ်းရှောင်နေသော ကချင်စစ်ဘေးဒုက္ခသည် ၇၀၀၀ မှ ၁၀၀၀၀ ခန့်အထိ ရှိနိုင်ကြောင်း ၄င်းအဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။

Myanmar Express

လွှတ်တော်အထက်၌ မည်သူမျှမရှိဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆို

နိုင်ငံတော်၏ ဥပဒေပြုရေး မဏ္ဍိုင်တစ်ရပ်ဖြစ်သော လွှတ်တော်အထက်၌ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မျှ လွှမ်းမိုးမှုမရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထုတ်ဖော်ပြောကြားသည်။ သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စနှင့် ပတ်သက်၍ အရေးကြီးအဆို တင်သွင်းစဉ် လွှတ်တော်အထက်၌ လွှမ်းမိုးထားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းရှိသလောဟု မေးမြန်းမှုကို သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက အရေးကြီးအဆို တင်သွင်းခဲ့သည်


Myanmar Express

ယာဉ်စီးကတ်ကို နိုင်ငံတကာပုံစံ ပြုလုပ်ဖို့ စီစဉ်

နိုင်ငံတကာသုံး ယာဉ်စီးကတ်ပုံစံကို မထသယာဉ်လိုင်း (ရန်ကုန်တိုင်းဒေသကြီး)က ပြုလုပ်ဖို့ရှိတယ်လို့ သိရတယ်။ ၃၉ အထူးလိုင်းမှာ အရင်စမ်းသပ်မှာ ဖြစ်တယ်။ အခုလုပ်မယ့် နိုင်ငံတကာသုံး ယာဉ်စီးကတ်က ဂျင်းဘောင်းဘိအိတ်ထဲ၊ ပိုက်ဆံအိတ်တွေထဲက ထုတ်ပြီး ကတ်ဖြတ်စရာမလိုဘဲ သည်အတိုင်း စက်မှာ ကတ်ပြရုံနဲ့ ရတယ်လို့ သိရတယ်။ မထသမှ တာဝန်ရှိသူတစ်ဦးက “စက်ပစ္စည်းတွေကိုတော့ လာပြထားပြီး စမ်းသပ်ကြည့်ပြီးပြီ၊ လောလောဆယ်တော့ နည်းပညာတက္ကသိုလ် ကျောင်းသားတွေ ကျောင်းသားကတ်ကို စမတ်ကတ်နဲ့လုပ်ပြီး အဲဒီကတ်မှာ ကုတ်နံပါတ် ထည့်တာမျိုးပေါ့” လို့ ပြောပါတယ်။ သူကပဲ သည်ကတ်နဲ့သုံးရင် အတက်မှာ ကတ်ဖြတ်ပြီး အဆင်းမဖြတ်မိရင် ကိုယ်ကနှစ်ရာခရီး စီးပေမယ့် သုံးရာ ဖြတ်သွားမှာပဲ။ (၃၉ အထူးလိုင်းမှာက ကျပ် ၂၀၀ ခရီးနဲ့ ကျပ် ၃၀၀ ခရီး ရှိပါတယ်) အဲသည်လို နှစ်ခါဖြတ်ရမှာဖြစ်လို့ အတက်၊ အဆင်းသီးသန့်ထားပေးပြီး စက်ကို အတက်နှစ်လုံး၊ အဆင်းနှစ်လုံး တပ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပြခဲ့သည်။


Myanmar Express

ရခိုင်ဒေသ လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီ ရသေ့တောင်တွင် ဖွဲ့စည်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်များကို ဖေါ်ထုတ်အဖြေရှာနိုင်ရန် အတွက် လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီတစ်ရပ်ကို သြဂတ်စ် ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်သည်။

၎င်း လူထုဆန္ဒဖေါ်ထုတ်ရေး ကော်မီတီကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလှသိန်းက နိရဉ္စရာသို့ ပြောသည်။

“ ရခိုင်ဒေသ လူထုဆန္ဒဖေါ်ထုတ်ရေး ကော်မီတီတစ်ရပ်ကို ၃၁ ယောက်နဲ့ ၂၄ ရက်နေ့က ဖွဲ့စည်းပြီး ပါတယ်။ လူထု ဆန္ဒဖေါ်ထုတ်ပွဲကို ဘယ်နေ့ဘယ်ရက် လုပ်မလဲဆိုတာကို ဆုံးဖြတ်ချက် မချ ရသေးပါဘူး” ဟု ပြောသည်။

၎င်းကော်မီတီတွင် ဥက္ကဌ ဦးခင်မောင်သန်း၊ ဒု ဥက္ကဌ (၁) ဦးဦးတင်မောင် (ကျောင်းအုပ်ဆရာကြီး အငြိမ်းစား)၊ ဒုဥက္ကဌ (၂) ဦးလှသိန်းနှင့် အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် ဦးဘသိန်း၊ ဦးစံရွှေမောင်တို့ အပါအ၀င် အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ကော်မီတီ၏ လုပ်ဆောင်သွားမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဦးလှသိန်းက နိရဉ္စရာသို့ ယခုကဲ့သို့ ဆက်ပြောသည်။

“ ဒီကော်မီတီက နေပြီးတော့ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ နောက်ပြီးတော့ ရခိုင်ဒေသအခြေအနေတွေကို မြို့နယ်အသီးသီးက လူထုတွေရဲ့ အသံတွေကို နားထောင် စုစည်းပြီးတော့ ဗဟို က စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ရောက်လာလို့ရှိရင် တခါတည်း တင်ပြနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။”

ယခု ဖွဲ့စည်းလိုက်သော လူထုဆန္ဒဖေါ်ထုတ်ရေးကော်မီတီ အဖွဲ့ဝင်များအနေဖြင့် တခြားမြို့နယ်များမှာ ကိုယ်စား လှယ်များနှင့်တိုင်ပင်ဆွေးနွေးကာ ရခိုင်ဒေသတစ်ခုလုံး လူထုဆန္ဒဖေါ်ထုတ်ပွဲကို လုပ်ဆောင်သွားမည်ဟုလည်း သူက ဆက်ပြောသည်။

“ရခိုင်ဒေသ လူထုဆန္ဒဖေါ်ထုတ်ရေး ကော်မီတီဝင်တွေဟာ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နဲ့ တခြား မြို့နယ်တွေက လူတွေရောက်လာတဲ့အခါမှာ အစီအစဉ် ချပေးဖို့၊ အစီအစဉ်ချပေးလို့ ဆန္ဒဖေါ်ထုတ်ပွဲ ကျင်းပ သွားမှာ ဖြစ်ပါတယ်။ အဲဒီဆန္ဒဖေါ်ထုတ်ပွဲက ထွက်ပေါ်လာတဲ့ လူထုအသံကို ဗဟိုက လာတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို တင်ပြသွားဖို့ ဖြစ်ပါတယ်။”

ယခုကဲ့သို့ ရခိုင်ဒေသ လူထုဆန္ဒဖေါ်ထုတ်ရေး ကော်မီတီဖွဲ့စည်းခြင်းကို ကောင်းသော လုပ်ဆောင်ခြင်း ဖြစ် သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဉ္စရာသို့ ပြောသည်။

“ ဟုတ်ပါရေ။ ကျွန်တော်ကတော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗဟိုက ရောက်တာနဲ့ ဟိုလူ၊ ဒီလူ မေးစရာမလိုတော့ဘူး။ ရခိုင်ဒေသရဲ့ အခြေအနေတွေကို ဒီကော်မီတီက လုပ်ထားတဲ့ လူထု ဆန္ဒ ဖေါ်ထုတ်ထားတဲ့ အသံတွေ ဟိုက ရောက်လာတဲ့အခါမှာ တခါတည်း ပြည်သူ့အသံ အားလုံးကို ကြားသိသွားမှာ ဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ ကောင်းတယ်လို့မြင်ပါတယ်။ ၀မ်းလည်း ၀မ်းသာပါတယ်။”

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီး ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူမှု အဖွဲ့အစည်းများတွင် ၀င်ရောက် လုပ်ဆောင်နေသူများနှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်များ အပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၂၇ ဦးဖြင့် သြဂတ်စ် ၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပဋိပက္ခများကို စုံစမ်း စစ်ဆေးရန် သမ္မတက ဖွဲ့စည်းပေးလိုက် သည့် ကော်မရှင်က သူတို့ရဲ့ လုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်နိုင်ရန် ပထမ ခြေလှမ်းအနေဖြင့် သြ ဂတ်စ်လ ၁၉ ရက်နေ့က ပထမဆုံးအကြိမ် ကော်မရှင်အဖွဲ့ဝင်အားလုံး ပါဝင်သည့် မျက်နှာစုံညီ စည်းဝေးပွဲ တစ် ခုကို ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် အရေး စုံစမ်းစစ်ဆေးရေးကာလမှာ ယခင်က တစ်လ သတ်မှတ်ထားသော်လည်း ပထမဆုံး အ ကြိမ် ကော်မရှင် အဖွဲ့ အစည်းအဝေးတွင် အချိန်ကာလ သုံးလအထိ တိုးမြှင့်လိုက်သည်။

Myanmar Express

အဆင့်မြင့် School Bus များ အောက်တိုဘာလတွင် စမ်းသပ် ပြေးဆွဲမည်

အဆင့်မြင့် မီနီဘတ်စ်ကား တွေကို School Bus တွေအဖြစ် စမ်းသပ် ပြေးဆွဲ ပေးမှုကို လာမယ့် အောက်တိုဘာ လက စတင်ကာ Great Father Land ကုမ္ပဏီမှ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ School Bus တွေမှာ အဲကွန်း ပါဝင်မှာဖြစ်ပြီး အယောက် ၃၀ စီးနင်း လိုက်ပါနိုင်တဲ့ ကားတွေ ဖြစ်ပါတယ်။ ဒီလို School Bus တွေအဖြစ် စတင် စမ်းသပ် ပြေးဆွဲရာ မှာတော့ ယာဉ် ၄ စီးကို စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။

အခုလို စမ်းသပ် ပြေးဆွဲမှုကို ၄ လကြာ ပြုလုပ်မှာ ဖြစ်ပြီး လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ဆက်လက် ပြေးဆွဲ ပေးသွားဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ ကုမ္ပဏီမှ အခုလို ကျောင်းကားတွေကို စမ်းသပ် ပြေးဆွဲရ တာဟာ ကျောင်းသားတွေ နေ့စဉ်ကြုံ တွေ့ နေရတဲ့ ကျောင်းကား အခက်အခဲ တွေကို ကူညီ ဖြေရှင်း ပေးဖို့အတွက် ရည်ရွယ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီလို ပြေးဆွဲမှု အတွက် ကျောင်းကားခ ကိုလည်း လက်ရှိပြေးဆွဲမှု ရှိနေတဲ့ ကျောင်းကားတွေ ကောက်ခံတဲ့ ဈေးနှုန်းအတိုင်းသာ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

စည်းကမ်းမလိုက်နာသော ယာဉ်များကို အဆင့်သုံးဆင့်ဖြင့် အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိသော ယာဉ်များကို သြဂုတ်လ ၁၆ ရက်နေ့မှစ၍ အဆင့်သုံးဆင့်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါ စည်းကမ်းမလိုက်နာသော ယာဉ်များကို ဒဏ်ငွေများအပြင် ပထမအကြိမ် စည်းကမ်းဖောက်ဖျက်ပါက ယာဉ်ကို ၁၅ ရက် ထိန်းသိမ်းထားမည်ဖြစ်ပြီး ဒုတိယအကြိမ် စည်းကမ်းဖောက်ဖျက်ပါက တစ်လ၊ တတိယအကြိမ်တွင် စည်းကမ်းဖောက်ဖျက်ပါက သုံးလအထိ ထိန်းသိမ်းအရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ စည်းကမ်းမဲ့ယာဉ်များကို သြဂုတ်လ ၁၇ ရက်နေ့မှစ၍ စီမံချက်ချကာ အရေးယူလျက်ရှိပြီး သြဂုတ်လ ၂၀ ရက်နေ့အထိ အဓိပတိယာဉ်လိုင်း၊ ပါရမီ(၁၇၉) ယာဉ်လိုင်း၊ ပါရမီ (၁၇၇) ယာဉ်လိုင်း၊ ပါရမီ(၁၇၄) ယာဉ်လိုင်းတို့မှ ခရီးသည်တင်ယာဉ် ၁၂ စီးကို အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

အဆိုပါ အရေးယူခံထားရသော ယာဉ်များမှာ မှတ်တိုင်မဟုတ်ဘဲ လူတင်ခြင်း၊ ယာဉ်မောင်းလိုင်စင် မပါခြင်း၊ ယာဉ်လိုင်စင် မပါခြင်း၊ မှတ်တိုင်ဟောင်းတွင် ယာဉ်ရပ်နားခြင်း၊ မီးပွိုင့်တွင် ယှဉ်မောင်း၍ ကျော်တက်ခြင်း၊ မှတ်တိုင်ဟောင်းတွင် ခရီးသည်အတင်အချ ပြုလုပ်ခြင်း၊ လမ်းပိတ်ရပ်ခြင်း အပါအဝင် မဆင်မခြင်မောင်းနှင်မှုနှင့် ဘေးတံခါးဖွင့် မောင်းနှင်ခဲ့သော ယာဉ်များကို အရေးယူထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

“အလှည့် ကျနဲ့ ည ၁၁ နာရီအထိ ဖမ်းဆီးနေပါတယ်။ ခရီးသည်တင်ယာဉ်တွေက ပိုပြီးစည်းကမ်းဖောက်ဖျက်လာတယ်” ဟု သင်္ဃန်းကျွန်း မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များကို အရေးယူနေသည့် တာဝန်ကျ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

သက်ဆိုင်ရာ နယ်မြေအလိုက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက စည်းကမ်းလိုက်နာမှု မရှိသောယာဉ်နှင့် ယာဉ်မောင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တာဝန်များကို နေ့စဉ် ည ၁၁ နာရီအထိ ဆောင်ရွက်ရေးနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စည်းကမ်း နည်းလမ်းတကျ ဥပဒေဘောင်အတွင်းမှ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ကြောင်း ယင်းတိုင်းရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

“စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးမှုတွေကို ကြိုဆိုတယ်။ အမှန်တကယ် ထိထိရောက်ရောက် ဖမ်းဆီးဖို့လိုတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက အကြံပြုပြောကြားသည်။ Myanmar Express

သက်ဆင် နှင့် ရင်လတ် တို့ မောင်နှမှ နှစ်ယောက် မြန်မာနိုင်ငံ လာမည်

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ နှင့် ညီမ ဖြစ်သူ ရင်လတ် ရှင်နာဝပ် တို့ နှစ်ယောက် မကြာခင် မြန်မာနိုင်ငံ လာမယ်လို့ သတင်းရရှိသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်သည် စက်တင် ဘာလ ၁၃ ရက်နေ့မှ စက်တင် ဘာ ၁၅ ရက်နေ့ထိ မြန်မာနိုင်ငံ သို့ လာရောက်မည်ဟု သြဂုတ် လ ၂၃ ရက်ထုတ် နေရှင်းသတင်းတစ် ရပ်တွင် ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာ နိုင်ငံတွင် ၂ ရက်ကြာနေ ထိုင်ပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အပါအ၀င် မြန်မာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံကာထားဝယ်ရေနက်ဆိပ် ကမ်း စီမံကိန်း အကောင်အထည် ဖော်ရေးအပါအ၀င် အခြားနှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက် ရေးကိစ်္စရပ်များကို အလေးထား ဆွေးနွေးကြမည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ဆူရာပေါင်ကဆို သည်။ ယခုအခါ ထားဝယ်ရေ နက်ဆိပ်ကမ်းစီမံကိန်းသည် ပြည် ပရင်းနှီးမြှုပ်နှံသူများအထူးစိတ် ၀င်စားသည့် မဟာဗျူဟာမြောက် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခု ဖြစ်သည်ဟုသိရသည်။ ဤခရီးစဉ် အပြီး ထိုင်းဝန်ကြီးချုပ်သည် စက် တင်ဘာလနှောင်းပိုင်းတွင် အမေ ရိကန်ပြည်ထောင်စုသို့ သွားရောက် မည်ဟုသိရသည်။

အစ်ကိုဖြစ်သူ သက်ဆင်သည် လာမည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်ဟု ပွေထိုင်းပါတီ(Pheu Thai) မှ နတ်ဟုတ်ရာချက်စတာပြည်နယ်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ASuchart Pinyo က သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Bangkok Post သတင်းစာကရေးသားဖော်ပြသည်။

သို့အတွက်ကြောင့် ပွေထိုင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်အတော်များများနှင့် ရှပ်နီအင်အားစုထောက်ခံသူအများစုအနေဖြင့် သက်ဆင်ရှင်နာဝပ်နှင့်တွေ့ဆုံရန် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့သွားရောက်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။ သို့သော် သက်ဆင်ရှင်နာဝပ်အနေဖြင့် မည်သည့်အကြောင်းအရင်းကြောင့် မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်မည်ဟူသောအချက်ကို Asuchart Pinyo ကထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

သက်ဆင်ရှင်နာဝပ်သည် ယခင်တပ်မတော်အစိုးရလက်ထက်က မြန်မာနိုင်ငံနှင့် အိုင်တီနည်းပညာဆိုင်ရာ အကျိုးတူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများလုပ်ကိုင်ခွင့်ရရှိအောင် ကြိုးပမ်းနိုင်ခဲ့သူဖြစ်သည်။ သူသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထိုင်းစစ်တပ်အာဏာသိမ်းပိုက်မှုကြောင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံလိုက်ရသည့်အချိန်မှစ၍ ပြည်ပြေးဘဝဖြင့် ပြည်ပနိုင်ငံများတွင် လှည့်လည်နေထိုင်လျက်ရှိသည်။

Myanmar Express