Thursday, August 23, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် LA ရောက် မြန်မာပြည်ဖွား မိသားစုများနှင့် တွေ့ဆုံပွဲ ၀င်ကြေးအခမဲ့ ဖြစ်ကြောင်း ကြေညာခြင်း

အခမ်းအနားဖြစ်မြောက်ရေးကော်မီတီ (Los Angeles)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း ကာလီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့သို့ လာရောက်ရာတွင် ဒေသခံ မြန်မာပြည်ဖွား မိသားစုများနှင့် တွေ့ဆုံပွဲ ပြုလုပ်ရန် စီစဉ်ထားပါသည်။

ထိုပွဲမှာ ၀င်ကြေးအခမဲ့ ဖြစ်ပြီး လက်မှတ်များကို ပွဲစီစဉ်သူများထံသော်၎င်း၊ မိမိတို့ နီးစပ်ရာ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့များ၊ ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များမှ တဆင့် သော်၎င်း ကြိုတင် မှာကြားထားနိုင်ပါသည်။

ပွဲအစ အဆုံး မြန်မာ ဘာသာ ဖြင့်သာ ပြောကြားပါမည်။ အင်္ဂလိပ် ဘာသာ မပြောပါ။ မြန်မာလို နားမလည်သူများ ကြိုတင် သိစေရန် အသိပေးအပ်ပါသည်။

စိတ်ဝင်စားသူ အားလုံးကို ကျေးဇူးတင်ရှိလျက် -
http://dasskvisitla.org/

အများပြည်သူနှင့် ရခိုင်ပြည်သူများအား ထင်ယောင် ထင်မှားဖြစ်စေသည့် YANGON PRESS INTERNATIONAL (YPI)၏သတင်းရေးသား ဖော်ပြချက်အား ကန့်ကွက်ပါသည်...

ဓာတ်ပုံ... ဇွန်လ(၁၉)ရက်နေ့က စစ်တွေ အောင်မင်္ဂလာခေါ် အင်ဘာလာ ဘင်္ဂလီရပ်ကွက် မြင်ကွင်း
(ဒီမိုဝေယံ သတင်းထောက်)

သြဂုတ်လ ၂၀ရက်နေ့က ပြည်တွင်းက အွန်လိုင်း သတင်းဋ္ဌာန တခုဖြစ်တဲ့ Yangon Press International (YPI)မှ ရခိုင် စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်နှစ်ဦးကို ကန့်ကွက်ဖို့ စီစဉ်နေဟူသော ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြချက်ပါ... (ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများအားစုံစမ်းရန် နိုင်ငံတော်သမ္မတကဖွဲ့စည်းပေးလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ပါအဖွဲ့ဝင်နှစ်ဦးအား စစ်တွေ ဒေသခံအချို့ကလက်မှတ်ရေးထိုး ကန့်ကွက်ရန် စီစဉ်နေသည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ဟုဖော်ပြပါရှိကာ

နိုင်ငံတော် သမ္မတ အမိန့်ဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ ယင်းကော်မရှင်တွင် ပါဝင်သည့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ နှစ်ဦးအားကန့်ကွက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။)ဟု ရေးသား ဖော်ပြခဲ့ပြီး ၎င်းတို့ နှစ်ဦးမှာ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးနှင့် အချက်အလက်မှန်များ ရရှိရေးတွင် သံသယရှိသည့်အတွက် စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်ရခြင်းဖြစ်ကြောင်း (စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။)ဟု ရေးသားဖော်ပြခဲ့သည်...။

ဒီနေရာမှာ တခုပြောလိုတာက Yangon Press International (YPI)ရဲ့ အောင်မင်္ဂလာ ရပ်ကွက် ဒေသခံများဆိုတဲ့ ရေးသားဖော်ပြချက်ပါပဲ..။ တကယ်တော့ စစ်တွေမြို့လယ်က အောင်မင်္ဂလာ ရပ်ကွက်ဆိုတာ ဘင်္ဂလီများ သီးသန့်နေထိုင်တဲ့ အင်ဘာလာ (ခေါ်) အောင်မင်္ဂလာ ရပ်ကွက်ဖြစ်ပြီး အဆိုပါ ရပ်ကွက်မှ ဒေသခံတချို့အား ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့က သဲချောင်းရွာသို့ လုံခြုံရေး အကူအညီများဖြင့် သဲချောင်းရွာသို့ ပြောင်းရွှေခဲ့ပါတယ်..။

(YPI)ရဲ့ သတင်းရေးသားဖော်ပြချက်ဟာ အောင်မင်္ဂလာရပ်ကွက် ဆိုတာမည်သည့် ရပ်ကွက်ဖြစ်ကြောင်း ရှင်းရှင်းလင်လင်း ရေးသားဖော်ပြချင်း မရှိပဲ ဒေသခံ ရခိုင်ပြည်သူများ ဖြစ်သယောင် မရှင်းမလင်း ရေးသားထားတာ တွေ့နိုင်ပါတယ်..။ ထို့အတူ ရခိုင်ဒေသခံများမှ ဒေါက်တာအေးမောင်နဲ့ ၈၈မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးတို့အား မထောက်ခံသယောင် ယုန်ထင်ကြောင်ထင် ဖြစ်စေတဲ့ ရေးသားချက် ဖြစ်သလို ဒေါက်တာအေးမောင်နဲ့ အထူးသဖြင့် ၈၈မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးတို့ရဲ့ Image ကိုလည်း ထိခိုက်စေပါတယ်..။ အဆိုပါ ရေးသားချက်ဟာ ပြည်ပအခြေဆိုက် ရိုဟင်ဂျာ အဖွဲ့အစည်း ၈ခုရဲ့ ကြေငြာချက်ပါ ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်မှာ ပါဝင်နေတဲ့ ဒေါက်တာအေးမောင်၊ ဦးကိုကိုကြီးနဲ့ ဦးခင်မောင်ဆွေ(NDF) တို့ပါဝင်နေမှုနဲ့ ပါတ်သတ်ပြီး ကန့်ကွက်တဲ့ ကြေငြာချက်ပါ အချက်များအား ထောက်ခံရေးသား သယောင်ဖြစ်နေပါတယ်..။

အထက်မှာ ဖော်ပြခဲ့သလို (YPI)ရဲ့ ယခုကဲ့သို့ အများပြည်သူနှင့် ရခိုင်ပြည်သူများအား ထင်ယောင် ထင်မှားဖြစ်စေသည့် သတင်းရေးသား ဖော်ပြချက်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်...။

Yangon Press International အနေဖြင့် အောင်မင်္ဂလာရပ်ကွက်ဆိုတာ စစ်တွေမြို့လယ်က ဘင်္ဂလီ အင်ဘာလာရပ်ကွက် ဖြစ်ကြောင်း ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြပေးရန် ထပ်မံ တောင်းဆိုပါသည်။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပုံရိပ်အား ထင်ယောင်ထင်မှား ဖြစ်စေမည့် အရေးအသားအားလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်သည်..။

ဒီမိုဝေယံ

မြန်မာ ဆင်ဆာ ဖယ်ရှားမှု တရုတ် မှာ အုတ်အော်သောင်းနင်း ဖြစ်

မြန်မာ နိုင်ငံ တွင်း မှာ ထုတ် ဝေ နေတဲ့ သတင်း မီဒီယာ ကိုယ်စား ပြု ဂျာနယ် တွေ ကို ယခင် က လို စာ ပေ စီစစ် ရေး တင် စရာ မလို တော့ ဘဲ ထုတ် ဝေ ခွင့် ပြု လိုက် တဲ့ သတင်း ဟာ ကွန်မြူနစ် စနစ် ကို ကျင့် သုံး ပြီး တစ်ပါ တီ ဦးဆောင် တဲ့ တရုတ် နိုင်ငံ မှာ အတော် ဂယက် ရိုက် ခတ် နေ တယ် လို့  အခု မနက် ထုတ် ဝေ တဲ့ ဝေါလ်စထရိ ဂျာနယ် မှာ ဖော် ပြ ထား ပါ တယ်။

မြန်မာ နိုင်ငံ တွင်း မှာ သတင်း မီဒီယာ တွေ စာပေ စီစစ် ရေး ကို ဖြတ် သန်း စရာ မလို တော့ တဲ့ သတင်း ကို တရုတ် ကွန်မြူ နစ် ပါ တီ ရဲ့  အာဘော် People Daily သတင်းစာ က ဖော် ပြခဲ့ ပေမယ့် တရုတ် ရုပ်သံ CCTV ကတော့ မြန်မာ နိုင်ငံ ဟာ နိုင်ငံ သေးငယ် တဲ့ အတွက် တရုတ် နိုင်ငံ လို များ ပြ လှ သတင်းမီဒီယာ အဖွဲ့  အစည်း ကြီး တွေ မရှိ သေး ဘူး ၊ ဒါကြောင့် သတင်း မီဒီယာ လွတ် လပ် ခွင့် ပေးပေး ၊ မပေး ပေး မြန်မာ နိုင်ငံ တွင်း က သတင်း မီဒီယာ တွေ ရဲ့  တင် ဆက် မှု ဟာ နိုင်ငံ ရဲ့ နယ် န မိတ် ဘောင် အပြင် ဘက် ကို ကျော် မ ထွက် နိုင် ဘူး လို့  ဆို ပါတယ်။

တရုတ် နိုင်ငံ က လူ တွေ အသုံး များ တဲ့ တွစ်တာ လို Micro blogging ဆိုတ်တစ် ခု ဖြစ်တဲ့ Weibo မှာ တော့ ” တရုတ် ဟာ မြန်မာ ကို အတု မယူ သင့် ဘူး လာ ၊ တရုတ် အစိုး ရ အနေ နဲ့  နိုင်ငံ သား တွေ ကို မျက် စေ့ ပိတ် ၊ နား ပိတ် ၊ ပါး စပ် ပိတ် လုပ် ထား တာ တွေ ကို ရပ် တန့်  သင့် နေ ပြီ လို့  ပြော ဆို ရေး သား ကြ ပါတယ်။

ဝေ ပိုး မှာ မြန်မာ နိုင်ငံ ရဲ့  သတင်း လွတ် လပ် ခွင့် ရရှိ ပုံ ကို ချီးကျုး ရေးသား တဲ့ ထဲ မှာ အမေရိကန် တက္ကသိုလ် တွေ က နေ ကွန် ပျူတာ သိပ္ပံ ဘွဲ့  ရရှိ ခဲ့ တဲ့ ဂူဂဲလ် China ရဲ့  ဥက္ကဌ ဟောင်း ဖြစ်သူ Kai Fu Lee လည်း ပါ ၀င် ပါတယ်။

တရုတ် အစိုးရ အာ ဘော် ကို ထင် ဟပ် တဲ့ Global Times အွန် လိုင်း သတင်း စာ က မြန်မာ အစိုး ရ ပြောင်းလဲ မှု မျိုး တရုတ် က လိုက် မလုပ် နိုင် ဘူး ၊ မြန်မာ ရဲ့  အပြောင်း အလဲ တွေ ဟာ တရုတ် လောက် ရင့် ကျင် တည် ငြိမ် ခြင်း မရှိ သေး ဘူး ၊ အချိန် မရွေး ပြောင်း လဲ နိုင် တယ် လို့  ဆိုပါတယ်။

တရုတ် နိုင်ငံ က အင်တာနက် အသုံး ပြု သူ တွေ ရဲ့  ၃၀ ရာ ခိုင် နှုန်း ခန့်  အသုံး ပြု နေ တဲ့ ဝေပို့  က တော့ Global Times ကို ပြင်း ပြင်း ထန် ထန် ဝေဖန် ကြ ပါတယ်။ နောက် ဆုံး သတင်း လွတ် လပ် ခွင့် နဲ့  ပတ် သက် ပြီး ကျန် ခဲ့ မှာ မြောက် ကိုးရီးယား နဲ့  ငါ တို့  ပဲ ရှိတယ် လို့  တရုတ် တက္ကသိုလ် ကျောင်း သား တွေ က ရေး သား ကြ ပါတယ်။

တရုတ် နိုင်ငံ မှာ သတင်း ရေးသား ဖော် ပြ မှု နဲ့  ပတ်သက် ပြီး တင်း ကျပ် တဲ့ စည်းမျဉ်း ၊ စည်းကမ်း တွေ ထုတ် ပြန်ထား ပြီး Facebook ၊ Twitter စတဲ့ လူမှု ကွန်ယက် ဆိုတ် တွေ အသုံး ပြု မှု ကို လည်း တင်း ကျပ် ထား ပါတယ်။

တနင်္လာ နေ့  က မြန်မာ အစိုးရ ပြန်ကြား ရေး ၀န်ကြီးဌာန လက် အောက် က စာပေ စီစစ်ရေး အဖွဲ့  က သတင်း မီဒီယာ တွေ ကို စီစစ် ဖြတ် တောက် မှု ကို ဖယ်ရှား လိုက် ပြီ ဖြစ် ကြောင်း ကြေငြာ ခဲ့ ပါတယ်။

FNG

မော်တော်ကား အမျိုးမျိုးနှင့် ကုန်ပစ္စည်းများအား အရစ်ကျ စနစ်ဖြင့် ရောင်းချမည့်ပြပွဲ ကျင်းပမည်

မော်တော်ကား အမျိုးအစားပေါင်းများစွာ အပါအဝင် ကုန်ပစ္စည်း အမျိုးမျိုးအား အရစ်ကျ စနစ်ဖြင့် ရောင်းချမည့် ပြပွဲတစ်ရပ်ကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲအား ကြီးမှူးကျင်းပမည့် Creation Strength ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူက ပြောသည်။ ၆.၉.၂၀၁၂ မှ ၉.၉.၂၀၁၂ အထိ မနက် (၉) နာရီမှ ည (၉) နာရီအချိန် မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ပြပွဲကို The Most Amazing Exhibition & Car Show ဟု အမည်ပေးထားကြောင်း သိရသည်။

ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပမှ မော်တော်ယာဉ် အမျိုးမျိုးနှင့် ကားပစ္စည်းမျိုးစုံ၊ IT နှင့် မိုဘိုင်းဆက်စပ် ပစ္စည်းများ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာ အရောင်းပြခန်းများ၊ အိမ်တွင်း အလှဆင် ပစ္စည်းများ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ အိမ်တွင်း ပရိဘောဂ ပစ္စည်းများ၊ လူသုံးကုန်နှင့် အလှကုန် ပစ္စည်းများ၊ အဝတ်အထည်နှင့် လက်ဝတ်ရတနာ ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ဆေးဝါးနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အရစ်ကျစနစ် ရောင်းချရာတွင် ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟန်းဆက်မှအစ ရွှေထည်ပစ္စည်း အမျိုးမျိုး၊ ကားအမျိုးမျိုး၊ တိုက်ခန်းအမျိုးမျိုးတို့ကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အရစ်ကျ ဝယ်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းကို အရင်ပေးချေရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ငွေကို ပစ္စည်းတန်ဖိုးပေါ် မူတည်ပြီး ပေးချေရမှာပါ။ အများဆုံးကာလ ၄၈ လ (၄ နှစ်) သတ်မှတ် ထားပါတယ်” ဟု ပြပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူက ပြောသည်။

ပစ္စည်းတန်ဖိုးပေါ် မူတည်၍ အနည်းအများအလိုက် ၄ နှစ်အထိ ပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲ၌ ရရှိသော အကျိုးအမြတ်များကို သီလရှင် စာသင်ကျောင်း ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

Myanmar Express

တိုင်းဒေသကြီး ၅ ခု ၄ ရက်မီးပြတ်မည်


ပဲခူးတိုင်းဒေသကြီးအတွက် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်ရန် မဟာ ဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံချိတ်ဆက်ခြင်း လုပ်ငန်း များဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုရှိ မြို့နယ် အချို့တွင် ဓာတ်အား ဖြတ်တောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းအမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၂၅ ရက် နံနက် ၆ နာရီမှ ၂၈ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ရာ ထိုနေ့များတွင် မနက် ၆ နာရီမှ ည ၉ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပြီးကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၏ နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီးအား ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင် ရန်နှင့် သုံးစွဲဓာတ်အားပြည့်မီစေရန်အတွက် အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသည် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တည်ဆောက်လျက်ရှိသည့် ၂၃၀ ကေဗွီ မင်းလှပင်မဓာတ်အားခွဲရုံ အား ဓာတ်အားပို့လွှတ်ကာ ၂၃၀ ကေဗွီရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ် ဆက်ရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစွာ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီးဖြတ်တောက်ရခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။

မြန်မာ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး မှ ဓါတ်အားပို့လွှတ်လျက် ရှိသည့် ရွှေတောင်-မြောင်း တကာ ၂၃၀ ကေဗွီ ဓါတ်အားလိုင်းကို မင်းလှပင် ဓါတ်အားပေးစက်ရုံနှင့် ချိတ်ဆက်မည်ဖြစ်သော ကြောင့် ရန်ကုန် တိုင်း ဒေသကြီး အပါအဝင် တိုင်းဒေသ ကြီး ငါးခုတွင် လျှပ်စစ်မီး များ ပြတ်တောက် မည်ဖြစ် ကြောင်း အမှတ်၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သ တင်းထုတ်ပြန်ချက် အရသိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုကို ယခုလ၂၅ ရက်မှ ၂၈ ရက်ထိ လျှပ်စစ်မီးဖြတ်တောက်မည့်အစီအစဉ်တွင်ရန်ကုန်တိုင်းဒေသကြီးရှိ လူနေရပ်ကွက်များ မပါဝင်ဘဲ စက်မှုဇုန်များကိုသာအုပ်စုနှစ်စုခွဲ၍ဖြတ်တောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်အားခွဲဝေရာတွင် စက်မှုဇုန်များကို နံနက် ၅ နာရီမှ နေ့လယ် ၁၂ နာရီထိ တစ်အုပ်စုနှင့် နေ့လယ်၁၂ နာရီမှညနေ ၅ နာရီထိ တစ်အုပ်စုဖြင့် နေ့ခင်းပိုင်းတွင် တစ်လှည့်စီ ပေးမည်ဖြစ်ပြီး ညပိုင်းတွင် အုပ်စုနှစ်ခုလုံးကို မီးအချိန်ပြည့် ပေးသွားမည်ဖြစ်သည်။ ခန့်မှန်းထားသော ဓာတ်အားထက်ပိုထုတ်လုပ်နိုင်ပါက နေ့ခင်းများကိုလည်း ပြန်လည်တိုးပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဓာတ်အားဖြတ်တောက်မညပြည်နယ်၊တိုင်းများမှာကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်သည်။

လျှပ်စစ်ဓာတ်အားဖြတ်တောက်ရခြင်းမှာ ပဲခူးတိုင်းဒေသကြီးကို ဓာတ်အားတိုးချဲ့ပေးနိုင်ရန် မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံ ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါ ၂၃၀ ကေဗွီ ဓါတ်အားသွယ် တန်းမည့် ဩဂုတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နံနက် ၆ နာရီမှ ည ၉ နာရီအတွင်း ဓါတ်အား ပြတ် တောက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Myanmar Express

လွှတ်တော်သည် ကိုယ်ပိုင်အကျိုးစီးပွားရှေ့တန်းတင် ပြောရမည့်နေရာမဟုတ်ပါ

လွှတ်တော်ကြီးက “တောင့်တောင့် ကြီးဖြစ်နေတယ်” ဆိုတဲ့ ပြောသံကို ကျွန်တော်သတိပြုမိလိုက်တယ်။ ကိုယ်တိုင် လွှတ်တော်အနားမသီဘူးတဲ့အတွက် ကိုယ်တွေ့မျက်မြင်မဟုတ်သော်လည်း၊ ပြောကြဆိုကြတာတွေက သွက်သွက်လက် လက်ရှိပုံမရ၊ ဒက်ကနဲ၊ ချက်ကနဲ အချက် ကျကျပြောတာရှိမှရှိလေစ။ ကျွန်တော် သံသယဖြစ်မိတယ်။ အထူးသဖြင့် ကိုယ်စားလှယ်တစ်ယောက်ပြောတာသိသိ သာသာလွဲချော်နေပြီ၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားနှင့် ဆန့်ကျင်နေပြီဆိုလျှင် တော့ သူပြောနေဆဲမှာပဲ၊ ကြားဖြတ်ပြီး ၀င်ထောက်သင့်တယ်။ Intenrupt လုပ် တယ်လို့ ဗြိတိသျှလွှတ်တော်မှာ သုံးနှုန်း ပါတယ်။ တစ်ယောက်ပြောနေဆဲ အခြား တစ်ယောက်ဝင်ထောက်သင့်ပါသလား။ ယေဘူယျပြောရရင်တော့ရှောင်သွားသင့် တယ်။ သူပြောတာ ဂရုစိုက်နားထောင် သင့်တယ်။ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ စနစ်မှာ လွှတ်တော်ကိုယ်စားလှယ်များ စည်းနဲ့ကမ်းနဲ့ ပြောဆိုရမှာပါ။

သို့သော်ပုဂ်္ဂိုလ်တစ်ယောက်ကပြော တဲ့အခါ နိုင်ငံအကျိုးနှင့် မဆိုင်တာပြော တယ်၊ သူပြောတာအကြောင်းအရာသိပ် လွဲနေတယ်ဆိုလျှင်တော့ စည်းကမ်းဖောက် နေပြီ။ တစ်ယောက်ယောက်က ၀င်ထောက် မှတော်ပါလိမ့်မယ်။ တည့်မတ်ပေးဖို့လိုပါ တယ်။ လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်းထိန်းပေးဖို့ (Check and Balance) တာဝန်ရှိပါတယ်။

ခုတော့ လွှတ်တော်နှစ်ရပ်လုံးမှာ မပြောသင့်တာတွေပြောတာကို ဖတ်ရပါ တယ်။ လွဲချော်နေတဲ့၊ မှားယွင်းနေတဲ့ အချက်အလက်ကိုပြောတာလည်း ဖတ်ရ ပါတယ်။ ပြင်ပေးမယ့်လူ၊ထောက်မယ့် လူရှိပုံ မရဘူးထင်ရပါတယ်။

ပြောစရာဥပမာဟောဒီမှာ “အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်အမတ်များ ငိုက်မနေကြရန် သတိပေး” ခေါင်းစဉ်နဲ့ Hot News စာမျက် နှာ ၁၆ မှာ ပြောတဲ့အတိုင်း (တချို့အပိုင်း) ပြည့်ပြည့်စုံစုံသတင်းပေးထားတာဖတ်ရပါ တယ်။ Hot news အယ်ဒီတာနှင့် အဖွဲ့ ကို အလွန်ကျေးဇူးတင်ပါတယ်။

အဲဒီသတင်းမှာ ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအပြန်အလှန်ပြော တဲ့စကားကို ကြားဖြတ်ဝင်ပြော(Intenrput) ပြီး ကန့်ကွက်မည့်သူမပေါ်ခဲ့လို့ ကျွန်တော်အားမလိုအားမရဖြစ်မိတာပါ။ (သတင်းမှာ ကိုယ်စားလှယ်ရဲ့နာမည် ဖော်ပြထားသော်လည်း၊ အများသိပြီးတဲ့ အတွက် ကျွန်တော်နာမည်မထည့်တော့ ပါဘူး။) ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌခလုတ်နှိပ်မဲခွဲဆုံးဖြတ် ခိုင်းရာမှာတော့ ဆုံးဖြတ်ချက်က ဖြစ်သင့် တဲ့အတိုင်းဖြစ်သွားတာတွေ့ရလို့ ကိုယ်စား လှယ်များကို ကျေနပ်ပါတယ်။

ဆွေးနွေးတာက အလုပ်ရှင်အလုပ် သမားဥပဒေနဲ့ ဆိုင်ပါတယ်။တစ်နေရာ မှာ ဥက္ကဋ္ဌမှ ပြောပုံက ဒီလိုပါ ဥက္ကဋ္ဌ- ပြန်ဖတ်ပြမယ်၊ ပြန်ဖတ်ပြမယ်။ လွှတ်တော်အမတ်တွေ ငိုက်မနေကြပါနဲ့ ငိုက်နေတော့ ဘာမှမသိသလိုဖြစ်နေမယ် အစချီကာပြောလေ ပြောလေ။

လွှတ်တော်ကိုယ်စားလှယ်- ကျွန်တော် တို့က စီးပွားရေးသမားတစ်ယောက်ဆိုတော့။ ဥက္ကဋ္ဌ- ဘယ်လောက်ချသင့်သလဲ။ လွှတ်တော်ကိုယ်စားလှယ်- ငွေဒဏ်ပဲချ သင့်တယ်။ ဥက္ကဋ္ဌ- ထောင်ဒဏ်မပါဘူးပေါ့။ ဆက်လက်ပြောဆိုတာကို Hot News Journal က ဖော်ပြပါတယ်။ သို့သော် ဒီမျှ နဲ့ပဲ ကျွန်တော်ဆွေးနွေးစရာစကားပါသွား ပါပြီ။ ဝေဖန်ရလျှင် လွှတ်တော်ကိုယ်စားလှယ်က ““ကျွန်တော်တို့က စီးပွားရေးသမားဆိုတော့”” ဆိုတဲ့ စကားက အတော်မဆီလျော်ဖြစ် တယ်ခင်ဗျ။ အောက်ခြေလွတ်နေတယ်။ ဘ၀မေ့နေတယ်ဆိုတာ ထင်ရှားပါတယ်။

လွှတ်တော်ထဲမှာ ပြောခွင့်ဆိုခွင့်ရ တာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရတဲ့အခွင့်အရေးဖြစ်ပါတယ်။ ပြည်သူ တွေက ရွေးကောက်တင်မြှောက်လို့၊ ပြည်သူကို ကိုယ်စားပြုသော သူပဲဖြစ်ရ ပါမယ်။ ပြည်သူကို ကိုယ်စားပြုပြောဖို့ စေလွှတ်ခံရသူဖြစ်လို့ လွှတ်တော်တွင် ပြောဆိုရန် ကိုယ်စားလှယ်လို့ (ရာထူး) အမည်တပ်ထားတာ ရှင်းပါတယ်။

ယခုပြောတဲ့လွှတ်တော်ကိုယ်စားလှယ် ကြီးက သူဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အကြောင်းမေ့သွားတယ်ဗျ။ ““ကျွန် တော်တို့က စီးပွားရေးသမားတစ်ယောက် ဆိုတော့”” တဲ့။ လွှတ်တော်ထဲမှာ ပြော ဆိုဖို့ ဘယ်စီးပွားရေးသမားကိုမှ အခွင့် ပေးမထားပါဘူးခင်ဗျာ။ လွှတ်တော်ကိုယ် စားလှယ်ဘ၀ကို မေ့တာပေါ်လွင်ပါတယ်။ စည်းကမ်းပျက်တယ်

လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ကိုယ်စားပြုတဲ့ ပြည်သူတွေထဲ မှာ လယ်သမား၊ အလုပ်သမား၊ စီးပွား ရေးသမား၊ ကုန်သည်၊ ပွဲစား၊ ကျောင်း သား၊ ကလေး၊ သက်ကြီးရွယ်အိုစတဲ့ လူ တန်းစားအစုံပါဝင်ပါတယ်။ ကိုယ်စား လှယ်က သူတို့အားလုံးရဲ့ အကျိုးစီးပွား ကို ဦးထိပ်ထားဆွေးနွေးရန် တာဝန်ရှိပါ တယ်။

ယခုေုတာ့ ““ကျွန်တော်တို့က စီးပွား ရေးသမားတစ်ယောက်ဆိုတော့””လို့ စကားခံပြီးပြောတဲ့အတွက် စည်းကမ်း ပျက်တယ်လို့ ကျွန်တော်ယူဆပါတယ်။

ဘာလို့အဲဒီစကားကိုမကန့်ကွက်ကြတာလဲ လွှတ်တော်ဥက္ကဋ္ဌပြောစကားတွေ ကြည့်ရတာတော့ ပြောသင့်ပြောထိုက် တာတွေပါပါတယ်။ ““ငိုက်မနေကြနဲ့”” စသည်။

““ကျွန်တော်တို့က စီးပွားရေးသမား တစ်ယောက်ဆိုတော့””ဆိုတဲ့ အသံထွက် လာတဲ့အခါမျိုးမှာ ရှေးဒီမိုကရေစီလွှတ် တော် (၁၉၄၈-၆၂)ထဲမှာသာ ဖြစ်ခဲ့လျှင် တော့ လွှတ်တော်အမတ်တစ်ယောက် ယောက်က ဒီလိုကြားဖြတ်တောက်မှာ သေချာတယ်။ ““ဥက္ကဋ္ဌကြီးခင်ဗျာ။ လွှတ်တော် အမတ်မင်းက သူ့ကိုယ်သူဘ၀မေ့ပြီး ကျွန်တော်တို့က စီးပွားရေးသမားတစ် ယောက်ဆိုတော့လို့ ပြောနေပါပြီ။ ဘ၀ မေ့ပြီးပြောနေတာ ဥက္ကဋ္ဌကြီးတားမြစ်ပေး ပါ။””

အခြားသူများကပါ တစ်ယောက် တစ်ပေါက် ၀င်ပြောကြပါလိ့မ်မယ်။ လက်ခုပ်သြဘာသံလည်း ထွက်မှာပဲ။

သောသောညံသွားလျှင်တော့ ဥက္ကဋ္ဌက ငြိမ်ကြပါ(သို့)စည်းကမ်းရှိကြပါ လို့ပြောပြီး ငြိမ်ခိုင်းမယ်။ စည်းကမ်းထိန်း ပေးလိမ့်မယ်။

လွတ်လပ်ရေးခေတ်ဦး လွှတ်တော် မှတ် သားဖွယ်များ လွတ်လပ်ပြီးစ လွှတ်တော်မှာ အချီ အချ၊ အပြန်အလှန်ပြောစကားတွေရှိပါ တယ်။ အဲဒီခေတ်သတင်းစာတွေက မှတ် တမ်းတင်ထားပါတယ်။ လွှတ်တော်မှတ် တမ်းစာအုပ်ကြီးတွေမှာလည်း အပြည့် အစုံမှတ်တမ်းတင်ထားပါတယ်။ ပြည်သူ လူထုဗဟုသုတအတွက် စာနယ်ဇင်းများ က သုတေသနလုပ်ပြီး တတ်နိုင်သမျှ ဖော်ပြလျှင် သိပ်တန်ဖိုးရှိပါလိမ့်မယ်။

ကျွန်တော်မှတ်မိတာကလေးတစ်ခု ကဒီလိုပါ။

အမတ်တစ်ယောက်က ၀န်ကြီးချုပ် ဦးနုကို အမျိုးမျိုးဝေဖန်စကားပြောပြီး ““၀န်ကြီးချုပ်ပေးတဲ့ ကတိတည်ဖို့လိုပါ တယ်””လို့ ပြောတဲ့အခါမှာ ဦးနုက ““အမတ်မင်းလိုပုဂ်္ဂိုလ်မပြောပါနှင့်၊ ကျွန် တော့်ကို အတိုက်အခံလုပ်နေတဲ့ ထိပ် တန်းခေါင်းဆောင်တွေကတောင် ကျွန် တော်ရဲ့ ကိုယ့်ကျင့်သိက္ခာကို မပုတ်ခတ်ရဲ ပါဘူး။ စံရှားတင်ဘယ်မှာလဲလို့ တစ်ခါ မေးခွန်းထုတ်တာပဲ ခံရဖူးပါတယ်””လို့ ဖြေ တော့ လွှတ်တော်က တ၀ါးဝါးဖြစ်သွားပါ သတဲ့။ အဲဒီခေတ်လွှတ်တော်ထဲမှာ အပြန် အလှန်ဝေဖန်တာ၊ ကြားဖြတ်ဝင်ပြောရာ မှာ နာမည်ရသူတွေ အတော်များများ ရှိပါတယ်။ ဦးသိန်းဖေမြင့်၊ ၀ိဓူရသခင် ချစ်မောင် စသည်တို့ပါပဲ။ ရုပ်ရှင်မင်းသမီး ဒေါ်စံရှားတင်နဲ့ ဦးနုကို သမုတ်ကြတဲ့ စကားကို ရည်ညွှန်းပြီးပြောတာဖြစ်တယ်။ လွှတ်တော်ထဲမှာ ဦးနုက အဲဒီလို ပြော လိုက်တော့ စံရှားတင်က ““ကာယကံရှင် က သူ့သိက္ခာရှင်းလို့ ဒီလိုပြောရဲတာပေါ့”” လို့ မှတ်ချက်ချပါသတဲ့။ အဲဒီခေတ် သတင်းစာမှာ ဖတ်ရပါတယ်။

တစ်ခါမှာတော့ ဗိုလ်ချုပ်နေ၀င်း- အဲဒီအချိန်တုန်း က ကျွန်တော်တို့တောင် ပြန်ပေးဆွဲပြီး အတင်းအာဏာသိမ်းခိုင်းဖို့ စီစဉ်ကြလို့ ကျွန်တော်လုံခြုံရာမှာ ပုန်းနေခဲ့ရတယ်။ အဲဒီထဲ ဦးသိန်းဖေမြင့်ပါပါတယ်။ ဦးသိန်းဖေမြင့်- ကျွန်တော်ယခု လိမ္မာနေ ပါပြီခင်ဗျာ။ (ပြောစကား အတိအကျ မဟုတ်ပါ။ ကျွန်တော်မှတ်သားမိသမျှကို အဓိပ္ပာယ်ပေါ်အောင် ပြန်ရေးတာပါ။ ဗြိတိသျှပါလီမန်မှာ ဒီဘိတ် ဗြိတိသျှပါလီမန်ကို ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ပါလီမန်အဖြစ် အသိအမှတ်ပြုပြီး အခြားနိုင်ငံများက လည်း အတုယူကြပါတယ်။ အပတ်စဉ် ၀န်ကြီးချုပ်ကို အမတ်များက မေးခွန်း ထုတ်တဲ့ Prime Minister’s Question Time မှာဆိုရင် အတိုက်အခံတွေက ပိတ်သာလေးနဲ့ နံဘေးပြန်ထုတာပဲ။

Interruption တွေလုပ်လွန်းလို့ ဆူဆူညံညံဖြစ်တဲ့အခါ ဥက္ကဋ္ဌက Ordre, order လို့ပြောရတယ်။ ဒီနေရာမှာ order (အော်ဒါ)က အမိန့်မဟုတ်ပါ။ စည်း ကမ်းရှိကြပါလို့ အဓိပ္ပာယ်ရပါတယ်။

သမိုင်းတွင်တဲ့ Interruption ဒုတိယကမ္ဘာစစ်စောစောပိုင်း (၁၉၄၀ပြည့်နှစ်ထဲ)မှာ ဗြိတိန်စစ်ရေး အခြေအနေဖြစ်နေတယ်။ ဂျာမန်တွေ အောင်ပွဲတွေရ၊ ဥရောပသိမ်းထားတယ်။ ကမ္ဘာမှာ ပြိုင်ဘက်မရှိလို့ ယူဆထားတဲ့ Royal Navy လည်း သိပ်မဟန်လှဘူး။ နော်ဝေးဘက်မှာဖြစ်တဲ့ Narvik battle မှာ အတော်အခြေအနေဆိုးတယ်။ ဒီတော့ စစ်ရေးအခြေအနေကို အောက်လွှတ် တော် (House of Commons) မှာ ၁၉၄၀ ပြည့် မေလ(၇)ရက်မှ (၈)ရက်အထိ အခြေအတင် (debate) ပြောကြတယ်။ ၀န်ကြီးချုပ်ချိန်ဘာလိန်က ဒီဘိတ်ဖွင့် မိန့်ခွန်းပြောပြီး ဝေဖန်ကြတာ တစ် ယောက်တစ်ပေါက်။ ဥက္ကဋ္ဌကြီးက အော် ဒါအော်ဒါနဲ့ ခဏခဏ ငြိမ်ခိုင်းရတယ်။

ပြောကြသူတွေအတော်များပါတယ်။ ရေတပ်ဦးစီးချုပ်(ငြိမ်း)ကလွှတ်တော်အ မတ်ဖြစ်ပြီးစ မကြာသေးဘူး။ Sir Roger Keyes က““နယ်လဆင် ကပြောခဲ့တယ် ခင်ဗျ”” “သတ်္တိအရှိဆုံးခြေလှမ်းဟာ၊အန္တရာယ်အကင်းဆုံးလို့ ကျွန်တော်ထင်တာပဲ” တဲ့။အဲဒီ စကား ဒီကနေ့အတွက်လည်း မှန်ကန်နေဆဲပါခင်ဗျာ”” လို့ပြောလိုက် တယ်။ တွန့်ဆုတ် တွန့်ဆုတ်မလုပ်နဲ့ ရဲရဲချလို့ အဓိပ္ပာယ်ရတဲ့စကားမို့ လွှတ် တော်က လက်ခုပ်သြဘာပေးတယ်လို့ မှတ်တမ်းရှိပါတယ်။ နောက်ဆုံးမမေ့နိုင်တဲ့ စကားကိုပြော သူက အတိုက်အခံအမတ်(နောင်အခါ စစ်ရေး ကက်ဘိနက်ဝန်ကြီးဖြစ်လာသူ) Leo Amery ဖြစ်ပါတယ်။သူပြောတဲ့ သမိုင်းဝင်စကားက ထိရောက်လွန်းလို့ မူရင်းအတိုင်းရေးလိုက်ပါတယ်။

This is what Cromwell Said,” you have sat too long here for any good you have been doing,Depant,I say, and let us have done with you. In the name of God, go” ဘာသာပြန်- ခရွမ်းဝဲက ဒီလိုပြောခဲ့ပါ တယ်။ ““ခင်ဗျားတို့ ဘာမှအသုံးမကျဘဲ ဒီမှာထိုင်နေကြတာကြာလှပြီ။ထွက်ကြ ဗျာ၊ကျုပ်ပြောမယ်၊ခင်ဗျားတို့ကို မလိုချင် တော့ဘူး။ဘုရားအလိုကျပြောလိုက်မယ်၊ သွားစမ်း။”” In the name of God, go ကိုလီယို အေမာရီက အော်ထည့်လိုက်ပါသတဲ့။

လီယိုအေမာရီက ဒီစကားပြောတော့ သြဘာသံသောသောညံသွားတယ်။ လွှတ်တော်အမတ်အားလုံးကလည်း စစ် ဖြစ်နေချိန်မှာ ၀န်ကြီးချုပ် ချိန်ဘာလိန် ပျော့ညံ့တယ်။ခေါင်းဆောင်နေရာနဲ့မတန် ဘူးလို့ သဘောတူကြတယ်။နောက်ဆုံး စကား ” In the name of God ,go” နဲ့ ပဲ ချိန်ဘာလိန် ၀န်ကြီးချုပ်ရာထူးမှဆင်းပေး ရတယ်။နောက်နေ့မှာ ချာချီ ၀န်ကြီးချုပ် ဖြစ်တယ်။

(ယခုဖော်ပြတဲ့ သမိုင်းမှတ်တမ်းကို Internet မှာ လွယ်လွယ်တွေ့နိုင်ပါတယ်။ Noway debate ရိုက်ထည့်ပြီး ရှာရင်ရ တယ်။ N.Chamberlam ရိုက်ထည့်ပြီး ရှာရင်လည်း ရတယ်။In the name of God, go နဲ့ရှာရင်လည်း ရပါတယ်။ Wikipedia က ညွှန်လိမ့်မယ်။)

ဒါကြောင့် ကျွန်တော်(တစ်ဦးတည်း) ၏ ကိုယ်ပိုင်သဘောကတော့ လွှတ်တော် ဆိုတာ တိုင်းရေးပြည်ရေးဆွေးနွေးတဲ့နေ ရာဖြစ်လို့ ထောက်တန်ထောက်၊ကွက် တန်ကွက်၊အော်တန်အော်ရမည့်နေရာလို့ ယူဆပါတယ်။ဒီလိုလုပ်လျှင်ဖြင့် Healthy debate (လျော်ကန်သင့်မြတ်တဲ့အခြေ အတင်စကား) အဖြစ် တိုင်းသူပြည်သား များက ထောက်ခံကြိုဆိုမှာ မုချပါပဲလို့ ကျွန်တော်၏အမြင်ကို တင်ပြပါတယ်။

Myanmar Express

မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်း ရေးဆွဲမှုကို ဂျပန်ကျွမ်းကျင် ပညာရှင်များဖြင့် စတင် ဆောင်ရွက်နေ

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း အတွက် ပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပြီး လက်ရှိမှာ အဆိုပါ ပညာရှင် တွေဟာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြို့ပြ စီမံကိန်း ဌာနခွဲမှာ တာဝန် ထမ်းဆောင် လျက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုကို JICA မှပညာရှင်နဲ့ ကျွမ်းကျင် ၀န်ထမ်း ၃၀ ခန့်က သြဂုတ်လ ဒုတိယပတ်က စတင် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ဒီလို စီမံကိန်း ရေးဆွဲရာမှာ အပိုင်းလိုက် သက်ဆိုင်ရာ စီမံချက်များနဲ့ရေးဆွဲ သွားမှာ ဖြစ်ပြီး ပထမအဆင့် ရေးဆွဲမှု အနေနဲ့ ကိုးလကြာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆိုပါ မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းနဲ့ ပတ်သက်တဲ့ ပူးပေါင်း ဆောင်ရွက်မှု MoU လက်မှတ် ရေးထိုးမှုကို မေလ ၁ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နဲ့ JICA မြန်မာ ရုံးခွဲမှ ဌာနေ ကိုယ်စားလှယ် တို့မှ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းကို စီမံချက် ၆ ခုနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက်ရာ မှာတော့ ဓာတ်အား ဖြန့်ဖြူးရေး ကဏ္ဍ စီမံချက်၊ မြို့ပြ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ စီမံရေး၊ ရေဆိုးစနစ် ကောင်းမွန်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနဲ့ သောက်သုံးရေ ပြည့်ဝစွာ ရရှိရေး အစရှိတာတွေ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သီလ၀ါ စီးပွားရေး အထူးဇုန် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ပင်လယ်ကူး သင်္ဘော ဆိပ်ကမ်းများ ဖွံ့ဖြိုး တိုးတက်ရေး များကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

Myanmar Express

ASEAN 100 Leadership ဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ASEAN 100 Leadership ဖိုရမ်တွင် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပမည့် အဆိုပါ ဖိုရမ်တွင် မြန်မာသမ္မတ ဦးသိန်းစိန်က ပထမနေ့တွင် တက်ရောက်ကာ အဖွင့်မိန်ခွန်း ပြောမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ နောက်တစ်နေ့တွင် တက်ရောက် သူများနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဟု သိရသည်။

အဆိုပါ ဖိုရမ်ကို ဦးဆောင်စီစဉ်သည့် Asia Inc ၏ အဆိုအရ မြန်မာနိုင်ငံသည် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး မူဝါဒနှင့် အိန္ဒိယ၊ တရုတ် နှစ်နိုင်ငံကြားမှ တည်ငြိမ်မှု စွမ်းဆောင်နိုင်ခြင်း များကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက စိတ်ဝင်စားမှု မြင့်တက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
“သြဂုတ်လလယ်ပိုင်း နေပြည်တော်ကို သွားရောက်တွေ့ဆုံပြီး သဘောတူညီမှု ရယူခဲ့တာပါ” ဟု Asia Inc မှ အကြီးအကဲဖြစ်သူ Dato Paduka Timothy က ပြောကြားသည်။ ၎င်း၏ အဆိုအရ အာဆီယံနိုင်ငံများမှ အကြီးအကဲများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရကာ ကမ္ဘာကြီးနှင့် ပြန်လည်ထိတွေ့မှု ရှိလာသော အာဆီယံနိုင်ငံ တစ်ခုအတွင်း အရေးကြီးအချိန်တွင် ကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖိုရမ်တွင် ကမ္ဘာပေါ်ရှိ အရှုပ်အထွေးများ၊ အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ် အလားအလာများ အကြောင်းကို ဆွေးနွေးကြမည်ဖြစ်ကာ အာဆီယံဒေသတွင်းမှ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဟု သိရသည်။

၂၀၀၃ ခုနှစ်ကတည်းက ကျင်းပလာခဲ့သော အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့် ရခြင်းနှင့်အတူ နိုင်ငံတကာ၏ စိတ်ဝင်စားမှု အမြင့်ဆုံးကာလတွင် ယင်းကဲ့သို့ ဖိုရမ်မျိုး အချိန်ကိုက် ပြုလုပ်လာခြင်းကြောင့် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ စိတ်ဝင်စားမှု ပိုလာစေမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဒေါ်စုကြည်ရဲ့လုပ်ရပ်များကိုမှန်ကန်စွာ ဝေဖန်ပြလိုက်သော ပြည်ခိုင်ဖြိုးပါတီ


NLD ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်သောင်းက အင်တာဗျူးတစ်ခုတွင် ဒေါ်စုကြည်ရဲ့ လူပ်ရှားမူတွေကို မှန်ကန်စွာ ဖြင့် ဝေဖန်လိုက်ကြောင်းသိရှိရပါသည်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီး မဲဆွယ်နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ?

ဖြေ ။ ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။အရှေ့ အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သုက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ Image ကောင်းအောင် ပေါ့ဗျာ။ ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ် လိုလွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ ဘယ်လောက် ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူကို မဲပေးမယ်လို့ ပြောလို့မရပါဘူး။

------

ဘယ်သူ့မဲပေးမယ်လို့လည်း ဒီမှာ သိပ်ဆုံးဖြတ်လို့မရပါဘူး။ တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူး ဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူးဆိုတာတွေက ကတိပေးထားတဲ့သူတွေကို သရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့ သူတွေကို ကိုယ်မလုပ် နိုင်လိုဝေဖန်တဲ့သဘောလေးလည်းဆောင်တယ်။ တကယ်တမ်းကတော့ ဒါက မလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့။

------

ပြည်သူတွေအတွက်လုပ်ပေးတာ ကောင်းတယ်ဆိုတာမျိုးပဲပြောရမှာ။ ပြည်သူ့အတွက် လုပ်ပေးတာ မကောင်းဘူးလို့ပြောလာတာတွေက ဒီနိုင်ငံရေးအဓိပ္ပာယ်ကို ကျွန်တော်လည်း နားမလည်ပါဘူး။ ဘာဖြစ်လို့ပြောတာလည်း ဆိုတာ ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့ အဲ့ဒီအဆင့်မမီဘူး။ ဒီမိုကရေစီ ကို လိုလားတယ်။ နောက်ပြီး တရားဥပဒေစိုးမိုးရေးလိုလားတယ်လို့ အကြိမ်ကြိမ် နေရာတိုင်းမှာပြောတယ်။ တကယ့်လက်တွေ့မှာ သူတို့သွားတာ လာတာတွေ အားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ်လိုက်နာလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာ ပြန်ဆန်းစစ်လိုက်ရင်သိတယ်။

တိတိကျကျတော့ မပြောလိုပါဘူး။

Myanmar Express

ဝန်ကြီးဌာနများ၏ ဆိုက်ဘာလုံခြုံရေး တိုးမြှင့်ရန် အမျိုးသားဆိုက်ဘာ ကော်မတီ အကြောင်းကြားထား


ပြည်ပဟက်ကာအဖွဲ့များ၏ ဆိုက်ဘာတိုက်ခိုက်မှုများ ထပ်မံမခံရစေရေးအတွက် အစိုးရဝန်ကြီးဌာနများအား အင်တာနက် ကွန်ရက်လိုင်းများအား လုံခြုံရေးစနစ် တိုးမြှင့်ထားရန်နှင့် တိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများအား မြန်မာနိုင်ငံ အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီမှ ဝန်ကြီးဌာန အသီးသီးသို့ အသိပေး အကြောင်းကြားထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် အတိုက်ခံရပြီးကတည်းက အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီက အစည်းအဝေးလုပ်ပြီး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ ဒီလိုမျိုးထပ်ပြီး မတိုက်ခံရဖို့ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာနဲ့ ပြည်ပက ဘယ်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ အင်တာနက်ကွန်ရက်တွေကို ဝင်တိုက်နေတယ် ဆိုတာကို ပြောသွားတယ်။

အဲဒီနောက် ဝန်ကြီးဌာနအသီးသီးကို အင်တာနက် ကွန်ရက်စနစ်တွေရဲ့ လုံခြုံရေးကို စနစ်တကျ တိုးမြှင့်ထားဖို့နဲ့ ၂၄ နာရီပတ်လုံး ကွန်ရက်တွေကို စောင့်ကြည့်ဖို့ အကြောင်းကြားစာ ပို့လာတယ်” ဟု ၄င်းကဆိုသည်။

ထို့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီမှ ပေးပို့သော အကြောင်းကြားစာအရ ဝန်ကြီးဌာန တစ်ခုချင်းစီအလိုက် အရေးကြီးသော Data များအား ပြည်ပဟက်ကာများ၏ ခိုးယူဖျက်ဆီးခြင်း မပြုလုပ်နိုင်ရန်အတွက် Data လုံခြုံရေးကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန်၊ ISP များအလိုက် တာဝန်ကျသူများက Data စီးဆင်းမှုအား ၂၄ နာရီ စောင့်ကြည့်ရန်နှင့် တိုက်ခိုက်ခံရပါက Data များ ဆုံးရှုံးမှုမရှိစေရန် ဌာနအလိုက် ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်များအား အသိပေးအကြောင်းကြား၍ အမြန်ဆုံး ပြန်လည်ပြင်ဆင်ရမည်ဟု ပါရှိကြောင်း ပြောသည်။

“ဆိုက်ဘာလုံခြုံရေး ကော်မတီကပို့တဲ့ အကြောင်းကြားစာကတော့ ဝန်ကြီးဌာနအလိုက် အင်တာနက်ကွန်ရက် လုံခြုံရေးကို တိုးမြှင့်ဖို့ပဲ” ဟု ၄င်းက ဆိုသည်။ အင်တာနက် ကွန်ရက်များအား ဝင်ရောက် တိုက်ခိုက်နေမှုများအား ကာကွယ်နိုင်ရန်အတွက် ပြည်ပရောက် မြန်မာအိုင်တီ ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာအိုင်တီ ပညာရှင်များအား အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီမှ အလွတ်သဘောဖြစ်စေ၊ တရားဝင်ဖြစ်စေ ပူးပေါင်းကာကွယ်ရန်အတွက် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်ပဟက်ကာများ၏ အလွယ်တကူ ဝင်ရောက်တိုက်ခိုက်မှုကို ခံခဲ့ရခြင်းမှာ လုံခြုံရေးစနစ်များ ချို့တဲ့မှုကြောင့်လည်း ပါဝင်ကြောင်း၊ ထိုလုံခြုံရေးစနစ်များ ကောင်းမွန်စေရန် ဆက်သွယ်ရေးဝန်ကြီးဌာနအား အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေကာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်အား အချိန်ပြည့် စောင့်ကြည့်စေရန် အမျိုးသား ဆိုက်ဘာလုံခြုံရေး ကော်မတီမှ တာဝန်ပေးအပ်ထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများ ကျူးကျော်စစ်ဆင်နွှဲခြင်းဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော

ရခိုင်ပြည်နယ်ဒေသအတွင်း များမကြာမီက ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများက ရခိုင်ပြည် ဒေသအတွင်းဝင်ရောက်၍ ကျူးကျော်စစ်ဆင်နွှဲခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၏ သဘောထားအမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရခိုင်အကြောင်း တစေ့တစောင်း စာမျက်နှာမှ ဖော်ပြချက်အရ သိရသည်။

တစ်ဖက်နိုင်ငံမှာ တရားမဝင်ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုးများအား မြန်မာနိုင်ငံရှိ အကျင့်ပျက် ဝန်ထမ်းတချို့က လာဘ်ငွေယူကာ နေထိုင်ခွင့်ပေးခြင်း နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးခြင်း၊ မြှောက်ပင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း လည်း ပြောဆိုသွားသည်။

" ကျွန်တော်ပြောချင်တာက ဒါဟာ ကျူးကျော်စစ်ပွဲတစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဗြိတိသျှတွေ သေနတ်နဲ့ လာရောက်တိုက်ခဲ့တာမှ ကျူးကျော်တာ မဟုတ်ဘူး။ အခု ဟိုဘက်က ဘင်္ဂလီတွေ ကျူးကျော်အခြေချ နေထိုင်လာပြီး အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ပေါင်းပြီး မှတ်ပုံတင်တွေ ထုတ်တယ်။ အိမ်ထောင်အများကြီးပြုပြီး၊ ကလေးတွေ သောက်သောက်လဲမွေးတယ်။ ဒီတော့ လူဦးရေတွေ တိုးပွားလာတယ်။ ဒေသခံတွေကို နှင်ထုတ်တယ်။ အိမ်တွေ မီးရှို့တယ်။ သတ်တယ်။ ဒါဟာ ရခိုင်နဲ့  အစ္စလာမ်ဖြစ်တဲ့ ပြဿနာလို့  ပြောလို့ မရတော့ဘူး။ အဲ့ဒီနယ်မြေကို သူတို့ နယ်မြေလို့  ကျူးကျော်တောင်းဆိုလာတယ်။ " ဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ယခုကဲ့သို့ ဘင်္ဂလီလူမျိုးများ ကျူးကျော်ခြင်းအား မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်ပြီး ၄င်းပြဿနာကို ပြည်သူနှင့်အစိုးရ ပူးပေါင်းပြီး ဖြေရှင်းမှအောင်မြင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ဘင်္ဂလီလူမျိုးများက လူ့အခွင့်အရေးအရေခြုံပြီး ကမ္ဘာ့နိုင်ငံတချို့တွင် သတင်းအလိမ်များဖြင့် ဝါဒဖြန့်ခြင်းအားလည်း ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ဦးဇော်အေးမောင်က" ဒီကျူးကျော်စစ်ပွဲဟာ မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အားလုံးနဲ့  သက်ဆိုင် တယ်လို့  သတ်မှတ်ပြီး အစိုးရနဲ့  ပူးပေါင်း ဖြေရှင်းမှ အောင်မြင်မယ်လို့ ထင်တယ်။ ဒါ့အပြင် ကမ္ဘာ့ အချို့ နိုင်ငံများက လူ့အခွင့်အရေးကို အရေခြုံပြီး ဇာတ်နာခန်းတွေ ဖွင့်ပြပြီးတော့ ကျွန်တော်တို့ ရခိုင်တွေကပဲ နှိပ်စက်နေသလို ပြောနေတာကိုလည်း ကျွန်တော်က ရှုတ်ချတယ်။ " ဟု ယခုကဲ့သို့ ပြောသည်။

ဆက်လက်၍ ဦးဇော်အေးမောင်က " လူ့အခွင့်အရေးကို အများဆုံး ကြွေးကြော်နေတဲ့ အမေရိကန်နိုင်ငံမှာ ကျွန်တော်တို့  ရခိုင်လူမျိုးတွေ တရားမ၀င် သွားရောက်နေထိုင်ပြီးတော့ တိုင်းရင်းသားပါ၊ အမေရိကန် တိုင်းရင်းသားပါလို့ တောင်းဆိုလာရင် သူတို့က ကျွန်တော်တို့ကို ဘာလုပ်ပေးမလဲ။ အမေရိကန်မှာ ရခိုင်ပြည်နယ်ပေးပါ။ အာရိကန်ဒေသ သတ်မှတ်ပါလို့  ပြောလို့လည်း မရဘူး။ အဲ့ဒီတော့ နိုင်ငံတကာကိုလည်း မျှမျှတတဝေဖန်ဆုံးဖြတ်ပါလို့  ပြောချင်ပါတယ်။ " ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂလီလူမျိုးများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် ကျူးကျော်စစ်ပွဲဆင်နွှဲရန် အစီစဉ်တကျ ပြင်ဆင်မှုများ ရှိခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

Myanmar Express