Monday, August 20, 2012

ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင် ပထမအကြိမ် အစည်းအဝေး ကျင်းပ


နိုင်ငံတော် သမ္မတရုံး၏ စေခိုင်းမှုကြောင့် ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ၂၅ ဦး ဟာ ပထမဆုံးအကြိမ် အစည်းအဝေး တစ်ရပ်ကို ချက်ချင်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။ အစည်းအဝေးတွင် အလျှင်အမြန် စုံစမ်းဖော်ထုတ်ရမည့် အချက်များ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရပြီး သမ္မတရုံးမှ ၎င်း တို့ကို အချိန် (၁) လ သာ ပေးထားကြောင်း သိရပါတယ်။


စုံစမ်းရေး ကော်မရှင် အဖွဲ့တွင် ရခိုင်တိုင်းရင်းသား တို့ ဖိနိပ်မီးရှို့ခံရပြီး ဒုက္ခသည် သောင်းချီ ရှိနေချိန်မှာ ရခိုင်ပြည်နယ်ကို လုံးဝ သွားရောက်ခြင်း မရှိခဲ့ကြတဲ့ သတင်းစာဆရာ မောင်ဝံသ၊ ရခိုင် ပြည်နယ် ပြဿနာ တက်နေချိန် ဥရောပ မှ ရိုဟင်ဂျာ အရေး လှုပ်ရှားသူများ နှင့် တွေ့ဆုံခဲ့သူ လူရွှင်တော် ဇာဂနာ၊ ရခိုင် မရောက်ဖူးတဲ့ ရှမ်းလူမျိုး ဦးခွန်ထွန်းဦး၊ ရခိုင်မ လေး အသတ်ခံရတုန်းက ငြိမ်နေကြပြီး ကုလားတွေ သေမှ အသံထွက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ အဖွဲ့ဝင် ဦးကိုကိုကြီး တို့ ပါဝင်နေခြင်းကြောင့် ရခိုင်တိုင်းရင်းသားတို့ အတွက် အခြေအနေ မကောင်းဘူးလို့ ဝေဖန် မှုတွေ ရှိနေပါတယ်။


Myanmar Express

NLD ထောက်ခံသူ တစ်ဦးမှ ဗိုလ်ချုပ်သား ဟန်ဆောင်ကာ အမှန်တကယ် ဗိုလ်ချုပ် သားသမီးများကို သိက္ခာကျစေရန် စည်းကမ်းမဲ့ ရိုင်းစိုင်းမှုတွေ လုပ်နေခြင်းအား ဖမ်းဆီး


ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အားလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချဲပ် မှ အပြတ်အသတ် နိုင်ခဲ့သော နေပြည်တော် တွင် မြို့မဈေး ရဲကင်းအနီး၌ သြဂုတ် ၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က လူသုံးဦးစီးနင်းလာသော ဆိုင်ကယ်အား ကားတစ်စီးက ၀င်တိုက်ရာ ဆိုင်ကယ်စီးနင်းသူသုံးဦးအနက် အမျိုးသမီးတစ်ဦးမှာခြေကျင်းဝတ်တွင် ဒဏ်ရာရရှိသွားခဲ့သည်။

ထိုအခါ ကားပေါ်မှ ယာဉ်မောင်းဖြစ်သူတစ်ဦး ဆင်းလာပြီး မေးမြန်းရာ အမျိုးသမီးက ခြေကျင်းဝတ်ဘာဖြစ်မှန်းမသိကြောင်း ပြန်လည်ဖြေစဉ် ယာဉ်မောင်းက ၎င်းသည် ကက(၀ယ်)မှ ဗိုလ်ချုပ်၏သားဖြစ်ကြောင်း ခြေထောက်နာလျှင်ခြေထောက်ကိုပါ ဖြတ်ပစ်ရန် ကုန်ကျငွေအား ကျသင့် သလောက် လျော်မည်ဖြစ်ကြောင်း မိုက်ရိုင်းစွာပြောသည်။ ထို့အပြင် အနီးရှိရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနယ်မြေ မှတာဝန်ရှိတပ်ဖွဲ့ ၀င်များ(သတင်းတပ်ဖွဲ့၊ စ.ရ.ဖ များအားလုံး) လာရောက်ကြည့်ရှုစဉ် ၎င်းသည် ဗိုလ်ချုပ်သားဖြစ်၍ ၀င်မရှုပ်ရန် ငေါက်ငန်းလွှတ်ခဲ့သည်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။

ထိုစဉ်အနီးရှိ နယ်မြေခံသ တင်းထောက်ဖြစ်သော ကိုတင်မောင်လွင်က အဆိုပါဖြစ်ရပ်ကို ဓာတ်ပုံရိုက်စဉ် “မင်းဘာကောင်လဲ အလုပ်ပြုတ် သွားမယ်။ ငါက ဗိုလ်ချုပ် xxx ရဲ့သား။ မဆိုင်ရင်ဝင် မရှုပ်နဲ့ အကုန်နာကုန်မယ်” ဟု ပြောဆိုကာ ပတ်ဝန်းကျင်ရှိတာဝန်ရှိသူများအားလုံးကို ကြိမ်းမောင်း၍ အခင်းဖြစ်နေရာမှ ဆိုင်ကယ်အား အတင်းရွှေ့ခိုင်းသည်ဟုဆို၏။ တာဝန်ရှိသူများကလည်း လူကြီးတစ်ယောက်၏ သားသမီးဟု ဆိုလာသဖြင့် ဇဝေဇ၀ါဖြစ်နေသော်လည်း အမှန်တကယ်စစ်ဆေးဆောင်ရွက်မှုပြုသောအခါ ယင်းဗိုလ်ချုပ် xxx ၏သားဟုဆိုသော လူငယ်မှာ အမှန်တကယ် မဟုတ်ဘဲ သာမန်ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းတစ်ဦးသာဖြစ်ကြောင်း၊ အမှန်တကယ် ဗိုလ်ချုပ် သားသမီးများ၊ လူကြီး သားသမီးများကို သိက္ခာကျစေရန် အတွက် ဟန်ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဗိုလ်ချုပ် xxx ၏ သားဟုဆိုခဲ့သော အထက်ပါ ယာဉ်မောင်းက ယင်း၏ ဗိုလ်ချုပ် xxx ၏သားဟု ကြိမ်းဝါးမှုအပေါ် အခင်းဖြစ်စဉ်ကရှိခဲ့သော တာဝန်ရှိသူများ အားလုံးကို နောက်ပိုင်းတွင် လိုက်လံ တောင်းပန်ခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုကို နေပြည်တော်ယာဉ်မှုစစ်က (ပ)၃၉/၂၀၁၂ ဥပဒေပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ထားသည်။

တရားခံ သည် အသက် ၃၀ ပတ်ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ကို မဲ ထည့်ခဲ့ကြောင်း သိရသည်။ ကြားဖြတ်ရွေးကောက်ပွဲ အကြို စည်းရုံးရေး ကာလ တွင်းမှာလည်း စည်းကမ်းမဲ့သူ NLD ထောက်ခံသူ အများအပြားကြောင့် ယခုလိုမျိုး ယဉ်မတော်တဆ မှုပေါင်းများစွာ ရှိခဲ့ကြောင်းလည်း သိရသည်။

Myanmar Express

မြန်မာ-စင်ကာပူ နှစ်နိုင်ငံပူးပေါင်း ၍ အချိုရည်နှင့် ဘီစကွတ်စက်ရုံ တည်ထောင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးသည် ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့မှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးတင်စိုး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၄ ရက် နံနက် ၈ နာရီက မင်္ဂလာဒုံစက်မှုဇုန် ကုမ္ပဏီ လီမိတက်သို့ရောက်ရှိပြီး မြေကွက် အမှတ် B-67 ၌ မြန်မာ URC ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်မည့် စားသောက်ကုန် ထုတ်လုပ်ရောင်းချမည့် စက်ရုံမြေနေရာကို လည်းကောင်း၊ ရွှေပြည်သာစက်မှုဇုန် (၁)မြေတိုင်းအမှတ် (၅၁)မြေကွက်၌ ဆောက်လုပ်မည့် ကောင်းထက်မြန်မာ ကုမ္ပဏီလီမိတက်၏ အချိုရည်နှင့် ဘီစကွတ်စက်ရုံမြေ နေရာကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ကမာရွတ်မြို့နယ် ရွှေပိတောက်ရိပ်မွန်ရှိ Kaung Htet (Myanmar Manufacturing & Distribution Co.,Ltd.) ရုံးခန်း၌ စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများနှင့် ပြည်တွင်းမိတ်ဖက် ကုမ္ပဏီတို့၏ သဘောတူညီ ချက်ဖြင့် မြန်မာနိုင်ငံ၌ တည်ဆောက်မည့် အချိုရည်နှင့် ဘီစကွတ်စက်ရုံ တည်ထောင်ပြီး ပူးပေါင်းဆောင်ရွက် သွားမည့် အစီအစဉ်များအား တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ရေကြီး.. စစ်တပ်ကပဲ ကူညီရပြန်


ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရိုးမြို့မှာ မိုး အဆက်မပြတ်သည်းထန်ပြီး အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျချောင်းရေ တွေကြောင့် ရေကြီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပါတယ်။

ဒီကနေ့ နေအိမ်တွေ ပြိုကျမှုတွေ၊ ရေစီးနဲ့မျှောပါပျောက်ဆုံး နေသူတွေ ရှိတယ်လို့ သိရပြီး ရေကြီးမှုကြောင့် နေအိမ်တွေထဲ ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ကလေးငယ်တွေ ကို စစ်တပ်၊ ရဲ စတဲ့ အာဏာပိုင် တွေက ကယ်ဆယ်ရေးတွေဆောင်ရွက်နေတာ မြင်တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေကြီးမှု အဆိုးရွားဆုံးဖြစ်နေတဲ့ အေဒီချောင်းနံဘေးက ရပ်ကွက် (၁)၊ရပ်ကွက် (၉)နဲ့ (၁၀)တို့မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အဓိက လုပ်ဆောင်နေပြီး၊ ဒုက္ခသည် စခန်း ၃ ခုကိုလည်း အရေးပေါ် ဖွင့်လှစ် ထားရတယ်လို့ သိရပါတယ်။

Myanmar Express

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် မြို့နယ်အသီးသီးက ဖိတ်ကြားလွှာများ ထုတ်ပြန်


စက်တင်ဘာ တတိယပတ်ခန့်တွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဖိတ်ကြားထားသော အမေရိကန်အဖွဲ့အစည်းများ၊ ကွန်ဂရက်လွှတ်တော်တို့၏ အခမ်းအနားများကို တက်ရောက်မည့်အပြင် အမေရိကန်ပြည်ထောင်စုရောက် မြန်မာတိုင်းရင်းသားမိသားစုများဖြင့်လည်း တွေ့ဆုံပွဲများ ကျင်းပမည် ဖြစ်သည်။

သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်ဆိုင်ရာ ဆက်သွယ်ရေးကိုယ်စားလှယ် ဒေါက်တာနီနီခင်နှင့်တဆင့် ဆက်သွယ်ပြီး မြန်မာအမေရိကန်မိသားစုများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲများကို စီစဉ်လျက်ရှိရာ ယခုအခါ ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာ ၂၀ တွင်၎င်း၊ နယူးယောက်မြို့တော်တွင် စက်တင်ဘာ ၂၂ တွင်၎င်း၊ ဆန်ဖရန်စစ္စကိုမြို့တော်တွင် စက်တင်ဘာ ၂၉ နှင့် လော့စ်အိန်ဂျလိစ်တွင် အောက်တိုဘာ ၂ ရက် အသီးသီးတို့တွင် တွေ့ဆုံပွဲအခမ်းအနားများ ကျင်းပမည်ဟု သိရသည်။ အခြားကျန်ရှိသော မြို့တော်များကလည်း ၎င်းတို့အစီအစဉ်များကို ထုတ်ပြန်ကြမည်ဟု ဆိုသည်။

အောက်ပါ ပိုစတာများ ထုတ်ပြန်ထားရာတွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာ တိုင်းရင်းသားမိသားစုများက ဆက်သွယ်ရန် အဖွဲ့များ၊ လူပုဂ္ဂိုလ်စာရင်းများနှင့် ဧည့်စာရင်း တင်သွင်းရန် အွန်လိုင်းဖောင်ပါဝင်သည့် Google Blog တခုကိုပါ တပါတည်း ထုတ်ပြန်လိုက်သည်။

http://Suu-SF.blogspot.com တွင် ၎င်းတို့၏ သတင်းထုတ်ပြန်ချက်များ တင်ဆက်မည် ဖြစ်ပြီး၊ Facebook Event Page တခုလည်း ထားမည်ဟု သိရသည်။


ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ဖိတ်ကြားလွှာ

“မြန်မာပြည်နဲ့ နိုင်ငံတကာက လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တဦးကို ကမ္ဘာတ၀ှမ်းက လူထု လူတန်းစားတွေက ဘယ်လို တန်ဖိုးထား ဆက်ဆံကြိုဆိုကြတယ်။ မြန်မာပြည်သားတွေ ကိုယ်တိုင်က အင်မတန်ဂုဏ်ယူဝမ်းမြောက်ပြီး တဦးနဲ့ တဦး လက်ဆင့်ကမ်း လက်တွဲ ဖိတ်ကြား ကြိုဆိုကြတဲ့ တွေ့ဆုံပွဲတွေဖြစ်လိမ့်မယ်” လို့ မျှော်လင့်ကြောင်း မိုးမခမီဒီယာက အကြံပြုလိုက်ပါသည်။


ဧရာဝတီတိုင်း၊ ကျော်စံကုမ္မဏီ၊ ဒေါ်လာသန်းချီပြီ လိမ်ပြီး အခွန်ရှောင်

ပြည်ခိုင်ဖြိုးပါတီဝင်တဦး၏ ပေးစာ၊ သြဂုတ် ၂၀၊ ၂၀၁၂

ပေးစာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ထိုစာကို အင်န်အယ်ဒီပါတီဌာနချုပ် သို့လည်း ပေးပို့ထားသည်ဟု ဆိုသည်။

သို့

ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
နေပြည်တော်
ရက်စွဲ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ( ) ရက်

အကြောင်းအရာ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တရားမ၀င် အခွန်တိမ်းရှောင် စက်သုံးဆီ တင်သွင်းမှုအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တင်ပြခြင်းကိစ္စ။

၁။ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆားလုပ်ငန်းများ ဖွံ့ဖြိုးရာဒေသကြီးလည်း ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများလုပ်ကိုင်ရာတွင် စက်သုံးဆီ ( ဒီဇယ်ဆီ ) သည် မရှိမဖြစ်လိုအပ်သော စွမ်းအင်တစ်ခုဖြစ်ပါသည်။ ထိုသို့ မရှိမဖြစ် လိုအပ်သော စွမ်းအင်ကို ပြည်သူလူထုနှင့်လုပ်ငန်းရှင်များ လွယ်ကူသက်သာစွာ သုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ စေတနာရှေ့ထား၍ စက်သုံးဆီလုပ်ငန်းရှင်များအား နိုင်ငံခြားပို့ကုန်ရ၀င်ငွေဖြင့် နိုင်ငံခြားမှ ပုသိမ်ဆိပ်ကမ်းသို့ စက်သုံးဆီများကို တင်သွင်းရောင်းချခွင့် ပြုခဲ့ပါသည်။

၂။ ထိုသို့ တင်သွင်းရောင်းချခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်အတွက်လည်း ထိုက်တန်သည့်အခွန်ရရှိခြင်း၊ ပြည်သူလူထုလည်း စက်သုံးဆီများကို လွယ်ကူသက်သာစွာ ၀ယ်ယူရရှိနိုင်ခြင်း၊ စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် နိုင်ငံတော်၏ ခွင့်ပြုချက်သည် ကောင်းမွန်သည့် စေတနာဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပါသည်။

၃။ ထိုသို့နိုင်ငံတော်မှ ကောင်းမွန်သည့်စေတနာဖြင့် ဆောင်ရွက်ခွင့် ပြုခဲ့ သော်လည်း လုပ်ငန်းရှင်များသည် ၀ိသမလောဘတက်ကာ ကိုယ်ကျိုးတစ်ခုတည်းကိုကြည့်၍ ခွင့်ပြုချက်ရယူထားသော စက်သုံးဆီပမာဏထက် ပိုမိုတင်သွင်းခြင်း၊ ခွင့်ပြုချက်မရှိပဲ တရားမ၀င် မှောင်ခိုတင်သွင်းခြင်းကိုပြလုပ်ကာ ပေးဆောင်ရမည့်အခွန်ငွေ ဒေါ်လာသန်းနှင့်ချီ၍ တိမ်းရှောင် မသမာမှုများ ပြုလုပ်ကြပါသည်။ ထိုသို့ပြုလုပ်သည့် စက်သုံးဆီကုမ္ပဏီမှာ – အမှတ် D-69, F.M.I City, ကန်သာယာလမ်း၊ လှိုင်သာယာမြို့နယ်ရှိ ဦးကျော်ဦး ပိုင်ဆိုင်သည့် ကျော်စံ ကုမ္ပဏီလီမိတက် ဖြစ်ပါသည်။

၎။ ၄င်းကုမ္ပဏီသည် ပုသိမ်မြို့သို့ ( ၆/၂၀၁၁ ) ခုနှစ်ခန့်မှစတင်၍ တရားမ၀င် စက်သုံးဆီတင်သွင်းခြင်းနှင့် တရားဝင်တင်သွင်းသော်လည်း၊ ခွင့်ပြုပမာဏထက် ပါသပိုမို တင်သွင်းခြင်းတို့ကို စတင်လုပ်ကိုင်ခဲ့ပါသည်။ ထိုသို့တင်သွင်းလာသော စက်သုံးဆီများကို ၄င်းကုမ္ပဏီပိုင် ဆီတင်တွဲရေယာဉ်များဖြင့် မန္တလေးမြို့၊ မော်လမြိုင်မြို့နှင့် ရခိုင် ပြည်နယ်များသို့ ပို့ဆောင်၍ တရားဝင်တင်သွင်းသော စက်သုံးဆီကုမ္ပဏီများထက် ဈေးနှုန်း လျော့ချ၍ရောင်းချခြင်းတို့ကိုလည်း ပြုလုပ်ပါသည်။ တခါတရံ ရခိုင်ပြည်နယ်ဘက်မှ တရားမ၀င် တင်သွင်းမှုများကိုလည်း ပြလုပ်ပြီး ၄င်းစက်သုံးဆီများကို ပုသိမ်မြို့၊ မော်လမြိုင်မြို့နှင့် ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့ရောင်းချပါသည်။ မော်လမြိုင်မှ တရားမ၀င်တင်သွင်းမှု များကိုလည်း အခြားမြို့များသို့ ဖော်ပြပါနည်းများဖြင့် ရောင်းချခဲ့ပါသည်။

၅။ ၄င်းတို့သည် နိုင်ငံခြားမှ တင်သွင်းရောက်ရှိလာသည့် ဆီတင် သင်္ဘောများထံသို့ နှစ်ရက်ခန့် ကြိုတင်သွားရောက်ပြီး၊ ပိုမိုတင်သွင်းလာသည့် စက်သုံးဆီများကို ကြိုတင်၍ထုတ်ယူပြီး၊ တင်သွင်းသည့်ပမဏနှင့် ချိန်ညှိချန်ထားပြီးမှ ဒေသဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို ခေါ်ဆောင်စစ်ဆေးခံခြင်းတို့ကို ပြုလုပ်၍ တန်ပိုတင်သွင်းခြင်း၊ ခွင့်ပြုချက် မရှိပဲ၊ တရားမ၀င်တင်သွင်းခြင်းတို့ကို ပြုလုပ်ပါသည်။ ထိုသို့ပြုလုပ်၍ နိုင်ငံတော်သို့ ပေးဆောင် ရမည့် အခွန်ငွေတိမ်းရှောင်ခြင်းတို့ကြောင့် ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး လူမှုရေးနှင့် နိုင်ငံတော်၏ကဏ္ဍအသီးသီးတို့အတွက် သုံးစွဲရမည့် ငွေကြေးများအား ၄င်းအကျိုးတစ်ခုတည်း အတွက် ရယူခဲ့ပါသည်။

၆။ ၄င်းကုမ္ပဏီသည် ၂၀၀၅-၂၀၀၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော စားသုံးဆီ တရားမ၀င်တင်သွင်းမှု ဖြင့် အရေးယူခံခဲ့ရသော ” ဒေါင်းမင်းကုမ္ပဏီ ” အား အဓိက ကျောထောက်နောက်ခံပြု၍ အကျိုးတူ ဆောင်ရွက်ခဲ့သော ကုမ္ပဏီလည်းဖြစ်ပါသည်။

၇။ ၄င်းကုမ္ပဏီမှ တရားမ၀င်တင်သွင်းခြင်း၊ ခွင့်ပြုပမာဏထက် ပိုမို တင်ဆောင်၍ အခွန်ငွေရှောင်တိမ်းမှုမှ နိုင်ငံတော် ရသင့် ရထိုက်သည့် အခွန်ငွေများအား အကြမ်း တွက်ကြည့်လျှင်ပင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ရှိပါသည်။

ဥပမာတွက်ကြည့်လျှင် ( သင်္ဘောတစ်ခေါက်နှုန်း )

ဒီဇယ်ဆီ 1 ton အမေရိကန်ဒေါ်လာ 1000
၎င်းကုမ္ပဏီမှ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့် ပျမ်းမျှ 1500 ton မှ 2000 ton
၎င်းကုမ္ပဏီ နိုင်ငံခြားမှ တင်သွင်းလာသောဒီဇယ်ဆီ ပျမ်းမျှ 3000 ton မှ 5000 ton
၎င်းကုမ္ပဏီ ပိုမိုတင်သွင်းလာသောဒီဇယ်ဆီ ပျမ်းမျှ 1500 ton မှ 3000 ton

နိုင်ငံတော်မှအခွန်ကောက်ခံသောနှုန်းထား

Custom Duty 1.5%
Commercial Tax 10.0%
Total 11.5%

၎င်းကုမ္ပဏီမှ တစ်ခေါက်လျှင် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ငွေအား မပေးဆောင်ပဲ ရှောင်တိမ်း၍ ကိုယ်ကျိုးရှာလိုက်သောတန်ဖိုး ( US $ )

ဒီဇယ်ဆီ 1 ton ဈေးနှုန်း x ပိုမိုတင်သွင်းသော အရေအတွက် x အခွန်နှုန်းထား ( % )
1000 US $ x ( 1500 - 3000 ) Ton x 11.5%
= 172500 US $ - 330000 US $

၈။ ၄င်းကုမ္ပဏီမှ တင်သွင်းလာသော စက်သုံးဆီအရေအတွက်အား ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်နှင့် စစ်တွေမြို့တို့ရှိ ဆိပ်ကမ်း အာဏာပိုင်တို့ထံတွင်ရှိနေပါသည်။ ၄င်းကုမ္ပဏီသည် ဆိပ်ကမ်းတစ်ခုသို့ပျမ်းမျှ ( ၁ ) လ ( ၁ ) ခေါက် တင်သွင်းပါက ( ၆ / ၂၀၁၁ ) – ( ၆ / ၂၀၁၂ ) တစ်နှစ်တာ အခွန်တိမ်းရှောင်မှုတန်ဖိုးမှာ ပျမ်းမျှအားဖြင့် ( ဆိပ်ကမ်းတစ်ခုစီအတွက် ) အမေရိကန်ဒေါ်လာ ( ၃ ) သန်းခန့်ရှိပါသည်။ ထို့ပြင် စိစစ်မှုအားနည်းချက်များရှိသည့် ရခိုင်ပြည်နယ် ဆိပ်ကမ်းများသို့တင်သွင်းမှုများတွင် ပျမ်းမျှနှုန်းထားထက် ပိုမို၍ အခွန်ရှောင်တိမ်းနိုင်ဖွယ်ရှိပါသည်။

၉။ ၄င်းကျော်စံကုမ္ပဏီသည် တရားမ၀င်သောနည်းလမ်းပေါင်းစုံဖြင့် ရရှိသောငွေကြေးများဖြင့် ကျပ်သိန်းထောင်ပေါင်းများစွာတန်သော ဆီတင်ရေယာဉ်များဖြစ်သည့်

၁။ စိန်ကြီး
၂။ ကံကြီး
၃။ သုမာလာ
၎။ သုဇိတာ
၅။ ဇမ္ဗူတန်ဆောင်
၆။ ဇမ္ဗူကျက်သရေ
၇။ MV ၀ိသာခါ
၈။ MV ဝေပုလ္လ အစရှိသည့် ရေယာဉ်များအပြင် အခြားရေယာဉ်များ၊ ဆီတင်ကားများ ၀ယ်ယူ ပိုင်ဆိုင်ထားပါသည်။

၁၀။ ကျွန်တော်တို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ ဖြစ်ရ ခြင်း၊ ဆင်းရဲသားပြည်သူလူထုများပြားရခြင်းတို့မှာ နိုင်ငံအတွက် ရသင့်ရထိုက်သော အခွန်အခများ မရရှိခြင်းမှာလည်း အခြေခံအချက်တစ်ချက်ဖြစ်ပါသည်။ ထိုသို့မရရှိခြင်းမှာလည်း အထက်တွင်ဖော်ပြထားသည့်အတိုင်း ကျော်စံကုမ္ပဏီလီမိတက်ကဲ့သို့ ပြည်သူလူထုနှင့် နိုင်ငံ၏ မျက်နှာမထောက်ပဲ အခွန်တိမ်းရှောင်၍ တရားမ၀င်နည်းလမ်းဖြင့် ငွေကြေးအမြတ်အစွန်းများ ရရှိအောင်ဆောင်ရွက်နေသော ၀ိသမလောဘသားများကြောင့် ဖြစ်ပါသည်။

၁၁။ သို့အတွက်ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သောအားဖြင့် ကျော်စံကုမ္ပဏီ၏ အခွန်တိမ်းရှောင်မှုများ တရားမ၀င်သော နည်းလမ်းဖြင့် ပြည်သူလူထုနှင့်နိုင်ငံတော်တို့ ရသင့်ရထိုက်သော အခွန်အခများကို ၄င်းတို့အကျိုး စီးပွားအတွက် အသုံးချမှုများအား နောက်ကြောင်းပြန် စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက် ပေးပါရန် တင်ပြအပ်ပါသည်။
ပြည်-ခိုင်-ဖြိုး ပါတီဝင်တစ်ဦး

မိတ္တူ

- ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်
- ကာကွယ်ရေးဦးစီးချုပ်၊ နေပြည်တော်
- ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်
- ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နေပြည်တော်
- ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့
- ၀န်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့
- ၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့
- ၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်၊ ပုသိမ်မြို့
- အထွေထွေအတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်မြို့
- ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်မြို့

ရခိုင်အရေးကိစ္စ တက်ကြွလှုပ်ရှားသူအချို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်

ဇွန်လဆန်းမှ စတင်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာ အန်ဂျီအိုများ လူ့အခွင့်အရေး အဖွဲ့အစည်းများက ရခိုင်ပြည်သူများ အပေါ် ခွဲခြားဆက်ဆံခြင်း မပြုစေရန် ရခိုင်အမျိုးသား ကွန်ရက်ဟု ခေါ်ဆိုသည့် အဖွဲ့မှ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။




မန္တလေးမြို့တွင်း အဆင့်မီတက္ကစီတွေ ပြေးဆွဲဖို့ စီစဉ်နေ


မန္တလေးမြို့တွင်း ခရီးသည်ပို့ဆောင်ရေးအတွက် အဆင့်မြင့် အငှားယာဉ်(Taxi) နဲ့ ဘတ်စ်ကားတွေ တင်သွင်းပြေးဆွဲနိုင်ဖို့ ကုမ္ပဏီတွေနဲ့ စီစဉ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးထံက သိရပါတယ်။

မြို့တွင်းပြေးဆွဲဖို့ တက္ကစီနဲ့ ဘတ်စ်ကား တင်သွင်းခွင့်အတွက် ကုမ္ပဏီလေးခုမှ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲ့ ထောက်ခံချက်နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားပြီး အဲဒီအထဲကမှ လောလောဆယ် ကုမ္ပဏီတစ်ခု တင်သွင်းခွင့် ခွင့်ပြုချက် ရထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မန္တလေးဂုဏ် ကုမ္ပဏီလီမိတက်အတွက် တက္ကစီ ၅၀ စီးနဲ့ ဘတ်စ်ကား ၃၀ စီး တင်သွင်းပြေးဆွဲခွင့်ပြုဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

“မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် စီစဉ်နေပါတယ်။ လေဆိပ်တွေ၊ ဘူတာရုံတွေ၊ မြို့တွင်း လူစည်ကားတဲ့ နေရာတွေမှာ ထားပေးမှာပါ။ မြန်မြန်လာစေချင်ပါပြီ” ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။

သြဂုတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြို့ပြနှင့် ကျေးလက်ဒေသ သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာလဲ မိုးသောက်နှင်း ကုမ္ပဏီက တက္ကစီ အစီး ၃၀၀ နဲ့ တင်သွင်းပြေးဆွဲခွင့်ရဖို့ တင်ပြ ထားတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် အဆင့်မီဘတ်စ်ကားလိုင်းနဲ့ တက္ကစီစနစ် ပီပီပြင်ပြင် မရှိသေးဘဲ လာမယ့် ၂၀၁၃ ဆီးဂိမ်းအိမ်ရှင်နဲ့ ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူတဲ့အခါ နိုင်ငံခြားသား ခရီးသွားနဲ့ ဒေသခံတွေ လုံခြုံ၊ အဆင့်မီစွာ သွားလာနိုင်ဖို့ ပုဂ္ဂလိကမြို့တော် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းတွေ လိုအပ်လာမှာ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက သြဂုတ် ၂၀ (ယနေ့) မွန်းလွဲ ၁ နာရီတွင် သတင်းစာ ရှင်းပွဲပြုလုပ်မည်


နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက သြဂုတ် ၂၀ မွန်းလွဲ ၁ နာရီတွင် သတင်းစာ ရှင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဆုံးဖြတ်ခြင်းမှာ မှားယွင်း ဆုံးဖြတ်ခြင်းဖြစ်ပြီး ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက စွပ်စွဲပြစ်တင်လက်မှတ်ရေးထိုးတောင်းဆိုထားသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာရေးသား၍ ဖေဖော်ဝါရီ ၂ ရက်က တင်သွင်းခဲ့သည့် တင်သွင်းလွှာ အား ပြန်ရုပ် သိမ်းပေး ရန် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား၎င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှအနားယူရန် တို့ကို သြဂုတ် ၂၁ ရက် မတိုင်ခင် အပြီးဆောင်ရွက်ပေးရန် ထိုသို့ဆောင်ရွက်ပါက လွှတ်တော် ကိုယ်စားလှယ် များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်းကိစ္စကို ပြုလုပ်မည်မဟုတ်ကြောင်း သ၀ဏ် လွှာရေးသားပေး ပို့ခဲ့သည်။

ထို့ကြောင့် သြဂုတ်လ ၂၁ ရက်မတိုင်ခင် သြဂုတ် ၂၀ ရက်၌ ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ခုံရုံးက သတင်းစာရှင်းလင်းပွဲကျင်းပမည်ဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲများ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ပထမဆုံးရှင်းလင်းပွဲဖြစ်သည်။

Myanmar Express

နိုင်ငံခြားနဲ့ ပိုင်တဲ့ ဒေါ်စု လွှတ်တော်ထဲရောက်ပြီး နောက်ပိုင်း နိုင်ငံခြားရောက် မြန်မာအလုပ်သမားများ ဆက်တိုက် အဓမ္မပြုကျင့်သတ်ဖြတ်ခံနေရ


နိုင်ငံခြားနဲ့ ပိုင်တယ် ဆိုပြီး လူအများ အထင်ကြီးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ပြီး နောက်ပိုင်း နိုင်ငံခြားရောက် မြန်မာအလုပ်သမားများ ဆက်တိုက် အဓမ္မပြုကျင့်သတ်ဖြတ်ခံနေရကြောင်း သတင်းရရှိသည်။

ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၁ အကွာအဝေးတွင်ရှိသော ချွန်ပူလီ မြို့ ဧက ၁၀၀ ရှိသောကြက်ခြံတွင်ရှိသောမြန်မာအလုပ် သမား တစ်ဦး အား လောနိုင်ငံသား.နိုင်လတ် ( ၃၀ နှစ် ) က အဓမ္မပြုကျင့်သ တ်ဖြတ်ခဲ့ကြောင်း ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။ ၎င်းဖြစ် စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ် နှင့်သူငယ်ချင်း၎ ဦးတို့ ဘီယာ ထိုင်သောက် ရင်းစကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကိုပြန်ရန်ဝိုင်းခွဲ လိုက်ကြ သည်။ ကိုနိုင်လတ်မှာ အခန်းတွင်မိန်းမရှိသော်လည်း အခန်းကိုမပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်း ကိုဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ် က လက်မခံသဖြင့် တစ်ဦးနှင့် တစ်ဦး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က လည်ပင်းကိုညစ်၍ ကြက်ခြံအနီးတွင်ရှိသော ကန်စွန်းရွက်စိုက်ထားသော ရေမြောင်းတွင် နှစ်သတ်ခဲ့သည်။

မနက်မိုးလင်း၍ အလုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းများက မနန်းကြွယ် ကို မတွေ့သ ဖြင့်လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက်စိုက်ထားသော ရေမြောင်းဘေးတွင် သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ကြသဖြင့် သူမ၏လုပ်ဖေါ်ကိုင်ဘက်များက မြို့နယ်ရဲစခန်းကို အကြောင်းကြားခဲ့သည်။ မြို့နယ်ရဲစခန်းမှတာဝန်ရှိရဲများ လာရောက်စစ်ဆေးမှုပြုလုပ်ရာ ကြက်ခြံအတွင်းရှိသော အလုပ်သမား အားလုံး ကိုခေါ်စစ်ဆေးသော အခါ ကိုနိုင်လတ်မှာ အလုပ်လုပ်နေသည့်နေရာတွင် မရှိပဲ အလုပ်သမား များနေသော တိုက်တန်းဘေးတွင် အိပ်နေခဲ့သည်။ ရဲများက မသင်္ကာ၍ ခေါ်ကြည့်သောအခါ ကိုနိုင်လတ်၏ လည်ပင်းနှင့်ရင်ဘတ်တွင် လက်သဲကုတ်ရာများစွာကိုတွေ့သဖြင့် ရဲစခန်းကိုခေါ် ယူကာစစ်ဆေးမှုပြု လုပ်ခဲ့ သည်။ ကိုနိုင်လတ်က ဟုတ်မှန်ကြောင်း သူသတ်ကြောင်းထွက်ဆိုခဲ့သည်ဟု ထိုင်းလတ်သတင်းစာတွင် ရေး သားဖေါ်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ မှာ အနိုင်ရပြီး ယခု ဆိုလျှင် လွှတ်တော်တွင်းမှ ကော်မတီ မှာ ဥက္ကဌ နေရာ ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရောက် မြန်မာတွေအတွက် ဘာမှ တိုးတက်အောင်မလုပ်နိုင်ဟု ဝေဖန်မှုတွေ ရှိနေပြီး ဒေါ်စု နိုင်ငံခြားနဲ့ ပိုင်တယ်ဆိုတာ အသုံးချခံရခြင်း သက်သက်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

Myanmar Express

ဒေါ်စု နှင့် ဇာဂနာ ဦးဆောင်ပြီး (၁) နှစ်နီးပါးကြာအောင် လေ့ကျင့်ရွေးချယ်ထားသည့် ဗိုလ်ချုပ်ရုပ်ရှင်စီမံကိန်း အရှုတ်အရှင်းများကြောင့် အစ က ပြန်စ ရမည်


ဒေါ်စု နှင့် ဇာဂနာ ဦးဆောင်ပြီး (၁) နှစ်နီးပါးကြာအောင် လေ့ကျင့်ရွေးချယ်ထားသည့် ဗိုလ်ချုပ်ရုပ်ရှင်စီမံကိန်းတွင် အရှုတ်အရှင်း များကြောင့် အစ က ပြန်စကာ လူပြန်ရွေးရတော့မယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်မယ်ဆိုပြီး ကြေညာကာ ဇာဂနာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အနယ်နယ်အရပ်ရပ်မှ အလှူငွေအများအပြားကို လက်ခံရရှိခဲ့ပါတယ်။ အစပိုင်းမှာ အချင်းချင်း အဆင်ပြေလာခဲ့ပေမယ့် အခုနောက်ပိုင်း မင်းသား မင်းသမီး ရွေးပြီးချိန်မှာတော့ ပြဿနာ ရှုပ်ထွေးလာမှုကြောင့် ခေါင်ဆောင်မင်းသား မောင်ကျောက်ခဲ က ဓားစာခံဖြစ်ကာ နှုတ်ထွက်လိုက်ရပါတယ်။

မောင်ကျောက်ခဲ ကို မထုတ်ပယ်ခင်မှာ ကိုယ့်သဘောနဲ့ ကိုယ် နှုတ်ထွက်မလား၊ အကျင့်စာရိတ္တမကောင်းလို့ နှုတ်ထွက်တယ်လို့ ကြေညာရမလား လို့ တာဝန်ခံ ဦးဇော်သက်ထွေး က မေးတဲ့ အကြောင်းကို မောင်ကျောက်ခဲမှ အခုလို ပြောပြပါတယ်။

"ကျွန်တော့်မှာ အိမ်ထောင်ရေး မပြေလည်မှု ရှိခဲ့ပါတယ်။ တခြား ပတ်သက်မှု ရှိခဲ့ပါတယ်။ အဲဒါကို သူတို့က ဗိုလ်ချုပ်နေရာမှာ ကိုယ့်ကိုယ်ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။ သူတို့ ပြောတဲ့ ဆုံးဖြတ်ချက် ၂ ခုကတော့ ဒီ ၁၀- ၁၅ မိနစ်အတွင်းမှာ ကိုယ့်ဟာကိုယ် နုတ်ထွက်သွားမလား၊ ဒါမှမဟုတ်ရင် အကျင့်စာရိတ္တ မကောင်းလို့ ပယ်လိုက်တယ်လို့ ခုချက်ခြင်း ကြေညာ လိုက်ရမလားလို့ ၂ လမ်းပေးပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အကျင့်စာရိတ္တ မကောင်းဘူးလို့ အပြောမခံနိုင်ပါဘူး။ ကျွန်တော် အကျင့်ပျက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော်လုပ်တဲ့ အလုပ်ကို ကျွန်တော် သိတယ်။ ဒီ အတ္ထုပ္ပတ္တိ ပေါ်မှာ ကျွန်တော့်စေတနာ ဘယ်မှ မရောက်ပါဘူး။ ဒါပေမဲ့ သူတို့ ဖြစ်စေချင်တဲ့အတိုင်း၊ အားလုံး စိတ်ချမ်းသာအောင် ကျွန်တော်လုပ်ပေးလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။" လို့ ပြောပါတယ်။

ဒီလုပ်ငန်းကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒါရိုက်တာ ရူး ဇာဂနာကတော့ အတွင်းပိုင်းမှာ ဘယ်လို အဝေမတည့်တဲ့ ပြဿနာတွေ ရှိနေတယ်ဆိုတာကို တစ်စုံတရာ ချပြ တာမျိုး မရှိသေးပါဘူး။

ဂဠုန်ဦးစောနေရာမှာ ဦးစောရဲ့ မြေးက ရိုက်ပါဝင်ရိုက်ကူးကာ ကူညီမယ် လို့ သတင်းထွက်နေတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းနေရာမှာလည်း အခြားသူများကို လေ့ကျင့်ရွေးချယ် နေမည့်အစား ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးအရင်း တွေကို လူထုက သရုပ်ဆောင်စေချင်ကြကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေး များဟာ မြန်မာစကား တစ်ခွန်းမှ မပြောတတ်တဲ့ အပြင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တစ်စက်လေးမှ ရုပ်ရည်ချင်း ဆင်တူတာ မရှိပဲ ဒေါ်အောင်ဆန်းစုကြည်၏ ယောင်္ကျား အင်္ဂလန် သား မိုက်ကယ်အဲရစ် ဖက်က လူများနဲ့ သာ ရုပ်ချင်း ဆင်တူနေတာကြောင့် အခုလို အသည်းအသန်လိုက်ရှာနေရကြောင်း သိရပါတယ်။

၎င်း ကိစ္စကြောင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်း မျက်နှာကို မထောက်ပဲ အင်္ဂလန်သားကို လပ်ထက်ပေါင်းသင်းသူ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ရုပ်ရှင် အားပေးသူများက စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။

Myanmar Express

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့ ရေကြီး

လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျ ရေစီးဆင်း လာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေ သူများအား
ရွှေ့ပြောင်း ပေးနေစဉ် ဓါတ်ပုံ - Eleven Media Group

လားရှိုးမြို့တွင် သြဂုတ်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် လားရှိုးမြို့အ၀င် ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် မြေနိမ့်ပိုင်းကျသော ရပ်ကွက်များသို့ ရေ၀င်ရောက်မှုများရှိခဲ့ရာ လူနေအိမ်များမှ ပစ္စည်းများရေစီးနှင့်မျောပါခြင်း၊ အိမ်အချို့ပြိုကျခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်မှစ၍ တောင်ကျရေများ ပြင်းထန်စွာကျဆင်းလာပြီး လားရှိုးမြို့ ရပ်ကွက် ၁၊ ၇၊ ၈၊ ၉၊ ၁၁၊ ၁၂ တို့တွင် ရေစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

''မနက် ၈ နာရီလောက်ထိ မိုးကသိပ်မသည်းဘူး။ ရေလည်းသိပ် မပါဘူး။ မနက် ၉ နာရီလောက်မှ တောင်ကျရေတွေကျလာတာ။ ၁၀ မိနစ်လောက်အတွင်း အိမ်ထဲကိုရေ တွေဝင်လာပြီး ပေါင်လောက်ထိ တက်လာတယ်။ ဒါနဲ့အားလုံး ကယ်ဆယ် ရေးစခန်းကို ရောက်လာတာ။ ဘေးအိမ်တချို့ဆို ပြိုကုန်တယ်''ဟု ရပ်ကွက်(၇) မှ ဒေသခံတစ်ဦးက ပြောပါသည်။


ရေကြီးမှုကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ရေကျော်နေစဉ်
ဓါတ်ပုံ - Eleven Media Group

အလားတူ လားရှိုးမြို့အ၀င် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင်လည်း လေးပေအထိ မြင့်တက်ရေကျော်လာမှုကြောင့် လားရှိုးမှရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များနှင့် ၀င်ရောက်မည့်ယာဉ်များ မထွက်ခွာနိုင်၊ မ၀င်ရောက်နိုင် ဖြစ်ခဲ့ရသည်။ ''ဒီလောက်ရေကြီးတာတော့ လားရှိုးမှာ ဒါပထမဆုံး ကြုံဖူးတာပါ။ အခုအိမ်တွေထဲက ပစ္စည်းတွေ မျောပါကုန်တယ်။ အုတ်တံတိုင်းတွေ လွင့်ထွက်ကုန်တယ်။ မြောင်းကူးတံတားတွေ ကျိုးတယ်''ဟု ရပ်ကွက် (၁)မှ ဒေသခံတစ်ဦးကပြောသည်။ လားရှိုးမြို့ ရပ်ကွက်(၁၂)တွင် လည်းအိမ်ခြေ ၂၀၀ ခန့်ထိရေ၀င် ရောက်ခဲ့ပြီး မန်ဆူမှ ဟူးမွန်သွား လမ်းတံတားပေါ်လေးပေခန့်အထိ ရေကျော်ခဲ့ကြောင်း၊ ရပ်ကွက်(၅)တွင် မန်အိုင်တောင်ကုန်းပေါ်မှ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ခိုင်ရွှေဝါလမ်းပေါ် ရေကျော်ခဲ့ရာ ရေထွက်ပေါက်ရစေရန် အုတ်တံတိုင်းများ ဖြိုပေးခဲ့ရကြောင်း သိရသည်ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

Eleven Media Group

ရခိုင်ပြည် စုံးစမ်းစစ်ဆေးရေး ကော်မရှင် နှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က သမာသမတ်ကျ ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံး ဆို


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သာ အဓိကရုဏ်းကို မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က မိမိတို့ ဦးဆောင်မှုမပြုလုပ်ဘဲ တတ်သိပညာရှင်တွေ၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းမှ ခေါင်းဆောင်တွေနဲ့ လွတ်လပ်သော စုံးစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခွင့် ပေးလိုက်ခြင်းအပေါ် ဘင်္ဂလာဒေ့ခ်ျ့အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)က သမာသမတ်ကျသည်ဟု ပြောဆိုကြောင်း သတင်းရရှိသည်။

" ပြဿနာကို ဖြေရှင်းရာမှာလဲ အစိုးရ၊ စုံးစမ်းစစ်ဆေး သူလည်း အစိုးရဆိုတော့ မသင့်တော်ကြောင်း အစိုးရအနေနဲ့ စဉ်းစားပုံရပါတယ်။ ဒီတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံးစမ်းတာမျိုးက ပိုသင့်တော်တယ်လို့ သေချာစဉ်းစားပြီး အစိုးရမပါဘဲ လွတ်လပ်တဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်နိုင်တယ်လို့ ပြောချင်တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ လူမှူးရေးအဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေ၊ တချို့ပညာရှင်နဲ့ ဖွဲ့စည်းတာဟာ သမာသမတ်ကျပြီးတော့ နှစ်ဖက်ပြဿနာဖြစ်သူတွေအကြား အဖြစ်မှန်ကို ရှာဖွေဖေါ်ထုတ်နိုင်လိမ့်မည်လို့ အစိုးရက ယူဆပုံရပါတယ်။ ကျမအနေနဲ့လည်း သဘောတူပါတယ်။ အားလုံးအတွက် သမာသမတ်ကျပြီး အဖြေမှန်ကို ဖေါ်ထုတ်နိုင်လိမ့်မည်လို့ ထင်ပါတယ်။ " ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံးကိုယ်စား ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ဆက်လက်ပြီး သမ္မတဦးသိန်းစိန်က ရခိုင်ပြည်တွင်း ပြဿနာကို အခြားနိုင်ငံများက စုံစမ်းစစ်ဆေးရေး လာရောက်မည့်အပေါ်မှာ လက်မခံဘဲ ပြည်တွင်းမှ ခေါင်းဆောင်တွေတချို့နဲ့ တတ်သိပညာရှင်တွေကို ဖွဲ့စည်းခွင့်ပေးလိုက်သည့်အပေါ်မှာ ဒေါ်စောမြရာဇာလင်းက အခုလိုသုံးသပ်ပြောဆိုပါတယ်။

" နိုင်ငံတကာက လာရောက်စစ်ဆေးမှုကို ကျမအနေနဲ့ဆိုရင်လည်း လက်ခံမှာမဟုတ်ဘူး။ နိုင်ငံတကာက လာရောက်စစ်ဆေးမယ်ဆိုရင် သူတို့ကရခိုင်ပြည်ရဲ့ သမိုင်း၊ ရခိုင်ပြည်ရဲ့ ပထ၀ီ အနေအထားကိုလည်း သေချာလေ့လာမှာမဟုတ်ဘူး။ မြန်မာ့သမိုင်း ရေခံမြေခံကိုလည်း စနစ်တကျသေချာစီစစ်မှာ မဟုတ်ဘူး။ တခဏလေးလာပြီး မမှန်ကန်တဲ့ လူ့အခွင့်အရေး ရှုဒေါင့်တစ်ခုတည်းကနေ ပြောကြ၊ ရေးကြမယ်။ မသေချာတဲ့ အစီရင်ခံစာတွေကို ထုတ်ကြမယ်။ ရခိုင်မြေပေါ်မှာ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးကို လုံးဝမလေးစား၊ ထည့်မတွက်ကြဘဲ တရားမ၀င်လာရောက်နေကြတဲ့ ဘင်္ဂလီနွယ်ဖွားတွေကိုဘဲ တစ်ဖက်သတ် ဦးစားပေးပြီး ရေးကြမယ်။ အခုလည်း အပြည်ပြည်ဆိုင်ရာသတင်းတွေ၊ အပြည်ပြည်ဆိုင်ရာ(INGO/NGO) တွေက ဒီလိုဘဲမဟုတ်မမှန် ပြောနေကြ၊ လုပ်နေကြတော့ နိုင်ငံတကာကဖွဲ့မည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လက်မခံတာဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံကဆိုရင်လည်း အဘနဖူးကို သစ်တူးတတ်တဲ့ အကျင့်ရှိသူတွေကို ကော်မရှင်မှာမပါမိဖို့ အထူးသတိထားရမယ်လို့ ပြောချင်ပါတယ်။ တိုတိုပြောရရင်တော့ ရလာတဲ့ အစီရင်ခံစာဟာ သမာသမတ်ဖြစ်ဖို့ကို ဦးတည်ရည်ရွှယ်ပြီး အခုလိုမျိုး ၈၈မျိုးဆက်တွေ တတ်သိပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ " ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

ရခိုင်ပြည်တွင်းဖြစ်ပွားခဲ့သော ပြဿနာကို နိုင်ငံတကာက လက်ခံလာနိုင်အောင် အဖြေမှန်ထုတ်ဖို့နှင့် အမှန်တရားကိုဖေါ်ထုတ်ပေးဖို့ သြဂုတ်လ ၁၇ ရက်နေ့တွင် လွတ်လပ်သော စုံးစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းလိုက်ပါတယ်။

Myanmar Express

အိန္ဒိယ-မြန်မာ နယ်စပ်လမ်းများ ပြင်ဆင် မွမ်းမံသွားမည်


အိန္ဒိယနဲ့ မြန်မာ နှစ်ဘက်နယ်စပ်အကြား ကုန်သွယ်ရေးလမ်းတွေကို ပြုပြင်မွန်းမံဖို့ မကြာခင် ဆောင်ရွက်သွားတော့မယ်လို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောလိုက်ပါတယ်။ ဒီလမ်းတွေဟာ အိန္ဒိယနိုင်ငံ အတွက် မြန်မာနိုင်ငံတင်မဟုတ်ဘဲ အခြား အရှေ့တောင်အာရှ နိုင်ငံတွေနဲ့လည်း ဆက်သွယ် သွားနိုင်မယ့် ကုန်းတွင်းပိုင်း လမ်းကြောင်း ဖြစ်လာပါလိမ့်မယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မနိပူ ပြည်နယ်ဟာ မြန်မာနဲ့ နယ်ချင်းကပ်ပြီး၊ ကုန်သွယ်ရေးအရလည်း အချက်အချာဖြစ်နေတဲ့ နေရာတခုပါ။ ပြီးခဲ့တဲ့ စနေနေ့ကတော့ မနီပူပြည်နယ်မြို့တော် အင်ဖာ မှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲတရပ် ပြုလုပ်ပါတယ်။ မနိပူပြည်နယ်က တဆင့် မြန်မာနိုင်ငံ ဖြတ်ပြီး အရှေ့တောင်အာရှ ဒေသအထိ အိန္ဒိယကုန်စည်တွေနဲ့ ဒေသတွင်းက ကုန်စည်တွေ အပြန်အလှန် ကုန်သွယ်နိုင်ကြမယ့် အလားအလာကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီအတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ မြန်မာနဲ့ နယ်စပ် လမ်းပန်း ဆက်သွယ်ရေး ကိစ္စရပ်ကို မကြာခင်မှာ ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ အစည်းအဝေး တတ်ရောက်နေတဲ့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက လမ်းတွေကို ပြုပြင်မွမ်းမံသွားဖို့ အစီအစဉ် ရှိပါတယ်။ မြန်မာအာဏာပိုင်တွေ ဘက်ကလည်း ဒါကို လက်ခံဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါကြောင့် လာမယ့် လေးနှစ် ငါးနှစ် အတွင်းမှာ အိန္ဒိယနဲ့ မြန်မာ၊ အိန္ဒိယနဲ့ အခြား အရှေ့တောင်အာရှ နိုင်ငံတွေအကြား ဆက်သွယ်မှုတွေ အားကောင်းလာဖို့ ရှိပါတယ်။”

မနိပူပြည်နယ် အင်ဖာနဲ့ မြန်မာနိုင်ငံက ဒုတိယအကြီးဆုံး မြို့တမြို့ဖြစ်တဲ့ မန္တလေးမြို့အကြားမှာ ခရီးသည်တင် ဘက်စ်ကား ထားရှိဖို့ ကိစ္စကို အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား အတော်ကြာ ကတည်းက ဆွေးနွေးနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီ လမ်းပေါက်သွားမယ်ဆိုရင် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး အတွက် အလားအလာကောင်းတွေ ပိုပြီး ရှိလာမှာဖြစ်ပါတယ်။

အိန္ဒိယဘက်ကတော့ ဒီလမ်းတွေ ပြုပြင်မွမ်းမံလိုက်ခြင်းအားဖြင့် မြန်မာနဲ့သာမက အခြားအရှေ့တောင်အာရှနိုင်ငံတွေနဲ့ပါ ကုန်တွင်းပိုင်း ကုန်သွယ်မှုဆက်ဆံရေး ထူထောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် မိုးတွင်းဆိုရင် သွားလာမှုခက်ခဲတဲ့ ဒီလမ်းတွေကို ပြန်ပြီး ပြင်ဆင်မွန်းမံသွားဖို့၊ ရာသီ မရွေး ပုံမှန်အသုံးပြုနိုင်ဖို့ လိုလားနေတာပါ။

“မိုးရာသီကာလမှာ လမ်း အစိတ်အပိုင်းအချို့ ပျက်စီးသွားတာတွေ ရှိပါတယ်။ ဒါကြောင့် အဲဒီလမ်းတွေကို ပြန်ပြီး ပြုပြင်မွမ်းမံဖို့ ကျနော်တို့ သဘောတူထားပါတယ်။ ဒီ အစီအစဉ် ပြီးဆုံးဖို့ နှစ်အနည်းငယ်တော့ ကြာနိုင်ပါတယ်။ ဒုတိယအဆင့်ကတော့ လူဝင်မှု ကြီးကြပ်ရေးတွေ အခွန်အကောက် ကိစ္စတွေ စသဖြင့် ပါဝင်တဲ့ စနစ်တရပ် ဖြစ်လာဖို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင် တည်ဆောက် သွားရပါမယ်။ ဒီအတွက် မြန်မာ အာဏာပိုင်တွေနဲ့ တွဲပြီး ဆောင်ရွက်သွားမှာပါ။ တတိယနဲ့ နောက်ဆုံး ကိစ္စရပ်ကတော့ ကျနော်တို့ ဘက်က လမ်းရှိမယ်၊ မြန်မာဘက်က လမ်းရှိမယ်၊ အဲဒီမှာ ကုန်စည်တွေ သယ်ပို့ရတဲ့ ကြားစခန်းအနေနဲ့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကိုလည်း ကျနော်တို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။”

အိန္ဒိယနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံအကြားမှာ သမိုင်းကြောင်းအရရော လူမျိုးနွယ် ယဉ်ကျေးမှု ဘာသာရေး အရပါ ဆက်စပ်မှုတွေ ရှိခဲ့တာပါ။ နယ်စပ် ကုန်သွယ်ရေးတွေလည်း အပြန်အလှန် ရှိခဲ့ပါတယ်။ နှစ်နိုင်ငံဟာ ကုန်တွင်းပိုင်းအရ ကီလိုမီတာ ၁,၆၀၀ လောက် နယ်မြေချင်း ဆက်စပ်နေသလို၊ ဘင်္ဂလား ပင်လယ်အော်မှာလည်း ရေနယ်နမိတ် ဆက်စပ်နေပါတယ်။ တရားမ၀င် မှောင်ခို နယ်စပ် ကုန်သွယ်ရေး နှစ်ပေါင်းများစွာ ရှိခဲ့ပြီးနောက်၊ ၁၉၉၄ ခုနှစ်မှာတော့ နှစ်ဘက် နယ်စပ် ကုန်သွယ်ရေး သဘောတူညီချက် တရပ် ရရှိခဲ့ပါတယ်။ ဒီနောက် နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုကို ဖွင့်ခဲ့ပါတယ်။ မကြာခင်မှာလည်း နောက်ထပ် ကုန်သွယ်ရေး စခန်းသစ်တခု ထပ်မံ ဖွင့်လှစ်ဖို့လည်း ပြင်ဆင်နေပါတယ်။

ဒါကြောင့်လည်း အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မကြာခင်လတွေ အတွင်းက မြန်မာနိုင်ငံ သွားရောက်စဉ်မှာ နယ်စပ်တည်ငြိမ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယအနေနဲ့ ရခိုင်ပြည်နယ် အတွင်းက စစ်တွေ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး ပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပြီး၊ အဲဒီကတဆင့်လည်း အရှေ့တောင်အာရှဒေသနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

VOA

အာဆီယံဦးဆောင်သူများ အစည်းအဝေး ဒေါ်စု မိန့်ခွန်းပြောမည်


အခုနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ASEAN 100 Leadership Forum လို့ အမည်ပေးထားတဲ့ အာဆီယံ ဒေသတွင်း ဦးဆောင်သူများ ညီလာခံကို နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ညီလာခံကို ဒီဇင်ဘာလ ၅ ရက် နဲ့ ၆ ရက် နေ့တွေမှာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်သလို ဒုတိယနေ့မှာတော့ ညီလာခံ တက်ရောက်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးစကားပြောဆိုဖို့ ရှိတဲ့အကြောင်း ဒီဆွေးနွေးပွဲ ကျင်းပဖို့ တာဝန်ယူထားတဲ့ Asia Inc အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ညီလာခံရဲ့ ပထမနေ့မှာ သမ္မတကြီး ဦးသိန်းစိန်လည်း တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ အခုနှစ်ညီလာခံမှာ ကမ္ဘာပေါ်က အရှုပ်အထွေးကိစ္စတွေ၊ အာရှရဲ့တိုးတက်မှု၊ ဒီနေရာကနေ ဘယ်ကိုသွားကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီနှစ်ညီလာခံဟာ ကမ္ဘာကြီးနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံမှုပြုတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုအတွင်း အရေးကြီးတဲ့အချိန်မှာ ကျင်းပတာ ဖြစ်တယ်လို့ တာဝန်ယူကျင်းပတဲ့ Asia Inc ကုမ္ပဏီ အကြီးအကဲ Dato Paduka Timothy Ong က ပြောပါတယ်။

Timothy Ong ဟာ သြဂုတ်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီညီလာခံကို ၂၀၀၃ ခုနှစ်ကစပြီး အာဆီယံ နိုင်ငံတွေမှာ ကျင်းပခဲ့တာပါ။ အာဆီယံ ခေါင်းဆောင်တွေ၊ ဒေသတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရင်နှီးမြှုပ်နှံသူတွေ၊ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။

VOA