Tuesday, August 14, 2012

ရန်ကုန်-ဒလ သင်္ဘောဆိပ်၌ i-pay ကတ် သုံးစွဲမှု ပြည်သူများ ပိုမိုစိတ်ဝင်စားလာ

ရန်ကုန်-ဒလ သင်္ဘောဆိပ်၌ ခရီးသွားပြည်သူများ i-pay ကတ်သုံးစွဲမှုကို ပိုမိုစိတ်ဝင်စားလာကြပြီး ခရီးသွားရာ၌ အဆင်ပြေလွယ်ကူ ချောမွေ့ကြောင်း အဆိုပါခရီးသည်များထံမှ သိရသည်။ i-pay ကတ်သုံးစွဲမှုကို နိုင်ငံတစ်ဝန်း၌ ယခုနှစ် ဧပြီလဆန်းပိုင်းမှစ၍ ရန်ကုန်မြို့တွင်းရှိ ခရီးသည်တင် အထူးယာဉ်လိုင်းများ၌ စတင်အသုံးပြုလာရာ ရုံးသွားရုံးတက်၊ အလုပ်တက် အလုပ်ဆင်း ဝန်ထမ်းများအတွက် ငွေအကြွေအခက်အခဲ ပြဿနာ မရှိတော့၍ အသုံးပြုရာတွင် ပိုမိုအဆင်ပြေ လွယ်ကူကြောင်း i-pay ကတ် သုံးစွဲသူ ပြည်သူများထံမှ သိရသည်။ သို့ဖြစ်၍ ယခုအခါတွင် မော်တော်ယာဉ်လိုင်းများတွင်သာမက ရန်ကုန်-ဒလ နေ့စဉ်ပုံမှန် ပြေးဆွဲလျက်ရှိသည့် သင်္ဘောခရီးစဉ်တွင်ပင် i-pay ကတ်အသုံးပြုမှုကို ဇွန်လဆန်းပိုင်းမှ စတင်ပြီး ကစ္ဆပနဒီကုမ္ပဏီက ဦးဆောင်၍ ခရီးသွားပြည်သူများ ခေတ်မီမီ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ i-pay ကတ် အရောင်းမြှင့်တင်ရေး ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုနိုင်သူလင်းက ပြောကြားရာတွင် “ကျွန်တော်တို့ ကုမ္ပဏီက ခရီးသွားပြည်သူတွေ အဆင်ပြေစေပြိး နေ့စဉ် အကြွေပြဿနာ မဖြစ်ပေါ်စေရအောင် ယခုလို လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အသုံးပြုမယ် ဆိုရင်တော့ ပထမဆုံးကတ်တစ်ကတ်ကို ကျပ်သုံးရာနဲ့ဝယ်ပြီး မိမိတတ်နိုင်သလောက် ကျပ်ခုနှစ်ရာမှ ကျပ်တစ်သိန်းအထိ ငွေဖြည့်ထားနိုင်ပါတယ်။

အကယ်၍ အသုံးပြုရင်း အကြောင်းအမျိုးမျိုးကြောင့် ကတ်ချွတ်ယွင်းပျက်စီး ပျောက်ဆုံးသွားခဲ့ရင် ကုတ်နံပါတ် မှတ်မိပါက ယခင်ရှိတဲ့ ငွေပမာဏမလျော့ဘဲ ကတ်အသစ် ပြန်လည် ထုတ်ပေးပါတယ်။

ယခင် ကတ်ဟောင်းကိုလည်း အသုံးပြုလို့မရတော့အောင် ပြန်ပြီးတော့ ပိတ်ပေးပါတယ်။ ယခုအချိန်ထိ ကျွန်တော်တို့ ကတ် ၃၀၀၀ ကျော်လောက် ရောင်းချပြီးပါပြီ။

နိစ္စဓူဝ သွားလာနေကြတဲ့ ဝန်ထမ်းများနဲ့ ခရီးသည်များ အထူးအဆင်ပြေအောင် လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်” ဟု ၄င်းကရှင်းပြသည်။

ယခုအခါတွင် i-pay ကတ်ကို ရန်ကုန်မြို့တွင်း၌ ခရီးသည်တင် အထူးယာဉ်လိုင်းများ ဖြစ်သည့် အဓိပတိ(အနီ၊ အပြာ၊ အဝါ)၊ ရန်ကုန်-လှော်ကား ၁၂၄၊ ၁၉၇ စသည့် ယာဉ်လိုင်းများတွင် i-pay ကတ်စနစ် အသုံးပြု၍ အောင်မြင်စွာ ပြေးဆွဲပေးလျက်ရှိကြောင်း သိရပါသည်။။

Myanmar Express

ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းလို့ ရပြီ


အားသွင်းလို့ရတဲ့ ဘက်ထရီ အတော်များများကို ရေနဲ့ အားသွင်းလို့ ရပြီဆိုရင် သင် လက်ခံနိုင်ပါ့မလား။ ဒါဟာ တကယ့်ကို ဖြစ်နိုင်နေပါပြီ။ ဆွီဒင် အခြေစိုက် ကုမ္ပဏီတစ်ခုမှ ယခင်နှစ်ကုန်ပိုင်းတွင် အာစီလိုနားတွင် ကျင်းပခဲ့သော ကမ္ဘာ့မိုဘိုင်း ညီလာခံတွင် မိတ်ဆက်ပြသခဲ့ပြီး ဖြစ်သည်။ ယင်းအားသွင်းစက်သည် ခွက်အငယ်စားနှစ်ခု ပူးတွဲပါရှိတဲ့ ပုံစံဖြစ်ပြီး လိုရာကို အလွယ်တကူ သယ်ယူသွားနိုင်သည့် အရွယ်အစားဖြစ်ပါသည်။

ရေကို ခွက်တစ်ခုထဲတွင် ထည့်သွင်းပေးလိုက်ရုံဖြင့် Sodium Silicide နှင့် ဓာတ်ပြုကာ ဟိုက်ဒရိုဂျင်ဂက်စ် ထွက်ရှိလာပြီး အားသွင်းနိုင်မည်ဖြစ်သည်။ စားပွဲတင်ဇွန်း တစ်ဇွန်းစာ ရေဖြည့် အသုံးပြုရုံဖြင့် ဖုန်းဘက်ထရီကို ၁၀ နာရီစာ အသုံးပြုနိုင်သည့် အားဖြည့်သွင်းပေးနိုင်တယ်လို့လည်း သိရှိရပါသည်။ USB ကြိုးဖြင့် ချိတ်ဆက်အားသွင်းရသော လျှပ်စစ်ပစ္စည်းတိုင်းကို အလွယ်တကူ အားသွင်းပေးနိုင်ပါသည်။ မေလ ဇွန်လလောက် ကတည်းက ဈေးကွက်အတွင်း ရောက်ရှိနေပြီး ရောင်းဈေးမှာ ဒေါ်လာ ၂၀၀ နှင့် ၂၅၀ ကြား သတ်မှတ်ထားပါသည်။ အောက်ခံခွက်ကိုတော့ ၄ ဒေါ်လာဖြင့် လဲလှယ် အသုံးပြုနိုင်ပါသည်။ ဒီ အံ့သြဖွယ်ရာ ပစ္စည်းကိုတော့ PowerTrekk လို့ နာမည်ပေးထားပါတယ်။



“On the one hand, mobile devices release us from being tethered to one place. For instance, one no longer needs to be connected to a modem to browse the web, thanks to smartphones that are Wi-Fi enabled.

On the other, such mobility is of no use if one does not have mobile facilities for charging the devices. Mobile chargers are common, but what if you were on a trek through the Amazon and the battery in your device ran out of charge?


If you are willing to pay around $300 (£200), you may not have to worry about the lack of charging facilities close at hand. The solution, named Powertrekk, uses fuel cell technology to convert hydrogen gas into electricity. Best of all, all you need is water, from which this clever gadget extracts hydrogen. Simply insert a PowerPukk fuel pack and add water.


The Powertrekk is designed for USB-powered devices, which means both your mobile phone and laptop (if you’re carrying one on a trek) can be charged. And yes, they’re safe for you to carry with you on board flights.Powertrekk Power from Water1 636x557 Charge Your Mobile With Water, the Powertrekk!


The chemical process is safe and eco-friendly. Water vapour is produced as a by-product, which is why the fuel cell must be exposed to open air. This technology also removes the dependence that solar powered chargers have on the weather. During heavy rains, you can’t rely on your solar charger, but the Powertrekk will still work.

Like all other electronic devices, used fuel packs and cell chargers constitute electronic waste and need to be disposed of under a controlled recycling program.”





Myanmar Express

ကင်တားနား အစား သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂကို RNDP တောင်းဆို

ရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများအား လေ့လာရန်ရောက်ရှိ လာသော မစ္စတာ သောမတ် အိုဟေး ကင်တားနားအနေဖြင့် ဘက်နှစ်ဖက်အား လေ့လာခဲ့ခြင်းမျိုးမဟုတ်ဘဲ တဘက်တည်းသာတွေ့ဆုံးပြီး တဖက်သတ် အမြင်များကိုသာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြေားခဲ့ခြင်းကြောင့် ကင်တားနားနေရာတွင် သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုလိုက်ကြောင်း RNDP ၏ အတွင်းရေးမှူး ခိုင်ပြည်စိုးကပြောသည်။

" အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်တိုင်းရင်းသားတွေ မကြိုက်တဲ့၊ တိုင်းရင်းသားတွေကြားမှာ မရှိတဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးသွားတယ်၊ ရိုဟင်ဂျာတွေဟာ ခွဲခြားဆက်ဆံမှုတွေခံနေရတယ် ဆိုပြီးပြောသွားတယ်၊ ဒီလိုပြောဆိုမှုတွေဟာ သူ့အနေနဲ့ တဖက်သတ်ပြောဆိုမှုတွေသာ ဖြစ်တယ်၊ ဒီလိုပြောဆိုမှုတွေဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တစ်ဦး အနေနဲ့ သမာသမတ်ကျတဲ့ ပြောဆိုမှုမျိုး မဟုတ်ဘူးလို့ မြင်တယ်၊ ဒါကြောင့် မစ္စတာ ကင်တားနားနေရာမှာ သမာသမတ်ကျတဲ့ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ် " ဟု ခိုင်ပြည်စိုးက ပြောသည်။

ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းများနှင့် INGOs အဖွဲ့အစည်းမျာမှ ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ဘင်္ဂလီနှင့် ရခိုင်တိုင်းရင်းသားများအကြား ခွဲခြားဆက်ဆံမှုများရှိခဲ့ကြောင်းကို သူကဆက်ပြောသည်။

" ရခိုင်မှာ အရေးအခင်းဖြစ်ပြီးနောက်ရော၊ မဖြစ်ခင်ကာကရော ရခိုင်တွေဟာ ခွဲခြားဆက်ဆံခံခဲ့ရတယ်။ ဒီလိုခွဲခြားဆက်ဆံမှုတွေဟာ ဘူးသီးတောင်၊ မောင်တောနယ်က ဒေသခံတွေကြားမှာ ပျံ့နှံ့နေတယ်။ ဒါကြောင့် အဲဒီဒေသတွေကို သွားပြီး ကျနော်လေ့လာခဲ့တယ်။ INGOs၊ UNHCR၊ BAG စတဲ့အဖွဲ့တွေက ရခိုင်တိုင်းရင်းသားကျေးရွာတွေမှာ အိမ်သာလေးတစ်လုံး၊ ရေကန်လည်းတစ်ခု၊ ကျောင်းလေးတစ်ဆောင်၊ ဆေးခန်းလေးတစ်ဆောင် လှူထားတာ မတွေ့ရဘူး။ သူတို့လှူထားတာတွေက ဘင်္ဂလီရွာတွေမှာဘဲ တွေ့ရတယ်၊ ဆင်းရဲနွမ်းပါတာ တူပါလျှက်နဲ့ ရခိုင်တိုင်းရင်းသားတွေကို မကူညီဘဲ၊ ဘာ့ကြောင့် ဘင်္ဂလီကုလားတွေကို သာကူညီရတာလဲ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်" ဟု ခိုင်ပြည်စိုးက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်မှ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်(စ်) ကင်တားနား၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်နဲ့ပတ်သက်၍ အချက် (၅)ချက်ပါ သဘောထား ကြေငြာချက်အမှတ်- ၅/၂၀၁၂ ကို သြဂုတ်လ(၁၂)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

" ကျနော်တို့က ဒီထုတ်ပြန်ချက်ကို ကုလသမဂ္ဂကို ပို့ပေးမှာဖြစ်တယ်၊ နောက်ပြီး ပြည်သူလူထုထဲကိုလည်း ဖြန့်ဝေ သွားမှာပါ " ဟုခိုင်ပြည်စိုးက ပြောသည်။

သြဂုတ်လ(၁၀)ရက်နေ့က နိုင်ငံရေးပါတီ(၂၄)ခုကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနား၏ နေရာတွင် အခြားသူတစ်ဦးအား အစားထိုးပေးရန် ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယား၏ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားခဲ့ကြောင်းသိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်က သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ကြေငြာချက်ကိုလည်း မူရင်းအတိုင်းမှ ကူးယူပြီး တင်ပြလိုက်သည်။


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်
စစ်တွေမြို့၊ ရခိုင်ပြည်နယ်

ကြေငြာချက် အမှတ် - ၅ / ၂၀၁၂
နေ့စွဲ - ၁၂/၈/၂၀၁၂

၁၃၇၄ - ခု၊ ဝါဆိုလပြည့်ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ့

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၈-၆-၂၀၁၂ နေ့ မောင်တောမြို့နယ်၊ ရခိုင်တိုင်းရင်းသားများ၏ အိမ်များ၊ တခြားအဆောက်အဦးများကို မီးရှို့ဖျက်ဆီး၊ သတ်ဖြတ်ခံရခြင်းမှ စတင်ဖြစ်ပွားခဲ့သည့် ဒေသတွင်း မတည်မငြိမ်မှုများကို နိုင်ငံရေးပါတီတစ်ခု၏ မူဝါဒရေးရာများနှင့်အညီ ဘက်လိုက်မှုမရှိစေဘဲ ဖြစ်ရပ်မှန်များကို အချိန်နှင့်တပြေးညီ လေ့လာစောင့်ကြည့်လျှက်ရှိပါသည်။

ရခိုင်တိုင်းရင်းသားများကို ကိုယ်စားပြုဖွဲ့စည်းထားသည့် ပါတီတစ်ရပ်အနေဖြင့် မိမိတို့လူ့အဖွဲ့အစည်းနှင့် မိမိတို့၏နယ်မြေ အစဉ်တည်တံ့ရပ်တည်နိုင်ရေးအတွက် ပါတီဖွဲ့စည်းပုံ စာမျက်နှာ(၂)၊ နိုင်ငံရေးကဏ္ဍ အပိုဒ်(ဆ)တွင် " ၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေကိုအခြေခံ၍ ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားမဟုတ်သည့် လူမျိုးခြားများ တရားမဝင် ဝင်ရောက်အခြေချက်နေထိုင်မှုကို တားဆီးပိတ်ပင်ရေးကြိုးပမ်းဆောင်ရွက်ရန် " ဟူ၍ လည်းကောင်း၊ စာမျက်နှာ(၈)၊ အုပ်ချုပ်ရေးကဏ္ဍတွင် " ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာတမ်းပါ ပြဌာန်းချက်များနှင့် အညီ လူ့အခွင်အရေးအပြည့်အဝရရှိရေး ကြှိုးပမ်းဆောင်ရွက်ရန် " ဟူ၍လည်းကောင်း ဖော်ပြပါရှိပါသည်။

ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် မတည်မငြိမ်မှုနှင့်ပတ်သတ်၍ လေ့လာစုံစမ်းရန်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်(စ်)ကွင်တားနားသည် သတင်းစာရှင်းလင်းပွဲ၌ ဒေသခံပြည်သူများ၏ဆန္ဒကို အလေးမထားဘဲ တစ်ဖက်သက်ပြောဆိုသွားသည်ကို တွေ့ရှိရသည့်။

ထို့ကြောင့် အောက်ဖော်ပြပါ သဘောထားကြေငြာချက်ကို ထုတ်ပြန်လိုက်သည် -

၁။ " ရိုဟင်ဂျာ " ဆိုသည့် စကားလုံးကို သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သတ်၍ သောမတ်(စ်)ကွင်တားနားသည် ရခိုင်လူမျိုးများ၏ သမိုင်းအစဉ်အလာနှင့်ဖြစ်တည်မှုကို အသိအမှတ်မပြုသည့်အပြင် သမိုင်းလိမ်များကို အားပေးမြှောက်ပင့်ရာ ရောက်နေသည်။ ထိုစကားလုံးကို သုံးနှုန်းပြောဆိုခြင်းမပြုရန် အလေးအနက်တိုက်တွန်းသည်။

၂။ " ခွဲခြားဆက်ဆံခြင်းခံနေရသည် " ဟု စွပ်စွဲပြောဆိုခြင်းသည် မစ္စတာကွင်တားနားအနေဖြင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် အဆမတန်လူဦးရေပေါက်ပွားမှုကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုအနိဌာရုံ ပေါ်ပေါက်နေမှုကို လူသားချင်း စာနာထောက်ထားမှုမရှိသည့်အပြင် ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းများနှင့် INGOs - အဖွဲ့အစည်းတချို့က တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂလီများကို တဖက်သတ်ကူညီထောက်ပံ့နေခြင်းသည်သာ အမှန်တကယ်ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု ရှုမြင်သုံးသပ်ရန် လိုအပ်သည်။

၃။ " ၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ(Burma Citizenship Law)ကို ပြန်လည်သုံးသပ်ပေးရန် " တောင်းဆိုခြင်းနှင့် ပတ်သတ်၍လည်း နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုခွင့်အာဏာကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး တရားမဝင် ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂလီများ၏ ထိုးနှက်ချက်ကို လက်ဆုပ်လက်ကိုင်ပြုကာ ကျစ်လစ်ခိုင်မာသည့် ရခိုင်လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်စေနိုင်သည့် ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို အလေးထားစဉ်စားရန်၊ နိုင်ငံတစ်နိုင်ငံ၏ အတည်ပြုပြဌာန်းထားသည့် ဥပဒေကို လေးစားလိုက်နာရန် တိုက်တွန်းသည်။

၎။ ရခိုင်ပြည်နယ်အတွင်းသို့ စုံစမ်းလေ့လာရေး ခရီးရောက်ရှိလာသည့် ကွင်တားနားသည် ပဋိပက္ခဇစ်မြစ်ကို တစ်ဖက်သတ်အမြင်ဖြင့်တွေ့ဆုံလေ့လာပြီး ဖိအားပေးပြောဆိုမှုများရှိနေခြင်းကြောင့် ပကတိအဖြစ်မှန်တရား ပေါ်ထွက်နိုင်စရာအကြောင်းမရှိသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ပါရန် လေးလေးနက်နက်တောင်းဆိုသည်။

ဗဟိုအလုပ်အမှုဆောင်ကော်တီ
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

ဆက်သွယ်ရန် - ခိုင်ပြည်စိုး
- အတွင်းရေးမှူး
ပြန်ကြားရေးတာဝန်ခံ
၀၉-၄၂၁ ၇၁၄ ၅၈၉
(ဦးမြင့်နိုင်၊ ဘဏ္ဍာရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ နသ - ၀၁၃)

Myanmar Express

ရိုဟင်ဂျာ များအတွက် ဆော်ဒီဘုရင်က ဒေါ်လာသန်း ၅၀ ထောက်ပံ့

လွန်ခဲ့သော ဇွန်လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများကို ဆော်ဒီအာရေးဗီးယားဘုရင် အဗဒူလာက အမေရိကန် ဒေါ်လာ သန်း၅၀ လှုဒါန်းလိုက်ကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံပိုင် သတင်း မီဒီယာတွင် ဖော်ပြထားသည်။

အဆိုပါ ပဋိပက္ခတွင် ဒုက္ခ ခံစားခဲ့ရသော ရိုဟင်ဂျာများ အတွက်လည်း အရေးပေါ် အကူအညီ ပေးမည်ဟု ယူအေအီး သမ္မတ ရှိတ်ခါလီဖာအယ်လ်နာယန်က လူသားချင်း စာနာမှု အကူအညီ ပေးနေသော အဖွဲ့တစ်ခုဖြစ်သော ခါလီဖာဘင်ဇာယစ်အယ်လနာယန် အဖွဲ့ကို ညွှန်ကြား လိုက်ကြောင်း ပါကစ္စတန် နိုင်ငံမှ လွှင့်တင်သော International News သတင်းဝက်ဆိုက်တွင် ဖော်ပြထားသည်။

Myanmar Express

နိုင်ငံတော်သမ္မတကြီး မိန့်ခွန်း အပြည့်အစုံ (ဒုတိယအကြိမ် စီမံကိန်းကော်မရှင်အစည်းအဝေး ၊ ၂ဝ၁၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်)


ကျွန်တော်တို့ ဒီကနေ့ အစည်းအဝေးကတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ချမှတ်ခဲ့ကြတဲ့ Reform Stretegy နဲ့ပတ်သက်ပြီး မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြရန် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ City Plan ၊ Town Plan နဲ့ Village Plan တို့ ရေးဆွဲရေးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan များကို လေ့လာ ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

မြို့ပြနဲ့ကျေးလက်စီမံကိန်းများ ရေးဆွဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများရဲ့ အဆင့်အတန်းရှိစွာ နေထိုင်နိုင်ရေး၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေး၊ သန့်ရှင်းတဲ့သောက်သုံးရေရရှိရေး၊ သွားလာမှုအဆင်ပြေစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးစတဲ့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပြီး ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးဟာ အခြေခံလိုအပ်ချက် ဖြစ်သကဲ့သို့ အနာဂတ်မှာ မြို့ပြများရဲ့ စနစ်ကျနမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း များစွာအရေးပါလာမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာ့လူဦးရေရဲ့ ၅၂.၁ ရာခိုင်နှုန်းဟာ မြို့ပြမှာနေထိုင်သူတွေ ဖြစ်ပါတယ်။ အာရှနဲ့ အရှေ့တောင်အာရှမှာတော့ လူဦးရေ သန်း (၆၀၀) ရှိတဲ့အနက် မြို့ပြမှာနေထိုင်သူဟာ ၄၄.၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မြို့ပြမှာနေထိုင်သူဟာ ၃၂.၆ ရာခိုင်နှုန်းခန့် ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။

ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်၊ အထက်အောက် ထွက်ကုန်ဆုံတဲ့မြို့ဖြစ်တဲ့အတွက် မြန်မာနိုင်ငံစီးပွားရေးရဲ့ အရေးကြီးတဲ့ မောင်းနှင်အားတစ်ရပ် ဖြစ်ပါတယ်။ အနာဂတ်မှာ အာရှဒေသရဲ့ အဆင့်အတန်းမီ မြို့ကြီးတစ်မြို့ဖြစ်လာနိုင်တဲ့ အလားအလာများစွာ ရှိပါတယ်။ တစ်ချိန်ကဆိုရင် အာရှမှာ စံထားရတဲ့မြို့ တစ်မြို့ ဖြစ်ပါတယ်။

အလားတူ မန္တလေးမြို့ဟာဆိုရင်လည်း နိုင်ငံတော်ရဲ့ဗဟိုချက်မမှာ တည်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့ ကုန်သွယ်မှုအချက်အခြာကျတဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာမှာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့မန္တလေး နှစ်ရပ်ပေါင်းဟာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ရှိတဲ့အတွက် ဒီမြို့ကြီး နှစ်မြို့ကို စံနမူနာထားပြီး ကျန်တဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များရှိ မြို့များကိုလည်း မြို့ပြအင်္ဂါရပ်နဲ့ညီအောင် ယခုကတည်းက မြို့ပြစီမံချက်များရေးဆွဲပြီး အနာဂတ်အတွက် မျှော်မှန်းတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

သို့သော်လည်း ဒီမြို့ကြီးနှစ်မြို့မှာ ဒီကနေ့ လျှပ်စစ်မီး မလုံလောက်မှု၊ သန့်ရှင်းသော သောက်သုံးရေ မလုံလောက်မှု၊ ရေဆိုးစွန့်ထုတ်စနစ် မပြည့်စုံမှု၊ နေထိုင်သွားလာရေး အဆင်မပြေမှု၊ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှု စတဲ့ ပြဿနာတွေ ရှိနေတဲ့အတွက် ဒီပြဿနာတွေကို ကျွန်တော်တို့ အရင်ဆုံး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ကိုယ့်ခွန်ကိုယ့်အားနဲ့တင် မရနိုင်ပါဘူး။ ကျွန်တော်တို့မှာ အရင်းအနှီး လိုအပ်ချက်၊ နည်းပညာလိုအပ်ချက်နဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ပြည်ပကရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပကသက်သာသော ချေးငွေတွေ၊ အထောက်အပံ့ငွေတွေ၊ လူ့စွမ်းအားမြှင့်တင်ပေးမည့် သင်တန်းအကူအညီတွေ ရယူရမှာ ဖြစ်ပါတယ်။

ဒီလိုရယူနိုင်ဖို့အတွက် ဒီကနေ့ အရှေ့အနောက်မခွဲခြားတဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ ထူထောင်နေခြင်း ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာကဲ့သို့ ကျဉ်းမြောင်းသွားပြီ ဖြစ်တဲ့အတွက် ကိုယ့်တစ်နိုင်ငံတည်း ထီးတည်း နေလို့မရတော့တဲ့ အခြေအနေမှာ နိုင်ငံအားလုံးနဲ့ သင့်တင့်အောင် လိုက်လျောညီထွေ ဆက်ဆံနေရပါတယ်။ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် ဆက်ဆံနေတာဖြစ်လို့ ကျွန်တော်တို့လည်း ကျွန်တော်တို့ နိုင်ငံ အကျိုးစီးပွားအတွက် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ကို သတိထားပြီး ဆက်ဆံနေခြင်း ဖြစ်ပါတယ်။ ဒီလိုဆက်ဆံခဲ့မှုကြောင့် ဒီကနေ့ ကျွန်တော်တို့ရရှိတဲ့ အကျိုးအမြတ်ကတော့ ကမ္ဘာ့အလယ်မှာ တင့်တယ်လာယုံသာမက အလေးထား လေးစားခံရတဲ့နိုင်ငံ ဖြစ်လာပါ တယ်။

မြို့ပြများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး မြို့နေပြည်သူများရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ မြို့ပြပတ်ဝန်းကျင်ကောင်း ဖြစ်ရေး၊ စက်မှုကိုအခြေခံတဲ့ အသေးစား၊ အလတ်စား စက်မှုကုန်ထုတ်လုပ်ငန်းများ ထူထောင်ရေး၊ လူများများ အလုပ်အကိုင်အခွင့်အလမ်းများရနိုင်တဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်သော အလုပ်ရုံစက်ရုံများထူထောင်ရေး၊ မြို့ပြအိမ်ယာများ တည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် မြို့ပြအင်္ဂါရပ်နဲ့ညီအောင် ဒေသခံအစိုးရနဲ့ပြည်သူလူထု အကြား ညှိနှိုင်းမှုပုံစံများဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒေသန္တရ အုပ်ချုပ်မှုစနစ်အောက်မှာ မြူနီစီပယ်အဖွဲ့အစည်းကို ပြည်သူများရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်အများစုနဲ့ စနစ်တကျ အမြန်ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ မြူနီစီပယ်အက်ဥပဒေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့မှ ရေးဆွဲဆောင်ရွက်သွားကြရန် ဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာစီမံချက်များ အမြန်ရေးဆွဲကြရန် ပြောကြား ထားပြီးဖြစ်ပါတယ်။ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာမှ မြို့ပေါ်တက်သည့်လမ်းများ သွားလာဆက်သွယ်မှု လွယ်ကူအောင် အသစ်ဖောက်လုပ်ခြင်း၊ လမ်းဟောင်းကို ပြန်လည် ပြုပြင်ခြင်းများပြုလုပ်ရန်၊ ကျေးလက်စီးပွားရေးသည် လယ်ယာကုန်ထုတ် စိုက်ပျိုး မွေးမြူရေးအပေါ် အခြေခံတဲ့အတွက် လယ်ယာမြေစာရင်းများ၊ လယ်မဲ့ယာမဲ့စာရင်းများ၊ အမှန်တကယ် မလုပ်ဘဲပစ်ထားသည့် လယ်ပျက်၊ ယာပျက်စာရင်းများ၊ အလုပ်လက်မဲ့စာရင်း များကို အမြန်ဆုံးကောက်ယူပြီး ကိုယ့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ့်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား တာဝန်ယူ၊ တာဝန်ခံစေပြီး စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဘက်ဂျက်ခွဲဝေပေးခြင်း၊ ကိုယ့်ဒေသအတွင်း အခွန်အခများကောက်ခံခြင်းတို့ အပြင်၊ ပြည်ပမှ ရရှိမည့်ချေးငွေနဲ့ အကူအညီ ပေးငွေများကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အချိုးကျခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။ အလားတူ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း မျှမျှတတဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စီမံဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။ ပြောချင်တာကတော့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်ကိုယ်တိုင်၊ ကိုယ့်အစိုးရအဖွဲ့မှ တာဝန်ယူပြီး အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ဥပဒေနဲ့အညီ အရည်အချင်းရှိသူ၊ အဂတိ တရားကင်းရှင်းသူ၊ ရပ်ရွာအကျိုးကို အမှန်တကယ်ဆောင်ရွက်လိုသူများကို စနစ်တကျ အောက်ခြေမှ ရွေးချယ်ပေးစေပြီး ကိုယ့်ကျေးရွာဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများ အကူအညီကိုရယူပြီး ကိုယ်တိုင်တာဝန်ယူ၊ တာဝန်ခံ၍ ဆောင်ရွက်ခိုင်းရမှာ ဖြစ်ပါတယ်။ ကျေးရွာများရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် တရားဥပဒေစိုးမိုးရေးကိုပါ ထိထိရောက်ရောက် ဆောင်ရွက်သွားစေရန် ဖြစ်ပါတယ်။

အဂတိလိုက်စားမှုဟာ အောက်ခြေအဆင့်ဆင့်မှာ နေရာတိုင်းလိုလို ရှိနေသေးတဲ့အတွက် တာဝန်ရှိသူအဆင့်ဆင့်တို့မှ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားကြရန်လိုအပ်ပါတယ်။ ဖြူစင်သန့်ရှင်းတဲ့ အစိုးရတစ်ရပ် ဖြစ်ရေးအတွက် စွန်းထင်းနေတဲ့ ဒီအမဲစက်ကို မိမိတို့အစွမ်းကုန်ချေဖျက် သွားကြဖို့ တိုက်တွန်းပါတယ်။ အောက်ခြေကဘယ်လိုပဲလုပ်လုပ်၊ လုပ်သမျှ အားလုံးဟာ အထက်အကြီးအကဲမှာသာ တာဝန်ရှိတယ်လို့ခံယူပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်သွားကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်အောင် ခွဲဝေဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းရေး၊ လူ့အဖွဲ့အစည်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့အတွက် ကိုယ့်ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိအောင်၊ လူ့အဖွဲ့အစည်းလုံခြုံအောင်၊ တရား ဥပဒေစိုးမိုးအောင်၊ ဥပဒေများနဲ့အညီ ထိရောက်စွာ ဆောင်ရွက်သွားကြရန်နှင့် ခေတ်စနစ်နဲ့အညီ လူမျိုးစုတစ်စုနဲ့တစ်စု သဟဇာတဖြစ်ရေး၊ အတူတကွ ပူးပေါင်းနေထိုင်ရေး၊ လူမျိုးဘာသာ၊ ယောက်ျားမိန်းမ မခွဲခြားဘဲ လူ့အခွင့် အရေးများကို နယ်ပယ်ကဏ္ဍအသီးသီးမှာ လေးစားလိုက်နာရေးတို့ကို အထူး အလေးထားပြီး ဆောင်ရွက်ကြရန်လိုအပ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို လေ့လာပြီး မိမိတို့ဒေသရှိ မြို့များ၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဖြစ်ပါတယ်။

Myanmar Express

မီဒီယာတွေကို အရေးယူဖို့ သံတမန်တွေကို သတင်းစာရှင်းလင်းပွဲ လုပ်မှ ဖြစ်တော့မည်



တနေ့ က သမ္မတအကြံပေး ဦးကိုကိုလှိုင်က နိုင်ငံတကာမှာ မြန်မာနိုင်ငံနှင့် ပါတ်သက်၍ သတင်းအမှားတွေကို မီဒီယာမှ တဆင့် တင်ပြနေသည်ကို ပြန်လည်ရှင်းလင်းရန်အတွက် ဆောင်ရွက်နေပြီဆိုသော သတင်းဖတ်ရသည် ။ အလွန်တရာ နောက်ကျနေသော်လည်း နောင်တဆိုသည်မှာ ခံစားသိရှိရသူအဖို့  တန်ဘိုးရှိစမြဲမို့  ၄င်းသတင်းကို ကြိုဆိုသည် ။

စစ်စစ် မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဋ္ဌါနမှ ယခုဖြစ်ပေါ်နေသော အရေးပေါ်သတင်းအမှားများကို အချိန်နှင့် တပြေးညီ မီဒီယာများမှ တဆင့် ထုတ်ပြန်နေပါက သမ္မတဦးသိန်းစိန်ဓါတ်ပုံပါကားချပ် ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံပါကားချပ်နှင့် အလံတော်ကို နင်းခြေသူများ ပေါ်ပေါက်လာစရာ အကြောင်းမရှိ ။ ပြန်ကြားရေးဝန်ကြီးဋ္ဌါနက ပေါ့လျှော့မှုကြောင့် ဖြစ်နေသလို နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အကြံပေးပုဂိုလ်များကလည်း နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားလာစေမည့် အကြောင်းအရာနှင့် ပါတ်သက်၍ စောစောကပင် အကြံကောင်းများ မပေးနိုင်ခဲ့ ဟု ထင်ရသည် ။



ကုလသမ္မဂ -ဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် လူ့ အခွင့်အရေးစုံစမ်းရေး အစီရင်ခံသူ မစ္စတာသောမတ်စ် ဟိုဟေး ကင်တာနားက နိုင်ငံတကာသံတမန်များနှင့် ရခိုင်ပြည်နယ်၏ ပကတိဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရန် လာခဲ့ ကြသည် ။ သူတို့ လာသောအဖွဲ့ ထဲတွင် ဘာသာပေါင်းစုံမပါဘဲ မွတ်ဆလင်ဘာသာဝင် နိုင်ငံများမှသာ စုံစမ်းရန် ပါလာသည်ကို သတိထားမိသည် ။ လာသည့်အခါမှာလည်း မွတ်ဆလင်ဘာသာဝင်များကို ရခိုင်လူမျိုးများ ၊ တပ်မတော်မှ စစ်သားများက မုဒိမ်းကျင့် လူသတ် လူမျိုးတုံးသတ်ဖြတ်ခြင်း ဆိုပြီး မီဒီယာများမှ တဆင့် ကြားသိရသောကြောင့် သူတို့ ၏ ဘာသာဝင်များအတွက် စိုးရိမ်ပူပန်ကာ လူသားချင်း စာနာထောက်ထားသည့်အားလျှော်စွာ ကြည့်ရှူစောင့်ရှောက်ရန် လာကြခြင်းဖြစ်သည် ။

အမှန်တကယ်သာ ယင်းသို့ မီဒီယာများမှ ဖေါ်ပြနေသလို ဖြစ်နေခဲ့ ပါက မစ္စတာကင်တားနားနှင့် အတူပါလာသော သံတမန်များသည် ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးချုပ် ရုံးခမ်းမတွင် နိုင်ငံတကာမှာ ဖေါ်ပြနေသော သတင်းမှာ လွန်စွာကွဲပြားခြားနားနေ၍ မိမိတို့ နိုင်ငံသို့ ပြန်လည်ရောက်ရှိသောအခါ အစိုးရထံတွင် ပြန်လည်ရှင်းလင်းတင်ပြပါမည်ဟု ၀န်ခံပြောဆိုသွားကြသည် ။

သို့ လင့်ကစား ဆော်ဒီအာရေဗီးယားနိုင်ငံမှ သတင်းတပုဒ်ကို ကိုးကားပြီး ဖေါ်ပြလာရာတွင် မြန်မာနိုင်ငံ၌ လူမျိုးတုံးသတ်ဖြတ်နေခြင်းများ ရှိနေသည်ဆိုပြီး ဓါတ်ပုံနှင့် တကွ ဖေါ်ပြထားသော နရိန်ဉ္ဖရာ သတင်းဋ္ဌာန၀ပ်ဆိုက်၏ သတင်းဖတ်ရတော့ များစွာအံ့သြမိရသည် ။http://www.narinjara.com/burmese/?p=1602သတင်း — August 8, 2012 at 1:25 pm မစ္စတာကင်တားနားနှင့် လာစဉ်က ဆော်ဒီအာရေဗီးယားနိုင်ငံမှ သံတမန်သည်ပင် ပါခဲ့ ပါလျှက်ကယ်နှင့် မည်သည့်အတွက်ကြောင့် ၄င်းနိုင်ငံမှ သတင်းအမှားတွေကို ဖေါ်ပြပြီး လူထုအုံကြွမှုတွေ ဖန်တီးလာရသနည်းဆိုသော မေးခွန်းတွေ ထုတ်ကြည့်မိပါသည် ။

အမှန်မဟုတ်သော သတင်းလိမ်များကို ပြည်တွင်းမှ ပေးနေသူများ ရှိနေခြင်းကြောင့် ယခုလို ထပ်မံပြီး သတင်းလိမ်တွေ ဖြစ်ပေါ်နေခြင်းဖြစ်သည် ။ သတင်းလိမ်ပေးနေသူများမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကအစ အခြားပုဂိုလ်များ ပါဝင်နေသည် ။ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၏ လွှတ်တော်ထဲမှာ သူ၏ တင်ပြချက်များနှင့် ပတ်သက်၍ ယခုအချိန်မှာ မွတ်ဆလင်ဘာသာဝင်များကို နိုင်ငံသားအဖြစ် တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုတော့မည်ဖြစ်ကြောင်း ဘ၈င်္လားဒေ့ရှ်နိုင်ငံထုတ်သတင်းစာများတွင် ဦးရွှေမောင်က ပြောကြောင်း ဖေါ်ပြနေကြသည် ။ သတင်းလိမ်ပေးသူများကို အမြန်ဆုံးအရေးယူရမည်ဖြစ်သည် ။

ရှေးဦးစွာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေသော သတင်းလိမ်များ ၊ မီဒီယာလိမ်များသည် မြန်မာနိုင်ငံတွင် ဘယ်ကမှ ပေါ်ပေါက်နေသည်မဟုတ် ။ လွှတ်တော်ထဲမှာသာ ပေါ်ပေါက်နေခြင်းဖြစ်သည် ။ ယခုဆိုလျှင် ပြည်သူ့ လွှတ်တော်ထဲမှာပင် လုံခြုံရေးကို တင်းကြပ်စွာ စစ်ဆေးပြီး ဆောင်ရွက်နေရသည်ဟု သိရသည် ။ တချိန်က ဗိုလ်ချုပ်အောင်ဆန်းတို့  ၀န်ကြီးများ အစည်းအဝေး ထိုင်နေချိန်မှာ လုံခြုံရေးမရှိခဲ့ ၍ အာဇါနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ ရဖူးပြီ ။ ၄င်းသင်ခဏ်းစားကို ယူကြရမည်ဖြစ်သည် ။ယခုလည်း နေပြည်တော်ရှိ လွှတ်တော်ကျင်းပရာမှာ သမိုင်းလိမ် ဘင်္ဂလီ မွတ်ဆလင်များ၏ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင် စစ်ဆေးနေရသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ထုတ်ဖေါ်ပြောသည်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်နှင့် အခြား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့ ကို လွှတ်တော်ထဲမှာ ခါးပိုက် ပိုက်ထားရန် မသင့်တော်တော့ဟုမြင်သည် ။ ဤကိစ္စကို အမြန်ဆုံးစဉ်းစားပြီး အရေးယူဆောင်ရွက်ရန်လိုသည်ဟု ပြောချင်သည် ။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မီတီကို ဖွဲ့ စည်းပေးအပ်လိုက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌတာဝန်ဖြင့် ဆောင်ရွက်ရန်ဟု ခန့် အပ်တာဝန်ပေးထားပြီးဖြစ်သည် ။ ဤကဲ့သို့  ဒေါ်အောင်ဆန်းစုကြည်အား ခန့် အပ်ပေးပြီးသည်နှင့် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တွေ့ ကြုံရမည့် ပြသနာအဖြစ် ယခုအချိန်မှာ စိန်ခေါ်နေအကြောင်းအရာကား ရခိုင်ပြည်နယ်မှ သမိုင်းလိမ်ဘင်္ဂလိမ် မွတ်ဆလင်ဘာသာဝင်များ၏ ပြသနာများကို ဖြေရှင်းရေးဖြစ်နေသည် ။ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများထဲတွင် ၄င်းလူမျိုးများအား အသိအမှတ် မပြု၍ မရှိသည်ကို ရှင်းလင်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌါနနှင့် နစကမှ လာဘ်ငွေစားသူများကို အပြစ်ပေးခြင်း ။ သတင်းလိမ်များကို ရှင်းလင်းခြင်း ၊ နယ်စပ်ဖြတ်ကျော်သော လူခိုးဝင်မှုပြသနာကို တိကျစွာ ဆောင်ရွက်ခြင်း ၊ နိုင်ငံခြားသားများကို အပြစ်ပေးဖမ်းဆီးပြီး နယ်နှင်ဒဏ်ပေးခြင်း ။ နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးကိစ္စကို အလျင်အမြန် ဆောင်ရွက်ခြင်း တို့ ကို ပြုလုပ်ဆောင်ရွက်ရတော့မည်ဖြစ်သည် ။

ဥပဒေနှင့် မညီသော လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ကိုယ်စားလှယ်များဖြစ်နေရာ ၄င်းကိစ္စများကိုလည်း စောင့်ကြည့်ဆောင်ရွက်သွားရန် ပါရှိနေသည်ကိုလည်း တွေ့ ရသည် ။ ခရိုင်ကော်မရှင် ၊ ပြည်နယ်ကော်မရှင် တို့ မှ လွှတ်တော်ကိုယ်စားလှယ် တဦး၏ အရည်အချင်းနှင့် မကိုက်ညီသော ဘူးသီးတောင်မြို့ မှ ဦးရွှေမောင်အပါအ၀င် အခြားသူနှစ်ဦးကို ဗဟိုနေပြည်တော် ရွေး/ကော်မရှင်က ကိုယ်စားလှယ်အဖြစ် အရည်အချင်းနှင့် ကိုက်ညီသူဟု ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်စေခဲ့ သည် ။ ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တချိန်က ၀န်ကြီးချုပ် ဦးနု၏ မဲဆွယ်စည်းရုံးခဲ့ မှုကို ယခုထက်ထိ လက်ခံထားဆဲဖြစ်နေသည် ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယင်းသို့  တိုင်းရင်းသားမဟုတ်သူများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၀င်ခိုင်းသောကြောင့် ယခုမူ နေပြည်တော် လွှတ်တော် ခမ်းမမှာ ဗုံးခွဲ တိုက်ခိုက်လေမလားဆိုပြီး လုံခြုံရေးတွေကို တင်းကြပ်စွာ ဆောင်ရွက်နေပြီဆိုတော့ ကြားရသည်မှာ စိတ်ပျက်စရာ ကောင်းလှသည် ။ ဤအချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ကော်မီတီမှ စုံစမ်းစစ်ဆေးရတော့မည်ဖြစ်သည်ဟု ထင်သည် ။

အဓိကအားဖြင့် အစိုးရ၀န်ထမ်းတွေက လာဘ်စားနေခြင်းများကို တိုင်စာ လက်ခံသည့် ကော်မီတီ အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန်လည်း မလိုအပ်၊ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုသည်မှာ ပြည်တွင်းစစ်ပပျောက်ရေးနှင့် ပြည်ပရန် ကာကွယ်ရေးပင်ဖြစ်သည် ။

မျက်မှောက်ကာလတွင် ပြည်တွင်း၌ တရားဥပဒေစိုးမိုးခြင်း ဥပဒေနည်းပါးလျှော့နည်း၍ ရခိုင်ပြည်နယ်၌ ဖြစ်ပွါးနေသော အဓိကရုဏ်းများ ၊ ကချင်ပြည်နယ်၏ စစ်မီးထတောက်နေခြင်းများကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရန်လိုသည် ။ အခြားတဖက်မှာ ပြည်ပရန်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုသည် ။ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သော တပ်မတော်အဖို့  ပြည်သူတရပ်လုံးနှင့် လက်တွဲ တိုက်ခိုက်ခြင်းများ ရှိနေတတ်၍ ပြည်ပရန်ကို ကာကွယ်မည်ဆိုလျှင် လက်နက်ကိုင်တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်သည် ။

ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော တရားဥပဒေစိုးမိုးရေးကော်မီတီသည် နိုင်ငံတော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက် -ပြည်ပရန်ကို ကာကွယ်ရန်အတွက် ယခုအချိန်မှာ အထူးအရေးကြီးနေသည် ။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လီစီနှင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိစ္စများ ၊ မြန်မာနိုင်ငံအား သားပုပ်လေလွင့် ပြောဆိုနေသောမီဒီယာများအား သတင်းအမှန်များအား ချပြပြောဆိုရန် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတကာ သံတမန်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးရန်လိုနေပြီဟု ထင်သည် ။ သံတမန်များကို မချပြခဲ့ လျှင် မွတ်ဆလင်ဘာသာဝင် နိုင်ငံများမှ မီဒီယာများ၏ သတင်းအမှားများကို ယုံကြည်ပြီး နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးကို ထိခိုက်ကာ မီးဟုန်းဟုန်းတောက် စစ်မက်ဖြစ်ပွါးစေသည့် အကြောင်းအရာများ ပေါ်ပေါက်လာနိုင်သည်ဟု ပြောချင်သည် ။ တချိန်တည်းမှာ ယင်းသို့ သတင်းလိမ် မီဒီယာများကိုလည်း နိုင်ငံတော်မှ နိုင်ငံတကာ ဥပဒေအရ ထိရောက်စွာ အရေးယူရန်လည်းလိုအပ်ပါသည်။

Myanmar Express

ယာဉ်အိုယာဉ်ဟောင်း အပ်နှံမည့် ကားရှား၍ စလစ်ဈေး ပြန်လည် မြင့်တက်လာ

ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေးအစီစဉ် စတင်သော ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ ပြည်ပမှ ယာဉ်စီးရေ စုစုပေါင်း ၆၃၉၄၂ စီး တင်သွင်းပြီးဖြစ်ကြောင်း သိရသည်။ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ လူစီးယာဉ် ၆၀၀၄၂ စီး၊ ဘတ်စကား ၁၀၅၈ စီးနှင့် ကုန်တင်ယာဉ် ၂၈၂၂ စီး တင်သွင်းခဲ့ကြောင်း၊ ဇူလိုင် ၃၀ ရက်မှ စတင်ကာ ပြည်ပမှ ယာဉ်တင်သွင်းခွင့် လိုင်စင်များကို ရန်ကုန်ရုံးခွဲတွင် တင်သွင်းခွင့်ပြုခဲ့ရာ လျှောက်ထားသူဦးရေမှာ သြဂုတ် ၂ ရက်အထိ ၉၆ ဦးရှိပြီး လျှောက်ထားသူ များပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်အရ နိုင်ငံခြားငွေစာရင်းရှိသူ မည်သူမဆို ကားတင်သွင်းခွင့် ပြုခဲ့ရာ မော်တော်ယာဉ်ဈေးနှုန်းများ ပြုတ်ကျပြီး ပြည်ပမှ မော်တော်ယာဉ်တင်သွင်းသူ အများစုမှာ ၂၀၀၇ မော်ဒယ်လ်အထက် ဂျပန်လေလံကားများ တင်သွင်းလာကြသည်။

ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်အရ ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ယာဉ်မှတ်ပုံတင်စီးရေ ၄၈၄၂၉ စီး ထုတ်ပေးခဲ့ပြီး ၆ဃ/အက္ခရာဖြင့် ယာဉ်စီးရေ ၈၈၉၀ စီးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သြဂုတ် ၁ ရက်အထိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး စီးရေ ၆၁၃၀၈ စီးရှိပြီး သွင်းကုန်ပါမစ် ထုတ်ပေးပြီး စီးရေ ၅၆၂၄၇ စီးရှိပြီ ဖြစ်သည်။

ယခုအခါ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမည့်ယာဉ် ရှားပါးလာသဖြင့် စလစ်ဈေးများ ပြန်လည်မြင့်တက်လာသည်။ လက်ရှိ ကားဟောင်းစလစ် ပေါက်ဈေး၏ ဓ၊ န၊ ပ အက္ခရာမှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင်ရှိပြီး လေလံကား စလစ်ဈေးမှာ ငွေကျပ် ၆၃ သိန်းဝန်းကျင် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

သဘာဝအန္တရာယ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း သိရှိစေရန် ဝက်ဘ်ဆိုက်လွှင့်တင်


သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အချက်အလက်များ၊ သတင်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အကြောင်းကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ လွှင့်တင်ပေးထားသည့် http://www.rrdmyanmar.org ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါ ဝက်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ အချက်အလက်တွေ၊ သဘာဝဘေးအန္တရာယ် အကြောင်းတွေ၊ အရင်ကဖြစ်ခဲ့တဲ့ ရေးဘေး၊ လေဘေး၊ မီးဘေးအစရှိတဲ့ သဘာဝအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် တင်ပေးထားပါတယ်။ ပြီးတော့ ဌာနက သတင်းတွေကိုလည်း ပြည့်ပြည့်စုံစုံ တင်ပေးထားပါတယ်” ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးအေးမင်းသူက ပြောသည်။

ဝက်ဘ်ဆိုက်တွင် ကယ်ဆယ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက လုပ်ဆောင်ရမည့် ဆောင်ရန်ရှောင်ရန်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူထံသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန အစရှိသည့် ဝင်ကြီးဌာနများ အပါအဝင် ဝန်ကြီးဌာနပေါင်း ၁၄ ခု၏ ဝက်ဘ်ဆိုက် လိပ်စာများကိုလည်း ဖော်ပြပေးထားသည်ကို တွေ့ရသည်။

Myanmar Express

တစ်စက္ကန့် လျှင် အမြန်နှုန်း 1 GB ရှိသည့် အင်တာနက် ၀န်ဆောင်မှု ကို Google စတင်

သတင်း ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ကြီး တစ်ခု ဖြစ်သည့် Google က အမေရိကန် နိုင်ငံ တွင်း ရှိ အင်တာနက် ၀န်ဆောင်မှု များ ၏ ပျမ်းမျှ မြန်နှုန်း ထက် အဆ ၁၀၀ ပိုမို သာ လွန် မှု ရှိ သည် ဟု ဆိုသော Google Fiber အင်တာနက် ၀န် ဆောင် မှု ကို ကန်ဆပ်(စ) စီတီး မစ်ဇူရီ ပြည်နယ် တွင် စက်တင်ဘာလ မှ စပြီး စတင် တော့ မည် ဖြစ်သည်။

Fiber ၀န်ဆောင်မှု ကို မတ်လ က ကန်းဆပ်(စ) စီတီး ကန်းဆပ်(စ) မြို့  တွင် စတင် ခဲ့ ပြီး နောက် နောက် ထပ် တစ် မြို့  တိုးချဲ ခဲ့ ခြင်း ဖြစ်သည်။ ကနီဦး တပ် ဆင် ခ ဒေါ်လာ ၃၀၀ ကျသင့် မည် ဖြစ် ပြီး တစ်နှစ် စာ ချုပ် သက် တမ်း အတွက် တစ်လလျှင် ဒေါ်လာ ၇၀ ၀န်ဆောင် ကြေး ပေး ရမည် ဖြစ်သည်။

ရုပ်သံ လိုင်း ပါ ပါဝင်ပါ က တစ်လလျှင် ဒေါ်လာ ၁၂၀ ကျသင့် မည် ဖြစ်သည်။ ရံဖန် ရံ ခါ တွင် မြန်မာ နိုင်ငံ တွင်း ရှိ အင်တာ နက် မြန်နှုန်း ထက် ပင် ပိုမို မြန်ဆန်သည့် 5Mbps ဆိုလျှင် Google က တပ် ဆင် ကြေး သာ ယူ၍ ၀န်ဆောင်ခ ယူမည် မဟုတ် ဟု Google Fiber ဘလောက် တွင် ကြေငြာထား သည်။

Google ၏ မြန်နှုန်း မြင့် အင်တာနက် ၀န်ဆောင်မှု သည် အမေရိကန် နိုင်ငံ တွင်း ရှိ အခြား အင်တာ နက် နှင့် ရုပ်သံ လိုင်းများ ဖြစ်သည့် Comcast နှင့် Dish Network တို့  ၏ ဈေးကွက် ကို စိမ် ခေါ် ရာ ရောက် နေသည် ဟု Tech Crunch က ရေး သား ထား သည်။

ကန်းဆပ်(စ) စီတီး မှ အင်တာနက် သူဆွဲ သူ ဖေဘီယန် ရူဒေါဖ် က မကြုံ ဘူး တဲ့ အမြန်နှုန်း ပဲ မိုး ပြို ဆင်း လာသ လို ပဲ ဟု CNET ကို ပြောသည်။

အင်တာနက် နှင့် ရုပ်သံ တွဲဖက် ထား သည့် ၀န်ဆောင်မှု ကို ရယူလျှင် ဒေါ်လာ ၃၀၀ နီးပါး တန်ကြေး ရှိသည့် Google Nexus 7 tablet ကို အခမဲ့ ရရှိ မည် ဖြစ်သည်။

လစဉ် အမြတ်ငွေ ဒေါ်လာ သန်း ထောင်ချီ ရှိသည့် Google ၏ အင်တာနက် ၀န်ဆောင် မှု တွင် ဖိုင် ဘာ ဖန်မျှင် ဆက်သွယ် မှု ကို အသုံး ပြုထား သည်။

အမျိုးသမီးများ သွေးဆုံးခြင်း

အမျိုး သမီးများ သွေးဆုံး ခြင်း (Menopause) ဆို သည်မှာ ပုံမှန် ရာသီသွေး အနည်းဆုံး (၁) နှစ်ထိ ရပ်ဆိုင်း သွားခြင်း ကို ခေါ်ဆို ပါတယ်… များသော အားဖြင့် သွေးဆုံး ခြင်းဟာ အသက် ၄၅ မှ ၅၅ နှစ် အတွင်း ဖြစ်ပေါ် လေ့ ရှိပြီး ပျမ်းမျှ အားဖြင့် ၅၁ နှစ် ဖြစ်ပါတယ်.. အချို့ အမျိုး သမီး များတွင် စော၍ ဖြစ်ပေါ် တတ်ပြီး အချို့မှာ နောက်ကျ တတ် ပါတယ်… အကြမ်း ဖျင်း ဆိုရ ပါက မိခင်၏ သွေးဆုံး ချိန် နဲ့လည်း တူညီ တတ် ပါတယ်…

သွေးဆုံး ခြင်းဟာ ရောဂါ တစ်ခု မဟုတ်ပဲ အမျိုး သမီးတိုင်း အချိန်တန် လျှင် ကြုံတွေ့ ရမယ့် ခန္ဓာ ကိုယ်ရဲ့ ဇီဝ ကမ္မ ပြောင်းလဲမှု ဖြစ်စဉ် တစ်ရပ်သာ ဖြစ်ပါတယ်… သွေးဆုံး လျှင် ခန္ဓာ ကိုယ်တွင်း ရှိ မျိုးဥအိမ် (Ovaries) လုပ်ငန်း များ လုံးဝ ရပ်ဆိုင်း သွားခြင်း ပဲဖြစ် ပါတယ်… အမျိုး သမီးများ ရှိ မျိုးဥ အိမ်ဟာ သားအိမ် ၏ ဘေးတစ်ဖက် တစ်ချက် စီမှာ ရှိပြီး အရွယ် နဲ့ ပုံသဏ္ဍာန် မှာ မက်မွန် သီး နှင့် ဆင်တူ ပါတယ်… မျိုးဥ အိမ်မှ လစဉ် မမျိုးဥ (ova) ထုတ်လုပ် ပေးပြီး မ,ဟော်မုန်း အီစထ ရိုဂျင် (Estrogen) ကို ပုံမှန် ထုတ်ပေး ပါတယ်… အီစထ ရိုဂျင် ဟော်မုန်း ဟာ အမျိုး သမီးများ အတွက် အရေး ပါတဲ့ ဟော်မုန်း တစ်မျိုး ဖြစ်ပြီး အမျိုး သမီး သဘာဝ အချိုး အစား၊ လစဉ် ရာသီသွေး ဖြစ်စဉ်၊ ကိုယ်ဝန် ဆောင်ခြင်း တို့တွင် အီစထ ရိုဂျင် က ထိန်းချုပ် လုပ်ဆောင် ပေးပါတယ်… ဒါ့ပြင် အီစထ ရိုဂျင် က အရိုးကို ပါးလွှာ ခြင်း မရှိ အောင်လည်း ကာကွယ် ပေး ပါတယ်…

ရောဂါ တစ်မျိုးမျိုး ကြောင့် မျိုးဥအိမ် နှစ်ခု လုံး ဖြတ်ထုတ် လိုက်ရ ပါက လည်း ခွဲစိတ် မှုကြောင့် သွေးဆုံး ခြင်း (Surgical Menopause) ဖြစ် ပေါ်စေ ပါတယ်.. လူအများ ထင်မှတ် မှားတဲ့ အကြောင်း တစ်ခု ကတော့ ရောဂါ အခြေ အနေ တစ်ခုခု ကြောင့် သားအိမ် ထုတ်ရ လျှင် သွေးဆုံး ပြီဟု ယူဆ ခြင်းပဲ ဖြစ်ပါတယ်… အမှန်မှာ သားအိမ် ချည်း သက်သက် ထုတ်ရပြီး မျိုးဥ အိမ် ကျန်ရှိ နေလျှင် သွေးဆုံး ခြင်း ဖြစ်စဉ် မရောက် ရှိပဲ ရာသီ သွေး မပေါ်တာ ပဲရှိ ပါတယ်… မျိုးဥ အိမ်မှ အီစ ထရိုဂျင် ကို ဆက်လက် ထုတ်ပေး နေလို့ သွေးဆုံး ခြင်း လက္ခဏာ များ မခံ စားရပါ…

သွေးဆုံး ခြင်းဖြစ် လျှင် ပေါ်ပေါက် လာမယ့် လက္ခဏာ များမှာ

မျက်နှာ နဲ့ ခန္ဓာ ကိုယ် တစ်ခု လုံး ပူနွေး ရှိန်းဖိန်းမှု (Hot Flash) ဖြစ်ပေါ် ခြင်း

ပူနွေး ရှိန်းဖိန်း မှုဟာ ခန္ဓာ ကိုယ် တစ်ခုလုံး အထူး သဖြင့် ခေါင်းနဲ့ ရင်ဘတ် မှာ သိသိသာသာ ဖြစ်ပေါ် တတ်ပြီး စက္ကန့် ၃၀ မှ မိနစ် အတန် ကြာထိ ဖြစ်ပေါ် တတ်ပါတယ်… ပြီးရင် ချွေးထွက် လာတတ် ပါတယ်… ဒီလို ပူနွေး ရှိန်းဖိန်း ဖြစ်မှု ဟာ အမျိုး သမီး များရဲ့ ၄၀ % ဖြစ်ပေါ် တတ်ပြီး ဖြစ်ပွားသူ အားလုံး ရဲ့ ၈၀% ဟာ ၅နှစ် ကြာထိ ဆက်လက် ဖြစ်ပေါ် တတ်ပါတယ်… ၁၀% ခန့် အမျိုး သမီးများ ကသာ ၁၀နှစ်ထိ ဒီလို လက္ခဏာ ရှိနေ တတ်ပါတယ်… ဒီလို ဖြစ်ရတာကို တိတိ ကျကျ မသိ သေးပေမယ့် ခန္ဓာ ကိုယ်မှ အီစထ ရိုဂျင် ထုတ်လုပ်မှု ကျဆင်း ခြင်းကြောင့် သွေးတွင်း ဟော်မုန်းနဲ့ ဇီဝဓာတု အနည်း အများ မတည် ငြိမ်မှု (Hormonal and Biochemical Fluctuations) ကြောင့် ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်…

ညပိုင်း ချွေးထွက် မှုများ လာခြင်း (Night Sweats)

သွေးဆုံး ပြီးသူ များတွင် ညပိုင်း ချွေးထွက် ခြင်း ဖြစ်ပေါ် တတ်ပါတယ်.. ချွေးထွက် များတာ ကြောင့် အိပ်ယာမှ ရုတ်တရက် နိုးလာ တတ်ပြီး ပြန်အိပ် ပျော်ရန် ခက်ခဲ တတ်ပါတယ်… နောက်နေ့ နေ့လည် ဖက်တွင် မောပန်း နွမ်းနယ် တတ်ပါတယ်…

ယောနိ လမ်းကြောင်း တစ်လျှောက် ပြောင်းလဲ မှုများ ဖြစ်ပေါ်ခြင်း

သွေးဆုံး ပြီးနောက် ယောနိ လမ်းကြောင်း တစ်လျှောက် နံရံ တစ်သျှူး များ ပါးလွှာ ခြောက်သွေ့ လာပြီး လိင် ဆက်ဆံ ရာတွင် အဆင် မပြေ နာကျင်မှု၊ ယောနိ လမ်းကြောင်း ပိုးဝင်မှု လွယ်ကူ လာခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်…

ဆီးလမ်း ကြောင်းတစ် လျှောက် ပြောင်းလဲ မှုများ ဖြစ်ပေါ်ခြင်း

ဆီး လမ်းကြောင်း တစ်လျှောက် တွင်လည်း နံရံ တစ်သျှူး များ ပါးလွှာ ခြောက်သွေ့ လာပြီး ဆီးလမ်း ကြောင်း ပိုးဝင် လွယ်ခြင်း၊ ဆီးမထိန်း နိုင်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်…

စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှု

အမျိုး သမီး အများစု မှာ သွေးဆုံး ပြီးနောက် စိတ်တို စိတ်ဆတ် လွယ်ခြင်း၊ စိတ်အလို မကျမှု များလာခြင်း၊ မောပန်း နုံးခွေ လာခြင်း၊ မှတ်ဥာဏ် ပိုင်းဆိုင်ရာ အားနည်း မှုဖြစ် လာခြင်း စတဲ့ စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲ မှုများ ဖြစ်ပေါ် လာတတ် ပါတယ်.. ဒီလို ဖြစ်ရ တာဟာ ဟော်မုန်း ပြောင်းလဲ မှုကြောင့် ဆိုပြီး တိတိ ကျကျ ပြောရ ခက်ပါတယ်… သွေးဆုံး တာဟာ ဘ၀ မှာ ပြောင်းလဲ မှုတစ် ခုအဖြစ် ယူဆလို့ စိုးရိမ် ပူပန်ပြီး စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲ မှုများ ဖြစ်နိုင် ကြောင်း ပြောဆို ထားပါတယ်… သွေးဆုံး ပြီးပါက အီစထ ရိုဂျင် လျော့ကျ မှုကြောင့် အရိုးပွ ခြင်း (Osteoporosis) လည်း တဖြည်းဖြည်း ဖြစ်ပေါ် လာပါတယ်… အရိုးပွ ခြင်းဟာ ပြင်ပ ရောဂါ လက္ခဏာ မပြသ ပဲ သာမန် ထိခိုက် မှုနဲ့ပင် အရိုး ကျိုးလွယ် နိုင်သော အခြေ အနေ ရှိပါတယ်…

သွေးဆုံး လက္ခဏာ ခံစား ရမှု များကို သက်သာ စေရန် ကုသမှု နည်းလမ်း အမျိုးမျိုး တို့ဖြင့် သုံးစွဲ ရာမှ ၎င်း တို့၏ အကျိုး အပြစ် များကို ဖော်ပြ ပေးပါမယ်… ဟော်မုန်း အစား ထိုးကု သခြင်း (Hormone Replacement Therapy) နည်းလမ်း ဟာ သွေးဆုံး လက္ခဏာ များ အလွန် ပင် သက်သာ ကောင်းမွန် တဲ့ အတွက် အရင် က ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲ ခဲ့ပါတယ်… အီစထ ရိုဂျင် တစ်မျိုး တည်း ပါတဲ့ ကုသနည်း၊ အီစထ ရိုဂျင် နဲ့ ပရို ဂျက်စ ထရုန်း (Progesterone) နှစ်မျိုး ပါတဲ့ ကုသနည်း ဆိုပြီး သုံးစွဲ ကြပါတယ်… သုံးစွဲ သူ များစွာ ကို အချိန် ယူ လေ့လာ ကြည့်တဲ့ အခါ အီစထ ရိုဂျင် တစ်မျိုး တည်း ပါတဲ့ ကုသ နည်း ကို သုံးစွဲ သူများ ဟာ မသုံး စွဲသူ များထက် လေဖြတ် ခြင်း နဲ့ သားအိမ် မထုတ် ပဲ ရှိနေ သူများ မှာ သားအိမ် ကင်ဆာ (Endometrial Carcinoma) ပိုမို ဖြစ်ပွား မှုရှိ ကြောင်း တွေ့ရှိ ရပါ တယ်… အီစထ ရိုဂျင် နဲ့ ပရို ဂျက်စ ထရုန်း နှစ်မျိုး ပါတဲ့ ကုသနည်း သုံးစွဲ သူများ မှာတော့ နှလုံး ရောဂါ၊ လေဖြတ် ရောဂါ နဲ့ ရင်သား ကင်ဆာ ဖြစ်ပွား မှုများ ကြောင်း လေ့လာ တွေ့ရှိ ရပါတယ်… ဒါ့ကြောင့် ဟော်မုန်း ကုသ မှု ခံယူ သူများ အနေ ဖြင့် မခံ ယူမီ ဆေးစစ် ဆေးမှု ကို သေချာ စွာ ပြုလုပ် ရန် လိုအပ် ပြီး ဆေး ပမာ ဏ ကိုလည်း အနည်း ဆုံး နဲ့ အချိန် အနည်း ဆုံး သုံးစွဲ သင့် ပါတယ်…

သန္ဓေ တားဆေး ကဒ် များကို လည်း သွေးမ ဆုံးမီ သွေးဆင်း မမှန် မှုနဲ့ သွေးဆုံး လက္ခ ဏာများ သက်သာ စေရန် အတွက် သုံးစွဲ ကြပါ တယ်… ဆေးကဒ် သုံးခြင်း ဖြင့် ပူနွေး ရှိန်းဖိန်း မှု သွေးဆုံး လက္ခ ဏာကို သက်သာ စေသလို သန္ဓေ ကိုလည်း တားပြီး ဖြစ်စေ ပါတယ်… အခု နောက်ပိုင်း မှာတော့ ယောနိ တွင်းသို့ အီစထ ရိုဂျင် ဆေးကွင်း၊ ဆေးပြား နဲ့ လိမ်းဆေး တို့ကို တိုက်ရိုက် ထည့်သွင်း သုတ်လိမ်း သုံးစွဲ ကြပါတယ်…

နောက် တစ်မျိုး ကတော့ ခန္ဓာ ကိုယ်တွင်း ရှိ အီစထ ရိုဂျင် နဲ့ ဓာတု ဖွဲ့စည်း ပုံ၊ အာနိ သင်ပါ တူညီ ပြီး အပင် များတွင် တွေ့ရ တဲ့ ဖိုင်တို အီစထ ရိုဂျင် (Phytoestrogens) များပင် ဖြစ်ပါတယ်… ဒါပေမယ့် အီစထ ရိုဂျင် အာနိ သင်ချင်း နှိုင်းယှဉ် ပါက လွန်စွာ နည်းပါး ပါတယ်… ဒါ့ကြောင့် ရင်သား ကင်ဆာ ခံစား ရသူ များ၊ အီစထ ရိုဂျင် သုံးစွဲ ရန် မသင့် တော်သူ များ သဘာဝ ဖိုင်တို အီစထ ရိုဂျင် ပါဝင် တဲ့ အစား အစာ များကို စားသုံး ခြင်းဖြင့် သွေးဆုံး လက္ခဏာ များကို သက်သာ စေနိုင် ပါတယ်… ဖိုင်တို အီစထ ရိုဂျင် ပါဝင် တဲ့ အစား အစာ များက တော့ ပဲပုတ်၊ ကုလားပဲ၊ ပဲနီလေး အစ ရှိသဖြင့် ဖြစ်ပါတယ်… လက္ခဏာ များကို များစွာ မသက်သာ စေသော်လည်း ဗိုက်တာ မင်အီး တစ်နေ့ ၄၀၀ ယူနစ် ထက် မပို စေပဲ သုံးစွဲ နိုင်ပါတယ်…

အခြား ဆေးဝါး များဖြစ်တဲ့ Antidepressants (SSRIs) ဆေးများ ဟာလည်း ပူနွေး ရှိန်းဖိန်း ဖြစ်ပွား မှုကို အမျိုး သမီး ၆၀ % ခန့်တွင် သက်သာ မှုရှိ ကြောင်း တွေ့ရှိ ရပါတယ်… ၎င်း ဆေးများ မှာ Citalopram (Celexa, Citopam), Venlafaxine (Effexor), Fluoxetine (Prozac), Paroxetine (Paxil) စသည့် ဆေးများ ဖြစ်ပါတယ်… Anti-seizure drug {Gabapentin (Gabantin, Neurontin)}, Anti-hypertensive drug {Clonidine (Catapres)} ဆေးများ ဟာလည်း ပူနွေး ရှိန်းဖိန်း မှုကို သက်သာ စေလို့ ဆရာဝန် ရဲ့ ကြီးကြပ် ညွှန်ကြား မှုနဲ့ သုံးစွဲ နိုင်ပါတယ်… ဆေးဖက် ၀င် အပင် များမှ ဖော်စပ် ထားတဲ့ Black Cohosh ဆေး ကိုလည်း ဥရောပ နဲ့ အမေရိက တွင် လူကြိုက် များ သုံးစွဲ လျက် ရှိပြီး ပူနွေး ရှိန်းဖိန်း မှုကို သက်သာ စေပါတယ်…

သွေးဆုံး ပြီလျှင် အရိုး ပါးလွှာ မှု ဖြစ်ပွား လာသဖြင့် ကယ်လ် စီယမ်၊ ဗိုက်တာ မင်ဒီ ပါတဲ့ အစား အစာ များ စားသုံး ရပါမယ်.. အစာ တွင် ၎င်း ဓာတ်များ မလုံ လောက် ပါက ကယ်လ် စီယမ်၊ ဗိုက်တာ မင်ဒီ ပါတဲ့ ဆေးကို သုံးစွဲ နိုင်ပါတယ်… အရိုး ပါးလွှာ မှု လျော့နည်း စေရန် အရိုး သန်မာ စေရန် Alendronate (Denfos), Risedronate (Actonel), Ibandronate (Boniva), Calcitonin (Calcimar), Teriparatide (Forteo) စသည့် ဆေးများ ကို ဆရာဝန် ညွှန်ကြား သည့် အတိုင်း သုံးစွဲ နိုင်ပါတယ်… ဆေးလိပ် ဖြတ်ခြင်း၊ အရက် သောက်သုံး မှု လျှော့ချ ခြင်း၊ ကိုယ်လက် လေ့ကျင့် ခန်း မှန်မှန် ပြုလုပ် ခြင်း၊ အာဟာရ ပြည့်ဝ အောင် စားသုံး ခြင်း စသည့် နေထိုင် စားသုံး မှု ပုံစံ ဖြင့် နေသင့် ကြောင်း ရေးသား လိုက်ရ ပါတယ်… အားလုံး ရန်သူ မျိုးငါးပါး နဲ့ ဘေးဘယာ အပေါင်းမှ ကင်းဝေး နိုင်ပါစေ…။

This article is originally found at Public Health in Myanmar . BLOGSPOT.com

References;

http://www.medicinenet.com/menopause/article.htm

နေရပ်ပြန်ဖို့ ကချင်ဒုက္ခသည်တွေ စိုးရိမ်


တရုတ်နိုင်ငံတွင်း ရောက်နေတဲ့ ကချင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲကို ပြန်နိုင်အောင် စီစဉ်ဖို့ တရုတ်အစိုးရက ကချင်လွတ်မြောက်ရေး အဖွဲ့ကို တိုက်တွန်း နေပါတယ်။ ဒါကြောင့် ကေအိုင်အိုက ရွှေ့ပြောင်း ပေးဖို့ စတင်ပြင်ဆင် နေပေမယ့် လို့ ဒုက္ခသည်တွေကတော့ ပြောင်းရွှေ့ကြဖို့ ဆန္ဒမရှိကြဘဲ ဖြစ်နေပါတယ်။

တရုတ်နိုင်ငံ ရွှေလီခရိုင် ညောင်တောင်းမြို့နယ် အတွင်းမှာ ဒုက္ခသည်စခန်း ခြောက်ခုရှိပြီး စုစုပေါင်း ကချင်ဒုက္ခသည် လေးထောင်းငါးရာလောက် နေထိုင်နေတာဖြစ်ပါတယ်။ ဒီဒေသဟာ ဗန်းမော်- လွိင်ကျယ်- နမ့်ခမ်း ကားလမ်းရဲ့ တစ်ဖက်ခြမ်းမှာ တည်ရှိတာဖြစ်ပါတယ်။ တရုတ် အာဏာပိုင်တွေက ဒုက္ခသည်တွေကို ပြောင်းရွှေ့ဖို့ တိုက်တွန်းနေတဲ့ အကြောင်းကို ကေအိုင်အို ဒုက္ခသည်ရေးရာ တာဝန်ခံ ဦးဒွယ်ပီဆာက အခုလို ပြောပါတယ်။

“တရုတ်အစိုးရဘက်က ဒါ ပြန်ခိုင်းတာတော့ ကြာပြီ။ ဒါပေမယ့် အရင်တုန်းက ကျွန်တော်တို့ အတွက်က အခက်အခဲ အများကြီး ရှိတယ်။ မတတ်နိုင်ဘူး ဆိုမှ ခဏ တောင်းပန်ထားတယ်။ ဆိုတော့ ထပ်ခါ ထပ်ခါ ပြန်ဖို့ တောင်းဆိုလာတော့ ကျွန်တော်တို့ အရှေ့ပိုင်းတိုင်း ကော်မတီကို ၀ိုင်းပြီး အစီရင်ခံပါ ဆိုရင်။ ဇူလိုင်လကုန် လောက်မှာ တစ်ခါ နှစ်ခါ သူတို့က သွားတွေ့တယ်။ သွားတွေ့တော့ တစ်လအတွင်းမှာ လူထုကို ပညာပေး ပြီးတော့မှ ပြန်ခေါ်ရမလား ဆိုပြီးမှ လက်ခံထားတဲ့ သဘောမှာရှိတယ်။”

KIOဖက်ကတော့ တရုတ် အာဏာပိုင်တွေက တိုက်တွန်း တာကြောင့် နောင်တောင်း စခန်းနဲ့ ၁၆မိုင် လောက် အကွာ KIO ထိန်းချုပ်ရာ လနာဇွပ် ဒေသမှာ စခန်းသစ် ဆောက်လုပ်ဖို့ ပြင်ဆင်ထားသလို ဒီရက်ပိုင်းတွေ အတွင်းမှာ တော့ ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးအတွက် သွားရောက် ဆွေးနွေးဖို့ ရှိနေပါတယ်။ စခန်း ပြောင်းရွှေ့ဖို့ကို တော့ လူထု သဘောထားပေါ်မှာ မူတည်ပြီး ဆောင်ရွက်မှ ဖြစ်မယ်လို့ ဦးဒွဲပီဆာက ဆက်ပြောပါတယ်။

“ လူထုက ဘယ်လိုပြောလာမလဲ လူထုအခြေအနေက ဘယ်လိုလဲ ဒါတော့ အခြေအနေက မသိသေးဘူးလေ။ လူထုက လက်ခံနိုင်ဖို့ ပြင်ဆင်ထားတဲ့ နေရာကို မပြောင်းချင်ဘူး ဆိုရင် နည်းနည်းတော့ အခက်အခဲ တော့ ရှိမှာပေါ့။ ဒါက အတင်းအဓမ္မ မောင်းထုတ်လည်း မရဘူး။ အဲ့သလိုဖြစ်တယ်ဆိုတော့ နည်းနည်းတော့ ခက်တာပေါ့။"

နောင်တောင်း ဒုက္ခသည်စခန်းက အမျိုးသမီးတစ်ယောက်ကတော့ လောလောဆည် စခန်းပြောင်းဖို့ စေခိုင်း လာတာတော့ မရှိသေးကြောင်း ပြောပါတယ်။

“ ဒီပြောင်းဖို့ ရွှေ့ဖို့ ကိစ္စဆိုတာ အရင်ကတော့ ရှိပါတယ်။ အခု လောလောဆယ် မရှိပါဘူး။ ကျွန်မတို့ ဒီမှာ အေးဆေးပါ။ နေမြဲပါပဲရှင့်။ ကျွန်မတို့က ဒီမှာ ရောက်တာ တစ်နှစ် နီးပါးရှိပါပြီရှင့်။"

အခြား ဒုက္ခသည် တစ်ဦးကတော့ မိုးတွင်း ကာလဖြစ်တာနဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ပြောင်းရွှေ့ဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“အခုကတော့ မိုးတွင်းလည်း ဖြစ်နေတယ်။ အခု ကျွန်တော်တို့ ကမ့်မှာကျတော့ အသက်ကြီး ရွယ်အိုတွေလည်း ရှိတယ်။ ပြီးတော့ ဒီမှာ ကျောင်းသူ၊ ကျောင်းသားတွေကလည်း သူတို့ ကျောင်းဆောင်တွေ ပေးပြီးတော့ သူတို့ကျောင်းဖွင့်တယ်။ ဆိုတော့ ကျောင်းသားတွေက ပညာရေးမှာ ထိခိုက်သွားနိုင်တာပေါ့။ အဲ့တာကို ကျွန်တော်တို့ စိုးရိမ်ပြီးမှ အထက်ကလူကြီးတွေကို ဒီနှစ် ပညာရေး ကုန်တဲ့အထိ ဒီမှာပဲ ဆက်နေခွင့် တောင်းချင်တယ်လို့ ပြောတာပဲ။”

အခုအခါ နောင်တောင်စခန်းမှာ ကျောင်းသား ကျောင်းသူ ၈၀၀လောက် ရှိတာဖြစ်ပါတယ်။ နောင်တောင်းစခန်းဟာ သူတို့ရဲ့ မူလကျေးရွာတွေ အနီးမှာပဲ တည်ရှိတာကြောင့် မပြောင်းရွှေ့လို တာကလည်း တကြောင်း ဖြစ်နေပါတယ်။ လောလောဆယ် သူတို့ရဲ့ နေရပ်ရင်း ကျေးရွာကို မပြန်နိုင်သေးတဲ့ အခြေအနေကိုတော့ သူက အခုလို ဆက်ပြောပါတယ်။

“ရွာဖက်ကိုတော့ သွားနေလို့ မရသေးဘူးလေ။ အခုကျွန်တော်တို့ရဲ့ ရွာတွေကတော့ ဗမာစစ်တပ်တွေက နေရာယူ ထားတယ်ဆိုတော့ သွားနေလည်း ကြောက်စရာကြီးပေါ့ အန္တရာယ်ရှိတယ်ပေါ့။ သူတို့က ဘယ်အချိန်မှာ လူပ်ရှား လာမလဲ ဆိုတာ ကျွန်တော်တို့က ကောင်းကောင်းမသိဘူး ဆိုတော့ ။ ပြီးတော့ ကေအိုင်အိုဘက် ကလည်း မိုင်းတွေ ဘာတွေ ထောင်ထားတာ ရှိတယ်။ ပြီးတော့ မြန်မာအစိုးရ စစ်တပ်ဘက်ကလည်း မိုင်းတွေ ဘာတွေ ထောင်ထားတာ ရှိတယ်။ ကျွန်တော်က ဟိုမှာ သွားနေလို့က မဖြစ်သေးဘူးပေါ့။”

ဦးဒွဲပီဆာကတော့ ဒီရက်ပိုင်းတွေအတွင်း အဲဒီဒေသဖက်မှာ တိုက်ပွဲဖြစ်တာတွေ ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ နောင်တောင် ဒုက္ခသည်စခန်းဟာ အရင်နှစ် စခန်းစဖွင့်ချိန်မှာ လူဦးရေ ၆၀၀၀လောက် ရှိပြီး တချို့တွေက တခြားအရပ်တွေကို ပြောင်းရွှေ့ကုန် တာကြောင့် အခုအခါ ၄၅၀၀လောက်ပဲ ကျန်ရှိတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရနဲ့ KIO အကြား တနှစ်ကျော်ကြာ ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် အခုအခါမှာ ဒုက္ခသည် ၇သောင်းလောက်ဟာ တရုတ်မြန်မာ နယ်စပ်နဲ့ မြန်မာပြည်က မြို့ကြီးတွေမှာ ခိုလှုံနေကြရပါတယ်။ တရုတ် မြန်မာနယ်စပ် KIO ထိန်းချုပ်ရာ ဒေသမှာတော့ ၅သောင်း လောက် ရှိနေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ KIO အကြားမှာ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးတာတွေ ရှိပေမဲ့ အခုထိတော့ မအောင်မြင်သေးပါဘူး။

ဒီလို မြန်မာနိုင်ငံဘက်က လက်နတ်ကိုင် ပဋိပက္ခတွေကနေ ထွက်ပြေးလာသူတွေကို တရုတ်အစိုးရက လက်မခံဘဲ မောင်းထုတ်နေတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ စစ်ပြေးဒုက္ခသည်တွေကို ကာကွယ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က တိုက်တွန်းပြောဆိုခဲ့သလို တရုတ်အစိုးရဘက်ကလည်း လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေကြောင်း တုန့်ပြန်ပြောဆိုထားပါတယ်။

၈ သောင်းတန် CDMA ဖုန်းများ ချထား ပေးရန် စီစဉ်


လာမည့် ၂၀၁၅ မတိုင်မှီ မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးမည်ဟု သတင်း ထုတ်ပြန်ထားသည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာ့ စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ ၈သောင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly ကိုပြောကြားသည်။

CDMA ဖုန်းများကို ရှစ်သောင်းဖြင့် ချထားပေးမည်ဟု ဆိုသည့် သတင်းထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင် ယခုနှစ်အတွင်း ဈေးနှုန်းလျော့ချရန် အစီအစဉ်မရှိသေးကြောင်း၊ တစ်ဆင့်ပြီး တစ်ဆင့် လျော့ချရန်သာ အစီစဉ်ရှိကြောင်း ဦးသိန်းဝင်း က ပြောကြားခဲ့သည်။

၁၅ သိန်းတန် CDMA ဖုန်းများမှ ၅ သိန်းသို့ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း ခန့်တွင် လည်းကောင်း၊ ၅သိန်းတန် တယ်လီဖုန်းမှ ၂သိန်းခွဲသို့ ၂၀၁၁ ဧပြီလတွင်လည်း ပြောင်းလဲ သတ်မှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ၈သောင်းဖြင့် ရောင်းချပေးမည် ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

CDMA ဖုန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့ ကြီးများတွင် ဖုန်းအလုံးရေ ခုနှစ်သောင်းကျော်အား ထပ်မံ ဌားရမ်း ချထားခွင့် ပြုခဲ့ပြီး အောက်တိုဘာ လဆန်းပိုင်းတွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်က ပြန်လည်ကာ CDMA 800 MHz နှင့် 450 MHz ဖုန်းနှစ်မျိုး ပေါင်းကာ အလုံးရေ ၅၀၀၀ ကျော် ရောင်းချပေးခဲ့ပြန်သည်။

မြန်မာနိုင်ငံတွင် ၀၉-၉၉ နှင့် စသော ဆယ်လူလာ ဖုန်းများကို ၁၉၉၆ ဝန်းကျင်တွင်လည်းကောင်း၊ ၀၉-၅၀၀ ဖြင့်စသော GSM မိုဘိုင်လ်းဖုန်းများကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ ၀၉၈၅ ဖြင့် စသော CDMA 450 MHz ဖုန်းများကို ၂၀၀၈ ခုနှစ်တွင်လည်းကောင်း၊ ၀၉-၇၃၀ ဖြင့်စသော CDMA 800 MHz ဖုန်းများကို ၂၀၁၀ ပြည့်နှစ်တွင် လည်းကောင်း အသီးသီး ဌားရမ်း အသုံးပြုခွင့် ပေးခဲ့သည်။

Myanmar Express

ရခိုင်ပြည်နယ် တင်းမာမှု ဖြေရှင်းရေး ဗြိတိန်ကူညီ


ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စမှာ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်ပြီးတော့ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့၊ လူမျိုးရေးအခြေခံအပေါ်မှာ မတရားဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ စတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားရဲ့ တောင်းဆိုချက်အပေါ် သူ့အနေနဲ့ အပြည့်အ၀ထောက်ခံပြီးတော့ လူ့အခွင့်အရေး အသိအမှတ်ပြု လေးစားတဲ့ ကိုင်တွယ်ဖြေရှင်းမှုမျိုး လုပ်ဆောင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး Hague က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတွေ ပြုပြင်မှုတွေ ပေါ်ထွန်းလာချိန်မှာ၊ အခုလိုမျိုး ရခိုင်ပြည်နယ် အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ စိုးရိမ်စရာဖြစ်မိတယ်လို့လည်း ဆိုပါတယ်။ ပြဿနာတွေ ပြေလည်အောင်လို့ ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့လည်း အဲဒီမှာ ရှိတဲ့ လူမှုအသိုင်းအ၀ိုင်းတွေကို တိုက်တွန်းတဲ့ အကြောင်းလည်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးတိုးတက်မှုတွေကြောင့် နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံတွေက အာရုံစိုက် ချီးကျူးမှုခံနေရချိန်မှာပဲ အခုလိုမျိုး ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်လာတဲ့နောက် အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ရှင်။