Monday, August 13, 2012

မန္တလေးမြို့အောင်မြေသာဇံမြို့နယ်ညောင်ကွဲရပ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

မန္တလေး အောင်မြေသာဇံမြို့နယ် ညောင်ကွဲရပ် ယနေ့နံနက် ၈နာရီခွဲက ပေါက်ကွဲမှုကြောင့် အသက် ၃နှစ်ခွဲအရွယ်ကလေးတစ်ဦးနှင့် အသက် ၂၆နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဖြစ်တာကတော့ မနက် ၈နာရီခွဲလောက်မှာဖြစ်တာ ၊မီးခိုးလုံးတွေမဲပြီးတော့ တတ်လာတယ်။အသံလည်းတော်တော်ကျယ်တယ်၊ကားဘီးပေါက်တဲ့အသံထက်ကို ကျယ်တယ်၊ကျွန်တော်လည်းပထမတော့ လန့်သွားတယ်”ဟု ၄င်းရပ်ကွက်နေ ဦးဝင်းညွန့် ကပြောသည်။၎င်းပေါက်ကွဲမှုသည် ဒဏ်ရာရရှိခဲ့သောကလေး၏နေအိမ်ဘေးမြေကွက်လပ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

“ဒဏ်ရာရရှိတဲ့ကလေးကတော့ စိုးရိမ်စရာမရှိဘူးလို့ ကြားတာပဲ”ဟု၎င်း ကပြောသည်။ထို့အပြင် အဆိုပါ ကလေးမှာလည်ပင်းတစ်ချက်ပဲထိသည်ဟု ကြားရကြောင်း နှင့် အမျိုးသားမှာ လက်ကောက်ဝတ်ထိသွားကြောင်း ၄င်းကပြောသည်။

အဆိုပါနေရာတွင် နေထိုင်သူအများစုသည် မန္တလေးမြို့အနှံလျှောက်၍ပလတ်စတစ်များကောက်ကာပလတ်စတစ်များကို ဒိုင်တွင်ပြန်လည်ရောင်းချ ရန်အတွက် ဗူးခွံများ စုဆောင်းရာမှ ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသော ကလေးအား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးတွင်ပို့ထားပြီးအဆိုပါ ပေါက်ကွဲမှုကို တာဝန်ရှိသူများမှ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

Myanmar Express

စားသောက်ဆိုင်များနှင့် ဘီယာဘားများတွင် သုံးနိုင်သည့် Restaurant Master ဆော့ဖ်ဝဲ ထွက်ရှိ

အင်္ဂလိပ်-မြန်မာ ဘာသာစကား နှစ်မျိုး အသုံးပြုထားပြီး လွယ်ကူရိုးရှင်းသော ဒီဇိုင်းပုံစံတို့ဖြင့် ရေးသားထားသော စားသောက်ဆိုင်များနှင့် ဘီယာဘားများတွင် အသုံးပြုနိုင်သည့် Restaurant Master ဆော့ဖ်ဝဲခွေကို ဈေးကွက်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆော့ဖ်ဝဲကို Excellent Software & Game ဈေးကွက်ဖြန့်ချိခြင်းဖြစ်ပြီး ယခင်ထွက်ရှိခဲ့သည့် ဈေးရောင်းချမှုဆိုင်ရာ ဆော့ဖ်ဝဲများဖြစ်သော Mini Seller နှင့် Super Market Manager တို့ကဲ့သို့ပင် လူတိုင်းအသုံးပြုနိုင်ရန် အရိုးရှင်းဆုံး ဒီဇိုင်း ရေးဆွဲထားကြောင်း သိရသည်။ မိမိ ဆိုင်အခြေအနေအလိုက် အခန်းများနှင့် စားပွဲဝိုင်း အရေအတွက်၊ ဟင်းလျာအမည်များ၊ အစားအစာများနှင့် အဖျော်ယမကာများ စသည်တို့ကို စိတ်ကြိုက် Setting များချိန်ညှိ၍ ခွဲခြားစာရင်းသွင်းနိုင်ပြီး Waiter တစ်ဦးချင်း အတွက်လည်း အသေးစိတ်ကစ၍ မှတ်သားထားနိုင်ပြီ ဖြစ်သည်။ ငွေရှင်းရာတွင် Room Fees, Government Tax, Table Charge များ ဖြည့်စွက်ရန် လိုအပ်ပါက အမှတ်ခြစ်လိုက်ရုံဖြင့် တိုက်ရိုက် ထည့်သွင်းသွားမည် ဖြစ်သည့်အပြင် Discount အစီအစဉ်အတွက် Function ပါဝင်သည်ကို တွေ့ရသည်။ စတင်သုံးစွဲချိန်တွင် ကျွမ်းကျင်ရှိစေရန်အတွက် အရည်အချင်းစစ် စာမျက်နှာကို ထည့်သွင်းပေးထားပြီး ကွန်ပျူတာ တစ်လုံးလျှင် ၄၀၀၀ ကျပ်ဖြင့် အသုံးပြနိုင်ကြောင်း သိရှိရသည်။

Myanmar Express

ဟင်္သာတမြို့က (သဲ)ကတ္တရာလမ်းများကြောင့် ပြည်သူများ ဒုက္ခရောက်


ဧရာဝတီတိုင်းဒေသကြီးက ဟသာင်္တမြို့မှာ လမ်းများကို စည်ပင်နဲ့ ဆည်မြောင်း ဌာန ၂ ခုက ခွဲယူပြီး လမ်းခင်းပါတယ်။ လမ်းခင်းပုံက “လမ်းပြင်နေသည်” ဆိုင်းဘုတ်ထောင်၊ ရေ၀ပ်နေတဲ့ ချိုင့်ထဲကို ရှုင်းလင်းပြီး ကျောက်ခဲခင်း၊ လုပ်အားဖြင့် နင်း၊ ကတ္တရာနဲ့ သဲရောထားတာကို ကျောက်ခဲ၊ ကျောက်စရစ်ပေါ် အုပ် (ခင်းတယ်ပေါ့) လိုက်ပါတယ်။ အဲဒါနဲ့ မိုးပြန်ရွာ၊ သဲတွေ ကျောက်တွေ ကတ္တရာတွေက ကားဘီးနဲ့ မိုးနဲ့ ပြန်ပြီး ကွာထွက်ပြီး ပျက်စီးတဲ့ သံသရာ လည်နေပါတယ်။

နွေရာသီမှာ လမ်းခင်းပုံကလည်း လမ်းပေါ်မှာ ကတ္တရာတွေကို ဖြန်းပြီး ခင်းလိုက်တာပါပဲ။ လုပ်အားနဲ့ ကတ္တရာကို ဖြန်းတဲ့နေရာမှာ မြန်မြန်ပြေးပြီး ဖြန်းနိုင်တဲ့ အလုပ်သမားတွေကို ခန့်ထားပါတယ်။ မြန်မြန် များများ ပြေးနိုင်မှ ကတ္တရာပုန်းတွေ အလုပ်ရှင်တွေအတွက် ကျန်မယ်။ အဲဒါကို အပြင်မှာ ရောင်းပြီး ကိုယ့်အိတ်ထဲ ကိုယ်ထည့်ကြမယ်။ ကတ္တရာလေး နံမယ်ပျက်ရုံ ဖြန်း၊ ကျောက်စရစ်ခဲတွေ ဗန်းထဲ လို်က်ခင်း၊ ထုံးစံအတိုင်း သဲတွေ အုတ်၊ ပြီးတော့ ခင်းထားတဲ့ လမ်းက ပြန်ပျက်နဲ့ သံသရာစက်ဝန်းကလည်နေပါတယ်။



ကတ္တရာလမ်းခင်းပြီး သဲအပေါ်ကအုပ်တာ ဧရာဝတီတိုင်းတစ်တိုင်းထဲသာရှိတယ် ထင်မိပါတယ်။ အခု ဟင်္သာတမြို့ ၏အချက်ချာကျသော ဗိုလ်ချုပ်လမ်းဆိုတာ လမ်းကလဲ မညီ၊ ဗွက်တွေကလည်း ထ၊ ချိုင့်တွေကလည်း အနှံ့၊ ကတ္တရာလမ်းသာဆိုတယ် ရွံ့နွံတွေနဲ့ လမ်းဆိုးကြီး ဖြစ်နေပါတယ်။ အလက ၃ သွားရာ စစ်ကဲလမ်းမှာလည်း ချိုင့်တွေချည်းပဲ။ စက်ဘီးနဲ့ ကျောင်းတက်သူ ကျောင်းသားတွေအတွက် လမ်းဆိုးတာက အန္တရာယ်ရှိပါတယ်။ လမ်းတွေ ပျက်နေ၊ ချိုင့်တွေ ဖြစ်နေရုံနဲ့ မပြီးသေးဘူး၊ မြောင်းတွေ ပိတ်ဆို့လို့ မြောင်းဖောက်ဖို့ တူးထားတဲ့ အပေါက်တွေလည်းလည်း အနှံ့ဆိုတော့ သတိမထားမိရင် မြောင်းတွေ အပေါက်တွေထဲ ကျပြီး ထိခိုက်နိုင်တယ်၊ သေတောင် သေနိုင်ပါတယ်။ ခုအချိန်ထိဆို ၃ လ ကျောက်နေပါပြီ။

သဲတွေ ကတ္တရာတွေနဲ့အတူ သိတတ် ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ ချပေးပါလို့ တောင်းပန်ချင်ပါတယ်။

MoeMaKha

“ကလေးလုပ်သား မတင်နီလာအေးအမှု အေးစက်နေဆဲ”


မတင်နီလာအေး(၁၄)နှစ် အနှိပ်စက်ခံရလို့ အမှုဖွင့်တိုင်ကြားခဲ့တာ တစ်လကျော်ခဲ့ပြီ ဖြစ်ပါတယ်။

စာရေးသူက စာနယ်ဇင်းသမားတွေနှင့် တွေ့ဆုံပေးပြီး ကလေးလုပ်သား မတင်နီလာအေးအမှု အများသိအောင် သတင်းပေးခဲ့တာ ဇူလိုင် ၈ ရက်နေ့က ဖြစ်ပါတယ်။ မီဒီယာအခန်းကဏ္ဍရဲ့ ကျယ်ပြန့်နက်ရှိုင်းမှု ကြောင့် မတင်နီလာအေးလေးကို တစ်ကမ္ဘာလုံးက ကရုဏာသက်နေကြတာ တွေ့ရပါတယ်။

အဲ့ဒီအချိန်မှာပဲ စာရေးသူဟာ ရန်ကုန်နှင့် ရခိုင်သို့ ခရီးထွက်ခဲ့မိပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာ မတင်နီလာအေးလေးကို နှိပ်စက်သူ အိမ်ရှင်ဒေါ်နီနီဟာ စာရေးသူရဲ့ ဒကာရင်းများဖြစ်သော ဦးထွန်းသိန်း+ ဒေါ်စိမ်းစိမ်းမိသားစုထံ ဝင်ရောက်ချဉ်းကပ်ပါတယ်။ ငိုယိုပြီးတောင်းပန်ပါတယ်။ ဦးထွန်းသိန်းကလည်း စာရေးသူထံ ဖုန်းဆက်သွယ်ပြီး ကလေးမလေးလည်း မနစ်နာရအောင်၊ အိမ်ရှင်ဒေါ်နီနီလည်း ဒုက္ခမရောက် အောင် ကလေးမလေး နစ်နာမှုအတွက် ငွေကျပ် သိန်းငါးဆယ် ပေးပါ့မယ်။ အမှုရုပ်သိမ်းပေးပါလို့ ဆိုလာပါ တယ်။ စာရေးသူက ကလေးမလေးကျေနပ်ရင် ငါးသိန်းပေးလည်း သဘောတူတယ်။ ကလေးမလေးနှင့်သာ ညှိကြပါလို့ ပြန်ပြောခဲ့ပါတယ်။

စာရေးသူ ရခိုင်မှပြန်အရောက်မှာတော့ အိမ်ရှင်ဒေါ်နီနီရဲ့ ဆွေမျိုးရင်းချာတွေ ရောက်လာပြီး ကလေးမလေးနှင့် ညှိကြပါတယ်။ ကလေးမလေးကတော့ “ထောင်ချမယ်”တကဲကဲလုပ်နေတာ တွေ့ရပါတယ်။ ကလေးဆိုတော့ ငွေမက်ရကောင်းမှန်း သိပုံမပေါ်ဘူး။ ခံထားရသူဖြစ်နေတော့ ပိုဆိုးတာပေါ့။

ဒေါ်နီနီရဲ့ အဒေါ်ဖြစ်သူကလည်း ခေသူမဟုတ်ပါဘူး။ ကလေးမလေးကို အညှာကိုင်ပြီး ထိန်းချုပ်နိုင်ခဲ့ ပါတယ်။ ဒေါ်နီနီရဲ့ အဒေါ်ဖြစ်သူကိုင်လိုက်တဲ့အညှာက အိမ်ရှင်ဒေါ်နီနီရဲ့ အမေနှင့် သမီးလေး လမင်းသစ်ပါ။

မတင်နီလာအေးလေးဟာ လမင်းသစ်လေးကို ညီမအရင်းလို တွယ်တာ နေပြီး ဒေါ်နီနီရဲ့အမေ အမေသိန်းကို မိခင်အရင်းလို အားကိုးနေသူပါ။ အမေသိန်းကိုယ်တိုင်က မတင်နီလာအေးလေးကို သမီးဖြစ်သူ ဒေါ်နီနီ လစ်ရင် လစ်သလို ထမင်းခိုးကျွေး၊ မုန့်ခိုးကျွေးပြီး ဒဏ်ရာဒဏ်ချက်တွေကို ခိုးပြီးကုသပေးခဲ့သူ၊ ယုယပေးခဲ့သူ ဖြစ်ပါတယ်။ အခုကိစ္စမှာလည်း မတင်နီလာအေးလေး ဒုက္ခကို မကြည့်ရက်တော့တဲ့အဆုံး ရှိစုမဲ့စုငွေလေး ၄၀၀ ကျပ်ကို မုန့်ဖိုးအဖြစ် ပေးပြီး ထွက်ပြေးခိုင်းလိုက်တာလည်း အမေသိန်းပါပဲ။ ဒီသံယောဇဉ်နှင့် ဒီကျေးဇူးတရား တွေနှင့် ကိုင်လှုပ်ခံရတဲ့အခါမှာတော့ မတင်နီလာအေးလေးဟာ တောင့်ခံ မထားနိုင်တော့ပါဘူး။ ဆင်းရဲသား နင်းပြားပီပီ ကိုယ်ချင်းစာတရား အပြည့်အဝ ပေါ်ပေါက်လာတာ ခွှင့်လွတ်ခြင်း၊ နားလည်ခြင်းတို့နှင့် အတူ သဘောထားကြီးမားလာပါတော့တယ်။

“သမီးလည်း စဉ်းစားမိပါတယ်။ ဒေါ်နီနီထောင်ကျသွားရင် ညီမလေး(လမင်းသစ်လေး)ဘယ် သူနဲ့ နေမလဲဆိုတာကိုပေါ့”

ဒီစကားဟာ မတင်နီလာအေးကိုယ်တိုင် ဒေါ်နီနီရဲ့အဒေါ်ဖြစ်သူကို ပြောခဲ့တဲ့စကားဖြစ် ပါတယ်။

ဒီလိုနဲ့ အမေသိန်းမျက်နှာနှင့် လမင်းသစ်လေးမျက်နှာကို ထောက်ထားပြီး ငွေကျပ်သိန်း ငါးဆယ် လက်ခံပါ့မယ်။ ကြေအေးပေးပါ့မယ် ဖြစ်သွားခဲ့တာပါ။

သူတို့ညှိပြီးလို့ စာရေးသူထံ ရောက်လာတဲ့အခါ စာရေးသူက ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါတယ်။

ဦးမောင်ကျော်+ဒေါ်နီနီတို့ကို သနားလို့ ကြေအေးလိုက်တာလားလို့ မေးတဲ့အခါ ကလေးမလေးက ‘မသနားဘူး လုံးဝမသနားဘူး’ လို့ ဖြေပါတယ်။

အဲ့ဒီတုန်းက လာရောက်စေ့စပ်တဲ့ အဖွဲ့တွေပြောတာကတော့ ဒေါ်နီနီဟာ အလှူအတန်းဘယ်လို ရက်ရောတာ အခုဆို မဟာစည်ရိပ်သာမှာ တရားစခန်းတောင် ဝင်နေပြီး၊ နောင်တရနေပြီး ထောင်ကျမှာ ကြောက်ပြီး တငိုငို တအီအီနဲ့ စတာတွေပြောပြီး ငိုပြခဲ့ကြပါသေးတယ်။

စာရေးသူက အချက်သုံးချက်တောင်းဆိုတဲ့အခါလည်း တစ်ဖွဲ့လုံးက သဘောတူကြောင်း ဝန်ခံကတိ ပေးခဲ့ကြပါတယ်။

စာရေးသူတောင်းဆိုတဲ့ အချက်သုံးချက်ကတော့

(၁) ပေးထားတဲ့ကတိ မဖောက်ဖျက်ရဘူး။
(၂) လက်အရိုးအက်သွားတာ ပြန်ကုပေးရမယ်။
(၃) တိုင်းသိပြည်သိ လုပ်ထားတဲ့အမှုဖြစ်လို့ ခိုးချောင်ခိုးဝှက် မရုပ်သိမ်းပေးနိုင်ဘူး။ ဒါကြောင့် စာနယ်ဇင်းသမားတွေရှေ့မှောက်မှာ ဝန်ချတောင်းပန်ရမယ်။ ဆိုတာပါပဲ။

အဲ့ဒီနောက်ပိုင်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၇)ရဲစခန်းမှူးတို့နှင့်တွေ့ဆုံပြီး ကြေအေး ပေးဖို့ ညှိနှိုင်းကြပါတယ်။ စခန်းမှူးကြီးကတော့ ရဲကိစ္စပြီးသွားပြီ။ တရားရုံးတင်လိုက်ပြီ။ တရားသူကြီးကိစ္စပဲကျန် တော့တယ်။ အားလုံးက ကရုဏာသက်တဲ့အမှုဖြစ်နေလို့ အလွယ်တကူ ရုပ်သိမ်းပေးဖို့ တရားသူကြီးမှာ ဆုံးဖြတ်ရခက်တယ်လို့ ပြောသွားပါတယ်။

ဒီလိုနှင့် တစ်ရက်ချိန်းနိုးနိုး စောင့်ဆိုင်းလာခဲ့တာ အခုတစ်လကျော်ပါပြီ။ ရုံးချိန်းတစ်ခါတောင် မသွားရသေးပါဘူး။

ဒေါ်နီနီဘက်မှ ငွေကြေးလာမပေးသလို၊ ကြေအေးလက်မှတ်လည်း လာမထိုးခိုင်းတော့ဘဲ စုန်းစုန်းမြုပ်သွားတာ အခုချိန်ထိပါပဲ။

ကလေးမလေးကို ဆေးရုံလိုက်ပို့ရင်း ကားပေါ်မှာ ဒေါ်နီနီက ခြိမ်းခြောက်ကြောင်း၊ ငွေကျပ်သိန်းနှစ် ဆယ် လက်ခံရင် ခံ၊ မခံရင် အမှုရင်ဆိုင်မှာဖြစ်ကြောင်း၊ အမှုရင်ဆိုင်တဲ့အခါ ထောင်မကျအောင် လုပ်နိုင်ကြောင်းတွေ ပြောတယ်လို့ တပည့်ဦးဇင်းတွေက တိုင်ကြလို့ စာရေးသူကိုယ်တိုင် ဒေါ်နီနီထံ ဖုန်းဆက်မေးပါတယ်။ ဒေါ်နီနီက ဘူးခါ ပြီး အကြောက်အကန် ငြင်းဆိုပါတယ်။

စာရေးသူထံချဉ်းကပ်ဖို့အတွက် အသုံးချခဲ့တဲ့ ရှေ့နေဦးထွန်းသိန်း မိသားစုကိုလည်း ငွေအလျှော် ပေးပြီးပြီလို့ ဒေါ်နီနီက လိမ်ညာထားပါတယ်။ ယနေ့ သြဂုတ် ၁၁ ရက်နေ့ ထုတ် မြနန္ဒာသတင်းဂျာနယ်မှာ ပါလာတော့မှ အလိမ်ခံရမှန်း သိသွားတာပါ။ ရှေ့နေဦးထွန်းသိန်းဟာ ငွေကြေးမယူပဲ ကူညီဖျန်ဖြေပေးခဲ့သူပဲ ဖြစ်ပါတယ်။

အခုတော့ ဒေါ်နီနီဟာ ရှေ့နေဦးထွန်းသိန်းထံလည်း မသွားတော့ပါဘူး။ တိုင်းဒေသကြီးအစိုးရရဲ့ ဥပဒေရေးရာအကြီးဆုံး အရာရှိနှင့် အဆက်အသွယ်ရပြီး၊ အဲ့ဒီအရာရှိကြီးရဲ့တူ ရှေ့နေတစ်ယောက်ကို ငှါးကာ ဒေါ်နီနီရဲ့ဆွေမျိုးရင်းချာထဲက တစ်ယောက်ဖြစ်တဲ့ နေပြည်တော်ဝန်ထမ်း စစ်ဘက်ဆိုင်ရာအရာရှိကြီးရဲ့ အရှိန်အဝါနှင့် အမှုကို ပေါ့၊သေး၊ ပပျောက်အောင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

အမှုကိစ္စ ရေခဲတုံးလိုဖြစ်နေလို့ ပြောပြတဲ့အခါတိုင်း ရဲတွေအာဏာပိုင်တွေဟာ ငိုင်ကျသွားပြီး ရေငုံနှုတ်ပိတ်ဖြစ်ကုန်ကြတာ များပါတယ်။ မြို့နယ်ဥပဒေအရာရှိမှ ခရိုင်ဥပဒေအရာရှိ၊ ၎င်းမှတိုင်းဥပဒေအရာရှိ ထံ အဆင့်ဆင့်တင်ပြနေရလို့ အမိန့်မကျသေးတာလို့ပဲ ပြောပါတယ်။

တိုင်းမှ ဗဟို၊ ဗဟိုမှ အာဆီယံ၊ အာဆီယံမှ UN ထိ အဆင့်ဆင့်တင်ပြပြီးမှ ပြန်ချမည့်ပုံစံချိုး နေကြတာပါ။

စာရေးသူဟာ ကလေးမလေးရဲ့ အမေ၊ အစ်ကိုနှင့်ညီမလေးကို ကျောင်းမှာခေါ်ယူစောင့်ရှောက်ထားရ တာပါ။ အခုဆို တင်ကျွေးထားရတာ တစ်လကျော်ပါပြီ။ ထောင်ချရင်လည်း ချ၊ ကြေအေးရင်လည်း အေး၊ တစ်ခုခုလုပ်ရမှာ မလုပ်ပဲနဲ့ အခုလို အချိန်ဆွဲနေတာဟာ အရင်းရှင်စနစ်ရဲ့ အကျိုးသက်ရောက်မှုလား၊ ဒါမှမဟုတ်၊ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးရဲ့ တရားဥပဒေအသစ်ကြီးကြောင့်လား မခွဲခြားတတ်တော့ပါဘူး။

ရှေ့နေဦးထွန်းသိန်းကတော့ ကတိမတည်တဲ့ အမှုသည်အတွက် မျက်နှာပျက်ခဲ့ရလို့ တောင်းပန်စကား ဆိုပြီး၊ ငြီးငြူသွားခဲ့ပါတယ်။

ဒီအမှုနှင့် ပတ်သက်သူရော တာဝန်ရှိသူတွေ အားလုံးကို ပြောချင်တာက

”တောင်းပန်ပါရစေ၊ မရက် စက်ပါနဲ့၊ မျှော်လင့်နေဆဲ”ဆိုတာပါပဲ။

ဦးပဉ္ဇင်း ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊ မန္တလေး
Email.wirathu2012@gmail.com

ရခိုင်ပြည်နယ်မှ နစ်နာသူများကို ပြန်လည်နေရာချထားပေးရင် …


ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ စက်ရုံစုံရပ်ကွက်ကို ဘင်ဂါလီတွေက မီးရို့ တော့ တရပ်ကွက်လုံး မီးလောင်ပြာကျသွားခဲ့ ရပါတယ် ။ ဒါပေမဲ့  ဒီလိုစက်ရုံစုရပ်ကွက်ကို မီးရှို့သူတွေဟာ စစ်တွေမြို့ က ရခိုင်လူမျိုးတွေ ရို့ တဲ့  မီးလို့  လိမ်ပြီး ပြောချင်ကြပါသေးတယ် ။ ဒါပေမဲ့  အဲဒီလို လိမ်ညာလို့မရတဲ့အတွက် မီးလောင်မြေပြင်ကို အကွက်ချ ပေးရင် ဘယ်လိုလာဘ်စားတဲ့လူတွေနဲ့  ပေါင်းသင်းပြီး လာဘ်ငွေထိုးကာ လုပ်ကြရမယ်လဲ ဆိုတာ ကြံစည်နေကြပြီဆိုတာ ကြားရပါတယ်။

စစ်တွေမြို့ က စက်ရုံစုရပ်ကွက် ( ယခင် နာဇီရပ်ကွက်ဈေး ) ဟာ -၂၀၀၁-ခုနှစ် ဖေဖေ၀ါရီလ-၅-ရက်နေ့ကလဲပဲ အခုလို ကုလား-ရခိုင် အဓိကရုဏ်းကြောင့် ပထမတကြိမ် မီးလောင်ပြာကျခဲ့ ရဖူးပါပြီ ။ အဲဒီတုံးက စက်ရုံစုဈေးကို မီးရို – နေအိမ်တွေကို မီးရို့ နဲ့  လုပ်ခဲ့ ကြလို့  ဦးဗိုလ်ထွန်းရဲ့  စိမ်းရုပ်လွှာ စာရေးကရိယာနဲ့  အထွေထွေသမ၀ါယမလုပ်ငန်းနဲ့  လည်ပတ်နေတဲ့ စက္ကူစက်လဲ မီးထဲပါဝင်ခဲ့ သွားပါတယ် ။ စက္ကူစက်ဟာ ကျောင်းသုံးစာရေးစက္ကူတွေအတွက် ထုတ်လုပ်ဖြန့် ချီ ပေးနိုင်ခဲ့ ပါတယ် ။ ဧရိယာအားဖြင့် ( ဒသမ.ရ၆ ) ဧက ရှိပါတယ်။

၂၀၀၁-ခုနှစ် မတ်လ-၂-ရက်နေ့ မှာတော့ မီးလောင်ခံရတဲ့  ရခိုင်လူမျိုးတွေနဲ့  ကုလားလူမျိုး ( မှတ်ချက်- အခုအချိန်လို သမိုင်းလိမ် ရိုဟင်ဂျာ နာမည်တွေနဲ့  ရေဒီယိုတွေ -မီဒီယာတွေ -ပြည်တွင်းပြည်ပတွေက မပြောဆိုခဲ့ ကြပါ ) တွေကို ခေါ်ယူပြီး မြေနေရာချထားပေးပါတယ် ။ လူတဦးကို ပေ -၂၀-၅၀ စီ အကွက်ချ ပေးတော့ တချို့ဘင်္ဂလီတွေက လာဘ်စားတဲ့ တာဝန်ရှိသူတွေနဲ့  ပေါင်းပြီး အချောင်မြေကွက်တွေ ရသွားကြပြန်ပါတယ် ။

ယခုအရေးအခင်း လှုံ့ ဆော် အဓိကဖန်တီးသူအဖြစ် (စွပ်စွဲခံထားရတဲ့) နွားသတ်သမား ဦးခင်မောင်လှရဲ့  ဖခင်ဖြစ်သူ ဦးလှကျော်ဟာလဲဘဲ မြေကွက်တွေကို ရရှိသွားပါသေးတယ် ။ ဦးဗိုလ်ထွန်းရဲ့  ( ဒသမ ရ၆ ) ဧက ဘိုးဘွားပိုင်မြေဂရမ်နဲ့  မြေပိုင်ရှင်အဖြစ် မြေစာရင်းဦးစီးဋ္ဌာနမှာ အမည်ပေါက်သူအဖြစ် ရှိနေတော့ အခုလို မီးလောင်မြေပြင်အတွက် ( ၂၀ – ၅၀ ) အကွက်ချပေးမယ်ဆိုပြီး အကွက်ရိုက်တဲ့ အခါ မြေအကွက်ပေါင်း ( ၃၀ ) အကွက်ပေးကြရမှာဖြစ်ပါတယ် ။

ဒါပေမဲ့  အံ့သြစရာအကောင်းဆုံး မြေနေရာအကွက်ချပေးသူတွေက ဦးဗိုလ်ထွန်းကို မြေ ( ၂၀-၅၀ ) ကို ( ၃ ) ကွက်သာ ပေးပြီး ဦးဗိုလ်ထွန်းရဲ့ အလုပ်သမား၊ ဘင်္ဂလီလူမျိုး အမျိုးသမီး ဒေါ်မလှစိန်ကိုတော့ မြေကွက် ( ၂၀-၅၀ ) နဲ့  အကွက် ( ၄ ) ကွက် ချပေးလိုက်တာပါဘဲ ။ ဒိပြင် တခြားလူမျိုးတွေကိုလဲ ဦးဗိုလ်ထွန်းရဲ့  မြေကွက်တွေနဲ့  အခြားရခိုင်လူမျိုးတွေရဲ့  မြေကွက်တွေကို ချပေးလိုက်ကြပါတော့တယ်။

ဒီလိုမြေကွက်ရိုက်ချပေးတာကို လက်မခံလို့ ဆိုပြီး တရားစွဲဖို့  ပြုလုပ်ခဲ့ ပေမဲ့ ဗိုလ်ခင်ညွန့် တို့  လက်စောင်းထက်တဲ့ ထောက်လှမ်းရေး စစ်အစိုးရလက်ထက်မှာမို့  လက်မှိုင်ချ နေခဲ့ ရပါတယ် ။ စစ်တွေမြို့ မှာ ထောက်လှန်းရေး သိန်းထွန်းကို နေအိမ်တလုံးဝယ်ပေးထားပြီး မိန်းမပေးစားကာ နွားသတ်လိုင်စင် ဦးခင်မောင်လှတို့က ထောက်လှမ်းရေးတွေကို အိတ်ထဲ ထည့်ထားကြတဲ့ အချိန်ဖြစ်နေတဲ့ တွက် အခုလို ရခိုင်လူမျိုးတွေပိုင်တဲ့  မြေကွက်တွေဟာ လူမျိုးခြားတွေရဲ့ နာမည်နဲ့  မြေကွက်တွေကို ချပေးခံလိုက်ရပါတယ် ။

၂၀၀၂-ခုနှစ် ဧပြီလ-၁၂-ရက်နေ့ မှာ ရခိုင်ပြည်နယ် ငြိမ်ဝပ်ပိပြားရေးနဲ့  တည်ဆောက်ရေးရုံးခမ်းမမှာ ၉/၂၀၀၂ -အဆုံးအဖြတ်ချက်အရ မီးမလောင်ခင်မြေပုံနဲ့  မီးလောင်ပြီး အကွက်ချမြေပုံတွေကို စိစစ်ပြီး မူလမြေပိုင်ရှင်ကို မြေပိုင်ရှင်အဖြစ် သတ်မှတ်ပြီး မြေကွက်ကို ပြန်လည်ပေးရမည် ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့ ကြပါတယ် ။ အဲဒီနေ့ က ဗိုလ်မှူးချုပ် ဘုန်းဆွေ က ( ဒကစမှူး ကိုယ်စား ) ပယက အနေနဲ့  ဆောင်ရွက်တာဖြစ်ပါတယ် ။ ဗိုလ်မှူးကြီးသိန်းကြိုင် ၊ ပြည်နယ်တရားသူကြီး ဦးမြတ်မင်း ၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲအောင်မြင့် ၊ ဒုဗိုလ်မှူးကြီး မျိုးတင့် ( ဥက္ကဋ္ဌ ) ခယက ၊ ဦးမောင်ကြည် -လက်ထေက်ညွှန်ကြားရေးမှူး မြေစာရင်းဦးစီးဋ္ဌါန တို့ က အစည်းအဝေး ဆုံးဖြတ်ချက်ချတဲ့ နေ့ မှာ တာဝန်ရှိပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေးကြတာဖြစ်ပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ဘိုးဘွားပိုင်မြေပိုင်ရှင်ဖြစ်သူ စက္ကူစက်ပိုင်ရှင် ဦးဗိုလ်ထွန်းဟာ သူ့ ရဲ့  အလုပ်သမားလောက် မြေကွက်တောင် မရရှိခဲ့ရပါဘူး ။ ဒီတော့ ဒါတွေဟာ စစ်အစိုးရရဲ့  လက်အောက်မှာ ပြည်သူတွေ ခါးစည်းခံခဲ့ ရတဲ့ သဘောဖြစ်တယ်လို့  မှတ်ယူပြီး မိသားစု ဘ၀ပျက်လောက်အောင်အထိ စီးပွါးရေးပျက်စီးကာ ရန်ကုန်ကို ပြောင်းရွှေ့ လုပ်ကိုင်စားသောက်ရပါတော့တယ် ။

အဲဒီ ကုလား-ရခိုင် အဓိကရုဏ်းကြောင့်ဘဲ ဦးဗိုလ်ထွန်းဟာ ၅-ည နဲ့  အဖမ်းဆီးခံခဲ့ ရပြီး ထောင်-၆-လ ကျခံခဲ့ ရပါတယ် ။ မီးလောင်လို့  မိမိတို့  စီးပွါးရေး အဆောက်အဦတခုလုံး ပြာကျသွားတဲ့ အခါ မီးမငြိမ်းသတ်နိုင်ဘဲ ထောင်ထဲကို ဖမ်းဆီးပို့ ပေးပြီး အပြစ်မဲ့ခံခဲ့ ရတာကို ဗုဒ္ဒဘာသာတရားတော်အလိုအရ ကြည့်ရင် ကုသိုလ်ကံနည်းလို့ သာ မှတ် ယူခဲ့ ပါတယ် ။

ဟိုယခင် ၁၉၈၈-ခုနှစ် ၈ လေးလုံးအရေးအခင်းကာလ စစ်တွေမြို့  ထောင်ခါတဲ့ အခါမှာလဲပဲ ဦးဗိုလ်ထွန်းဟာ ထောင်ထဲမှာ ၅-ညနဲ့  အဖမ်းဆီးခံနေရလို့  အကျဉ်းသားများကို ဘေးမသီရန်ခရအောင် ထောင်တွင်းမှ ဆောင်ရွက်ပေးခဲ့တဲ့  ပုဂ္ဂိုလ်တဦးဖြစ်ပါတယ် ။

အခုတော့ မြန်မာနိုင်ငံတော်က ပြောင်းလဲ လာနေပြီ ဖြစ်တဲ့ အတွက် အခုအချိန်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဒုတိယအကြိမ် မီးလောင်မြေ ဖြစ်နေတဲ့  စက်ရုံစုရပ်ကွက် ( ယခင်နာဇီရပ်ကွက် ဈေး ) ကို သမ္မတဦးသိန်းစိန်က နစ်နာသူများကို ပြန်လည်နေရာချထားပေးမယ်ဆိုတဲ့ သတင်းကြားရပါတယ်။

ဒီသတင်းကြောင့် ဦးဗိုလ်ထွန်းက တကယ်မူလဘိုးဘွားပိုင် မြေပိုင်ရှင်ဖြစ်တဲ့ အတွက် စစ်အစိုးရရဲ့  လက်ထက်က ဆုံးရှုံးနစ်နာသွားခြင်းကို တရားဥပဒေစိုးမိုးရေးအရ တရားဥပဒေနဲ့ အညီ ပြန်လည်စစ်ဆေးပြီး မူလမြေပိုင်ရှင်ဖြစ်တဲ့အတွက် အသနားခံစာတစောင်ကို နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ တင်ပို့ လိုက်ပြီလို့  သိရပါတယ် ။

စစ်အစိုးရလက်ထက်က လုပ်ချင်ရာလုပ်နေခဲ့ ကြတဲ့ အခုလို ပြသနာမျိုးစုံကို တရားဥပဒေအရ နစ်နာသူများကို မနစ်နာရတော့အောင် “ပြည်သူချစ်သော သမ္မတကြီး” တဦးအနေနဲ့  သက်ညှာစွာ ဆောင်ရွက်ပေးစေလိမ့်လို့  ဦးဗိုလ်ထွန်းက ခံယူနေပါတယ်။

ဦးဗိုလ်ထွန်းရဲ့ လိပ်စာက အမှတ် ( ၆ ) -၅-လွှာ- သုဓမ္မာလမ်း-အထက်ကျောက်မြောင်းကြီးရပ်ကွက် -တာမွေမြို့ နယ်-ရန်ကုန်တိုင်းဒေသကြီး လက်ကိုင်ဖုံး- ၀၉၈၅၂၂၃၅၀ -ဖြစ်ပါတယ် ။ ဦးဗိုလ်ထွန်းက မိအေးနှစ်ခါ နာသလို ပထမတကြိမ် မူလမြေပိုင်ရှင်ဘ၀ကနေပြီး ဘ၀ပျက်သွားရသလို အခုတခါလဲပဲ ဒီမိုကရေစီအစိုးရ လက်ထက်မှာ မြေကွက်တွေကို လူမျိုးခြားတွေလက်ထဲ ပေးခဲ့ ကြရင် ဒုတိယအကြိမ်အဖြစ် နာကြရပြီမို့လို့ ပြောလာတဲ့အတွက်ကြောင့်မို့  အချိန်မီသတိပေးလိုက်ရပါတယ် ။

ဒါကြောင့် -၂၀၀၂- ခုနှစ်က ဒုတိယဗိုလ်မှူးကြီး ဘုန်းဆွေတို့  ဆုံးဖြတ်ချက်ကို ပြန်လည်ပြုပြင်ပြီး မူလဘိုးဘွားပိုင် မြေပိုင်ရှင်သူဖြစ်သူတွေကိုသာ အမြန်ဆုံး မနစ်နာရအောင် စိစစ်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း တင်ပြလိုက်ရပါတယ် ။

MoeMaKha

မြန်မာပြည် စစ်ငြိမ်းချမ်းရေး အလားအလာ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ လုပ်လာတဲ့အထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်နေတယ်လို့ ပြောဆိုနေပါတယ်။ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နေပေမယ့် အခုအချိန်ကာလအထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ အစိုးရသစ်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်နဲ့ အလားအလာတွေ ဘယ်လောက်ရှိနေပြီလဲဆိုတာကို သိရှိနိုင်အောင် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရရှိသူ နော်မေဦး ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က တွေ့ဆုံမေးမြန်းထားပါတယ်။

မအေးအေးမာ ။ ။ မနော်မေဦးတို့ ကရင်အမျိုးသားအစည်းအရုံးရဲ့  ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးအခြေအနေလေးကို သိပါရစေ။

နော်မေဦး ။ ။ ကျမတို့ အခုလာမယ့် သြဂုတ်လ တတိယအပတ် နောက်ပိုင်းမှာ တတိယအကြိမ် ဆွေးနွေးဖို့။ ကျမတို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ဆိုပြီး ဆွေးနွေးခဲ့တာ ကေအန်ယူ နဲ့ မြန်မာအစိုးရတို့ ဆွေးနွေးခဲ့တာ နှစ်ကြိမ်ရှိခဲ့ပြီ။ အခု တတိယအကြိမ် ဆွေးနွေးဖို့ရှိတယ်။ ဆွေးနွေးပွဲဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ဆိုပေမယ့်လည်း လောလောဆယ်မှာ ကျမတို့ ကရင်အမျိုးသားအစည်းအရုံးကလည်း လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်တဲ့အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ပထမဦးဆုံးအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် အရင်ဆုံးဆွေးနွေးနေတဲ့အဆင့်မှာ ရှိပါတယ်။ ကျမတို့ ဒီတတိယအကြိမ် ဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးမှာက ပြည်သူလူထုရဲ့  ဘဝလုံခြုံမှုအာမခံနိုင်မှုအတွက် ဒီခေါင်းစဉ်ကြီးအောက်မှာမှ ပထမဦးဆုံး လုပ်ရမယ့်အလုပ်က တပ်အရွှေ့ အပြောင်းရေးနဲ့ တပ်ဆုတ်တာတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကရင်ဒေသတွေမှာ တပ်တွေအများကြီး နေရာယူထားတာ၊ သိမ်းပိုက်ထားတာတွေရှိတယ်။ ဒီလိုနေရာယူထားတဲ့အပေါ်၊ တပ်တွေရှိနေတဲ့အပေါ်မှာ ဒေသခံလူထုနဲ့မမျှအောင် တပ်တွေ စိုးမိုးယူထားတဲ့အပေါ်မှာ ကျမတို့ ကရင်ပြည်သူလူထုက သွားရေးလာရေး၊ စားရေးသောက်ရေး အကုန်လုံး အခက်အခဲတွေ ရှိနေတဲ့အပေါ်မှာ သူတို့ဘဝရဲ့  လုံခြုံမှုကို အာမခံမယ့် ဒီတပ်အရွှေ့ အပြောင်း၊ တပ်ဆုတ်တာတွေကို ကျမတို့ပြောဖို့လိုတယ်။ နောက်တခါ ဒီတပ်အရွှေ့ အပြောင်း၊ တပ်ဆုတ်တွေကို ပြောမယ်ဆိုလိုရှိရင် တပြိုင်နက်တည်းမှာပဲ နှစ်ဖက်စလုံးရဲ့  လက်နက်ကိုင်တပ်တွေက ဘယ်အနေအထားနဲ့ နေကြမလဲ။ အပစ်အခတ်ရပ်စဲရေးကာလမှာ ဆိုတာကိုလည်း ပြောဖို့လိုတယ်။

မအေးအေးမာ ။ ။ နှစ်ဖက် အပစ်အရပ်ပြီးနောက်မှာတော့ ကေအန်ယူ နဲ့ နယ်ခြားစောင့်တပ်တွေ ပစ်ခတ်မှုတွေရှိတယ်။ အဲဒီတော့ နယ်ခြားစောင့်တပ်တွေဟာ မြန်မာအစိုးရနဲ့ ပတ်သက်မှုရှိသလား။ နောက် ကေအန်ယူ က နယ်ခြားစောင့်တပ်တွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

နော်မေဦး ။ ။ နယ်ခြားစောင့်တပ်ဆိုတာ အစိုးရက ဥပဒေနဲ့အညီ ဖွဲ့စည်းပေးထားတာဖြစ်တယ်။ ကျမတို့ ဒီတပ်မတော်ရဲ့  အုပ်ချုပ်ပုံကိုလည်း ကြည့်မယ်ဆိုလို့ရှိရင် နယ်ခြားစောင့်တပ်ကို တပ်မတော်ရဲ့ အောက်ကို ထားတာကို တွေ့ရမယ်။ တပြိုင်နက်တည်းမှာပဲ မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့်တပ် ဆက်ဆံရေးကိုကြည့်မယ်ဆိုရင် တပ်မတော်ရဲ့  စည်းမျဉ်းစည်းကမ်းတွေနဲ့ ၊ တပ်မတော်ရဲ့  ဥပဒေနဲ့အညီ သူတို့အုပ်ချုပ်တယ်၊ ဆက်ဆံတယ်။ အစိုးရက တရားဝင်ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်။ တပ်မတော်ရဲ့  စည်းမျဉ်းစည်းကမ်းအညီ လိုက်နာကျင့်သုံးနေတဲ့ နယ်ခြားစောင့်တပ်ဆိုတော့ ကျမတို့က နယ်ခြားစောင့်တပ်နဲ့ တပ်မတော်တို့ သိပ်ပြီးတော့ ခွဲခွဲခြားခြား သိပ်မမြင်ချင်ဘူး။ ဒါက အစိုးရကနေ အစိုးရလက်နက်ကိုင်တပ်တခုပဲ။ အဲဒီလိုပဲ ကျမတို့မြင်တယ်။ နယ်ခြားစောင့်တပ်ကို များသောအားဖြင့် စကားပြောတဲ့အခါကြလို့ရှိရင် ကရင်ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်ဆိုရင် ကရင်လူမျိုးတွေပေါ့။ ကရင်လူမျိုးအများစု ပါဝင်တယ်။ ဒါပေမဲ့ ကျမတို့က လူမျိုးကို အခြေခံပြီးတော့ လူမျိုးတွေကို တိုက်နေတာမဟုတ်ဘူး။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှာ ကရင်လူမျိုးတွေရဲ့  အသက်အိုးအိမ်ကာကွယ်ဖို့အတွက် ကရင်ပြည်နယ်မှာ လွတ်လပ်တဲ့ပြည်နယ်တခုအနေနဲ့ လွတ်လပ်တဲ့လူမျိုးများအနေနဲ့ နေထိုင်နိုင်ဖို့အတွက် ကရင်အမျိုးသားတွေရဲ့ အကျိုး ရှေ့ ရှုပြီးလုပ်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်။ ဆိုတော့ ကျမတို့က ကရင်အမျိုးသားများကို ရန်ပြုမယ့်၊ ကရင်အမျိုးသားများရဲ့  အသက်အိုးအိမ်စည်စိမ်ကို အန္တရာယ်ဖြစ်စေမယ့် ဒါတွေကို ကျမတို့ တော်လှန်ရတာဖြစ်တယ်။ တော်လှန်ရတာ၊ ခုခံရတာ ဖြစ်တယ်။ ဘယ်အရာ၊ ဘယ်အဖွဲ့ကိုမဆို ကျမတို့ ဘယ်လူမျိုးကိုမဆို တော်လှန်ခုခံရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ကျမတို့ မြင်ပါတယ်။

မအေးအေးမာ ။ ။ အခု ငြိမ်းချမ်းရေးခရီးစဉ်မှာ မြန်မာ့တပ်မတော်ရဲ့  အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးကြီးတယ်လို့ ယူဆပါသလဲ။

နော်မေဦး ။ ။ ကျမတို့အမြင်မှာတော့ မြန်မာ့တပ်မတော်ရဲ့  အခန်းကဏ္ဍက အဓိကမှာပါတယ်လို့ ကျမတို့မြင်တယ်။ အသစ်ဖြစ်ပေါ်လာတဲ့ အစိုးရကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထွက်ပေါ်လာတဲ့ အစိုးရသစ်ကလည်း အရင်တုန်းက တပ်မတော်သားဟောင်းတွေ၊ တပ်မတော်အရာရှိဟောင်းတွေပဲ။ သူတို့ ကျမတို့ထက် ပိုနားလည်းတယ်။ တပ်မတော်ရဲ့  အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာကို။ ကျမတို့ မြင်တာက ပြည်တွင်းစစ်က အစိုးရသစ်လက်ထက်မှာ ဖြစ်တာမဟုတ်ဘူး။ ပြည်တွင်းစစ်ဆိုတာ ရှေ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့တယ်။ တိုင်းရင်းသား ပဋိပက္ခတွေ ရှိခဲ့တယ်။ ဒီ ရှိခဲ့တဲ့အပေါ်မှာ တပ်မတော်က အမြဲတမ်းပဲ တိုင်းရင်းသားပဋိပက္ခတွေကို နှိမ်နှင်းတဲ့နေရာမှာ တပ်မတော်က အဓိကအခန်းကဏ္ဍကနေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာ၊ တိုင်းရင်းသားတွေကို တိုင်းရင်းသားမို့ နှိမ်နှင်းတာ၊ ဒါတွေအကုန်လုံးက တပ်မတော်ကနေ တာဝန်ယူပြီးလုပ်တဲ့ အလုပ်တွေဖြစ်တယ်။ ဆိုတော့ အခု ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့အခါမှာ တပ်မတော်ရဲ့  ပါဝင်မှုက သာမန်အရပ်သားတွေ ပါဝင်မှုထက် ပိုပြီးအရေးကြီးတယ်လို့ ကျမတို့မြင်တယ်။ ဘာဖြစ်လို့လည်းဆိုရင် သူတို့ကိုယ်တိုင်က မြင်ရတယ်။ နိုင်ငံရေးပြဿနာက ပြည်တွင်းပြဿနာကို ဖြေရှင်းတဲ့နေရာမှာ လက်နက်အားကိုးပြီးတော့ တပ်မတော် အားကိုးပြီးတော့ တပ်မတော်က ဒီလိုပဲ ဝင်ပြီးဖြေရှင်းတယ်၊ ဝင်ဝင်ပြီးပါနေမယ်ဆိုရင် ကျမတို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ တပ်မတော်ကလည်း တိုင်းသူပြည်သားတွေနဲ့ ဖွဲ့စည်းထားတဲ့တပ်မတော် ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့  အခန်းကဏ္ဍကို ပြည်သူလူထုနဲ့ ဘယ်လိုသဟဇာတဖြစ်အောင် နေကြမလဲဆိုတာကို ပြောတဲ့အခါမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်။ အဓိကနေ ပါတယ်လို့ ကျမအနေနဲ့မြင်တယ်။

မအေးအေးမာ ။ ။ လက်ရှိ တပ်မတော်အပေါ် ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

နော်မေဦး ။ ။ ဒီ ငြိမ်းချမ်းမှုဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ တပ်မတော်က တကယ်ပဲ ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့အတူ တစိတ်တည်းတဝမ်းတည်း ပါနေသလား။ ဒါမှမဟုတ် တပ်မတော်က ဒီလို တရွတ်တိုက် အဆွဲခံပြီးတော့ ပါလာတာလားဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင်။ မသိရတဲ့အပြင်ကို တပ်မတော်ကနေ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အပေါ်မှာ၊ တိုင်းရင်းသားရေးရာအပေါ်မှာ တပ်မတော်ရဲ့  သဘောထား ဘယ်လိုရှိသလဲဆိုတာကိုလည်း ကျမတို့သိအောင်။ ကျမတို့ အစည်းအဝေးတခုမှာ တပ်မတော်တွေက ရွှေ့ ပြောင်းလာတယ်။ ဖိုင်တွဲတခုနဲ့လာတယ်။ အမှတ်မထင်ဘဲ အဲဒီ ဖိုင်တွဲပေါ်မှာ ဘာတွေ့ရသလဲဆိုရင် ကရင်သောင်းကျန်းသူများဆိုတဲ့ ခေါင်းစဉ်တခုကို တွေ့လိုက်ရတယ်။ ကျမတို့ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတခုကို သောင်းကျန်းသူလို့ပဲ မြင်သေးတယ်ဆိုရင် ကျမတို့ဆက်ပြီးတော့ အရပ်သားစကားနဲ့ ပြောရမယ်ဆိုရင် ဆက်ပြီးရန်ဖြစ်နေရမယ်။ အဲဒီလို ကျမတို့မြင်တယ်။ ကျမတို့ တပ်မတော်ရဲ့  အခန်းကဏ္ဍကို အရေးကြီးတယ်လို့ မြင်ပေမယ့် တပ်မတော်က သူ့ရဲ့ အခန်းကဏ္ဍမှာ ပါဝင်မှုအားနည်းနေတယ်လို့ ကျမတို့မြင်တဲ့အတွက်ကြောင့် အခုလက်ရှိ ကျမတို့ ဆွေးနွေးလုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးမှာ အားမရတာတော့ အမှန်ပါ။

မအေးအေးမာ ။ ။ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက်က ဘာတွေလိုအပ်မယ်လို့ ယူဆပါသလဲ။

နော်မေဦး ။ ။ ကျမတို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဖို့အတွက်ကို ဒီနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးရဲ့  ဆန္ဒနဲ့သဘောထားကို ကျမတို့ ပထမဦးဆုံး အသိအမှတ်ပြုဖို့လိုမယ်လို့ ကျမထင်တယ်။ ဒီလို အသိအမှတ်ပြုတဲ့အခါမှာလည်း မြန်မာအစိုးရအနေက စေတနာနဲ့ ကျနော်တို့ ကရင်လူမျိုးတွေကို အသိအမှတ်ပြုပါတယ်။ ကျနော်တို့ ကချင်လူမျိုးတွေကို အသိအမှတ်ပြုပါတယ်ဆိုတာထက် အဲဒီ စေတနာကို ကျမတို့က ဖွဲ့စည်းပုံထဲမှာ ကျနော်တို့နိုင်ငံဟာ ဒီပုံစံနဲ့ ဖွဲ့စည်းပြီး ကျနော်တို့ ဒီပုံစံနဲ့ နေကြရအောင်ဆိုပြီးတော့ အဲဒီလိုသဘောတူညီချက်အရယူနိုင်ဖို့ လိုမယ်လို့ ကျမမြင်တယ်။ ဒီတိုင်းပြည်ကို ဘယ်ပုံစံနဲ့ ဖွဲ့စည်းမှာလဲ။ ကျမတို့အားလုံး အေးအတူပူအမျှ၊ တန်တူညီမျှမှုအခြေခံပြီးတော့ တရားမျှတမှုအခြေခံပြီးတော့၊ လူမျိုးတမျိုးစီရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံပြီးတော့ ကျမတို့ ဖွဲ့စည်းပုံကို ရေးဆွဲပြီးတော့ ကျမတို့နေမှပဲ အတိုင်းအတာတခုအထိ ကျမတို့ ငြိမ်းချမ်းရေးကိုရမယ်။ အဲဒီကနေတဆင့် တိုင်းပြည်တိုးတက်ရေးကို ကျမတို့ ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲ စသည်ဖြင့် ဆက်ပြီးလုပ်ကိုင်သွားနိုင်မယ် ဖြစ်ပါတယ်။

မအေးအေးမာ ။ ။ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအရ ပိုပြီးအနှစ်သာရ ရှိလာတယ်လို့ မြင်ပါသလား။

နော်မေဦး ။ ။ ကျမတို့ တော်လှန်ရေးသမိုင်းတလျှောက်ကို ပြန်ကြည့်လို့ရှိရင် ဒီလို စေ့စပ်ဆွေးနွေးပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် အခု အစိုးရသစ် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ထွက်လာတဲ့ အစိုးရသစ်နဲ့ လုပ်ရတဲ့ စေ့စပ်ဆွေးနွေးပွဲတွေက အရင် ဆွေးနွေးပွဲတွေနဲ့ မတူတာတော့ အမှန်ပဲ။ ပိုပြီးအနှစ်သာရ ရှိသလား၊ မရှိသလားဆိုတာကိုတော့ ကျမထင်တယ် ကျမတို့ ဘယ်လောက်အထိ၊ ဘယ်အတိုင်းအတာအထိ အောင်မြင်မှုကို ယူနိုင်မလဲဆိုတဲ့အပေါ်မှာ ကျမတို့ စောင့်ကြည့်ရမှာပါ။ ပုံသဏ္ဍာန်ခြင်းလည်း မတူဘူး၊ အခြေခံခြင်းလည်း မတူဘူး။ ဒီ အစိုးရသစ်နဲ့ ကျမတို့ အလုပ်လုပ်ရတဲ့အခါမှာ။ ဥပမာဆိုရင် အရင်အစိုးရတွေတုန်းကဆိုရင် ကျမတို့ စေ့စပ်ဆွေးနွေးပွဲလို့ ပြောပေမယ့်လည်း သတ်မှတ်ချက်တွေချထားတယ်။ ဟိုလိုဖြစ်ရမယ်၊ ဒီလိုဖြစ်ရမယ်ဆိုတာတွေကို သတ်မှတ်ထားတယ်။ အဲဒီဘောင်ထဲကိုဝင်ရင်ဝင် မဝင်ရင် ကျမတို့က ပြောစရာစကားမရှိဘူး။ အဲဒီလို ဖြစ်သွားတယ်။ ဒါပေမဲ့ အခု အစိုးရသစ် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ထွက်လာတဲ့အစိုးရသစ်လက်ထက်မှာ ကျမတို့ စေ့စပ်ဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့အခါကြတော့ ပွင့်ပွင့်လင်းပြောဆိုတာတွေ၊ ပြောဆိုခွင့်တွေ ပိုပြီးရှိလာတယ်။

မအေးအေးမာ ။ ။ လက်ရှိ အခြေအနေမှာ ကချင်၊ ရှမ်းပြည်ဖက်တွေမှာ တိုက်ပွဲတွေဖြစ်နေတာတွေ ရှိတယ်။ အဲဒီတော့ အပစ်အခတ်ရပ်စဲရေး စကားတွေနောက်မှာပဲ တချိန်တည်းမှာ တိုက်ပွဲတွေပြန်ပြန်ဖြစ်နေတယ်ဆိုတော့ ငြိမ်းချမ်းရေး နဲ့ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့အပေါ်မှာ လက်တွေ့အားဖြင့် ကွာခြားမှုတွေ ရှိနေတယ်လို့ ပြောလို့ရပါသလား။

နော်မေဦး ။ ။ ဥပမာဆိုရင် ကျမတို့ ကရင်နယ်မြေမှာ မကြာခင်က တပ်မတော် (၅) နယ်မြေမှာ ဖြစ်သွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ။ ဒီကိစ္စက တပ်မဟာ (၅) က နားလည်းထားတာက အခုလောလောဆယ် ကျမတို့ အပစ်အခတ်ရပ်စဲဖို့အတွက်၊ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရေးအတွက် စကားပြောနေချိန်မှာ နှစ်ဖက်စလုံး မပစ်ဘူး။ နှစ်ဖက်စလုံး တပ်လှုပ်ရှားမှုတွေ မလုပ်ဘူးဆိုပြီ ပမာဏအနေနဲ့ သဘောတူထားတွေရှိတယ်။ ဒါပေမဲ့လည်း အစိုးရတပ်ကနေ အကြောင်းအမျိုးမျိုးပြပြီ သွားမယ်လာမယ်၊ တပ်အရွှေ့ အပြောင်းတွေလုပ်တယ်။ နောက်ပြီးတော့ ရှေ့ တန်းမှာရှိတဲ့ တပ်စခန်းတွေကို ခိုင်မာအောင် အခိုင်အမာပြန်ပြီး တည်ဆောက်တာတွေရှိတယ်။ အရင်တုန်းက ဝါးတဲထိုးနေတဲ့စခန်းက အခု အင်္ဂတေနဲ့အုတ်နဲ့ဆိုတော့ ဒါက ကျမတို့နယ်မြေထဲမှာ ကျမတို့ ရွာသူရွာသားတွေ ဘယ်လိုမှ လက်မခံနိုင်တဲ့ လုပ်ငန်းတွေဖြစ်တယ်။ ဆိုတော့ ကျမတို့လုပ်ငန်းတွေ အခုလောလောဆယ် အပစ်အခတ်ရပ်စဲဖို့ သဘောတူထားပဲဖြစ်တယ်။ ကေအန်အေဟာ ကရင်အမျိုးသားအသက်အိုးအိမ်စည်စိမ်ကို ကာကွယ်ဖို့အတွက် သူတို့ကို တာဝန်က ဘယ်သူမှ မရပ်စဲထားဘူး။ သူတို့ ကရင်အမျိုးသားအသက်အိုးအိမ်စည်စိမ်ကို ကာကွယ်ဖို့လိုတယ်လို့ ယူဆတဲ့အခါကြတော့ သူတို့တုံ့ပြန်လိမ့်မယ်။ တုံ့ပြန်လာတဲ့အခါကြရင် အမျိုးသားတွေရဲ့  အသက်အိုးအိမ်စည်စိမ်ကို ကာကွယ်မယ်လို့ ပြောတာကို ကျမတို့ ကေအန်ယူ က မလုပ်ရဘူးလို့ တားမြစ်ရမလား။ ဆိုတော့ အမျိုးသားအသက်အိုးအိမ်စည်စိမ်ကို အန္တရာယ်ဖြစ်စေမယ့်၊ အန္တရာယ်ဖြစ်စေမယ်လို့ ယူဆရတဲ့ လုပ်ငန်းမျိုးကို မလုပ်ဖို့လိုမြင်တယ်။

မအေးအေးမာ ။ ။ အခုလို ဗွီအိုအေမြန်မာပိုင်းကို ဖြေကြားပေးတဲ့အတွက် မနော်မေဦး ကို အထူးကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန် သီးသန့် တွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ နေပြည်တော်မှာ သီးသန့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ တယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုံးကြိုင် က VOA ကို ပြောပါတယ်။

ဆွေးနွေးပွဲဟာ အချိန် တစ်နာရီကျော် ကြာမြင့်ခဲ့ပေမဲ့ ဘာတွေ ဆွေးနွေးပြောဆိုကြတယ်ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

နိုဘယ်ငြိမ်းခြမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က သမ္မတ ဦးသိန်းစိန်နဲ့ တကြိမ် သီးသန့် တွေ့ဆုံခဲ့ပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီးတဲ့နောက် သမ္မတနဲ့ သီးခြားတွေ့ဆုံတာ ဒါဟာ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရပါတယ်။

အဲဒီ အဖွဲ့မှာ အဖွဲ့ဝင် ၁၅ ဦး ပါဝင်ပြီး ရဲ့ ပြည်ထောင်စုအဆင့်ရှိပြီး သက်တမ်းကာလ တစ်နှစ် သတ်မှတ် ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေ ရခိုင်အရေး ပြေလည်အောင် ကြိုးစား


ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လူမျိုးရေး အကြမ်းဖက်မှုပဋိပက္ခတွေကို ပြေလည်စေဖို့ အတွက် ရည်ရွယ်ပြီးတော့ RNDP က တာဝန် ရှိသူတွေဟာ ပါတီအဖွဲ့ဝင်တွေ.. ဒေသခံပြည်သူတွေနဲ့ စစ်တွေမြို့မှာ ဒီကနေ့ စတင် တွေ့ဆုံခဲ့ပါ တယ်။ ရခိုင် ပြည်နယ် အရေး ကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်တွေကို အကောင် အထည် ဖော်တဲ့ ခြေလှမ်း အစလည်း ဖြစ်ပါတယ်။ ကျောက်တော်မြို့နယ်မှာတော့ ညမထွက်ရအမိန့် ထုတ်ပြန် ထားဆဲ ဖြစ်ပါ တယ်။

ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီးတော့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ပါတီအထူးအစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ပါ။ ရခိုင်ပြည်နယ် အရေး ကိစ္စမှာ RNDP အဖွဲ့ဝင်တွေအနေနဲ့ ဒေသခံပြည်သူတွေနဲ့ ဘယ်လိုဆက်ဆံရမယ် အကြမ်းဖက်မှု ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အေးဆေး တည်ငြိမ်လာအောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာတွေ ကို ဒေသ ခံ ပါတီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း RNDP တာဝန်ရှိသူတွေဟာ ဒေသခံ ပြည်သူတွေနဲ့ပါ တွေ့ဆုံသွားမယ်လို့ အဖွဲ့ဝင် တဦးက ပြောပါတယ်။ ဒါတွေဟာ သမ္မတ ဦးသိန်းစိန် ကနေ ရခိုင်ပြဿနာပြေလည်အောင် ရခိုင် တိုင်းရင်းသားခေါင်းဆောင်တွေကိုယ်တိုင်က ဦးဆောင် ဖြေရှင်းစေ လိုတယ်လို့ မေတ္တာရပ်ခံချက်ကို စတင် အကောင်အထည်ဖော်တာလည်း ဖြစ်တယ်လို့ မကြာသေး ခင်တုန်းက သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ RNDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပြပါတယ်။

“သမ္မတကြီးပြောတာကတော့သူတို့ဆယ်ခွန်းပြောတာနဲ့ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ရခိုင် ပါတီတွေက တစ်ခွန်း ပြောတာမတူပါဘူးတဲ့။ကိုယ့်ပြည်သူတွေအခြေအနေကို ကိုယ်ထိမ်းနိုင်ရင် ပိုပြီးကောင်းပါတယ်။ ကျွန်တော်တို့ကို အကူအညီ ပေးပါ။ မေတ္တာရပ်ခံပါတယ်ဆိုပြီး ပြောပါတယ်။ အဓိကကတော့ ဒီအတိုင်းဆက်သွားနေလို့ ဒီပြသာနာဟာ ပြေလည်နိုင်မှာ မဟုတ်ဘူး။ ပိုပြီးတော့ ဆိုးလာမယ်။ ဒါကြောင့် အဖြေတခုကိုရှာပြီး ကျွန်တော်တို့ သွားရမယ်။ အဓိက ကတော့ ပဋိပက္ခ္ခတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေသွားနိုင်အောင် ပဋိပက္ခတွေ လောလောဆယ်မဖြစ်ပွားအောင် ကျနော် တို့က ဘယ်လိုထိန်းမယ် ဆိုတာကို အကြံလည်း တောင်းပါတယ်။ ကျနော်တို့ကလည်း အကြံပေးပါတယ် ခင်ဗျ”

ပြီးခဲ့တဲ့ ကြာသပတေးနေ့ သြဂုတ်လ ၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်နဲ့ ရခိုင်နိုင်ငံရေးပါတီ ၂ ဖွဲ့ဘက်ကတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၆ ယောက် ပြီးတော့ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီက ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ ယောက် တို့ဟာ သမ္မတ ဦးသိန်းစိန် အပြင် ဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ရခိုင်ပြည်နယ် အရေး ကိစ္စ တွေ ကို တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီတွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်ကြီး လှမင်းကနေ အခု ဒီ ရခိုင်ပြည် နယ် ပြဿနာမှာ RNDP အဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုရှိနေတယ်ဆိုပြီး စွပ်စွဲပြောဆိုချက်ကို RNDP က လက်မခံခဲ့ပါဘူး။ ဒါဟာ ပါတီရပ်တည်ရေးအတွက် ထိခိုက်မှုရှိသလို ပါတီရဲ့ မူဝါဒတွေနဲ့လည်း ကွဲလွဲနေတယ်လို့ ဦးဖေသန်း က အခုလို ပြောခဲ့ပါတယ်။

“ဗိုလ်ချုပ်ကြီးလှမင်း ပြောတာကတော့လေ၊ ကျနော်တို့ RNDP ပါတီက ပါဝင် ပတ်သက်တယ်ဆိုပြီး စာတမ်းတစောင် သူပြုစုထားတာရှိပါတယ်။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒ ဒီအရေးအခင်းမှာ မပါဝင်ဖို့ ဒီလိုအကြမ်းဖက်မှုတွေကို ကျနော်တို့ အားလည်း မပေးပါဘူး။ ကျနော်တို့ပါတီရဲ့ မူဝါဒနဲ့လည်း မပတ်သက်ပါဘူး။ ဒါပေမဲ့ ကျနော်တို့မှာ ပြည်သူရဲ့ ကိုယ်စား လှယ် တွေ၊ ပါတီဆိုတာလည်း ပြည်သူကို ဦးဆောင်နေတဲ့ပါတီဆိုတော့ ပြည်သူတွေ အကူအညီ တောင်းတဲ့အခါတွေ ရှိတယ်။ ပြည်သူကလာပါလို့ ဖိတ်ကြားတဲ့အခါရှိတယ်။ ပြည်သူရဲ့အခက်အခဲတွေကို ၀င်ရောက်ဖြေရှင်းရမယ့် အခါတွေ ရှိပါတယ် ခင်ဗျ။ အဲဒီလိုအခါမျိုးမှာ အထင်မှား အမြင်မှား ဖြစ်ပြီးတော့ပေါ့လေ၊ အဲဒီလို သတင်းတွေက အများကြီး ပျံ့ သွားတာ ဖြစ်ပါလိမ့်မယ်။ အကြမ်းဖက်မှုဆိုတာ ကျနော်တို့ပါတီရဲ့ မူဝါဒမဟုတ်ပါဘူး။ ဒါတွေကို ပြင်ပစကားတွေ နဲ့ ပေါ့ လေ၊ သွေးထိုး တဲ့ စကားတွေနဲ့ ကျနော်တို့ ပါတီပေါ်မှာ အထင် အမြင် လွဲမှားမှုတွေသာ ဖြစ်လိမ့်မယ်လို့ ကျနော်တို့က သုံးသပ်ပါတယ် ခင်ဗျား”

လောလောဆယ် ဒီအကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီးတော့ RNDP အဖွဲ့ဝင် ၃ ဦးကို အာဏာပိုင်တွေက တရား စွဲ ဆို ထားပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မှာတော့ ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူစလင် တွေအကြား အခြေအနေ တင်းမာနေ ဆဲ ဖြစ်တာကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် ထားဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း တချို့မြို့နယ်တွေမှာတော့ လုံခြုံရေးအခြေအနေကြောင့် အခြေခံပညာ စာသင်ကျောင်း တွေ ပိတ် ထားရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

လအတန်ကြာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ တွေကြောင့် ရခိုင်တိုင်းရင်းသား ၃၁ ယောက်၊ မူဆလင် ၄၆ ယောက် အပါအ၀င် လူ ၇၇ ယောက် သေဆုံးခဲ့ ပြီး ထိခိုက် ဒဏ်ရာရသူ ၁၀၀ နီးပါးနဲ့ အိမ်ခြေ ၄၈၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ အတွက် ဒုက္ခသည်ပေါင်း ၆ သောင်း ကျော် ရှိတယ် လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ကတော့ ဒီ အခြေ အနေတွေကို လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စစ်ဆေးဖို့ အစိုးရကို အကြံပြုထားတာ ပါ။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန် ကလည်း ရခိုင်ပြည်နယ် ပြဿနာကို လေ့လာ ကြည့်ရှုဖို့အတွက် ဆော်ဒီ အာရေဗျ အခြေစိုက် ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အဖွဲ့ လာရောက်တာကို ကြိုဆိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ခုနှစ်ရက်သားသမီးများအတွက် ( ၁၄.၈.၁၂ ) မှ ( ၂၁. ၈၁၂) ထိ တပတ်စာဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

မကြာမီခရီးတခုသွားရတတ်သည်။ထိုခရီးသည်ကောင်းသောခရီးဖြစ်မည်။ရပ်ဝေးမှဆွေမျိုးဧည်သည် ရောက်လာမည်။ မိတ်ဆွေတဦး၏လိမ်လည်ခြင်းကိုခံရတတ်သည်။ ငွေအတွက်သောကဖြစ်စရာ ရုတ်တရက်ကြုံလာတတ်သည်။ လုပ်ငန်းသစ်လုပ်ရန်ဖြစ်လာမည်။ ကောင်းသည်။လုပ်ဖြစ်အောင်လုပ်ပါ။အောင်မြင်မည်။

ကျန်းမာရေး။ လက်တဖက်နာတတ်သည်။
အချစ်ရေး။ ငယ်ရွယ်သူဖြစ်ပါက အိမ်ထောင်ကျလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကောက်ညှင်းပဲကပ်ကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၃ ၆ ၂)

တနင်္လာသားသမီးများ၏ကံကြမ္မာ

လုပ်ငန်းသစ်လုပ်ရခြင်း၊ အိမ်နေရာပြောင်းရခြင်း (သို့) အိမ်ပြင်ရခြင်းဖြစ်လိမ့်မည်။ မမျှော်လင့်ဘဲအမှုကိစ္စတခုနှင့် ရင်ဆိုင်ရတတ်သည်။ ရွှေထည်ပစ္စည်းတခုဝင်လာတတ်သည်။ ကောင်းပါသည်။ မိမိကိုကောင်းကျိုးမပေးသောဆရာ မိမိထံရောက်လာမည်။ ငွေလူလိမ်ခံရတတ် သည်။ အစစအရာရာသတိရှိပါ။

ကျန်းမာရေး။ ခေါင်းကိုက်နေခြင်း၊ သွားကိုက်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာစရာဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အာလူးကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၄ ၆ ၀)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အလုပ်အကိုင်တိုးတက်မည်။ ငွေအလုံးအရင်းဝင်မည်။ အလုပ်ရွှေ့ပြောင်းရမည်။ နေအိမ်ပြုပြင်ခြင်း၊ ဆေးသုပ်ခြင်းပြုလုပ်ရမည်။ သားသမီးရှိပါက သားသမီးတဦး၏အောင်မြင်သောသတင်းကောင်းကြား ရမည်။ ထူးခြားသောပုဂ္ဂိုလ်တဦး၏ဓါတ်ပုံရောက်လာမည်။ ကောင်းသည်။

မိမိအိမ်အနီးတွင် ပျော်ပွဲရွှင်ပွဲဖြစ်ပါက သင်စီးပွားတက်မည်။
ကျန်းမာရေး။ ကိုယ်ခန္ဓာကိုက်ခဲနေမည်။
အချစ်ရေး။ ချစ်သူရည်စားနှင့်အဆင်မပြေခြင်း၊ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေးအဆင်မပြေခြင်းများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဌက်ပျော်ကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၀ ၁၂)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်အခက်အခဲတွေ့နေရတတ်သည်။ အလုပ်ထွက်ခြင်း (သို့) ပြောင်းခြင်းဖြစ်တတ်သည်။ မမျှော်လင့်ဘဲ လူတယောက်၏အကူအညီပေးမှုကြောင့်အစစအရာရာအဆင်ပြေလိမ့်မည်။ စက် ပစ္စည်းထွက်တတ်သည်။ ပညာသင်ရခြင်း၊ သင်တန်းတက်ရခြင်းပြုလုပ်ရတတ်သည်။ အလွန်ခင် မင်သောသူနှင့်ပြဿနာဖြစ်ပြီး လမ်းခွဲရတတ်သည်။

ကျန်းမာရေး။ မျက်စိဒဏ်ရာရတတ်သည်။
အချစ်ရေး။ အားပေးဖေါ်ကောင်းလက်တွဲဖေါ်ကောင်းရလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြက်သွန်ကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၃ ၀ ၄)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ထီပေါက်တတ်သည်။ အလုပ်တွင် ရာထူးတက်ခြင်း၊ လစာတိုးခြင်း၊ မိမိဂုဏ်သတင်းကောင်းများပျံ့နေမည်။ ပညာတခုသင်ရမည်။ မသွား တော့ဘူးလိုလိုနှင့်ခရီးတခုသွားရမည်။ ငွေအလွန်ကုန်နေမည်။ အဝေးမှ မိတ်ဆွေ၏ ဓါတ်ပုံရောက်ခြင်း၊ ဘာသာရေးပုံများရောက်လာခြင်း များဖြစ်မည်။ အမွေရတတ်သည်။ ယခုအချိန်မယူလျှင်ကောင်းမည်။ ယူသော်အကျိုးမရှိစွာကုန်လိမ့်မည်။ ကျန်းမာရေး။ ၀နေသောကြာင့် စိတ်ညစ်နေမည်။

အချစ်ရေး။ ငယ်သူများ ချစ်သူရမည်။ ကိုယ်ဝန်ရှိသောအမျိုးသမီးများသားကိုယ်ဝန်ပျက်တတ်သောကြောင့်သတိပြုပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပိန္နဲသီးကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၉ ၆ ၂ )

သောကြာသားသမီးများ၏ကံကြမ္မာ

ဝင်ငွေကောင်းနေမည်။ စီးပွားရေးကောင်းမွန်နေမည်။ မိမိအိမ်တွင်စက်ပစ္စည်းများဝင်ခြင်း၊ ရွှေဆွဲကြိုးဝင်ခြင်းဖြစ်မည်။ လျှပ်စက်နှင့်ပတ်သက် သောပစ္စည်းလည်းဝင်မည်။ အစားအသောက်များလည်းလက်ဆောင်ရနေမည်။ လာဘ်ကောင်းနေသည်။ မိမိလုပ်သောအလုပ်တွင်နာမည်ဂုဏ် သတင်းကောင်းထွက်နေသည်။

ကျန်းမာရေး။ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်းဖြစ်နေသည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများနှင့်အချစ်နှင့်အဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဗူးသီးကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၉ ၇ ၆ )

စနေသားသမီးများ၏ကံကြမ္မာ

စိန်အပါအ၀င်အဖိုးတန်ပစ္စည်းများဝင်မည်။ လာဘ်အလွန်ကောင်းနေမည်။ လက်အောက်ငယ်သားအကူအညီရမည်။ ရုတ်တရက်ခရီးထွက်ရတတ်သည်။ ငွေလူလိမ်ခံရတတ်သည်။ ငွေဝင်မည်။ ထွက်မည်။ အလောင်းအစားမလုပ်ပါနှင့်။ ရလိုက်ကုန်လိုက်ဖြစ်ပြီး နောက်ဆုံး ရှိတာကုန်ပြီး စိတ်လေခြင်းအမြတ်ဖြစ်မည်။ မိမိပုံမှန်အလုပ်ကိုသာဂရုတစိုက်လုပ်ပါ။ ကုန်သွားသောငွေထက်မကရလာပါလိမ့်မည်။

ကျန်းမာရေး။ စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေသောကြောင့် ကိုယ်ခန္ဓာအားအင်ချိနေမည်။
အချစ်ရေး။ အချစ်ရေးကိုစိတ်မ၀င်စားအောင်စိတ်အားငယ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပိန်းဥကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၇ ၃ ၈)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*


ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း – နန်းထိုက်ပဒုမ္မာ စားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513, +6018 2250 510
E- mail:swezinwati@gmail.com

မြောင်းမြ NLD တွေ ပါတီ တွင်း ဒီမိုကရေစီ ကင်းမဲ့ မှု ကြောင့် ဆန္ဒပြ ပြီ


ဧရာဝတီ တိုင်း မြောင်းမြမြို့  ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့  ၀င်များ သည် NLD ဗဟိုကော်မတီ ၏ မြို့နယ်ကော်မရှင် အဖွဲ့နှင့် ခရိုင်ကော်မရှင် အဖွဲ့များ ဖွဲ့စည်းရာတွင် ဒီမိုကရေစီ နည်းမကျခြင်းနှင့် မြို့နယ်ရုံးပြောင်းရွှေ့မည့် အစီအစဉ်ကို မကျေနပ် ဟု ဆိုကာ ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည် ဆန္ဒပြ ခြင်းကို တနင်္ဂနွေ နေ့  နေ့  လည် ၁၂ နာရီ ခန့်  က မြောင်းမြ မြို့ ထဲ တွင် ကျင်းပခဲ့ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ မြို့ နယ် ရုံး တည် ရှိရာ ဦးဘချိုလမ်းမှသည် ကျွန်းတော တံတားအနီး ရှိ ခရိုင်ကော် မရှင်ရုံးအထိ ဆန္ဒထုတ်ဖော်ကာ လမ်းလျှောက်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြ မှု တွင် မြောင်းမြ NLD ပါတီ ၀င် နှစ်ရာ ကျော် ပါဝင် ခဲ့ ကြသည် ဟု မြောင်းမြ NLD ပါတီ ၀င် တစ်ဦး က FNG ကို ပြောသည်။

ဆန္ဒထုတ်ဖော်သူတို့က မြို့နယ်ကော်မရှင် ပြန်ဖွဲ့ရေး ၊ ဗဟိုကော်မတီမှ လူကြီးတစ်ဦး နှုတ်ထွက်ရေး ၊ မြို့နယ်ရုံး ခန်း မပြောင်းရွှေ့ရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။ ဆန္ဒထုတ်ဖော်မှုတွင် ခေါင်းဆောင်သူ ပါတီဝင် ဦးမြင့်ကျော်မှ ဆန္ဒထုတ်ဖော်မှုသည် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မကျေနပ်၍ ဆန္ဒပြခြင်း မဟုတ်ကြောင်း၊ ပါတီကိုလည်း ဆန္ဒပြခြင်း မဟုတ်ကြောင်း ပါတီဗဟိုကော်မတီရှိ တစ်ချို့ကို မကျေနပ်၍သာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု မြောင်း မြ မြို့ ခံ တစ်ဦး ၏ Facebook စာမျက် နှာ တွင်ဖော်ပြထား သည်။

မြောင်းမြ မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံး သည် လွတ်လပ်ရေး ကြိုးပမ်းမှု ခောတ်က သခင် မကြီး တစ်ဦး ၏ အိမ် တွင် ရုံးစိုက်သည်။ မြောင်းမြ မြို့နယ် သည် ၂၀၁၂ ခုနှစ် ဧပြီလ ကြား ဖြတ် ရွေးကောက် ပွဲ တွင် ပြည်ထောင်စု လွှတ်တော် နေရာ အတွက် ပါဝင်ယှဉ် ပြိုင် ကာ NLD ပါတီ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် သူ ဦးမန်းဂျော်နီ အနိုင် ရရှိခဲ့ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အတွင်း တွင် ပါတီ တွင်း ဒီမိုကရေစီ ကင်းမဲ့ မှု နှင့် မျှတမှု မရှိ ဟု ဆိုကာ ယခင် က ပါတီ ၀င်များ နှုတ်ထွက် ခဲ့ ဖူးသည်။

ဆန္ဒပြ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် NLD ပါတီ ၀င် ဦးစစ်အောင် က မြောင်းမြ ပါတီ ၀င်များ ၏ ဆန္ဒထုတ် ဖော် မှု ကို NLD ဗဟို မှ ဖြေရှင်း မပေး ပါ က ဆက် လက် ဆန္ဒထုတ် ဖော်မှု များ ပြု လုပ် ရန် အစီအစဉ် ရှိ သည် ဟု FNG ကို ပြောသည်။

မြောင်းမြ ပါတီ များ ၏ ဆန္ဒပြ မှု ကို အာဏာပိုင်များ က တစ်စုံ တစ်ရာ နှောင်ယှက် ခြင်း မရှိဟု သိရသည်။