Friday, August 10, 2012

Apple Siri နှင့် ယှဉ်ပြိုင်မည့် အသံနှင့်ရှာဖွေမှုပြုလုပ်နိုင်သော app သစ်ကို Google မိတ်ဆက်

Google ကုမ္ပဏီက Google Search ကို အဆင့်မြှင့်ထားသည့် iPhone app သစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်း app သည် Apple ၏ Siri software နှင့် ယှဉ်ပြိုင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Feature သစ်များစွာပါဝင်လာသည့် Google ၏ iOS app ကို iPhone နှင့် iPad (iOS ဗားရှင်း 4.2 နှင့်အထက်) တွင် လာမည့် ရက်အနည်းငယ်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီမှ ကြေညာခဲ့ သည်။

iOS ပေါ်တွင်သုံးနိုင်မည့် Voice Search ကို မြေပုံ သတင်းအချက်အလက်၊ ရာသီဥတုအခြေအနေ အပြင် လူတစ်ဦးတစ်ယောက်ခြင်းနှင့် သတင်းအကြောင်းအရာနှင့် ပတ်သက်ပြီး ရှာဖွေမှုများအတွက် အသုံးပြုနိုင် မည်ဖြစ်သည်။

ရှာဖွေမှုပြုလုပ်ရာတွင် microphone icon ကို နှိပ်ရုံဖြင့် ပြုလုပ်နိုင်ပြီး celebrity နှင့်ပတ်သက်သည့် အကြောင်းများ၊ Kilimanjaro မီးတောင်၏ အမြင့် စသည့် သိလိုသည့်အရာများကို မေးမြန်းနိုင်မည် ဖြစ်သည်။

စင်္ကာပူ NUS မီးလောင် (ဓာတ်ပုံ)


စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (National University of Singapore - NUS) ရှိ Engineering Block E3A တွင် ဒေသစံတော်ချိန် မွန်းလွဲ ၃း၀၀ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်း မှုဖြစ်ပွားပြီးနောက် လူတစ်ဦးအား ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း Channel News Asia သတင်းက ပြောကြားသည်။ ယခုအခါ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။










လူထုလေးစားသော စာပေပညာရှင်များ ဦးစီး၍ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်း

၉-၈-၂၀၁၂ ရက်နေ့၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ (အမှတ်၊ ၆၁/၂၀၁၂) နဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင် စီ ဖွဲ့စည်းပေးလိုက်ကြောင်း သတင်းရရှိသည်။ အဓိကတာဝန်များတွင် "စာနယ်ဇင်းကောင်စီ ဥပဒေကြမ်း" ရေးဆွဲပြီး နိုင်ငံတော်သမ္မတ ရုံးသို့ တင်သွင်းဖို့ ပါရှိသည်။

အမြုတေ ဆိုတဲ့အတိုင်း ဥပဒေအရ ရွေးချယ်တင်မြောက်တဲ့ စာနယ်ဇင်း ကောင်စီ ပေါ်ထွက်လာရင် (စာနယ်ဇင်းသမားများကိုယ်တိုင် ရေးဆွဲအတည်ပြုထားသော ယင်းဥပဒေပါ ကောင်စီတင်မြှောက်ရေး နည်းလမ်းများအတိုင်း ကောင်စီဖြစ်ပေါ်လာရင်) ယခု အမြုတေကောင်စီက လွှဲပြောင်းပေးရမည်ဖြစ်သည်။

လူထုတရပ်လုံးမှ လေးစားကြည်ညိုလျှက်ရှိသော မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များမှာ

(က)ဦးခင်မောင်အေး၊ တရားရုံး ချုပ် တရားသူကြီး(ငြိမ်း) (ဥက္ကဋ္ဌ)
(ခ)ဒေါက်တာအောင်ထွန်းသက်၊ ကျောင်းအုပ်ကြီး(ငြိမ်း)United Nations System Staff College (ဒုတိယဥက္ကဋ္ဌ ၁)
(ဂ)ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ) မြန်မာစာ ပါမောက္ခ(ငြိမ်း) (ဒုတိယ ဥက္ကဋ္ဌ ၂ )
(ဃ)ဒေါက်တာမျိုးသန့်တင်၊ စာပေပညာရှင် (အဖွဲ့ဝင်)
(င)ဒေါက်တာတင်လှိုင်(ဘိုးလှိုင်) စာပေပညာရှင် (အဖွဲ့ဝင်) (စ)ဦးခင်မောင်လေး(ဖိုးသောကြာ) (အဖွဲ့ဝင်)
(ဆ)ဦးစိုးသိမ်း(မောင်ဝံသ) (အဖွဲ့ဝင်)
(ဇ)ဦးသီဟစော(သီဟစော) (အဖွဲ့ဝင်)
(ဈ)ဦးအောင်လှထွန်း(ရိုက်တာသတင်းဌာန) (အဖွဲ့ဝင်)
(ည)ဦးတင်လှိုင်(လယ်တွင်းသားစောချစ်) (အဖွဲ့ဝင်)
(ဋ)ဦးခင်မောင်ထွန်း(ခင်မောင်ထွန်း၊ လမ်းမတော်) (အဖွဲ့ဝင်)
(ဌ)ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) (အဖွဲ့ဝင်)
(ဍ)ဒေါ်ချိုချိုတင်(မစန္ဒာ) (အဖွဲ့ဝင်)
(ဎ)ဒေါက်တာတင်ထွန်းဦး (အဖွဲ့ဝင်)
(ဏ)ဒေါက်တာသာထွန်းဦး(တူဒေးမီဒီယာ) (အဖွဲ့ဝင်)
(တ)ဦးမြင့်မောင် (အဖွဲ့ဝင်)
(ထ)ဦးမောင်မောင်မြင့်အေး (အဖွဲ့ဝင်)
(ဒ)ဦးကိုကို(ကိုကို စက်မှုတက္ကသိုလ်) အတွင်းရေးမှူး
(ဓ)ဦးမောင်မောင်ဦး(ဟိန်းလတ်) တွဲဖက် အတွင်းရေးမှူး(၁)
(န)ဒေါက်တာကျော်ဇောနိုင် (မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာရှင်) တွဲဖက် အတွင်းရေးမှူး(၂)
တို့ ဖြစ်ကြောင်း သိရသည်။



Myanmar Express

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၄၅)နှစ်မြောက် အာဆီယံနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်သည် (၄၅)နှစ်မြောက် အာဆီယံနေ့ အခမ်းအနားသို့ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာတွင်.....

“သြဂုတ်လ ၈ ရက်နေ့သည် အာဆီယံ အဖွဲ့ကြီး ထူထောင်သည့် (၄၅)နှစ်မြောက် အခါသမယ ဖြစ်ပါသည်။ အာဆီယံ၏ ရရှိခဲ့သော အောင်မြင်မှုများအတွက် ချီးကျူးဂုဏ်ပြုပြီး အာဆီယံ၏ မျှော်မှန်းချက်နှင့်အညီ အေးချမ်းတည်ငြိမ်၍ သာယာဝပြော သဟဇာတမျှတသော အာဆီယံ အသိုက်အဝန်းကို တည်ဆောက်နိုင်ပါစေဟု ဆုမွန်းကောင်းတောင်းပါကြောင်း၊ ၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကြီးသို့ ဝင်ရောက်ခဲ့သည့် (၁၅)နှစ်မြောက် မင်္ဂလာ အခါသမယလည်း ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ကြီးအနေဖြင့် ၁၉၆၇ ခုနှစ်တွင် ဗန်ကောက်ကြေညာစာတမ်းဖြင့် ထူထောင်ခဲ့ရာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အလွတ်သဘော ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ်မှ အာဆီယံပဋိညာဉ်စာတမ်းအရ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အသွင်ပြောင်းလဲခဲ့ပြီး တစ်စုတစ်စည်းတည်း ပေါင်းစည်းမှုရှိသော အသိုက်အဝန်းအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် “တစ်ခုတည်းသော ရည်မှန်းချက်၊ တစ်ခုတည်းသော လက္ခဏာ၊ တစ်ခုတည်းသော အသိုက်အဝန်း” ဟူသည့် ဆောင်ပုဒ်နှင့်အညီ စုစည်းမှုရှိသည့် အာဆီယံ အသိုက်အဝန်း တစ်ခုအဖြစ် ပေါ်ထွန်းလာတော့မည်ဖြစ်ပေသည်။

အာဆီယံ အသိုက်အ၀န်း ထူထောင်မှုတွင် ကဏ္ဍစုံမှ တိုးတက်လျက်ရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ခံစားရသည့် ကမ္ဘာပေါ်တွင် စုစည်းမှုရှိ၍ စီးပွားရေးအားဖြင့် ရှင်သန်ကြီးထွားမှု အရှိဆုံး ဒေသဆိုင်ရာ အဖွဲ့ကြီးအဖြစ် အသိအမှတ်ပြုမှုကို ခံယူနေရလျက်ရှိသည့်အတွက် နှစ်ထောင်းအားရဖြစ်မိပေသည်။ အာဆီယံနိုင်ငံများ၏ လူမှု-ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ၀မ်းမြောက်ဖွယ်ဖြစ်ပါသည်။

အာဆီယံ၏ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအားလုံးအပါအ၀င် ကမ္ဘာ့အင်အားကြီး နိုင်ငံအများစုမှ လေးစားလိုက်နာရသည့် နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံစံနှုန်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာသည့်အတွက် အားရမိပေသည်။ အာဆီယံနိုင်ငံသားများ၏ အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ပေးမည့် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းကြီးကိုလည်း မကြာမီ ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်၍ များစွာ ကျေနပ်မိပေသည်။

ပြည်သူ့အခြေခံ အာဆီယံအသိုင်းအ၀န်း ထူထောင်မှုတွင် အာဆီယံပါလီမန်ဆိုင်ရာ ညီလာခံသည် အရေးပါသည့် အားလျော်စွာ ယင်းအဖွဲ့ကြီးက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်အား တင်းပြည့်အဖွဲ့ဝင်အဖြစ် ၂၀၁၁ ခုနှစ်က လက်ခံခဲ့ခြင်းကို များစွာ ကြိုဆိုဂုဏ်ယူအပ်ပါသည်။ ပွင့်လင်းအမြင်ကျယ်သည့် အာဆီယံဖြစ်ပေါ်စေရေနှင့် ပတ်သက်၍လည်း အားဆီယံအနေဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပေသည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် အာဆီယံကို ဗဟိုပြု၍ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတကာရေးရာများတွင် အာဆီယံအနေဖြင့် ပိုမိုအရေးပါလာခဲ့သည်ကို တွေ့ရသည်။

အာဆီယံအနေဖြင့် ထိရောက်သော ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်လာမှုနှင့် အာဆီယံ၏ ဗဟိုအချက်အချာ ကျမှုကို ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။ ယင်းသို့ တည်ဆောက်နိုင်ရန် (၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစ်ညးအဝေးမှ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတကာ အသိုက်အ၀န်းအတွင်းမှ အာဆီယံအသိုက်အ၀န်းဟူသည့် တတိယဘာလီ ကြေညာချက်စာတမ်းကိုလည်း အပြည့်အ၀ အကောင်အထည်ဖော် သွားကြရမည်ဖြစ်သည်။ အာဆီယံအနေဖြင့် ယင်းသို့အောင်မြင်မှုများ ရရှိသည်နှင့်အညီ စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

သို့ဖြစ်၍ အာဆီယံနိုင်ငံသား မြန်မာပြည်သူများအနေဖြင့် ဖွံ့ဖြိုးမှုကွာဟချက်များကို ကျဉ်းမြောင်းစေမည့် အာဆီယံပေါင်းစည်းမှုဆိုင်ရာ ကြိုးပမ်းမှု၊ အာဆီယံဆက်သွယ်ပေါင်းစည်းရေး စီမံချက်များကို အကောင်အထည်ဖော်ရေးအတွက် အကြိမ်(၂၀) မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှ ချမှတ်ခဲ့သည့် ဖနောင်ပင် ကြေညာစာတမ်းနှင့် ဖနောင်ပင်အစီအစဉ်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းဖြင့် ဆောင်ရွက်သွားကြမည် ဖြစ်ပေသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် အာဆီယံပဋိညာဉ် စာတမ်းပါ အခြေခံမူများနှင့်အညီ ဒီမိုကရေစီအခြေခံများနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံကို အခြေခံသော အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ အနာဂတ်၏ ရည်မှန်းချက်ဖြစ်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတော်တစ်ရပ်အဖြစ် ကမ္ဘာ့အလယ်တွင် ပေါ်ထွန်းလာရေးကို ဦးတည်၍ ရှေ့သို့လျှောက်လှမ်းလျက်ရှိပေသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သည်သာမက အာဆီယံ၏ အခြေခံမူများနှင့်လည်း ကိုက်ညီမှုရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည့်အတွက် အာဆီယံမှ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများကို မျှဝေခံစားရသည့်နည်းတူ အာဆီယံအဖွဲ့ကြီး အဓွန့်ရှည်ရှင်သန်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် တာဝန်ယူရမည့် အပိုင်းများလည်း ရှိနေပေသည်။ သို့အတွက်ကြောင့် အာဆီယံ၏ (၄၅) နှစ်မြောက် အထိမ်းအမှတ် အခါသမယတွင် အာဆီယံအဖွဲ့ဝင် တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စများတွင် အာဆီယံ၏ အချက်အချာကျမှုကို ဆက်လက်ထိန်းသိမ်းကြပါစို့။

အာဆီယံကို လူထုကို ဗဟိုပြုသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ပေါက်လာရေးကို ကြိုးပမ်းဆောင်ရွက်ပေးကြပါစို့။ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ အာဆီယံအတွင်း ပိုမိုပီပြင်သည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်ရေး ကြိုးပမ်းသွားကြပါစို့။ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းရွာကို မွတ်ဆလင်များ ရန်စ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအား မွတ်ဆလင်များက တိုက်ခိုက် မည့်လိုလို ရန်စမူများ ပြုလုပ်လာသဖြင့် စစ်တပ်က အချိန်မှီ လာရောက်ပြီး အခြေအနေကို ထိန်းသိမ်း လိုက်ရသည်ဟု သတင်း ရရှိသည်။

ရန်စသည့် အပြုအမူများကို ပြုလုပ်သူ မွတ်ဆလင် ကျေးရွာသားများမှာ ပုရိန် (မွတ်ဆလင်) ရွာမှ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ ရွာအနီးမှာ ပုရိန် ကုလားရွာဆိုတာ ရှိပါတယ်။ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိပါမယ်။ ကျွန်တော်တို့ရွာက အိမ်ခြေ ၅၀ ကျော်လောက်ဘဲ ရှိပါတယ်။ အဲဒီရွာက မွတ်ဆလင် ဘင်္ဂလီ ၂၀ – ၃၀ ခန့်က ကျွန်တော်တို့ ရွာဘုန်းကြီးကျောင်းကို လာဝိုင်းသလိုလို ဟိုနားက တစ်ယောက် ဒီနားကတစ်ယောက် လူရောင်ပြပြီး တက်လာပါတယ်။ ဆရာတော်က ချက်ချင်း မြောက်ဦးမြို့ကို ဖုံးဆက်ပြီး အကြောင်းကြားလိုက်တော့ အဲဒီက ရခိုင်တွေ ဆင်းလိုက်လာတော့ ရွာထဲကို ပြန်ပြေးသွားကြပါတယ်” ဟု ပြောသည်။

ကျောက်တွင်းကုန်းနားတွင် ပရိန်ကုန်းဆိုပြီး ရခိုင်ကျေးရွာ တစ်ရွာရှိပြီး အဆိုပါ ကျေးရွာ(၂) ခုစလုံးမှာ ရွာငယ်များ ဖြစ်ကြကြောင်း သိရသည်။ ၎င်းသတင်း ဖြစ်ပေါ်ပြီးနောက် မြောက်ဦး အခြေစိုက် တပ်ရင်းများမှ စစ်သားများ လိုက်ပါပြီး အခြေအနေကို ၀င်ထိန်းသိမ်းခဲ့ရကြောင်း သူက ဆက်ပြောသည်။

“ အခုက အဲဒီ မွတ်ဆလင်ရွာကို စစ်သားတွေက လုံခြုံရေး ယူပေးထားပါတယ်။ သူတို့က အလိုလိုနေရင်း ရန်စနေတော့ ကျွန်တော်တို့ကလည်း သိပ်သည်းမခံချင်တာနဲ့ ပြဿနာက နောက်တက်လာနိုင်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေကို ခြောက်သလိုလို လှန့်သလိုလို လုပ်နေပါတယ်။ ဒီနယ်က ရခိုင်တွေ အများကြီး နေရာ ဖြစ်ပါတယ်။ သွားလုပ်ရင် ကျွန်တော်တို့ကိုဘဲ မကောင်း ပြောကြလိမ့်မယ်။ ရန်စတာက အဲဒီမွတ်ဆလင် ဘင်္ဂလီတွေ ဖြစ်ကြပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်တပ်က ရောက်ရှိလာသဖြင့် အခြေအနေမှာ ယခု အခါ တည်ငြိမ်နေသော်လည်း စစ်တပ် မရှိပါက ပြဿနာ ပေါ်ပေါက်နိုင်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

အဖြစ်အပျက်မှာ ယမန်နေ့ နေ့လည် ၃ နာရီခန့်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာသားက ပြောကြားသည်။

ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း မြောက်ဦးမြို့ပေါ်မှ နိုင်ငံရေး သမားများကလည်း အတည်ပြု ပြောကြားသည်။

Myanmar Express

မိုးရွာသွန်း၍ ရွှေပြည်သာ၌ ရေကြီး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ် စောင့်ရှောက်လျက်ရှိ

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လိုအပ်သည့် စောင့်ရှောက်ကူညီမှုများ ပေးလျက်ရှိကြောင်း သိရသည်။ သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် အတွင်းရှိ (ဒ/၁၇) ရပ်ကွက်တွင် မိုးရွာသွန်းမှုကြောင့် ရေအမြင့် သုံးပေမှ ငါးပေခန့်အထိ ရေကြီးမှုဖြစ်ပွားရာ နေအိမ် ၁၀၁ လုံးမှ အိမ်ထောင်စု ၁၀၁ စုရှိ ကျား ၂၂၄ ဦး၊ မ ၂၂၄ ဦးတို့ အပါအဝင် စုစုပေါင်း ၄၄၈ ဦးအား ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ငါးဦးနှင့် အရန်တပ်ဖွဲ့ဝင် ၂၅ ဦးတို့က အဆိုပါ ရွှေပြည်သာမြို့နယ် (ဒ/၁၇) ရပ်ကွက် အပိုင်း(၃) မှော်ဘီလမ်း၌ရှိသော အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကယ်ဆယ်ရေးစခန်းဖွင့်ကာ စောင့်ရှောက်ကူညီခဲ့ကြသည်။

သြဂုတ် ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဆိုပါ (ဒ/၁၇) ရက်ကွက် အတွင်း၌ပင် ရေအမြင့် သုံးပေမှ ငါးပေခန့်အထိ ရေကြီးမှု ဖြစ်ပွားခြင်းကြောင့် အိမ်ခြေ ၇၅ လုံးမှ အိမ်ထောင်စု ၇၈ စု၊ ကျား ၁၆၁ ဦး၊ မ ၁၅၉ ဦးတို့အား အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကယ်ဆယ်ရေးစခန်းတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ တို့မှ လိုအပ်သည့် စောင့်ရှောက်ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ယခုအထိ အဆိုပါ မြို့နယ်၌ စောင့်ရှောက်ကူညီခဲ့သူများမှာ အိမ်ထောင်စု ၂၀၀၊ ကျား ၄၃၅ ဦး၊ မ ၄၄၉ ဦးတို့ အပါအဝင် စုစုပေါင်း ၈၈၄ ဦးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဆန္ဒပြပြန်


ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ မြန်မာအစိုးရသံရုံးရှေ့မှာ အင်ဒိုနီးရှားနိုင်ငံသား ၁၀၀ လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယမ် အလှည့်ကျ ဥက္ကဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ယူမှာကို အင်ဒိုနီးရှားသမ္မတ ဆူဆီလို ယုဟိုယိုနို အနေနဲ့ မထောက်ခံဖို့ နဲ့ မြန်မာသံအမတ်ကိုလည်း ပြည်နှင်ဒဏ်ပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီကနေ့ ဂျာကာတာမြို့က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတွေကတော့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ RSS လို့သိရပါတယ်။
သူတို့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြတာက ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးဖို့ မြန်မာအစိုးထံ တောင်းဆိုထားသလို အစ္စလမ်ဘာသာဝင်နိုင်ငံကြီး ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေအရေး ခိုင်ခိုင်မာမာရပ်တည်ပေးဖို့ကိုလည်း တောင်းဆိုကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားသမ္မတ ဆူဆီလို ယုဟိုယိုနိုကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ကြောင်း ဒေသတွင်း လူအုပ်စုကြားဖြစ်ပွားတဲ့ ပဋိပက္ခသာဖြစ်ပြီး မြန်မာအစိုးရ အနေနဲက အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနေကြောင်း သူ့အနေနဲ့ယုံကြည်တယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

Myanmar Express

မြန်မာနိုင်ငံ လူမျိုးတုံး သတ်ဖြတ်နေခြင်းများ မရှိကြောင်း အမေရိကန်ပြည်ထောင်စု ငြင်းဆန်


အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအနောက်ပိုင်း လူမျိုးရေးတင်းမာမှုတွေ မြင့်တက်လာခြင်း အပေါ် စိုးရိမ်မှုတွေ မြင့်တက် နေသော်လည်းပဲ OIC က ပြောကြားတဲ့ လူမျိုးတုံး ရှင်းလင်းသုတ်သင်မှု စွပ်စွဲချက်တွေကို လက်ခံဖို့ ငြင်းဆန်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခေတ္တ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်တဲ့ Patrick Ventrell ရဲ့ ပြောကြားချက် ဖြစ်ပါတယ်။

QUESTION: Some of the Muslim organizations are claiming – saying that this is some kind of ethnic cleansing going on against Muslims in Burma. Do you agree with the assessment?

MR. VENTRELL: What I would say is that we continue to monitor ethnic and sectarian tensions in Burma, in Rakhine state in particular. And as we said before, we continue to urge all parties to exercise restraint, to refrain from further violence, and to uphold principles of nondiscrimination, tolerance, and religious freedom.

Source-http://www.state.gov/r/pa/prs/dpb/2012/08/196205.htm

မေးမြန်းချက်နဲ့ ဖြေကြားချက် ဖြစ်ပါတယ်။

OIC Secretary General Ekmeleddin Ihsanoglu က ဘင်ဂါလီတွေ လူမျိုးတုံး သုတ်သင်ခံနေရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဆောင်ရွက်မှုမရှိတဲ့အပေါ် မကျေနပ်ကြောင်း ပြောကြားချက် ထွက်ပေါ်လာပြီးတဲ့နောက်မှ အမေရိကန် ပြည်ထောင်စုက အခုလို ငြင်းဆန်လိုက်တာ ဖြစ်ပါတယ်။

ဆိုလိုတာကOIC နိုင်ငံတွေက စွပ်စွဲ ပြောကြားနေကြသလို မြန်မာနိုင်ငံမှာ ဘင်ဂါလီတွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ပြုလုပ်နေတယ် ဆိုတာ မဟုတ် ဘူးဆိုတဲ့ သဘော ငြင်းဆန်သွားတာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ အင်ဒိုနီးရှားသမ္မတကိုယ်တိုင် ငြင်းဆန်ပြောကြားခဲ့ပါသေးတယ်။

Myanmar Express

အမှန်တကယ် ငွေရရှိနိုင်မည့် application တစ်ခုကို Facebook တို့ စတင်လွှင့်တင်

လူမှုရေး ကွန်ရက် ဝက်ဆိုက်ကြီး ဖြစ်သည့် Facebook မှာ ၎င်းတို့၏ ပထမဆုံး လောင်းကြေးဖြင့် ကစားနိုင်မည့် ကစားနည်း တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ လန်ဒန် အခြေစိုက် အွန်လိုင်း လောင်းကစား လုပ်ငန်းကြီး ဖြစ်သည့် Gamesys မှာ Bingo Friendzy ခေါ် အသက် ၁၈ နှစ် ပြည့်ပြီးသူများ ကစားနိုင်မည့် application တစ်ခုကို မိတ်ဆက်လိုက်ကာ ပြိုင်ပွဲဝင်များအတွက် တကယ့် ဆုကြေးငွေများကို ရရှိစေမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုလို လွင့်တင်မှု အတွက် ဗြိတိန်မှ အသင်းဝင်များသာ ကစားနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။ facebook ၏ အဓိက ဂိမ်းလုပ်ငန်း ဆက်စပ်သူ Zynga မှာ ၎င်းတို့ အနေဖြင့် အမှန်တကယ် ငွေကြေး ရရှိစေမည့် လောင်းကစားနည်းများကို အွန်လိုင်းမှတစ်ဆင့် လာမည့် နှစ်အတွင်း မိတ်ဆက်သွားမည် ဖြစ်ကြေင်းလည်း သိရသည်။ ယခုလို လုပ်ဆောင်ချက်များနှင့်အတူ Facebook မှ ပြောရာ၌ ၎င်းတို့ အနေဖြင် အသက်မပြည့်သေးသူများ မကစားနိုင်စေရန် အတွက် age-gating ခေါ် နည်းပညာကို သုံးပြီး စစ်ဆေးမှုများ ပြုလ်ုသွားမည် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

Myanmar Express

မြန်မာ့ပထမဆုံး ပို့ဆောင်ရေး နည်းပညာတက္ကသိုလ် ဂျပန်-မြန်မာ ပူးပေါင်းဖွင့်လှစ်မည်


မြန်မာ့ပထမဆုံး ပို့ဆောင်ရေး နည်းပညာဆိုင်ရာ တက္ကသိုလ် ဖွင့်လှစ်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်ကားကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပို့ဆောင်ရေးကဏ္ဍ တိုးတက်စေလိုသည့်အတွက် ဖြစ်ပြီး တက္ကသိုလ် အပါအဝင် ယာဉ်မောင်း သင်တန်းကျောင်းနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ကျောင်းများပါ ဖွင့်လှစ် သင်ကြားသွားရန် အစီအစဉ်ရှိကြောင်း ဂျပန်ကားကုမ္ပဏီလီမိတက် (JCCL) မှ ဥက္ကဋ္ဌ မစ္စတာကာဇူဟီစာ အီဝါမိုတိုက ပြောသည်။

အဆိုပါ ကားကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်အောင်မြင့်ကလည်း “တက္ကသိုလ်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြပြီး ဌာနရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။ တက္ကသိုလ်နှင့် သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစတင် ညှိနှိုင်းချိန်သာ ရှိသေးပြီး စတင်ဖွင့်လှစ်နိုင်မည့် ခုနှစ်ကိုမူ အတိအကျ မသိရှိရသေးပေ။

“သင်တန်ကျောင်းကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ အရင်ဖွင့်နိုင်အောင် လုပ်မယ်။ အဲဒီကျောင်းတွေမှာ အမျိုးသား အမျိုးသမီး မခွဲခြားဘဲ တက်ရောက်ခွင့်ရှိအောင် ဆောင်ရွက်သွားမှာပါ” ဟု ဒါရိုက်တာ ဦးတင်အောင်မြင့်က ဆက်လက်ပြောသည်။

သင်တန်းကာလမှာ နှစ်နှစ်ဖြစ်ပြီး ယာဉ်မောင်း သင်တန်းကျောင်း တက်ရောက်လိုသူများအား နိုင်ငံတကာ အဆင့်မီ သင်ကြားပေးမည် ဖြစ်သလို မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးကျောင်း အနေဖြင့်လည်း မော်တော်ကားများကို အဆင့်မီ ပြုပြင်ပေးနိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်သည်။

တက္ကသိုလ် တက်ရောက်လိုသူများမှာ လေးနှစ် ပညာသင်ကြားရမည်ဖြစ်ပြီး ဘွဲ့လွန်နှင့် ပါရဂူဘွဲ့အထိပါ သင်ကြားနိုင်မည် ဖြစ်ကြောင်း၊ တက္ကသိုလ် အောင်မြင်ပြီးပါက ဂျပန်နိုင်ငံရှိ မည်သည့်မော်တော်ယာဉ် အလုပ်ရုံတွင်မဆို သွားရောက် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဂျပန်ကားကုမ္ပဏီမှ ၎င်းတို့နိုင်ငံတွင် ဖွင့်လှစ်ထားသော ကျောင်းများမှ သင်တန်းသုံး ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းလာမည် ဖြစ်သည်ဟု ဦးတင်အောင်ြမင့်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

တူရကီ နိုင်ငံခြားရေး ၀န်ကြီး စစ်တွေ ဒုက္ခသည် စခန်းများကို သွားရောက်ကြည့်ရှု့


တူရကီ နိုင်ငံခြာရေး ၀န်ကြီးလည်းဖြစ်၊ အစ္စလာမ်နိုင်ငံများ ပူးပေါင်းရေး OIC အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်တဲ့ Ahmet Davutoglu ဟာ ဒီကနေ့ နံနက်က စစ်တွေကို လေယာဉ်နဲ့ အတူ ရောက်ရှိလာပါတယ်။

သူရောက်လာတာနဲ့ ချက်ချင်း သဲချောင်းရှိ မန်ဇီ မွတ်ဆလင်တွေရဲ့ ဒုက္ခသည် စခန်းကို ထွက်ခွာ သွားတယ်လို့ သိရပါတယ်။

အဲဒီက ပြန်အထွက်မှာ မင်းဂံရပ်ကွက်ရှိ ရခိုင် ဒုက္ခသည်တွေကို ၀င်ရောက် ကြည့်ရှု့မယ်လို့ ဆိုပါတယ်။

အခု မျက်မြင်တွေရဲ့ အပြောအရ လုံခြုံရေးကတော့ တော်တော့ကို တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦအောင်မြကျော် ပြောတာက ခုလို လာရောက်တာကို ကြိုဆိုကြောင်းနဲ့ ပြည်ပက မွတ်ဆလင် အဖွဲ့အစည်းတွေ မဟုတ်မမှန် စွပ်စွဲ ပြောဆို နေသလိုမျိုး လူမျိုးတုန်း သတ်ဖြတ်မူ ရှိ မရှိကို သူကိုယ်တိုင် မြင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခုလို တူရကီ နိုင်ငံခြားရေး ၀န်ကြီး လာကြည့်တာ ကောင်းတယ်လို့ ပြောပါတယ်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီးဟာ စစ်တွေကို သီးသန်း စင်လုံးဌား လေယာဉ် (၂) စီးနဲ့ အတူ ရောက်ရှိလာပြီး စစ်တွေဟိုတည်မှာ နေ့လည်စာ စားသုံးမယ်လို့လည်း သတင်း ရပါတယ်။

သူဟာ မနေ့က မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ရခိုင်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တူရကီနိုင်ငံက အလှူရှင်တွေ ပေးအပ်လှူဒါန်းလိုက်တဲ့ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ရခိုင်ဒေသက ဘေးဒဏ်သင့်သူတွေအတွက် အကူအညီပေးချင်တဲ့ အကြောင်းလည်း ပြောတယ် လို့ သိရပါတယ်။

သူနဲ့ အတူ တူရကီ ၀န်ကြီးချုပ်နဲ့ ဇနီးနဲ့ သမီး၊ သူရဲ့ ဇနီးလည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ တူရကီနိုင်ငံက အဆင့်မြင့် တာဝန်ရှိသူ တဦး မြန်မာနိုင်ငံဆီ ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ သူဟာ စစ်တွေကနေ ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန်ပြန်မယ်လို့ သိရပါတယ်။

Myanmar Express

မန္တလေး၌ ဟိုတယ်ဇုန် တည်ဆောက်ရန် အတွက် တံတားဦး မြို့နယ်ကို ရွေးချယ်

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တံတားဦး မြို့နယ်မှာ ဟိုတယ်ဇုန် အသစ် ဖော်ထုတ်ဖို့ အတွက် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ရုံးက အတည်ပြု ပေးလိုက်ပြီ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဟိုတယ် ဇုန်သစ် တည်ဆောက်ဖို့ အတွက် မြေနေရာမှာ ဧက ၅၈၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ဟိုတယ် ဇုန်သစ် တည်ဆောက်ဖို့ အတွက် ယခင်က မြေဧက ၃၅၀၀ မှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိပြီးသား ဖြစ်ပြီး မြေဧက ထပ်မံ လိုအပ် တာကြောင့် ဧက သုံးထောင်ကို ထပ်မံတင်ပြ ရာမှာ ဧက တစ်ထောင်မှာ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်များထဲမှာ ပါဝင်နေတဲ့ အတွက် ဧက နှစ်ထောင်ခန့် ထပ်မံရရှိခဲ့တာ ဖြစ်ပြီး စုစုပေါင်း ဧက ငါးထောင် ငါးရာ နီးပါး ရှိတာ ဖြစ်ပါတယ်။

အဆိုပါ နေရာ မှာတော့ ဟိုတယ်များ အပြင် ကျောင်း၊ ဆေးရုံ၊ ရဲစခန်း အစရှိတဲ့ မန္တလေး မြို့မှာ ရရှိနိုင်တဲ့ ၀န်ဆောင်မှုများ အားလုံးကို ထားရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရင်းနှီး မြှုပ်နှံရာ မှာလည်း ဧက အလိုက် ရင်းနှီးမြှုပ်နှံမှု များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာ များနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၀ ရက်နေ့ မှာတော့ မန္တလေးတိုင်း ဒေသကြီးမှာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး အဆင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

အိန္ဒိယရောက် မြန်မာများ ကုလား ကို ဆန္ဒမပြပဲ သမ္မတကြီး ဦးသိန်းစိန် စက္ကူရုပ်တု ကို မီးရှို့ဆန္ဒပြ

NLD အလံကြီး ရှေ့ဆုံးက

သာသနာရေး အလံလည်းပါ

ရခိုင်အရေးကို ဒီတိုင်းကြည့်မနေပါနဲ့ သမ္မတကြီး ဆိုပဲ

မွတ်ဆလင် မီဒီယာတွေက မြန်မာဘုန်းကြီးတွေကို စော်ကားနေချိန်မှာ သံဃာတွေ ပျောက်နေမှတ်တယ်

ဦးသိန်းစိန်ပုံတူ လုပ်နေတာကိုး

ကိုယ့်နိုင်ငံက သမ္မတကို ကိုယ်တိုင်ကမလေးစားရင် ဘယ်သူက လေးစားမှာလဲ


ဒီလူတွေ ဒီဘုန်းကြီးတွေကို မှတ်ထားကြ

နောက်က ရခိုင် ကိုကယ်ဖို့ ပိုစတာ၊ ရှေ့က မီးတုတ်နဲ့ ဦးသိန်းစိန်

ဘုန်းဘုန်းဘုရား မြန်မာ ဗုဒ္ဓ ဘုန်းကြီးတွေကို ကုလားမီဒီယာတွေ လုပ်ကြံနေတာ ထ ကြည့်ပါအုံးဘုရား

ကုလားတွေက ဦးသိန်းစိန် ဓာတ်ပုံကိုပဲ မီးရှို့တာပါ
မြန်မာ ဗုဒ္ဓဘုန်းကြီးကမှ စက္ကူရုပ်တု သေချာချိုးပြီးမှ ရှို့တာပါ

အိန္ဒိက ကုလားတောင် ဒီလို မလုပ်ဘူး
ဘယ်နိုင်ငံက ကုလားမှလည်း ဒီလိုမလုပ်ခဲ့ဘူး
အသားထဲက လောက်ထွက်တဲ့ မြန်မာတွေပဲ လုပ်တယ်

Myanmar Express

တောင်ကိုရီးယား သမ္မတနိုင်ငံမှ ရခိုင်ပြည်နယ်သို့ အမေရိကန် ဒေါ်လာ နှစ်သိန်း ငါးသောင်း တန်ဖိုးရှိသည့် ပစ္စည်းများ လှူဒါန်း

တောင်ကိုရီးယား သမ္မတနိုင်ငံ အစိုးရမှ ပြည်ထောင်စု သမ္မတနိုင်ငံ၊ ရခိုင်ဒေသ အတွင်းရှိ ပြောင်းရွှေ့ ဒုက္ခသည်များ အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာနှစ်သိန်း ငါးသောင်း တန်ဘိုးရှိ ပစ္စည်းများ လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ လှူဒါန်းမှုမှာ ယာယီ တဲအိမ်ပေါင်း ၇၀၀ နဲ့ တာပေါ်လင် တစ်ချပ်ကို အမေရိကန် ဒေါ်လာ ၃၀ တန်ဘိုးရှိပြီး တာပေါ်လင် ၇၀၀ ကို ကုလသမဂ္ဂ ဆိုင်ရာ မဟာမင်းကြီးများရုံး UNHCR မှတဆင့် လူသားချင်း စာနာထောက်ထားမှု အတွက် ရည်ရွယ်ပြီး လှူဒါန်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာယီတဲ အရွယ်အစားမှာ အလျား ၃.၀ ၊ အနံ ၃.၀ ၊ အမြင့် ၂.၃ မီတာနဲ့ အလျား ၄.၂၁ ၊ အနံ ၅.၀ မီတာရှိ တာပေါ်လင်စ များကို လှူဒါန်း ခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) မှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။

ဒီလို ပေးအပ် လှူဒါန်းပွဲသို့ သြဂုတ်လ ၇ ရက်နေ့က လှိုင်သာယာ စက်မှုဇုန် ၃ ရှိ UNHCR သိုလှောင်ရုံမှ ကျင်းပပြုလုပ်ပြီး တောင်ကိုရီးယား နိုင်ငံမှ ဒုသံအမတ်ကြီး Mr. YUN KANG, Yeon နဲ့ ဦးသိန်းဌေးအောင် တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာန၊ KOICA မှ ကိုယ်စားလှယ် Mr. SHIN Monshik မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express