Thursday, August 9, 2012

ကြို/ပို့ လုပ်ငန်းများအတွက် School Busများကိုအဆင့်မြှင့်မည်

ရန်ကုန်တိုင်းအတွင်း မြို့နယ် အများစုရှိ အစိုးရကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် ကျောင်းကား များအဖြစ်ပြေးဆွဲနေ သောLight truck များမှာ ကျောင်းကားအင်္ဂါရပ်နှင့် မညီ သလို တက္ကသိုလ်၊ ကောလိပ်များ သို့ကျောင်းကြို/ပို့ကားများအဖြစ် အဓိက ပြေးဆွဲပေးနေသော ခရီး သည် ယာဉ်လိုင်းအချို့မှ ယာဉ် များနှင့် စစ်ကျန်ဘီအမ်ယာဉ်များ ၏ ယာဉ်ကြံ့ခိုင်မှုအခြေအနေများ မှာ လိုအပ်ချက်များစွာရှိနေသော ကြောင့်လည်းကောင်း၊ ကျောင်း သားနှင့် မိဘများ၏ လိုအပ်ချက် များကို အဓိကဖြည့်ဆည်းပေးရန် ရည်ရွယ်၍ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်လောက်တွင် ကျောင်းကား ၀န်ဆောင်မှုသီးသန့်အဖြစ်လုပ်ကိုင် သွားဖို့Great Father Landကုမ္ပဏီမှ ဒီလုပ်ငန်းအကောင် အထည်ဖော်ရခြင်းဖြစ်ကြောင်းGreat Father Land Constructin & Decoration Co.,Ltd မှ ပြန်ကြား ရေးတာဝန်ခံကို မိုးကြိုးမှ ပြော ကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်းပြေးဆွဲ နေသော ကျောင်းကားများနှင့် ပတ်သက်၍ “Light truck တွေက ကျောင်းကား၊ အင်္ဂါရပ်နှင့် မညီ ပါဘူး၊ နောက်ပြီးတက္ကသိုလ်တွေ ကို ပြေးဆွဲနေတဲ့ ယာဉ်တွေရဲ့ ကြံ့ခိုင်မှုက လိုအပ်ချက်တွေရှိနေ ပါတယ်။ ဒါကြောင့် နိုင်ငံတကာ မှာ အသုံးပြုနေတဲ့ School Bus တွေ တင်သွင်းပြီး ပြေးဆွဲသွားပါ မည်”ဟု ပြောကြားသွားသည်။

“ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးတက္ကသိုလ်၊ ကောလိပ် များကို စတင်ပြေးဆွဲသွားပါမယ်၊ နောက်ပြီးတော့ ရန်ကုန်မြို့တွင်း၊ မြို့ပြင် ကျောင်းတွေအပြင် ကလေးသူငယ်များရှိတဲ့ မူကြို ကျောင်းတွေအထိပါ စီစဉ်ထားပါ တယ်။ မူကြိုကလေးတွေကိုတော့Super Custom တွေကို အတွင်း ပိုင်းပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး အိမ်တိုင်ရာရောက် ကြို/ပို့သွား မှာပါ။ ပုဂ္ဂလိက ကျောင်းတွေတော့ မပါပါဘူး၊ အစိုးရကျောင်းတွေကို ပဲ အဓိကပြေးဆွဲသွားမှာပါ၊ ကျောင်းကားစီးနင်းခတွေကိုလဲ ပြေးဆွဲနေကြတဲ့ ဈေးနှုန်းတွေ ထက်များပို့မရှိပါဘူး။ ၀န်ဆောင်မှု တွေအနေနဲ့ကတော့ ယာဉ်တွေ ပေါ်မှာ ယာဉ်မောင်ယာဉ်မယ်တွေ ထားရှိသွားပါမယ်၊ ယာဉ်မယ်တွေ ကို အဓိကထားတာကတော့ မိန်းကလေးကျောင်းတွေ၊ ကလေး သူငယ်တွေတက်နေတဲ့ကျောင်းကား တွေမှာ ထားရှိသွားမှာပါ။ ယာဉ် မောင်၊ ယာဉ်မယ်နှစ်ယောက်လို အပ်တဲ့ နေရာတွေမှာလဲထားရှိ သွားပါမယ်၊ နောက်ကျန်းမာရေး ၀န်ဆောင်မှုအနေနဲ့ကားတွေပေါ် မှာ ဆေးသေတ္တာအပြည့်အစုံပါရှိ ပါမယ်၊ ဖျော်ဖြေရေးအစီအစဉ် အနေနဲ့ တီဗီတွေတပ်ဆင်ပေးမှာ ပါ၊ ကျွန်တော်တို့School-Bus တွေကို ကျောင်းတွေမှာ မစီးမနေ ရစနစ်ကျင့်သုံးသွားမှာမဟုတ်ပါ ဘူး၊ စီးချင်လာအောင် အဓိက ယှဉ်ပြိုင်ဆွဲဆောင်သွားပါမယ် နောက်ယာဉ်တွေကို ကိုယ်ပိုင်Service တည်ဆောက်ပြီး ယာဉ် ကြံ့ခိုင်မှုတွေ စစ်ဆေးမယ်၊ ကျောင်းကားကြီးကြပ်ရေးအဖွဲ့ တွေဖွဲ့ပြီး ယာဉ်မောင်းတွေ သောက်တာစားတာ၊ စည်းကမ်း မရှိတာတွေမဖြစ်ရအောင် စစ်ဆေး သွားမယ်၊ စံပြယာဉ်မောင်းတွေ ဖြစ်ဖို့အတွက် အသက်လုပ်သက် တွေကအစသေချာစိစစ်ခေါ်ယူ သွားမည်”ဟု ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။

Great Father Land မှ လုပ်ကိုင်သွားမည့်ကျောင်းကြို/ပို့ ယာဉ်များကို အာရှနိုင်ငံများဖြစ် သော စင်ကာပူ၊ ကိုရီးယား၊ ဂျပန် နိုင်ငံများမှ တင်သွင်းသွားမည်ဖြစ် ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တွင် စတင်ပြေးဆွဲသွားမယ်ရှိသည့် ကျောင်းကြို/ပို့ ယာဉ်များကို စင်ကာပူနိုင်ငံမှ အယောက် ၃၀ —School-Bus အစီးရေ ၃၀ မှာ ၅၀ ကြားတင်သွင်းသွားမည်ဟု သိရှိရသည်။ နောက်ပိုင်းတွင်လည်း လပေးကျောင်းကားမစီးနိုင်သော တက္ကသိုလ်ကျောင်းသားများအတွက် ရည်ရွယ်၍ ကျောင်းသားသီးသန့် ယာဉ်လိုင်းများကို Great Father Land ကုမ္ပဏီမှ ဆက်လက်အကောင် အထည်ဖော်သွားဖွယ်ရှိကြောင်း သိရှိရသည်။

Myanmar Express

အိုးခြမ်းပဲ့ဖြင့် ကျင်းပသည့် ၈ လေးလုံး ငွေရတုအကြို အခမ်းအနား ခြောက်တီးခြောက်ချပ်ဖြင့် ပြီးသွား

ဒီကနေ့ ကျရောက်တဲ့ ၁၉၈၈ ခုနှစ် မင်းမဲ့စရိုက် ဆူပူလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို တနိုင်ငံလုံး အတိုင်းအတာဖြင့် မန္တလေးမြို့တွင် အိုးခြမ်းပဲ့များဖြင့် ကျင်းပခဲ့ပါတယ်။ အိုး အကောင်းများကို ဖင်ဖောက် ကာ မှောက်ထားခြင်း၊ ထပ်ခြမ်းခွဲ ခြင်း တို့ဖြင့် တန်းစီ ပုံဖော်ခဲ့ပြီး ကြက်ဥများကိုလည်း စီတန်းဖော်ပြထားပါတယ်။ ဒါ့အပြင် သင်္ဘောဆေး အနီရောင်များကိုလည်း မှောက်သွန်းထားပြီး ပိတ်စ အနီကြီးကိုလည်း ဘုန်းကြီးကြောင်း တံခါးဝ မှ ချိတ်ဆွဲထားပါတယ်။ နားမလည်နိုင်တဲ့ ပြင်ဆင်မှု များ နှင့် ပတ်သက်ပြီး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက အခုလို ပြောပြပါတယ်..

"ဒါက တော့ ၈ လေးလုံး အခန်းအနားကို ပါဖော့မန့် အသစ်နဲ့ ပြထားတာပါ... ၈ လေးလုံး လူထုအုံကြွမှု က ယောင်္ကျားလေး များသား မက မိန်းကလေး များနဲ့လည်း သက်ဆိုင်ကြောင်းကို သိစေချင်လို့ပါ... ကြက်ဥ တွေက အမျိုးသားတွေကို ကိုယ်စား ပြုပြီး အိုး တွေက တော့ အမျိုးသမီးတွေကို ကိုယ်စား ပြု ပါတယ်။ သင်္ဘောဆေး အနီရောက်တွေကတော့ သေဆုံးသွားတဲ့ သူတွေ အားလုံးကို ကိုယ်စားပြုပါတယ်..." လို့ ဆိုပါတယ်။



၈၈ ကျောင်းသားတွေ ဘာလုပ်လုပ် ထောက်ခံသူများကတော့ အိုးခြမ်းပဲ့ များဖြင့် စီမံထားသော ပုံဖော်မှုကို မယောင်ရာဆီလူး ချီးမွှမ်းခန်းတွေ ဖွင့်နေကြပေမယ့် လူထုအုံကြွမှုတွင် သေဆုံးသူ တစ်ဦးရဲ့ ညီမ ဖြစ်သူကတော့ ဒီကနေ့ ကျင်းကတဲ့ အခမ်းအနားကြောင့် အလွန်အင်မတန် စိတ်ပျက်ရကြောင်း အခုလို ပြောဆိုပါတယ်..

" ငွေရတု အကြို ဆိုပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမယ်လို့ ကြေညာထားတယ်လေ၊ သေဆုံးသူတွေအတွက်လည်း ထူးထူးခြားခြား ဂုဏ်ပြုမယ်ဆိုလို့ လာခဲ့တာပါ... ဒီရောက်တော့ အိုးခြမ်းပဲ့တွေနဲ့ ဂုဏ်ပြုထားတော့ စိတ်ပျက်သွားတယ်... သေဆုံးသွားတဲ့ လူတွေ အတွက် စိတ်မကောင်းဖြစ်မိတယ်.... သင်္ဘောဆေး ဖြန်းမယ့်အစား လက်ရှိ ဟီးရိုး လုပ်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေက သူတို့ရဲ့ သွေးအစစ်ကို ဖောက်ပြီး ဂုဏ်ပြုသင့်တာပေါ့... သေတဲ့လူတွေက အသက်တောင်ပေးထားတာကို.. ကျန်ခဲ့တဲ့လူက အဲ့လောက်တော့ အနစ်နာခံသင့်တာပေါ့... အခုတော့ သေသွားတဲ့လူတွေကိုတော့ အိုးခြမ်းပဲ့ နဲ့ ဂုဏ်ပြုပြီး ကျန်ခဲ့တဲ့ မျိုးဆက်တွေက ထမင်းစားနေကြတာပဲ တွေ့တယ်... "လို့ ဆိုပါတယ်။

အခမ်းအနားကို ၈၈ မျိုးဆက်များနှင့် NLD ပါတီဝင် တို့နဲ့ နီးစပ်သူများကိုသာ ရွေးချယ် ဖိတ်ကြားခဲ့ပြီး လာသမျှ ပရိတ်သက်အားလုံးကလည်း ဘုန်းကြီးကျောင်းမှာ ထမင်းစားသောက် ပြီး ပြန်သွားကြကြောင်း သိရပါတယ်။


၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ ဟင်္သတ နှင့် နေရာအတော်များများ မှာ ကျင်းပ ကာ နီးစပ်သူများကို ထမင်း ကျွေး သဖြင့် ၎င်း တို့ ဆွေမျိုးများ တဖြဲနှဖြဲ စားသောက်နေချိန် တိုက်တိုက်ဆိုင်ဆိုင်မှာပဲ မြန်မာနိုင်ငံ က ဒေသ အနှံ့အပြားမှာ ရေကြီးနေတာကြောင့် ဒုက္ခသည်ပြည်သူများ ထမင်းထုတ် လာပေးမယ့် သူကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။


Myanmar Express

မြောင်းမြ NLD ပြိုကွဲ


မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များက ပါတီတွင်း မကျေနပ်မှုများရှိ၍ ဆန္ဒပြမည်ဖြစ်ကြောင်း ၄င်းပါတီဝင်များက 7Day News သို့ ဆက်သွယ်ပြောကြားသည်။

မြို့နယ်နှင့် ခရိုင်ကော်မရှင်ဖွဲ့စည်းရာတွင် မကျေနပ်မှုများရှိပြီး၊ ဗဟိုကော်မတီ ဆုံးဖြတ်ရာတွင်လည်း ဒီမိုကရေစီနည်းလမ်း မကျ၍ ဆန္ဒပြမည်ဖြစ်ကြောင်း ဦးမြင့်ကျောကပြောသည်။

''မြို့နယ်နဲ့ ခရိုင်ကော်မရှင်ဖွဲ့တာမှာ အဖွဲ့ဝင်ဖြစ်သင့်၊ မဖြစ်သင့်၊ ဥက္ကဋ္ဌဖြစ်သင့်၊ မဖြစ်သင့်၊ အဲဒီ့ကိစ္စတွေ အခု ဖွဲ့စည်းထားတွေတာကို မကျေနပ်လို့ပါ"ဟု ၄င်းက ဆက်လက်ပြောသည်။

ထိုသို့ ဆန္ဒပြရန်အတွက် မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက "ပါတီတွင်းဖြစ်တဲ့ ကိစ္စဆိုတော့ ဆန္ဒပြခွင့် တောင်းဖို့ မလိုပါဘူး။ နည်းဥပဒေထဲမှာလည်း မပါတော့ ဘာမှ မပြောလိုပါဘူး"ဟုပြောသည်။

ထို့ကြောင့် ဆန္ဒပြရန်အတွက် မြောင်းမြမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အင်အား ၃၀၀ ခန့်သည် သြဂုတ်လ ၁၂ ရက် နေ့လယ် ၁ နာရီအချိန်တွင် ယင်းပါတီရုံးမှ ဦးဘချိုးလမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကျင်းပရေး ခရိုင်ကော်မရှင်ရုံးအထိ လမ်းလျှောက်ဆန္ဒပြမည်ဟုသိရသည်။

Myanmar Express

ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့ရန်အတွက် ဂျပန်နိုင်ငံမှ City Bus အစီးရေ ၃၀၀၀ နိုဝင်ဘာလတွင် ရောက်ရှိမည်


မြန်မာနိုင်ငံသည် လွတ်လပ် ပွင့်လင်းမြင်သာမှုရှိလာသည့်နှင့် အမျှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ သည် အဆက်မပြတ်ဝင်လာတော့ မည်ဖြစ်ပြီး ယခုတွင်လည်း ဂျပန် နိုင်ငံ ICE Group Japan Car Co., Ltd. မှ မြန်မာနိုင်ငံ ကုန်းလမ်း ပို့ဆောင်ရေးကဏ္ဍအား အဆင် ပြေချောမွေ့ရန် City Bus အစီး ရေ ၃၀၀၀ အား ရထားပို့ဆောင် ရေးဝန်ကြီးဌာနနှင့် အကျိုးတူပူး ပေါင်းကာ ကူညီထောက်ပံပေး သွားမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ရက်နေ့က Chatrium Hotel တွင် ပြုလုပ်ခဲ့သော ဂျပန် နိုင်ငံ ICE Group နှင့် မြန်မာနိုင်ငံ ကုန်းလမ်းပို့ရေး (ကပရ)၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါကားများအား ၃လ အတွင်း မြန်မာနိုင်ငံသို့ အစီးရေ သုံးထောင်ပို့ပေးသွားမည်ဖြစ် ကြောင်း ICE Group Japan Car Co.,Ltd မှ ဒါရိုက်တာ ဦးတင် အောင်မြင့်မှ ပြောကြားသည်။

““အခုကစပြီး ကျွန်တော်တို့ ဂျပန်နိုင်ငံကနေပြီး ပို့တော့မှာပါ။ ဒီကားအစီးရေ ၃၀၀၀ကို ကျွန်တော် တို့ သုံးလအတွင်း ပို့ပေးမှာပါ။ ပို့ပြီးလို့ သုံးတဲ့နေရာမှာဆိုလည်း ရန်ကုန်မြို့တွင်းရယ်၊ နယ်ဝေးရယ် ဆိုပြီး သုံးစွဲသွားမှာပါ”” ဟု အဆိုပါ ကားကုမ္ပဏီ၏ ဒါရိုက်တာဦးတင် အောင်မြင့်မှ ပြောကြားခဲ့သည်။

ယခု ရန်ကုန်မြို့တော်အတွင်း တွင် လက်ရှိပြေးဆွဲနေသော ယာဉ်အများစုမှာ သက်တမ်းကြာ မြင့်နေပြီဖြစ်ပြီး ယာဉ်ကျန်းမာရေး အခြေအနေသည်လည်း လုံခြုံမှု မရှိသောကြောင့် ရန်ကုန်မြို့တွင် သွားလာလျက်ရှိသော ပြည်သူ များနှင့် ခရီးဝေးသွားနေကျသော ပြည်သူများ လွယ်ကူချောမွေ့စေ ရန် ပို့ဆောင်ရေးကဏ္ဍ ပိုမိုခေတ်မီ တိုးတက်လာရေးအတွက် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။

Myanmar Express

ကျောက်တော် နှင့် မင်းပြား တွင် ည မထွက်ရ အမိန့် ကြေညာ

စစ်တွေမြို့၏မြောက်ဘက်ရှိ ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့် ၁၄၄ ကို ယနေ့ည ၈ နာရီအချိန်တွင် ထုတ်ပြန်ခဲ့ပြီး ည ၇ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရကြောင်း သိရသည်။

အလားတူစစ်တွေမြို့၏အရှေ့ဘက် မင်းပြား မြို့နယ်တွင်လည်း ယနေ့ည ၈ နာရီအချိန်တွင် ညမထွက်ရ အမိန့် ၁၄၄ ထုတ်ပြန်ခဲ့ပြီး ည ၉ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရကြောင်း သိရသည်။

မင်းပြားမြို့နယ်၏ ထုတ်ပြန်ချက်ထဲတွင် တုတ်၊ ဒါး၊ တူမီး ကိုင်ဆောင်ထားပါက သက်ဆိုင်ရာသို့ လာအပ်ရန်နှင့် ထိုသို့မအပ်ခဲ့ပါက စစ်ဆေးတွေ့ရှိလျှင် တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးအရ အရေးပေါ်အပြင်ထွက်ရန် လိုအပ်ပါက သက်ဆိုင်ရာသို့အကြောင်းကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တစ်ပါတည်း ထွက်လို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါဝင်ပါသည်။

Myanmar Express

ဘယ်တော့မှ မွတ်စ်လင်နိုင်ငံမဖြစ်စေရ

ဒီဓာတ်ပုံဟာ ရန်ကုန်မြို့လယ်ခေါင်က အ.ထ.က (၁) ဒဂုံရှေ့မှာ ရိုက်ထားတာပါ။ ကျနော့်ညီမလေး အပြင်သွားရင်း တွေ့လာပြီး ရိုက်ခဲ့တာပေါ့။ ကျနော့်ကိုလည်း ပြောတယ် ကိုကိုရေ နောင် နှစ်ပေါင်းများစွာကြာတဲ့အခါ ညီမလေးတို့ တိုင်းပြည်မှာ မြန်မာမိန်းကလေးတွေ ဒီလိုဖြစ်လာရင် မခက်ပေဘူးလားနော်တဲ့။ ကျနော်က တိကျတဲ့စကားတစ်ခွန်းပြောခဲ့တယ်။ မြန်မာမတွေ ကိုယ်ကျင့်တရားစောင့်ထိန်းနေသမျှ ဘယ်တော့မှ ဒီလိုမဖြစ်လာဘူးလို့။ ကျနော် မြင်နေရတာက ကုလားတွေ လူပါးဝတာဟာ ကိုယ့်မြန်မာမိန်းကလေးတွေ အနေအထိုင်မတတ်တာကြောင့်လည်းပါတယ်။

ကျနော့်ကိုယ်တွေ့ပေါ့ဗျာ ... ကျနော် မြန်မာပြည်ခဏပြန်တော့ .. ဘားတစ်ခုကို သွားခဲ့တယ်။

ရည်ရွယ်ချက်ကတော့ နည်းနည်းပါးပါးသောက်ရုံသက်သက်ပါ။ အဲဒီ့မှာ မိန်းကလေးသုံးယောက် လောက် ကျနော့်နားကပ်လာပြီး အင်္ဂလိပ်လို မေးတယ်။ သူတို့နဲ့ ဘာညာကိစ္စပေါ့ဗျာ။ ကျနော်က ပြည်ပမှာ အနေကြာတာရယ် ..မျက်နှာပေါက်ကလည်း မြန်မာနဲ့သိပ်မတူတာရယ်ကြောင့်ဖြစ်မယ် ထင်တယ် ... ကျနော့်ကို ဂျပန်လား၊ တရုတ်လားတဲ့။ ကျနော်က မသိချင်ယောင်ဆောင်ပြီး ဆက် သောက်နေတော့ ကောင်မလေးတစ်ကောင်က ကျနော့်ဘေးကို ပူးပူးကပ်ကပ်ဝင်ထိုင်တယ်။ သူတို့ ချင်းလည်း ကျနော့်အကြောင်းပြောနေကြတယ်။ အောက်တန်းစားစကားတွေပေါ့ဗျာ။

ကျနော်လည်း သည်းမခံနိုင်တော့တာနဲ့ မြန်မာလိုပဲ ...မယ်မင်းကြီးမတို့ မြန်းပေတော့ ငါ အရက်အေးအေးဆေးဆေးသောက်ချင်တယ်လို့ပြောတော့ ... မျက်လုံးလေးတွေပြူးပြီး ခိုးခိုးခစ်ခစ်နဲ့ ထသွားကြတယ်။ လှည့်ကြည့်လှည့်ကြည့်နဲ့။

ခဏနေတော့ ကျနော့် ဘေးဝိုင်းကို ကုလားတွေလာထိုင်တယ်။ ခုနက ကောင်မတွေကိုလည်းမြင်ရော တစ်ကောင်က ထသွားပြီး အီတော့တာပဲ။ ဈေးညှိတယ်ပေါ့။ အဲဒီ့အချိန် ကျနော့်စိတ်ထဲ တစ်မျိုးဖြစ်လာတယ်။ သူတို့ဖာသည်ဆိုပေမယ့် ငါတို့မြန်မာမတွေပဲဆိုတာမျိုး။ အဲဒါကြောင့် ကျနော်က သူတို့ထဲက တစ်ယောက်ကို လက်ယပ်လှမ်းခေါ်ပြီး မင်းတို့ပြန်ပါတော့လား။ ဒါမှမဟုတ်လည်း တခြားသူနဲ့သွားပါ ကုလားနဲ့မသွားပါနဲ့လို့ တိုးတိုးတိတ်တိတ်ခေါ်ပြောတယ်။

ဒါ ကျနော့်စေတနာ စကားပါ။ ကျနော့်ညီမလေးတွေ ရှိပါတယ်။ ပညာသင်ကြတယ်။ ချစ်စရာကောင်းကြတယ်။ လှလှ ပပလေးတွေ။ မိဘစကားလည်းနားထောင်ကြတယ်။ သူတို့ကို ကျနော့်ညီမလေးတွေနေရာမှာထား ပြီး တွေးမိလို့ ကျနော်က ခေါ်ပြောမိတာ။

အဲဒီ့အချိန်မှာ မထင်မှတ်တဲ့တုံ့ပြန်မှုက အဲဒီ့ အမျိုးသမီးက ကျနော့်ကို ဆဲတော့တာပဲ။ နင့်ကို ခေါ်ခိုင်းတုန်းက အိုက်တင်ခံနေပြီး ... အခုကိုယ် မစားရတော့မှ သူများ လက်ထဲက လာလုနေတယ် ...စသဖြင့်ပေါ့ဗျာ၊ ထပြီး ဟော့တ်ပါလေရော။ ကုလားတွေကပါ ကျနော့်ကို မင်းက ဘာကောင်လဲ ဘာညာနဲ့ ဖြဲမယ့်အဆင်ပေါ့ဗျာ။

ကျနော်လည်း ... စေတနာက ဝေဒနာဖြစ်ရတဲ့အပြင် စောက်ကုလားနဲ့ မလိုက်ပါနဲ့ပြောတာတောင် လာဆဲတော့ ပွဲကြမ်းလေသတည်းပေါ့။ လက်ကလည်း ယဉ်တယ်ဆိုတော့ ကုလား၂ကောင်ရော ကောင်မတွေ ရော ကောင်းကောင်းသယ်ပေးလိုက်တယ်။ ပါးစပ်ကလည်း စောက်ကောင်မတွေ မင်းတို့ဖာခံတာ ငါတို့တိုင်းပြည်သိက္ခာမကျစေနဲ့ လို့၊ အကြိမ်ကြိမ်ဆဲမိတယ်။ ၀ိတ်တာတွေ ၀င်ပြီးရှင်းပေးတော့မှရန်ပွဲလည်း ငြိမ်းသွားတယ်။

ကျနော်က အာခီဒိုကစားဖူးတယ်။ ကာရာတေးရောပေါ့။ ကြုံတုန်းတော့ ကုလားတွေကို ဗျင်းရတာ အတော်လက်တွေ့တယ်။ ကောင်မတွေကိုတော့ စောက်ခွက်ကို တစ်ယောက် နှစ်ချက်လောက်ဆီဖြတ်ရိုက်ပေးလိုက်တယ်။ ကျနော်က မလိုအပ်ရင် ဘယ်သူ့ကိုမှ ရန်မပြုဘဲ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကူညီတတ်သူပါ။ ကျနော့်သွေးထဲမှာ ဆရာဝန်တစ်ယောက်ရဲ့ စိတ်စေတနာတွေလည်းအပြည့်ပါပဲ။

ဒါပေမယ့် အမျိုးဘာသာသာသနာကို ဖျက်ဆီးနေသူ ညစ်ညမ်းအောင်လုပ်နေသူတွေတွေ့ရင်တော့ ဘယ်လိုမှမနေနိုင်ဘူး။ ကျနော့်ညီမလေးမေးတဲ့မေးခွန်းကို ကျနော် ပြတ်ပြတ်သားသားဖြေချင်လိုက်တာဗျာ။ ငါတို့နိုင်ငံဘယ်တော့မှ မွတ်စ်လင်နိုင်ငံမဖြစ်စေရဘူးလို့။

ဒါပေမယ့် စောက်သုံးမကျတဲ့ အချို့သော ဖာသည်အစ ဆွေကောင်းမျိုးကောင်းမတွေ အဆုံး၊ စောက်ဖုတ်သရမ်းပြီး လူ့တိရိစ္ဆာန်တွေနဲ့မျိုးပွားမယ်ဆိုရင်တော့ ရင်လေးစရာပေါ့။ ကျနော်ကတော့ ဗုဒ္ဓဘာသာထွန်းကားရာနယ်မြေအဖြစ် မြန်မာ ပြည်ကို ကမ္ဘာပျက်တဲ့အထိ ရှိနေစေချင်သေးတယ်။ ကျနော့်မိတ်ဆွေ အပေါင်းအသင်းတွေလည်း ကိုယ့်ညီမ ကိုယ့်သမီးကို ခေါင်းမြီးခြုံကုလားမအဖြစ် မမြင်စေချင်ကြဘူးလို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ ရတတ်သမျှတော့ တားဆီးရမှာအမှန်ပဲဗျာ.....။

Myanmar Express

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့တော့မည်

ပြည်သူ့လွှတ်တော် မစမီ မြင်ကွင်း (ဓာတ်ပုံ – Reuters)

အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြစားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တရပ်ကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းသွားရန်ရှိကြောင်း သိရသည်။

အမျိုးသား လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် မကြာမီ ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ပြီး သြဂုတ်လကုန်တွင် ဥပဒေအဖြစ် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းဥပဒေအရ အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတက တာဝန်ယူ ဖွဲ့စည်းရမည်ဖြစ်ကာ သမ္မတက အဆိုပြုသူ ၅ ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦးတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လာဘ်ပေးလာဘ်ယူ ကော်မရှင်အတွက် ကိုယ်စားလှယ် ၅ ဦး အဆိုပြု ပေးရမည်ဖြစ်ရာ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပြုနိုင်ခြေ များပြီး ၎င်းအနေဖြင့် ယင်းကော်မရှင်တွင် ဦးဆောင်နေရာမှ ပါဝင်ဖွယ်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။

“လွှတ်တော် ဥက္ကဋ္ဌတွေက လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်အတွက် ကိုယ်စားလှယ် ၅ ဦးစီ အဆိုပြုရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီကော်မရှင်မှာ ပါဝင်ဖို့ အလားအလာ အများဆုံးနဲ့ ဦးဆောင်တဲ့ နေရာမှာ နေရမယ့် အခြေအနေ တွေ့နေရပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေ အတည်ပြုပြီးလျှင် ဥပဒေအသက်ဝင်ရေး အလေးထား ဆောင်ရွက်ရမည်ဟု ပြောသည်။

“ဥပဒေ အသက်ဝင်ဖို့ ဆိုတာကလည်း တကယ် အသက်ဝင်အောင် လုပ်နိုင်တဲ့သူတွေ ပါမှဖြစ်တာ။ နောက်ပြီး လာဘ်ပေး လာဘ်ယူ တိုက်ဖျက်မယ့် ကော်မရှင်မှာ ပါမယ့်သူတွေ ကိုယ်တိုင်ကလည်း အရင်က နာမည်ပျက် မရှိမှ ဒီကော်မရှင်က အဓိပ္ပာယ်ရှိမှာ။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ဒီကော်မရှင်မှာ ဦးဆောင်မယ်ဆိုရင် အင်မတန်မှ အလားအလာ ကောင်းတယ်။ တိုင်းပြည်အတွက် အဂတိ လိုက်စားမှုတွေ ပပျောက်သွားနိုင်ဖို့ လမ်းစ မြင်နိုင်တာပေါ့” ဟု နိုင်ငံရေးသမား တဦးဖြစ်သူ ဒေါက်တာစောနိုင်က ဆိုသည်။

လက်ရှိ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်က သြဂုတ် ၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားကြောင်း၊ ယင်း ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများအကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ် ထိန်းကျောင်းကာ တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရေး ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က တရားဝင် သတင်းထုတ်ပြန် လိုက်ပြီဖြစ်သည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေအရ နိုင်ငံတော်သမ္မတ၊ အစိုးရ၀န်ကြီးများနှင့် သမ္မတက ခန့်အပ်ထားသော အစိုးရအဖွဲ့ဝင်များ အပါအ၀င် နိုင်ငံရေးရာထူး ရရှိထားသူများသည် အကျင့်ပျက်ခြစားကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁၅ နှစ်အပြင် ငွေဒဏ် ချမှတ်နိုင်သည်ဟု လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံ့ဝန်ထမ်း အရာရှိများအပါအ၀င် လုပ်ပိုင်ခွင့်ရှိ အာဏာရှိသူများ အကျင့်ပျက်ခြစားပါက ထောင်ဒဏ် ၁၀ နှစ်နှင့်ငွေဒဏ်၊ သာမန် အောက်ခြေ ၀န်ထမ်းများနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စဆက်နွှယ်နေသူများ အကျင့်ပျက်ခြစားလျှင် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်ကို လည်းကောင်း ပုဒ်မ ၅၄၊ ပုဒ်မ ၅၅၊ ပုဒ်မ ၅၆ တို့တွင် အတိအလင်း ပြဋ္ဌာန်းထားသည်။

သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့ဝင်များ စီးပွားရေးနှင့် ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားကာ တရားဝင် တင်ပြကြရန် အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ရာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ပထမအဆင့် ခြေလှမ်းဖြစ်ကြောင်း ပြည်တွင်း နိုင်ငံရေးအသိုင်းအ၀န်းက ပြောဆိုကြသည်။

သြဂုတ် ၈ ရက်ကို ဒီမိုကရေစီနေ့ သတ်မှတ်ရေး တိုက်တွန်း

မန္တလေးတွင် ကျင်းပသည့် ရှစ်လေးလုံး ၂၄ လေးနှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ – မန်းသားလေး/ ဧရာဝတီ)

ယနေ့ ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနားများမှ တဆင့် နှစ်စဉ် သြဂုတ်လ ၈ ရက်နေ့ တိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ်သတ်မှတ်ရန် တိုက်တွန်းကြကြောင်း သတင်းရရှိသည်။

မန္တလေး၊ ရန်ကုန်နှင့် နယ်မြို့အသီးသီးတွင် ကျင်းပသည့် အခမ်းအနားများသို့ တက်ရောက်လာကြသူများက ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့သည် မြန်မာနိုင်ငံ နိုင်ငံသူ နိုင်ငံသားအသီးသီး အားလုံး ဦးဆောင်ပါဝင်သည့် ထူးခြားသော သမိုင်းဝင်နေ့ ဖြစ်သည့်အတွက် ထိုကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားများကို မန္တလေး၊ ရန်ကုန်၊ ထားဝယ် အစ ရှိသည့် မြို့နယ်အသီးသီးတို့တွင် လည်းကောင်း၊ နိုင်ငံတကာရောက် မြန်မာများက လည်းကောင်း ကျင်းပကြ သည်။

ထူးခြားသည်မှာ ယခုနှစ် ကျင်းပသည့် နှစ်ပတ်လည် အခမ်းအနားသည် အစိုးရက အသိအမှတ်ပြုသည့် လက္ခဏာဖြင့် ကျင်းပသည့် ပထမဆုံးသော အခမ်းအနားလည်း ဖြစ်သည်။

မန္တလေးမြို့ရှိ ဒက္ခိဏ ရာမ ကျောင်းတိုက်တွင် ယနေ့ နံနက်မှ စတင်ကာ အပိုင်း ၂ ပိုင်းခွဲ ကျင်းပသော ရှစ်လေးလုံး ငွေရတု အကြိုအခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တို့အပါအဝင် တက်ရောက်လာသူ စုစုပေါင်း ၃ ထောင်ကျော်ခန့် ရှိသည်။

အဆိုပါ အခမ်းအနားတွင် ရှစ်လေးလုံး အရေးတော်ပုံ၏ ထူးခြားမှုများကို ပြောဆို ဆွေးနွေးခဲ့ကြသည့် အပြင် ယနေ့ ကျရောက်သည့် ရှစ်လေးလုံး ၂၄ နှစ်မြောက် နေ့တွင် သြဂုတ်လ ၈ ရက်နေ့တိုင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရေစီ နေ့အဖြစ် သတ်မှတ် ကျင်းပသွားကြရန် တက်ရောက်လာသူများနှင့် ဆွေးနွေးသူများက သဘောတူ ဆော်သြကြပြီး ဆက်လက်ကြိုးပမ်းသွားရေး သန္တိဌာန် ချမှတ်ကြောင်း သိရသည်။

“ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ လူတိုင်းက ခေါင်းဆောင်ဖြစ်တယ်၊ နိုင်ငံသားတိုင်းက ဦးဆောင်တဲ့ အရေး တော်ပုံကြီး ဖြစ်တဲ့အတွက် ထူးခြားတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောသည်။

နိုင်ငံပြုပြင် ပြောင်းလဲရေး၊ နိုင်ငံတော် တည်ဆောက်ရေးကို ဖော်ဆောင်ရာတွင် အားလုံး ပူးပေါင်းပါဝင်သည့် နိုင်ငံရေး စနစ် ဖြစ်ရေး၊ ရှစ်လေးလုံး “ဒို့ အရေး” စိတ်ဓာတ် ပြန်လည်နိုးကြား တက်ကြွလာစေရေး အတွက် အားလုံးက ၀ိုင်းဝန်း ကြိုးစားကြရန် တိုက်တွန်းကြောင်းလည်း သူက ဆက်ပြောသည်။

ရှစ်လေးလုံးကာလတွင် ပါဝင်ခဲ့ကြသူများ စုဖွဲ့ထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေးနှင့် လူ့ အခွင့်အရေး၊ ငြိမ်းချမ်းရေးလိုလားသူများ ဦးဆောင်ကာ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌လည်း ရှစ်လေးလုံး အရေးတော်ပုံ ၂၄ ပြည့် အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းနားတွင် နိုင်ငံရေး အကျဉ်းသားဟောင်း ရဟန်း သံဃာ ၂၀ ကျော် တက်ရောက်ပြီး နာယကများအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်တို့က တာဝန်ယူကာ တက်ရောက်သူ စုစုပေါင်း ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

အခမ်းအနားတွင် ဦးတင်ဦး၊ ဦးဝင်းတင်နှင့် တက်ရောက် ဆွေးနွေး ပြောကြားသူများ အားလုံး စည်းလုံး ညီညွတ်စွာဖြင့် ရှစ်လေးလုံး စိတ်ဓာတ်နှင့်အညီ ရှစ်လေးလုံးမှ စတင်သည့် နိုင်ငံရေး ရည်မှန်းချက်များကို ဆက်လက် အကောင် အထည် ဖော်ရန် လိုအပ်ကြောင်းနှင့် သမိုင်းဝင်နေ့ ဖြစ်သည့်အတွက် နောင်တွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ နေ့အဖြစ် သတ်မှတ်ရေး တောင်းဆိုမည်ဆိုသည့် အချက်ကို ဆွေးနွေးသွားကြသည်။

ထို့အပြင် မြန်မာ့သမိုင်းတွင် အကြီးကျယ်ဆုံး အရေးတော်ပုံကြီး ဖြစ်သောကြောင့် ကွယ်လွန်သွားသူများ အတွက် စုံစမ်း ဖော်ထုတ်ပြီး အသိအမှတ်ပြုရေး ဆက်လုပ်သွားရန် လိုကြောင်း ဦးဆောင်ဆွေးနွေးသူများက ပြောဆိုခဲ့ပြီး တက်ရောက်လာသူ များက အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးစားပေး ပြောဆိုဆွေးနွေး သွားကြကြောင်း သိရသည်။

“ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကျဆုံးသွားသူ ၃ ထောင်ကျော် ရှိတယ်လို့ ပြောကြပါတယ်။ ဒီကနေ့အထိ စာရင်း အတိအကျ ကောက်လို့ မရသေးပါဘူး။ ဒါပေမယ့် သေဆုံးသွားကြသူတွေ အားလုံးဟာ ကျနော်တို့အားလုံးရဲ့ ကျေးဇူး ရှင် တွေဖြစ်တယ်။ အာဇာနည်တွေဖြစ်တယ်” ဟု အခမ်းအနား တက်ရောက်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်မင်း က ဆိုသည်။


မန္တလေးတွင် ကျင်းပသည့် ရှစ်လေးလုံး ၂၄ လေးနှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ – မန်းသားလေး/ ဧရာဝတီ)

အလားတူ ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်အဖွဲ့) က ဦးစီးကျင်းပသည့် ထားဝယ်မြို့ ဇေယျဝတီ စာသင်တိုက်၌ သံဃာ များအား ၀ါဆိုသင်္ကန်းကပ်ပြီး ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို ကျင်းပခဲ့သည်။

ထားဝယ်တွင် ကျင်းပသည့် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို တက်ရောက်သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သော ကိုမင်းဇေယျာက သံဃာတော်များကို ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပြီးနောက် ရှစ်လေးလုံး အရေးတော်ပုံ၏ သမိုင်းအကျဉ်း၊ ကျင်းပရသည့် ရည်ရွယ်ချက်တို့ကို တက်ရောက်လာသူ ပရိတ်သတ် ၁၅၀ ကျော်တို့ အား ရှင်းပြခဲ့သည်ဟု သိရသည်။

“လက်ရှိအနေအထားရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ သူ့အလိုလို စေတနာ ရှိလွန်းလို့ ဖြစ်လာတဲ့ အရာ မဟုတ်ဘဲနဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကာလကနေ အခုအချိန်ထိ ဒီမိုကရေစီလိုလားတဲ့ သူရဲကောင်းတွေရဲ့ သွေးတွေ၊ ချွေးတွေ၊ ဘ၀တွေ ရင်းပြီးတော့ ရခဲ့တဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ ဒီ အခွင့်အရေးတွေကို နောက်ပြန် မဆုတ်သွားဖို့ အတွက်၊ ဒီအခွင့် အရေးတွေကို အပြည့်အ၀ ရရှိဖို့အတွက် ဆက်လက်ပြီးတော့ အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟု ကိုမင်းဇေယျာက ပြောသည်။

သမိုင်းတွင် အရေးကြီးသည့် ရှစ်လေးလုံး အရေးတော်ပုံကို အစိုးရက ပထမဆုံး အသိအမှတ်ပြုမှု လက္ခဏာသည် ယမန်နေ့က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် ပြည်ထောင်စု အစိုးရ ၀န်ကြီးများတွေ့ဆုံစဉ်က သိလိုက်ရသည်ဟု ကိုကိုကြီးက ဆိုသည်။

ဝန်ကြီး ၂ ဦးဖြစ်သော ဦးစိုးသိန်း၊ ဦးအောင်မင်းတို့က သမ္မတထံ အသိပေးပြီး သမ္မတ ခွင့်ပြုချက်ဖြင့် လာရောက်သည့် အတွက် ပထမဆုံး ရှစ်လေးလုံး အရေးတော်ပုံကို အသိအမှတ်ပြုသည့် လက္ခဏာကောင်း ဖြစ်ကြောင်း၊ ထို့နောက် ၎င်းတို့က အလှူငွေ ကျပ် ၁၀ သိန်း ပေးအပ်ခဲ့ကြောင်း သူက ဧရာဝတီကို ပြောသည်။

“သမ္မတ ခွင့်ပြုချက်နဲ့ လာတာလို့ ပြောပါတယ်။ ဒါဟာ ရှစ်လေးလုံးကို အသိအမှတ်ပြုတဲ့ သဘောပဲ။ ရှစ်လေးလုံး ဆိုတာ အဖျက်အမှောင့် တခုလို့ တလျှောက်လုံး စွပ်စွဲ ပုတ်ခတ် လာခဲ့ရာကနေ နိုင်ငံတော် အဆင့် အသိအမှတ် ပြုလာတယ် ဆိုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကောင်းတဲ့ အရိပ်လက္ခဏာပဲလို့ နားလည် ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် နှစ်ပေါင်း ၂၄ နှစ်ကြာခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရအဆင့် အသိအမှတ်ပြု ခံရသည့် ပထမဆုံး ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို မန္တလေး၊ ရန်ကုန်၊ ထားဝယ် စသည့် မြို့နယ်အသီးသီးတွင် ကျင်းပကြခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များက ဆိုသည်။

ထို့အပြင် ရှစ်လေးလုံးကာလ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည့် အာဇာနည်များ၏ ဂုဏ်ကျေးဇူးကို လေးစား တန်ဖိုးထားသည့် အနေဖြင့် သမိုင်းမှတ်တမ်း ရှိရန် လိုအပ်ကြောင်းလည်း ယနေ့ အခမ်းအနားများတွင် ဆွေးနွေး ပြောဆို သွားကြကြောင်းလည်း သိရသည်။

မြန်မာ့ လူ့အဖွဲ့အစည်းသည် ဒဏ်ရာများနှင့် ပြည့်နှက်နေသည့် လူ့အဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒဏ်ရာများ ကုစားသည့် နေရာတွင် သမိုင်းမှတ်တမ်းအမှန် ကျန်ရှိဖို့ လိုအပ်ကြောင်း၊ အာဃာတ ထားခြင်းမျိုး မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီး နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ဖြစ်ကြောင်း ကိုကိုကြီးက ပြောသည်။

“အဲဒီလူ့အဖွဲ့အစည်းကို ပြန်ပြီးတော့ ကုစားတဲ့နေရာမှာ ဒီ ဒဏ်ရာ ဒဏ်ချက်တွေ ဖြစ်ခဲ့တယ်၊ ဒီလို မတော် မတရား မှုတွေ ဖြစ်ခဲ့တယ် ဆိုတာကိုလည်း မှန်မှန်ကန်ကန် မှတ်တမ်းတင်နိုင်ဖို့၊ မှတ်တမ်းတင်ပြီး ထိခိုက် ဒဏ်ရာ ရခဲ့တဲ့၊ အနာတရ ဖြစ်ခဲ့တဲ့သူတွေကို အသိအမှတ်ပြုဖို့၊ ဂုဏ်ပြုဖို့ လုပ်တာဟာ ဒဏ်ရာကို အကောင်းဆုံး ကုစားတဲ့ နည်းပဲ” ဟု ၎င်းက ဆိုသည်။

ရှစ်လေးလုံး သမိုင်းမှတ်တမ်းမှန် ရရှိရေး ကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က တွေ့ဆုံခဲ့သည့် အစိုးရ ၀န်ကြီးများကလည်း လက်ခံ နားလည်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“အဲဒီတုန်းက ဘယ်သူတွေ သေခဲ့ကျေခဲ့တာတွေက အစ စာရင်းလေး အင်းလေးနဲ့၊ အဲဒီတုန်းက အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန် ပြုစုနိုင်ရင် ကောင်းတယ်လို့ ဦးစိုးသိန်းကတော့ ပြောပါတယ်” ဟု ကိုကိုကြီးက ဆို သည်။

၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ အနှံ့ လူထု လူတန်းစား အလွှာအသီးသီးက တပါတီအာဏာရှင် စနစ်ကို ဆန့်ကျင်တော် လှန်ခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်ရေး အပြည့်အ၀ ရှိသည့် မြန်မာနိုင်ငံဖြစ်ပေါ်ရေး တောင်းဆို ဆန္ဒပြမှုသည် မြန်မာ့ သမိုင်းတွင် အလွန်ကြီးကျယ်ပြီး မြန်မာနိုင်ငံသစ်ကို မွေးဖွားလိုက်ခြင်း ဖြစ်သည်။

ထိုစဉ်က စစ်တပ်က ရက်စက်စွာဖြိုခွင်း ပစ်ခတ်မှု၊ ဖမ်းဆီးမှုတို့ကြောင့် သေကြေ၊ ဒဏ်ရာရသူ များစွာရှိခဲ့ပြီး သတင်းများ၏ အဆိုအရ နိုင်ငံအဝန်း ၃၀၀၀ ကျော် ရှိသည်ဟု ဆိုသော်လည်း ယနေ့ထိ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု မှတ်တမ်းများ မလုပ်နိုင်သေးပေ။

မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား


မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အကြမ်းဖက် သမားများက ဗုံးဖေါက်ခွဲမည် ဆိုသော သတင်းများကြောင့် အာဏာပိုင်များက ယနေ့တွင် ဈေးဆိုင်တန်းများ၊ လမ်းဘေးဈေးများကို ပိတ်ခိုင်းထားကြောင်း သတင်း ရရှိသည်။

“ ဟုတ်တယ်။ ဗုံးသတင်းကြောင့် ဒီနေ့က ဈေးဆိုင်တွေ၊ လမ်းဘေးဈေးတွေ အပါအ၀င်၊ လူစုလူဝေး မလုပ်ဖို့ ညွှန်ကြားထားပါတယ်” ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

မောင်တောမြို့တွင် ဈေးကြီးကို အရေးအခင်း ဖြစ်ပွားသည့် အချိန်မှ ပိတ်ထားခဲ့ရာ ယခု အချိန်ထိ ပြန်မဖွင့်နိုင်သေးသော်လည်း လမ်းဘေး ဈေးများနှင့် ပြင်ပ ဈေးဆိုင်များကို ဖွင့်လှစ်ရောင်း ချနေကြောင်း သိရသည်။

ယနေ့တွင် အဆိုပါ ဈေးများနှင့် ဈေးဆိုင်များကို ဖွင့်လှစ် မရောင်းချရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း ဒေသခံ အမျိုးသမီးကြီး တစ်ဦးကလည်း ပြောကြားသည်။

“အကြမ်းဖက်သမားတွေ ဗုံးဖေါက်ခွဲမယ်ဆိုပြီး မနေ့ကညနေပိုင်း ကနေ သတင်းတွေ ထွက်နေ ပါတယ်။ ဒီနေ့ လမ်းဘေးဈေးတွေ အားလုံး မနက် ၆နာရီကနေ ပိတ်လိုက်ပါပြီ။ လူတွေကိုလည်း အပြင် မသွားကြဖို့၊ ကိုယ်အိမ်မှာကိုယ်နေကြဖို့ မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတွေက ပြောထားပါတယ်” ဟု ပြောသည်။

အစိုးရ ရုံးအများအပြားလည်း ယနေ့တွင် ပိတ်ထားကြောင်း မျက်မြင် ဒေသခံ လူငယ် တစ်ဦးဖြစ်သူ ကိုမျိုးချစ်က ပြောသည်။ “ အစိုးရရုံးတွေလည်း ဖွင့်တာ မတွေ့ဘူး အစ်ကို။ မနက်ပိုင်းကတော့ အစိုးရ ဘဏ်နဲ့ ကမ္ဘောဇ ဘဏ်ကို ဖွင့်တာတော့ တွေ့လိုက်ရတယ်။ အခုတော့ ပိတ်သွားပြီ။ အထက်တန်းကျောင်းကတော့ အရေးအခင်း ဖြစ်ပြီးကတည်းက ပိတ်ထားတဲ့ အတွက် ကျောင်းက မဖွင့် ဖြစ်သေးပါဘူး။ အခုတော့ လူတွေ အကုန်လုံး အိမ်ထဲမှာနေကြပါတယ်။ လူငယ် တစ်ချို့ ဆိုင်ကယ်နဲ့ သွားလာ တာက လွဲပြီး လမ်းပေါ်မှာ လူမရှိဘူး အစ်ကို” ဟု ပြောသည်။

ဘင်္ဂလီ မွတ်ဆလင် လူမျိုးများမှာလည်း အပြင်ကို မထွက်ကြဘဲ အိမ်တွေတွင် နေထိုင်နေကြသည်ဟု ဆိုသည်။ “ လုံခြုံရေးတွေကတော့ နေရာတိုင်းမှာ ချထားတာကို တွေ့ရပါတယ်။ လမ်းဆုံ လမ်းခွတိုင်းမှာပါဘဲ။ မနေ့ကလည်း မောင်နီရွာဘက်ကို အာရ်အက်စ်အို လက်နက်ကိုင် အဖွဲ့တွေ ၀င်လာတယ်ဆိုပြီး သတင်းရတဲ့ အတွက် စစ်သားတွေ လိုက်သွားတယ်လို့ ကြားရပါတယ်။

ဒါကြောင့် မွတ်ဆလင် ဘင်္ဂလီတွေလည်း အိမ်ထဲမှာ နေနေကြတာကို တွေ့ရပါတယ်” ဟု ကိုမျိုးချစ်က ပြောသည်။

လုံထိန်း၊ ရဲ၊ စစ်တပ် နှင့် နစကတပ်ဖွဲ့ များကို မောင်တောမြို့နယ် ခန်းမဆောင်၊ အလိုတော် ပြည့်ကျောင်း၊ အထက် တန်းကျောင်း၊ ဈေးရုံဝ၊ ဈေးကြီးနှင့် မွတ်ဆလင်ရွာများ၌ တင်းကျပ်စွာ ဖြည့်တင်း ချထားသည်ဟု သိရသည်။

မောင်တောမြို့ပေါ်တွင် နစကနဲ့ လုံထိန်း ကားများဖြင့် လှည့်လည်နေသည်မှ အပ အခြေအနေမှာ အေးဆေး ငြိမ်သက်နေပြီး မုန်တိုင်းမတိုက်မှီ ငြိမ်သက်ခြင်းမျိုးဖြင့် ငြိမ်သက် တိတ်ဆိတ် နေကြောင်း သူက ပြောသည်။

ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို စီမံချက်ချမှတ် အရေးယူရန်အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက်တစ်ရပ် ချ မှတ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန်အဆိုအား သြဂုတ်လ ၈ ရက်နေ့က အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယင်းအဆိုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက''အိမ်နီးချင်းနိုင်ငံများက လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိနေခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မသမာသော နည်းလမ်းများဖြင့် ရယူ ကိုင်ဆောင်ထားခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လူဦးရေ အများဆုံး နိုင်ငံနှစ်ခုကြားမှာ ရှိပါတယ်။ အနောက်ဘက်မှာဆိုရင် လူဦးရေ သန်း ၂၀၀ နီးပါးရှိပြီး လူဦးရေပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း မိုင်ပေါင်းရာချီ ထိစပ်နေတဲ့ နိုင်ငံနဲ့လည်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လူမျိုးခြားတွေ ၀င်ရောက်နေပါတယ်။ အနောက်ဘက်မှာလည်း သူတို့နိုင်ငံရဲ့ အကျယ်အ၀န်းနဲ့ မမျှတဲ့အတွက် လူမျိုးခြားတွေ စိမ့်ဝင်လာနေတာကို စိုးရိမ်ဖွယ် တွေ့ရပါတယ်။ နိုင်ငံသား ဥပဒေတွေလည်း ရှိပါတယ်။ တရားမ၀င် ၀င်ရောက်လာတာတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ မညီညွတ်တာတွေအပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ထားတာ တွေ့ရပါတယ်။ အကျင့်ပျက်၊ ခြစားကာ တိုင်းပြည်ရဲ့ မျက်နှာမထောက်တဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ရတာတွေကို တွေ့နေ ရပါတယ်။ နိုင်ငံသား စိစစ်ရေးကတ်မှာ အချက် အလက်တွေ အကုန်မထည့်ဘဲ ထုတ်ပေးရတာတွေ ရှိပါတယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ မငြိမ်မသက်ဖြစ်စေဖို့ ပြုလုပ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ တရားမ၀င် စိမ့်ဝင်လာတာတွေ၊ စိစစ်ရေးကတ် ကိုင်ထားတာတွေ၊ လူမျိုးခြားတွေကို အရေးယူပေးဖို့ အချိန်ရောက်နေပါပြီ''ဟု တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအဆိုကို မကွေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေက ''ဒီအဆိုကို ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးမှ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ လတ်တလောဆွေးနွေးရင် မီးလောင်ရာ လေပင့်သလို ဖြစ်နေပါတယ်။ မတည်ငြိမ်၊ ဆူပူမှုတွေ ဖြစ်နိုင်ပါတယ်။ မနေ့ကပဲ ကျောက်တော်မှာ မီးရှို့မှု ဖြစ်သွားပါတယ်။ တပ်မတော်နဲ့ ရဲနဲ့ပဲ အလုပ်ရှုပ်ပါတယ်။ အဆိုမှာပါတဲ့ အလုပ်က အခုမှ လုပ်ဆောင်သင့်တာ မဟုတ်ပါဘူး။ အမြဲတမ်း ပုံမှန်လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဆူပူမှု အကဲဆတ်နေတဲ့အချိန်ဖြစ်လို့ လွှတ်တော်အနေနဲ့ မဆွေးနွေးသင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လတ်တလော မွတ်စလင်နိုင်ငံတွေက စောင့်ကြည့်နေတာ ကိုလည်း ကျွန်တော်တို့ခံနေရပါတယ်။ ဒါကြောင့် လတ်တလောဆွေးနွေးဖို့ အချိန်စောနေ ပါသေးတယ်''ဟု ထောက်ပြဆွေးနွေးခဲ့သည်။

အဆိုကိုကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်ရှိသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူဦးရေ ၄၀ ဦးမပြည့်သည့်အတွက် ယင်းအဆိုကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

Eleven Media

အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆို အတည်မဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသည့် Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ)ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင် စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်''အဆိုကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသဖြင့် လွှတ်တော်မှ အတည်မပြုကြောင်း သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိန်ဝင်း(မအူပင် မဲဆန္ဒနယ်)၊ ဦးကျော်မင်း(လက်ပံတန်း မဲဆန္ဒနယ်)၊ ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်)၊ ဦးကျော်မြင့် (မြန်အောင်မဲဆန္ဒနယ်)၊ ဒေါ်မြင့်မြင့်စန်း (၀ါးခယ်မမဲဆန္ဒနယ်)၊ ဒေါက်တာဇော်မြင့်မောင်(ကျောက်ပန်းတောင်း မဲဆန္ဒနယ်)၊ ဒေါက်တာမျိုးအောင်(ဒဂုံမြို့သစ်ဆိပ် ကမ်းမဲဆန္ဒနယ်)တို့မှ ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးကြီးခင်မောင်ထွန်းနှင့် ဗိုလ်မှူးကြီးအောင်မြင့် ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့သည်။ ထို့နောက် ကျားဖြူပါတီမှ ဒေါက်တာစိုင်းကျော်အုန်းနှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးစိုးဝင်းနှင့်ဦးအောင်ဇင်က ပြန်လည်ပြင်ဆင် တင်သွင်းရန် ဆွေးနွေးခဲ့ကြသည်။အဆိုကို ထောက်ခံဆွေးနွေးသည့် ကိုယ်စားလှယ်များမှ ပြောကြားရာတွင် အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများဖော်ထုတ်မှုမှာ ဒီမိုကရေစီနိုင်ငံများ၏ အလေ့အထ ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံသည် ပွင့်လင်းမြင်သာမှုအားကောင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် လက်ဆောင်ပေးမှုမှတစ်ဆင့် လာဘ်ပေးလာဘ်ယူမှု မဖြစ်ပေါ်စေရန် လက်ဆောင်ပေးမှု အတိုင်းအတာ ပမာဏ(Gift Limit)ကို သတ်မှတ်ပေးထားကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ သတ်မှတ်ပေးရန် လိုကြောင်း ဆွေးနွေးခဲ့ကြသည်။

တပ်မတော်သား ကိုယ်စားလှယ်များမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ တွင်ပါဝင်သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းသော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တစ်ကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်ဟူသော ပြဋ္ဌာန်းချက်နှင့် မကိုက်ညီကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်မှ အဆိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲနေသော်လည်း အဆိုကောင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးသည့် အစိုးရအဖွဲ့ဝင်များထံမှ ပိုင်ဆိုင်မှုစာရင်း တောင်းသကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်တွင် ကြီးလေးသော တာဝန်များ ထမ်းဆောင်နေသည့် လွှတ်တော်ဥက္ကဋ္ဌများ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များထံမှလည်း ညီတူညီမျှဖြစ်စေရန် ပိုင်ဆိုင်မှုစာရင်း တောင်းဆိုရန် စဉ်းစားသင့်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

ထိုအခါ အဆိုရှင် ဦးဝင်းမြင့်က'' ဖွဲစည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒုသမ္မတရဲ့ ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေက ပြည်ထောင်စု လွှတ်တော်နာယကဆီကို ပဲတင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက ပိုင်ဆိုင်မှုကို သမ္မတဆီ တင်ရမှာ။ ကျွန်တော်ဆိုလိုချင်တာက အများပြည်သူ သိရှိနိုင်ဖို့ အများပြည်သူ အမြင်ရှင်းဖို့ ပြည်သူကို ထုတ်ဖော်ကြေညာဖို့ အဆိုတင်တာဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသား မဟုတ်ဘူး''ဟု ထပ်မံဆွေးနွေးခဲ့သည်။ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၆၈မဲ၊ ကန့်ကွက်မဲ ၂၇၁မဲနှင့် ကြားနေမဲ ၁၅မဲဖြင့် ရှုံးနိမ့်ခဲ့သဖြင့် အဆိုအတည်မဖြစ်ကြောင်း ကြေညာခဲ့သည်။


ရခိုင်ပြည်နယ်တင်းမာမှု အမေရိကန် စိုးရိမ်

ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီပေးနေတာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့အပေါ် စိုးရိမ်ပူပင်ကြောင်းနဲ့ အကူအညီတွေ ပြန်ပေးခွင့်ပြုဖို့ အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံ တွင်းမှာလည်း ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြပြီး အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်င၊ံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်လို့ စိုးရိမ်တကြီး ဆက်ပြီး စောင့်ကြည့်နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောသွားတာပါ။ အထူးသဖြင့်တော့ ဘာသာရေးနဲ့ လူမျိုးရေးအရ ခွဲခြားမှုတွေ မရှိဖို့နဲ့ ပြဿနာတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ကြဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မနေ့က အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Patrick Ventrell က ပြောသွားပါတယ်။

“မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှုတွေကို ဆက်ပြီး စောင့် ကြည့်သွားပါမယ်။ အခြေအနေတွေကို ထိမ်းထိမ်းသိမ်းသိမ်းကိုင်တွယ်ဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နားလည်သည်းခံဖို့၊ ခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့နဲ့ ဘာသာရေး လွတ်လပ်မှုတွေ ရှိစေဖို့ ဆက်ပြီး တောင်းဆိုပါတယ်။ ဒါ့အပြင် ပြဿနာတွေကို ဖြစ်နိုင်သမျှ ငြိမ်းချမ်းစွာ အဖြေ ထုတ်နိုင်ဖို့ကိုလည်း မြန်မာအစိုးရကို အစဉ်တစိုက် တိုက်တွန်းနေပါတယ်။ အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို မှန်မှန်ကန်ကန် ဖော်ထုတ် အရေးယူသွားဖို့ လည်း တောင်းဆိုပါတယ်။”

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် အရေးပါတဲ့ လူသားချင်း စာနာ အကူအညီပေးမှုတွေ လုပ်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ရပ်ဖို့ ဘင်္ဂလားဒေ့ရှ် ဘက်က ဆောင်ရွက်တဲ့အပေါ်မှာလည်း စိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာသူတွေ ရိုဟင်ဂျာတွေ၊ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်မှာရှိတဲ့ ဘင်္ဂလား ဒေသခံတွေကို လူသားချင်း အကူအညီတွေ ဆက်ပေးနိုင်ရေး အတွက် NGO တွေကို လုပ်ကိုင်ခွင့် ပေးဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထား ပါတယ်။

ဒီအတွက် သံတမန်ရေးအရ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ဆိုပါတယ်။ မကြာခင်ကလည်းပဲ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မွတ်ဆလင် လူမှု အသိုင်းအ၀ိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် Farah Pandith ဟာလည်း ဇူလိုင်လ၂၈ ရက်ကနေ သြဂုတ်လ တစ်ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ရိုဟင်ဂျာတွေ အပါအ၀င် အခြား ဘာသာရေးနဲ့ လူမျိုးစုအဖွဲ့တွေ၊ မြန်မာနိုင်ငံက မွတ်ဆလင်အသိုင်းအ၀ိုင်းတွေ၊ ဒါ့အပြင် အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂဘက်ကတော့ ရခိုင်ပြည်နယ်အတွင်းက ဖြစ်ရပ်တွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ကိုလည်း တောက်လျှောက် တောင်းဆိုနေတာပါ။ မနေ့က ကုလ သတင်းစာ ရှင်းလင်းပွဲ မှာလည်း တရားဥပဒေစိုးမိုးရေးအတွက် ပွင့်လင်းတဲ့ စုံစမ်းမှုတွေလုပ်ဖို့ တိုက်တွန်းထားတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က ပြောသွားပါတယ်။

“ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ Mr.Vijay Nambiar ရော၊ လူ့ အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Navi Pillay ကပါ တောင်းဆိုထားပါ တယ်။ အစိုးရ အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန်ဆောင်ရွက်နေတယ်၊ သမ္မတကိုယ်တိုင်ကလည်း ဒီကိစ္စကို သိမ်သိမ်မွေ့မွေ့ ကိုင်တွယ် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ပြောနေပေမယ့်လို့လည်း ဒီကြေကွဲစရာ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်သွားဖို့ကိုတော့ မစ္စတာ Nambiar က အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

ဒီ စုံစမ်းစစ်ဆေးမှုဟာလည်း တာဝန်ခံ တာဝန်ယူမှုတွေ ရှိဖို့လိုသလို တရားဥပဒေစိုးမိုးရေးကိုလည်း ပေါ်လွင်စေရမယ်လို့ သူက ပြောထားပါတယ်။”

အခုလို တောင်းဆိုထားပေမယ့်လည်း မြန်မာဘက်က ရခိုင်ပြည်နယ်အရေး အစိုးရ သတင်း ထုတ်ပြန်ရေး တာဝန်ရှိသူကတော့ အခု ရခိုင်ပြည်အရေးကိစ္စဟာ ပြည်နယ်အရေးသာ ဖြစ်ပြီးတော့ သီးခြား စုံစမ်းစစ်ဆေးမှုတွေ လုပ်စရာလောက်အထိ မလိုအပ်ပါဘူးလို့ တုံ့ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနားရဲ့ တောင်းဆိုချက် အပေါ်မှာ တုံ့ပြန်ခဲ့တာပါ။ ဒါပေမယ့်လည်း မစ္စတာကင်တာနား မြန်မာနိုင်ငံက ပြန်ပြီး နောက်တရက်မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်ဘက်မှာ မငြိမ်မသက်မှုတွေ ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။

VOA