Tuesday, August 7, 2012

သမင်လည်ပြန် ၈၈


ကျောင်းသားများရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထု တစ်ရပ်လုံးက မဆလ တစ်ပါတီ စနစ်ကို ဗုံးဗုံး လဲကျသွားအောင် စွမ်းဆောင်ခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီးကား နှစ်ပေါင်း နှစ်ဆယ် ရှိခဲ့ပေပြီ။ (ဒီမိုကရေစီ ခေါင်းဆောင်ကြီးတွေ ပြောနေကြ မိန့်ခွန်း အစအတိုင်း ခိုးချလိုက် တာပါဗျာ။ခွင့်လွှတ်ကြပါ။) ထိုနှစ်ပေါင်း နှစ်ဆယ် ကာလအတွင်း ကျွန်ုပ်တို့၏ စွမ်းဆောင်နိုင်မှု၊ အောင်မြင်မှုများကို ပြန်လည် သုံးသပ်ရလျှင်----

အရေးတော်ပုံကာလ အမှိုက်ကစ ပြဿဒ် မီးလောင် ဆိုသကဲ့သို့ပင် လက်ဘက်ရည်ဆိုင်တွင် အရက်မူးနေသော အရပ်သားနှင့် ကျောင်းသားများ ကက်ဆက်အခွေ လုဖွင့်ရာမှ ပေါ်လာသည့် ရန်ပွဲမှစပြီး မဆလ ပြိုကွဲ ခဲ့ရပေသည်။ အကယ်၍ ရန်ပွဲတွင် ကျောင်းသားကသာ လက်ဦးပြီး အရပ်သားများကို အပိုင်တွယ်နိုင် ခဲ့လျှင် ယခုကဲ့သို့ သမိုင်းတွင်မည့် အရေးတော်ပုံကြီး ဖြစ်လိမ့်မည် မထင်။ သို့သော် ဘာပဲဖြစ်ဖြစ် ၁၉၇၆ မှိုင်းရာပြည့် နောက်ပိုင်း ငြိမ်သက်နေသော ကျောင်းသား လှုပ်ရှားမှုကြီးသည် မဆလ အစိုးရကို စိန်ခေါ် ခဲ့လေပြီ။ ထိုလှုပ်ရှားမှုကြီးတွင် ကျောင်းသားေ တွမည်ကဲ့သို့ ပါဝင်ခဲ့ကြသနည်း

ကျောင်းသား ဆန္ဒပြမှုများ ပေါ်လာသည်နှင့် ကျွန်ုပ်တို့သည် နောင်တော် ကျောင်းသားများ၏ သမိုင်းခြေရာကို ထပ်ချပ်လိုက်ပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အလံကို ပြန်လည် လွှင့်ထူရန် ဆောင်ရွက်ခဲ့ကြပေသည်။ သို့သော် ကျွန်ုပ်တို့ကား နောင်တော်များထက် အရူးက တစ်မူး သာခဲ့သည်။ ဗကသ သာမက မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (မကသ)၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ (ရကသ) စသည်တို့ကို အပြိုင်အဆိုင် ဖွဲ့ကြပေ၏။ ထို့ပြင် အာဏာရှင် စနစ် တော်လှန်ရေး ကာလဖြစ်ရကား ဗိုလ်ချုပ်တို့ခေတ် ဗကသ ကဲ့သို့ တစ်ပြည်လုံး ညီလာခံခေါ်ပြီး ရွေးတာမျိုး လုပ်ရန် အချိန်မရ။ မဆလ ကဲ့သို့ပင် ကိုယ့်ဖဲ ကိုယ်ဆင် ကိုယ့်ဖဲ ကိုယ်ချိုး နည်းဗျူဟာဖြင့်ပင် ဘာပြောပြော လက်ခုတ်တီးနေသော ပရိသတ်ကြီးရှေ့တွင် တစ်ယောက်က အဆိုတင်။ ကျန်တစ်ယောက်က ထောက်ခံ။ လူထုကြီး သဘောတူပါလားဟု မေးပြီး အတည်ပြုခဲ့ရပေသည်။

ထိုသို့ ဖွဲ့ရာတွင်လည်း ကျောင်းသား ခေါင်းဆောင်များသည် အနာဂတ် နိုင်ငံရေး လောကတွင် ယခင် လူကြီးများထက် မညံ့ဘဲ လက်သွက် ခြေသွက် ခွက်စောင်း ခုတ်နိုင်ကြောင်းကို ပြနိုင်ခဲ့ကြပေသည်။ ဥပမာ။ မင်းဇေယျတို့က ရန်ကုန် တက္ကသိုလ်ထဲတွင် မကသ ဖွဲ့ရေးအတွက် အစည်းအဝေး ထိုင်နေကြောင်း သတင်းရချိန်တွင် ဆေးရုံကြီးရှိ မိုးသီးဇွန်၊ မင်းကိုနိုင်တို့အဖွဲ့က ချက်ခြင်း ရောက်လာပြီး မင်းဇေယျတို့ လေပေါကောင်းတုံး စင်ပေါ်တက်ပြီး ဗကသ ဖွဲ့လိုက်ကြောင်း ကြေညာကာ ဗကသ ကို မကသ ရှေ့ရောက်အောင် လုပ်ခဲ့ကြသည်။ ထိုအချိန်ထဲက မိုးသီးဇွန်က ခေသူမဟုတ်ကြောင်း ပြခဲ့ပေ၏။

သို့သော် နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲဆိုသကဲ့သို့ပင် ကျောင်းသားများမှာ နိုင်ငံရေး သမားဟောင်းများက နှစ်ကောင်စား ကင်းပေါက်ဖြင့် အနိုင်ပိုင်းသွားခြင်းကို ခံခဲ့ရပေသည်။ ဒေါက်တာ မောင်မောင်က စစ်အုပ်ချုပ်ရေးရုပ်သိမ်းပြီဟု ကြေညာလိုက်ချိန်တွင် မူလထဲက စစ်တပ်နဲ့ ကျောင်းသား ချပေ့စေ၊ ယာလည်းညက် ကြက်လည်းမောဟု ထိုင်စောင့်နေသော မူလပထမ နိုင်ငံရေး သမားများ၊ အလံဖြူ၊ အလံနီဟောင်းများ၊ ဗိုလ်နေ၀င်းက အရူးထက် တစ်မူးသာလုပ်ပြီး ကန်ထုတ်လိုက် သဖြင့် ဘေးထိုင် ဘိုင်ကျ ဘုပြောရင်း မဆလ ပေးသည့် နိုင်ငံရေး ပင်စင်ယူနေသူ ဘောင်းဘီချွတ်များက ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး ဆိုသည့် အေ့စ်သုံးချပ်ကို ချခင်း လိုက်သည့်အခါ စင်ပေါ်မှ ကျောင်းသား ခေါင်းဆောင်များ အောက်ဆင်းပြီး လက်ခုတ်တီးရသည့် ဘ၀ ရောက်သွား ပေတော့သည်။ ( နာလိုက်တာဗျာ။ မဟုတ်ရင် မိုးသီး ၀န်ကြီးချုပ် ဖြစ်နေလောက်ပြီ။)

ဤသို့ဖြင့် ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ ဆရာကြီးများ ထိုင်ခုံလုသည်ကို ထိုင်စောင့်နေရင်းဖြင့် စစ်တပ် အာဏာသိမ်းမှုကို ခံလိုက်ရပေသည်။

န၀တခေတ်

စက်တင်ဘာ ၁၈ ရက်နေ့ ညနေ လေးနာရီခွဲတွင် စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ကြေညာချက် ထွက်လာသည့်အခါ ကြားဖြတ်အစိုးရဖွဲ့ဖို့ အိမ်မက်မက်နေသော ဒီမိုကရေစီ ခေါင်းဆောင်များ ငုတ်တုတ် မေ့သွားကြသည်။ ပါးစပ်ထဲရောက်ခါနီး ထမင်းလုပ် ပုတ်ချခံရသော ကလေးငယ်ကဲ့သို့ လည်းကောင်း၊ ပါးစပ်ထဲက အရိုးကို အလုခံလိုက်ရသော ခွေးအိုကြီးကဲ့သို့ လည်းကောင်း ပြင်းစွာသော အမျက်ထွက်ကုန်၏။ ထို့ကြောင့် ပြည်သူလူထု အပေါင်းက လမ်းပေါ် ထွက်ပြီး ဆန့်ကျင် တိုက်ပွဲဝင်ရန် တောင်းဆိုကြသည်။

သို့သော်ငြားလည်း နိုင်ငံရေး ခေါင်းဆောင်များနှင့် မိုးသီးဇွန်၊ မင်းကိုနိုင်အစရှိသော ကျောင်းသား ခေါင်းဆောင်များသည် လည်းကောင်း အနာဂတ် နိုင်ငံရေးတွင် သူတို့၏ အရည်အချင်းများကို အသုံးချနိုင်ရန် အတွက် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုဘဲ သံရုံးများတွင် လည်းကောင်း၊ ဘုန်းကြီးကျောင်းများတွင် လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်း အိမ်များတွင် လည်းကောင်း ပုန်းအောင်း (မှားလို့) မြေအောက်သို့ ခိုဝင်သွားကြပေသည်။ ဘာမသိ ညာမသိနှင့် လမ်းပေါ် ထွက်လာသော ကျောင်းသားများ၊ ပြည်သူများကား တဲ့တဲ့ပစ်မည်ဟု ကြိမ်းဝါးထားသော စစ်တပ်နှင့် တွေ့ပြီး ကိစ္စချော ကုန်ကြလေသည်။ သို့သော် ၎င်းတို့၏ စွန့်လွှတ်မှုများကား အချည်းနှီး မဖြစ်ပေ။ နောင်တွင် နှစ်စဉ် ရှစ်လေးလုံး ကျရောက်တိုင်း ခေါင်းဆောင်ကြီးများက မိန့်ခွန်း ပြောသည့်အခါ ထည့်သွင်း ဂုဏ်ပြုခြင်း ခံရပေသည်။ ( တစ်နှစ်လုံး လုပ်ချင်တာ လုပ်ပြီး ဇူလိုင် ၁၉ ကျမှ ဗိုလ်ချုပ်ကို သတိရတဲ့ အာဇာနည်နေ့ အတိုင်းပင် ဖြစ်ပါသည်။)

မြေအောက် လျှိုးနေသော ခေါင်းဆောင်ကြီးများက စက်တင်ဘာ ၂၇ ရက်နေ့တွင် န၀တက ပါတီတွေ ဖွဲ့နိုင်ပြီဟု ကြေညာ လိုက်သောအခါ မီတာ တစ်ရာ ပြေးပွဲ တာလွှတ် သကဲ့သို့ စက်တင်ဘာ လဆန်းတုံးက အယုံအကြည် မရှိပါဟု ပြောထားသော ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပြေးပြီး မှတ်ပုံ တင်ကြလေရာ ကမ္ဘာ့စံချိန်ဖြစ်သော ပါတီပေါင်း ၂၃၅ ပါတီအထိ ရောက်သွားခဲ့ပေသည်။ သို့တိုင် အောင် ဒီမိုကရေစီ ခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင်များက စစ်တပ်ကို ကြောက်ပြီး နယ်စပ် ထွက်ပြေးနေသာ ကျောင်းသားများကို ပြန်မလာနဲ့ဦး လက်နက်ကိုင် တိုက်ပွဲဆင်ကြဟု အမိန့်ပေးခဲ့ ကြသဖြင့် ထိုင်းနယ်စပ်တွင် ကျောင်းသား တပ်မတော်ကြီး ပေါ်လာခဲ့ပေတော့သည်။

ကျောင်းသားတပ်မတော်

လက်နက်ကိုင် တိုက်ပွဲဝင်သော ကျောင်းသား တပ်မတော်ကား မြန်မာ့သမိုင်းတွင် ပထမဆုံး သော ကျောင်းသားတပ်မတော်ကြီး ဖြစ်သောကြောင့် ဂုဏ်ယူဖွယ်ရာ ဖြစ်ပေသည်။ ထိုတပ်မတော်ကြီး ဖြင့် ကျွန်ုပ်တို့ ဘာတွေ လုပ်နိုင်ခဲ့သနည်း။

စစ်အစိုးရကို ဖြုတ်ချမည် ဆိုသော စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့သည့် အောက်ခြေ ရဲဘော်များ တိုက်ပွဲတွင် လည်းကောင်း၊ ငှက်ဖျားဒဏ်ဖြင့် လည်းကောင်း ကျဆုံးခဲ့ရပေသည်။

ခေါင်းဆောင်များ၏ အာဏာရှင် ဆန်မှုကို ဝေဖန်မိသော ABSDF ( မြောက်ပိုင်း) မှ ကျောင်းသားများကား စစ်တပ်သူလျှိုဟု ဆိုကာ အသတ်ခံခဲ့ရသည်။

ခေါင်းဆောင်များက မဲဆောက်နှင့် ဘန်ကောက်ကို လွန်းပျံသွားရင်း တိုက်ပွဲများကို ကွပ်ကဲကာ ဒီမိုကရေစီ တော်လှန်ရေး၏ အရသာကို ခံစားကြ၏။ ထိုသို့ခံစားရင် အဝေမတည့်သည့်အခါ အခါလည်သား ကျောင်းသား တပ်မတော် နှစ်ခြမ်းကွဲခဲ့ပေသည်။

ခွဲရေး တွဲရေး လုပ်ရင်းနှင့်ပင် အမြင်ကျယ်လာသော ခေါင်းဆောင်များက တတိယနိုင်ငံသို့ ထွက်ပြီး အနာဂတ ဒီမိုကရေစီ နိုင်ငံတော်အတွက် လိုအပ်သော ပညာများကို သွားရောက် သင်ကြား ကြကုန်၏။ ပြီးသောအခါ မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင်၊ စစ်ရေး ကျွမ်းကျင်သူ ပညာရှင်များ အမည်ခံရင်း Proposal နိုင်ငံရေးနှင့် ဘလော့ဂ် လက်နက်ကိုင် တိုက်ပွဲများကို အားတက်သရော ဆက်လက် ဆင်နွဲ နေကြကုန်သည်။

၎င်းတို့ကဲ့သို့ အမြင်မကျယ်ရှာသော အောက်ခြေ တပ်သားထုနှင့် ထွက်ပေါက် မရှာနိုင်သော ခေါင်းဆောင်ငယ်များက ကျောင်းသား တပ်မတော် အမည်ခံရင် ကေအင်ယူ၊ ကေအင်ပီပီ တို့၏ ပေးစာ ကမ်းစာ စားရင်း။ ကျပန်းလုပ်ရင်းဖြင့် ခေါင်းဆောင်ကြီးများ၏ Proposal နိုင်ငံရေးကြောင့် အောင်ပွဲခံ ရမည့် အချိန်ကို စောင့်နေရ ပေတော့သည်။

ပြည်ပြေး နိုင်ငံရေးသမားများ

၉၀ ရွေးကောက်ပွဲ ပြီးသောအခါ န၀တ လက်ထက်တွင် ဘယ်လိုမှ အာဏာမရနိုင်ဟု မြင်လာ သော နိုင်ငံရေး သမားများ၊ အရေးအခင်း နောက်ပိုင်း ထိန်းသိမ်းခံထားရာမှ ပြန်လွတ်လာသော ကျောင်းသားများ သည်လည်း တောင်ကို ကျော်၍ လည်းကောင်း၊ ထောက်လှမ်းရေးတွင် နောင်နိုင်ငံရေး မလုပ်တော့ပါဟု လက်မှတ်ထိုး၊ ပတ်စပို့်ယူပြီး လည်းကောင်း ( အောင်ဒင်ကို စောင်းပြောတာ မဟုတ်၊ တိုက်ဆိုင်ရင် ခွင့်လွှတ်) ပြည်ပသို့ ရောက်လာကြသည်။

ထိုဆရာကြီးများကား ဂလိုဘယ်လိုက်ဇေးရှင်းခေတ် နိုင်ငံရေးသမားများပီပီ တောထဲတွင် လက်နက်ကိုင် တိုက်ရန် စိတ်မကူး။ တိုက်နေသူတွေကို သောက်ရူးတွေဟု ထင်သည်။ ထို့ကြောင့် နိုင်ငံရေး ခိုလှုံခွင့်ရရန်နှင့် Proposal နိုင်ငံရေး လောကအတွင်း အသံထက်မြန်သော နှုန်းဖြင့် ၀င်နေရာ ယူနိုင်ရန် အတွက် ကြိုးစားကြကုန်၏။ ထို့ကြောင့် ၉၀ ခုနှစ် နောက်ပိုင်း ပြည်ပ ထွက်လာသူများကား ၈၈ တုံးက ခေါင်းဆောင်ခဲ့သည့် အကြောင်း၊ န၀တက ဖမ်းဆီးပြီး နှိပ်စက်သည့် အကြောင်းများကို နားထောင်သူ မျက်ရည်လည်အောင် ပြောတတ်သည်။ စစ်အစိုးရကို နှစ်နှစ်အတွင်း ဖြုတ်ချမည့် စီမံကိန်းများကို မစားရ၀ခမန်း ပြောတတ်၏။ ထိုသူများ၏ ကျေးဇူးကြောင့်ပင် နိုင်ငံတကာတွင် မြန်မာ့အရေး ဆောင်ရွက်သည့် အဖွဲ့များ မိုးဦးကျမှို ထွက်သကဲ့သို့ ပေါ်လာတော့သည်။

နအဖကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူဖို့၊ လုံခြုံရေး ကောင်စီက အရေးယူဖို့ ဆိုသည့် အသံတွေ ကြားလာရ၏။ သို့သော် နအဖ အစိုးရကား ပန်းပန်မြဲ။ တစ်ခုသာ ထူးခြားသည်။ မြန်မာ ပြည်သူတွေ ဘ၀ မပြောင်းသော်လည်း ပြည်ပရောက် ခေါင်းဆောင်များ၏ ဘ၀ကား တိုးတက်လာပေ၏။ ၎င်းတို့၏ ဆွေမျိုး သားချင်းများလည်း ဒီမိုကရေစီ တော်လှန်ရေး သမားများ အဖြစ် ပြည်ပသို့ရောက်လာ၏။ ပြည်တွင်းရှိ မိဘ၊ ဇနီးများထံသို့လည်း ဟွန်ဒီဖြင့် တော်လှန်ရေး ရန်ပုံငွေများ ပေးပို့လာနိုင်ပေသည်။ ကောင်းလေစွ။

ပြည်တွင်းမှ ခေါင်းဆောင်များ

တကယ်တော့ ပြည်တွင်းမှ ခေါင်းဆောင်များဟု ဆိုရန် မသင့်။ ပြည်တွင်းရှိ ခေါင်းဆောင်ဟု သာ ပြောရပေမည်။ အဘယ်ကြောင့်ဆိုသော် အရာရာသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်သာ မူတည် နေသောကြောင့်တည်း။ ဒေါ်စု ထွက်လာရင် ပွဲစည်သည်။ ဒေါ်စု ပြန်ဝင်သွားလျှင်ကား ခေါင်းဆောင်များ အနေဖြင့် ကြေညာချက် ထုတ်ခြင်းနှင့် ရေဒီယိုမှ အင်တာဗျူးခြင်းတည်းဟူသော အလုပ်နှစ်ခုကို အင်တိုက် အားတိုက် ဆောင်ရွက်ကြသည်။ အောက်ခြေ ပါတီဝင်များ အနေဖြင့် နိုင်ငံရေး လုပ်နေတာလား၊ သတင်းထောက် လုပ်နေတာလား၊ စာအုပ် ထုတ်ဝေရေး လုပ်နေတာလားဟု မခွဲခြားနိုင်အောင်ပင် ဖြစ်ခဲ့ရသည်။ ပြည်တွင်း ခေါင်းဆောင်များလည်း ပြည်ပက လူများထက် မညံ့။ သံရုံးများက ရသော ဒီမိုကရေစီ ထောက်ပံ့ကြေးများကို လျှို့ဝှက်ရေးကို အကြောင်းပြပြီး စာရင်းမရှိ အင်းမရှိ သုံးသည့် ပညာတတ် လာကြပေပြီ။ ဆွေမျိုးများကို ပြည်ပ ပို့ကုန်အဖြစ် တင်ပို့တတ် လာပေပြီ။ NLD ဗဟို အလုပ် အမှုဆောင် ဘဘကြီး တစ်ဦးဆိုလျှင် အဖွားကြီးကို ကွာပြီး အထက်မြန်မာပြည်က ပါတီဝင် အမျိုးသမီး တစ်ဦးနှင့် ရွှေတောင်ကြားတွင် အိမ်ဝယ်ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နေပြီ ဖြစ်သည်။ ( ဦးညွန့်ဝေကို စောင်းပြောတာ မဟုတ်၊ တိုက်ဆိုင်မှုရှိလျှင် ကန်တော့ပါခင်ဗျား။)

သို့တိုင်အောင် ထိုခေါင်းဆောင်များ အပေါ် ယုံကြည်နေဆဲ ဖြစ်သော မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်များ၊ ကျောင်းသား မျိုးဆက်သစ်များနှင့် သံဃာများက ရွှေဝါရောင်တော်လှန်ရေးကို ဆင်နွဲခဲ့ သေးသည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများကား ၈၈ တုံးက သောက်ကျင့်အတိုင်း သေချာမှ ၀င်ပါဖို့ ထိုင်စောင့်နေခဲ့သည်။ ထို့ကြောင့်ပင် နှစ်တုံးစားလည်း သဘောမပေါက်သေးသည့် ကျောင်းသားများ သေကြ၊ ကျေကြ၊ ထောင်ကြကျ၏။ သံဃာများလည်း မသက်မသာခဲ့။ ခေါင်းဆောင်ကြီးများကမူ ကြေညာချက်တွေ ထုတ်ပြီး သွားလေသူများကို ဂုဏ်ပြုခဲ့ကြပေသည်။

ဤသည်ကား ကျွန်ုပ်တို့ ဒီမိုကရေစီ တော်လှန်ရေးကြီးကား နှစ်နှစ်ဆယ် ခရီးပေတည်း ။ အားတက် ဖွယ်ရာပါတကား။ ခေါင်းဆောင်ကြီးများ ဘ၀သာယာရေး အတွက် ဒီမိုကရေစီ အော်ရင်း ကျွန်ုပ်တို့ နောက်ထပ် နှစ်ပေါင်း နှစ်ဆယ် ဆက်တိုက်ပွဲဝင်ကြစို့။

ဒီမိုကရေစီ တော်လှန်ရေး အောင်ရမည်။

ခေါင်းဆောင်ကြီးများ သက်တော်ရာကျော် ရှည်ပါစေ။ စီးပွားဥစ္စာ တိုးတက်ပါစေ။ ဆွေမျိုးများကို စောင့်ရှောက်နိုင်ပါစေ။

Myanmar Express

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာ၌ ဂျပန်နိုင်ငံကအပြည့်အ၀ကူညီမည်


၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာ၌ မြန် မာအစိုးရကို ဂျပန်နိုင်ငံကအပြည့်အ ၀ကူညီမည်ဖြစ်ကြောင်း မြန်မာတိုင်း ရင်းသားလူမျိုးများဆိုင်ရာ စေတနာ ရှင်ဂျပန်သံအမတ်ကြီး cc က မြန်မာပို့စ် ဂျာနယ်နှင့်သီးသန့်တွေ့ဆုံစဉ်ပြော ကြားသည်။

“မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံသို့ လာရောက်စဉ်က ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာ အတွက် မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့ပေးဖို့နဲ့ ပတ်သက်ပြီး ညှိ နှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင် ရာညီလာခံတွေမှာ မြန်မာနိုင်ငံကို capacity building မြှင့်တင်ပေးနိုင် ဖို့ အဓိကဆွေးနွေးမှာဖြစ်ပါတယ်။ သင်တန်းတွေပို့ချဖို့လည်း စီစဉ်ထား ပါတယ်။ မြန်မာနိုင်ငံအတွင်း ၀င် ရောက်လုပ်ကိုင်မယ့် ပြည်ပမီဒီယာ တွေကိုလည်း အားပေးကူညီမှာဖြစ် ပြီး ရုပ်သံထုတ်လွှင့်ခြင်းနဲ့ သက်ဆိုင် တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ကိုလည်း ကူညီမှာပါ။ နေပြည်တော် ရှိ အစိုးရတာဝန်ရှိသူတွေကလည်း ဆက်သွယ်မှုမြှင့်တင်လိုကြောင်း အ ခိုင်အမာပြောကြားခဲ့တာကြောင့် ဂျ ပန်အစိုးရလည်း optical fibre ပမာဏအများကြီးကို ရန်ကုန်နဲ့ နေ ပြည်တော်မှာ ၂၀၁၄ မတိုင်မီ ပံ့ပိုး ပေးမှာဖြစ်ပါတယ်။ ပြီးတော့ အစိုးရ ၀န်ထမ်းတွေထဲကအချို့ကိုလည်း ဂျ ကာတာမြို့သို့စေလွှတ်ပြီး အာဆီ ယံဥက္ကဋ္ဌနေရာအတွက် လေ့လာစေ မှာဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘောဒီး ယားလို အာဆီယံဥက္ကဋ္ဌတာဝန်ထမ်း ဆောင်ဖူးတဲ့ နိုင်ငံများသို့စေလွှတ် ပြီး စွမ်းဆောင်ရည်တည်ဆောက်မှု အတွက် ကူညီမှာဖြစ်ပါတယ်”ဟု စေတနာရှင်ဂျပန်သံအမတ်ကြီးက မြန်မာပို့စ်သို့ပြောကြားသည်။

ံ H.E. Mr. Yohei Sasakawa ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေ သည့် နီပွန်ဖောင်ဒေးရှင်းသည် ၁၉၇၆ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ တွင် အကူအညီပေးရေးလုပ်ငန်းများ စတင်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိအ ချိန်တွင် ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး ကဏ္ဍသုံးခု၌ အဓိကပံ့ ပိုးဆောင်ရွက်လျှက်ရှိကြောင်း၊ ၁၉၇၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ၌စီမံကိန်း ၃၇ ခုဆောင် ရွက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉,၈၁၂,၈၇၀ ဖိုးကူညီခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း စီမံကိန်း ၂၀ ကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈,၅၅၅,၃၀၀ ဖိုးကူညီမည်ဖြစ်ကြောင်း၊ မြန်မာအ ပါအ၀င် နိုင်ငံများစွာ၌ အမေရိကန် ဒေါ်လာ ၈၁,၇၇၁,၆၀၀ တန်ဖိုးရှိ စီ မံကိန်း ၁၁ ခုကို ထပ်မံဆောင် ရွက်မည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် ရှမ်းပြည်နယ်၌ စာသင်ကျောင်း ဆောက်လုပ်ခြင်း၊ ကျေးရွာများသို့ တိုင်းရင်းဆေးသတ္တာများဖြန့်ဝေခြင်း၊ ဆေးဖက်ဝင်အပင်များစိုက်ပျိုးခြင်း၊ ရွေ့လျားဆေးခန်းများ တည်ထောင် ခြင်း၊ ခြေတုလက်တုနှင့်အရိုးတုများ ကုသတပ်ဆင်ခြင်းဆိုင်ရာ သင်တန်း ကျောင်းများတည်ထောင်ခြင်း၊ က ရင်ပြည်နယ်တွင် စံပြခြံစိုက်ပျိုးခြင်း နှင့်သင်ကြားပို့ချခြင်း၊ ရခိုင်ပြည်နယ် တွင် စာသင်ကျောင်းများဆောက် လုပ်ခြင်း၊ လူနာတင်ယာဉ်နှင့် လူမှု ရေးလုပ်ငန်းသုံးယာဉ်များ လှူဒါန်း ခြင်းစသည်တို့ပါဝင်ကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် မြန်မာနိုင်ငံ၌ စာ သင်ကျောင်း ၂၀၀ ဆောက်လုပ်ပြီး စီးရန်မျှော်မှန်းထားပြီး၊ ၂၀၁၇ ခုနှစ် တွင် စာသင်ကျောင်း ၃၀၀ ထူ ထောင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Myanmar Express

မြန်မာကျန်းမာရေးဌာနနှင့်မယ်တော်ဆေးခန်း မကြာမီကျန်းမာရေးဝန်ဆောင်မှု ပူးတွဲလုပ်ဆောင်

ယနေ့ မွန်လွဲပိုင်း အစိုးရပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဆရာဝန်များ မယ်တော်ဆေးခန်းတွင်လာရောက်ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းချက်များအရ မယ်တော်ဆေးခန်းမှလူနာအချို့ကို မြ၀တီရှိဆေးရုံတွင်လွှဲပြောင်းကုသပေး မည့်အစီအစဉ်ပါရှိပြီး မကြာမီလုပ်ငန်းအကောင်အထည်ဖော်မည်ဟုသိရသည်။ မြန်မာဆရာဝန်အဖွဲ့မှဆရာဝန်ကြီတစ်ဦးက” ဒီကလူနာတွေကိုမဲဆောက်ဆေးရုံကြီးပို့ရင် ကုန်ကျမဲ့စားရိတ် ထက်မြန်မာဘက်ကဆေးရုံကိုပို့ရင် သုံးပုံတပုံဘဲကုန်ကျမယ်ဖြစ်တယ် ဒီကအခြေအနေတွေကို ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုပြန်တင်ပြသွားမယ်”ဆွေးနွေးပွဲတွင်ပြောသည်။ အစိုးရဘက်ကလည်းလိုအပ်ချက်များကို ထောက်ပံ့ကူညီမှုများပေးသွားမည်ဟု တက်ရောက်လာသည့်ပြည်ထောင်စုဝန်ကြီးများကပြောကြားပြီး။မြန်မာဆရာဝန်အဖွဲ့က မယ်တော်ဆေးခန်း အတွက် ထိုင်းဘတ်ငွေ ၁ သိန်းလှူဒါန်းခဲ့သည်။ ယနေ့ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ဦခင်ရီ၊ဦးစိုးသိန်းနှင့်ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးဇော်မင်းတို့တက်ရောက်ခဲ့ကြပြီး ညနေပိုင်းတွင်မဲဆောက်မှတဆင့် မော်တော်ယာဉ်များဖြင့်မြ၀တီ သို့ပြန်လည်ထွက်ခွာသွားကြသည်။

Myanmar Express

ကင်တေးနားခရီးစဉ် ရခိုင် အတွက် အကျိုး မရှိနိုင်ဟု တွေ့ဆုံခဲ့သူ ဦးအေးသာအောင်က ပြောကြား

“ ကင်တေးနား ပြောတဲ့စကားတွေ အပေါ်မှာ သုံးသပ်လိုက်ရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာမှာ ရခိုင် ဒုက္ခသည် တွေ အပေါ်မှာ အာရုံမစိုက်ဘဲ ဘင်္ဂလီ ဒုက္ခသည်တွေ အပေါ်မှာဘဲ အာရုံ စိုက်တာကို တွေ့ရတယ်။ အဲဒါကြောင့် ကင်တေးနား လာတဲ့ ခရီးစဉ်အပေါ်မှာ ဘကြီးတို့ကတော့ ထူးထူးခြားခြား ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို အကျိုးပြုလိမ့်မယ်လို့ မထင်ဘူး”ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တေးနားနဲ့ တွေ့ဆုံခွင့်ရခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် က ပြောသည်။

ဦးအေးသာအောင်နှင့် ကင်တေးနားတို့ ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံပြီးခဲ့သည်။ သူ့နှင့် တွေ့ဆုံ ခဲ့ပြီးနောက် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေပေါ်မှာ ဘယ်လို မြင်ပါသလဲလို့ နိရဉ္စရာမှ မေးမြန်းရာမှာ ဦးအေးသာအောင်က အထက်ပါ အတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနားသည် ဦးအေးသာအောင် ယခု ဖြစ်နေသော ရခိုင်ပြည်နယ် ပြဿနာအား မည်ကဲ့သို့ ဖြေရှင်းလျှင် ကောင်းမည်နည်းဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ မေးခွန်းကို ဦးအေးသာအောင်က သမ္မတကြီး ပြောကြားသည့်အတိုင်း ဖြေရှင်းသင့် ကြောင်း ဖြေကြားလိုက်သည်ဟု ဆိုသည်။

“တွေ့တာ သုံးလေးရက်ရှိပြီ၊ ရခိုင်ပြည်ကို မသွားခင်က တွေ့တာဖြစ်ပါတယ်။ ဘကြီးက အကောင်းဆုံး ဖြေရှင်းနည်းကတော့ သမ္မတ ဦးသိန်းစိန်ပြောထားတဲ့အတိုင်း တဖက် နိုင်ငံက ခိုးဝင်လာတဲ့ သူတွေကို စစ်ဆေး အရေးယူရမယ်။ စခန်းတခုမှာ ထိန်းသိမ်းထားရမယ်လို့ ဖြေကြားလိုက်ပါတယ် ” ဟု ဆိုသည်။ ဦးအေးသာအောင်မှ မစ္စတာ ကင်တေးနားအား ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်းနှင့် လက်ရှိ အခြေအနေများကို အသေးစိတ် လေ့လာရန်လိုပြီး အခြေအနေမှန်ကို တိတိကျကျ သိမှ ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဘကြီး အဓိကပြောတာက ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အခါ နောက်ခံ သမိုင်းတွေကို သိရှိအောင် ချဉ်းကပ် ကြိုးစားဖို့ လိုတယ်။ မဟုတ်ရင် အဖြေမှန်ကို ရမှာ မဟုတ်ဘူး။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်တွေ့အခြေအနေဟာ နိုင်ငံတကာက အဖွဲ့အစည်းတွေ အပါအ၀င် ကုလသမဂ္ဂ အမြင် တွေနဲ့ လုံးဝခြားနားနေတယ် ဆိုတဲ့ အကြောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ရခိုင် လူမျိုးတွေဟာ ဘင်္ဂလီတွေရဲ့ မီးရှို့တာ၊ သတ်ဖြတ်တာကို ခံရတဲ့အကြောင်း၊ စစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တလျှောက်မှာတော့ခါ နှစ်ဖက် အပြန်အ လှန် မီးရှို့ဖျက်စီးမှုတွေ ရှိတဲ့ အကြောင်းကို ပြောပြလိုက်ပါတယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး တိကျ မှန်ကန်သော အစီရင်ခံစာမျိုး ထွက်လာပါမှ ကမ္ဘာပြည်သူများ အနေဖြင့် အဖြစ်မှန်ကို သိရှိကြမည် ဖြစ် သဖြင့် ၎င်းကဲ့သို့ အစီရင်ခံမျိုးကို ဘက်မလိုက်ဘဲ ရေးသားပေးရန် လိုအပ်ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့ တွင် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU က မစ္စတာ ကင်တားနားထံ စာရေးသား တောင်းဆိုခဲ့သည်။

Myanmar Express

မြန်မာနိုင်ငံတွင် သုံးနှစ်အတွင်း စတော့ဈေးကွက် အကောင်အထည်ပေါ်လာမည်

အခြားနိုင်ငံများတွင် စတော့ဈေးကွက်ကို ငါးနှစ်အချိန်ယူ၍ ဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံတွင် စတော့ဈေးကွက် သုံးနှစ်အတွင်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ငွေကြေးကျွမ်းကျင် ပညာရှင်များထံမှ သိရသည်။ စတော့ဈေးကွက် ပေါ်ပေါက်လာစေရန် အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက် နေကြသည့်အတွက် ၂၀၁၅ ခုနှစ်တွင် စတော့ဈေးကွက် ဖြစ်ပေါ်လာမည်ဟု သက်ဆိုင်ရာ ပညာရှင်များက ဆိုလိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များသည် မိမိစီးပွားရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လိုပါက အရင်းအနှီးအတွက် ဘဏ်များမှ ချေးယူနေရခြင်းများ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် စတော့ဈေးကွက် ဖြစ်ပေါ်လာပါက ကုမ္ပဏီ၏ ရှယ်ယာများကို ဈေးကွက်တွင် ရောင်းချခြင်းဖြင့် အရင်းအနှီး ရနိုင်တော့မည်ဖြစ်ရာ ဘဏ်တိုးနှုန်းပေး၍ ချေးယူရန် မလိုအပ်တော့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ စတော့ဈေးကွက် ထူထောင်ရန်အတွက် လာရောက်ကမ်းလှမ်းသည့် ကုမ္ပဏီအများစုမှာ တရုတ်နှင့် ဂျပန်နိုင်ငံတို့မှဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ဒါတွေကို ဘယ်သူပြုပြင်မလဲ

မရှက်တက်တဲ့  မျက်နှာတွေနဲ့  သန်းပေါင်းများစွာထဲက ကလေးငယ်တွေကို ၀တ်စားဆင်ရင်မူ့ သရုပ်ပြအမှားပြတဲ့  ရုပ်၇ှင်သရုပ်ဆောင်၊မော်ဒလ်မင်းသမီးတွေကို ဘယ်ဂျာနယ်တွေ က မဖြစ်သင့်ဘူးလို့  ရှုံ့ ချပေးဖူးသလဲ ဦးဇင်ဝိုင်းတို့  ကရော ဘယ်လိုတားမြစ်ထိန်းချူပ်ဖို့  စည်းကမ်းတွေချမှတ်ဖို့  အစီအစဉ်၇ှိသလဲ ထက်ထက်မိုးဦးကို ဘာလို့  အိမ်ထောင်ဆက်များရတာလဲမေးခွန်းမျိုးကို သတင်းထောက်ကမေးခွင့်ရှိသလဲ မေးသင့်သလား ဒီလိုမျိုးဖြစ်ပေါ်လာရင် အယ်ဒီတာချူပ်တို့  က သတင်းထောက်အမှားပါလို့  ဘယ်ချိန်တုန်းက ၀န်ခံဖူးသလဲ

ဗြိန်တိန် ၀န်ကြီးချူပ်က သမ္မတ နာမည်ကို ဦးသန်းရွှေနဲ့ မှားပြောတဲ့  သတင်းစာရှင်းလင်းပွဲကိုဖြစ်သင့်သလားဆိုတဲ့  ခေါင်းစဉ်နဲ့  ဘယ်ဂျာနယ်မှာဖော်ပြခဲ့ ဖူးသလဲခုလိုတီရှပ်တွေ ၀တ်ပြီးတော့  ဘယ်သူတွေကများ ကန့် ကွတ်ဖူးသလဲရိုဟင်ဂျာကို တိုင်းရင်းသားမဟုတ်ပါဘူးလို့  သမ္မတက ရိုးရိုးလေး ဗမာစကားနဲ့  ပြောတယ်ကမ္ဘာကို သိအောင် ဘယ်ဂျာနယ်တွေက စွမ်းဆောင်နိုင်သလဲတခြားနိုင်ငံက မီဒီယာနဲ့ ပြိုင်ပြီး ယှဉ်နိုင်အောင် ဘယ်မီဒီယာက စွမ်းဆောင်နိုင်ခဲ့ သလဲဆရာမတွေ ကျူရှင်ပြစားတာကို မီဒီယာတွေဖွတယ်လစာနဲ့  တန်အောင် တိုးမြှင့်ပေးသင့်တဲ့  အဆိုတခု ဖြစ်ပေါ်လာဖို့ ကျတော့  ဘယ်ဂျာနယ်တွေမှာ ဖော်ပြပေးဖူးခဲ့ သလဲလာဒ်စားတဲ့  ဆိုတဲ့ စကားလုံးနဲ့  ဗိုလ်ချူပ်တွေကို အပုတ်ချတယ်ခုခေတ်မင်းသားတောင် ကပ်တုံးကျော်တာက အစ လူစားထိုးနေရတဲ့ သူတွေကရှေ့ တန်းမှာ အစားအသောက်ပင်ပန်းစွာနဲ့ တိုင်းပြည်တာဝန်ထမ်းနေတဲ့ သူတွေကို ပြည်သူတွေသိအောင်ပြောဖို့ ကျတော့  ဘယ်မီဒီယာတွေက အားထုတ်ခဲ့ ဖူးသလဲကြားဖြတ်ရွှေးကောက်ပွဲ မှာ မန္တလေး ကြော်ငြာဆိုင်းပုဒ်ပေါ်ကနေထိတောင် သတင်းယူခဲ့ ဓါတ်ပုံ၇ိုက်ခဲ့ တဲ့ သူတွေကရခိုင် လူသတ်တဲ့ နေရာမှာ ဘယ်ရောက်နေခဲ့ သလဲ

တခါတလေ

(မဟုတ်ဘူး)

နဲ့ 

(မသိဘူး)ဆိုတဲ့  စကားက တခြားနေရာမှာသာ မသိသာတာပါရခိုင်အရေးမှာတော့ သိပ်သိသာတယ် ဒါမှ ဘယ်သူခေါင်းဆောင်တယ် ဘယ်သူခေါင်းရှောင်တယ်သိအောင် ဘယ်ဂျာနယ်တွေ ဖော်ပြဖူးသလဲ

ဒေါ်အောင်ဆန်းစုကြည် ဆုယူပြန်အလာ ဆန့် ကျင်တဲ့ သူတစုက ကုလားမ အသုံးအနှန်းနဲ့  သုံးသွားတာ ဘယ်ဂျာနယ်မှာဖော်ပြခဲ့ ဖူးသလဲ

လွှတ်တော်မှာ ကြံဖွတ်အမတ်တွေ အိပ်နေတဲ့ ပုံကို အားပါးတရဖော်ပြခဲ့ ပြီးတော့  NLD အမတ်တွေ အိပ်တာကျတော့  ဘယ်သူတွေ ဘယ်ဂျာနယ်တွေဖော်ပြခဲ့ သလဲ

တချို့ သူတွေ ကိုဇောင်းပေးဖော်ပြတယ် နိုင်ငံတော် ဒုသမ္မတ ရခိုင်သွားတဲ့ သတင်း သဲ့ သဲ့ လေးပဲပါတယ် ဘယ်ဂျာနယ်က တလေးတစားဖော်ပြခဲ့ သလဲ

ဦးသိန်းစိန်ကို ဒီမိုလမ်းကြောင်းပေါ်ထွန်းဖို့ ဘယ်သူတွေ ဖိအားပေးခဲ့ သလဲ ရဲရဲသာ ဖွင့် လိုက် ပါ အဲလို့ ဖွင့် လိုက်တာနဲ့  သန့် ရှင်းတဲ့ လေနဲ့  အတူ ပိုးမွှားလေးတွေတော့ ပါကောင်းပါရဲ့ လို့ ဖိအားပေးခဲ့ ဖူးတယ်

ခုဆန်ရှင်အရေးမှာ ဖွင့် လိုက်ရင် စီးပွားရေးလုပ်ငန်းရှင်တွေပဲချမ်းသာလိမ့် မယ် အတွေးနဲ့  ၀မ်းသာနေတဲ့  ၊လမ်းကြောင်းပေးနေတဲ့  ဂျာနယ်တွေ တသီကြီး လမ်းဘေးမှာ အထည်ချုပ်စက်ရုံမှာ အလုပ်မရတော့ လို့  တနေ့  ၃၀၀၀ နဲ့  ဘိလပ်မြေသယ်နေရတဲ့  အလုပ်သမတွေ အများကြီး ဒါဆန်ရှင်ကြီးက မဖြစ်သင့်ပါဘူးလို့  မြန်မာနိင်ငံကို လာတဲ့ သူမှန်သမျှကို သိအောင် ဘယ်ဂျာနယ်တွေက ဖော်ပြဖူးသလဲ တောင်းဆိုဖူးသလဲ

မြန်မာနိုင်ငံကို ထူးထူးဆန်းဆန်း ဂြိုလ်သားတွေ လာတာကျနေသလိုမျိုး ဓါတ်ပုံလေးရိုက်ရ ဂျာနယ်မှာဖော်ပြလိုက်တာနဲ့  ကျေနပ်နေတဲ့  မီဒီယာတွေ အများကြီးပဲ မောင်ရွှေသွေး ဘောလုံးပွဲ ဆုချီးမြှင့် တဲ့ သတင်းကျတော့  ရအောင်ဖော်ပြနိုင်တဲ့ သတင်းထောက်တွေ ဘယ်အချိန်မှာ ဘယ်သူကို စပွန်ဇာ ဦးတေဇပေးခဲ့ တာကို ဖော်ပြနိုင်တဲ့  သတင်းထောက်တွေ ဆင်ဆာမလိုဘူးဆိုရင် ခုခေတ်သရုပ်ဆောင်မော်ဒလ်တွေကို ဘယ်လို ဆင်ဆာမျိုးနဲ့  ထိန်းချူပ်မလဲ

ပြန်ကြားရေး သတင်းဌာနမလိုရင် X2Oလိုမျိုး နောက်တကြိမ် အကြီးစား အကြမ်းဖက်မူ့ ဖြစ်ခဲ့ ရင် ဘယ်တာဝန်ရှိဌာနက ပြည်သူတွေ သိအောင်ဖော်ပြမလဲ ယဉ်ကျေးမူ့ ဌာန က ဖော်ပြပေးရမှာလား

နေရာရယ်
အချိန်ရယ်
သတင်းရယ်
အတင်းရယ်
အဖျင်းရယ်
ပေါတဲ့  ဒီမြန်မာနိုင်ငံက မီဒီယာတွေကို......................

ကဲ ဒါတွေ ကို ဘယ်သူကစပြီး ဘယ်ဥပဒေနဲ့  ပြုပြင်မှာလဲဗျာ

Myanmar Express

(၈၈) လက်သီးဆုပ်များရဲ့ ရာဇဝင်မြောက် အမိန့် 


ပြောကြရမယ်ဆိုရင်
ဒီလက်သီးဆုပ်တွေက
ပုဆိုးခြုံ ထမီခြုံထဲက ပြခဲ့တာမဟုတ်ဘူး၊
အာဏာရှင်သေနတ်ပြောင်းထွက်တဲ့ ကျည်ကြား
ပြခဲ့တဲ့ ရဲရင့် လက်သီးဆုပ်တွေ။

ရှစ်လေးလုံးဆိုတဲ့ ၈-ရက်၊ ၈-လ၊ ၈၈ ဟာ
နုနယ်တဲ့ လက်သီးဆုပ်တွေ လေထဲမြှောက်ရင်း
ဟစ်ကြွေးခဲ့တဲ့ ကျောင်းသား၊ ပြည်သူတွေရဲ့ အသံဟုန်
ဧရာဝတီမြစ်ဝှမ်းကနေ မေခ-မေလိခ အထက်ဆန်
တနှင်္တရိုး ဖြိုးမောက်သွားခဲ့တယ်။

ရန်ကုန်မြစ်မှ ပင်လယ်ဆီ လှိုင်းထန်
ပင်လယ်မှ သမုဒ္ဒရာများစီး မုန်တိုင်းဖြစ်
တံတိုင်းခတ်ထားမရ ကြားစေခဲ့တဲ့ (ဒို့ အရေး)
ဒီမိုကရေစီ ရရှိရေး (ဒို့ အရေး-ဒို့ အရေး)။

ရှေ့ နောက်တောင်မြောက် အရပ်ရပ်ကမ္ဘာက
ပေါင်မုံ့ စားသူတွေ၊ အာလူးစားသူတွေ
ခေါက်ဆွဲစားသူတွေ၊ ဂျုံပြားစားသူတွေ
ဆူရှီစားသူတွေ၊ ဆန်ထမင်းစားသူတွေ
အားလုံး အာရုံစိုက်ခဲ့ရတဲ့ အဖြစ်။

ရှစ်လေးလုံးဟာ
ဓမ္မနဲ့ အဓမ္မ သရုပ်ခွဲပြတယ်၊
အပ်တိုတချောင်းမရှိဘဲ
မိုးပေါ်ထောင်မပစ်တဲ့ ကျည်ရှေ့ ရင်ဖွင့်ပြတယ်၊
အာဏာရှင်ရဲ့ထိုင်ခုံ မိုးကြိုးပစ်ပါရောလား။

အာဏာရှင်ဆိုတာကလဲ ဇ-နဲ့ ၊ ခေသူမဟုတ်
တစစီကွဲသွားတဲ့ ထိုင်ခုံကို ကော်နဲ့ ပြန်ဆက်-ထိုင်တယ်၊
အာဏာရှင်နံရံကို ထိုးတဲ့လက်သီးများ သွေးစီးဆဲ
စီးသွေးတွေ သွေးစည်းနေတော့ အာဏာရှင်နဲ့ ထိပ်တိုက်တွေ့ 
အဲ့သလိုနဲ့ ပွဲကြမ်းလာလိုက်တာ ကျောင်းသားတွေ၊ ဒီမိုတွေဟာ
စကြဝဠာထဲက ပဲ့ကြွေလာတဲ့ ဥက္ကာပျံတွေလို
ကမ္ဘာထဲ လွှင့်စင်ဝဲလိမ့်သွားခဲ့ပေါ့ (၂၄)နှစ်၊
တချို့ က- တောထဲတောင်ထဲ သေနတ်ဆွဲ
တချို့ က- ရုံးထဲ ဂတ်ထဲ ထောင်ထဲ
တချို့ က- ဟန်မပျက် ငြိမ်သက် ပြာဖုံးမီးခဲ
၈၈ ရဲ့အခန်းဆက်များ
ဒီမိုးက ရေစီးသွားတဲ့အခါ ( …… ) ။

ဒီမိုကို ရန်သူကတောင် ယောင်ရမ်းပြီး
စည်းကမ်းရှိတဲ့ ဒီမိုကရေစီလို့ 
သံယောင်သံဝါ လိုက်နေကြရတဲ့ (၂၄)နှစ်။

ငါတို့ က ဒီနေ့ တွေကို တရွက်ချင်းလှန်ဖတ်ရင်း
မဆုံးသေးတဲ့အိပ်မက်ထဲ လျှောက်နေဆဲသူတွေ၊
သူတို့ ကလဲ မနေ့ ကတွေကို ရွှေထီးဆောင်းဖို့ 
ထီးကျိုးကို မွမ်းမံချင်နေတဲ့သူတွေ၊
မင်နဲ့ ရေးတဲ့ သမိုင်းလိမ်တွေကို
သွေးနဲ့ ရေးခဲ့ သမိုင်းစစ်က ဖော်ထုတ်တတ်မြဲမို့ 
၈ရက်၊ ၈လ၊ ၈၈ခုနှစ်ကို ဘယ်တော့မှ မမေ့။

သဘာဝအရ….
စစ်ဦးကျိုးခဲ့သူတွေ ရှိမယ်
စစ်မျက်နှာအသစ် ဖွင့်နိုင်သူတွေ ရှိမယ်
စစ်ပမ်းလို့ နွမ်းနယ်သူတွေ ရှိမယ်
စစ်တမ်းတော့ အဲ့ဒီလူတွေရင်ထဲ မပြတ်ရှိတယ်။

ဒါကြောင့် …ရဲဘော်တို့ ရေ…
ဗမာနိုင်ငံ့သမိုင်းကို တဆန်းဖွင့်လှစ်
ရှစ်လေးလုံးအရေးတော်ပုံနေ့ သစ်ကို
ဗမာပြည်မှာ ဘယ်အစိုးရတက်တက်
သမိုင်းဝင်နေ့ အဖြစ် သတ်မှတ်ဂုဏ်ပြု
ဂေဇက်ဝင်ဟောလီဒေး အဖြစ် တောင်းဆိုကြရမယ်။

ဘဝကြေ၊ ဘဝတေ၊ ဘဝစွေတွေနဲ့ ရင်းထား
နှောင်းနောင်ကောင်းကျိုးပွားများဖို့ လုပ်ခဲ့တဲ့ ရှစ်လေးလုံး
လူထုခေါင်းဆောင်ဖော်ထုတ် ပခုံးထမ်းတင်နိုင်ခဲ့တဲ့ရှစ်လေးလုံးမို့ 
ဘယ်အခြေအနေ၊ ဘယ်နှစ်ခုနှစ်ရောက်ရောက်
(ဗမာပြည်ဖွားတိုင်း ဦးညွတ်အလေးပြုစေ)
ကမ္ဘာအရပ်ရပ် နိုင်ငံအသီးသီးက တို့ ရဲဘော်တွေ
ကျဆုံးသွားတဲ့ ဒီမိုသူရဲကောင်းအပေါင်းကို ဦးညွတ်
ဗမာပြည်ဘက်ကို မျက်နှာမူ
( ၈ လ၊ ၈ ရက်၊ ၈ နာရီ၊ ၈ မိနစ်မှာ
အားလုံး ….
အလေး…ပြု )။ ။

( ဒီမိုတိုက်ပွဲဝင် သစ္စာဖြင့် ….. )

တိုင်းရင်းသားနှစ်ဖွဲ့ ကလေးစစ်သားမသုံးဖို့ လက်မှတ်ထိုး

အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေး အတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန် ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့မှာ တရားဝင် သဘောတူ လက်မှတ် ရေးထိုးလိုက်ကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိမှာ အရွယ် မရောက်သူတွေကို လက်နက်ကိုင် တပ်ဖွဲ့တွေမှာ အသုံးချနေတဲ့ အခြေအနေတွေဟာ စိုးရိမ်ရဆဲ ဖြစ်တယ် လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကလေးစစ်သား အသုံးမပြုဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်ကြတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီတိုးတက်ရေး ပါတီတို့ဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအတွက် တာဝန်ယူ ဆောင် ရွက်နေတဲ့ ဂျီနီဗာ အခြေစိုက် နိုင်ငံတကာအဖွဲ့နဲ့ လက်မှတ်ရေးထိုး ကတိပြုလိုက်တာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ မှာ ကလေးတွေကို အသုံးမပြုအောင် ဥပဒေအရ အကာအကွယ် ပေးနိုင် မယ့် နည်းလမ်းတွေကို တနှစ်ကျော် တိုင်ပင်ဆွေးနွေးပြီး Geneva Call အဖွဲ့နဲ့ အခုနောက်ဆုံး သဘောတူညီချက် ရရှိခဲ့တာလို့ ဂျီနီဗာမြို့က လက်မှတ်ရေးထိုးရာမှာ ပါဝင်သူတဦးဖြစ်တဲ့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗိုန်ခိုင် က ပြောပါတယ်။

“အဲဒီမှာ ကျွန်တော်တို့မှာရှိပြီးသား ဖွဲ့စည်းပုံအရရော Geneva Callက Internation ပေါ့နော်။ သူတို့ ဒီဥပဒေတွေရှိတယ်။ တနှစ်ခွဲလောက် ကျနော်တို့နဲ့ ဥပဒေနဲ့ ဘယ်လိုအကျုံးဝင်မှု ရှိတယ်။ ဘယ်နေရာတွေက လိုအပ်မှု ရှိတယ်။ ဘယ်နေရာက နားလည်မှု လွဲနိုင်တယ်။ အဲဒါ တိတိ ကျကျ ဖြစ်အောင် တနှစ်ခွဲလောက် Workshopတွေရော။ ဆွေးနွေးတာတွေရော။ သူတို့လုပ်ပီးမှ ကျနော်တို့ မွန်ပြည်သစ်က လိုက်နာနိုင်မယ့်အကြောင်း ကတိက၀တ် ပေးနိုင်မယ့်အကြောင်း အဲဒီ အခြေအနေရောက်မှ ကျနော်တို့ လက်မှတ်ထိုးတဲ့ကိစ္စကို အကောင်အထည် ဖော်တာပေါ့။ ဒီလ (၂) ရက်နေ့မှာ Geneva Call မြို့တော်ခန်းမက နိုင်ငံတကာ စာချုပ်တွေ ချုပ်ဆိုတဲ့ သမိုင်းဝင်နေရာပေါ့။ အဲဒီနေရာမှာ လက်မှတ် ထိုးကြတယ်။”

ဂျီနီဗာမှာ လက်မှတ်ရေးထိုးရာမှာတော့ ကလေးစစ်သား အသုံးမပြုရေး အတွက်သာမက ဒီလို မဖြစ်အောင် ထိန်းသိမ်းရမယ့် အစီအစဉ်တွေကိုလည်း ထည့်သွင်းခဲ့တယ်လို့ နိုင်ဟံသာ ဗိုန်ခိုင်က ပြောပါတယ်။ “ကလေးစစ်သား တခုတည်းကို ပြောတာမဟုတ်ပါဘူး။ သူက ကလေးသူငယ်များ ကာကွယ်ရေးနဲ့ ပက်သက်ပြီးတော့ စာချုပ်အရ (၁၆) ချက်ရှိတယ်။ ကလေးစစ်သား အသုံးမပြုရေးလည်း ပါတယ်။ နောက် ပဋိပက္ခဖြစ်တဲ့အခါကျရင် ဖြစ်တဲ့နေရာတွေမှာပေါ့နော်။ ကလေးတွေ မပါဝင်မပက်သက်ဖို့ နောက် ကလေးတွေ ဒုက္ခမဖြစ်အောင် ကြိုတင် ကာကွယ်တာတို့ အသေးစိတ် အချက်တွေ အများကြီးရှိတယ်လေ။” မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနကတော့ မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လက်နက်ကိုင် တပ်ဖွဲ့တွေမှာ အသုံးပြုနေတဲ့ အရေအတွက်ဟာ သောင်းဂဏန်းအထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်တော့ ဒီလို အသုံးပြုမှုတွေကို ရာဇ၀တ်မှု အနေနဲ့ (၂၀၀၉) ခုနှစ် ကတည်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကလည်း တားမြစ်ထားတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။ “လုံခြုံရေးကောင်စီမှာ သူတို့ ပြဌာန်းခဲ့တဲ့ ၁၈၈-၂ ဆိုတဲ့ ဆုံးဖြတ်ချက်မှာ ဆိုလို့ရှိရင် ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံအပေါ်မှာ တရားဥပဒေအရ အရေးယူရေး ဆောင်ရွက်ဖို့ တိုးမြှင့်ပြီး တောင်းဆိုခဲ့တာ ရှိတယ်။ ကမ္ဘာက ကလေး စစ်သား အသုံးပြုမှုနဲ့ ပက်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတင် မကဘဲနဲ့ ရာဇ၀တ်မှုအဖြစ်သတ်မှတ်ခံရတဲ့ ကလေး စစ်သား အသုံးပြုမှုကြီးကို အခုဆိုရင် စစ်ပွဲ ဆိုင်ရာ ရာဇ၀တ်မှုကြီးကို ကျူးလွန်တယ်။ ဒါကြောင့်မို့ နိုင်ငံတွေ အားလုံးက ဒါတွေ ၀ိုင်းဝန်း ဆန့်ကျင်ရမယ်ဆိုပြီးတော့ ကုလသမဂ္ဂကလည်း ပြောထားပါတယ်။”

မြန်မာအစိုးရကတော့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရွယ်မရောက်သူတွေကို အသုံးမပြုဖို့ ကြိုးပမ်းဖို့ ကတိပြုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ ကုလသမဂ္ဂရဲ့ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့ အခြေအနေတွေကို တိုင်းတာဖို့ကတော့ ခက်ခဲနေဆဲပဲလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အတိအကျပြောဖို့က ခက်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီကိစ္စကို ဘယ်တော့မှ လူသိရှင်ကြား ထုတ်ဖော်ပြောတာလည်း မရှိဘူး။ ဒီလိုမျိုး အဖြစ်အပျက်တွေကို စုံစမ်းနိုင်ဖို့အတွက် အခွင့် အလမ်း တော်တော်နည်းပါးတယ်။ ဒါပေမဲ့ အရှေ့တောင် အာရှ လူ့အခွင့်အရေး လေ့ လာ စောင့်ကြည့်ရေး အဖွဲ့ကတော့ မြန်မာနိုင်ငံရဲ့စစ်တပ်အတွင်းမှာ ကလေးစစ်သာပေါင်း (၇) သောင်း ရှိနေတယ်လို့ သူတို့ ခန့်မှန်းထားတယ်။ ဒီ ခန့်မှန်းချက်ကိုပဲ ကျနော်တို့ ဆက်လက် သုံးစွဲနေတယ်။”

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်သာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ကလေး စစ်သား အသုံးပြုမှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုနေကြ တာပါ။ မွန်ပြည်သစ်ပါတီကတော့ အခုအခါ ကလေးစစ်သား အသုံးချမှုကို တားမြစ်ဖို့ ပါတီရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ရေးဆွဲပြီး လိုက်နာကျင့်သုံးနေပြီလို့ နိုင်ဟံသာဗိုန်ခိုင်က အခုလို ပြောပါတယ်။

“ကျနော်တို့က (၁၉၇၁) ကတည်းက ဒီ မွန်ပြည်သစ်ပါတီကနေပြီးတော့ ဖွဲ့စည်းပုံမှာ ကလေးသူငယ် များနဲ့ ပက်သက်ပြီးတော့ အသက် (၁၈) နှစ်အောက် ကလေးတွေကို စစ်ထဲဝင်ခွင့်မပြုဖို့၊ ကလေး သူငယ် နောက် သက်ကြီးရွယ်အိုတွေနဲ့ ပက်သက်ပြီးတော့ ဘယ်လို ကာကွယ်စောင့်ရှောက်ဖို့- အဲဒီမှာ နည်းဥပဒေ စည်းမျဉ်း စည်းကမ်းတွေ ရှိတာပေါ့နော်။ တပ်မှူးတွေ၊ ရဲဘော်တွေလိုက်နာရမယ့် စည်းကမ်းတွေ။”

(၂၀၁၁) ခုနှစ်၊ ကုလသမဂ္ဂရဲ့ထုတ်ပြန်ကျေညာချက်အရ မြန်မာနိုင်ငံမှာ မြန်မာအစိုးရအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ဟာလည်း အရွယ်မရာက်သေးတဲ့ကလေးတွေကို ကလေးစစ်သားအဖြစ် အသုံးပြုနေ တယ်လို့လည်း ဖော်ပြထားပါတယ်။

ကျောက်တော်မှာ မီးရှို့မှုတွေ ဖြစ်ပွား

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ် လုပ်ဆောင်နေတဲ့ကြားကပဲ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း တင်းမာမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့ရာက ဒီကနေ့မနက် အစောပိုင်းမှာ နှစ်ဘက် အပြန်အလှန် အိမ်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံ က ပြန်သွားပြီး နောက် တနေ့မှာ အခုလို ဆူပူမှုတွေ ထပ်ဖြစ်တာပါ။ ဒီအတောအတွင်း မြန်မာနိုင်ငံကို ၆ ရက်ကြာသွားရောက်ပြီး ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာခဲ့တဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို သီးခြား စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စုံစမ်းဖို့ အဆိုပြုချက်ကို မြန်မာအစိုးရဘက်က ပယ်ချလိုက်ပါတယ်။

ရခိုင်ပြည်နယ်းအတွင်း ဇွန်လတုန်းက လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ရာက နှစ်ဘက် သေ ဆုံးမှုတွေနဲ့ အပျက်အဆီးတွေ အတော်များခဲ့ပြီး အခြေအနေတွေ ဆိုးရွားလာတာကြောင့် သမ္မတ ဦးသိန်းစိန်က ဇွန်လ ၈ ရက်နေ့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ ဒုသမ္မတ စိုင်းမောက်ခမ်းကိုယ်တိုင် ရခိုင်ပြည်နယ်ကိုသွားပြီး အခြေအနေတွေကို ၂ ရက်ကြာ လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့မှာ နှစ်ဘက် တင်းမာမှုတွေ ဖြစ်ပွားပြီး မနေ့ကတော့ အိမ်တွေ အပြန်အလှန် မီးရှို့တဲ့အထိ အခြေအနေတွေ ပြန်လည် ဆိုးရွားလာခဲ့တာပါ။

ကျောက်တော်မြို့မှာ မနေ့ကနဲ့ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဒေသခံ တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဂုပ္ပီထောင့်မှာ မီးရှို့တဲ့ဥစ္စာတွေ ဖြစ်ပါတယ်။ သူတို့ဟာသူတို့ ရှို့တာတွေလည်း ပါပါတယ်။ ဒီဘက်က ရှို့တာလည်း ပါရင် ပါနိုင်ပါတယ်။ ပြီးတော့ ဂုပ္ပီထောင့်ကနေ ကိုယ့်ဖာသာကိုယ် အပေါက်ဝမှာ မီးရှို့ပြီးတော့ ပြေးပါတယ်။ ပြီးတော့ --- တွေမှာ ဖြစ်ပါတယ်။ သူတို့က ရခိုင်ပိုင် ဆန်စက်တလုံးကို ဖျက်ဆီးတာရဲ့ အစွန်းလောက်ပဲ တန်ဖိုးရှိပါတယ်။ စပါးတင်း ၂ ထောင်နီးပါးနဲ့ ဆန်အိတ် ၁၀၀ လောက်ရှိတဲ့ ဆန်စက်ကို မီးရှို့ဖျက်ဆီးပြီးတော့ ဆန်စက်တလုံးနဲ့ ဆန်စက်ပါ ပစ္စည်း အကုန်လုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ အဲဒါ ဒီမနက် ၄ နာရီလောက်မှာ ဖြစ်တဲ့ကိစ္စပါ။ ” နိုင်ငံတကာ သတင်းမီဒီယာတွေမှာတော့ ကျောက်တော်မြို့မှာ အခုနောက်ဆုံး ဖြစ်သွားတဲ့ အခြေ အနေတွေကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြနေကြပေမယ့်လည်း အဲဒီ သတင်းတွေ မမှန်ကန်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုချိန်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက် လာပြီဖြစ်တဲ့အတွက် အခြေအနေတွေ ပြန်လည် တည်ငြိမ်မှု ရှိလာနေပြီလို့ အဲဒီ ဒေသခံက ဆက်ပြောပြပါတယ်။ “ဂုပ္ပီထောင့် ဖြစ်တဲ့ ကိစ္စကိုတော့ ထိန်းသိမ်းပေးဖို့ ၃၇၈ နဲ့ ၃၇၅ ရယ်၊ တပ်ရင်းမှူး နှစ်ယောက်လုံး ဦးဆောင်ပြီးတော့ ရောက်လာပါတယ်။ ရဲတပ်ဖွဲ့တွေလည်း ပါပါတယ်။ မနေ့က ဖြစ်တာနဲ့ ဘယ်လောက်မှ မကြာပါဘူး၊ တပ်က အဲဒီကို ရောက်လာပါတယ်။ တပ်ရင်း ၂ ရင်း ပေါင်းလိုက်ရင် လူ ၃၀ လောက် ပါပါတယ်။ ရဲတပ်ဖွဲ့က ၁၀ ယောက်လောက် ပါပါတယ်။ အကုန်လုံး ၄၀ လောက် ပါပါတယ်။ အဲဒီမှာ ကျေးရွာအုပ်စုရေးမှူးတွေကို ခေါ်ပြီးတော့ သေချာ စစ်ဆေးဆောင်ရွက်နေပါတယ်။ အဲဒါတွေကို အထက်က pressure ပေးပြီးတော့ မရမက ဖမ်းဖို့၊ ဆီးဖို့ ဆိုပြီး ပြောပါတယ်-တဲ့။ ဖမ်းရမယ်၊ ဆီးရမယ်၊ ဒါကို ဖော်ထုတ်ရမယ်-အဲလိုမျိုးလုပ်တယ်လို့ ပြောပါတယ်။ အဲဒီလိုမျိုး ကုလားအိမ်တွေကို မီးရှို့တဲ့ ကိစ္စနဲ့ပတ်သက်လို့ စိစစ်ဆောင်ရွက်ပြီးတော့ ဦးအောင်လှတင် ဆန်စက် မီးရှို့ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ ဘာမှ စီစဉ်ဆောင်ရွက်ခြင်း မရှိပါဘူး။”

ကျောက်တော်မြို့ ဒေသခံတဦး ပြောပြခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ကိုယ်တိုင် လေ့လာဖို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ပြန်သွားပြီး နောက်တနေ့မှာပဲ ကျောက်တော်မြို့မှာ အခုလို အခြေအနေတွေ ပြန်လည် တင်းမာလာတာလဲ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနား မြန်မာပြည်က ပြန်မထွက်ခွာခင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဘက် ဆူပူမှုတွေကို သီးခြား စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ အကြံပြု တင်ပြခဲ့တာနဲ့ ပတ်သက်လို့တော့ ရခိုင်ပြည်နယ်အဓိကရုဏ်းနဲ့ ပတ်သက်လို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းက ပယ်ချလိုက်ပါတယ်။ “ကျနော့် Remark ကတော့ပေါ့ဗျာ။ ဒါနဲ့ပတ်သက်လို့ ကော်မရှင်ဖွဲ့ပြီးတော့ စစ်ဖို့ပေါ့။ ကျနော်တို့ အမြင်ကတော့ ဖွဲ့စရာ မလိုအပ်ဘူးခင်ဗျ။ ဒါက ရခိုင်ဒေသရဲ့ ကိစ္စလောက်ပဲဖြစ်ပါတယ်။ ကျနော်တို့ကတော့ အဲလိုပဲ မြင်ပါတယ်။ ” ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်း ၀ိုင်း အမြင်အမျိုးမျိုးနဲ့ တုံ့ပြန်နေကြတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက အစိုးရရဲ့ တုန့်ပြန်မှု နှေးကွေးတဲ့အတွက် အခြေ အနေတွေ ပိုပြီး ဆိုးသွားခဲ့တယ်လို့ ဝေဖန် ပြောဆိုမှုတွေ ရှိနေသလိုပဲ ကမ္ဘာ့မူဆလင်ဘာသာဝင် အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက သမ္မတ Susilo Bambang Yudhoyono ကလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက စုံစမ်း စစ်ဆေးရေးအဖွဲ့တွေ ၀င်ရောက် လေ့လာခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်ထံ စာရေး တောင်းဆို ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် သတင်းစာတွေမှာ ရေးသား ဖော်ပြနေကြတာပါ။

ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းတွေ ပိုမိုဆိုးရွားလာအောင် သွေးထိုး လှုံဆော်ပေးမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ INGO နိုင်ငံတကာ NGO အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူ ၀န်ထမ်း ၉ ဦးကို လက်ရှိမှာ ရုံးတင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း ပြောပြပါတယ်။ “ဖမ်းထားတဲ့လူတွေထဲမှာ တချို့က ဘူးသီးတောင် တရားရုံးမှာ အမှုရင်ဆိုင်တဲ့အတွက်ကြောင့် ဘူးသီးတောင်မှာ ချုပ်တယ်ပေါ့ဗျာ။ စစ်တွေမှာလည်း တရားစွဲထားတဲ့ဟာလည်း ရှိပါတယ်။ အဲဒီမှာတော့ INGO က တယောက် ရှိတယ် ခင်ဗျ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃/က ၊ ပုဒ်မ ၅၀၅/ဂ နောက်- ဥပဒေနဲ့ဆန့်ကျင်တဲ့ နည်းဥပဒေမှာပါတဲ့ ပုဒ်မ ၁၄၈ - အဲဒါတွေနဲ့ပါပဲံ။ အဲဒီ လူ့မှုအသိုင်းအဝိုင်း ၂ ခုကို ဒေါသတွေထွက်အောင်၊ မလိုမုန်းတားဖြစ်အောင်၊ ခိုက်ရန်ဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့ ဟာပါ။ သူတို့ဆီကနေ တွေ့ထားတဲ့ အထောက်အထားတွေကတော့ သူတို့က မူဆလင်တွေကို လှုံ့ဆော်ပြီးတော့ ဒီ အရေးအခင်းကို ဖြစ်အောင် လုပ်တယ်ဆိုပြီးတော့ အဲဒီအထောက်အထားတွေပေါ်မှာ မူတည်ပြီးတော့ တရားစွဲထားတာ ဖြစ်ပါတယ်။ သူတို့က မြန်မာနိုင်ငံသားတွေ ပဲလား ဆိုတော့ သူတို့က အကုန်လုံး မူဆလင်တွေချည့်ပဲ၊ အဲဒီလူတွေက။”

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ဥက္ကဌ ဦးလှသိန်း ပြောပြခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဆူပူမှုတွေနဲ့ အဓိကရုဏ်းတွေကြောင့် နှစ်ဘက် သေဆုံးသူ အရေအတွက်ဟာ ၇၇ ဦး ရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ တရားဝင် စာရင်းဇယားတွေ မှာ ဖော်ပြထားပါတယ် ခင်ဗျား။

လွှတ်တော်မှာ လုံခြုံရေး တိုး

လွှတ်တော်ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ နေပြည်တော်က အဆောက်အအုံတွေမှာ လုံခြုံရေး အခြေအနေတွေ တိုးမြှင့်လိုက်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ပန်ကြားချက်နဲ့ အခုလို လုံခြုံရေးအခြေအနေတွေ ပြန်ပြီးတော့ တင်းကျပ်လိုက်တာဖြစ်တယ်လို့ လွှတ်တော်အမတ် တဦးက ဗွီအိုအေကိုပြောပါတယ်။ လွှတ်တော်ရဲ့ လုံခြုံရေးအခြေအနေတွေ ထပ်ပြီး တိုးချ ထားတာနဲ့ပတ်သက်လို့ အစည်းအဝေးတွေ တက်ရောက်နေတဲ့ ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကို ကိုရန်နိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ သူက အခုလို စပြော ပါတယ်။

ဦးဖေသန်း ။ ။ ဟုတ်ကဲ့။ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်များအတွက် ပန်ကြားလွှာ ဆိုပြီးတော့ လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေငှသွားတယ်။ အဲဒီမှာ နဂိုက ကျနော်တို့လွှတ်တော်ကို ပထမအကြိမ်၊ ဒုတိယအကြိမ်တက်တုန်းကပေါ့လေ။ ကျနော်တို့ လွှတ်တော်ကို ၀င်မယ်ဆိုရင် အဲဒီမှာ ကျနော်တို့ Body Scan တွေနဲ့ လက်ကိုင် Scan တွေနဲ့ အစမ်းခံရပါတယ်။ Security Scan ဆိုမှာပေါ့ ။ အဲဒါမျိုးနဲ့ အထဲဝင်ပြီးတော့ ဆန်းစစ်တာခံရတယ်။ စစတုန်းကပေါ့လေ။ ပထမအကြိမ် ၊ ဒုတိယအကြိမ်တုန်းက။ အဲဒီလိုဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ နည်းနည်း လွတ်လွတ်လပ်လပ်ရှိလာတယ်။ အဲဒီတုန်းက ဖုန်းတွေဘာတွေ မကိုင်ရဘူး။ အင်တာနက်တွေ Laptop တွေ မသုံးရဘူး၊ အဲဒီလိုအများကြီးကန့်သတ်ထားတဲ့ အခြေအနေကနေ တတိယအကြိမ် နောက်ပိုင်းလောက်က စပြီး တချို့ဆိုရင် လက်ကိုင်ဖုန်းတွေ အထဲယူသွားတယ်။ Laptop တွေယူသွားတယ်။ အဲဒီလိုမျိုးတွေ လုပ်လာတာလည်း ရှိတာပေါ့။ ကင်မရာတွေလည်း ယူသွားလို့ ရတယ်။ အဲဒါမျိုးဖြစ်ပြီးမှ လောလောဆယ် လုံခြုံရေးအခြေအနေအရ လွှတ်တော်ကိုယ်စားလှယ်တွေကို လုံခြုံရေးပေးနိုင်ဖို့အတွက် ဆိုပြီးတော့ ဟိုတနေ့ကပဲ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။ နဂိုအတိုင်းပဲ ကျနော်တို့ စိစစ်ရေး လုပ်ဆောင်ပါမယ် ဆိုပြီးတော့ ပြောပါတယ်ခင်ဗျ။ အဲဒါကြောင့် ဒီနေ့လည်း လွှတ်တော်အ၀င်ဝမှာ လွှတ်တော်ထဲအတက်မှာ အခန်းထဲ မ၀င်ခင်ပေါ့လေ၊ Body Scan လုပ်ပြီး ခန္ဓာကိုယ်တခုလုံးကို ရှာဖွေစမ်းသပ်ပါတယ်။ ပြီးတော့မှ အထဲကို ၀င်ခိုင်းပါတယ်။ အဲဒါကို ဒီနေ့ ပန်ကြားတာလည်း ဖြစ်တယ်၊ လက်တွေ့လည်း လုပ်ပါတယ်ခင်ဗျ။ ပြီးတော့ ကားတွေကိုလည်း သူတို့ သတ်မှတ်ထားတဲ့နေရာတွေမှာ လာပြီးတော့ ထားဖို့ပေါ့ အစရှိသဖြင့် ဒီနေ့ လုံခြုံရေးကိုတော့ နည်းနည်း တင်းတင်းကျပ်ကျပ်လုပ်လာတယ်။ နောက်ပြီးတော့ ကျနော်တို့ အဆောင်တွေမှာလည်း ရဲတွေတိုးချထားသလို လမ်းတွေမှာလည်း ရဲတွေ တိုးချထားတာကို တွေ့ရပါတယ်ခင်ဗျ။

ရန်နိုင် ။ ။ ဟုတ်ကဲ့၊ အခုကျမှ လုံခြုံရေးတွေ ပြန်ပြီးတော့ တိုးလာတာ ဘယ်လိုကြောင့်ပါလဲခင်ဗျ။

ဦးဖေသန်း။ ။ အဲဒါကတော့ ကျနော်တို့ အနီးစပ်ဆုံး ခန့်မှန်းရတာကတော့ ရခိုင်အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ အပြင်က မူစလင် အဖွဲ့တွေပေါ့ဗျာ။ အယ်လ်ကိုင်းဒါးအဖွဲ့တွေက ရှုတ်ချလာတာတွေ ရှိတယ်ဗျ။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပစ်မှတ်ထားမယ်။ သမ္မတ ရုံးကို ပစ်မှတ်ထားမယ်၊ ရွှေတိဂုံ စေတီကို ပစ်မှတ်ထားမယ်၊ အစရှိသဖြင့်ပေါ့ဗျာ။ အင်တာနက်တွေမှာ တွေ့ရတယ်။ ပါကစ္စတန်က အဖွဲ့ တဖွဲ့ ဆိုရင် အတိအလင်းကို ခြိမ်းခြောက်တာ။ အဲဒီအပေါ်မှာ လူကြီးပိုင်းက လုံခြုံရေးကို နည်းနည်း သတိထားလာတယ်လို့  ကျနော်တို့က ယူဆသုံးသပ်မိပါတယ်။

ရန်နိုင်။ ။ လွှတ်တော်ကိုယ်စားလှယ်တွေ တဦးချင်းစီအတွက်ရော သီးသန့် လုံခြုံရေးချထားတာရော ရှိပါသလားခင်ဗျ။ ဦးဖေသန်း။ ။ အဲဒီလိုမျိုးတော့ မရှိပါဘူး။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုကတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဆိုရင်လည်း သူတို့ရဲ့ကြံ့ခိုင်ရေး ပါတီရုံးချုပ်မှာထားပါတယ်။ ကျနော်တို့ ဒီမိုကရက်တစ်ပါတီတွေ၊ တိုင်းရင်းသားပါတီတွေ ကျပြန်တော့လည်း စည်ပင်ဧည့်ရိပ်သာ (Compound) ၀င်းတခုထဲမှာ ထားတယ်။ အ၀င်ဂိတ်တွေမှာတော့ အစောင့်တွေ ချထားတာပေါ့နော်။ သိပ်ပြီးတော့ တင်းတင်းကျပ်ကျပ်ကြီးလည်း မဟုတ်ပါဘူး။ တကယ်လို့ အကြမ်းဖက်လာမယ်ဆိုရင်လည်း ဒါကတော့ ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ လမ်းခရီးစဉ် တောက်လျှောက်လည်း လုပ်လို့ရတာပဲ။ ကျနော်တို့ နိုင်ငံမှာတော့ အဲဒီလို အစဉ်အလာမျိုးတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမဲ့ အယ်လ်ကိုင်းဒါးအဖွဲ့က ခြိမ်းခြောက်လာတယ်ဆိုတော့ ကျနော်တို့က လုံခြုံရေးကို တတ်နိုင်သလောက် တင်းကျပ်တဲ့သဘောပါ။ သိပ်ပြီးတော့ ဖြစ်နိုင်ခြေလည်း မရှိပါဘူး။ ဒါပေမဲ့ ကြိုတင်ပြီး သတိထားတဲ့ သဘောလောက်ပဲဖြစ်မှာပါ။

ရန်နိုင်။ ။ ဟုတ်ကဲ့။ ဒါဆိုရင် အခု လွှတ်တော်ထဲမှာတော့ အရင်နေ့တွေကထက်တော့ လုံခြုံရေး အခြေအနေက နည်းနည်းပိုပြီး တင်းကျပ်ထားတဲ့ဟာမျိုးတော့ ရှိတာပေါ့။

ဦးဖေသန်း။ ။ ဟုတ်တယ် ဟုတ်တယ် ရှိပါတယ်ခင်ဗျ။ ခုနက ပြောသလိုပေါ့။ လွှတ်တော် အခန်းထဲ ၀င်မယ်ဆိုရင်တော့ အကုန်လုံးတော့ အစစ်ခံကြရတယ်။ ကားတွေ ဘာတွေလည်း အစစ်ခံကြတယ်။ အဲဒီလို အခြေအနေမျိုး ရှိပါတယ်။

ရန်နိုင်။ ။ ဟုတ်ကဲ့ပါ အန်ကယ်ဦးဖေသန်း၊ ကျေးဇူးတင်ပါတယ်ခင်ဗျ။