အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၊ လှိုင် မြို့ နယ်မှ ပါတီဝင်အမှတ် ၀၀၀၀၀၇ ကိုင်ဆောင်သူ မျိုးမင်းဦး အနေဖြင့် လှိုင်မြို့နယ်ပါတီရုံးတွင် (၁၆-၇-၂၀၁၂) (၁၇-၇-၂၀၁၂)နှင့်(၁၈-၇-၂၀၁၂ )နေ့  များ တွင်ဖွင့်လှစ်လျှက်ရှိသောပညာ ဒါန စာသင်ကျောင်းသို တက်ရောက်နေသည့်အမျိုးသမီးငယ်များ အိမ်သာတက်နေမှုကို ကိုယ်ကျင့်သိက္ခာ ပျက်ပြားစွာ ဖြင့်handphone camera နှင့် အမျိုးသမီးငယ်များ အိမ်သာတက်မှု အပေါ်ချောင်းမြောင်း မှတ်တမ်းတင် ဓတ် ပုံ ရိုက်ကူးလျှက်ရှိနေကြောင်း ၊ယင်းသိုဆောင်ရွက်နေမှု ကို လူငယ်ပညာရေးတာဝန်ခံများဖြစ်သော ကိုဥက္ကာ ၊ ကိုကျော်ထွန်း၊ ဒေါ်ရီရီမေ၊ လူငယ်တာဝန်ခံ ကို ဘို ဌေး တို့  ကဖုံးကွယ်ပေးထားကြောင်း သိရှိရပါသည်။
ယင်းလုပ်၇ပ်အပေါ် မခံနိုင်သည့် အမျိုးသမီးငယ်မှတိုင်ကြားသည့်အချိန်တွင်ကျမှ ၂၆-၇-၂၀၁၂ နေ့  ည ၁၉၀၀ နာရီတွင် မြို့ နယ်ပါတီရုံးခန်းတွင် စစ်ဆေးမေးမြန်းပြီးမှတ်တမ်းတင်ထားခဲ့ကြောင်း ၊အေ၇းယူခြင်းမရှိခဲ့ကြောင်း၊
ယင်းသို့ အေ၇းမယူရခြင်းမှာဒေါ်အောင်ဆန်းစုကြည် ၏ အနီးကပ်လုံခြုံ ရေး တာဝန်ခံ လူငယ် တာဝန်ထမ်းဆောင်နေခြင်းကြောင့် ဒေါ်စုမှ အရးယူစရာမလိုဟုပြောထားသောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
နေပြည်တော် တွင်လွှတ်တော်တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် မရှိခိုက် မြို့ နယ် တွင် ပညာဒါနသင်တန်း တက်ရောက်နေသည့် သင်တန်းသူများ ကို ညစ်ညမ်း ဓတ်ပုံရိုက်ကူးရန်အစမ်းလေ့ကျင့် စဉ် လူမိတိုင်ကြားခံရခြင်း ဖြစ်ကြောင်း၊အမှတ် (၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ဒေါ်အောင် ဆန်းစုကြည် ၏အနီးကပ်လုံခြုံေ၇း လူငယ် တာဝန်ထမ်းဆောင်နေစဉ် အတောအတွင်း ဒေါ်အောင်ဆန်းစုကြည် ရေအိမ်တက် /ဆင်းဗွီဒီယို မှတ်တမ်းဓါတ်ပုံ ရိုက်ကူးမှု များရှိခဲ့ကြောင်း သိရှိရပါသည်။
Myanmar Express
Monday, August 6, 2012
စာမဖတ် ဗဟုသုတနည်း တဲ့ မီဒီယာ သမားများ ဒါလေး ပြန်ဖတ်ကြပါ
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဥပဒေပါ ပြဋ္ဌာန်းချက် များ အကောင်အထည်ဖော်ရန် ပြည်ထဲ ရေးဝန်ကြီးဌာနမှလိုအပ်သော နည်း ဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင် ကြောင်း ဖော်ပြထားသည့်အတွက် ယခု အခါ နည်းဥပဒေများထွက် ပေါ်လာခြင်း ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင် စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ အမိန့်ဖြင့်ထုတ်ပြန်သော အဆိုပါနည်း ဥပဒေတွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြ ချက်၊ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ ခွင့်ပြု မိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ အယူခံ ၀င်ခြင်းနှင့် အထွေထွေဟူ၍ အခန်း လေးခန်း ပါဝင်သည်။
ငြိမ်းချမ်းစွာစုဝေးခွင့်ကိုဖြစ်စေ၊ ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ကိုဖြစ်စေ၊ ရရှိလို သူသည် မိမိဆောင်ရွက်လိုသည့်ကိစ္စ ရပ်အတွက် သက်ဆိုင်ရာ ပုံစံ(၁)၊ (၂)၊ သို့မဟုတ် (၃)ပါအတိုင်း အချက်အလက် များကိုဖော်ပြ၍ မိမိဆောင်ရွက်လိုသည့် နေ့ရက်မတိုင်မီ အနည်းဆုံးငါးရက်ကြို တင်၍သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူး ထံလျှောက်ထားရမည်ဖြစ်သည်ဟု ဖော် ပြထားသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့် တောင်းခံသည့်လျှောက်လွှာကို မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ မြို့ နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး ခွင့်ပြု မိန့်တောင်းခံသည့် လျှောက်လွှာကို အတည်မပြုသင့်ကြောင်းဆုံးဖြတ်ပါက အကြောင်းပြချက်ဖော်ပြ၍ သက်ဆိုင် ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပြန်ကြားရမည် ဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးသည် ခွင့်ပြုမိန့် တွင် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(င)ပါ ဒေသ ဆိုင်ရာလိုအပ်ချက်အရ သတ်မှတ်ထား သော စည်းကမ်းများကို ကြိုတင်ရေးဆွဲ ထားနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်ညှိနှိုင်းကာ ခရိုင်ရဲတပ်ဖွဲ့မှူးမှ တစ်ဆင့် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြရမည်။
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ များနှင့်မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ပေး ရန် ငြင်းဆန်ခြင်းမပြုရဟု ဖော်ပြထား သော်လည်း အကြောင်း ကြားစာလက် ခံရရှိသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ အယူခံဝင်နိုင် သည်ဟု ဖော်ပြထားသည်။
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းများကို ခွင့်ပြုမိန့် အရ ဆောင်ရွက်နေသူများအား ဥပဒေ ပုဒ်မ ၁၃ အရ ဒုတိယရဲအုပ်အဆင့် အောက် မနိမ့်သော ရဲအရာရှိတစ်ဦးဦး က ကာကွယ်စောင့်ရှောက်မှုပေးသည့် အခါ နယ်မြေအခြေအနေနှင့် စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းပြုရာတွင် ပါဝင် သည့် လူဦးရေအပေါ်မူတည်၍ ရဲတပ်ဖွဲ့ အင်အားကို အသုံးပြုရမည်ဟု ဖော်ပြ ထားသည်။
ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခြင်းကိုဖြစ် စေ၊ ဆောင်ရွက်ရာတွင် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)အရ သတိပေးသည်ကို လိုက်နာရန် ပျက်ကွက်လျှင် မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့်ပါ ဦးဆောင် သည့်ပုဂ္ဂိုလ်အား ဥပဒေပုဒ်မ ၁၅ အရ ခွင့်ပြုမိန့်ရုပ်သိမ်းကြောင်း နှုတ်ဖြင့် ကြေညာပြီးနောက် စာဖြင့်အကြောင်း ကြားရမည်ဖြစ်သည်။ မြို့နယ်တစ်မြို့နယ်ထက်ကျော်လွန်၍ ဆောင်ရွက်ရန်ရှိပါက သက်ဆိုင်ရာ မြို့နယ်အားလုံးတွင် ခွင့်ပြုချက်ရရှိရန် လျှောက်ထားရမည် ဖြစ်သည်။
မြန်မာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက် အသစ်မှီသည်
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖရှောင်သွေတယ်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
အချုပ်တန်း ဆရာဖေ ၏ (အမျိုးပါ ဆဲချင်တော့လေး) မှ...
Myanmar Express
နိုင်ငံတော်သမ္မတအား ပုတ်ခတ်ပြောဆိုသူကို အရေးယူပေးရန် သမ္မတရုံးသို့စာတင်
နိုင်ငံတော်သမ္မတကြီးအားပုတ် ခတ်ပြောဆိုမှုကိုအရေးယူပေးရန် ပြည်သူတစ်ဦးကနိုင်ငံတော်သမ္မတ ထံသို့စာတင်မှုရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သည်။
နိုင်ငံတော်သမ္မတကြီးမှ ဒီမို ကရေစီဖြစ်ထွန်းရေးကြိုးပမ်းအား ထုတ်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် သန်္နိဋ္ဌာန်ချမှတ်ဆောင်ရွက် နေမှုများနှင့် ပြည်သူလူထုအကျိုး စီးပွားအတွက်မှန်ကန်စွာထားရှိသော စေတနာများကြောင့် ပြည်သူများက လေးစားနေသည့် အချိန်ကာလတွင် ရွှေပြည်သာမြို့နယ်၌ နေထိုင်သူ ပါ တီကြီးတစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြည်သူလူထုအကြည်ညိုပျက်စေ ရန်နှင့် အထင်လွဲမှားစေရန် ပြောဆို မှုများပြုလုပ်ခဲ့သဖြင့် ယင်းကဲ့သို့တင် ပြခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပြောဆိုမှုများကိုလက် ဖက်ရည်ဆိုင်များတွင်ပြောဆိုခဲ့ ကြောင်း၊ နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားသူ ဦးတင်ဝေကဆိုသည်။ ယင်းကဲ့သို့လူအများရှေ့တွင် ရုန်း ရင်းကြမ်းတမ်းသောစကားများဖြင့် ပြောဆိုမှုများကိုမခံရပ်နိုင်၍ ရွှေ ပြည်သာမြို့နယ်၊ ၁၀ ရပ်ကွက်တွင် နေထိုင်သူဦးတင်ဝေက နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (ရုံးချုပ်) နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ထံသို့ ဇူလိုင်ဒုတိယပတ်ကတိုင်ကြား ခဲ့ကြောင်းသိရသည်။
“ကျွန်တော့်သားအရွယ်လောက် ပဲရှိတာ၊ သမ္မတကိုအခုလိုရိုင်းရိုင်း စိုင်းစိုင်းပြောတာ၊ တစ်နေရာတည်း မှာပြောတာမဟုတ်ဘူး။ လူအများ ထိုင်တဲ့ လက်ဖက်ရည်ဆိုင်တွေရှေ့ မှာပြောဆိုတာ။ ပြောဆိုတဲ့သူက လည်း ကြိုက်တဲ့နေရာသွားတိုင် ဂရု မစိုက်ဘူး””လို့ပြန်လည်ပြောဆိုခဲ့ ကြောင်း တိုင်ကြားသူဦးတင်ဝေက ဆိုသည်။
Myanmar Express
X2O ဗုံးကွဲ မှု နဲ့  သေဒဏ် ချမှတ် ခံထားရတဲ့ ကိုဖြိုးဝေအောင် ကို ပြန်လွှတ်ပေး
၂၀၁၀ ခုနှစ် ဧပြီ လ ၁၅ ရက်နေ့ က ရန်ကုန် မြို့  ကန်တော် ကြီး ကန်ပတ် လမ်းမှာ ဗုံးပေါက်ကွဲ
မှု နဲ့  ဖမ်းဆီး ခံရကာ သေဒဏ် ချမှတ် ခြင်း ခံရတဲ့ ကိုဖြိုးဝေအောင် ကို ဒီနေ့  အင်းစိန် ထောင်
က နေ နေ့ လည် ၁၂ နာရီမှာ ပြန်လည် လွှတ်ပေး လိုက် တယ်လို့  သတင်း ရရှိပါတယ်။
ထောင် က ပြန်လည် လွတ်မြောက် လာတဲ့ ကိုဖြိုးဝေ အောင် ဟာ ကောင်းမွန် စွာ လမ်းလျှောက် နိုင် ခြင်း မရှိ တော့ ဘူး လို့  မျက်မြင် တွေ့ ခဲ့ ရတဲ့ နိုင်ငံ ရေး အကျဉ်းသား ဟောင်း တစ်ဦးက ပြော ပါတယ်။
ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား မြန်မာ နိုင်ငံ ကို ရောက်ရှိ နေ စဉ် တနင်္လာ နေ့ က အင်းစိန် ထောင် ကို သွား ရောက် စစ်ဆေးရာ မှာ ကို ဖြိုးဝေအောင် နဲ့  လည်း တွေ့ ဆုံခဲ့ ပါတယ်။
၂၀၁၀ ခုနှစ် သင်္ကြန် ကာလ ဗုံးပေါက် ကွဲ မှု နဲ့  မတရားဖမ်းဆီး ခံရပြီး သေဒဏ် ချမှတ် ခံရတဲ့ ကိုဖြိုးဝေအောင် ဟာ အသည်း ရောဂါ ခံစား နေရ တာ ကြောင့် ဆက်လက် ပြီး အသက်ရှင်သန် ဖို့  လမ်း သိပ် မရှိ တော့ ဘူး လို့  သူ့  ရဲ့  ညီဖြစ် သူ ကို ထက်ဝေအောင် က ကုလ အထူးသံ အိုဟေး ကင်တားနား ဆီ ကို စာရေး ဆက် သွယ် စဉ် မှာ ပြော ခဲ့ ပါတယ်။
ဗုံးပေါက် ကွဲ မှု ဖြစ်စဉ် က ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦး အဖြစ် တာဝန်ထမ်းဆောင် နေ တဲ့ ကိုဖြိုးဝေအောင် ကို မြန်မာ နှစ်သစ် ကူး ကာလ အတာသင်္ကြန် ဗုံးပေါက် ကွဲ မှု နဲ့  ၂၀၁၀ ဧပြီ လ ၂၃ ရက်နေ့ မှာ ဖမ်း ဆီး ပြီး နှစ် နှစ် ကြာ ယခုနှစ် မေလ ၈ ရက်နေ့ မှာ တရား စီရင် မှု ပြီး နောက် မှာ အမြင့် ဆုံးသေဒဏ် ချမှတ် လိုက်တာ ဖြစ်ပါတယ်။ အခု လို သေဒဏ် ချမှတ် လိုက်တာ ဟာ အရပ် သား အစိုးရ လက်ထက် မှာ ပထမ ဦး ဆုံး အကြိမ် လည်း ဖြစ်ပါတယ်။
မြန်မာ စစ်အစိုးရ ဟာ သန် လျှင် ရေနံ ချက် စက်ရုံ ဗုံးပေါက်ကွဲ မှု ဖြစ်တုန်း ကလည်း အပြစ်မရှိ သူ ကို ဖမ်းဆီး ထောင်ချ ခဲ့ ပြီး တကယ် ဖေါက်ခွဲ မှု ပြု သူ က ၀န်ခံ ပေမယ့် အပြစ် မရှိ သူ ကို အနှစ် ၂၀ ကျော် ဖမ်းဆီး ထောင်ချ ထား ခဲ့ ပါတယ်။
မဟာ သင်္ကြန် အတက် နေ့  X2O မဏ္ဍပ် ဗုံးပေါက် ကွဲ မှု ကြောင့် အနည်း ဆုံး ဆယ်ဦး သေဆုံး ပြီး လူ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။
FNG

ဦးအောင်သိန်းလင်း အား ကြံ့ခိုင်ရေး ပါတီ ရန်ကုန်တိုင်း တာဝန်ခံ အဖြစ် မှ ရပ်နား
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကို
ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ်မှ ရပ်စဲလိုက်ကြောင်း ယနေ့  ကျင်း ပသည့် ပါတီတွင်း
အစည်း အဝေး တစ်ခု တွင် တရား ၀င် ထုတ် ဖော်ပြောကြား လိုက်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရန်ကုန်တိုင်း တာဝန်ခံ ရာထူးအား ယခင် ရန်ကုန် မြို့ တော် ၀န် ဟောင်း ဦးအောင်သိန်းလင်းထံမှ ဦးမောင်မောင်သိမ်း က လွှဲပြောင်းရယူ သည် ဟု ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံးရေး အဖွဲ့  ၀င် တစ်ဦး ဖြစ်သူ ကိုအောင်လင်းဇော်က ပြောသည်။
ဦးအောင်သိန်းလင်း သည် တရုတ် နိုင်ငံ ၏ သတင်း တစ်စောင် ဖြစ်သော Southern Weekend Chinaနှင့် မေးမြန်းမှု တွင် သမ္မတ ဦးသိန်းစိန် ၏ အမိန့် ဖြင့် ရပ်တန့် ထား သည့် မြစ်ဆုံ ရေကာ တာ ကို ပြန်လည် စတင် မည် ဟု ပြော ကြား မှု ၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို ထောက်ခံ သူများ သည် အရူးများ သာ ဖြစ် ကြောင်း ပြော ကြား ခဲ့ ခြင်း ကြောင့် ဆန္ဒပြ ကန့် ကွက် ရန် စီစဉ် မှု များ ၊ သူလွှတ် တော် အမတ် အဖြစ် ရွေးချယ် ခံ ခဲ့ ရသည့် တောင်ဥက္ကလာ ပ မြို့ နယ် နေ သူများက ဆန္ဒပြကန့် ကွက် ရန် လည်း စီစဉ် ခဲ့ ကြသည်။

ထိုင်းမြန်မာ အလုပ်သမား MOU စနစ်ပြောင်းပြီ
ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတွင် အလုပ် လုပ်နိုင်ရန်အတွက် တရားဝင်နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း G to G စနစ် ( အစိုးရ မှ အစိုးရ) ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ကုမ္ပဏီ လိုင်စင်ရှိသူများက အာမခံကြေးတင်ပြီး ဆောင်ရွက်ရမည် ဟူသော မူတမျိုး ထွက်ရှိလာပြီဖြစ်သည်။
အဆိုပါ မူသစ်အရ အေးဂျင့်လိုင်စင်ရှိသူများက အာမခံကြေးတင်ပြီး ထိုင်းနိုင်ငံသို့ လူပို့ရန်ဖြစ်သည်။ မြ၀တီမြို့ ကျောက်လုံးကြီးရုံးမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ ယခုစနစ်က ပိုကောင်းသည်ဟု ပြောပါသည်။ အလုပ်သမားများအတွက် ခိုင်မာတဲ့အာမခံချက်တွေပိုရှိလာကြောင်း၊၊ ယခင်က အာမခံမရှိသောအေးဂျင့်များက ဆောင်ရွက်ကြရာ လိမ်လည်ခံရသူပေါင်း များစွာရှိခဲ့ကြောင်း၊ အလုပ်သမားများဆုံးရှုံးနစ်နာခဲ့ရသည့် ဖြစ်ရပ်ပေါင်းများစွာရှိခဲ့ရာက ယခုစနစ်သည် လိမ်ညာမှု့များကို ကာကွယ်ပြီး ဖြစ်ကြောင်း အလုပ်သမားအချို့နှင့် မိသာစုတို့က မှတ်ချက်ပေးသည်။
သို့သော်လည်း အချို့ကုမ္ပဏီလိုင်စင်မရှိသူများလက်တွင် စနစ်ဟောင်းဖြင့် လက်ခံဆောင်ရွက်နေဆဲ လူဦးရေ ထောင်ချီကျန်ရှိနေသေးကြောင်း၊ စနစ်သစ်အရ စီစစ်မှုများ ပိုလာသဖြင့် ထွက်ခွာချိန်မှာ အလုပ်သမား လက်မှတ်ရပြီး ၃၀ ရက်မှ ၃၅ ရက်ကြာမြင့်မည်ဟု သိရကြောင်း၊ ထိုကြာမြင့်ချိန်နှင့် အာမခံကြေးများကြောင့် MOU ဈေးများ မြင့်တက်လာနိုင်ကြောင်း လည်းသိရသည်။
MoeMaKha

ဦးမောင်အေး အရက် ဖြတ်လိုက်ပြီ
ဇူလိုင် လ ဆန်း ပိုင်း က ရုတ်တရက် လေဖြတ်ရောဂါ နှင့် ကျန်းမာ ရေး ချို့ ယွင်းလာ သဖြင့်
တပ်မတော် စစ်ဆေး ရုံ ကြီး တွင် အရေး ပေါ် ဆေး ကုသ မှု ခံယူ ခဲ့ရသည့် နိုင်ငံတော်
အေးချမ်းသာယာရေး နှင့် ဖွံ့ ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဌ နှင့် ဒုတပ်မတော် ကာကွယ်ရေး
ဦးစီး ချုပ် အဖြစ်မှ အနားယူ ခဲ့ ဒု- ဗိုလ်ချုပ် မှုးကြီး မောင်အေး သည်ဒုတိယ ၀ါဆို လ
ပြည့် နေ့ မှ စ၍ လုံး ၀ အရက် သောက် သုံး ခြင်း မပြု တော့ ဟု ၎င်း ၏ ဆွေမျိုး တစ်ဦး က
ပြောကြားသည်။
ဇူလိုင်လ ၁၆ ရက်နေ့ တွင် ဆေးရုံမှ ဆင်းလာ ပြီး နောက် စကော့တလန်ဒေသ ထုတ် အရက် များ ကို ဆက်လက် သုံးဆောင်ခဲ့ သော် လည်း ၀ါ ဆို လ ပြည့် နေ့ တွင် အပြီး တိုင် ဖြတ် လိုက် သည် ဟု သိရသည်။
“သူ ဆေးရုံ က ပြန်ဆင်းလာ တုန်း က သောက်သေးတယ်။ မိတ်ဆွေ တွေ လာ တွေ့  တော့ ပိုတောင် သောက် ဖြစ် သေးတယ်။ နောက်တော့ ၀ါဆို လပြည့် နေ့ ကျရင် ဖြတ်မယ် ဆို ပြီး ငါးပါးသီလ ခံ ပြီး ဖြတ် လိုက်တာပါပဲ။ ဆက်သောက် မသောက် တော့ စောင့် ကြည့် ရမှာ ပေါ့ “ ဟု ဦးမောင်အေး ၏ ဆွေမျိုး တစ်ဦး က ပြောသည်။
အရက် ဖြတ် ချိန် တွင် ဦးမောင်အေးသည် အသက် ၇၅ နှစ်ရှိ ပြီ ဖြစ်သည်။
ရန်ကုန် မြို့မှ အငြိမ်းစား တပ်မတော် အရာရှိဟောင်း တစ်ဦးက သူ အရက်ဖြတ် လိုက်ရင် သူ့  အတွက် ပို အန္တရာယ် ရှိ နိုင်တယ် ဟု ပြောသည်။
မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ၁၉၃၇ ခုနှစ် ဒီဇင်ဘာ လ မှ စစ်ကိုင်း တိုင်း ကန့် ဘလူ မြို့ နယ် မှာ မွေးဖွား ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ စစ်တပ်ထဲ ၀င်ရောက် ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေ မြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ် စဉ် ၁ ကနေ အောင်မြင် ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ် မှာ အရှေ့ မြောက် ပိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် တာဝန် ယူ ခဲ့ပြီး အဲဒီအချိန် က တိုင်းမှုး အဖြစ် တာဝန် ယူရ သူတွေ ထဲ မှာ သူတစ်ဦး တည်း စစ်ခေါင်းဆောင် နေရာကို တက်လှမ်း နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်တွင်း မီဒီယာအသီးသီးမှ သတင်းသမားများ၏ “မီဒီယာဖိနှိပ်မှု.... ရပ်” လှုပ်ရှားမှု..
“မီဒီယာဖိနှိပ်မှု.... ရပ်” လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ.. “မီဒီယာဖိနှိပ်မှု.... ရပ်” ဟူသည့် အနက်ရောင်တီရှပ်ဝတ် လှုပ်ရှားမှုတစ်ရပ်ကို မီဒီယာပေါင်းစုံမှ သတင်းသမားများ စုပေါင်းကာ ယနေ့(သြဂုတ်၎ရက်) နံနက်၁၁နာရီတွင် စတင်ပြုလုပ်ခဲ့သည်။
ဆူးလေရှိ The Voice ရုံးခန်းနှင့် မြေနီကုန်းရှိ Envoy ဂျာနယ်ရုံးခန်းတို့ သို့သွားရောက် အားပေးကာ မီဒီယာဖိနှိပ်မှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် သတင်းသမားများ၏ လက်မှတ်များကိုလည်း စုဆောင်းခဲ့ပြီး ထိုလက်မှတ်များနှင့် စာများကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော်နှစ်ရပ်တို့ထံ ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် အား ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦးက ဝေဖန် ပြောဆို
ကာတာ နိုင်ငံ အခြေစိုက် အယ်(လ)ဂျာဇီးယား ရုပ်သံ နဲ့  အင်္ဂလန် နိုင်ငံ လန်ဒန် အခြေစိုက် မြန်မာ
မာ ရိုဟင်ဂျာ အစည်း အရုံး (ယူကေ) နဲ့  တွေ့ ဆုံ မှု မှာ BROUK က ထွန်းခင် က မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗြိတိသျှ ပါလီမန် မှာ စကား ပြော ခဲ့ ပေမယ့် ရိုဟင်ဂျာ
အကြောင်း ထည့် သွင်း ပြောကြား ခဲ့ တာ မရှိ ဘူး ၊ ဘီဘီစီ မြန်မာ ပိုင်း ဘာသာ အစီအစဉ် မှာ ရို
ဟင်ဂျာ ဘာသာ စကား အစီအစဉ် ပါ ရှိပေမယ့် သူက ရိုဟင်ဂျာ ဆို တာ ကျွန်မ မသိဘူး လို့  ပြော
သွား ခဲ့ တယ် လို့  သူက ဝေဖန် ပြောကြားခဲ့ ပါတယ်။
ရိုဟင်ဂျာ တွေ ကို တိုင်းရင်းသား အဖြစ် အခွင့် အရေး ပေး ဖို့  ၊ နိုင်ငံ သား အဖြစ် တန်းတူ အခွင့် အရေး ပေး ဖို့  ကို လဲ လွှတ်တော် မှာ ဒေါ်အောင်ဆန်းစုကြည် က အဆို တင် သွင်း သင့် ကြောင်း သူက ပြောပါတယ်။
ရခိုင်ဒေသ မှာ ရှိ တဲ့ ရိုဟင် ဂျာ တွေ ရဲ့  အိမ် တွေ ဖျက်ဆီးခံ ရတယ် ၊ မီးရှို့  ခံရတယ်။ ရိုဟင်ဂျာ ပြည်သူ တွေ ဟာ နှိပ်စက် ခံရတယ်။ ရေနဲ့  အစား အသောက် တွေ မရ ဘူး အဲဒီ အတွက် ကုလ လုံခြုံရေး ကောင်စီ ၊ ကုလ အထွေထွေ ညီလာခံ တို့  က ဒါ ကို အရေး တကြီး နဲ့  ကိုင် တွယ် သင့် တယ် လို့ သူက မေးမြန်း တဲ့ အစီ အစဉ် မှာ ပြောကြား ခဲ့ ပါတယ်။
မေ လ နှောင်း ပိုင်း နဲ့  ဇွန်လ အတွင်း က ဖြစ်ပွား ခဲ့ တဲ့ ရခိုင် ပြည်နယ် အတွင်း မငြိမ် သက် မှု တွေ မှာ မြန်မာ နိုင်ငံ တွင်း ကို ကျုးကျော် ၀င်ရောက် နေ ထိုင် တဲ့ ရိုဟင်ဂျာ တွေ ဟာ ရခိုင်လူ မျိုး တွေ ကို သတ်ဖြတ် မှု နဲ့  နေအိမ် မီး ရှို့  မှု တွေ ပြု လုပ် ခဲ့ တယ် လို့  မြန်မာ သတင်းဌာန တွေ က ရေးသား ဖော်ပြ ခဲ့ ကြ ပါတယ်။
အမေရိကန် အခြေစိုက် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာ အူဒင် ကိုလည်း အယ်(လ) ဂျာဇီးယား Stream အစီအစဉ် က နေ တွေ့ ဆုံ မေးမြန်း ခဲ့ ပါတယ်။
ဒီတွေ့ ဆုံ မေးမြန်း မှု မှာ ဒေါက်တာ ၀ါကာ အူဒင် က ပါလီမန် ဒီမိုကရေစီ ခောတ် ၀န်ကြီးချုပ် ဦးနု လက်ထက် တုန်း က ရိုဟင်ဂျာ တွေ ကို နိုင်ငံ သား ဖြစ်ခွင့် ပေး ခဲ့ ပြီး ဗိုလ်ချုပ်ကြီး ဦးနေ၀င်း ဦးဆောင် တဲ့ စစ်အာဏာ သိမ်းမှု စတင် တဲ့ အချိန်မှာ အဲဒီ အခွင့် အရေး တွေ ဟာ ၁၈၀ ဒီဂရီ ပြောင်းလဲ သွား တယ် လို့  သူက ထောက်ပြ ပြော ဆို ပါတယ်။
ရခိုင်ဒေသ မှာ ဖြစ်နေတယ့် လူမျိုး တုံး သတ်ဖြတ်မှု တွေ ကို ကုလ နဲ့  နိုင်ငံ တကာ အဖွဲ့  အစည်း တွေ ပါဝင်ဆောင် ရွက် ခြင်း မရှိ ဘဲ ဖြေရှင်း နိုင်မှာ မဟုတ် ဘူး လို့  သူက ဆို ပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံ သား ဖြစ်မှု ဆိုင်ရာ ဥပဒေ ကို လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြီး လွှတ်တော် မှာ ဆွေးနွေး သင့်တယ် လို့  သူ က ဆိုပါတယ်။
မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် ဒေသ မှာ စုံစမ်းစစ်ဆေးမှု တွေ ပြု ပြီး ပြန်လည် ထွက်ခွာ သွား ပြီ ဖြစ်တဲ့ ကုလသမဂ္ဂ လူ့ အခွင့် အရေး အထူးသံ မစ္စတာ အိုဟေး ကင်တာနား ကျယ်ပြန့် တဲ့ စုံစမ်း စစ်ဆေး မှု တွေ ပြု လုပ် ဖို့  ပြော ကြား ခဲ့ ပါတယ်။
၈၈ မျိုး ဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကတော့ ဒေသခံ ရခိုင် တွေ ရဲ့  အရေး ကို ထည့် သွင်း ပြောကြား ခြင်း မရှိ ဘဲ ရိုဟင်ဂျာ အရေး ကို ဘဲ အာ ရုံစိုက် ပြော ကြားတာ ဟာ မေး ခွန်း ထုတ် စရာ ဖြစ်တယ် လို့  ဘီဘီစီ သတင်း ဌာန နဲ့  မေးမြန်း မှု မှာ ပြောကြား ခဲ့ ပါတယ်။

ခုနှစ်ရက်သားသမီးများအတွက် ( ၆.၈.၁၂ ) မှ ( ၁၃.၈.၁၂ ) ထိတပတ်စာ ဗေဒင်ဟောစာတမ်း
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အလုပ်အကိုင်တိုးတက်ခြင်း၊ လုပ်ငန်းတိုးချဲ့ရန်ဖြစ်လာခြင်း၊ အိမ်၊ အခန်းသစ်ပြောင်းရခြင်း ဘုရားဖူးသွားရခြင်း၊ ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများ လုပ်နေရခြင်း များဖြစ်တတ် သည်။ အလှူအတန်းလုပ်ရတတ်သည်။ အလှူလုပ်ပြီးသော် ထီပေါက်တတ်ခြင်း၊ နာမည် ဂုဏ်သတင်းကြီးခြင်းဖြစ်တတ်သည်။ စီးပွားတက်နေမည်။
ကျန်းမာရေး။ အကြောနာခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခေါက်ဆွဲသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၂ ၄ ၇)
တနင်္လာသားသမီးများ၏ကံကြမ္မာ
ပြည်တွင်းပြည်ပခရီးသွားရခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ ငွေများစွာဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်း၊ စာအုပ်ကောင်းများရခြင်း၊ အိမ်ပြုပြင်ရခြင်း၊ သင်တန်းတက်ရခြင်း၊ ပညာသင်ရခြင်းများဖြစ်တတ်သည်။ အလုပ်တွင်ခိုက်ရန်ဖြစ်ပွားတတ်သည်။ သွေးထွက်သံယိုမှု များဖြစ်တတ်သည်။ အစစအရာရာသည်းခံပြီးနေပါ။ အထက်လူကြီး ဆရာသမားကြောင့်စိတ်ညစ်စရာဖြစ်နေတတ်သည်။ နာရီအသစ်မ၀ယ်ပါနှင့်။
ကျန်းမာရေး။ လေထိုးလေအောင့်ခြင်း၊ ၀မ်းဗိုက်အောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်စားရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြာဇံေ ကြာ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၅ ၆ ၆)
အင်္ဂါသားသမီးများကံကြမ္မာ
စိတ်တိုင်းမကျဖြစ်နေတတ်သည်။ လူပင်ပမ်း၊ စိတ်ပင်ပမ်းခြင်းများဖြစ်နေမည်။ ရွှေအသစ်ဝင်ခြင်း၊ ငွေဝင်ခြင်းများဖြစ်မည်။ မြေ၊ ကွန်ပြူတာဝင်တတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီး အသစ်များဝင်မည်။ အခန်းပြောင်းခြင်း၊ အလုပ်နေရာပြောင်းခြင်းဖြစ်တတ်သည်။ စိတ်ပြေစေရန်ပျော်ပွဲရွှင် ပွဲများသွားခြင်း၊ ခလေးငယ်များကိုရုပ်ရှင်လိုက်ပြခြင်း၊ မုန့်ကျွေးခြင်းများပြုလုပ်ပေးလျှင်ကောင်းသည်။
ကျန်းမာရေး။ အဆုတ်အအေးမိပြီးချောင်းဆိုးခြင်း၊ နှာစီးခြင်းဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၄ ၄ ၆)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်နေရခြင်း၊ လူမျိုးခြားများနှင့်လုပ်ငန်းများလုပ်ရန်ဖြစ်ပေါ်နေခြင်း၊ နိုင်ငံခြားခရီးသွားရခြင်းများဖြစ်နေမည်။မြေ၀င်ခြင်း၊ စနေနံပစ္စည်းများဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ မိဘများ၊ မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံတွေ့ရခြင်းဖြစ်တတ်သည်။ ငွေဝင်မည်။ သို့သော်အကျိုးမရှိကုန်နေတတ်သည်။ သူခိုးခိုးခံရတတ်သည်။ ငွေပျောက်တတ်သည်။ အစစအရာရာသတိထားပါ။
ကျန်းမာရေး။ အစားမှားပြီးသွေးတိုးခြင်း၊ ကိုက်ခဲခြင်းများဖြစ်တတ်သည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်ဘဲအလုပ်များနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်တီသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၀)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ ၀င်းခြံဝင်ခြင်း၊ ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်းများဖြစ်တတ်သည်။ ပျော်ရွှင်သောခရီးသွားရခြင်း လူမျိုးခြားများ၏ကူညီမှုရခြင်းများဖြစ်တတ်သည်။ ထီမထိုးပါနှင့် ယခုရက်ပိုင်းထီပေါက်သောမိမိ မိသားစုတွင်သက်ကြီး သူဆုံးပါးတတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ လူလိမ်ခံရခြင်း၊ လူလုခံရခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ ခါးကြောညှပ်ခြင်း၊ ကျောအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဟင်းခါးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၀)
သောကြာသားသမီးများ၏ကံကြမ္မာ
ဝင်ငွေကောင်းခြင်း၊ လစာတိုးခြင်း၊ အလုပ်တွင်ကူညီမဲ့သူပေါ်လာခြင်း၊ ငွေဝင်သော်လည်းကုန်စရာ များကုန်နေသည်၊အကျိုးရှိစွာကုန်နေရတတ်သည်။ မိတ်ဆွေသစ်များတိုးခြင်း၊ လာဘ်ရွှင်ခြင်း၊ မိမိနာမည်ဂုဏ်သတင်းကောင်းနေခြင်း၊ နာမည်ကောင်းရခြင်း၊ လူချစ်လူခင်ပေါနေခြင်းများဖြစ်နေသည်။ လက်ဆောင်ပစ္စည်များရခြင်း၊ အစားအသောက်ဒါနပြုသူများမကြာခဏကြုံနေရမည်။ စီးပွားတက်နေမည်။
ကျန်းမာရေး။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြင့်အစစအရာရာအဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြာဇံချက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၁ ၆ ၂)
စနေသားသမီးများ၏ကံကြမ္မာ
အလုပ်ပြောင်းရွေ့ရခြင်း၊ ကောင်းသောပြောင်းခြင်းဖြစ်မည်။ အမိနိုင်ငံသို့အလည်အပတ်ပြန်ရခြင်း၊ ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ့ခြင်းများ ပြုလုပ်နေရမည်။ မိခင်ဖခင်များအတွက်ပူပင်သော ကဖြစ်နေရတတ်သည်။ အရေးကြီး စာရွက်စာတမ်းပျောက်တတ်သည်။ စာရင်းအင်းသတိထားပါ။ စာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်းရတတ်သည်။ ၀င်ငွေကောင်းမည်။
ကျန်းမာရေး။ ဆီးအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်တူကိုယ်တူမတွေ့သေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခေါက်ဆွဲကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၉ ၇ ၆)
* ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏ တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513 , +6018 2250 510
E- mail:swezinwati@gmail.com