Monday, July 16, 2012

လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...


လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...။

ဓာတ်ပုံ မူရင်းလင့်ခ်
http://www.daylife.com/photo/01jc0fr1Z36jz?__site=daylife&q=Rohingya
We are strongly oppose liar report images.

AP သတင်းဋ္ဌာနရဲ့ ဇူလိုင်လ ၁၃ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား အစ္စလာမ်မစ် Islamic Defenders Front အဖွဲ့မှ ဆန္ဒပြခေါင်းဆောင်နဲ့ အချေအတင် ပြောဆိုနေကြတဲ့ပုံပါ။

ဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ ပုံရဲ့ ညာဘက်ထောင့်မှာ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား နေအိမ်တွေ မီးရှို့ခံရစဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ ၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးအတွင်းက ဗဟန်းကြားတောရလမ်းမှာ လုံထိန်းတွေနဲ့ ထပ်တိုက်ရင်ဆိုင်စဉ်က ပုံကို မဆီမဆိုင် ဘင်္ဂလီရိုဟင်ဂျာများ အကြမ်းဖက် တိုက်ခိုက်ခံရသယောင် ဖော်ပြထားပြီး၊ အနီရောင်နဲ့ ဝိုင်းထားတဲ့ပုံကတော့ ဖေ့စ်ဘွတ်ခ်မှာ ပျံနှံနေတဲ့ (၂၀၀၉ခုနှစ်က ရသေ့တောင်မြို့က ဟုထင်ပါသည်) ရခိုင်အမျိုးသမီးငယ်တဦးအား ဘင်္ဂလီများမှ သတ်ဖြတ်ထားတဲ့ ပုံအား ထင်ယောင်ထင်မှား ဖော်ပြထားသလို ခရမ်းရောင် ဝိုင်းထားတဲ့ ပုံကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က စစ်တွေမြို့ ဗျိုင်းဖြူရွာမှာ ဘင်္ဂလီ အကြမ်းဖက်များရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားများအား စစ်တွေ နာရေးအဖွဲ့ယာဉ်ပေါ်မှာ တင်ထားစဉ် ရိုက်ကူးထားတဲ့ ပုံများအား ဘင်္ဂလီ ရိုဟင်ဂျာများ အကြမ်းဖက်မှုကြောင့် သေဆုံးရသယောင် ဖော်ပြထားပါတယ်..။

တောင်ကုတ်မှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ပုံနဲ့ ယှဉ်တွဲကာ အမှန်နဲ့ အမှားဓာတ်ပုံများအား ယှဉ်တွဲ လုပ်ကြံ ဖော်ပြထားခြင်း ဖြစ်ပါတယ်..။




အဆိုပါ AP သတင်းဋ္ဌာနရဲ့ ဂျကာတာမှ ဆန္ဒပြပွဲ ဓာတ်ပုံများဟာ ပြည်ပက ဘင်္ဂလီ အဖွဲ့အစည်းများမှ လုပ်ကြံဖန်တီး ပေးပို့ထားတဲ့ ပုံများအား အင်ဒိုနီးရှားမှ ဆန္ဒပြသူများမှ အဖြစ်မှန်အား မသိရှိပဲ ကိုင်ဆောင် ဆန္ဒပြနေတယ်လို့ ယူဆရပါတယ်...။

အထက်ပါ AP သတင်းဓာတ်ပုံများဟာ မမှန်မကန် ဖော်ပြထားတဲ့ ပုံတွေ ပါရှိနေတဲ့ အတွက် ပြည်ပ အခြေဆိုက် BBC,VOA,RFA,DVBနဲ့ Irrawaddy သတင်းဋ္ဌာနများမှ မိမိတိုင်းပြည်နဲ့ လူမျိုးအရေးကို ကြည့်ပြီး အမှန်အတိုင်း ပြန်လည် ဖြေရှင်း ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်..။ ဖေ့စ်ဘွတ် ပရိသတ်များ အနေနဲ့လည်း အပြုသဘော ဝေဖန်ရေးသားပြီး English ဘာသာကျွမ်းကျင် သူများမှ ဓာတ်ပုံပါ အဖြစ်မှန်များအား ရေးသားဖော်ပြပြီး သက်ဆိုင်ရာ နိုင်ငံများရှိ အင်ဒိုနီးရှားသံရုံးများသို့ ပေးပို့စေလိုပါတယ်..။ ထို့အပြင် မြန်မာအစိုးရမှလည်း ဓာတ်ပုံပါ အဖြစ်မှန်အား အာဏာပိုင်ချင်း ပေးပို့ဖို့ လိုအပ်ပါလိမ့်မယ်...။

လှုံဆော် ဖော်ပြနေခြင်းမဟုတ်ပါ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အဆိုပါ လိမ်လည် လုပ်ဆောင်ချက်အား ပြန်လည် ဖြေရှင်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်သည်..။ ဆဲဆိုနေသည့် ကွန်မာန့်များ ရေးသားနေမည့် အစား အဖြစ်မှန် သတင်းမှန် အတွက် ပူပေါင်းပါဝင် ကူညီလုပ်ဆောင် ကြပါ..။

See MorePhoto:
လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...။
ဓာတ်ပုံ မူရင်းလင့်ခ်
http://www.daylife.com/photo/05V4cBlaPXdl0?__site=daylife&q=Rohingya
We are strongly oppose liar report images.

AP သတင်းဋ္ဌာနရဲ့ ဇူလိုင်လ ၁၃ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား အစ္စလာမ်မစ် Islamic Defenders Front အဖွဲ့မှ ဆန္ဒပြခေါင်းဆောင်နဲ့ အချေအတင် ပြောဆိုနေကြတဲ့ပုံပါ။ှဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ ပုံရဲ့ ညာဘက်ထောင့်မှာ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား နေအိမ်တွေ မီးရှို့ခံရစဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ ၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးအတွင်းက ဗဟန်းကြားတောရလမ်းမှာ လုံထိန်းတွေနဲ့ ထပ်တိုက်ရင်ဆိုင်စဉ်က ပုံကို မဆီမဆိုင် ဘင်္ဂလီရိုဟင်ဂျာများ အကြမ်းဖက် တိုက်ခိုက်ခံရသယောင် ဖော်ပြထားပြီး၊ အနီရောင်နဲ့ ဝိုင်းထားတဲ့ပုံကတော့ ဖေ့စ်ဘွတ်ခ်မှာ ပျံနှံနေတဲ့ (၂၀၀၉ခုနှစ်က ရသေ့တောင်မြို့က ဟုထင်ပါသည်) ရခိုင်အမျိုးသမီးငယ်တဦးအား ဘင်္ဂလီများမှ သတ်ဖြတ်ထားတဲ့ ပုံအား ထင်ယောင်ထင်မှား ဖော်ပြထားသလို ခရမ်းရောင် ဝိုင်းထားတဲ့ ပုံကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က စစ်တွေမြို့ ဗျိုင်းဖြူရွာမှာ ဘင်္ဂလီ အကြမ်းဖက်များရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားများအား စစ်တွေ နာရေးအဖွဲ့ယာဉ်ပေါ်မှာ တင်ထားစဉ် ရိုက်ကူးထားတဲ့ ပုံများအား ဘင်္ဂလီ ရိုဟင်ဂျာများ အကြမ်းဖက်မှုကြောင့် သေဆုံးရသယောင် ဖော်ပြထားပါတယ်..။ တောင်ကုတ်မှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ပုံနဲ့ ယှဉ်တွဲကာ အမှန်နဲ့ အမှားဓာတ်ပုံများအား ယှဉ်တွဲ လုပ်ကြံ ဖော်ပြထားခြင်း ဖြစ်ပါတယ်..။

အဆိုပါ AP သတင်းဋ္ဌာနရဲ့ ဂျကာတာမှ ဆန္ဒပြပွဲ ဓာတ်ပုံများဟာ ပြည်ပက ဘင်္ဂလီ အဖွဲ့အစည်းများမှ လုပ်ကြံဖန်တီး ပေးပို့ထားတဲ့ ပုံများအား အင်ဒိုနီးရှားမှ ဆန္ဒပြသူများမှ အဖြစ်မှန်အား မသိရှိပဲ ကိုင်ဆောင် ဆန္ဒပြနေတယ်လို့ ယူဆရပါတယ်...။ အထက်ပါ AP သတင်းဓာတ်ပုံများဟာ မမှန်မကန် ဖော်ပြထားတဲ့ ပုံတွေ ပါရှိနေတဲ့ အတွက် ပြည်ပ အခြေဆိုက် BBC,VOA,RFA,DVBနဲ့ Irrawaddy သတင်းဋ္ဌာနများမှ မိမိတိုင်းပြည်နဲ့ လူမျိုးအရေးကို ကြည့်ပြီး အမှန်အတိုင်း ပြန်လည် ဖြေရှင်း ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်..။ ဖေ့စ်ဘွတ် ပရိသတ်များ အနေနဲ့လည်း အပြုသဘော ဝေဖန်ရေးသားပြီး English ဘာသာကျွမ်းကျင် သူများမှ ဓာတ်ပုံပါ အဖြစ်မှန်များအား ရေးသားဖော်ပြပြီး သက်ဆိုင်ရာ နိုင်ငံများရှိ အင်ဒိုနီးရှားသံရုံးများသို့ ပေးပို့စေလိုပါတယ်..။ ထို့အပြင် မြန်မာအစိုးရမှလည်း ဓာတ်ပုံပါ အဖြစ်မှန်အား အာဏာပိုင်ချင်း ပေးပို့ဖို့ လိုအပ်ပါလိမ့်မယ်...။ လှုံဆော် ဖော်ပြနေခြင်းမဟုတ်ပါ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အဆိုပါ လိမ်လည် လုပ်ဆောင်ချက်အား ပြန်လည် ဖြေရှင်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်သည်..။

စာဖတ် မိတ်ဆွေများအနေဖြင့် ဆဲဆိုနေသည့် ကွန်မာန့်များ ရေးသားနေမည့် အစား အဖြစ်မှန် သတင်းမှန် အတွက် ပူပေါင်းပါဝင် ကူညီလုပ်ဆောင် ကြပါ..။

မူရင်းသတင်းက ဒီမှာပါ။

မြန်မာသံရုံးရှေ့ မွတ်ဆလင် များ ဆန္ဒပြ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာသံရုံးရှေ့မှာ သဘောထားတင်းမာသူ မွတ်စလင် အဖွဲ့ဝင် တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အစ္စလမ် ကာကွယ်ရေးတပ်ဦး ( FPT ) နဲ့ ( JAT ) စတဲ့ အဖွဲ့တွေက လူ (၃၀၀) လောက်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေတဲ့ ကိစ္စ ရပ်ဆိုင်းရေး ဆိုပြီးဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင်တစ်ယောက်က မြန်မာသံရုံးအရာရှိတွေ နဲ့တွေ့ဆုံလိုကြောင်း အသံချဲ့စက်ကတဆင့် ခြိမ်းခြောက် တောင်းဆိုခဲ့ကြောင်း အေအက်ပီ သတင်း က ဖေါ်ပြပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ (၅၀)လောက် စောင့်ကြပ်ပေးနေတဲ့ မြန်မာသံရုံးထဲကို ၀င်ရောက် ဖို့မကြိုးစားဘဲ၊ ကုလသမဂ္ဂရုံးတစ်ရုံးဆီကို ဆန္ဒုပြဖို့ထွက်ခွာသွားခဲ့ကြတယ် လို့ သိရပါတယ်။ ဒီအတွင်း အာရပ်စောဘွားများနိုင်ငံ ( UAE ) နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာဝင်တွေ ဖိနှိပ် ခံနေတဲ့ကိစ္စ ရပ်ဆိုင်းရေး အတွက် အရေးပေါ်အစည်းအဝေးခေါ်ယူပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ကို မနေ့ကတိုက်တွန်းလိုက်ကြောင်း KUNA ကူဝိတ် သတင်းဌာန က ဖေါ်ပြပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဆွေးနွေးပွဲနီးရင် ပိုကြောက်နေတဲ့သူများ . . .

ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရှိဖို့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့တို့ အလွတ်သဘောဆွေးနွေးခဲ့တာ (၃)ကြိမ်ရှိခဲ့ပါပြီ။ သို့သော် လည်း နှစ်ဖက်အပစ် အခတ်ရပ်စဲရေးအတွက် ရေရာတဲ့အဖြေမရရှိသေးတဲ့အပြင် ဆွေးနွေးပွဲနီးရင် စစ်တပ်က စခန်းတွေကို ခဏခဏသွား ပစ်ခိုင်းနေလို့ KIA တပ်ဖွဲ့ဝင်များအကြား ဘာဆက်လုပ်ရမည်ကို ဝေခွဲ၍မရကြောင်း ကြားသိရပါတယ်။ လဂျားယန်အပေါ်ကုန်းမှာနေရတဲ့ KIA တပ်ကြပ်ကြီးတစ်ဦးကတော့ `` မိုင်ဂျာယန်မှာ ဆွေးနွေးပွဲ လုပ်တော့မယ် ဆိုရင် ကျွန်တော်တို့ အဖွဲ့တွေဆီလှမ်းပြောတယ်။ အစည်းအဝေးလုပ်တော့မယ် ဆိုတဲ့အကြောင်းပေါ့၊ တစ်ပတ် လောက် ကြိုပြောတယ်၊ လွယ်ဂျယ်လမ်းကြောင်းပေါ်မှာ ဆွေးနွေးမဲ့အဖွဲ့တွေလာရင် မပစ်ဖို့ မခတ်ဖို့ပေါ့၊

ဒါပေမဲ့ ၃/၄ ရက်အလိုလောက်ကျရင် ကျွန်တော်တို့ကို စစ်တပ်ကိုသွားပစ်ခိုင်းတယ်၊ မှတ်မှတ်ရရဗျာ မေလ ၂၈ ရက်လောက်မှာ လဂျားယန်ရယ်၊ နားလုံရယ်၊ နန်ပေါင်ရယ် တစ်နေကုန်ပစ်ခိုင်းတယ်။ စစ်တပ်က လက်နက်အကြီးကြီးတွေ ပြန်မပစ် မချင်း တောက်လျှောက် ပစ်ခိုင်းတယ်၊ ကံကောင်းလို့မသေတာဗျာ၊

နောက်တစ်ခါလည်း ဒီလိုပဲဗျ . . ဇွန်လ ၂၀ ရက်နေ့ မိုင်ဂျာယန်ဘက်မှာ လူကြီးတွေဆွေးနွေးမယ်ပြောတယ်။ ၁၆ရက်နေ့ညကျတော့ ကျွန်တော်တို့ကို အလုပ် ခိုင်းတယ်လေ၊ ၁၇/၁၈ နှစ်ရက်ဆက်တိုက်ဘဲ ထမင်းတောင် ငတ်တယ်။

ဘာဖြစ်လို့ပစ်ခိုင်း တာလဲလို့ ဗိုလ်ကြီးကို မေးကြည့်တော့ . . ဆွေးနွေးပွဲကျရင် စစ်တပ်က လက်နက် အကြီးကြီးတွေပစ်ပါတယ်လို့ ပြောလို့ရအောင်လို့ကွာလို့ ပြန်ပြောတယ်၊

ကျွန်တော်တို့တော့ တော်တော်လေးအံ့သြနေပြီ၊ နောက်တစ်ခါဆွေးနွေးတော့မယ်ဆိုရင် ဘယ်ကို သွားပစ်ခိုင်းအုံးမလဲ မသိဘူး ´´ လို့ပြောဆိုလာ ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပုဂ္ဂလိက အာမခံလုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်ပြုတော့မည်


မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားစေခဲ့ရာ လျှောက်လွှာ ပိတ်ချိန်တွင် လျှောက်လွှာ ၁၈၀ အနက် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသူ ၂၀ ဦးသာရှိကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားလာသော လုပ်ငန်းများအနက် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် လုပ်ငန်းများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ တင်ပြပြီး သြဂုတ်လကုန်ပိုင်းတွင် စတင်လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

လာရောက် လျှာက်ထားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအနက် ပြည်တွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ရာ အာမခံလုပ်ငန်း ခြောက်မျိုးကို ပုဂ္ဂလိကဘဏ်များ အပါအဝင် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များအား စတင်လုပ်ကိုင်ခွင့် ပေးသွားမည်ဟု သိရသည်။ လုပ်ကိုင်လိုသော ကုမ္ပဏီများ၏ ကျွမ်းကျင်မှုနှင့် ထပ်မံရင်းနှီးမြှုပ်နှံမည့် ပမာဏပေါ် မှုတည်ကာ အာမခံအမျိုးအစားများကို ထပ်မံတိုးမြှင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီတစ်ခုလျှင် ငွေကျပ် သန်း ၄၆၀၀၀ ကို အစိုးရ ဘဏ်တစ်ခုခုတွင် တင်ထားရန်လိုကြောင်း၊ ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း (၉) ချက်ရှိကြောင်း၊ ယင်း (၉) ချက်နှင့် ကိုက်ညီမှသာ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာအာမခံလုပ်ငန်းမှ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး မီးလောင်


ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့  ညနေ ၆ နာရီ ၅ မိနစ်ခန့် တွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့်ပန်းဆိုးလမ်းထောင့် ရှိ အိန္ဒိယ သံရုံး အပေါ်ဆုံးထပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အိန္ဒိယ သံရုံး (၃)လွှာ ဗီဇာဌာနစိတ်ရှိ ကွန်ပျူတာဆာဗာအတွက်တပ်ဆင်ထားသော အင်ဗာတာ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ ကွန်ပျူတာ ၃ လုံး၊ အဲယားကွန်း၊ စာရွက်စာတန်းအချို့၊ ပရိဘောဂပစ္စည်းအချို့နှင့် ၀ိုင်ယာကြိုးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

ယခုမီးလောင်မှုကို မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၈ စီးထက်မနည်းဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြသောကြောင့် မီးစတင်လောငကျွမ်းပြီး မကြာမီတွင်ပင် မီးကိုငြိမ်းသတ်နိုင်ခဲ့ကာ အခြားနေရာများသို့ မီးဆက်လက်ကူးစက်ခြင်းမရှိခဲ့ကြောင်းသိရသည်။







ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်အနီးရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး အပေါ်ဆုံးထပ်၌ မီးလောင်ကျွမ်းမှုမှာ ညနေ ၆ နာရီအချိန်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ကား ၁၆ စင်းဖြင့် ငြိမ်းသတ်ခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ၊ ပျက်စီးဆုံးရှုံးမှုများကို တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပဲ မီးလောင်ကျွမ်းမှုသည် ဝိုင်ယာရှောခ့်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ၌ ရှိနေသော မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါသည်။

အဆိုပါ အိန္ဒိယသံရုံးရှိ အဆောက်အအုံဧ။် တတိယအထပ်မှ စတင်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်လမ်းမကြီးဘေးရှိ မျက်မြင်များ ဧ။်ပြောကြားချက် အရသိရသည်။ "ဘယ်ကစပြီးတော့ လောင်တယ်ဆိုတာ မသိရှိရသေးပါဘူး အခုမီးငြိမ်းသွားတဲ့အတွက် စစ်ဆေးမှုတွေပြုလုပ်နေပါတယ်" ဟု ယင်းအိန္ဒိယ သံရုံးမီးလောင်မှုတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကပြောကြားသည်။ ယင်းမီးလောင်မှုသည့် ညနေ ၆နာရီ ၅ မိနစ်ခန့်တွင်စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး ၆ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း ယင်းကဆက်လက်ပြောကြားသည်။

အဆိုပါ အိန္ဒိယ သံရုံးမီးလောင်မှုကြောင့် ကုန်သည်လမ်းမကြီးကို အချိန် ၁ နာရီခန့် လမ်းပိတ်ထားပြီးနောက် ပြန်လည်ဖွင့်ပေးခဲ့ကြောင်းသိရသည်။ "၆ နာရီကျော်လောက်က အဲဒီသံရုံးရဲ့ အလံတိုင်နားပြတင်းပေါက်က မီးခိုးတွေထွက်လာတာတွေ့ရတယ်" ဟု အဆိုပါမီးလောင်မှုကို မြင်တွေ့ခဲ့သည့် ကုန်သည်လမ်းမပေါ်တွင် ဈေးရောင်းချသည့် အသက်၃၀ခန့် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်အရေး သတင်း တွေ့ရင် ဖတ်ကြည့် (ကုလားမ၊ ကုလား၊ ကုလားမယား၊ စုကြည်၊ ရိုဟင်ဂျာ နဲ့ အတိုက်ခံ မီဒီယာတွေ က တစ်သံတည်း ထွက်တယ်) မြန်မာတွေက တစ်သံထွက်တယ်


သွေးခွဲစရာ မလိုပါဘူး....
ဇာတိက ကွဲပြီးသား.......
ပြောစကားမှာ..သိသာတယ်။။
ရေးထားတဲ့ စာမှာ သိသာတယ်။
ဘယ်သူတွေဘာပြောပြော.......
ကုလားက ..ကုလားဘဲ
ကုလားမ က ကုလားမ ဘဲ။
ကုလားမယား နဲ့ စုကြည် အတူတူပဲ
သူတို့ လူမျိုးကို ထိရင် တစ်ကမ္ဘာလုံး မခံနိုင်ကြဘူး....
ရှင်းရှင်းလေ.း။။။။။




ရခိုင်ကို ထိရင် .. ဗမာနာတယ်။
တိုင်းရင်းသားတွေကို ထိရင်...ဗမာတွေနာတယ်။
ရိုဟင်ဂျာထိရင် ကုလားနာတယ်။
ကုလားထိရင် ကုလားမ နာတယ်၊ စုကြည်နဲ့ အတိုက်ခံ မီဒီယာ နာတယ်။ (တစ်မျိုးထဲကိုး ဗျ)


ကုလားတွေ ကုလားမတွေ ဘာဖြစ်စေချင်နေမှန်းက သိသာပါတယ်ဗျာ
မြန်မာနိုင်ငံမှာ..ကုလားဝါဒ အစိုးရချင်နေတာ...
စုကြည်က ကုလားဖြူမယားဖြစ်တာ..
အတိုက်အခံမီဒီယာက ကုလားဖြူကျွေးတာစားတာ...
အဲဒီတော့ သူတို့ အလုပ် သူတို့ လုပ် ..

မြန်မာ နိုင်ငံသားတွေ တာဝန်က..ဥပဒေ အတွင်းက...ခုခံ..တွန်းလှန်..
မရရင်...ဥပဒေ အပြင်က နေ တွန်းလှန်...
သူသေရင်..သေ။.။။ မသေရင် ..ကို သေ...။ရှင်းရှင်းလေး....ရန်စကားပြောတာမဟုတ်ဘူး....

မြန်မာတွေက လာမထိရင် ဘာမှ မလုပ်ဘူး...လာထိရင်တော့ .....သိတဲ့အတိုင်းဘဲ။
မြန်မာတွေက ဘယ်တုန်းက မှ အရင် မစ ဘူး...စလာရင်...ဘယ်တော့မှ မခံဘူး...။

Myanmar Express

မူရင်းက ဒီမှာပါ။

ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲကအဖြစ်အပျက်

မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု?

သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနု က လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေ ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော်အမတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံ ဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက် ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။

မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ် လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်းကြီး အသံနဲ့ မဲခွဲအတည်ပြု လိုက်ပါတယ်။

ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခိုတိုက်လိုက်တာပေါ့လေ။

DD85 (MMCP) ဒီအဆိုဟာ နဂိုမူလက အစည်းအဝေးအစီအစဉ်မှာ မပါဘဲ ကြားဖြတ် တင်သွင်းတဲ့အဆိုဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနေ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့် သုံးပြီး အဲဒီအဆိုကို အတည်ပြုလိုက်တာလို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

“နားထောင်နေရင်းနဲ့ ပုံစံက မကျဘူး။ ပြောမယ်ဆိုတော့လည်း ပြောလို့မရဘူး။ ကျနော်ပြောချင်တာက မြန်မာနိုင်ငံမှာ စီးပွားရေးပိတ်ဆို့တဲ့ အဓိက အကြောင်းအရင်းက လူ့အခွင့်အရေးတွေ ချိုးဖောက်လို့ စီးပွားရေးပိတ်ဆို့တာ။ အဲဒီအကြောင်းကို မသိဘဲနဲ့။ အဲဒီအကြောင်းတွေကို ကောင်းကောင်း သိချင်ရင် ကောင်းကောင်း လေ့လာဖို့ လိုတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ဘယ်လောက်ချိုးဖောက်တာတွေကြောင့် စီးပွားရေးပိတ်ဆို့တာ။

“အခု ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက မီဒီယာတွေကိုလည်း အထိုက်အလျောက် လွတ်လပ်ခွင့်ပေးတယ်။ ကျနော်တို့ကိုလည်း ရွေးကောက်ပွဲ ဝင်လို့ရအောင်အထိ ညှိပေးတယ်။ စီးပွားရေးပိုင်းမှာလည်း မော်တော်ကားကိစ္စတွေ အထိုက်အလျောက် လုပ်ပေးတယ်။ နိုင်ငံတကာကလည်း သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့တာတွေကို လျော့ပေးတယ်။ ဦးသိန်းစိန်အစိုးရဘက်က အထိုက်အလျောက် လျော့ပေးလို့ စီးပွားရေးပိတ်ဆို့တာတွေလည်း လျော့ပေါ့လာတာ။ ပိုပြီးတော့ လျော့ပေါ့ပေးချင်ရင် ပိုပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို လုပ်ရမယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို တောင်းဆိုမယ့်အစား ဒီနိုင်ငံမှာ ဦးသိန်းစိန်အစိုးရကနေ လူ့အခွင့်အရေးကို ပိုပြီး ပွင့်ပွင့်လင်းလင်း လုပ်ပေးပါဆိုတဲ့ အဆိုကို တင်ချင်တာ မတင်လိုက်ရဘူး။ အဲဒါပါပဲ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ..(DVB)

ကိုသောင်း ပုလဲမြေ

မူရင်းသတင်းက ဒီမှာပါ။

ဘင်္ဂလားဒေ့ရှ်မှလာသော စက်လှေတစ်စီးကို ရေတပ်မှပစ်ခတ်ဖမ်းဆီး

ယနေ့မနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အပိုင် ဆင်တပ်မော်ကျွန်းပေါ်ရှိ စစ်ကဲပြင်ရွာအနီးသို့ စက်လှေတစ်စီးချည်းကပ်လာရာ ရေတပ်သင်္ဘောမှ စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို မနာခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။

စက်လှေပေါ်တွင် အမျိုးသားရှစ်ဦးပါရှိပြီး ပစ်ခတ်မှုကြောင့် အဒူဆလင်(၂၅နှစ်) ၏ခေါင်းကိုထိမှန်ခဲ့သည်။ ၎င်းကို စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကျန်ရှိသူများကို စစ်ဆေးမေးမြန်းမှုများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နပ်ဖ်မှလာသူများဖြစ်ကြောင်း သိရသည်ဟု စစ်တွေမြို့မှ မျက်မြင်သက်သေတစ်ဦးက YPI သို့ပြောသည်။

စက်လှေရပ်တန့်စေရန် ရေတပ်က ခြောက်လှန့်ပစ်ခတ်စဉ် စက်လှေပေါ်မှ လက်နက်များ ရေထဲသို့ပစ်ချခဲ့သည်ဟု ယူဆရသောကြောင့် ၎င်းနေရာတစ်ဝိုက်တွင် ရေငုပ်သမားများဖြင့် ရှာဖွေလျှက်ရှိသည်။

ဆင်တပ်မော်ကျွန်းသည် စစ်တွေမြို့မှ စက်လှေဖြင့် နာရီဝက်ခန့်သွားရသော အကွာအဝေးတွင်ရှိသည့် ရခိုင်လူမျိုးများနေထိုင်ရာ ကျွန်းတစ်ကျွန်းဖြစ်သည်။

တက်ခ်နပ်ဖ်သည် ရခိုင်ပြည်နယ် မောင်တောမြို့၏ တစ်ဖက်ကမ်း နတ်မြစ်ဝ အနီးတွင်တည်ရှိသည်။ ။

by Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

ရောဂါဆန်း တစ်မျိုးကြောင့် ကမ္ဘောဒီးယားတွင် ကလေး ၆၁ ဦး သေဆုံး


ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဌာနနှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ဧပြီလမှစ၍ ဖြစ်ပေါ်ခဲ့သော ကလေး ၆၁ ဦး သေဆုံးခဲ့ရသည့် အမျိုးအမည်မသိ ရောဂါဆန်းနှင့်ပတ်သက်ပြီး စုံစမ်းစစ် ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစုံစမ်းစစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်မှာ ရောဂါဖြစ်ပွားရ သည့်အကြောင်းရင်းနှင့် ဇာစ်မြစ်ကို ဖော် ထုတ်ပြီး သင့်လျော်သောကုသမှုနှင့်ထိန်း ချုပ်မှုတို့ကို ရှာဖွေရန်ဖြစ်သည်ဟု ကမ္ဘော ဒီးယားနှင့် WHO တို့ ဇူလိုင်လ ၄ ရက် နေ့တွင် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါသည် ပြင်းထန်သော အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး အာ ရုံကြောဆိုင်ရာ ရောဂါလက္ခဏာရပ်များ ကို တွေ့ရှိရသည်ဟုဆိုသည်။ ယနေ့အထိ အဆိုပါရောဂါကြောင့် ဆေးရုံတင်ခဲ့သော ကလေး ၆၂ ဦးအနက် ၆၁ ဦးမှာ သေဆုံး သွားသည်ဟုဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ ကန်သာဘိုဖာကလေးဆေးရုံ က ကျန်းမာရေးဝန်ကြီးဌာနသို့ သတိပေး နှိုးဆော်ချက် ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆို ပါ အမျိုးအမည်မသိရောဂါသည် ကိုယ်ပူ ရှိန်မြင့်တက်ခြင်းဖြင့် စတင်ပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာနှင့် အာရုံကြောဆိုင် ရာ ရောဂါလက္ခဏာရပ်များဖြစ်ပေါ်ကာ အသက်ရှူစနစ်ဆိုင်ရာ လုပ်ငန်းဆောင်တာ များ အလျင်အမြန် ချို့ယွင်းသွားခဲ့သည် ဟုဆိုသည်။ အဆိုပါရောဂါသည် ကမ္ဘော ဒီးယားနိုင်ငံ တောင်ပိုင်းမှလာပြီး ဇာစ်မြစ် ကို ယခုတိုင် မသိရသေးဟုဆိုသည်။

(Xinhua, 4.7.12) NYM
BY GOOD HEALTH

မူရင်းသတင်းက ဒီမှာပါ။

မင်းကိုနိုင်၏ ပထမဆုံးစာအုပ် နာရီပိုင်းအတွင်း ဈေးကွက်တွင် ပြတ်


မြန်မာနိုင်ငံ၏ ထင်ရှားသော နိုင်ငံရေး လှုပ်ရှားသူ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ပထမဆုံးသော လက်ရာဖြစ်သည့် နောက်ကြည့်မှန် စာအုပ်ကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကင်းစင်တာတွင် စတင်ထုတ်ဝေ ဖြန့်ချိလိုက်ပြီး နာရီပိုင်းအတွင်း ရောင်းကုန် သွားကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

အဆိုပါ စာအုပ်သည် မင်းကိုနိုင်၏ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က အကျဉ်းထောင်အတွင်း အတွေ့အကြုံများကို ခံစားရေးသားထားခြင်း ဖြစ်ကြောင်း စာအုပ်မိတ်ဆက်တွင် ရေးသား ဖော်ပြထားချက်အရ သိရသည်။

ယင်းစာအုပ်ကို ၎င်းအသက် ၂၆ နှစ်အရွယ် ကျောင်းသားတစ်ဦးဘဝတွင် ရေးသားခဲခြင်း ဖြစ်ပြီး လွန်ခဲသော ၂၄ နှစ်ခန့်က လက်ရာဖြစ်ကာ ငယ်မူလက်ရာကို မြင်တွေ့ရမည် ဖြစ်ကြောင်းလည်း စာအုပ်မိတ်ဆက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

“ဒီစာအုပ်ကို ကောင်းကောင်း မဖတ်ရသေးပေမဲ့ သူ့ဘဝရဲ့အတွေ့အကြုံတွေက စာဖတ်သူအတွက် message တစ်ခုတော့ ရသွားမှာပါ" ဟု မြန်မာနိုင်ငံ လူငယ်အစည်းအရုံးမှ တာဝန်ရှိသူ ဒေါ်ခိုင်က ပြောကြားသည်။

ယင်းစာအုပ်တန်ဖိုးမှာ ကျပ်နှစ်ထောင်ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရုံးခန်းတွင် လာရောက် ဝယ်ယူနိုင်ကြောင်း ရောင်းချနေစဉ်က ပြောကြားခဲ့သည်။ သို့သော် နာရီပိုင်းအတွင်း ရောင်းကုန်သွားသဖြင့် ထပ်မံ ရိုက်နှိပ်ရန် စီစဉ်နေသည် ဟု သိရှိရသည်။

မင်းကိုနိုင်သည် ၁၉၈၈ နောက်ပိုင်း ထောင်အတွင်း နှစ် ၂၀ ခန့် အကျဉ်းကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် သရက်ထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။

ယင်းစာအုပ်ကို ကိုမင်းကိုနိုင်မှ ကိုယ်ပိုင်ထုတ်ဝေခြင်း ဖြစ်ပြီး အရှေ့ကြယ် စာပေမှ ဖြန်ချိခြင်း ဖြစ်ကာ အုပ်ရေ ၅၀၀၀ ထောင် ဖြန့်ချိခြင်း ဖြစ်သည်ကို ကိုမင်းကိုနိုင်ထံမှ သိရှိရသည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

ပုလောမြို့နယ် NLD ကို အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြု

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော အာဇာနည်များ။ ဓါတ်ပုံ - RFA

တနင်္သာရီတိုင်း ပုလောမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာမည့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ တင်ပြထားတာကို ပုလော မြို့နယ် အုပ်ချုပ်ရေးမှူးက မနေ့က ခွင့်ပြုခဲ့လို့ ပုလော NLD အဖွဲ့ဝင်တွေက အာဇာနည် ကျောက်တိုင်ရှိရာ မြို့နယ် အားကစားကွင်းမှာ ဒီကနေ့ သန့်ရှင်းရေးလုပ် ဆေးသုတ်တာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ အတွက် အခုလဆန်းပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူပြီး စာရေးတင်ပြ တောင်းဆိုထားတာကို ဇူလိုင်လ ၁၄ ရက်နေ့ မနေ့က ခွင့်ပြုကြောင်း တရားဝင် ခေါ်ယူ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပုလောမြို့နယ် NLD စည်း အဖွဲ့ဝင် ဦးကိန်းရှိန် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"အာဇာနည်နေ့ အခမ်းအနား လုပ်မယ်ပေါ့၊ အာဇာနည်နေ့ ကျောက်တိုင် သွားပြီးတော့ အလေးပြုမယ်၊ ပန်းခွေချမယ်၊ အဲ့ဒီ ကိစ္စကို ကျနော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီ စာတင်ထားပြီးတော့ ကျနော်တို့ သွားမယ့်ဟာက ဘောလုံးကွင်းထဲမှာ ရှိတော့ကာ အားကာ ခွင့်ပြုချက်လည်း ပြုရင်းပေါ့။ ပေးပါဆိုပြီး တွဲတင်ထားတယ်ခင်ဗျ၊ အဲ့ဒါကို မနေ့က စနေနေ့က အစည်းဝေးလုပ်တယ်လေ။ ကျနော်တို့ ခေါ်ပြီးတော့ အုပ်ချုပ်ရေးမှူးရော၊ အတွင်းရေးမှူးရော တခြားမြို့နယ်မှူးတွေရော ပါတယ်ခင်ဗျ၊ အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို အခမ်းအနားတော့ လုပ်ပါလို့ ခွင့်ပြုလိုက်တယ်။"

တိုင်းပြည်အတွက် အကျိုးပြုသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လေးစားကြည်ညို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီ အခမ်းအနား လုပ်ဖို့ စီစဉ်ခဲ့ရတာ ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်ပင်ခံထားရတဲ့ အာဇာနည်နေ့ အခမ်းအနားကို မြို့နယ် NLD ရုံးမှာ အခမ်းအနား ကျင်းပမှာ ဖြစ်သလို နေ့လည်ပိုင်းမှာ အာဇာနည် ကျောက်တိုင်မှာ ပန်းခွေချတဲ့ အခမ်းအနားနဲ့ ညပိုင်းမှာ ဟောပြောပွဲတွေ လုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

RFA Burmese

မူရင်းသတင်းက ဒီမှာပါ။

အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်

အာဇာနည်ဗိမာန်တွင် အလေးပြုနေသော တပ်မတော်သားများကို ၂၀၁၁ ခုနှစ် အာဇာနည်နေ့ အခန်းအနားတွင် တွေ့ရစဉ်။
ဓါတ်ပုံ - AFP

အစိုးရက ဒီနှစ်ကျင်းပမယ့် ဇူလိုင် (၁၉) ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြောကြားပါတယ်။

ဒါဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်ပြီးတဲ့နောက် သက်ဆိုင်ရာ အာဏာပိုင်တွေက NLD ပါတီကို အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ပထမဦးဆုံးအကြိမ် တရားဝင်ဖိတ်ကြားတာ ဖြစ်တယ်လို့ ပါတီ နာယကအဖွဲ့ဝင် ဦးတင်ဦးက ပြောပါတယ်။

"မနှစ်ကတုံးက ကျနော်တို့က အဖွဲ့ရယ်လို့မှ အသိအမှတ်ပြု မခံရသေးပဲ။ သို့သော်လည်းဘဲ သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာ လိုက်လိုက်လျောလျော ရှိလာတော့၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ဟာသူပဲ မနက်ပိုင်းမှာ ခါတိုင်းလိုပဲ သွားတာ ရှိတယ်ပေါ့နော်။ အဲဒါနဲ့ အတူတကွပဲလား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးတော့မှပဲ နောက်ပိုင်းမှ တဖွဲ့စီ ပန်းခွေချတာပဲ ဖြစ်မလား ဆိုတာတော့ မသိသေးဘူးခင်ဗျ။ ဒါပေမဲ့ တက်ဖို့ ၅ ယောက်တော့ စာရင်းပေးလိုက်ပြီ။"

အာဇာနည်နေ့ အခမ်းအနားကို ပါတီကိုယ်စားပြု တက်ရောက်မယ့် ငါးဦးကတော့ ဦးတင်ဦး၊ ဦးဟံသာမြင့်၊ ဦးစိုးဝင်း၊ ဒေါ်မြင့်မြင့်စိန်၊ ကိုမျိုးညွန့်တို့ ဖြစ်ပါတယ်။

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အာဇာနည်နေ့ အခမ်းအနား အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ ပြန်လာမယ်လို့ ဆိုပါတယ်။

မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ လုပ်ကြံ သတ်ဖြတ်ခံရပြီး ကျဆုံးသွားတဲ့နေ့ကို အောက်မေ့တဲ့ အနေနဲ့ NLD ဌာနချုပ်မှာလည်း အရင်နှစ်တွေလိုပဲ အခမ်းအနား ကျင်းပပြီး အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

RFA Burmese

မူရင်းသတင်းက ဒီမှာပါ။

ပညာရေး ကျန်းမာရေး ပြုပြင်ဖို့ လွှတ်တော်မှာ ဒေါ်စု အဆိုတင်ပြနိုင်ဖွယ်ရှိ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပ နေတဲ့ စတုတ္ထအကြိမ် လွှတ်တော် ပုံမှန် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြသွားနိုင်ဖွယ် ရှိနေပါတယ်။ မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်း ပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပနေတဲ့ စတုတ္ထအကြိမ် လွှတ်တော် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြကောင်း တင်ပြနိုင်တယ်လို့ သူမရဲ့ လွှတ်တော် ကိုယ်ရေးအရာရှိ ဦးဇေယျာသော်က ပြောပါတယ်။

သူမအနေနဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆိုတွေကို တင်ပြသွားဖို့ ရှိပေမဲ့ လက်ရှိ လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာ အဆိုနဲ့ မေးခွန်းပေါင်း ၄၀၀ ကျော် ရှိနေတာကြောင့် ဆွေးနွေးမေးမြန်းမှုတွေ ဘယ်တော့ ဖြစ်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဦးဇေယျာသော်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ အဆိုတွေ၊ မေးခွန်းတွေကိုတော့ တင်ဖို့ အစီအစဉ် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ဆိုတဲ့နေရာမှာ အင်မတန်မှ စိတ်ဝင်စားတယ် ဆိုတာ အားလုံးပဲ သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ အခု လောလောဆယ် အခြေအနေမှာတော့ ပြင်ဆင်ဆဲ အခြေအနေလို့ပဲ ပြောလို့ရပါသေးတယ်။”

လွှတ်တော်အတွင်း ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေဟာ တပတ်တကြိမ် တနင်္လာနေ့တိုင်း နေပြည်တော်မှာ အစည်းအဝေး လုပ်ပြီး တပတ်အတွင်း လွှတ်တော်တွင်း ပြော ဆိုဖို့တွေကို ပြင်ဆင်တယ်လို့ ဦးဇေယျာသော်က ပြောပါတယ်။

“အမေစု အနေနဲ့ သီးသန့် သီးခြား ပြင်ထားတဲ့ အစီအစဉ်မျိုးတွေ မရှိပါဘူးခင်ဗျ။ ကျနော်တို့တွေက လွှတ်တော်ကိုယ်စားလှယ် အားလုံး တနင်္လာနေ့တိုင်း အစည်းအဝေး ထိုင်ပါတယ်။ တပတ် တပတ် အတွင်းမှာ ဘာတွေ လုပ်နိုင်ကြမလဲ ဆိုတာကို အစည်းအဝေး ထိုင်ကြပါတယ်။ အဲဒီတော့ မနက်ဖြန်ကျမှ တနင်္လာနေ့ ကျရင်တော့ မနက်ဖြန်ည အစည်းအဝေး ထိုင်ပြီးတော့မှ တပတ်စာကို ကျနော်တို့က ဆုံးဖြတ်ကြမှာပါခင်ဗျ။”

မနက်ဖြန် ပြန်လည် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် ဆွေးနွေးဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“လွှတ်တော် အစည်းအဝေး အစီအစဉ်ကို သောကြာနေ့က နည်းနည်း ကြိုပြီးတော့ပေါ့၊ အဲဒါက tentative ပေါ့ သူတို့ ပေးထားတယ်။ အဲဒီအထဲမှာ ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ အကြောင်းအရာ တခု နှစ်ခုလောက် ပါတယ်။ အဲဒီကိစ္စတွေ အတွက် ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းတင်ထားတဲ့ ပုဂ္ဂိုလ်များက လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ အဲဒါတွေက လွှတ်တော်စည်းကမ်းအရ ကြိုသိသွားအောင် ပြောလို့မရပါဘူး။ ဒါကြောင့်မိုလို့ ဆွေးနွေးဖို့ကတော့ ကျနော်တို့တွေလည်း ပြင်ဆင်နေကြတယ် ဆိုတဲ့အကြောင်း၊ အဲဒီလောက်ပဲ ပြောနိုင်ပါတယ်။”

သောကြာနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ကွမ်းဟိန်း မဲ ဆန္ဒနယ်က ဒေါ်နန်းဝါနု ရဲ့ အဆိုတခု တင်ပြခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ လွှတ်တော်က ဘာတွေဆက်လက် လုပ်ဆောင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

By ကိုရဲကျော်အောင် - ဗွီအိုအေ မြန်မာပိုင်း

မူရင်းသတင်းက ဒီမှာပါ။

နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ် နေ့ အခမ်းအနားမှာ
ဒေါ်အောင်ဆန်းစုကြည့် မိန့် ခွန်း ပြောကြားခဲ့စဉ်။

ဇူလိုင်လ (၂၂) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

ဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် သမ္မတဟောင်း Bill Clinton၊ မိုက်ကရိုဆော့ ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ်သူဌေး အလှူရှင် Bill Gates နဲ့ ဂီတပညာရှင် အဆိုတော် Elton John တို့ကလည်း တက်ရောက် စကားပြောကြမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ AIDS ညီလာခံကို (၂) နှစ်တစ်ကြိမ် ကျင်းပနေတာပါ။ အမေရိကန် ပြည်ထောင်စုမှာ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီးကတည်းက HIV ပိုး ရှိသူတွေကို နိုင်ငံတွင်း အ၀င်မခံတဲ့ ပိတ်ဆို့မှု မူဝါဒကြောင့် နောက်ထပ် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အဲဒီပိတ်ဆို့မှု ကို ၂၀၀၈ ခုနှစ် သမ္မတ George W. Bush လက်ထက် လွှတ်တော်အမတ်တွေက ပယ်ဖျက်ခဲ့ကြပြီး အဲဒီ ပယ်ဖျက်မှုကို ၂၀၀၉ ခုနှစ် သမ္မတ အိုဘားမားက ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

အခုကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ ပရိတ်သတ် နှစ်သောင်းခွဲလောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ညီလာခံမှာ HIV/AIDS ဆိုင်ရာ နောက်ဆုံးပေါ် သုတေသန စာတမ်းတွေ ဖတ်ကြားကြမှာ ဖြစ်ပါတယ်။

RFA - Burmese

မူရင်းသတင်းက ဒီမှာပါ။